အခန်း (၅၄၅၆-၅၄၆၀)
Vol. 276 Ch. 5456-5460
Chapter 5456
ဘုန်း...
လုယွီသည် နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ဤတစ်ချက်သည် ယခင်တစ်ချက်ထက် ပို၍ပင် ရက်စက်ကြမ်းတမ်းပြီး တောင်များနှင့် မြစ်များကို ဖြိုခွဲနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကင်း စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ရေး ဝင်္ကပါသည် ချက်ချင်းအက်ကွဲသွားပေ၏။ ထိုအရာသည် မိုးကြိုးကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို မထုတ်ဖော်နိုင်မီ လုယွီ၏ လုံးလုံးလျားလျား ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရပေ၏။
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ... လက်သီးချက်နှစ်ချက်က ယင်လော့ဧကရာဇ်ရဲ့ သတ်ဖြတ်ရေးဝင်္ကပါကို တကယ်ကြီး ဖျက်ဆီးလိုက်တာလား..."
လူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ သူတို့၏ရှေ့ရှိ မြင်ကွင်းသည် လူတိုင်း၏ အာရုံကြောများကို နှိုးဆွပေးပြီး သူတို့ကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။
လက်သီးချီစွမ်းအင်သည် အဝေးသို့ ပျံ့နှံ့သွားပြီး တောင်များကို နေရာအနှံ့အပြားသို့ ပြိုကျသွားစေကာ ကျောက်စရစ်ခဲများ လွင့်စင်သွားသည်။ မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါကာ အက်ကွဲသွားပြီး လောကကြီးပျက်သုန်းတော့မည့် ဖျက်ဆီးခြင်း မြင်ကွင်းတစ်ခုအလားပင်။
"အရင်ဆုတ်ကြစို့... အနားကို မကပ်နဲ့..."
ကျားသရဲဘုရင်က သတိပေးလိုက်ပြီး လူများအားလုံးကို သူ၏နောက်တွင်ထားကာ ကာကွယ်ပေးထား၏။
တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသား ပြင်းထန်စွာ ခုန်ပေါက်နေသည်။ လုယွီ၏ ပစ်မှတ်သည် သူတို့ မဟုတ်သော်လည်း သူ ပြသခဲ့သော စွမ်းအားက နံဘေးမှ ကြည့်နေသူများဖြစ်သော သူတို့ကိုပင် ထိတ်လန့်တုန်လှုပ်မှု ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
"ငါ ဖျက်ဆီးပစ်မှာက မင်းတို့ ယန်မိသားစုပဲ... သာမန်ယမမင်းတစ်ယောက်က သူ့ကိုယ်သူ ဧကရာဇ်လို့ ဘယ်လိုလုပ်ပြီး ခေါ်ရဲတာလဲ... သူ့ကို ဘယ်သူက သတ္တိပေးလိုက်တာလဲ..."
လုယွီ၏အသံက ပီပြင်ရှင်းလင်းစွာ ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။
သတ်ဖြတ်ရေးဝင်္ကပါကြီး လုံးလုံးလျားလျား အက်ကွဲသွားပေ၏။ လုယွီ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ဂရုတစိုက် စီမံခင်းကျင်းထားသော ဤသတ်ဖြတ်ရေး ဝင်္ကပါသည် မည်သည့် ရလဒ်မှ မရရှိခဲ့ဘဲ အနည်းငယ်မျှသော အကျိုးသက်ရောက်မှုကိုပင် မပြသနိုင်ခဲ့ချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် ခြေတစ်လှမ်းရှေ့တက်လာပြီး သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူ့ထံ၌ သူရဲကောင်းဆန်မှုများ မြင့်တက်နေပြီး နေ လ တောင်များနှင့် မြစ်များကို သူ၏လက်ဝါးအတွင်း၌ လွှမ်းခြုံထားချင်သည့်အလားပင်။
ဤမြင်ကွင်းသည် ယန်ယွမ်ဘုရင်ကိုသာမက ကျားသရဲဘုရင်နှင့် တခြားသူများကိုပင် ကျောချမ်းသွားစေပေ၏။
"မင်းတို့က အမှောင်ထဲမှာ ပုန်းနေဖို့ စီစဉ်နေတုန်းပဲလား... မင်းတို့အားလုံး ထွက်ခဲ့ကြစမ်း..."
လုယွီ၏အကြည့်က နံဘေးသို့ ကျရောက်သွားပြီး မိုးကြိုးပစ်ခတ်သကဲ့သို့ အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။
အမှောင်ထုသည် ဖြည်းညင်းစွာ ပြယ်လွင့်သွားပြီး အနောက်ဘက်ရှိ ဖုံးကွယ်နေသော အစွမ်းထက်ကျွမ်းကျင်သူများစွာ ပေါ်လွင်လာသည်။ ထိုနေရာတွင် အနီရောင်နှင့် ခရမ်းရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသော အဘိုးအိုများ ရှိနေပြီး သူတို့အားလုံးသည် ယန်မိသားစု အကြီးအကဲများပင်။ ထိုလူများအနက် နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းရှိသည့် မဟာအကြီးအကဲများလည်း ပါဝင်သည်။
ထောက်လှမ်းရေး အချက်အလက်များအရ ဤလူများကို ကျန်းချီဖုန်းက မျှားခေါ်သွားခဲ့ခြင်း ဖြစ်၏။ သို့သော် ထောက်လှမ်းရေးသတင်းသည် မှားယွင်းနေကြောင်း သိသာထင်ရှားသည်။ သူတို့သည် အဝေးသို့ မသွားဘဲ အနီးအနားတွင် ပုန်းအောင်းနေကာ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြသည်။
လုယွီသည် သတ်ဖြတ်ရေးဝင်္ကပါကို ခြေမွှဖျက်ဆီးခဲ့သဖြင့် သူတို့အားလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်းနေကြဆဲဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ထွက်လာရန် သတ္တိမရှိကြချေ။
"ချင်ဧကရာဇ်က တစ်ယောက်တည်းပဲ... သူ့ကို သတ်..."
သူ၏နည်းလမ်းများအားလုံး ကျရှုံးသွားသည်ကို မြင်တွေ့ချိန်၌ ယန်ယွမ်ဘုရင်သည် ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။
သူ့ထံတွင် ဆုတ်ခွာစရာ လမ်းမရှိတော့ချေ။ ယင်လော့ဧကရာဇ်သည် သူ့ကို သေမိန့်တစ်ခု ပေးထားပေ၏။ အကယ်၍ သူသာ စတုတ္ထနယ်မြေကို မသိမ်းပိုက်နိုင်ပါက ပြန်သွားခြင်းမှာလည်း သေလမ်းတစ်ခုပင်။ ထိုကြောင့် သူ၏နောက်ကျောကို နံရံဖြင့်မှီပြီး သူသေကိုယ်သေ တိုက်ခိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
တခြားယန်မိသားစု အကြီးအကဲများအားလုံးလည်း တပြိုင်နက်တည်း အော်ငေါက်လိုက်ကြသည်။ သူတို့သည် အတူပူးပေါင်း၍ ဧရာမ သတ်ဖြတ်ရေး ဝင်္ကပါတစ်ခုကို အမှန်တကယ် ဖွဲ့စည်းလိုက်ပြီး လုယွီဆီသို့ ဖိနှိပ်လိုက်ကြ၏။
"မကောင်းတော့ဘူး... ချင်ဧကရာဇ်က ဖရိုဖရဲ တိုက်ပွဲတစ်ခုထဲမှာ ပိတ်မိတော့မယ်..."
"ယန်မိသားစုရဲ့ အခြေခံအုတ်မြစ်က အရမ်း နက်နဲတယ်... အစွမ်းထက်ကျွမ်းကျင်သူတွေ ဒီလောက်တောင် များနေတယ်... ငါတို့ရဲ့ စတုတ္ထနယ်မြေက အစွမ်းကုန်တိုက်ခိုက်ရင်တောင် အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."
လက်ရှိနေရာရှိ လူများအားလုံး သက်ပြင်းချလိုက်ကြ၏။ ယန်မိသားစု၏စွမ်းအားကို အမှန်တကယ် မျက်မြင်တွေ့ရှိပြီးမှသာ စတုတ္ထနယ်မြေနှင့် ယန်မိသားစုကြားရှိ ကွာဟချက်ကို သူတို့ နားလည်နိုင်ခဲ့သည်။ ဤသည်မှာ လောကကြီးတစ်ခုလောက်နီးပါး ကွာခြားချက်ကြီးပင်။
"ကံမကောင်းတာက ငါတို့ သွားပြီး မကူညီနိုင်ဘူး..."
