← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅) အရှက်ကွဲပြီး ထွက်ပြေးခြင်း.... အရာအားလုံးကို ထိန်းချုပ်ထားသော နတ်ဘုရားသားတော်

အစောပိုင်းက ကောင်းကင်ဆေးဂိုဏ်း ဂိုဏ်းချုပ်၏လေသံကို ကြားလိုက်ရပြီးနောက်...

သူ ပြောဆိုသော အရေးကြီးပုဂ္ဂိုလ်ထံတွင် ထူးကဲသော အဆင့်အတန်းတစ်ခု သေချာပေါက် ရှိနေရပေမည်။

အင်မော်တယ်သခင်ပိုင်ရွှမ်က ထိုလူသည် ဒဏ္ဍာရီလာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ဖြစ်နိုင်ခြေ အလွန်များကြောင်း ခံစားလိုက်ရသည်။

ထိုနတ်ဘုရားသားတော်သည် အမြဲတစေ စိတ်အပြောင်းအလဲ မြန်သည်ဟု ဆိုကြ၏။

တစ်ကြိမ်က သူ့ကို အနည်းငယ် စော်ကားမိသော မိသားစုတစ်ခုမှ သခင်မလေး တစ်ဦး ရှိခဲ့ပြီး ထိုကြီးမားသော မိသားစု တစ်ခုလုံး၏ မျိုးဆက် ကိုးဆက်လုံး မျိုးဖြုတ်သတ်ခံခဲ့ရသည် မဟုတ်လော....

ထိုအချက်က သူတို့ကို ကြောက်ရွံ့သွားစေခဲ့ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်အပေါ် သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက ပို၍ပင် ပြင်းထန်လာခဲ့သည်။

အကယ်၍ ထိုသေသင့်သည့် တိရစ္ဆာန်လေးကြောင့်သာ မဟုတ်လျှင် သူတို့သည် ထိုနတ်ဘုရားသားတော်ကို မည်သို့ စော်ကားမိမည်နည်း....

ဝှစ်... ဝှစ်... ဝှစ်...

နတ်ဘုရားအလင်းတန်းတချို့သည် လေထုကို ထွင်းဖောက်သွားပြီး အရပ်မျက်နှာအဘက်ဘက်မှနေ၍ တုန်လှုပ်ချောက်ချား အင်မော်တယ်ရှိသောနေရာသို့ ဦးတည်သွားကြသည်။

"ဒီသေသင့်တဲ့ ကောင်တွေ..."

သူ ခေါ်လာခဲ့သော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အစောင့်များအားလုံးမှာ လက်ရှိတွင် တခြားသူများနှင့် တိုက်ခိုက်နေကြ၏။

လင်းလုံတွင် မည်သည့် တိုက်ခိုက်ရေး စွမ်းရည်မျှ မရှိသဖြင့် သူ့ကို လုံးဝမကူညီနိုင်ချေ။

သူ့ထံတွင် ကောင်းကင်တာအို အမှတ်အသား ရှိသော်လည်း ထိုအရာသည် နောက်ဆုံးတွင် ကုန်ဆုံးသွားပေမည်။

နောက်ပိုင်းတွင် ကောင်းကင်လမ်းကြောင်းအစ်မ ကို ဆက်သွယ်ရန်အတွက် ကောင်းကင်တာအို စွမ်းအားတချို့ကို သူ ချန်ထားရန် လိုအပ်သေးသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။

ဝုန်း...

နတ်ဘုရားဘုရင်နယ်ပယ်နှင့် ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတချို့က တပြိုင်နက်တည်း တိုက်ခိုက်လိုက်ရာ တုန်လှုပ်ချောက်ချား အင်မော်တယ်ကို တိုက်ရိုက်လွင့်စင်သွားစေပြီး အကြိမ်အနည်းငယ် လူးလိမ့်သွားစေခဲ့သည်။

"အလင်းကိုးဖြာ မဟာဧကရာဇ် လက်သီး..."

ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်သော တုန်လှုပ်ချောက်ချား အင်မော်တယ်က ဟိန်းဟောက်လိုက်ရာ သူ၏စိတ်ဝိညာဉ်ချီ ဥပဒေသများ ပေါက်ကွဲထွက်လာတော့သည်။

ကောင်းကင်တာအိုစွမ်းအားအမျှင်များသည် သူ၏လက်သီးပေါ်တွင် အဆက်မပြတ် လွှမ်းခြုံနေပေ၏။

သူသည် ပြင်းထန်စွာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့်...

ကြောက်မက်ဖွယ်ကောင်းသော လက်သီးချီအလင်းတန်းသည် ကျဆင်းလာသော ကြယ်ပျံတစ်စင်းကဲ့သို့ ခမ်းနားကြီးကျယ်သည့် နတ်ဘုရားအလင်းတန်းများကို တဝုန်းဝုန်းထသွားစေခဲ့သည်။

ဝုန်း...

သူ့ကို ဝိုင်းရံထားသော လူများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ချက်ချင်းပင် လွင့်စင်သွားကြ၏။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည်လည်း ဤအခွင့်အရေးကိုယူကာ ကောင်းကင်တာအို အမှတ်အသား၏စွမ်းအားကို နောက်တစ်ကြိမ် ငှားရမ်းလိုက်သည်။ သူသည် ထိုအချိန်အခိုက်အတန့်ကို အမိအရဖမ်းကာ နောက်ထပ် လက်ဝါးတစ်ချက် ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။

နတ်ဘုရားအလင်းတန်းများ တုန်ခါကာ ပေါက်ကွဲသွားသည်နှင့်အမျှ ထိုတိုက်ခိုက်မှုသည် ပေတစ်သောင်းခန့် မြင့်သော ဖုန်မှုန့်များကိုလည်း တလိမ့်လိမ့်ထသွားစေခဲ့သည်။

"ဒီအတိုင်း ဆက်သွားရင် ဒီကောင်တွေရဲ့ လက်ချက်နဲ့ ငါ သေချာပေါက် သေရတော့မယ်..."

