အခန်း (၃၄၆-၃၄၇)
Vol. 32 Ch. 346-347
အခန်း ၃၄၆ - ကျိယွမ်ရဲ့ ဘိုးဘေးက ဘယ်သူလဲ
ကျိယွမ်သည် အခြားသူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ သွေးကျောက်စိမ်းနံရံဆီသို့ လျှောက်သွား လိုက်သည် ။
ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်းဆေးလုံးကို အသုံးပြုရန်အတွက် သွေးကျောက်စိမ်းနံရံ၏ အကူအညီ လိုအပ်၏ ။
ပြောရလျှင် ကျိယွမ်ကလည်း ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်းဆေးလုံးက သူ့ကို မည်မျှအထိ မြှင့်တင်ပေးနိုင်မည်ကို တော်တော်လေး သိချင်နေသည် ။
အခြားသူများ၏ ပြောစကားအရ ပါရမီပို၍ ထူးချွန်လေ၊ ကံကြမ္မာပို၍ နက်ရှိုင်းလေ၊ မြှင့်တင်မှုက ပို၍ ကြီးမားလေပင် ။
သူ၏ ထူးကဲသော ပါရမီအရဆိုလျှင် သူ၏သွေးမျိုးဆက် အရင်းအမြစ်မှဘိုးဘေးသည် သူ့ကို အထင်ကြီးသွားမှာ သေချာ၏ ။
ဖြစ်နိုင်သည်မှာ... သူတို့က အရင်းအနှီး အနည်းငယ်ပင် ပိုထည့်ပေးကြမည်လား ။
သူ့ကို လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား နယ်ပယ်သို့ တိုက်ရိုက် မြှင့်တင်ပေးလိုက်မည်လား ။
ကျိယွမ်က အတွေးမျိုးစုံဖြင့် သွေးကျောက်စိမ်းနံရံဆီသို့ လျှောက်သွားသည်ကိုမြင်သောအခါ ခံတပ်မှ အခြား လူများကလည်း စပ်စပ်စုစုဖြင့် နောက်မှ လိုက်လာကြသည် ။
နောက်ဆုံး မစ်ရှင်အတွက် ဆုလာဘ်မှာ ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးဖြစ်ကြောင်း သူတို့ သိထားပြီးသာပင်။
ယခင်က အချို့သော အကြီးအကဲများက ကျိယွမ်နှင့် သူ၏အဖွဲ့ သားများ မစ်ရှင်အောင်မြင်လျှင် ထိုဆေးလုံးကို သူတို့အတွက် ပြန်လည်လဲလှယ်ယူရန်ပင် စဉ်းစားခဲ့ကြလေသည် ။
သို့သော် ယခုမူ ထိုအရာမျိုးလုပ်ရန် စိတ်ပင်မကူးရဲကြတော့ပေ။
ခံတပ်အတွင်းမှ လူများသည် ကြောက်မက်ဖွယ်ကောင်းလှသော ကျိယွမ်လိုလူမျိုးက သွေးကျောက်စိမ်းနံရံတွက် မည်ကဲ့သို့သော အောင်မြင်မှုများ ရရှိမည်ကို သိချင်နေကြ၏ ။
သွေးကျောက်စိမ်းနံရံ အနီးတွင် ကျင့်ကြံနေကြသော သိုင်းပညာရှင်များမှာလည်း ထူးထူးခြားခြား လူအုပ်လိုက်ကြီးရောက်လာသည်ကို မြင်သောအခါ ထူးဆန်းသွားလေသည် ။
ဘာတွေ ဖြစ်နေလို့လဲ။
လူအုပ်ကြီး၏ရှေ့မှလာနေသောကျိယွမ်၏ သွေးအရှိန်အဝါကို မြင်သောအခါ သူတို့ ထိတ်လန့်သွားကြ၏ ။
သူတို့က လူအုပ်ကြီးကိုတစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြည့်ကာ သွေးကျောက်စိမ်းနံရံမှ တိတ်တဆိတ် ဆုတ်ခွာပေးလိုက်ကြသည် ။
အခြေအနေက ဘာဖြစ်နေသည်မှန်း မသေချာသောကြောင့် ဘေးကင်းရေးက ပထမပင် ။
ထို့ကြောင့် သွေးအရှိန်အဝါများပြင်းထန်နေသူတစ်ဦးက ဦးဆောင်လာသော လူအုပ်ကြီးတစ်စုက သွေးကျောက်စိမ်းနံရံသို့ ချဉ်းကပ်လာသောအခါ နံရံအနီးတွင် ကျင့်ကြံနေသူ အားလုံး နောက်ဆုတ်ပေးကြသည် ။
ကျိယွမ်သည် နံရံနားမှ အလျိုအလျိုထွက်သွားကြသော လူများကိုမြင်လျှင် ဇဝေဇဝါဖြစ်သွားပြီး မျက်မှောင်ကုပ်၏ ။
"မင်းတို့အားလုံး ငါ့အကြောင်း မကောင်းပြောနေကြတာလား။ မဟုတ်ရင် ငါ့နားမှာ ရပ်ဖို့ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ"
သူ၏စကားကြောင့် လူအုပ်၏ အမူအရာများ ပြောင်းလဲသွားသည် ။
"မ-မဟုတ်ပါဘူး... ကျွန်တော်တို့က ခင်ဗျားအနားမှာ ရပ်ဖို့ မထိုက်တန်လို့ပါ"
လင်းရီရှန်းက အဆင်ပြေအောင် ပြောလိုက်သည် ။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ မထိုက်တန်ပါဘူး"
အခြားသူများကလည်း ထောက်ခံပြီး သံယောင်လိုက်ကြ၏ ။
"ဟူး.....မင်းတို့ လူဟောင်းတွေက အတိတ်မှာပဲ ရှင်သန်နေကြတုန်းပဲကိုး။ အခုခေတ်မှာက လူတိုင်း တန်းတူညီမျှမှုရှိရတယ်"
ကျိယွမ်က မတတ်သာသလို အသံတိုးတိုးဖြင့် မှတ်ချက်ချလိုက်သည် ။
ယခုခံတပ်တွင် ခေတ်သစ်လူ အနည်းငယ်ရှိသော်လည်း အများစုမှာ ရှေးဟောင်းခေတ်မှ လူများဖြစ်ကြ၏။
ဥပမာအားဖြင့် လင်းရီရှန်းသည် ရှေးဟောင်း အစောင့်အရှောက်တစ်ဦး ဖြစ်သည် ။
ထို့ကြောင့် ဤလူများသည် ရှေးရိုးစွဲစိတ်ဓာတ်ရှိပြီး ခေါင်းမာသည်ဟု ယူဆနိုင်၏ ။
ကျိယွမ်သည် သူတို့နှင့် ငြင်းခုံရန် စိတ်မပါတော့ဘဲ သွေးကျောက်စိမ်းနံရံ ရှိသောဧရိယာသို့ ခုန်ဝင်လိုက်သည် ။
သူက ဘိုးဘေပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး သူ၏အာရုံကို ကိုယ်တွင်းသို့ လှည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးဆယ်ပုံတစ်ပုံခန့်သည် ပိုးစုန်းကြူးများကဲ့သို့ အနီရောင် တောက်ပနေသည်ကို သတိပြုမိလေသည် ။
ထိုသွေးသည် သူ၏ ဝါးမျိူခြင်းကမ္ဘာဦးခန္ဓာကိုအသုံးပြုပြီး မိစ္ဆာသွေးအနှစ်သာရများကို ဝါးမျိုရာမှ ရရှိခဲ့သော သွေးများပင် ။
ရုတ်တရက် ရေနွေးအိုးတစ်လုံး ပေါက်ထွက်သွားသကဲ့သို့ ကျိယွမ်၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းများ လျှံထွက်လာ၏။
"သူက သွေးကျောက်စိမ်းနံရံနဲ့ ဒီလောက် မြန်မြန်ကြီး တုံ့ပြန်နေတာလား ၊သူ့ရဲ့ ပါရမီက... တကယ်ကို ထူးခြားတာပဲ။ အံ့သြစရာ မရှိတော့ဘူး"
"သူ့ရဲ့ သွေးမျိုးဆက် ဘိုးဘေးက ဘယ်သူဖြစ်နိုင်လဲ"
"သူ့လို ပါရမီရှင်ဆိုရင် ဘိုးဘေးက တော်တော်လေး ရက်ရောမှာ မဟုတ်လား"
လူတိုင်း၏ မျက်လုံးများတွင် မနာလိုမှုများပင် စူးရှနေသည် ။
ကျိယွမ်သည် မူလကတည်းက သန်မာပြီးသား ဖြစ်၏။အကယ်၍ သူ၏ ဘိုးဘေးထံမှ မျက်နှာသာပေးမှုကိုပါ ရရှိမည်ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလေသည် ။
ထိုအချိန်တွင် သွေးကျောက်စိမ်းနံရံသည် ပြင်းထန်စွာ တောက်ပလာ၏။
အားလုံးကြည့်နေစဥ်မှာပင် ထူထဲသော သွေးရောင် အလင်းတန်းကြီးတစ်ခုသည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည် ။
"သေဆုံးအဆင့် အနိမ့်စားသွေးမျိုးဆက်လား။ အဲဒါဆိုရင်တော့... သူ့ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာပဲ"
အနီရောင်အလင်းကို မြင်လိုက်ရသော အခါ အကြီးအကဲတစ်ဦးက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည် ။
သွေးမျိုးဆက် အရင်းအမြစ်များကိုလည်း အဆင့်သတ်မှတ်ထားကြ၏။
အောက်ဆုံးအဆင့်မှာ ယခုသူတို့မြသ်လိုက်ကြရသော အနိမ့်စား ဖြစ်ပြီး ထို့နောက် အလတ်စား ၊ အဆင့်မြင့်တန်း နှင့် အမြင့်ဆုံးကိုတော့ ဘွဲ့တံဆိပ်ရ ဟု ခွဲခြားထားလေသည် ။
ထို့အပြင် အဆင့်ခွဲခြားရုံသာမက မတူညီသော အမျိုးအစားများလည်း ရှိကြသေးသည် ။
၎င်းတို့မှာ သေဆုံးခြင်းအမျိုးအစား နှင့် ရှင်သန်ခြင်းအမျိုးအစားတို့ ဖြစ်၏ ။
သေဆုံးခြင်းဆိုသည်မှာ ထိုသူ၏ ဘိုးဘေးသည် ကွယ်လွန်သွားပြီဟု အဓိပ္ပာယ်လေသည် ။
ရှင်သန်ခြင်းဆိုသည်မှာ သူ၏ ဘိုးဘေးသည် ပိုမြင့်သောလောက၌ အသက်ရှင်နေဆဲဟု အဓိပ္ပာယ်ရ၏ ။
ဘိုးဘေးများက ရှင်သန်နေပြီး အဆင့်အတန်းမြင့်လေလေ၊ မျိုးဆက်၏အနာဂတ်က ပိုတောက်ပလေဖြစ်ပြီး ရရှိမည့် ဆုလာဘ်များကလည်း ပိုကြီးမားလေလေ ပင်။
ထို့ကြောင့် ဘိုးဘေးက ရှင်သန်နေရမည်ဖြစ်သလို အဆင့်အတန်းကလည်း မြင့်ရမည်ဖြစ်သည်။
အကယ်၍ ဘိုးဘေးက သေဆုံးအမျိုးအစားဖြစ်နေလျှင် မျိုးဆက်အတွက် အဆင်မပြေနိုင်ပေ။
သေပြီးသားလူက ဘာလုပ်ပေးနိုင်တော့မည်နည်း။
အနှစ်ချုပ်ရလျှင် သေဆုံးအဆင့် အနိမ့်တန်း သွေးမျိုးဆက်ဆိုသည်မှာ အဆင့်အတန်းများ၏ အောက်ခြေနားတွင်ရှိသော အညံ့ဆုံးမျိုးဆက်ဖြစ်သည် ။
"ဒီလို သွေးမျိုးဆက်မျိုးနဲ့ဆိုရင် သူ့အတွက် သိပ်အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး။ နှမြောစရာပဲ"
"နှမြောစရာလား။ မင်းက သွေးစွမ်းအင်အဆင့်ကျင့်ကြံသူလေးပဲ ရှိသေးတာ၊ တစ်ဖက်လူကို သနားနေတာလား။ သူက ဘိုးဘေးသွေး မပါဘဲနဲ့တောင် မင်းတစ်သက်လုံး မရောက်နိုင်တဲ့ အဆင့်ကို ရောက်နေတာ"
ထိုစကားကြောင့် ကျိယွမ်ကို သနားနေသော လူအုပ်မှာ တိတ်ဆိတ်သွားသည် ။
ပြောရလျှင် ကျိယွမ်လိုလူအတွက် ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးသည် အပိုဆောင်း အလှဆင်မှုမျှသာ ဖြစ်လေ၏ ။
သူက ဘိုးဘေးဆေးလုံးမပါလျှင်လည်း ပြိုင်ဘက်ကင်းဖြစ်နေမည်သာ။