ကျားသရဲဘုရင်က အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
"ငါက ဝက်ဝံခံတပ်ဆီကို သတင်းပို့ပြီးပြီ... စစ်ကူပေးဖို့ အစွမ်းထက်ကျွမ်းကျင်သူတွေ စေလွှတ်ဖို့ အမိန့်ပေးထားတယ်... ဒါပေမဲ့ ဝက်ဝံခံတပ်မှာ အစွမ်းထက်ကျွမ်းကျင်သူတွေ အများကြီး မရှိဘူး... သူတို့ ရောက်လာရင်တောင် အများကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး..."
"သရဲဘုရင်တို့... ငါတို့ ဒီနေရာကနေ အရင်ထွက်သွားရင်ရော..."
တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။
ကျားသရဲဘုရင်က ခေါင်းညိတ်ပြီး သဘောတူလိုက်၏။
"ကောင်းပြီ... ချင်ဧကရာဇ်က ခဏလောက်တော့ တောင့်ခံနိုင်မှာပါ... ငါတို့ ပြန်သွားပြီးရင် လုံလောက်တဲ့ ပြင်ဆင်မှုတွေလုပ်ပြီး ချင်ဧကရာဇ်နဲ့ ပြန်လာတွေ့ကြမယ်..."
သူတို့နှင့်လုယွီတို့ကြားတွင် တိုက်ရိုက်ပတ်သတ်ဆက်နွယ်မှုမရှိသဖြင့် ယခုချိန်၌ သူတို့ထွက်သွားခြင်းမှာ ကြီးမားသောကိစ္စတစ်ရပ်မဟုတ်ချေ။
"ငါတို့က သူ့ကို ဒီအတိုင်း ထားခဲ့ရမှာလား..."
လုကျိရန်သည် အံ့ကြိတ်ကာ လုယွီ၏ကျောပြင်ကို ကြည့်ပြီး ပြောဆိုလိုက်သည်။
wunzinnosp
Chapter 5457 သရဲဘုရင်ကို သတ်ဖြတ်ခြင်း
"သခင်မလေး... ဘာပဲဖြစ်ဖြစ် အဲ့ဒီချင်ဧကရာဇ် က ကောင်းကင်ဘုံနယ်မြေက ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်လေ... ဒါကြောင့် ယန်မိသားစုက သူ့ကို ခဏလောက်တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."
အစွမ်းထက်ကျွမ်းကျင်သူတစ်ဦးက အကြံပေးလိုက်၏။
ထိုလူ စကားပြောဆိုနေစဉ်မှာပင် မီးတောင်ပေါက်ကွဲမှုတစ်ခုကဲ့သို့ ခမ်းနားသော အရှိန်အဝါတစ်ရပ်က မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ အချိန်တခဏအတွင်းတွင် ကောင်းကင်နှင့်မြေပြင် စတင်၍တုန်ခါလာကာ တောင်များနှင့်ပင်လယ်များ ပြိုလဲစပြုလာပြီး လောကကြီးပျက်သုဥ်းမည့် မြင်ကွင်းတစ်ခုအလားပင်။
"ဘာဖြစ်တာလဲ..."
လူများအားလုံး ရပ်တန့်သွားပြီး မိုးကောင်းကင်ယံကို တွေဝေမိန်းမောစွာ စူးစိုက်၍ ကြည့်နေကြ၏။
ယန်မိသားစု ကျွမ်းကျင်သူ အမြောက်အများ၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်နေရသော လုယွီသည် ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်မျှ မပြသချေ။ သူသည် နောက်မဆုတ်ဘဲ တိုက်ခိုက်နေကာ သူ၏အရှိန်အဝါ ပို၍ပို၍အစွမ်းထက်လာပြီး ထူထပ်သိပ်သည်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ ထောင်နှင့်ချီသော မှော်သင်္ကေတများ ထွက်ပေါ်လာပြီး လေဟာနယ်သည် တွန့်လိမ်ပုံပျက်သွားပေ၏။ ထို့နောက် လေဟာနယ်ထဲတွင် အနက်ရောင်တွင်းနက်ကြီးများအလား အက်ကွဲကြောင်းအမြောက်အများ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်တွင် အလွန်မှောင်မိုက်နေသော တောင်ကုန်းများနှင့် တောင်များဖြင့် ပြည့်နှက်နေသည်။ ယခုအချိန်၌ ပြင်းထန်သော နတ်ဘုရားစွမ်းအားများ၏ လွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ မြေပြင်တပြင်လုံး တုန်ခါပြီး တောင်များ ယိမ်းယိုင်ကာ ကျောက်တုံးများ အက်ကွဲ၍ ဖုန်မှုန့်များ လေထဲတွင် ပျံ့လွင့်နေသည်။
လုယွီနှင့် ရင်ဆိုင်ခဲ့သော မဟာအကြီးအကဲ တစ်ဦးသည် သူ၏နည်းလမ်းများကို အသုံးမပြုနိုင်မီမှာပင် ကြမ်းတမ်းသော လက်သီးချက်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ သူ၏ခေါင်း ချက်ချင်းပေါက်ကွဲသွားကာ သူ၏ ကျိုးပဲ့နေသောအရိုးများသည် မိုးကောင်းကင်ယံမှ ကျဆင်းလာပြီး သွေးများသည် သွေးမိုးတစ်ခုအလား ဖြာကျလာပေ၏။
"အဲ့ဒါက ယန်မိသားစုရဲ့ မြေကမ္ဘာအဆင့် မဟာအကြီးအကဲပဲ... သူက ယန်ယွမ်ဘုရင်ရဲ့ လက်အောက်က အစောင့်အရှောက်တစ်ယောက်ဖြစ်ပေမယ့် ချင်ဧရာဇ်နဲ့ တိုက်ခိုက်မှုတစ်ခုတည်းနဲ့ သူ တကယ်ကြီး သေဆုံးသွားတယ်..."
"သူတို့ ထပ်ပြီး ရင်ဆိုင်နေကြပြန်ပြီ...အဲ့ဒါကလည်း အစွမ်းထက်တဲ့ မဟာအကြီးအကဲတစ်ယောက်ပဲ... စစ်တပ်နှစ်ခုကြားက စစ်မြေပြင်မှာ သူ့ရဲ့ စွမ်းအားကို ငါ မြင်ခဲ့တယ်... ပြီးတော့ သူလည်း ချင်ဧကရာဇ်က တစ်ကြိမ်တိုက်ခိုက်ရုံနဲ့ သေသွားမယ်လို့ ငါ ထင်မထားခဲ့ဘူး..."
လူအမြောက်အများ၏မျက်ခွံများ တဆတ်ဆတ် တုန်ရီသွားကြ၏။ သူတို့၏ရှေ့ရှိ ဤတိုက်ပွဲအဆင့်သည် သူတို့၏ ကြိုတင် တွေးထင်ထားမှုများကို ချေဖျက်လိုက်ပြီး သူတို့ကို ထိတ်လန့်စေရုံသာမက စိတ်လှုပ်ရှားမှုများဖြင့်လည်း ပြည့်နှက်သွားစေသည်။
လုယွီသည် သိုးအုပ်ထဲသို့ ဝင်ရောက်လာသော ဝံပုလွေတစ်ကောင်ကဲ့သို့ ပြေးဝင်လာရာ မည်သူကမျှ သူ့ကို မတားဆီးနိုင်ချေ။
ယန်မိသားစု အကြီးအကဲများ အဆက်မပြတ် လဲကျသွားပြီး သူတို့၏အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ မိုးကောင်းကင်ယံတစ်ခြမ်းတွင် ထူထပ်သိပ်သည်းသော သွေးများဖြင့် ဖုံးလွှမ်းနေပြီး သွေးရောင်ကောင်းကင်ယံတစ်ခုကို ဖန်တီးကာ အမှန်တကယ်ကို ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။
"ချင်ဧကရာဇ်... မင်းက သေချင်နေတာပဲ..."
အံ့အားသင့်မှုနှင့်ဒေါသတို့ ပြည့်နှက်နေသော အော်ငေါက်သံတစ်သံက မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပေ၏။ ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံတွင် ကျန်းတစ်သောင်းမြင့်မားသော ဧရာမသရဲတစ္ဆေပုံရိပ်ယောင်ကြီးတစ်ခု ပေါ်လာပြီး ကြီးမားသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်ထားသည်။
သွေးရောင်လမင်းအောက်တွင် အမှောင်ထုကြီး ဖြစ်ပေါ်လာပြီး အလင်းရောင်အားလုံးကို ဖုံးကွယ်သွားသည်။ လူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူတို့အားလုံး တပြိုင်နက်တည်း ထိတ်လန့်သွားကြပြီး သူတို့၏ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုများကို တူးဖော်ခံလိုက်ရသည်။
"ဒါက ယန်ယွမ်ဘုရင်ရဲ့အစစ်အမှန်ပုံစံပဲ... သူက သူ့ရဲ့ စွမ်းအားကုန် အသုံးပြုတော့မယ်..."