စွမ်းအားများကို အဆက်မပြတ် အကြိမ်ကြိမ် ပေါက်ကွဲထွက်လာစေပြီးနောက် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အရှိန်အဝါသည် အနည်းငယ် အားနည်းသွားပုံရသည်။

တစ်ဖက်တွင် လူများလွန်းနေသည် မဟုတ်လော....

ကောင်းကင်တာအိုစွမ်းအား ကောင်းချီးနှင့်ပက် သူသည် သူတို့၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဤနေရာတွင် ဆက်နေခြင်းက ကံကောင်းခြင်းထက် ကံဆိုးမှုများသာ သေချာပေါက် ပိုများပေလိမ့်မည်။

သူ၏မျက်နှာအမူအရာက သုန်မှုန်ခြင်းနှင့် ကြည်လင်ခြင်းကြားတွင် အကြိမ်ကြိမ် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အရှက်ရဖွယ် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သကဲ့သို့ သူသည် အံ့တင်းတင်းကြိတ်ကာ နောက်လှည့်ထွက်ပြေးရန် ဟန်ပြင်လိုက်၏။

သူ၏စိတ်နှလုံးသားထဲတွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး သိပ်မရှိခဲ့ချေ။

ထိုဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အစောင့်များကို သူ၏လုံခြုံရေးအား ကာကွယ်ရန် မူလက သူ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်၌ သေရေးရှင်ရေး အကျပ်အတည်း အခိုက်အတန့်သို့ ရောက်နေပြီဖြစ်ရာ...

သူတို့၏တန်ဖိုးကို ပြသရမည့် အချိန်သို့ ရောက်ရှိနေလေပြီ။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နေရာမှ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်စဉ်မှာပင်....

"အစ်ကိုကြီး...."

ဤအခိုက်အတန့်တွင် လင်းလုံ၏ ကြောက်ရွံ့နေသော အသံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ၏ ခေါင်းကို အနည်းငယ် တောင့်တင်းစွာဖြင့် နောက်လှည့်ကြည့်လိုက်၏။

အစိမ်းရောင်ဖန်သားကဲ့သို့ ကြည်လင်တောက်ပသော လင်းလုံ၏မျက်လုံးများနှင့် သူ ဆုံတွေ့မိသည်။

ယခုအချိန်၌ သူ၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင် များစွာ မကျန်တော့ချေ။

ဤနေရာမှ ဖောက်ထွက်ရန်ပင် သူ့အတွက် အလွန်ခက်ခဲနေလေပြီ။

အကယ်၍ လင်းလုံကိုခေါ်ပြီး ထွက်ပြေးမည်ဆိုပါက သူတို့နှစ်ယောက်လုံး ဤနေရာတွင် သေချာပေါက် သေဆုံးရပေလိမ့်မည်။

"အစ်ကိုကြီး... ဒါဆိုရင် ကျွန်မကို ပြန်လာကယ်ဖို့ မှတ်ထားအုံးနော်..."

လင်းလုံက တုန်လှုပ်ချောက်ချား အင်မော်တယ် တွေးတောနေသည်ကို မြင်လိုက်ရပုံရပြီး အတင်းအကြပ်အားယူ၍ ပြုံးပြလိုက်၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ခံစားချက်များ ရှုပ်ထွေးသွားတော့သည်။

သူက ပို၍ပင် အရှက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ယခင်ဘဝက ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ် တစ်ပါးအနေဖြင့် သူသည် မည်သည့်အချိန်က ဤမျှထိ သနားစရာကောင်းခဲ့ဖူးသနည်း။

သူ၏အသက်ကို ကယ်တင်နိုင်ရန် တခြားလူများကို အမှန်တကယ် စွန့်ပစ်ရတော့မည်လော။

"အင်း... အစ်ကိုကြီး က မင်းကို မခေါ်သွားချင်လို့ မဟုတ်ပါဘူး... ငါ့မှာ တကယ်ပဲ စွမ်းအားမရှိတော့လို့ပါ..."

"ဒါပေမယ့် လင်းလုံ ယုံပါ... အစ်ကိုကြီးက စစ်ကူသွားခေါ်တာပါ... မင်းရဲ့ရုပ်ခန္ဓာကိုယ်က ထူးခြားတော့ သူတို့က မင်းကို တိုက်ရိုက် အန္တရာယ်ပြုမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."

တုန်လှုပ်ချောက်ချား အင်မော်တယ်က သူ၏ နတ်ဘုရားစိတ်အာရုံ အနည်းငယ်ကို ဖြန့်ကျက်လိုက်ပြီး လင်းလုံ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်၏။

"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့အရှိန်အဝါကို ငါ ချန်ထားခဲ့ပြီးပြီ..."

"အစ်ကိုကြီး ကတိပေးတယ်... မင်း ဘယ်နေရာမှာပဲ ရှိနေပါစေ မင်းကို ငါ သေချာပေါက် လာကယ်မယ်..."

