အခန်း (၃၄၃-၃၄၄)
Vol. 35 Ch. 343-344
အခန်း (၃၄၃) - အသည်းကျော်လေး ပိုင်ယွမ်(၁)
မဟာရှေးဟောင်းဂိုဏ်း။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်၏ လက်ရှိ အခြေအနေများကို နားလည်သဘောပေါက်ပြီးနောက် ဝူယွမ်၏ စိတ်ထဲတွင် ချက်ချင်းရှင်းလင်းသွားခဲ့သည်။
ထိုနေ့ ညနေခင်းတွင် ကြွယ်ဝလွန်းသော ဝိညာဉ်စွမ်းအင်များကြား၌ စိမ်းလန်းသော အလင်းရောင်များ ဖြာထွက်နေသည့် ကမ္ဘာသစ်ပင်အောက်တွင် ဝူယွမ်နှင့် ပိုင်ယွမ်တို့ လမ်းလျှောက်နေကြသည်။
“သခင်၊ ကျွန်မ လူသားအသွင်ပြောင်းပြီးကတည်းက သခင် ကျွန်မကို တစ်ခါမှ မစီးတော့ဘူးနော်” ပိုင်ယွမ်က တိုးညှင်းစွာ ပြောလိုက်သည်။
သူမ၏ နူးညံ့ဖြူဖွေးနေသော နားရွက်လေးများက အောက်သို့ ကျဆင်းနေပြီး အတိတ်ကာလကို လွမ်းဆွတ်နေသည့်အလား ထင်မှတ်ရပေသည်။
လူသားအသွင် မပြောင်းမီက သူမနှင့် ဝူယွမ်တို့သည် ခွဲခြား၍မရနိုင်လောက်အောင် အမြဲတမ်း အတူတူရှိနေခဲ့ကြသည်။
သို့သော် သူမ လူသားအသွင် ပြောင်းပြီးကတည်းက သူတို့၏ ဆက်ဆံရေးမှာ အနည်းငယ် သတိထားရသလို ဖြစ်လာခဲ့ပြီး မသိမသာ ဝေးကွာသွားသလို ခံစားရပေသည်။
ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်ထဲတွင်ပင် သူတို့နှစ်ယောက်တည်း ရှိနေချိန်မှသာ ယခုကဲ့သို့ ရင်းနှီးကျွမ်းဝင်စွာ နေထိုင်နိုင်ခြင်း ဖြစ်သည်။
“ဒီတလော ငါ မင်းကို နည်းနည်း လျစ်လျူရှုထားမိတယ်၊ နောက်ရက်အနည်းငယ်နေရင် မင်းကို ပင်လယ်ပြင်ကို ခေါ်သွားပြီး ငါးမျှားကြမယ်လေ” ဝူယွမ်က ပိုင်ယွမ်၏လက်ကလေးကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
သူက ပိုင်ယွမ်နှင့် တမင်တကာ အကွာအဝေးတစ်ခု ထားရှိခဲ့ခြင်း ဖြစ်သည်။ ပိုင်ယွမ် လူသားအသွင်ပြောင်းပြီးကတည်းက သူမကို ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်ထဲတွင်သာ အမြဲတမ်းနီးပါး ထားရှိခဲ့သည်။
သူလည်း တတ်နိုင်သည့်အရာ မရှိချေ။ ဝူယွမ်နှင့် ရင်းနှီးသူတိုင်းက ပိုင်ယွမ် မည်သူမည်ဝါဖြစ်ကြောင်းကို သိထားကြရာ အရမ်းရင်းရင်းနှီးနှီးလွန်းပါက သူ့အတွက် နေရခက်သော အခြေအနေမျိုး ဖြစ်သွားနိုင်ပေသည်။
သို့သော် ပိုင်ယွမ်က ဖြူစင်သော နှလုံးသားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမ၏ ရင်ထဲတွင် ဝူယွမ်တစ်ယောက်တည်းသာ ရှိပြီး ဝူယွမ် အနှစ်သက်ဆုံးသော ပုံစံသို့ ပြောင်းလဲခဲ့ခြင်းမှာလည်း သူမ၏ သခင်ကို ပျော်ရွှင်စေရန်နှင့် သူနှင့် ပိုမို နီးကပ်စေရန် ကြိုးစားမှုတစ်ခုသာ ဖြစ်သည်။
“သွားကြစို့ ငါ မင်းကို ကျားပေါက်လေးတွေ သွားလုပ်ပေးမယ်”
