← Chapters

အခန်း (၅၅၅-၅၅၆)

Vol. 56 Ch. 555-556

အခန်း (၅၅၅-၅၅၆)

Vol. 56 Ch. 555-556

အခန်း (၅၅၅) - သွေးချီအရှိန်အဝါက နဂါးတစ်ကောင်အလား ၊ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသည် ကံကြမ္မာအတိုင်းသာ ၊ ဝူနတ်ဘုရား၏ ညွှန်ကြားချက် ၊ မိစ္ဆာလမ်းစဉ် လျှို့ဝှက်အတတ်၊ ပေါက်ကွဲထွက်ပေါ်ခြင်း

လီယန်ချူ၏ မျက်နှာထက်တွင် အေးစက်တည်ငြိမ်သော အရိပ်အယောင်များ ဖုံးလွှမ်းနေပြီး ကျင်ယွီအထက်နတ်ဆရာ ထင်မှတ်ထားသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေခြင်း အလျဉ်းမရှိပါချေ။

သို့သော်လည်း ဤမျှ မြန်ဆန်လှသော တစ်ခဏအတွင်းမှာ ကျင်ယွီအနေဖြင့်လည်း များစွာ မစဉ်းစားနိုင်တော့ဘဲ ထိုတာအိုဆရာလေးသည် သူ၏ ပိုးကောင်သံချပ်ကာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မသိ၍သာ အေးဆေးနေခြင်း ဖြစ်လိမ့်မည်ဟုသာ မှတ်ယူလိုက်တော့သည်။

ဝုန်း

လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးချီအရှိန်အဝါ များသည် မီးခိုးတိုင်ကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်မှာ တုန်ခါသွားရသည်။

ပြင်းထန်လှသော သွေးချီအရှိန်အဝါများကြောင့် တစ်လောကလုံး နီရဲသော အလင်းတန်းများအောက်တွင် ကျရောက်သွားတော့သည်။

၎င်းမှာ သမုဒ္ဒရာကြီးတစ်ခုလုံး ဆူပွက်လာသကဲ့သို့သော်လည်းကောင်း၊ တောက်လောင်နေသော ဧရာမ မီးဖိုကြီးတစ်ခုနှင့်သော်လည်းကောင်း တူလှပေသည်။

ကျင်ယွီအထက်နတ်ဆရာ : "............"

ဤမျှ ပူပြင်းလှသော သွေးသားအရှိန်အဝါကို ခံစားလိုက်ရသောအခါ ကျင်ယွီသည် အလိုအလျောက် နောက်သို့ ဆုတ်ခွာချင်စိတ် ပေါက်သွားသည်။

သို့သော်လည်း ယခုရောက်နေသော အကွာအဝေးမှာ သူကိုယ်တိုင် ပိုးကောင်အခြေခံအားလုံးကို အကုန်အစင် အသုံးချကာ၊ စစ်တုရင်ရွှေ့သကဲ့သို့ စနစ်တကျ ဖန်တီးခဲ့သော အကွာအဝေးဖြစ်ပြီး အနီးကပ် သတ်ဖြတ်ရန် အကောင်းဆုံးသော အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။

လီယန်ချူ၏ နောက်ကျောတွင် မြင့်မားလှသော ဝိညာဉ်ပုံရိပ်ကြီး (၂) ခု ပေါ်ထွက်လာသည်။

တစ်ခုမှာ ရှေးကျလှသော နတ်ဘုရားစွမ်းအား ဖြစ်ပြီး ပြင်းထန်လှသော ယန် ဓာတ်များ ပါဝင်နေသည်။

အခြားတစ်ခုမှာမူ သိုင်းပညာပုံရိပ်ဖြစ်သည်။ ယခုအချိန်တွင် သူ၏ သိုင်းပညာဆန္ဒမှာ နတ်ဘုရားစွမ်းအားထက် သိသိသာသာ ပိုမိုပြင်းထန်နေပြီး နီရဲသော အလင်းတန်းများအတွင်း ဖုံးလွှမ်းနေတော့သည်။

ဝုန်း

ကျင်ယွီအထက်နတ်ဆရာ၏ ခန္ဓာကိုယ်မှာ ခဏချင်းအတွင်းမှာပင် ရိုက်ခွဲခြင်း ခံလိုက်ရသည်။

မရေမတွက်နိုင်သော ပိုးကောင်များသည် ဤလက်သီးတစ်ချက်အောက်မှာပင် အကုန်အစင် သေဆုံးကုန်ကြသည်။

သို့သော် သူကျင့်ကြံထားသော ပိုးကောင်ထိန်းချုပ်ခြင်း အတတ်မှာ ဆန်းကြယ်လှသဖြင့်၊ ကိုယ်ပွားပေါင်း ထောင်သောင်းမက ခွဲထုတ်နိုင်သလို ခန္ဓာကိုယ်သစ်ကိုလည်း ပြန်လည် စုစည်းနိုင်သည်။ ကျန်ရှိနေသော ပိုးကောင်များသည် နောက်တစ်ခဏအတွင်းမှာပင် ပုံရိပ်သစ်တစ်ခုအဖြစ် ပြန်လည် ပေါ်ထွက်လာသည်။

"ဒါက ငိုးပဲ... တာအိုဆရာရော ဟုတ်ရဲ့လား"

