← Chapters

အခန်း (၂၇၀-၂၇၁)

Vol. 23 Ch. 270-271

အခန်း (၂၇၀-၂၇၁)

Vol. 23 Ch. 270-271

Ch-270

သို့သို့: "... ရုန်ရုန်ကအရမ်းရုပ်ဆိုးတာ!"

"ရုပ်ဆိုးတာသို့သို့!"

"ရုန်ရုန်ကရုပ်ဆိုးတာ!"

…

လုကျုံးရီနဲ့ကျန်းဖျင်: "…"

ဒီရုပ်တူတဲ့ညီအစ်မနှစ်ယောက်က အချင်းချင်းကြည့်ပြီး ဘယ်သူပိုရုပ်ဆိုးသလဲလို့ ပြိုင်နေကြတာလား?

အစောင့်အဖြစ်ရပ်နေကြတဲ့ ကောင်လေးနှစ်ယောက်ကပြုံး၍ "နောင်ကျ ငါ့မှာလည်း သမီးလေးတွေရှိလာပါစေကွာ၊ သူတို့က တအားချစ်စရာကောင်းတာပဲ"

"အမွှာညီအစ်မတွေရနိုင်ရင် ပိုကောင်းမှာပဲ"

ရွှံ့ပေလူးနေတဲ့ သို့ရုန်ညီအစ်မနှစ်ယောက်ဟာ ယုန်ကိုကျွေးဖို့အတွက် မြက်တွေကိုင်ကာ အိမ်ပြန်လာခဲ့ကြသည်။ သူတို့ယုန်လေးတွေကို ပထမထပ်ရှိ ကွေ့ဟွားပင်အောက်မှာ မွေးထားပါသည်။ သူတို့မိသားစုက ယုန်လေးတွေကိုမွေးထားတယ်လို့ဆိုသော်ငြား စစ်စစ်တွင်မူ မိသားစုအဆောက်အဦးရှိ ကလေးတွေလည်း ဟင်းသီးဟင်းရွက်တွေနဲ့ မုန်လာဥနီတွေကို ကျွေးတတ်ကြသည်။

အထူးသဖြင့် ယုန်တွေမုန်လာဥစားနေတာကို ကြည့်နေရတာ သဘောကျနေတဲ့ သူတို့အကိုနှစ်ယောက် ကျိုးကျိုးနှင့်ဖက်ထုပ်လေးပေါ့။

သူတို့က မုန်လာဥမကြိုက်ကြပေမယ့် ယုန်တွေက မုန်လာဥစားနေတာကိုကြည့်ရတာတော့ ကြိုက်ကြတယ်လေ။

ညီအစ်မနှစ်ယောက်ကတော့ ကွဲပြားပေသည်။ သူတို့က မုန်လာဥနီဖက်ထုပ်ကို အရမ်းကြိုက်ကြပြီး အသားချည်းသက်သက်ပါတဲ့ဝက်သားဖက်ထုပ်ကို မကြိုက်ကြပေမယ့် မုန်လာဥနီနဲ့ ဝက်သားအရောဖက်ထုပ်ဆိုရင်တော့ စားကြသည်။

နှစ်ယောက်စလုံးက ဖက်ထုပ်စားရတာကြိုက်ကြ၏။

"သို့သို့နဲ့ ရုန်ရုန် ပြန်လာပြီလား?!"

အပေါ်ထပ်မှချင်းရို့က အောက်ထပ်က လှုပ်ရှားသံတွေကိုကြား၍ သမီးလေးတွေကိုတွေ့ရန် စိတ်လှုပ်ရှား​စွာပြေးထွက်လာလေသည်။

ဒါပေမယ့်...

သူမက ဘာလို့ ရွှံ့ဝိဥာဥ်သေးသေးလေးတွေကိုပဲမြင်လိုက်ရတာလဲ? ရွှံ့ပေတူးနေတဲ့ညစ်ပတ်အိုးလေးတွေက ဘယ်ကထွက်လာကြတာလဲ? အခု သူတို့က မြက်ခင်းပြင်မှာလှဲအိပ်နေခဲ့ရင် သူတို့အမေတောင် သူတို့ကိုမှတ်မိမှာမဟုတ်ဘူးနော်။

အမေဖြစ်သူက ပုလဲတွေဝတ်ပြီးပြန်လာတယ်၊ သမီးလေးတွေကတော့ ရွှံ့လူးပြီးပြန်လာကြတယ်?

"မားမား!!"

သို့ရုန်ညီအစ်မတွေက သူတို့မေမေကိုမြင်တဲ့အခါ မျက်လုံးတွေတောက်ပသွားကြ၏။ သူတို့ ယုန်စာဆက်မကျွေးတော့ဘဲ သူတို့မေမေကို ပွေ့ဖက်ချင်ကြသည်။

ကလေးနှစ်ယောက်က အပေါ်ထပ်​တက်လာပြီး ဝမ်းသာအားရအော်လေ၏။ "မားမား!! မားရဲ့သို့ရုန်လေးပြန်ရောက်ပါပြီ!!!"

ချင်းရို့ အတွေးထဲတွင်မူ - မဟုတ်ဘူး၊ ဒါ ငါ့ရဲ့သို့ရုန်လေးတွေမဟုတ်ဘူး...

သူတို့က ရွှံ့လူးနေတဲ့သို့ရုန်ပဲ...