ဝူယွမ်က ပိုင်ယွမ်ကို တောရိုင်းထဲသို့ ခေါ်ဆောင်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများဖြင့် သစ်သားအိမ်လေး တစ်လုံးကို ရက်လုပ်လိုက်သည်။ ထို့နောက် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ရန် နယ်နိမိတ်ရူန်းတစ်ခုကို အသုံးပြုလိုက်သည်။
နောက်ဆုံးတွင် သူ အမြဲတမ်း အဆင်သင့်ဆောင်ထားလေ့ရှိသော ယင်-ယန် ကြာပန်းစင်မြင့် ကို ထုတ်ယူလိုက်သည်။
သူနှင့် ပိုင်ယွမ်တို့က ၎င်းပေါ်တွင် လှဲလျောင်းလိုက်ကြသည်။
ယခုအခါ ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် ကမ္ဘာသစ်သည် ၎င်း၏ ပထမဆုံးသော ရွှေခေတ်သို့ ဝင်ရောက်နေပြီဖြစ်ရာ ဝူယွမ်အနေဖြင့်လည်း ဤအခွင့်အရေးကို အသုံးချ၍ သူ၏မျိုးဆက်ကို ပါဝင်ကူညီလိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာကြီး၏ အရှင်သခင်တစ်ဦးအနေဖြင့် ပထမဆုံး မျိုးဆက်သစ်ပါရမီရှင်များ မွေးဖွားလာရာတွင် သူ၏ပါဝင်မှုမရှိဘဲ မည်သို့ ဖြစ်နိုင်မည်နည်း။
ထို့အပြင် သူက မိသားစုတစ်ခု တည်ထောင်ရန် အချိန်တန်ပြီဟုလည်း ယူဆမိသည်။
ပိုင်ယွမ်သည် ကျားဖြူမျိုးနွယ်စု၏ အမွေအနှစ်ကို ရရှိထားသူဖြစ်သည်။ ကျားဖြူ မျိုးနွယ်စုသည် ထျန်းရွှမ်တိုက်ကြီးတွင် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်ရာ ပိုင်ယွမ်အနေဖြင့် ကျားဖြူမျိုးနွယ်စုကို ပြန်လည်မွေးဖွားပေးရန်နှင့် သူမ၏ မျိုးနွယ်စုကို ပြန်လည်အသက်သွင်းရန် လိုအပ်နေပေသည်။
ဝူယွမ်ကလည်း သူမကို ကူညီပေးမည်ဟု ယခင်က ကတိပေးထားခဲ့ပြီးသား ဖြစ်သည်။
သေချာသည်မှာ ဝူယွမ်က သူ၏ ချစ်စရာအကောင်းဆုံး ကျားပေါက်လေးကို အခြားသူတစ်ယောက် ယူသွားမည်ကို မလိုလားချေ။
အေးစိမ့်သော ညချမ်းအချိန်တွင် ဝူယွမ်နှင့် ပိုင်ယွမ်တို့သည် ကြာပန်းစင်မြင့်ပေါ်တွင် အတူတကွ လှဲလျောင်းနေကြသည်။ ယင်နှင့်ယန် စွမ်းအားလှိုင်းနှစ်ခုက ကြာပန်းစင်မြင့်ထံမှ ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ ပျော်ဝင်သွားကြသည်။
အလွန် နီးကပ်လွန်းလှသဖြင့် သူတို့၏ ဝင်သက်ထွက်သက်များက မျက်နှာများပေါ်သို့ ရိုက်ခတ်နေပေသည်။
ပိုင်ယွမ်၏ အသားအရေက နှင်းပွင့်များအလား ချောမွေ့နေပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာနေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“သခင်” သူမက ညင်သာစွာ ခေါ်လိုက်ရာ ညို့ငင်နိုင်စွမ်းရှိသော အသံလေးက ဝူယွမ်၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဤသည်မှာ ဝူယွမ် မြင်ဖူးသမျှထဲတွင် အချစ်စရာအကောင်းဆုံး ကျားပေါက်လေးပင်။
“ဘာမှမပြောပါနဲ့တော့...” ဝူယွမ်က ပိုင်ယွမ်ကို အနမ်းတစ်ပွင့်ဖြင့် တိတ်ဆိတ်သွားစေလိုက်သည်။
အထက်ရှိ စိမ်းလန်းသော သစ်ကိုင်းများဖြင့် ရက်လုပ်ထားသော သစ်သားအိမ်လေးမှာ ညလေပြည်လေညင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေတော့သည်...