ကျင်ယွီ၏ စိတ်ထဲတွင် ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေရသည်။ ထိုတာအိုဆရာလေးသည် တောက်လျှောက်လုံး ဟန်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် နောက်သို့ မြေလျှိုးပြေးရန် ကြိုးစားသော်လည်း မလွတ်မြောက်မီမှာပင် သူ၏ ဘေးပတ်ပတ်လည်တွင် လက်သီးရိပ်များ ဖုံးလွှမ်းသွားတော့သည်။

"............" ကျင်ယွီအထက်နတ်ဆရာ

သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ ရိုက်ခွဲခြင်း ခံရပြန်သည်။

နှစ်ပေါင်းရာချီ စုဆောင်းထားသော ပိုးကောင်အခြေခံများ ကုန်ဆုံးသွားပြီးနောက် ကိုယ်ရံတော် ပိုးကောင်သံချပ်ကာပါ ပျက်စီးသွားသဖြင့်၊ ကျင်ယွီ၏ မန္တန်စွမ်းအားများမှာ အကြီးအကျယ် ကျဆင်းသွားတော့သည်။

သူသည် ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာပိုးကောင်များကို ထိန်းချုပ်ကာ ၎င်းတို့ထဲမှ တစ်ကောင်အဖြစ် ပြောင်းလဲ၍ ထွက်ပြေးရန် ကြံစည်သော်လည်း၊ ကျောက်နတ်ဆရာက မျက်လုံးပြူးကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မန္တန်စွမ်းအားအားလုံးကို အကုန်အစင် ထုတ်သုံး၍ ကျင်ယွီကို အတင်းအဓမ္မ ဖိနှိပ်ထားတော့သည်။

ယခုအခါ ကျင်ယွီ၏ စွမ်းအားမှာ ဆယ်ပုံတစ်ပုံပင် မကျန်တော့ဘဲ စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားရသည်။

"ဝူနတ်ဘုရား... ကျွန်တော်ကို ကယ်ပါဦး"

သူသည် ကိုယ်ပေါ်ရှိ အမှတ်အသားတစ်ခုကို ချိုးဖျက်လိုက်သည်။

၎င်းမှာ ချင်းဝမ်မင်းသား၏ သားတော် ချန်ကျဲ ယူဆောင်လာပေးသော ဝူနတ်ဘုရား၏ အမှတ်အသား ပင် ဖြစ်သည်။ သို့သော်လည်း အကြိမ်ကြိမ် ခေါ်ယူနေသော်လည်း ဝူနတ်ဘုရားထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပါချေ။

ကျင်ယွီ၏ စိတ်ထဲတွင် ထိတ်လန့်သွားရသည်။

ဝူနတ်ဘုရားဆိုသည်မှာ တတိယအဆင့် ကျင့်ကြံသူ မဟုတ်ပါချေ။ ထိုရှေးဟောင်း နတ်ဘုရားကြီးသာ သူ၏ ကိုယ်ပွားတစ်ခုကို စေလွှတ်လိုက်မည်ဆိုလျှင် ဤနေရာရှိ ယန်ဝိညာဉ်ရှင်အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ဝူနတ်ဘုရားသည် အရေးကြီးချိန်တွင် ကူညီမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့်သာ ကျင်ယွီသည် ထီးနန်းလုပွဲတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်ပြီး၊ တပည့်တစ်ယောက်အတွက်နှင့် အစိုးရ၏ ယန်ဝိညာဉ်ရှင် (၄) ဦးကို ရန်စမည့်သူ မဟုတ်ပါချေ။

သို့သော်လည်း ကျင်ယွီ မည်မျှပင် အော်ဟစ်ခေါ်ဆိုနေပါစေ... ဝူနတ်ဘုရားထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ ထိုစဉ် လီယန်ချူသည် ပြင်းထန်လှသော သွေးချီအရှိန်အဝါများ ပါဝင်သည့် လက်သီးရိပ်များဖြင့် နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။

ကျင်ယွီ၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ ရိုက်ခွဲခြင်း ခံရပြန်သည်။ သူသည် ပိုးကောင်ထိန်းချုပ်ခြင်း အတတ်ဖြင့် ခန္ဓာကိုယ်ကို ပြန်လည် စုစည်းနိုင်သော်လည်း သူ၏ အသက်ဓာတ် မှာ တစ်စတစ်စ ပိုမို အားနည်းလာတော့သည်။

"ငါ့ကို ဆွဲဖြဲပစ်မယ် ဆိုတာ ဘယ်မှာလဲ၊ လာလေ"

လီယန်ချူ၏ အသံမှာ အေးစက်လှသည်။

"............" ကျင်ယွီအထက်နတ်ဆရာ။

စကားပုံအရဆိုလျှင် လူတစ်ယောက်ကို ရိုက်လျှင် မျက်နှာကို မရိုက်ရ၊ လူတစ်ယောက်ရဲ့ အားနည်းချက်ကို မပြောရဟု ရှိသော်လည်း၊ ဤတာအိုဆရာလေးမှာမူ ထိုစကားနှင့် ပြောင်းပြန်ကို လုပ်ဆောင်နေပုံရသည်။

ကျင်ယွီသည် စောစောက သူပြောခဲ့သော ကြွားလုံးများကို ပြန်တွေးမိပြီး ရှက်လည်းရှက်၊ ဒေါသလည်း ထွက်လာသဖြင့် မန္တန်စွမ်းအားများကို စုစည်းကာ လီယန်ချူကို တိုက်ခိုက်လိုက်သည်။

ရှပ်

ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ကျင်ယွီ၏ ခန္ဓာကိုယ်ကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။

