← Chapters

အခန်း (၅၄၄၆-၅၄၅၀)

Vol. 276 Ch. 5446-5450

အခန်း (၅၄၄၆-၅၄၅၀)

Vol. 276 Ch. 5446-5450

Chapter 5446

"ဒီတော့ ဒါက ဘုရင် ဖိတ်ခေါ်ထားတဲ့ ကျွမ်းကျင်သူကြီးပေါ့... ငါ ကြည့်ပါရစေအုံး... သူက ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ရှိနေလို့လား....သူက ဘယ်လိုပုံစံမျိုးလဲ..."

"ကျွတ် ကျွတ်... သူက ရုပ်ချောတဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်နေတာကိုး... သူက ဘုရင်ရဲ့ ယုံကြည်မှုကိုရဖို့ လှည့်စားတဲ့ စကားတွေကို သုံးခဲ့တယ်လို့ ငါကြားတယ်... မျှော်လင့်ထားတဲ့အတိုင်းပဲ လူလိမ်တွေက တိုင်းပြည်ကို ဖျက်ဆီးတာပဲ..."

ဤနေရာရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည် လုယွီက သူတို့အနီးတွင် ရှိနေသည်ဟူသော အချက်ကို လုံးဝလျစ်လျူရှုကာ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြီး မှတ်ချက်ပေးလာကြပေသည်။

သူတို့၏စွမ်းအားသည် အလွန်ကြီးမားပြီး ကောင်းကင်ဘုံနယ်မြေတွင် ဖီးနစ်ငှက်မွေးများနှင့်ချီလင်ဦးချိုများကဲ့သို့ ရှားပါးသော နယ်မြေသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတချို့ပင် ပါဝင်သော်လည်း သူတို့အားလုံး ဤနေရာတွင် စုရုံးနေကြ၏။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက အေးစက်တင်းမာစွာ ပြောဆိုသည်။

"မင်းတို့ သေချင်တယ်ဆိုရင် ဆက်ပြောနေကြစမ်း..."

လုယွီ၏လက်ထဲတွင် ဘုရင်အမိန့်ပေး ရွှေတံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။

လူအများ၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။ ဘုရင်အမိန့်ပေး ရွှေတံဆိပ်ပြားသည် အာရုံငါးပါးဘုရင်ကိုယ်တိုင် ရှိနေခြင်းနှင့် ညီမျှပေ၏။ တစ်စုံတစ်ယောက်ကို သတ်ရန် သူ့ထံမှအမိန့်တစ်ခွန်းတည်းသာ လိုအပ်သည်။

လူများအားလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားကြသော်လည်း လုယွီကိုကြည့်သည့် သူတို့၏အကြည့်များတွင် အထင်အမြင်သေးသေးမှုများ မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသည်။ လူများကို အာဏာဖြင့် ဖိနှိပ်ခြင်းအား စစ်မှန်သော စွမ်းရည်ဟု မသတ်မှတ်နိုင်ချေ။

လုကျိရန်က အေးစက်စက် နှာမှုတ်လိုက်သည်။ သူမသည် မူလက ဤနေရာရှိ လူများကို အသုံးပြု၍ လုယွီကို ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သော်လည်း မထင်မှတ်ဘဲ သူမဖခင်၏ ရွှေတံဆိပ်ပြားဖြင့် တန်ပြန်တိုက်ခိုက်ခြင်း ခံလိုက်ရသည်။

သူမက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"အစေခံအရှင်... ငါတို့က စစ်ရေး လျှို့ဝှက်ချက်တွေကို ဆွေးနွေးနေတာ... ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."

"ဒါက ယန်ယွမ်ဘုရင်ကို သတ်ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား... သူ ဘယ်မှာလဲ... အခုချက်ချင်း ငါ့ကို ပြောစမ်း... ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး... ငါ သူ့ကို သွားသတ်လိုက်မယ်..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် အစည်းအဝေးခန်းမတစ်ခုလုံးရှိ အခြေအနေ ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

ဘန်း...

လုကျိရန်က စားပွဲကို ပြင်းထန်စွာ ရိုက်ချပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင်က ငါတို့ရဲ့တိုင်ပင်ဆွေးနွေးမှုတွေကို ခိုးပြီးနားထောင်တယ်ပေါ့... နင်က ဘယ်လိုတောင် အတင့်ရဲတာလဲ..."

ဤအစည်းအဝေးခန်းမ၏ ပတ်ဝန်းကျင်ကို ဝင်္ကပါ များဖြင့် ဖုံးလွှမ်းထားပြီး အတွင်းဘက်တွင် ပြောနေသည်များကို အပြင်ဘက်မှ ကြားရန် မဖြစ်နိုင်ချေ။ ဤသည်မှာ နံရံများတွင် နားများရှိခြင်းနှင့် သတင်းအချက်အလက်များ ပေါက်ကြားခြင်းကို ကာကွယ်ရန် လုပ်ဆောင်ထားခြင်းပင်။

လုယွီက ခေါင်းခါယမ်းလိုက်သည်။

"မင်းတို့ရဲ့ အသံလုံအောင်လုပ်တဲ့ နည်းလမ်းတွေက အရမ်းရိုးရှင်းလွန်းတယ်... ငါက နားကိုပိတ်မထားဘူးဆိုရင် ဘယ်လိုလုပ် မကြားဘဲ နေမှာလဲ..."

လုယွီ၏အမြင်အရ ဤကဲ့သို့ အသံလုံဝင်္ကပါ မျိုးတွင် အားနည်းချက်များဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ကောင်းကင်အရှင်သခင်နယ်ပယ် သို့ အဆင့်တက်ပြီးနောက် လုယွီ၏ လက်ရှိ ခန္ဓာကိုယ်သည် တာအိုအရိုးများရှိသော အစစ်အမှန်အင်မော်တယ်တစ်ပါး၏ ခန္ဓာကိုယ်ဖြစ်ပြီး အရပ်မျက်နှာအဘက်ဘက်မှ အရာအားလုံးကို မြင်နိုင်ကြားနိုင်ပေ၏။

အစည်းအဝေးခန်းမအတွင်း၌ ပြောဆိုနေသည်များကို ကြားရန်မှာ သူ့အတွက် အတွေးတစ်ချက်သာ လိုအပ်ပြီး မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုရန် မလိုအပ်ချေ။

"ဟား ဟား ဟား... နင့်ရဲ့ အသိပညာမဲ့တဲ့ ပုံစံကို ကြည့်လိုက်အုံး... ဒါက တျန်ဟဲမြို့ကနေ ငါ ယူလာတာ... တျန်ဟဲမြို့က ဆရာသခင်ချန်း ကိုယ်တိုင် ဒီဝင်္ကပါပြားကို သန့်စင်ပေးထားတာ... နင်က ဒီဝင်္ကပါအကြောင်းကို ငါ့ရဲ့အဖေဆီကနေ သိလာပြီးတော့ ငါ့ရဲ့ရှေ့ကိုလာပြီး ကြွားလုံးထုတ်နေတာပဲဖြစ်မယ်..."

