← Chapters

အခန်း (၃၄၈-၃၄၉)

Vol. 32 Ch. 348-349

အခန်း (၃၄၈-၃၄၉)

Vol. 32 Ch. 348-349

အခန်း ၃၄၈ - ကုံရှင်းဂြိုဟ်၏လျှို့ဝှက်ချက်များနှင့် အဆုံးသတ်နယ်​မြေ

"ဥပဒေတွေပြောင်းလဲသွားပြီး အဲဒီအကြွေးပေးတဲ့ကုမ္ပဏီတွေ ဒေဝါလီခံသွားတာမျိုး ဖြစ်နိုင်မလား"

နင်းထောင်က ကျိယွမ်အတွက် အလေးအနက် စဥ်းစားနေ၏။

မည်သည့်အကြောင်းအရာဖြစ်ပါစေ သူမသည် ကျိယွမ်၏ အတွေးအမြင်များကို အမြဲတမ်း ရင်ပေါင်တန်းလိုက်နိုင်သူ ဖြစ်သည်။

ကျိယွမ်က သဘောတူသလို ခေါင်းငြိမ့်လိုက်၏။

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒါကြောင့်... ကံကောင်းတာပဲဖြစ်ဖြစ် ကံဆိုးတာပဲဖြစ်ဖြစ် ငါ့ကြောင့်မဟုတ်ဘူး၊ ကံကြမ္မာကြောင့်ပဲ ဖြစ်မှာပါ"

"ဒါကြောင့် ရှင်ဘာလုပ်လုပ် မှားမှာမဟုတ်ဘူး"

နင်းထောင်၏ လှပသောမျက်ဝန်းများက ကြယ်ပွင့်များအလား တောက်ပနေပြီး ကျိယွမ်အားမြတ်နိုးစွာကြည့်သည်။

"မင်းလည်း အတူတူပါပဲ"

ကျိယွမ်ကလည်း စကားထပ်ပြောရာ၌ ကျွမ်းကျင်သူပင်။

သူက ထိုကိစ္စကိုထပ်မဆွေးနွေးတော့ဘဲ အခြားသော ချတ်အက်ပ်များကို ဖွင့်ကြည့်လိုက်သည်။

အသုံးမဝင်သော မက်ဆေ့ဂျ်မျိုးစုံနှင့် အသိမိတ်ဆွေများထံမှ ပွဲလမ်းသဘင် နှုတ်ခွန်ဆက်သလွှာများ ရှိနေပြီး ထူးထူး​ခြားခြားတော့ မရှိပါ။

၎င်းတို့အထဲတွင် လွန်ခဲ့သော ခုနစ်လခန့်က ကျောင်းနေဖက်ဟောင်းတစ်ဦး ပို့ထားသော မက်ဆေ့ဂျ်တစ်ခုလည်း ရှိနေသည်။

"မင်းမှာ ရှိလား... ငါ နည်းနည်း လက်ကျပ်နေလို့ပါ သူငယ်ချင်း"ဟု ပို့ထားခြင်းပင်။

ကျိယွမ် မျက်မှောင်ကုပ်သွား၏။

ငါကပဲ သူများဆီက ငွေးချေးတာလေ ၊ အခု သူက ငါ့ဆီကပြန်ချေးနေတာလား။ သူက ဘာလက်မှတ်များ ရှိနေလို့လဲ။

ထို့နောက် တစ်ရက်ခြားပြီး ညဥ့်နက်ပိုင်းတွင် ထိုသူကပင် အခြားမက်ဆေ့ဂျ်တစ်ခု ထပ်ပို့ထားပြန်သည် ။

"မင်းက တကယ်ကို လက်တွေ့ဆန်လွန်းတာပဲ၊ ငါက တကယ်ချေးမလို့ မဟုတ်ပါဘူး၊ သူငယ်ချင်းဟောင်းတွေ ပြန်အဆက်အသွယ်ရချင်ရုံ သက်သက်ပါ၊ မေးကြည့်ရုံတင်..."

ထို့နောက် ရှည်လျားပြီး ဒရာမာဆန်သော မက်ဆေ့ဂျ်တစ်ခု ပါလာ၏။

ထို့နောက် ခုနစ်ရက်အကြာတွင် နောက်ထပ် ညဥ့်နက်ပိုင်းတွင် မက်ဆေ့ဂျ်တစ်ခု ရောက်နေပြန်သည်။

"အရေးပေါ်လိုနေလို့ပါ၊ ခဏလောက် အခက်အခဲဖြစ်နေလို့။ ငါတို့ သူငယ်ချင်းဖြစ်ခဲ့တဲ့ နှစ်တွေကို ထောက်ထားပြီး ငွေနည်းနည်းလောက် ချေးပေးပါလား၊ အများကြီးမဟုတ်ပါဘူး သုံးသောင်းထဲပါ"

ကျိယွမ် ဆွံ့အသွားရသည်။

"သူက ဘာလဲဟ"

သူသည် အနည်းငယ် ညည်းညူလိုက်ပြီးနောက် ထိုကျောင်းနေဖက်ကို တိုက်ရိုက်ဘလော့ကာ ဖျက်ပစ်လိုက်သည်။

ဒီလောက်ကြီးကတော့ လွန်တာပေါ့။

ထို့နောက် သူသည် အခြားဆိုရှယ်မီဒီယာအက်ပ်များကို ဆက်လက် ကြည့်ရှုနေ၏။

ရုတ်တရက် သီးသန့်မက်ဆေ့ဂျ်တစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည် ။

"ကျူးယန်... ဒီလူက ငါ့ကို စိတ်ဝင်စားနေတာလို့ နင်ထင်လား"

ကျိယွမ်သည် ဖုန်းကို သူမအား ပြလိုက်သည် ။

နင်းထောင်၏ ငိုက်မြည်းနေသော မျက်လုံးများက ရုတ်တရက် ဝိုင်းစက်သွားပြီး အစောပိုင်းက အိပ်ငိုက်နေမှုများမှာ စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားသည်။

"ပြပါဦး ၊ ကျွန်မ အကဲခတ်ပေးမယ်"

ကျိယွမ်၏ဖုန်းပေါ်တွင် သီးသန့်မက်ဆေ့ဂျ်တစ်ခု ရှိနေ၏။

ထိုမက်ဆေ့ဂျ်သည် ကျိယွမ်က ကျူးယန် နှင့် ရှောင်ကျားတို့အား လက်ထပ်စာချုပ် ချုပ်ဆိုခဲ့သည့်နေ့တွင် ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုစဥ်က ကျိယွမ်သည် အနည်းငယ် ကြွားဝါပြပြီးနောက် လိုင်းပေါ်မတတ်ဖြစ်တော့ပေ။

မက်ဆေ့ဂျ်က ရိုးရှင်းပါသည် ။

"ဂုဏ်ယူပါတယ်၊ ပျော်ရွှင်စရာ မင်္ဂလာပွဲဖြစ်ပါစေ" ဟု ဖြစ်သည်။

တိုတောင်းသော စကားလုံး ခြောက်လုံးသာ ဖြစ်သော်လည်း ပို့လိုက်သူသည် ဝမ်းနည်းနေပြီး အတင်းအကျပ် ပြုံးပြနေသည်ကို ကျိယွမ်က ဖန်သားပြင်မှတစ်ဆင့် မြင်နေရသကဲ့သို့ ခံစားရ၏။

"သူက ငါ့ကို စိတ်ဝင်စားနေတာ သေချာတယ်၊ မဟုတ်ရင် ငါ့ကို ပျော်ရွှင်စရာ မင်္ဂလာပွဲဖြစ်ပါစေလို့ ဆုတောင်းပေးဖို့ ဘာလို့ ပိုက်ဆံကုန်ခံပြီး သီးသန့်မက်ဆေ့ဂျ် ပို့မှာလဲ"

" ဟူး... ဆွဲဆောင်မှု ရှိလွန်းတာလည်း ခက်သားပဲ။ ဘယ်နေရာသွားသွား ပရိသတ်မလေးတွေ ရှိနေတာပဲ"

ကျိယွမ်၏ မျက်နှာပေးမှာ တည်ငြိမ်နေသော်လည်း စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

မည်သို့ပင်ဆိုစေ သူသည် လူမှုဆက်ဆံရေးကို အနည်းငယ် ကြောက်ရွံ့တတ်သူ ဖြစ်၏။

သို့သော် သူ၏ရုပ်ရည်နှင့် ဆွဲဆောင်မှုမှာ ဖုံးကွယ်ထား၍ မရနိုင်ပေ။

"ဟဟ.. ပရိသတ်မလေး မဟုတ်ဘဲ ပရိသတ်လေး ဖြစ်နေရင်ရော"

ကျူးယန်က ထိုသူ၏ ပရိုဖိုင်ပုံကို နှိပ်ကြည့်ပြီး အရင်က ဗီဒီယိုများကို ကြည့်ကာ အကဲဖြတ်လိုက်သည် ။

"ယောက်ျားလေးလား"

ကျိယွမ် အံ့အားသင့်သွားပြီး မျက်လုံးပြူးသွားလေ၏။

"ဉာဏ်များတဲ့ ချောချောလေးပေါ့၊ ကြောက်စရာကြီးပဲ။ ဒါက ရှုလည်း မဟုတ်ဘဲနဲ့ ငါက ဘာလို့ ဒါမျိုးတွေနဲ့ တိုးနေရတာလဲ"

ကျိယွမ်က တော်တော်လေး ကံမကောင်းဟု ခံစားလိုက်ရသည် ။

သူ၏ လိင်စိတ်တိမ်းညွတ်မှုမှာ အမြဲတမ်း ပုံမှန်သာ ဖြစ်၏။

ငါက အဖြောင့်စစ်စစ်ကို ၊ မဖွယ်မရာတွေ ဘာလို့လာဖြစ်နေပါလိမ့်။

ခေတ္တတွေးပြီးနောက် ကျိယွမ်က ခေါင်းခါလိုက်ပြီး ကျူးယန်၏ ခါးလေးအား ပွေ့လိုက်သည်။

"ကဲပါ... ဒီအကြောင်း မပြောတော့နဲ့။ကျူးယန်... ငါ့ကို ဝိညာဥ်စွမ်းအင် နည်းနည်းပေးဦး။ စိတ်ဝိညာဥ်အဆင့်ကို မြန်မြန် တက်ချင်လို့"

စကားနှင့်အတူ ကျိယွမ်၏ အကြည့်များက ကျူးယန်၏ စိုစွတ်နီထွေးသော နှုတ်ခမ်းများပေါ်သို့ ကျရောက်သွားသည်။

ကျိယွမ်အတွက် သိုင်းပညာလမ်းစဥ်ကို လျစ်လျူရှု၍ မရသကဲ့သို့ မသေမျိုးလမ်းစဥ်ကိုလည်း ပစ်ပယ်ထား၍ မရနိုင်ပေ။

သူသည် ကဏ္ဍပေါင်းစုံတွင် သူ၏အစွမ်းကို မြှင့်တင်ရန် လိုအပ်နေ၏။

ထိုအစွမ်းအားလုံးက သူ၏ စစ်မှန်သော လက်တွေ့ဘဝဆီသို့ ပြန်လည် အကျိုးပြုမည် ဖြစ်သောကြောင့် ကြိုးစားရသည်မှာ အလကားမဖြစ်ပါ။

"ဟီး...ရတယ်လေ"

ကျူးယန်က အနည်းငယ်ရှက်သွေးဖြာသွားပြီး ကျိယွမ်ကို ကြည့်လိုက်သည် ။ သူမ၏ ဖြူစင်သော လည်တိုင်လေးက အနည်းငယ် လှုပ်ရှားသွားပြီး လှပသောမျက်နှာလေးက ကျိယွမ်၏မျက်နှာအနီးသို့ တိုးကပ်လာ၏။

ချိုမြိန်လှသော ကောင်းကင်ဘုံဝိညာဥ်စွမ်းအင်များသည် သူမ၏ သင်းပျံ့သော လျှာဖျားလေးနှင့်အတူ ကျိယွမ်၏ ပါးစပ်ထဲသို့ စီးဝင်သွားလေသည်။

ကျိယွမ်သည် မျက်လုံးများကို မှိတ်ထားပြီး သူမ၏ ခါးလေးကို ပို၍ တိုးကာ ဖတ်ထားလိုက်သည်။

"ဘာလို့ လူတိုင်းက မသေမျိုးကျင့်စဥ်ကို ကျင့်ကြံရတာ နှစ်သက်ကြသလဲဆိုတာ မဆန်းတော့ဘူး၊ ဒီလိုခံစားချက်မျိုးကို ဘယ်သူက ငြင်းပယ်နိုင်မှာလဲ"

ထိုညတွင် ကျိယွမ်သည် ကျူးယန်ကို မလွတ်တမ်းပွေ့ဖက်ထားပြီး စိတ်ဝိညာဥ်အဆင့်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။

................