သူသည် ပိုးကောင်များဖြင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ကျန့်ကျောင်းဓား မည်မျှပင် ထက်မြက်ပါစေ သူ့ကို အပြီးတိုင် မနှိမ်နင်းနိုင်ပါချေ။ သို့သော်လည်း တစ်ဖက်လူ၏ စိတ်ကြိုက် ရိုက်ခွဲဖြတ်တောက်နိုင်သော ပြင်းထန်လှသော သတ်ဖြတ်ခြင်းစွမ်းအားကြောင့် ကျင်ယွီမှာ အကြီးအကျယ် ခေါင်းခဲနေရသည်။

"ဝူနတ်ဘုရား... ကျွန်တော်ကို ကယ်ပါဦးဗျာ"

သူသည် စိတ်ထဲမှ ထပ်မံ၍ အကူအညီ တောင်းခံလိုက်ပြန်သည်။

"အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကံကြမ္မာအတိုင်းပဲ၊ ချမ်းသာကြွယ်ဝခြင်းက ကောင်းကင်ပေါ်မှာပဲ ရှိတယ် "

ဝူနတ်ဘုရားက အေးအေးလူလူပင် တစ်ခွန်း ပြန်ပြောလိုက်သည်။

"............" ကျင်ယွီအထက်နတ်ဆရာ။

သူ၏ စိတ်ထဲတွင် ပေါက်ကွဲသွားတော့သည်။

သူသည် နာကျည်းမှုနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

၎င်းမှာ ကောင်းကင်ယံကို မကျေမနပ် ဟောက်လိုက်သော မိစ္ဆာနတ်ဘုရားတစ်ပါးအလားပင်။ လမ်းဆုံးရောက်နေသော ကျင့်ကြံသူကြီးတစ်ဦးအနေဖြင့် သူ၏ ခံစားချက်များကို ရမ်းကားစွာ ထုတ်ဖော်နေခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ အော်ဟစ်သံမှာ အဆုံးထိ မရောက်မီမှာပင် တစ်စုံတစ်ယောက်၏ ပါးရိုက်ချက်ကြောင့် လွင့်ထွက်သွားတော့သည်။

လီယန်ချူသည် အနားသို့ ကပ်လာပြီးနောက် ထန်းကန်းလက်ဝါး ဖြင့် ကျင်ယွီ၏ ခန္ဓာကိုယ်ကို ထပ်မံ ရိုက်ခွဲပစ်လိုက်သည်။

ဤကဲ့သို့သော ပြိုင်ဘက်မျိုးအတွက် သူ၏ စိတ်ထဲတွင် မည်သည့် လှုပ်ခတ်မှုမျှ မရှိပါချေ။

ထူးဆန်းသော ပြန်လည် ကုသနိုင်စွမ်းရှိသည့် ရန်သူများကို သူ အများကြီး တွေ့ဖူးပြီးသား ဖြစ်သည်။

အကယ်၍ ပေါင်ရှုရဟန်းကြီး၏ ရှေ့တွင် ကြည်လင်ဖန်သားပုလင်း ကို မထုတ်ပြချင်၍သာ ဖြစ်သည်။

မဟုတ်ပါက ထိုဗုဒ္ဓဘာသာ ရတနာကို အသုံးပြု၍ ဝူနတ်ဘုရားရဲ့ ဝိညာဉ်ကို အရည်ကျိုခဲ့သလို ဤကျင်ယွီကိုလည်း အထဲသို့ ဆွဲသွင်းလိုက်ပြီ ဖြစ်သည်။

ကျင်ယွီသည် ယခုအခါ အကြီးအကျယ် အရှက်ရနေပြီဟု ခံစားနေရသည်။ ယန်ဝိညာဉ်ရှင် (၄) ဦး၏ မျက်လုံးများထဲတွင်လည်း သနားကရုဏာစိတ်များ ပေါ်ထွက်လာတော့သည်။

လောကကြီးကို တစ်ဦးတည်း စိုးမိုးခဲ့သော တတိယအဆင့် အလယ်အလတ် ယန်ဝိညာဉ်ရှင်ကြီး၊ ပိုးကောင်ထိန်းချုပ်ခြင်း အတတ်မှာ အထွတ်အအိပ်သို့ ရောက်နေသူကြီးသည် ယခုအခါ ပြန်လည် ခုခံနိုင်စွမ်းမရှိဘဲ ပါးရိုက်ခံနေရသည်မှာ ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။

ကျင်ယွီသည် ထိုထူးဆန်းသော ဆေးဖိုကြီးကို နာကျည်းစွာ ကြည့်လိုက်သည်။ ထိုဆေးဖိုသာ မရှိလျှင် သူ၏ စွမ်းအားမှာ ဤမျှအထိ ကျဆင်းသွားမည် မဟုတ်ပါချေ။

ထို့ပြင် သူ၏ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားသဖြင့် ကိုယ်ပွားအတတ် မသုံးနိုင်အောင် လုပ်ထားသော ထိုသောက်တာအိုဆရာကိုလည်း သူ မုန်းလှသည်။

ကျင်ယွီသည် ဓားကိုကိုင်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော လီယန်ချူကို ကြည့်ပြီး စိတ်ထဲမှ တုန်လှုပ်သွားရသည်။

ထိုဓားသည် သူ၏ စိတ်ဝိညာဉ်ကို အမှန်တကယ် ဖြတ်တောက်နိုင်စွမ်းရှိပြီး ပြန်လည် ကုသ၍ မရနိုင်ပါချေ။