သူတို့ဝေဖန်နေချိန်တွင် ကျိယွမ်ကတေု့ မျက်လုံးများကို မှိတ်ထားပြီး အာရုံခံနေဆဲရှိသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးတစ်စက်ပေါ်သို့ သူကအာရုံစိုက်နေခြင်းဖြစ်ပြီး ၄င်းသည် အနည်းငယ် ဆူပွက်လာနေသည်ကို သူခံစားမိ၏။ ။
သို့သော်... အနည်းငယ်မျှသာ ဖြစ်သည် ။
သူ၏ ခွန်အားသည်လည်း အနည်းငယ် တိုးလာခဲ့သည် ။
ဘာလဲ.... နာမည်ကြီး ဘိုးဘေးပြန်လည်ဆန်းသစ်ခြင်းဆေးလုံးက ဒီလောက်ပဲလား။
ကျိယွမ်က ဘဝင်မကျစွာဖြင့် သူ၏ မျက်လုံးများဖြင့် ထိုသွေးတစ်စက်ကို စူးစိုက်ကြည့်လိုက်လေသည် ။
ရုတ်တရက် မရေမတွက်နိုင်သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဝင်လာကြ၏ ။
သူသည် အဆုံးမဲ့ ဟင်းဟင်းလင်းပြင်ကို ဖြတ်ကျော်ကြည့်လိုက်ရာ သွေးရောင်လွှမ်းသော ကမ္ဘာတစ်ခုကို မြင်လိုက်ရသည် ။
ထို့နောက် ကမ္ဘာ၏တစ်နေရာတွင် သွေးများ စီးကျနေသော အရိုးစလေးတစ်ခုကို သူမြင်လိုက်ရပြန်သည် ။
ထိုအရိုးကို ခြေရာခံကြည့်နေရင်း ထိုအရိုးပိုင်ရှင်ကို သူ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏ ။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် ပုံသဏ္ဍာန်မျိုးဖြင့် ဦးခေါင်းက အလွန်ကြီးနေပြီး ခြေလက်များက သိသိသာသာသေးငယ်နေသည့် တွားသွားမိစ္ဆာသတ္တဝါတစ်ကောင် ဖြစ်နေသည် ။
ဤသည်မှာ ထိုသွေးစက်၏ အရင်းအမြစ် ပင်။
"ယင်နတ်ဘုရားလား"
ကျိယွမ် မျက်ခုံးလှုပ်သွား၏။
ထိုသွေးမျိုးဆက်ဘိုးဘေး၏ ခွန်အားမှာ ယင်နတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်ကြောင်း သိလိုက်ရသောကြောင့်ဖြစ်သည်။
"ဟင်... နေဦး....ငါ့ရဲ့ နောက်ထပ်တစ်ယောက်က ဒီမှာရှိနေသလို ဘာလို့ ခံစားနေရတာလဲ"
ကျိယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည် ။
ဘိုးဘေး ပြန်လည်ဆန်းသစ်ခြင်း ဆေးလုံးကြောင့် သူ၏ အသိစိတ်သည် သွေးမျိုးဆက်အရင်းအမြစ် တည်ရှိရာနေရာတွင် ခေတ္တ ရပ်တန့်နေခဲ့သည် ။
ထိုစဥ် နောက်ထပ် သူနှင့်တူသော တစ်ဦးကလည်း ဤနေရာတွင် ရှိနေသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရ၏ ။
"မဟုတ်ဘူး၊ ဒါက မူလမျိုးစေ့ ရဲ့ ဝိညာဉ် အစိတ်အပိုင်းတစ်ခုပဲ"
ခဏအတွင်းမှာပင် ထို "သူ" မှာ အခြားမဟုတ်ဘဲ မူလမျိုးစေ့၏ ဝိညာဉ် အစိတ်အပိုင်း ဖြစ်ကြောင်း ကျိယွမ် သဘောပေါက်သွားခဲ့သည် ။
ကမ္ဘာကြီး ပြန်လည် စတင်ပြီးနောက် သူသည် မူလမျိုးစေ့ကို ဝါးမျိုကာ သူ၏ ဖြစ်တည်မှုအစစ်အမှန်သို့ ပြန်ရောက်လာခဲ့သည် ။
သို့သော် ဤနေရာတွင်... ထိုဝိညာဉ်၏ အကြွင်းအကျန်တစ်ခုက ယခုအချိန်ထိကျန်ရှိနေလေသည် ။
"ထူးဆန်းတယ်... ဒီဝိညာဉ်အပိုင်းအစက သေနေသလိုပဲ။ ဒါက... ဆယ်နှစ်ကြာပြီးမှ သေဆုံးသွားတဲ့ ဝိညာဉ်များလား"
ကျိယွမ်က မူလမျိုးစေ့၏ ဝိညာဥ်အပိုင်းအစအားကြည့်နေရင်းမှ သူ၏အတွေးများကို ဆက်စပ်ကြည့်ကာ နက်နဲစွာစဥ်းစားနေမိ၏ ။
ကမ္ဘာကြီး ပြန်လည်မစတင်မီက ကျိယွမ်ဖြစ်လာခဲ့သော မူလမျိုးစေ့ အစိတ်အပိုင်းသည် သေဆုံးသွားခဲ့ပြီးမှ ၎င်း၏ဝိညာဉ်သည်... ဤနေရာသို့ လွင့်မျောလာခဲ့ခြင်းလော ။
ကမ္ဘာကြီး ပြန်လည် စတင်ပြီးနောက်တွင်လည်း ၎င်းက ဤနေရာ၌ နဂိုအတိုင်း ကျန်ရှိနေဆဲပင် ။
ကျိယွမ်၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်သန်းသွားသည် ။
နောက်ဆုံးတွင် သူ၏ အကြည့်သည် မြေပြင်ပေါ်ရှိ အရိုးစလေးပေါ်သို့ ကျရောက်သွားလေ၏ ။
"ခင်ဗျားက ရှေးဟောင်းကြီး ဖြစ်နေပြီ၊ သေပြီးတာတောင် စိုးရိမ်နေရတုန်းပဲ၊ ဒါကြောင့် ခင်ဗျားရဲ့ သွေးတွေကို ပြန်ပေးလိုက်မယ်"
"ကျုပ်က သက်ကြီးရွယ်အိုတွေကို ရိုသေပြီး လူငယ်တွေကို စောင့်ရှောက်တတ်တဲ့သူပါ။ ခင်ဗျားရဲ့ သွေးတွေကို ပြန်ပေးပါ့မယ်။ အော်...ကျုပ်ရဲ့သွေး နည်းနည်းကိုလည်း ထပ်ထည့်ပေးလိုက်ဦးမယ်"
ကျိယွမ်က ရက်ရောတတ်သူဖြစ်သည် ။
ပြောရလျှင် ထိုသွေးများသည် သူ၏ကိုယ်ပိုင်လည်း မဟုတ်ပေ။ ဝါးမျိုးခြင်းကမ္ဘာဦးခန္ဓာက ပြောင်းလဲပေးထားသည့် မိစ္ဆာမျိုးနွယ်ပေါင်းစုံ၏ သွေးအနှစ်သာရမှ ဖြစ်တည်လာသွေးများသာ ဖြစ်၏ ။
အနည်းငယ် ပိုမျှဝေပေးခြင်းက ကိစ္စမရှိပါ ။
ဘေးမှရပ်ကြည့်နေကြသော သူများသည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲမှထွက်လာသော သွေးအလင်းတန်းတစ်ခုသည် သွေးကျောက်စိမ်းနံရံဆီသို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်လိုက်ရလေသည် ။
ကြည့်နေသူများမှာ ဤမြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်ကုန်၏ ။
"ဘာတွေ ဖြစ်နေတာလဲ"
"ဘာလို့ ချီးမြှင့်ထားတဲ့ သွေးကို... ဘိုးဘေးက ပြန်ယူသွားတာလဲ"
"အမှားအယွင်းတစ်ခုခု ဖြစ်တာလား"
"သွေးမျိုးဆက် မှားသွားတာထင်တယ်"
"ဘိုးဘေးက သူ့ရဲ့ မျိုးဆက်မဟုတ်မှန်း သိသွားလို့လား "
"အဲဒီလိုမှားယွင်းမှုမျိုး ရှိတယ်ပေါ့"
လူအုပ်ကြီးမှာ ဝေခွဲမရ ဖြစ်နေကြ၏။ ဤကဲ့သို့သော အဖြစ်မျိုး သူတို့ တစ်ခါမှ မမြင်ဖူးကြပါ ။
သို့သော် ထိုအချိန်မှာပင် ရုတ်တရက် သွေးကျောက်စိမ်းနံရံသည် ထပ်မံ တောက်ပလာပြန်သည် ။
နံရံမှ နောက်ထပ်သွေးရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျိယွမ်ထံသို့ ဝင်သွားလေသည် ။
ဇဝေဇဝါ ဖြစ်နေသော လူအုပ်ကြီးသည် ရုတ်တရက် နားလည်သွားကြ၏ ။
"အော်... စောစောက မှားသွားတာပဲ၊ အခုမှ တကယ့် အစစ်အမှန်ပဲ"
"သေဆုံးအဆင့် အလတ်တန်းစား သွေးမျိုးဆက်ပဲ။ ပျမ်းမျှလောက်ပဲ ဆိုပေမယ့် ခုနကဟာလောက် မဆိုးပါဘူး"
"ဒါဆို ဒါကမှ ကျိယွမ်ရဲ့ တကယ့် ဘိုးဘေးပေါ့"
သို့သော် သူတို့ ဝေဖန် လေကန်နေစဥ်မှာပင် သွေးကျောက်စိမ်းနံရံသည် ပို၍ တောက်ပလာ၏ ။
ရုတ်တရက် နောက်ထပ်သွေးအလင်းတန်းတစ်ခု၊ နှစ်ခု၊ သုံးခု... ဆယ်ခု... ထို့နောက် ရာနှင့်ချီသော အလင်းတန်းများစွာသည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် စုပြုံတိုးဝင်သွားကြကုန်သည် ။
နံဘေးမှရပ်နေကြသူများ မျက်လုံးပြူးသွားကြပြီး မလန့်တကြားဖြစ်သွားကြ၏။
"အား... သူ့မှာ ဘိုးဘေးတွေက ဘယ်လိုလုပ် ဒီလောက်များနေတာလဲ"
"အနိမ့်တန်း၊ အလတ်တန်း၊ အဆင့်မြင့်တန်းပြီးတော့ ဘွဲ့တံဆိပ်ရ သွေးမျိုးဆက်တွေတောင် ပါသေးတယ်ဟ"
"ဘာတွေ ဖြစ်နေတာလဲ။ သွေးကျောက်စိမ်းနံရံကြီး ပျက်သွားတာလား"
ထိုသို့သော်မှားယွင်းမှုမျိုးကို သူတို့တစ်ခါမှ မကြားဖူးကြပါ။
ပုံမှန်ဆိုလျှင် ထိုအရာက အဘိုးတစ်ယောက်က သားမြေးတစ်ယောက်ကို အမွေပေးသလိုကိစ္စဖြစ်ပြီး အလွန်ရိုးရှင်း၏။
သို့သော် ယခုအခါမှာတော့ အကုန်ရှုပ်ကုန်လေပြီ။
ကျောက်စိမ်းနံရံပေါ်ရှိ ဘိုးဘေးအကုန်လုံးက ကျိယွမ်အားအမွေပေးနေသည့်အလားပင် ။
တစ်ယောက်က စဥ်းစား၍ရသွားသလို ဝင်ပြော၏။
"မဟုတ်ဘူးကွ... သူ့ရဲ့ မိခင်ဘက်က ဘိုးဘေးမှာ... ချစ်သူတွေ အများကြီးရှိခဲ့လို့ ဒီသွေးမျိုးဆက် ဘိုးဘေးတွေ အားလုံးက သူ့ကို သူတို့ကလေးလို့ မှားနေတာများလား"
ခံတပ်ထဲရှိ လူများထဲမှ အချို့မှာ ရှေးဟောင်းလူများဖြစ်ပြီး အချို့ကတော့ ခေတ်သစ်လူများ ဖြစ်ကြသဖြင့် မိမိတို့ စိတ်ကူးထင်ရာများကို အမျိုးမျိုးဝေဖန်နေကြ၏။
သူတို့အားလုံးသည် ကျိယွမ်ကို မမြင်ဖူးသောလူထူးဆန်းကြီးလို အံ့သြသော အကြည့်များဖြင့် ကြည့်နေကြပြီး လက်ရှိတွင် သူတို့သည် ကောလာဟလ သတင်းတစ်ခုကို နားထောင်ရန် အသင့်ဖြစ်နေသည့် ပြဇာတ်ကြည့်ပရိသတ်များကဲ့သို့ပင် ။
ကျိယွမ်၏ ကြီးမားသော ခွန်အားနှင့် လွှမ်းမိုးနေသော သွေးအရှိန်အဝါသာ မရှိခဲ့လျှင် သူတို့သည် ထိုင်ခုံများ ယူလာပြီး မုန့်စားရင်း သူ့ဘိုးဘေးများ၏ အချစ်ဇာတ်လမ်းများကိုတောင် ဆိုးဆိုးရွားရွားများ ထင်ရာချနေကြမှာ သေချာ၏ ။
"ဒါကို 'ဘိုးဘေးများ ရှာပုံတော်' ဆိုတဲ့ ရုပ်ရှင်တောင် ရိုက်လို့ရတယ်"
"ဘိုးဘေးတွေ ဒီလောက်များနေတာဆိုတော့ သူ့ဘိုဘေးက တော်တော် စွံ့မဲ့ပုံပဲ"
"စွံတာဘာဆန်းလဲ ၊ သူရုပ်ကိုကြည့်လေ ၊ ဘယ်လောက်ချောလဲ ၊ သူ့ဘိုးဘေးကလည်း ချောမှာသေချာတယ် "
"ချောတာကချောတာပေါ့ ဒီလောက်ကြီးတော့..."
