← Chapters

အခန်း (၅၄၅၁-၅၄၅၅)

Vol. 276 Ch. 5451-5455

အခန်း (၅၄၅၁-၅၄၅၅)

Vol. 276 Ch. 5451-5455

Chapter 5451

"တိုက်ခိုက်ကြစို့..."

နဂါးသရဲဘုရင်နှင့် ကျားသရဲဘုရင်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်ကာ ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ကြ၏။ အနက်ရောင် ကျားနဂါးဓားများ၏ စွမ်းအားနှင့်အတူ သူတို့သည်ရှေ့သို့ အတင်းအကြပ် တိုးဝင်လိုက်ကြသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် မှော်စွမ်းအားအလင်းတန်းသည် မိုးကောင်းကင်ယံတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ ကောင်းကင်နှင့်မြေပြင်အကြားရှိ ဥပဒေသများသည် အတူတကွ ပဲ့တင်ထပ်သွားကာ မိုးကြိုးပစ်ခတ်သကဲ့သို့ တုန်ခါမှုကြီးကို ထုတ်လွှတ်လိုက်၏။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုသည် ယန်ယွမ်ဘုရင်ထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

သို့ရာတွင် ယန်ယွမ်ဘုရင်သည် သူ၏ လက်ကို ဆန့်တန်းကာ မြှောက်ပြီး ဖိနှိပ်ရုံသာ လှုပ်ရှားလိုက်သည်။ ဤသည်မှm ဗုဒ္ဓ၏နတ်ဘုရား လက်ဝါးနှင့် တူညီနေပြီး မှော်စွမ်းအားများ အားလုံးကို ဖိနှိပ်ကာ သူ၏အနီးသို့ မချဉ်းကပ်နိုင်တော့ချေ။

တုန်ခါသံများ ထွက်ပေါ်လာကာ နဂါးသရဲဘုရင် နှင့် ကျားသရဲဘုရင်တို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် အမှန်တကယ်ကို အကျိုးသက်ရောက်မှု မရှိခဲ့ချေ။ လူအများသည် ပြင်းထန်စွာ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏စိတ်နှလုံးသားများအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုများ ပို၍ပင် အားကောင်းလာခဲ့သည်။

"ငါတို့ လမ်းဖောက်မယ်... မင်းတို့က သခင်မလေးကိုခေါ်ပြီး မြန်မြန် ထွက်သွားတော့..."

နဂါးသရဲဘုရင်က အော်ငေါက်လိုက်သည်။ ထို့နောက် သူနှင့်ကျားသရဲဘုရင်တို့သည် ပြင်ကသို့ ပြေးထွက်သွားကြ၏။

သူတို့သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ကြပြီး သူတို့၏ပုံရိပ်များ တဖြည်းဖြည်း ဝေဝါးသွားကာ ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားများဖြင့် ဖုံးလွှမ်းသွားသည်။ သူတို့၏မှော်စွမ်းအားများသည် အစွမ်းထက်သော နဂါးနှင့်ကျားပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများနှင့်အတူ သူတို့၏နံဘေးရှိ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပြင်းထန်စွာ ပေါက်ကွဲသွားပေ၏။

သားရဲကြီးနှစ်ကောင်သည် ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော စွမ်းအားများ ထွက်ပေါ်လာသည်။ မြေပြင်တပြင်လုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာကာ တောင်များ ပြိုကျပြီး မြေပြင်အက်ကွဲနေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

လုကျိရန်သည် ထိုကဲ့သို့ မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ သူမ၏ ခြေထောက်များ ပျော့ခွေသွားသည်ကိုသာ သူမ ခံစားလိုက်ရသည်။ အစစ်အမှန် စစ်မြေပြင်သည် သူမ စိတ်ကူးယဥ်တွေးတောထားသည်နှင့် အလွန်ကွာခြားပေ၏။

ဝုန်း...ဝုန်း...

ကျယ်လောင်သော အသံလှိုင်းများသည် မိုးကောင်းကင်ယံအနှံ့အပြား၌ ပဲ့တင်ထပ်သွားသည်။

ယန်ယွမ်ဘုရင်သည် ခြေတစ်လှမ်း ရှေ့သို့လှမ်းလာပြီး မဟာတာအိုကို ပဲ့တင်ထပ်စေနိုင်သော မီးတောင်ပေါက်ကွဲမှုတစ်ခုအလား မြည်ဟီးသံများ ထွက်ပေါ်လာသည်။

သူသည် သရဲဘုရင်နှစ်ပါးကို မည်သည့်အားနည်းချက်မျှမရှိဘဲ သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်ခဲ့သည်။ သူတို့အားလုံးကို သရဲဘုရင်များဟု အမည်ပေးထားသော်လည်း ခွန်အား ကွာဟချက်သည် အလွန်ကြီးမားနေဆဲပင်။ နဂါး သရဲဘုရင်နှင့် ကျားသရဲဘုရင် တို့သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြု၍ သားရဲများအဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် သူတို့သည် ယန်ယွမ်ဘုရင်၏ ပြိုင်ဘက် မဟုတ်သေးချေ။

ဘုန်း...

ယန်ယွမ်ဘုရင်သည် သူ၏လက်ကို မြှောက်ကာ ရိုက်နှက်လိုက်၏။ မီတာတစ်ထောင် ကျယ်ပြန့်သော သွေးနီရောင် လက်ဝါးပုံရိပ်ယောင်တစ်ခုသည် ကျားသရဲဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းလာသည်။ ကျားသရဲဘုရင်မှ အသွင်ပြောင်းထားသော ရက်စက်ကြမ်းကြုတ်ကျားသည် ကြေကွဲဖွယ် ငိုညည်းသံတစ်သံကို ထုတ်လွှတ်လိုက်ပြီး အမြင့်မှ ကျဆင်းလာသည်။ နောက်ဆုံးတွင် သူ၏မှော်စွမ်းအားများသည် အလျင်အမြန် ပျောက်ကွယ်သွားပြီး ကျားသရဲဘုရင်၏ စစ်မှန်သောပုံစံကို ဖော်ပြလိုက်သည်။

သူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုနေစဉ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရသဖြင့် အလွန်ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့သည်။ ကျားသရဲဘုရင်၏ပါးစပ်မှ သွေးအမြောက်အများ အန်ထွက်လာပြီး သူ၏ မျက်နှာ အလွန်အမင်း ဖြူရော်နေသည်။

ကျားသရဲဘုရင်၏ အထောက်အပံ့ကို ဆုံးရှုံးသွားချိန်၌ နဂါးသရဲဘုရင်သည်လည်း တစ်ယောက်တည်း တောင့်မခံနိုင်တော့ဘဲ ခြေတစ်လှမ်းချင်း နောက်သို့ဆုတ်ခွာရလေ၏။

"မသေသေးဘူးလား... မင်း ဘယ်လောufအထိ အရိုက်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."

ယန်ယွမ်ဘုရင်က လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏လက်သီးကို လက်သည်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲလိုက်၏။ သူသည် အနက်ရောင်နဂါး၏ခန္ဓာကိုယ်ပေါ်သို့ ကုတ်ခြစ်ပြီး ပြင်းထန်စွာ ဆုတ်ဖြဲပစ်သည်။

ဝုန်း...

သွေးများသည် သွေးမိုးရွာကျသကဲ့သို့ ဖြာကျလာသည်။ နဂါးသရဲဘုရင်၏ ရင်ဘတ် ချိုင့်ဝင်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခြမ်းရှိ အရိုးများအားလုံး ကြေမွှပျက်စီးသွားသည်။ သူသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ပြီး အောက်ဘက်သို့ ကျဆင်းသွားပေ၏။

နဂါးသရဲဘုရင်၏ အခြေအနေသည် ကျားသရဲဘုရင်ထက် ပို၍ပင် သနားစရာ ကောင်းနေသည်။ သူသည် မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေပြီး သူ၏ အရွတ်များနှင့် အရိုးအများစုသည် ကြေမွှပျက်စီးနေပြီဖြစ်ကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။

"သတ်..."