ထို့ပြင် ဤတာအိုဆရာလေး၏ နည်းလမ်းများသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသဖြင့် သူ၏ တစ်သက်တာမှာ ထိုကဲ့သို့ သတ်ဖြတ်လိုစိတ် ပြင်းထန်သူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပါချေ။ ထွက်ပြေးမှ ဖြစ်တော့မည်။

ကျင်ယွီသည် ဆုံးဖြတ်ချက်ချလိုက်ပြီး မိစ္ဆာလမ်းစဉ် လျှို့ဝှက်အတတ် ကို အသုံးပြုလိုက်သည်။ သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြင်းထန်စွာ မြင့်တက်လာတော့သည်။

ခန္ဓာကိုယ်အတွင်းရှိ ပိုးကောင်ပေါင်းများစွာကို လောင်ကျွမ်းစေကာ စွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေခြင်း ဖြစ်သည်။

ထိုနည်းလမ်းသည် အမှန်တကယ်တွင် အလယ်အလတ်အဆင့်ကို ကျော်လွန်ကာ အဆင့်မြင့် ယန်ဝိညာဉ်ရှင်များနှင့်ပင် ယှဉ်နိုင်သော စွမ်းအားကို ပေးနိုင်သော်လည်း၊ ခန္ဓာကိုယ်ကို ပေးဆပ်ရသည့် ဒဏ်ရာမှာ ပြန်လည် ကုသ၍ မရနိုင်ပါချေ။

ထို့ကြောင့် ကျင်ယွီသည် လွယ်လွယ်နှင့် မသုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သုံးစွဲခြင်းမှာ အနည်းငယ် နောက်ကျနေပြီ ဖြစ်သော်လည်း ပြင်းထန်လှသော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ဆဲပင်။

သူသည် သင်္ကန်းတော် ဗုဒ္ဓရောင်ခြည် အကာအကွယ်အောက်သို့ ရောက်လာပြီး မည်သည့် ဟန်ဆောင်မှုမျှ မရှိဘဲ တည့်တည့် တိုးဝင်တိုက်ခိုက်လိုက်သည်။

ဝုန်း

သင်္ကန်းတော်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ပေါင်ရှုရဟန်းကြီးကဲ့သို့ အစွမ်းထက်သူပင်လျှင် သူ၏ စိတ်ဝိညာဉ် ကွဲအက်တော့မတတ် ခံစားလိုက်ရသည်။

"ဒီမိစ္ဆာက အသက်နဲ့လဲပြီး တိုက်တော့မယ်"

ထိုတိုက်ခိုက်မှုမှာ တစ်လောကလုံးကို တုန်ခါသွားစေပြီး နှစ်ပေါင်းရာချီ ကျင့်ကြံထားသော မိစ္ဆာအိုကြီး၏ မလျှော့သော ဇွဲသန်မှုများကို ဖော်ပြနေသည်။

ပေါင်ရှုရဟန်းနှင့် သူကာကွယ်ထားသော ကျောက်နတ်ဆရာတို့ကို သေစေနိုင်စွမ်း မရှိသော်လည်း၊ ထိုပြင်းထန်လှသော အရှိန်အဝါများ ပေါက်ကြားသွားသဖြင့် ကျောက်နတ်ဆရာ၏ ချုပ်နှောင်ထားသော မန္တန်မှာ ပျက်ပြယ်သွားတော့သည်။

"အောင်မြင်ပြီ"

ကျင်ယွီ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ကိုယ်ပွားပေါင်း ထောင်သောင်းမက ခွဲထုတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ဝုန်းကနဲ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော မိစ္ဆာပိုးကောင်များအဖြစ် ပြောင်းလဲကာ နေရာအနှံ့သို့ ပျံထွက်ကုန်ကြသည်။

ဆေးဖိုကြီး၏ စုပ်ယူမှုစွမ်းအားမှာ မည်မျှပင် ပြင်းထန်ပါစေ၊ တစ်ခဏချင်းအတွင်းမှာ ပိုးကောင်အားလုံးကို အကုန်အစင် မစုပ်ယူနိုင်ပါချေ။

သူ၏ ကိုယ်ပွားအတတ်မှာ မည်သည့် ပိုးကောင်ကိုယ်ထည်ကိုမဆို သူ၏ ကိုယ်ထည် အဖြစ် ရွေးချယ်နိုင်ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ပိုးကောင်အားလုံးကို တစ်ပြိုင်နက်တည်း မသတ်နိုင်သရွေ့ သူ့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ပါချေ။

ကျောက်နတ်ဆရာသည် တိုက်ပွဲတွင် ဘေးမှနေ၍ ကူညီပေးနေရုံသာ ဖြစ်သော်လည်း တကယ်တမ်းတွင် သူသည် ဤတိုက်ပွဲ၏ အဓိကသော့ချက် ဖြစ်သည်။ သူသာ မရှိလျှင် ကျင်ယွီသည် စိတ်ကြိုက် လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားနေမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ပိုးကောင်များသည် ထွက်ပြေးလွတ်မြောက်သွားကြတော့သည်။ အမှန်စင်စစ် ယခင်က ပိုးကောင်ပင်လယ်ကြီးနှင့် နှိုင်းယှဉ်လျှင် အရေအတွက်မှာ တော်တော်လေး နည်းပါးသွားပြီ ဖြစ်သည်။