ကျားသရဲဘုရင်၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေ၏။
ငရဲနယ်မြေတွင် လူသားမျိုးနွယ်စုများရှိပြီး ဉာဏ်ရည်ဉာဏ်သွေးကို ကျင့်ကြံထားသော မကောင်းဆိုးဝါး စိတ်ဝိညာဉ်တချို့လည်း ရှိနေသည်။ သူတို့သည် သရဲတစ္ဆေပုံစံဖြင့် ပေါ်လာကြပြီး ဤမြေပေါ်တွင် လွတ်လပ်စွာ ကြီးထွားလာကာ မကြာခဏဆိုသလို မယုံနိုင်လောက်သော အဆင့်များသို့ ရောက်ရှိကြ၏။
ယန်ယွမ်ဘုရင်သည် သရဲတစ္ဆေတစ်ကောင်ပင်။ သူသည် အသက်ရှင်နေသော လူတစ်ယောက် မဟုတ်သော်လည်း ထူးဆန်းသော ကံကြမ္မာ အလှည့်အပြောင်းတစ်ခုဖြင့် စိတ်ဝိညာဉ်တစ်ခု ဖြစ်လာပြီး ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်ရန် မလိုအပ်ဘဲ သရဲတစ္ဆေကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့သည်။
ကျန်းတစ်သောင်း မြင့်မားသော သရဲတစ္ဆေပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။ ထိုဧရာမပုံရိပ်ကို မြင်တွေ့သော မည်သူမဆို သူတို့၏ဦးရေပြား ထုံကျင်သွားသည်ကို ခံစားရလိမ့်မည်။ ကောင်းကင်နှင့် နေမင်းကို ဖုံးကွယ်ထားသော ဧရာမသရဲတစ္တေလက်တံတစ်ခုတွင် မှော်သင်္ကေတများ ရေးထွင်းထားပြီး လူအများအား ကြောက်ရွံ့ရိုသေမှုကို ပေါက်ဖွားစေသည်။
"ကောင်းကင်ဘုံနယ်မြေနဲ့ ငရဲနယ်မြေ ဟာ သီးခြားနေရာနှစ်ခုပဲ... ချင်ဧကရာဇ်... မင်း နယ်စပ်ကို ဖြတ်ကျော်တာက သေချင်နေတာပဲ... မင်းကို ဘယ်သူမှ ကယ်လို့ မရဘူး..."
ကောင်းကင်နှင့်မြေပြင်ကြားတွင် ယန်ယွမ်ဘုရင် ၏ အက်ရှပြီး မှုန်မှိုင်းသော အသံသာ အဆက်မပြတ် ပဲ့တင်ထပ်နေပေ၏။
"ဆူညံလိုက်တာ..."
လုယွီက အေးစက်စက် တုံ့ပြန်လိုက်ပြီး သူ၏လက်ကို မြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
လူများအားလုံး သူတို့၏နားစည်များ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး ကောင်းကင်ကို တုန်ခါစေသော နဂါးဟိန်းသံတစ်သံက အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်သွားသည်။ ထိုစွမ်းအားသည် အောက်သို့ ကျဆင်းလာပြီး ကျယ်ပြောလှနယ်မြေများကို ခြေမွှဖျက်ဆီးလိုက်၏။
ထိုနဂါးဟိန်းသံများကြားတွင် လူအမြောက်အများက သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြသည်။ ဤလက်ဝါးရိုက်ချက်၏ စွမ်းအားမှာ အလွန်ကြီးမားလွန်းသဖြင့် သူတို့ လုံးလုံးလျားလျား တောင့်မခံနိုင်ကြချေ။
ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီးနောက် အရိုးများ ကွဲအက်သွားသည့် အသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြ၏။ ဤအသံမှာ အရာတစ်ခုက ရုတ်တရက် တုန်ခါသွားပြီး ကွဲအက်သွားကာ ထိုအရာ၏ မျက်နှာပြင်တွင် အဆုံးမရှိသော အက်ကွဲကြောင်းများ ထွက်ပေါ်လာသကဲ့သို့ အလွန်နားအူစရာ ကောင်းလှသည်။
ထိုအသံအဆုံးသတ်သွားချိန်တွင် လူများအားလုံးက သူတို့၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ထိုဧရာမယန်ယွမ်ဘုရင်သည် အလယ်မှနေ၍ အမှန်တကယ် ကွဲအက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ခရက်... ခရက်... ခရက်...
ကြည်လင်ပြတ်သားသော အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဧရာမ သရဲတစ္ဆေ၏ခန္ဓာကိုယ်သည် ကွဲအက်ပြီး ကျဆင်းလာကာ နုနယ်သော ဖန်ရုပ်လေးတစ်ရုပ် ရက်စက်စွာ ခြေမွှဖျက်ဆီးခြင်း ခံလိုက်ရသည့်အလားပင်။
"ဒါက..."
ကြည့်ရှုနေသူများအားလုံး အံ့အားသင့်သွားကြ၏။
သူတို့သည် သူတို့၏ရှေ့ရှိ မြင်ကွင်းကို ကြက်သေသေစွာ စူးစိုက်၍ကြည့်နေကြပြီး သူတို့၏မျက်လုံးများကို လုံးလုံးလျားလျား မယုံကြည်နိုင်ကြချေ။
"အဲ့ဒါက ရှေ့တန်း စစ်မျက်နှာမှာ စစ်ပွဲကို ကြီးကြပ်ဖို့ ယန်မိသားစု စေလွှတ်လိုက်တဲ့ အသန်မာဆုံး ယန်ယွမ်ဘုရင်ပဲ... ပြီးတော့ သူက တစ်ကြိမ်တိုက်ခိုက်ခံရရုံနဲ့ တကယ်ကြီး သေသွားခဲ့တယ်..."
လူတချို့က တီးတိုးရေရွတ်လိုက်ကြသည်။
ထို့ပြင်ယန်ယွမ်ဘုရင်သည် သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေစဉ်၌ သူ၏အစစ်မှန်အပုံစံအဖြစ်သို့ ပြောင်းလဲခဲ့သော်လည်း သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ပေ၏။
ဧရာမသရဲတစ္ဆေခန္ဓာကိုယ်ထဲမှ ပျံထွက်လာသော အနက်ရောင်စိတ်ဝိညာဉ်သည် အဝေးသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း လုယွီက အဝေးမှ ဖမ်းဆွဲလိုက်သည်။ ရွှေရောင်အလင်းတန်းတစ်တန်း လင်းလက်သွားပြီး ထိုသရဲတစ္ဆေစိတ်ဝိညာဥ်ကို လုံးလုံးလျားလျား ဝါးမျိုသွားတော့သည်။
ပတ်ဝန်းကျင်ရှိ ယန်မိသားစုအကြီးအကဲများ အေးခဲတောင့်တင်းသွားကြသည်။ သူတို့သည် လုယွီထံမှ သေမင်း၏အငွေ့အသက်ကို ရလိုက်ကြ၏။
"ယန်ယွမ်ဘုရင်က တကယ်ကြီးသေသွားပြီ... သူက တိုက်ခိုက်မှုတစ်ခုတည်းနဲ့ ချင်ဧကရာဇ်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်..."
"သူက တကယ့်ကို ချင်ဧကရာဇ် ပဲ... ချင်ဧကရာဇ်မှာ ယင်လော့ဧကရာဇ်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ပြောကြတယ်... ဒါက အမှန်ပဲ..."
