အခန်း (၅၄၆၁-၅၄၆၅)
Vol. 276 Ch. 5461-5465
Chapter 5461
ယန်မိသားစုကို သုတ်သင်ရှင်းလင်းရန် လုယွီ၏ အမိန့် ထွက်ပေါ်လာသည်နှင့်အမျှ ချင်စစ်တပ်သည် ရူးသွပ်သွားပေ၏။
ဖုန်းတုကို ပထမဆုံး ဝင်ရောက်သူတိုင်းကို မင်းသားအဖြစ် ခန့်အပ်ပေမည်။ ဤသည်မှာ ချင်စစ်တပ်ကြားရှိ လူအများသိရှိထားသော သဘောတူညီချက်ပင်။
မဟာချင်တွင် ဂုဏ်ပြုခံရာထူး အဆင့်ငါးဆင့်နှင့် အဆင့်ငယ်ဆယ့်ငါးဆင့် ရှိပြီး အမြင့်ဆုံးမှာ ပထမတန်းစား မြို့စား ဖြစ်သော်လည်း မြို့စား အထက်တွင် သာမန်ထက် သာလွန်သော တည်ရှိမှုတစ်ခု ရှိပြီး ထိုအရာမှာ မင်းသားဘွဲ့ထူးပင်။
လက်ရှိတွင် မဟာချင်အင်ပါယာ၌ မင်းသားနှစ်ဆယ့်လေးပါး ရှိပြီး တပ်မှူးမင်းသားတစ်သောင်းခန့်သာ ရှိကာ အများစုမှာ ကျိုးမိသားစုဝင်များကို ပေးသနားထားခြင်းဖြစ်သည်။
ဤသည်မှာ ယခင်မင်းဆက်အပေါ် လုယွီ၏ ကျေးဇူးသိတတ်မှုပင်။ ကျိုးမိသားစု၏ အရှင်သခင်အသီးသီးသည် တည်ရှိနေဆဲဖြစ်ပြီး ဖျက်သိမ်းခြင်း မခံရသော်လည်း မဟာချင်တွင် မင်းသားဘွဲ့ကို အမှန်တကယ် ပေးသနားခံရသူများမှာ အလွန်နည်းပါးလှသည်။
ကျယ်ပြန့်ပြီး အဆုံးအစမရှိသော ကောင်းကင်ဘုံနယ်မြေတွင် မင်းသားအဖြစ် ဘွဲ့ထူးအပ်နှင်းခံရခြင်းမှာ ရှားပါးသော တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။ ဤသည်က မြင့်မြတ်သော အဆင့်အတန်းတစ်ခုဖြစ်ကာ အဆုံးမရှိသော ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများကို ခံစားနိုင်ပေ၏။
ဤသည်မှာ အလွန်ဆွဲဆောင်မှုရှိသော ဆုကြေးတစ်ခုဖြစ်ပြီး ချင်စစ်တပ်တစ်တပ်လုံးကို ရူးသွပ်သွားစေရန် ဖိအားပေးနေသည်။
မဟာချင်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရရာတွင် ယန်မိသားစုသည် ကာကွယ်ရေးအစီအမံများကို ဆက်တိုက် ပြုလုပ်ရန် အတင်းအကြပ် ကြိုးပမ်းနေခဲ့သည်။
ပဉ္စမနယ်မြေတွင် ယန်မိသားစုသည် ယန်မိသားစုဝင်များမှ ဦးဆောင်သော သန်းနှင့်ချီသည့် ကြီးမားသည့် ကြေးစားစစ်တပ်တစ်တပ်ကို စုစည်းထားခဲ့သည်။ သူတို့သည် ရှည်လျားပြီး ခိုင်ခံ့သော ကာကွယ်ရေးစည်းတစ်ခုကို ဖွဲ့စည်းပြီး မဟာချင်၏ချီတက်မှုကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြ၏။
သို့သော် သူတို့ ရင်ဆိုင်ခဲ့ရသည်မှာ ကောင်းကင်နှင့်မြေပြင်ကြား၌ သိပ်သည်းစွာ စုပုံနေသော ချင်စစ်သားများ မိုးကောင်းကင်ကို တုန်ခါစေသော သူတို့၏စစ်ပွဲအော်ဟစ်သံများပင်။ ချင်စစ်တပ်၏အလံများသည် တဖျပ်ဖျပ်လူးလွန့်နေပြီး အဆုံးသတ်ကိုပင် မမြင်နိုင်ချေ။
"သူတို့အားလုံး ရူးနေတာလား... ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စစ်တပ်ကြီးလဲ..."
"ငါတို့က အရင်က ကာကွယ်ရေးစည်းမှာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့တာလေ... သူတို့က ဒီအတိုင်းပဲ ပြေးဝင်လာတာလား..."
"ငါ နောင်တရတယ်... ယန်မိသားစုက ပိုက်ဆံဘယ်လောက်ပေးပေး သုံးဖို့အတွက်က အသက်ရှင်နေဖို့ လိုသေးတယ်..."
လူအမြောက်အများ စိတ်ပျက်အားငယ်သွားကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ မငြိမ်မသက်မှုများဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးတွင် ကြောက်ရွံ့မှုက အသာစီးရသွားသဖြင့် သူတို့သည် နောက်လှည့်ကာ ထွက်ခွာသွားကြပြီး ဆက်မနေရဲတော့ချေ။
မဟာချင်၏ သံမဏိမြင်းခွာများသည် မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်ပြီး မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ရှေ့တန်းရှိ ကြေးစားကျင့်ကြံသူများသည် တိုက်ခိုက်လိုစိတ် ကင်းမဲ့သွားပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားကြ၏။
"နောက်ဆုတ်တဲ့သူ သေရမယ်..."
ယန်မိသားစု၏ ကြီးကြပ်ရေးအဖွဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏ ဓားများကိုမြှောက်ကာ ကြေးစား ကျင့်ကြံသူ အမြောက်အများကို ခုတ်ပိုင်းလိုက်သည်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ချင်စစ်တပ် ရောက်ရှိလာပြီး ဒီရေလှိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာကာ မရေမတွက်နိုင်သော ကြေးစားကျင့်ကြံသူများသည် သွေးပန်းပွင့်များအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ လဲကျသွားကြ၏။
"အား..."
ယန်မိသားစု၏ ကြီးကြပ်ရေးအဖွဲ့ထံမှလည်း အော်ဟစ်သံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ခံရမည့် ကံကြမ္မာက မကြာမီ သူတို့အပေါ်သို့ ကျရောက်လာသည်။
"မင်းတို့က ဘယ်လိုတောင် ရဲတင်းတာလဲ..."
ယန်မိသားစု၏ မဟာအကြီးအကဲတစ်ဦး ထွက်ပေါ်လာပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ မြေပြင်ကို အက်ကွဲသွားစေသည်။
ထိုကဲ့သို့ နည်းလမ်းများသည် နတ်ဘုရားများ နှင့်နတ်ဆိုးများနီးပါးဖြစ်ပြီး လှုပ်ရှားမှုတိုင်းနှင့်အတူ တောင်များနှင့်ပင်လယ်များကို ရွှေ့ပြောင်းနိုင်စွမ်းရှိသည်။ သို့သော် ထိုယန်မိသားစု၏မဟာအကြီးအကဲများသည် သူတို့၏ စွမ်းအားပြည့်ကို မထုတ်ဖော်နိုင်မီ မရေမတွက်နိုင်သော မဟာချင်တပ်မှူးများက သူတို့ကို ချက်ချင်းဝိုင်းရံလိုက်ကြသည်။
မဟာချင်အင်ပါယာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စစ်တပ်အတွင်းရှိ ကျွမ်းကျင်သူများသည် တိမ်များကဲ့သို့ ပေါများသည်။ တပ်မှူးများသည် ယေဘုယျအားဖြင့် နယ်မြေသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နယ်မြေသခင်နယ်ပယ် သတ္တမအဆင့်အထက်ရှိ ပြိုင်ဘက်ကင်း ကျင့်ကြံသူ အမြောက်အများပင် ရှိနေပေ၏။
ပြင်းထန်သော တိုက်ပွဲအောက်တွင် ဤနေရာ၌ စခန်းချထားသော ယန်မိသားစု၏မဟာအကြီးအကဲထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သော အသံကြီး ထွက်ပေါ်လာသည်။ သူသည် ချင်စစ်တပ်တပ်မှူး၏ ပြိုင်ဘက် မဟုတ်ဘဲ အမြင့်မှ ကျဆင်းလာပြီး သူ၏မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားခဲ့သည်။
အချိန်တခဏအတွင်းတွင် ယန်မိသားစု၏စစ်စခန်းသည် ခေါင်းမရှိသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားလေ၏။ ယန်မိသားစု၏ ကျင့်ကြံသူ အမြောက်အများပင်လျှင် နောက်လှည့်ပြီး စတင်၍ ထွက်ပြေးကြရာ ရှုံးနိမ့်မည့် ရလဒ်မှာ ဖန်တီးပြီးသား ဖြစ်နေတော့သည်။
ဝုန်း...
