← Chapters

အခန်း (၂၆၈-၂၆၉)

Vol. 23 Ch. 268-269

အခန်း (၂၆၈-၂၆၉)

Vol. 23 Ch. 268-269

Ch-268

ချင်းရို့က ချုံကျိုးကျွန်းမှ ကွမ်ချန်သို့ပြန်လာခဲ့သည်။ သူမက လုယန်နှင့်ကလေးတွေကို အံ့အားသင့်စေဖို့ရာ နှစ်ရက်ကြိုစောပြီးပြန်လာခြင်းပင်။ စနေနေ့တွင် ချင်းရို့ ကွမ်ချန်သို့ရောက်ခဲ့၏။

ယခု သူမငွေရှာနိုင်ပြီဖြစ်၍ ရဲဘော်ရှောင်ချင်းဟာ ချမ်းသာလာပြီလေ။ သူမ ရေမိုးချိုး အဝတ်အစားလဲဖို့ ဈေးရုံနားရှိအိမ်ဘက်ကို အရင်ပြန်သွားလိုက်ပြီးမှ အဝတ်အစားလှလှလေးနှင့် ပုလဲနားကပ်၊ ပုလဲလည်ဆွဲနှင့် ပုလဲလက်ကောက်တို့ကို ဝတ်ဆင်လိုက်သည်။

သူမ မှန်ကြည့်လိုက်တော့ မှန်ထဲကလူဟာ ပန်းလေးလိုလှပနေပြီး ပုလဲလုံးလှလှလေးတွေကြောင့် သူမကို ပိုပြီးသိမ်မွေ့နူးညံ့သွားစေလေ၏။ လက်ဝတ်ရတနာများထဲတွင် ပုလဲမှာ စိတ်သဘောထားကိုမြှင့်တင်ပေးရန် အသင့်လျော်ဆုံးပင်။

"ချောင်ဆမ်နည်းနည်းလောက်ချုပ်ဖို့ ဘယ်အချိန်ကအကောင်းဆုံးဖြစ်မလဲ?"

ရင်သပ်ရှုမောဖွယ်အလှတရားဖြစ်စေဖို့အတွက် ပုလဲလည်ဆွဲနှင့် ချောင်ဆမ်အဝတ်အစားများဟာ အလိုက်ဖက်ဆုံးပင်။

ချင်းရို့ လက်ကိုင်အိတ်ကောက်ကိုင်၍ ခရီးဆောင်အိတ်ကိုဆွဲကာ လုယန်နှင့် ကလေးတွေကို သွားရှာဖို့ စစ်အကယ်ဒမီသို့ သွားလေပြီ။ ဒီနေ့က ပိတ်ရက်ဖြစ်၍ ကလေးတွေအားလုံး လုယန်နဲ့အတူတူရှိနေမှာပဲလေ။

သူမ လမ်းပေါ်ထွက်ပြီးလျှောက်လိုက်သည်နဲ့ လူပေါင်းများစွာရဲ့အကြည့်တွေအားလုံး သူမဆီကျရောက်လို့လာခဲ့သည်။ တချို့လူတွေက သူမကို ဟောင်ကောင်မင်းသမီးတစ်လက်လို့တောင် အထင်မှားကြပြီး သူမ ဘယ်တီဗီစီးရီးမှာ သရုပ်ဆောင်ထားသလဲလို့ လာမေးကြလေရဲ့။

"မင်းကိုကြည့်ရတာ ရင်းနှီးနေသလိုပဲနော်?"

"မင်း ဘယ်စီးရီးမှာသရုပ်ဆောင်ထားလဲ..."

"မင်းက TVထက် ပိုကြည့်ကောင်းလိုက်တာ!!"

…

"ကျွန်မ မင်းသမီးမဟုတ်ပါဘူးရှင်၊ ဘယ်မှာမှရုပ်ရှင်မရိုက်ထားပါဘူး" ချင်းရို့သည် သူမဟာ ဟောင်ကောင်မင်းသမီးမဟုတ်ကြောင်း အခြားသူတွေကို ကူကယ်ရာမဲ့စွာရှင်းပြလိုက်ရ၏။

သူမ မရှင်းပြလိုက်ရင်တောင် ကောင်းပေဦးမည်၊ သူမရှင်းပြပြီးသည်နှင့် ဒီကိုအလည်ရောက်နေတဲ့ ဟောင်ကောင်ရေဒီယိုရုပ်သံဌာနက ကင်းထောက်တစ်ဦးနဲ့ ဆုံလိုက်ရပြီး သူမကို TVBမှာ ထရိန်နင်ဆင်းချင်သလားလို့ မေးလာလေသည်။

ကင်းထောက်ဖြစ်သူ ဟယ်မင်းသည် သိပ်မကျွမ်းကျင်တဲ့မန်ဒရင်းဘာသာစကားဖြင့် "မင်း ငါတို့ရုပ်သံဌာနကို လာမယ်ဆိုရင် သေချာပေါက် မင်းကိုနာမည်ကြီးအောင်လုပ်ပေးနိုင်တယ်နော်၊ မင်း TVပေါ်ရောက်ဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး"လို့ အာမခံခဲ့သည်။

"တီဗီစီးရီးရိုက်ရင် မင်းပိုက်ဆံအများကြီးရှာနိုင်မယ်။ မင်းမှာပိုက်ဆံရှိရင် အခုမင်းဝတ်ထားသလိုမျိုး လိုချင်သလောက် ပုလဲတွေဝယ်လို့ရတယ်လေ"

…

"ဟင့်အင်း၊ ကျွန်မ အိမ်ထောင်ကျတာဖြင့် ၁၀နှစ်လောက်ရှိပြီလေ၊ ကလေးတွေလည်းရှိနေပြီမို့ တီဗီဇာတ်လမ်းတွဲတွေမရိုက်ချင်ဘူး"

သူမ တီဗီဇာတ်လမ်းတွဲမရိုက်ဖြစ်ရင်တောင် ပုလဲတွေလိုချင်သလောက်ရနိုင်တယ်လေနော်။

"ဘာ? မင်းရဲ့အိမ်ထောင်သက်က ၁၀နှစ်ရှိနေပြီ? မင်းအသက်ဘယ်လောက်လဲ? မင်းမှာ သမီးတစ်ယောက်ရှိတာလား? မင်းရဲ့သမီးကရော အသက်ဘယ်လောက်ရှိပြီလဲ?"

