အခန်း (၂၅၈-၂၅၉)
Vol. 22 Ch. 258-259
Ch-258
ယခုခေတ်TVဟာ ကေဘယ်TVမဟုတ်သော်လည်း အိုးအဖုံး(စလောင်း)ပုံစံမျိုးဖြစ်၍ ဤဧရိယာတစ်ဝိုက် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ TVပရိုဂရမ်များကို ဖမ်းယူနိုင်ပြီး ကာတွန်းများစွာလည်းပါသည်ပင်။
ကလေးလေးတွေက ကာတွန်းတွေကို စွဲလန်းနေကြတာ အံ့သြစရာမရှိတော့ပါချေ။
ကလေးတွေနှင့်အတူ ကာတွန်းကြည့်ပြီးနောက် မိသားစုတစ်စုလုံးလည်း ပြဇာတ်တွေ၊ ပျော်ရွှင်စရာမိသားစုပရိုဂရမ်တွေ အတူတူကြည့်ခဲ့ကြသည်။ လုမိသားစုက TVရှေ့မှာထိုင်ကာ ဖက်ထုပ်စားရင်း TVစီးရီးကြည့်နေခဲ့ကြသည်။
ဤခေတ်ရိုက်ကွင်းအခြေအနေဟာ ရိုးရှင်းပြီး ဝတ်စုံနဲ့ ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေက သိပ်မကောင်းပေမယ့် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စကေးကတော့ ကောင်းလှသည်... ဇာတ်ကွက်က ပိုလို့တောင်အမြင်ကျယ်ပြီး မှော်ဆန်ကာ ကြည့်လို့ကောင်းပေသည်။
ချင်းရို့လည်း ဒရာမာဇာတ်လမ်းကြည့်ရတာကို စွဲလန်းလာသည်ပင်။ သူမကျောင်းပြန်သွားရတဲ့အခါ ယောက္ခမကျန်းဖျင်အား သူမအတွက် ဇာတ်လမ်းနောက်ဆက်တွဲကို ကြည့်ပေးထားရန် အကူအညီတောင်းခဲ့လေ၏။ "မား ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် ဇာတ်ကွက်တွေရေးချထားပေးနော်၊ နောက်တစ်ခါလာရင်ပြောပြပါနော်"
"စိတ်မပူနဲ့" ယခုအခါ ယောက္ခမကျန်းဖျင်လည်း ဒရာမာဇာတ်လမ်းပရိသတ်ဖြစ်လာလေပြီ။ သူမလည်း မိသားစုဒရာမာဇာတ်လမ်းတွဲတွေကို နေ့တိုင်းစောင့်မျှော်နေတတ်သည်။ ပထမတော့ သူတို့ပြောတာတွေကို နားမလည်ပေမယ့် နားထောင်ပြီးနောက် နားလည်လာခဲ့လေပြီ။
ရန်ချွမ်ကျုံးရဲ့မိသားစုလည်း သိပ်မကြာခင်မှာပဲ ဘေးအိမ်က ကာလာTVတစ်လုံး ဝယ်လိုက်ပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။ "ဘေးအိမ်ကလည်း TVဝယ်လိုက်ပြီလား?"
"မိသားစုတော်တော်များများဝယ်ပြီးသွားပြီ။ ကျန်းမိသားစုလည်း အံတွေကြိတ်ပြီး အဖြူအမည်း TVတစ်လုံးဝယ်လိုက်တယ်တဲ့"
"ဒီTVက အရမ်းစိတ်ဝင်စားစရာကောင်းတာကိုး။ ငါဆို TVကြည့်ပြီးတော့ ရေဒီယိုနားမထောင်ချင်တော့ဘူး" ယခုအချိန်တွင် ရေဒီယိုစျေးနှုန်းမှာ ဈေးသက်သာသထက်သက်သာလာသော်လည်း ရေဒီယိုနားထောင်လိုသူ အရေအတွက်လည်း လျော့နည်းလာချေပြီ။
ယခုအခါ လူတိုင်းက တီဗီကြည့်ရတာ နှစ်သက်လာကြသည်။
ရန်ချွမ်ကျုံးနှင့် သူ့ဇနီးဟာ TVဝယ်လိုက်ခြင်းကြောင့် အစပိုင်းနာကျင်နေခဲ့ရသည်မှလွဲ၍ လုံးဝနောင်တမရခဲ့ပါချေ။ ဤTVဟာ လူတိုင်းကို ပျော်ရွှင်စရာအများကြီးဆောင်ကျဥ်းပေးသည်ကြောင့်သာ။ TVစီးရီးကြည့်ရှုခြင်းကို လူတိုင်း တစ်နေ့ထက်တစ်နေ့ စွဲလန်းလာခဲ့ကြ၏။ မိသားစုအတူတူ စားသောက်ရင်း TVကြည့်ကြသဖြင့် မိသားစုအတွင်းအငွေ့အသက်မှာ နွေးထွေးပျော်ရွှင်စရာကောင်းလှသည်။
မိသားစုအဆောက်အဦးရှိ အမျိုးသမီးတွေစကားပြောကြသည့်အခါ TVစီးရီးဇာတ်လမ်းတွေကို ပြောဆိုလာကြလေပြီ။ အသစ်အဆန်းအမျိုးမျိုးပေါ်လာပြီး ဟောင်ကောင်ဒရာမာတွေလည်း စတင်ရေပန်းစားလာခဲ့ပြီ။
အချိန်တွေကုန်လွန်လာခဲ့ပြီး ၁၉၇၉နှစ်ကို နှုတ်ဆက်၍ ၁၉၈၀နှစ်ဆီသို့ တရားဝင် ဝင်ရောက်လာကာ ခေတ်သစ်တစ်ခုဖြစ်လာခဲ့ချေပြီ။