ကြွင်းကျန်သော ထိပ်သီးကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။ တစ်စုံတစ်ယောက်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်သော်လည်း သူ၏ ဒေါသတကြီး အော်ဟစ်သံထွက်ပေါ်လာသည်နှင့်တပြိုင်နက် သူ၏ ခေါင်းသည် ရက်စက်ကြမ်းတမ်းသော မှော်စွမ်းအားဖြင့် ချက်ချင်းရိုက်ခတ်ခံရကာ အက်ကွဲသွားသည်။

ထိုလူ၏ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ယ်ုစီးကျလာပြီး လုကျိရန်၏မျက်စိရှေ့မှာပင် သေဆုံးသွားခဲ့သည်။ လုကျိရန်သည် သူမ၏ခြေထောက်များ အနည်းငယ် ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

"ယန်ယွမ်ဘုရင်... အဲ့ဒီမိန်းကလေးကို မထိနဲ့... သူက အာရုံငါးပါးဘုရင် ရဲ့ သမီးပဲ..."

ရင်းနှီးသော အသံတစ်သံသည် လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာပေ၏။

လူများအားလုံး အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ရာ ယန်ယွမ်ဘုရင်၏နောက်မှ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ကျန်းမိသားစုမှ သရဲဘုရင်နှစ်ပါးဖြစ်သော ကျန်းချီဖုန်းနှင့်ကျန်းဟုန်ကျူးတို့ပင်။

"သရဲဘုရင်ကျန်း... မင်း..."

ထိပ်သီးကျင့်ကြံသူတစ်ဦးက တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

ကျန်းချီဖုန်းသည် ဝက်ဝံခံတပ်ကို စောင့်ကြပ်ရန်အတွက် အာရုံငါးပါးဘုရင်ကိုယ်တိုင် ရွေးချယ်ထားသော သရဲဘုရင်ပင်။

သို့ရာတွင် ယခုအချိန်၌ သူသည် ယန်ယွမ်ဘုရင် ၏နောက်တွင် အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ နှစ်ဖက်တိုက်ခိုက်နေချိန်တွင် သူတို့၏တပ်မှူးက အရင်ဆုံး လက်နက်ချလိုက်သည်နှင့် တူညီနေပေ၏။ သူတို့ မည်ကဲ့သို့ ဆက်လက်၍ တိုက်ခိုက်နိုင်မည်နည်း။

wunzinnosp

Chapter 5452

"ဖူး.....ကျန်းချီဖုန်း... မင်းက ဘုရင်ကို သစ္စာဖောက်လိုက်ပြီလား..."

ကျားသရဲဘုရင်သည် သွေးများ ဆက်တိုက်အန်ထုတ်ရပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

"ဟား ဟား ဟား..."

ကျန်းချီဖုန်းက မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ ပြောဆိုသည်။

"ငါက မင်းတို့လို အရူးတွေနဲ့ မတူဘူး... အာရုံငါးပါးဘုရင်ရဲ့ အမိန့်အောက်မှာ ဆက်နေတာက သေလမ်းပဲ..."

လုကျိရန်၏မျက်နှာ နီမြန်းသွားပြီး သူမက ဒေါသတကြီး ပြောဆိုလိုက်၏။

"ကျန်းချီဖုန်း... ငါ့ရဲ့အဖေက နင့်ကို ဘယ်လောက်ထိ ယုံကြည်ခဲ့လဲဆိုတာ နင် သိနေတာတောင် နင်ကို တကယ်ကြီး သစ္စာဖောက်ရက်တယ်... နင်က လူရော ဟုတ်သေးရဲ့လား..."

"နင်က အရမ်းရိုးအလွန်းတယ်... ဖန်လုံအိမ်ထဲက မင်းသမီးလေးတစ်ပါးလိုပဲ..."

ကျန်းဟုန်ကျူးက နံဘေးတွင် မတ်တတ်ရပ်နေကာ လှောင်ပြောင်သရော်လိုက်သည်။

"နင်က ယန်မိသားစု ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာကို လုံးဝမသိဘူး... ယန်မိသားစု ပိုင်ဆိုင်တဲ့ အခြေခံအုတ်မြစ်က အာရုံငါးပါးဘုရင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမျိုး မဟုတ်ဘူး... စတုတ္ထနယ်မြေကို ယန်မိသားစုက အနှေးနဲ့အမြန် သိမ်းပိုက်လိမ့်မယ်... ပြီးတော့ ငါတို့က အနာဂတ်မှာ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ဖြစ်လာမယ်...နင်ကတော့ အကျဉ်းသား တစ်ယောက်ပဲ ဖြစ်လိမ့်မယ်..."

"ယုံကြည်မှုနဲ့ ပတ်သက်ရင်တော့ ဟား ဟား ဟား... ငါတို့က ယန်မိသားစုဆီကနေလည်း ယုံကြည်မှုကို ရထားတယ်လေ... ဒီလောက် တန်ဖိုးမရှိတဲ့ အရာကို ငါတို့က ဂရုစိုက်မယ်လို့ နင် ထင်နေတာလား..."

ကျန်းချီဖုန်းက အေးစက်တင်းမာသော လေသံဖြင့် ပြောဆိုလိုက်သည်။

"သူတို့ကို ဘာမှထပ်ပြောနေဖို့ မလိုတော့ဘူး... ကျန်တဲ့သူတွေကို သတ်ပြီး လွီမိသားစု သခင်မလေးကို ခေါ်သွားတော့..."

"မင်းတို့ လုပ်ရဲလား..."

အစွမ်းထက်ကျင့်ကြံသူတချို့သည် လုကျိရန်၏ ရှေ့မှနေ၍ ချက်ချင်းပိတ်ဆို့ဟန့်တားကာ သူမကို ကာကွယ်လိုက်ကြ၏။

"သရဲတစ္ဆေစစ်သူကြီး နည်းနည်းလောက်နဲ့ ငါ့ကို တားချင်နေတာလား..."

ရက်စက်ကြမ်းတမ်းသော အမူအရာတစ်ရပ်က ကျန်းဟုန်ကျူး၏ အိုမင်းနေသော မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။

သူမသည် ခြေလှမ်းတစ်လှမ်းချင်း ရှေ့သို့ တိုးလာပြီး ပင့်ကူအိမ်များကဲ့သို့ အက်ကွဲကြောင်းများသည် သူမ၏ခြေထောက်အောက်ရှိ မြေပြင်တွင် ပျံ့နှံ့သွားကာ ကြောက်စရာကောင်းသော သွေးရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။

"ကျန်းဟုန်ကျူး... ကျန်းချီဖုန်း... မင်းတို့က သခင်မလေးကို ထိရဲတယ်ပေါ့... ဘုရင်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."

နဂါးနှင့်ကျား အမြွှာဘုရင်နှစ်ပါးတို့သည်ဒေါသကြောင့် ကျွတ်ထွက်မတတ်ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ကံမကောင်းစွာဖြင့် သူတို့နှစ်ဦးလုံးသည် ယန်ယွမ်ဘုရင်၏ ဖိနှိပ်ခြင်းကို ခံထားရပြီး မလှုပ်ရှားနိုင်ကြချေ။

"ဟား ဟား ဟား... အာရုံငါးပါးဘုရင်က သူ့ကိုယ်သူတောင် ဂရုစိုက်ဖို့ အလုပ်များနေတာ... သူ အဲ့ဒီစစ်ပွဲကနေ အသက်ရှင်နိုင်မလားဆိုတာ အရင်ကြည့်ကြတာပေါ့..."

ကျန်းဟုန်ကျူးက ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံများကို အဆက်မပြတ် ထုတ်လွှတ်လိုက်၏။

ထူထပ်သိပ်သည်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် လေထုထဲတွင် ပြည့်နှက်နေပြီး နှစ်ဖက်လုံးသည် တိုက်ခိုက်လုနီးပါး ဖြစ်နေကာ အချိန်မရွေး အချင်းချင်း သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေကြသည်။

သို့သော် ထိုအချိန်မှာပင် ပုံရိပ်တစ်ခုသည် လေဟာနယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျဆင်းလာသည်။

"အဲ့ဒါက မင်းလား..."