"အစ်ကိုကြီး အရင်က ပြောခဲ့သလိုပဲ မင်းက ငါ့ရဲ့လူပဲ... မင်းကို အန္တရာယ်တွေကြားမှာ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ငါ ထားခဲ့မှာ မဟုတ်ဘူး..."

သတ္တိကြောင်မှုကို ဤမျှထိ ခမ်းနားပြီး တရားမျှတစွာ ပြောဆိုနိုင်ခြင်းမှာ တုန်လှုပ်ချောက်ချား အင်မော်တယ် တစ်ယောက်တည်းသာ ဖြစ်နိုင်သည်။

သို့သော် ထိုစကားများသည် လင်းလုံ အပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ကြောင်း ဝန်ခံရပေမည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လုပ်ရပ်များကို သူမ မုန်းတီးခြင်း မရှိခဲ့ရုံသာမက သူမသည် မျက်ရည်ကျလာသည်အထိပင် စိတ်လှုပ်ရှားသွားခဲ့သည်။

သူမ၏အစ်ကိုကြီးသည် သူမကို စွန့်ပစ်ချင်၍ မဟုတ်ချေ။

အခြေအနေသည် အမှန်တကယ်ကို အကျပ်အတည်း ဖြစ်နေပြီး အစ်ကိုကြီးသည် အမှန်တကယ်ကို ကူကယ်ရာမဲ့နေသည်။

သူမအပေါ် ဤမျှထိ ဂရုစိုက်သော အစ်ကိုကြီး နှင့် တွေ့ဆုံခွင့်ရခြင်းက...

နောက်ပိုင်းတွင် ထိုလူယုတ်မာများ၏ အန္တရာယ်ပြုခြင်းကို ခံရမည်ဆိုလျှင်ပင် သူမ နောင်တရမည် မဟုတ်ချေ။

လင်းလုံကို ကြီးမားသော ကတိတစ်ခုပေးကာ စိတ်ပိုင်းဆိုင်ရာ ခြယ်လှယ်မှု အနည်းငယ် ပြုလုပ်ပြီးနောက်...

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ထပ်မံ ၍ အချိန်မဆွဲတော့ချေ။ သူ၏ပုံရိပ်သည် သက်တံတစ်ခုအဖြစ် ချက်ချင်းအသွင်ပြောင်းသွားပြီး လျှပ်စီးလက်သကဲ့သို့ နေရာမှ ပျောက်ကွယ်သွားတော့သည်။

"ဒီကောင်တွေကို သေချာ စောင့်ကြည့်ထား..."

"ကျန်တဲ့လူတွေ... ငါ့နောက်ကိုလိုက်ခဲ့ပြီး လိုက်ဖမ်းကြစမ်း..."

"ဒီကောင့်ကို မလွတ်စေနဲ့..."

အင်မော်တယ်သခင်ပိုင်ရွှမ်သည် ကျန်ရှိနေသော လူများကို ဦးဆောင်ကာ ထွက်ပြေးနေသော တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးခဲ့တော့သည်။

..........

တစ်ချိန်တည်းမှာပင်....

ကောင်းကင်ဆေးဂိုဏ်း၏ ပင်မခန်းမကြီး အတွင်း၌...

ပုံရိပ်ပြကျောက်တုံးကို အဆုံးသတ်ပြီးနောက် ကောင်းကင်ဆေးဂိုဏ်းချုပ်သည် ယခင်က သူ၏အေးစက်တင်းမာသော မျက်နှာအမူအရာကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်၏။

အလွန်အမင်း နှိမ့်ချသော အစေခံတစ်ဦးကဲ့သို့ သူသည် ခန်းမကြီး၏အမြင့်ဆုံးနေရာရှိ ပုံရိပ်ထံသို့ ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။

ယခင်က တုန်လှုပ်ချောက်ချား အင်မော်တယ် အပေါ် သူ၏ဒေါသနှင့်မထီမဲ့မြင်ပြုမှုတို့နှင့် နှိုင်းယှဉ်ပါက...

ဤအချိန်အခိုက်အတန့်တွင် သူ၏အသံတွင် အဆုံးမဲ့ကြောက်ရွံ့မှုများနှင့် ရောနှောနေသော ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"နတ်ဘုရားသားတော်အရှင်က အမှားအမှန်ကို ခွဲခြားသိမြင်ဖို့ ကျွန်တော်တောင်းပန်ပါတယ်..."

"ကျွန်တော်တို့က ဒီကောင့်ကို တကယ် မသိပါဘူး... ပြီးတော့ သူ့ကြောင့် နတ်ဘုရားသားတော်အရှင်နဲ့ ရန်သူတွေ လုံးဝ မဖြစ်ချင်ပါဘူး..."

ဘုန်း...

သူ၏စကားသံများ ကျရောက်သွားသည့် အချိန်အခိုက်အတန့်တွင်....

သူ၏နောက်တွင် ဒူးထောက်နေသော မရေမတွက်နိုင်သည့် ပုံရိပ်များသည် ခုံးဝူတောက်ထံသို့ တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။

"နတ်ဘုရားသားတော်အရှင်က အမှားအမှန်ကို ခွဲခြားသိမြင်ဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ်... နတ်ဘုရားသားတော်အရှင်နဲ့ ရန်သူတွေ ဖြစ်ဖို့ ကျွန်တော်တို့မှာ ဘယ်လို ရည်ရွယ်ချက်မှ မရှိပါဘူး..."

