← Chapters

အခန်း (၂၇၆-၂၇၇)

Vol. 23 Ch. 276-277

အခန်း (၂၇၆-၂၇၇)

Vol. 23 Ch. 276-277

Ch-276

ကလေးတွေရဲ့ဆူညံပွတ်လောရိုက်နေသံကို လုယန်နားထောင်နေရင်း ပြုံးမိသည်။ သူ ဒလိမ့်တုံးကိုကောက်ကိုင်၍ ဘုတ်ပြားပေါ်တွင် ဂျုံမှုန့်နည်းနည်းဖြန်းလိုက်ပြီး "မိန်းမရေ ကိုယ့်မျက်နှာနည်းနည်းယားနေလို့၊ ​​ကိုယ့်ကိုကူကုတ်ပေးပါဦး"

"ဘယ်နားလဲ?"

"ဒီဘက်နား၊ နည်းနည်းထပ်ဆင်းဦး၊ အင်း ဟုတ်ပြီ အဲဒီနား"

ကျန့်မန်ထန် နှုတ်ခမ်းတွန့်သွားရလျက်။ "လောင်လု မင်းမိသားစုက တကယ်ဆူညံနေတာပဲကွာ"

လုယန် မျက်ခုံးပင့်လိုက်ပြီး "မင်းရဲ့သားငါးယောက်ကရော မဆူညံကြဘူးလား?"

ကျန့်မန်ထန်: "…"

အရမ်းကြေကွဲစရာကောင်းတယ်ဟေ!

အနည်းဆုံးတော့ သူတို့မှာက ချိုမြိန်တဲ့သမီးလေးနှစ်ယောက်ရှိတယ်လေ၊ ဒါပေမဲ့ သူ့မိသားစုမှာတော့ အဖေကိုသေစေလောက်အောင် ဒုက္ခပေးကြမယ့်သားချည်းပဲ၅ယောက်တောင်ရှိတာ။

ကျန့်မန်ထန်က အကြောင်းအရာပြောင်းလိုက်ပြီး "မင်းတို့မိသားစုက ကျွန်းကိုပြန်တော့မှာကို ဘာလို့ကွမ်ချန်မှာ အိမ်ဝယ်ချင်တာလဲ?"

"ငါ့မိန်းမကြိုက်လို့လေ!"

"ကျွန်မတို့မိသားစုက နောက်ကျရင် ကျွန်းပေါ်မှာလည်း အိမ်တစ်လုံးဝယ်ဦးမှာ" ချင်းရို့က သူ့ကို ကြင်နာစွာ အကြံပြုလိုက်ပါသေးသည်။ "လောင်ကျန့်ရေ ရှင်တို့မိသားစုလည်း အခွင့်အရေးရရင် အိမ်ဝယ်ထားလိုက်နော်"

"အိမ်လား? ငါတို့မိသားစုကအိမ်မဝယ်ပါဘူး"

ကျန့်မန်ထန်ကတော့ အိမ်ဝယ်ဖို့မလိုအပ်ဘူးလို့ ခံစားရ၏။ သူ့ရာထူးအဆင့်နဲ့ဆို ခွဲဝေပေးထားတဲ့မိသားစုနေအိမ်က လုံလုံလောက်လောက်ကျယ်ဝန်းသည်မို့ အိမ်ဝယ်ဖို့မလိုအပ်ဘူးလေ။

အခု စီးပွားရေးအိမ်ရာတွေက ဘာအသုံးဝင်လို့လဲ? မင်းမှာယူနစ်တစ်ခုရှိသရွေ့ မိသားစုနေအိမ် အလကားထောက်ပံ့ပေးမှာပဲလေ။

လုမိသားစုဆီမှာ လျှောက်ကြည့်ခဲ့ပြီးနောက် ကျန့်မန်ထန်လည်း သူ့အိမ်သို့ပြန်လာခဲ့လေပြီ။ ထန်ယွီရုန်က သူ့ကို ရယ်မောကာဖြင့် "ဘယ်လိုလဲ? လောင်လုမိသားစုဆီသွားပြီးတော့ ရှင်ဘာတွေပြောခဲ့လဲ?"

"တခြားသူတွေရဲ့လင်မယားဆက်ဆံရေးကို အတင်းအဖျင်းလျှောက်ပြောမနေနဲ့။ အိမ်ထောင်တစ်ခုကိုဖျက်ဆီးတာထက် ဘုရားကျောင်းကိုဖြိုချတာက ပိုကောင်းတယ်။ ဆိုးရွားတဲ့အိမ်ထောင်ရေးဟာ ကံဆိုးခြင်းတွေပဲယူဆောင်လာလိမ့်မှာ"

ထန်ယွီရုန်သည် ယခုခေတ် TVဇာတ်လမ်းတွဲများစွာကို ကြည့်ရှုခဲ့သဖြင့် အမှန်တရားအချို့ကိုတောင် ပြောနိုင်ပြီဖြစ်သည်။ TVဇာတ်လမ်းတွဲတွေထဲမှာ ထူးဆန်းတဲ့ဇာတ်ကောင်တွေနှင့် ဇာတ်ကွက်များစွာရှိသော်လည်း ယေဘုယျပြောရပါက ၄င်းတို့ဟာ မိသားစုပျော်ရွှင်စရာများပင်။

"ဟားဟား မင်းက အဲဒီစုံတွဲကို ခုထိမသိသေးဘူးလား? ငါ့မျက်နှာကိုကြည့်ပြီး သူတို့ဆက်ဆံရေးကောင်းတယ်လို့ပြောတော့ ငါဘာပြောနိုင်မှာတုန်း? ဒီကောင်လုမျိုးရိုးက သူ့အသိစိတ်တွေဆုံးရှုံးပြီးသားလို့ ငါထင်မိတယ်။ သူ့အလုပ်အကိုင်က အဆင်ပြေတယ်ဆိုပေမယ့် သူအိမ်ပြန်ရောက်တဲ့အခါ သူတွေးသမျှအားလုံးက သူ့မိန်းမအကြောင်းချည်းပဲလေ"

"သူတို့က တကယ်ချစ်နေကြတာလို့ ဘယ်သူပြောတာလဲ၊ ကျွန်မတို့လိုမျိုး မချစ်ဘဲအတူတူနေကြတာလည်းဖြစ်နိုင်တာပဲ"