ကျန်းချီဖုန်း၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

ယခုရောက်ရှိလာသူကို မြင်တွေ့ချိန်၌ လုကျိရန်ဘက်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည်လည်း ကြက်သေသေသွားကြ၏။

အမှန်တကယ်ကို ယခုရောက်ရှိလာသူမှာ လုယွီပင်။

"မင်း ထွက်မသွားဘူးလား..."

သရဲတစ္ဆေစစ်သူကြီးတစ်ဦးက လွှတ်ခနဲ ပြောဆိုလိုက်မိသည်။

သူတို့၏အမြင်အရ လုယွီသည် စစ်မြေပြင်ကို ကြောက်ရွံ့ပြီး လမ်းတစ်ဝက်တွင် ခိုးထွက်သွားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ လုယွီသည် ဤနေရာတွင် ပြောင်ပြောင်တင်းတင်း ရှေ့သို့ထွက်လာခဲ့ပေ၏။

ယန်ယွမ်ဘုရင် ထွက်ပေါ်လာကာ ကျန်းချီဖုန်းပင်လျှင် သစ္စာဖောက်သွားလေပြီ။

လုယွီသည် အမှန်တကယ်ကို ထွက်ခွာမသွားခဲ့ချေ။ သူ မည်သည့်အရာကို တွေးတောနေခဲ့သနည်း။

"ယန်ယွမ်ဘုရင်... ငါ မင်းကို ရှာနေတာ ကြာပြီ... နောက်ဆုံးတော့ မင်း ပေါ်လာပြီပဲ..."

လုယွီက ရုတ်တရက် ပြောဆိုသည်။

လူများအားလုံး ထိတ်လန့်ပြီး ကြောက်ရွံ့သွားကြ၏။ ဤလူငယ်သည် အလွန်အမင်း မာနထောင်လွှားလွန်းပြီး သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယန်ယွမ်ဘုရင် ကို ပြဿနာရှာရန် အမှန်တကယ် ရောက်လာခဲ့သည်။

"ဒီအရူးကတော့..."

လုကျိရန်သည် သူမ၏မျက်လုံးများကို စုံမှိတ်လိုက်၏။ လုယွီ၏ ကြေကွဲဖွယ် အဆုံးသတ်ကို သူမ စိတ်ကူးယဉ်တွေးတောကြည့်နိုင်လေပြီ။

မျှော်လင့်ထားသည့်အတိုင်း မူလက နံဘေးမှ စောင့်ကြည့်နေခဲ့သော ယန်ယွမ်ဘုရင်သည် လုယွီက သူ၏နာမည်ကို ခေါ်လိုက်သည်အား ရုတ်တရက် ကြားလိုက်ရသည်။ သူသည် လုယွီကို အလွန်စိတ်ဝင်စားစွာဖြင့် ချက်ချင်းကြည့်လိုက်၏။

"မင်းက ဘယ်သူလဲ..."

ယန်ယွမ်ဘုရင်က လုယွီကို အကဲခတ်ကြည့်လိုက်သည်။

ယန်ယွမ်ဘုရင်၏ အစွမ်းထက်သော အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် လုယွီသည် ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ သူ၏ မျက်နှာသည် တည်ငြိမ်အေးဆေးနေကာ တူညီသည့်အဆင့်အတန်းရှိသူတစ်ဦးနှင့် တွေ့ဆုံရသည့်အလားပင်။

"ငါက မင်းရဲ့ အသက်ကို ယူဖို့ လာတဲ့သူပဲ..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"မင်းတို့ယန်မိသားစုမှာ တခြားသရဲဘုရင်တွေ ဒါမှမဟုတ် မဟာအကြီးအကဲတွေ အနီးအနားမှာ ရှိသေးလား... သူတို့ အားလုံးကို လာခိုင်းလိုက်... ငါ သူတို့အားလုံးကို တစ်ခါတည်း အပြတ်ရှင်းပေးမယ်..."

"လေလုံးထွားလိုက်တာ..."

ကျန်းချီဖုန်းသည် ဒေါသထွက်သွားပြီး အော်ငေါက်လိုက်၏။

"ယန်ယွမ်ဘုရင်... ဒီလူက အာရုံငါးပါးဘုရင် ဖိတ်ခေါ်ထားတဲ့ အစေခံအရှင်အသစ်ပဲ... သူက လေလုံးထွားတတ်တဲ့ စကားပြောကောင်းပြီး မြှောက်ပင့်တတ်တဲ့ လူလိမ်တစ်ယောက်ပဲ... အခု သူ့ကို မင်း သတ်ဖို့ ငါ ကူညီပေးနိုင်တယ်..."

ယန်ယွမ်ဘုရင်က သူ၏လက်ကို ဝှေ့ယမ်းကာ ကျန်းချီဖုန်းကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။

"နည်းနည်းတော့ စိတ်ဝင်စားစရာပဲ... ငါ့ရဲ့ရှေ့မှာ ငါ့ရဲ့အသက်ကို ယူမယ်လို့ ပြောရဲတဲ့သူ မရှိတာ ကြာပြီ..."

ယန်ယွမ်ဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။

"မင်းရဲ့အသက်အရွယ်ကို ကြည့်ရတာ သိပ်မကြီးသေးဘူး... အသက်သုံးဆယ်မကျော်လောက်ဘူး... အသက်သုံးဆယ်အောက် လူတွေထဲမှာ ငါ့ကို ဒီလို ပြောရဲတဲ့သူ နှစ်ယောက်ပဲ ရှိတယ်..."

သူ စကားပြောနေစဉ် မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ လူများ၏နားစည်များကို နာကျင်စွာဖြင့် တုန်ခါသွားစေသည်။

"ဘယ်လူနှစ်ယောက်လဲ..."

လုယွီက မေးမြန်းသည်။

"ပထမတစ်ယောက်က ငါတို့ယန်မိသားစုရဲ့ ပါရမီရှင် ယန်ဟွမ်း ပဲ... သူက ငါ့ရဲ့ ယန်မိသားစု မိသားစုခေါင်းဆောင်ရဲ့ အနာဂတ် ဆက်ခံသူပဲ... သူ့ရဲ့ ကျင့်ကြံခြင်းက မှန်းဆလို့မရနိုင်ဘူး... တကယ်လို့ မင်းသာ ယန်ဟွမ်း ဖြစ်ခဲ့မယ်ဆိုရင် အခု ချက်ချင်း မင်းရဲ့ မြင်းကို ဆွဲပေးပြီးတော့ မင်းရဲ့ ကြာပွတ်ကို ကိုင်ပေးဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."

ယန်ယွမ်ဘုရင်က အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

ပတ်ဝန်းကျင်မှ ထိတ်လန့်တကြား အသက်ရှူသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လူအများစုသည် ယန်ဟွမ်း၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကို ကြားဖူးကြ၏။

"ဒုတိယတစ်ယောက်ကတော့ မကြာသေးခင်က ငရဲနယ်မြေကို ဝင်ရောက်လာတဲ့ မဟာချင် ဧကရာဇ် ပဲ..."

"ဒီလူရဲ့ ဂုဏ်သတင်းကို ငါ ကြားဖူးတယ်... ငါတို့ မတိုက်ခိုက်ဖူးပေမဲ့ ကြီးမားတဲ့ ဂုဏ်သတင်းအောက်မှာ အတုအယောင်လူတွေ မရှိဘူး... ဒီလူက ကျိုးမိသားစုနဲ့ ကောင်းကင်ဘုံနယ်မြေက ကျွမ်းကျင်သူတွေအများကြီးကို ဖိနှိပ်နိုင်ပြီးတော့ ဗုဒ္ဓဂိုဏ်းကိုတောင် ချေမှုန်းနိုင်ခဲ့တယ်... တကယ်လို့ သူသာ ဒီဘုရင်ရှေ့မှာ ရပ်နေမယ်ဆိုရင် သူက ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်း ပြည့်မီကောင်း ပြည့်မီလိမ့်မယ်..."