လူအမြောက်အများ၏ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး ကြောက်ရွံ့မှုက သူတို့၏စိတ်နှလုံးသားများကို လွှမ်းမိုးသွားကာ သူတို့သည် ထွက်ပြေးရန်အတွက် နောက်သို့လှည့်လိုက်ကြသည်။
သူတို့ ဆက်လက်၍ တိုက်ခိုက်နေလျှင်ပင် မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ အစွမ်းထက်ဆုံး ယန်ယွမ်ဘုရင်ကို တစ်ဖက်လူက လှုပ်ရှားမှု တစ်ခုတည်းဖြင့် သတ်ပစ်လိုက်ပြီး သူတို့၏စွမ်းအားမှာ ယန်ယွမ်ဘုရင်ထက်ပင် နိမ့်ကျနေသည်။ ဤနေရာတွင် သူတို့ ဆက်နေခြင်းက သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့ ထွက်ခွာရန် ဟန်ပြင်နေသော်လည်း လုယွီက သူတို့ကို ဤအခွင့်အရေး ပေးရန် ပြင်ဆင်မထားချေ။ သူက လက်ကိုဖိနှိပ်လိုက်ရာ ပတ်ဝန်းကျင်ရှိလေဟာနယ် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားပေ၏။ ထူထပ်သိပ်သည်းသော လေဟာနယ် သင်္ကေတများသည် ပတ်ဝန်းကျင်ကို ဝန်းရံထားပြီး ကောင်းကင်နှင့်မြေပြင်ရှိ အရာအားလုံးကို အတွင်းတွင် ပိတ်လှောင်ထားသည်။
လုယွီသည် ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာရာ သူ၏ခြေလှမ်းတိုင်းက ပြင်းထန်သော တုန်ခါမှုကို ဖြစ်ပေါ်စေသည်။ ထိုအသံသည် လူများအားလုံး၏စိတ်နှလုံးသားကို ရိုက်ခတ်နေသော သေမင်းခေါင်းလောင်းသံအလားပင်။
ယန်မိသားစု အကြီးအကဲများအားလုံး၏ ဆံပင်များ ထောင်ထလာပြီး ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက သူတို့ကို တိုက်ခိုက်လာသည်။ မည်သူမည်ဝါဖြစ်စေကာမူ သူတို့ထံ၌ အသက်ရှင်ကျန်ရစ်မည်ဟု လုံးလုံးလျားလျား ယုံကြည်မှု မရှိချေ။
"ဘုန်း..."
ဂရုမစိုက်သော အမူအယာတစ်ရပ်က လုယွီ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပေ၏။ သူက လက်ကိုမြှောက်ကာ အဝေးတစ်နေရာသို့ လက်ညှိုးညွှန်လိုက်သည်။
မရေမတွက်နိုင်သော ယန်မိသားစုအကြီးအကဲ များသည် ကြောက်ရွံ့မှုနှင့် ဒေါသတို့ဖြင့် အော်ဟစ်လိုက်ကြ၏။ သူတို့သည် သူ့ကို ခြိမ်းခြောက်ကြခြင်း သို့မဟုတ် သူတို့၏ အစွမ်းထက်ဆုံး မှော်ရတနာများကို ထုတ်ဖော်ကာ သူတို့ကိုယ်သူတို့ ကာကွယ်ခြင်းတို့အား ပြုလုပ်လိုက်ကြသည်။
"အား..."
သို့သော် ထိုအရာအားလုံးသည် အချည်းနှီးပင်။ လုယွီ၏ လက်ညှိုးညွှန်လိုက်မှုနှင့်အတူ လူအမြောက်အများ၏ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ရီသွားပြီး ပေါက်ကွဲကာ ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများနှင့်ပြာများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
သရဲဘုရင်အဆင့်အထိ ကြီးထွားနိုင်သော အကြီးအကဲများသည် ကျင့်ကြံရန်အတွက် ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရသည်။ သူတို့တစ်ဦးစီတိုင်းသည် အရပ်မျက်နှာအဘက်ဘက်ကို အံ့အားသင့်စေနိုင်သော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့မျိုးဆက်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များပင်။ သို့သော် လုယွီ၏ရှေ့တွင် သူတို့သည် အလောင်းများသာ ဖြစ်လာပြီး အမြင့်မှ ကျဆင်းလာကြသည်။
အနက်ရောင်စိတ်ဝိညာဉ်များသည် တစ်ခုပြီးတစ်ခု သန့်စင်ယန်မျှော်စင်ထဲသို့ ထည့်သွင်းခြင်းခံလိုက်ရသည်။ သန့်စင်ယန်မျှော်စင်သည် တုန်ခါသွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ သူတို့၏မှတ်ဉာဏ်များ ဖျက်ဆီးပစ်ခြင်းကို ခံလိုက်ရတော့သည်။
ဤလူများသည် မြေအောက်လောက နတ်ဘုရား ၏ ယုံကြည်သူများအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး လုယွီအတွက် သန့်စင်သော ယုံကြည်မှု အမွှေးတိုင်များကို အဆက်မပြတ် စတင်၍ ထောက်ပံ့ပေးကြ၏။
လုယွီ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်အရေပြားများ တောက်ပလာသည်။ ကြီးမားကျယ်ပြန့်သော ရွှေရောင်အလင်းတန်းများသည် သူ၏နံဘေးပတ်လည်တွင် မျောလွင့်နေပြီး သူ၏နတ်ဘုရားစွမ်းအားသည် နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်လာသည်။
အကယ်၍ တစ်ယောက်ယောက်က သေချာ ကြည့်မည်ဆိုပါက လုယွီ၏နောက်ကွယ်တွင် မြေအောက်လောက နတ်ဘုရား၏အောက်၌ ကြီးမားပြီး သပ်ရပ်သော ပလ္လင်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ရပေလိမ့်မည်။
နတ်ဘုရားဘုရင်ပလ္လင်..နတ်ဘုရားဘုရင်ဝတ်စုံ... နတ်ဘုရားဘုရင်လှံတံ...
ဤနတ်ဘုရားအရာသုံးခုကို စုစည်းခြင်းဖြင့် နတ်ဘုရားဘုရင်နယ်ပယ်သို့ ရောက်ရှိနိုင်ပြီး လောကတွင် ပြိုင်ဘက်ကင်း ဖြစ်နိုင်ပေ၏။
လက်ရှိတွင် လုယွီသည် ခြေလှမ်းတစ်ဝက် နတ်ဘုရားဘုရင်နယ်ပယ်တွင် ရှိနေသေးသော်လည်း သူသည် ယန်ယွမ်ဘုရင်ကို ယုံကြည်သူတစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်နှင့် နတ်ဘုရားဘုရင်ပလ္လင်သည်လည်း စုစည်းလာတော့ပေမည်။
wunzinnosp
Chapter 5458
အသစ်ဖွဲ့စည်းလိုက်သော နတ်ဘုရားဘုရင် ပလ္လင်သည် အနည်းငယ် မှိန်ဖျော့ပြီး အရောင်အဝါ ကင်းမဲ့နေပုံရကာ အပြည့်အဝ မစုစည်းနိုင်သေးကြောင်း ထင်ရှားပေ၏။
နတ်ဘုရားဘုရင်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းကို စုဆောင်းရပေမည်။ လုယွီ၏အခြေခံအုတ်မြစ်သည် မလုံလောက်သေးသဖြင့် သူသည် စစ်မှန်သော နတ်ဘုရားဘုရင်တစ်ပါးဖြစ်ရန် အလှမ်းကွာဟနေဆဲပင်။
သို့သော် လုယွီသည် မစိုးရိမ်ချေ။ သန့်စင်ယန်မျှော်စင်ကဲ့သို့ အစွမ်းထက်သော မှော်ရတနာများက သူ့ကို ဝိုင်းရံပေးထားသဖြင့် သူ၏ အမွှေးနံ့သာစွမ်းအားသည် ပို၍စုစည်းလာမည်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်း အရှိန်အဟုန်သည်လည်း ပို၍ပို၍မြန်ဆန်လာပေမည်။
လုယွီသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး လုကျိရန်နှင့်တခြားသူများ၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ချင်ဧကရာဇ်ကို ဂါရဝပြုပါတယ်..."