သိုင်းပြိုင်ပွဲကျွန်း၊ ကူမိသားစု။
ဝူယွမ်၏ကိုယ်ပွားက အခန်းထဲတွင် ကျင့်ကြံနေစဉ် အပြင်ဘက်မှ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။
ယခုအခါ ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲတွင် အမွှေစိန်လေးလုပ်နေသော ဝူယွမ်သည် သူ၏ကိုယ်ပွားထံမှ သတင်းစကားတစ်ခု ရရှိလိုက်လေဧ။ခ။
“ပိုင်ယွမ် အပြင်ဘက်မှာ ကိစ္စလေးတစ်ခု ရှိနေလို့၊ ငါ အရင် ထွက်သွားလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် ဝူယွမ်က ထွက်ခွာသွားခဲ့သည်။
အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် ဝူယွမ်၏ အစစ်အမှန်ခန္ဓာကိုယ်က ကိုယ်ပွား၏ရင်ဘတ်ပေါ်ရှိ သေးငယ်သော ရှေးဟောင်းကျောက်တိုင်လေးထဲမှ ချက်ချင်းထွက်ပေါ်လာကာ ကိုယ်ပွားကလည်း သူ့ထံသို့ ချက်ချင်း ပေါင်းစပ်သွားတော့သည်။
ဒေါက်… ဒေါက်…. ဒေါက်။
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
“ဝင်ခဲ့ပါ”
အခန်းတံခါး ပွင့်သွားပြီး ခေါင်းသေးသေးလေးတစ်ခု ထွက်ပေါ်လာသည်။ ဝူယွမ် ကျင့်ကြံခြင်းအခြေအနေမှ ထွက်လာသည်ကို မြင်သောအခါ မိန်းမပျိုလေးက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုကြီးဝူယွမ် အစ်မမုန်ချီက အစ်ကိုကြီးကို ဆွေးနွေးရေးခန်းမကို ခေါ်လာပေးဖို့ ပြောလိုက်လို့ပါ”
“အို အချိန်တန်ပြီလား”
ဝူယွမ်က ကူယာကိုကြည့်ကာ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။
ကိုယ်ပွားသည် ဤအခန်းထဲတွင် သုံးရက်တိုင်တိုင် ကျင့်ကြံနေခဲ့ခြင်းဖြစ်၏။ ဤအချိန်အတွင်း ကူယာက ဝူယွမ်အတွက် အစားအသောက်များ ယူလာပေးခဲ့ပြီး ကူယန်ကလည်း တစ်ခါတစ်ရံ လာရောက်ကြည့်ရှုခဲ့သည်။
သူတို့နှစ်ဦးသည် ကျယ်ပြောလှသော ခြံဝင်းကြီးကို ဖြတ်သန်းသွားကြပြီး ခဏအကြာတွင် အလွန် ကျယ်ဝန်းသော ဧည့်ခန်းကြီးတစ်ခု၏ အပြင်ဘက်တွင် နောက်ဆုံး၌ ရပ်တန့်လိုက်ကြသည်။
ထို့နောက် ကူယာက တံခါးကို တွန်းဖွင့်လိုက်ရာ ခန်းမထဲတွင် လူများစွာ ရောက်ရှိနေပြီဖြစ်ကြောင်း ဝူယွမ်တွေ့လိုက်ရသည်။ အပြင်အဆင်ကို ကြည့်ရသည်မှာ အတော်လေး ခမ်းနားကြီးကျယ်လှပေသည်။
ဝူယွမ် ဝင်လာသည်ကို မြင်သောအခါ အခန်းထဲရှိ လူအားလုံးက လှမ်းကြည့်လိုက်ကြသည်။
ဝူယွမ်က ခန်းမကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ လျှောက်ဝင်သွားကာ သူ၏အကြည့်များက ခန်းမပတ်ဝန်းကျင်သို့ ရောက်ရှိသွားသည်။
ဤခန်းမထဲတွင် ကူယန်၊ ကူမုန်ချီနှင့် ယခင်က တွေ့ဖူးသော ကူလင်း အစရှိသည့် ကူမိသားစု အကြီးအကဲများသာမက ရင်းနှီးကျွမ်းဝင်မှု မရှိသော မျက်နှာစိမ်း အများအပြားလည်း ရှိနေကြသည်။ သို့သော် သူတို့အားလုံးက ကူမိသားစုအတွင်း အဆင့်အတန်းတစ်ခုစီ ရှိနေကြပုံရသည်။
အလျင်အမြန် ဝေ့ကြည့်ပြီးနောက် ဝူယွမ်၏ အကြည့်များက နောက်ဆုံးတွင် ခေါင်းဆောင်နေရာ၌ ရပ်တန့်သွားသည်။ ထိုနေရာတွင် အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ထိုင်နေသည်။
အဘိုးအို၏မျက်လုံးများက နက်ရှိုင်းစွာ ချိုင့်ဝင်နေပြီး ထက်မြက်သော အလင်းရောင်များ တောက်ပနေကာ သူ၏ပတ်လည်တွင် ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမရှိသော ယွမ်စွမ်းအင်များ မှေးမှိန်စွာ ဖြာထွက်နေသဖြင့် လေဟာနယ်ကပင် အနည်းငယ် တုန်ခါနေပေသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်အဆင့်။