လမ်းတွေပေါ်မှာ လမ်းသွားလမ်းလာတွေပိုများလာကာ နေရာတိုင်းမှာ ပို၍အသက်ဝင်လာခဲ့သည်။ တေးဂီတလက်ဖက်ရည်ဆိုင်များနှင့် အကခန်းမများတွင် လူတွေပိုများလာခဲ့ပြီး ရေခဲသေတ္တာ၊ TVနှင့် အဝတ်လျှော်စက်တွေဟာလည်း လူနေအိမ်ဆီသို့ တဖြည်းဖြည်းဝင်ရောက်လာကြပြီဖြစ်သည်။ လမ်းများပေါ်တွင် စက်ဘီးတွေကို နေရာတိုင်းမှာတွေ့နေရဆဲဖြစ်သလို ရံဖန်ရံခါ စက်ဘီးပေါ်မှာ ရေခဲသေတ္တာသယ်သွားကြတဲ့လူတွေကိုလည်း မြင်နိုင်ပေသည်။
ရေခဲသေတ္တာကို စက်ဘီးဖြင့်သယ်ယူရန် လူသုံးယောက်လိုပါ၏။ စက်ဘီးနောက်ခုံမှာ သစ်သားဘုတ်တစ်ခုတင်ထား၍ ရေခဲသေတ္တာကို ချည်နှောင်ထားပြီး တစ်ယောက်က ရှေ့ကစက်ဘီးနင်းကာ ကျန်နှစ်ယောက်ကတော့ လူတစ်ဝက်အရပ်လောက်ရှိတဲ့ အိမ်သုံးနှစ်ထပ်အစိမ်းရောင်ရေခဲသေတ္တာလေးကို ကာကွယ်ရန် မတ်တပ်ရပ်နေခဲ့ရသည်။
လွီချင်းက လမ်းမပေါ်တွင် အနက်ရောင်စက်ဘီးစီးနေလျက်၊ သူ့ရှေ့က အစိမ်းရောင် ရေခဲသေတ္တာလေးကို လှမ်းကြည့်လိုက်၏။ လွီချင်းက အစိုးရပိုင်စားသောက်ဆိုင်မှ အလုပ်ထွက်ရန် စိတ်ထဲမှာ ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်သည်။
အစိုးရပိုင်စားသောက်ဆိုင်အလုပ်ဟာ သင့်တင့်လျောက်ပတ်သောအလုပ်ပင်။ တခြားစားသောက်ဆိုင်တွေ အများကြီးဖွင့်လာပြီဖြစ်သော်လည်း သူတို့ရဲ့အစိုးရပိုင်စားသောက်ဆိုင်ကတော့ အရှိန်အဟုန်နဲ့ တိုးတက်လာနေသေးသည်။ လူတိုင်းဟာ နေထိုင်မှုအခြေအနေတွေတိုးတက်လာကြတဲ့အခါ အပြင်ထွက်စားကြသူတွေပိုများလာသလို လမ်းပေါ်၌ မနက်စာဆိုင်တွေလည်း အများကြီးရှိလာပြီဖြစ်သည်။
"လွီချင်း မင်းတကယ်ကြီးထွက်တော့မလို့လား?"
လွီချင်း ခေါင်းညိတ်ပြလိုက်သည်။ သူဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။ နှစ်တွေကြာလာတာနဲ့အမျှ သူ့မှာ ပိုက်ဆံတွေအများကြီးစုမိထားခဲ့ပြီဖြစ်ရာ သူ ကိုယ်ပိုင်ဆိုင်ဖွင့်ချင်နေခဲ့သည်။
လွီချင်းက လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ဖွင့်လိုက်သည်။ လက်ဖက်ရည်ဆိုင်လို့ ခေါ်သော်ငြား လမ်းဘေးဈေးဆိုင်ငယ်လေးနီးနီးတူပေမယ့် လမ်းဘေးဆိုင်ထက် အနည်းငယ်ပို၍ သားနားလေ၏။ အပြင်ဘက်တွင် သံဘောင်ကြီးများဖြင့် ရိုးရိုးရှင်းရှင်းအိမ်ငယ်လေးတစ်လုံးဖြစ်ပြီး နေကာထီးအောက်တွင် စားပွဲဝိုင်းကြီး ၆လုံး၊ ၇လုံးခင်းထားသဖြင့် ဤခေတ်အခါ၏ ရိုးရိုးရှင်းရှင်းလမ်းထောင့်လက်ဖက်ရည်ဆိုင်အသွင်ရှိနေလျက်။
လိုင်စင်ရပြီးနောက် ဆိုင်းဘုတ်တင်လိုက်လေပြီ။ မင်းတို့ဝင်လိုက်သည်နဲ့ "ယနေ့အတွက် ပန်းကန်ခွက်ယောက်များကို ပိုးသတ်ပြီးပါပြီ" ဆိုသောစကားလုံးတွေကို မြင်နိုင်ပေသည်။
လွီချင်း၏လမ်းဘေးဈေးဆိုင်ငယ်လေးဟာ သေးငယ်ပေမယ့် အစုံရှိသည်ပင်။ နံနက်ခင်းအတွက် လက်ဖက်ရည်၊ ဒင်းဆမ်း၊ ထမင်းလိပ်၊ ဂုံးကြာဇံစသဖြင့် နံနက်မှစ၍ ညအထိ အစုံရောင်းချပေသည်။ ချင်းရို့က ဆိုင်ထဲတွင် ovenတစ်ခုထားရှိရန်နှင့် လခြမ်းကွေးပေါင်မုန့်(croissants)ရောင်းရန် အကြံပြုခဲ့ပါသေးသည်။ ထို့ကြောင့် ဈေးဆိုင်လေးသည် ထမင်းလိပ်တွေ၊ ဂုံးကြာဇံတွေ ရောင်းရုံသာမက ပေါင်မုန့်နဲ့နွားနို့တွေလည်း ရောင်းခဲ့ပေသည်။
နေ့ခင်းနှင့် ညနေခင်း၌ ခေါက်ဆွဲကြော်၊ ဟင်းသီးဟင်းရွက်ကြော်၊ ထမင်းကြော်စသည့် သက်သတ်လွတ်fast foodများကို ရောင်းချလေ၏။ ဟုတ်တာပေါ့၊ ဧည့်သည်တွေလည်း မွှေကြော်ဟင်းလျာတွေကို သီးသန့်မှာယူနိုင်ပါသည်။
