အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း ၂၁၃ - ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ခြင်း
“ကျေးဇူးတင်ပါတယ် စီနီယာဝူ ...စီနီယာသာ သဘောတူမယ်ဆိုရင် ကျွန်တော် ထျန်းဝူဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ချင်ပါတယ် ၊ ဂိုဏ်းအကြီးအကဲချုပ်အနေနဲ့ ထျန်းဝူဂိုဏ်းအပေါ် သစ္စာရှိရှိ အမှုထမ်းပါ့မယ်”
ဝူယီတောက်သည် သူ့အတွက် ရုပ်ခန္ဓာပြန်လည်ပုံဖော်ပေးတော့မည်ဟု ကြားလိုက်ရချိန်တွင် ထန်ယန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။
အကယ်၍ သူသာ လင်းယာဟွမ်ကို အားကိုးပြီး ရုပ်ခန္ဓာပြန်လည်ပုံဖော်ရမည်ဆိုပါက ၊ လိုအပ်သော ကောင်းကင်နှင့်မြေကမ္ဘာ ရတနာများကို စုဆောင်းရန်မှာ ထာဝရကြာမြင့်ပေလိမ့်မည်။
အထက်ဘုံသို့ ရောက်ရှိလာပြီးနောက်တွင် ၊ ထန်ယန်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်တော့မည့်အလား မရေမရာသော စိုးရိမ်စိတ်တစ်ခု အမြဲကိန်းအောင်းနေခဲ့သည်။
ဝူယီတောက်၏ စကားကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်သည်လည်း သူမ၏ ဆရာအတွက် ဝမ်းသာမဆုံး ဖြစ်နေမိသည်။ တပည့်တစ်ယောက်အနေဖြင့် ၊ ဆရာဖြစ်သူ၏ ရုပ်ခန္ဓာ အမြန်ဆုံး ပြန်လည်ရရှိနိုင်မည်ကို သဘာဝအတိုင်းပင် ဝမ်းမြောက်မိသည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း ဒါကို အမြန်ဆုံး အဆုံးသတ်ကြစို့”
ဝူယီတောက်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုပ်ခန္ဓာပုံဖော်ရန် လိုအပ်သည့် ကောင်းကင်နှင့်မြေကမ္ဘာ ရတနာများစွာကို ထုတ်ယူလိုက်သည်။ ဝူယီတောက်၏ နောက်ခံအရ ၊ ရုပ်ခန္ဓာပြန်လည်ပုံဖော်ပေးနိုင်သည့် ရတနာများကို ပိုင်ဆိုင်ထားခြင်းမှာ မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။
ဝူယီတောက် ထုတ်ယူလိုက်သော ရတနာများစွာကို မြင်လိုက်ရချိန်တွင် ထန်ယန်မှာ အံ့သြလွန်း၍ အသက်ရှုမတတ် ဖြစ်ခဲ့ရသည်။
“ဘုရားရေ... ဒါက ကိုးကွေ့ ဝိညာဉ်ပြန်လည် သစ်သားပဲ .... ရုပ်ခန္ဓာပုံဖော်ပြီးနောက် တစ်ဦးတစ်ယောက်ရဲ့ ပါရမီကို အဆင့်သစ်တစ်ခုဆီ မြှင့်တင်ပေးနိုင်တဲ့ ဒဏ္ဍာရီလာ ရတနာပဲ”
“ဟူး... ‘လစန္ဒာ ရေစင်’ တောင် ရှိနေတာလား၊ နေပါဦး... ဒါက... ‘ ကနဦး ကြာမြစ်’ ပဲ!”