'မဟာချင် ဧကရာဇ်' ဟူသော စကားလုံးများကို ကြားချိန်၌ လူများအားလုံး တိတ်ဆိတ်သွားကြသည်။

မဟာချင်စစ်တပ်သည် နယ်စပ်တံခါးကို ဖောက်ထွင်း၍ ဝင်ရောက်လာပြီး ယန်မိသားစုကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သူတို့ ယခင်ကတည်းက ကြားသိထားကြသည်။ ချင်စစ်တပ်သည် ဓားပူတစ်လက်က ထောပတ်ကို ဖြတ်သန်းသွားသကဲ့သို့ ချီတက်လာပြီး ယန်မိသားစုမှ လုံးလုံးလျားလျား ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း ပြောဆိုကြ၏။

ကံမကောင်းစွာဖြင့် သူတို့၏စတုတ္ထနယ်မြေမှာ နယ်စပ်တံခါးနှင့် အလွန်ဝေးကွာနေသည်။

မဟာချင်သည် ဝေးကွာသော ဒဏ္ဍာရီတစ်ခုကဲ့သို့ ဖြစ်နေပြီး သူတို့သည် ထိုအကြောင်းကို ကြားဖူးသော်လည်း မည်သည့်အဆက်အသွယ်မျှ မရှိခဲ့ကြချေ။

"ကံမကောင်းစွာနဲ့ မင်းက နိမ့်ကျတဲ့ အစေခံအရှင်တစ်ယောက်ပဲ... မင်းလို မာနထောင်လွှားတဲ့ လူငယ်တွေကို ငါ အများကြီး မြင်ဖူးတယ်..."

ယန်ယွမ်ဘုရင်၏ ရက်စက်ကြမ်းတမ်းသော အမူအယာသည် ပို၍ပီပြင်ထင်ရှားလာပြီး လုယွီ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အမူအယာ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုပေ၏။

သို့သော် သူ စိတ်ပျက်သွားခဲ့သည်။

လုယွီသည် အစမှအဆုံးထိ တည်ငြိမ်သော အမူအယာကို ထိန်းသိမ်းထားပြီး အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိချေ။

"ဟဲ ဟဲ... ဒီရုပ်ချောတဲ့ ကောင်လေးကို တျန်ဟဲမြို့မှာတုန်းက ဖမ်းပြီး ငါ့ရဲ့ကျွန်အဖြစ် ပြောင်းလဲချင်ခဲ့တာ..."

ကျန်းဟုန်ကျူးက ထူးဆန်းသော အက်ရှရှရယ်မောသံကို ထုတ်လွှတ်လိုက်ပြီး သူမ၏ နောက်ကျိနေသော မျက်လုံးတစ်စုံဖြင့် လုယွီကို အဆက်မပြတ် အကဲခတ်နေသည်။

"ဟူး... ကံမကောင်းတာက ငါတို့ဆီမှာ ရှေ့ကရပ်တည်နိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူတွေ မရှိဘူး..."

လုကျိရန်၏စိတ်ဓာတ်သည် အောက်ခြေထိ ကျဆင်းသွားပေသည်။ ယန်ယွမ်ဘုရင် ပြောဆိုသည်မှာ အမှန်ပင်။

ယန်ယွမ်ဘုရင် တစ်ပါးတည်းကပင် သူတို့၏ စတုတ္ထနယ်မြေမှ သရဲဘုရင်နှစ်ပါးကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။ ဤယန်ယွမ်ဘုရင်ကို ရင်ဆိုင်နိုင်သူမှာ သူမ၏ဖခင်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ယန်ယွမ်ဘုရင်၏နောက်တွင် ယင်လော့ ဧကရာဇ်လည်း ရှိနေပြီး မရေမတွက်နိုင်သော မဟာအကြီးအကဲများပင် ရှိနေလေရာ သူတို့၏ စတုတ္ထနယ်မြေ၏ရှုံးနိမ့်မှုသည် ကံကြမ္မာဖန်တီးပြီးသား ဖြစ်နေပေ၏။

နဂါးသရဲဘုရင်နှင့် ကျားသရဲဘုရင်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်ကာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကြသည်။ သူတို့နှစ်ဦးလုံးသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီးဖြစ်ကာ ဤအချိန်တွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန်ပင် ခက်ခဲနေရာ လုကျိရန်ကို ကာကွယ်ရန်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။

"နောက်မှ အချိန်တစ်ခု ရှာကြမယ်... အဆိုးဆုံး အခြေအနေကျရင် ငါတို့က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သခင်မလေးကို အပြင်ထုတ်ပေးမယ်..."

အစွမ်းထက် ကျင့်ကြံသူတချို့သည် အချင်းချင်း အသံပေးပို့ကာ ပြောလိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သေဆုံးရန် စိတ်ပိုင်းဖြတ်ထားမှုကို ပြသနေကြ၏။

သို့သော် ဤအချိန်၌ လုယွီက ရုတ်တရက် လှုပ်ရှားလိုက်သည်။

လူများအားလုံး၏အကြည့်အောက်တွင် လုယွီသည် ရုတ်တရက် သူ၏လက်ကိုမြှောက်ကာ အဝေးမှနေ၍ ကျန်းဟုန်ကျူးကို လက်ညှိုးညွှန်လိုက်သည်။

ကျန်းဟုန်ကျူးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဟား ဟား ဟား... ကောင်လေး...နင်က ဘာလုပ်ချင်တာလဲ... နင်က ငါ့ကို သတ်ချင်နေသေးတာလား..."

ဖူး...

မမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ရပ် ချက်ချင်းပေါက်ကွဲထွက်လာပြီး ကျန်းဟုန်ကျူး၏ခေါင်းသည် ချက်ချင်းအက်ကွဲသွားကာ သွေးများပန်းထွက်လာပြီး မြေပြင်အနှံ့အပြားသို့ ဖြာကျသွားသည်။

ကျန်းဟုန်ကျူးသည် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားတော့သည်။ ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စွမ်းအားသည် သူမ၏ရုပ်ခန္ဓာကိုယ်ကို သူမ၏စိတ်ဝိညာဉ်နှင့်အတူ လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုက်၏။

မျိုးဆက်တစ်ခု၏ သရဲဘုရင်သည် ဤကဲ့သို့ သေဆုံးသွားခဲ့သော်လည်း လုယွီအတွက်မူ ဤသည်က ပုရွက်ဆိတ်တစ်ကောင်ကို ချေမွရသည့်အလား ရိုးရှင်းနေသည်။

"ငါက မဟာချင် ဧကရာဇ်လို့ ပြောရင်ရော..မင်း ဘယ်လိုသဘောရလဲ..."

လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေလေ၏။ သူ၏ အနက်ရောင် ဆံပင်များသည် ရေတံခွန်တစ်ခုကဲ့သို့ ဖြာကျပြီး အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါသည် ကောင်းကင်ယံသို့ ပျံ့လွင့်သွားကာ တိမ်တိုက်များကို ထွင်းဖောက်သွားသည်။

wunzinnosp

Chapter 5453

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းဆိုသလိုပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားပေ၏။

ယခင်က သူ့ကို လှောင်ပြောင်ခဲ့သော အစွမ်းထက် ကျင့်ကြံသူများသည် ဤအချိန်တွင် ကြက်သေသေနေကြသည်။ သူတို့၏ မျက်လုံးများဖြင့် သူတို့၏ရှေ့ရှိ မြင်ကွင်းကို စူးစိုက်၍ကြည့်နေကြပြီး စကားတစ်ခွန်းမျှ မပြောနိုင်လောက်အောင် တွေဝေမိန်းမောနေသည်။

မြေပြင်ပေါ်တွင် သွေးများစွန်းထင်းနေပြီး ကျန်းဟုန်ကျူး၏ ထူးခြားသော အက်ရှရှအသံသည် သူတို့၏နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ သို့ရာတွင် သူမသည် အမှန်တကယ်ကို သေဆုံးသွားခဲ့လေပြီ။ ထိုအစွမ်းထက်သော စွမ်းအားသည် လောကကြီးတွင် သူမ တည်နေရှိမှု၏ သဲလွန်စများအားလုံးကို ဖယ်ရှားရှင်းလင်းလိုက်သည်။

ဤသည်မှာ သရဲဘုရင်တစ်ပါးပင်။

ကျန်းဟုန်ကျူး၏စွမ်းအားသည် မကြီးမားသော်လည်း သူမသည် သရဲဘုရင်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲပင်။ နဂါးနှင့်ကျား အမြွှာဘုရင်နှစ်ပါးတို့ လှုပ်ရှားခဲ့လျှင်ပင် သူမကို ဖယ်ရှားရန် အားစိုက်ထုတ်မှုတချို့ လိုအပ်ပေလိမ့်မည်။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ကျားသရဲဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်၍ ကြည့်နေလေ၏။

ကျန်းဟုန်ကျူး၏အသက်ကို ဤမျှထိ လွယ်ကူစွာ နုတ်ယူနိုင်ရန်မှာ သူကိုယ်တိုင်ပင် မလုပ်နိုင်ကြောင်း ကျားသရဲဘုရင်က ကောင်းစွာသိရှိထားသည်။

"ဘာ..."

ကျန်းချီဖုန်းထံတွင် အံ့အားသင့်မှုများနှင့် ဒေါသများ ရောယှက်နေသည်။ သူသည် ရုတ်တရက် ဓားကိုဆွဲထုတ်ပြီး လုယွီကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျန်းချီဖုန်းသည် အလျင်အမြန် နောက်ဆုတ်ကာ နောက်သို့ ပျံသန်းသွားပေ၏။ ဤသည်မှာ အမှန်အားဖြင့် လှည့်စားမှုတစ်ခုသာဖြစ်ပြီး သူသည် လုယွီ၏ရှေ့မှ ထွက်ပြေးရန် ကြိုးစားနေခြင်းပင်။

ကျန်းချီဖုန်းသည် ကျန်းဟုန်ကျူး၏စွမ်းအားကို အလွန်ရင်းနှီးပေ၏။ သူမသည် သူနှင့် အဆင့်တူ၌ ရှိနေသည်။ ယခုအချိန်၌ ကျန်းဟုန်ကျူးသည် ရုတ်တရက် အသတ်ခံလိုက်ရသဖြင့် လုယွီထံတွင် သူ့ကို သတ်ရန် စွမ်းအားမျိုး သေချာပေါက် ရှိနေကြောင်း အဓိပ္ပာယ်ရသည်။

"သူက မဟာချင်ဧကရာဇ်လား... သူက ဘယ်လိုလုပ်ပြီး မဟာချင်ဧကရာဇ် ဖြစ်နိုင်မှာလဲ..."

ကျန်းချီဖုန်းသည် နောက်ဆုံးတွင် ထိတ်လန့်ကြောက်ရွံ့သွားပေ၏။

သူသည် များစွာစဉ်းစားတွေးတောပြီးနောက် အာရုံငါးပါးဘုရင်သည် လူငယ်တစ်ဦးကို မည်သည်ကြောင့် ဤမျှထိ ယုံကြည်နေခဲ့ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သဘောပေါက်သွားသည်။

သူသည် ယန်မိသားစုကို တိုက်ခိုက်ခြင်းကဲ့သို့ အရေးကြီးသည့် ကိစ္စကိုပင် လုယွီ တစ်ယောက်တည်းအား ယုံကြည်စွာ အပ်နှံခဲ့သည်။

မဟာချင်ဧကရာဇ်အဆင့်တွင်ရှိသော အစွမ်းထက်သူ တစ်ဦးသာလျှင် အခြေအနေ တစ်ခုလုံးကို ကြီးကြပ်နိုင်ပြီး သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် အခြေအနေကို ပြောင်းလဲနိုင်ပေမည်။

"ဒီလိုပဲ ဖြစ်ရမယ်... မဟာချင်နဲ့ စတုတ္ထနယ်မြေမှာ ဘုံရန်သူ ရှိတယ်... သူတို့ ပူးပေါင်းတာက ပုံမှန်ပဲလေ... တကယ်လို့ ငါသာ သူတို့ကို သစ္စာမဖောက်ခဲ့ရင် အခုချိန်မှာ မဟာချင်နဲ့ အဆက်အသွယ်တောင် လုပ်ကောင်း လုပ်နိုင်လိမ့်မယ်... ငါ အရမ်း နောင်တရတယ်..."

ကျန်းချီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်း၌ အဆက်မပြတ် ညည်းတွားနေမိသည်။

လူတစ်ယောက်သည် ခြေတစ်လှမ်း မှားသည်နှင့် အရာအားလုံး မှားယွင်းသွားတက်သည်။

သူသည် မာနထောင်လွှားမှုနှင့် အသားကျနေပြီး လောကရှိ သူရဲကောင်းများ အားလုံးကို အထင်သေးနေခဲ့၏။ လူငယ်တစ်ယောက်ဖြစ်သော လုယွီ ရုတ်တရက် ထွက်ပေါ်လာသောအချိန်၌ ထိုလူငယ်သည် သာမန်သာ ဖြစ်ကြောင်း သူ၏အတွေ့အကြုံအပေါ် အခြေခံ၍ သူ ယုံကြည်ခဲ့သည်။

မထင်မှတ်ဘဲ အမှန်တရား ထွက်ပေါ်လာချိန်၌ သူသည် အမိုက်မဲခဲ့ဆုံးသူ ဖြစ်နေပေ၏။

"ငါ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်... မဟာချင်ဧကရာဇ်က ရက်စက်တဲ့ လူသတ်သမား တစ်ယောက်ဖြစ်ပြီးတော့ ယန်မိသားစုရဲ့ မဟာအကြီးအကဲတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ကောလာဟလတွေ ရှိတယ်..."

ဤအရာကို တွေးတောမိချိန်၌ ကျန်းချီဖုန်းသည် သူ၏ဆံပင်များ ထောင်ထလာသည်ကို ခံစားလိုက်ရသည်။

သို့သော် သူ၏နားထဲ၌ လေတိုးသံတစ်သံ ထွက်ပေါ်လာပြီး လုယွီ၏အသံသည် သူ၏နားနံဘေး၌ ပဲ့တင်ထပ်နေသည့်အလားပင်။

"လွီသိုင်းမှာ အရည်အချင်းတချို့ ရှိပေမဲ့ လူတွေကို အကဲဖြတ်တဲ့ နေရာမှာတော့ သူက မထူးချွန်ဘူး... တော်ဝင်အိမ်တော်က မကောင်းဆိုးရွားကျင့်ကြံသူကို မင်း စီစဉ်ခဲ့တာ မဟုတ်လား..."

လုယွီ၏မျက်လုံးအကြည့်က ကံကြမ္မာမြူခိုးများကို ထွင်းဖောက်သွားသည်။ ဤဖုံးကွယ်ထားသော နည်းလမ်းသည် သူ၏အမြင်အာရုံအောက်မှ မလွတ်မြောက်နိုင်ချေ။

'မကောင်းဆိုးရွားကျင့်ကြံသူ' ဟူသော စကားလုံးများကို ကြားချိန်၌ ကျန်းချီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူ နောက်သို့လှည့်ကြည့်လိုက်သည်နှင့်တပြိုင်နက် အလွန်ကြီးမားပြီး ကြီးကျယ်ခမ်းနားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုက သူ့ထံသို့ ဦးတည်၍ ပြင်းထန်စွာ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

"အသက်ချမ်းသာပေးပါ..."