ဤသည်မှာ စူပါဂိုဏ်းကြီးတစ်ခုရှိ နန်းဆောင်သခင် သို့မဟုတ် အကြီးအကဲ အဆင့်ရှိသူ တစ်ဦး၏ ပုံရိပ်ပင် ဖြစ်သည်။
သို့သော် ဤသည်မှာ ဝူယွမ်ကို ထူးခြားသော အရေးပါမှု တစ်စုံတစ်ရာ ခံစားရစေရန်အတွက်မူ လုံလောက်မှု မရှိချေ။
သူက အညိုရောင်ဝတ် အဘိုးအို၏ ဘေးရှိ အဖြူရောင်ဝတ် အမျိုးသားကို တစ်ချက် ကြည့်လိုက်သည်။ ထိုအမျိုးသားက အတော်လေး ရုပ်ရည်ချောမောသော်လည်း သူ၏ ချောမောသော မျက်နှာမှာ ယခုအခါ အလွန်အမင်း ဖြူရော်နေပေသည်။ သူ၏ အားနည်းနေသော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူသည် အလွန် ပြင်းထန်သော ဒဏ်ရာကို ရရှိထားကြောင်း ထင်ရှားလှပေသည်။
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသည်ဟု ဆိုသော ကူမိသားစု၏ ထိပ်တန်း ပါရမီရှင် ကူယွမ်ထျန်းပင် ဖြစ်ရမည်။
“မိတ်ဆွေလေး ဝူယွမ်၊ ထိုင်ပါဦး ကျွန်တော်က ကူမိသားစုရဲ့အကြီးအကဲ ကူရှိုပါ၊ ကူမိသားစုရဲ့ ကိစ္စရပ်အားလုံးကို ယာယီကြီးကြပ်နေပါတယ်၊ မိတ်ဆွေလေး အရင်က တောင်းဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒီမှာ အတူတူ ဆွေးနွေးကြတာပေါ့” အညိုရောင်ဝတ် အဘိုးအိုက ဝူယွမ်ကို ပြုံးပြကာ အလွန်ရင်းနှီးဖော်ရွေသောဟန်ဖြင့် ပြောလိုက်သည်။
“အို အကြီးအကဲကူရှို က ဘာတွေ ထပ်ပြီး ဆွေးနွေးချင်သေးလို့လဲ ကျွန်တော့်ရဲ့ တောင်းဆိုချက်က အရမ်းကို ရှင်းလင်းပြီးသားပါ” ဝူယွမ်က လျှောက်သွားကာ ခပ်ပေါ့ပေါ့ပင် ထိုင်လိုက်ပြီး သက်သောင့်သက်သာ နေလိုက်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီဝင်ခွင့်က တကယ်ကို အဖိုးတန်လွန်းတယ်၊ ကျွန်တော်တို့ ကူမိသားစုကလည်း အဲဒါကို အရမ်း တန်ဖိုးထားပါတယ်၊ မိတ်ဆွေလေးအနေနဲ့ တခြားတစ်ခုခုကိုများ ရွေးချယ်ပေးလို့ မရနိုင်ဘူးလား”
ဝူယွမ်၏ဘေးရှိ ကူယန်က သူ့ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤကိစ္စမှာ သူမဆုံးဖြတ်နိုင်သောအရာမဟုတ်ချေ။
ဝူယွမ် စိတ်မရှည်တော့ချေ။ သုံးရက်တောင် ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း ကူမိသားစုမှာ ဤဝင်ခွင့်နေရာကိစ္စနှင့် ပတ်သက်၍ အကြိတ်အနယ်စဉ်းစားနေကြဆဲပင်။
“ခင်ဗျားတို့ လူတွေက အမြော်အမြင် သိပ်ကျဥ်းတာပဲ၊ အခုချိန်မှာ ခင်ဗျားတို့ ကူမိသားစုက တခြားမဟာမိသားစုကြီး လေးခုကို မယှဉ်နိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး”
“ခင်ဗျားတို့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို ချန်ပီယံဆုကို လုံးဝ မရနိုင်ဘူး၊ အကယ်၍ မျှော်လင့်ချက်လေး တစ်စွန်းတစ်စ ရှိနေပြီး နိုင်မယ်လို့ စိတ်ကူးယဉ်နေရင်တောင်မှ ဒီလောက် သေးငယ်တဲ့ ဝင်ခွင့်နေရာလေး တစ်ခုအတွက်ကိုတောင် မစွန့်စားရဲဘူးဆိုရင် ခင်ဗျားတို့ ဘာတွေများ လုပ်နိုင်ဦးမှာလဲ” ဝူယွမ်က ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်သည်။
ဤကူမိသားစုဝင်များက အလွန်အမင်း တုံ့ဆိုင်းလွန်းလှသည်။ ရှေးဟောင်းကမ္ဘာဦးစေတီဝင်ခွင့်မှလွဲ၍ ဝူယွမ် တန်ဖိုးထားသော အခြား မည်သည့်အရာမျှ မရှိချေ။
ထို့အပြင် သူ၏ရည်မှန်းချက်မှာ ရှေးဟောင်းကမ္ဘာဦးစေတီပင် ဖြစ်ပြီး ဝင်ခွင့်နေရာ တစ်ခုတည်း သက်သက် မဟုတ်ပေ။
ကူမိသားစုသည် သူ့အတွက် တက်လမ်းတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ထိုအရာများအားလုံးကို ဘေးဖယ်ထားလိုက်လျှင်တောင် ကူမိသားစုက တကယ်ကို အားနည်းလွန်းလှပေသည်။
“မင်း...”