ထန်ယန်၏ အမူအရာကို မြင်ပြီး ဝူယီတောက်မှာလည်း အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။
“ဒီအရာတွေက အရမ်းတန်ဖိုးကြီးလို့လား ၊ ကျွန်တော့်ဆီမှာ ဒါမျိုးတွေ အများကြီးရှိတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် ထန်ယန်မှာ ဆွံ့အသွားသည်။ သူသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့ပုံရပြီး ဝူယီတောက်မှာ သူထင်ထားသည်ထက် များစွာ ပိုအစွမ်းထက်နေသည်။
ထိုသို့ဖြစ်ရသည်မှာလည်း အကြောင်းရှိသည်။ ယခင်ဘဝတွင် ထန်ယန်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်မျှသာ ဖြစ်သဖြင့် သူ မြင်တွေ့နိုင်သော ရတနာများမှာ အကန့်အသတ်ရှိသည်။ ဝူယီတောက်မှာမူ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင် တစ်ဦး ဖြစ်သည်။
အင်မော်တယ်ဘုရင် အထွတ်အထိပ် ဆိုသည်မှာ မြင့်မြတ်နယ်မြေတွင် ဘာမှမဟုတ်သကဲ့သို့၊ အင်မော်တယ်ဘုရင် အထွတ်အထိပ်များ တောင့်တသော်လည်း မရရှိနိုင်သော ရတနာများသည်လည်း ဖရိုဖရဲ မြင့်မြတ်နယ်မြေအတွက်မူ မပြောပလောက်သော အရာသာများ ဖြစ်သည်။
ထန်ယန်သည် တုံ့ဆိုင်းမနေတော့ဘဲ ‘ကိုးကွေ့ ဝိညာဉ်ပြန်လည်သစ်သား’ ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ ဝူယီတောက်သည်လည်း ‘လစန္ဒာ ရေစင်’ နှင့် ‘ ကနဦးရွှံ့စေး’ တို့ကို တစ်ခုပြီးတစ်ခု အထဲသို့ ပေါင်းစပ်ထည့်သွင်းပေးလိုက်သည်။
ရတနာအားလုံး ပေါင်းစည်းသွားချိန်တွင် ၊ သစ်သား၏ ပုံသဏ္ဍာန်မှာ ပြောင်းလဲသွားပြီး ထန်ယန်သည် လျို့ဝှက်ဆန်းကြယ်သော အခြေအနေထဲသို့ ကျရောက်သွားသည်။
ထိုစဉ် ဝူယီတောက်က လင်းယာဟွမ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
“မင်းရဲ့ဆရာ ရုပ်ခန္ဓာပြန်ပုံဖော်ဖို့ တစ်နှစ်လောက် ကြာလိမ့်မယ် ၊ တစ်နှစ်ကြာမှ ပြန်လာခဲ့ .. ငါ ဒီမှာ ကာကွယ်ရေး အစီအရင်တစ်ခု ချထားပေးမယ်၊ ဘယ်သူမှ တစ်နှစ်အတွင်း အနားမကပ်နိုင်စေရဘူး”
လင်းယာဟွမ်က ခေါင်းညိတ်လိုက်သည်။ ရုပ်ခန္ဓာပြန်လည်တည်ဆောက်ခြင်းမှာ မလွယ်ကူသည့်အပြင် ဝူယီတောက်မှာလည်း လက်ရှိတွင် အလွန်အမင်း အစွမ်းထက်နေသူ မဟုတ်သဖြင့် ချက်ချင်းလက်ငင်း မလုပ်ဆောင်နိုင်ခြင်းမှာ သဘာဝကျပေသည်။
တစ်နှစ်အတွင်း အောင်မြင်စွာ ပုံဖော်ပေးနိုင်ခြင်းမှာပင် ကြီးမားသော အောင်မြင်မှုဟု ဆိုရပေလိမ့်မည်။
“ ဝူယီတောက်က ငါ့အတွက် ဒီလောက်တောင် လုပ်ပေးတာ၊ ငါ သူ့ကို ဘယ်လို ကျေးဇူးဆပ်ရမလဲ...ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ရမလား”
လင်းယာဟွမ်သည် တစ်စုံတစ်ခုကို ရှက်ရွံ့စွာ တွေးမိရင်း မျက်နှာလေးမှာ နီမြန်းသွားသည်။
သို့သော် ထိုအချိန်တွင် ဝူယီတောက်က ဆက်ပြောလိုက်သည်။
“အကြီးအကဲအားလုံးကို စုဝေးလိုက် ၊ ငါ ကြေညာစရာ ရှိတယ်”
ထိုသို့ပြောပြီး ဝူယီတောက်မှာ တန်းပြီး ထွက်ခွာသွားသည်။ လင်းယာဟွမ်မှာ တစ်ခုခုပြောရန် လက်လှမ်းလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောဖြစ်ခဲ့ပေ။ ယခုအချိန်သည် အချိန်မတန်သေးမှန်း သူမ တွေးလိုက်သည်။
‘ငါ ပိုပြီး သန်မာလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတဲ့အခါမှ ပြောတော့မယ်’
သူမသည် စိတ်ထဲတွင် ထိုသို့ တွေးလိုက်သည်။
မကြာမီ၊ လင်းယာဟွမ်၏ ခေါ်ယူမှုကြောင့် ထျန်းဝူဂိုဏ်း၏ အကြီးအကဲအားလုံး ဂိုဏ်းခန်းမသို့ ရောက်ရှိလာကြပြီး ဂိုဏ်းချုပ်နေရာတွင် ထိုင်နေသော ဝူယီတောက်ကို မြင်တွေ့လိုက်ရသည်။
“ စီနီယာ ဝူ...”