ချင်းရို့ မနှစ်မြို့သော်လည်း သမီးလေးနှစ်ယောက်ကို ပွေ့ဖက်လိုက်ဆဲပင်။ ကလေးမလေးနှစ်ယောက်ဟာ သူတို့လက်ညစ်ပတ်တွေနဲ့ သူတို့မေမေမျက်နှာကို မသိမသာပွတ်သပ်လိုက်ကြပြီး အမည်းရောင်အစွန်းအထင်းလေးနှစ်ခုကို တိတ်တိတ်ကလေးချန်ရစ်လိုက်ကြ၏။

ချင်းရို့: "..." သမီးဆိုးလေးနှစ်ယောက်ကတော့...

ဒီမေမေကတော့ သူတို့မြင်ရအောင် လှလှပပလေးဝတ်စားလာပေမယ့် သူတို့က အမေဖြစ်သူကိုယ်ပေါ်ကပုလဲတွေကို မကြည့်ကြတဲ့အပြင် ရွှံ့တွေနဲ့သုတ်လိုက်သေးတယ်။ မင်းတို့က ဒီမေမေရဲ့ စုတ်ပြဲနေတဲ့ချည်သားဂျာကင်တွေပဲ။

"လုယန် ထွက်လာပြီး ရှင့်ရဲ့ သို့ရုန်ကိုလာခေါ်ဦး!!"

ချင်းရို့က ကလေးတွေရဲ့အဖေကိုလှမ်းခေါ်လိုက်၏။ လုယန်ထွက်လာသည်နဲ့ သမီးလေးနှစ်ယောက်ကို သူ့ဆီပစ်ပေးလိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သမီးနှစ်ယောက်ဟာ ကျန်နေတဲ့တစ်ဦးကိုလည်းအလွတ်မပေးဘဲ သူတို့ဖေဖေရဲ့မျက်နှာကိုပါ ရွှံ့တွေနဲ့သုတ်လိုက်လေသည်။

လုဝေကျယ်ပေါ်လာကာ "ညီမလေးတွေ နင်တို့အမှိုက်ပုံပေါ်က တက်လာခဲ့ကြတာလား?"

"ဆိုးတဲ့ကောကော!"

"လူဆိုးကြီးကောကော!"

လုဝေကျိုး: "သို့သို့နဲ့ ရုန်ရုန်က ​​ရွှံ့ထဲပြုတ်ကျခဲ့တာ"

"မီးမီးတို့ မားမားနဲ့ရေချိုးချင်တယ်!"

"ကောကောနား မလာကြနဲ့နော်!"

"မီးမီး ဖက်ထုပ်ကော​ကောကိုချစ်တယ်! ဖက်ထုပ်ကောကောကိုဖက်ချင်တယ်လို့!!"

"ကူညီကြပါဗျို့! ကောရေ ဒီရွှံ့တုံးလေးနှစ်ခုကို ဝေးဝေးဖယ်ပေးပါဦးလို့"

လုဝေကျိုးက သူ့လက်ကိုဖြန့်ထားလျက် "ဖက်ထုပ်လေး၊ ညီမလေးတွေကို ကောင်းကောင်းစောင့်ရှောက်ရမယ်လေ"

…

ချင်းရို့ သမီးလေးနှစ်ယောက်ကို ရေချိုးခေါင်းလျှော်ပေးဖို့ ခေါ်သွားလိုက်သည်။ အဆိုးလေးနှစ်ယောက်ဟာ ရေဆော့နေတာကြောင့် သူတို့တွေကို သန့်ရှင်းသွားအောင်လို့ မနည်းဆေးကြောပေးလိုက်ရ၏။

ရေမိုးချိုး၍ အဝတ်အစားလှလှလေးတွေလဲပေးပြီးနောက် သို့ရုန်ညီအစ်မနှစ်ယောက်ဟာ ပြန်လည်လှပလာကာ "မားမား ကျစ်ဆံမြီးလှလှလေးနဲ့ ပုလဲလှလှလေးတွေလိုချင်တယ်"

"မီးမီးလည်း ပုလဲဝတ်ချင်တယ်နော်"

…

သူတို့မေမေပြန်ယူလာတဲ့ ပုလဲလှလှလေးတွေဆီက ဆွဲဆောင်ခံလိုက်ရလေပြီ။ ချင်းရို့က အဆိုးလေးနှစ်ယောက်ရဲ့မျက်နှာလေးကို ဖျစ်လိုက်ပြီး ပုလဲဝတ်ခွင့်မပြုခဲ့ပေ။

"မားမားက သမီးလေးတို့အတွက် တခြားလှလှလေးတွေလုပ်ပေးထားတယ်"

"သမီးတို့ဆံပင်တွေခြောက်သွားရင် ကျစ်ဆံမြီးလှလှလေးကျစ်ပေးမယ်နော်"

သို့သို့နှင့် ရုန်ရုန် ခေါင်းညိတ်ပြကြ၏။

ချင်းရို့ ကလေးတွေကို သူမယူလာခဲ့တာတွေပြလိုက်၏။ သူမက သမီးလေးနှစ်ယောက်အတွက် ဆံညှပ်သေးသေးလှလှလေးတွေအများကြီးပြင်ဆင်ပေးထားသလို ပုလဲပန်းပွက့်ပုံရင်ထိုးတွေနဲ့ ပန်းဖွားလေးတွေပါ ပြုလုပ်ထားခဲ့သည်။

