အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း ၂၁၅ - ဖရိုဖရဲ လှံ၏ ဝိညာဉ်၊ ထျန်းဝူဂိုဏ်း တပည့်လက်ခံခြင်း
"ငယ်သား သခင့်ကို အရိုအသေပေးပါတယ်..."
ထိုအချိန်တွင် အလင်းတန်းတစ်ခု တောက်ပသွားပြီး နောက်တစ်စက္ကန့်၌ အရပ် ၁.၈ မီတာခန့်ရှိပြီး အလွန်လှပကျော့ရှင်းသော ခန္ဓာကိုယ်နှင့် ခရမ်းရောင် ဆံပင်အရှည်ရှိသော မိန်းကလေးတစ်ဦးသည် ဝူယိတောက်၏ရှေ့တွင် ထွက်ပေါ်လာ၏။
ဝူယိတောက်သည် ခဏတာ အံ့အားသင့်သွားသော်လည်း အလျင်အမြန် တုံ့ပြန်ကာ ပြောဆိုလိုက်သည်။
"မင်းက ဖရိုဖရဲ လှံ ရဲ့ ဝိညာဉ် ဖြစ်ရမယ် မဟုတ်လား..."
မည်သို့ပင်ဆိုစေကာမူ ပိုင်ရှင်ဖြစ်သူက မလိုချင်၍ တမင်သက်သက် ဖယ်ရှားပစ်ရန် မကြိုးစားသရွေ့ အင်မော်တယ် မှော်လက်နက် တိုင်းတွင် ဝိညာဉ်တစ်ခုစီ ရှိကြသည်။
သို့ရာတွင် လက်နက်ဝိညာဉ်သည် သူ၏သခင်အား တိုက်ပွဲတွင် ကူညီပေးနိုင်သောကြောင့် ငမိုက်သားများမှလွဲ၍ လူအများစုသည် ၎င်းကို ထိန်းသိမ်းထားကြပေလိမ့်မည်။
"ဟုတ်ပါတယ် သခင်... ကျွန်မက ဖရိုဖရဲ လှံ ရဲ့ ဝိညာဉ်ပါ... ကျေးဇူးပြုပြီး နာမည်ပေးပါဦး..."
ဝိညာဉ်သည် ဝူယိတောက်၏ရှေ့တွင် ဒူးထောက်ကာ ပြောဆိုလိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူယိတောက်သည် နက်နက်နဲနဲ တွေးတောလိုက်သည်။ အစောပိုင်းက သူသည် ဟွမ့်သွမ် ဟု နာမည်ပေးရန် စီစဉ်ထားသော်လည်း ၊ ယခု ဖရိုဖရဲ ခေါင်းလောင်း ၏ ဝိညာဉ်သည်လည်း ဟွမ့်သွမ် ဟု အမည်ရနေသဖြင့် ထိုကောင်မလေးသာ သိသွားပါက မည်ကဲ့သို့ ပြဿနာရှာမည်ကို မသိနိုင်ချေ။
ထို့ကြောင့် အတန်ကြာ စဉ်းစားပြီးနောက် ဝူယိတောက်က လက်နက်ဝိညာဉ်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ဒါဆိုရင်လည်း ဒီနေ့ကစပြီး မင်းကို ဇီလင် လို့ ခေါ်မယ်..."
ခရမ်းရောင် ဆံပင်ရှိပြီး ဝိညာဉ်တစ်ခုဖြစ်ခြင်းကြောင့် သူမကို ဇီလင် ဟုခေါ်ခြင်းက အဓိပ္ပာယ်ရှိသည် မဟုတ်လော။
သို့သော် ဇီလင်သည် ထိုအရာများကို ဂရုမစိုက်ခဲ့ချေ။ ဝူယိတောက်၏ စကားကို ကြားပြီးနောက် သူမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်သည်။
"ငယ်သား ဇီလင် သခင့်ကို ကျေးဇူးတင်ပါတယ်..."
"ကောင်းပြီ... အခု မင်း ဖရိုဖရဲ လှံ ထဲကို ပြန်ဝင်လို့ရပြီ... မင်းကို လိုအပ်တဲ့အခါကျမှ အပြင်ထုတ်ပေးမယ်..."