ကြီးမားပြီး မြင့်မားသော ယန်မိသားစု ခံတပ်ကြီးကို ချင်စစ်တပ်က တိုက်ရိုက်တွန်းလှဲပစ်လိုက်ပြီး ကာကွယ်ရေးစည်း ပြိုလဲပျက်စီးသွားကာ ထိပ်တန်းအင်အားစုကြီးနှစ်ခုကြားရှိ ပဋိပက္ခမှာလည်း ထိုကဲ့သို့ ရလဒ်ဖြင့် အဆုံးသတ်သွားသည်။
အမှန်အားဖြင့် ဤသည်မှာ လူအများ မျှော်လင့်ထားသည့်အတိုင်းပင်။ ချင်စစ်တပ်ကဲ့သို့ ကျွမ်းကျင်စစ်တပ်ဖွဲ့စည်းမှုတစ်ခုသည် စစ်မြေပြင်တွင် အမြင့်မားဆုံး အကျိုးသက်ရောက်မှုကို ထုတ်ဖော်နိုင်သည်။ ထိုကဲ့သို့သော စစ်တပ်ဖွဲ့စည်းပုံသည် အင်အားအပြည့်ဖြင့် လည်ပတ်သွားသည်နှင့်တစ်ပြိုင်နက် ထွက်ပေါ်လာသော စွမ်းအားသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေပေလိမ့်မည်။
"အရှင်ဧကရာဇ်ဆီ သတင်းပို့လိုက်... ချင်စစ်တပ်က ပဉ္စမနယ်မြေ ကာကွယ်ရေးစည်းကို ဖောက်ထွင်းပြီးပြီ..."
ချင်လုရှန်းသည် အလောင်းပုံပေါ်တွင် မတ်တတ်ရပ်ကာ သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေပြီး အမိန့်ပေးလိုက်၏။
wunzinnosp
Chapter 5462
"ချင်.. မဟာချင်..."
ချင်စစ်တပ်မှ မရေမတွက်နိုင်သော စစ်သားများ၏ ဟစ်ကြွေးသံများသည် မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး တိမ်တိုက်များကို တုန်ခါသွားစေသည်။
ငရဲနယ်မြေ နယ်မြေဆယ့်ရှစ်ခုသည် ထိုအရာကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ရှေးဟောင်းခေတ်ကတည်းက မည်သည့်အင်အားစုကမျှ ယန်မိသားစုအပေါ် ဤမျှထိ ကြီးမားသော ထိုးနှက်ချက်မျိုး မပေးနိုင်ခဲ့ချေ။
သွေးများသည် မြစ်များအဖြစ် စုစည်းသွားပြီး အလောင်းပုံများကြားတွင် စီးဆင်းနေသည်။ စစ်မြေပြင်သည် အသူရာငရဲဘုံတစ်ခု ဖြစ်လာခဲ့သည်။ အင်အားစုတချို့သည် စုံစမ်းစစ်ဆေးရန် လူများကို အထူး စေလွှတ်ခဲ့သော်လည်း နေရာအနှံ့တွင် အလောင်းများနှင့် စစ်မြေပြင်အထက်တွင် တလူလူလူးလွန့်နေသော ငှက်နက်အလံကိုသာ မြင်တွေ့ခဲ့ရသည်။
"ချင်စစ်တပ်က အရမ်းသန်မာတယ်... အလယ်ခေတ်ကာလမှာတောင် ဒီလောက်ထိ အစွမ်းထက်တဲ့ စစ်တပ်မျိုး ရှားတယ်..."
"သူတို့အားလုံးက ပြန်လည်ဝင်စားခြင်းက ပြန်လာတဲ့ အသူရာတွေလိုပဲ... တားဆီးလို့ မရဘူး... သူတို့နဲ့ ကြုံတွေ့ရတဲ့အချိန်မှာ လီသုံးဆယ်လောက် နောက်ဆုတ်သွားသင့်တယ်..."
ပဉ္စမနယ်မြေရှိ လူအမြောက်အများသည် ထိတ်လန့်တကြား ဖြစ်သွားကြ၏။ ယန်မိသားစု၏ ကြေးစားစစ်တပ်တချို့သည် အကြီးအကျယ် ပုန်ကန်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ အစပိုင်းတွင် ထိုအခြေအနေကို စီမံခန့်ခွဲရန် ကြိုးစားသူများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ထိန်းချုပ်မရ ဖြစ်သွားသည်။ လူအမြောက်အများ ထွက်ပြေးသွားကြပြီး သူတို့၏ စိတ်ကူးယဉ်တွေးတောနိုင်မှုထက်ပင် ကျော်လွန်နေခဲ့သည်။
မဟာချင်၏ တိုက်ခိုက်မှုနှင့် ယန်မိသားစု၏ အဆက်မပြတ် ရှုံးနိမ့်မှုများက ယန်မိသားစုအတွင်းရှိ လူအမြောက်အများကိုလည်း ယုံကြည်မှု ဆုံးရှုံးစေခဲ့ပေ၏။ ယင်လော့ ဧကရာဇ်ထံသို့ တန်ပြန်အစီအမံများ တောင်းဆိုရန် လူအမြောက်အများက သွားရောက်ခဲ့ကြသော်လည်း သူတို့ရရှိခဲ့သော အကြောင်းပြန်ချက်များမှာ ဧကရာဇ်သည် တံခါးပိတ်ကျင့်ကြံ နေဆဲဖြစ်ပြီး မည်သည့်ကိစ္စမျိုးနှင့်မျှ အနှောင့်အယှက် မပေးရန်ပင်။
ထိုကဲ့သို့ အခြေအနေမျိုးအောက်တွင် ယန်မိသားစု၏စိတ်ဓာတ်များ ရေခဲမှတ်အထိ ကျဆင်းသွားပြီး စစ်မြေပြင်တွင် သူတို့၏စွမ်းဆောင်ရည်မှာ အကြီးအကျယ် ကျဆင်းသွားသည်။
ယန်မိသားစုအတွင်းရှိ လူတချို့က မဟာချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် စီစဉ်ခဲ့ကြသည်။ သူတို့သည် တော်ဝင်တံဆိပ်ပြားကို သယ်ဆောင်ကာ သံတမန်များကို တိတ်တဆိတ် စေလွှတ်ခဲ့ပြီး ထိုအရာကို အသုံးပြု၍ မဟာချင်၏ အစွမ်းထက်သော တိုက်ခိုက်မှုကို ရပ်တန့်ရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် တစ်နာရီမပြည့်မီမှာပင် သံတမန်၏ခေါင်းသည် လူများကြည့်ရှုရန်အတွက် လှံရှည်တစ်ခုပေါ်တွင် ချိတ်ဆွဲထားခြင်း ခံလိုက်ရပေ၏။
"မင်းတို့က ငါတို့ ရဲဘော်ရဲဘက်တွေရဲ့ စိတ်ဝိညာဉ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်... ဒါကြောင့် မင်းတို့ရဲ့ယန်မိသားစုက မင်းတို့ရဲ့ အသက်တွေနဲ့ ပြန်ဆပ်ရမယ်... ဒီတစ်ကြိမ်မှာ ယန်မိသားစုကို ငါတို့ သေချာပေါက် ဖျက်ဆီးပစ်မယ်..."
ချင်စစ်သားများက ဟစ်ကြွေးလိုက်သည်။
ချင်စစ်တပ်မှ စစ်ဗိုလ်ချုပ်များအတွက် ဤယန်မိသားစုဝင်များသည် အသက်ရှင်နေသော စစ်ရေးအောင်မြင်မှုအမှတ်များပင်။
သူတို့ဘက်မှ လက်နက်ချလျှင်ပင် ခွင့်ပြုနိုင်မည် မဟုတ်ချေ။
ယန်မိသားစုရှိ လူအမြောက်အများမှာ စိတ်ပျက်အားငယ်နေကြ၏။ သူတို့၏ ကိုယ်ပိုင် အစွမ်းထက်သော ခွန်အားကို အားကိုးခြင်းဖြင့် ကောင်းကင်ဘုံနယ်မြေသို့ ဆင်းသက်လာခြင်းက တစ်ဖက်လူများကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီး ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခု ဖြစ်လာမည်ဟု သူတို့ အစပိုင်းတွင် တွေးထင်ခဲ့ကြ၏။ သို့ရာတွင် မထင်မှတ်ဘဲ သူတို့သည် ရက်စက်ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်ကို ရန်စမိပြီး ယခုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ခံစားနေရသည်။
လုယွီက စစ်မြေပြင်သို့ ရောက်ရှိလာပြီး သူ၏ နောက်တွင် ကြီးမားသော အနက်ရောင်သံမဏိ စစ်တပ်ကြီးတစ်တပ် ရှိနေသည်။ ဤသည်မှာ ယခုအချိန်၌ မဟာချင်၏အလံကို လွှင့်ထူကာ ချင်စစ်တပ် သိမ်းပိုက်ထားသော နယ်မြေကို တခြားလမ်းကြောင်းတစ်ခုမှ ဝင်ရောက် သိမ်းပိုက်နေသည့် အာရုံငါးပါးဘုရင်၏စစ်တပ်ပင်။
သူတို့သည် ခြေလှမ်းတစ်လှမ်းချင်း ရှေ့တိုးကာ ရန်သူနယ်မြေကို ကျူးကျော်ဝင်ရောက်နေပေ၏။
ယန်မိသားစု၏ အင်အားသည် အလျင်အမြန် အားနည်းလာပြီး ဆန့်ကျင်ဘက်အနေဖြင့် ချင်စစ်တပ်ကမူ အင်အားကြီးမားစွာဖြင့် တိုးတက်လာသည်။
နွေဦးနှင့်ဆောင်းဦး တတိယနှစ်...လေးလပိုင်း ဆယ့်ခုနစ်ရက်...