ကျန့်မန်ထန်: "... လူတွေက ကိုယ့်ဘဝနဲ့ကိုယ်ရှင်သန်ရမှာပဲလေ"

"မှန်တာပေါ့၊ တခြားသူတွေလည်းသူတို့ဘဝနဲ့သူတို့ပဲ။ ကျွန်မတို့လည်းကိုယ့်ဘဝနဲ့ကိုယ်နေရမှာပေါ့"

ကျန့်မန်ထန် ဒေါသထွက်ရလွန်းသဖြင့် သူ့ရင်ဘတ်ကြီးပေါက်ကွဲထွက်တော့မလိုပင်။ "ဒီတိုင်းအတူတူနေကြတာဘာမှားနေလို့လဲ? အနည်းဆုံးတော့ ငါတို့မကွာရှင်းရဘူးလေ"

"တီဗီစီးရီးတွေလျှော့ကြည့်ကွာ၊ အဲဒါတွေက လူတွေကို လမ်းလွဲစေတယ်။ မင်းက ကလေးငါးယောက်အမေဖြစ်နေပြီလေ၊ ဘာလို့အချစ်စစ်ကိုလိုက်ရှာနေဦးမှာလဲကွာ?"

"ရှင်ကမှ အချစ်ဝတ္ထုတွေလျှော့ဖတ်သင့်တာ၊ တခြားကောင်မလေးတွေနဲ့သွားရှုပ်မနေနဲ့။ အဖေရောသားပါ မိန်းမတစ်ယောက်ထဲကို ချစ်မိတယ်? ရှင်တို့သားအဖခြောက်ယောက်က မိန်းမတစ်ယောက်ထဲကို တကယ်ချစ်ကြမယ်ဆိုရင် အဲဒါဆို ကျွန်မ..."

ကျန့်မန်ထန်: "... မင်းဘာလုပ်ချင်လို့လဲ?"

ထန်ယွီရုန်: "ဘာမှမလုပ်ပါဘူး၊ ရှင့်ကို သဘောကျမယ့်မျက်စိကန်းနေတဲ့မိန်းကလေးတွေမရှိလောက်ဘူးလို့ ကျွန်မရုတ်တရက်ခံစားမိရုံတင်"

"ရှင်တို့သားအဖခြောက်ယောက်လုံးက မိန်းမတစ်ယောက်ကိုချစ်မိသွားရင်တော့ ကြောက်စရာကောင်းနေမှာပဲ"

ကျန့်မန်ထန်: "ဘာကြောက်စရာကောင်းရမှာလဲ။ မင်းအပြင် ငါတို့သားအဖခြောက်ယောက်က ဘယ်မိန်းမတွေကိုချစ်နိုင်မှာလဲကွာ"

ထန်ယွီရုန်: "…"

"ဒီအကြောင်းကို ကျွန်မ ရှောင်ချင်းကိုပြောပြလိုက်ဦးမယ်!"

သူမရဲ့လောင်ကျန့်က ဒီလိုစကားမျိုးပြောနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိခဲ့။

ကျန့်မန်ထန် မျက်နှာနီရဲသွားကာ "မင်း ဒီအဘွားကြီးကတော့ တကယ်အရှက်မရှိဘူးပဲ၊ ဒီလိုစကားတွေကို တခြားသူတွေဆီ ဘယ်လိုလုပ်ပြီးပြောပြရဲရတာတုန်းကွ"

မိန်းမတွေဟာ တကယ်ကို စိတ်ရှုပ်စရာကောင်းလိုက်တာကွာ...

"မင်း ရှောင်ချင်းကိုပြောရင် ဒါဆို ငါလည်း ရှောင်လုကိုပြောလိုက်မှာပေါ့"

ထန်ယွီရုန်: "ဒါဆို ရှင်သွားပြောလေ၊ ကျွန်မ မပြောတော့ဘူး"

ကျန့်မန်ထန်: "…"

"ချင်းရို့ရေ နင် ကွမ်ချန်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီလို့ ကျန်းချောင်ချောင်ပြောတယ်ဟယ်၊ တကယ်လား? သူမက နင့်နာမည်ကို မြင်လိုက်တယ်တဲ့"

ချင်းရို့ ကျောင်းပြန်ရောက်သည်နှင့် လင်းနန်တက္ကသိုလ်ရှိလူတော်တော်များများဟာ သူမ ကွမ်ချန်မှာ အိမ်တစ်လုံးဝယ်ပြီးကြောင်း သိနေကြပြီဖြစ်သည်။ ဒါတွေဟာ ကျန်းချောင်ချောင်ရဲ့ပါးစပ်ဖွာမှုကြောင့်သာ။

ကျန်းချောင်ချောင်က အရင်က စွင်းဟုန်ဖင်နဲ့ စပ်တူအထည်ချုပ်စက်ရုံဖွင့်ခဲ့သူဖြစ်၏။ ယခုအခါ အထည်ချုပ်စက်ရုံမှာ ကျန်းချောင်ချောင်တို့မိသားစုအပိုင်ဖြစ်သွားလေပြီ။ စွင်းဟုန်ဖင်နဲ့ တခြားသူတွေက ကျန်းချောင်ချောင်ဆီကနေ အမြတ်ထုတ်ခံလိုက်ရခြင်းပင်။

ကျန်းချောင်ချောင်က ပိုက်ဆံအများကြီးရှာနိုင်ခဲ့၍ အဲဒီနေ့ကဈေးကွက်ဖွင့်တဲ့အခါ အိမ်ဝယ်ဖို့သွားကြည့်ခဲ့သည်။ သူမကျောင်းပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို သတင်းဖြန့်လိုက်ပါတော့သည်။

စွင်းဟုန်ဖင် ထိုစကားတွေကိုကြားသောအခါ မစားနိုင်မသောက်နိုင်ဖြစ်နေလျက်။ စွင်းဟုန်ဖင်သည် ကျန်းချောင်ချောင်ရဲ့ အထည်ချုပ်စက်ရုံ မကြာခင်ပိတ်သွားစေဖို့ ဆုတောင်းလိုက်ပြီး သူမစိတ်ထဲမှာကျိန်ဆဲနေခဲ့သည်။