လွီချင်းက လမ်းဘေးစားသောက်ဆိုင်ငယ်လေးဖွင့်ထား၍ မနက်၊ နေ့လည်၊ ညနေပိုင်းတွေမှာ လူပေါင်းများစွာ လာရောက်စားသောက်တတ်ကြသည်။ သူက ထမင်းလိပ်နှင့် ဆော့စ်လုပ်ရာမှာ ကျွမ်းကျင်သဖြင့် လူတွေလည်း စားပြီးရင် ဒီအရသာကိုမမေ့နိုင်ကြတော့ချေ။
ဦးဦးလွီရဲ့ ကိုယ်ပိုင်စားသောက်ဆိုင်ငယ်လေးဖွင့်ပြီးနောက် ရှမင်ရှီး၊ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က နံနက်စာစားရန် မကြာခဏလာကြသည်။ ဘာလို့လဲဆိုတော့ ဦးဦးလွီရဲ့ ထမင်းလိပ်တွေဟာ အရမ်းအရသာရှိလို့ပါပဲ။
လွီချင်းက သူတို့ပိုက်ဆံကိုလက်မခံတဲ့အတွက် ကလေးသုံးယောက်ဟာ ပန်းကန်တွေကို ကူသန့်ရှင်းရေးလုပ်ပေးကြသည်။ လွီချင်းလည်း ဆိုင်ငယ်လေးမှာ အကူအညီအတွက် ညီအစ်ကိုဝမ်ဖျင်ကို ဖိတ်ခေါ်ထားခဲ့ပါသည်။
ကလေးသုံးယောက်အတွက် လွီချင်းလုပ်ပေးတဲ့ထမင်းလိပ်တွေဟာ ကြီးမားလှတာကြောင့် အသေးလေးသုံးယောက်ဟာ အထူးကျေနပ်နေကြလေရဲ့။
ချင်းရို့လည်း ထမင်းလိပ်စားရတာ နှစ်သက်၍ နေ့တိုင်းစောစောထပြီး အချိန်ရတိုင်း ကျောင်းမှစက်ဘီးစီးကာ ထမင်းလိပ်သွားစားတတ်သည်။ ထို့နောက် သားနှစ်ယောက်နှင့် စကားနည်းနည်းပြောကြပြီး စက်ဘီးနဲ့ ကျောင်းပြန်လာပေလိမ့်မည်။
လွီချင်းဆိုင်ဖွင့်ပြီးနောက် ချင်းရို့လည်း အခြားသူကို အခွင့်ကောင်းယူကာ သူမရဲ့ ကိုယ်ပိုင်ပစ္စည်းအချို့ကို ရောင်းချခဲ့သည်။ ဥပမာပြောရရင်တော့ စူကာသီးတွေပေါ့။
ယခုအခါ ကျွန်းရှိ သူမတို့အိမ်တွင် စူကာသီးများ လှိုင်လှိုင်သီးနေလေပြီ။ ချင်းရို့လည်း စူကာသီး၊ အုန်းသီး၊ အစိမ်းရောင် kumquat နှင့် အဝါရောင်ငရုတ်ပွသီးများကို ကူညီပို့ဆောင်ပေးရန် ဆိပ်ကမ်းမှရင်းနှီးသူတချို့အား အကူအညီတောင်းလိုက်သည်။
လွီချင်းဆိုင်၌ စူကာသီးဖျော်ရည်၊ အုန်းရည်တို့အပြင် အစိမ်းရောင်kumquatသစ်သီးလက်ဖက်ရည်မှာ အလွန်ရောင်းကောင်းခဲ့လေသည်။
အဝါရောင်ငရုတ်ပွသီးနဲ့ ချက်ထားတဲ့ အမဲသားဟင်းချိုနှင့် ရွှေရောင်ငါးချဥ်ဟင်းချိုတို့မှာ သူ့ဆိုင်၏မရှိမဖြစ်ဖြစ်လာကာ အစားကြူးသူတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။
လွီချင်း၏စားသောက်ဆိုင်ငယ်လေးဟာ တစ်ရက်လျှင် ယွမ်ရာနှင့်ချီ၍ ဝင်ငွေရှာနိုင်ခဲ့ပြီး ချောမွေ့အဆင်ပြေနေခဲ့ချေပြီ။
ချင်းရို့လည်း ကလေးလေးသုံးယောက်နှင့်အတူ မကြာခဏလာကူညီပေးတတ်သည်။ စနေ၊ တနင်္ဂနွေတွေမှာလည်း သူမက လုယန်နဲ့သမီးလေးတွေကိုပါ အတူခေါ်လာကာ ဈေးဝယ်ထွက်ပြီး စားသောက်တတ်ကြသည်။ သူမက သမီးတွေအတွက် ovenသုံးပြီး မုန့်လုပ်ပေးရင်း ရောင်းလိုက်ပါသေးသည်။
ချင်းရို့ လုပ်ထားတဲ့ လခြမ်းကွေးပေါင်မုန့်ဟာ အရမ်းအရသာရှိလှသည်။ တခါတရံ တစ်ရက်ကို ရာနှင့်ချီ၍ ရောင်းနိုင်လေ၏။ ယင်းမှာ ပင်ပန်းသောအလုပ်ဖြစ်တာကြောင့် လုယန်လည်း လာကူညီပေးတတ်သည်။
သို့ရုန်ညီအစ်မနှစ်ယောက်က ပေါင်မုန့်ကို ပျော်ပျော်ရွှင်ရွှင်စားကြပြီး မိဘတွေ ပေါင်မုန့်ရောင်းရာတွင် ကူကြော်ငြာပေးနေသည့်အလား။ လူတွေက အားပါးတရစားသောက်နေကြသော ချစ်စဖွယ်ညီအစ်မနှစ်ယောက်ကိုတွေ့ကြတဲ့အခါ သူတို့လည်း ပေါင်မုန့်လာဝယ်ခဲ့ကြသည်။
"နင်တို့ပေါင်မုန့်က အရမ်းမွှေးတာပဲနော်၊ ဘယ်ကဝယ်ခဲ့တာလဲ?"