ခန်းမကြီးသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့၏အသနားခံသံများသာ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေပေ၏။

ဂရုတစိုက်ကြည့်မည်ဆိုလျှင် သူတို့၏၏ခန္ဓာကိုယ်များဟအနည်းငယ် တုန်ယင်နေသည်ကိုပင် မြင်တွေ့ရပေမည်။

ဤသည်မှာ သူတို့၏စိတ်နှလုံးသားများထဲရှိ ကြောက်ရွံ့မှုကို ဖိနှိပ်ထားသည့်အလားပင်။

ပင်မခန်းမကြီး၏ အမြင့်ဆုံးနေရာတွင်....

ခုံးဝူတောက်သည် ပလ္လင်ပေါ်တွင်ထိုင်ကာလက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေသည်။

သူ၏ဘေးတစ်ဖက်တစ်ချက်တွင် ဧကရာဇ်သားတော်နှင့်သမီးတော်လေးယောက် မတ်တတ်ရပ်နေကြ၏။

သူ၏ နက်ရှိုင်းသော မျက်လုံးများသည် ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး စိတ်ခံစားမှု အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။

အောက်ဘက်တွင် အသနားခံနေသော ကျင့်ကြံသူများစွာ ရှိနေသော်လည်း....

ထိုအရာက သူ လက်ဖက်ရည်သောက်နေခြင်းထက် အရေးပါပုံ မပေါ်ချေ။

အစောပိုင်းက....

ခုံးဝူတောက်သည် အင်မော်တယ်သင်္ဘောဖြင့် ကောင်းကင်ဆေးဂိုဏ်းသို့ ရောက်ရှိလာခဲ့သည်။

တုန်လှုပ်ချောက်ချား အင်မော်တယ်ထံမှ ကောင်းကင်ကံကြမ္မာအမှတ်များကို ပိုမိုကောင်းမွန်စွာ ရိတ်သိမ်းရန်နှင့် သူ ကြောက်လန့်ပြီး ထွက်ပြေးသွားမည်ကို တားဆီးရန်..

ခုံးဝူတောက်သည် သူ ရောက်ရှိလာမှုကိုလည်း အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားခဲ့သည်။

ကောင်းကင်ဆေးဂိုဏ်းမှ လူများမှလွဲ၍ သူ ဤနေရာသို့ ရောက်ရှိလာကြောင်းကို တခြားမည်သူမျှ မသိကြချေ။

အစောပိုင်းက တုန်လှုပ်ချောက်ချား အင်မော်တယ် နှင့် ဖြစ်ပျက်ခဲ့သမျှ မွေးရာပါသစ်ပင်စိတ်ဝိညာဉ်ဖြစ်သော လင်းလုံနှင့် တွေ့ဆုံမှု အပါအဝင် အရာအားလုံးကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ တက်လမ်းက လက်ခံသူကြောင့် သွယ်ဝိုက်ပြီး သိသိသာသာ ထိခိုက်နစ်နာသွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ပစ်မှတ်ဆီကနေ ကောင်းကင်ကံကြမ္မာအမှတ် ၃၅၀၀ ကို နှုတ်ယူလိုက်ပြီး ၁၈၀၀၀ မှတ် ကျန်ရှိနေပါတယ်...]

[လက်ခံသူက သုံးဆပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၁၀၅၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်...]

စနစ်၏ ကြေညာချက်ကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏နှုတ်ခမ်းများက ခပ်ဖျော့ဖျော့အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

ကောင်းကင်ကံကြမ္မာအမှတ် ၁၀၅၀၀...

ဤသည်မှာ အမှန်တကယ်ကို တစ်ကြိမ်တည်းနှင့် သူ အများဆုံး ရရှိဖူးခြင်းပင်။

နဂါးဘုရင် အကြီးအကျယ် ပါးရိုက်ခံရသည့် ခမ်းနားသော ပြဇာတ်တစ်ခုကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရရုံသာမက သိုးမွှေးများစွာကိုလည်း သူ ရိတ်သိမ်းနိုင်ခဲ့သည် မဟုတ်လော...

ဤသည်က မည်သို့လျှင် သူ၏ခန္ဓာကိုယ်နှင့် စိတ်ကို မပျော်ရွှင်စေဘဲ နေမည်နည်း။

အခန်း (၁၃၆) ကောင်းကင်ဆေးဂိုဏ်း အညံ့ခံခြင်း....မမြင်နိုင်တဲ့ ချမ်းသာကြွယ်ဝမှုကို ပြသတာက အသေအပျောက် အများဆုံးပဲ

အောက်ဘက်တွင်...

စိတ်မွန်းကြပ်နေခဲ့သော ကောင်းကင်ဆေးဂိုဏ်း ၏ဂိုဏ်းချုပ်သည် ခုံးဝူတောက်၏နှုတ်ခမ်းများပေါ်ရှိ ခပ်ဖျော့ဖျော့အပြုံးကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသည်။

သူ၏စိတ်နှလုံးသားထဲရှိ စိုးရိမ်မှုနှင့်ကြောက်ရွံ့မှုတို့သည် ပို၍ပင် ပြင်းထန်လာပေ၏။

နောက်ဆုံးတွင် သူ စိတ်မထိန်းနိုင်တော့ဘဲ သူ၏စိတ်နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သည်။

"အဲ့ဒီ သေခါနီး အဘိုးကြီးတွေကြောင့်ပဲ..."

"ငါတို့ရဲ့ဘိုးဘေးက ဒီရှုပ်ထွေးမှုတွေကို ချန်ထားခဲ့တာကို သူတို့က သေလမ်းရှာပြီး တာဝန်ယူလိုက်ကြတယ်..."