(T/N: အရင်က စွင်းဟုန်ဖင်တို့ စပ်တူဖွင့်တဲ့စက်ရုံက ဒေဝါလီခံသွားရတယ်ရေးမိထားတာ၊ mtlဆိုတော့မှားပြန်မိသွားတာပါနော်။ အဲ့လိုမဟုတ်ဘူးနော်၊ ကျန်းချောင်ချောင်က အမြတ်တွေရလာတော့ သူမဘာသာဆက်ဖွင့်ဖို့ စွင်းဟုန်ဖင်နဲ့တခြားသူတွေကို ပထမရတဲ့အမြတ်နည်းနည်းနဲ့အရင်းအနှီးငွေပြန်ပေးပြီး ကန်ထုတ်လိုက်တာပါ)

ဒါက သောက်အထည်ချုပ်စက်ရုံလေးပဲလေ။

"စွင်းဟုန်ဖင် နင့်အဆောင်က ချင်းရို့လည်း အိမ်တစ်လုံးဝယ်ထားပုံရတယ်"

"တကယ်လား? သူမလည်း အိမ်ဝယ်လိုက်ပြီလား?"

"ငါတို့ရော ဘယ်တော့များမှ မြို့ထဲမှာကိုယ်ပိုင်အိမ်တစ်လုံးရနိုင်မှာလဲနော်?"

"ကျန်းချောင်ချောင်က ဟောင်ကောင်ကျွန်းက သူဌေးတော်တော်များများလည်း အဲဒီမှာအိမ်လာဝယ်ကြတယ်ပြောတယ်။ စက်ရုံတွေမှာရင်းနှီးမြုပ်နှံကြတဲ့သူတွေတော်တော်များများလည်း အဲဒီမှာ အိမ်တွေဝယ်ကြတယ်တဲ့"

…

ချင်းရို့ ကျောင်းပြန်ရောက်သည့်အခါ သူမအိမ်ဝယ်တဲ့သတင်းကပြန့်နေပြီသော်ငြား သူမဂရုမစိုက်ပါချေ။ ဒါက ကြီးကြီးမားမားမှမဟုတ်ဘဲလေ။ သည့်အပြင် သိပ်မကြာခင်မှာ စာသင်နှစ်ပြီးဆုံးတော့မည်ဖြစ်၍ ကျောင်းမှာနေဖို့ရက်အနည်းငယ်သာရှိပါတော့သည်။

သူမအိမ်ဝယ်လိုက်ပြီဖြစ်ကြောင်း ချုကောသိသွားတဲ့အခါ အလွန်အားကျသွားပြီး "ချင်းရို့ရယ် ကောင်းလိုက်တာဟယ်! နင်ဝယ်ထားတဲ့အိမ်က ဘယ်လောက်ကြီးလဲဟင်?"

"၁၁၀စတုရန်းမီတာ"

"တော်တော်ကြီးတာပဲဟ၊ ဘယ်အလွှာတုန်း?

"၅လွှာမှာ"

"ဒါလည်းကောင်းတာပဲ၊ ၅လွှာမှာ ငါတစ်ခါမှမနေဖူးဘူးဟယ်၊ အား အရမ်းမြင့်မှာပဲနော်"

စွင်းဟုန်ဖင်: "အနာဂတ်မှာ ငါလည်း ဒီမှာအိမ်တစ်လုံးဝယ်မယ်ဟာ"

ကျန်းချောင်ချောင်နှင့် ချင်းရို့တို့က တူညီသောအသိုင်းအဝိုင်းတွင် နေထိုင်သွားကြမည်ကို သူမတွေးမိရင်း ကျန်းချောင်ချောင်ကို စိတ်ထဲကနေ မုန်းတီးနေမိသည်။

စွင်းဟုန်ဖင်သည် နောင်တနေ့တွင် သူမလည်း အနှီရပ်ကွက်သို့ ပြောင်းရွှေ့လာနိုင်လိမ့်မယ်လို့တွေးထားလျက်၊ ဒီအိမ်ရာရပ်ကွက်နာမည်ကို မှတ်ထားလိုက်ပြီး အိမ်တစ်လုံးဝယ်ပါဦးမည်။

"ချင်းရို့ရေ နင် ကွမ်ချန်မှာ အိမ်ဝယ်ထားတာဆိုတော့ အနာဂတ်မှာ ကွမ်ချန်မှာပဲနေဖို့စီစဉ်ထားတာပေါ့နော်?"

"တစ်စတုရန်းမီတာကို ယွမ်၇၀၀ကျော်ပေးရတော့ အိမ်တစ်လုံးဝယ်ဖို့ ဘယ်နှနှစ်လောက်စုဆောင်းရမလဲဟင်?"

"ငွေရှာဖို့နည်းလမ်းတစ်ခုရှာ။ ငါကတော့ အခု ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်မှာ၊ ကိုယ်ပိုင်လုပ်ငန်းမလုပ်တော့ဘူး။ ငါတို့ဇာတိမှာ လူတော်တော်များများ စက်ရုံတွေဖွင့်ပြီး ငွေရှာနေကြပြီဟယ်။ ငါ ကွမ်ချန်မှာ ကျောင်းတက်နေတယ်လို့ သူတို့ကြားတော့ အားလုံးက ငါ့ကို မနာလိုအားကျနေကြတယ်လေ။ ကွမ်ချန်ကနေ ငါ့မွေးရပ်မြေပြန်သွားချိန်မှာ အသစ်အဆန်းတစ်ခုခုယူသွားတိုင်း သူတို့ကို ဈေးကြီးကြီးနဲ့ရောင်းနိုင်တယ်ဟ"

ဒါဟာ ကွမ်ချန်မှာ ကျောင်းတက်ရခြင်းရဲ့ အားသာချက်ပင်။ ဒီမှာ အသစ်အဆန်းတစ်ခုခုရှိလို့ အိမ်ပြန်တဲ့အခါယူသွားရင် နှစ်ဆဈေးတင်လို့ရတယ်လေ!

ချင်းရို့ "ငါ ချုံကျိုးကျွန်းကိုပြန်တော့မှာ၊ ဟိုမှာ ငါ့ပုလဲစက်ရုံရှိတယ်လေ"

"နင့်ယောကျ်ားလည်းရှိတာကိုး!"