"အဲဒီ ပိုးကောင်တွေကို တားကြစမ်း... ဒီမိစ္ဆာသာ လွတ်သွားရင် နောင်တစ်ချိန်မှာ အဆုံးမဲ့ ဒုက္ခပေးလိမ့်မယ်"

ကျောက်နတ်ဆရာသည် သူ၏ မန္တန်ပျက်ပြယ်သွားသဖြင့် အချိန်တိုအတွင်း ပြန်လည် အသုံးမပြုနိုင်တော့ဘဲ၊ ဖြစ်လာမည့် ဆိုးကျိုးများကို တွေးတောကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

အခန်း (၅၅၆) - အထွတ်အထိပ်ရတနာ ယင်ယန်မှန် ၊ အလင်းဖြူတစ်ချက်ဝင်းလျှင် သေမင်းလမ်းသာရှိတော့သည် ၊ တစ်သက်နှင့်တစ်သက်လဲခြင်း ၊ရွေးချယ်မှု

ကြောက်မက်ဖွယ်ကောင်းသော မန္တန်အတတ်ပေါင်းများစွာသည် ကောင်းကင်ယံရှိ ပိုးကောင်များဆီသို့ တိုးဝင်သွားကြသည်။

ထိုပိုးကောင်များသည် မန္တန်များနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ပျက်စီးပျောက်ကွယ်ကုန်ကြတော့သည်။

သို့သော်လည်း ပိုးကောင်အများစုမှာ ရွှေကဲ့သို့ မာကျောလှသော အရေခွံများရှိသည့်အပြင် ဆန်းကြယ်သော အစီရင်များလည်း ပါရှိရာ မန္တန်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကြသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာ ပိုးကောင်အားလုံးကို အကုန်အစင် သုတ်သင်နိုင်ခြင်း မရှိခဲ့ပါချေ။

သွားပြီ

အလုပ်တော့ ရှုပ်ကုန်ပြီ

ကျောက်နတ်ဆရာနှင့် ကျန်ရှိသူများ၏ စိတ်ထဲတွင် လေးလံသွားရသည်။

အစပိုင်းတွင် သူတို့သည် ရန်သူကို အထင်သေးခဲ့မိသည်မှာ အမှန်ပင်။ ထိုနေရာတွင် ယန်ဝိညာဉ်ရှင် (၄) ဦးအထိ စုဝေးနေသဖြင့် မည်ကဲ့သို့သော ပြိုင်ဘက်မျိုးကိုမဆို အနိုင်ယူနိုင်ပြီး၊ စုပေါင်း၍ တံဆိပ်ခတ်နှိပ် ချုပ်နှောင်ရန်မှာလည်း မခဲယဉ်းဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ကျင်ယွီအထက်နတ်ဆရာသည် သူတို့ထက် အဆင့်ငယ်တစ်ခု ပိုမြင့်သော ယန်ဝိညာဉ်ရှင် အလယ်အလတ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ကြပါချေ။

လောကကြီး၏ ကန့်သတ်ချက်များ အလွန်လေးလံနေပြီး တရားဓမ္မလမ်းစဉ်များ ပြတ်တောက်နေသော ယနေ့ခေတ်ကာလတွင် ဤမျှအဆင့်အထိ ကျင့်ကြံနိုင်သူ ရှိနေသေးသည်မှာ အံ့ဩစရာပင်။

နောက်ထပ် အံ့ဩစရာတစ်ခုမှာ ဤလူ၏ ပိုးကောင်ထိန်းချုပ်ခြင်း အတတ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ပိုးကောင်ထိန်းချုပ်ခြင်းသည် ဘေးထွက်လမ်းစဉ် မျှသာဖြစ်ပြီး ပန်းချီလမ်းစဉ်ကဲ့သို့ပင် လမ်းစဉ်အငယ်စားလေးတစ်ခုသာ ဖြစ်သည်။

သို့သော် ဤလူမှာမူ ထိုအတတ်ကို ပန်းပွင့်အလား လှပဆန်းကြယ်အောင် ကျင့်ကြံထားပြီး ပိုးကောင်ပေါင်း ထောင်သောင်းမက ခွဲထုတ်နိုင်စွမ်း ရှိနေသည်။

ရုတ်တရက်

ရှေးကျလှသော ရှစ်ခွင်မှန် တစ်ချပ်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး လေနှင့်အတူ ကြီးမားလာတော့သည်။ တောက်ပလှသော အလင်းဖြူတိုင်ကြီးတစ်ခုသည် ပိုးကောင်တစ်ကောင်ကို လွှမ်းခြုံလိုက်ရာ၊ ထိုအလင်းတန်းအောက်တွင် လူရိပ်တစ်ခု ပေါ်ထွက်လာတော့သည်။

"............" ကျင်ယွီအထက်နတ်ဆရာ။

တာအိုဆရာလေးတစ်ဦးသည် ဓားကိုကိုင်ကာ ဒေါသတကြီး ပြေးဝင်လာပြန်သည်။ ဓားအရှိန်အဟုန်မှာ ပြင်းထန်လှပြီး မြေပြင်ထက်သို့ ကျရောက်သွားသောအခါ အဆုံးမရှိ နက်ရှိုင်းလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်သွားရသည်။

ကျင်ယွီ၏ ပုံရိပ်မှာမူ တစ်ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားပြီး အခြားသော ပိုးကောင်တစ်ကောင်၏ ကိုယ်ထည်ပေါ်သို့ ရောက်ရှိသွားသည်။