…

ချင်းရို့ စစ်အကယ်ဒမီသို့သွားသည့် ဘတ်စ်ကားပေါ်တက်လိုက်၏။ သူမက လုယန်ကို စပရိုက်လုပ်ချင်တာကြောင့် နှစ်ရက်စောပြီး တိုးတိုးတိတ်တိတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

သူမတို့နှလုံးသားမည်းနက်တဲ့အလုပ်ရုံနောက်ကွယ်က ရင်းနှီးမြှုပ်နှံသူကြီး ဘော့စ်လုကို သူမတို့ရဲ့အလုပ်ရုံကနေ ဝင်ငွေရနေပြီဖြစ်ကြောင်း ပြောပြချင်ပါသည်!!

သူမ မပြောရသေးပေမယ့် လုယန်သတင်းစာထဲကနေ သတင်းတွေကိုမြင်ကောင်းမြင်ထားနိုင်လေရဲ့။

သူမ ဖုန်းနဲ့လည်းပြောထားပြီးဖြစ်သော်လည်း ဖုန်းထက် လူကိုယ်တိုင်ပြောပြတာပိုကောင်းသည်လေ။ အနှီစုံတွဲလေးဟာ တခြားသူတွေမကြားစေလိုတဲ့ နှစ်ယောက်တည်းတီးတိုးပြောချင်တာတွေအများကြီးရှိပါသေးသည်။

ချင်းရို့ ကားပေါ်မှဆင်းလာသည့်အခါ စစ်အကယ်ဒမီရှိ အစောင့်တွေက သူမကိုရင်းနှီးနေကြပြီဖြစ်၍ အကြောင်းကြားစရာမလိုဘဲ သူမကို ဝင်ခွင့်ပေးလိုက်ကြသည်။

"ညီမချင်းရေ နင်ကအရမ်းလှတာပဲဟယ်"

"ဒါက နင်မွေးထားတဲ့ပုလဲပဲလား? ဘုရားရေ အရမ်းလှတာပဲ! ဒါကြောင့် ငွေအများကြီးနဲ့ရောင်းရတာ အံသြစရာမရှိတော့ဘူး"

…

လူများစွာရဲ့ အံ့သြတကြီးအကြည့်တွေကို ချင်းရို့ လက်ခံရရှိခဲ့ပေမယ့် သူမကတော့ ခဏနေကျရင် လုယန်နဲ့ ကလေးတွေကို တွေ့ရတော့မယ်လို့တွေးရင်း စိတ်လှုပ်ရှားလာနေလေသည်။ သူမလက်ကိုမြှောက်၍ နားရွက်နားရှိပုလဲကိုတို့ထိလိုက်ပြီး လက်ထဲမှာခရီးဆောင်အိတ်ကိုဆွဲကာ ရှေ့ဆက်လျှောက်လာခဲ့သည်။

ဒီနေ့ လုယန် အတန်းချိန်မရှိသဖြင့် သူ့သားတွေနဲ့အတူတူ ဘတ်စကတ်ဘောကွင်းမှာ ကစားနေကြသည်။ ထို့အတူ မိတ်ဆွေဟောင်းတချို့ပါ ရှိနေလေသည်။ ကလေးတွေက ခြင်းတစ်ခုမှာ စုရုံးကစားနေကြပြီး လူကြီးတွေက ဘတ်စကတ်ဘောဆော့ရင်း စကားပြောနေကြသည်။

"ကုချန် မင်းက လုယန်လောက်တောင် ပညာမယူတတ်ဘူးကွာ။ သူ့မှာ ဇနီးနဲ့ သားသမီးတွေ ရှိနေပြီ။ ဒါပေမဲ့ မင်းကတော့ ဒီအရွယ်ထိ လူပျိုကြီးဖြစ်နေတုန်းပဲ"

လုယန်၊ ကုချန်နဲ့ သူတို့ရဲ့ ဆရာဟောင်းစူးရို့လျန့်တို့ အတူတူကစားနေကြ၏။ စူးရို့လျန့်ဟာ သူ့ရှေ့က ထူးချွန်ကျောင်းသားဟောင်းနှစ်ဦးကိုကြည့်ရင်း သက်ပြင်းချမိသည်။

"မင်းတို့နှစ်​​ယောက်​ကတစ်​နှစ်​ပဲကွာတယ်​လို့​ပြောတယ်​၊ ဒါ​ပေမယ့်​ လုယန်မှာတော့ ဇနီးနဲ့ သားသမီးလေးယောက်ရှိနေပြီ။ ကုချန် မင်းကတော့ ကလေးမပြောနဲ့ဦး၊ ဇနီးတစ်ယောက်တော့ရှာရမှာပေါ့ မှန်တယ်မလား?"

…

စူးရို့လျန့်အရွယ်လူကြီးတွေဟာ အိမ်ထောင်မပြုရသေးတဲ့ မျိုးဆက်သစ်လူငယ်တွေကို တွေ့သည်နဲ့ ဒီလိုပဲပြောဆိုချင်ကြသည်။

ကုချန်က သူ့စကားတွေကို နားထောင်နေသော်လည်း ပုံမှန်လိုပဲ ဘယ်ဘက်နားကနေဝင်ပြီး ညာဘက်နားမှထုတ်လိုက်ကာ လုံးဝအလေးအနက်မယူပါချေ။

ဒါတွေကို သူကြားနေခဲ့ရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီပဲလေ။

သန်းဘယ်လောက်များများမယားဘူး၊ အကြွေးဘယ်လောက်ထူထူ မင်းအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူးလေ။ ဒီတော့ မင်းကြိုက်သလောက်ပြောနိုင်တယ်၊ ဒါပေမဲ့ သူကတော့ အိမ်ထောင်လည်းမပြုဘူး၊ လက်တွဲဖော်လည်းမရှာဘူး။

ကုချန် လေးတိလေးတွဲ့ပြောလိုက်၏။ "အိမ်ထောင်ပြုရတာ ဘာကောင်းလို့လဲ? အခုလူတိုင်းက လုယန်ကို လောင်လုလို့ခေါ်နေကြပြီလေ၊ ကျွန်တော့်ကိုတော့ ရှောင်ကုလို့ခေါ်ကြတုန်းပဲ၊ နားထောင်ကြည့်လေ"

လုယန် ဘတ်စကတ်ဘောလုံးကို ခြင်းထဲပစ်သွင်းလိုက်ပြီး "ရှောင်ကုရေ အရှက်လေးနည်းနည်းရှိဦး။ မင်းလုကောကလွဲရင် မင်းကို ရှောင်ကုလို့ခေါ်တဲ့ လူနည်းနည်းလေးပဲရှိပါတယ်ကွ"