ဒီဆံညှပ်တွေနှင့် ကလစ်ပိစိတွေအားလုံးကို ကမာပုလဲဖြင့် ပြုလုပ်ထားသည်ပင်။ ကမာပုလဲတွေဟာ ပုလဲတွေကိုထုတ်လုပ်ပေးရုံသာမက ၎င်းတို့ရဲ့ အခွံတွေကလည်း လက်မှုပစ္စည်းလုပ်တဲ့အခါ လှပလွန်းသလို ကမာခရုခွံကိုထွင်းထုရာတွင်လည်း အသုံးပြုနိုင်သည်။

ချင်းရို့ ကမာခွံတွေအများကြီးကို မဖြုန်းတီးချင်တာကြောင့် ခရုခွံပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်ဖို့အတွက် စက်တွေကို မိတ်ဆက်ရန် စီစဉ်ထားသည်။

ရိုးရှင်းတဲ့ပန်းပုံစံအဖြစ်ထွင်းထုပြီးနောက် နားကပ်၊ လည်ဆွဲ၊ လက်ကောက်၊ ဆံပင်အသုံးအဆောင်အမျိုးမျိုးစတဲ့DIYလက်ဝတ်ရတနာမျိုးစုံနှင့် အဆင်တန်ဆာ၊ wind chimeနှင့် ပုတီးကန့်လန့်ကာစသဖြင့် အလှဆင်အသုံးအဆောင်အမျိုးမျိုး ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ချင်းရို့က ကမာခွံတွေနဲ့ လှပတဲ့လက်မှုပစ္စည်းမျိုးစုံကိုရောင်းချရန်အတွက် အသုံးပြုမယ့် အသေးစားအခွံထွင်းစက်ရုံလေးတစ်ခုဖွင့်ရန် စီစဉ်နေပါသည်။

"အားအားအား!!!!!"

သူတို့မေမေထုတ်ပြလာတဲ့ ဆံညှပ်လှလှလေးတွေကိုကြည့်ပြီး သို့ရုန်ညီအစ်မနှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြလျက်။ ညီအစ်မနှစ်ယောက် အချင်းချင်းပွေ့ဖက်ပြီးပျော်မြူးနေကြ၏။

ယခုအချိန်တွင် သို့သို့က ရုန်ရုန်ရုပ်ဆိုးတယ်လို့ မထင်တော့သလို ရုန်ရုန်ကလည်း သို့သို့ရုပ်ဆိုးတယ်လို့မထင်တော့ပါချေ။ သူတို့ဟာ သူတို့မားမားရဲ့ လှပတဲ့အသည်းကျော်လေးတွေပဲ။

ဆံညှပ်ကလစ်လေးတွေမှာ လိပ်ပြာပုံ၊ ဇီးပန်းပွင့်ပုံ၊ မက်မွန်ပွင့်ပုံစံတွေရှိသလို တောင်ကြားလီလီပန်းနဲ့ပန်းဖွားပါတဲ့ဆံညှပ်လည်းရှိ၏။ အများစုမှာ ကမာခွံအဖြူဖြင့်ပြုလုပ်ထားပြီး ပန်းရောင်ကမာခွံသေးသေးလေးတစ်ခုနှစ်ခုလည်းပါရှိသည်။ ပန်းရောင်ကမာခွံတွေက အဖြူရောင်ထက်ပိုရှားပါးလေသည်။

"မားမား အရမ်းလှတာပဲ၊ အရမ်းလှတာပဲ!!"

အလှအပကိုနှစ်သက်ကြတဲ့ညီအစ်မနှစ်ယောက်ဟာ သူတို့ခြေထောက်လေးတွေကိုလိမ်ကျစ်ကာ လှုပ်လှုပ်ရှားရှားဖြစ်လာလေပြီ။ သူတို့ ပန်းပွင့်ကလစ်လေးပန်ကြည့်ဖို့ မစောင့်နိုင်ကြတော့ဘူး...

ချင်းရို့ အပြုံးလေးနှင့် ဂနာမငြိမ်ဖြစ်နေကြတဲ့ကလေးမလေးနှစ်ယောက်ကို နှစ်သိမ့်ပေးဖို့ရာ သူတို့ခေါင်းပေါ်မှာ ပန်းပွင့်ပုံဆံညှပ်လေးကို ယာယီညှပ်ပေးထားလိုက်သည်။ "အခုကျစ်ဆံမြီးမကျစ်တော့ဘူးနော်၊ ဒီကလစ်လေးနဲ့လှနေကြပြီကွယ်။ မှန်ကြည့်ချင်ကြလား?"

သို့သို့နှင့် ရုန်ရုန် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ကြသည်။

ကလေးမလေးနှစ်ယောက်က အဝိုင်းပုံရိုးရိုးပုလဲလုံးတွေနဲ့ယှဥ်ပါက ဒီဖန်စီကလစ်လှလှလေးတွေကို ပို၍နှစ်သက်ကြသည်။

သူတို့မေမေပြင်ဆင်ပေးထားတဲ့ ကလစ်လေးတွေကိုပန်ပြီးသည်နှင့် သူတို့ဟာ အလှဆုံးသို့သို့လေးနှင့် အလှဆုံးရုန်ရုန်လေးဖြစ်လာကြလေပြီ။

"ကောကော မီးမီးလှတယ်ဟုတ်?"