ကူရှိုနှင့် အခြားသော ကူမိသားစုမှ အသက်အရွယ်ကြီးရင့်သူ အကြီးအကဲအချို့မှာ ချက်ချင်း မကျေမနပ် ဖြစ်သွားကြသည်။ ဝူယွမ်က ကူမိသားစုကို ဤမျှရိုသေမှုကင်းမဲ့စွာ ပြောဆိုလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
“မင်းက ရှန်ထူကျွယ်ကို အနိုင်ယူနိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်မှုရှိနေတာလား” အကြီးအကဲ တစ်ဦးက မေးလိုက်သည်။
“ကျွန်တော်က ရှိတယ်လို့ ပြောရင်တောင် ခင်ဗျားတို့ ယုံမှာမှ မဟုတ်တာ၊ စကားတစ်ခွန်းတည်းပဲ သဘောတူလား၊ မတူဘူးလား အကယ်၍ ကျွန်တော် နိုင်ခဲ့ရင် ဝင်ခွင့် တစ်နေရာပဲ လိုချင်တယ်၊ ရှုံးခဲ့ရင် ဘာမှမလိုချင်ဘူး”
ဝူယွမ်၏ ယုံကြည်မှုရှိပြီး လွတ်လပ်ပေါ့ပါးသော အမူအရာကို မြင်သောအခါ ကူရှိုက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဝူယွမ်ကို စကားတစ်ခွန်းမှ မပြောဘဲ စူးစိုက်ကြည့်နေတော့သည်။
အခန်း (၃၄၄) - အသည်းကျော်လေး ပိုင်ယွမ်(၂)
ခဏအကြာတွင် သူက သူ၏ တွန့်လိမ်နေသော လက်ကို ရုတ်တရက် ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ သူ၏လက်ဖဝါးထဲတွင် သတ္တုအမှတ်အသားတစ်ခု ပေါ်လာသည်။
“ဒါက ကျွန်တော်တို့ ကူမိသားစုရဲ့ အပြင်ဘက် အကူအညီ အမှတ်အသားပါ၊ မိတ်ဆွေလေးဝူယွမ် အကယ်၍ မင်းပြောသလို စွမ်းရည်တွေ တကယ်ရှိနေတယ်ဆိုရင် ဒါကိုယူလိုက်ပါ၊ ဆုလာဘ်ကတော့ မင်းပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်”
ကူရှို၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာ အစွမ်းထက်လှသော ယွမ်စွမ်းအင် ဖိအားတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် လှိုင်းထန်စွာ ထွက်ပေါ်လာပြီး ဧည့်ခန်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဤဖိအားအောက်တွင် ကူမိသားစုဝင် အများအပြားမှာ လေးနက်သော အမူအရာများ ဖြစ်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များကို လေးလံသော တောင်ကြီးတစ်လုံး ဖိချထားသကဲ့သို့ ခံစားလိုက်ရကာ တစ်လက်မမျှပင် မလှုပ်ရှားနိုင်ကြတော့ချေ။
သို့သော် ဖိအား၏ အဓိကပစ်မှတ်မှာ ဝူယွမ်ပင်ဖြစ်သည်။
“နောက်ထပ် စမ်းသပ်မှု တစ်ခုလား ပျင်းစရာကောင်းလိုက်တာ” ဝူယွမ်က ခေါင်းယမ်းလိုက်သည်။ သံသရာအဆင့် ဖိအားက ဝူယွမ်ကို ဖိအားအချို့ ပေးနိုင်ကောင်း ပေးနိုင်မည်ဖြစ်သော်လည်း ဤကူရှို မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်အဆင့်တွင်သာ ရှိပေသည်။
သူ ထုတ်လွှတ်လိုက်သော ဖိအားက အလေးချိန် ၉၇ ဂျင်ရှိသော ပိုင်ယွမ်လောက်ပင် မကြီးမားသလို ဝူယွမ်အပေါ်လည်း ဖိအားများစွာ မသက်ရောက်စေခဲ့ချေ။
သူက မတ်တတ်ရပ်ရန်ပင် မလိုအပ်ခဲ့ချေ။ ဝိညာဉ်စွမ်းအင် တစ်ခုက ဆန့်ထွက်သွားပြီး ကူရှို၏ အရှိန်အဝါမှာ ဝူယွမ်၏ ဝိညာဉ်စွမ်းအင်ရှေ့တွင် တစ်လက်မချင်း ပြိုကျပျက်စီးသွားတော့သည်။
သူ၏ လက်ထဲရှိ အမှတ်အသားမှာ ဝူယွမ်၏လက်ထဲသို့ ပျံသန်းရောက်ရှိသွားပြီး အစွမ်းထက်လှသော အရှိန်အဝါတစ်ခုက သူ၏ရင်ကို တုန်လှုပ်သွားစေကာ ရင်ခုန်သံ မြန်ဆန်သွားစေခဲ့သည်။
ကူရှိုမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။ ဝူယွမ်သည် သူ၏ဖိအားကို လျစ်လျူရှုနိုင်ရုံသာမက ဝူယွမ် ပြန်လည်ထုတ်လွှတ်လိုက်သော ဝိညာဉ်စွမ်းအင်ဖိအားက သူ့ကိုပင် ဖိအား ခံစားရစေခဲ့သည်။
“သူ ဒီလောက် ယုံကြည်မှု ရှိနေတာ အံ့သြစရာတော့ မဟုတ်ဘူး၊ သူ တကယ်ကို အရည်အချင်းရှိတာကိုး” ကူရှိုက စိတ်ထဲမှ တွေးလိုက်ပြီး တိတ်တဆိတ် အံ့အားသင့်နေမိသည်။