ရောက်ရှိလာသော အကြီးအကဲများအားလုံး ဝူယီတောက်ကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။
ဝူယီတောက်၏ အမူအရာမှာ မပြောင်းလဲဘဲ လက် ဝှေ့ယမ်းပြကာ သူတို့ကို ထိုင်ခိုင်းလိုက်သည်။ အားလုံး အခြေကျသွားမှ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“နောက်လာမယ့် ရက်သတ္တပတ် နှစ်ပတ်အတွင်း အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြ ၊ ငါတို့ ထျန်းဝူဂိုဏ်းက နောက်နှစ်ပတ်နေရင် တံခါးဖွင့်ပြီး တပည့်သစ်တွေ လက်ခံမယ်”
“ ပြီးတော့ ငါ ထျန်းဝူဂိုဏ်းမှာ ဆယ်နှစ်ကြာ နေထိုင်သွားမယ် ၊ ဆယ်နှစ်ပြည့်ရင်တော့ ဂိုဏ်းကို လင်းယာဟွမ်လက်ထဲ လွှဲပေးပြီး စီမံခန့်ခွဲခိုင်းမယ်”
“ဒီဆယ်နှစ်အတွင်း ကျင့်ကြံခြင်းနဲ့ ပတ်သက်တာမှန်သမျှ ခင်ဗျားတို့ လာရောက်ဆွေးနွေးတိုင်ပင်နိုင်တယ်”
ဝူယီတောက်၏ စကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲများမှာ မျက်နှာပျက်သွားကြပြီး ဝူယီတောက်၏ ဆိုလိုရင်းကြောင့် ရှုပ်ထွေးနေကြသည်။
ထိုစဉ် အကြီးအကဲတစ်ယောက်က မတ်တပ်ရပ်၍ သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ စီနီယာ ဝူ... အားလုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာ သိပါရစေ”
ထိုသို့မေးလိုက်ရာ ၊ အခြားအကြီးအကဲများကလည်း ဝူယီတောက်ကို စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
ဝူယီတောက်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“ငါ ဆိုလိုတာက ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ နယ်ပယ်စုံအကြောင်း အနည်းငယ်စီ သိထားတာကို ပြောတာပါ... ငါကိုယ်တိုင်က ကျွမ်းကျင်သူ တစ်ယောက်လို့ မဆိုလိုပေမယ့် ခင်ဗျားတို့ကို လမ်းညွှန်ပေးဖို့ကတော့ ပြဿနာမရှိပါဘူး”
ထိုစကားကြောင့် အကြီးအကဲများမှာ အံ့သြတုန်လှုပ်သွားကြသည်။ ဝူယီတောက်၏ စကားမှာ အလွန်ပင် မောက်မာလွန်းသည်။ လူအများမှာ တစ်သက်လုံး ကြိုးစားသော်လည်း ပညာရပ်တစ်ခုကိုပင် ကျွမ်းကျင်ရန် ခက်ခဲလှသော်လည်း ဝူယီတောက်ကမူ အားလုံးကို သိသည်ဟု ကြွားဝါနေသည်။
ဝူယီတောက်မှာ အလွန်အမင်း မောက်မာသည်ဟု သူတို့ ခံစားရသော်လည်း သူ၏ အစွမ်းကြောင့် မည်သူမျှ ဘာမှမပြောရဲကြပေ။ ဝူယီတောက်ကတော့ ဂရုမစိုက်ချေ။ မည်သို့ပင်ဖြစ်စေ ၊ အချိန်ကသာ သက်သေပြလိမ့်မည်။
အကြီးအကဲများကို ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရန် လွှတ်လိုက်ပြီးနောက် ခန်းမထဲတွင် လင်းယာဟွမ် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
“ဂိုဏ်းချုပ်လင်း၊ ထျန်းဝူဂိုဏ်းကို အခုကစပြီး မင်း စီမံခန့်ခွဲရမယ်....နောက်နှစ်ပတ်အတွင်းမှာ မင်း သေချာ ကိုင်တွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ..ငါတို့ တပည့်လက်ခံတဲ့အခါ အရေအတွက်ထက် အရည်အချင်းကိုပဲ အဓိကထားမယ်”