ကျားသရဲဘုရင်နှင့် အစွမ်းထက်သော ကျင့်ကြံသူများသည် ဤအချိန်တွင် ဦးညွှတ်အရိုအသေပြုလိုက်ကြပြီး လုယွီ၏မျက်လုံးကိုပင် မကြည့်ဝံ့ကြချေ။
လူအမြောက်အများသည် အစောပိုင်းက ကြုံတွေ့ခဲ့ရသော ထိတ်လန့်မှုမှ မသက်သာသေးပေ။ သူတို့အနက်မှ အများစုသည် အံ့အားသင့်တုန်လှုပ်နေကြပြီး လုယွီကို မြင်တွေ့ချိန်၌ သူတို့၏ခေါင်းများကို ငုံ့ထားလိုက်ကြ၏။
အထူးသဖြင့် ယခင်က လုယွီကို လှောင်ပြောင်ခဲ့သော လူတချို့သည် ယခုအချိန်၌ သူတို့ကိုယ်သူတို့ ပါးဖြတ်ရိုက်ချင်စိတ်များ ပေါက်ဖွားလာကြသည်။ ပုံမှန်နေ့တစ်နေ့တွင် စကားများများပြောဆိုခြင်းမှာ ကိစ္စတစ်ခုဖြစ်သော်လည်း ချင်ဧကရာဇ်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ဦး၏ရှေ့တွင် စကားများခြင်းမှာ သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
လုယွီ၏အကြည့်သည် လူအများအပေါ် လွှမ်းခြုံသွားပြီး နောက်ဆုံးတွင် လုကျိရန်အပေါ်၌ ရပ်တန့်သွားသည်။
လုကျိရန်သည် အနည်းငယ် ထိတ်လန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ လုယွီ၏အကြည့်က အလွန်ရင်းနှီးနေပုံရသည်။ လုကျိရန်သည် သူတို့ လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက တွေ့ဆုံခဲ့ဖူးသည်ဟူသော ထင်ယောင်ထင်မှားအတွေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
"မင်း... ကလေးမလေး... မြန်မြန်ကြီးပြင်းလာတော့... ဒါမှ မင်းအဖေ စိတ်ပူရတာ သက်သာမှာ..."
လုယွီက ခေါင်းခါယမ်းလိုက်ပြီး လုကျိရန်၏ နဖူးကို သူ၏လက်ချောင်းဖြင့် ညင်သာစွာ တောက်လိုက်ကာ အဝေးသို့ ထွက်ခွာသွားလေ၏။
လုကျိရန်သည် နေရာမှာပင် အေးခဲတောင့်တင်းသွားပြီး သူမ၏ကျောပြင်တွင် ချွေးများဖြင့် စိုရွှဲနေသည်။
"သူက အသက်ဘယ်လောက်သေးလို့လဲ...ငါ့ကို ကလေးမလေးလို့ ဘာလို့ ခေါ်ရတာလဲ..."
လုကျိရန်သည် အံ့တင်းတင်းကြိတ်လိုက်ပြီး သူမ၏စိတ်နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များ ပြည့်နှက်နေပေ၏။
...
ယန်ယွမ်ဘုရင်သေဆုံးခြင်းက ငရဲနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
တစ်စုံတစ်ယောက်က လုယွီက ယန်ယွမ်ဘုရင် ကို သတ်ဖြတ်နေသည့် မြင်ကွင်းအား မှတ်တမ်းတင်ကာ နေရာအနှံ့အပြား၌ ဖြန့်ဝေလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
လူအမြောက်အများသည် ချင်ဧကရာဇ်၏စွမ်းအားကို အံ့အားသင့်ချီးကျူးခဲ့ကြသည်။ 'ကြီးမားသော ဂုဏ်သတင်းသည် မည်သည့်အချိန်မျှ အခြေအမြစ်မရှိခြင်းမဟုတ်' ဟူသော ဆိုရိုးစကားမှာ အမှန်တကယ် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
ယန်မိသားစုသည် ဒေါသထွက်သွားပေ၏။ သူတို့သည် ဖမ်းဆီးရမိသော ကောင်းကင်ကွန်ယက် ထောင်စုမှူးနှစ်ဦးကို အသားကို တဖြည်းဖြည်း လှီးဖြတ်ကာ လူသိရှင်ကြား ကွပ်မျက်ခဲ့ပြီး လူအများကြည့်ရှုနိုင်ရန် သူတို့၏ အလောင်းများကို ဖုန်းတုမြို့တော်တလျှောက် လှည့်လည်ပြသခဲ့ကြသည်။
"တွေ့လား... ဒါက ငါတို့ရဲ့ ယန်မိသားစုကို ဆန့်ကျင်တဲ့ သူတွေရဲ့ ကံကြမ္မာပဲ..."
ယန်မိသားစု ကျင့်ကြံသူများက မောက်မာထောင်လွှားစွာ အော်ဟစ်လိုက်သည်။
ထိုသတင်းကိုကြားပြီးနောက် လူအမြောက်အများသည် သွားရောက်၍ ကြည့်ရှုခဲ့ကြသော်လည်း ကိုယ်လက်အင်္ဂါမပြည့်စုံသော အလောင်းနှစ်လောင်းကိုသာ တွေ့မြင်ခဲ့ရပြီး ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ထောင်စုမှူးနှစ်ဦး၏စိတ်ဝိညာဉ်များကို သူတို့၏ခန္ဓာကိုယ်များအတွင်း၌ အတင်းအကြပ် ချိတ်ပိတ်ထား၏။ သူတို့သည် မလွတ်မြောက်နိုင်ကြဘဲ အကြိမ်တစ်ထောင် လှီးဖြတ်ခံရခြင်း၏ နာကျင်မှုကိုသာ ခံစားခဲ့ကြရပြီး ကြေမွှပျက်စီးလုနီးပါး ဖြစ်နေသည်။
သို့သော် ယန်မိသားစုသည် သူတို့ကို လွယ်လင့်တကူ သေဆုံးခွင့်ပြုမည် မဟုတ်ချေ။ အချိန်တိုင်း သူတို့သည် တာအိုစွမ်းအားတစ်ခုကို သူတို့၏စိတ်ဝိညာဉ်များထဲသို့ ထည့်သွင်းပြီး သူတို့ကို အဆက်မပြတ် စိတ်လှုပ်ရှားနေစေကာ အကြိမ်တစ်ထောင် လှီးဖြတ်ခံရခြင်း၏ နာကျင်မှုကို ခံစားရစေပေ၏။
"ငရဲကိုသွား... ချင်စစ်သားတွေရဲ့ စိတ်ဝိညာဉ်တွေကို ရှာ... သူတို့ကို အပြင်ထုတ်လာပြီး တစ်နာရီကို ရာထောင်နဲ့ချီပြီး ကျပန်း သတ်ပစ်လိုက်..."
ယန်မိသားစု မဟာအကြီးအကဲတစ်ဦးက အမိန့်ပေးလိုက်သည်။
ဖုန်းတုမြို့တော်သည် မဟာ ငရဲတစ်ခုနှင့် ချိတ်ဆက်ထားပြီး ထိုနေရာတွင် စိတ်ဝိညာဉ် များကို ပြန်လည်ဝင်စားခြင်းအတွက် စေလွှတ်လေ့ရှိပေ၏။
ချင်စစ်တပ်သည် ငရဲနယ်မြေသို့ ကျူးကျော်ဝင်ရောက်လာချိန်၌ သေဆုံးသူများ ရှိခဲ့သည်။ သေဆုံးသွားသော စစ်သားများ၏ စိတ်ဝိညာဉ် များသည် ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်သွားကြသော်လည်း မထင်မှတ်ဘဲ သူတို့သည် လမ်းတစ်ဝက်တွင် ယန်မိသားစု၏ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖုန်းတုမြို့တော်သို့ ပြန်လည်ခေါ်ဆောင်လာခြင်း ခံခဲ့ရသည်။
ပြန်လည်ဝင်စားခြင်းတွင် ရှိနေသော စစ်သားများ၏စိတ်ဝိညာဉ်များသည် အလွန်အားနည်းသော အခြေအနေတွင် ရှိနေဆဲပင်။ သူတို့သည် ပြန်လည်ခုခံရန် စွမ်းအားမဲ့နေကြပြီး ယန်မိသားစု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ သိုးများကဲ့သို့ စိတ်ကြိုက်သတ်ဖြတ်ခံရပြီး လူသိရှင်ကြား ပြသထားခြင်း ခံခဲ့ရလေ၏။
ချင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦးက အော်ဟစ်လိုက်သည်။
"ယန်မိသားစုက လူတွေရော ဟုတ်သေးရဲ့လား... သူတို့က သေသွားတဲ့သူတွေကိုတောင် သူတို့ရဲ့ အကြံအစည်တွေအတွက် တကယ်ကြီး အသုံးပြုနေတာပဲ..."
"ဖုန်းတုကို တိုက်ခိုက်ကြ... ယန်မိသားစုကို ဖျက်ဆီးပြီး ငါတို့မဟာချင်ရဲ့ ရက်စက်မှုကို သူတို့ကို သိအောင် လုပ်ပေးကြပါ..."
"ယန်မိသားစုကို သွေးချောင်းစီးအောင် လုပ်ကြစမ်း... အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မထားခဲ့နဲ့..."