"မင်း ငါ့ကို လုကောလို့ခေါ်တာ နှစ်တော်တော်ကြာပြီဆိုတော့ နောင် မင်းအိမ်ထောင်ပြုသွားရင်တောင်မှ မင်းလုကော,ငါက မင်းကို ရှောင်ကုလို့ပဲခေါ်မှာပါကွာ"

ကုချန်: "…"

ကုချန်နောင်တရဆုံးအရာသည်ကား တောင်တရုတ်ပင်လယ်ရေတပ်ကို ပြောင်းရွှေ့ခဲ့မိခြင်းလို့ တစ်ကိုယ်တည်းတွေးနေမိသည်။

သူက တကယ့်ကို စျေးပေါတဲ့သူပဲ... သူ့ရန်သူဆီကနေ နေ့တိုင်းဘာလို့ဘူလီခံနေရတာလဲ? မူလက ကုချန်သည် သူ့ကို ဖိနှိပ်ချင်ခဲ့ပေမယ့် လုယန်ဆိုသူဟာ အသက်မွေးဝမ်းကြောင်းမှာရောနဲ့ မိသားစုရေးရာမှာပါ အောင်မြင်နေခဲ့သည်။

အလုပ်မှာ သူ့ထက်ပိုသာတယ်ဆိုတာမပြောနဲ့ဦး၊ ဒီကောင် အိမ်ထောင်ပြုပြီး ကလေးတွေရှိလာတာတောင်မှ သူအမှီမလိုက်နိုင်ခဲ့ပေ။

ဒီလိုစိတ်အနှောက်အယှက်ဖြစ်စရာတွေဖယ်လိုက်ရင်၊ သူ့သမီးလေးနှစ်ယောက်ပဲ ချစ်စရာကောင်းနေတာလေ။

သူ့မိသားစုထဲက ကောင်လေးနှစ်ယောက်က လုယန်လိုပဲ ချစ်ဖို့မကောင်းကြဘူး။

စုလောင်ရှီးလည်း သူ့ရှေ့က "လုတစ်ယောက်နဲ့ ကုတစ်ယောက်"ကို ကြည့်ပြီး သူတို့ရဲ့ အတိတ်ကစွမ်းဆောင်ရည်တွေကို ပြန်လည်သတိရသွားသဖြင့် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။

"မင်းတို့ကျောင်းတက်တုန်းကကွာ၊ လုယန်က အနာဂတ်မှာ လက်တွဲဖော်ရှာနိုင်လိမ့်မှာမဟုတ်ဘူးလို့ ငါတို့ဆရာတွေအားလုံး ထင်ခဲ့ကြတာလေ၊ ဒါပေမဲ့ လုယန်က အရင်အိမ်ထောင်ပြုသွားလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး..."

အမျိုးသမီးတွေအပေါ် ကြမ်းတမ်းဒေါသကြီးတတ်တဲ့ လုယန်ဟာ ဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲလေ။ ကုချန်တစ်ယောက် လူပျိုကြီးဖြစ်နေချိန်မှာ လုယန်တို့စုံတွဲကတော့ သယဇာတဖြစ်နေပြီး မိသားစုခြောက်ယောက်သား ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီလေ။

လုယန် မျက်ခုံးပင့်လိုက်ပြီး "လောင်ရှီးဘာပြောလိုက်တာ?"

ဒီဆရာတွေက လူစကားမပြောတတ်ကြဘူးလား? သူက လက်တွဲဖော်တစ်ဦးမရှာနိုင်ဘူးဆိုတာ ဘာအဓိပ္ပါယ်ကြီးတုန်း?

"ကျွန်တော်က ဘာလို့လက်တွဲဖော်တစ်ဦးမရှာနိုင်ရမှာလဲဗျာ?"

စုလောင်ရှီး နှစ်ခါလောက်လျှာတောက်လိုက်ပြီး "အရင်တုန်းကမင်းပုံစံက လက်တွဲဖော်ရှာနိုင်တဲ့လူနဲ့တူလို့လားကွ"

"သုံးရက်တာခွဲခွာပြီးနောက် အမြင်သစ်နဲ့ကြည့်ရမှာပေါ့"

"ကုချန် မင်း လုယန်ဆီက သင်ယူရမယ်။ လုယန် ငါ့အထင်တော့ မင်း မကြာခင်ရာထူးတိုးလိမ့်မယ်နော်။ ရှောင်ကုရာ မင်းရဲ့ခေါင်းဆောင်ဆီကသင်ယူထား၊ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး သူ့ဆီက အကူအညီတောင်းပေါ့"

ကုချန်: "ကျွန်တော့်မှာ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး ပြဿနာမရှိဘူး"

စုလောင်ရှီး: "စိတ်ခံစားချက်တွေဆိုတာက လေဆင်နှာမောင်းနဲ့တူတယ်ကွ၊ မြန်မြန်ရောက်လာတတ်တယ်။ မင်းချစ်မိသွားတဲ့အခါ ပြဿနာရှိလာလိမ့်မယ်"

"အရာရှိလုရေ မင်းရဲ့ရဲဘော်ကုကို သေချာဂရုစိုက်လိုက်ပါဦး"

"လုယန် မင်းမိန်းမက-" စုလောင်ရှီးက တစ်ခုခုပြောခါနီးဆဲဆဲ၊ ကွင်းဘေးနားမှ တစ်စုံတစ်ယောက် အော်ခေါ်သံကို ကြားလိုက်ရ၏။

"လုယန်!" အမျိုးသမီးရဲ့ ကြည်လင်ပြတ်သားတဲ့ခေါင်းလောင်းသံလို အသံလေးမှာ ကွင်းတစ်လျှောက်ဖြတ်ကူးလာလေပြီ။

လုယန် နောက်ပြန်လှည့်ကြည့်ပြီး ဘောလုံးကို ကုချန်ဆီ ချက်ချင်းပစ်ပေးလိုက်ကာ လှည့်မကြည့်တော့ဘဲ အမျိုးသမီးဆီပြေးသွားပါတော့သည်။

ကျန်ရစ်ခဲ့သည့် စုလောင်ရှီးနဲ့ ကုချန်တို့က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။ ကုချန်က ဘောလုံးကိုကိုင်ထားဆဲ၊ စုလောင်ရှီးက သူ့အား ချက်ချင်းသင်ခန်းစာတစ်ခုသင်ပေးလာခဲ့သည်

"မင်းတို့ခေါင်းဆောင်လုက ဘယ်လောက်ကောင်းတဲ့ခင်ပွန်းတစ်ယောက်လဲ ကြည့်ထားစမ်း!"