“ဒါက ‘ဖရိုဖရဲ ခေါင်းလောင်း’ ပဲ ၊ ဒါကို ထျန်းဝူဂိုဏ်းရဲ့ ဂိတ်ဝရင်ပြင်မှာ ထားထားလိုက်.. ဒီခေါင်းလောင်းက ကျင့်ကြံသူရဲ့ ပါရမီကို တိုင်းတာနိုင်တယ်..ခေါင်းလောင်းသံ နှစ်ချက် ထွက်အောင် လုပ်နိုင်သူတွေကိုပဲ ငါတို့ လက်ခံမယ်”
“နှစ်ချက်မြည်ရင် ပြင်ပတပည့်၊ သုံးချက် ဒါမှမဟုတ် လေးချက်မြည်ရင် အတွင်းစည်းတပည့်၊ ငါးချက် ဒါမှမဟုတ် ခြောက်ချက်အထိ မြည်ရင်တော့ တိုက်ရိုက်တပည့် အဖြစ် သတ်မှတ်မယ်”
ဝူယီတောက်သည် တည်ကြည် လေးနက်စွာ ပြောရင်း ၊ ခေါင်းလောင်းလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ‘ဖရိုဖရဲ ခေါင်းလောင်း’ ပင် ဖြစ်သည်။
အမှန်စင်စစ် ၎င်းမှာ မူလ ဖရိုဖရဲ ခေါင်းလောင်း အစစ် မဟုတ်ချေ။ ဝူယီတောက်သည် ဖရိုဖရဲခေါင်းလောင်းကို အပြည့်အဝ ထိန်းချုပ်ပြီးနောက် ခွဲထုတ်ထားသည့် အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ ပါရမီ စစ်ဆေးသည့် လုပ်ဆောင်ချက်သာ ရှိပြီး မူလခေါင်းလောင်းကဲ့သို့ အစွမ်းမထက်ပေ။
လင်းယာဟွမ်က လေးနက်စွာ ခေါင်းငြိမ့်ရင်း ပြောလိုက်သည်။
“စီနီယာဝူ... ကျွန်မ စီနီယာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး”
“ကောင်းပြီ၊ ကြိုးစားပါ ၊ နောက်ဆယ်နှစ်အတွင်းမှာ မင်းကို စစ်မှန်အင်မော်တယ် အထွတ်အထိပ် အဆင့်ရောက်အောင် ငါ ကူညီပေးမယ်”
လင်းယာဟွမ် ထွက်ခွာသွားပြီးနောက် ဝူယီတောက်သည် တစ်စုံတစ်ခုကို သတိရသွားကာ သူ၏ ဖရိုဖရဲ လှံကို ထုတ်ယူ၍ တွေးလိုက်မိသည်။
“ အင်း... ငါ့ရဲ့ ဖရိုဖရဲ လှံကို အဆင့်မြှင့်ဖို့ အချိန်တန်ပြီ ၊ မဟုတ်ရင် အင်မော်တယ်ဘုရင် တစ်ယောက်ယောက်နဲ့ တွေ့ရင် တစ်ချက်တည်းနဲ့ ကျိုးသွားနိုင်တယ်”
ဝူယီတောက်သည် ဆက်တွေးနေမိသည်။
“ အရင်က အချိန်မရှိတာ(စာရေးသူက မေ့နေတာရယ်)ကြောင့် ဒီလှံကို အဆင့်မမြှင့်ဖြစ်ခဲ့ဘူး ... အခု သတိရလာပြီဆိုတော့ ဒီပြဿနာကို ငါ လျစ်လျူရှုထားလို့ မဖြစ်တော့ဘူး”
အခန်း ၂၁၄ - အင်မော်တယ်ဘုရင် အဆင့်ရှိ ဖရိုဖရဲ လှံ၊ လက်နက်ဝိညာဉ်
လင်းယာဟွမ်အား ညွှန်ကြားချက်များ ပေးပြီးနောက် ဝူယိတောက်သည် ဖရိုဖရဲ လှံ ကို သန့်စင်ပြီး အဆင့်မြှင့်တင်ရန် အတွက် သူ၏ ကျင့်ကြံခြင်း နေရာသို့ ဝင်ရောက်သွားလေ၏။
လိုအပ်သော ကောင်းကင်နှင့်မြေကြီး ရတနာ သတ္တုများကို ထုတ်ယူပြီးနောက် ဝူယိတောက်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် ဖရိုဖရဲ ခေါင်းလောင်း ကို ဆင့်ခေါ်လိုက်လေ၏။
မကြာမီ ဝူယိတောက်၏ ထိန်းချုပ်မှုအောက်တွင် ဖရိုဖရဲ ခေါင်းလောင်း သည် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် အမြင့် ငါးမီတာအထိ ရောက်ရှိသွားသည်။
ဖရိုဖရဲ ခေါင်းလောင်း ကို ဆင့်ခေါ်လိုက်သည်နှင့် ၎င်း၏ ဝိညာဉ်သည်လည်း ထွက်ပေါ်လာကာ ဝူယိတောက်ထံသို့ ခုန်ပေါက်ပြေးလာကာ မေးမြန်းလိုက်၏။
"သခင်... ဘာလုပ်နေတာလဲ... သခင့် ကျွန်မအကူအညီ လိုအပ်လို့လား..."