ချင်စစ်တပ်သည် ဒေါသထွက်သွား၏။ သူတို့၏ ရဲဘော်ရဲဘက်များ ရက်စက်စွာ သတ်ဖြတ်ခံနေရသည့် မြင်ကွင်းကို ပုံရိပ်ယောင်သလင်းကျောက်ထဲတွင် သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ စိတ်ဝိညာဉ်တစ်ခု ဖျက်ဆီးခံရပါက ထိုစိတ်ဝိညာဉ်သည် ပြန်လည်ဝင်စားခြင်းသို့ ထာဝရ ဝင်ရောက်နိုင်တော့မည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။
မဟာချင်၏အလံသည် စစ်မြေပြင်တွင် တလူလူလွန့်နေပေ၏။ လုယွီ၏အမိန့်နှင့်အတူ နောက်ထပ်တပ်မကြီးသုံးဆယ့်နှစ်ခု ပါဝင်သော ကြီးမားသည့် တပ်ဖွဲ့ကြီးများသည် နယ်စပ်တံခါးကို ဖြတ်သန်းလာပြီး အစွမ်းထက်သော အထောက်အပံ့များကို ပေးအပ်ခဲ့သည်။
နယ်မြေကြီးနှစ်ခုကြား စစ်ပွဲသည် အပြင်းထန်ဆုံးကာလသို့ ရောက်ရှိသွားသည်။
wunzinnosp
Chapter 5459
နယ်စပ်တံခါး၏ရှေ့တွင် ကြီးမားသော စစ်တပ်ကြီးသည် တောင်များနှင့်လွင်ပြင်များတလျှောက် ပျံ့နှံ့နေပေ၏။ စစ်သားများအားလုံးသည် အနက်ရောင်သံချပ်ကာများကို ဝတ်ဆင်ထားကာ စစ်ရထားလုံးများကို မောင်းနှင်နေခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သားရဲများကို စီးနင်းထားကြသည်။ သူတို့သည် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို ထုတ်လွှတ်ထားကြ၏။
ပတ်ဝန်းကျင်သို့ ကြည့်လိုက်လျှင် အဆုံးအစမရှိသော စစ်သားများကို မြင်တွေ့နိုင်သည်။ သန်းနှင့်ချီသော စစ်သားများသည် ဝင်္ကပါကြီး၏ရှေ့တွင် ထူထပ်သိပ်သည်းစွာ နေရာယူထားပြီး မဟာချင်၏ငှက်နက်အလံသည် လေထုထဲတွင် တလူလူပျံ့လွင့်နေသည်။
စစ်မြေပြင်ပေါ်တွင် ချင်စစ်တပ်၏တပ်မကြီး သုံးဆယ့်နှစ်ခု စုရုံးလာကြ၏။ ချင်အင်ပါယာသည် အရပ်သုံးမျက်နှာမှ ရန်သူများကို ရင်ဆိုင်နေရသည်။ အနောက်ဘက်တွင် မဟာကျိုးအင်ပါယာ မြောက်ဘက်တွင် မဟာထန်အင်ပါယာနှင့် ရှန်လင်းလုံ အရှေ့ဘက်တွင် လောကနှစ်ခုတောင်တန်းတို့ ရှိကြသည်။ နေရာတိုင်းတွင် ကာကွယ်ရေးများ လိုအပ်နေသဖြင့် ဤသည်မှာ ချင်အင်ပါယာမှ လက်ရှိစုဆောင်းနိုင်သော အများဆုံးအင်အားပင်။
သို့ရာတွင် ထိုသို့ဖြစ်စေကာမူ ဤနေရာသို့ ခြေချနိုင်သူများ အားလုံးသည် ချင်စစ်တပ်၏ လက်ရွေးစင်များ ဖြစ်ကြ၏။
နဂါးအလံအချို့နှင့် တံခွန်များသည် တဖျပ်ဖျပ် လူးလွန့်နေပြီး ထိုအရာများပေါ်တွင် အသက်ဝင်နေသော အနက်ရောင်နဂါးများကို ရေးဆွဲထားသည်။ ဤစစ်မြေပြင်တပ်မကြီးများအနက် အရာရှိတချို့သည် လွီမိသားစု၏ပင်မမျိုးဆက်မှဖြစ်ပြီး ထိုအချက်က လွီမိသားစုဝင်များလည်း တိုက်ပွဲဝင်မည်ဟု အဓိပ္ပာယ်ရသည်။
"ဖုန်းတုကို ပထမဆုံး ဝင်တဲ့သူ ဘယ်သူမဆို မင်းသား အဖြစ် ခန့်အပ်ခံရမယ်လို့ အရှင်ဧကရာဇ်က အမိန့်ပေးထားတယ်..."
ချင်လုရှန်းက လုယွီ၏အမိန့်ကို ထပ်ဆင့် ပြောကြားလိုက်သည်။
ချင်စစ်သားများသည် စိတ်လှုပ်ရှားမှုများဖြင့် သွေးများဆူပွက်လာကြ၏။ စစ်ရေးအောင်မြင်မှုများနှင့် ဂုဏ်ကျက်သရေ နှစ်မျိုးလုံး၏ လှုံ့ဆော်မှုအောက်တွင် လူအမြောက်အများ၏ မျက်လုံးများ နီမြန်းနေကြသည်။
အဆင့်ဆယ့်ငါးဆင့်ရှိသော ဂုဏ်ပြုခံရာထူးများ သည် ရက်ရောသော စစ်ပွဲဆုကြေးများနှင့် ပေါင်းစပ်ထားရာ ဤသည်မှာ လူများကို လှုံ့ဆော်နိုင်မှုအရှိဆုံးအရာပင်။ ငရဲနယ်မြေ စစ်မြေပြင်အတွက် ရွေးချယ်ခံရသော စစ်သား များသည် စစ်တပ်အသီးသီးမှ ရွေးချယ်ထားသော လက်ရွေးစင်များ ဖြစ်ကြပြီး ပြင်ပမှ လူမည်မျှထိများများ သူတို့ကို မနာလိုဖြစ်နေမည်အား မသိနိုင်ချေ။ စစ်ပွဲသည် မကြာခဏဆိုသလို ပေါကြွယ်ဝသော အကျိုးအမြတ်များနှင့်အတူ လာလေ့ရှိသည်။
တချို့လူများသည် စစ်မြေပြင်တွင် ရန်သူစစ်သားများနှင့် စစ်ဗိုလ်ချုပ်များကို သတ်ဖြတ်ကာ စစ်ရေးအောင်မြင်မှုများကို စုဆောင်းကြသည်။ သူတို့သည် ဂုဏ်ပြုခံရာထူးများကို ရယူကာ သူတို့၏ဇနီးများနှင့် သားများကို ဘွဲ့များ ပေးအပ်ကြသဖြင့် တခြားသူများကို အလွန်အမင်း မနာလိုဖြစ်စေပေ၏။
ထို့ထက်ပို၍ အရေးကြီးသည်မှာ ဘွဲ့ထူးတစ်ခု ရရှိပြီးနောက် ရရှိလာသော ကံကြမ္မာကောင်း၏ ကောင်းချီးများနှင့် မရေမတွက်နိုင်သော အရင်းအမြစ်များ၏ အကူအညီပင်။ ကြွယ်ဝချမ်းသာမှု အပေါင်းအဖော်များ နည်းစနစ်များနှင့် မြေနေရာစသည်တို့ လိုအပ်သော ကျင့်ကြံခြင်းလမ်းကြောင်းသည် အရင်းအမြစ်များကို ဦးစားပေးသည်။ စစ်သားအများစုသည် သူတို့၏နောက်ကွယ်တွင် မိသားစုကြီးများ၏ ထောက်ပံ့မှု မရှိကြချေ။ သူတို့အတွက် အရင်းအမြစ်များကို မြင့်မားသောဘွဲ့ထူးများဖြင့်သာ ရရှိနိုင်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
စိတ်လှုပ်ရှားဖွယ်ကောင်းသော စစ်ဗုံသံများသည် မိုးကြိုးပစ်ခတ်သကဲ့သို့ မြည်ဟီးနေပြီး ရိုက်ချက်တိုင်းက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေကာ အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်နေသည်။
သာယာနာပျော်ဖွယ်ကောင်းသော တံပိုးခရာသံများ ထွက်ပေါ်လာပြီး သံချပ်ကာဝတ် မဟာချင် စစ်သားအုပ်စုများသည် သူတို့၏ သက်ဆိုင်ရာ အရာရှိများ၏ အမိန့်အောက်တွင် အဝေးသို့ ထွက်ခွာသွားကြ၏။
ရက်စက်ကြမ်းတမ်းပြီး သန်မာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက မိုးကောင်းကင်ယံကို ထွင်းဖောက်သွားသည်။ ဤတိုက်ပွဲဝင်ဝင်္ကပါကြီးသည် လူအများကို အသက်ရှူမွန်းကြပ်စေသည့် ခံစားချက်အား ပေးစွမ်းနိုင်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင် နိုးထလာကာ သူ၏အစွယ်များကို လှစ်ဟပြနေသကဲ့သို့ ပြိုင်ဘက်ကင်း တပ်မကြီးမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။
စုံစမ်းစစ်ဆေးရန် ထွက်သွားခဲ့သော ကင်းထောက်များသည် တစ်ယောက်ပြီးတစ်ယောက် သတင်းပို့ရန် ပြန်လာကြသည်။ အချိန်တခဏအတွင်းတွင် အင်အားစုအမြောက်အများ တိတ်ဆိတ်သွားကြ၏။
မှတ်တမ်းတင်သလင်းအတွင်း၌ မှတ်တမ်းတင်ထားသော မြင်ကွင်းများက သူတို့ကို ကြောက်ရွံမှုအား ခံစားရစေခဲ့သည်။ လောကကြီးကို ဖျက်ဆီးမည့် စစ်သားသန်းပေါင်းများစွာပါဝင်သော စစ်တပ်ကြီးသည် သူတို့အပေါ် နက်ရှိုင်းသော အထင်အမြင်တစ်ခုအား ချန်ထားခဲ့သည်။
ငရဲနယ်မြေရှိ လူအများစုထံတွင် မဟာချင်နှင့် ပတ်သက်၍ ခိုင်မာသော သဘောတရား မရှိကြချေ။ ဤစစ်ပွဲသည် တိုတောင်းသော ပွတ်တိုက်မှုတစ်ခုသာ ဖြစ်ပြီး သဘောတူညီချက်တစ်ခု ရရှိသည်နှင့်တပြိုင်နက် အလျင်အမြန် ပြီးဆုံးသွားလိမ့်မည်ဟု သူတို့ အစပိုင်းတွင် တွေးထင်ထားခဲ့ကြသည်။
သို့သော် ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းနေသော စစ်တပ်ကြီး ချီတက်လာသည့် မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤသည်မှာ သမားရိုးကျ 'ပွတ်တိုက်မှု' မဟုတ်တော့ချေ။ ကြီးမားသော စစ်တပ်ကြီးထံမှ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ မှတ်တမ်းတင်သလင်းမှတဆင့်ပင် ထိုအရာကို ရှင်းလင်းစွာ အာရုံခံနိုင်ပေ၏။
"မဟာချင်က ယန်မိသားစုကို တကယ်ကြီး ဖျက်ဆီးချင်နေတာပဲ..."