"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ အဆင့်အတန်းက ဘယ်လောက်တောင် မြင့်မြတ်သလဲ... ရှောင်ယောင် မဟာမိတ်အဖွဲ့ က နတ်ဘုရားသားတော်ရဲ့ရှေ့မှာ အဖတ်လုပ်ဖို့တောင် မတန်ဘူး..."

"တကယ်လို့ ဒီသေခါနီး အဘိုးကြီးတွေကသာ ဒီလောက်ထိ တင်းမာမနေဘူးဆိုရင် ငါတို့ ဂိုဏ်းက ဒီလို အခက်အခဲမျိုး ဘယ်လိုလုပ်ပြီး ကြုံတွေ့ရမှာလဲ..."

"အခုတော့ ကောင်းရော... ငါတို့ရဲ့ ကောင်းကင်ဆေးဂိုဏ်းကတော့ လုံးလုံးလျားလျား အဆုံးသတ်သွားပြီ..."

ကောင်းကင်ဆေးဂိုဏ်းချုပ် ကျိန်ဆဲနေသော အဘိုးကြီးများမှာ သူတို့ကောင်းကင်ဆေးဂိုဏ်း၏ ဘိုးဘေးများပင်။

တုန်လှုပ်ချောက်ချား အင်မော်တယ်ကို သူတို့၏ ကောင်းကင်ဆေးဂိုဏ်းသို့ ဖိတ်ကြားရသည့် အကြောင်းအရင်းမှာ...

ဤအဘိုးကြီးများ၏သဘောဆန္ဒဖြင့် ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်ပေ၏။

လူတစ်ယောက်သည် ဘဝတွင် စည်းမျဉ်းစည်းကမ်းများ ရှိသင့်သည်ဟု သူတို့က တင်းခံနေခဲ့ကြသည်။

သူတို့သည် တည်ထောင်သူဘိုးဘေး၏ ကာလကြာရှည်စွာ တောင့်တခဲ့သော ဆန္ဒကို အမွေဆက်ခံပြီး ရှောင်ယောင်မဟာမိတ်အဖွဲ့၏ ဆက်ခံသူကို ကူညီလိုခဲ့သည်။

သို့ရာတွင် ဤဘိုးဘေးများမှလွဲ၍ သူတို့၏ ကောင်းကင်ဆေးဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများအားလုံး ထိုကိစ္စကို အလွန်အမင်း ဆန့်ကျင်ခဲ့ကြသည်။

အကြောင်းပြချက်မှာ ရိုးရှင်းပေ၏။ ခုံးဝူတောက်၏ဩဇာလွှမ်းမိုးမှုသည် ရှောင်ယောင် မဟာမိတ်အဖွဲ့ ဆိုသည့်အရာထက် များစွာ ကြီးမားသောကြောင့်ပင်။

ထိုကဲ့သို့ အသုံးမကျသော ရှောင်ယောင် မဟာမိတ်အဖွဲ့အတွက် ခုံးဝူတောက်ကို ရန်စခြင်းက...

အဘိုးအို တစ်ယောက် ကြိုးဆွဲချပြီး သေလမ်းရှာနေခြင်းနှင့် အတူတူပင် မဟုတ်လော....

ထို့ပြင် သူတို့ကောင်းကင်ဆေးဂိုဏ်း၏ တည်ထောင်သူသည် သူ့ရန်သူများ၏ လိုက်လံ သတ်ဖြတ်ခြင်းမှ လွတ်မြောက်ရန်အတွက်သာ ဂိုဏ်းကိုတည်ထောင်ရန် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူတို့က သွယ်ဝိုက်သော နည်းလမ်းဖြင့် ခုံးဝူတောက်၏ခြေသလုံးကို ဖက်တွယ်နိုင်ခဲ့မည်ဆိုပါက ထိုအရာသည် အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် ပတ်သက်မှု ရရှိသွားမည်ဟု ဆိုလိုခြင်းပင်။

ဤအဆက်အသွယ်တစ်ခုတည်းကို အားကိုးခြင်းဖြင့်ပင် ဘိုးဘေး၏ရန်သူများ သူတို့၏ တံခါးဝသို့ ရောက်လာမည်ကို သူတို့၏ ကောင်းကင်ဆေးဂိုဏ်းက နေ့စဉ်နေ့တိုင်း မည်သို့ စိတ်ပူနေရန် လိုအပ်တော့မည်နည်း....

ကောင်းကင်ဆေးဂိုဏ်းချုပ်ကို ပို၍ပင် ဒေါသထွက်စေခဲ့သည့်အရာမှာမူ ကိစ္စတစ်ရပ်ကြောင့်ပင်။

သူ၏ကောင်းကင်ဆေးဂိုဏ်းနှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်တို့သည် တစ်ယောက်ကိုတစ်ယောက် မသိကြကြောင်း သူ ပြောလိုက်သည့် အချိန်လေးမှာပင်....

တုန်လှုပ်ချောက်ချား အင်မော်တယ်ဆိုသည့် ထိုသေသင့်သောကောင်က တောင်ခြေသို့ရောက်လာကာ သူတို့ကို တိုက်ရိုက်လာရှာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူက ကောင်းကင်ဆေးဂိုဏ်း စောင့်ဆိုင်းနေသော ဂုဏ်သရေရှိဧည့်သည် ဖြစ်ကြောင်းကိုပင် လူပုံအလယ်တွင် ကြေညာခဲ့သေးသည် မဟုတ်လော.....