ဝူယွမ်သည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်အဆင့်ထက် မနိမ့်ကျသော စွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
ဤစွမ်းအားဖြင့် ချန်ပီယံဆုကို ရယူနိုင်ရန်မှာ တကယ်ကို ဖြစ်နိုင်ခြေ အလွန်များပေသည်။
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော အခြားသူများအားလုံးလည်း အံ့အားသင့်သွားကြသည်။
“ရှောင်ယန်က ဒီတစ်ခေါက် မိသားစုအတွက် တကယ်ကို အစွမ်းထက်တဲ့ အကူအညီ တစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ” ကူယွမ်ထျန်းက ခေါင်းလှည့်ကာ ဘေးရှိ ကူမုန်ချီကို လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ဒီတစ်ခေါက် ကျွန်မတို့ ကူမိသားစုအတွက် အံ့သြစရာ တစ်ခုခုများ ရှိလာမလား မသိဘူး” ကူမုန်ချီကလည်း ခေါင်းညိတ်ပုလိုက်သည်။ သူမသည်လည်း ဝူယွမ်အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိနေမိ၏။
ကူရှိုက ကူယာကို ဝူယွမ်အား အခန်းသို့ပြန်လိုက်ပို့ရန် မျက်နှာရိပ်ပြလိုက်ပြီး ပြောလိုင်၏။ “ဒါဆိုရင် ဒီတစ်ခေါက် မိတ်ဆွေလေး ဝူယွမ်ကို အကူအညီ တောင်းရတော့မယ်၊ သိုင်းပြိုင်ပွဲက မနက်ဖြန် စတင်မှာဆိုတော့ မိတ်ဆွေလေးဝူယွမ် ဒီည သေချာအနားယူလိုက်ပါဦး”
သူ၏ အခန်းသို့ ပြန်ရောက်သောအခါ ဝူယွမ်သည် ပိုင်ယွမ်ကို သွားရှာရန် ရှေးဟောင်းကမ္ဘာဦးကျောက်တိုင် နေရာလွတ်ထဲသို့ ပြန်မသွားတော့ဘဲ ကျင့်ကြံရန်အတွက် အခန်းထဲတွင်သာ ကျန်ရစ်ခဲ့သည်။
သူက ကစဉ်ကလျားသန္ဓေသားကို သေချာလေ့လာကာ သုတေသနပြုလုပ်ရန် စီစဉ်ထားပြီး ယဲ့ချူပိုင်ဆိုင်ထားသော မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်း၏ အလားအလာများကို သူ ဖော်ထုတ်နိုင်ခြင်းရှိမရှိ ကြည့်ရှုရန် ဖြစ်သည်။
အထွတ်အထိပ်သို့ ရောက်ရှိရန် ပြင်းပြသော သူ၏ရည်မှန်းချက်များက ခြေလှမ်းတိုင်းတွင် အထင်းသား ပေါ်လွင်နေလေသည်။
“ယဲ့ချူရဲ့ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းက မူလစိတ်ဝိညာဉ်နဲ့ မူလသန္ဓေသားလောင်းကို ပေါင်းစပ်ထားတာ၊ ငါ့ရဲ့ မူလစိတ်ဝိညာဉ်ကလည်း မူလသန္ဓေသားလောင်းထဲကို ပေါင်းစပ်လို့ရပေမဲ့ အပြည့်အဝပေါင်းစပ်သွားတာတော့ မဟုတ်သေးဘူး ဝိညာဉ်စွမ်းအင် အများစုကပဲ ပေါင်းစပ်သွားတာဖြစ်ပြီး ယွမ်စွမ်းအင်ကတော့ ကစဉ်ကလျားသန္ဓေသားနဲ့ အဆက်အသွယ် မလုပ်နိုင်သေးဘူး”
“ဖြစ်နိုင်တာက ငါ သင်ယူထားတဲ့ သိုင်းပညာရပ်တွေကို ရူန်းတွေအဖြစ်ပြောင်းလဲပြီး ကစဉ်ကလျားသန္ဓေသားထဲမှာ မှတ်သားထားလို့ရမလားမသိဘူး”
ဝူယွမ်က ဖြည်းညင်းစွာ စဉ်းစားရင်း ပုံဖော်ကြည့်နေသည်။
သူ၏ ရူန်းကျင့်ကြံမှုမှာ အဓိကအားဖြင့် ရူန်းများကို ကျင့်ကြံရန် နည်းလမ်းများစွာ ပါဝင်သော မူလရူန်းလျှို့ဝှက်ချက်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယနေ့အထိ ဝူယွမ်သည် ၎င်းတို့ထဲမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ကျွမ်းကျင်ပိုင်နိုင်သေးသည်။
မူလရူန်းများဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကြားတွင် မွေးဖွားလာသော အံ့ဖွယ်စွမ်းအားများ ဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများတစ်ခုဖြစ်ပြီး အရာအားလုံးနီးပါးကို မူလရူန်းများဖြင့် ကိုယ်စားပြု၍ ရနိုင်ပေသည်။
လူ့ခန္ဓာကိုယ်သည်ပင် ရူန်းတစ်မျိုးဖြစ်ပေသည်။