လုရွှမ်က လွီချင်းဆိုင်သို့ မကြာခဏလာတတ်ပေမယ့် သူမဟာ ကူညီဖို့လာတာမဟုတ်ဘဲ သူဌေးမကြီးသဖွယ် စားသောက်ရန် ရောက်လာခြင်းပင်။
လုရွှမ်ရောက်လာသည့်အချိန်တိုင်း တစ်စုံတစ်ယောက်ကတော့ သူမအတွက် အရသာရှိတဲ့ဟင်းလျာစားပွဲအပြည့် တိတ်တိတ်လေးချက်ပြုတ်ပေးပါလိမ့်မည်။ ချင်းရို့တို့လည်း ဘာမှမပြောဘဲ ဘေးကနေကြည့်ရုံသာကြည့်နေကြမည်ပင်။ သူတို့ဆက်ဆံရေးအဆင်ပြေသွားကြပြီလားတော့ သူမတို့လည်းမသိပါချေ။
တစ်ခါတရံ ချင်းရို့က လုယန်ကို တိတ်တိတ်လေးပြောတတ်သည်။ "ရှင့်အစ်မကလေ ရှင်နဲ့ လုံးဝကိုမတူတာနော်"
ရဲဘော်လုယန်သည်ကား အရမ်းကိုတည့်တိုးဆန်ကာ ဆုံးဖြတ်ချက်မြန်သူပင်။ သူက အိမ်ထောင်ပြုမယ်ဆို ချက်ချင်းအိမ်ထောင်ပြုခဲ့တာလေနော်။
လွီချင်းနှင့် လုရွှမ်တို့ကတော့ နှစ်အတော်ကြာအတူရှိနေခဲ့ကြသော်လည်း စက္ကူပြတင်းပေါက်ကို မချိုးဖျက်ရသေးတာကြောင့် လူတွေကို သက်ပြင်းချစေလေ၏။
"မင်းရဲ့လုကောကသာ အကောင်းဆုံးပဲလေ!" လုယန်က သူ့မိန်းမပုခုံးကို ဖက်ထားလိုက်သည်။ သူတို့နှစ်ယောက်က ကလေးလေးတွေနှင့်အတူ လွီချင်းဆိုင်မှာ TVကြည့်နေခဲ့ကြသည်။ ဒါဟာ အရင်ကလုစန်းကျဲဝယ်ထားခဲ့သော အဖြူအမည်းTVပင်။
ယခုအခါ လုစန်းကျဲအိမ်မှာ ကာလာTVတစ်လုံးရှိနေလေပြီ။ ကာလာTVကို ဘယ်သူဝယ်ထားမှန်း သူတို့မသိသလို ဘယ်လိုမေးရမှန်းလည်း မသိကြချေ။
သို့သော်လည်း လုယန်နှင့်ချင်းရို့တို့က ဒီမတိုးသာမဆုတ်သာအခြေအနေဟာ ဘယ်လောက်ကြာမလဲဆိုတာ စဉ်းစားနေချိန်မှာပဲ လုစန်းကျဲက ဗုံးတစ်လုံးပစ်ထည့်လိုက်ပါတော့သည်။ "ငါ့မှာကိုယ်ဝန်ရှိနေပြီ၊ ငါတို့ လက်ထပ်လက်မှတ်ရပြီးပြီ၊ အိမ်ထောင်ပြုတော့မယ်"
လုယန်: "..."
ချင်းရို့: "..."
ဤသတင်းဟာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း လုယန်နှင့် သူ့ဇနီးအတွက်ကတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့သတင်းတစ်ခုနှယ် အရမ်းစိတ်လှုပ်ရှားစရာကောင်းနေပုံမပေါ်ခဲ့ပေ။
- ဖရဲသီးအဟောင်းစားကြမယ်...
လုစန်းကျဲရဲ့သား ရှောင်မင်တောင်မှ အထူးတလည်တုံ့ပြန်မှုမျိုးမရှိခဲ့ပါချေ။ "နောက်ဆုံးတော့ သားမှာ ပါးပါးနှစ်ယောက်ရှိလာတော့မှာပေါ့?"
လုဝေကျိုး: "ရှောင်မင်ကော၊ ကောမှာ ညီမလေးတစ်ယောက်လည်း ရှိလာတော့မှာလေ"
ရှမင်ရှီးက သူ့ဝမ်းကွဲအကြီးဆုံးလေးရဲ့ပခုံးကို ပွေ့ဖက်လိုက်ပြီး "ဖက်ထုပ်လေး ငါ့မားမားနဲ့တူတဲ့ညီမလေးက ညီမလေးဟုတ်ပါ့မလားနော်?"
"ငါ့မှာ ညီလေးတစ်ယောက်ရှိလာမှာပါ"
လုဝေကျိုး စိတ်ဆိုးစွာဖြင့် "ဘယ်သူ့ကို ဖက်ထုပ်လေးလို့ လာခေါ်နေတာလဲ!"
xxx
Ch-259
လုဝေကျိုး စိတ်ဆိုးစွာဖြင့် "ဘယ်သူ့ကို ဖက်ထုပ်လေးလို့ လာခေါ်နေတာလဲ!"
"ဖက်ထုပ်လေး! မင်းရော ဝမ်းကွဲညီလေးတစ်ယောက်ရှိလာတော့မှာပါကွာ!"
ယခုအခါ ညီလေးညီမလေးတွေဟာ ဒုက္ခပေးတဲ့သူတွေပဲလို့ လုဝေကျယ် ခံစားလာရကာ သူ နောက်ထပ်အငယ်လေးတွေထပ်မလိုချင်တော့ပါပေ။ "ကောကောရှိတာကပဲ တော်ပါသေးရဲ့"
အသက်ပိုကြီးလာလေလေ၊ အငယ်ဖြစ်ရခြင်းရဲ့ကောင်းကျိုးတွေကို သူခံစားရလာလေလေပင်။ သူ့ကောကောက သူ့အပေါ် အရမ်းကောင်းကောင်းဆက်ဆံပေးတတ်သလို အရာရာတိုင်း သူ့ကိုပေးတတ်ပြီး သူ့ကို အရမ်းချစ်သည်လေ။
"မင်း ငါ့ကို ရှောင်မင်ကောလို့ခေါ်တာ ရပ်နိုင်မလား၊ အဲဒီအစား ရှီးရှီးကောလို့ခေါ်ပေးပါ!"