နှစ်ရက်အကြာတွင် ကျိယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်းတို့ထဲတွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းနေ၏။

"စိတ်ဝိညာဥ်တွေ အားလုံး... နောက်ဆုံးတော့ ထွက်ပေါ်လာပြီ"

သူက သူ၏ခန္ဓာကိုယ်အတွင်းသို့ ကြည့်လိုက်ရာ စိတ်ဝိညာဥ်လေးထောင်ကျော် ဖြစ်တည်နေသည်ကို တွေ့လိုက်ရသည်။

"နှမြောစရာကောင်းတာက ငါ့ရဲ့ ဂိမ်းထဲက ခန္ဓာကိုယ်က ဒီစိတ်ဝိညာတွေရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချဖို့ အားနည်းလွန်းနေတယ်"

ဂိမ်းထဲမှ သူ၏ခန္ဓာကိုယ်သည် သူ၏ "ဝိညာဥ်" နှင့် ဆင်တူကြောင်း ကျိယွမ်သဘောပေါက်ထားသည်မှာ ကြာပြီး ဖြစ်သည်။

ပို၍ ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းသည် သူ၏ဝိညာဥ်ပင် ။

သို့သော် ဤ "ဝိညာဥ်" မှာ အနည်းငယ် ကွဲပြားပြီး သာမန်လူတစ်ယောက်နှင့် ခွဲခြား၍မရလုနီးပါး ဖြစ်နေ၏။

ထို့ပြင် သူသည် ကမ္ဘာသစ်တစ်ခုသို့ ဝင်ရောက်တိုင်း အမြဲတမ်း အားနည်းနေတတ်သည်မှာလည်း ထူးဆန်းလှသည်။

ထို့ကြောင့် ကျိယွမ်က ၎င်းကို သူ၏ စိတ်ဝိညာဥ်ဟုသာ သတ်မှတ်ထားလိုက်၏။

စိတ်ဝိညာဥ်သည် ကြယ်အမြုတေ နှင့် တော်တော်လေးကွဲပြားသည်။

ကြယ်အမြုတေသည် စကြဝဠာထဲတွင် တည်ရှိနေပြီး ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်စွမ်းအင် လုံလောက်နေသရွေ့ ၎င်း၏ ပုံရိပ်ယောင်ကို အချိန်မရွေး ထုတ်လွှတ်နိုင်၏။

စိတ်ဝိညာဥ်ကတော့ ထိုသို့မဟုတ်ပေ။

၎င်း၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလွန်း၏။

၎င်းကို သူ ထုတ်လွှတ်လိုက်လျှင် ရန်သူများသာမက သူ၏ "စိတ်ဝိညာဥ်" ကလည်း တောင့်ခံနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် လောလောဆယ်၌ သူ၏စိတ်ဝိညာဥ်များကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲ၍ မရနိုင်သေးချေ။

သို့သော်လည်း...

ကျိယွမ်၏ မျက်လုံးများက အတွေးများဖြင့် နက်ရှိုင်းသွားသည်။

"ဒီကမ္ဘာက တကယ်ကို နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအတွက် အကြီးစား မွေးမြူရေးကွင်းကြီးပဲ"

သူသည် အားကျိတို့မောင်နှမကဲ့သို့သော ထူးခြားသည့်သွေးမျိုးဆက်ရှိသူများကို တွေ့ပြီးနောက် စိတ်ကူးတစ်ခုရလာခဲ့သည်။

သူ၏ စိတ်ဝိညာဥ်များကို အဖိုး၊ အဖွားဝိညာဥ်များအဖြစ် သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ စေလွှတ်၍ နေထိုင်စေနိုင်၏။

၄င်းတို့ တဖြည်းဖြည်း ကြီးထွားသန်မာလာသည်နှင့်အမျှ ကျိယွမ်၏ စိတ်ဝိညာဥ်များသည် တဖြည်းဖြည်း အပြည့်အဝ နိုးထလာမည်ဖြစ်ပြီး နောက်ဆုံးတွင် မူလအခြေအနေသို့ ပြန်ရောက်ကာ ပို၍ပင် တိုးတက်လာပေလိမ့်မည်။

ချီယွမ်၏ ၄,၇၅၂ ခုသော စိတ်ဝိညာဥ်တစ်ခုစီသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး နက်ရှိုင်းသော အခြေခံများ ရှိကြကာ... ယန်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည့် အလားအလာများ ရှိ၏။

ထို့အပြင် သာမန်ယန်နတ်ဘုရားတစ်ပါးသည် သူတို့အတွက် စတင်ရာစမှတ်တစ်ခုမျှသာ ဖြစ်နိုင်သည်။

ဥပမာအားဖြင့် မဟာအုပ်စိုးရှင် ရှန်လဲ့ဆိုသော အဘိုးကြီးသည် ပထမတစ်ကြိမ်တွက် ကောင်းကင်ဘုံကိုးပါး မိုးကြိုး နတ်ဘုရားကို စိတ်ကူးပုံဖော်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ဧကရာဇ်ခြောက်ပါးအနက် တစ်ပါးဖြစ်သော တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ်ကိုပင် စိတ်ကူးပုံဖော်နိင်ခဲ့၏။

ထိုကဲ့သို့သော အခြေခံမျိုးသည် အခြားသူများအားလုံးထက် သာလွန်သည်ဟု ဆိုနိုင်သည် မဟုတ်ပါလား။

၎င်းအပြင် ပုံရိပ်ဖော်နည်းစနစ်ဆိုသည်မှာလည်း အကြောင်းမဲ့ မဟုတ်ပေ။

ပုံရိပ်ဖော်နည်းစနစ်သည် ရှေးဟောင်းမျိုးနွယ်စုတစ်ခုမှ ကြွင်းကျန်ရစ်သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခုကို စားသုံးခြင်းဖြစ်၏။

ထိုအကြွင်းအကျန်မှာ အံ့အားသင့်ဖွယ် ကောင်းသော မူလဇစ်မြစ် ရှိလေသည်။

၄င်းတို့ခေတ်တွင် ယင်နတ်ဘုရားတစ်ပါးသည် အာဟာရချို့တဲ့သူဟု သတ်မှတ်ခံရမည်ဖြစ်ပြီး ပုံမှန်ဖွံ့ဖြိုးလာစေရန် နတ်ဘုရားနယ်ပယ်ဖွင့် ဆေးလုံးများကို အားဆေးများကဲ့သို့ စားသုံးရမည် ဖြစ်ကာ ပုံမှန်ကလေးတစ်ယောက် ဖြစ်လာရန် နတ်ဘုရားနယ်ပယ်ကို ဖွင့်လှစ်ရမည် ဖြစ်သည်။

ကျူးယန်သည် မဟာအုပ်စိုးရှင် အဆင့် စွမ်းအားရှိသော်လည်း ထိုကမ္ဘာတွင်မူ... အသက်မပြည့်သေးသူ သို့မဟုတ် အရွယ်ရောက်ခါစဟုသာ သတ်မှတ်ခံရပေလိမ့်မည်။

ကျိယွမ်သည် သူ၏ အတွင်းကမ္ဘာကို ကြည့်လိုက်ရာ စိတ်ဝိညာဥ် ၄,၇၅၂ ခုသည် သူ၏ အတွင်းကမ္ဘာထဲတွင် အလွန်တရာ ငြိမ်သက်စွာ ပျံဝဲနေကြ၏။

၎င်းတို့သည် နုနယ်သော ကလေးငယ်များ သို့မဟုတ် သန္ဓေသားလောင်းများနှင့် တူလှသည်။

သို့သော် ၎င်းတို့အနက် တစ်ခုခုသာ အပြင်သို့ ထွက်လာလျှင် ဤကုံရှင်းတစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်ကြောင်း ကျိယွမ်သာ အသိဆုံးဖြစ်၏။

"ကြည့်ရတာ သူတို့ကို မွေးမြူဖို့အတွက် အိမ်ရှင်အချို့ရှာဖို့ လိုအပ်နေပြီ"

ကျိယွမ်သည် ထိုသို့ ရေရွတ်လိုက်ပြီး နည်းလမ်းကိုစဥ်းစားနေမိသည်။

အကယ်၍ ဤကမ္ဘာတွင် သူ၏ စိတ်ဝိညာဥ် တစ်ခုစီကို မွေးမြူနိုင်ပြီး ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိစေနိုင်လျှင်.......

၎င်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

ထိုအခါ သူ ကိုယ်တိုင် တိုက်ခိုက်နေဖို့ လိုဦးမည်လား။

သူ၏ စိတ်ဝိညာဥ်များကို " တိုက်ကြဟေ့" ဟူ၍ ထုတ်လွှတ်လိုက်ရုံဖြင့် ယန်နတ်ဘုရား လေးထောင်သည် စင်မြင့်ပေါ်သို့ တက်လာမည် ဖြစ်သည်။

မင်းက ထိုက်ဟွမ် နန်းတော်ရဲ့ ယန်နတ်ဘုရားလား။

မင်းက ကပ်ဘေးဆိုးကြီးလား။

မင်းက မာရမျိုးနွယ်ရဲ့ ယန်နတ်ဘုရားလား။

ကျိယွမ်သည် ရန်ငြိုးထားတတ်သူဖြစ်ပြီး ဤရန်သူကြီး သုံးဦးကို သူ၏ မှတ်စုစာအုပ်လေးထဲတွင် မှတ်သားထား၏။

ရုတ်တရက် ကျိယွမ်သည် အခြားတစ်ခုအား တွေးမိသွားလေသည်။

နေဦး...ငါ​ဘိုးဘေးဆေးလုံးသောက်တုန်းက ရောက်ခဲ့တဲ့ သွေးမျိုးဆက်ဘိုးဘေးတွေရဲ့ ကမ္ဘာမှာ... ရုပ်အလောင်းပေါင်း တစ်ရာကျော် ရှိနေတာပဲ...။

ဟုတ်ပြီ၊ ပြောလေ့ရှိကြသလိုပဲ 'ကြွေကျတဲ့ ပန်းတွေက နှလုံးသားမရှိတာ မဟုတ်ပါဘူး၊ သူတို့က ပန်းကလေးတွေကိုကာကွယ်ဖို့ နွေဦးရဲ့ ရွှံ့နွံတွေအဖြစ် ပြောင်းလဲသွားတာပါ' တဲ့။

ခင်ဗျားတို့ရဲ့ မျိုးဆက်တွေက မိစ္ဆာတွေဖြစ်လာပြီး ကျုပ်ကိုဝိုင်းတိုက်ကြတယ်။

ခင်ဗျားတို့ရဲ့ မျိုးဆက်တွေ ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက်... ကျုပ်ရဲ့စိတ်ဝိညာဥ်တွေကို ပြုစုပျိုးထောင်ပေးရင်းနဲ့ခင်ဗျားတို့ ပေးဆပ်သင့်တယ် မဟုတ်လား။

ကျိယွမ်က မျက်လုံးများကို တဖန်ပြန်မှိတ်လိုက်၏။

ထိုခဏ၌ပင် အမည်မသိကမ္ဘာတစ်ခုတွင် ပြန့်ကျဲနေသော မရေမတွက်နိုင်သော အကြွင်းအကျန်များနှင့် အရိုးစုများပေါ်တွင် သွေးရောင်အလင်းများ လက်ခနဲ ဖြစ်သွားသည်။