သို့တည်းမဟုတ် အရာအားလုံးသည် ရူန်းများဖြစ်သည်ဟု ဆိုရမည်။
ရူန်းများသည် ကောင်းကင်နှင့် မြေကြီး၏ အမှတ်အသားတစ်ခု ဖြစ်ပေသည်။
“သိုင်းပညာရပ်တွေကို ဘယ်လိုရူန်းမျိုးက သယ်ဆောင်ထားနိုင်မလဲ” ဝူယွမ်က မူလရူန်းလျှို့ဝှက်ချက်ကို ဆက်လက် ဖတ်ရှုနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူ စိတ်တိုင်းကျသော ရူန်းအချို့ကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့သည်။
[မူလ ယွမ်စွမ်းအင် ရူန်း- ဤသည်မှာ ကောင်းကင်နှင့် မြေကြီးရှိ အခြေခံအကျဆုံးနှင့် အတွေ့ရအများဆုံး ရူန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် အခြားသော စွမ်းအင်များစွာကို ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ ယွမ်စွမ်းအင်မျိုးစေ့ဖြစ်ပြီး ယွမ်စွမ်းအင်ရူန်း ရှိသောနေရာတိုင်းတွင် ကောင်းကင်နှင့် မြေကြီး ယွမ်စွမ်းအင်များကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်ပေသည်။]
[မူလတာအို သယ်ဆောင်ခြင်းရူန်း- ဤရူန်းသည် တာအိုစည်းမျဉ်းများ၊ စွမ်းအားများနှင့် အခြားသော စည်းမျဉ်းအခြေခံ စွမ်းအားများကို သယ်ဆောင်ထားနိုင်ပြီး ကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများ၏ မဟာတာအိုကို ထင်ဟပ်စေသည်။ ၎င်းသည် မမြင်ရသော စွမ်းအားများကို မြင်ရသောပုံစံဖြင့် ပေါ်လွင်လာစေနိုင်သည်။]
...ရူန်းအချို့တွင် ဆင်တူသော အကျိုးသက်ရောက်မှုများ ရှိသော်လည်း ၎င်းတို့အနက် အသုံးအဝင်ဆုံးမှာ ယွမ်စွမ်းအင်နှင့် တာအို သယ်ဆောင်ခြင်းရူန်းများပင် ဖြစ်သည်။
ဝူယွမ်သည် ယဲ့ချူ၏ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်းကို လေ့လာကြည့်ရှုခဲ့ပြီး သူ၏မူလသန္ဓေသားလောင်း အတွင်း၌ ယွမ်စွမ်းအင်ရူန်း၏ အကြမ်းဖျင်းပုံစံတစ်ခု ရှိနေကြောင်း တွေ့ရှိခဲ့သည်။
သို့သော် ထိုရူန်းမှာ အလွန်တိမ်ယောင်နေသေးပြီး အပြည့်အဝပေါ်လွင်လာခြင်း မရှိသေးချေ။ ဝူယွမ်ကဲ့သို့သော ရူန်းများအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားသူ တစ်ဦးကသာလျှင် ၎င်းကို သတိပြုမိနိုင်မည်ဖြစ်သည်။
ထို့အပြင် နီ၀မ်နယ်ပယ်သည် လူတစ်ယောက်၏ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ရာ ယဲ့ချူက ၎င်းကို အခြားသူများအား အလွယ်တကူ ပြသမည်မဟုတ်ချေ။
ယခုအခါ ဝူယွမ်သည် ဤရူန်းနှစ်ခုကို စတင် လေ့လာကာ သုတေသန ပြုလုပ်နေပြီဖြစ်သည်။
သူ တစ်ညလုံး လေ့လာနေခဲ့သည်။
“တကယ်ကို အလုပ်ဖြစ်တာပဲ”
ဝူယွမ် ဝမ်းသာသွားသည်။ ရူန်းနှစ်ခုကို ကစဉ်ကလျားသန္ဓေသားထဲသို့ မမှတ်သားရသေးသော်လည်း သူ၏ ဝိညာဉ်စွမ်းအင်များဖြင့် ပုံဖော်ပြီးနောက် သိုင်းပညာရပ်တိုက်ခိုက်မှုများကို ရူန်းများထဲတွင် သိုလှောင်ထားနိုင်ခဲ့ပြီဖြစ်သည်။
သီအိုရီပိုင်းအရ ပြီးပြည့်စုံသွားပြီဖြစ်ရာ ရူန်းများကို သူ၏မူလသန္ဓေသားလောင်းထဲသို့ ကျင့်ကြံထည့်သွင်းရန်သာ လိုအပ်တော့သည်။
ထို့နောက် သူ၏ သိုင်းပညာရပ်များ၊ ဝိညာဉ်ရေးရာ လျှို့ဝှက်နည်းပညာများ၊ လျှို့ဝှက်အတတ်ပညာများ စသည်တို့အားလုံးကို ကစဉ်ကလျားသန္ဓေသားထဲသို့ မှတ်သားထားမည်ဖြစ်သည်။
ထို့နောက် ဝူယွမ်၏ စွမ်းအားက အဆင့်များစွာ တိုးတက်လာပေလိမ့်မည်။
ဝူယွမ်သည် သူ၏ ရုပ်ခန္ဓာ၊ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေသူဖြစ်သည်။ သူ့တွင် နည်းလမ်းများစွာရှိပြီး တစ်ခုစီတိုင်းက အလွန်တရာ အစွမ်းထက်လှပေသည်။