"မားမား ရုန်ရုန်လှလားဟင်?"

…

"လှတယ်" လုယန်ပြုံး၍ သူ့သမီးလေးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။ ကလေးမလေးနှစ်ယောက်က သူတို့ဖေဖေကို ပြုံးပြလိုက်ပြီး အောက်ချပေးဖို့ ချက်ချင်းရုန်းကန်နေကြလေရဲ့။

သူတို့ဖေဖေဆီကအချီခံရတာသဘောကျပေမယ့်လည်း ဒီအချိန်မှာ ပိုအရေးကြီးတာက တခြားသူတွေကိုသွားကြွားဖို့လေ။

ငါးလေးနှစ်ကောင်ဟာ သူတို့ဖေဖေလက်ထဲမှ အမြန်ထွက်ပြေးသွားကြသည်။

ကလေးမလေးနှစ်ယောက်ဟာ မိဘတွေ၊ အဖိုးအဖွားနဲ့ အစ်ကိုနှစ်ယောက်ကိုမေးပြီးနောက် ဟိုဘက်အိမ်ကိုပြေးသွားကြ၏။ ရန်မိသားစုမှာလည်း မမနှစ်ယောက်ရှိတယ်လေ၊ "မမရေ မီးမီးရဲ့ ပန်းလေးတွေလှတယ်လို့ထင်လားဟင်?"

ရန်ကျောက်တိနှင့် ရန်ဖန်တိညီအစ်မနှစ်ယောက်ဟာ ညီမလေးနှစ်ယောက်ကို ကြည့်ပြီး မရယ်ဘဲမနေနိုင်တော့ပေ။ "လှပါ့ရှင်၊ လှပါ့"

ရန်ဖန်တိက ငယ်သေးတာကြောင့် ကလစ်လှလှလေးမြင်လိုက်ရသည်နှင့် သူ့မျက်လုံးတွေတောက်ပလာကာ "အရမ်းလှတာပဲ!"

"မမ မီးမီးမှာ လိပ်ပြာကလစ်လေးတွေ အများကြီးရှိတယ်၊ မမကို တစ်ခုပေးမယ်နော်"

အိမ်နီးချင်းဆီမှ ချီးမွမ်းသံကို နားထောင်ပြီးနောက် ကလေးမလေးနှစ်ယောက် ပျော်ရွှင်စွာ အိမ်ပြန်ခဲ့ကြသည်။

ရန်ဖန်တိက သူမခေါင်းပေါ်က လိပ်ပြာကလစ်လေးကိုပန်ထားပြီး အလွန်ပျော်နေလေသည်။ သူမအမေချန်မုလန်မြင်သွားတဲ့အခါ ဘယ်ကရလဲလို့မေးလာသဖြင့် "ဘေးအိမ်က သို့ရုန်လေးပေးတာပါ။ သူမမေမေက အများကြီးပြန်ယူလာခဲ့တယ်လို့ ပြောတယ်"

"တကယ်လား?" ရန်ချွမ်ကျုံးက သူ့သမီးခေါင်းပေါ်က ဆံညှပ်ကလစ်ကို အနီးကပ်ကြည့်လိုက်ပြီးမှ စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"သူမက ပုလဲမွေးမြူရေးစက်ရုံဖွင့်ထားတယ်လို့ သူတို့ပြောကြတယ်မဟုတ်ဘူးလား? ဒီဟာက ပုလဲလည်းမပါဘူး"

"ကလေးက ဘာလို့ပုလဲဝတ်ရမှာတုန်း? ဒီမှာကြည့်လိုက်၊ ဒါကပုလဲမဟုတ်လို့လား" သူ့မိန်းမချန်မုလန်က ပုလဲတစ်လုံးထုတ်ပြလိုက်သည်။

"ဒါလေးတစ်လုံးပဲလား၊ ဘယ်လိုတောင်တွန့်တိုရတာလဲ"

"ဒါက အလကားလက်ဆောင်ပဲလေ၊ ရှင်က သူတို့ကိုတွန့်တိုတယ်လို့ ပြောနေတယ်၊ သူတို့ တစ်ခုမှမပေးရင်ရောဘာဖြစ်တုန်း"

"ပုလဲလည်ဆွဲတစ်ကုံးပေးနိုင်တယ်ဆိုရင်တော့ သူတို့ရက်ရောတာပေါ့"

xxx

Ch-271

ဆံညှပ်လှလှလေးတွေကိုတပ်ထားကြတဲ့ သို့ရုန်ညီအစ်မနှစ်ယောက်သာ စိတ်ကြီးဝင်နေကြသည်မဟုတ်၊ သူတို့အဖွားကျန်းဖျင်သည်လည်း ကလေးမလေးတွေနှင့်အတူတူပင်။ ကျန်းဖျင်သည် မကြာသေးခင်က ဆံပင်ကောက်ထားခဲ့ပြီး သူမလည်တိုင်တွင် ပုလဲလည်ဆွဲတစ်ကုံးဝတ်ထား၏။ သူမ ကြည့်လေကြည့်လေ ပိုပိုကျေနပ်နေသည်ပင်။