လုကျိရန်၏မျက်လုံးများတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး ယခုအခြေအနေကို မှန်းဆလိုက်၏။

"အဲ့ဒါက မင်းတို့ရဲ့ ဝင်္ကပါပညာရှင်ကလည်း သာမန်လူတစ်ယောက်ဆိုတာကို ပြသနေတာပဲ..."

လုယွီက သက်ပြင်းချလိုက်သည်။

"အချိန်မဖြုန်းနဲ့... ယန်ယွမ်ဘုရင် ဘယ်မှာလဲဆိုတာ ငါ့ကို ပြော... အခု ငါ သွားပြီး သူ့ကို အပြတ်ရှင်းလိုက်မယ်..."

လုကျိရန်သည် လှောင်ပြောင်လိုက်ပြီး သရော်တော်တော်စကားများ ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း သူမ၏နံဘေးရှိ သရဲတစ္ဆေစစ်သူကြီးတစ်ဦးက ချောင်းဟန့်လိုက်သည်ကို သူမ ကြားလိုက်ရသည်။

"သခင်မလေး... ဒီလူကို ခေါ်သွားတာ ပိုကောင်းမယ်လို့ ထင်တယ်... သူက အစီအစဉ်ကို သိနေမှတော့ သူ့ကို မျက်စိအောက်မှာ ထားတာက သင့်တော်တယ်လေ... တကယ်လို့ သူက သတင်းဖြန့်လိုက်ရင် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်..."

သရဲတစ္ဆေစစ်သူကြီးက အသံပေးပို့ပြီး ပြောဆိုသည်။

လုကျိရန်၏မျက်လုံးများ တောက်ပသွားပြီး သူမက ချက်ချင်းတုံ့ပြန်အဖြေပေးလိုက်၏။

"ကောင်းပြီလေ... နင် ပြောသလို လုပ်ကြတာပေါ့..."

သူမတို့၏ စိတ်ချင်းဆက်သွယ်ပြောဆိုနေမှုသည် ဖုံးကွယ်ထားပုံရသော်လည်း ထိုအရာအားလုံးကို လုယွီက ကြားနေခဲ့သည်။

လုကျိရန်က သူ့ကို သတိထားနေဆဲဖြစ်သည်ကို မြင်တွေ့ချိန်၌ လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။ အကယ်၍ သူမ နို့စို့အရွယ်က သူက သူမကို ပွေ့ချီထားခဲ့ဖူးကြောင်း သိရှိသွားပါက လုကျိရန် မည်သို့ တွေးမည်နည်း။

"အစေခံအရှင်... ဒီစစ်ဆင်ရေးအတွက် ငါတို့ရဲ့ ပစ်မှတ်က ယန်ယွမ်ဘုရင်ကို လုပ်ကြံဖို့ပဲ... အဲ့ဒီဘုရင် ကျဆုံးသွားတာနဲ့ ယန်မိသားစုစစ်တပ်က ခေါင်းဆောင်မရှိဖြစ်သွားပြီးတော့ တိုက်ခိုက်စရာမလိုဘဲ ပျက်စီးသွားလိမ့်မယ်..."

သရဲတစ္ဆေစစ်သူကြီးက လုယွီကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောဆိုသည်။

wunzinnosp

Chapter 5447

လုယွီက ခေါင်းညိတ်ပြီး သရဲတစ္ဆေစစ်သူကြီး ကို ဆက်လက်၍ ပြောဆိုရန် အချက်ပြလိုက်၏။

သရဲတစ္ဆေစစ်သူကြီးက ပြောဆိုသည်။

"ယန်ယွမ်ဘုရင်ရဲ့ဘေးမှာ မဟာအကြီးအကဲ ငါးယောက် ရှိတယ်... ဒါပေမဲ့ သူတို့အားလုံးကို သရဲတစ္ဆေဘုရင်ကျန်းက မိုင်တစ်ထောင် အဝေးကို မျှားခေါ်သွားခဲ့ပြီ... ယန်ယွမ်ဘုရင်က အခုဆိုရင် အခွံလွတ် တပ်မှူး တစ်ယောက်ပဲ... သူ့ရဲ့ အင်အားတွေက အားနည်းနေပြီ... ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး သူ့ကို ငါတို့ သတ်နိုင်တယ်..."

"အစီအစဉ်က ကောင်းပါတယ်... ဒါပေမဲ့ မင်းတို့ရဲ့လူတွေကိုပဲ အားကိုးဖို့က မလုံလောက်ဘူး မဟုတ်လား..."

လုယွီက ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

ဤနေရာရှိ လူနှစ်ဆယ်ကျော်အနက် အများစုသည် ရွှမ်အင်မော်တယ်နယ်ပယ်တွင် ရှိကြပြီး နယ်မြေသခင်နယ်ပယ် ကျင့်ကြံသူ လေးဦးသာ ရှိသည်။ သူတို့၏ကျင့်ကြံခြင်းသည် နယ်မြေသခင်နယ်ပယ် ပထမ သို့မဟုတ် ဒုတိယအဆင့်ဝန်းကျင်တွင်သာ ရှိကြ၏။

ထိုကဲ့သို့ အင်အားဖြင့် ယန်ယွမ်ဘုရင်ကို ရင်ဆိုင်ခြင်းမှာ လိုအပ်ချက်များစွာ ရှိနေပေလိမ့်မည်။

သရဲတစ္ဆေစစ်သူကြီးသည် လုယွီ ထိုကဲ့သို့ ပြောမည်ကို ကြိုတင်မျှော်လင့်ထားပုံရသညf။ သူ၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အပြုံးနှင့် ပြောဆိုသည်။

"မင်း လှုပ်ရှားဖို့ မလိုပါဘူး... ဘေးမှာနေပြီး အခြေအနေကို ထိန်းထားရုံပဲ... တကယ်လှုပ်ရှားမယ့် အစွမ်းထက် ကျင့်ကြံသူတွေက ရောက်မလာသေးဘူး..."

တခြားသူများအားလုံးလည်း ရယ်မောလိုက်ကြသည်။ သူတို့သည် လုယွီ၏ ယခင်မေးခွန်းကို ကြောက်ရွံ့မှု လက္ခဏာတစ်ခုအဖြစ် ယူဆထားသည်မှာ သိသာထင်ရှားသည်။

"အိုး... တကယ့် အစွမ်းထက်တဲ့ ကျွမ်းကျင်သူ တွေလား..."