"စကားပြောဆင်ခြင်ကြ ..."
ကျိယွမ်၏ ကြောက်မက်ဖွယ် ခွန်အားကြောင့် သူတို့မှာ စကားကို ထိန်းထိန်းသိမ်းသိမ်း ပြောနေကြသည် ။
"ဒါပေမဲ့ သေချာတာကတော့ .. သူတို့ မျိုးဆက်လို့ မှားထင်သွားတာပဲ။ ကြည့်ဦး၊ အခု သွေးတွေ အများစုက ပြန်ထွက်ကုန်ပြီ"
"အဲဒီ ပြန်သွားတဲ့ သွေးမျိုးဆက် ဘိုးဘေးတွေက သူ့အမေနဲ့ လက်ဆွဲရုံလောက်ပဲ ဆွဲဖူးကြတာ နေမှာပါ"
"သူအမေ့က ကျောင်းပန်းပွင့်လေးဖြစ်မယ်ထင်တယ်"
"ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းက သူတော်စင်မယ်အလှပဂေးလည်း ဖြစ်နိုင်တာပဲ "
အားလုံးမှာ ထူးဆန်းလွန်းသောဖြစ်ရပ်ကြောင့် စူးစမ်းလိုစိတ်များ ပြင်းထန်နေကြပြီး သူတို့သာ ရှေးခေတ်သို့ သွားနိုင်မည်ဆိုလျှင် ကျိယွမ်၏ မိခင်ဘက်က ဘိုးဘေးသည် မည်မျှအထိ ဆွဲဆောင်မှုရှိသောသူဖြစ်၍ ရှေးဟောင်းဘိုးဘေးများစွာကို အရူးလုပ်ခဲ့သလဲဆိုသည်ကို သွားကြည့်ချင်နေကြသည် ။
ထိုဘိုးဘေးများက အချစ်တွင်မည်မျှ ရူးသွပ်ခဲ့သနည်း။
သူတို့အားလုံးက ကျိယွမ်ကိုမြင်ရုံဖြင့် သူတို့မျိုးဆက်ဟုပင် မှားယွင်းထင်မှတ်ခဲ့ကြပြီး အမွေများပေးခဲ့ကြသည် မဟုတ်ပါလား ။
သူတို့သည် ကျိယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ပြီး တစ်ပတ်ပတ်ကြည့်ပြီးနောက်မှ... " အင်း၊ သူက ငါ့မျိုးဆက် မဟုတ်ပါဘူး၊ အနံ့ချင်းပဲ ဆင်တာပါ" ဟု သိသွားကြခြင်း ဖြစ်နိုင်သည် ။
အမှန်စင်စစ် ပြန်လည်ထွက်ခွာသွားသော အနီရောင် သွေးအလင်းတန်းများသည် သွေးမျိုးဆက် ဘိုးဘေးများ၏ အကြွင်းအကျန်များဖြစ်ကြောင်းကိုတော့ သူတို့မသိကြပါ ။
ကျိယွမ်သည် လူကြီးကို ရိုသေပြီး လူငယ်ကို ချစ်ခင်တတ်၏ ။
သူသည် ထိုဖြစ်တည်မှုများ သေပြီးနောက်တွင်ပင် စိုးရိမ်မနေစေချင်သောကြောင့် သူ၏ သွေးအချို့ကို သူတို့၏ အရိုးအကြွင်းအကျန်များပေါ်တွင် ချန်ထားပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့လုပ်ပေးခြင်း၏ အခြားကောင်းကျိုးတစ်ခုမှာ နောက်ပိုင်းတွင် သူအလိုရှိလျှင် မူလမျိုးစေ့၏ ဝိညာဉ်အပိုင်းအစနှင့် ချိတ်ဆက်ပြီး သူ၏သွေးများကို တည်နေရာပြအဖြစ် အသုံးပြုကာ ထိုဘိုးဘေးများကို ရှာဖွေနိုင်ပေလိမ့်မည် ။
သူ၏ရည်ရွယ်ချက်ကတော့ အခြားမဟုတ်ပါ ။ သူတို့ အိုမင်းလာသောအခါ ပြုစုစောင့်ရှောက်ရန်နှင့် သူတို့ကို... ကောင်းမွန်စွာ သဂြိုဟ်ပေးရန်အတွက်ပင် ။
ကျိယွမ်သည် လူကြီးသူမများအပေါ် အမှန်တကယ်ပင် စာနာထောက်ထားတတ်သူ မဟုတ်ပါလား ။
"ဒါဆို... ဒါတွေက မူလမျိုးစေ့ ကိန်းဝပ်နေတဲ့ ခန္ဓာကိုယ်ရဲ့ သွေးမျိုးဆက် ဘိုးဘေးတွေပေါ့။ သူတို့ရဲ့ လက်ဆောင်တွေက... သူတို့ရဲ့ ခွန်အားအရဆိုရင် တကယ်ကို ရက်ရက်ရောရော ပေးသင့်တယ်... ဒဏ္ဍာရီလာအဆင့် တွေများလား"
ကျိယွမ်၏ လက်ရှိခွန်အားမှာ အမြင့်ဆုံးသို့ မရောက်သေးသော်လည်း သူ၏ အမြင်ကမူ ထက်မြက်နေဆဲ ဖြစ်သည် ။
အနိမ့်တန်းနှင့် အလတ်တန်း သွေးမျိုးဆက် ဘိုးဘေးများသည် အများဆုံး မဟာအုပ်စိုးရှင်အဆင့်တွင် ရှိကြသည် ။
အဆင့်မြင့်တန်း သွေးမျိုးဆက် ဘိုးဘေးများသည် မဟာအုပ်စိုးရှင်အဆင့်အထိ ရောက်နိုင်ကြ၏ ။
ဘွဲ့တံဆိပ်ရ သွေးမျိုးဆက် ဘိုးဘေးများမှာမူ ဒဏ္ဍာရီအဆင့်များ ဖြစ်ကြလေသည် ။
"ဒါက သိုင်းဘုရင်လား"
" ဒါဆို... သိုင်းနတ်ဘုရားဆိုတာ ယန်နတ်ဘုရားကို ပြောတာများလား"
ကျိယွမ်သည် မျက်လုံးများကို မှိတ်ထားပြီး သုံးသပ်နေခဲ့သည် ။
"မဆိုးဘူး။ ဒါနဲ့ဆိုရင် ငါက သိုင်းဝိညာဉ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ နောက်တစ်ဆင့်ဆိုရင် သိုင်းဘုရင်ဖြစ်ပြီ"
ဘိုးဘေးပေါင်းစုံထံမှ လက်ဆောင်များစွာ ရရှိပြီးနောက် ကျိယွမ်၏ ခွန်အားသည် သိသိသာသာ တိုးတက်လာခဲ့သည် ။
သိုင်းဘုရင်အဆင့်သည် ခရမ်းရောင်နန်းတော်အဆင့်နှင့် ညီမျှ၏ ။
၎င်းကို ကျော်လွန်လျှင် သိုင်းနတ်ဘုရား နယ်ပယ်သို့ ရောက်လေပြီ ။
"မိစ္ဆာတွေကို သတ်တာက တိုးတက်မှုကို တကယ် မြန်စေတာပဲ။ နောက်တစ်ခါကျရင် မိစ္ဆာတွေ ပိုများပြီး ပိုစိန်ခေါ်မှုရှိတဲ့ ကမ္ဘာမျိုး ရဖို့ မျှော်လင့်ရတာပဲ၊ ငါ့ကို... ပိုချစ်ဖို့ကောင်းတဲ့ ဘိုးဘေးတွေ ပေးကြပါလို့"
အချိန်အနည်းငယ်ကြာပြီးနောက် ကျိယွမ် မျက်လုံးများကို ဖွင့်လိုက်သည် ။
စကားတပြောပြော ဖြစ်နေသော လူအုပ်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွား၏ ။
အချို့လူများ၏ မျက်နှာတွင် အံ့သြမှုများ ရှိနေသော်လည်း လုံးဝ တိတ်ဆိတ်နေကြသည် ။
တစ်ချို့က သူတို့ဘဝ၏ ဝမ်းနည်းစရာ အခိုက်အတန့် အားလုံးကိုပင် ပြန်တွေးနေသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ ရုတ်တရက် ရယ်မောမိပြီး ကျိယွမ်ကို စိတ်ဆိုးအောင် လုပ်မိမည်ကို ကြောက်နေသောကြောင့် ဖြစ်သည် ။
ထို့ကြောင့် စောစောက ပျော်ရွှင်နေသော လူအုပ်ကြီးမှာ ယခုအချိန်၌ လုံးဝတည်ငြိမ်နေ၏။ အချို့မှာ ဝမ်းနည်းနေသည့် အမူအရာများပင် ရှိနေပြီး မျက်ရည်များပင် စီးကျနေကုန်သည် ။
"မင်းတို့... အဖေတွေ သေကုန်ကြလို့လား"
ကျိယွမ်က မသာရှင်မျက်နှာများဖြစ်နေသော လူများကိုကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည် ။
"ငါ အမွေတောင်းနေတုန်း ဒီမှာဘာဖြစ်သွားတာလဲ"
...............