ရဲဘော်လောင်လု ပြုံးလျက် စနောက်လေသည်။ "မြေရှင်အဘွားလေးပဲဟေ့"

ကျန်းဖျင် သူ့ကိုစိုက်ကြည့်ကာ "ရှင်ကမှ မြေရှင်အဘိုးကြီး"

သို့သို့: "ဖိုးဖိုးက မြေဖိုးဖိုး၊ ဖွားဖွားက မြေဖွားဖွား၊ သို့သို့က လှပတဲ့နတ်သမီးခုနစ်ဖော်ပဲ"

ရုန်ရုန်: "ရုန်ရုန်လည်း လှပတဲ့နတ်သမီးခုနစ်ဖော်ပဲ"

ကျန်းဖျင်: "…"

အကိုလုဝေကျယ်က ကြားဖြတ်ပြောလိုက်သည်။ "နင်တို့က မြေဖိုးဖိုးနဲ့မြေဖွားဖွားတို့ ပျိုးထောင်ထားတဲ့ အာလူးနဲ့ပဲစေ့တွေပဲ"

"အာလူးနဲ့ ပဲစေ့ကို သိကြလား"

"ကောကောက မြေဖက်ထုပ်!!"

ရုန်ရုန်: "ဖက်ထုပ်ကောကောက နားရွက်ခြောက်ခုရှိတဲ့ဘာဘရီမျောက်ပဲ"

လုဝေကျယ် နှာမှုတ်လျက်၊ "နင်တို့က ပင့်ကူဝိညာဉ်နှစ်ကောင်ပဲ၊ နင်တို့စကားမပြောနိုင်ပေမယ့် ပိုးမျှင်တွေပဲထုတ်ပေးနိုင်တာလေ"

"စေး စေး စေး..."

"ကောကောက မြွေဝိညာဉ်!!"

"စေး စေး စေး..."

အကြီးဆုံးအစ်ကိုလုဝေကျိုး: "…"

"ကျိုးကျိုးရေ ညစာစားဖို့ မြွေဝိဥာဉ်နဲ့ ပင့်ကူဝိဥာဥ်တွေကို ခေါ်လာခဲ့တော့"

လုမိသားစုတွင် ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုရှိလေ၏။ ဆိုလိုသည်မှာ လူတိုင်းက စားရတာကိုနှစ်သက်ကြခြင်းပင်။ သူတို့က စားစရာအကြောင်းကြားသည်နှင့် စိတ်လှုပ်ရှားလာကြပြီး စားပွဲဝိုင်းမှာ ပျော်ပျော်ကြီးထိုင်တတ်ကြသည်။

ချင်းရို့က လုယန်ဘေးမှာထိုင်၍ အသားပေါက်စီတစ်ခုကိုယူလိုက်ပြီး ကလေးလေးယောက်ကလည်း သူတို့ဖေဖေနောက်မှလိုက်ကာ အဖြူရောင်ဘန်းမုန့်ပေါင်းကြီးကိုယူလိုက်ကြသည်။ ချင်းရို့ မကြာသေးမီက ပုလဲတွေအများကြီးကို မြင်ခဲ့ရသည်ကြောင့်လားမသိပါချေ၊ ပေါက်စီတွေကိုမြင်တော့ ပုလဲတွေအကြောင်းမတွေးမိဘဲမနေနိုင်ပြန်ချေ။

ရေချိုပုလဲတွေဟာ ရေစက်ပုံစံ၊ ပေါက်စီပုံစံအပါအဝင် ပုံသဏ္ဍာန်အမျိုးမျိုးရှိပါသည်။ ချင်းရို့လည်း ပေါက်စီပုံစံပုလဲကိုတွေ့လိုက်ရတဲ့အခါ ပေါက်စီပုံပုလဲလို့ခေါ်သော "စက်ဝိုင်းခြမ်း"ပုံစံဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။

သို့သို့နှင့် ရုန်ရုန်တို့ဟာ အမေဖြစ်သူနှင့်ဆင်ပေမယ့် သူတို့အဖေလိုမျိုး ဘန်းမုန့်ပေါင်းကြီးတွေကို စားရတာကြိုက်ကြသည်။ ဘန်းမုန့်ပေါင်းကြီးတွေကို ခွဲပြီးမစားချင်ကြဘဲ အကြီးကြီးကိုဒီတိုင်းကိုင်ထားပြီး ကိုက်စားရသည်ကို သဘောကျကြ၏။ သူတို့က ဘန်းမုန့်ပေါင်းသေးသေးလေးတွေကို မလိုချင်ကြပေ။

ချင်းရို့လည်း ဒီကလေးမလေးနှစ်ယောက် ဘန်းမုန့်ပေါင်းကြီးတွေကို ကိုက်စားနေတာကိုကြည့်တိုင်း သစ်သားတုံးကိုကိုက်ဝါးနေတဲ့ကြွက်ကလေးတွေနဲ့တူနေသည်ကြောင့် ရယ်စရာကောင်းနေလေ၏။

ချင်းရို့က သူမလက်ထဲက အသားပေါက်စီကို စားလိုက်ပြီးနောက် သူမဘေးကအမျိုးသားလက်ထဲရှိ ဘန်းမုန့်ပေါင်းကြီးကို တစ်ကိုက်ကိုက်လိုက်ရင်း ပျော်မြူးနေလေသည်။

"မားမား သို့သို့ နာမည်ပြောင်းချင်တယ်"

"ဘာနာမည်ပြောင်းချင်လို့လဲ?"