လုယွီကလည်း စိတ်ဝင်စားသွားပေ၏။

ထိုအချိန်မှာပင် သူတို့ အစည်းအဝေးလုပ်နေသော ပင်မခန်းမကြီး၏ အပြင်ဘက်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး အစွမ်းထက်သော ဖိအားတစ်ခု ကျဆင်းလာသည်။ ပင်မခန်းမကြီး အတွင်းရှိ ထုတ်တန်;များ အနည်းငယ် တုန်ရီစပြုလာသည်။

လုယွီမှလွဲ၍ တခြားသူများအားလုံး မတ်တတ်ရပ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"သူတို့ ရောက်လာပြီ..."

တံခါးကြီးကို လေပြင်းတစ်ချက်က တွန်းဖွင့်လိုက်၏။ တံခါး၏အပြင်ဘက်တွင် တည်ကြည်လေးနက်သော မျက်နှာရှိသည့် အဘိုးအိုနှစ်ဦး ပေါ်လာသည်။ သူတို့သည် ပွယောင်းယောင်း ပိုးသားဝတ်ရုံများကို ဝတ်ဆင်ထားပြီး ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာကြသည်။ သူတို့သည် ကျားတစ်ကောင်နှင့် နဂါးတစ်ကောင်ကဲ့သို့ ကြီးကျယ်ခမ်းနားသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်နှင့်အမျှ အစွမ်းထက်သော ဖိအားတစ်ခုလည်း ကျဆင်းလာသည်။

"နဂါး သရဲဘုရင်နဲ့ ကျား သရဲဘုရင်တို့ကို ဂါရဝပြုပါတယ်..."

လူအုပ်ကြီးသည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပေ၏။

အဘိုးအိုနှစ်ဦးက တည်ငြိမ်စွာ ပြောဆိုသည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး... ငါတို့ကလည်း ဘုရင်ရဲ့အမိန့်အရ စစ်ကူပေးဖို့ ရောက်လာတာပါ..."

လုကျိရန်သည် လိမ္မာယဥ်ကျေးစွာဖြင့် ရှေ့သို့ လျှောက်လှမ်းသွားပြီး ညင်သာစွာ ပြောဆိုလိုက်သည်။

"အဘိုးစီတူ...အဘိုးဟယ်..."

လုကျိရန်ကို မြင်သောအခါ အဘိုးအိုနှစ်ဦး၏ အကြည့်များ နောက်ဆုံးတွင် ပျော့ပျောင်းသွားပေ၏။

သူတို့သည် စတုတ္ထနယ်မြေမှ နာမည်ကြီး သရဲဘုရင်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသော နဂါး သရဲဘုရင် စီတူကျင်းနှင့် ကျား သရဲဘုရင် ဟယ်ကုန်းလန်တို့ပင်။ သူတို့၏ ဂုဏ်သတင်းများသည် အလွန်ကျော်ကြားပြီး သူတို့နှစ်ယောက်လုံး ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသည်။

"သခင်မလေး... ဒီစစ်ဆင်ရေးက အန္တရာယ်များတယ်... မင်း ငါတို့နဲ့ မလိုက်တာ ပိုကောင်းမယ်..."

နဂါး သရဲဘုရင်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

လုကျိရန်က ခေါင်းမာစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

"မဖြစ်ဘူး... အဘိုးစီတူ... တကယ်လို့ ငါက လုံးဝအပြင်မထွက်ဘူးဆိုရင် ပိုပြီးသန်မာလာဖို့ ငါ ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး..."

နောက်ဆုံးတွင် လုကျိရန်သည် ဆွဲဆောင်မှုရှိစွာဖြင့် ရယ်ပြုံးပြီး အနည်းငယ် ချွဲနွဲ့ကာ တောင်းဆိုလိုက်၏။

"အဘိုးစီတူ... ကျေးဇူးပြုပြီး ငါ့ကို ခေါ်သွားပါ... စိတ်မပူပါနဲ့... ငါက ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး..."

နဂါး သရဲဘုရင်က သက်ပြင်းချလိုက်ပြီးနောက် တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ... ဒီတစ်ကြိမ်တော့ မင်းကို လောကကြီးကို မြင်ခွင့်ပေးလိုက်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ယန်ယွမ်ဘုရင်က ယန်မိသားစုရဲ့ ထိပ်တန်းကျွမ်းကျင်သူပဲ... တိုက်ပွဲစပြီဆိုတာနဲ့ မင်းက အဝေးမှာ နေရမယ်..."

ထိုစကားကို ပြောဆိုပြီးနောက် နဂါးသရဲဘုရင် သည် ထောင့်တစ်နေရာရှိ လုယွီကို တစ်ချက် ကြည့်လိုက်သည်။

နဂါးနှင့်ကျား အမြွှာဘုရင်နှစ်ပါး အတူတကွ ရောက်ရှိလာချိန်၌ လူများအားလုံးသည် သူတို့ကို နှုတ်ဆက်ရန် မတ်တတ်ရပ်လိုက်ကြ၏။ သို့ရာတွင် လုယွီ တစ်ယောက်တည်းသာ သူ၏ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး မလှုပ်မယှက် ရှိနေသည်။

"သူက ဘယ်သူလဲ..."

နဂါးသရဲဘုရင်က မေးမြန်းသည်။

သူ၏နံဘေးရှိ သရဲတစ္ဆေစစ်သူကြီးက အနည်းငယ် အနေရခက်စွာဖြင့် ပြောဆိုသည်။

"သူက ဘုရင် ဖိတ်ခေါ်ထားတဲ့ အစေခံအရှင်တစ်ယောက်ပါ... သူလည်း ဒီတစ်ကြိမ်မှာ ကျွန်တော်တို့နဲ့ လိုက်ခဲ့လိမ့်မယ်..."

"ဒီတော့ မင်း ဖြစ်နေတာပဲ... ဘုရင်ကို လှည့်စားနိုင်ဖို့အတွက် မင်းမှာ စွမ်းရည်တချို့ ရှိရမယ်... ဒါပေမဲ့ ဒီအဘိုးကြီးက မျက်လုံးထဲ သဲဝင်တာကို သည်းမခံနိုင်ဘူး... တကယ်လို့ မင်းက ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့အထိ အတင့်ရဲလာရင် ဒီအဘိုးကြီးက မင်းကို အရင်ဆုံး ဖယ်ရှားပစ်မယ်..."

နဂါး သရဲဘုရင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

သူသည် အချိန်အတော်ကြာ နာမည်ကြီးခဲ့သော သရဲဘုရင် တစ်ပါးပင်။ ရုတ်တရက် သူ ဒေါသထွက်သွားသဖြင့် သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။

သို့သော် လုယွီက လက်ဖက်ရည် သောက်နေဆဲဖြစ်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောဆိုသည်။

"ဘယ်အချိန် သွားမှာလဲ..."