"မင်းမိန်းမရောက်လာတာနဲ့ သူမကို ခပ်မြန်မြန်ပွေ့ဖက်သင့်တယ်၊ သူမကို မင်းရဲ့ခေါင်းဆောင်ကိုချစ်သလောက် ချစ်ပေးရမယ်"

ကုချန် ပါးစပ်ထောင့်တွန့်သွားကာ "ခေါင်းဆောင်ကိုချစ်သလောက် မိန်းမကို ချစ်ပေးရမှာလား?"

"ဟုတ်တယ်!"

ကုချန်: "ဒါပေမယ့် ပြဿနာက... ကျွန်တော်ရဲ့ခေါင်းဆောင်ဟောင်းက လုယန်လေ"

စုလောင်ရှီး အနည်းငယ် စိတ်ရှုပ်ထွေးသွားပေမယ့်လည်း ဆရာတစ်ယောက်အနေဖြင့် သူ့တွေးခေါ်ပုံမှာ အလွန်ချောမွေ့ပြီး အကြောင်းရင်းမရှိရင်တောင် နားလည်မှုရှိနေဆဲ၊ "ဒါဆိုလည်းကွာ မင်းရဲ့အကြွင်းမဲ့အချစ်တွေကို ပြသသင့်တယ်၊ တခြားသူတွေကိုမချစ်ခင် မင်းရဲ့ခေါင်းဆောင်လုကို အရင်ချစ်ခင်သင့်တယ်ကွ"

ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို ပိုချစ်တာဟာ အမှားမရှိဘူးလေ။

မင်းရဲ့ခေါင်းဆောင်ကို မင်းမချစ်ဘူးလို့ မပြောနိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား?

လူတွေကို သွန်သင်ဆုံးမရတာကို နှစ်ခြိုက်သူ စုလောင်ရှီးက ဒီလိုပဲတွေးလေသည်။

ကုချန်: "…"

လုယန်ကို ချစ်ရမယ်? ပေါက်ကရတွေ!

လုယန်ကို အရင်ချစ်ပြီးမှ လက်တွဲဖော်ရှာရမယ်ဆိုရင် သူ့ဘဝမှာ လက်တွဲဖော်တစ်ဦး ဘယ်တော့မှရှာတွေ့မှာမဟုတ်တော့ဘူး...

လုယန်က သူ့ဇနီးလေးရှေ့ကို ပြေးလာကာ ရပ်လိုက်ပြီး နူးညံ့သေးသွယ်လှတဲ့ဇနီးလေးကို သူ့အရပ်ရှည်ရှည်သန်သန်မာမာခန္ဓာကိုယ်နှင့် ပိတ်ဆို့ထားလိုက်သည်။

သူက သူမအား တောက်ပရွှင်ပျစွာပြုံးပြခဲ့ပေမယ့် မပွေ့ဖက်ခဲ့ချေ။ ချင်းရို့က ရှေ့မြန်မြန်တိုးလာတဲ့အခါ လုယန် ခြေတစ်လှမ်းဆုတ်လိုက်ပြီး

"ကိုယ် ဘတ်စကတ်ဘောကစားထားလို့ ချွေးတွေချည်းပဲ။ ညစ်ပတ်နေတာ!"

"ကျွန်မ ရှင့်ကို မရွံပါဘူးနော်!"

ချင်းရို့က ရှေ့တိုးလာကာ ဘတ်စကတ်ဘောဝတ်စုံနှင့်သူမအမျိုးသားလေးကို ပွေ့ဖက်လိုက်လေ၏။ တစ်ဖက်လူက ချွေးတွေထွက်နေသော်လည်း သူ့ကြွက်သားအပေါ်ယံဟာ ချောမွေ့အေးမြနေလေ၏။ လုယန်ရဲ့ လက်မောင်းအပေါ်ပိုင်း ကြွက်သားတစ်ခုလုံး ပေါ်လွင်နေပြီး ထူးထူးခြားခြားလှပနေသည်။

ပွေ့ဖက်ပြီးနောက် ချင်းရို့က သူ့လက်ကိုကိုင်ထားပြီး ဘယ်သူမှကြည့်မနေကြတဲ့အခါ ကျစ်လစ်သည့် သူ့အပေါ်ပိုင်းလက်မောင်းကြွက်သားတွေကို တိတ်တခိုးညှစ်ကြည့်လိုက်သည်။

"မင်း အခုလေးတင်ရေချိုးလာတာလား? ခဏနေ ရေပြန်ချိုးရတော့မှာပဲ"

လုယန်က သူမကိုယ်ပေါ်ရှိ မွှေးရနံ့ကိုအနံ့ခံမိ၍ သူ့စိတ်ရိုင်းတွေကို ဖိနှိပ်ထားရပြီး စနောက်လိုက်လေ၏။

"ဇနီးလေး မင်းက ပိုပိုပြီးသန့်ရှင်းမွှေးကြိုင်လာတာပဲကွာ"

"အခုတော့ ကိုယ့်ချွေးနံ့တွေစွဲသွားပြီနော်"

သူက ဆက်ဆီကျကျအသံနိမ့်နိမ့်ဖြင့် သူမနားထဲသို့ တီးတိုးဆိုလိုက်သည်။ "ပုလဲက အရမ်းလှတာပဲ"

"အိမ်ပြန်ရောက်လာတဲ့အမျိုးသမီးလုပ်ငန်းရှင်ရဲဘော်ချင်းရို့အတွက် ဂုဏ်ယူပါတယ်ဗျာ"

ချင်းရို့ မရယ်ဘဲမနေနိုင်တော့ပေ။ လုယန်ရဲ့ ချောမောခန့်ညားတဲ့မျက်နှာ၊ မျက်ခုံးမြင့်မြင့်၊ နှာတံစင်းစင်း၊ သူမကိုကြည့်နေတဲ့အချိန်တိုင်း ပြုံးပျော်နေတဲ့မျက်လုံးလေးတွေကို သူမ ကြည့်နေမိသည်။

ချင်းရို့သည် ကင်းထောက်အား အမှတ်မထင်ပြောခဲ့တာတွေကို ပြန်သတိရလိုက်တဲ့အခါ သူမရဲ့ နှလုံးသားထဲမှာ ခံစားချက်တွေပြည့်လျှံလာခဲ့သည်။ တကယ်ပါပဲ... မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်နီးပါးကြာသွားခဲ့ပြီဆိုပေမယ့် သူမ ဒီလူကို အရမ်းချစ်နေတုန်းပဲ...