ဝူယိတောက်သည် လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။ သူသည် ယခု သူမကို မလိုအပ်သေးပေ။ ထို့အပြင် ဝိညာဉ်တစ်ခုအနေဖြင့် အပြင်ဘက်တွင် နေပါက စွမ်းအင်များကို ကုန်ဆုံးစေမည်ဖြစ်သည်။ ထို့ကြောင့် ဖရိုဖရဲ လှံ ထဲတွင် နေခြင်းက ပိုကောင်းပေသည်။
ဇီလင်သည် ဝူယိတောက်၏ တောင်းဆိုမှုကို သဘာဝကျကျပင် ငြင်းဆန်မည်မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ဖရိုဖရဲ လှံ ထဲသို့ ဝင်ရောက်သွားလေ၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူယိတောက်သည် ဖရိုဖရဲ လှံ ကို သူ၏ သိုလှောင်လက်စွပ် ထဲသို့ ထည့်လိုက်သည်။
ဖရိုဖရဲ လှံ ၏ အဆင့်ကို မြှင့်တင်ရင်း လဝက်ကျော် အချိန်ကုန်လွန်သွားခဲ့ပြီးနောက် ဂိုဏ်းဖွင့်ကာ တပည့်လက်ခံခြင်းကို စတင်လေတော့သည်။
ဤအတွေးဖြင့် ဝူယိတောက်သည် နောက်တစ်စက္ကန့်တွင် ထျန်းဝူဂိုဏ်း၏ တောင်တံခါးနှင့် တပည့်လက်ခံခြင်း ရင်ပြင်ရှေ့၌ ထွက်ပေါ်လာ၏။
ထျန်းဝူဂိုဏ်း၏ တပည့်လက်ခံခြင်း ရင်ပြင်တွင် လူများစွာဖြင့် ပြည့်နှက်နေသည်ကို မြင်ချိန်၌ ဝူယိတောက် မှာ အံ့အားသင့်သွားသော်လည်း အခိုက်အတန့်မျှသာ ဖြစ်သည်။
ထျန်းဝူဂိုဏ်းသည် ဝူယိတောက်အတွက် သိပ်ပြီး အထင်ကြီးစရာ မကောင်းသော်လည်း ရွှမ်ကျုံးနယ်မြေ အတွက်မူ အလွန်လေးစားစရာကောင်းသော အင်အားစုတစ်ခုဖြစ်ပြီး သာမန်လူ များအတွက် လှမ်းမမီနိုင်သော အင်အားစုတစ်ခု ဖြစ်ပေသည်။
ထို့အပြင် ထျန်းဝူဂိုဏ်း၏ ပတ်ဝန်းကျင်တွင် အခြားသော အင်အားစုများ မရှိသောကြောင့် ဂိုဏ်းမှ တပည့်များ ခေါ်ယူနေကြောင်း သတင်းပျံ့နှံ့သွားပြီးနောက် သာမန်လူ များနှင့် အမှီအခိုကင်း ကျင့်ကြံသူ အများအပြားသည် ထျန်းဝူဂိုဏ်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသည်။
ဝူယိတောက်သည် ယခုအချိန်တွင် အောက်သို့ မဆင်းခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ထျန်းဝူဂိုဏ်းကို ထောက်ပံ့ရန်သာ ထိုနေရာတွင် ရှိနေခြင်းဖြစ်ပြီး တပည့်လက်ခံခြင်း သို့မဟုတ် ထျန်းဝူဂိုဏ်းကို စီမံခန့်ခွဲခြင်းများ ပြုလုပ်မည်မဟုတ်ပေ။ ထို့ကြောင့် ယနေ့ တပည့်လက်ခံခြင်းကို လင်းယာဟွမ်နှင့် အခြားသူများက ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။
ဤအချိန်အတောအတွင်း လင်းယာဟွမ်သည် ဂိုဏ်းချုပ် တစ်ယောက်၏ အခန်းကဏ္ဍနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာပြီး အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ကာ မကြာမီမှာပင် အကြီးအကဲ သုံးဆယ့်နှစ်ဦး၏ ယုံကြည်မှုကို ရရှိသွားခဲ့သည်။
ဤကာလအတွင်း မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ရှိ အကြီးအကဲငါးဦးသည် ဝူယိတောက် ပေးသနားသော ဆေးလုံးကို သန့်စင်ပြီးနောက် လူသားအင်မော်တယ် ကနဦးအဆင့် သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
ယခုအချိန်တွင် သူတို့အားလုံးသည် တောင်တံခါး၏ တပည့်လက်ခံခြင်း ရင်ပြင်၌ စုဝေးနေကြပြီး ရောက်ရှိလာသော အလုပ်သင်များကို ကြည့်ရှုနေကြ၏။
"ဂိုဏ်းချုပ်... ဖရိုဖရဲ ခေါင်းလောင်း ကို နှစ်ချက်မြည်အောင် လုပ်နိုင်တဲ့ သူတွေကိုပဲ ကျွန်တော်တို့ ထျန်းဝူဂိုဏ်းထဲကို လက်ခံမယ်ဆိုတာ တကယ်ပဲလား..."