ကျန်းချီဖုန်း၏ သနားညှာတာရန် တောင်းပန်မှုသည် သူ၏ပါးစပ်မှ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ရွှေရောင်လက်ဝါးပုံရိပ်ယောင်သည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူ့ထံသို့ ရောက်ရှိလာသည်။

'ဘုန်း'ခနဲ အသံကြီးနှင့်အတူ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ကျန်းချီဖုန်း၏ အကာအကွယ်အလွှာများကို ခြေမွှဖျက်ဆီးလိုက်၏။ ဤအခွင့်အရေးသမားသည် ကြွယ်ဝချမ်းသာမှုဆီသို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီဟု တွေးထင်ခဲ့သော်လည်း ထိုအစား သူသည် သူ၏ကိုယ်ပိုင်အသက်ကို မြှုပ်နှံခဲ့သည်။

ပြင်းထန်သော စွမ်းအားသည် ထိုက်တောင်ကြီးတစ်လုံးအလား ကျဆင်းလာသည်။ ကျန်းချီဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးမြူများအဖြစ်သို့ ပေါက်ကွဲသွားပြီး သူ၏အရိုးများ ကြေမွှပျက်စီးသွားသည်။ သူ၏မူလစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ပြင်ပသို့ ပျံသန်းမထွက်နိုင်မီမှာပင် အမှုန်အမွှားများအဖြစ်သို့ ခြေမွှဖျက်ဆီးခြင်းခံလိုက်ရသည်။

မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားပေ၏။ ဤလက်ဝါးရိုက်ချက်သည် ကျန်းချီဖုန်းကို သတ်ပစ်ရုံသာမက နောက်ချန်စွမ်းအားများလည်း ကျန်ရှိနေသဖြင့် မြေပြင်တွင် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုကို ချန်ထားခဲ့သည်။

"ဒီနေ့ ငါက လွီသိုင်းအတွက် သူ့ရဲ့အိမ်ကို သန့်ရှင်းရေးလုပ်ပေးတာပဲ..."

လုယွီ၏အသံသည် တည်ငြိမ်နေပြီး သူသည် အရေးမပါသော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အလား သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။

wunzinnosp

Chapter 5454

လူတိုင်းသည် သူတို့ရှေ့ရှိ မြင်ကွင်းကို စူးစိုက်၍ကြည့်နေကြပြီး လူအများစုသည် သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ကြချေ။

ကျန်းမိသားစုမှ သရဲဘုရင်နှစ်ပါးသည် ဤကဲ့သို့နည်းလမ်းဖြင့် သေဆုံးသွားခဲ့ပေ၏။ သူတို့ထံ၌ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်း ရှိနေသည့်တိုင် သူတို့သည် လုယွီ၏ပြိုင်ဘက်များ မဟုတ်ခဲ့ချေ။

"မျှော်လင့်ထားတဲ့အတိုင်းပဲ....သူက မဟာချင် ဧကရာဇ်ပဲ..."

နဂါးနှင့်ကျား အမြွှာဘုရင်နှစ်ပါး တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ စိတ်သက်သာရာရသွားမှုတွင် ခါးသီးသော အပြုံးတစ်ခု ရောယှက်နေသည်။

သူတို့ အမှန်တကယ်ကို အကဲဖြတ် မှားယွင်းသွားခဲ့သည်။ သူတို့၏စိတ်ကူးယဉ်တွေးတောမှု မည်မျှပင် ကောင်းမွန်စေကာမူ ထိုအချိန်က သူတို့၏ရှေ့တွင် ထိုင်နေသူမှာ နာမည်ကြီး မဟာချင် ဧကရာဇ် ဖြစ်မည်ဟု သူတို့ မည်သည့်အချိန်ကမျှ ခန့်မှန်းမိနိုင်မည် မဟုတ်ချေ။

"ချင်ဧကရာဇ်ရဲ့စွမ်စအားက သာမန်သရဲဘုရင် တွေထက် အများကြီး သာလွန်တယ်... ကျန်းချီဖုန်းမှာ အသက်ကယ်နည်းလမ်းတချို့ ရှိပေမဲ့ သူ သေသွားတုန်းပဲ... ဒါက ချင်ဧကရာဇ်က သာမန်သရဲဘုရင်တွေကို ရင်ဆိုင်ရတဲ့အချိန်မှာ အမြစ်ပြတ်ချေမှုန်းနိုင်တယ်ဆိုတာကို ပြသနေတာပဲ..."

နဂါးသရဲဘုရင်သည် အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး သူ၏မျက်လုံးများတွင် အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။

"ချင်ဧကရာဇ် က လှုပ်ရှားခဲ့မှတော့ အရာအားလုံးက အများကြီး ပိုလွယ်သွားလိမ့်မယ်... ချင်ဧကရာဇ် နဲ့ အဆက်အသွယ် လုပ်နိုင်ခဲ့တဲ့ ဘုရင်က တကယ်ကို ဉာဏ်ပညာရှိတာပဲ..."

အမှန်တရား ထွက်ပေါ်လာသည်နှင့်အမျှ သရဲဘုရင်နှစ်ဦး၏သဘောထားများ ချက်ချင်းဆိုသလိုပင် သိသိသာသာ ပြောင်းလဲသွားသည်။

ငရဲနယ်မြေရှိ လူအမြောက်အများအတွက် ချင်ဧကရာဇ်သည် ဒဏ္ဍာရီတစ်ခုဖြစ်ပြီး နားလည်ရခက်သည်။ သို့သော် ကောင်းကင်ဘုံနယ်မြေတွင် ရာဇပလ္လင်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ပြီး ယန်မိသားစုကို စိန်ခေါ်နိုင်သော အစွမ်းထက်သူတစ်ဦးသည် သေချာပေါက် အားနည်းမည် မဟုတ်ချေ။

ပတ်ဝန်းကျင်ရှိ အစွမ်းထက်ကျင့်ကြံသူများသည် တိတ်ဆိတ်သွားကြပြီး သူတို့၏စိတ်နှလုံးသားများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ သူတို့ ကံကောင်းသည်ဟု ခံစားရသည့်အပြင် စိုးရိမ်မှုများလည်း ရှိနေကြသည်။

သူတို့ကို ကူညီရန် တစ်စုံတစ်ယောက် ရောက်လာသဖြင့် သူတို့ အသက်ရှင်နိုင်တော့မည်ဖြစ်၍ ကံကောင်းသည်ဟု ခံစားရသည်။ သို့ရာတွင် သူတို့သည် ယခင်က လုယွီကို လှောင်ပြောင်ခဲ့ကြပြီး သူတို့ လှောင်ပြောင်ခဲ့သူမှာ မဟာချင် ဧကရာဇ် ဖြစ်မည်ဟု မည်သည့်အချိန်ကမျှ ထင်မှတ်မထားခဲ့ကြချေ။

လုကျိရန်သည် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားပြီး လုယွီ၏ပုံရိပ်သည် သူမ၏ မျက်လုံးသူငယ်အိမ်များတွင် ထင်ဟပ်နေပေ၏။

"မဟာချင် ဧကရာဇ်..."

လုကျိရန်က တီးတိုးရေရွတ်လိုက်သည်။

သူမ အထင်သေးခဲ့သူသည် သူမ မော့ကြည့်ရုံသာ တတ်နိုင်သော တည်ရှိမှုတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားမည်ဟု သူမ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။

ခါးသီးမှု စိတ်ခံစားချက်တစ်ရပ်သည် လုကျိရန်၏စိတ်နှလုံးသားထဲတွင် ရုတ်တရက် ဖြစ်ပေါ်လာပြီး အရှက်ရမှုများက လွှမ်းမိုးသွားသည်။ အတိတ်က သူမသည် မာနကြီးသော ငန်းတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ယခုအချိန်၌ သူမသည် အစစ်အမှန် နဂါတစ်ကောင်ကို မြင်တွေ့ရသူတစ်ဦးကဲ့သို့ဖြစ်နေပြီး သူမက လုယွီကိုပင် စေ့စေ့မကြည့်ဝံ့တော့ချေ။

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ယန်ယွမ်ဘုရင်သည် ရုတ်တရက် အလျင်အမြန် နောက်ဆုတ်သွားပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

သူ၏ကြီးမားသော ခန္ဓာကိုယ်သည် အနက်ရောင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင်ထုထဲတွင် ချက်ချင်း ပုန်းအောင်းသွားသည်။ လုယွီကဲ့သို့ ပြိုင်ဘက်ကို ရင်ဆိုင်ရချိန်တွင် သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။

သရဲဘုရင် တစ်ပါး၏မာန်မာနနှင့် ယန်မိသားစု၏ တာဝန်စသည့် အရာများသည် အသက်အန္တရာယ် ရှိနေချိန်တွင် မည်သည့်အရာကမျှ အရေးမပါတော့ချေ။

"ကောက်ကျစ်တဲ့ကောင်... သူက ထွက်ပြေးဖို့ ကြိုးစားနေတယ်..."