"သူတို့အားလုံးက တိုက်ပွဲအရူးတွေပဲ... အဲ့ဒီ စစ်သားတွေက ရန်သူတွေရဲ့ခေါင်းတွေကို ဖြတ်ပြီး ခါးမှာ ချိတ်ဆွဲထားကြတယ်... 'မဟာချင်' လို့ အော်ပြီးတော့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နေကြတယ်...သူတို့က ပြန်ဝင်စားလာတဲ့ အသူရာတွေလိုပဲ ခံတပ်တွေကို သိမ်းပိုက်နေကြတာ... သူတို့ကို ဘယ်သူက တိုက်ခိုက်နိုင်မှာလဲ..."
"ချင်စစ်တပ်က ပဉ္စမနယ်မြေအနီးမှာ ထွက်ပေါ်လာပြီလို့ ပြောကြတယ်... သူတို့က ယန်မိသားစုက အပြင်းအထန် ကာကွယ်ထားတဲ့ နယ်စပ်ခံတပ်ကို ထွင်းဖောက်လာတော့မယ်..."
မရေမတွက်နိုင်သော အင်အားစုများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။ မဟာချင် စုဆောင်းထားသော စွမ်းအားမှာ သူတို့၏စိတ်ကူးယဉ်တွေးတောထားမှုထက် လုံးလုံးလျားလျား သာလွန်နေသည်။
ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့ပြီး နှစ်တစ်သောင်းကြာ အမွေအနှစ်ရှိသော ယန်မိသားစုသည် ယခုအချိန်၌ သူသေကိုယ်သေရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရလေပြီ။
ဤသည်မှာ ထိပ်တန်းအင်အားစုကြီးနှစ်ခုကြားရှိ ကြီးမားသော ပဋိပက္ခတစ်ခုပင်။ မရေမတွက်နိုင်သော နံဘေးမှ ကြည့်ရှုနေသူများက ယန်မိသားစုသည် ဤစစ်ပွဲတွင် ကြီးမားသော ထိုးနှက်ချက်တစ်ခုကို ခံစားရဖွယ်ရှိကြောင်း သူတို့၏စိတ်နှလုံးသားထဲတွင် အတင့်ရဲစွာ ခန့်မှန်းခဲ့ကြသည်။
wunzinnosp
Chapter 5460
ချင်စစ်တပ်၏အင်အားများ အဆက်မပြတ် ကြီးထွားလာသည်နှင့်အမျှ စစ်ပွဲသည် တစ်ဖက်သတ် အခြေအနေသို့ ရောက်ရှိသွားပေ၏။
ပဉ္စမနယ်မြေ၏နံဘေးပတ်လည်တွင် ဖြန့်ကျက်ထားသော ယန်မိသားစု၏အင်အားစုများသည် တစ်ခုပြီးတစ်ခု အမြစ်ပြတ် ချေမှုန်းခံရသည်။ မဟာချင်၏ သံမဏိမြင်းခွာများအောက်တွင် မြင့်မားသော ယန်မိသားစုခံတပ်များစွာ ပြိုလဲကျသွားပြီး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ချင်စစ်တပ်သည် လျင်မြန်စွာ လှုပ်ရှားခဲ့ပေ၏။ ယန်မိသားစုသည် ပြိုင်ဘက်ကင်းဟူသော ဒဏ္ဍာရီမှာ ပျက်စီးသွားသည်။ ယန်မိသားစု၏ ကာကွယ်ရေး အင်အားစုများသည် ချင်စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အဆက်မပြတ် ကျဆုံးသွားခဲ့သည်။
ယန်မိသားစုသည် ဒေါသထွက်နေသော်လည်း ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုကိုလည်း ခံစားနေရသည်။ သူတို့၏ဧကရာဇ်သည် ကောင်းကင်ဘုံနယ်မြေကို တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။ သို့ရာတွင် မထင်မှတ်ဘဲ မကြာသေးမီကမှ ပေါ်ပေါက်လာသော အင်ပါယာတစ်ခုကို ရန်စပြီးနောက် ဤကဲ့သို့ မိုးကြိုးပစ်ခတ်မှုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
"မင်းတို့ ယန်မိသားစုကြွက်တွေ... ငါတို့ မဟာချင်ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား... ပထမတော့ မင်းတို့က အရှင်ဧကရာဇ်ကို ဒုက္ခပေးဖို့ ရှန်းယန်မြို့တော်က တော်ဝင်နန်းတော် ကို လာခဲ့တယ်... အခု ငါတို့ မဟာချင်စစ်သားတွေရဲ့ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးလိုက်တယ်... ဒီလိုရန်ငြိုးမျိုးကို သွေးနဲ့ ဆေးကြောပစ်ရမယ်..."
ယန်မိသားစုသည် တန်ကြေးတစ်ခု ပေးဆပ်ရမည်ဟု ချင်လုရှန်းက ထုတ်ပြန်ကြေညာလိုက်၏။
"အရာအားလုံးကို မှတ်တမ်းတင်ထား... ယန်မိသားစုက မဟာချင်စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်တိုင်း ယန်မိသားစုကျင့်ကြံသူ အယောက်တစ်ရာနဲ့ ငါတို့ ပြန်ဆပ်မယ်..."
ချင်လုရှန်းက အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။
လူအမြောက်အများက ဤသည်မှာ ဟာသပြက်လုံးတစ်ခုဟု တွေးထင်ခဲ့ကြသော်လည်း မကြာမီတွင် သတိထားမိသူအချို့သည် စစ်တပ်အတွင်း စစ်မှုထမ်းစာရင်းကို မှတ်တမ်းတင်သူများ၏လက်ပေါ်တွင် ကျဆုံးသွားသော စစ်သားများ၏ စာရင်းနောက်၌ ကိန်းဂဏန်းတစ်ခုရှိနေကြောင်း တွေ့ရှိခဲ့ကြ၏။
ထိုအရာမှာ ယန်မိသားစု ပြန်လည်ပေးဆပ်ရမည့် လူအရေအတွက်ဖြစ်ပြီး နေ့စဉ် အဆက်မပြတ် တိုးပွားနေသည်။
ဤအချိန်၌ ချင်လုရှန်း ပြောသည့်စကားမှာ ဟာသပြက်လုံးမဟုတ်ကြောင်းနှင့် သူသည် ယန်မိသားစုအား အသက်ပေါင်း အဆတစ်ရာဖြင့် အမှန်တကယ် ပေးဆပ်စေရန် ရည်ရွယ်ထားကြောင်း လူများအားလုံး နောက်ဆုံးတွင် နားလည်သဘောပေါက်သွားတော့သည်။
ယန်မိသားစု မဟာအကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့မှာ အရည်အချင်းရှိရင် ဝင်လာခဲ့စမ်း... ငါ့တို့ရဲ့ပဉ္စမနယ်မြေက ကြေးနီနံရံနဲ့ ခိုင်မာတောင့်တင်းတဲ့ သံမဏိခံတပ်ပဲ... မင်းတို့ချင်စစ်တပ် ရှုံးနိမ့်ပြီး ပြန်သွားရလိမ့်မယ်..."