အကြီးအကဲမိုသည် လင်းယာဟွမ်၏ ဘေးတွင်ရပ်ကာ အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောဆိုလိုက်သည်။
သူတို့သည် ထိုနေရာတွင် ရပ်နေသည်မှာ တစ်နာရီနီးပါး ရှိနေပြီဖြစ်ပြီး ထိုအချိန်အတွင်း လူအနည်းဆုံး သုံးရာခန့် ဖရိုဖရဲ ခေါင်းလောင်း ပေါ်သို့ လက်တင်လိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့ထဲမှ အနည်းငယ်သော သူများသာ ဖရိုဖရဲ ခေါင်းလောင်း ကို မြည်အောင် လုပ်နိုင်ခဲ့ကြပြီး အများစုမှာ တစက်ကလေးမှ အသံမထွက်ချေ။
ဤသည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်က သက်ပြင်းချကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။
"ဒါက အကြီးအကဲဝူရဲ့ သတ်မှတ်ချက်ပဲ... ကျွန်မတို့ ထျန်းဝူဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာက အရေအတွက်ထက် အရည်အသွေးကိုပဲ အဓိကထားတယ်... အကြီးအကဲဝူရဲ့ အဆိုအရ ဖရိုဖရဲ ခေါင်းလောင်း ကို နှစ်ချက်မြည်အောင် လုပ်နိုင်တဲ့သူတွေက အင်မော်တယ် အဖြစ် တက်လှမ်းနိုင်မယ့်သူတွေ ဖြစ်ပြီး သုံးချက် ဒါမှမဟုတ် လေးချက်မြည်အောင် လုပ်နိုင်တဲ့သူတွေက အနည်းဆုံး လျိုထျန်းရွှေအင်မော်တယ် အဆင့်ဖြစ်ပြီး ငါးချက် ဒါမှမဟုတ် ခြောက်ချက်မြည်အောင် လုပ်နိုင်တဲ့သူတွေက အနည်းဆုံး အင်မော်တယ် အရှင်မြတ် အဆင့်ရှိတဲ့ သူတွေပဲတဲ့..."
လင်းယာဟွမ်၏ စကားကို ကြားလိုက်ရချိန်တွင် ထိုနေရာရှိ အကြီးအကဲ သုံးဆယ့်တစ်ဦးစလုံး အသက်ရှုမေ့မတတ် ဖြစ်ခဲ့ရသည်။ဖရိုဖရဲ ခေါင်းလောင်း ၏ အစွမ်းအာနိသင်သည် အင်မော်တယ် အရှင်မြတ် အဆင့် ပါရမီရှင်များကိုပင် ခွဲခြားသိမြင်နိုင်လောက်အောင် ထူးဆန်းအံ့သြဖွယ်ကောင်းမည်ဟု သူတို့ ဘယ်သောအခါကမျှ မထင်မှတ်ထားခဲ့ကြပေ။
လင်းယာဟွမ်၏ စကားသံအဆုံးတွင် ၊ မည်သူက ဖရိုဖရဲ ခေါင်းလောင်း မည်မျှတီးခတ်နိုင်မည်ကို သိလိုစိတ်များ ဖြစ်ပေါ်လာကြသည်။ သို့သော် သူတို့အားလုံးသည် ယခုအခါ မဟာဧကရာဇ်များဖြစ်နေပြီဖြစ်၍ အနည်းဆုံး နှစ်ချက်တော့ မြည်နိုင်သင့်ပေသည်။ အချိန်အနည်းငယ် ပေးပါက လူသားအင်မော်တယ် သို့မဟုတ် စစ်မှန်အင်မော်တယ် အဆင့်အထိပင် ချိုးဖောက်ဝင်ရောက်ရန် ပြဿနာ ရှိမည်မဟုတ်ချေ။
ဤအချိန်တွင် လင်းယာဟွမ်သည်လည်း အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ဝူယိတောက် ချမှတ်ထားသော စည်းမျဉ်းအရ ထျန်းဝူဂိုဏ်းသည် ဆယ်နှစ်လျှင် တစ်ကြိမ် တပည့်များ လက်ခံရန် တံခါးဖွင့်ပေးမည်ဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ပတ်ကြာမြင့်မည်ဖြစ်သည်။ လက်ရှိ အခြေအနေအရဆိုလျှင် သူတို့၏ ထျန်းဝူဂိုဏ်းသည် မည်သည့်တပည့်ကိုမျှ လက်ခံနိုင်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ပါရမီရှင် အများစုသည် အခြားသော ဂိုဏ်းများ၏ ခေါ်ယူခြင်းကို ခံခဲ့ရပြီးဖြစ်သည်။
လင်းယာဟွမ် စိုးရိမ်နေချိန်၌ နောက်တစ်စက္ကန့်တွင် ဖရိုဖရဲ ခေါင်းလောင်း ကို နှစ်ချက်မြည်အောင် လုပ်နိုင်သော ပထမဆုံးလူ ထွက်ပေါ်လာခဲ့သည်။ သူသည် အသက်သုံးဆယ် ဝန်းကျင်ခန့်ရှိသော လူလတ်ပိုင်း တစ်ဦးဖြစ်သည်။
ထိုလူ၏ မျက်နှာပေါ်တွင်လည်း အံ့သြမှုများ ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာဖြင့် စကားများပင် ထစ်ငေါ့နေခဲ့၏။
"ကျွန်တော် တကယ်ပဲ ထျန်းဝူဂိုဏ်းကို ဝင်ခွင့်ရပြီလား..."