ကျိယွမ်သည် ၎င်းတို့ကို ပစ်မှတ်ထား လော့ခ်ချနေခြင်းပင်။

ဘိုးဘေးပြန်လည်ဆန်းခြင်းဆေးလုံးသောက်ပြီး ထိုကမ္ဘာသို့ သူရောက်ခဲ့စဥ်က မူလမျိုးစေ့ ၏ ကြွင်းကျန်သော ဝိညာဥ်ကိုလည်း တွေ့ခဲ့၏။ ထို့အပြင် သူ၏သွေးများဖြင့်လည်း ထိုအရိုးစုများကို သန့်စင်ပေးခဲ့သေးသည်။

ယခုအခါမှာတော့ ထိုဝိညာဥ်နှင့် သူ၏သွေးများသည် လော့ခ်ချရန်အတွက် တည်နေရာပြ များဖြစ်လာကြလေပြီ။

သူသည် သူ၏ စိတ်ဝိညာဥ်များကို ထိုနေရာသို့ ပို့ဆောင်ရန် စိတ်ကူးနေခြင်းပင်။

ထိုအကြွင်းအကျန်များသည် သူ၏ ဝိညာဥ်များကို ပြုစုပျိုးထောင်ရန်အတွက် အကောင်းဆုံးသော အာဟာရဖြည့်စွက်စာများ မဟုတ်ပါလား။

မရေမတွက်နိုင်သော ဝိညာဥ်စွမ်းအင်များ ပန်းထွက်လာပြီး ကောင်းကင်မှ နေမင်းပင် လှုပ်ခတ်သွားပုံရလေသည် ။ကျိယွမ်သည် သူ၏စွမ်းအင်အားလုံးကို အသုံးချကာ စိတ်ဝိညာဥ်များကို ပို့ဆောင်ရန် ကြိုးစားနေ၏။

သူက မှောင်ခိုကူးသကဲ့သို့ တိတ်တဆိတ်ပို့ဆောင်ရန် ကြိုးစားနေသော်လည်း ခုခံမှုက များပြားနေဆဲပင်။

ငါ့ကို လာစနေတာလား။

ကျိယွမ်က အံကြိတ်ကာ ထပ်မံကြိုးစား ၏ ။ ရလဒ်အနေဖြင့် သူ၏ ဝိညာဥ်စွမ်းအင်များမှာ ဆက်တိုက် ကုန်ဆုံးလာခဲ့သည်။

နောက်ဆုံးတွင် ကျိယွမ်မျက်ဖြူဆိုက်သွား၏။

"မရဘူး၊ ခုခံမှုက အရမ်းကြီးလွန်းတယ်။ ငါ့ရဲ့ ဝိညာဥ်စွမ်းအင်က မလုံလောက်ဘူး"

ကျိယွမ်သည် တော်ရုံကိစ္စကို အလေးအနက်ထားခဲသည် ။

သို့သော် ယခုအချိန်တွင် သူ၏ဇနီးဖြစ်သူထံမှ အကူအညီ တောင်းရတော့မည်။

"ကျူးယန်... ငါ့ကို ဝိညာဥ်စွမ်းအင် နည်းနည်းလောက် ငှားပါဦး"

ယခုအချိန်မျိုးတွင် သူ၏ဘေးနား၌ ကျူးယန် ရှိနေသည်ကို သူအလွန်ကျေဇူးတင်မိ၏။

တစ်ချိန်တည်းမှာပင် သူက... "ထမင်းပျော့စားရတာ (မိန်းမအပေါ် မှီခိုရတာ) တကယ်ကို ကျေနပ်စရာကောင်းပါလား"ဟုလည်း တွေးမိသည်။

အထူးသဖြင့် ကျူးယန်လို အလှလေး၏ အကူအညီမျိုးပင်။

"ယောင်္ကျား... ကျွန်မ ဒီမှာရှိပါတယ်"

နင်းထောင်က အနက်ရောင် ပါးလွှာသော ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ကောက်ကြောင်းအလှများမှာ မှိန်ပျပျ မြင်နေရသည်။

နင်းထောင် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျူးယန်ကဲ့သို့တွတ်တီးတွတ်တာလုပ်ခြင်း သို့မဟုတ် နောက်ပြောင်ခြင်းများ မရှိခဲ့ပါ။ သူမ၏ နွေးထွေးသော နှုတ်ခမ်းများက ကျိယွမ်၏ နှုတ်ခမ်းပေါ်သို့ တိုက်ရိုက် ကျရောက်လာ၏။

ထိုခဏ၌ပင် ပြင်းထန်သော ဝိညာဥ်စွမ်းအင်များ စီးဝင်လာခဲ့သည်။

ကျိယွမ်သည် ပြန်လည် လန်းဆန်းလာပြီး အားနည်းနေသလို မခံစားရတော့ပါ။

ထူပြောလှသော ဝိညာဥ်စွမ်းအင်များက သူ၏ စိတ်ဝိညာဥ်များကို ထိုထူးခြားသော ကမ္ဘာဆီသို့ ဆက်တိုက် တွန်းပို့ပေးနေ၏။

"နောက်ဆုံးတော့... တစ်ခုကို ပို့ဆောင်နိုင်ပြီ။ နောက်ထပ် တစ်ခု ထပ်လုပ်ရအောင်"

နင်းထောင်၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏ ။ ကျိယွမ်၏ ပြဿနာများကို ကူညီဖြေရှင်းပေးရခြင်းမှာ သူမအတွက် အထူးသဖြင့် ပျော်ရွှင်စရာ ကောင်းသောအရာတစ်ခုအလား ပို၍တက်ကြွလာသည်။

"ယောက်ျား ကျွန်မ ပြင်းပြင်းလေး နမ်းပေးမယ်"

...............

အမည်မသိနေရာတစ်ခုတွင် မိုင်ပေါင်း မည်မျှအထိ ရှည်လျားသည်ကို မသိနိုင်သော အနက်ရောင် ပင်လယ်ရေပြင်ကြီး ရှိနေသည် ။

ထိုနေရာသည် လုံးဝကို အသံဗလံများ ဆိတ်သုဥ်းနေ၏။

တစ်ခါတစ်ရံတွင် ပုပ်သိုးနေသော သစ်သားအပိုင်းအစများ သို့မဟုတ် စုတ်ပြဲနေသော ဝတ်ရုံများကို တွေ့ရတတ်သည်။

သို့သော် ထိုကဲ့သို့သော အမှိုက်များသည် အမှိုက်ကောက်သူများကိုပင် စိတ်ဝင်စားမှု ပေးနိုင်မည် မဟုတ်ပါ။

ထိုခဏ၌ပင် အနက်ရောင် ပင်လယ်ရေပြင်ပေါ်တွင် လှိုင်းဂယက်များ ရုတ်တရက် ပေါ်လာပြီး ဘောင်ဘင်ခတ်လာ၏။

ထိုလှိုင်းဂယက်များ၏ နောက်သို့ လိုက်ကြည့်လျှင် မီတာတစ်ထောင်ခန့် အကွာ၌ ကြေးဝါသင်္ဘောတစ်စီးသည် ဖြည်းညှင်းစွာ ရွက်လွှင့်နေသည်ကို မြင်ရမည်ဖြစ်သည်။

သင်္ဘောခုတ်မောင်းလာခြင်းကြောင့် ရေလှိုင်းထသွားခြင်းပါတကား ...။

ထိုကြေးဝါသင်္ဘောကြီးသည် ထူးဆန်းသော ဒီဇိုင်းဖြင့်ပြုလုပ်ထားပြီး ၎င်း၏ ဦးပိုင်းတွင် အမြောက်ကဲ့သို့ အရာတစ်ခု ရှိနေသည် ။

အမြောက်က အသုံးမပြုသည်မှာကြာမြင့်နေပြီး ပြောင်းဝတွင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ကြေးနီချေးများ အထပ်ထပ်ရှိနေ၏။

ကြေးဝါသင်္ဘောပေါ်တွင် သံကုလားထိုင် ငါးလုံးရှိပြီး တစ်လုံးစီ၏ ဘေးတွင် ငါးမျှားတံတစ်ခုစီလည်း ရှိနေသည်။

သို့သော် ထိုနေရာ၌ ငါးမျှားလေ့ရှိသော လူများကတော့ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။

လူများမရှိတော့သော်လည်း ပိုင်ရှင်မဲ့ငါးမျှားကြိုးများမှာမူ အနက်ရောင်ပင်လယ်ထဲသို့ တွဲလောင်းကျနေဆဲ ဖြစ်သည် ။

ငါးမျှားကြိုးများနောက်သို့ လိုက်၍ ပင်လယ်အောက်ခြေသို့ ကြည့်လျှင်...

ထိုကြိုးများ၏ အဆုံးတွင်... ခြောက်သွေ့နေသော အလောင်း ငါးလောင်း ရှိနေသည်ကို တွေ့ရပေလိမ့်မည်။

မဟုတ်ပါ... အလောင်းများ မဟုတ်သေးချေ၊ သူတို့ အသက်ရှင်နေကြဆဲ ဖြစ်သည်။

ထိုခဏ၌ ငါးမျှားကြိုးဖြင့် ချိတ်ထားခံရသော ခြောက်သွေ့နေသည့် အလောင်းများအနက် တစ်လောင်းက သူ၏ နှုတ်ခမ်းများကို လှုပ်ရှားလိုက်သည်။

"အချိန်နဲ့ ဟင်းလင်းပြင်ရဲ့ အနှောင့်အယှက်တွေက ပိုပြီး စိပ်လာပြီ။ ကြည့်ရတာ... အရုဏ်ဦး တေးသံက နောက်တစ်ကြိမ် အရှိန်မြှင့်ခံလိုက်ရပြန်ပြီ ထင်တယ်။ အရာအားလုံး... အဆုံးသတ်ဖို့ နှစ်သုံးထောင်ထက် အချိန်မပိုတော့မှာကို ငါ စိုးရိမ်မိတယ်"

စကားပြောသူမှာ မြွေနှင့်တူသော သတ္တဝါတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်နေကာ ဦးခေါင်းအလယ်တွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိ၏။

သို့သော် သူ၏ဒေါင်လိုက်မျက်လုံးမှာ ကလော်ထုတ်ခံထားရပုံ ပေါ်ပြီး ဟောင်းလောင်းဖြစ်နေသည်။

"နှစ်သုံးထောင်ပဲ ကျန်တော့တာလား"

ကြီးမားပြီး ဝိုင်းစက်သော ဥကြီးတစ်လုံးနှင့်တူသည့် သတ္တဝါတစ်ကောင်က နှမြောတသဖြစ်သော လေသံဖြင့် ရေရွတ်၏။

"အရှေ့ဘက်အရှင်သခင်က ကမ္ဘာကြီးကို အခွင့်အရေးပေးဖို့ အချိန်ကို ထပ်ခါတလဲလဲ ပြန်သတ်မှတ်ခဲ့တယ်၊ ဒါပေမဲ့လည်း... အရုဏ်ဦး တေးသံက ရှောင်လွှဲလို့မရနိုင်ပုံပဲ"

"အရှေ့ဘက်အရှင်သခင်ရဲ့ အချစ်က အရမ်းနက်ရှိုင်းလွန်းတာ နှမြောစရာပဲ၊ ဒီသေဆုံးနေတဲ့ ကမ္ဘာကို တစ်ယောက်တည်း စောင့်ကြပ်နေပေမဲ့ အဲဒီတစ်ယောက်ကိုတော့ နိုးထအောင် မလုပ်နိုင်သေးဘူး"

"အဆုံးမဲ့တဲ့ ဟင်းလင်းပြင်၊ အဆုံးမဲ့တဲ့ လှည့်စားမှုတွေ၊ ဒါတွေအားလုံးက အမှန်တရားတစ်ခုကို ဖန်တီးဖို့ပဲ"

ပင်လယ်နက်ထဲတွင် ငါးမျှားကြိုးများ၌ ချိတ်ဆွဲခံထားရသော ထိုသတ္တဝါငါးဦးမှာ ဝမ်းနည်းကြေကွဲစွာ ညည်းညူနေကြ၏။

"ဒါတွေ တော်လိုက်ကြစို့၊ ဒီကိစ္စတွေက ငါတို့လို သိုင်းဘုရင်လေးတွေ ဝင်ရှုပ်လို့ရမယ့်အရာတွေ မဟုတ်ဘူး။ အဲဒီအစား စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုအကြောင်း ပြောရအောင်"