"အင်း... မင်းအကူအညီ လိုအပ်တယ်... ဖရိုဖရဲ လှံ ရဲ့ အဆင့်ကို မြှင့်တင်နိုင်ဖို့အတွက် မီးအပူချိန်ကို ထိန်းချုပ်ဖို့ မင်း ငါ့ကို ကူညီပေးရမယ်..."
ဝူယိတောက်သည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသော ဖရိုဖရဲ လှံ ကို ထုတ်ယူလိုက်သည်။
ဝူယိတောက်၏ လက်ထဲရှိ ဖရိုဖရဲ လှံ ကို မြင်လိုက်ရချိန်တွင် ဟွမ့်သွမ်၏ ချစ်စရာကောင်းသော မျက်နှာလေးသည် ချက်ချင်း ညှိုးကျသွားပြီး အလွန်အမင်း နာကျင်ရသည့်အလား ပြောဆိုလိုက်၏။
"ဝါး... သခင်က အချစ်သစ်တွေ့သွားပြီး ကျွန်မကို မလိုချင်တော့ဘူးလား..."
ဟွမ့်သွမ်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူယိတောက်မှာ ဘာလုပ်ရမှန်း မသိဖြစ်သွားခဲ့သည်။ ဖရိုဖရဲ ခေါင်းလောင်း သည် အလွန်အမင်း စွမ်းအားကြီးမားသောကြောင့် သူ့အနေဖြင့် စွန့်လွှတ်မည် မဟုတ်သော်လည်း သို့သော် သူ၏ လှံကိုသာ အသုံးပြုလိုသည်။
ခေါင်းလောင်းကို တိုက်ခိုက်ရာတွင် အသုံးပြု၍ မရနိုင်ချေ။ ခေါင်းလောင်း ကို အသုံးပြု၍ တိုက်ခိုက်သူများသည် မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။
"ဟက်ချိုး.. ဘယ်သူက ငါ့ကို သတိရနေတာလဲ... ငါ့မိန်းမများ ဖြစ်နေမလား..."
အခြားတစ်ဖက်တွင် ပုကျိုးတောင် ထိပ်ရှိ လျှို့ဝှက်နယ်မြေ အတွင်း ကျင့်ကြံနေသော ဝူယီဖန် သည် ရုတ်တရက် မျက်လုံးပွင့်လာကာ နှာချေလိုက်ပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် တွေးတောလိုက်၏။
သို့သော် သူသည် အလျင်အမြန် ခေါင်းခါမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ချေ။ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဆေးစွမ်းအင် အများစုကို သန့်စင်ပြီးဖြစ်ကာ နောက်ထပ် ဆယ်နှစ်ကြာပါက လုံးလုံးလျားလျား သန့်စင်နိုင်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူသည် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် မဟုတ်တော့ဘဲ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် ထက် သာလွန်သော မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ ဖြစ်လာပေလိမ့်မည်။
"ဟွမ့်သွမ်... ငါပြောတာ နားထောင်... မင်းက ငါ့ပိုင်ဆိုင်မှုပဲ... ဒါကြောင့် ငါ မင်းကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ့ရဲ့ လျှို့ဝှက်ဖဲချပ် ဖြစ်နေလို့ လုံးလုံးလျားလျား မလိုအပ်ဘဲနဲ့တော့ မင်းကို သုံးမှာ မဟုတ်ဘူး... ဖရိုဖရဲ လှံ က မျက်လှည့်ပြစရာ သက်သက်ပဲ... ငါ တကယ် သုံးချင်တာက မင်းကိုပဲ..."