"အဟမ်း... သေချာတာပေါ့... အကယ်၍ ဖရိုဖရဲ ခေါင်းလောင်း ကို နှစ်ချက်မြည်အောင် လုပ်နိုင်တယ်ဆိုရင် သဘာဝကျကျပဲ ငါတို့ ထျန်းဝူဂိုဏ်းကို ဝင်ခွင့်ရပြီပေါ့... မင်းနာမည်ကို ပြောပါ..."
အကြီးအကဲလင်းသည် အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် ငိုချမတတ်ပင် ။ နောက်ဆုံးတွင် တစ်ယောက်ယောက်က ဤစမ်းသပ်မှုကို အောင်မြင်သွားခဲ့ပြီဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် အလွန်ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
"ကျွန်တော့်နာမည်က ကျန်းယွီကန် ပါ..."
ကျန်းယွီကန် အောင်မြင်သွားပြီးနောက် သူ၏နောက်မှ လူများသည် သွေးကြောများ ပွင့်သွားသည့်အလား တစ်နာရီလျှင် ဖရိုဖရဲ ခေါင်းလောင်း နှစ်ချက်မြည်သူ တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သုံးချက် သို့မဟုတ် လေးချက်မြည်သူများအနေဖြင့် နှစ်နာရီခွဲလျှင် တစ်ယောက်သာ ထွက်ပေါ်လာပေ၏။
ကိုယ်ပိုင်တပည့် အဆင့်ဖြစ်သော ငါးချက် သို့မဟုတ် ခြောက်ချက်မြည်သူများမှာမူ လုံးလုံးလျားလျား မရှိသကဲ့သို့ ပျောက်ကွယ်နေခဲ့သည်။
တတိယမြောက်နေ့ ရောက်သည့်တိုင်အောင်ပင်။
လွန်ခဲ့သော သုံးရက်အတွင်း လင်းယာဟွမ်နှင့် အခြားသူများသည် တပည့်လက်ခံခြင်း ရင်ပြင်ကို အနီးကပ် စောင့်ကြည့်နေခဲ့ကြပြီး အတော်ဆုံး ပါရမီရှင်ကို လက်လွတ်သွားမည်ကို စိုးရိမ်နေခဲ့ကြသည်။ မှန်၏။ သူတို့သည် ငါးချက် သို့မဟုတ် ခြောက်ချက်မြည်သော ပါရမီရှင်များကို လက်လွတ်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ငါးချက် သို့မဟုတ် ခြောက်ချက်မြည်အောင် လုပ်နိုင်သော တပည့်တစ်ဦးသည် အနည်းဆုံး အင်မော်တယ် အရှင်မြတ် ပါရမီရှိကြောင်း သိရှိပြီးနောက် အကြီးအကဲ သုံးဆယ့်တစ်ဦးသည် သူတို့ကိုယ်သူတို့ ပြင်ဆင်လာကြသည်။ အကယ်၍ အင်မော်တယ် အရှင်မြတ် ပါရမီရှိသော တပည့်တစ်ဦးကို သူတို့၏ တပည့်အဖြစ် လက်ခံနိုင်ပါက သူတို့ ကြွားလုံးထုတ်နိုင်ပေလိမ့်မည်။ ပို၍ အရေးကြီးဆုံးအရာမှာ သူတို့၏ တပည့်များသည် အင်မော်တယ် အရှင်မြတ် အဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ ဆရာများကို မည်သို့ မေ့ပစ်နိုင်မည်နည်း။
အကယ်၍ အင်မော်တယ် အရှင်မြတ် ကသာ ဝင်ရောက်စွက်ဖက်ပါက သူတို့သည် အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်အထိ ကျင့်ကြံနိုင်ပေလိမ့်မည်။
အကြီးအကဲများအားလုံး အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေချိန်တွင် ပထမဆုံး ဖရိုဖရဲ ခေါင်းလောင်း ငါးချက်မြည်အောင် လုပ်နိုင်သူ ထွက်ပေါ်လာခဲ့သည်။
အခန်း ၂၁၆ - အကြီးအကဲများ၏ ပုံမှန်မဟုတ်သော စိတ်အားထက်သန်မှု
"ဘာ... ငါးချက်မြည်သွားတာလား..."