"ပြောရရင် ဘာကြောင့်လဲတော့ မသိဘူး၊ အခုလေးတင် ငါ့ရဲ့ ပြိုင်ဘက်ဟောင်းရဲ့ အနံ့ကို ရုတ်တရက် ရလိုက်သလိုပဲ။ ထူးဆန်းတယ်... နှစ်ပေါင်း သုံးသောင်းလောက် ပျောက်ကွယ်သွားတာ ဘာလို့ ရုတ်တရက် ပြန်ပေါ်လာတာလဲ မသိဘူး"

မြွေနှင့်တူသော သတ္တဝါက သံသယများဖြင့် ဇဝေဇဝါ ဖြစ်နေသည် ။

"အေး... အခုလေးတင် ငါလည်း ပုံမှန်မဟုတ်တဲ့ အရာတစ်ခုရဲ့ အနံ့ကို ရလိုက်သလိုပဲ"

"အပြောင်းအလဲတစ်ခု ဖြစ်နေတာများလား"

"ငါလည်း မသိဘူး"

ဥပုံသဏ္ဍာန် သတ္တဝါက ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ယမ်းကာ ခေါင်းခါလိုက်သည် ။

"အကျဥ်းစံ သိုင်းဘုရင်... တောင်နဲ့မြစ် ပန်းချီကားထဲမှာ မင်းရဲ့ မျှော်လင့်ချက်ရှိတဲ့ မျိုးဆက်တစ်ခု ရှိနေတယ်လို့ ငါကြားတယ်"

မြွေနှင့်တူသော သတ္တဝါက ဥပုံသဏ္ဍာန် သတ္တဝါကို ကြည့်ကာ မေးလိုက်၏။

ဤနေရာကို သိုင်းဘုရင်များအားလုံးက မူလဇစ်မြစ်နယ်မြေဟု သိကြသည်။

မူလဇစ်မြစ်နယ်မြေသည် အရာအားလုံး၏ အရင်းအမြစ် ဖြစ်၏။

သက်ရှိအားလုံး၊ ယဉ်ကျေးမှုအားလုံးသည် ဤမူလဇစ်မြစ်နယ်မြေမှ မွေးဖွားလာခဲ့ခြင်းပင်။

သို့သော် ကြီးမားသော စစ်ပွဲတစ်ခုက မူလဇစ်မြစ်နယ်မြေကို ဖျက်ဆီးပစ်ခဲ့ပြီး သက်ရှိအားလုံး သေဆုံးကုန်၏။

ဤသို့ဖြင့် မူလဇစ်မြစ်နယ်မြေသည် သေခြင်းတရားနယ်မြေ ဖြစ်လာခဲ့သည်။

ထို့အတူ ၄င်းသည် အချိန်မြစ်ထဲတွင် ပျောက်ဆုံးသွားခဲ့ပြီး မည်သူမှလည်း မသိနိုင်တော့ပေ။

သိုင်းဘုရင်များအားလုံးမှာလည်း အတွင်း၌ ပိတ်မိနေကြပြီး မလွတ်မြောက်နိုင်ကြဘဲ သူတို့၏ နာမည်ရင်းများကိုပင် မေ့လျော့ကုန်ကြ၏။

အရှေ့ဘက်အရှင်သခင်၏ အချစ်ဆုံးသူသည်လည်း ဤစစ်ပွဲကြီးအတွင်း၌ သေဆုံးခဲ့သည်ဟု ဆိုကြသည်။

မူလဇစ်မြစ်နယ်မြေကို ပြန်လည်ရှင်သန်လာစေရန်နှင့် သူ၏ချစ်သူနှင့် ပြန်လည်ဆုံစည်းနိုင်ရန် အရှေ့ဘက်အရှင်သခင်သည် 'တောင်နှင့်မြစ်စုတ်တံ' ကို အသုံးပြု၍ 'တောင်နှင့်မြစ်ပန်းချီကား' ကို ဖန်တီးခဲ့ကာ သိုင်းဘုရင်များ၏ စွမ်းအားကို စုစည်းပြီး မရေမတွက်နိုင်သော ကမ္ဘာများကို ဖြစ်ပေါ်စေခဲ့သည် ။

ထို့အပြင် သူသည် အဆုံးသတ်နယ်မြေတွင်ရှိနေသော ကံပါသူများကို စုစည်းကာ မူလဇစ်မြစ်နယ်မြေ၏ အပိုင်းအစများကို သူတို့၏ ခံတပ်အဖြစ် အသုံးပြုစေခဲ့သည် ။

ထိုကံပါသူများကို သွေးမျိုးဆက် ဆောင်ကြဥ်းသူများဟု သိကြ၏။

ဤသွေးမျိုးဆက် ဆောင်ကြဥ်းသူများသည် အမျိုးမျိုးသော တာဝန်များကို ပြီးမြောက်စေရန် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ကြရသည်။

ထိုအရာအားလုံးက မူလဇစ်မြစ်နယ်မြေကြီးကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်ရောက်စေရန်အတွက် အရှေ့ဘက်သခင်၏ အစီအစဥ်များပင်ဖြစ်၏။

မူလဇစ်မြစ်နယ်မြေသည် အစဖြစ်ပြီး သေခြင်းတရားနယ်မြေသည် အဆုံးသတ် ဖြစ်သည်၊ တောင်နှင့်မြစ်ပန်းချီကားသည် အတိတ်ဖြစ်ပြီး သမိုင်းလည်း ဖြစ်သည်။

သို့သော် ၎င်းသည် အဆုံးမဲ့သော အနာဂတ်များကိုလည်း ပိုင်ဆိုင်ထား၏။ အဆုံးသတ်နယ်မြေသည် ပစ္စုပ္ပန်ဖြစ်ပြီး အနာဂတ်လည်း ဖြစ်သည်၊ ၎င်းသည် သေခြင်းတရားကိုလည်း ကိုယ်စားပြုနေ​သည်။

အရှေ့ဘက်အရှင်သခင်၏ ရည်မှန်းချက်မှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ပြန်လည်ဖန်တီးရန် တောင်နှင့်မြစ်ပန်းချီကားထဲ၌ ပြီးပြည့်စုံသော အချိန်ကာလ တစ်ခုကို ရှာဖွေရန်ပင်။

သို့သော် သူတို့အတွက် ကျန်ရှိသော အချိန်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေ၏။

ရှေးဟောင်းသတင်းအချက်အလက်များအရ အရုဏ်ဦးတေးသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသောအခါ မူလဇစ်မြစ်နယ်မြေ၊ အဆုံးသတ်နယ်မြေနှင့် တောင်နှင့်မြစ်ပန်းချီကားတို့သည် တစ်ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားပေလိမ့်မည်။

သို့သော်... ထိုအရာအားလုံးက ဒဏ္ဍာရီပြောစကားများသာ ဖြစ်ပြီး ဘယ်အရာက အမှန်လဲဆိုတာတော့ မည်သူမှ မသိနိုင်ကြပါ။

မည်သို့ပင်ဆိုစေ အချိန်၊ ဟင်းလင်းပြင်နှင့် ထိုကဲ့သို့သော ကိစ္စရပ်များသည် နက်နဲလွန်း၍ သိုင်းဘုရင်များ ထည့်သွင်းစဥ်းစားရမည့် အရာများ မဟုတ်ပါ။

သူတို့သည် အရှေ့ဘက်အရှင်သခင်၏ အစီအစဉ်ကို လိုက်နာပြီး အကောင်အထည်ဖော်ရန်သာ လိုအပ်လေသည်။

ကြီးမားသော စစ်ပွဲအတွင်း၌ ဤသိုင်းဘုရင်များသည် အစွန်အဖျားတွင်သာ ရှိခဲ့ကြ၏။

ဥပုံသဏ္ဍာန် သတ္တဝါက ခေါင်းညိမ့်လိုက်သည်။

"ဟုတ်တယ်၊ ပါရမီက တော်တော်လေး ကောင်းတယ်၊သိုင်းဝိညာဥ်အဆင့်ကို ရောက်နေပုံပဲ၊ တော်တော်လေး ရှားပါးပါတယ်"

"သူတို့ကို ကောင်းကောင်း လေ့ကျင့်ပေးလိုက်ပါ၊ သိုင်းဘုရင်တစ်ယောက် ဖြစ်လာနိုင်တယ်။တကယ်လို့ အရုဏ်ဦး တေးသံကို ရှောင်လွှဲနိုင်ခဲ့ရင် မင်းရဲ့ မျိုးနွယ်စုကို ပြန့်ပွားအောင် သူတို့ကို သုံးလို့ရတာပေါ့"

မြွေနှင့်တူသော သတ္တဝါက မနာလိုစွာ ပြောလိုက်သည်။

ဤသွေးမျိုးဆက် ဘိုးဘေးများအတွက် သူတို့ကိုယ်တိုင်အပြင် သူတို့၏ မျိုးဆက်နှင့် မျိုးနွယ်စုများသည် ပင်ကိုယ်ဗီဇထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော အရာများ ဖြစ်သည် ။

သွေးမျိုးဆက် ဘိုးဘေးတစ်ဦး၏ အစွမ်းမှာ မိမိကိုယ်တိုင်ပေါ်တွင်သာမက သူ၏ မျိုးနွယ်စု ကြီးပွားထွန်းကားမှုပေါ်တွင်လည်း မူတည်နေ၏။

"သိုင်းဝိညာဥ်အဆင့်ကတော့ သာမန်ပါပဲ။ တကယ်လို့ သူတို့သာ သိုင်းဘုရင် အဆင့်ကို ရောက်နိုင်မယ်ဆိုရင် ဒုတိယမျိုးဆက် ဘိုးဘေးအဖြစ် သတ်မှတ်ခံရမှာပဲ"

"ဒါပေမဲ့ သူတို့ သိုင်းဘုရင်အဆင့်ကို ရောက်ဖို့ဆိုရင် ငါ အရင်ဆုံး အဆင့်တက်ဖို့ လိုတယ်လေ၊ ဒါမှ သူတို့ရဲ့ သွေးမျိုးဆက်က ခုန်ပျံကျော်လွှားနိုင်ပြီး အဆင့်တက်နိုင်ဖို့ အထောက်အကူ ဖြစ်မှာ"

" အခုတော့ ငါတို့တောင် ကိုယ့်ကိုယ်ကိုယ် မနည်းကာကွယ်နေရတာ၊ ဘယ်လိုလုပ်ပြီး အဆင့်တက်နိုင်မှာလဲ။ သူတို့မှာ သွေးမျိုးဆက် ခုန်ပျံကျော်လွှားပြီး သိုင်းဘုရင်အဆင့်ကို ရောက်ဖို့ အခွင့်အရေး မရှိပါဘူး"

ဥပုံသဏ္ဍာန် သတ္တဝါက ထိုသို့ပြောရင်း သက်ပြင်းချလိုက်၏။

---------------

အခန်း ၃၄၉ - ငါက ဒီကမ္ဘာကြီးဆီကို ချစ်ခြင်းမေတ္တာတွေ ပိုပြီးတော့ သယ်ဆောင်လာပေးချင်တာပါ...