ကျွင်းအန်း ရပ်ကွက်တွင်ဖြစ်သည်။
လမ်းဘေးရှိ သစ်ကိုင်းများပေါ်တွင် အစိမ်းရောင် အညှောက်လေးများ ထွက်ပေါ်လာပြီး ပူပြင်းစပြုလာသော နွေဦးဦးပိုင်းကို လန်းဆန်းမှု အနည်းငယ် ထပ်လောင်းပေးနေ၏ ။
ဝမ်ကျစ်ချီသည် အင်္ကျီပါးတစ်ထည်ကို ဝတ်ဆင်ထားသော်လည်း အေးသည်ဟု လုံးဝမခံစားရပါ ။
"ကျောင်းအုပ်ကြီး၊ ဒါက ကျွန်မတို့ ရပ်ကွက်ပါ။ ကြည့်လို့ ကောင်းတယ် မဟုတ်လား"
ဝမ်ကျစ်ချီသည် ရိုးသားသော သဘာဝရှိပြီး ကစားရသည်ကို ဝါသနာပါသော အသက်အရွယ် ဖြစ်သည် ။
ထို့အပြင် သူမ၏ မြင့်မားသော ပါရမီကြောင့် သူမသည် ထျန်းရွှမ်းမျှော်စင်တွင် အလွန်လူကြိုက်များပြီး ဆရာများ အားလုံးက သူမအပေါ် အလွန် ကြင်နာကြလေသည် ။
ထို့ကြောင့် သူမသည် ရှဲ့ထန်ကဲ့သို့ ကျင့်ကြံသူများကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲ ဖြစ်နေခြင်းပင် ။
"ဟုတ်တယ်၊ လူတွေ အများကြီးပဲ"
ရှဲ့ထန်က ခေါင်းညိတ်ပြရင်း ရပ်ကွက်ကို အမှတ်တမဲ့ ကြည့်လိုက်သည် ။
အင်း၊ သာမန် လူသားတွေနေတဲ့ ရပ်ကွက်လေးတစ်ခုပါပဲ ။
"ကျွန်မတို့ ရပ်ကွက်က ကြည့်ရတာ သာမန်လို ဖြစ်နေပေမယ့် ဒီမှာ အံ့သြစရာကောင်းတဲ့ လူတွေ ရှိပါတယ်။"
" ဥပမာ ကျွန်မအဖေပေါ့၊ ဟီးဟီး... သူက သိုင်းပညာရှင်တစ်ယောက်လေ၊ ထိပ်တန်း စစ်သားတစ်ယောက်လို့ သတ်မှတ်လို့ရတယ်"
ဝမ်ကျစ်ချီက ဖခင်အကြောင်းကို သွားလေးဖြီး၍ ဂုဏ်ယူစွာ ပြောလိုက်သည် ။
သူမ၏ဖခင်ယန်ရှန်းသည် စစ်သားများကြားတွင် ဘုရင်တစ်ပါးကဲ့သို့ နှိုင်းယှဉ်ရလောက်သည့် သက်ရှိဒဏ္ဍာရီတစ်ခုပင် ။
သူမ၏ အတန်းဖော်များကို ထိုကိစ္စအား လျှို့ဝှက်ထားသော်လည်း ရှဲ့ထန်ကဲ့သို့ ကျင့်ကြံသူတစ်ဦးအတွက်တော့ အရေးမကြီးသဖြင့် သူမကပြောပြလိုက်ခြင်းဖြစ်၏။
"မဆိုးဘူး၊ သူက လူသားတွေထဲမှာ ထူးချွန်တဲ့သူပဲ"
ရှဲ့ထန်က အလိုက်သင့်ချီးကျူးလိုက်သည် ။
ပါရမီရှင် တပည့်လေးများကို ဂရုတစိုက် ဆက်ဆံမှသာ မိမိတို့ဂိုဏ်းတွင်ပျော်ရွှင်နေပေလိမ့်မည်။
"ကျွန်မတို့ ရပ်ကွက်မှာ ဖောလိုဝါ သန်းချီရှိတဲ့ အွန်လိုင်းဆယ်လီ ကြောင်တစ်ကောင်လည်း ရှိသေးတယ်"
ဝမ်ကျစ်ချီက စိတ်လှုပ်ရှားစွာ ပြောသည် ။
"ကျောင်းအုပ်ကြီး၊ ဒီကြောင်က ဉာဏ်ရည်ရှိတယ်၊ သူက ဟင်းချက်တတ်သလို ရူဗစ်ကျုအံစာတုံးကိုတောင် ကစားတတ်တယ်"
ပြောရင်းနှင့် ဝမ်ကျစ်ချီသည် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး ရှဲ့ထန်ကို ဗီဒီယိုတစ်ခု ပြလိုက်သည် ။
ဗီဒီယိုထဲတွင် သနားစရာကောင်းသော ပုံစံရှိသည့် ကြောင်တစ်ကောင်သည် အေပရွန်တစ်ထည်ကိုဝတ်ဆင်ထားပြီး ယောက်မကိုကိုင်ကာ ဟင်းချက်နေ၏ ။
၎င်းသည် တစ်ခါတစ်ရံ ဆားနှင့် ဟင်းခတ်မှုန့်များကိုပင် ယူထည့်နေပြီး အမှန်တကယ်ချက်ပြုတ်တတ်သလို ထင်ရလေသည် ။
"ဒီကြောင်က တကယ် စမတ်ကျတာ။ ကျွန်မ သူ့ကို ပွေ့ဖက်ဖူးတယ်၊ သူက ကျွန်မ အိမ်နီးနားချင်းရဲ့ ကြောင်လေးလေ"
ဝမ်ကျစ်ချီက ဗီိဒီယိုကိုပြရင် စိတ်အားထက်သန်စွာ ရှင်းပြနေသည် ။
ရှဲ့ထန်သည် စိတ်မပါသော်လည်း ဝတ်ကျေတန်းကျေဖြင့် ဗီဒီယိုကို ကြည့်လိုက်သော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည် ။
အကြောင်းရင်း တစ်ခုခုကြောင့် ဤကြောင်ကို သူမ ရင်းနှီးနေသကဲ့သို့ ခံစားနေသောကြောင့်ပင် ။
"မင်းတို့လို ကမ္ဘာမျိုးမှာဆိုရင် ဒီကြောင်က တကယ်ကို ထူးခြားပါတယ်၊ ဒါပေမဲ့ ဆရာမတို့ မီးဝိညာဉ်နယ်မြေမှာဆိုရင်တော့ ဒါက အထူးအဆန်း မဟုတ်ပါဘူး"
" မီးဝိညာဉ်နယ်မြေမှာ တချို့ ကြောင်တွေက လူတွေနဲ့ တန်းတူ ဉာဏ်ရည် ဖွံ့ဖြိုးကြတယ်"
"ကျောင်းအုပ်ကြီး၊ ဒီကြောင်က ကျင့်ကြံပြီး ကျွန်မတို့လို ပြောင်းလဲနိုင်တဲ့ အလားအလာ ရှိလား"
ဝမ်ကျစ်ချီက စိတ်ဝင်တစားမေးလိုက်သည် ။
"ခက်လိမ့်မယ်"
ရှဲ့ထန်က ခေါင်းခါပြ၏ ။
"ငါ့တို့ ထျန်းရွှမ်းဂိုဏ်းမှာ လူသားမဟုတ်တဲ့ သတ္တဝါတွေအတွက် ကျင့်စဉ် မရှိဘူး"
"နှမြောစရာပဲ"
ဝမ်ကျစ်ချီက စိတ်ပျက်သွားသော်လည်း ရှဲ့ထန်ကို မော့ကြည့်ကာ ရုတ်တရက် ပြောလိုသည်။
"ကျောင်းအုပ်ကြီး၊ ရှင့်မှာသာ အကောင့်တစ်ခု ရှိရင် သေချာပေါက် ဖောလိုဝါ အများကြီးရပြီး နာမည်ကြီး အွန်လိုင်းဆယ်လီ ဖြစ်မှာပဲ"
"အော်... ဟုတ်လား"
ရှဲ့ထန်က နူးညံ့စွာ ပြုံးလိုက်ရာ သူမ၏ ကြယ်တာရာပုံစံမျက်ခုံးများအောက်ရှိမျက်လုံးများက တောက်ပလာ၏ ။
"ဒါက ကျွန်မ ပထမဆုံး မြင်ဖူးတာပဲ... မျက်ခုံးက ကြယ်တွေလို ဖြစ်နေတဲ့သူ။ တခြားလူတွေက ဓားပုံစံ မျက်ခုံးတွေ ရှိကြပေမယ့် ကျောင်းအုပ်ကြီးရဲ့ မျက်ခုံးက ကြယ်ပုံစံပဲ၊ အဲဒါက တကယ့်ကို ထူးခြားတာပဲ"
ဝမ်ကျစ်ချီက မျက်လုံးများ တောက်ပလျက် ပြောလိုက်သည် ။
ရှဲ့ထန်က သဘောကျသလို ရယ်မောလိုက်၏။
"ငါ့မျက်ခုံးက ထူးခြားတာ ဘာမှ မဟုတ်သေးပါဘူး။ ငါ့ရဲ့ စီနီယာအစ်မကိုသာ မြင်ရင် အချို့လူတွေရဲ့ မျက်ခုံးက... လိပ်ပုံစံတောင် ပေါက်နေတာကို တွေ့လိမ့်မယ်"
"ဘာ၊ လိပ်ပုံစံလား။ အဲဒါက တကယ်ကို အမိုက်စားပဲ"
ဝမ်ကျစ်ချီက အံ့သြတကြီး အော်လိုက်မိသည် ။
"ကျွန်မ ကျင့်ကြံခြင်းကို တတ်မြောက်သွားတဲ့အခါ ကျွန်မရဲ့ မျက်ခုံးတွေကို... နေမင်းကြီးပုံစံ လုပ်ချင်တယ်"
ရှဲ့ထန်သည် ဝမ်ကျစ်ချီကို ကြင်နာစွာ ကြည့်လိုက်၏ ။
အကယ်၍ အခြားသူတစ်ဦးဦးကသာ သူမ၏ မျက်ခုံးကို နောက်ပြောင်ခဲ့လျှင် သူမ ဓားဖြင့် တစ်ချက်တည်း သတ်ပစ်မိမှာ သေချာသည် ။
သို့သော် ဝမ်ကျစ်ချီကတော့ မတူပါ ။ ဝမ်ကျစ်ချီသည် သဘာဝအတိုင်း ရိုးသားပြီး မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ရှဲ့ထန် သိလေ၏။
သို့သော် ထိုအချိန်တွင် သူမ၏ ကြယ်တာရာမျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး သူမ၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ထွက်ပေါ်လာသည်။
"နင်တို့ ရပ်ကွက်က တကယ်ကို ထူးခြားတဲ့သူတွေနဲ့ ပြည့်နေတာပဲ။ ငါ နောက်ထပ် ပါရမီရှင် လူငယ် နှစ်ယောက်ကို တွေ့လိုက်ပြန်ပြီ"
ယခု သူမတွေ့လိုက်ရသောနှစ်ယောက်၏ပါရမီသည် ဝမ်ကျစ်ချီထက်ပင် များစွာ သာလွန်နေ၏။
ရှဲ့ထန် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း ။
"ငါတော့ လမ်းသွားရင်း ရတနာကိုခလုတ်တိုက်မိတာပဲ"
-------------------
အခန်း ၃၄၇ - ချိန်းတွေ့ဖော် ရှောင်မေ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အသား
ရှဲ့ထန်၏ အကြည့်သည် ဆယ်ကျော်သက်လေးနှစ်ယောက်ထံသို့ ကျရောက်နေပြီး မျက်စိမလွှဲနိုင်ဖြစ်နေ၏ ။
သူမ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ထင်ဟပ်လာပြီး မျှော်လင့်ချက်များ ရှင်သန်လာပုံပင်။
မည်သို့ပင်ဆိုစေကာမူ ထျန်းရွှမ်းဂိုဏ်းဆုတ်ယုတ်နေသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။
မီးဝိညာဉ်နယ်မြေတွင်ပင် ပါရမီရှင်ကောင်းများ စုဆောင်းရန် ခက်ခဲနေပြီး မျှော်လင့်ချက်များ မှေးမှိန်နေခဲ့ရ၏။
ထို့ကြောင့် သူမသည် ဤကမ္ဘာသစ်ကို မျှော်လင့်ချက် ထားခဲ့ခြင်းဖြစ်သည်။
ဝမ်ကျစ်ချီကို တွေ့ရှိခဲ့ခြင်းမှာ မထင်မှတ်ထားသော ဝမ်းမြောက်စရာ ဖြစ်ပြီး သူမလိုပါရမီရှင်မျိုးထပ်တွေ့ရန် မလွယ်ကူပါ ။
ယခုအခါ ဝမ်ကျစ်ချီထက်ပင် ပါရမီပိုမြင့်သော လူငယ်နှစ်ဦးကို မြင်လိုက်ရသဖြင့် သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း ။
အထူးသဖြင့် ဤနှစ်ဦးသည် ထျန်းယွဲ့မြို့တွင် ရှိနေခြင်းက သူမအား ပို၍ ကျေနပ်စေသည် ။
ထျန်းယွဲ့မြို့သည် သူမတို့၏ရွှမ်ထျန်းဂိုဏ်း တပည့်စုဆောင်းရာရင်းမြစ်ဖြစ်ပြီး တရားဝင်သိမ်းသွင်းပိုင်ခွင့်ရှိသည် မဟုတ်ပါလား ။
"ကျောင်းအုပ်ကြီး၊ အဲဒီနှစ်ယောက်ကို ပြောတာလား"
ဝမ်ကျစ်ချီ၏ မျက်လုံးလေးများမှာ အံ့သြမှုဖြင့် တောက်ပသွားသည် ။
"တိုက်ဆိုင်လိုက်တာ။ ကျွန်မ သူတို့ကို သိတယ်၊ သူတို့က အစ်ကိုကျိယွမ် ဝူကွေ့နိုင်ငံကနေ ခေါ်လာတဲ့ ဒုက္ခသည်တွေပါ"
"အော်... ကျိယွမ်ဆိုတာ ဘယ်သူလဲ"
ရှဲ့ထန်က ထိုလူငယ်နှစ်ဦးထံမှ အကြည့်မခွာဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည် ။
"သူက ကျွန်မရဲ့ အိမ်နီးနားချင်းပါ၊ ကျွန်မအဖေရဲ့ သူငယ်ချင်းကောင်းပေါ့၊ ပြီးတော့ ဟိုနာမည်ကြီးကြောင်ရဲ့ ပိုင်ရှင်လည်း ဟုတ်တယ်။ပြီးတော့ .."