အစွမ်းထက်ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်၏။

ဤယန်ယွမ်ဘုရင်သည် သူတို့ကို အနိုင်ကျင့်ရန် လွယ်ကူသည်ကို မြင်ချိန်၌ ရက်စက်ပြီး ကြောက်ရွံ့မှုကင်းစွာ ပြုမူခဲ့သည်။

သို့သော် ယခုအချိန်၌ သူ၏ရှေ့တွင် လုယွီကို မြင်တွေ့သည်နှင့် သူ့ထံတွင် သရဲဘုရင် တစ်ပါး၏ ဂုဏ်သိက္ခာ အနည်းငယ်မျှ မရှိဘဲ ချက်ချင်း ထွက်ပြေးသွားပေ၏။

"အနှစ်တစ်ထောင်မှ တစ်ခါကြုံရတဲ့ အခွင့်အရေးက... ဒီလိုပဲ လွတ်သွားတော့မှာလား..."

"တကယ်လို့ ယန်ယွမ်ဘုရင်သာ ဒီနေရာမှာ သေသွားရင် ငါတို့ရဲ့စတုတ္ထနယ်မြေရဲ့တိုက်ခိုက်မှုက အများကြီး ပိုလွယ်သွားလိမ့်မယ်... ပြီးတော့ ငါတို့က တန်ပြန်တိုက်ခိုက်မှုကိုတောင် စတင်နိုင်တယ်..."

လူအမြောက်အများသည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်ကြပြီး ယန်ယွမ်ဘုရင်ကို သတ်ရန် ပြီးပြည့်စုံသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားသည့်အလားပင်။

"မင်းကို ထွက်သွားခွင့်ပြုတယ်လို့ ငါ ပြောခဲ့လို့လား..."

ရုတ်တရက် လုယွီ၏ဒေါသတကြီး အော်ငေါက်သံကြီးသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပေ၏။

လူများအားလုံး သူတို့၏နားများ အူသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ မတုံ့ပြန်နိုင်မီ လုယွီက ရှေ့သို့ခြေတစ်လှမ်းတိုးလာသည်ကို မြင်လိုက်ရပြီး သူ၏လက်ဝါးအတွင်းတွင် ထူထပ်သိပ်သည်းသော မဟာတာအိုသင်္ကေတများ ထွက်ပေါ်လာကာ သူ၏လက်ကို ရှေ့သို့ ဖိနှိပ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လေဟာနယ် လုံးလုံးလျားလျား ပိတ်ဆို့သွားသည်။ ကောင်းကင်နှင့်မြေပြင်သည် ဧရာမ လှောင်အိမ်ကြီးတစ်ခုကဲ့သို့ဖြစ်ပြီး ဥပဒေသ များပင်လျှင် ထိုနေရာအတွင်းတွင် ချိတ်ပိတ်ခြင်းခံလိုက်ရသည်။

"ဒါက ဘယ်လို နည်းလမ်းမျိုးလဲ..."

လူများအားလုံး ထိတ်လန့်သွားကြ၏။ ထိုစွမ်းအားသည် မိုးထိလုမတတ် မြင့်မားနေပြီး သူတို့၏ မျှော်မှန်းချက်များထက် သာလွန်နေသည်။

ရုတ်ချည်းဆိုသလိုပင် ဖရိုဖရဲဖြစ်နေသော ပုံရိပ်တစ်ခုကို လုယွီက မိုးကောင်းကင်ယံရှိ အမှောင်ထုထဲမှ အတင်းအကြပ် ဆွဲထုတ်လိုက်သည်။

wunzinnosp

Chapter 5455

ယန်ယွမ်ဘုရင်သည် အဝေးရှိ အနက်ရောင် မြူခိုးများထဲမှ သနားဖွယ်ကောင်းစွာ ဆွဲထုတ်ခံလိုက်ရသည်။

သူသည် အနီရင့်ရောင် တောက်ပမှုများဖြင့် ပြည့်နှက်နေသော သူ၏မှော်စွမ်းအား အပြည့်အဝဖြင့် ခုခံခဲ့သော်လည်း လုယွီ၏လက်ဝါးရိုက်ချက်ကို မတားဆီးနိုင်ခဲ့ချေ။

ယန်ယွမ်ဘုရင်၏နောက်တွင် မှော်စွမ်းအား အလင်းဝန်းစက်တစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး ယခုအချိန်၌ မယုံနိုင်လောက်အောင် မှိန်ဖျော့သွားပေ၏။ သူ၏အရှိန်အဝါတစ်ခုလုံးသည် အလွန်အမင်း အားနည်းသွားပြီး သူ၏သက်စောင့်စွမ်းအင်များ အချိန်မရွေး ငြိမ်းသေသွားနိုင်သည့်အလားပင်။

သို့သော် ယန်ယွမ်ဘုရင်သည် မည်သို့ပင်ဆိုစေကာမူ ယန်မိသားစုမှ စေလွှတ်လိုက်သော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးပင်။ ကျန်းချီဖုန်းနှင့် မတူညီဘဲ သူသည် နေရာမှာပင် သေဆုံးသွားခဲ့ခြင်းမရှိဘဲ လုယွီ၏ လက်ဝါးရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး တောင့်ခံနိုင်ခဲ့သည်။

"ဒီနေရာက ကောင်းကင်နဲ့မြေပြင်ကြားမှာ ပြိုင်ဘက်ကင်းတဲ့ သတ်ဖြတ်ရေး ဝင်္ကပါတစ်ခုကို ငါ အရင်ကတည်းက ပြင်ဆင်ထားခဲ့တယ်... မင်းက မဟာချင်ဧကရာဇ် ဖြစ်နေရင်တောင် မင်းကို ငါ သတ်မယ်..."

ယန်ယွမ်ဘုရင်သည် သွေးများကို အန်ချလိုက်ပြီး သူ၏မျက်နှာပေါ်ရှိ အမူအရာသည် တဖြည်းဖြည်း ရူးသွပ်လာပေ၏။

ဤစကားကိုကြားချိန်၌ လက်ရှိနေရာရှိ လူများအားလုံး၏မျက်နှာအသွေးအရောင်များ ပြောင်းလဲသွားသည်။

သူတို့သည် ပတ်ဝန်းကျင်အခြေအနေကို အာရုံခံလိုက်ရာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများသည် အမှန်တကယ် လှုပ်ရှားနေကာ ပွက်ပွက်ဆူနေသော ရေကဲ့သို့ ပြင်းထန်စွာ စတင်၍ အငွေ့ပျံနေကြောင်း တွေ့ရှိလိုက်ရသည်။

မြေပြင်တပြင်လုံး ပြင်းထန်စွာ စတင်တုန်ခါလာပြီး စခန်း၏ရွက်ဖျင်တဲတချို့ ပြိုကျသွားကာ အတွင်းတွင် ဖုံးကွယ်နေသော ဝင်္ကပါဗဟိုချက် များ ပေါ်လွင်လာသည်။ အက်ကွဲကြောင်းများသည် တစ်ခုပြီးတစ်ခု ပွင့်လာပြီး ထိုအရာများမှ အစိမ်းရင့်ရောင် အလင်းတန်းများ ဖြာထွက်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။

"ငါတို့ စောစောကတည်းက သဘောပေါက်ခဲ့သင့်တယ်... ယန်ယွမ်ဘုရင်က ဒီနေရာမှာ ခြုံခိုတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မှတော့ သူ့ဆီမှာ သေချာပေါက် နောက်ထပ်အစီအစဉ်တစ်ခု ရှိနေရမယ်..."