ထျန်းယွဲ့မြို့၊ ကျီဟွာ လူနေရပ်ကွက်တွင်ဖြစ်သည်။

ကျွင်းအန်း လူနေရပ်ကွက်နှင့်မတူဘဲ ဤနေရာတွင် နေထိုင်သူများသည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် သြဇာအာဏာရှိသူများ ဖြစ်ကြ၏။

ကျယ်ဝန်းသော တိုက်ခန်းတစ်ခုအတွင်း၌ ဝူချီသည် အဖြူရောင် ရေချိုးဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်မှောင် ကြုတ်နေသည်။

"ရှောင်ချီ၊ ဘာလို့ ဒီလောက် မာနကြီးနေရတာလဲ။ အဲဒါက... ဒဏ္ဍာရီလာ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုလေ။"

"အဲဒါက ဂိုဏ်းသေးသေးလေး ဆိုပေမဲ့၊ ငါတို့လို ကုံရှင်းဂြိုဟ်ပေါ်က လူတွေအတွက်တော့ ဒါတွေအားလုံးက တကယ့် နတ်ဘုရားနန်းတော်တွေပဲ မဟုတ်ဘူးလား။ ငါ့ဝမ်းကွဲဆိုရင် နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ပြီး တစ်လကို ယွမ် ၃၀၀၀ ပဲ ရတဲ့ သာမန် မိန်းကလေး တစ်ယောက်ပဲ။"

"ဒါပေမဲ့ အခုတော့ ကျင့်ကြံခြင်း ပါရမီရှိတာကို တွေ့သွားပြီး ဟွမ်ရှာဂိုဏ်းထဲကို ဝင်လိုက်တာ သူရဲ့ နာမည်က ရွာရဲ့ မျိုးရိုးစဉ်ဆက် မှတ်တမ်းမှာ စာမျက်နှာ တစ်မျက်နှာ သီးသန့် ရသွားပြီ။ အဲဒါက ဘာကို ဆိုလိုတာလဲဆိုတာ နင် နားလည်ရဲ့လား။"

"ပွင့်ပွင့်လင်းလင်း ပြောရရင်၊ နင်က အရင်က အဆင့်အတန်းနဲ့ နာမည်ကျော်ကြားမှု အနည်းငယ်ရှိတဲ့ ကြယ်ပွင့် တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဒီကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင် ဖျော်ဖြေရေး သမားတစ်ယောက်ပဲ မဟုတ်ဘူးလား။ အခု နင့်မှာ ပါရမီ ရှိနေပြီပဲ၊ ဘာလို့ ဟွမ်ရှာဂိုဏ်းထဲ မဝင်တာလဲ။ အပြင်စည်း တပည့်တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်၊ အဲဒါက လူတိုင်း ဝင်ခွင့်ရနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။"

"နင်သာ ဝင်လိုက်ရင် ငါ့ဝမ်းကွဲက နင့်ကို ကူညီပေးနိုင်ပြီး သူရဲ့လမ်းညွှန်မှုအောက်မှာ နင့်ရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်သွားမှာကို..."

မန်နေဂျာ၏ အသံမှာ မရပ်မနား ထွက်ပေါ်နေ၏။သူမက ဝူချီအား ဂိုဏ်းတစ်ခုထဲသို့ဝင်ရန် တိုက်တွန်းနေခြင်းပင်။

ဝူချီသည် ထိုအသံကြောင့် ခေါင်းကိုက်လာသလို ခံစားရသည်။

ဟွမ်ရှာဂိုဏ်းသည် ဂိုဏ်းငယ်လေးတစ်ခုဖြစ်ပြီး အတွင်းစည်းတွင် အမြုတေ အဆင့် အကြီးအကဲ တစ်ဦးသာ ရှိလေ၏။ ထိုဂိုဏ်းသည် ချင်းယွမ်နိုငိငံ၏ ဒေသအသီးသီးမှ တပည့်များကို စုဆောင်းလေ့ရှိပြီး နာမည်အနည်းငယ် ရှိသည်။

ထျန်းရွှမ်းဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများသို့ ဝင်ခွင့်မမီသည့် ပါရမီရှင် အများအပြားသည် ဟွမ်ရှာဂိုဏ်းကဲ့သို့သော အလတ်စား ဂိုဏ်းများကို ရွေးချယ်တတ်ကြသည်။ သို့သော် ဤကဲ့သို့သော ဂိုဏ်းငယ်များပင်လျှင် မည်သူမဆို ဝင်ခွင့်ရနိုင်သည်တော့ မဟုတ်ပါ။

ဝူချီ၏ ပါရမီမှာ မမြင့်မားသော်လည်း အနိမ့်ဆုံး သတ်မှတ်ချက်နှင့်တော့ ကိုက်ညီသည်။မန်နေဂျာ၏ ဝမ်းကွဲမှာ ဟွမ်ရှာဂိုဏ်း၏ တရားဝင် တပည့်ဖြစ်နေသည့်အချက်နှင့် ပေါင်းစပ်ကာ မန်နေဂျာက ဝူချီအား ထိုဂိုဏ်းသို့ဝင်ပြီး သူမဝမ်းကွဲ၏ နောက်လိုက် ဖြစ်စေချင်နေခြင်း ဖြစ်သည်။

"အစ်မလျို၊ ကျွန်မရဲ့ အခြေအနေက ရှင်ထင်တာထက် ပိုပြီး ရှုပ်ထွေးတယ်။ ဒါကို အတင်းအကျပ် မလုပ်ချင်ဘူး"

ဝူချီက ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။

"ရှောင်ချီ၊ နင်က ဟို စီနီယာကျိရဲ့ အကြောင်းကိုပဲ တွေးနေသေးတယ်ဆိုတာ ငါ သိပါတယ်။"

"နင်က သူ့အိပ်ရာထဲကို တက်ပြီးတော့ အထက်တန်းလွှာ အမျိုးသမီး တစ်ယောက် ဖြစ်ချင်နေတာပဲ။"

"ဒါပေမဲ့ ခေတ်တွေက ပြောင်းလဲသွားပြီ။ နင်က လွတ်လပ်ပြီး သန်မာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ဖို့ လိုအပ်တယ်။ နင်သာ ဟွမ်ရှာဂိုဏ်းကို ဝင်လိုက်ရင် နင်က အထက်တန်းလွှာ ဖြစ်သွားမှာပဲ။ အဲဒီ ကျိယွမ် ဆိုတဲ့ လူက အလွန်ဆုံးရှိလှ မြို့စား တစ်ယောက်ပဲ။ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာတော့ သူက ပုရွက်ဆိတ် အကြီးစား တစ်ကောင်နဲ့ ဘာများ ကွာခြားလို့လဲ"

မန်နေဂျာက စိတ်မလျှော့ဘဲ ဆက်လက်အကြံပေးပြန်သည်။ ထိုသို့ ဇွဲကောင်းပြီး စည်းရုံးရေးကျွမ်းကျင်သောကြောင့်လည်း အနုပညာရှင်များ၏ မန်နေဂျာဖြစ်နေခြင်းပင်။

"အဲဒီတုန်းကတော့ နင်က နာမည်ကြီး အနုပညာရှင် အသေးအဖွဲလေး တစ်ယောက်မို့လို့ သူ့ရဲ့ အာဏာကို မက်မောတာက အဓိပ္ပာယ် ရှိပါတယ်။"

"ဒါပေမဲ့ အခုတော့... ခေတ်တွေက ပြောင်းသွားပြီ"

"အခု သူက သာမန် လူအုပ်ကြီးထဲက ခူတစ်ယောက်ပဲ။ သူ့အတွက်နဲ့ နင့်ရဲ့ ငယ်ရွယ်နုပျိုမှုကို အဖြုန်းတီးမခံပါနဲ့"

ဝူချီမှာ စကားမဲ့သွားသည်။

သူမအနေဖြင့် ကျိယွမ်၏ စစ်မှန်သော မည်သူမည်ဝါ ဖြစ်ကြောင်းကို ထုတ်ဖော် မပြောနိုင်ပါ။

ထိုအချိန်တွင် ကျော်ကြားသော စကားစုတစ်ခုကို သူမ သတိရသွားပြီး သူမက တုန့်ပြန်လိုက်သည်။

"အရင်တုန်းကတော့ ကျွန်မက ရေတွင်းထဲက ဖားတစ်ကောင်လိုပါပဲ၊ စီနီယာကျိကို နေနဲ့လလို မြင်ခဲ့မိတယ်။ ဒါပေမဲ့ အခု မသေမျိုး လမ်းစဉ် ပြန်လည် နိုးထလာတဲ့ အချိန်မှာလည်း ကျယ်ပြောလှတဲ့ ကောင်းကင်ကြီးကို ကြည့်နေရတဲ့ ပိုးဖလံလေး တစ်ကောင်လိုပဲ ကျိယွမ်ကို မြင်ယောင်နေမိတယ်"

"သူက နင့်ကို ဘယ်လိုများ ပြုစားထားလို့ ဒီလောက်အထိ ဖြစ်နေရတာလဲ"

မန်နေဂျာ၏ အသံမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။

ထိုအချိန်တွင် ဝူချီ၏အိမ်ခန်းအပြင်မှ လူခေါ်ခေါင်းလောင်းသံ မြည်လာခဲ့၏။

"ဧည့်သည် ရောက်နေလို့။ ဖုန်းချလိုက်တော့မယ်"

ဝူချီက ဖုန်းကို အမြန်ချလိုက်ပြီး ဤမျှ ညနက်သည့် အချိန်တွင် သူမထံသို့ မည်သူ လာလည်သနည်းဟု စဉ်းစားမရ ဖြစ်နေသည်။

သူမ၏ ရင်းနှီးသော သူငယ်ချင်း တစ်ယောက် ဖြစ်နိုင်မလား။

ထိုသို့တွေးကာ သူမသည် တံခါးဆီသို့ လျှောက်သွားပြီး တံခါးမှန်ပေါက်မှ တစ်ဆင့် အပြင်သို့ကြည့်လိုက်၏။

တစ်ဖက်တွင်ရှိသော မျက်နှာကို မြင်လိုက်ရသောအခါ ဝူချီ၏ မျက်နှာတွင် ဝမ်းသာမှုများ ချက်ချင်း ပြည့်နှက်သွားပါသည်။

"စီနီယာကျိ"

အပြင်ဘက်တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ စီနီယာကျိပင် ဖြစ်သည်။

သူက တကယ်ပဲ ပြန်ရောက်လာခဲ့ပါသည်။

ဒါပေမဲ့... သူက ဘာလို့ သူမဆီကို လာတွေ့ရတာလဲ။

ဝူချီသည် တွန့်ဆုတ်မနေဘဲ ဝမ်းသာအားရဖြင့် တံခါးကို ဖွင့်ပေးလိုက်၏။

"စီနီယာကျိ၊ ဘာကိစ္စရှိလို့ ဒီကို လာတာလဲဟင်"

ထိုအခိုက် အေးမြသော လေပြေတစ်ခု ဖြတ်တိုက်သွားသဖြင့် သူမ၏ ပခုံးများ အေးစိမ့်သွားသည်။ ထိုအခါမှ သူမတွင် ရေချိုးဝတ်စုံ တစ်ထည်သာ ဝတ်ထားသည်ကို သတိပြုမိသွားပြီး ဝမ်ချီ၏ မျက်နှာလေးမှာ ချက်ချင်း နီမြန်းသွားတော့သည်။

"ငါ့ရဲ့ နားက တော်တော်လေး ကောင်းတယ်။ အင်း၊ ခုနကပဲ လေထဲမှာ ပါလာတဲ့ အသံတွေအရ နင်က ငါ့အိပ်ရာထဲကို တက်ချင်နေတယ်လို့ ကြားလိုက်သလိုပဲ..."

ကျိယွမ်ကတော့ ကျိယွမ်ပင်။ သူက တစ်ဖကိမိန်းကလေးအပေါ် အားနာခြင်းရှိပုံ မရပါ။

ဝူချီ၏ မျက်နှာလေးက ပို၍ ရဲသွား၏။

" အဲဒါက သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ၊ အဲဒီလို မဟုတ်ပါဘူး"

ဝူချီက အလျင်အမြန် ရှင်းပြလိုက်သည်။

ယခုအချိန်တွင သူမသည် အလွန်စိတ်လှုပ်ရှားနေပြီး ကမ္ဘာကြီးတစ်ခုလုံး ဝေဝါးသွားသလို ခံစားချက်နှင့်အတူ သူမ၏ နှလုံးခုန်သံမှာလည်း မြန်ဆန်လာ၏။

"အင်း၊ အဲဒါက နားလည်မှုလွဲတာဆိုရင် ကောင်းပါတယ်။ ငါက အိမ်ထောင်သည် တစ်ယောက်လေ။"

ကျိယွမ်က သူ့ဘာသာ အိမ်ထဲသို့ ဝင်ထိုင်လိုက်ပြီး အဓိက အကြောင်းအရာကို စတင်လိုက်သည်။

"ငါ ဒီကိုလာတာက နင့်ဆီက သွေးတစ်စက် လိုချင်လို့ပါ။"

"သွေးတစ်စက်လား။"

ဝူချီသည် လန့်သွားပြီး ကျိယွမ် ဘာကို ဆိုလိုသည်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင် ဖြစ်နေသည်။

အကယ်၍ ဤအဖြစ်အပျက်သည် သူတို့ သင်္ဘောပေါ်တွင် စတင်တွေ့ဆုံခဲ့စဉ်က ဖြစ်ပါက ဝူချီသည် အနည်းငယ် တွန့်ဆုတ်သွားနိုင်သော်လည်း ကျိယွမ်နှင့် နီးစပ်နိုင်ရန်အတွက် လိုလိုလားလား ပေးအပ်မိမည် ဖြစ်သည်။