ဝမ်ကျစ်ချီက ခေတ္တရပ်သွားပြီး စပ်ဖြီးဖြီးလေးလုပ်၏။
" ဟီးဟီး..၊ သူကလေ... တကယ်ကို ချောတာ။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မသူငယ်ချင်းက သူ့ကိုမြင်တော့ ဝန်ခံချင်တယ်လို့တောင် ပြောသေးတယ်။ ဒါပေမဲ့ ..ဟီးဟီး...အစ်ကိုကျိယွမ်က ပြီးခဲ့တဲ့တစ်ခေါက် ပြန်လာတော့ အရမ်းလှတဲ့ မိန်းမတစ်ယောက်ကို လက်ထပ်လာခဲ့လို့ ကျွန်မသူငယ်ချင်းဆိုရင် တစ်နေ့နဲ့တစ်ညတောင်မှ ငိုလိုက်ရသေးတယ်"
ဝမ်ကျစ်ချီက ပြောရင်းမှ တက်ကြွလာသည် ။
သူမ၏ သူငယ်ချင်းမှာ အမြဲတမ်း အချစ်နွံထဲ နစ်နေတတ်သူမျိုး ဖြစ်ပြီး အလယ်တန်းကျောင်းတုန်းက ဆိုင်ကယ်စီးသည့် လမ်းသရဲများကို ကြိုက်ခဲ့ပြီး၊ အထက်တန်းကျောင်းတွင် ဇီဝဗေဒဆရာကို စိတ်ဝင်စားခဲ့လေသည် ။
တက္ကသိုလ်ရောက်လျှင်လည်း စစ်ရေးလေ့ကျင့်ခန်းဆရာကို ချစ်မိသွားဦးမည် ဖြစ်၏။
"ဟုတ်လား၊ ဒီလို ပါရမီရှင်နှစ်ယောက်ကို ခေါ်လာနိုင်တယ်ဆိုတော့ သူက တော်တော်ကံကောင်းတာပဲ"
ရှဲ့ထန်သည် ကျိယွမ်ကို သိပ်အာရုံမစိုက်ပါ ။ လက်ရှိအချိန်တွင် သူမ၏ တစ်ခုတည်းသော အာရုံစိုက်မှုမှာထူးခြားသော ပါရမီရှင် လူငယ်လေးနှစ်ဦးသာ ဖြစ်သည် ။
သို့သော် ခဏအကြာတွင် သူမ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏ ။
"တုရှန်းဂိုဏ်းက လူတွေလား။ ဟွန်း... ပြီးတော့ နှောင်ကြိုးမဲ့ကြီး ရှောင်ယောင်စန်းရန်လည်း ပါနေတာပဲ"
ကလေးနှစ်ယောက်ဘေးတွင် ရပ်နေသည့် သူမအလွန်မုန်းတီးသော သူတစ်ဦးကို သူမ ရုတ်တရက် သတိပြုမိလိုက်မိသောကြောင့် အမူအယာပြောင်းသွားခြင်းပင် ။
၎င်းမှာ အခြားသူမဟုတ်ဘဲ တုရှန်းဂိုဏ်းမှ ကျန်းချင်းကျောင်ပင် ဖြစ်လေသည် ။
အခြားတစ်ယောက်မှာမူ နှောင်ကြိုးမဲ့ကြီးဟု လူသိများသော နာမည်ကြီး တစ်ကိုယ်တော်ကျင့်ကြံသူ ရှောင်ယောင်စန်းရန် ဖြစ်သည် ။
ဤတစ်ကိုယ်တော်ကျင့်ကြံသူသည် အလွန်အင်အားကောင်းပြီး စိတ်ဝိညာဥ်အဆင့်ရှိသော မိစ္ဆာအိုကြီးတစ်ဦးလည်း ဖြစ်၏ ။
ယခုအချိန်တွင် နှောင်ကြိုးမဲ့ကြီးသည် မှော်ပညာတစ်ခုကို ပြသနေပြီး သူ၏လက်ထဲတွင် ငှက်ကလေးတစ်ကောင်ကို ဖန်တီးလိုက်သည် ။ ထိုငှက်ကလေးသည် နှုတ်သီးတွင် ပန်းလေးတစ်ပွင့်ကို ကိုက်ထားပြီး အရောင်င်စုံတောက်ပနေသဖြင့် ချစ်စရာကောင်းလှသည် ။
"တုရှန်းဂိုဏ်းက ငါ့ရဲ့ ထျန်းယွဲ့မြို့မှာ ဘာလာလုပ်နေတာလဲ"
ခဏမျှ ကြည့်ရှုပြီးနောက် ရှဲ့ထန်သည် ဝမ်ကျစ်ချီနှင့်အတူ ကလေးများထံ တိုက်ရိုက် ချဉ်းကပ်သွားလိုက်သည် ။
သူမက အနီးသို့ရောက်သည်နှင့် ကျန်းချင်းကျောင်ကို ရန်လိုသောအမူအရာနှင့်အတူ မကျေနပ်သလို ကြည့်လိုက်၏ ။
ကျန်းချင်းကျောင်သည်လည်း ရှဲ့ထန်ကို မြင်သောအခါ သူ၏မျက်လုံးများတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီးနောက် အေးစက်သော အမူအရာသို့ ပြောင်းလဲသွားသည် ။
"အော်... ထျန်ရွှမ်းဂိုဏ်းက လိပ်ကြယ်နတ်သမီးကိုး"
"စီနီယာနှောင်ကြိုးမဲ့က ဒီကလေးနှစ်ယောက်နဲ့ ဆုံလို့ တပည့်အဖြစ် လက်ခံချင်နေတယ်၊ ဒါကြောင့် ကျွန်တော်က လာကြည့်ပေးတာပါ"
" အော်... ထျန်းယွဲ့မြို့အကြောင်း ပြောရရင်တော့... နင့်ရဲ့ ဂျူနီယာမောင်လေးက ငါ့ရဲ့ ဂျူနီယာညီလေးကို ရှုံးထားတာလေ၊ ငါက ဘာလို့ ထျန်းယွဲ့ကို လာလို့မရရမှာလဲ"
ကျန်းချင်းကျောင်၏အမူအယာက မထိီလေးစားနိုင်ပြီး စကားများကလည်း ရန်လိုမှုများဖြင့် ပြည့်နှက်နေသည် ။
ရှဲ့ထန်၏ ကြာ်ပုံသဏ္ဍာန်မျက်ခုံးများက တွန့်ချိုးသွား၏။သူမက ကျန်းချင်းကျောင်၏ စကားကြောင့် ဒေါသထွက်သွားလေသည် ။
"နင့်က ဘာစကားပြောတာလဲ ၊ ငါတို့ ထျန်းယွဲ့ကို မရှုံးသေးဘူးနော်"
ကျန်းချင်းကျောင်က ခနဲ့သလိုပြုံးလိုက်ပြီး စိန်ခေါ်စကားပြော၏ ။
"ကြယ်နတ်သမီး...နင်လည်း ဒီကို ရောက်နေမှတော့ တခြားအချိန်ကို စောင့်မနေဘဲ ဒီနေ့ပဲ ယှဉ်ပြိုင်ကြမလား"
"ဖြစ်နိုင်တာက... ထျန်းယွဲ့မြို့ဟာ ငါတို့ တုရှန်းဂိုဏ်းရဲ့ လက်ထဲကိုပဲ ရောက်သွားမှာပါ"
ရှဲ့ထန်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည် ။
ကျန်းချင်းကျောင်သည် တုရှန်းဂိုဏ်း၏ သူတော်စင်သားတော်ဖြစ်ပြီး မျိုးဆက်သစ်များထဲတွင် အသန်မာဆုံး ဟု ဆိုနိုင်လေသည် ။
သူနှင့် နှိုင်းယှဉ်လျှင် ရှဲ့ထန်မှာ များစွာ အားနည်းသူဖြစ်သည် ။
သူမ၏ စီနီယာအစ်မ ရှဲ့ရှင်းဆုတစ်ဦးတည်းသာ ကျန်းချင်းကျောင်ကို အသာစီးရနိုင်၏ ။
စီနီယာအစ်မ ပျောက်ဆုံးသွားကတည်းက ထျန်ရွှမ်းဂိုဏ်း၏ မျိုးဆက်သစ်များမှာ အားနည်းချက်များစွာရှိနေခဲ့ပြီး တုရှန်းဂိုဏ်းကို မယှဉ်နိုင်တော့သည်မှာ ကြာခဲ့လေပြီ။
ထို့ကြောင့် ရှဲ့ထန်အနေဖြင့် ကျန်းချင်းကျောင်၏ စိန်ခေါ်မှုကို စိတ်လိုက်မာန်ပါ လက်ခံလိုက်လျှင် အရှက်တကွဲ ရှုံးနိမ့်ခြင်းသို့သာ ဦးတည်သွားပေလိမ့်မည် ။
သူမ ဘာတတ်နိုင်မည်နည်း။
မခံချင်သော်လည်း အံကြိတ်ပြီး ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်၏ ။
ရှဲ့ထန်၏ ခက်ခဲနေပုံကို မြင်လိုက်ရသောအခါ ကျန်းချင်းကျောင်၏ အပြုံးက ပိုမို ကျယ်ပြန့်လာသည် ။