ချင်းရို့ ပြုံးကာ သူ့မျက်နှာလေးကိုပုတ်၍ "ရှင် ဘာတွေအနံ့ခံနေတာတုန်း?"

"မင်းကိုပေါ့"

xxx

Ch-269

ချင်းရို့ ပြုံးကာ သူ့မျက်နှာလေးကိုပုတ်၍ "ရှင် ဘာတွေအနံ့ခံနေတာတုန်း?"

"မင်းကိုပေါ့"

"ကျွန်မတို့အိမ်မှာ ခွေးတစ်ကောင်မှမရှိပါဘူးနော်။ ရှင် ကျွန်မဆီက ငွေအနံ့ခံနေတာများဖြစ်နေမလားနော်?"

ချင်းရို့ သူ့ကို ကျီစယ်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "စိတ်မပူပါနဲ့ မစ္စတာလုရေ၊ ကျွန်မတို့အလုပ်ရုံသေးသေးလေးအကြောင်း အိမ်ပြန်ရောက်ရင် ဒီရဲဘော်ရှောင်ချင်းက အခြေအနေအရပ်ရပ်အသေးစိတ်ကို တိတ်တဆိတ်တင်ပြပါမယ်ရှင်"

ချင်းရို့မှာ ပုလဲလှလှလေးတွေ၊ နံရံပေါ်မှာချိတ်ဆွဲထားတဲ့ "ဆိုင်းဘုတ်တွေ"၊ နောက်ပြီးတော့ ထူးဆန်းတဲ့ရှားရို့ပုလဲခြံအကြောင်း စသဖြင့် ပြောပြစရာတွေအများကြီးရှိနေပါသည်။

ဒီနာမည်ကထူးဆန်းလွန်းတာကြောင့် ချင်းရို့လည်း ရှားရို့ပုလဲခြံအကြောင်း အာရုံမစိုက်မိဘဲမနေနိုင်ခဲ့။

တခြားဖျောင့်ရို့၊ မိန်ရို့၊ ဟိုင်ရို့နာမည်တွေကတော့... ချင်းရို့ ဒီနာမည်တွေနဲ့ပတ်သက်ပြီး စိတ်မဝင်စားပါချေ။ ရှားရို့ပုလဲစက်ရုံပိုင်ရှင်ဟာ အမြော်အမြင်ကြီးသူဖြစ်ကောင်းဖြစ်နိုင်လေရဲ့၊ ဘာလို့လဲဆိုတော့ သူပေးထားတဲ့နာမည်က "အမြင်ဖမ်းစားဖွယ်"ကောင်းတယ်လေနော်။

သူမ လုယန်ကို အခုပဲပြောပြလိုက်သင့်လား? အနာဂတ်မှာ ချုံကျိုးကျွန်းကို သူမတို့ပြန်ကြတဲ့အခါ နေရာတိုင်း ဘာရို့ ညာရို့ ရို့နာမည်အမျိုးမျိုးကို သူတွေ့သွားမှာပဲလေ...

သူမ လုယန်ကိုမပြောပြထားလို့ နောင်ကျ အဲဒါတွေကို သူတွေ့တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?

ချင်းရို့: "…"

ဒါဟာ တကယ့်ကိုခက်ခဲတဲ့မေးခွန်းပဲကွယ်... အစီရင်ခံသင့်သလား၊ မသင့်ဘူးလား?

"ဟုတ်ပြီ ဘော့စ်လုက မင်းရဲ့ အစီရင်ခံစာကို စောင့်နေတယ်နော်" လုယန်က မေးစေ့ကို မြှောက်ကာ သူမနှာခေါင်းလေးကို ပုတ်လိုက်၏။

ချင်းရို့ သူ့လက်မောင်းတွေကို ပုတ်လိုက်ပြီး ဒီလူက သူမအပေါ်တကယ်အခွင့်ကောင်းယူနေတာပဲလို့တွေးနေမိလျက်။ သူက တကယ်ကြီး နှလုံးသားမည်းနက်တဲ့ဘော့စ်လို ပြူမူနေတာပဲ။

သို့သော် အဲဒီအချိန်မှာ သူတို့နှစ်ယောက်ရဲ့နောက်ကနေ အသံတစ်သံထွက်ပေါ်လာ၍ လင်မယားနှစ်ယောက်လှည့်ကြည့်လိုက်ရာ လုဝေကျိုးနဲ့ လုဝေကျယ်တို့ လက်ချင်းချိတ်ပြီး သူတို့မိဘတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့အတွက် ဘတ်စကတ်ဘောကို အသံကျယ်ကျယ်ပစ်လိုက်သည်ကို တွေ့လိုက်ရလေသည်။

"ပါးပါးမားမား ဘယ်လောက်ကြာကြာ စကားပြောကြမလို့လဲဟင်?"

သားတို့ကိုမလိုချင်တော့ဘူးလားလို့?

...

"ရှောင်ချင်း နင့်ပုလဲခြံက ပုလဲလည်ဆွဲတွေကို ငွေအများကြီးနဲ့ တကယ်ကြီးရောင်းခဲ့တာလား?"

"ဒီပုလဲတွေကတအားလှတာပဲ!"

"ငါတို့လစာက ယွမ်ဆယ်ဂဏန်း၊ ရာဂဏန်းလောက်ပဲရှိတာဟယ်၊ ယွမ်ထောင်ချီလောက်ရောင်းနိုင်တာ ဘယ်လိုပစ္စည်းမျိုးလဲတော်"

"ဒါက ဒီတိုင်းကျောက်တုံးလှလှလေးတွေပဲ မဟုတ်ဘူးလား? ကာလာတီဗီထက် ဘာလို့ပိုစျေးကြီးနေရတာလဲ..."

…

ချင်းရို့တို့ဇနီးမောင်နှံဟာ ကလေးတွေနှင့်အတူ မိသားစုအဆောက်အဦးဆီ ပြန်လာပြီးနောက် ညီအစ်မများစွာက သူမပြန်လာပြီလို့သတင်းကြားသည်နဲ့ သတင်းစုံစမ်းရန်ရောက်ချလာကြသည်။ သူတို့အားလုံးက ချင်းရို့ရဲ့ပုလဲမွေးမြူရေးစက်ရုံမှ ငွေရှာနိုင်ပြီဖြစ်ကြောင်း ချန်နယ်အမျိုးမျိုးကနေ တွေ့မြင်ခဲ့ကြရ၏။ ၀င်ငွေအများကြီးတဲ့! ဒေါ်လာတွေအများကြီးနဲ့ ရောင်းခဲ့တာတဲ့!