သူသည် ချင်စစ်သားများ၏စိတ်ဝိညာဉ်များကို ငရဲမှ ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့သော မဟာအကြီးအကဲပင်။ ဤဆုံးဖြတ်ချက်ကို ချမှတ်ခြင်းသည် စစ်ပွဲ၏ အခြေခံစည်းမျဉ်းများကို ချိုးဖောက်ပြီးဖြစ်ပေ၏။ သူ၏နာမည်သည် ယခုအချိန်၌ ချင်စစ်တပ်မှ သတ်ဖြတ်ရေး စာရင်း၏ထိပ်ဆုံးတွင် ယင်လော့ဧကရာဇ် ထက်ပင် ပို၍မြင့်မားစွာ ချိတ်ဆွဲထားသည်။
"အဘိုးကြီး... မင်း စောင့်နေ... ငါ မင်းရဲ့ ခွေးခေါင်းကို ယူမယ်..."
ချင်လုရှန်းက ထုတ်ပြန်ကြေညာလိုက်ပြီး ထိုမဟာအကြီးအကဲ၏စကားများကို လုံးလုံးလျားလျား ဂရုမစိုက်ချေ။
လုယွီ၏တော်ဝင်အမိန့်တော် ထွက်ပေါ်လာသည်နှင့်အမျှ ချင်လုရှန်းသည် ချင်စစ်တပ်ကို ဦးဆောင်ကာ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။
တံပိုးခရာသံများသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် ပဲ့တင်ထပ်နေပေ၏။ ချင်စစ်တပ်သည် မြို့များကို တိုက်ခိုက်ပြီး ခံတပ်များကို သိမ်းပိုက်ကာ အဆက်မပြတ် ချီတက်နေသည်။ ချင်အင်ပါယာ၏နယ်မြေသည် အလျှင်အမြန် ကျယ်ပြန့်လာသည်။
မဟာချင်၏နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ ကြီးထွားလာပြီး နတ်ဘုရား စွမ်းအား၏ ကြီးထွားမှုအမြန်နှုန်းနှင့် ယှဉ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိလာသည်။
"အင်ပါယာတစ်ခု တည်ထောင်မယ်... ကံကြမ္မာစွမ်းအားတွေကို ဆုပ်ကိုင်မယ်... အသက်ရှည်ခြင်းကို ရယူမယ်... မဟာချင်ရဲ့ နယ်မြေ ကျယ်ပြန့်လေလေ ကံကြမ္မာစွမ်းအားက ပိုပြီးအားကောင်းလေလေပဲ... ပြီးတော့ ငါ့ရဲ့မှော်စွမ်းအင်ကလည်း ပိုပြီးအားကောင်းလာလိမ့်မယ်..."
လုယွီသည် သူ၏ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသော မြင့်တက်ပြီး ကြီးမားကျယ်ပြန့်သည့် မှော်စွမ်းအားများကို ခံစားရပြီးနောက် စိတ်ခံစားချက်များဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
ဤသည်မှာ လူသားဧကရာဇ် ဖန်တီးခဲ့သော ကျင့်ကြံနည်းစနစ်ဖြစ်ပြီး နက်နဲသိမ်မွေ့ကာ ခန့်မှန်း၍မရနိုင်ဘဲ ထိုအရာအတွင်းတွင် အဆုံးမရှိသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေပေ၏။ ထိုနည်းစနစ်သည် ဧကရာဇ်များအတွက် အမှန်တကယ်ကို ထိပ်တန်းကျင့်ကြံနည်းစနစ်တစ်ခုပင်။
"ဒီလိုဖြစ်နေမှတော့ ယန်မိသားစု... မဟုတ်ဘူး... ငရဲနယ်မြေကို ဒီဘဝမှာ ငါကိုယ်တိုင် ထိန်းချုပ်ရမယ်..."
လုယွီသည် ယခုအချိန်၌ စတုတ္ထနယ်မြေ၏ ခန်းမရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး မရေမတွက်နိုင်သော သရဲဘုရင်များနှင့် သရဲတစ္ဆေစစ်သူကြီးများ၏ ဂါရဝပြုမှုကို ခံယူနေပေ၏။
အာရုံငါးပါးဘုရင် လွီသိုင်းကိုယ်တိုင် မဟာချင်၏အုပ်ချုပ်မှုအောက်သို့ ဝင်ရောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
လူများအားလုံး အံ့အားသင့်သွားကြသည်။ အာရုံငါးပါးဘုရင်သည် ဤမျှထိ အမြဲတစေ ကြောက်ရွံ့မှုကင်းမဲ့နေခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူသည် မဟာချင် အင်ပါယာနှင့် ကြာမြင့်စွာကတည်းက ဆက်သွယ်ထားပြီး ဖြစ်နေသည်။
"အရှင်ဧကရာဇ် သက်တော်ထောင်သောင်းရှည်ပါစေ..."
လူများအားလုံးသည် မြေပြင်ပေါ်တွင် ဝပ်တွားကာ "သက်တော် ထောင်သောင်းရှည်ပါစေ..." ဟု တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
လုယွီက လူများအားလုံး၏ဂါရဝပြုမှုကို တည်ငြိမ်စွာ လက်ခံလိုက်သည်။ ဤအချိန်၌ မည်သူကမျှ သူ့ကို မေးခွန်းထုတ်ဝံ့ခြင်း မရှိတော့ချေ။
ယခင်က လုယွီအား အစေခံအရှင်တစ်ယောက်ဟု တွေးထင်ကာ လှောင်ပြောင်ခဲ့သူများသည် ယခုအချိန်၌ သူတို့၏နဖူးများပေါ်တွင် အေးစက်သော ချွေးစေးများ ဖုံးလွှမ်းနေသည်ကို ခံစားလိုက်ရ၏။ မဟာချင်ဧကရာဇ်အကြောင်း ယခင်က မကောင်းပြောခဲ့ခြင်းကို တွေးမိချိန်၌ သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားသည်။
ကျန်းမိသားစုမှ သရဲဘုရင်နှစ်ပါးပင်လျှင် လုယွီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပေ၏။ ဤအချိန်တွင် မည်သူကမျှ လုယွီကို ရန်စရဲသည်အထိ အဆင်အခြင်မဲ့မည် မဟုတ်ချေ။
အာရုံငါးပါးဘုရင်သည် ရှေ့သို့ တိုးလာပြီး ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။
"အရှင်ဧကရာဇ်... စတုတ္ထနယ်မြေရဲ့ စစ်တပ်က အဆင်သင့်ဖြစ်နေပါပြီ..."
အထပ်ကိုးထပ်ရှိသော မြင့်မားသည့် စင်မြင့်ပေါ်တွင် လုယွီ၏ ပုံရိပ်သည် ကန့်လန့်ကာ နောက်ကွယ်တွင်ဖုံးကွယ်နေပြီး ပုန်းအောင်းနေသော အစစ်အမှန်နဂါးတစ်ကောင်အလား သူ၏ နဂါးစွမ်းအားမှာ အကန့်အသတ်မရှိပေ။
"သွားကြတော့... ချင်စစ်တပ်နဲ့ ပူးပေါင်းပြီး နယ်မြေအားလုံးကို သိမ်းပိုက်လိုက်စမ်း..."
လုယွီက ပြောဆိုလိုက်၏။
"မိုးကောင်းကင်အောက်မှာ အရာအားလုံးက ဧကရာဇ်ရဲ့ပိုင်နက်ပဲ... ယန်မိသားစုရဲ့အရာအားလုံးကို မဟာချင်ရဲ့နယ်မြေထဲကို ထည့်သွင်းလိုက်စမ်း..."
"ဟုတ်ကဲ့ပါ..."
လူများအားလုံးက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။