"တကယ်လို့ စီနီယာနှောင်ကြိုးမဲ့က စိတ်ကုန်သွားလို့ ဒီကလေးနှစ်ယောက်ကို တပည့်အဖြစ် မယူတော့ဘူးဆိုရင်... ငါတို့တုရှန်းဂိုဏ်းရဲ့ အလှည့်ပဲ။
ငါတို့ တုရှန်းဂိုဏ်းက မယူချင်မှသာ နင်တို့အတွက် အခွင့်အရေး ရှိလိမ့်မယ်"
ကျန်းချင်းကျောင်သည် မပြိုင်ခင်ကတည်းက နိုင်ပြီးသားဟု ထင်မှတ်ကာ ယုံကြည်မှုအပြည့်ဖြင့် မောက်မာစွာ ပြောဆိုနေသည် ။
ရှဲ့ထန်မှာ ဒေါသများ ပေါက်ကွဲထွက်မတတ် ဖြစ်နေသော်လည်း စကားလုံးများ ပျောက်ရှနေပြီး လက်သီးကိုသာ တင်းတင်းဆုပ်ထားမိ၏ ။
ကျန်းချင်းကျောင်သည် သူမကို တိုက်ခိုက်လာအောင် တမင်တကာ ဆွပေးနေခြင်းဖြစ်ကြောင်း သူမ နားလည်ပါသည် ။
သူမ ရှုံးနိမ့်သွားလျှင် ကိုယ်ရေးကိုယ်တာ အရှက်ရမှုဖြစ်ရုံသာမက ဂိုဏ်း၏ တပည့်စုဆောင်းရာ နယ်မြေကိုပါ ဆုံးရှုံးရမည်ဖြစ်သောကြောင့် ခွင့်မလွှတ်နိုင်သော အမှား ဖြစ်သွားပေလိမ့်မည် ။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသော အားကျိသည် ညီမဖြစ်သူ၏ လက်ကို ကိုင်ထားပြီး ကျန်းချင်းကျောင်ကို ပြတ်သားစွာ ကြည့်လိုက်သည် ။
"ခင်ဗျားတို့ကို ကျွန်တော် အရင်ကလည်း ပြောပြီးပြီ၊ သူ့ကို ဆရာအဖြစ် မယူနိုင်သလို တုရှန်းဂိုဏ်းဆိုတာထဲကိုလည်း မဝင်နိုင်ဘူး"
" ကျွန်တော့်အတွက်နဲ့ အချိန်တွေ ထပ်မဖြုန်းပါနဲ့တော့၊ ဒါက မထိုက်တန်ပါဘူး"
ကျန်းချင်းကျောင်မှာ မထင်မှတ်ထားသော စကားကြောင့် အံ့အားသင့်သွား၏၊ သာမန်မသေမျိုးကလေးတစ်ယောက်က သူ့ကို ဤကဲ့သို့ ပြန်ပြောရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါ ။
သူ မကျေမနပ်ဖြစ်သွားပြီး မျက်နှာထားက အနည်းငယ် တည်သွားသော်လည်း သူက ဟန်ဆောင်ကောင်းစွာဖြင့် ဖုံးကွယ်ထားသည် ။
"ငါတို့နဲ့ ပူးပေါင်းတာက မင်းအတွက် စိတ်ကူးမယဉ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရမှာနော်"
" အာဏာ၊ စည်းစိမ်၊ အလှအပ... ဘာလိုချင်လဲ ၊ မင်းအလိုရှိတဲ့ အရာမှန်သမျှလက်တစ်ကမ်းမှာ ရှိနေစေရမယ်"
"ကျွန်တော် အဲဒါတွေကို မလိုအပ်ဘူး။ ကျွန်တော့်ရဲ့ အသက်က ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ သခင်ရဲ့ အသက်ပဲ"
အားကျိကတော့ ဆွဲဆောင်မှုများကို ဂရုမစိုက်ဘဲ ပြတ်သားစွာငြင်းနေဆဲပင်။
သူ့အတွက်မူ ကျေးဇူးကို မပြောနှင့်ဦး၊ သခင်၏ခွန်အားကပင် သူတို့ပြနေသော ကလေးကလား လှည့်ကွက်လေးများထက် များစွာသာလွန်လေသည် ။
ထို့အပြင် သခင်က သူ၏သွေးကိုလိုချင်သည်ဟုပြောထားသောကြောင့်
သူ၏ သွေးသည် သခင်ဖြစ်သူ၏ အပိုင် ဖြစ်ပြီးသားပင် ။
"ကလေးလေး၊ မင်း ငါ့ကို ဆရာအဖြစ် လက်ခံလိုက်ရင် မင်းရဲ့ သခင်ကို ပိုပြီး ကျေးဇူးဆပ်နိုင်လိမ့်မယ်"
ပါးနပ်သောနှောင်ကြိုးမဲ့ကြီးက ကြင်နာသော လေသံဖြင့် တစ်မျိုးဝင်ဖြောင်းဖျ၏ ။ ထိုကောင်လေး ငြင်းနေသည့်အကြောင်းရင်ကို သူအနည်းငယ် သဘောပေါက်သွားလေပြီ။
"ဒါပေမဲ့ မှတ်ထားပါ၊ ဘဝဆိုတာ ကိုယ့်အတွက်ကိုယ် ရှင်သန်ရတာမျိုးပဲ၊ လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ဖို့က တကယ် အရေးကြီးတယ်"
" မင်းရဲ့သခင်က မင်းအသက်ကို ကယ်ခဲ့တာဆိုတော့ သူ့ရဲ့ ကျေးဇူးက တကယ်ပဲ နက်ရှိုင်းတယ်"
" ဒါပေမဲ့ မင်း ငါ့နောက်လိုက်ပြီး သင်ယူမယ်ဆိုရင် သူ့ကို ရွှေတောင်ကြီးနဲ့ ကျေးဇူးဆပ်နိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ ပြီး စောင့်နေစရာ မလိုတော့ဘူး ၊ ဒီလိုသာဆက်သွားနေရင် မင်းဘယ်လိုကျေးဇုးဆပ်နိုင်မှာလဲ "
သူက တုရှန်းဂိုဏ်းနှင့်မတူပါ ၊ အကြောင်းအကျိုးပြကာ ဆွဲဆောင်လိုက်သည်။
သို့သော် အားကျိကတော့ ပြတ်ပြတ်သားသား ခေါင်းခါပြနေဆဲပင် ။
ကျိယွမ်၏ သဘောတူညီချက် မပါဘဲ မိုးနတ်မင်း ဆင်းလာလျှင်ပင် သူ၏ စိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပါ ။
အားကျိ၏တုန့်ပြန်မှုကို မြင်သောအခါ နှောင်ကြိုးမဲ့ရှောင်ယောင်စန်းရန်၏ မျက်လုံးများတွင် စိတ်ပျက်ရိပ်များ ဖြတ်ပြေးသွားခဲ့သည် ။
သူ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားလေပြီ။
အားကျိ၏ ခေါင်းမာသော သစ္စာရှိမှုမျိုးကို သူ မကြိုက်ပါ၊ ၎င်းမှာ သူ၏ လွတ်လပ်သော အယူအဆနှင့် မကိုက်ညီပေ ။
"နှမြောစရာပဲ။ ငါတို့က ရေစက်မပါဘူး ထင်ပါရဲ့"
နှောင်ကြိုးမဲ့ကြီးက သက်ပြင်းချလိုက်သည် ။
သို့သော် ပြိုင်ဘက်ဖြစ်သော ရှောင်ယောင်စန်းရန်က လက်လျှော့လိုက်ဟန်ရသည်ကို မြင်သောအခါ ကျန်းချင်းကျောင်ကတော့ ကျေနပ်သွားလေ၏ ။
မကြာမီတွင် နှောင်ကြိုးမဲ့ကြီးသည် တပည့်လက်ခံရန် စိတ်ကူးကို လုံးဝ စွန့်လွှတ်လိုက်တော့မည်ဟု သူ ယူဆလ်ုက်သည် ။
ထိုအချိန်ကျလျှင် ဤနှစ်ယောက်သည် တုရှန်းဂိုဏ်းထဲသို့ ဝင်လာကြမည် မဟုတ်ပါလား ။
သူကတော့ နှောင်ကြိုးမဲ့ကြီးကဲ့သို့ သဘောထားကြီးမည် မဟုတ်ပါ ။
သူက ရှဲ့ထန်အား ကြည့်ကာ မဲ့လိုက်၏။
အကယ်၍ တုရှန်းဂိုဏ်းက သူတို့ကို မရရှိခဲ့လျှင် အခြားမည်သည့်ဂိုဏ်းမှလည်း ရရှိစေမည် မဟုတ်ပါ ။
................