အကယ်၍ ဤဆန်းကြယ်လှသော ကိုယ်ပွားအတတ်သာ မရှိလျှင် စောစောကပင် သူသည် လီယန်ချူ၏ ဓားအောက်၌ အသက်ပျောက်နေပြီ ဖြစ်သည်။ သို့သော် သူသည် ဒုတိယမြောက် ပိုးကောင်ကိုယ်ထည်သို့ ပြောင်းလဲလိုက်သည်နှင့် ရှစ်ခွင်မှန်၏ အလင်းတန်းက ချက်ချင်းပင် ထပ်မံ၍ လော့ခ်ချ လိုက်ပြန်သည်။

"..." ကျင်ယွီအထက်နတ်ဆရာ။

ရွှီထျန်းနန်၏ မျက်လုံးများ ဝင်းလက်သွားပြီး ပြင်းထန်လှသော ယန်ဝိညာဉ် စိတ်စွမ်းအားများကို ရေလှိုင်းကြီးတစ်ခုအလား ထုတ်လွှတ်လိုက်ရာ ထိုပိုးကောင်မှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။ ကျင်ယွီကို အမြစ်ပြတ် မသတ်နိုင်သေးသော်လည်း သူ့ကို အကြီးအကျယ် ဖရိုဖရဲ ဖြစ်သွားစေသည်။

ဤဆန်းကြယ်သော ရှစ်ခွင်မှန်ကြောင့် ကောင်းကင်ယံတွင် နတ်ဘုရားအလင်းတန်းများက ကျင်ယွီ၏ တည်နေရာကို မနားတမ်း ဖော်ထုတ်နေသဖြင့်၊ ကျင်ယွီသည် ထိုပညာရှင်ကြီးများ၏ တိုက်ခိုက်မှုမှ လုံးဝ ရှောင်ကွင်း၍ မရနိုင်တော့ပါချေ။

"ဘယ်သူက ဒီလောက်အထိ စိတ်ပျက်စရာကောင်းတဲ့ ရတနာကို ပိုင်ဆိုင်ထားတာလဲ "

ကျင်ယွီက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ဤရှစ်ခွင်မှန်၏ အစွမ်းမှာ ကျောက်နတ်ဆရာ၏ လျှို့ဝှက်အတတ်နှင့် မတူဘဲ သူ့ကို ချုပ်နှောင်ထားခြင်း မရှိပါချေ။ အကယ်၍ အရင်ကလို ပိုးကောင်ပင်လယ်ကြီး ရှိနေမည်ဆိုလျှင် သူသည် လွယ်လွယ်ကူကူ ထွက်ပြေးနိုင်မည် ဖြစ်သည်။

သို့သော် ဆေးဖိုကြီး၏ အကြိမ်ကြိမ် စုပ်ယူခြင်းကို ခံလိုက်ရသည့်အပြင် လီယန်ချူကို လိုက်လံသတ်ဖြတ်စဉ်ကလည်း သူ၏ အခြေခံအနှစ်သာရ အများစုမှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ထိုသို့ အားသာချက်၊ အားနည်းချက် ပြောင်းပြန်ဖြစ်သွားသောအခါ သူ၏ အခြေအနေမှာ အလွန်ပင် အန္တရာယ်ရှိသော အဆင့်သို့ ရောက်ရှိသွားတော့သည်။

ကျင်ယွီသည် မျက်မှောင်ကြုတ်ထားရင်း ထိုကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို တစ်ခါပြီးတစ်ခါ ရှောင်တိမ်းနေရသည်။

"ဘာလို့ အရာရာတိုင်းက ကောင်းကင်ဘေးဒဏ် သင့်နေသလိုမျိုး အဆင်မပြေဖြစ်နေရတာလဲ "

ယန်ဝိညာဉ်ရှင် (၄) ဦးနှင့် စတင်တိုက်ခိုက်ကတည်းက မည်သည့်အရာမျှ အဆင်မပြေခဲ့ပါချေ။

"ဒါ ငါ့ရဲ့ ကျင့်ကြံမှုက ဘေးဒဏ်ကူးပြောင်းရမယ့်အချိန် ရောက်နေပြီမို့ လူသားဘေးဒဏ် ကို ခံစားနေရတာလား "

ကျင်ယွီမှာ အလွန်ပင် ဝေခွဲမရ ဖြစ်နေသည်။ သူသည် ဘေးဒဏ်ကူးပြောင်းရမည့် မည်သည့် အရိပ်အယောင်ကိုမျှ မခံစားရသေးပါချေ။

"မင်းတို့အားလုံး ခဏနေကြဦး"

ကျင်ယွီသည် သူ၏ ပုံရိပ်ကို ထင်ရှားအောင် ပြုလုပ်လိုက်ပြီး အစွမ်းထက်လှသော လက်နက်တစ်ခုကို ထုတ်ဖော်လိုက်သည်။

၎င်းမှာ တစ်ဖက်က ဖြူပြီး တစ်ဖက်က နီသော မှန်တစ်ချပ်ပင် ဖြစ်သည်။ ထိုမှန်ကို ထုတ်လိုက်သည်နှင့် ကျင်ယွီ၏ ဘေးပတ်ပတ်လည်တွင် ဆန်းကြယ်လှသော အရှိန်အဝါတစ်ခု ဖုံးလွှမ်းသွားတော့သည်။