တောင်အောက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ လူတိုင်းက အထူးပုံရိပ်ယောင်ကားချပ်မှတစ်ဆင့် မြင်တွေ့ခဲ့ပြီးဖြစ်ပေ၏။

ထိုလူယုတ်မာ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အမှန်တကယ်ကို သေသင့်သည်။

နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို စော်ကားရလောက်အောင် သူ၏ဦးနှောက်က သေနေပြီး သူသည် အပြစ်ကင်းသော လူများကိုလည်း သူ၏နောက်သို့ ဆွဲခေါ်သွားချင်နေသေးသည် မဟုတ်လော....

ထို့ပြင် ထိုအဆင်အခြင်မဲ့အဘိုးကြီးများ...

အကယ်၍ သူသာ ဆက်လက်အသက်ရှင်ခွင့် ရအုံးမည်ဆိုလျှင် 'အနောက်ဘက်သို့ သွားသော ဆေးလုံး' တချို့ကို သူ သေချာပေါက် ဖော်စပ်ပြီး ထိုအဘိုးကြီးများကို သူတို့၏ စောစီးစွာသေဆုံးမှုဆီသို့ ပို့ပေးမိပေမည်။

အကယ်၍ သူတို့ကသာ ဤကံဆိုးမိုးမှောင်ကျမည့်ကောင်ကို ဖိတ်ခေါ်ရန် ခေါင်းမမာခဲ့ပါက သူတို့၏ဂိုဏ်းသည် ဤသို့သော မထိုက်တန်သည့် ကံဆိုးမှုမျိုးကို မည်သို့ ခံစားရမည်နည်း...

"ကောင်းကင်ဆေးဂိုဏ်းက လူတွေက ဒီလို ဖြစ်နေစရာ မလိုပါဘူး..."

ထိုအချိန်မှာပင် ခုံးဝူတောက်၏အသံက ခန်းမကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

"ခုဏက ကိစ္စအားလုံးကို ဒီနတ်ဘုရားသားတော်က မြင်ခဲ့ပြီးပြီ... ပြီးတော့ ငါ့မှာ ကိုယ်ပိုင် အကဲဖြတ်မှုရှိတယ်..."

"မင်းတို့ အားလုံးက ဒီကိစ္စမှာ မပါဝင်ဘူး... ဒါကြောင့် မင်းတို့က ဘေးကင်းပြီး ဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး..."

ဤစကားများကို ကြားလိုက်ရသောအခါ မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကောင်းကင်ဆေးဂိုဏ်းမှ လူအများအပြားသည် အစပိုင်းတွင် အနည်းငယ် မှင်သက်သွားကြ၏။

ထို့နောက် ကြီးမားသော ခွင့်လွှတ်မှု တစ်ခုကို ရရှိလိုက်သကဲ့သို့ သူတို့၏ မျက်နှာများတွင် အလွန်အမင်း ဝမ်းသာမှုများ ထင်ဟပ်လာခဲ့သည်။

"နတ်ဘုရားသားတော်အရှင်ရဲ့ ကြီးမားတဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်..."

လူတိုင်းက အော်ဟစ်လိုက်ပြီး ခုံးဝူတောက်ကို နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်သည် သဘောထားကြီးပြီး တရားမျှတပေ၏။

ဤကံဆိုးမိုးမှောင်ကျမည့်ကောင်၏ အမှားကို သူတို့အပေါ် အပြစ်မတင်ခဲ့ပေ။

"ကောင်းကင်ဆေးဂိုဏ်းချုပ်... အရင်က မင်း ကောင်းကောင်း လုပ်ခဲ့တယ်... ငါ အရမ်းစိတ်ကျေနပ်တယ်..."

"ဒါကို မင်းရဲ့ဆုလာဘ်အဖြစ် ယူဆလိုက်ပါ..."

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်က သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

အရောင်ဖျော့နေသော ရှေးဟောင်းစာအုပ်တစ်အုပ်သည် ကောင်းကင်ဆေးဂိုဏ်းချုပ်၏ရှေ့တွင် ဖြည်းညှင်းစွာ ကျဆင်းလာခဲ့သည်။

"ဒါက..."

ရှေးဟောင်းစာအုပ်ပေါ်တွင် ရေးထားသော စာလုံးကြီးများကို ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် ကောင်းကင်ဆေးဂိုဏ်းချုပ်၏ မျက်လုံးသူငယ်အိမ်များက အပ်တစ်ချောင်းအလား ချက်ချင်းကျဉ်းမြောင်းသွားတော့သည်။

ဆေးလုံးတစ်သောင်းမှတ်တမ်း...

ထိုအရာသည် မရေမတွက်နိုင်သော ရှေးဟောင်း ဆေးပညာ နည်းလမ်းများကို မှတ်တမ်းတင်ထားသည့် ဧကရာဇ်ကျဆုံးခြင်းခေတ် မှ ရှေးဟောင်း ဆေးပညာတာအို စာအုပ်တစ်အုပ်ပင်။

ကံမကောင်းစွာဖြင့် ဧကရာဇ်ကျဆုံးခြင်းခေတ် ၏ ကြေကွဲဖွယ် မဟာစစ်ပွဲကြီးအတွင်းတွင်....