ဖြူလွလွ တိမ်တိုက်များ လွင့်မျောနေပြီး မိုးဖွဲဖွဲလေးများ ရွာသွန်းနေ၏။
ရွက်နုစိမ်းလေးများက နွေဦး၏ အလှတရားများကို ဝေဆာစေရန် အားဖြည့်ပေးနေသလိုပင် ။
ကျိယွမ်သည် မိန်းမလှလေး၏ နှုတ်ခမ်းလှလှလေးများကို မြည်းစမ်းနေပြီး တစ်ခါတစ်ရံတွင် သူမ၏ ရေတံခွန်ကဲ့သို့ ဆံနွယ်များကို ဘေးသို့ ဖယ်ရှားပေးကာ ပို၍ နီးကပ်အောင် ဆွဲယူလိုက်သည် ။
တစ်ကြိမ်စီတိုင်းတွင် နင်းထောင်အဖြစ် ဟန်ဆောင်ထားသော ရွှေရောင် ငှက်ကလေးသည် မခုခံနိုင်တော့ဘဲ ကျိယွမ်၏ ပေါင်ပေါ်တွင် နားခိုလိုက်ရ၏။
သူမက တွန်းထုတ်ချင်နေသကဲ့သို့ ရှိသော်လည်း ပို၍ တင်းကျပ်စွာ ဖက်ထားချင်နေသည့် အမူအရာမျိုး ဖြစ်နေသည် ။
မည်မျှ အချိန်ကုန်လွန်သွားသည်ကို မသိရသော်လည်း သာယာကြည်နူးဖွယ် မိုးစက်များမှာ နောက်ဆုံးတွင် ငြိမ်သက်သွားလေသည် ။
မိန်းမလှလေး၏ တမ်းတမှုများမှာ မပျောက်ကွယ်သေးဘဲ ကျိယွမ်၏ ရင်ခွင်ထဲတွင် ကြောင်ကလေးတစ်ကောင်ကဲ့သို့ တိုးဝပ်နေပြီး ဟွမ်ရွှမ် ကမ္ဘာအကြောင်း သူ ပြောပြသည်များ
ကို နားထောင်နေ၏ ။
"နင် အီကျန်းမြစ်က ငါးဘုရင်မလေးကို အသက်ချမ်းသာပေးသင့်တယ်"
" ဘာလို့လဲ"
"ဟန်ရှန်းယွမ်အတွက် အမိုက်စား မိန်းမတစ်ယောက် ရှာပေးချင်တယ်လို့ နင်ပြောခဲ့တယ် မဟုတ်လား။ အဲဒီ ငါးမလေးက တော်တော်လေး အမိုက်စားလို့ ငါ ထင်တယ်"
"နင် ပြောတာ အဓိပ္ပာယ်ရှိတယ်"
ကျိယွမ်က သဘောတူသလို ခေါင်းညိတ်လိုက်သည် ။
ကျောက်စိမ်းကဲ့သို့ လှပသည့်ခြေထောက်တစ်စုံရှိသော ငါးခေါင်းနှင့် အမျိုးသမီးဆိုသည်မှာ တကယ်ကို တစ်မျိုးလေး ထူးခြားသည်မဟုတ်ပါလား ။
"နောက်တစ်ခါ မစ်ရှင်ကမ္ဘာထဲကို ဝင်တဲ့အခါ ငါ သတိထားကြည့်လိုက်ဦးမယ်၊ ဟန်ရှန်းယွမ်အတွက် မိန်းမတစ်ယောက် ရှာပေးလို့ ရမလားပေါ့"
ကျိယွမ်သည် အမြဲတမ်း ကူညီတတ်သူ ဖြစ်သည် ။
အကယ်၍ မစ်ရှင်ကမ္ဘာထဲတွင် သင့်တော်သူနှင့် ဆုံခဲ့လျှင် ဟန်ရှန်းယွမ်အတွက် အိမ်ထောင်ရေး စီစဉ်ပေးရန် သူစိတ်ကူးရှိ၏ ။
သူတို့အချင်းချင်း အာကာသနှင့် အချိန်များ ခြားနားနေနိုင်သော်လည်း ၎င်းမှာ ကျိယွမ် စိုးရိမ်ရမည့် ကိစ္စမဟုတ်ပါ ။
သူတို့၏ အချစ်ကသာ ခိုင်မြဲမည်ဆိုလျှင် ကမ္ဘာကြီးရဲ့ အစွန်းတစ်ဖက်မှာတောင် ဆုံတွေ့နိုင်ကြသည် မဟုတ်ပါလား ။
အင်း...ကမ္ဘာကြီးရဲ့ အစွန်းမှာ ပေါ်လာတာက ပြဿနာမရှိပေမယ့်၊ ပင်လယ်ကြီးရဲ့ အစွန်းမှာ သွားပေါ်နေရင်တော့ နည်းနည်း မသင့်တော်သလိုတော့ ဖြစ်မှာပေါ့။
ကျိယွမ်ကတော့ သူ၏စေတနာအရ အောင်သွယ်တော် လုပ်ပေးပြီးလျှင် ထိုနောက်ပိုင်းတွင် ဟန်ရှန်းယွမ်နှင့် သူ၏ အမိုက်စား ဇနီးလောင်းတို ဆုံတွေ့ခြင်း မတွေ့ခြင်းဆိုသည်မှာ သူ စိုးရိမ်နေစရာ မလိုသော ကိစ္စဖြစ်၏ ။
"ဒါနဲ့၊ ငါ ဟိုဘက်ကမ္ဘာခံတပ်ကနေ ကျောက်ခဲတွေနဲ့ သစ်ပင်တွေ ယူလာတယ်၊ ကြည့်လိုက်ဦး"
ကျိယွမ်သည် ငှက်မလေးကို ဖက်ထားရင်း အသာအယာ လက်ဝှေ့ယမ်းကာ သူ ကောက်ယူလာခဲ့သော ပစ္စည်းအကျိုးအပဲ့များကို ထုတ်ပြလိုက်သည် ။
ကျူးယန်ကို ထိုအရာများအား လေ့လာစေပြီး ၄င်းတို့ကို အသုံးချကာ သေခြင်းစွမ်းအင်ကမ္ဘာထဲကို ဝင်နိုင်မလားဆိုတာ သူသိချင်နေ၏။
ကျူးယန်၏အမူအရာမှာ ပေါ့ပေါ့ပါးပါး ကလူကျိစယ်နေသည့် အမူအရာမှ တည်ကြည်သော အမူအရာသို့ ပြောင်းလဲသွားပြီး ယင်နတ်ဘုရားတစ်ပါး၏ ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်လာသည် ။
ခဏအကြာတွင် ကျူးယန်၏ မျက်လုံးများတွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာ၏ ။
"အချိန်ရဲ့ အသက်ရှုသံပဲ"
"အချိန်လား"
ကျိယွမ်လည်း အံ့သြသွားပြီး သူယူလာသော တောက်တိုမယ်ရများကို သေချာကြည့်လိုက်မိသည်။
အချိန် သို့မဟုတ် အာကာသနှင့် ပတ်သက်သော အရာမှန်သမျှသည် များသောအားဖြင့် အလွန်ရှုပ်ထွေးတတ်၏ ။
ကျူးယန် သို့မဟုတ် နင်းထောင်၏ နတ်ဘုရားနယ်ပယ်သည် အချိန်နှင့် သက်ဆိုင်လေသည် ။
ထို့ကြောင့်လည်း မဟာအုပ်စိုးရှင်တစ်ပါးဖြစ်သော နင်းထောင်သည် သူမ၏ ထူးခြားသောနတ်ဘုရားနယ်ပယ်ကို အသုံးပြုပြီး ယင်နတ်ဘုရားများကြားတွင် မြင့်မားသော အဆင့်၌ ရပ်တည်နေနိုင်ခြင်းပင် ။
ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တစ်ဦး ထွက်မလာသရွေ့ သူမသည် အနှိုင်းမဲ့ ဖြစ်၏ ။
"ဒါက အရမ်း ပြင်းထန်တဲ့ အချိန်ရဲ့ အသက်ရှုသံပဲ။ ကျွန်မကတော့... အဲဒါနဲ့ အလှမ်းဝေးနေသေးတယ်"
နင်းထောင်၏ လေသံတွင် စိတ်ပျက်မှုနှင့် စိုးရိမ်မှု အချို့ ပါဝင်နေသည် ။
သေခြင်းစွမ်းအင်ကမ္ဘာတွင် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ရှိနေမည်ကို သူမ စိုးရိမ်နေမိသည်၊ ၎င်းမှာ ကျိယွမ်အတွက် အန္တရာယ် ဖြစ်စေနိုင်သောကြောင့်ပင် ။
ကျိယွမ်သည် နင်းထောင်၏ စိုးရိမ်မှုကို မြင်သောအခါ သူမ၏ နှာခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း နှစ်သိမ့်၏။
"ဒါက ဂိမ်းတစ်ခုသက်သက်ပဲ၊ စိုးရိမ်စရာ မလိုပါဘူး"
"ဟွန်း... ဒါတောင် စိတ်ပျက်ဖို့ ကောင်းတုန်းပဲ။ ကျွန်မ ပိုပြီး သန်မာချင်တယ်၊ ပိုပြီး သန်မာမှဖြစ်မယ် ၊ အား... နေမင်းကြီးတစ်စင်းလုံးကို ဘာလို့ ငါ အကုန်မျိုချလို့ မရတာလဲ"
"မင်းက ငါ့ရဲ့ စီးပွားရေးကို လုချင်နေတာလား"
ကျိယွမ်က ရယ်မောရင်း စနောက်လိုက်သည် ။
"မဟုတ်ဘူး၊ ကျွန်မ စာကိုပဲ အာရုံစိုက်ရမယ်။ ဒါကို အဖြေရှာပြီး မကြာခင်မှာ သေမင်းစွမ်းအင်ကမ္ဘာထဲကို ဝင်ရမယ်"
နင်းထောင်သည် ထိုသို့ပြောပြီးနောက် ချက်ချင်းထလိုက်ပြီး သူမ၏ ကျောင်းဝတ်စုံကို လဲလှယ်လိုက်သည် ။
သူမသည် စွမ်းအင်များ ပြည့်ဝနေပြီး ပြတ်သားနေသည့် ပုံစံမျိုးပြောင်းလဲသွား၏။
မှန်ရှေ့တွင် ရပ်ကာ သူမကိုယ်သူမ စစ်ဆေးလိုက်ပြီး မှန်ထဲမှတစ်ဆင့် ကျိယွမ်ကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
"သွေးပုလဲ ၊ ငါ... ကျောင်းသွားတော့မယ်"
"မသွားနဲ့ဦး"
ကျိယွမ်က တုံးအသူမဟုတ်ပါ။ ချက်ဆို နားခွက်ကမီးတောက်နေသောကျိယွမ်က သူမ၏ အကြံအစည်ကို သိနေသဖြင့် လူဆိုးတစ်ယောက်လို ပြုံးကာတားလိုက်၏ ။
"အင်း"
သူမျှော်လင့်ထားသည့်အတိုင်းပင် နင်းထောင်၏ မျက်နှာမှာ ဝမ်းသာမှုဖြင့် မသိမသာ တောက်ပသွားသည် ။
"ကျောင်းက ဒိုင်းနမိုက်တွေ သယ်လာတဲ့ ငှက်တစ်ကောင်ရဲ့ ဗုံးကြဲတာ ခံလိုက်ရပြီ၊ သွားစရာ မလိုတော့ဘူး"
ကျိယွမ်က သူမအားရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏ ။
"ဟုတ်လား၊ ဒါဆိုရင်တော့ ငါမသွားတော့ဘူး"
နင်းထောင်သည် နောက်ဆုံးတွင် ကျောင်းမသွားဖြစ်တော့ပါ ။
ကျိယွမ်ကို တစ်နှစ်တိတိလွမ်းနေခဲ့ရသည်ဖြစ်ရာ သူမက မည်သို့သူ့ကို ထားခဲ့ပြီး ကျောင်းသွားနိုင်မည်နည်း ။
သူမအတွက် ကမ္ဘာတွင် သွေးပုလဲထက် အရေးကြီးသော အရာမရှိပါ ။
ထို့နောက် သူတို့နှစ်ဦးသည် ချစ်ကြည်နူးရင်းမှ အကြောင်းအရာမျိုးစုံကို စကားပြောဖြစ်ကြသည် ။
ညမှောင်လာသောအခါမှ ကျိယွမ်သည် သူ၏ ဖုန်းကို ထုတ်လိုက်၏ ။
"တစ်နှစ်နီးပါး ပျောက်နေခဲ့တာ၊ ငါ့ကို ဆက်သွယ်ထားတဲ့သူ ရှိမလား မသိဘူး"
ကျူးယန်သည် ကျိယွမ်၏ ရင်ခွင်ထဲတွင် အိပ်ချင်ဟန်ဆောင်နေပြီး ငြိမ်နေသော်လည်း၊ သူမ၏ ရှည်လျားသော မျက်တောင်လေးများမှာ ချစ်စရာ ကောင်းစွာ တစ်ချက်တစ်ချက်လှုပ်နေ၏ ။
သဘာဝကျစွာပင် ကျိယွမ်က သူမ ဟန်ဆောင်နေမှန်း သိသော်လည်း ခေါင်းလေးအားပွတ်ပေးရင် ဖုန်းကို ပွတ်ကြည့်လိုက်သည် ။
သူ တစ်နှစ်နီးပါး ပျောက်နေခဲ့သော်လည်း ရရှိထားသော မက်ဆေ့ချ် အရေအတွက်မှာ လက်ချိုးရေ၍ ရနိုင်သည် ။
တစ်ခုမှာ အဝတ်အထည် အမှတ်တံဆိပ်တစ်ခုအတွက် ကိုယ်စားလှယ် လုပ်ပေးရန် ကမ်းလှမ်းချက် ဖြစ်ပါသည်၊ ချယ်လ်ဆီးဟု အမည်ရသော အမျိုးသမီး အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး အမျိုးသား ဈေးကွက်ထဲသို့ ဝင်ရောက်ရန် စီစဉ်နေခြင်း ဖြစ်၏ ။
သူတို့သည် ကျိယွမ်က ကိုယ်ခံပညာ ပြိုင်ပွဲတွင် အနိုင်ရသည်ကို မြင်ခဲ့ပြီး သူ၏ ပုံရိပ်မှာ ကောင်းမွန်သည်ဟု ယူဆသဖြင့် ဆက်သွယ်လာခြင်းပင် ။
နောက်ဆုံး မက်ဆေ့ချ်မှာ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်သည် ။
ကျိယွမ်သည် ပြန်စာပို့ရန် စိတ်မကူးဘဲ ချက်ချင်း ဖျက်လိုက်သည် ။
အကြောင်းမှာ ထိုအမှတ်တံဆိပ် အမည်မှာ ဖိနပ်ကုမ္ပဏီအမည်နှင့် အရမ်းတူနေသောကြောင့် ဖြစ်၏ ။
အခြား မက်ဆေ့ချ်တစ်ခုမှာမူ မသိသော နံပါတ်တစ်ခုမှ ပို့ထားသည့်မွေးနေ့ဆုတောင်း မက်ဆေ့ချ် ဖြစ်လေသည် ။
ကျိယွမ်သည် အနည်းငယ် အံ့သြသွား၏။
ဘယ်သူက ပို့ထားတာလဲ ။
သူကအပြင်သို့ လှမ်းခေါ်လိုက်၏။
"ဇီးရိုး ဝမ်း"
"သခင်ကြီး၊ ဇီးရိုးဝမ်း ရောက်ပါပြီ"
တံခါးအပြင်ဘက်တွင် ဇီးရိုးဝမ်းသည် ကြောင်ကစားစရာနှင့် ကစားနေခြင်းကို ရပ်လိုက်ပြီး ရိုသေစွာ ရပ်နေလိုက်သည် ။
ကစားစရာ ပြုတ်ကျသွားသည်ကို မြင်သောအခါ ရှဲ့ရှင်းဆုသည် တစ်စုံတစ်ယောက်က လုယူသွားမည်ကို ကြောက်သကဲ့သို့ အနီရောင်အမွေးပွရုပ်လေးကို သူမ၏ ပါးစပ်ဖြင့် ချက်ချင်း ဖမ်းယူလိုက်၏ ။
"ငါ့ကို မွေးနေ့ဆုတောင်း ပို့ထားတဲ့ ဒီနံပါတ်က ဘယ်သူလဲ။ နံပါတ်က ၄၅၆..."