သို့သော် ယခုမူ သူမ မဝံ့ရဲတော့ပါ။

"ဟေ့၊ ပိုပြီးတော့ အာရုံစိုက်စမ်းပါ။ ငါ သွေးတစ်စက်လို့ ပြောတာနော်။"

"ငါ နင့်ကားကို စပြီး စီးဖူးတဲ့ အချိန်ကို မှတ်မိသေးလား။ ငါတို့ သဘောတူထားကြတယ်လေ၊ နင့်ရဲ့ သွေးက ငါ့ပိုင်ဆိုင်မှု ဖြစ်တယ်ဆိုတာ။"

ကျိယွမ်သည် သူ၏ စိတ်ဝိညာဥ်နတ်တစ်ခုကို ထားရန်အတွက် ကြားခံနယ်အဖြစ် ဝူချီ၏ သွေးတစ်စက်ကို လိုအပ်နေခြင်း ဖြစ်သည်။

ထိုအခါမှ ဝူချီ နားလည်သွားပြီး နားလည်မှုလွဲခဲ့သည်များ ပြေလည်သွားကာ ကြမ်းပြင်ကို ခြေချောင်းလေးများဖြင့် ကုတ်မိသည်အထိ ရှက်သွားလေသည်။

"စီနီယာကျိ၊ ကျေးဇူးပြုပြီး ယူပါ"

ဝူချီက သူမ၏ သွယ်လျသောလက်ညှိုးလေးကို ကမ်းပေးလိုက်၏။

သူမ၏သွေးဖြင့် ကျိယွမ်က ဘာလုပ်ချင်သည်ကိုလည်း သူမ သိချင်နေသည်။

သို့သော် သူမသည် ကျိယွမ်အပေါ်တွင် အရာအားလုံး ပုံအောထားပြီးသား ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ သူမ လိုက်နာမည်သာ။

သူမ၏ နုနယ်သော လက်ညှိုးလေးကို ဆန့်ထုတ်လိုက်ရာ ကျိယွမ်၏ မျက်လုံးများထဲတွင် အနီရောင် အလင်းတန်းတစ်ခု ပေါ်လာ၏။

ဝူချီ၏ လက်ညှိုးပေါ်တွင် ပါးလွှာသော ဓားရာတစ်ခု အလိုလိုပေါ်လာပြီး သွေးတစ်စက်မှာ ချီယွမ်၏ လက်ဖဝါးထဲသို့ ကျဆင်းသွားခဲ့သည်။

သို့သော် ကျိယွမ်၏ လက်ဖဝါးထဲတွင် အပေါက်တစ်ခု ရှိနေသကဲ့သို့ ထင်ရပြီး

သွေးစက်မှာ လက်ဖဝါး အတွင်းသို့ ချက်ချင်းစိမ့်ဝင်သွားလေ၏။

ထိုအချိန်တွင် ကျိယွမ်က မျက်လုံးများကို မှိတ်လိုက်သည်။

မည်သည့် စိတ်ဝိညာဥ်က ဝူချီနှင့် ကံပါသနည်းဆိုသည်ကို သူက အာရုံခံနေခြင်းပင်။

ဆယ်စက္ကန့်ခန့် ကြာပြီးနောက် ကျိယွမ်က မျက်လုံးများကို ပြန်ဖွင့်လိုက်၏။

ဝူချီသည် သူ၏ ဘေးတွင် နားမလည်နိုင်စွာဖြင့် တိတ်တဆိတ် ရပ်နေလေသည်။

"နင့်ဆီကို အဖွားတစ်ယောက် ပို့ပေးမယ်လို့ ငါပြောခဲ့တာ မှတ်မိလား။"

"ကောင်းပြီ၊ ဒီတစ်ခါတော့... ငါ နင့်ဆီကို အဖွားငါးယောက် ပို့ပေးမယ်။"

"ရှင်"

ဝူချီသည် ဇဝေဇဝါဖြင့် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေ၏။

"သူတို့က ကောင်းကင်ဘုံ နတ်မင်းလေးပါး ဖြစ်ကြတဲ့ ချီကော်ထျန်းဝမ် ၊ ကျန်းကျန့်ထျန်းဝမ်၊ ကွမ်းမုထျန်းဝမ် နဲ့ သာ့ဝန်ထျန်းဝမ် တို့ပဲ"

"ပြီးတော့ နောက်ထပ် တစ်ယောက်ကတော့ ယွဲ့လျောင်ပဲ။ တစ်ခုတော့ရှိတယ် ၊ ဒီမဖွံ့ဖြိုးသေးတဲ့ အမြွှာတွေကို ခွဲထုတ်ဖို့ လိုအပ်နေတာ။"

ကျိယွမ်က သူ့ဘာသာ အခက်တွေ့နေသလို ရေရွတ်လိုက်သည်။

ကောင်းကင်ဘုံနတ်မင်း လေးပါးသည် ချင်းရွှေကျေးရွာမှ သူ၏ အစောဆုံး အင်အားစုများ ဖြစ်ကြပြီး အရှေ့ဘက်နတ်မင်း ချီကော်ထျန်းဝမ်မှာ စီနီယာ ထျန်းပေါင်၏ မြေးမလေး ဝမ်ဝမ်ချီ ဖြစ်လေသည်။

ယွဲ့လျောင်ကတော့ ကျိယွမ် ရှေးဟောင်းမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေတွင် တွေ့ဆုံခဲ့သော အမြွှာညီအစ်မထဲမှ နတ်ဘုရားမတစ်ပါး ဖြစ်၏။

အစ်မဖြစ်သူမှာ အေးစက်သော်လည်း ညီမဖြစ်သူကတော့ ပါးစပ်သွက်ကာ ပို၍ လွတ်လပ်မှု ရှိသည်။

ယခုတစ်ကြိမ်တွင် ညီမဖြစ်သူက အစ်မဖြစ်သူနှင့် အတူမနေခဲ့ခြင်းမှာ ကျိယွမ်အား အံ့အားသင့်စေ၏။

သို့သော် သူ့ကို ပိုပြီး အံ့သြစေသောအရာမှာ ဝူချီသည် ၁၇၀ စင်တီမီတာထက် အနည်းငယ်သာ ပိုမြင့်သော်လည်း သူမ၏ သွေးမှာ အဖွားငါးယောက်ကို လက်ခံနိုင်စွမ်း ရှိနေခြင်းပင်။

"သူတို့က ဘယ်သူတွေလဲဟင်..."

ဝူချီကတော့ ကျိယွမ်၏ လုပ်ရပ်ကိုလည်းနားမလည်သလို ဘာတွေပြောနေသည်ကိုလည်း နားမလည်နိုင်ဖြစ်နေရှာသည်။

"သူတို့က ငါ့ရဲ့ မိတ်ဆွေဟောင်းတွေပါ၊ ငါ့လူတွေလို့ ပြောလို့ရတယ်..."

ကျိယွမ်က တိုတိုတုတ်တုတ်သာ ရှင်းပြလိုက်၏။

ဝူချီ၏ နှလုံးသားမှာ တင်းကျပ်သွားလေသည်။

သူတို့က စီနီယာကျိ၏ အသိတွေလား။ သူမ ဇဝေဇဝါ ဖြစ်နေ၏။

ဒါဆို သူတို့က ကျင့်ကြံခြင်း ကမ္ဘာက ကျန်ရစ်သူတွေလား။

ငါ့အိမ်မှာ ကျင့်ကြံသူတွေ ထားချင်နေတာလား။

"သူတို့က ငါ့ရဲ့ စိတ်ဝိညာဥ်တွေလည်း ဖြစ်တယ်။ သူတို့က လွန်ခဲ့တဲ့ အချိန်အတော်ကြာက တိုက်ပွဲမှာ သေဆုံးခဲ့ကြပြီး အခုတော့ အိပ်မောကျနေတဲ့ အခြေအနေနဲ့ နင့်အတွင်းမှာ နေထိုင်ကြလိမ့်မယ်။"

"သူတို့က... နင့်ရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးနိုင်ပြီး နင့်ကို ပိုပြီး သန်မာလာအောင် ကူညီပေးနိုင်တယ်"

ကျိယွမ်က အမှန်အတိုင်း ပြောလိုက်သည်။ သူ့အနေဖြင့် ကာကယံရှင်အပေါ် ဖုံးကွယ်ထားစရာ မရှိပါ။

"ရှင်..."

ဝူချီ၏ နှလုံးခုန်သံမှာ စည်းချက်လွဲသွားမတတ် ခုန်ပေါက်သွားလေ၏။

စိတ်ဝိညာဥ်ဆိုသည့် စကားလုံးကို သူမ ကြားဖူးပါသည်။

ထိုအရာများက သာမန် မဟုတ်ကြပေ။ မသေမျိုးလမ်းစဥ်နှင့် တိုက်ရိုက်ဆက်စပ်နေပြီး အလွန်အဆင့်မြင့်သူများပင်။

စီနီယာကျိရဲ့ အသိတွေအားလုံးက စိတ်ဝိညာဥ် အဆင့်တွေလား။

အဲဒါတွေက စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေပေါ့။

ယခုလို ခေတ်မျိုးတွင် ဝူချီသည် မသိနားမလည်သူ မဟုတ်တော့ပါ။

မသေမျိုးနယ်မြေကြီးသုံးခု ကုံရှင်းဂြိုဟ်ပေါ်သို့ ဆင်းသက်လာပြီး မသေမျိုးလမ်းစဉ် ပြန်လည် နိုးထလာကတည်းက သူမသည် ကျင့်ကြံခြင်း အဆင့်အတန်းများကို နားလည်လာခဲ့သည်။

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို နတ်ဘုရားများကဲ့သို့ပင် သတ်မှတ်ကြ၏။

ဝိညာဉ်တစ်သောင်းအလံကို ကိုင်ဆောင်ထားသည့် မိစ္ဆာကျင့်ကြံသူကဲ့သို့ပင် သူသည် တစ်ယောက်တည်းဖြင့် မြို့တစ်မြို့လုံးကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

ကောင်းကင်မျက်လုံးကိုသာ အသုံးမပြုခဲ့လျှင် သူ့ကို မည်သူက တားဆီးနိုင်မည်နည်း။

နတ်ဘုရားများကဲ့သို့ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုပုဂ္ဂိုလ်များသည် ဂိုဏ်းကြီးတစ်ခုလုံး၏ ဘိုးဘေးများပင် ဖြစ်ကြသည်။

ကြယ်ခုနစ်ပွင့် မိသားစုများ၏ ခေါင်းဆောင်များသည်ပင် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ရိုသေလေးစားစွာ ဆက်ဆံကြရ၏။

အကယ်၍ စီနီယာကျိ၏ အသိမိတ်ဆွေများမှာ စိတ်ဝိညာဥ် အဆင့်များ ဖြစ်နေပါက၊ သူကိုယ်တိုင်မှာလည်း...စိတ်ဝိညာဥ်အဆင့် သို့မဟုတ် ထိုထက်ပင် မြင့်မားသော တစ်စုံတစ်ဦး ဖြစ်ရမည် မဟုတ်ပါလား။

"စိတ်မပူပါနဲ့၊ သူတို့က နင့်ကို လမ်းညွှန်ပေးရုံပဲ လုပ်မှာပါ၊ နင့်ကို ထိခိုက်အောင် မလုပ်ပါဘူး။ နင်ပေးဆပ်ရမယ့် တန်ဖိုးကတော့ ခုနက သွေးတစ်စက်တည်းပဲ။"

ကျိယွမ်က သူ၏ လက်ကို ဝေ့ယမ်းလိုက်သည်။

သူ၏ လက်ဖဝါးထဲမှ သွေးတစ်စက်ထွက်ပေါ်လာ၏။

ထိုသွေးတစ်စက်မှာ ဝူချီ၏ သွေးဖြစ်ပြီး ယခုအခါတွင် ထိုအထဲ၌ စိတ်ဝိညာဥ်ငါးခု ကိန်းအောင်းနေသည်။