နဂါး သရဲဘုရင်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး အော်ငေါက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် တံခါးအပြင်ဘက်မှ စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခု ရုတ်တရက် ပျံသန်း၍ ဝင်ရောက်လာပေ၏။

လုကျိရန်က စိတ်ဝိညာဉ်အဆောင်လက်ဖွဲ့ကို ယူဆောင်ကာ သေချာကြည့်ရှုပြီးနောက် ဝမ်းသာအားရ ပြောဆိုသည်။

"ဦးလေးကျန်း အောင်မြင်သွားပြီ... သူက ယန်မိသားစုရဲ့ ပင်မစခန်းကို ညဘက် ချုံခိုတိုက်ခိုက်ပြီး ယန်ယွမ်ဘုရင်ရဲ့ဘေးက မဟာအကြီးအကဲတွေ အားလုံးကို မျှားခေါ်သွားခဲ့ပြီ... အကြီးအကဲ နှစ်ဆယ့်ခုနစ်ယောက် အပါအဝင်ပဲ..."

"ကောင်းတယ်... ဒါက ကောင်းကင်ဘုံက ပေးတဲ့ အခွင့်အရေးပဲ... ငါတို့ အခုချက်ချင်း ထွက်ခွာမယ်..."

နဂါးနှင့် ကျား သရဲဘုရင်တို့သည် တပြိုင်နက်တည်း ရယ်မောလိုက်ကြ၏။ သူတို့၏ အသံများသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်ပြီး လူအများ၏နားစည်များကို တုန်ခါသွားစေသည်။

နဂါးသရဲဘုရင်သည် မထွက်ခွာမီ လုယွီကို တစ်ချက်ကြည့်ပြီး သူက မျက်မှောင်တင်းတင်းကြုတ်ထားသည်။

သူ၏နံဘေးရှိ ကျားသရဲဘုရင်က ပြောဆိုသည်။

"အစ်ကိုကြီးစီတူ... သူ ပါတာနဲ့ မပါတာက ဘာမှမထူးခြားပါဘူး... သူ့ကို အနောက်မှာနေပြီး သခင်မလေးကို စောင့်ရှောက်ခိုင်းလို့ရတယ်..."

wunzinnosp

Chapter 5448

"ကောင်းပြီလေ... ကောင်လေး... မင်းက အနောက်မှာပဲ နေခဲ့လိုက်..."

နဂါး သရဲဘုရင်သည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

လုယွီသည် စကားမပြောချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ရှေ့ရှိ လူများသည် လွီသိုင်း၏ စွမ်းဆောင်ရည်ရှိသော လက်အောက်ငယ်သားများပင်။

ယခင်က တျန်ဟဲမြို့တွင် လုယွီသည် ချန်းတာ့ထုံးအတွက် သူ၏ ဂုဏ်သတင်းကို တည်ဆောက်ရန် ကျန်းမိသားစုကို အသုံးပြုခဲ့သဖြင့် ယခုအချိန်၌ လွီသိုင်း၏ လက်အောက်ငယ်သားများ အားလုံးကို သင်ခန်းစာပေးရန်မှာ မကောင်းလှချေ။ လုယွီသည် လွီသိုင်းအတွက် မျက်နှာအနည်းငယ် ချန်ထားရန် ရည်ရွယ်ထားဆဲပင်။

လုကျိရန်က နှုတ်ခမ်းဆူကာ သူမ၏မျက်နှာပေါ်တွင် အထင်သေးမှုများ ထင်ဟပ်နေပြီး ပြောဆိုသည်။

"အဘိုးစီတူ... အဘိုးက ငါ့ကို အရမ်းအထင်သေးလွန်းတယ်... ငါ့ကို ကာကွယ်ပေးဖို့ သူကို ဘယ်လိုလုပ်ပြီး လိုအပ်မှာလဲ..."

ထိုစကားကိုပြောဆိုပြီးနောက် သူမသည် လုယွီကို တစ်ချက်ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်၏။

"နင် အမီလိုက်ခဲ့... တကယ်လို့ နင် နောက်ကျကျန်ရစ်ခဲ့ပြီးတော့ အပြင်မှာ သေသွားရင် ငါတို့ကို အပြစ်မတင်နဲ့..."

"လမ်းပြပါ..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လုယွီ၏ တည်ငြိမ်အေးဆေးသော အမူအယာကို မြင်တွေ့ချိန်တွင် တခြားလူများအားလုံးက သူ့အတွက် လမ်းပြပေးနေသည့်အလားပင်။

လုကျိရန်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ စကားပြောဆိုတော့မည့် အချိန်မှာပင် သူမသည် ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရလေ၏။

"ငြင်းခုံပြီး အချိန်မဖြုန်းကြနဲ့... သရဲဘုရင်ကျန်းက အချိန်ကြာကြာ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး... အဲ့ဒီ ယန်မိသားစု အကြီးအကဲတွေ မပြန်လာခင် ငါတို့က ယန်ယွမ်ဘုရင်ကို သတ်ရမယ်..."

နဂါး သရဲဘုရင်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

ဤစကားကိုကြားချိန်တွင် လုကျိရန်သည် နောက်ဆုံးတွင် ခွန်းတုံ့မပြန်တော့ဘဲ အေးစက်စက် နှာမှုတ်ကာ လူအုပ်ကြီး၏နောက်သို့ လိုက်သွားသည်။

လူနှစ်ဆယ်ကျော်သည် ကူးပြောင်းရေးဝင်္ကပါထဲသို့ ခြေချလိုက်ပြီး နောက်တခဏတွင် သူတို့သည် စတုတ္ထနယ်မြေစခန်း၏ အပြင်ဘက်သို့ ချက်ချင်းရောက်ရှိသွားပေ၏။

သူတို့သည် အာရုံစိုက်ခံရမှုကို ရှောင်ရှားရန် အရာအားလုံးကို ဂရုတစိုက် လုပ်ဆောင်ခဲ့သည်။ သူတို့ လုပ်ရမည့်အရာမှာ လုပ်ကြံသတ်ဖြတ်ရေး တာဝန်တစ်ခုဖြစ်သဖြင့် တခြားသူများ၏ရှာဖွေတွေ့ရှိခြင်းကို မခံရအောင် ရှောင်ရှားရပေမည်။

"ငါ့နောက်ကနေ အမီလိုက်ခဲ့ကြ..."