ချင်စစ်တပ်သည် အဆက်မပြတ် ရှေ့သို့ချီတက်လာခဲ့ပြီး တားဆီး၍မရနိုင်ဘဲ ဖုန်းတု မြို့တော် အပြင်ဘက် လီတစ်ရာခန့်အကွာသို့ ရောက်ရှိလာပေ၏။
တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်တွင် လုယွီသည် သူတစ်ယောက်တည်း တိုက်ခိုက်ကာ ယန်မိသားစု၏ ခံတပ်တစ်ရာကို ဖျက်ဆီးပစ်ခဲ့သည်။ ယန်မိသားစုကျင့်ကြံသူ တစ်သန်းခန့်သည် လုယွီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။
ယန်မိသားစုသည် ရက်စက်စွာ ပြုမူခဲ့ပြီး 'ကောင်းကင်' မျိုးဆက် မဟာအကြီးအကဲ တစ်ဦးကို စေလွှတ်လိုက်သည်။ ထိုလူသည် တခြားမဟာအကြီးအကဲတစ်ရာကို ဦးဆောင်ပြီး လုယွီကို လုပ်ကြံသတ်ဖြတ်ကာ ဤစစ်ပွဲကို အဆုံးသတ်ရန် သူတို့အားလုံး အတူတကွ လှုပ်ရှားခဲ့ကြသည်။
ထိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုသည် မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤစစ်ပွဲ၏ ရလဒ်ကို သူတို့ ကိုယ်တိုင် မျက်မြင်တွေ့ရှိရန် လူအမြောက်အများသည် ထိုနေရာသို့ပင် သွားရောက်ခဲ့ကြ၏။
သို့သော် သူတို့ ချဉ်းကပ်သွားချိန်တွင် ကောင်းကင်နှင့်မြေပြင်မှ ထွက်ပေါ်လာသော အစစ်အမှန်အင်မော်တယ် စွမ်းအား၏ အငွေ့အသက်တစ်ခုကို သူတို့ တွေ့ရှိခဲ့ကြသည်။ ပတ်ဝန်းကျင်ရှိ ကြယ်တာာရာများ တောက်ပလာပြီး အရာအားလုံး တုန်ခါနေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် ပျံ့နှံ့နေသည်။
ထိုအစွမ်းထက်သော ဖိအားအတွင်းတွင် လုယွီ၏ခန္ဓာကိုယ်သည် အနည်းငယ် ဝေဝါးနေပုံရပေ၏။ သူ၏အရှိန်အဝါသည် ပို၍ပို၍ရက်စက်ကြမ်းတမ်းလာပြီး သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးအလား တောင်များနှင့်မြစ်များကို ပြိုလဲပျက်စီးစေနိုင်သော ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
မဟာအကြီးအကဲတစ်ရာသည် ချက်ချင်းနီးပါး ဖိနှိပ်ခံရပြီး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သွေးများနှင့်အတူ ကျိုးပဲ့နေသော အရိုးအပိုင်းအစများသည် နေရာအနှံ့ ဖြာကျသွားပြီး အမြင့်မှ ကျဆင်းလာသော စုတ်ပြဲနေသည့် အရုပ်များအလားပင်။
ထို 'ကောင်းကင်' မျိုးဆက် မဟာအကြီးအကဲ တစ်ဦးတည်းသာလျှင် သူ၏ အစွမ်းထက်သော စွမ်းအားကို အားကိုးကာ လုယွီ၏လက်ထဲတွင် ပွတ်ကာသီကာလေး အသက်ရှင်ကျန်ရစ်ခဲ့သည်။
wunzinnosp
Chapter 5463
ယန်မိသားစုရှိ ကောင်းကင်အဆင့် မဟာအကြီးအကဲများသည် အမြင့်ဆုံးအာဏာကို ကိုယ်စားပြုပြီး သက်ရှိအားလုံး၏အထက်တွင် မြင့်မားစွာ တည်ရှိနေ၏။
ဤအဆင့်ရှိ မဟာအကြီးအကဲတစ်ဦး ဖြစ်လာရန်အတွက် အနည်းဆုံး ခြေလှမ်းတစ်ဝက် တာအိုသခင်၏ခွန်အားကို ပိုင်ဆိုင်ထားရပေမည်။ သူ၏ရှေ့ရှိ ကောင်းကင်အဆင့် အကြီးအကဲ သည် တာအိုသခင်နယ်ပယ်သို့ပင် ရောက်ရှိနေလေပြီ။
သို့သော် လုယွီသည် ကြောက်ရွံ့ခြင်း မရှိချေ။ သူသည် ကောင်းကင်ဘုံနယ်မြေတွင် အစွမ်းထက်သူများစွာကို မြင်တွေ့ခဲ့ဖူးပြီး ဤအဆင့်ရှိ အစွမ်းထက်သူများမှာ သူ၏စိတ်အာရုံကို လုံးလုံးလျားလျား မဆွဲဆောင်နိုင်ချေ။
"ဘုန်း..."
သူသည် လက်သီးတစ်ချက်တည်းဖြင့် တိုက်ခိုက်လိုက်ရာ ကောင်းကင်နှင့်မြေပြင်ကို အမှောင်ထုထဲသို့ ကျဆင်းသွားစေပြီး နေနှင့်လ၏ အရောင်ကို ပြောင်းလဲသွားစေကာ တောင်များ မြစ်များနှင့် ကောင်းကင်ကို ပြောင်းပြန်ဖြစ်ကာ တဝုန်းဝုန်းဖြစ်သွားစေသည်။ ထို မဟာအကြီးအကဲသည် မလိုလားသော အော်ဟစ်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်သွားသည်။
လုယွီသည် ထိုမဟာအကြီးအကဲ၏ စိတ်ဝိညာဉ်ကိုလည်း အလွတ်မပေးခဲ့ချေ။ သန့်စင်ယန်မျှော်စင်သည် အလင်းတန်းများကို ထုတ်လွှတ်ကာ စိတ်ဝိညာဉ်ကို ထိုအထဲသို့ ယူဆောင်သွားပြီးနောက် လုယွီ၏နတ်ဘုရားစွမ်းအားများ ပို၍အားကောင်းလာပေ၏။
ဤတိုက်ပွဲကို လူအမြောက်အများက မျက်မြင်တွေ့ရှိခဲ့ကြသည်။ လူတချို့သည် တိုက်ပွဲ မြင်ကွင်းကို မှတ်တမ်းတင်သလင်းများဖြင့် မှတ်တမ်းတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြသည်။
"အဲ့ဒါက... ကောင်းကင်အဆင့် မဟာအကြီးအကဲလေ..."
"အခု ချင်ဧကရာဇ်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်အထိ ရောက်နေပြီလဲ... တကယ်ကို ဒီလောက်ထိ အစွမ်းထက်နေတာလား..."
"သူနဲ့ ယန်မိသားစုကြားမှာ ဘယ်သူ အနိုင်ရမလဲဆိုတာ ငါတို့ မသိဘူး... ဒါပေမဲ့ အခုမြင်ရသလောက်တော့ ချင်ဧကရာဇ် ပြသခဲ့တဲ့ စွမ်းအားက အရမ်းထိတ်လန့်ဖို့ကောင်းတယ်..."