"သူက အနည်းဆုံး အင်မော်တယ် အရှင်မြတ် ပါရမီကို ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုတာလား..."
"သောက်ကျိုးနည်း... ဒီတပည့်ကို ငါ လိုချင်တယ်... ဘယ်သူမှ ငါ့ဆီကနေ သူ့ကို လုမယူသွားစေရဘူး..."
ဖရိုဖရဲ ခေါင်းလောင်း ကို ငါးချက်မြည်အောင် လုပ်နိုင်သော ပထမဆုံး တပည့် ထွက်ပေါ်လာသည်နှင့် အကြီးအကဲ သုံးဆယ့်တစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြပြီး ထိုတပည့်ထံသို့ ပြေးသွားကြလေ၏။
ထိုတပည့်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသည်မှာ သိသာထင်ရှားပြီး အလွန်အမင်း စိတ်လှုပ်ရှားကာ နေရာတွင်ပင် အေးခဲသွားသကဲ့သို့ ရပ်နေခဲ့သည်။ သို့သော် သူ့ရှေ့ရှိ အကြီးအကဲများသည် သူ၏ ထူးချွန်သော ပါရမီများကြောင့် ရောက်လာကြခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့ခမျာ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။
"ဘာလဲ... မင်း မသွားဘူးလား..."
မလှမ်းမကမ်းတွင် လင်းယာဟွမ်က ဤမြင်ကွင်းကို ကြည့်နေစဉ် ဝူယိတောက်သည် သူမ၏ဘေး၌ ရုတ်တရက် ထွက်ပေါ်လာပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်သည် ဝူယိတောက် မမြင်နိုင်သော အချစ်များ ပြည့်နှက်နေသည့် အကြည့်ဖြင့် ဝူယိတောက်ကို ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် သူမသည် သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ကျွန်မလည်း သွားချင်တာပေါ့... ဒါပေမဲ့ အခု ကျွန်မ လုပ်ချင်တဲ့ အခြားကိစ္စတွေ ရှိသေးတယ်... တကယ်လို့ ကျွန်မက တပည့်တစ်ယောက် လက်ခံလိုက်မယ်ဆိုရင် သူ့အတွက် တာဝန်ယူရလိမ့်မယ်... ဒါက ကျွန်မ လုပ်ချင်တဲ့ အရာတွေကို ပြီးမြောက်ဖို့ ဟန့်တားလိမ့်မယ်..."
"ဆက်ကြိုးစားပါ... မင်းရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာမယ်လို့ ငါ ယုံကြည်ပါတယ်..."
သူတို့နှစ်ဦးစလုံးသည် ရွှမ်ထျန်းကမ္ဘာ မှ ရောက်ရှိလာခြင်းကြောင့် ဖြစ်နိုင်သည်။ ဝူယိတောက်သည် လင်းယာဟွမ်ကို အထူးဂရုစိုက်ကာ သူမ၏ ပခုံးကို ပုတ်ပေးပြီးနောက် လှည့်ထွက်သွားလေ၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ် မှာ သက်ပြင်းချလိုက်သည်။ ဝူယိတောက်ကို ကြည့်နေသော သူမ၏ မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။ ဤလူသည် တကယ့်ကို သစ်တုံးတစ်တုံးပင်။ သူမမှလွဲ၍ အခြားမည်သူက သူ့ကို သဘောကျမည်ကို သူမ တွေးတောနေမိ၏။
သို့သော် သူ့ကို သဘောကျခြင်းက ဆိုးရွားသော ကိစ္စတစ်ခုတော့ မဟုတ်ချေ။အနည်းဆုံးတော့ ယှဉ်ပြိုင်ရမည့် ပြိုင်ဘက် နည်းပါးပေသည်။
"ဒါဆိုရင် မင်းကလည်း အတွေ့အကြုံရှာဖို့ မြင့်မြတ်နယ်မြေ ကနေ ထွက်သွားဖို့ စီစဉ်နေတာလား..."