လုဝေကျိုး: "ရှောင်မင်ကောက ချစ်စရာကောင်းပြီး ခင်ဖို့ကောင်းလိုက်တာနော်"
လုဝေကျယ်: "သား ရှောင်မင်ကောကို ကြိုက်တယ်!"
ရှမင်ရှီး: "... " ငါတော့ ဒီဘဝမှာ ရှောင်မင်ဆိုတဲ့နာမည်ကြီးကို မဖယ်ရှားနိုင်တော့တဲ့ပုံပဲကွာ...
သို့ရုန်ညီအစ်မနှစ်ယောက်: "ရှောင်မင်ကောကောက ရှောင်ဟုန်ကျဲကျဲကို ကြိုက်နေတာ"
"ဖက်ထုပ်ကောကောရေးထားတဲ့ ဒိုင်ယာရီထဲမှာ သူ ဒီနေ့ ရှောင်မင်နဲ့ ကြက်တောင်ရိုက်တယ်၊ မနက်ဖြန်ကျရင် ရှောင်မာနဲ့ စားပွဲတင်တင်းနစ်ကစားမယ်၊ သန်ဘက်ခါကျရင်တော့ ရှီးရှီးကောကောနဲ့ ဘတ်စကက်ဘောကစားမှာတဲ့။ နောက်ပြီးတော့ ရှောင်မင်ကောကောက ရှောင်ဟုန်ကျဲကျဲကို သဘောကျနေတယ်လို့လည်းပြောထားသေးတယ်လို့ မားမားပြောပြတယ်..." ဒိုင်ယာရီထဲမှာ ကောကောက ဘောလုံးကစားရတာကို အကြိုက်ဆုံးပဲတဲ့။
လုဝေကျယ်"..." ကောကောမျက်နှာတော့သွားပါပြီနော်...
လုဝေကျိုး ရယ်ချင်စိတ်ကိုအောင့်အည်းထားလိုက်ရသည်။
ရှမင်ရှီး: "ဖက်ထုပ်လေး မင်းရဲ့စာစီစာကုံးက အမှတ်ဘယ်လောက်ရလဲ?"
လုဝေကျယ် ခေါင်းမာစွာဖြင့် "သား ဘယ်နှမှတ်ပဲရရပေါ့၊ ဘာပဲဖြစ်ဖြစ် သားက သားပါးပါးထက်တော့ ပိုကောင်းပြီးသားပါနော်"
လုယန်: "မင်း ဘာပြောလိုက်တယ်?"
လုဖက်ထုပ်:"... ပါးပါးငယ်ငယ်တုန်းက ပါးပါးစာစီစာကုံးတွေက ချာတူးလံနေရောပဲလို့ ဖွားဖွားပြောပြဖူးတယ်း၊ သားက ပါးပါးနဲ့တူပြီးတော့ ကောကတော့ မားမားနဲ့တူတာတဲ့"
"အနည်းဆုံးတော့ သားက ပါးပါးထက် ပိုကောင်းတယ်လို့ ဖွားဖွားကပြောတာပါနော်၊ တပည့်က ဆရာထက်ပိုတော်တယ်တဲ့"
လုယန် အေးစက်စွာဖြင့် "အဲ့ဒါက မင်းဖွားဖွားက မင်းကို နှစ်သိမ့်တဲ့သဘောပဲ"
"မင်းပါးပါးက မင်းမားမားကို ရေးပေးထားတဲ့စာတွေကို မင်းဖတ်ဖူးလို့လား?"
လုဝေကျယ်: "ဝိုး-" ပါးပါးလည်း မားမားဆီကို စာတွေအများကြီးရေးခဲ့ဖူးတာလား? ! !
...
ချင်းရို့က သူမမျက်နှာကို ဖုံးကွယ်လိုက်ကာ သားအဖတွေရန်စောင်နေကြတာကို နားထောင်နေရင်း 'ကြက်လေးတွေအချင်းချင်းထိုးဆိတ်နေကြတာပဲ'လို့ တွေးနေမိလျက်။
လုယန်၊ ချင်းရို့နဲ့ ကလေးလေးတွေဟာ လုစန်းကျဲရဲ့ကိစ္စကြောင့် မထိတ်လန့်သွားခဲ့ကြဘဲ နှစ်ယောက်သားဟာ နောက်ဆုံးတော့ အတူရှိသွားကြပြီပဲလို့ သူတို့တွေးရုံတွေးမိကြပေမယ့် -
လုကျုံးရီနှင့် သူ့ဇနီးကတော့ ဒီသတင်းကြောင့် အနည်းငယ်စိတ်ရှုပ်သွားရလေ၏။
ရဲဘော်လောင်လုက စိတ်ရှုပ်ထွေးစွာဖြင့် မေးလာခဲ့သည်။
"လောင်စန်းရေ နင်ပြောတာ ဘယ်သူကိုယ်ဝန်ရှိနေတာ? နင်က တခြားတစ်ယောက်ကို ကိုယ်ဝန်ရှိစေခဲ့တာလား?" (🤣)
ကျန်းဖျင်: "ငါမွေးထားတာ သားလား သမီးလားဟဲ့?"
လုရွှမ်: "..."
"မားတို့က သမီးရဲ့မိဘရင်းတွေဟုတ်ပါတယ်နော်?"
လောင်လုနှင့် သူ့ဇနီးမှာ အံ့အားသင့်ရမလား၊ စိတ်လှုပ်ရှားရမလားဆိုတာ မသိတော့ပါချေ။
နောက်ဆုံးမှာတော့ သူတို့မှတ်မိသွားလေပြီ... အားယား... သူတို့ဆီမှာ အိမ်ထောင်မပြုရသေးတဲ့ သမီးတစ်ယောက်ရှိနေတာပဲ။ ဒီအသက်အရွယ်ကြီးကျမှ ကလေးတစ်ယောက်လွယ်ချင်နေတုန်းပဲလား? နည်းနည်းလက်သင့်ခံနိုင်ဖွယ်မရှိဘူးလေ ဟုတ်တယ်မလား?