လူအမြောက်အများ ထိတ်လန့်သွားကြ၏။ လုယွီက ကောင်းကင်အဆင့် မဟာအကြီးအကဲကို လက်သီးတစ်ချက်ဖြင့် သတ်ပစ်သည့် မြင်ကွင်းက လူများအပေါ် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်တရတစ်ခုအား ချန်ထားခဲ့သည်။
လုယွီသည် ထိုယန်မိသားစု ကျွမ်းကျင်သူများကို သတ်ဖြတ်ပြီးနောက် ဖုန်းတုမြို့တော်ဆီသို့ ဦးတည်သွားလေ၏။ ချင်စစ်တပ်၏ ရှေ့တန်း တပ်မကြီးသည် ဤအချိန်တွင် ဖုန်းတုမြို့တော်၏ရှေ့သို့ ရောက်ရှိနေလေပြီ။
အနက်ရောင်တိမ်တိုက်များသည် မြို့တော် အပေါ်သို့ ဖိနှိပ်လာပြီး အရာအားလုံး မှိန်ဖျော့သွားသည်။
အလွန်မွန်းကြပ်စေသည့် လေထုကြားတွင် ကြီးမားပြီး ခမ်းနားသော မြို့တော်ကြီး တစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကြားတွင် အမြစ်တွယ်နေသော ဧရာမသားရဲကြီးတစ်ကောင်အလား လွင်ပြင်ကိုဖြတ်သန်း၍ တည်ရှိနေသည်။
ကောင်းကင်ယံကို ဖြတ်သန်းလာသော ခရမ်းရောင် အလင်းတန်းများသည် ဖုန်းတု မြို့တော်သို့ တိုက်ရိုက်ဝင်ရောက်သွားပေ၏။ ထိုအရာများသည် ဖုန်းတုမြို့တော်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာပြီး ဤမြို့တော်ကြီးကို အမြဲတစေ ပေါများသော စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေစေသည့် ကံကြမ္မာမှ မွေးဖွားလာသော တောက်ပမှုပင်။
ဤအချိန်၌ ဖုန်းတုမြို့တော်၏မြို့တံခါးများကို တင်းကြပ်စွာ ပိတ်ထားသည်။ မြို့တော်အတွင်း၌ အရေးပေါ်သတိပေးခေါင်းလောင်းသံများ အဆက်မပြတ် မြည်ဟီးနေသည်။ မရေမတွက်နိုင်သော ယန်မိသားစု ကျင့်ကြံသူ များသည် မြို့ရိုးအစွန်းတွင် ရပ်ကာ အဝေးမှ မြင်ကွင်းကို သတိထား၍ စောင့်ကြည့်နေကြ၏။ လွှမ်းမိုးနေသော ချင်စစ်တပ်မှ စစ်သားများသည် သူတို့ကို အလွန်အမင်း ဖိအားပေးနေသည်။
အနက်ရောင် သံချပ်ကာများကို ဝတ်ဆင်ထားပြီး တောက်ပနေသော ဓားများကို ကိုင်ဆောင်ထားသည့် သိန်းနှင့်ချီသော ချင်စစ်သားများသည် အချိန်မရွေး လူများကို ဝါးမျိုနိုင်သော ရက်စက်ကြမ်းကြုတ် ဧရာမသားရဲကြီး တစ်ကောင်အလားပင်။
လုယွီသည် ချင်စစ်တပ်၏အလယ်ဗဟိုတွင် ထိုင်ကာ အဝေးရှိ ဖုန်းတုမြို့တော်ကို ကြည့်ရင်း သူ၏စိတ်အတွင်းတွင် စိတ်ခံစားမှုများ ပြင်းထန်နေပေ၏။
သူသည် ဘဝနှစ်ခုနေထိုင်ခဲ့ပြီး တစ်ချိန်က ဤနေရာ၏အရှင်သခင် ဖြစ်ခဲ့သည်။ ယခု နေရာဟောင်းသို့ ပြန်လည်ရောက်ရှိလာချိန်၌ ဤနေရာကို သူ ပြန်လည်သိမ်းပိုက်ရပေမည်။
အတိတ်က ဤမြို့တော်တွင် အမှတ်တရများစွာ ကျန်ရစ်ခဲ့သော်လည်း လုယွီသည် ယခင်လူ မဟုတ်တော့ချေ။ ဤနေရာကို သူ လုံးလုံးလျားလျား သိမ်းပိုက်ထိန်းချုပ်ချင်သည်။
"မဟာချင်ရဲ့ ငါးဆယ့်လေးခုမြောက် တပ်မကြီးရဲ့ တပ်မှူးလုယိုက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်..."
ကျယ်လောင်ပြီး အစွမ်းထက်သော အသံတစ်သံက လုယွီ၏နားထဲတွင် ပဲ့တင်ထပ်သွားပေ၏။
ဤသည်မှာ အလွန်ငယ်ရွယ်သော တပ်မှူး တစ်ဦးပင်။ သူ၏မျက်နှာသည် ဖြူဖွေးပြီး ချောမောခန့်ညားကာ တပ်မှူးတစ်ယောက်၏ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ ကိုယ်ဟန်အမူအရာမှာ အရပ်ရှည်ပြီး မတ်မတ်ရပ်နေကာ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပေ၏။
"မင်း ရောက်လာတာ အတော်လေး စောတာပဲ... ဟုန်ရှောက်ဝူကို အတုယူပြီး ငါ့ရှေ့မှာ ဆုလာဘ်တွေ တောင်းချင်နေတာလား..."
လုယွီက မေးမြန်းသည်။
လုယိုက ရယ်မောလိုက်သည်။
"ဒီလက်အောက်ငယ်သားနဲ့ ဟုန်ရှောက်ဝူက အတန်းဖော်တွေပါ... သူက အခုဆိုရင် အမတ် တစ်ယောက်ပဲ ရှိသေးတယ်... အရှင်ဧကရာဇ်... ဖုန်းတုကို အောင်နိုင်သူတိုင်း မင်းသား အဖြစ် ခန့်အပ်ခံရမယ်လို့ အရှင်ဧကရာဇ်က ပြောခဲ့တယ်လေ... တကယ်လို့ သူက အနာဂတ်မှာ ဒီငယ်သားကို တွေ့ရင် သူက ဒီငယ်သားကို သေချာပေါက် အရိုအသေပေးရလိမ့်မယ်..."
လုအဖွဲ့၏အဖွဲ့ဝင်များအနေဖြင့် လူငယ်စစ်တပ်အရာရှိ အမြောက်အများသည် ဆက်တိုက် ရာထူးတိုးခံခဲ့ရပြီး သူတို့အနက်မှ အတော်များများသည် တပ်မှူးရာထူးသို့ ရောက်ရှိခဲ့ကြသည်။
လုယွီသည် လုယိုကို နောက်တစ်ချက် ကြည့်လိုက်ပြီး သူ၏သံချပ်ကာပေါ်တွင် ရေးထွင်းထားသော နဂါးပုံစံကို ရုတ်တရက် သတိပြုမိသွားသည်။
"မင်းက တော်ဝင်မျိုးနွယ်စုဝင် တစ်ယောက်လား..."
လုယွီက မျက်ခုံးပင့်လိုက်၏။
"ဒီလက်အောက်ငယ်သားက တော်ဝင်မြို့တော် လုမိသားစုရဲ့မျိုးဆက်ပါ... စစ်ရေးအောင်မြင်မှုတွေကြောင့် ကျွန်တော်က မျိုးနွယ်စုရေးရာခန်းမကနေ ခွင့်ပြုချက် ရခဲ့ပြီးတော့ ရှန်းယန်လုမိသားစုရဲ့ မိသားစုထဲကို ပြောင်းရွှေ့ခံခဲ့ရတယ်... တော်ဝင်မိသားစုရဲ့ မျက်နှာသာပေးမှုအရ ကျွန်တော့်ကို နိုင်ငံတော်ကာကွယ်သူစစ်သူကြီးဆိုတဲ့ ဘွဲ့ကို ပေးသနားခဲ့ပါတယ်..."
လုယိုက ပြန်ဖြေလိုက်သည်။
ယခုချိန်တွင် လုမိသားစု၏တော်ဝင်မျိုးနွယ်စု များအနက် ရှန်းယန်လုမိသားစုသည် ဧကရာဇ်၏မိသားစုပင်။
သို့သော် တော်ဝင်မြို့တော်လုမိသားစုတွင်လည်း သွေးသားတော်စပ်မှုတချို့ ရှိနေသဖြင့် လုယွီက ချွင်းချက်တစ်ခုကို ချန်ထားခဲ့သည်။ အသက်ငါးဆယ်အောက်ဖြစ်ပြီး တော်ဝင်နန်းတော်အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ထားသရွေ့ လုမိသားစု၏ မျိုးနွယ်စုရေးရာခန်းမမှ ခွင့်ပြုချက် ရရှိပြီးနောက် သူတို့ကို ရှန်းယန်လုမိသားစုသို့ ပြောင်းရွှေ့နိုင်သည်။
တော်ဝင်မျိုးနွယ်စုများကို မင်းသား တပ်မှူးမင်းသား နိုင်ငံတော်စစ်သူကြီး နိုင်ငံတော်အထောက်အပံ့စစ်သူကြီး နိုင်ငံတော်ကာကွယ်သူစစ်သူကြီးစသဖြင့် ဂုဏ်ပြုခံ ရာထူးများအရ အဆင့်များစွာ ခွဲခြားထားပေ၏။ လုယို သည် လက်ရှိတွင် အနိမ့်ဆုံးအဆင့်ဖြစ်သော နိုင်ငံတော်ကာကွယ်သူစစ်သူကြီးသာ ဖြစ်သည်။
"ငါပြောတဲ့ စကားတွေက ခိုင်မာတယ်... ဖုန်းတုကို အောင်နိုင်မယ်လို့ မင်းက ယုံကြည်မှု ရှိနေမှတော့ စတင်လိုက်တော့..."