သို့သော် သာမန်လူများကတော့ ၎င်းတွင် ထူးခြားမှု တစ်စုံတစ်ရာကို သတိပြုမိမည် မဟုတ်ပေ။သူတို့အမြင်တွင် သာမန်သွေးစွန်းတစ်ခုသာ ထင်ရပေလိမ့်မည်။

"ဒါက နင် ခုနက ငါ့ကို ပေးတဲ့ သွေးပဲ။ ဒါကို သောက်လိုက်ပါ၊ အဲဒါက နင့်ရဲ့ ဝိညာဉ်ထဲမှာ ကိန်းအောင်းနေလိမ့်မယ်။"

"နင့်ရဲ့ ဝိညာဉ် ပိုပြီး သန်မာလာတာနဲ့အမျှ သူတို့က တဖြည်းဖြည်း နိုးထလာကြမှာ။"

"ကြောက်စရာ စိုးရိမ်စရာမရှိဘူး ။ စိတ်ချချနေပါ ၊ ကဲ ..ငါလည်း သွားရဦးမယ်။"

ကျိယွမ် အလွန် အလုပ်များနေပါသည်။

သူ့အတွင်း၌ စိတ်ဝိညာဥ် လေးထောင်ကျော် ကျန်နေသေး၏။

ထိုစိတ်ဝိညာဥ်များအတွက် မြေးယောင်္ကျားလေးများနှင့် မြေးမိန်းကလေးများကို သူ ရှာဖွေပေးရဦးမည် မဟုတ်ပါလား။

"စိတ်မပူပါနဲ့ စီနီယာကျိ ၊ ကျွန်မ သူတို့ကို ကိုယ့်အဖွား အရင်းတွေလိုပဲ ဆက်ဆံပါ့မယ်"

ဝူချီက စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်သည်။

စိတ်ဝိညာဥ်အဆင့်ငါးခု၏ လမ်းညွှန်မှုနှင့်ဆိုလျှင်၊ ဟွမ်ရှာဂိုဏ်းဆိုသည်မှာ ဘာအဆင့်ရှိတော့မည်နည်း။

အမြုတေအဆင့် ဘိုးဘေးတစ်ယောက်သာရှိသော ဂိုဏ်းလေးတစ်ခုက စိတ်ဝိညာဥ်အဆင့် ငါးဦးကို မည်သို့ယှဥ်နိုင်မည်နည်း။

"ကောင်းပြီ။ သူတို့ နိုးလာရင် နင့်ကို သူတို့ရဲ့ မြေးအဖြစ် လက်ခံချင်လားဆိုတာ ငါ မေးပေးမယ်။ နှုတ်ဆက်ပါတယ်"

ဝူချီက ထိုသွေးတစ်စက်ကို မျိုချလိုက်သည်ကို ခေတ္တစောင့်ကြည့်ပေးပြီးမှ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။

"မစ္စတာကျိ..."

အခန်းအတွင်း၌ ဝူချီသည် စက္ကန့်အနည်းငယ်ခန့် မှင်တက်ကာ ရပ်နေခဲ့ပြီး ကြုံတွေ့သမျှကို အိမ်မက်လား တကယ်လား ဝေခွဲမရဖြစ်နေသည်။

အတန်ကြာမှ သတိဝင်လာပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း သူမကိုယ်သူမ စစ်ဆေးကြည့်လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို လက်ခံရရှိပြီးသည့်အခါမှသာ သူမအလွန်ဝမ်းသာသွားတော့သည်။

ထိုတစ်နာရီအတွင်း သူမသည် မျက်လုံးများကို မှိတ်ကာ အနားယူနေခဲ့ပြီး အချက်အလက်များစွာက သူမ၏ စိတ်အတွင်းသို့ မြစ်ရေလို စီးဝင်နေခဲ့၏။

၎င်းမှာ အလွန်တရာ နက်ရှိုင်းလှသော နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။

ယခုအချိန်မှသာ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်ကြောင်း သူမ သေချာသွားတော့သည်။

အဖွားငါးယောက်...

စိတ်ဝိညာဥ်ငါးခု ....။

သူမသည် ဆိုဖာပေါ်တွင် ခဏမျှ မှိုင်တွေကာ ထိုင်နေပြီးနောက် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်လိုက်သည်။

"အစ်မလျို... ကျွန်မ အဖွားငါးယောက်ကို အသိအမှတ်ပြုလိုက်ပြီ။"

"ဟမ်"

တစ်ဖက်မှ မန်နေဂျာမှ ကြောင်တောင်တောင်ဖြစ်ကာ ကျန်ရစ်ခဲ့လေသည်။

................

"ဒီလိုတော့ မဖြစ်သေးဘူး၊ ငါ့မှာ စိတ်ဝိညာဥ်တွေ အရမ်းများနေတယ်"

သူ၏ အခန်းအတွင်း၌ ကျိယွမ်မှာ စိုးရိမ်ပူပန်မှုများဖြင့် ခေါင်းစားနေသည်။

သူသည် စိတ်ဝိညာဥ်တစ်ရာကျော်ကို မူလဇစ်မြစ်အရပ်ဆီသို့ ပို့ပေးခဲ့ပြီး အားကျိတို့ မောင်နှမဆီသို့ အနည်းငယ်နှင့် ယခု ဝူချီဆီသို့လည်း အချို့ပို့ပေးခဲ့သည်။

သို့သော် စိတ်ဝိညာဥ်များက အများအပြား ကျန်ရှိနေသေး၏။

"တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စုဆောင်းတာမျိုးကော ဘယ်လိုလဲ။"

နင်ထောင်းသည် ကိတ်မုန့်ကို စားနေပြီး သူမ၏ ဖြူလွှလွှလက်ချောင်းလေးများမှာ ခရင်မ်များ ပေနေသည်။

သူမသည် ကျိယွမ်ကို အကြံပြုရင်း ပေနေသောခရင်မ်များကို သူမ၏ လျှာလေးဖြင့် လျက်လိုက်၏။

"နင်ပြောတာ အဓိပ္ပာယ် ရှိတယ်။"

ကျိယွမ်က ခေါင်းညိတ်သည်။

စိတ်ဝိညာဥ်လေးထောင်ဆိုသည်မှာ အမှန်တကယ်ပင် များပြားလှ၏။

မူလဇစ်မြစ်အရပ်၏ အလားအလာများကို အပြည့်အဝ မထုတ်ယူရသေးသော်လည်း ထပ်မံလုပ်ဆောင်ရန်မှာ တာဝန်အသစ်များကို အောင်မြင်ရန် လိုအပ်သည်။

နောက်ထပ် တာဝန်က မည်သည့်အချိန်တွင် ရောက်လာမည်ကို ကျိယွမ် မသိပါ။

ထို့ကြောင့် ယခုအခါတွင် သူက ကုံရှင်းဂြိုဟ်ပေါ်တွင်သာ အာရုံစိုက်ထားရသည်။

ကုံရှင်းဂြိုဟ်ပေါ်တွင် လူပေါင်းမြောက်မြားစွာရှိသဖြင့် အားကျိတို့ မောင်နှမနှင့် ဝူချီတို့ကဲ့သို့ ထူးခြားသော ပါရမီရှင်များစွာ ရှိကောင်းရှိနိုင်လေသည်။

ကျိယွမ် အတန်ကြာတွေးပြီးနောက် စိတ်မချမ်းမြေ့သလို သက်ပြင်းချ၏။

"ဟူး.... ခေတ်သစ် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတွေရဲ့ မိသားစုသံယောဇဉ်တွေက ပိုပြီးတော့ ဝေးကွာလာကြတယ်။"

"ငါက ကုံရှင်းဂြိုဟ်ပေါ်က လူတွေဆီကို အဖိုးတွေ၊ အဖွားတွေ ပို့ပေးဖို့ လိုအပ်နေပုံပဲ၊ ဒါမှ သူတို့ မိသားစုရဲ့ နွေးထွေးမှုကို ခံစားနိုင်ကြမှာ။"

ကျိယွမ်သည် ဆုံးဖြတ်ချက် တစ်ခုချလိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု စတင် ပုံပေါ်လာသည်။

"နင်းထောင်...မင်း ကိတ်မုန့်စားပြီးရင် ငါ့ကို မြို့တော်ဆီ ခေါ်သွားပေးပါ။ သတ္တမမင်းသားနဲ့ ငါ တွေ့ချင်လို့။"

"ရပါတယ်။"

နင်းထောင်က ချက်ချင်း သဘောတူလိုက်သည်။

"အေးအေးဆေးဆေး စားပါ၊ အစာမနင်စေနဲ့၊ အလျင်မလိုပါဘူး။"

ကျိယွမ်က နင်းထောင်ကို ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ကိတ်မုန့်တစ်ခုကို ကောက်ယူလိုက်သည်။

"ငါ ခွံ့ကျွေးရမလား .."

.............

နန်းတော်အတွင်း၌ဖြစ်သည်။

သတ္တမမင်းသားသည် မင်းညီမင်းသား ဝတ်စုံဖြင့် ခန့်ညားထည်ဝါစွာ ရပ်နေပြီး ယဉ်ကျေးပျူငှာလှသည်။

သူ၏ ရှေ့တွင် မုတ်ဆိတ်ရှည်နှင့် သက်ကြီးရွယ်အိုတစ်ဦး ရပ်နေ၏။။

ထိုအဘိုးအိုမှာ မီးဝိညာဉ်နယ်မြေ ၊ ထျန်းယွမ်ဂိုဏ်းမှ စီနီယာအကြီးအကဲတစ်ဦး ဖြစ်လေသည်။

ထျန်းယွမ်ဂိုဏ်းသည် တုရှန်းဂိုဏ်းနှင့် ထျန်ရွှမ်းဂိုဏ်း နှစ်ခုလုံးထက် ပိုမို အစွမ်းထက်၏။

ပြောရလျှင် ၎င်းမှာ မီးဝိညာဉ်နယ်မြေ၏ စစ်မှန်အရှင်သခင်လည်း ဖြစ်သည်။

ဒဏ္ဍာရီများအရ ထျန်းယွမ်ဂိုဏ်း၏ တည်ထောင်သူဘိုးဘေးသည် သူ၏ လူငယ်ဘဝတွင် လျှို့ဝှက်ဆန်းပြားသော ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့၏။

ထိုကျောက်တုံးသည် ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ပြီး ကံကြမ္မာ အကောင်းအဆိုးကိုလည်း ဟောကိန်းထုတ်နိုင်လေသည်။

ကျောက်တုံးကိုအသုံးပြုခြင်းဖြင့် ထျန်းယွမ်ဂိုဏ်းဘိုးဘေးသည် ကျင့်ကြံခြင်း ကမ္ဘာတွင် အဆင်ပြေချောမွေ့စွာ တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိကာ ပိုမိုမြင့်မားသောဘုံသို့ တက်လှမ်းသွားနိုင်ခဲ့သည်ဟု ဆို၏။

သို့သော် စိတ်မကောင်းစရာမှာ ထိုကျောက်တုံးကို အထက်ဘုံသို့ ယူဆောင်သွား၍ မရသဖြင့် ထျန်းယွမ်ဂိုဏ်းတွင်သာ ချန်ထားခဲ့ရလေသည်။

မီးဝိညာဉ်နယ်မြေနှင့် ကုံရှင်းဂြိုဟ်ကြားရှိ လမ်းကြောင်း ပွင့်လာသောအခါ ဤကျောက်တုံးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

ထျန်းယွမ်ဂိုဏ်းသည် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို ဟောပြောခြင်းတွင် အထူးကျွမ်းကျင်၏။

"သတ္တမမင်းသား၊ ထျန်းယွမ်ဂိုဏ်းက တုကျွမ်းထျန်းယွမ် ခံစစ်အစီအရင်ကို တည်ဆောက်ချင်တာဟာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

ထိုအကြီးအကဲက တောင်းပန်မှု အနည်းငယ်ပါသောအသံဖြင့် ပြောလိုက်သည်။

"အကြီးအကဲ ဝမ်၊ ကျွန်တော် ထျန်းယွမ်ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ယုံကြည်ပါတယ်။"

"ဒါပေမဲ့ တစ်ကမ္ဘာလုံးမှာ တုကျွမ်းထျန်းယွမ်ခံစစ်အစီအရင်ကို တည်ဆောက်ဖို့ ဆိုတာကတော့... ကျွန်တော်တို့ တော်ဝင်မိသားစုတစ်ခုတည်းက ဆုံးဖြတ်လို့မရပါဘူး။"