ကျန့်မန်ထန်ရဲ့ဇနီး ထန်ယွီရုန်နှင့် ရန်ချွမ်ကျုံးရဲ့ဇနီး ချန်မုလန်တို့က ချင်းရို့ကိုယ်ပေါ်က ပုလဲနားးကပ်နှင့်လည်ဆွဲကို ကြည့်နေကြရင်း ဒီပုလဲတွေက လှတော့လှပေမယ့် ငွေအများကြီးမတန်ဘူးလို့ တွေးမိကြသည်။ ဒါကမယုံနိုင်စရာပဲ။

"ဒီလောက်လှတဲ့လည်ဆွဲကို နင်၀တ်ထားတော့ တစ်ယောက်ယောက်လုယက်သွားမှာကို မကြောက်ဘူးလား?"

"လုယက်တာကရာဇ၀တ်မှုလေ၊ ထောင်ထဲရောက်သွားမှာပေါ့"

…

ချင်းရို့က သူမရဲ့ ပုလဲလည်ဆွဲနှင့် ပုလဲနားကပ်တွေကို သူတို့အား ပြလိုက်သည်။ ရွှင်ရို့ပုလစက်ရုံသတင်းထွက်ပေါ်လာပြီးနောက် သူမက ပုလဲမွေးမြူရေးစက်ရုံဖွင့်ထားကြောင်း ပတ်ဝန်းကျင်ရှိလူတိုင်းသိရှိကြပြီးဖြစ်၏။ သူတို့က စပ်စုလိုသောကြောင့် သူမအိမ်ကိုရောက်လာမယ်ဆိုတာ မလွဲဧကန်ပါပဲ... ချင်းရို့က ဒါတွေကို အစောကြီးကတည်းကတွေးမိပြီးသားပင်။

"ရှောင်ချင်း ငါတို့ကို ပုလဲဆွဲကြိုးတစ်ကုံးပေးလို့ရမလား?"

"ဖေး! နင်အရှက်မရှိပြောထွက်ရဲတယ်ပေါ့လေ။ ဒီပုလဲဆွဲကြိုးကို ဒေါ်လာထောင်ချီနဲ့ ရောင်းလို့ရတယ်ဟဲ့။ နင့်ကို ဒီတိုင်းပေးလိုက်စရာလား? အရှက်မရှိလိုက်တာ!"

"ငါကနောက်တာပါဟယ်"

ချင်းရို့က ကြိုးနီလက်ပတ်ပေါ်မှာ သာမန်ပုလဲသေးသေးလေးတစ်လုံးပါတဲ့ လက်ပတ်၁၀ကွင်းထုတ်ယူလာကာ မိသားစုတစ်စုစီကို တစ်ခုစီလက်ဆောင်ပေးလိုက်သည်။ "ဒါတွေက ကျွန်မတို့စက်ရုံက သာမန်ပုလဲသေးသေးလေးတွေပါပဲ၊ အမှတ်တရလက်ဆောင်အဖြစ် လူတိုင်းသိမ်းထားပေးကြနော်"

"ကောင်းလိုက်တာ ရှောင်ချင်းရေ၊ နင်ကအရမ်းကြင်နာတာပဲ၊ ကျေးဇူးတင်ပါတယ်"

"ဒါလေးတစ်ခုပဲလား"

"ဒါပေးတာနဲ့တင် ကောင်းနေပြီဟဲ့"

"ဒေါ်လာထောင်ချီပြီးရောင်းလိုက်ရတာဆိုတော့ ဘာလို့နင်ပိုပြီးမရက်ရောတာလဲဟယ်"

…

ထန်ယွီရုန် သူမလက်ထဲက ပုလဲလက်ကောက်လေးကိုကိုင်ပြီး အိမ်ပြန်ရောက်မှ ပြတင်းပေါက်နားမှာ ပုလဲလှလှလေးကို သေသေချာချာကြည့်ရှုလိုက်၏။ "ဒါလေးက တအားလှတာပဲ၊ ဒါပေမဲ့ ငွေအများကြီးနဲ့တကယ်တန်လို့လားနော်?"

ခင်ပွန်းဖြစ်သူ ကျန့်မန်ထန်က သူမအနောက်ကနေပြောလိုက်သည်။

"အရင်တုန်းကဆို ဒီပုလဲတွေက တော်ဝင်မိသားစုအတွက် ပဏ္ဏာတော်တွေပဲ။ ဒါဟာ လက်ဝတ်ရတနာတစ်မျိုးပဲဆိုတော့ ဘယ်လိုလုပ်ပြီးမထိုက်တန်ရမှာတုန်းကွာ"

"ရှင်မှန်ပါတယ်၊ ဒါတွေဝတ်ထားတဲ့ မိန်းကလေးတွေဆို တကယ်လှနေရောပဲ" ထန်ယွီရုန်က သူမလက်ကောက်ဝတ်မှာ ကြိုးနီကို ချည်လိုက်ကာ ပန်းရောင်ပုလဲကိုကြည့်ရင်း အရမ်းသဘောကျနေလေရဲ့။

ဒီနေ့ ချင်းရို့ဝတ်ဆင်ထားတဲ့ ပုလဲလည်ဆွဲနှင့် ပုလဲနားကပ်ကို တွေးလိုက်မိတဲ့အခါ သူမ ပိုလို့တောင်စိတ်လှုပ်ရှားပြီး မနာလိုဖြစ်မိသည်။

"ရှောင်ချင်းဝတ်ထားတဲ့ ပုလဲလည်ဆွဲကြိုးက အရမ်းလှတာပဲ။ ဒီပုလဲတစ်လုံးတည်းပါတာနဲ့ မတူဘူး။ အဲဒီတစ်ခုက အနည်းဆုံးပုလဲတစ်ဒါဇင်... တစ်ဒါဇင်မကရှိရမယ်။ အရမ်းတောက်ပြောင်ပြီးလှနေတာ!!"

"ဘာလဲ? မင်းစိတ်လှုပ်ရှားနေပြီလား?"