လုယွီက ထိုစကားကို ပြောဆိုပြီးနောက် သူသည် လေဟာနယ်သို့ ခြေတစ်လှမ်းလှမ်းကာ ထွက်ခွာသွားပြီး သူ၏အနက်ရောင် ဆံပင်များက လေထဲတွင် တလူလူလူးလွန့်နေသည်။ ရှည်လျားသော ဟစ်ကြွေးသံတစ်သံနှင့်အတူ သူသည် ဖုန်းတုမြို့တော်၏ မဟာဝင်္ကပါကြီးကို ခြေမွှဖျက်ဆီးလိုက်သည်။ တုန်ခါသံကြီး မြည်ဟီးသွားပြီး လောကကြီးကို တုန်လှုပ်စေသော အသံတစ်ခုက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ လုယွီသည် ကာကွယ်ရေးဝင်္ကပါ ကို ဖောက်ထွင်းပြီး ယန်မိသားစု တော်ဝင်နန်းတော်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားသည်။
လုယွီ၏ပစ်မှတ်များသည် ယင်လော့ ဧကရာဇ်နှင့် ယန်ထုံတို့ပင်။ ယန်မိသားစု၏ တခြား လက်ပါးစေများနှင့် ပတ်သက်၍မူ သူတို့အား ကိုင်တွယ်ဖြေရှင်းရန် သူ၏နောက်ရှိ ချင်စစ်တပ်အတွက် ချန်ထားခဲ့သည်။
ဖုန်းတုမြို့တော်သည် ဖရိုဖရဲ ဖြစ်နေပေ၏။ ခိုင်ခံ့ပြီး တောင့်တင်းသော မြို့တော်သည် လက်သီးတစ်ချက်တည်းဖြင့် အက်ကွဲသွားမည်ဟု လူအများသည် စိတ်ကူးယဉ်တွေးတောထားခြင်းပင် မရှိချေ။
ချင်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါအတွင်း၌ သာယာနာပျော်ဖွယ်ကောင်းသော တံပိုးခရာသံများ ရှင်းလင်းစွာ မြည်ဟီးလာပြီး စစ်ဗုံသံများ မိုးကြိုးပစ်ခတ်သကဲ့သို့ မြည်ဟီးလာကာ ကြီးမားသော တပ်မကြီးများက မြို့ကို စတင်၍ တိုက်ခိုက်ကြတော့သည်။
ကောင်းကင်နှင့်မြေပြင်ကြားရှိ လေဟာနယ်တွင် ကြီးမားကျယ်ပြန့်သော စွမ်းအားလှိုင်းတစ်ရပ်ဖြင့် ပြည့်နှက်သွား၏။ လုယိုသည် စစ်တပ်ဝင်္ကပါ ၏ရှေ့သို့ လျှောက်လှမ်းသွားပြီး သူ၏စုတ်တံကိုမြှောက်၍ စာလုံးများကို ရေးဆွဲလိုက်ရာ မင်စက်များ မြေပြင်ပေါ်သို့ ဖြာကျသွားသည်။
"ညဥ့်နက်သန်းခေါင်မှာ လဲလျောင်းရင်း လေနဲ့ မိုးကို နားထောင်တယ်... သံမဏိမြင်းတွေနဲ့ ရေခဲမြစ်က ငါ့ရဲ့အိပ်မက်ထဲကို ဝင်လာတယ်..."
ကြည်လင်သော အသံသည် အစွမ်းထက်သော မှော်စွမ်းအားများနှင့် ရောနှောကာ စကားလုံးများသည် ဥပဒေသတစ်ခု ဖြစ်လာသည့်အလား မိုးကောင်းကင်ယံကို ထွင်းဖောက်သွားသည်။
မင်စက်များ ကျဆင်းလာချိန်၌ ထိုအရာများသည် ပဲစေ့များကို ကြဲချကာ စစ်သားများ ဖန်တီးသကဲ့သို့ စုတ်တံနှင့်မင် သံမဏိမြင်းစစ်တပ်ကြီးအဖြစ် အမှန်တကယ် ကြီးထွားလာသည်။ သံမဏိမြင်းတစ်သောင်းသည် တိတ်ဆိတ်စွာဖြင့် ရေခဲမြစ်ကို နင်းလျှောက်ကာ အနက်ရောင် သံချပ်ကာဝတ်စစ်သားများက ရှေ့သို့ပြေးဝင်သွားကြသည်။
wunzinnosp
Chapter 5464
ကြီးမားသော စစ်တပ်ကြီးသည် မြို့တံခါးဆီသို့ တိုက်ရိုက်ပြေးဝင်သွားပေ၏။
မင်များမှ ဖန်တီးထားသော ဤအနက်ရောင် သံမဏိမြင်းတပ်များသည် နာကျင်မှုခံစားချက်မျိုး မရှိကြချေ။ သူတို့ ဖျက်ဆီးခံရပြီး အသတ်ခံရလျှင်ပင် ဖြာကျသွားသော မင်များသည် နောက်ထပ် စစ်သားအသစ်များကို ဖန်တီးပေးပေမည်။
သူတို့သည် စစ်တပ်၏ ရှေ့တန်းတပ်ဖွဲ့ဖြစ်ပြီး စစ်သားများအားလုံး၏ရှေ့ဆုံးမှ ပြေးဝင်ကာ သူတို့နောက်မှ စစ်တပ်အတွက် လမ်းဖွင့်ပေးပြီး ဖုန်းတုသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
"ဝုန်း..."
မရေမတွက်နိုင်သော မင်စစ်သားများသည် ဖုန်းတု၏မြို့ရိုးများကို တိုက်ခိုက်ပြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကာ လူများအားလုံး၏ အမြင်အာရုံကို ဖုံးကွယ်သွားစေသော ထူထပ်သည့် မင်မြူခိုးတိမ်တိုက်များကို ထုတ်လွှတ်လိုက်သည်။
"ဒါက မကောင်းတော့ဘူး... ငါတို့ရဲ့ အမြင်အာရုံတွေ ပိတ်ဆို့ခံလိုက်ရပြီ..."
"ဒီသရဲတစ္ဆေလိုအရာတွေကို မြန်မြန်ဖယ်ရှားပြီး မြို့ရဲ့ ကာကွယ်ရေးဝင်္ကပါတွေ အားလုံးကို အသက်သွင်းလိုက်စမ်း..."
ယန်မိသားစုဝင်များသည် ထိတ်လန့်နေကြ၏။ အလယ်ခေတ်ကာလမှ ယနေ့အထိ ဖုန်းတုကို တိုက်ခိုက်ရဲသူ အလွန်နည်းပါးခဲ့သည်။ ထိုအရာက သူတို့၏ မြို့ကာကွယ်ရေး နည်းလမ်းများကို အလွန်အမင်း လျော့ပါးသွားစေခဲ့ကာ လက်ရှိ အခြေအနေအတွက် ပြင်ဆင်မှု လုံးဝမရှိစေခဲ့ချေ။
အောက်ဘက်ရှိ လုယိုသည် ယန်မိသားစု၏ ထိတ်လန့်မှုကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
"ငရဲနယ်မြေက ကြွက်တွေသက်သက်ပဲ... ဒီလို နည်းဗျူဟာလေးကတောင် သူတို့ကို ကူကယ်ရာမဲ့ ဖြစ်သွားစေတယ်... ဒါတောင် သူတို့က ငါတို့ မဟာချင်ကို ရန်စပြီး သူတို့ကိုယ်တိုင် ပျက်စီးမှုကို ရှာဖွေရဲသေးတယ်..."
လုယိုက လှောင်ပြောင်လိုက်ပြီး သူ၏လက်ကို မြှောက်ကာ အနောက်ဘက်သို့ ဝှေ့ယမ်းလိုက်၏။
"အနီရောင်လူရိုင်းအမြှောက်တွေကို ယူလာခဲ့စမ်း..."
ချင်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါသည် အလယ်တွင် ချက်ချင်းကွဲအက်သွားပြီး အိမ်အရွယ်အစားခန့်ရှိသော ဧရာမသံမဏိအမြှောက်ဆယ်လက်ကျော်ကို ရှေ့သို့တွန်းထုတ်လာကြသည်။
အနီရောင်လူရိုင်းအမြှောက်များသည် အလွန်အမင်း ခိုင်ခံ့ပြီး သာမန်စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များထက် ဆယ်ဆခန့် ကြီးမားသည်။ ထိုအရာများကို ရွှေ့ပြောင်းရန် ချင်စစ်တပ်မှ စစ်ဗိုလ်ချုပ်ဆယ်ယောက်ကျော် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပေ၏။ အမြှောက်ပြောင်းဝများမှ အေးစက်သော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး "မဟာချင်၏ ဆောက်လုပ်ရေး ဝန်ကြီးဌာန နတ်ဘုရား လက်မှုပညာ ဌာနခွဲမှ ထုတ်လုပ်သည်" ဟူသော စာလုံးများကို မဟာချင်၏စည်းတံဆိပ်ငယ်စာလုံးများဖြင့် ရေးထွင်းထားကာ ထိုအရာ၏နောက်တွင် လက်မှုပညာရှင်၏အမည် ပါရှိသည်။
ဤသည်မှာ မဟာချင်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ နတ်ဘုရား လက်ရာတစ်ခုဖြစ်ပြီး သာမန်စိတ်ဝိညာဉ်ကျောက်တုံးအမြှောက်များအပေါ် ဆင့်ကဲအဆင့်မြှင့်တင်မှုတစ်ခုပင်။ ထိုအရာ၏စွမ်းအားသည် အဆတစ်ရာကျော် တိုးလာပြီး အမြှောက်အတွင်းရှိ အသက်သွင်းသည့် ဝင်္ကပါကို နတ်ဘုရားအဆင့် ဝင်္ကပါပညာရှင် တစ်ဦးက ရေးဆွဲထားသည်။ ထိုအမြှောက်များသည် အံ့အားသင့်ဖွယ်ကောင်းပြီး အကန့်အသတ်မရှိသော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားပေ၏။
အနီရောင်လူရိုင်းအမြှောက် ဆယ်လက်ကျော်သည် အရှေ့ဘက်ခြမ်းရှိ တိုက်ပွဲဝင်ဝင်္ကပါ၏ရှေ့၌ မားမားမတ်မတ် တည်ရှိနေကြသည်။ ထိုအရာများ၏နောက်ရှိ စစ်သား များသည် ကြီးမားသော လေ့ကျင့်မှုများကို ကြာမြင့်စွာကတည်းက ခံယူခဲ့ရပြီး အလေ့အကျင့်မှတစ်ဆင့် ကျွမ်းကျင်မှုကို ရရှိကာ အမြှောက်ဆန်ထည့်ခြင်းကို အလျင်အမြန် ပြီးစီးသွားခဲ့သည်။
ဘုန်း...