နဂါးသရဲဘုရင်သည် သူတို့ကို သတိပေးလိုက်ပြီး သူ၏လက်ဝါးကိုမြှောက်ကာ ဖြန့်လိုက်ရာ အနက်ရောင်မြူခိုးများက လူများအားလုံးကို ချက်ချင်းဖုံးလွှမ်းသွားသည်။

လုယွီ စိတ်လှုပ်ရှားသွားပြီး ဤသည်မှာ စီတူကျင်း၏ ပိုင်နက်နယ်မြေဖြစ်ကြောင်းကို ချက်ချင်းနားလည်သွားပေ၏။ နယ်မြေသခင် တစ်ဦးသည် တခြားလူများကို ချုပ်နှောင်ရန် မှော်စွမ်းအားကို အသုံးပြုချိန်၌ သူတို့၏ ကိုယ်ပိုင်နယ်မြေကို ဆင့်ခေါ်နိုင်သည်။

အနက်ရောင်မြူခိုးများသည် ထူထပ်သိပ်သည်းနေပြီး လူများအားလုံး၏ပုံရိပ်များကို လုံးလုံးလျားလျား ဖုံးကွယ်ထားသည်။ ယခုအချိန်သည် ညအချိန်ဖြစ်သဖြင့် ဂရုတစိုက် မကြည့်ဘဲ သူတို့ကို ရှာတွေ့ရန် ခက်ခဲသည်။

ယနေ့ညတွင် လရောင်မရှိဘဲ လူသူကင်းမဲ့သော ဆင်ခြေဖုံးဒေသများတွင် မှောင်မိုက်နေပေ၏။

သူတို့အဖွဲ့သည် လမ်းတလျှောက်လုံး ခရီးသွားခဲ့ပြီး လမ်းခရီးတွင် ယန်မိသားစု ကင်းလှည့်အဖွဲ့ တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်း မခံရဘဲ အတားအဆီးမရှိ ဆက်လက်၍ သွားလာနိုင်ခဲ့သည်။

လီငါးဆယ်ခန့် ခရီးသွားပြီးနောက် သူတို့အဖွဲ့သည် နောက်ဆုံးတွင် တောင်ကြားတစ်ခုရှိ စခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုစခန်း၏ နံဘေးဘက်များတွင် မီးပုံများ လောင်ကျွမ်းနေသဖြင့် လင်းထိန်နေလေရာ စခန်း၏ပုံသဏ္ဍာန်ကို မြင်တွေ့နိုင်သည်။

"ဒါက ဒီနေရာပဲ... ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက အကြိမ်တော်တော်များများ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ... ယန်ယွမ်ဘုရင်က များသောအားဖြင့် ဒီစခန်းမှာ ထွက်ပေါ်လာတတ်တယ်..."

သရဲတစ္ဆေစစ်သူကြီးတစ်ဦးက သတင်းပို့လိုက်၏။

နဂါးသရဲဘုရင်သည် သူ၏မျက်လုံးများကို မှေးကာ စခန်းကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်ရာ စခန်းတစ်ခုလုံး ဆူညံနေပြီး ကျင့်ကြံသူအမြောက်အများသည် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားကာ နေရာအနှံ့အပြား၌ ကင်းလှည့်နေကြကြောင်း တွေ့ရှိလိုက်ရသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူတို့က ငါတို့ ညဘက်ချုံခိုတိုက်ခိုက်မှmကို ကြိုသိနေတာလား..."

အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။

ယေဘုယျအားဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကို တိတ်တဆိတ် လုပ်ဆောင်သည်မှာ အသင့်တော်ဆုံးပင်။

သို့သော် သူတို့၏ရှေ့ရှိ စခန်းမှာ သတိထားနေသော အခြေအနေတွင် ရှိနေသည်။ အကယ်၍ သူတို့သာ အတင်းအကြပ် ဝင်ရောက်မည်ဆိုပါက သူတို့အား လွယ်လင့်တကူ ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။

လုကျိရန်က ရုတ်တရက် ပြုံးလိုက်သည်။

"နင်တို့အားလုံး မေ့သွားကြပြီလား... ဦးလေးကျန်းက ဒီစခန်းကြီးကို အခုလေးတင် တိုက်ခိုက်ခဲ့ပြီး ယန်မိသားစုရဲ့ မဟာအကြီးအကဲအဖွဲ့ကို မျှားခေါ်သွားခဲ့တာလေ... တကယ်လို့ စခန်းက အခုအချိန်မှာ တိတ်ဆိတ်နေသေးရင် အဲ့ဒါက ထူးဆန်းနေလိမ့်မယ်..."

ဤစကားကိုကြားချိန်၌ အစွမ်းထက်သော ကျင့်ကြံသူ အမြောက်အများသည် ရုတ်တရက် နားလည်သဘောပေါက်သွားကြ၏။

ဤသည်မှာ မူလက သူတို့အစီအစဉ်၏တစ်စိတ်တစ်ပိုင်းပင်။ ယန်ယွမ်ဘုရင်ကို တိုက်ခိုက်ခြင်းမှ ထွက်ပေါ်လာသော ဆူပူအုံကြွမှုသည် အလွန် ကြီးမားမည်ဖြစ်ပြီး တခြားသူများ၏ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယခင်ကတည်းက သူတို့သည် အတင်းအကြပ်ဝင်ရောက်ပြီး ယန်ယွမ်ဘုရင်ကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတစ်ခုကို တိုက်ရိုက်စတင်ခြင်းက ပိုကောင်းပေလိမ့်မည်။

နဂါးသရဲဘုရင်သည် နောက်သို့လှည့်ကြည့်လိုက်၏။

"ညီလေးဟယ်... မင်းအပေါ် မူတည်တယ်..."

သူ၏နံဘေးရှိ ကျား သရဲဘုရင်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်ခုံးနှသ်ခုကြား၌ ကြီးမားကျယ်ပြန့်သော ကြယ်ရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

လုယွီသည် သူ၏နောက်တွင် မတ်တတ်ရပ်နေပြီး ထိုအချင်းအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။ ဤကျားသရဲဘုရင်သည် နတ်ဘုရားစိတ်အာရုံကို အဓိကထား၍ ကျင့်ကြံသူတစ်ယောက်ပင်။

သူ၏နတ်ဘုရားစိတ်အာရုံ ပျံ့နှံ့သွားချိန်၌ ရက်စက်ကြမ်းတမ်းသော ကျားပုံရိပ်ယောင်တစ်ခုသည် သူ၏ခေါင်းအထက်တွင် လွင့်မျောနေပေ၏။ ထိုကျားသားရဲ၏မျက်လုံးများမှ တောက်ပသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

wunzinnosp

Chapter 5449

ရက်စက်ကြမ်းတမ်းသော ကျားသည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်ကာ တောတောင်များကို ငုံ့ကြည့်နေသည်။

သူ၏ ကျားမျက်လုံးတစ်စုံအောက်တွင် သူသည် အဆုံးအစမရှိသော လေဟာနယ်ကို ထိုးဖောက်သွားနိုင်သကဲ့သို့ စခန်းတစ်ခုလုံးကို လွှမ်းခြုံထားပေ၏။

အချိန်အတော်ကြာ အကဲခတ်ပြီးနောက် ကျား သရဲဘုရင်၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ယန်ယွမ်ဘုရင်က ပင်မတပ်မှူးရဲ့ ရွက်ဖျင်တဲထဲမှာ ရှိနေတယ်... သူက ဒဏ်ရာရထားပုံရပြီးတော့ သူ့ရဲ့အရှိန်အဝါက အရမ်းမတည်မငြိမ် ဖြစ်နေတယ်... သူက ပြန်ပြီးကုသနေတာပဲ ဖြစ်ရမယ်..."