"ရှောင်ဖျင်ရေ ငါအိပ်မက်မက်နေတယ်လို့ မင်းထင်လား?"
"မဟုတ်ရင် လောင်စန်းက သူမလက်ထပ်ချင်ပြီလို့ ဘာလို့ပြောမှာလဲကွာ?"
ကျန်းဖျင်: "သူမက ကျွန်မတို့လင်မယားကို လှည့်စားနေတာဖြစ်မယ်"
လုရွှမ်: "..."
လောင်လုစုံတွဲသည် သူတို့သမီးဟာ သူမခင်ပွန်းဖြစ်သူ သေဆုံးသွားပြီးနောက် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြစ်နေခဲ့ရာမှ တစ်နေ့ကျ သူမမှာ ကိုယ်ဝန်ရှိနေပြီး နောက်အိမ်ထောင်ပြုတော့မယ်လို့ ရုတ်တရက်ကြီးပြောလာသောကြောင့် သူတို့လည်း စိတ်ရှုပ်ထွေးစွာဖြင့် လက်ခံလိုက်ကြရလေသည်။
လုကျုံးရီသည် ယခင်က သူ့သမီးကို နောက်အိမ်ထောင်ပြုစေချင်ခဲ့ပေမယ့် နောက်ပိုင်းတွင် ထိုအကြံလည်း တဖြေးဖြေးမှေးမှိန်လာကာ ပျောက်ဆုံးသွားခဲ့လေပြီ။
- အဲဒါကို သူမက အခု အိမ်ထောင်ပြုတော့မယ်လို့ပြောလာတယ် ? ! ! !
"မင်း ဘယ်သူနဲ့လက်ထပ်မှာလဲ ? ! !"
လုရွှမ် ဒေါသထွက်လွန်းလို့ ခေါင်းကွဲထွက်တော့မလိုလိုပင်။ "အခုတော့ ကျွန်မ ဘယ်သူနဲ့လက်ထပ်ချင်သလဲဆိုတာ သိချင်ကြပြီပေါ့လေ"
"ငါတို့မှာ ကလေးတွေရော၊ မြေးလေးတွေရော ကောင်းချီးအဖုံဖုံရှိနေကြပြီပဲလေ။ မင်းကြိုက်တဲ့ဘယ်သူ့ကိုမဆို လက်ထပ်နိုင်တယ်။ အခေါင်းထဲခြေတစ်ဖက်လှမ်းပြီးနေပြီဖြစ်တဲ့ ငါတို့နှစ်ယောက်က မင်းကိုတားနိုင်မှာတဲ့လား?"
"မင်းလည်း အသက်ကြီးနေပြီပဲလေ"
လောင်လုစုံတွဲဟာ သူတို့သမီးရဲ့ နောက်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အရမ်းပွင့်လင်းကြလေ၏။ မည်သို့ပင်ဆိုစေကာမူ သားသမီးတွေလုပ်ချင်တာကို သူတို့မတားနိုင်သလို၊ သူတို့လည်းမတားချင်ပါပေ။ သူတို့လုပ်ချင်တာလုပ်ပါစေလေ၊ လွှတ်ထားလိုက်ကြတာပေါ့...
လုရွှမ်: "..."
လုစန်းကျဲ နည်းနည်းကသိကအောင့်ဖြစ်နေလျက်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမမိဘတွေ ဂရုမစိုက်ချင်လေလေ၊ သူတို့ကို ပိုဂရုစိုက်စေချင်လေလေပင်။
လုရွှမ်က လောင်လုစုံတွဲရှေ့သို့ လွီချင်းကို ထုတ်ပြလိုက်သည်။ လွီချင်းက ကြောက်လန့်၍ တုန်လှုပ်နေလျက်။ သူ စိတ်လှုပ်ရှားလွန်းလို့ အပေါ်သွားနဲ့အောက်သွားတွေတောင် တဂတ်ဂတ်တုန်ယင်နေလေသည်။ ဒီအရွယ်ကြီးကျမှ သတို့သမီးရဲ့မိဘတွေကို တွေ့ဆုံရခြင်းဟာ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တာကြောင့် ခန်းဝင်ပစ္စည်းနဲ့ တင်တောင်းပစ္စည်းအကြောင်းတွေကိုလည်း သူဘာမှမသိပါချေ။
လောင်လုစုံတွဲက သူ့ကို မကြိုက်ကြမှာကို သူစိုးရိမ်နေမိသည်။
"ဦးလေးလု၊ ဒေါ်လေးလု..."
မျက်နှာပေါ်မှာ အမာရွတ်ရှိသူ လွီချင်းဟာ လုကျုံးရီနှင့် သူ့ဇနီးရှေ့မှာ ရပ်နေလျက်၊ ယောက္ခမတွေ သူ့ကို ကြည့်နေသည်ကို ခွင့်ပြုပေးထားရသည်။
လောင်လုနဲ့ သူ့ဇနီးဟာ သူ့ကိုတွေ့တဲ့အခါ လုံးဝကန့်ကွက်တာမျိုးမရှိပါချေ...
လောင်လုက သူ့ခေါင်းကိုကုတ်လိုက်ရင်း သူ့မိန်းမအနားသို့ တိတ်တိတ်လေးတိုးသွားကာ "သူတို့နှစ်ယောက်အတူတူရှိနေတာက မြင်ကွင်းသိပ်မလှဘူးလို့ ငါအမြဲခံစားခဲ့ရတာ"
ကျန်းဖျင်: "..." ကျွန်မလည်း သဘောတူတယ်...
"ကြည့်ရတာ ရှီးရှီးမှာ အဖေနှစ်ယောက်ရှိသွားပြီပေါ့"
လောင်လု သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
မင်းတို့သဘောအတိုင်းပဲလုပ်ကြ...