"သူက အရမ်း သတိထားလွန်းတယ်... သူက ဒီနေရာမှာ ပြိုင်ဘက်ကင်းတဲ့ သတ်ဖြတ်ရေး ဝင်္ကပါတစ်ခုကိုတောင် စီစဉ်ထားသေးတယ်..."

လူများအားလုံး၏ စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။ လူတချို့သည် ဖောက်ထွက်ရန် ရည်ရွယ်ခဲ့သော်လည်း ရုတ်တရက် ကြီးမားကျယ်ပြန့်ပြီး ပြိုင်ဘက်ကင်းသော ဖိအားတစ်ခု ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ တောင်ကြီးတစ်လုံးက ဖိချလာသကဲ့သို့ သူတို့ကို တင်းကျပ်စွာ ဖိနှိပ်ထားသဖြင့် သူတို့သည် ခေါင်းပင် မမော့နိုင်တော့ချေ။

ယန်ယွမ်ဘုရင် က လှောင်ပြောင်လိုက်သည်။

"မင်းတို့က ဘာကောင်တွေ မလို့လဲ... ဒီသတ်ဖြတ်ရေး ဝင်္ကပါကို အစက ဒီဘုရင်က အာရုံငါးပါးဘုရင်အတွက် ပြင်ဆင်ထားခဲ့တာ... ဒီဝင်္ကပါအောက်မှာ မင်းတို့ သေရတာ မင်းတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ပြီ..."

ထိုစကားကိုပြောဆိုပြီးနောက် ယန်ယွမ်ဘုရင်သည် လုယွီကို ထပ်မံ၍ ကြည့်လိုက်၏။

"ဒါကို ငါတို့ရဲ့ ယန်မိသားစုဧကရာဇ်ကိုယ်တိုင် စီစဉ်ထားတာ... ချင်ဧကရာဇ်... မင်းက ငါတို့ယန်မိသားစုကို လုံးဝ မရန်စခဲ့သင့်ဘူး... အခု မင်းက ကောင်းကင်ဘုံသားတော် မဖြစ်နိုင်တော့ဘဲနဲ့ မင်းက ငရဲနယ်မြေမှာ အထီးကျန် သရဲတစ်ကောင် ဖြစ်လာတော့မယ်လို့ ငါ စိုးရိမ်တယ်..."

လူများအားလုံးက ယန်ယွမ်ဘုရင်သည် အစောပိုင်းက ထွက်ပြေးနေခြင်း မဟုတ်ဘဲ သတ်ဖြတ်ရေးဝင်္ကပါကို သွားရောက်အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက် နားလည်သဘောပေါက်သွားကြသည်။

ဤအကြံအစည်သည် အလွန်ရက်စက်သည်ဟု လူအများက တွေးတောမိကြသည်။ အကယ်၍ လုယွီသာ ထွက်ပေါ်မလာပါက ယန်ယွမ်ဘုရင် သည် လုကျိရန်ကို ဖမ်းဆီးထားပြီးဖြစ်ကာ အာရုံငါးပါးဘုရင်ကို ဤနေရာသို့ လာရန် ခြိမ်းခြောက်နိုင်ပေလိမ့်မည်။

အာရုံငါးပါးဘုရင်၏ စရိုက်အရ သူသည် သူ၏သမီးကို ကယ်ဆယ်ရန် သေချာပေါက် လာပေလိမ့်မည်။ ထိုအချိန်တွင် ဤသတ်ဖြတ်ရေး ဝင်္ကပါ ကို အသက်သွင်းလိုက်သည်နှင့် အာရုံငါးပါးဘုရင်သည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး စတုတ္ထနယ်မြေတစ်ခုလုံးသည်လည်း ယန်မိသားစု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပေမည်။

"ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ သတ်ဖြတ်ရေးဝင်္ကပါလဲ..."

ကျားသရဲဘုရင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေပြီး သူက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

သရဲဘုရင်နှစ်ပါးအနက် သူသည် ဒဏ်ရာ အနည်းအကျဥ်းသာ ရရှိထားသည်။ ဤအချိန်တွင် သူသည်လည်း ပြန်လည်ကောင်းမွန်လာပြီး သူ၏ရှေ့ရှိ သတ်ဖြတ်ရေးဝင်္ကပါကို ဖောက်ထွက်ရန် စတင်၍ ကြိုးစားခဲ့သည်။ သို့ရာတွင် အကြိမ်များစွာ ကြိုးစားပြီးနောက် သူတို့အားလုံး မအောင်မြင်ဘဲ ပြန်လာခဲ့ကြရသည်။

လူများအားလုံးသည် ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ဖြစ်နေပြီး လုယွီက အခြေအနေကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်နေကြ၏။ ဤအချိန်အခိုက်အတန့်တွင် သူတို့၏ အကြည့်များအားလုံး လုယွီအပေါ်သို့ ကျရောက်နေသည်။

လုယွီသည် တိတ်ဆိတ်နေဆဲပင်။ သူက လက်ကို မြှောက်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။ ရက်စက်ကြမ်းတမ်းသော လက်သီးချီစွမ်းအင်သည် လေဟာနယ်ကို ကွဲအက်သွားစေပြီး အနက်ရောင် လေဟာနယ် အက်ကွဲကြောင်းများကို ဖန်တီးလိုက်၏။

လေပြင်းများ တိုက်ခတ်နေကာ ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းတမ်းသော လက်သီးချီစွမ်းအားများ ပွင့်အံ့ထွက်လာပြီး နားကွဲလုမတက် ပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။

အင်မော်တယ်စွမ်းအား ရုပ်ခန္ဓာကိုယ် စွမ်းအားနှင့် နတ်ဘုရားစွမ်းအားဟူသည့် မတူညီသော စွမ်းအားသုံးခု ပေါင်းစည်းနေသဖြင့် လုယွီ၏ လက်သီးချက်ကို အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပွင့်အံ့ထွက်လာစေသည်။ ထိုလက်သီးချီစွမ်းအင်များသည် အလျားလိုက် တိုက်ခတ်သွားပြီး နေရောင် သို့မဟုတ် လရောင်မရှိဘဲ ကောင်းကင်နှင့်မြေပြင်ကို အမှောင်ထုထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားစေလုနီးပါးပင်။

လုယွီ၏ပုံရိပ်သည် ဤရက်စက်ကြမ်းတမ်းသော လက်သီးချီစွမ်းအင်အတွင်း၌ ပုန်းကွယ်နေပေ၏။ သူ၏ အဝတ်အစားများသည် လူးလွန့်နေပြီး သေမျိုးလောကသို့ ဆင်းသက်လာသော ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးအလားပင်။ သူ၏အနက်ရောင်ဆံပင်များသည် ပြေလျော့နေပြီး လေထဲတွင် လူးလွန့်နေသည်။

ဘုန်း...

ဤလက်သီးချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ သတ်ဖြတ်ရေးဝင်္ကပါ၏ စွမ်းအားသည် ထိုအရာနှင့်အတူ တွန့်လိမ်ပြီး လှုပ်ခတ်သွားသည်။ ဝင်္ကပါဗဟိုချက်များသည် အဆက်မပြတ် ကွဲအက်သွားကြ၏။ ဤသည်မှာ ယင်လော့ဧကရာဇ်ကိုယ်တိုင် စီစဉ်ထားသော တိုက်ပွဲဝင်ဝင်္ကပါ ဖြစ်သော်လည်း လုယွီ၏ စွမ်းအားကို ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

All Chapters