ကျန့်မန်ထန် စိတ်မသက်မသာဖြစ်သလိုခံစားလိုက်ရ၏။ ဘေးအိမ်ကရှောင်ချင်းဟာ တက္ကသိုလ်တက်ခွင့်ရရုံတင်မကဘဲ ပုလဲမွေးမြူစက်ရုံပါထောင်လိုက်မယ်လို့ သူမမျှော်လင့်ထားမိခဲ့။ အိမ်ထောင်ရှင်မတစ်ယောက်ဟာ အိမ်မှာနေပြီး သားသမီးတွေကိုပြုစုပျိုးထောင်ရမယ့်အစား ယောကျ်ားတွေလို ငွေရှာဖို့အတွက် ပင်လယ်ဆီသွားနေတာကြောင့် သူအရမ်းစိတ်ပျက်မိသည်။

မိန်းမတစ်ယောက်က ဘာလုပ်နိုင်မှာမို့လဲ?

ထန်ယွီရုန်: "ကျွန်မ စိတ်လှုပ်ရှားတော့ရောဘာဖြစ်လဲ? ဒီပုလဲတွေကလှတယ်လေ။ မိန်းမတွေအားလုံးက အလှအပကြိုက်ကြတာပဲ။ ရှင် ကျွန်မအတွက် ပုလဲဆွဲကြိုးတစ်ကုံးဘယ်တော့ဝယ်ပေးမှာလဲ? ပုလဲဆွဲကြိုးတွေအားလုံးက ဒီလောက်စျေးကြီးတာမဟုတ်ဘူးလို့ ရှောင်ချင်းပြောပြတယ်၊ သာမန်ပုလဲဆွဲကြိုးဆို ယွမ်ဆယ်ဂဏန်း ရာဂဏန်းလောက်ပဲရှိတယ်တဲ့"

ကျန့်မန်ထန်ရဲ့ မျက်လုံးတွေထွက်ကျလုနီးနီးဖြစ်သွားရလျက်။ ပုလဲလည်ဆွဲတစ်ကုံးဝယ်ဖို့ ယွမ်တစ်ရာ၊ နှစ်ရာလောက်သုံးမလို့? ဒါရူးသွားတာမဟုတ်ဘူးလားဟ? ဒီကျိုးပဲ့နေတဲ့ပုလဲလုံးတွေက ဘယ်လိုလုပ်ပြီးအဲ့လောက်တန်မှာလဲ?"

"မင်း၊ မင်းက အသက်ကြီးနေပြီလေ။ မင်းက ရှောင်ချင်းလောက်မလှဘဲနဲ့၊ ဒီတော့ ဒါတွေဝတ်မနေနဲ့တော့"

ထန်ယွီရုန်က သူ့အား စူးစိုက်ကြည့်ရင်း "ကျွန်မက အိုသွားရင်တောင် မိန်းမ မဟုတ်လို့လား? လမ်းပေါ်ကအမျိုးသမီးတွေအားလုံး ပန်းပွင့်စကတ်တွေနဲ့ လှလှပပ၀တ်စားနေကြပြီ၊ ကျွန်မရော ပိုကောင်းတာလေးဝတ်လို့မရဘူးလား?"

"ကျွန်မ ရှင့်အတွက် သားငါးယောက်မွေးပေးထားတာကို၊ ရှင် ဘာလို့ ကျွန်မအပေါ် ကောင်းကောင်းမဆက်ဆံချင်ရတာလဲ?"

ကျန့်မန်ထန် အသက်ပြင်းပြင်းရှုကာ "မင်းတကယ်ဝယ်ချင်တာလား?"

"ကျွန်မ နောင်ကျရင် ရှောင်ချင်းကို လျှော့ဈေးပေးနိုင်မလားလို့ တောင်းဆိုလိုက်မယ်၊ ဒါဆို ကျွန်မလည်း ပုလဲလည်ဆွဲဝယ်ဝတ်နိုင်ပြီလေ၊ ဘာမှားနေလို့လဲ?"

ကျန့်မန်ထန်: "ရှောင်ချင်းဆီကနေ ပုလဲမွေးမြူနည်းကိုပါ မင်းဘာလို့သွားမသင်လိုက်သလဲ?"

"ပုလဲတွေကို ပင်လယ်ထဲမှာ မွေးမြူကြတာလေ၊ ကျွန်မတို့ ဘယ်လိုလုပ်ရမှန်းတောင်မသိဘဲနဲ့"

ကျန့်မန်ထန်: "... မင်းသာပညာတတ်တယ်ဆိုရင် ပိုကောင်းမှာပဲ"

ထန်ယွီရုန် မျက်လုံးလှိမ့်လိုက်ရင်း "ကျန့်မန်ထန် နောက်ဆုံးတော့ ရှင့်စိတ်ထဲကအတွေးတွေကို ကျွန်မသိသွားပါပြီ။ ရှင်က ပညာတတ်တဲ့မိန်းမတွေကိုပဲ သဘောကျတယ်ပေါ့ ဟုတ်တယ်မလား? ကျွန်မပညာမတတ်လို့ ရှင်မကြိုက်ဘူးပေါ့..."

"ငါ့ကိုပြဿနာလာရှာမနေနဲ့၊ မင်းကိုမင်းကြည့်စမ်းပါ။ အောက်ထပ်ကရှောင်ချင်းနဲ့ ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲ? သူမက ကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်တဲ့အပြင် ပိုက်ဆံရှာဖို့ စက်ရုံဖွင့်နိုင်သေးတယ်ကွ"

ထန်ယွီရုန်: "ဒါဆို ရှင်ကရော? ရှင့်ကိုယ်ရှင် ရှောင်ချင်းရဲ့လုယန်နဲ့ ယှဥ်နိုင်တယ်လို့ထင်နေလား? မှန်သွားကြည့်လိုက်၊ ရှင်မြင်တဲ့အတိုင်း ရှင့်ပုံစံပဲ"

ကျန့်မန်ထန်: "…"

"ကျွန်မတို့သားတွေက ရှင်နဲ့တူရင်တော့ ဇနီးမရှာနိုင်တော့မှာပဲ စိုးရိမ်မိပါရဲ့"

"ကံကောင်းလို့ ကျွန်မတို့မှာ သမီးမရှိလို့ပေါ့။ သမီးရှိနေရင် ရှင့်လိုယောကျ်ားမျိုးနဲ့အိမ်ထောင်ကျသွားမှာကို စိုးရိမ်နေရမယ်!"