လက်ရှိနေရာရှိ လူများအားလုံးတွင် စိတ်လှုပ်ရှားသော မျက်နှာအမူအယာများ ရှိနေသည်။

ယန်ယွမ်ဘုရင် ဒဏ်ရာရထားခြင်းမှာ သတင်းကောင်းပင်။ အစွမ်းထက်သော စစ်တပ်တစ်တပ်တွင်ပင် ပေါ့ဆသော အချိန်များ ရှိတတ်ပေ၏။ သူတို့၏လုပ်ကြံသတ်ဖြတ်မှု အောင်မြင်နိုင်သော အခွင့်အလမ်းမှာ အလွန်အမင်း မြင့်တက်လာလေပြီ။

"အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး... အခုချက်ချင်း ဝင်တိုက်ပြီးတော့ ယန်ယွမ်ဘုရင် ကို သတ်ကြစို့..."

လုကျိရန်က သူမ၏လက်ကို ပွတ်သပ်လိုက်ပြီး သူမ စိတ်မရှည်နိုင်ဖြစ်နေသည်။

နဂါးသရဲဘုရင်နှင့် ကျားသရဲဘုရင်တို့သည် အကြည့်ချင်း ဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။ ဤကဲ့သို့ အခွင့်အရေးမျိုးမှာ နှစ်တစ်ထောင်တွင် တစ်ကြိမ်ရရန်ပင် ရှားပါးလှ၏။ သူတို့သည် ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး အတွေ့အကြုံရှိကြသော်လည်း ဤကိစ္စမျိုးနှင့် ရုတ်တရက် ကြုံတွေ့ရခြင်းမှာ အလွန်ဆွဲဆောင်မှု ရှိနေသည်။

"သတိထားပြီး ရှေ့ဆက်သွားပါ... ပထမဆုံး မင်းတို့ရဲ့ အစွမ်းထက်ဆုံး နည်းစနစ်တွေကို ပြင်ဆင်ထား... အချိန်ကျရင် သူတို့ကို တိုက်ရိုက်တိုက်ခိုက်လိုက်တော့..."

ကျားသရဲဘုရင်က သတိပေးလိုက်၏။

သူသည် ဓားရှည်တစ်လက်ကို ထုတ်ယူကာ သူ၏လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထိုဓား၏တောက်ပမှုသည် အေးစက်နေပြီး အနည်းငယ်တုန်ရီကာ ရက်စက်ကြမ်းတမ်းသော ကျားတစ်ကောင်နှင့် ဆင်တူသည့် ဟိန်းသံတစ်သံကို ထုတ်လွှတ်ထားသည်။

ဤသည်ကို မြင်တွေ့ချိန်၌ လူအနည်းငယ်သည် သူတို့၏ သက်ဆိုင်ရာ မှော်ရတနာများကို အလျင်အမြန် ပြင်ဆင်လိုက်ကြသည်။ လူတချို့သည် လျှို့ဝှက်နည်းစနစ်များကိုပင် စတင်၍ လှည့်ပတ်နေကြပြီပြီး တိုက်ခိုက်ချိန်တွင် သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုရန် အဆင်သင့်ဖြစ်နေကြလေပြီ။

လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေပြီး အဝေးရှိ ဆက်တိုက်တည်ရှိနေသော စခန်းကြီးကို ကြည့်နေသည်။

"တစ်ခုခုတော့ မှားနေတယ်..."

လုယွီက အချိန်အနည်းငယ်ကြာ ထပ်မံ၍ စစ်ဆေးကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။

အချိန်အနည်းငယ်ကြာ ကြည့်ရှုပြီးနောက် လုယွီသည် နောက်သို့လှည့်ကာ ပြတ်ပြတ်သားသား ထွက်ခွာသွားသည်။

နဂါး သရဲဘုရင်က ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မင်း ဘယ်သွားမလို့လဲ..."

လုယွီသည် နောက်သို့ပြန်လှည့်ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

"မင်းတို့ အဲ့ဒီနေရာကို မသွားဖို့ ငါ အကြံပေးချင်တယ်... ယန်ယွမ်ဘုရင်က အထဲမှာ မရှိဘူး..."

"အဓိပ္ပာယ်မရှိတာ... ကျားသရဲဘုရင်က အဲ့ဒါကို သေသေချာချာ စုံစမ်းပြီးပြီလေ... မင်းက ဒီနေရာမှာ ဘာလို့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာလဲ..."

"ခုဏက မင်းက ခန်းမထဲမှာ အရမ်းကို ဂရုမစိုက်တဲ့ ပုံစံမျိုး ရှိနေခဲ့တာ... မင်းက ဘယ်လိုလုပ်ပြီးတော့ စစ်မြေပြင်ကျမှ ကြောက်နေရတာလဲ..."

အစွမ်းထက်ကျင့်ကြံသူချို့သည် လှောင်ပြောင်သရော်လိုက်ကြ၏။ လူအများစုသည် လုယွီ ဤကဲ့သို့ ပြုမူမည်ကို ယခင်ကတည်းက ကြိုတင်မျှော်လင့်ထားသည့်အလား စိတ်သက်သာရာရသည့် အမူအယာများကို ပြသလိုက်ကြသည်။

"သူ့ကို မေ့လိုက်... အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဖို့က ပိုပြီးအရေးကြီးတယ်..."

နဂါးသရဲဘုရင်က ရှေ့သို့တိုးလာသည်။ သူ၏ ပခုံးပေါ်တွင် နဂါးနက်တစ်ကောင်၏ပုံရိပ်ယောင် ရစ်ပတ်နေပြီး အရှိန်အဝါသည် တိမ်များဆီသို့ ပျံ့လွင့်သွားကာ မိုးကောင်းကင်ယံကို တုန်ခါစေသော နဂါးဟိန်းသံတစ်သံ ပွင့်အံ့ထွက်လာသည်။ နဂါးနက်သည် ရုတ်တရက် ကျဆင်းလာပြီး စခန်း၏အရှေ့ဘက်ကို စောင့်ကြပ်နေသော စစ်သားများကို လက်သည်းတစ်ချက်ဖြင့် ရိုက်နှက်လိုက်၏။

ဤလက်သည်းချက်သည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြင်းထန်စွာ စတင်၍ တုန်ခါလာပြီး စခန်းအတွင်း၌ စောင့်ကြပ်နေသော ယန်မိသားစု ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။

"ရန်သူတွေ တိုက်ခိုက်နေပြီ... ရန်သူတွေ.."