တစ်ချိန်တည်းမှာပင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ အတွင်း၌ မိုရှီယွီသည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး သူမ၏ရှေ့တွင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ မှ အကြီးအကဲတစ်ဦး ထိုင်နေ၏။
အကယ်၍ ကျွင်းရှောင်ယောင် သာဆိုလျှင် ဤအကြီးအကဲသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ အတွင်းရှိ အလွန်နည်းပါးသော အင်မော်တယ် မဟာဧကရာဇ် များထဲမှ တစ်ဦးဖြစ်ကြောင်း သေချာပေါက် သိရှိပေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့် ဖြစ်ပေသည်။
ဖရိုဖရဲ မြင့်မြတ်နယ်မြေ အတွင်း၌ပင်လျှင် မိုရှီယွီ သည် အကြီးအကဲ မိုဇိုက်ယွီ ၏ သမီးဖြစ်ကြောင်း လူအနည်းငယ်သာ သိရှိကြပေသည်။ ထိုအချိန်က မိုရှီယွီ သည် သူမ၏ ကိုယ်ပိုင် စွမ်းရည်ဖြင့် ဖရိုဖရဲ မြင့်မြတ်နယ်မြေ တွင် နာမည်တစ်လုံး ရယူလိုသောကြောင့် သူမ၏ အထောက်အထားကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ လင်းကန်းရှင်း သာ မိုရှီယွီ၏ အဆင့်အတန်းကို သိရှိပါက သူသည် မိုရှီယွီကို ဤမျှ ပွင့်လင်းစွာ ပိုးပန်းရဲမည် မဟုတ်ပေ။ လင်းကန်းရှင်း၏ ကျင့်ကြံခြင်းအဆင့်သည် မိုရှီယွီထက် မြင့်မားသော်လည်း သူတို့၏ အဆင့်အတန်း ကွာဟချက်မှာ ငြင်းဆန်၍မရနိုင်ချေ။
ထို့အပြင် လင်းကန်းရှင်း၏ ဆရာသည် သာမန် အင်မော်တယ် အရှင်မြတ် တစ်ဦးသာ ဖြစ်သည်။ အင်မော်တယ် မဟာဧကရာဇ် မိုဇိုက်ယွီ နှင့် ယှဉ်ပါက ထိုအကြီးအကဲမှာ ဘာမှမဟုတ်ချေ။
"ဟုတ်ပါတယ် အဖေ... သမီး မြင့်မြတ်နယ်မြေ ကနေ ထွက်ပြီး ကမ္ဘာကြီးကို လေ့လာဖို့ စီစဉ်ထားပါတယ်... ဒါက သမီးရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်..."
မိုရှီယွီသည် သူမ၏ ဖခင်ကို အနည်းငယ် တုံ့ဆိုင်းသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း အလျင်အမြန်ပင် လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်၏။
ဖခင်တစ်ဦးအနေဖြင့် မိုဇိုက်ယွီသည် သူ၏သမီး စိတ်ထဲတွင် တစ်ခုခု ရှိနေကြောင်းကို မည်သို့ မသိဘဲ နေမည်နည်း။ ဤသည်က ကောင်းသလား ဆိုးသလားဆိုတာကို သူ မသိသော်လည်း သူ၏သမီးကို သူ၏ဘေးတွင် ထာဝရထား၍ မရနိုင်ချေ။
ဤသည်ကို တွေးမိချိန်တွင် မိုဇိုက်ယွီက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။
"သွားပါ... အဖေ့ရဲ့ တားမြစ်ချက် ကို သမီးဆီမှာ ချန်ထားခဲ့တယ်... ပုံမှန်အခြေအနေအောက်မှာ ဒါက ဘာပြဿနာမှ ဖြစ်စေမှာ မဟုတ်ဘဲ သမီးရဲ့ ပုံမှန်ဘဝကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး... ဒါပေမဲ့ သမီး သေရေးရှင်ရေး အကျပ်အတည်းနဲ့ ကြုံရတဲ့အခါှမှသာ ဒါက အသက်ဝင်လာလိမ့်မယ်..."
"ကျေးဇူးတင်ပါတယ် အဖေ... သမီး သွားတော့မယ်... ဂရုစိုက်ပါ..."
မိုရှီယွီ သည် မတ်တပ်ရပ်ကာ သူမ၏ ဖခင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ လှည့်ထွက်သွားလေ၏။
“ဝူယိတောက်က လျိုထျန်းရွှေအင်မော်တယ် အဆင့်အထိ တက်လှမ်းသွားပြီ... တကယ်လို့ ငါသာ ပိုမကြိုးစားဘူးဆိုရင် ငါ ဝူယိတောက်ကို တကယ်ပဲ မှီနိုင်တော့မှာ မဟုတ်ဘူး... ဘယ်တုန်းကမှ သူ့ကို မမှီခဲ့ဖူးပေမယ့်ပေါ့လေ...”