ရှေးကျပြီး အစွမ်းထက်လှသည့်အပြင် ဖော်ပြ၍မရသော ဖိအားတစ်ခု ပါရှိနေသည်။ ထိုအရှိန်အဝါ ပြောင်းလဲမှုကို ယန်ဝိညာဉ်ရှင်များက အသိသာဆုံး ခံစားလိုက်ရသဖြင့် တစ်ဦးပြီးတစ်ဦး လက်တုံ့ပြန်မှုများကို ရပ်တန့်လိုက်ကြသည်။

"ယင်ယန်မှန် "

ကျောက်နတ်ဆရာက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်တာ... ဒါက ပျောက်ဆုံးသွားတာ နှစ်ပေါင်းထောင်ချီနေပြီလေ၊ မင်းလက်ထဲ ဘယ်လိုလုပ် ရောက်နေတာလဲ "

ကျောက်နတ်ဆရာသည် လုံဟူရှန်းတောင်၏ နတ်ဆရာကြီး (၄) ဦးအနက် တစ်ဦးဖြစ်ပြီး ချန်နိုင်ငံ ကျင့်ကြံရေးလောက၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

တာအိုလမ်းစဉ်မှာလည်း ရှေးဟောင်းပစ္စည်းများကို လေ့လာစူးစမ်းရာတွင် ကျွမ်းကျင်သဖြင့် ဤအစွမ်းထက်လှသော မန္တန်လက်နက်ကို တစ်ချက်တည်းနှင့် မှတ်မိသွားခြင်း ဖြစ်သည်။

"မင်းတို့ မှတ်မိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"

ကျင်ယွီသည် ယခုအခါ ပညာရှင်ကြီးဟန် မလုပ်တော့ပါချေ။

ကျောက်နတ်ဆရာကို တာအိုအိုကြီး ဟု ခေါ်ရာမှ မိတ်ဆွေ ဟု ပြောင်းလဲ ခေါ်ဆိုလိုက်သည်။

"ဒါက အထွတ်အထိပ်ရတနာ ယင်ယန်မှန်ပဲ၊ အလင်းဖြူတစ်ချက် ထုတ်လိုက်ရင် သေမင်းလမ်းပဲ ရှိတယ်၊ မယုံတဲ့သူရှိရင် ရှေ့ထွက်ပြီး စမ်းကြည့်လို့ရတယ်"

ကျင်ယွီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဘာတွေ ကြွားနေတာလဲ"

"မင်းမှာ ဒီလောက် အစွမ်းထက်တဲ့ မန္တန်လက်နက်ရှိရင် ဒီအခြေအနေအထိ ရောက်ပါ့မလား "

ဝတ်စုံနီကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ထွားကျိုင်းလှသည့် ရွှီထျန်းနန်က မယုံကြည်သလို ပြောလိုက်သည်။

"......." ကျင်ယွီ၏ မျက်နှာ ပျက်သွားသည်။

ဒီကောင်က ထိုပစ္စည်းကို မသိတာလား

အမှန်စင်စစ် ရွှီထျန်းနန်သည် ထိုမှန်ကို တကယ်ပင် မသိပါချေ။

သူ၏ ကျင့်ကြံမှုမှာ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး စိတ်ဝိညာဉ်ကို အလေးထားကာ ရုပ်ခန္ဓာကို အလေးမထားသော လမ်းစဉ်ဖြစ်သည်။

သာမန် ဗုဒ္ဓလမ်းစဉ်၊ တာအိုလမ်းစဉ်များနှင့် မတူပါချေ။ (အမှန်တော့ တာအိုလမ်းစဉ် အခွဲတစ်ခုပင် ဖြစ်သည်)။

ထိုပုဂ္ဂိုလ်သည် သူ့ကို ကျင့်စဉ်များ သင်ကြားပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ ရွှီထျန်းနန်သည် အသက် နှစ်ရာကျော်ရှိပြီဖြစ်ပြီး တောင်ပေါ်တွင်သာ ကျင့်ကြံနေခဲ့ရာမှ နောက်ပိုင်းတွင်မှ တရားရုံးချုပ် ၏ ဝမ်အိုကြီးက ရှာဖွေတွေ့ရှိကာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အချို့သော ဗဟုသုတပိုင်းတွင် ကျောက်နတ်ဆရာကို မမီပါချေ။ ကျောက်နတ်ဆရာတွင်မူ လုံဟူရှန်းတောင်တစ်ခုလုံး၏ လျှို့ဝှက်သိုလှောင်ထားသော မှတ်တမ်းများ ရှိနေသည် မဟုတ်ပါလား။

"အမိတာဘ၊ ရွှီမိတ်ဆွေ... ဒီလူ လိမ်နေတာ မဟုတ်ဘူး၊ ယင်ယန်မှန် ဆိုတာ အလင်းဖြူတစ်ချက် ထုတ်လိုက်ရင် သေမင်းလမ်းပဲ၊ ဒါပေမဲ့ ဒါက အသုံးပြုတဲ့သူရဲ့ အသက်ကိုပါ ပေးဆပ်ရတာမျိုးမို့ တစ်ဖက်နဲ့တစ်ဖက် အတူတူ သေရမယ့် ရတနာမျိုးပဲ"

ပေါင်ရှုရဟန်းကြီးက လေးလေးပင်ပင် ပြောလိုက်သည်။

သူနှင့် ကျောက်နတ်ဆရာ၏ အသက်မှာ ရွှီထျန်းနန်ထက် ငယ်သော်လည်း တစ်ဦးက လုံဟူရှန်းတောင်၊ တစ်ဦးက ဗုဒ္ဓဘာသာ၏ သန့်စင်ရာနယ်မြေဖြစ်သော တာ့ရှန့်ကော်ဘုရားကျောင်းမှ ဆင်းသက်လာသူများ ဖြစ်သဖြင့် ဗဟုသုတ အလွန်ကြွယ်ဝကြသည်။ ရွှီထျန်းနန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဘာမှ ဆက်မပြောတော့ပါချေ။