ပတ်ဝန်းကျင်ရှိ စစ်တပ်ရွက်ဖျင်တဲများမှ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာပေ၏။ ဗုံသံများနှင့် မောင်းသံများသည် မိုးကောင်းကင်ကို တုန်ခါသွားစေပြီး ကာကွယ်ရေး စစ်သားအုပ်စုများ ရွက်ဖျင်တဲများအတွင်းမှ ထွက်လာကြသည်။

သို့သော် နဂါးသရဲဘုရင်က ဦးဆောင်တိုက်ခိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်နဂါးမှမရှိန်အဝါသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပေ၏။ နဂါးလက်သည်းများအောက်တွင် သွေးများ ဖြာကျသွားပြီး မရေမတွက်နိုင်သော ယန်မိသားစု ကျင့်ကြံသူများ ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားကြသည်။

ကျား သရဲဘုရင်က အနီးကပ်လိုက်ပါလာပြီး လူများအားလုံးကို ပင်မတပ်မှူး၏ရွက်ဖျင်တဲထံသို့ အရင်ဆုံးပြေးဝင်ရန် ဦးဆောင်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် ရွက်ဖျင်တဲအတွင်းရှိ ကုတင်ပေါ်တွင် ပလွင်ခွေ ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို သူတို့ မြင်တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ အခိုးအငွေ့များ ထွက်ပေါ်နေပြီး ဒဏ်ရာများမှ သက်သာလာပုံရသည်။

"ယန်ယွမ်ဘုရင်... ဒီနေ့ မင်း သေချာပေါက် သေရမယ်..."

ဤလူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်တွေ့ချိန်၌ ကျားသရဲဘုရင်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူ၏ကျောဘက်ရှိ ဓားရှည်ကို ထုတ်ယူပြီး ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။ တောက်ပသော ဓားချီအလင်းတန်းသည် ကောင်းကင် မြေကြီ နေနှင့် လတို့ကို ဖုံးကွယ်သွားသည်။ မိုးကောင်းကင်ကို တုန်ခါစေသော ကျားဟိန်းသံတစ်သံသည် တောတောင်တလျှောက် ပျံ့နှံ့သွားပေ၏။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများအားလုံး တစ်ပြိုင်နက်တည်း တုန်ရီသွားကြပြီး ထိုအရာ၏စွမ်းအားကို လုံးလုံးလျားလျား တောင့်မခံနိုင်သည့်အလားပင်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာပေ၏။ ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေစစ်သူကြီးအဆင့် ကျွမ်းကျင်သူအုပ်စုသည် သူတို့၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်သွားကြသည်။ ကျား သရဲဘုရင်သည် အလွန်အစွမ်းထက်မည်ဟု သူတို့ ယခင်ကတည်းက မျှော်လင့်ထားခဲ့သော်လည်း သူ ဤမျှထိ အစွမ်းထက်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။

ကုတင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်အမင်းထိတ်လန့်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ မှော်သင်္ကေတများ ရေးထွင်းထားသော ပါးကွကြေးမုံတစ်ခုသည် သူ၏ခေါင်းအထက်တွင် မျောလွင့်နေပြီး ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ကာ သူ့ကို အခိုင်အမာ ကာကွယ်ပေးထားသည်။

သို့ရာတွင် ဓားချီအလင်းတန်းသည် ရက်စက်ကြမ်းတမ်းပြီး ပြင်းထန်စွာ ကျဆင်းလာကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပါးကွကြေးမုံကို ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်လိုက်၏။

wunzinnosp

Chapter 5450

"အား..."

လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် ဆေဘာဓားချီတစ်လှိုင်းသည် သူ၏ခေါင်းပေါ်မှ ကျဆင်းလာကာ သူ့ကို ချက်ချင်းဆိုသလိုပင် နှစ်ပိုင်းဖြတ်တောက်လိုက်၏။

သွေးများ အဆက်မပြတ် စီးကျလာပြီး နှစ်ပိုင်းပြတ်တောက်နေသောအလောင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ ကြွင်းကျန်သော သရဲတစ္ဆေစစ်သူကြီးများ၏ တိုက်ခိုက်မှုများက နောက်မှလိုက်ပါလာပြီး ပင်မတပ်မှူး၏ ရွက်ဖျင်တဲတစ်ဝက်ခန့်ကို တုန်ခါသံတစ်သံနှင့်အတူ ဖျက်ဆီးလိုက်သည်။

"ယန်ယွမ်ဘုရင် သေသွားပြီ..."

လုကျိရန်သည် ဝမ်းသာအားရ အော်ဟစ်လိုက်၏။ ဤသည်မှာ သူမ၏ ပထမဆုံး တာဝန်ဖြစ်ပြီး ဤမျှ ကြီးမားသော အကျိုးအမြတ်ရရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။ တိုက်ပွဲမှရရှိသော တိုက်ရာပါပစ္စည်းများနှင့်အတူ တျန်ဟဲမြို့သို့ အောင်မြင်စွာ ပြန်သွားနိုင်မည်ကို တွေးတောမိချိန်၌ လုကျိရန်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားသည်။

တခြားသရဲတစ္ဆေစစ်သူကြီးများသည်လည်း စိတ်သက်သာရာရသွားကြ၏။ လူလတ်ပိုင်းအရွယ်အမျိုးသား အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး သူ သေဆုံးသွားပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

"ဂုဏ်သရေရှိ ယန်မိသားစုရဲ့သရဲဘုရင်က ဒီလောက် လွယ်လွယ်လေး သေသွားနိုင်မှာလား..."

ကျား သရဲဘုရင်၏မျက်နှာအမူအယာ ရုတ်တရက် တည်ကြည်လေးနက်သွားပြီး ရှေ့သို့လျှောက်လှမ်းလာသည်။

လုကျိရန်က အပြုံးနှင့် ပြောဆိုသည်။

"အဘိုးဟယ်...အဘိုးက အရမ်း စိုးရိမ်နေတာပါ... အဲ့ဒီယန်ယွမ်ဘုရင်က ဘယ်လောက်ပဲ ပါးနပ်ပါစေ ဒီတစ်ကြိမ် ကျွန်မတို့ရဲ့ တိုက်ခိုက်မှုကို သူ ကြိုမသိနိုင်ပါဘူး... ဒီတစ်ကြိမ်မှာတော့ သူ လုံးဝချေမှုန်းခံလိုက်ရတာ သေချာတယ်..."

"လုံးဝချေမှုန်းခံလိုက်ရတယ်... လုံးဝချေမှုန်းခံလိုက်ရတာလား..."

ကျားသရဲဘုရင်က အကြိမ်အနည်းငယ် ရေရွတ်ပြီးနောက် ပြောဆိုသည်။

"မဟုတ်ဘူး... သရဲဘုရင်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစိတ်ဝိညာဉ်က အရမ်းအစွမ်းထက်တယ်... တကယ်လို့ ငါက သူ့ရဲ့ ရုပ်ခန္ဓာကိုယ် ကို ဖျက်ဆီးလိုက်ရင်တောင်မှ သူ့ရဲ့ မူလစိတ်ဝိညာဉ်က အတော်လေး ပြဿနာပေးနိုင်သေးတယ်..."