လောင်လုက ချောင်းဟန့်လျက် "မင်းတို့အတူတူရှိနေကြပြီဆိုတော့လည်း ကောင်းကောင်းနေထိုင်ကြပေါ့" လို့ပြောလိုက်သည်။
လွီချင်း လေးလေးနက်နက် ခေါင်းညိတ်ပြီး "အားရွှမ်ကို ကျွန်တော် သေချာပေါက်ကောင်းကောင်းဂရုစိုက်ပေးမှာပါ၊ ကျွန်တော် သူမကို ချစ်ခင်ပေးမယ်၊ လေးစားမယ်လို့ ကတိပေးပါတယ်ဗျ။ သူမကိုချစ်ပေးဖို့၊ ကာကွယ်ပေးဖို့အတွက် ကျွန်တော့်ဘဝရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို သုံးမှာပါ။ သူမက ကျွန်တော့်ဘဝမှာ မတော်တဆပေါ်လာတဲ့ မီးတောက်တစ်ခုလိုပါပဲဗျာ..."
လွီချင်း တစ်ခါထဲနဲ့ အများကြီးပြောသွားလေသည်။
လုကျုံးရီနှင့် သူ့ဇနီးလည်း သူ့စကားတွေကိုကြားတော့ ဦးရေပြားပင် အတန်ငယ်စပ်ဖျဥ်းဖျဥ်းခံစားသွားရလျက်။ "ငါ့သားမက်လေးက TVဒရာမာတွေ အများကြီးကြည့်ဖူးတာများလား?" လို့ တိတ်တိတ်လေး ပြောလိုက်လေ၏။
ကျန်းဖျင်ကလည်း "ဖြစ်နိုင်တယ်"လို့ ထောက်ခံလိုက်ပါသေးသည်။
မဟုတ်ရင် TVဒရာမာထဲက စကားတွေနဲ့ တူနေလိုက်တာ...
နောက်ဆုံးတွင်မူ လုကျုံးရီလည်း သူ့သမီးကိုမေးဖို့ သတိရသွားပြီး "မင်းဘယ်လိုဖြစ်... မင်း ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်လာရတာလဲ?"
သူ့သမီးက ရူးသွားတာများလား? မဟုတ်ရင် သူမက တစ်စုံတစ်ယောက်နဲ့ ဒိတ်လုပ်ဖို့၊ နောက်တစ်ခါလက်ထပ်ဖို့အကြောင်း ဘာလို့စဉ်းစားမှာလဲနော်?
"ကျွန်မ သူ့ကို အရင်ကြိုက်ခဲ့တာ၊ ကျွန်မပဲ သူ့ကိုလိုက်ခဲ့တာလေ" လောင်လုမိသားစုရဲ့ တုံ့ပြန်မှုဟာ အလွန်အလေးမထားဖြစ်နေသောကြောင့် လုစန်းကျဲဟာ သူတို့နဲ့ရန်ဖြစ်ချင်၍ သူမရဲ့အချစ်ရေးကို ထုတ်ဖော်ပြသပြီး ကြွားဝါလိုခဲ့သည်။
လောင်လုစုံတွဲကို မျက်စိပွင့်နားပွင့်စေဖို့ရာအတွက် သူမရဲ့ အချစ်ရေးဇာတ်လမ်းကိုလည်း ပြောပြချင်ပါသေးသည်။
သူတို့ကို ရှော့ခ်ရစေလိုက်ဦးမယ်...
သူတို့သမီး နောက်အိမ်ထောင်ပြုတော့မယ်ပြောတဲ့အချိန်တုန်းက တုံ့ပြန်မှုကဘယ်လိုကြီးတုန်း?! ဒီမိဘနှစ်ပါးစလုံးဟာ တာဝန်မဲ့လွန်းတာပဲနော်!!
လုကျုံးရီ: "တကယ်လား? ဒီလိုမျိုးရှိသေးတာလား? မင်းက ယောက်ျားတွေကို လိုက်တတ်သေးတယ်ပေါ့လေ?"
လောင်လုနှင့် သူ့ဇနီးလည်း တကယ့်ကို အံ့အားသင့်နေမိလျက်။ သူတို့သမီးက ယောက်ျားတစ်ယောက်ကို လိုက်တတ်တယ်ဆိုပဲ။ ဒါကြီးက ရှားပါးလွန်းတာပေါ့၊ ကြားတောင်မကြားဖူးဘူးလေ။
"ဟုတ်တယ်၊ ကျွန်မတို့ အဆက်အသွယ်ရှိတာ နှစ်အတော်ကြာနေပြီလေ" သူတို့နှစ်ယောက်ကြားမှာ အပြန်အလှန်ပေးစာတွေ သေတ္တာလိုက်ကြီးရှိပါ့။
လုကျုံးရီ: "..."
လုရွှမ်က ဦးအောင်အရင်ပြောပြလိုက်သည်။ "တစ်ယောက်ယောက်နဲ့ ဒိတ်ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မမောင်လေးသင်ပေးလို့ပေါ့" အတိတ်ကို ပြောရပါလျှင် လွန်ခဲ့တဲ့နှစ်တွေကပေါ့....
"ကျွန်မနဲ့ လွီချင်း အတူတူရှိနေနိုင်တာဟာ မောင်လေးကိုကျေးဇူးတင်ရမှာ"
ကျန်းဖျင် စပ်စုလိုစွာဖြင့် "မင်းရဲ့ ဘယ်မောင်လေးတုန်း?"
လုမိသားစုမှာ ဒီလိုအရည်အချင်းရှိတဲ့လူရှိသေးတာလား? သူက သူ့အစ်မကိုတောင် ဘယ်လိုဒိတ်လုပ်ရမလဲသင်ပေးရဲသေးတာပဲ။
"အငယ်လေးလေ!"
...
လောင်လုနှင့် သူ့ဇနီးလည်း အချိန်အတော်ကြာငေးငိုင်နေခဲ့ပြီးနောက် နောက်ဆုံးတွင်မူ သူတို့သမီး နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့အချက်ကို လက်ခံလိုက်ကြ၏။ နောက်နေ့မနက်တွင် လေလွင့်နေတဲ့ဝိဥာဥ်တစ်ကောင်လိုဖြစ်နေသည့် လောင်လုက သူ့ရဲ့ရန်သူဟောင်းကြီး လောင်ဝမ်ဆီ ဖုန်းခေါ်လိုက်လေသည်။
လောင်ဝမ် ဖုန်းလက်ခံရရှိသောအခါ မျက်ခွံတောင်မပင့်တော့ဘဲ လောင်လုစကားမစမီ အရင်ပြောလိုက်၏။ "လောင်လု ဒီလောက်မနက်အစောကြီး မင်း ငါ့ဆီကိုဘာလို့ဖုန်းဆက်တာလဲကွ?"