စွင်းဟုန်ဖင်ရဲ့မျက်လုံးတွေတောက်ပလာပြီး "နင် တကယ်ပဲ ကွမ်ချန်မှာ မနေတော့ဘူးလား? ဒီမှာက ပိုက်ဆံရှာဖို့ အခွင့်အလမ်းပိုများတယ်လေ။ နင် ဘာလို့ကွမ်ချန်မှာမနေချင်ဘဲ ဒီလောက်ဝေးတဲ့ကျွန်းကို ပြန်သွားချင်တာတုန်းဟယ်"

ချင်းရို့ဟာ တကယ်ရူးမိုက်သူတစ်ယောက်လို့ သူမထင်မြင်မိသည်။ ကွမ်ချန်က ဒီလောက်ဖွံ့ဖြိုးတိုးတက်နေတာလေ၊ ပြီးတော့ သူမက ဒီမှာအိမ်ဝယ်ထားတာကို၊ ဒါပေမဲ့ ဒီမှာမနေဘဲ ကျွန်းကိုပြန်သွားချင်တယ်ဆိုပဲ။

အနာဂတ်တွင် သူမ စွင်းဟုန်ဖင်က ကွမ်ချန်မှာ သူဌေးမကြီးဖြစ်လာတဲ့အခါ ချင်းရို့ကတော့ အဲဒီကျွန်းပေါ်မှာပဲ ပုလဲမွေးမြူရေးစက်ရုံကို ဖွင့်လှစ်ထားဆဲပေါ့!

"သူတို့စက်ရုံကကျွန်းမှာလေ။ ဆိုတော့ သေချာပေါက်ကျွန်းကိုပြန်သွားရမှာပေါ့ဟယ်။ ချင်းရို့ရေ နောင်ကျ ငါတို့လည်း နင့်ကိုလာတွေ့ဖို့ ကျွန်းဆီလာလည်မယ်နော်"

ချင်းရို့ ချက်ချင်းသဘောတူလိုက်ကာ "ကောင်းပြီ၊ ကျွန်းကိုလာလည်ဖို့ကြိုဆိုပါတယ်နော်၊ အဲဒီက ကမ်းခြေရယ်၊ အုန်းပင်တွေရယ် တအားလှတာ!"

"တကယ်လား? ဒါဆို ငါသေချာပေါက်လာလည်မယ်နော်၊ နင့်ပုလဲမွေးတဲ့နေရာကိုလည်းလာကြည့်မယ်နော်"

"ငါ့မှာပိုက်ဆံရှိရင် ဝတ်ဖို့အတွက် ပုလဲလည်ဆွဲတစ်ကုံးဝယ်ဦးမယ်"

ဒီစာသင်နှစ်ပြီးသွားတဲ့အခါ နွေရာသီအားလပ်ရက်စတင်ပြီဖြစ်၏။ ချင်းရို့လည်း သူမရဲ့သင်ခန်းစာတွေအားလုံးပြီးလုနီးပါးဖြစ်နေချေပြီ။ သူမ အထုပ်အပိုးသိမ်းဆည်းကာ လုယန်နှင့်အတူ ချုံကျိုးကျွန်းသို့ပြန်သွားတော့မည်ပင်။ လုယန်က တပ်ရင်းမှူးအဖြစ် တပ်ခွဲတစ်ခုသို့ပြောင်းရွှေ့ရန် ပြောင်းရွှေ့စာကျလာခဲ့ပြီ။

ဒီတစ်ခါတော့ တစ်မိသားစုလုံး ကျွန်းကိုအတူတူပြန်ကြမည်ဖြစ်သည်။ ယခု လုယန်က ကလေးလေးယောက်နဲ့အတူ သင်္ဘောဆိပ်ခံအနီးရှိ တည်းခိုခန်းတစ်ခုမှာနေထိုင်လျက်ရှိသည်။

စစ်အကယ်ဒမီမိသားစုနေအိမ်က ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများကို သင်္ဘောကျင်းဂိုဒေါင်သို့ ပို့ဆောင်ထားပြီးဖြစ်သည်။ ကွမ်ချန်မှာ နှစ်အနည်းငယ်ကြာနေထိုင်ပြီးနောက် သူတို့ကျွန်းကိုပြန်သွားကြပေတော့မည်။

ချင်းရို့လည်း သူမရဲ့ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီးနောက် ခရီးဆောင်အိတ်ကို အောက်ထပ်သို့ ဆွဲလာခဲ့သည်။ စင်္ကြံအောက်ထပ်တွင် အကြီးတစ်ယောက်နဲ့ အသေးလေးလေးယောက်ကို သူမတွေ့လိုက်ရ၏။ လုယန်က သူမကိုကြိုဖို့ ကလေးလေးယောက်ကိုပါ ခေါ်လာခဲ့တာပဲ။

သို့သို့လေးနဲ့ရုန်ရုန်လေးတို့က သူတို့မေမေရဲ့ အဆောင်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာကြောင့် စူးစမ်းစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေကြသည်။ ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးတို့လည်း ငြိမ်သက်နေကြသည်မဟုတ်၊ သူတို့မေမေကိုစောင့်နေရတာမဟုတ်ပါက လျှောက်သွားချင်နေကြသည်ပင်။

သူတို့ငါးယောက် အဖေနဲ့သားသမီးတွေဟာ အလွန်မျက်စိဖမ်းစားဖွယ်ပင်။ အထူးသဖြင့် အမြွှာလေးတွေဖြစ်ကြတဲ့ ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေးရယ်၊ သို့သို့လေးနဲ့ရုန်ရုန်လေးရယ်၊ နောက်ပြီးတော့ ကလေးတွေဘေးနားက ကိုလူချောလေးပေါ့။

"ဝိုး သူတို့ကြည့်ရတာ အတူတူပဲဟ!"

"အမြွှာနှစ်စုံ ရပ်နေကြတာပဲ"

"ဒီကလေးနှစ်ယောက်က တကယ့်ကိုအဖေတူသားတွေပဲနော်"

"အဲဒါက စီးပွားစီမံခန့်ခွဲရေးဌာနက ချင်းရို့ရဲ့ကလေးတွေမဟုတ်လား? သမီးနှစ်ယောက်က သူမနဲ့တော်တော်လေးတူတယ်နော်။ သူမက အိမ်ထောင်ကျပြီး သားသမီးတွေရှိနေပြီလား?"