သို့ရာတွင် သူတို့ ဤနေရာသို့ ဝင်ရောက်လာချိန်၌ သူတို့သည် ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သော်လည်း သူ၏ မူလစိတ်ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ်၏ တည်ရှိမှုကို သူတို့ မမြင်ခဲ့ရချေ။

ဝှစ်...

ထိုအချိန်မှာပင် ပင်မတပ်မှူး၏ ရွက်ဖျင်တဲ ကန့်လန့်ကာကို မြင့်တက်သွားသည်။

တံခါးကို စောင့်ကြပ်နေသော လူအနည်းငယ်သည် ထိတ်လန့်သွားသော်လည်း ရောက်လာသူမှာ နဂါးသရဲဘုရင်ဖြစ်နေသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး ချက်ချင်းစိတ်အေးသွားကြသည်။

နဂါးသရဲဘုရင်၏ခန္ဓာကိုယ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအယာရှိနေကာ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပေ၏။

"တစ်ခုခုတော့ မှားနေတယ်...ဒါက ယန်ယွမ်ဘုရင်ရဲ့ တပ်မကြီး ဖြစ်ပေမဲ့ ဒီနေရာက ကျင့်ကြံသူတွေက အံ့အားသင့်စရာကောင်းလောက်အောင် အားနည်းနေတယ်..."

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် နဂါးသရဲဘုရင်သည် စခန်းရှိ လူများအားလုံးကို သတ်ဖြတ်နိုင်ခဲ့သည်။

ရန်သူများသည် သူတို့ မျှော်လင့်ထားသည်ထက် အားနည်းနေသဖြင့် သူတို့ ကြိုတင် ပြင်ဆင်ထားသော နည်းလမ်းများအားလုံးကို အသုံးမပြုခဲ့ရချေ။

ကျားသရဲဘုရင်၏ မျက်ခွံများ အနည်းငယ် တုန်ရီသွားပြီး သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"အခု ချက်ချင်း ထွက်သွားကြစို့..."

သူ၏စိတ်နှလုံးသား အလွန်လေးလံနေပေ၏။ လုယွီ ပြောသည်မှာ မှန်ကန်နိုင်ပြီး ယန်ယွမ်ဘုရင်သည် စခန်းထဲတွင် ရှိမနေရန် အလားအလာများသည်။

အကယ်၍ သူသာ ကြိုတင်၍သိခဲ့ပါက ထိုအကြံပေးချက်ကို အာရုံစိုက်ပြီး ပို၍သေချာစွာ စူးစမ်းလေ့လာခဲ့သင့်သည်။

သို့ရာတွင် ထိုအချိန်က အခွင့်အရေးကို ဆုပ်ကိုင်ရန်အတွက် သူတို့သည် အချိန်မဖြုန်းတော့ဘဲ တိုက်ခိုက်မှုကို ပြတ်သားစွာ စတင်ခဲ့သည်။ ယခုချိန်၌ ရလဒ်သည် သူတို့ အနည်းငယ် မမျှော်လင့်ထားသောအရာ ဖြစ်နေပေ၏။

သို့ရာတွင် လုကျိရန်က သဘောမတူသည့်အမူအယာဖြင့် ပြောဆိုသည်။

"အဲ့ဒါက နည်းနည်းချဲ့ကားလွန်းရာ ကျမနေဘူးလား... တိုက်ရာပါ ပစ္စည်းတွေကို စုဆောင်းပြီးမှ ထွက်သွားရင်လည်း နောက်မကျသေးပါဘူး..."

ကျားသရဲဘုရင်သည် ခေါင်းခါယမ်းလိုက်ပြီး သူမကို မရှင်းပြတော့ဘဲ လူများအားလုံးကို အလျင်အမြန် ထွက်ခွာရန်သာ ညွှန်ကြားလိုက်သည်။

သူတို့အားလုံး ပင်မတပ်မှူး၏ ရွက်ဖျင်တဲ မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာအဘက်ဘက်မှ မြူခိုးများ ထွက်ပေါ်လာသည်ကို သူတို့ ရုတ်တရက် မြင်တွေ့လိုက်ရသည်။ စစ်စခန်း၏နံဘေးပတ်လည်တွင် လေနှင့်တိမ်များ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ တောင်များအားလုံးကို မြူခိုးများက ဖုံးလွှမ်းသွားသည်။ ထိုကြောင့် သူတို့သည် ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်များကို မြင်တွေ့ရန် မဖြစ်နိုင်တော့ချေ။

မြေပြင်တပြင်လုံး တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသော ဖိအားတစ်ရပ်က သူတို့ကို လွှမ်းခြုံသွားပေ၏။ ဤနေရာရှိ လူများအားလုံး သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

"ဒါက မကောင်းတော့ဘူး..."

နဂါးနှင့်ကျား အမြွှာဘုရင်နှစ်ပါးတို့သည် သူတို့၏ကံဆိုးမှုကို တိတ်တဆိတ် ကျိန်ဆဲလိုက်ကြ၏။ သူတို့သည် ယန်ယွမ်ဘုရင်ကို ဖယ်ရှားရန် အာရုံစိုက်ခဲ့ကြသော်လည်း တစ်ဖက်လူမှ ခင်းကျင်းထားသော ထောင်ချောက်ထဲသို့ ကျဆင်းသွားမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။ သူသည် လှုပ်ရှားခြင်းမရှိသော်လည်း မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကဲ့သို့ နက်နဲသိမ်မွေ့ပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခု ရှိနေကာ သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလားပင်။

ဤလူကို မြင်တွေ့ချိန်၌ လူများအားလုံး ချက်ချင်းနားလည်သဘောပေါက်သွားကြသည်။

သူတို့ ယခင်က သတ်ခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤလူနှင့် ခုနစ်ပုံ ရှစ်ပုံခန့် ဆင်တူသော လူစားထိုး တစ်ယောက်သာ ဖြစ်ကြောင်း သိသာထင်ရှားသည်။

အစစ်အမှန် ယန်ယွမ်ဘုရင်သည် သူတို့၏ရှေ့တွင် ရှိနေပေ၏။

ဤအစွမ်းထက်သည့် ဘုရင်အစစ်အမှန်ကို မျက်မြင်တွေ့ရှိပြီးမှသာ လူများအားလုံးသည် ကြောက်ရွံ့မှုကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး သူတို့၏စိတ်နှလုံးသားထဲသို့ အားနည်းမှု ခံစားချက်ကြီးတစ်ခု ဝင်ရောက်လာသည်။

All Chapters