ဆေးလုံးများ ဖော်စပ်ရာတွင် ကျွမ်းကျင်သော မဟာဧကရာဇ်ကျွမ်းကျင်သူများ မရေမတွက်နိုင်အောင် ဆက်တိုက်သေဆုံးသွားခဲ့ကြ၏။

ဆေးလုံးတစ်သောင်း မှတ်တမ်းသည်လည်း ထိုစစ်ပွဲအတွင်း လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

သူ၏ဘဝတသက်တာတွင် ထိုကဲ့သို့ ဆေးပညာ ရတနာတစ်ခုကို မြင်တွေ့နိုင်ဦးမည်ဟု သူ အမှန်တကယ်ကို မမျှော်လင့်ထားခဲ့ချေ။

ကောင်းကင်ဆေးဂိုဏ်းချုပ်သည် အလွန် ဝမ်းသာသွားပြီး ခုံးဝူတောက်ရှိသော အရပ်ဆီသို့ အကြိမ်ပေါင်းများစွာ အဆက်မပြတ် ဦးညွှတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်အရှင်... နတ်ဘုရားသားတော်အရှင်ရဲ့ ကြီးမားတဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်..."

"အရှင့်ရဲ့အစေခံ ကျန်းချန်ဖုန်းက နတ်ဘုရားသားတော်အရှင်အတွက် မီးနဲ့ ရေကိုတောင် တုံ့ဆိုင်းမနေဘဲ ဖြတ်သန်းသွားဖို့ ဆန္ဒရှိပါတယ်..."

ဤ ဆေးလုံးတစ်သောင်း မှတ်တမ်းနှင့်ဆိုလျှင် သူ၏ဆေးပညာတာအိုသည် နောက်ထပ် အသွင်ပြောင်းမှုတစ်ခုကို သေချာပေါက် တွေ့ကြုံခံစားရပေမည်။

သူသည် ကောင်းကင်ဘုံ တာအိုနယ်မြေတွင် အစစ်အမှန် နံပါတ်တစ် ဆေးပညာရှင်ပင် ဖြစ်လာနိုင်သည်။

ဤအရာကို တွေးမိသောအခါ ကောင်းကင်ဆေးဂိုဏ်းချုပ်သည် သူ၏ဂိုဏ်းမှ ထိုအဘိုးကြီးများကို ပို၍ပင် မုန်းတီးလာမိသည်။

ကောင်းကင်တိုင်အောင် မြင့်မားသော ခြေထောက်ကြီးတစ်ချောင်းက သူတို့၏မျက်စိရှေ့တွင် ရှိနေသည်ကို ထိုအဘိုးကြီးများက မျက်ကန်းဖြစ်ပြီး တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရန် မသိခဲ့ကြချေ။

သူတို့က ထိုအသုံးမကျသော ကောင်လေးကို အားကိုးရန် ခေါင်းမာနေကြခြင်းက အမှန်တကယ်ကို အဓိပ္ပာယ်မရှိသော အရူးများ ဖြစ်ကြသည်။

နတ်ဘုရားသားတော်အရှင်နှင့်မူ မတူညီချေ။

သူ ပေါ့ပေါ့ပါးပါးဖြင့် ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်သည်ကပင် ထိုကဲ့သို့ ဒဏ္ဍာရီလာ ရတနာတစ်ခု ဖြစ်နေသည်။

သူသည် ထိုအသုံးမကျသော ကောင်လေးထက် များစွာပို၍ရက်ရောသည် မဟုတ်လော....

ကောင်းကင်ဆေးဂိုဏ်းမှ ထိုအဘိုးကြီးများ မည်သို့ တွေးမည်ကို သူ ဂရုမစိုက်ခဲ့ချေ။

မည်သို့ပင်ဆိုစေ သူ၏ အသက်သည် ယခုအချိန်၌ ခုံးဝူတောက်၏အပိုင် ဖြစ်နေပြီ မဟုတ်လော....

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ကောင်းကင်ဆေးဂိုဏ်းမှ တခြားအဆင့်မြင့် အကြီးအကဲများသည်လည်း အလွန်အမင်း ဝမ်းသာသွားကြ၏။

သူတို့၏အတွေးများမှာ ကောင်းကင်ဆေးဂိုဏ်း ၏ ဂိုဏ်းချုပ်နှင့် အကြမ်းဖျင်းအားဖြင့် တူညီသည်။

ထို့ပြင် သူတို့ထံတွင် သေးငယ်သော အကြံဉာဏ်တချို့လည်း ရှိနေသည်။

"အစောပိုင်းက နတ်ဘုရားသားတော်အရှင် ပြောခဲ့တာက... ဒီအသုံးမကျတဲ့ ကောင်လေးကို အသက်ရှင်ခွင့် ပေးထားတာက အသုံးဝင်တယ်တဲ့... ပြီးတော့ သူ့ကို လှုပ်ရှားစရာ မလိုဘူးတဲ့..."

"ဒီအသုံးမကျတဲ့ ကောင်လေးရဲ့ နောက်ကွယ်မှာ တခြားအင်အားစုငယ်လေးတွေ အများကြီး ရှိသေးတယ်လို့ ဂိုဏ်းချုပ် ပြောတာ ငါ ကြားတယ်..."

ကောင်းကင်ဆေးဂိုဏ်း ၏ အဆင့်မြင့် အကြီးအကဲအများအပြားတွင် "ကြွယ်ဝချမ်းသာလာစေမည့်" အစီအစဉ် တစ်ခု ရှိနေကြလေပြီ။

တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်ကွယ်မှ ထိုအင်အားစုငယ်လေးများမှာ...

ထိုလူများသည် ခုံးဝူတောက်၏ မျက်နှာသာပေးမှုကို ရရှိရန် သူတို့အတွက် အသုံးချခံများ မဟုတ်လော....

.........