"အဲဒီလူက သူမခင်ပွန်းပဲ"

"အဲဒီအမြွှာညီအကိုတွေက သူမသားတွေဟုတ်ရဲ့လား? သမီးတွေကိုတော့ သူမမွေးထားပေမယ့် သားတွေကတော့မဟုတ်ဘူး ဟုတ်တယ်မလား? ဒီကလေးနှစ်ယောက်က ဒီလောက်ကြီးနေကြပြီလေ၊ သူတို့လေးတွေကို ဇနီးဟောင်းက ထားခဲ့တာလား?"

စကားသံတွေကိုကြားနေရသော ကျိုးကျိုးလေးနဲ့ဖက်ထုပ်လေး: "…"

လုဝေကျယ်: "ကော မင်းကို မားမားကမွေးတာမဟုတ်ဘူးလို့ လူတွေကဘာလို့ပြောနေကြတာလဲဟင်?"

လုဝေကျိုး: "မင်းမားမားက ငါ့မားမားပဲ မဟုတ်ဘူးလား?"

သို့သို့: "ကောကောရဲ့မားမားကလည်း သို့သို့ရဲ့မားမားပဲနော်"

"ရုန်ရုန်ရဲ့မားမားပဲ!"

လုယန်: "…"

ချင်းရို့ ခရီးဆောင်အိတ်တွေနှင့်အတူ အောက်ဆင်းလာတဲ့အခါ သူမ စင်္ကြံမှထွက်လာသည်နှင့် အဖြူရောင်စစ်ယူနီဖောင်းနဲ့အမျိုးသားက သူမရဲ့ခရီးဆောင်အိတ်ကို ချက်ချင်းလက်လွှဲယူလိုက်သည်။

ချင်းရို့ ခေါင်းမော့ကာ သူ့ရဲ့မျက်နှာချောချောလေးကိုကြည့်လိုက်ပြီး ချိုမြိန်စွာပြုံးပြ၍ "ကလေးတွေဘာတွေပြောနေကြတာလဲ?"

"မားမားက ရုန်ရုန်ရဲ့မားမားလို့ပြောနေတာပါ"

"ပြီးတော့ ဖက်ထုပ်ကောရဲ့အမေရင်းပဲလို့!"

xxx

Ch-277

ချင်းရို့ ခေါင်းမော့ကာ သူ့ရဲ့မျက်နှာချောချောလေးကိုကြည့်လိုက်ပြီး ချိုမြိန်စွာပြုံးပြ၍ "ကလေးတွေ
ဘာတွေပြောနေကြတာလဲ?"

"မားမားက ရုန်ရုန်ရဲ့မားမားလို့ပြောနေတာပါ"

"ပြီးတော့ ဖက်ထုပ်ကောရဲ့အမေရင်းပဲလို့!"

…

"ချင်းရို့ ဒီကလေးတွေက နင်ကိုယ်တိုင်မွေးထားတာလား?" အဆောင်တစ်ထပ်ထဲမှာအတူတူနေတဲ့ ကျန်းချီမှာ အံ့အားသင့်မိသွားရလျက်။

"သူတို့က ငါ့ကလေးတွေပဲ၊ အားလုံးက ငါမွေးထားတာ။ ညီအစ်ကိုနှစ်ယောက်က ကလေးတွေရဲ့အဖေနဲ့တူပြီးတော့ သမီးတွေက ငါနဲ့တူတယ်လေ"

"တကယ်ကြီး နင့်သားသမီးအရင်းတွေပေါ့လေ၊ နင်တကယ်မွေးနိုင်တာပဲဟယ်!!!"

"ကလေးတွေကိုကြည့်ဖို့ အန်တီကို သွားခေါ်လိုက်ဦးမယ်။ အန်တီရေ စာကြည့်မျက်မှန်တပ်ပြီး ချင်းရို့ရဲ့သားသမီးတွေကို လာကြည့်ပါဦး!"

အဆောင်အန်တီကြီးက စာကြည့်မျက်မှန်ကိုတပ်၍ အခန်းအပြင်သို့ထွက်လာခဲ့သည်။ သူမက အမြွှာနှစ်စုံကိုတွေ့လိုက်ရတဲ့အခါ မျက်မှန်ပြန်ချွတ်လိုက်ပြီး "ငါဘာတွေမြင်နေရတာတုန်းဟ? နှစ်ထပ်ပုံဖြစ်ကုန်ပြီလား?"

"ဘာမှနှစ်ထပ်ပုံမဟုတ်ဘူး၊ အမြွှာနှစ်စုံတွေပဲလေ!"

ချင်းရို့ အပြုံးလေးနဲ့ပြောလိုက်သည်။ "အန်တီရေ ကျွန်မ အရင်က အန်တီကိုမလှည့်စားခဲ့ပါဘူးနော်။ ဒါက ကျွန်မသားလေးနှစ်ယောက်နဲ့ သမီးလေးနှစ်ယောက်ပဲ"

အန်တီ: "တကယ်လား? နင်တကယ်ပဲ မွေးနိုင်လိုက်တာနော်။ ဘုရားရေ နင့်သားတွေက အသက်ဘယ်လောက်ရှိပြီလဲ? သူတို့လေးတွေက သူတို့အဖေနဲ့ တော်တော်တူကြတာပဲကွယ်။ နောင်မှာ သူတို့အတွက် လက်တွဲဖော်ရှာလို့မတွေ့မှာကို စိတ်ပူစရာမလိုတော့ဘူးပဲ"

"ငါ့မြေးမလေးသာအရမ်းမငယ်ရင်တော့ သဘောတူညီချက်လုပ်ထားမိမှာကွယ်"

"အနာဂတ်ရဲ့ လူချောလေးနှစ်ယောက်ပဲ!"

လုယန်နှင့် ချင်းရို့တို့က ကလေးလေးယောက်နှင့်အတူ ကျောင်းမှထွက်သွားလေပြီ။ ချူကောလည်း အပေါ်ထပ်ပြေးတက်သွားခဲ့သည်။ အိပ်ဆောင်ရှိလူများစွာဟာ သူတို့အဆောင်ခန်းဆီရောက်လာကြပြီး "ချင်းရို့က တကယ်ပဲ အခုလက်ရှိခင်ပွန်းနဲ့ အမြွှာနှစ်စုံမွေးထားတာတဲ့လား?"