သူမ၏ သမီး ထွက်ခွာသွားသည်ကို ကြည့်ကာ မိုဇိုက်ယွီ သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ထွက်သွားသော သမီးဖြစ်သူကို ကြည့်ကာ သူ့ကိုယ်သူ တီးတိုးပြောဆိုလိုက်၏။
"ဘာကြောင့်မှန်းတော့ မသိဘူး... ငါ့ရင်ထဲမှာ မသက်မသာ ခံစားမှုတစ်ခုကို အမြဲခံစားနေရတယ်... အဲဒါက ငါ့ရဲ့ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..."
တစ်ချိန်တည်းမှာပင် ထျန်းဝူဂိုဏ်း အတွင်း၌ သုံးရက်တာ ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဝူယိတောက်က အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသောကြောင့် ထျန်းဝူဂိုဏ်းသို့ ကောင်းမွန်သော တပည့်ကောင်းများ ရောက်ရှိလာခြင်းလား ဆိုသည်မှာတော့ မသေချာချေ။
သုံးရက်အတွင်း ဖရိုဖရဲ ခေါင်းလောင်း ကို ငါးချက်မြည်အောင် လုပ်နိုင်သော တပည့် ဆယ့်ငါးဦးအထိ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ သူတို့အားလုံးသာ ကောင်းမွန်စွာ ကြီးပြင်းလာပါက ထျန်းဝူဂိုဏ်းအတွက် အင်မော်တယ် အရှင်မြတ် စွမ်းအားရှင် ဆယ့်ငါးဦး ဖြစ်လာပေလိမ့်မည်။
ထျန်းဝူဂိုဏ်း၏ ပထမဆုံး တပည့်လက်ခံခြင်း အခမ်းအနားသည် ဤသို့ဖြင့် ပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့သည်။
"ဝူစီနီယာ... ကျွန်မတို့ ထျန်းဝူဂိုဏ်းက ပထမဆုံးအကြိမ်အဖြစ် အပြင်စည်းတပည့် ၁၃၅၆ ယောက်၊ အတွင်းစည်းတပည့် ၁၂၅ ယောက်နဲ့ ကိုယ်ပိုင်တပည့် ၁၅ ယောက်ကို လက်ခံနိုင်ခဲ့ပါတယ်... ဒါက စာရင်းပါ... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ..."
လင်းယာဟွမ် ပေးထားသော အချက်အလက်များကို ကြည့်ကာ ဝူယိတောက်က လက်ကိုဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဂိုဏ်းကို စီမံခန့်ခွဲတဲ့ ကိစ္စတွေမှာ ငါ ဝင်မစွက်ဖက်ဘူးလို့ ပြောပြီးပြီပဲ... မင်း အဆင်ပြေသလို စီမံခန့်ခွဲနိုင်တယ်... ငါ့မှာ သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်... အဲဒါက သိုင်းသူတော်စင် နာ့ ရောက်မလာခင်အထိ မင်း ဆက်နေပေးပြီး ထျန်းဝူဂိုဏ်းရဲ့ စီမံခန့်ခွဲမှုကို သူ့ဆီ လွှဲပြောင်းပေးဖို့ပဲ..."
ဝူယိတောက်၏ တည်ငြိမ်သော လေသံကို ကြားလိုက်ရချိန်တွင် လင်းယာဟွမ်သည် အနည်းငယ် စိတ်ပျက်သွားသည်။ သူမသည် အလွန်လှပသော မိန်းမချော တစ်ဦးဖြစ်သော်လည်း သူမရှေ့ရှိ ဝူယိတောက်သည် သူမအပေါ် မည်သည့်ခံစားချက်မျှ လုံးလုံးလျားလျား မရှိခဲ့ပေ။
လင်းယာဟွမ်သည် ဝူယိတောက်ကို ဆွဲဆောင်ရန် ကြိုးစားချင်သော်လည်း သူတို့၏ ဆက်ဆံရေးသည် ထိုမျှ ရင်းနှီးမှု မရှိသေးဟု သူမ တွေးမိသည်။ အကယ်၍ ထိုသို့ပြုလုပ်ခြင်းကြောင့် ဝူယိတောက်က သူမကို ပေါ့ပျက်ပျက်နိုင်သော မိန်းမတစ်ဦးဟု ထင်မြင်သွားပြီး သူမနှင့် ဝေးဝေးနေပါက မည်သို့လုပ်မည်နည်း။
ဤသည်ကို တွေးမိချိန်တွင် လင်းယာဟွမ် သည် သက်ပြင်းချလိုက်ပြီး စာရွက်စာတမ်းများနှင့်အတူ အောက်ထပ်သို့ ဆင်းသွားလေ၏။
ထို့နောက် ဝူယိတောက်သည် ကျင့်ကြံခြင်းကို ပြန်လည်စတင်လေတော့သည်။
ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ အတွင်းရှိ ဝူကျန်းအဲ့၏ ကျင့်ကြံခြင်း နေရာ၌။
"ဒြပ်စင်ငါးပါး စမ်းသပ်မှု လား..."