ချီယွမ်သည် ဖုန်းနံပါတ်ကို ဇီးရိုး ဝမ်းထံ ပေးလိုက်သည် ။
"သခင်ကြီး ခဏစောင့်ပါ။ ဇီးရိုးဝမ်း ဒါကို ကိုင်တွယ်ပေးပါ့မယ်"
ဇီးရိုးဝမ်းသည် ၎င်း၏ စွမ်းအင် အပြည့်အဝဖြင့် ဤဖုန်းနံပါတ်နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို စုဆောင်းလေတော့သည် ။
မိနစ်အနည်းငယ် ကြာပြီးနောက် ဇီးရိုး ဝမ်း၏ အသံ ပြန်ထွက်လာသည် ။
"သခင်ကြီး၊ ဒီဖုန်းနံပါတ် ပိုင်ရှင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အားလုံးကို စုစည်းပြီး ပို့ပေးထားပါတယ်၊ စစ်ဆေးကြည့်ပါ"
ကျိယွမ်က ထိုဖိုင်ကို ချက်ချင်း ဖွင့်လိုက်သည် ။
အိပ်ချင်ဟန်ဆောင်နေသော ကျူးယန်ကလည်း မည်သူက ကျိယွမ်အား မွေးနေ့ဆုတောင်း ပို့သလဲဆိုသည်ကို သိချင်သဖြင့် ငုံ့ကြည့်လိုက်မိ၏ ။
ဓာတ်ပုံကို မြင်လိုက်ရသောအခါ ကျိယွမ်မှာ အံ့အားသင့်သွားပါသည် ။
"ဒါ ငါ့ရဲ့ ချိန်းတွေ့ဖော် ရှောင်မေ မဟုတ်ဘူးလား"
ဓာတ်ပုံထဲတွင် အရပ်ရှည်ပြီး ချောမောလှပသော အမျိုးသမီးတစ်ဦး ရှိနေ၏ ။
ကျိယွမ်သည် သူမ မည်သူဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလေသည် ။
သူသည် ရှောင်မေနှင့် ချင်မြို့ရှိ KFC တစ်ခုတွင် ချိန်းတွေ့ခဲ့ဖူးပြီး သူမက သူ့ကို ငွေသုံးသိန်းတောင် ချေးပေးခဲ့ဖူးသည် မဟုတ်ပါလား ။
ရှောင်မေသည် အလွန် ကြင်နာတတ်၏၊ ငွေချေးပေးရုံသာမက ထိုနေ့က စားသောက်စရိတ်ကိုပါ ရှင်းပေးခဲ့သေးသည် ။
"သူက ငါ့ကို မွေးနေ့ဆုတောင်း ပို့တယ်ဆိုတာ အကြွေးပြန်ဆပ်ဖို့ သတိပေးတာများလား"
ကျိယွမ်သည် အနည်းငယ် အရှက်ရသွားသည်၊ အစတုန်းက သူ ထိုငွေကို ပြန်ဆပ်ရန် စိတ်မကူးခဲ့ပါ ။
ယခု သူမက သွယ်ဝိုက်သတိပေးနေပြီဖြစ်ရာ ပြန်မဆပ်ဘဲ နေရသည်မှာ လူမှုရေးအရ အတော်လေး အဆင်မပြေ ဖြစ်နေ၏ ။
"အာ... ဒါက တကယ်ကို မတရားတာပဲ။ စိတ်ဝေဒနာရှင် တစ်ယောက်က ဘာလို့ ချေးထားတဲ့ ငွေတွေကို ပြန်ဆပ်နေရမှာလဲ"
ကျိယွမ်သည် ထိုအမျိုးသမီး၏ သတင်းအချက်အလက်များကို ဆက်ဖတ်ရင်း ညည်းတွားလိုက်သည် ။
"သူက ရှင့်ကို ငွေချေးပေးတာ မဆန်းပါဘူး။ သူက ရှင့်ရဲ့ မူလမျိုးစေ့ ခန္ဓာကိုယ်ရဲ့ အစ်မပဲ"
နင်းထောင်က သူမ၏ ခေါင်းလေးကို စောင်းကာ ပြောလိုက်သည် ။
သတင်းအချက်အလက်များအရ ဤအမျိုးသမီးသည် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ကန်ရှင်းနှင့် ပတ်သတ်သည့် အန္တရာယ်ရှိသော စစ်ရေးတာဝန်များတွင် လျှို့ဝှက်စပိုင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည် ။
စပိုင်လုပ်ငန်းအပြင် သူမတွင် နောက်ထပ် မည်သူမည်ဝါဖြစ်ကြောင်း အမှတ်အသား တစ်ခု ရှိပါသေးသည်၊
၎င်းမှာ သူမသည် မူလမျိုးစေ့ကျိယွမ်၏ ကွယ်လွန်သွားသော မိဘများ၏ တပည့်ဖြစ်နေခြင်းပင်။
"ငါ ချန်ပီယံ မဖြစ်ခင်လေးမှာပဲ သူက လျှို့ဝှက်တာဝန်ကနေ ပြန်လည် တာဝန်ပေးအပ်ခြင်း ခံခဲ့ရတာပဲ"
ကျိယွမ်က သတင်းအချက်အလက်များကို ဆက်ဖတ်လိုက်သည် ။
အချက်အလက်များအရ ကြယ်ခုနှစ်ပွင့်မိသားစုများသည် ဤအရပ်ရှည်ရှည်အမျိုးသမီးနှင့် ကျိယွမ်တို့၏ ပတ်သက်မှုကို သိထားကြောင်း ထင်ရှားနေသည်၊ ထို့ကြောင့် သူမကို အန္တရာယ်ရှိသော အလုပ်မှ ချက်ချင်းဖယ်ရှားပြီး ချောင်ချိကာ လစာကောင်းသည့် အာဏာရှိရာထူးတစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်လေသည် ။
"သူကလည်း သေခြင်းစွမ်းအင်ကမ္ဘာကိုတောင် သွားခဲ့သေးတာလား၊ အခုတော့... ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီပေါ့"
သတင်းအချက်အလက်များကို ကြည့်ရင်း ကျိယွမ်သည် အစ်မဖြစ်သူ၏ အတွေ့အကြုံများမှာ တော်တော်လေး ထူးခြားကြောင်း တွေ့ရှိရသည် ။
သူတို့ ချိန်းမတွေ့ခင်ကတည်းက သူမသည် သေခြင်းစွမ်းအင်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့၏ ။
ထို့အပြင် သေခြင်းစွမ်းအင်ကမ္ဘာရှိ အခြားသူများနှင့်မတူဘဲ သူမသည် ကျိယွမ်ကဲ့သို့ပင် လက်တွေ့ကမ္ဘာတွင် အသက် ရှင်သန်နေထိုင်ရင်းမှ ထိုကမ္ဘာသို့ မကြာခဏသွားရောက်လေ့ရှိ၏ ။
ထို့နောက် ကုံရှင်းဂြိုဟ်ပေါ်သို့ မသေမျိုးလမ်းစဉ်ဆင်းသက်လာသောအခါ သူမသည် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုသို့ပင် ဝင်ရောက်နိုင်ခဲ့ပြီး ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည် ။
ဤအစ်မ၏ နောက်ခံသမိုင်းမှာ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေ၏။
"သူက အခု သေခြင်းစွမ်းအင်ကမ္ဘာမှာ မစ်ရှင်သွားလုပ်နေတာ ဖြစ်နိုင်မလား"
ကျိယွမ်သည် တည်ငြိမ်သော အမူအရာဖြင့်စဥ်းစားနေရင်းမှ ဖိုင်ကို ချလိုက်သည် ။
"သူက ကျင့်ကြံခြင်းနည်းစနစ်တွေကို သင်ယူထားပြီး နည်းလမ်းမျိုးစုံ ရှိနေတာဆိုတော့ အဆင်ပြေမှာပါ"
နင်းထောင်က မှတ်ချက်ပေးသည် ။
"သူရဲ့ မစ်ရှင်က အချိန်အကြာကြီး ကြာပါစေလို့ မျှော်လင့်ရတာပဲ၊ ဘဏ်ထဲမှာသိမ်းထားရင် ငွေသုံးသိန်းရဲ့ အတိုးက တော်တော်လေး များမှာ"
ကျိယွမ်သည် ထိုငွေအတွက် အခုထိ နှမြောနေဆဲပင် ။
အကယ်၍ သူမ နောက်ကျမှ ပြန်လာမည်ဆိုလျှင် သူသည် ငွေပြန်ဆပ်ရန် အချိန်ဆွဲထားနိုင်သဖြင့် ထိုသုံးသိန်းမှဘဏ်တိုးများများ ရနိုင်မည် မဟုတ်ပါလား ။
နင်းထောင်က ကျိယွမ်၏ ကပ်သီးကပ်သပ်နိုင်ပုံကြောင့် တိုးတိုးလေး ရယ်လိုက်သည် ။
"သူ့အနေနဲ့ သူ့ရဲ့ မစ်ရှင်ပစ်မှတ်ကို လုယူသွားမယ့် 'တုတ်နီကိုင် မိစ္ဆာသတ်သမား' နဲ့ ဆုံပါစေလို့ ဆုတောင်းပေးလိုက်ပါ့မယ်"
သူမ၏စကားကို ကြားသောအခါ ကျိယွမ်သည် နင်းထောင်အားငုံ့ကြည့်ပြီး တည်ကြည်သော အမူအရာဖြင့် ချေပ၏။
"ငါသာ သူ့ရဲ့ မစ်ရှင်ပစ်မှတ်ကို လုလိုက်မယ်ဆိုရင် ငါက လူယုတ်မာကြီး ဖြစ်သွားမှာ မဟုတ်လား"
"ဟမ်"
"သူတို့ မစ်ရှင်ကမ္ဘာထဲမှာနေတာ တစ်နှစ်ရှိပြီလေ ၊ တကယ်လို့ သူတို့ရဲ့ ခရက်ဒစ်ကတ်တွေက အကြွေးတင်နေရင် ဘယ်လိုလုပ်မလဲ။ အကြွေးတောင်းတဲ့သူတွေက သူတို့မိဘတွေကို ဖုန်းဆက်တာ ၊ တိုင်တာတွေလုပ်ရင် သူတို့တွေ လူမှုရေးအရ သေသွားမှာပေါ့ ၊ အနာဂတ်မှာ ငွေချေးရခက်ကုန်မယ်"
ကျိယွမ်က အလွန် စိုးရိမ်နေသလို အချက်ကိုထောက်ပြ၏ ။
နင်းထောင်ကတော့ သူမ၏ လူထူးဆန်းယောက်ျားကို ကြည့်ကာ မငြင်းနေတော့ပေ။
သူက သာမန်မဟုတ်လို့လည်း သူမက ယခုလောက်ထိ စွဲလမ်းမြတ်နိုးနေခြင်း ဖြစ်နိုင်၏။