"ထူသို့သို့လို့ မခေါ်ပါနဲ့"

ချင်းရို့: "…"

"ထျန်သို့ရန်(ချိုမြိန်တဲ့ပဲအနှစ်)က မကောင်းလို့လား? ဘယ်ကထူသို့သို့လဲ?"

ဖက်ထုပ်လေး: "လွီ့သို့သို့(ပဲစိမ်း)လို့ နာမည်ပြောင်းလိုက်ပါ၊ လွီ့သို့သို့က ထူသို့သို့(အာလူး)မဟုတ်ဘူးလေ၊ ရုန်ရုန်က လွီ့ရုန်ရုန်လို့ခေါ်တယ်လေ"

ချင်းရို့က သူမရဲ့ဖက်ထုပ်လေးကို ကြည့်ကာ "မင်းနာမည်ကိုရော လွီ့ကျောင်ကျစ်(ဖက်ထုပ်စိမ်း)လို့ ပြောင်းချင်လား"

လုဝေကျိုး: "သူ့နာမည်က လွီ့ကျောင်ကျစ်ဆို သားနာမည်ကိုလည်း ဟုန်ကျိုးကျိုး(အနီရောင်လှေ)လို့ပြောင်းလိုက်မယ်"

လုဝေကျယ်: "... ဒါဆို သားက လန်ကျောင်ကျစ်(အပြာရောင်ဖက်ထုပ်)ပဲဖြစ်ရမှာပေါ့"

ရုန်ရုန် သူမခေါင်းလေးကိုခါလိုက်ကာ "သမီး လွီ့ရုန်ရုန်မဖြစ်ချင်ဘူး၊ လုမိန်မိန်ပဲဖြစ်ချင်တာ"

သို့သို့ကလည်း "မီးမီးနာမည်က လုဟွားဟွားပဲ"

"ကောကောတို့ကတော့ လုချောင်ချောင်နဲ့ လုရွှိုက်ရွှိုက်လုပ်နော်"

လုဝေကျယ်ပြုံးကာ သူ့အစ်ကိုကို ကြည့်လိုက်ပြီး "မင်းက လုချောင်ချောင်ယူမလား လုရွှိုက်ရွှိုက်ယူမလား"

လုဝေကျိုး: "ငါ့ကိုချောင်ချောင်လို့ခေါ်လေ၊ ရွှိုက်ရွှိုက်ကို မင်းအတွက်ပေးလိုက်မယ်"

လုယန်ပြုံးလျက် ဘန်းမုန့်ပေါင်းတစ်ပိုင်းဖဲ့ကာ ချင်းရို့ကို ကျွေးလိုက်ပြီး "ဟွားဟွားချောင်ချောင်မိန်မိန်ရွှိုက်ရွှိုက်တို့ရဲ့မားမားကရော ဘယ်လိုထင်သလဲ?"

သူမမျက်လုံးထဲတွင် အပြုံးလေးကိုကွယ်ဝှက်ထားပြီး ပူပန်ဟန်ဆောင်ကာ နဖူးကိုအုပ်ကိုင်လိုက်သည်။

"လုစစ်ယောင်နဲ့ လုစစ်နင်"

ဆူညံနေတတ်တဲ့ကလေးတွေဟာ ကာတွန်းကြည့်တဲ့အခါမှသာ ငြိမ်သက်နေတတ်၏။ ညဘက်တွင် လူတိုင်းတီဗီကြည့်ဖို့ ဝိုင်းဖွဲ့နေကြလေပြီ။

ညဘက်၌ သို့ရုန်ညီအစ်မက သူတို့ရဲ့မေမေအလှလေးနှင့် အတူအိပ်ရန် သောင်းကျန်းနေကြ၍ ချင်းရို့လည်း ပုံပြင်စာအုပ်ယူကာ ကုတင်ကြီးပေါ်မှာ ကလေးတွေကို ချော့သိပ်လိုက်သည်။

လုယန် အခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ကုတင်ကြီးပေါ်မှာ သားအမိသုံးယောက် အိပ်ပျော်နေတာကို တွေ့လိုက်ရ၏။

မေမေချင်းရို့က တစ်ဖက်မှာအိပ်နေစဥ် ညီအစ်မနှစ်ယောက်ကတော့ အိပ်ရေးဆိုးကြလေရာ သူတို့ဘယ်လိုလှည့်လိုက်ကြမှန်းမသိ၊ ခြေရင်းဘက်ခေါင်းရောက်ပြီး ခေါင်းရင်းဘက်ခြေထောက်ရောက်နေကြသည်။ သည့်အတွက် ကလေးမလေးနှစ်ယောက်အတွက် ကုတင်နှစ်လုံးပူးကာ အိပ်ရာကြီးတစ်ခုအဖြစ်လုပ်ပေးထားပြီး သူတို့ပြုတ်မကျရအောင်လို့ ဘေးနှစ်ဖက်စလုံးမှာ ကာထားရသည်။

လုယန်သည် အလုပ်ကြိုးစားတဲ့အထမ်းသမားလေးတစ်ယောက်လိုမျိုး ဒီအဆိုးမလေးနှစ်ယောက်ကို သူတို့ရဲ့အခန်းလေးဆီ ပြန်ပို့လိုက်၏။

ပို့ဆောင်ပြီးနောက် လုယန်လည်းကုတင်ဘေးဝင်ထိုင်ကာ ရွှင်မြူးစွာဖြင့် ကုတင်ပေါ်ရှိအမျိုးသမီးလေးကိုကြည့်ကာ "ဟန်ဆောင်နေတုန်းလား?"