"ကြယ်ခုနစ်ပွင့် မိသားစုတွေက စိတ်ဝမ်းမကွဲကြဘူး ဆိုပေမဲ့၊ ကျွန်တော်တို့က ဒီလို တောင်းဆိုချက်ကို ကိုယ်သဘောနဲ့ကိုယ် သဘောမတူနိုင်ပါဘူး။"

"ဒါ့အပြင်၊ ချင်းယွမ်နဲ့ ရှေးဟောင်း ဝူနိုင်ငံတော်ဟာ အမြဲတမ်း ပြိုင်ဘက်တွေ ဖြစ်နေကြတာပါ။ ကျွန်တော်တို့က သဘောတူရင်တောင် သူတို့က ငြင်းကြမှာပါ။"

"တကယ်လို့ သူတို့က သဘောတူရင်လည်း ကျွန်တော်တို့က ကန့်ကွက်မှာပါ။"

သတ္တမမင်းသား၏ စကားများမှာ ယဥ်ကျေးသော်လည်း ခိုင်မာသော ငြင်းဆိုမှုကို ပြသနေသည်။

ထျန်းယွမ်းဂိုဏ်းက မည်သို့အကြောင်းပြချက်ပေးနေစေကာမူ တစ်ကမ္ဘာလုံးတွင် တုကျွမ်းထျန်းယွမ် ခံစစ်အစီအရင်ကို ဖြန့်ကျတ်တည်ထောင်ခြင်းသည် နိုင်ငံအသီးသီးတွင် သူတို့၏ စစ်အခြေစိုက်စခန်းများ တည်ဆောက်ခြင်းနှင့် ဆင်တူနေ၏။

ထျန်းယွမ်ဂိုဏ်းက ထိုခံစစ်အစီအရင်သည် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို လေ့လာရန်နှင့် ကြယ်များကို ကြည့်ရှုရန်အတွက်သာ ဖြစ်သည်ဟု ဆိုသော်လည်း၊ သူတို့က ထိုစကားကို မည်သို့ ယုံကြည်နိုင်မည်နည်း။

အကယ်၍ ထိုအရာက ထိန်းချုပ်မှုကို သိမ်းပိုက်ရန်အတွက် ကြီးမားသောအစီအစဉ်တစ်ခု၏ အစိတ်အပိုင်း ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

မင်းသား၏စကားကို ကြားသောအခါ အကြီးအကဲဝမ်ခိုင်ရှန်း မျက်နှာပျက်သွားသည်။

"သတ္တမ မင်းသား၊ ထျန်းယွမ်ဂိုဏ်းမှာ ဘာကိုယ်ကျိုးရှာမှုမှ မရှိပါဘူး။"

"ကျွန်တော်တို့ ထျန်းယွမ်ဂိုဏ်းရဲ့ တန်ဖိုးထားရတဲ့ ထျန်းယွမ်ကျောက်တုံးက ဟောကိန်းထုတ်ထားတာကတော့၊ နှစ်တစ်ထောင်အတွင်းမှာ ဒီကမ္ဘာကြီးဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ကြုံတွေ့ရမှာ ဖြစ်ပြီး၊ မီးဝိညာဉ်နယ်မြေကိုတောင် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။"

"ဒါကြောင့် ကျွန်တော်တို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတာပါ၊ ကြီးမားတဲ့ ဘေးဒုက္ခကို ရင်ဆိုင်ဖို့ ခံစစ်အစီအရင်ကို တည်ဆောက်ချင်ယုံပါပဲ "

ဝမ်ခိုင်ရှန်း၏ စကားများမှာ စိတ်ရင်းအမှန် ဖြစ်ပါသည်။

သူပြောနေသည်များမှာ ထျန်းယွမ် ကျောက်တုံးရတနာမှ ထုတ်ဖော်ပြသခဲ့သည့် အရာများအတိုင်း ပြောနေခြင်းပင်။

ထို့ကြောင့် သူသည် ဖြစ်ပေါ်လာမည့်အကျပ်အတည်းအတွက် ပြင်ဆင်ရန် တုကျွမ်းထျန်းယွမ် ခံစစ်အစီအရင်ကြီးကို တည်ထောင်ရန် အလွန် စိတ်အားထက်သန်နေ၏။

သို့သော် ကုံရှင်းဂြိုဟ်ပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံများမှာ ချင်းယွမ်နှင့် ရှေးဟောင်း ဝူနိုင်ငံတော်တို့ ဖြစ်ကြပြီး ထိုနှစ်နိုင်ငံကို မဖျောင်းဖျနိုင်ဘဲနှင့် ခံစစ်အစီအရင်ကို တည်ထောင်၍ မရနိုင်ပါ။

"နှစ်တစ်ထောင်ဆိုတာက အဝေးကြီး လိုပါသေးတယ်"

သတ္တမင်းသားက ခေါင်းခါရင်း ပြောလိုက်ပြီးနောက် တောင်းပန်သည့် အမူအရာဖြင့် ဆို၏။

"စိတ်မကောင်းပါဘူး အကြီးအကဲ ဝမ်"

ထိုအချိန်တွင် သူတို့စကားပြောနေသောဆီသို့ ယူနီဖောင်းဝတ်ထားသော လူတစ်ယောက် အလျင်အမြန် ဝင်ရောက်လာလေသည်။

ထိုလူကို မြင်လိုက်ရသောအခါ သတ္တမမင်းသား၏ အမူအရာမှာ ပြောင်းလဲသွား၏။

သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းပသွားပြီး ချက်ချင်းမေးလိုက်သည်။

"စီနီယာကျိ ရောက်လာတာလား။ ဘာလို့ သူ့ကို ဒီကို ချက်ချင်း ခေါ်မလာတာလဲ။"

"မဟုတ်ဘူး၊ ငါကိုယ်တိုင်ပဲ တော်ဝင်ခန်းမဆီ သွားပြီး ကြိုဆိုလိုက်မယ်"

ထိုသို့ပြောပြီးနောက် သတ္တမမင်းသားသည် စိတ်အားထက်သန်လွန်းသဖြင့် ဝမ်ခိုင်ရှန်းကိုပင် မေ့သွားပုံရကာ ခန်းမထဲမှ အပြေးအလွှား ထွက်သွားတော့သည်။

ခန်းမထဲတွင် ကျန်ရစ်ခဲ့သော ဝမ်ခိုင်ရှန်းမှာ ဇဝေဇဝါဖြင့် မင်းသား၏ ကျောပြင်အား ကြည့်နေမိသည်။

"စီနီယာကျိတဲ့လား ... သူက ကျင့်ကြံသူ တစ်ယောက်လား။"

သူသည် သတ္တမမင်းသားနှင့် အကြိမ်အနည်းငယ် တွေ့ဖူးပြီးဖြစ်ကာ မင်းသားသည် ကျင့်ကြံသူများကို အမြဲ တမ်းလိုလို ရိုသေလေးစားမှု ပြသခဲ့၏။

မင်းသား ဤကဲ့သို့ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသည်ကို သူ တစ်ခါမှ မမြင်ဖူးပါ။

ထို့အပြင် မင်းသားသည် သူ့ကို အရံခန်းမဆောင်တွင်သာ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

စိတ်ဝိညာဥ်သခင် ၁၀ ပါးကို တွေ့ရာ၌ဖြစ်စေ ၊ ကြယ်ခုနစ်ပွင့် မိသားစု ခေါင်းဆောင်များကို တွေ့ဆုံရာ၌ဖြစ်စေ အရံခန်းမဆောင်တွင်သာ ပြုလုပ်လေ့ရှိသည်ကို သူသတိထားမိ၏။

ဘိုးဘေးတစ်ဦး တော်ဝင်မိသားစုထံ လာလည်လျှင်ပင် တော်ဝင်ခန်းမဆောင်ကြီးတွင် တွေ့ဆုံရန် အရည်အချင်း မပြည့်မီပါ။

သို့သော် စီနီယာကျိဆိုသူကတော့... တော်ဝင်ခန်းမဆောင်ကြီးဆီကိုပင် ရောက်နှင့်နေလေပြီ။

"ငါတို့ မသေမျိုးနယ်မြေသုံးခုထဲမှာ မျိုးရိုးနာမည် ကျိလို့ခေါ်တဲ့ ဘိုးဘေးတွေ ရှိလို့လား"

ဝမ်ခိုင်ရှန်းက နားမလည်နိုင်စွာ တွေးနေမိသည်။

လောလောဆယ် သူ မပြန်သေးရန် ဆုံးဖြတ်လိုက်၏။

သူသည် ဤစီနီယာကျိ ဆိုသူမှာ မည်သို့သော ထူးခြားသူဖြစ်ကြောင်းကို တိတ်တဆိတ် စောင့်ကြည့်ရန်လိုအပ်လေသည်။

တစ်ဖက်တွင်လည်း မင်းသားသည် တော်ဝင်ခန်းမဆီသို့ အပြေးအလွှား သွားနေပြီး သူ၏ မျက်လုံးများတွင် ဝမ်းသာမှုများ ပြည့်နှက်လေသည်။

"စီနီယာကျိ၊ စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။"

ကျိယွမ်ကို မြင်လိုက်ရသောအခါ သူသည် သက်ရှိနတ်ဘုရားတစ်ပါးကို တွေ့ရသကဲ့သို့ ရိုသေစွာတောင်းပန်လိုက်သည်။

အထူးသဖြင့် ကျိယွမ်နှင့် အတူပါလာသည့် အလှပန်းလေးကိုယ်တိုင်ကပင် ကြောက်မက်ဖွယ် ကောင်းနေသဖြင့် သူအမှား မလုပ်ဝံ့ပါ။

အရေးအကြီးဆုံးမှာ ကျိယွမ်သည် ထိုမျှအစွမ်းထက်သောဇနီးတစ်ယောက် ရှိပါလျှက်နှင့် နောက်တစ်ဦးကိုပါ တပြိုင်နက်တည်း လက်ထပ်ထားကြောင်း သူသိရှိထားခြင်းပင်။

ကျိယွမ်အပေါ် သူ၏ အထင်ကြီး လေးစားမှုမှာ ပို၍ပင် နက်ရှိုင်းသွားတော့သည်။

ကောင်းကင်မျက်လုံးကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည့် နင်းထောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူကပင် ကျိယွမ်ထံ၌ အပြိုင်ဇနီမယားအဖြစ် အလုပ်အကျွေး ပြုလိုစိတ် ရှိနေသည် မဟုတ်ပါလား။

သူတို့လို စွမ်းအားကြီးတဲ့အမျိုးသမီးတွေက သာမန်လူကို ဘယ်လိုလုပ် ခစားနိုင်မှာလဲ။

ကျိယွမ်သည် သေချာပေါက်ကို သာမန် မဟုတ်နိုင်ပါ။

"ရပါတယ်။ ငါ ဒီကိုလာတာက မင်းဆီက အကူအညီတစ်ခု လိုချင်လို့ပါ"

ကျိယွမ်ကတော့ ထုံးစံအတိုင်း တိုက်ရိုက် ပြောလိုက်သည်။

သူက မည်သည့်နေရာ မည်သည့်ကမ္ဘာတွင်မဆို လိုအပ်လျှင်တောင်းဆိုရန် အားမနာတတ်ပါ။

" ကျေးဇူးပြုပြီး ပြောပါ စီနီယာကျိ။ တော်ဝင်မိသားစုက စီနီယာရဲ့ အသစ္စာအရှိဆုံး အစေခံပါ၊ အမြဲတမ်း အသင့်ရှိနေပါတယ်"

သတ္တမမင်းသားက စိတ်ပါလက်ပါ တုနိ့ပြန်သည်။

ကျိယွမ်က ကျေနပိသလိုပြုံးကာ လေးနက်စွာဆို၏။

"ငါက ဒီကမ္ဘာကြီးဆီကို ပိုပြီးတော့ ချစ်ခြင်းမေတ္တာတွေ သယ်ဆောင်လာပေးချင်တာပါ။"

"ဗျာ"

"ငါက ဒီကမ္ဘာပေါ်က လူတချို့ဆီကို အဖိုးတွေ၊ အဖွားတွေ ပို့ပေးချင်လို့။"

All Chapters