"တကယ်ပေါ့၊ အမြွှာလေးတွေ ဘယ်လောက်ချောလိုက်သလဲ နင်မတွေ့ဖူးလားဟယ်!"

ချူကောက နောင်တရနေလျက်။ "သူ့သားနှစ်ယောက်လုံးက တအားချောကြတာပဲ၊ ငါသာ နောက်၁၂နှစ်လောက်မှမွေးရင် ဘယ်လောက်ကောင်းမလဲဟာ။ အဲ့လိုဆိုအချိန်မီနိုင်သေးတယ်နော်"

ကျောက်ရှန်းရှန်းက သူမကို ရယ်မောလိုက်ပြီး "နင်လည်း လက်တွဲဖော်တစ်ဦးရှာပြီး မြန်မြန်သမီးလေးမွေးလိုက်တော့၊ ဒါဆို နင်အချိန်မီလိုက်နိုင်ဦးမှာပေါ့ဟယ်"

"အလျင်မလိုပါဘူး၊ အလျင်မလိုပါဘူး။ ဘယ်လိုလုပ်လိုက်မှီနိုင်မှာလဲဟာ"

"ငါ ချင်းရို့ကို အားကျရုံတင်ပါ။ သူမက လူကောင်းတစ်ယောက်နဲ့အိမ်ထောင်ပြုပြီး ကလေးလေးယောက်ရှိတယ်။ သူမသမီးလေးတွေကလည်း တအားချစ်ဖို့ကောင်းသေး၊ ချင်းရို့နဲ့လည်းရုပ်တူပါ့ဟယ်။ နှစ်ယောက်လုံးက အလှလေးတွေ"

ချင်းရို့နှင့်လုယန်တို့က ကလေးတွေကို သင်္ဘောပေါ်ခေါ်သွားလိုက်၏။ သို့သို့လေးနှင့်ရုန်ရုန်လေးဟာ အရင်တုန်းက သင်္ဘောစီးဖူးသော်လည်း ငယ်ရွယ်လွန်းသေးတာမို့ အများကြီးမမှတ်မိတော့။

အခု သူတို့လေးတွေသင်္ဘောပေါ်တက်သည်နဲ့ စိတ်လှုပ်ရှားနေကြကာ ကြွက်လေးတွေလိုမျိုး အခန်းငယ်လေးထဲမှာ လျှောက်ပြေးနေကြလေသည်။

"ပင်လယ်ကြီး! ပင်လယ်ကြီး!"

"သင်္ဘောတွေအများကြီးပဲ!!"

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး..."

ကလေးမလေးနှစ်ယောက်ဟာ ပျော်မြူးစွာ အော်ဟစ်နေကြလျက်။ ပင်လယ်ကြီးကိုကြည့်ရတာ အမြဲလိုလိုစိတ်လှုပ်ရှားစရာကောင်းနေမြဲ။ ဆိပ်ကမ်း၌ သင်္ဘောများစွာရှိနေ၏။ မင်းတို့ ရထားစီးတဲ့အခါ ရထားတွဲတွေကို ရေတွက်ကြသလိုမျိုး သင်္ဘောစီးတဲ့အခါမှာလည်း သင်္ဘောတွေကိုရေတွက်ဖို့လိုပေသည်။

လုယန်က သမီးလေးနှစ်ယောက်ကိုချီထားပြီး ပင်လယ်ကိုရှုစားနေလျက်။

သို့သို့လေးက ဘေးမှာရပ်နေတဲ့ချင်းရို့ကို မေးလိုက်၏။ "မားမား လှေပေါ်မှာငါးမျှားလို့ရလား?"

"သမီး ငါးမျှားချင်လို့လား? ငါးက သမီးကိုပြန်ဖမ်းသွားမှာနော်"

"ကောကောတွေက ငါးမန်းလေးနှစ်ကောင်ဆို"

"သို့သို့လေးနဲ့ ရုန်ရုန်လေးကရော?"

လုဝေကျိုး: "ပင်လယ်ငါးတွေ"

လုဝေကျယ်: "ကြယ်ငါးနှစ်ကောင်"

ချင်းရို့: "ရွှေငါးလေး"

လုယန်: "ပိပိပုဇွန်"

"ပါးပါးလူဆိုး၊ မားမားလူဆိုး၊ ကောကောလူဆိုး!!"

"ရုန်ရုန်က ဝေလငါးကြီးပါနော်! အူး! အူး!!!"

"သင်္ဘောထက်ကြီးတဲ့ဝေလငါးကြီး!"

"တစ်ကိုက်တည်းနဲ့ ငါးမန်းလေးကို မျိုချပစ်လိုက်မယ်"

သို့ရုန်ညီအစ်မနှစ်ယောက်ဟာ သူတို့ပါးပါးရင်ခွင်ထဲမှာရှိနေကြပြီး ပါးစပ်နားမှာ လက်တွေကိုအကျယ်ကြီးဖွင့်ပြ၍ ငါးကြီးတစ်ကောင်အမဲလိုက်နေသည့်နှယ် "ရက်စက်ကြမ်းကြုတ်သော"အမူအရာ လုပ်ပြကြလေသည်။

လုဝေကျိုး: "…"

လုဝေကျယ်: "…"

ဒီကလေးမလေးနှစ်ယောက်ဟာ အရမ်းရည်မှန်းချက်ကြီးကြတာပဲနော်...

သင်္ဘောသည် ပင်လယ်ပြင်တွင်ရွေ့လျားနေလျက်၊ သူတို့တစ်မိသားစုလုံး ချုံကျိုးကျွန်းသို့ ရောက်တော့မည်ဖြစ်သလို အခြေစိုက်စခန်းရှိ မိသားစုနေအိမ်ဆီသို့ ပြန်ရောက်တော့မည်ဖြစ်သည်။

...

"ရှောင်ချင်း နင်တို့ပြန်လာပြီလား?"