ချင်ဇီကျွင်း၏ စကားကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ချင်ဇီကျွင်းက ခေါင်းညိတ်လိုက်ပြီး ဆက်လက်ရှင်းပြလေ၏။
"မှန်တယ်... ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ တည်ထောင်သူ ဘိုးဘေး က ငါတို့ မြင့်မြတ်နယ်မြေ အတွင်းမှာ ဒြပ်စင်ငါးပါး စမ်းသပ်မှု လို့ခေါ်တဲ့ စမ်းသပ်မှု တစ်ခုကို ချန်ထားခဲ့တယ်... ဒါပေမဲ့ ဘိုးဘေးရဲ့ အဆိုအရ အဲဒီ လျှို့ဝှက်နယ်မြေ က အနှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပွင့်ပြီး သူတော်စင်အဆင့် ကပဲ ဝင်ရောက်နိုင်တယ်..."
"ငါတို့ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှာ သူတော်စင်အဆင့် မပေါ်ထွက်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်လို့ ဘယ်သူမှ ဒြပ်စင်ငါးပါး စမ်းသပ်မှု ထဲကို မဝင်နိုင်ခဲ့ဘူး... မင်းက ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ တည်ထောင်ပြီးကတည်းက ပထမဆုံး သူတော်စင်အဆင့် ဖြစ်တဲ့အတွက် သတ်မှတ်ချက်တွေအရ လာမယ့် ဒြပ်စင်ငါးပါး စမ်းသပ်မှု ကို မင်း ဝင်ရောက်ရလိမ့်မယ်..."
ဝူကျန်းအဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။ အမှန်အားဖြင့် သူသည် ကောင်းစွာ ကျင့်ကြံလိုရုံသာဖြစ်ပြီး မည်သည့်စမ်းသပ်မှုတွင်မျှ ပါဝင်ရန် အစီအစဉ် မရှိခဲ့ချေ။ သို့သော် သူသည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ သူတော်စင်အဆင့် ဖြစ်နေပြီဖြစ်ရာ စမ်းသပ်မှုတစ်ခုတွင် ပါဝင်ခြင်းက သိပ်ကြီးမားသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
ထို့အပြင် ၎င်းကို စမ်းသပ်မှုဟု ခေါ်ဆိုသောကြောင့် ၎င်းကို ဖြတ်ကျော်ပါက တစ်စုံတစ်ရာ ရရှိသင့်ပေသည်။ ထို့ပြင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သည် အထက်ကမ္ဘာ တစ်ခုလုံးတွင် အကြီးမားဆုံး အင်အားစုများထဲမှ တစ်ခုဖြစ်ရာ ၎င်းအတွင်းရှိ အရာများသည် သိပ်ရိုးရှင်းလွန်းမည်တော့ မဟုတ်ချေ။
ဤသည်ကို တွေးမိချိန်တွင် ဝူကျန်းအဲ့သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
"ဂိုဏ်းချုပ်... ကျွန်တော် နားလည်ပါပြီ... အဲဒါက ဘယ်တော့ စမှာလဲ..."
"နောက်ထပ် ဆယ်နှစ်ကြာရင် ငါကိုယ်တိုင် မင်းကို အဲဒီကို ခေါ်သွားမယ်..."
ချင်ဇီကျွင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ကာ ပြောဆိုလိုက်၏။ ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့သည် ခေါင်းညိတ်ပြလိုက်သည်။
"ဆယ်နှစ်... ကျွန်တော် နားလည်ပါပြီ..."
အထက်ကမ္ဘာ သို့ တက်လှမ်းပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရား မှော်လက်နက် ငါးခု၏ အကူအညီဖြင့် ဝူကျန်းအဲ့၏ ကျင့်ကြံခြင်းအဆင့်သည် ရွယ်တူများထက် များစွာ သာလွန်သွားခဲ့သည်။ ဝူကျန်းအဲ့ထက် အဆပေါင်းရာချီ ကြီးရင့်သော ကျင့်ကြံသူ များပင်လျှင် သူ့ထက် များစွာ နိမ့်ကျနေသည်။ သူ အသက်တစ်ရာပင် မပြည့်မီ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် သို့ပင် ချိုးဖောက်ဝင်ရောက်ပြီး ဖြစ်လေ၏။