လှဲအိပ်နေတဲ့အမျိုးသမီးကတော့ လုံးဝမလှုပ်ခဲ့ပေ။

လုယန်က သူမဘေးတွင်လှဲအိပ်ကာ သူမအနားကပ်၍ သူ့မိန်းမမျက်နှာကိုစိုက်ကြည့်နေလိုက်သည်။ မီးရောင်အောက်တွင် နူးညံ့လှတဲ့အသားအရေကို တွေ့လိုက်ရသလို သူမရဲ့စိုစွတ်နူးညံ့နေတဲ့ချယ်ရီနှုတ်ခမ်းလေးတွေဟာလည်း ဖိကပ်နေပြီး အသက်ရှုသံတိမ်တိမ်လေးကိုကြားနေရကာ မျက်တောင်လေးတွေအနည်းငယ်တုန်ယင်နေသည်မှာ မငြိမ်မသက်ဖြစ်နေတာကိုဖော်ပြနေသည့်အသွင်။

ချင်းရို့ ရုတ်တရက်မျက်လုံးဖွင့်လိုက်ရာ အလင်းရောင်ကြောင့် နည်းနည်းမျက်စိပြာသွားရပြီး သူမအနားကပ်နေတဲ့အမျိုးသားလေးရဲ့မျက်နှာကြောင့် ပို၍မျက်စိကျိန်းသွားရလေ၏။

သူမက ရှက်ရွံ့စွာပြုံးလိုက်ပြီး ဂုဏ်ယူစွာပြောလာလေ၏။ "ဒါက ကျွန်မသမီးတွေကိုလှည့်စားနိုင်တဲ့သရုပ်ဆောင်စွမ်းရည်ပဲလေ"

ဒါတွေဟာ ကလေးတွေအိပ်ပျော်အောင်လို့ လှည့်စားတဲ့ကျွမ်းကျင်လှည့်ကွက်တွေပါပဲ။

လုယန် သူမကို နူးညံ့စွာကြည့်ကာ "အဲဒါကြောင့် ပြီးခဲ့တဲ့အကြိမ်တုန်းက ဟန်ဆောင်ရင်းအိပ်ပျော်သွားတာပေါ့လေ"

မင်းက သမီးတွေနဲ့အိပ်တော့ အိပ်ပျော်တယ်ပေါ့။ အိပ်မပျော်ရင်တော့ အိပ်ပျော်ဟန်ဆောင်လိုက်တယ်ပေါ့။

"ရှင်က ရှိုးကို ဒီလိုမျိုးဖျက်ချင်တယ်ပေါ့လေ ရဲဘော်လု?" ချင်းရို့ သူ့လက်မောင်းထဲလှိမ့်ဝင်လာခဲ့သည်။

လုယန်က သူမကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ကာ လင်မယားနှစ်ယောက် စကားစမြည်ပြောနေကြလျက်။ ချင်းရို့လည်း ချုံကျိုးကျွန်းမှ သူတို့ပုလဲခြံကပုလဲတွေအကြောင်း၊ ပုလဲလာဝယ်ကြတဲ့ အရှေ့တောင်အာရှကုန်သည်တွေအကြောင်း၊ ပတ်ပတ်လည်မှာ ပုလဲခြံတွေအများကြီးဖွင့်လာတဲ့အကြောင်း အတိုချုံးပြောပြလိုက်သည်။

"နှလုံးသားမည်းနက်တဲ့ဘော့စ်လုရေ ရှင်ဘဏ်စာအုပ်ကိုကြည့်ချင်လား?" ချင်းရို့က သူ့ကို တံတောင်ဆစ်နဲ့တွန်းလိုက်ကာ "ကျွန်မကိုတောင်းဆိုလေ"လို့ပြောဟန်ဖြင့် ဂုဏ်ယူစွာကြည့်နေလေ၏။

"ကိုယ်မကြည့်ချင်ပါဘူး" နှလုံးသားမည်းနက်တဲ့ဘော့စ်လုဟာ ဘဏ်စာအုပ်ကိုမကြည့်ချင်ပေ။

လုယန် သူမကိုပြုံးပြလိုက်ပြီး သူမရဲ့ မျက်ခုံးလေးနဲ့ မျက်လုံးလေးတွေကို နမ်းလိုက်ကာ "ဘဏ်စာအုပ်က ကိုယ့်ဇနီးလေးထက် ဘယ်လိုလုပ်ပြီးကြည့်ကောင်းမှာလဲကွာ"

ချင်းရို့ သူ့မျက်နှာကို ပြန်နမ်းလိုက်ပြီး မိတ်ဆွေကောင်းဟန်ဆောင်ကာ ထိုလူရဲ့ပုခုံးကိုဖက်ထားဖို့ကြိုးစားလိုက်သည်။ အခုဆို ရဲဘော်ရှောင်ချင်းလက်ထဲမှာ ဘဏ်စာအုပ်ရှိနေပြီဖြစ်၍ အလွန်ဂုဏ်ယူဝင့်ကြွားနေကာ "ရဲဘော်ရှောင်လု၊ ရှင်ဝယ်ချင်တာမှန်သမျှ ရှင့်မိန်းမကဝယ်ပေးမယ်နော်"