သူတို့မိသားစုပြန်မလာခဲ့ကြသည်မှာ နှစ်နှစ်သုံးနှစ်ကြာသွားလေပြီ။ မိသားစုခြံဝင်းအပြင်ဘက်ရှိအစောင့်စစ်သားတွေကတော့ လတ်ဆတ်တဲ့ကြက်သွန်မြိတ်တွေလိုပင်၊ လူသစ်တွေ​နှင့် အစားထိုးသွားခဲ့သည်။

မိသားစုခြံဝင်းရှိ မိသားစုဝင်များလည်း အများကြီးပြောင်းလဲသွားခဲ့ရပြီ။ လူဟောင်းတွေအများကြီးရှိသလို လူသစ်တွေလည်းအများကြီးပင်။ စစ်တပ်မှ ပြောင်းရွှေ့သူတွေ၊ ပင်စင်ယူတဲ့သူတွေ နှစ်စဥ်နှစ်တိုင်းရှိကြကာ လူသစ်တွေလည်း အမြဲဝင်လာကြမြဲ။

ချင်းရို့တို့ဇနီးမောင်နှံက ကလေးတွေကို အရင်က သူတို့နေထိုင်ခဲ့တဲ့ခြံဝင်းဆီသို့ခေါ်သွားလိုက်သည်။ လုယန်မှာ မူလက ချုံကျိုးကျွန်းအခြေစိုက်စခန်းမှဖြစ်ပြီး အပြင်မှာသူကျောင်းသွားတက်နေစဥ် ကျွန်းပေါ်ရှိယူနစ်မှာ ပါဝင်နေသေးတဲ့အတွက် ကျွန်း၌မိသားစုနေအိမ်ဟာ တည်ရှိနေဆဲ။

ခြံဝင်းကိုဂရုမစိုက်ဘဲ သုံးနှစ်လောက်ပစ်ထားခဲ့သည်ကြောင့် သူတို့ခြံဝင်းဟာ... စွန့်ပစ်ခြံဝင်းသဖွယ်... ဒီလိုလည်းမဟုတ်သေးပါဘူး။ ဂရုတစိုက်ပြုစုဖို့လိုအပ်တဲ့ ပန်းတွေ၊ အပင်တွေအားလုံးသေကုန်ကြပြီဖြစ်ပြီး ကြမ်းရမ်းစွာပေါက်ရောက်နေတဲ့ စူကာသီးပင်တွေဟာ နေရာအများစုကို ယူထားလေပြီ။ ချင်းရို့လည်း ၄င်းတို့ကိုလစ်လျူရှုထားသည်ကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးပြင်းလာကြခြင်းပင်။

တစ်ချိန်က ခြံဝင်းအတွင်းရှိ မြက်ခင်းငယ်လေးဟာ ယခုအခါ ပေါင်းပင်အသွင်ထူထပ်နေပြီး မူလသက်ကယ်တဲလည်း မနှစ်ကတိုင်ဖွန်းမုန်တိုင်းကြောင့် ပြိုကျပျက်စီးနေလေ၏။ စူကာသီးတွေအပြင် လိုင်ချီးပင်တွေ၊ အစိမ်းရောင်kumquatပင်တွေနှင့် အဝါရောင်ငရုတ်သီးတွေဟာ ရှင်သန်နေဆဲ။

ဟင်းသီးဟင်းရွက်စိုက်ခင်းမှာ နှစ်တိုင်း အလျှံပယ်ပေါများလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးတွေလည်း ပျောက်ကွယ်သွားခဲ့တာ ကြာလှချေပြီ။

"ဒါတွေက ဆိုးရွားလှတဲ့တိုင်ဖွန်းမုန်တိုင်းဖြတ်သွားတာကြောင့်ပဲ။ ရဲဘော်လု၊ ရဲဘော်အသေးလေးလေးယောက်၊ မားမားတို့ခြံကို စနစ်တကျ ပြုပြင်ဖို့လိုနေပြီ"

ဘေးအိမ်က ကျန်းမိသားစုနဲ့ နှိုင်းယှဥ်ကြည့်ပါက သူတို့ခြံလေးဟာ သနားစရာကောင်းလွန်းလှသည်။

ဘေးအိမ်က ကျန်းမိသားစုရဲ့ ခြံဝင်းဟာ သက်ကယ်ထီးအသစ်စက်စက်လေးနဲ့ အရမ်းလှပနေလေ၏။

ထောက်ပံ့ပို့ဆောင်ရေးဌာနခေါင်းဆောင်ကျန်းချန်ပေ့သည် သူ့ရဲ့ဟင်းသီးဟင်းရွက်စိုက်ခင်းကို ရှင်းလင်းရတာ သဘောကျသူပင်။ သူစိုက်ပျိုးထားတဲ့ အစိမ်းရောင်ကြက်ဟင်းခါးသီးလေးတွေဟာ စင်​အောက်မှာ လှလှပပချိတ်ဆွဲကျနေလျက်၊ ဒီကြက်ဟင်းခါးသီးတွေက ကျောက်စိမ်းနှင့်တူနေပြီး အလွန်လှပနေလေသည်။

သူ့ခြံထဲမှာ ပြန့်ကျဲနေတဲ့ပန်းတွေရှိနေသလို ထူးဆန်းတဲ့ကျင်းတွေပါရှိနေလေ၏။

"ခေါင်းဆောင်ဆီမှအမိန့်​​ကိုလက်ခံရရှိပါတယ်​!"

"ခေါင်းဆောင်ဆီမှအမိန့်​​ကိုလက်ခံရရှိပါတယ်​!"