"မင်းရဲ့ မြေးမလေးတွေကို ဘယ်လိုကျစ်ဆံမြီးလှလှလေးကျစ်ပေးထားပြန်ပြီလဲ? ငါ မင်းကိုပြောလိုက်မယ်နော်၊ မြေးမလေးတွေက အခုချိန်မှာ အရမ်းချစ်ဖို့ကောင်းနေပေမယ့် ကြီးပြင်းလာရင် ဆိုးသွမ်းတဲ့ကောင်လေးလိုလည်းဖြစ်လာနိုင်တယ်ကွ။ ငါတို့ကျွင်းကျွင်းကိုပဲကြည့်လိုက်၊ ငါတို့ကျွင်းကျွင်းလေးက အခုဆို သူရဲကောင်းဆန်ဆန် အမျိုးသမီးအရာရှိဖြစ်ဖို့ ဆုံးဖြတ်ထားတယ်လေ"
"မင်းရဲ့ မြေးမလေးတွေလည်း ငါ့မိသားစုကျွင်းကျွင်းလိုပဲ နောင်ကျရင် အမျိုးသမီးအရာရှိဖြစ်လာနိုင်တယ်နော်။ ဒါဟာ ငါတို့လူကြီးတွေရဲ့ အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကို အမွေဆက်ခံတာပဲလေ..."
လောင်ဝမ်သည် သူပြောတာတွေကို လောင်လုနားထောင်နေသလား၊ နားမထောင်နေဘူးလား စိတ်မဝင်စားပါချေ။ ဘာပဲဖြစ်ဖြစ် သူဖုန်းဆက်လာရင် သူ့မြေးမလေးတွေအကြောင်းကြွားဖို့ပဲကို... လောင်လုရဲ့ မြေးမလေးတွေ ဘယ်လောက်ချစ်စရာကောင်းကြောင်း၊ ကလေးမလေးတွေရဲ့အသံဟာ ဘယ်လိုချိုသာကြောင်း၊ ကလေးမလေးတွေ ဘယ်လိုသီချင်းဆိုနိုင်ကြကြောင်း... လောင်ဝမ် အကုန်သိထားပြီးပြီဖြစ်၏။
ဟမ့် ငါ,လောင်ဝမ်ကရော မြေးမသေးသေးလေးရှိခဲ့တဲ့နေ့ရက်တွေ တစ်ခါမှမဖြတ်သန်းခဲ့ရဘူးလို့ မင်းထင်နေတာလားကွ...
"ချိုမြိန်တဲ့မြေးမလေး"ဆိုတာဟာ စင်ပေါ်က "ချိုမြိန်တဲ့စည်သွပ်ဘူးသကြားရေ" နှင့်အတူတူပင်။ အရာရာတိုင်းမှာ သက်တမ်းတစ်ခုရှိတာကြောင့် နောက်နှစ်နည်းနည်းကြာတဲ့အခါ လောင်လုမှာ ဒီလိုချိုမြိန်တဲ့မြေးမလေးတွေရှိနိုင်ဦးမယ်လို့ သူမယုံကြည်ပါဘူးနော်။
နောက်ထပ်နှစ်အနည်းငယ်လောက်ပဲ စိတ်ရှည်သည်းခံထားရမယ်...
လောင်လုက သက်ပြင်းတစ်ချက်ချလိုက်၏။ သူဟာ လေလွင့်နေတဲ့ဝိဥာဥ်လိုမျိုး မိန်းမောနေဆဲ၊ အဖြစ်အပျက်တွေဟာ အိပ်မက်တစ်ခုပဲလို့ သူခံစားနေခဲ့ရသည်။ လောင်လုက ပေါ့ပေါ့ပါးပါးပြောလာခဲ့၏။ "လောင်ဝမ်ရေ ဒီနေ့ ငါမင်းကိုပြောပြချင်တာက ငါ့မြေးမလေးတွေအကြောင်းမဟုတ်ဘူးကွ၊ ငါ့သမီးအကြောင်းပဲ"
"မင့်သမီးလားကွ? ဘာလဲ? လောင်လု မင်းမှာ သမီးရှိတာလား? မင်းမိသားစုမှာ ယောကျ်ားလေး၄ယောက်ပဲရှိတာမဟုတ်ဘူးလားကွ?" လောင်ဝမ် စိတ်ထဲက ကြိတ်ရယ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိပြောလိုက်သည်။
ကလေးမလေးတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ဒီလို"ပူစပ်စပ်"ဒေါ်လေးတစ်ယောက်နဲ့ဆို သူတို့မိသားစုရဲ့ သို့ရုန်ညီအစ်မလည်း သိပ်မကြာမီ သို့မဟုတ် နောက်ပိုင်းမှာ ဒီဒေါ်လေးနောက်လိုက်ကာ ပူစပ်စပ်ကောင်မလေးတွေဖြစ်လာပေလိမ့်မည်။
"လောင်ဝမ်ရေ မင်းမှာ အယ်လ်ဇိုင်းမားရောဂါရှိနေတာလား? ငါ့ရဲ့ ရှောင်မင်ကို မင်းမှတ်မိသေးရဲ့လား? သူ့အဘိုးအဘွားဖြစ်တဲ့ငါတို့နောက်ကို အမြဲလိုက်လေ့ရှိတဲ့ ငါတို့ရှောင်မင်ကိုလေ..."
လောင်ဝမ် မျက်လုံးလှိမ့်လျက် "သူက မင်းရဲ့မြေးမဟုတ်ဘူးလား?"
"ဟုတ်တယ်လေ! ငါ့မှာ မြေးတစ်ယောက်ရှိသေးတာ မင်းမှတ်မိသေးတာပဲ။ ဒါပေမဲ့ ငါ့မှာ သမီးတစ်ယောက်ရှိတာကို မင်းဘယ်လိုဖြစ်ပြီးမေ့နိုင်ရတာလဲကွာ?"
xxx