သို့ရုန်ညီအစ်မနှစ်ယောက်ဟာ ခုထိမူကြိုမတက်ရသေးပေမယ့် နေ့ခင်းဘက် အိမ်မှာတီဗီသိပ်မကြည့်ကြပေ။ အဖိုးဖြစ်သူက သူတို့ကို ငါးဖမ်းဖို့ခေါ်သွားတတ်ကြသလို၊ တယောတီးသင်ပေးကြပေမယ့် သို့သို့ရုန်ရုန်တို့ဟာ ငါးမျှားရတာရော တယောတီးရတာကိုပါ မကြိုက်ကြဘဲ ရွှံ့တွေနဲ့ဆော့ရတာပိုကြိုက်ကြသည်။

ရွှံ့စိုင်တွေကို လုံးချေဆုပ်နယ်ပြီး မြေကြီးပေါ် ပစ်ချရတာ ပျော်စရာကောင်းနေလေရဲ့။

အဖိုးနဲ့အဖွားဟာ ရေထဲမှာကျောက်ခဲတွေပစ်ကစားဖို့ မြေးမလေးနှစ်ယောက်ကို ခေါ်သွားခဲ့ကြသည်။

လုကျုံးရီသည် သူ့စကေးအပေါ် အလွန်ဂုဏ်ယူနေလေ၏။ သူ ကျောက်ခဲတစ်လုံးကို ပစ်လိုက်တိုင်း အခေါက်ခေါက်အခါခါ ရေပွက်ထသွားသည်မှာ သိုင်းဝတ္ထုထဲက ပုန်းကွယ်နေတဲ့မာစတာကြီးတစ်ဦးနှယ်။

"ဖိုးဖိုးက မိုက်တယ်မဟုတ်လား?!"

"အရမ်းမိုက်!!!"

သို့ရုန်ညီအစ်မနှစ်ယောက်ဟာ အဖိုးဖြစ်သူရဲ့ အရည်အချင်းကို အမွေဆက်ခံရရှိကာ ကျောက်ခဲပစ်ရာတွင် အလွန်တော်ကြလေ၏။

မကြာသေးမီက သူတို့လေးတွေက ယုန်ဖြူလေးနှစ်ကောင်ကို မွေးခဲ့ကြသည်။ ယုန်ဖြူလေးတွေကို အစာကျွေးဖို့အတွက် မြက်သန့်သန့်လေးတွေကိုရှာရန် နေ့တိုင်းအပြင်ထွက်ခဲ့ကြပြီး ရွှံ့ထဲမှာ ဆော့ကစားတတ်ကြသည်။

သို့သော် ဒီနေ့ဖြစ်ရပ်ကတော့ မတော်တဆတစ်ခုသာ။ သို့ရုန်လေးဟာ ကုန်းသေးသေးလေးပေါ်မှာလျှောက်နေရင်း နှစ်ယောက်စလုံး ချော်လဲကာ စပါးခင်းထဲသို့ ပြုတ်ကျသွားသဖြင့် တစ်ကိုယ်လုံး ရွှံ့တွေဖုံးလွှမ်းသွားပါတော့သည်။

စပါးခင်းထဲမှာ ရေအများကြီးမရှိသော်လည်း မြေသားမှာစိုစွတ်ပျော့အိနေ၍ ကလေးနှစ်ယောက်ရဲ့အဝတ်အစားတွေပေါ်မှာ ရွှံလူးသွားလေ၏။

သို့သို့: "!"

ရုန်ရုန်: "!"

"ရွှံ့တွေ..."

ကံကောင်းထောက်မစွာဖြင့် ကလေးနှစ်ယောက်ဟာ သန်မာကြပြီး မငိုခဲ့ကြချေ။ ဒီအမွှာညီအစ်မဟာ အချင်းချင်းနှစ်သိမ့်အားပေးလိုက်ကြပြီး ရွှံ့တွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်လိုက်သုတ်ကာ အတူတူရယ်မောနေကြလေရဲ့။

ရုန်ရုန်က မမသို့သို့ရဲ့ မျက်နှာလေးကို သူမရဲ့ ရွှံ့ပေနေတဲ့လက်တွေနဲ့ ပွေ့ဖက်လိုက်ပြီး အားရပါးရပြုံးနေလျက်။ "ဟီးဟီး!"

သို့သို့ကလည်း အားကျမခံ သူမညီမလေးကို ပွေ့ဖက်လိုက်သည်။ "ညီမလေး!"

သူတို့နှစ်ယောက်လုံးဟာ သာမန်နေ့ရက်တွေမှာ အလှအပကို နှစ်သက်ကြပေမယ့် ယခုလို တောင်တန်းတွေပေါ်ရောက်တဲ့အချိန် အပြင်လူတွေမရှိသဖြင့် ရွှံ့တွေနဲ့ ပျော်ပျော်ကြီးကစားတတ်ကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့ညစ်ပတ်သွားပြီမို့ ခဏလောက်ထပ်ပြီးဆော့ကစားဖို့ ဒီအခွင့်အရေးကိုကောင်းကောင်းကြီးယူလိုက်ကြလေပြီ။

လုကျုံးရီ: "…"

ကျန်းဖျင်: "…"

"မိန်းမရေ ငါတို့မြေးမလေးနှစ်ယောက်က သူတို့ဒေါ်လေးနဲ့တူတယ်လို့ မင်းထင်လား?"

ကျန်းဖျင်: "... မတူလောက်ပါဘူးနော် ဟုတ်တယ်မလား?"

အဖိုးနဲ့အဖွားက ရွှံ့ပေလူးနေတဲ့ မြေးမလေးနှစ်ယောက်ကို ပြန်ခေါ်လာခဲ့သည်။ သို့ရုန်ညီအစ်မနှစ်ယောက်ဟာ စစ်အကယ်ဒမီသို့ဝင်လာပြီးနောက် ဘယ်လိုရှက်ရမလဲဆိုတာ သိသွားကြလေရဲ့။ အစောင့်ဦးဦးက သူတို့ကို စိုက်ကြည့်နေတယ်လေ။

သို့သို့: "ဦးဦး သမီးကိုမကြည့်ပါနဲ့၊ သမီးက ရုန်ရုန်ပါ၊ ရုန်ရုန်က အရမ်းရုပ်ဆိုးနေပြီ"

ရုန်ရုန်: "?"

ရုန်ရုန်က သူမဆံပင်ကိုဆွဲကာ မျက်နှာလေးကိုပွတ်လိုက်ရင်း "သမီးက သို့သို့ပါ၊ ညီမလေးရေ မမက နင့်ထက်ပိုရုပ်ဆိုးနေတာပါနော်။ ငါအရမ်းရုပ်ဆိုးနေတာ... သို့သို့က ရုပ်အဆိုးဆုံးပဲ"

သို့သို့: "... ရုန်ရုန်ကအရမ်းရုပ်ဆိုးတာ!"

"ရုပ်ဆိုးတာသို့သို့!"

"ရုန်ရုန်ကရုပ်ဆိုးတာ!"

xxx

All Chapters