…

ကလေးတွေက ပြိုင်တူဖြေလိုက်ကြသည်။

တံခါးဖွင့်ပြီးနောက် ချင်းရို့လည်း ခြံကိုသန့်ရှင်းရေးလုပ်ဖို့ စောလွန်းနေသေးသည်ကို တွေ့ရှိလိုက်ရ၏။ သူမတို့ အိမ်ကိုအရင်ဆုံးသန့်ရှင်းရေးလုပ်ရမည်ပင်။

အရင်ဆုံး... ရှင်းလင်းရမယ်။

သူတို့မိသားစုမှာ လူခြောက်ယောက်ရှိ၏။ ကျိုးကျိုးနဲ့ဖက်ထုပ်လေးက အသက်ကိုးနှစ်ရှိနေပြီဖြစ်၍ သူတို့ကိစ္စသူတို့ဂရုစိုက်နိုင်ကြပြီဖြစ်သည်။ သူတို့အားလုံး အိမ်သန့်ရှင်းရေးမြန်မြန်လုပ်လိုက်ကြသည်။ သန့်ရှင်းရေးလုပ်ပြီးနောက် ပရိဘောဂအမျိုးမျိုးကို စတင်နေရာချခဲ့ကြသည်။

ချင်းရို့ အရင်ကတည်းက အိမ်ကဓာတ်ပုံဘောင်တွေကို သိမ်းထားခဲ့၍ ယခု နံရံပေါ်မှာ တစ်ဖန်ပြန်ချိတ်ထားလိုက်ကြသည်။ အရင်တုန်းက အဖြူအမည်းဓာတ်ပုံတွေသာမက ကာလာဓာတ်ပုံတွေပါ အများကြီးရှိလာလေပြီ။

ဧည့်ခန်းတွင် တီဗီတစ်လုံးနှင့် အစိမ်းနှစ်ထပ် ရေခဲသေတ္တာလေးတစ်လုံးကိုထားရှိပြီး ရေချိုးခန်းဘေးတွင် အဝတ်လျှော်စက်တစ်လုံးတပ်ဆင်လိုက်သည်။ ၁၉၈၀ခုနှစ်၌ အိမ်တွင် ရေပိုက်လိုင်းတွေချိတ်ဆက်လို့ရပြီဖြစ်၍ မိသားစုခြံဝင်းရှိ လူတော်တော်များများလည်း ရေခဲသေတ္တာဝယ်ခဲ့ကြသည်။

ကျွန်းပေါ်မှာနေထိုင်တဲ့အခါ ရေခဲသေတ္တာမှာ အလွန်အရေးကြီးသောအိမ်သုံးပစ္စည်းတစ်ခုဖြစ်လာ၏။ သူတို့အတွက် ရေခဲသေတ္တာလိုအပ်ရုံတင်မက အခဲခန်းပါလိုအပ်သည်ပင်။

သူတို့လည်း ငါးဆားနယ်တွေအများကြီးကို အေးခဲထားရမယ်လေ၊ မဟုတ်ဘူး... ပင်လယ်စာတွေကို အေးခဲရမယ်။ အေးခဲထားတဲ့ပင်လယ်စာတွေနဲ့ သစ်သီးဝလံတွေဟာ အချိန်အကြာကြီးအထားခံတယ်လေ။

သူတို့အိမ်ရှိ ရေခဲသေတ္တာအဟောင်းကိုဖျက်ပစ်လိုက်ပြီး ဧည့်ခန်းထောင့်တစ်နေရာတွင် အသစ်တစ်လုံးကို နေရာချထားလိုက်သည်။

"မားမား တီဗီဖွင့်ပေးပါ၊ မားမား တီဗီဖွင့်ပေးပါနော်"

"တီဗီမဖွင့်ရသေးဘူး၊ အိမ်သန့်ရှင်းရေးအရင်လုပ်ရအောင်"

…

အိမ်မှာ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းအမျိုးမျိုးကို နေရာချပြီးနောက် မီးမွှေးလိုက်ကာ လူတိုင်းအလှည့်ကျရေချိုးလိုက်ကြသည်။ ရဲဘော်လုယန်က အရင်ဆုံးရေချိုးလိုက်၏။ ယောကျ်ားတွေက အမြဲတမ်းရေချိုးမြန်ကြပြီး သူရေချိုးပြီးနောက် မီးဖိုချောင်ဝင်သွားတော့သည်။

ယနေ့သည် မိသားစုနေအိမ်သို့ ပြန်ရောက်တဲ့ ပထမဆုံးရက်ဖြစ်သည်မို့ ချင်းရို့ကတော့ ကန်တင်းမှာ ထမင်းသွားစားချင်ပေမယ့် လုယန်နှင့် ကလေးလေးယောက်က ကန်တင်းမှာမစားချင်ကြတာကြောင့် အိမ်မှာပဲချက်ပြုတ်လိုက်ကြသည်။

သင်္ဘောပေါ်ကဆင်းလာတဲ့အခါ သူတို့လည်း ပင်လယ်စာတွေအများကြီးဝယ်ခဲ့ကြသည်။ လုယန်က ပင်လယ်စာတွေကိုရေဆေးပြီးနောက် တိုက်ရိုက်ပဲပြုတ်လိုက်သည်။

ချင်းရို့ ရေချိုးပြီးနောက် သူမဆံပင်ကိုပတ်ထားလိုက်ကာ မီးဖိုချောင်ထဲဝင်လာခဲ့သည်။ သူတို့မီးဖိုချောင်မှာ မီးဖိုငယ်လေးတစ်ခုရှိပြီး လတ်လတ်ဆတ်ဆတ်ဝက်သားတွေအများကြီးရှိနေသဖြင့် ချင်းရို့လည်း ဘဲဥဆားနယ်ဝက်သားကင်လုပ်ရန် စီစဥ်လိုက်၏။ မိုးခိုသားတစ်ပိုင်းကိုယူ၍ အလယ်မှာအပေါက်ကြီးဖောက်လိုက်ကာ အသားထဲမှာ ဘဲဥအနှစ်ကိုထည့်လိုက်ပြီး နောက်မှ ဘဲဥအနှစ်တွေမထွက်ကြလာအောင်လို့ သွားကြားထိုးတံလေးနဲ့ ပိတ်ထားလိုက်၏။

ချင်းရို့က ဝက်သားကိုနှပ်ထားရန် ဂျင်း၊ ကြက်သွန်နီ၊ ပဲငံပြာရည်နှင့် အခြားဆော့စ်များ ထည့်လိုက်၏။ သူမက ဝက်သားကို ရေခဲသေတ္တာထဲမှာ တစ်ညလောက် အေးခဲထားလိုက်ပြီး မနက်ဖြန်မှ မီးဖိုပေါ်တင်မည်ဖြစ်သည်။

ဒီညကတော့ လတ်လတ်ဆတ်ဆတ်ပင်လယ်စာ ပေါင်းပဲစားကြတာပေါ့နော်...

xxx

All Chapters