[ဒင်... ကောင်းကင်ဆေးဂိုဏ်းက လက်ခံသူထံ အညံ့ခံလိုက်ကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... တုန်လှုပ်ချောက်ချား အင်မော်တယ်ရဲ့ တက်လမ်းက ထိခိုက်နစ်နာသွားပြီး ကောင်းကင်ကံကြမ္မာအမှတ် ၂၀၀၀ ကို နှုတ်ယူလိုက်ပြီး ၁၆၀၀၀ မှတ် ကျန်ရှိနေပါတယ်...]

[လက်ခံသူက နှစ်ဆပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေခဲ့ပြီး ကောင်းကင်ကံကြမ္မာအမှတ် ၄၀၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..]

ဤစကားများကို ကြားလိုက်ရသောအခါ ခုံးဝူတောက်၏အပြုံးက ပို၍နက်ရှိုင်းလာခဲ့သည်။

အမှန်တကယ်ကို သူ ခန့်မှန်းထားသည့်အတိုင်းပင်။

ကောင်းကင်ဆေးဂိုဏ်းသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ တက်လမ်း တွင် အရေးကြီးသော အခန်းကဏ္ဍမှ အမှန်တကယ် ပါဝင်နေသည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဆေးဂိုဏ်း သည် မူလက ဆေးလုံးများစွာကို ထုတ်လုပ်ခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ရတနာများအား မရေမတွက်နိုင်အောင် ပြုစုပျိုးထောင်ခဲ့သည် မဟုတ်လော....

အကယ်၍ တစ်ဖက်လူကသာ တုန်လှုပ်ချောက်ချားအင်မော်တယ်ထံ အညံ့ခံခဲ့မည်ဆိုပါက....

ထို့နောက် ရှောင်ယောင်မဟာမိတ်အဖွဲ့၏ ထောက်ပံ့ရေးအပိုင်းသည် သူ့အတွက် ကြီးမားသော အာမခံချက်တစ်ခုကို ရရှိစေပေမည်။

သူတို့၏အင်အားစုများမှ ကျွမ်းကျင်သူများ၏ ခွန်အားသည်လည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် သူ့အတွက် ကြီးမားသော တိုးတက်မှုကို ရရှိစေပေလိမ့်မည်။

ဆေးလုံးများနှင့် ပတ်သက်သည့် ကိစ္စများအတွက် သူတို့ လုံးဝစိတ်ပူစရာ လိုမည်မဟုတ်တော့ချေ။

သို့သော် ယခုအချိန်၌ ကောင်းကင်ဆေးဂိုဏ်း သည် သူ၏လက်ထဲတွင် ရှိနေလေပြီ။

တုန်လှုပ်ချောက်ချား အင်မော်တယ်သည် ထိုအကြောင်းကို အများဆုံးအနေဖြင့် အိပ်မက်မက်နိုင်ရုံသာ ရှိပေလိမ့်မည်။

သို့ရာတွင် အချက်တစ်ချက်ကို ဖော်ပြသင့်ပေ၏။

ဆေးလုံးတစ်သောင်း မှတ်တမ်းသည် တခြား ကျင့်ကြံသူများ၏အမြင်တွင် အမြင့်မြတ်ဆုံး ရတနာတစ်ခုပင်။

ခုံးဝူတောက်၏အမြင်တွင်မူ ထိုအရာသည် စားပွဲခုံတစ်ခုကို ထောက်ထားရန်သာ အသုံးပြုနိုင်သော မှိုတက်နေသည့် စာအုပ်တစ်အုပ်မျှသာ ဖြစ်သည်။

အဆုံးမဲ့တာအိုအနှစ်သာရများကို မှတ်တမ်းတင်ထားသည့် ထိုအရာနှင့် ဆင်တူသော ရှေးဟောင်း စာအုပ်များမှာ...

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ စာကြည့်တိုက်ထဲတွင် မည်မျှထိများများ ရှိသည်ကိုပင် သူ မသိချေ။

ထိုစာအုပ်များမှ ပါဝင်ပတ်သက်နေသော ခေတ်ကာလများကလည်း ကွဲပြားခြားနားသည်။

စာကြည့်တိုက်၏ အနက်ရှိုင်းဆုံးနေရာတွင် မူလဘူတခေတ် မတိုင်မီက ရှေးဟောင်းစာအုပ်များပင် ရှိသေးသည်ဟု သူ ကြားဖူးသည်။

ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သော မှိုတက်နေသည့် စာအုပ်တစ်အုပ်က သူ့အတွက် မထင်မှတ်ထားသော အကျိုးအမြတ် တစ်ခုကို အမှန်တကယ် ယူဆောင်လာပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ခုံးဝူတောက်က သူ၏ခေါင်းကို ခါယမ်းပြီး တိုးညှင်းစွာ ရယ်မောလိုက်၏။

"ကြည့်ရတာတော့ ကောင်းကင်ဘုံတွေနှင့်အသင်္ချေနယ်မြေတွေက လူတွေကို စိတ်ကျေနပ်အောင် လုပ်ရတာ တော်တော်လေးလွယ်ပုံရတယ်..."

ဤဗြောင်ကျကျ "ချမ်းသာကြွယ်ဝမှုကို ပြသသော" စကားများကိုသာ ကြားခဲ့ရမည်ဆိုပါက...

ထိုအရာက မရေမတွက်နိုင်သော လူများ၏ တာအိုနှလုံးသားကို ပြိုလဲပျက်စီးသွားစေပေလိမ့်မည်။

အားကောင်းသော နောက်ခံတစ်ခုက အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။

All Chapters