ဖရိုဖရဲ လှံ ၏ အဆင့်ကို မြှင့်တင်ပြီး လုပ်ငန်းစဉ်ကို တည်ငြိမ်စေရန် ဖရိုဖရဲ ခေါင်းလောင်း ၏ အကူအညီ လိုအပ်နေသေးသောကြောင့် ဝူယိတောက်က အလျင်အမြန် နှစ်သိမ့်ပြောဆိုလိုက်၏။
ဝူယိတောက်၏ နှစ်သိမ့်စကားကို ကြားပြီးနောက် ဟွမ့်သွမ်သည် နောက်ဆုံးတွင် ငိုယိုခြင်းကို ရပ်တန့်ကာ ပြုံးလိုက်လေ၏။
"ဟီးဟီး... သခင်က ကျွန်မကို အချစ်ဆုံးဆိုတာ သိပြီးသားပါ... ဒါဆိုရင်လည်း ကျွန်မ သခင့်ကို ကူညီပေးပါ့မယ်..."
ဟွမ့်သွမ် သဘောတူလိုက်သည်နှင့် ဝူယိတောက်သည် ဆက်လက်တွေဝေမနေတော့ဘဲ ဖရိုဖရဲ ခေါင်းလောင်း ကို အပေါ်သို့ ဖြည်းညင်းစွာ ပျံတက်သွားစေရန် ထိန်းချုပ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ဝူယိတောက်သည် သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ၊ အင်မော်တယ် မီးတောက် တစ်ခုသည် သူ၏လက်ဝါးထဲတွင် တောက်လောင်လာခဲ့သည်။
ဝူယိတောက်၏ ထိန်းချုပ်မှုအောက်တွင် အင်မော်တယ် မီးတောက် သည် ဖရိုဖရဲ ခေါင်းလောင်း ထဲသို့ ပျံသန်းသွားလေသည်။
သန့်စင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအတွက် လိုအပ်သော ဖရိုဖရဲ လှံ နှင့် ကောင်းကင်နှင့်မြေကြီး ရတနာ များသည်လည်း ဝူယိတောက်၏ ထိန်းချုပ်မှုအောက်တွင် ဖရိုဖရဲ ခေါင်းလောင်း ထဲသို့ ပျံသန်းသွားကြသည်။ မျက်တောင်တစ်ခတ်အတွင်း ဖရိုဖရဲ လှံ သည် အရည်ပျော်သွားပြီး မရေမတွက်နိုင်သော အင်မော်တယ်အဆင့် ရှိ ကောင်းကင်နှင့်မြေကြီး ရတနာ များနှင့်အတူ ပေါင်းစပ်သွားကာ သန္ဓေသားလောင်းဖြစ်သည့် အရည်အစုအဝေးတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ် မီးတောက် အတွင်း၌ ဟွမ့်သွမ်၏ ပုံရိပ် ထွက်ပေါ်လာပြီး ၊ သူမသည် သန္ဓေသားလောင်း အရည်အစုအဝေးကို စတင်ပုံဖော်လေတော့သည်။ မကြာမီ သူမသည် လှံရှည် တစ်လက်၏ ပုံသဏ္ဌာန်ကို ပုံဖော်ပေးနိုင်ခဲ့သည်။
သို့သော် ဤသည်က အဆုံးသတ် မဟုတ်သေးချေ။ အင်မော်တယ် မီးတောက် ၏ လောင်ကျွမ်းမှုအောက်တွင် လှံရှည် သည် တဖြည်းဖြည်း ပိုမိုမာကျောလာပြီး ကြီးမားလာသည်။
ထိုအချိန်တွင် ဝူယိတောက် ရှိနေသော ကျင့်ကြံခြင်း နေရာ၌ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် မိုးကြိုးကပ်ဘေး များလည်း ဖြစ်ပေါ်လာပေ၏။ မည်သို့ပင်ဆိုစေကာမူ အင်မော်တယ် မှော်လက်နက် များတွင် လက်နက်ဝိညာဉ်များ ပါဝင်ပြီး လက်နက်ဝိညာဉ်သည် သက်ရှိတစ်ခုနှင့် တူညီပေသည်။ ဖြစ်ပေါ်လာသော အင်မော်တယ် မှော်လက်နက် တိုင်းသည် အရည်အချင်းပြည့်မီသော အင်မော်တယ် မှော်လက်နက် တစ်ခုအဖြစ် သတ်မှတ်ခံရရန်အတွက် မိုးကြိုးကပ်ဘေး ၏ ခံယူမှုကို ဖြတ်ကျော်ရန် လိုအပ်ပေသည်။
ဤကြီးမားလှသော ဆူညံသံသည် ထျန်းဝူဂိုဏ်းရှိ အကြီးအကဲများ၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွားခဲ့ပြီး သူတို့အားလုံးက ဝူယိတောက်၏ ကျင့်ကြံခြင်း နေရာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
"ဟမ်.. တကယ်ကို ကြောက်စရာကောင်းတဲ့ ဆူညံသံပဲ... ဒါက မဟာဧကရာဇ် အဆင့်အထက် စွမ်းအားရှင် တစ်ယောက်ကပဲ လုပ်နိုင်တဲ့ အရာဆိုတာ သေချာတယ်... ပြီးတော့ လူသားအင်မော်တယ် တောင် မဟုတ်လောက်ဘူး..."