"ကိုယ့်မှာဘာမှဝယ်စရာမရှိပါဘူးကွာ"

"စဉ်းစားကြည့်ဦး"

မိသားစုက ငွေနည်းနည်းရှာနိုင်ပြီဆိုတော့ အောင်ပွဲခံတဲ့အနေနဲ့ တစ်ခုခုဝယ်ရမှာပေါ့။ သူတို့မှာ ရေခဲသေတ္တာ၊ တီဗွီ၊ အဝတ်လျှော်စက်တို့ရှိနေပြီးသားဖြစ်ရာ တခြားဘာမှမလိုအပ်သေးပေ။

"ရဲဘော်လုယန် ကျွန်မတို့ ဆိုင်ကယ်ဝယ်ကြရအောင်လေ"

ချင်းရို့ တွေးကြည့်ပြီးနောက် ဆိုင်ကယ်ကို အရင်ဆုံးဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့အိမ်မှာ လူအားကို အားကိုးရတဲ့စက်ဘီးတွေပဲရှိနေ၍ လက်ရှိအချိန်မှာ ဘီးလေးဘီးပါတဲ့ကားကို မတတ်နိုင်သေးပေမယ့် ဆိုင်ကယ်တစ်စီးတော့ ဝယ်နိုင်နေပြီဖြစ်သည်။

လက်ရှိပေါက်ဈေးမှာ ယွမ်၈၈၀၀ရှိသည့် အနက်ရောင်ဆိုင်ကယ်တစ်စီးကို ချက်ချင်းဝယ်လိုက်ကြသည်။ နည်းနည်းကြီးမားပြီးလေးလံနေတာကလွဲလို့ အရမ်းအသုံးဝင်ပုံရသည်။ ချင်းရို့က ဆိုင်ကယ်မမောင်းတတ်သော်လည်း လုယန်က မောင်းနိုင်သည်။

သူက သူ့ဇနီးလေးကို ဆိုင်ကယ်ပေါ်ခေါ်တင်ပြီးမောင်းချလာခဲ့၏။

မိသားစုတွင် ဆိုင်ကယ်တစ်စီးရှိပြီဖြစ်၍ ကလေးတွေအားလုံးစိတ်လှုပ်ရှားနေကြလျက်။ ကံမကောင်းစွာဖြင့် သူတို့ဖေဖေဟာ ကလေးတွေကို ဆိုင်ကယ်ပေးမစီးတာကြောင့် ဘေးကနေသာကြည့်နေရသည်။

"ကိုယ် မင်းကိုကျောင်းလိုက်ပို့ပေးမယ်"

မိသားစုမှာ ဆိုင်ကယ်တစ်စီးရှိပြီးနောက် လုယန်က သူမကို လင်းနန်တက္ကသိုလ်ဆီပြန်မောင်းပို့ပေးမယ်လို့ ပြောလာလေသည်။ ချင်းရို့ ခဏတုံ့ဆိုင်းသွားပြီးမှ သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်။

ဘာပဲဖြစ်ဖြစ်လေ ဆိုင်ကယ်တစ်စီးဝယ်ထားပြီး မစီးနိုင်ဘူးဆိုရင် ဘာလို့ဝယ်နေတော့မှာလဲ?

ချင်းရို့ သူမလက်ထဲမှာ ဆိုင်ကယ်ဦးထုပ်နှစ်လုံးကိုကိုင်ထားပြီး တစ်လုံးကို လုယန်ခေါင်းမှာဆောင်းပေးလိုက်ကာ ကျန်တစ်လုံးကို သူမဆောင်းလိုက်၏။ သူမ ဆိုင်ကယ်အနောက်မှာထိုင်လိုက်ပြီး လုယန်ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ လုယန်က ရှပ်အဖြူကိုဝတ်ထားပြီး သူမအား ကျောင်းသို့မောင်းပို့ပေးခဲ့သည်။

"အရမ်းမြန်မြန်ကြီးမမောင်းနဲ့နော်"

"မမြန်ပါဘူး"

လုယန်သည် သူ့ကိုယ်သူ ရူးမိုက်တဲ့လူမဟုတ်ဘူးလို့ တစ်ကိုယ်တည်းတွေးနေမိသည်။ သူ့အတွက်ကတော့ သူ့ဇနီးလေးနဲ့အတူတူ အချိန်ပိုဖြုန်းနိုင်လေလေ ပိုကောင်းလေလေပဲ။

"ဒါပေမယ့် အရမ်းလည်းမနှေးနဲ့လေ"

သူတို့ဆိုင်ကယ်က စက်ဘီးတွေလိုမျိုး အရှိန်တူနေပါက လူရယ်စရာဖြစ်ကုန်လိမ့်မယ်။

"သွားရအောင်၊ ပြောစရာတွေအများကြီးရှိသေးတယ်"

ချင်းရို့ကို ဆိုင်ကယ်စီးရတာ ဘယ်လိုခံစားရသလဲလို့မေးရင် - အဖြေကတော့ အရမ်းအေးပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတယ်...

xxx

All Chapters