တပ်မှူးထံမှ အမိန့်ပေးမှုနှင့်အတူ အမြှောက်ပြောင်းများအားလုံးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများသည် စုစည်းသွားပြီး နားကန်းလောက်သော တုန်ခါသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
အနီရောင်လူရိုင်းအမြှောက်ဆန်များသည် တစ်ခုပြီးတစ်ခု ဖုန်းတုမြို့တော်၏ တံခါးပေါ်သို့ ကြမ်းတမ်းသော ပစ်ခတ်မှုများကို ထုတ်လွှတ်လိုက်ကြ၏။ ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင် ပြင်းထန်စွာ တုန်ခါသွားပြီး မြေပြင်သည် ထူထပ်သိပ်သည်းသော အက်ကွဲကြောင်းများအဖြစ် ကွဲအက်သွားသည်။ တောင်များပြိုကျပြီး မြေပြင်အက်ကွဲသွားကာ အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
မဟာချင်မှ လက်မှုပညာရှင်များ၏ ဉာဏ်ကွန့်မြူးမှုဖြစ်သော ဤအရာများသည် ချင်စစ်တပ်က ငရဲနယ်မြေသို့ ဝင်ရောက်လာပြီးနောက် တောက်ပစွာ ထွန်းလင်းခဲ့ပြီး ယခုအချိန်၌ ထိုအရာများ၏ နတ်ဘုရားစွမ်းအားများကို ပြသနေကြလေပြီ။
ဖုန်းတု၏မြို့တံခါးသည် အကန့်အသတ်မရှိ ခိုင်ခံ့ပြီး ငရဲနယ်မြေ၏အထူးထုတ်ကုန်တစ်ခုဖြစ်သော "နက်နဲသိမ်မွေ့ သံမဏိဖြူ"ကို အရည်ကြိုပြီး ဖန်တီးထားခြင်းဖြစ်ပေ၏။ ထိုအရာသည် ဖုန်းတုမြို့တော်မှ ဆက်ခံသူ အရှင်သခင် အသီးသီး၏ ကောင်းချီးများကိုလည်း ခံယူထားပြီး ထိုအရာကို ဖုန်းတုတွင် အခိုင်မာဆုံး အဆောက်အအုံနီးပါး ဖြစ်စေခဲ့သည်။
သို့ရာတွင် အစောပိုင်းက လုယွီသည် ဖုန်းတု၏ ကာကွယ်ရေး မဟာဝင်္ကပါကြီးကို ဖောက်ထွင်းလိုက်ချိန်၌ သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး တံခါး၏စိတ်ဝိညာဥ်စွမ်းအားအနည်းငယ်လည်း ယူဆောင်သွားခဲ့သည်။ မြို့တံခါးသည် ချက်ချင်းမှိန်ဖျော့ပြီး အရောင်အဝါ ကင်းမဲ့သွားကာ မရေမတွက်နိုင်သော မှော်သင်္ကေတများသည် တောက်ပမှုအားလုံးကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားလေ၏။ ထို့နောက် မြို့တံခါးသည် သာမန်သံမဏိတံခါးအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ယန်မိသားစုသည် ဤအပြောင်းအလဲများနှင့် ပတ်သက်၍ သိရှိရန် နည်းလမ်းမရှိခဲ့ချေ။ သူတို့သည် ဖုန်းတု၏ ခိုင်မာသော ကာကွယ်ရေးများက သူတို့ကို လုံလောက်သော လုံခြုံမှု ပေးနိုင်မည်ဟု မျှော်လင့်ကာ မြို့ရိုးများ၏နောက်တွင် ပုန်းအောင်းနေခဲ့ကြသည်။
"ဝေါင်း..."
လေဟာနယ်ထဲတွင် ကြီးမားကျယ်ပြန့်သော နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်သွားပေ၏။
ဆယ်နှင့်ချီသော အလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး မြို့တံခါးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ခိုင်မာသော မြို့တံခါးသည် ပြင်းထန်စွာ စတင် ၍ တုန်ခါလာပြီး ချက်ချင်းပင် ဖောက်ထွင်းခံလိုက်ရကာ ဧရာမအက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
မြို့တံခါးသည် ဖောက်ထွင်းခံရပြီးနောက် အက်ကွဲသံများနှင့်အတူ ပြိုလဲကျသွားသည်။ မီးခိုးငွေ့များနှင့် ဖုန်မှုန့်များကြားတွင် မရေမတွက်နိုင်သော ယန်မိသားစုကျင့်ကြံသူများ အလွန်အမင်း ထိတ်လန့်နေကြသည်ကို မြင်တွေ့နိုင်ပေ၏။
"တိုက်ခိုက်ကြစမ်း... ဒီနေ့ ငါတို့က ယန်မိသားစုကို ချေမှုန်းပစ်မယ်..."
လုယိုသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နတ်ဆိုးသားရဲတစ်ကောင်ကို စီးနင်းကာ တပ်ဖွဲ့များ၏ရှေ့သို့ ပြေးဝင်သွားသည်။
"သတ်..."
လုယွီ၏နောက်ရှိ စစ်တပ်သည် လောကကြီးကို တုန်ခါစေသော ဟစ်ကြွေးသံကြီးတစ်သံကို ထုတ်လွှတ်လိုက်၏။ သိန်းနှင့်ချီသော ချင်စစ်သားများသည် ထပ်ချပ်မကွာ လိုက်ပါလာပြီး တိုက်ခိုက်ကာ မြို့တော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
wunzinnosp
Chapter 5465
ဖုန်းတုမြို့တော်အတွင်းတွင် နေရာအနှံ့အပြား၌ ငိုကြွေးသံများ အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီး ဖရိုဖရဲ ဖြစ်နေသည်။
ငရဲနယ်မြေအတွင်း၌ စည်းမျဥ်းစည်းကမ်းများသည် အလယ်ခေတ်ကာလကဲ့သို့ ရှုပ်ထွေးနေသော်လည်း ဖုန်းတုမြို့တော် သည် သာမန်ထက်သာလွန်သော တည်ရှိမှုတစ်ခုပင်။ ဤမြို့တော်သည် မရေမတွက်နိုင်သော ခေတ်ကာလများတစ်လျှောက် မြင့်မားပြီး သာယာဝပြောစွာ ရပ်တည်နေခဲ့သည်။
ငရဲနယ်မြေ၏ အရှင်သခင်တိုင်းသည် ဖုန်းတု မြို့တော်ကို သူတို့၏အခြေစိုက်စခန်းအဖြစ် သတ်မှတ်ခဲ့ကြပြီး ထိုနေရာကို ဂရုတစိုက် ထိန်းသိမ်းခဲ့သည်။ ယခုခေတ်ကာ၌ ဖုန်းတုသည် ထွန်းကားပြီးစည်ပင်ဝပြောကာ ချမ်းသာကြွယ်ဝနေသည်။
ချမ်းသာကြွယ်ဝမှုသည် လူအများကို မူးယစ်စေ၏။ ဤနေရာသည် အချိန်မည်မျှထိ ကြာမြင့်သည်အထိ စစ်ပွဲနှင့် မကြုံတွေ့ခဲ့ရကြောင်း မသိရချေ။ ယခုအချိန်၌ စစ်ပွဲ နီးကပ်လာသဖြင့် လူများအားလုံး ရုတ်တရက် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
ချင်စစ်တပ်က မြို့ရိုးများကို ဖောက်ထွင်းဝင်ရောက်လာသည့်သတင်း ပျံ့နှံ့သွားသည်နှင့်အမျှ ဖုန်းတုမြို့တော်သည် ချက်ချင်းဖရိုဖရဲ ဖြစ်သွားတော့သည်။ မြင့်မားသော ကျင့်ကြံဆင့်ရှိသည့် အစွမ်းထက်ကျင့်ကြံသူတချို့သည် တည်ငြိမ်နေနိုင်သေးသော်လည်း လူအမြောက်အများကမူ အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏တည်ငြိမ်မှုကို လုံးလုံးလျားလျား ဆုံးရှုံးသွားကြသည်။
"ငါတို့ မဟာချင်က ယန်မိသားစုရဲ့ သစ္စာဖောက် သူပုန်တွေကို ကွပ်မျက်ဖို့ ဒီနေရာကို လာခဲ့တာပဲ... ယန်မိသားစုကို ကူညီတဲ့ ဘယ်သူမဆို ယန်မိသားစုနဲ့ တူညီတဲ့ ပြစ်မှုနဲ့ အပြစ်ပေးခံရမယ်..."