"အကြီးအကဲဝူ များ မဖြစ်နိုင်ဘူးလား... အဆင့်ချိုးဖောက် ဝင်ရောက်တာများလား... ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ နားလည်မှုအရတော့ အကြီးအကဲဝူသာ အဆင့်ချိုးဖောက်ဝင်ရောက်တယ်ဆိုရင် မိုးကြိုးကပ်ဘေး ကလည်း ဒီလောက်ပဲ ဖြစ်လိမ့်မယ်..."
"မဟုတ်ဘူး... ဟိုမှာကြည့်... အဲဒါက လှံတစ်လက်ပဲ..."
အကြီးအကဲတစ်ဦး စကားပြောလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် အကြီးအကဲများအားလုံးသည် ဝူယိတောက်၏ ကျင့်ကြံခြင်း နေရာမှ လှံရှည် တစ်လက် ပျံသန်းထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ ဝဲပျံနေသည်ကို မြင်တွေ့လိုက်ရသည်။
လှံရှည် ထွက်ပေါ်လာပြီးနောက် မိုးကြိုးကပ်ဘေး သည်လည်း မိုးခြိမ်းသံကြီးနှင့်အတူ လိုက်ပါလာလေ၏။
ဝူယိတောက်သည် သူ၏ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်ကို ကောင်းစွာ သိရှိထားသဖြင့် သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။ မရေမတွက်နိုင်သော မိုးကြိုးများသည် လှံရှည် ပေါ်သို့ ကျဆင်းလာသော်လည်း မည်သည့်မိုးကြိုးကမျှ ၎င်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ ယင်းအစား လှံရှည် ၏ ဖိအားက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။
မိုင်သောင်းချီ ကွာဝေးသော နေရာရှိ အကြီးအကဲများပင်လျှင် လွှမ်းမိုးနိုင်သော ဖိနှိပ်မှုနှင့် အသက်ရှူကျပ်မှုကို ခံစားလိုက်ရသည်။ ၎င်း၏ တည်ရှိနေမှုသက်သက်ကပင် သူတို့ကို မျှော်လင့်ချက်မဲ့သွားစေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်ဖြစ်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုလှံဖြင့် အထိုးခံရပါက ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
လူအုပ်ကြီး၏ တည်ကြည်လေးနက်သော အကြည့်များကြားတွင် မိုးကြိုးကပ်ဘေး သည် တဖြည်းဖြည်း ပြယ်လွင့်သွားပြီး လှံရှည် သည် မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားပြီးနောက် ဝူယိတောက်၏ ကျင့်ကြံခြင်း နေရာသို့ ပြန်လည်ပျံသန်းသွားလေ၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် အကြီးအကဲများသည် ထိုကိစ္စကို ဆက်လက် အာရုံမစိုက်ကြတော့ချေ။ ဝူယိတောက်ထံမှ ဆေးလုံးကို လက်ခံရရှိပြီးနောက် သူတို့သည် မဆိုင်းမတွ မျိုချလိုက်ကြပြီး အဆင့်ချိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
ထို့ကြောင့် ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ လဝက်အတွင်း အဆင့်ချိုးဖောက်ဝင်ရောက်ခြင်းကို ပြီးမြောက်ရန် ဖြစ်သည်။ သို့မဟုတ်ပါက တပည့်လက်ခံခြင်း အခမ်းအနားကို လွတ်သွားခဲ့ပါက ၊ သူတို့ အလွန်အမင်း နောင်တရမိပေလိမ့်မည်။