"ငါ့လက်ထဲက ယင်ယန်မှန်က လူတိုင်းကို သတ်နိုင်မှာ မဟုတ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ မင်းတို့က အတင်းအကျပ် ဖိအားပေးမယ်ဆိုရင်တော့ ငါလည်း ဒါကို သုံးပြီး မင်းတို့ထဲက တစ်ယောက်ကို ငါနဲ့အတူ အသေယူသွားရုံပဲ ရှိတာပေါ့"

ကျင်ယွီသည် ယခုအခါ အနေအထိုင် ပြောင်းလဲသွားပြီး ပညာရှင်ကြီးဟန် မလုပ်တော့ဘဲ လူတိုင်းကို အကျိုးအကြောင်းပြကာ ဖြောင်းဖြနေတော့သည်။

မည်သည့် ကျင့်ကြံသူမှ လမ်းဆုံးမရောက်မချင်း တစ်ဖက်လူနှင့် အတူတူ သေမည့်လမ်းကို မရွေးချယ်ကြပါချေ။

ကျင်ယွီကဲ့သို့ ရာစုနှစ်ပေါင်းများစွာ လောကကို စိုးမိုးခဲ့သော ကျင့်ကြံသူကြီး၊ မိစ္ဆာဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးမှာမူ ဤကဲ့သို့ လွယ်လွယ်နှင့် မသေလိုသည်မှာ အမှန်ပင်။ အထူးသဖြင့် ဝူနတ်ဘုရားက သူ့ကို ကျောခိုင်းသွားသဖြင့်၊ သူသည် ဝူနတ်ဘုရား၏ ပြိုင်ဘက် မဟုတ်သော်လည်း ဤအတိုင်း အဆုံးသတ်သွားရန် လုံးဝ အလိုမရှိပါချေ။

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံထားသော မိစ္ဆာအိုကြီး ဖြစ်သဖြင့် သူ၏ လက်ထဲတွင် ယင်ယန်မှန်ကဲ့သို့ အထွတ်အထိပ်ရတနာ ရှိနေခြင်းမှာ မဆန်းပါချေ။ ရန်သူကို စုပေါင်းသတ်ဖြတ်ရန်မှာ ပြဿနာမရှိသော်လည်း၊ အကယ်၍ တစ်သက်နှင့်တစ်သက် လဲရမည်ဆိုပါက ဤနေရာရှိ ပညာရှင်များအားလုံး တွန့်ဆုတ်သွားကြသည်။

"အခုခေတ်မှာ တရားဓမ္မလမ်းစဉ်တွေ ပြတ်တောက်နေတာမို့ ယန်ဝိညာဉ်ရှင်အဆင့်အထိ ရောက်ဖို့ဆိုတာ တကယ်ကို မလွယ်ကူလှပါဘူး၊ မိတ်ဆွေတို့အနေနဲ့ အမှားမလုပ်ကြဖို့ တောင်းပန်ချင်ပါတယ်"

"ငါ့ကို ဒီအတိုင်း လွှတ်ပေးလိုက်မယ်ဆိုရင် ငါလည်း အစိုးရကိစ္စတွေမှာ နောက်နောင် ဘယ်တော့မှ ဝင်မပါတော့ဘူးလို့ ကတိပေးပါတယ် "

ကျင်ယွီက ပြောလိုက်သည်။

စောစောက "ငါကိုယ်တော်" ဟု သုံးနှုန်းရာမှ ယခု "ငါ" ဟု ပြောင်းလဲသုံးနှုန်းကာ အောက်ကျနောက်ကျ ခံနေတော့သည်။

ယန်ဝိညာဉ်ရှင် (၄) ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရန်သူ့လက်ထဲတွင် ယင်ယန်မှန် ရှိနေသဖြင့် တစ်သက်နှင့်တစ်သက် လဲနိုင်စွမ်း ရှိသည်။ အကယ်၍ ဇွတ်အတင်း တိုက်ခိုက်မည်ဆိုပါက တစ်စုံတစ်ယောက် ကျဆုံးရပေလိမ့်မည်။ သို့သော် ကျင်ယွီကို ထိုအတိုင်း လွှတ်ပေးလိုက်မည်ဆိုလျှင်လည်း သူ ကတိတည်မတည်မှာ မသေချာလှပါချေ။

နောင်တစ်ချိန်တွင် ဘေးဒုက္ခများ အဆုံးရှိမည် မဟုတ်ပေ။ ထို့ပြင် ယနေ့တွင် ကျင်ယွီကို ဤအခြေအနေအထိ ဖိအားပေးနိုင်ခြင်းမှာလည်း ကံကောင်းမှုများစွာကြောင့် ဖြစ်သည်။ နောက်နောင် သူတို့ထဲမှ မည်သူမဆို ကျင်ယွီနှင့် တစ်ဦးတည်း တွေ့ဆုံပါက အသက်ပျောက်ရုံသာ ရှိတော့မည်။

ယန်ဝိညာဉ်ရှင် (၄) ဦးစလုံးမှာ အလိုအလျောက်ပင် လီယန်ချူကို လှမ်းကြည့်လိုက်ကြတော့သည်။

All Chapters