လုယို၏အသံသည် သူ၏ချီစွမ်းအားများကြောင့် ကျယ်လောင်သွားပြီး ရှင်းလင်းစွာ ပဲ့တင်ထပ်ကာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
ထိုအသံ ကျရောက်သွားသည်နှင့် မရေမတွက်နိုင်သော ရက်စက်ကြမ်းတမ်းပြီး အစွမ်းထက်သည့် စစ်သားများ ပြေးဝင်လာကြသည်။ ယန်မိသားစုကျင့်ကြံသူများသည် မြို့တံခါးများ ဤမျှထိ လျှင်မြန်စွာ ဖောက်ထွင်းခံရမည်ဟု မျှော်လင့်မထားခဲ့ကြချေ။ သူတို့သည် ကာကွယ်ရေးစည်းတစ်ခုကို မဖွဲ့စည်းနိုင်မီမှာပင် သူတို့သည် ပြန့်ကျဲသွားပြီး ပြိုလဲကျသွားကြ၏။
မြို့တံခါးရှိ ပြင်းထန်သော တိုက်ပွဲအတွင်း၌ လုယွီသည် ဖုန်းတုတော်ဝင်နန်းတော်၏အထက်သို့ ရောက်ရှိနေလေပြီ။
အနက်ရောင် နန်းတော်အဆောက်အအုံတစ်ခုလုံးကို လေပေါ်ကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားသည်။ ထိုအဆောက်အအုံများမှ ပြင်ပသို့ ကြည့်လိုက်လျှင် ဖုန်းတုမြို့တော်တစ်မြို့လုံးရှိ မြင်ကွင်းများအားလုံးကို မြင်တွေ့နိုင်သည်။
ဤနန်းတော်အဆောက်အအုံသည် တစ်ချိန်က လုယွီ၏နေအိမ် ဖြစ်ခဲ့ပေ၏။ ယခုအချိန်၌ ထိုနေရာသည် ထီးနန်းလုယူခံရပြီးနောက် ယန်မိသားစု၏ တော်ဝင်နန်းတော် ဖြစ်လာခဲ့သည်။
တော်ဝင်နန်းတော်၏အထက်တွင် မျောလွင့်နေသော ယန်မိသားစု၏ မျိုးနွယ်စုအလံကို ကြည့်ရင်း လုယွီ၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူက လက်ကိုမြှောက်ကာ ထိုအလံကို ချက်ချင်းခြေမွှဖျက်ဆီးလိုက်သည်။
ဤသည်က တော်ဝင်နန်းတော်အတွင်းရှိ အစွမ်းထက်သော ယန်မိသားစုဝင်များကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ရှည်လျားသော အော်ငေါက်သံများသည် ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီး သူတို့အားလုံးသည် ယန်မိသားစု၏ မဟာအကြီးအကဲများဖြစ်ကြကာ တပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
"ချင်ဧကရာဇ်... မင်းက ငါတို့ ယန်မိသားစုကို တစ်ယောက်တည်း တကယ်ကြီး လာရဲတာလား... မင်းက သေချင်နေတာပဲ..."
မဟာအကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ငေါက်လိုက်၏။
နယ်မြေနှစ်ခု စတင်တိုက်ခိုက်သည်နှင့် လုယွီ၏ ပုံတူကို ယန်မိသားစုက အမြောက်အများ ပုံနှိပ်ခဲ့ပြီး ငရဲနယ်မြေ၏အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ဝေခဲ့သည်။
လုယွီ သေချာပေါက် သေဆုံးစေရန်အတွက် ယန်မိသားစုသည် မိုးထိမြင့်မားသော စျေးနှုန်းတစ်ခုကိုပင် ကမ်းလှမ်းခဲ့ပေ၏။ လုယွီကို အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်သူတိုင်းသည် ယန်မိသားစုထံမှ ရက်ရောသော ဆုကြေးများကို ရရှိနိုင်ပြီး ယင်လော့ဧကရာဇ်ထံမှ စွမ်းအားမြှင့်တင်ပေးမှုတစ်ခုကိုပင် ရရှိနိုင်သည်။
ထိုကဲ့သို့ ကြီးမားသည့် ဆုကြေးအောက်တွင် လူမိုက် အမြောက်အများသည် ထိုအရာအတွက် ပြေးဝင်လာကြပြီး လုယွီ၏ပုံတူမှာလည်း ဤအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်။
"မင်းတို့ရဲ့ ယန်မိသားစုက ငါ့ကို ရှာချင်နေတာ မဟုတ်ဘူးလား... ပထမတော့ အစစ်အမှန် မသေမျိုးအဆင့် မှော်လက်နက်ကို လွှဲပေးဖို့ မင်းတို့က တောင်းဆိုတယ်... ပြီးတော့ မဟာချင်ရဲ့ နယ်မြေကို ခွဲဝေပေးဖို့ မင်းတို့ တောင်းဆိုတယ်... အရာအားလုံးက မင်းတို့ကိုယ်တိုင် လုပ်တာပဲ..."
လုယွီ၏မျက်လုံးများမှ အေးစက်သော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်ထားပြီး သူ၏အဝတ်အစားများသည် လေပြင်းထဲတွင် တဖျပ်ဖျပ်လူးလွန့်နေပေ၏။
"ငါတို့ယန်မိသားစုက ရှေးဟောင်းခေတ် ကတည်းက လက်ဆင့်ကမ်းဆင်းသက်လာတဲ့ ရှေးဟောင်းမိသားစုတစ်ခုပဲ... အရာတချို့ကို တောင်းဆိုတာက ပုံမှန်မဟုတ်ဘူးလား... မင်းတို့လို စစ်တပ်တွေခေါ်ပြီး သတ်ဖြတ်ဖို့ လာသလိုမျိုး ငါတို့က ဘယ်လိုလုပ်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘဲ နေနိုင်မှာလဲ..."
မဟာအကြီးအကဲတစ်ဦးက ရှေ့သို့ထွက်လာပြီး လုယွီကို ရင်ဆိုင်လိုက်သည်။
လုယွီက အော်ငေါက်လိုက်၏။
"မင်းတို့ ယန်မိသားစုက ဘာကောင်တွေလဲ... မင်းတို့က တခြားသူတွေကို သတ်ခွင့်ရှိပြီးတော့ တခြားသူတွေက မင်းတို့ကို မသတ်ရဘူးလား... ဘာ ရှေးဟောင်းမိသားစုလဲ... ဒီနေ့ မင်းတို့ ယန်မိသားစုရဲ့သမိုင်းက ဒီနေရာမှာ အဆုံးသတ်သွားလိမ့်မယ်..."
သူသည် လုံးလုံးလျားလျား ဒေါသထွက်နေလေပြီ။ ယန်မိသားစုသည် သူ၏ ယခင်မိတ်ဆွေများနှင့်တပည့်များ၏ကံကြမ္မာများ နောက်ကွယ်တွင်ရှိနေသော တရားခံပင်။
နောက်ကွယ်တွင် ကြံစည်နေသော ဤလူယုတ်မာများ...
လုယွီသည် ဤလူစုကို အမြစ်ပြတ်ဖယ်ရှားရန်အတွက် ငရဲနယ်မြေသို့ အထူးတလည် ထပ်မံ၍ ပြန်လာခဲ့ခြင်း ဖြစ်ပေ၏။
"လာကြစမ်း... စကားအပိုတွေ ပြောနေဖို့ မလိုဘူး... မင်းတို့ယန်မိသားစုက ဒီနှစ်တွေအတွင်းမှာ တိုးတက်လာလားဆိုတာ ငါ ကြည့်ပါရစေ..."
လုယွီ၏အသံက ဖုန်းတုတော်ဝင်နန်းတော်၏ ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။
သူ၏ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်စွမ်းအားက ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။ ထူထပ်ပြီး မြင့်မားသော နံရံများသည် ဤကြမ်းတမ်းပြီး အစွမ်းထက်သော ဖိအားအောက်တွင် ပြင်းထန်စွာ စတင်၍ တုန်ရီလာပေ၏။
"အသိဥာဏ်မဲ့တဲ့ ကောင်စုတ်လေး... မင်းက ငါတို့ယန်မိသားစုရဲ့ အခြေခံအုတ်မြစ်ကို လုံးဝမသိဘူးပဲ... မင်းက ဒီနေရာကိုလာပြီး သေလမ်းရှာဖို့ ရဲတင်းနေမှတော့ မင်းရဲ့အသက်ကို ဒီမှာပဲ ထားခဲ့လိုက်စမ်း..."
ယန်မိသားစု၏ မဟာအကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏အသံ ကျဆင်းသွားသည်နှင့်တပြိုင်နက် လုယွီ၏ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ရောက်ရှိလာပေ၏။
ဝုန်း...
ကျယ်လောင်သော အသံတစ်ခုက လေဟာနယ်အတွင်းတွင် မိုးကြိုးပစ်ခတ်သည့်အလား ပေါက်ကွဲသွားသည်။
ထိုမဟာအကြီးအကဲသည် ရုန့်ရင်းကြမ်းတမ်းသော စကားများကို ပြောဆိုပြီးသည်နှင့် တပြိုင်နက် သူသည် ပျက်စီးစေသော ထိုးနှက်ချက်တစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီများသည် လုံးလုံးလျားလျား အရည်ပျော်သွားလုနီးပါး ဖြစ်သွားပေ၏။ ထိုကြောက်စရာကောင်းသောစွမ်းအားသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားတော့သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲသွားကာ အမြင့်မှ ပြုတ်ကျသွားသည်။
"အကြီးအကဲ တျဲ့လျဲ့..."