လင်းယာဟွမ်နှင့် ပတ်သက်၍ ဝူယိတောက်၏ အမိန့်ကို လက်ခံရရှိပြီးနောက် သူမသည် ထျန်းဝူဂိုဏ်းမှ တပည့်များ ခေါ်ယူနေကြောင်း သတင်းကို ကျင့်ကြံခြင်း နေ့စဉ်သတင်းစာ တွင် ထုတ်ပြန်ရန် သွားရောက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းဝူဂိုဏ်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသဖြင့် ရွှမ်ကျုံးနယ်မြေ တွင် မြင်တွေ့နိုင်သည့် အတိုင်းအတာအထိ ထုတ်ပြန်ရန် လုံလောက်ပေသည်။
ထို့ကြောင့် သူမသည် ဤမြင်ကွင်းကို မမြင်တွေ့ခဲ့ရချေ။
တစ်ချိန်တည်းမှာပင် ဝူယိတောက်ဘက်၌ ကပ်ဘေးဖြတ်ကျော်ခြင်း ပြီးစီးသွားပြီးနောက် ဖရိုဖရဲ လှံ သည် ဝူယိတောက်၏ လက်ထဲသို့ ပြန်လည်ပျံသန်းလာခဲ့သည်။ ဝူယိတောက်သည် ဖရိုဖရဲ လှံ ကို ကိုင်ဆောင်လိုက်သည်နှင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ငါ ဖရိုဖရဲ လှံ ကို အင်မော်တယ်ဘုရင် အဆင့်အထိ အဆင့်မြှင့်တင်ပြီးသွားပြီဆိုတော့ အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် အထိ သုံးဖို့ လုံလောက်သွားပြီ... နောက်ပိုင်း ကျင့်ကြံဆင့် ထပ်တက်လာတဲ့အခါကျမှ ဖရိုဖရဲ လှံ ကို ငါလိုအပ်တဲ့ အဆင့်အထိ သန့်စင်ပြီး အဆင့်မြှင့်တင်လို့ရတယ်...”
ထိုအချိန်တွင် ဟွမ့်သွမ်သည် ဝူယိတောက်၏ရှေ့၌ ထွက်ပေါ်လာပြီး ချွဲနွဲ့လေတော့သည်။
"သခင်... နောက်တစ်ခါ တိုက်ခိုက်တဲ့အခါ ကျွန်မကို မမေ့နဲ့နော်... ကျွန်မ မတိုက်ခိုက်ရတာ ကြာပြီဆိုတော့ လက်တွေတောင် ယားနေပြီ..."
"ကောင်းပါပြီ... ငါ ဘယ်သူ့ကိုမေ့မေ့ ဟွမ့်သွမ်လေးကို ဘယ်တော့မှ မမေ့ပါဘူး... နောက်တစ်ခါကျရင် ဟွမ့်သွမ်လေးကို သေချာပေါက် တိုက်ခိုက်ခွင့်ပေးပါ့မယ်..."
ဝူယိတောက်သည် ပြုံးလိုက်ပြီးနောက် ဟွမ့်သွမ်၏ ခေါင်းကို ပွတ်သပ်ကာ ပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဟွမ့်သွမ်သာ မရှိပါက သူတစ်ယောက်တည်းဆိုလျှင် ဖရိုဖရဲ လှံ ကို အဆင့်ငါး အင်မော်တယ် အဆင့်အထိသာ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပြီး ၎င်းသည် သူ့အတွက် သိသာထင်ရှားသော တိုးတက်မှုတစ်ခု ဖြစ်လာမည်မဟုတ်ပေ။
ဟွမ့်သွမ်သည် ဝူယိတောက်၏ ပွတ်သပ်မှုကြောင့် အလွန်အမင်း ကျေနပ်သွားပုံရပြီး ကျေကျေနပ်နပ်ဖြင့် ပြန်သွားလေ၏။ သို့သော် အတန်ကြာပြီးနောက် တစ်စုံတစ်ခု သတိရသွားကာ ပြန်ထွက်လာပြီး ပြောဆိုလိုက်သည်။
"ဒါနဲ့ သခင်... ကျွန်မ ပြောစရာတစ်ခု ရှိသေးတယ်... ကျွန်မက လုံးလုံးလျားလျား မသေးပါဘူးနော်..."
ထိုသို့ပြောပြီးနောက် ဟွမ့်သွမ်သည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေ၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်သည် အစပိုင်း၌ အံ့အားသင့်သွားသော်လည်း သူ၏မျက်နှာမှာ နီရဲသွားခဲ့သည်။
ဝိညာဉ်တွေမှာ အရွယ်အစားဆိုတဲ့ သဘောတရား ရှိလို့လား... ပြီးတော့ ဟွမ့်သွမ် ပြောတဲ့ အရွယ်အစားဆိုတာက ဘာကို ဆိုလိုတာလဲ...