လူများအားလုံး ထိတ်လန့်သွားကြသည်။ ထိုလူသည် အလွန်အစွမ်းထက်သော ကျင့်ကြံခြင်းရှိသည့် မဟာအကြီးအကဲတစ်ဦး ဖြစ်သော်လည်း ယခုအချိန်၌ သူသည် ရက်စက်စွာ အသတ်ခံလိုက်ရပြီး သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
သွေးမြူခိုးများ ထောင်ပေါင်းများစွာ ပျံ့နှံ့သွားသော်လည်း လုယွီ၏ခန္ဓာကိုယ်ကို စွန်းထင်းမသွားခဲ့ချေ။ လုယွီသည် အသက်များကို ရိတ်သိမ်းနေသော သရဲတစ်ကောင်အလား လေဟာနယ်ကို ဖြတ်သန်း၍ ရွေ့လျားသွားသည်။ သူ ရောက်ရှိသွားသောနေရာတိုင်းတွင် လူများ ဆက်တိုက်သေဆုံးနေကြ၏။
"အား... မင်းကသေချင်နေတာပဲ..."
အနီးအနားရှိ နောက်ထပ်ယန်မိသားစုဝင် မဟာအကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ငေါက်လိုက်သည်။
သူသည် အစောပိုင်းက အသတ်ခံလိုက်ရသူ၏ ဆွေမျိုးတစ်ဦးပင်။ တော်ဝင်နန်းတော်တွင် တပ်စွဲထားသော ယန်မိသားစု၏အစွမ်းထက်သူများသည် ဆက်စပ်နေကြ၏။ လူတစ်ယောက်ကို သတ်ခြင်းက မရေမတွက်နိုင်သော ဆွေမျိုးများကို ဆွဲဆောင်မိလိမ့်မည်။ လုယွီသည် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခုထဲသို့ ကျရောက်သွားရန် ကံကြမ္မာ ဖန်တီးပြီးသား ဖြစ်နေသည်။
လုယွီက အေးစက်စက် တုံ့ပြန်လိုက်ပြီး ကောင်းကင်ကို တုန်ခါစေသော အသံတစ်သံအား ထွက်ပေါ်လာသည့် လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်သည် ထိုယန်မိသားစုမဟာအကြီးအကဲ၏ ကာကွယ်ရေး နည်းလမ်းများကို ချက်ချင်းချိုးဖျက်လိုက်၏။
အကြွင်းအကျန် မှော်စွမ်းအားများ နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။ လုယွီသည် ထိုမဟာအကြီးအကဲ၏ ရင်ဘတ်ကို နင်းချေလိုက်သည်။ ထိုမဟာအကြီးအကဲ၏ရင်ဘတ်သည် ချက်ချင်းအက်ကွဲသွားပြီး သူသည် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ ထို့နောက် သူသည် နောက်သို့လွင့်စင်သွားကာ နံရံတစ်ခုနှင့် ရိုက်ခတ်မိသွားသည်။
ဝုန်း...
နံရံသည် မိုးကြိုးပစ်ခတ်ခံရသကဲ့သို့ တုန်ခါမှုလှိုင်းကို ထုတ်လွှတ်လိုက်ပြီး သဲများနှင့် ကျောက်တုံးများ အဆက်မပြတ် ကျဆင်းလာသည်။ အုတ်များနှင့်ကျောက်တုံးများ တုန်ခါသွားပြီး မြေသားများ စုပုံလာကာ နံရံအောက်တွင် မြေပုံတစ်ခုကို ဖန်တီးလိုက်သည်။
ရှေ့သို့ ပြေးဝင်လာသော ယန်မိသားစု မဟာအကြီးအကဲသည် သွေးများအဆက်မပြတ် အန်နေပြီး အတွင်းကလီစာ အပိုင်းအစများပင် ထွက်ကျလာပေ၏။ သူ သေဆုံးသွားခြင်းမှာ သိသာထင်ရှားသည်။
ဤမြင်ကွင်းသည် ယန်မိသားစုဝင်များကို အံ့အားသင့်စေရုံသာမက ဖုန်းတုမြို့တော် အတွင်းရှိ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများကိုပင် လုံးလုံးလျားလျား အံ့အားသင့်သွားစေခဲ့သည်။
မြေကမ္ဘာအဆင့် မဟာအကြီးအကဲနှစ်ဦးသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ဤသို့ဖြင့် အသတ်ခံလိုက်ရသည်။ သူ လှုပ်ရှားမှု စတင်ချိန်မှ သူတို့ကို သတ်သည့်အချိန်အထိ အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး အစွမ်းထက်သူ နှစ်ဦးမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့ကြသည်။
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."
ဖုန်းတုမြို့တော်အတွင်းရှိ သရဲဘုရင်တချို့သည် အလွန်ထိတ်လန့်သွားကြ၏။
သူတို့သည် ယန်မိသားစုဝင်များ မဟုတ်ကြသော်လည်း ဖုန်းတုတွင် ခြေကုပ်ယူနိုင်သော မည်သူမဆို ယန်မိသားစုနှင့် ရှုပ်ထွေးသော ဆက်သွယ်မှုများ ရှိကြသည်။
ယန်မိသားစုနှင့် ဆက်ဆံခြင်းဖြင့်သာ ယန်မိသားစု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပို၍နက်ရှိုင်းစွာ နားလည်နိုင်သည်။ ဤသည်က နက်နဲသော အမွေအနှစ်နှင့် အခြေခံအုတ်မြစ်ရှိသည့် အလွန်ရှေးကျသော မိသားစုဖြစ်ပြီး သာမန်အင်အားစုများ ထိတွေ့နိုင်သောအရာမျိုး လုံးလုံးလျားလျား မဟုတ်ချေ။
ယန်မိသားစု၏အင်အားသည် သံသယဖြစ်ဖွယ်မရှိသဖြင့် ငရဲနယ်မြေအတွင်းရှိ အစွမ်းထက်သူ အမြောက်အများကိုပင် တခြားအတွေးများ မရှိစေနိုင်ချေ။
သို့သော် ယခုအချိန်၌ လုယွီ ထွက်ပေါ်လာခြင်းက သူတို့၏အတွေးအမြင်များကို လုံးလုံးလျားလျား ခြေမွှဖျက်ဆီးလိုက်သည်။
"ဒီချင်ဧကရာဇ်က အသက်သုံးဆယ် မတိုင်ခင်မှာ ကောင်းကင်ဘုံနယ်မြေက မရေမတွက်နိုင်တဲ့ အစွမ်းထက်ကျင့်ကြံသူတွေကို ဖိနှိပ်ခဲ့တယ်...သူက တာယွီအင်ပါယာရဲ့ ကောင်းကင်နဲ့ မြေပြင်ကိုတောင် ပြောင်းလဲခဲ့ပြီးတော့ ကျိုးမိသားစုရဲ့နေရာမှာ အစားထိုးပြီး ဧကရာဇ် ဖြစ်လာခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်..."
သရဲဘုရင်တစ်ပါးသည် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
"ကောင်းကင်ဘုံနယ်မြေက ကျိုးမိသားစုက အရည်အချင်းမရှိလို့ သူတို့ရဲ့ အင်ပါယာကို ဆုံးရှုံးခဲ့ရတာလို့ ငါ အစပိုင်းတုန်းက တွေးထင်ခဲ့တာ... ဒါပေမဲ့ ဒီလို နည်းလမ်းတွေရှေ့မှာ ကျိုးမိသားစုကလည်း ပြန်လည်ခုခံနိုင်စွမ်း ရှိမှာ မဟုတ်ဘူး..."
သူသည် အလွန်အမင်း အံ့အားသင့်နေပြီဖြစ်ပြီး လုယွီ သတိပြုမိမည်ကို ကြောက်ရွံ့သဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံကိုပင် မထုတ်လွှတ်ရဲတော့ချေ။
သူ၏နံဘေးရှိ တစ်ယောက်ယောက်က လှောင်ပြောင်သရော်လိုက်သည်။
"မင်းတို့အားလုံး အကြောက်လွန်နေကြပြီလို့ ငါထင်တယ်... ဒီလူက ပြိုင်ဘက်ကင်းတယ်လို့ မင်းတို့ တကယ်ကြီး ထင်နေတာလား..."
"ဘယ်သူလဲ... မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက်ထိ မောက်မာတဲ့စကားမျိုးကို ပြောရဲတာလဲ..."
သရဲဘုရင်တချို့သည် ဒေါသထွက်သွားကြကာ သူတို့အားလုံး နောက်သို့လှည့်ကြည့်ကြသည်။ သူတို့သည် နှင်းကဲ့သို့ဖြူဆွတ်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ လူးလွန့်နေကာ ယှဉ်ပြိုင်၍မရနိုင်လောက်အောင် လွတ်လပ်ပေါ့ပါးပြီး တည်ငြိမ်အေးဆေးသော အသွင်အပြင်ရှိသည့် လူတစ်ယောက်ကို မြင်တွေ့မိလေ၏။
ထိုလူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ သရဲဘုရင်များ၏ မျက်နှာအမူအယာများ ချက်ချင်းပြောင်းလဲသွားသည်။
Thank For Reading.