တိုက်ပွဲအတွင်း ၎င်းတို့အားလုံးကို အသုံးပြုရန်အတွက် စွမ်းအင်စုဆောင်းခြင်းနှင့် ပြင်ဆင်ခြင်းများပြုလုပ်ရန် အချိန်ကြာမြင့်စွာ လိုအပ်ပေသည်။ လက်ကွက်များ ဖွဲ့စည်းခြင်းနှင့် စွမ်းအင်လည်ပတ်စေခြင်းတို့ကပင် အချိန်အတော်လေး ကြာမြင့်ပေသည်။
ထို့အပြင် နည်းလမ်းများစွာကို တစ်ပြိုင်နက်တည်း အသုံးပြုရန်မှာလည်း ခက်ခဲလှပေသည်။
ဥပမာအားဖြင့် ကစဉ်ကလျှားထိန်းချုပ်ခြင်း ဓားအတတ်၏ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားလောင်း၊ လမ်းခြောက်သွယ်ဝင်စားခြင်းလက်သီးနှင့် ဆွဲငင်အားနယ်ပယ်တို့ကို တစ်ပြိုင်နက်တည်းအသုံးပြုခြင်းက အလွန်ကြမ်းတမ်းပြီး ချောမွေ့မှုမရှိလှချေ။
အကယ်၍ သူသာ ယဲ့ချူလုပ်ဆောင်ခဲ့သည့်အတိုင်း စွမ်းဆောင်နိုင်မည်ဆိုပါက သူ၏တိုက်ခိုက်ရေးစွမ်းအားက တိုက်ရိုက် သုံးဆခန့် တက်သွားနိုင်ပေသည်။
ဝူယွမ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
ဤအချိန်တွင် နွေးထွေးသော နေရောင်ခြည်များက ပြတင်းပေါက်ဘေးမှ ဝင်ရောက်လာကာ တောက်ပနေသည်။
နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ချေပြီ။
အလွန်တရာ ကျယ်ပြောလှသော သိုင်းပြိုင်ပွဲကျွန်းသည်လည်း အရုဏ်တက်ချိန်တွင် ရုတ်တရက် စည်ကားသိုက်မြိုက်လာတော့သည်။ ဆူညံပွက်လောရိုက်နေသော အသံပေါင်းစုံက စုစည်းသွားပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားတော့သည်။
ဝူယွမ်က သူ၏အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ ကူမိသားစု၏ ခြံဝင်းထဲတွင် ကူယန်နှင့် ကူမုန်ချီတို့က စောင့်ဆိုင်းနေကြပြီဖြစ်၏။
သွယ်လျသော အမျိုးသမီးနှစ်ဦးအပေါ်သို့ နေရောင်ခြည်များ ကျရောက်နေပြီး မှေးမှိန်သော အလင်းတန်းလေးများ ရောင်ပြန်ဟပ်နေကာ သူတို့ကို အထူးလှပနေစေသည်။
“အစ်ကိုကြီးဝူယွမ် အချိန်ကျပြီ သွားကြမလား” ကူမုန်ချီက အခန်းထဲမှ ထွက်လာသော ရုပ်ရည်ချောမောသည့် ဝူယွမ်ကို ကြည့်ကာ သူမ၏ လှပသောမျက်နှာလေးပေါ်တွင် ညင်သာသောအပြုံးလေးတစ်ခု ပေါ်ထွက်လာပြီး တိုးညှင်းစွာ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် ဝူယွမ်နှင့်အတူ ကူမိသားစုကို ကိုယ်စားပြု၍ သိုင်းပြိုင်ပွဲတွင် ပါဝင်ကြမည်ဖြစ်သည်။
“ဒီတစ်ခေါက် သခင်လေးဝူယွမ်က ကျွန်မတို့ကို သေချာ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်၊ ကျွန်မတို့က သခင်လေးကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရင်လည်း အပြစ်မတင်ပါနဲ့နော်”
“ဘယ်လိုလုပ် အပြစ်တင်ရက်မှာလဲ၊ ခင်ဗျားတို့ နှစ်ယောက်ပါလာတော့ ကျွန်တော့်ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ အများကြီး ပိုမြင့်သွားတာပေါ့” ဝူယွမ်က နောက်ပြောင်သောအပြုံးဖြင့် ပြောလိုက်သည်။
သူ၏ စိတ်အခြေအနေက ကောင်းမွန်နေသည်။ သူ၏အသင်းဖော်များက မည်သူဖြစ်ပါစေ အရေးမကြီးချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ကူညီပေးနိုင်မည်ဟု သူက အစကတည်းက မစဉ်းစားထားခဲ့သောကြောင့်ပင်။
လှပသော မိန်းမပျိုနှစ်ဦး အတူလိုက်ပါလာခြင်းက ကောင်းမွန်လှပေသည်။ မျက်စိပသာဒ ဖြစ်စေသည် မဟုတ်လော...။
သိုင်းပြိုင်ပွဲကို သိုင်းပြိုင်ပွဲကျွန်း၏ အလယ်ဗဟိုတွင် ကျင်းပခြင်းဖြစ်သည်။
ထိုနေရာတွင် အလွန်တရာ ခမ်းနားကြီးကျယ်လှသော ဧရာမ တောင်ကြီးတစ်လုံး ရှိနေသည်။ ဤအချိန်တွင် ထိုဧရာမ တောင်ကြီးပေါ်၌ လူအုပ်ကြီးက ကြိတ်ကြိတ်တိုး စည်ကားနေပြီဖြစ်သည်။
တောင်ထိပ်တွင် ပိုင်းခြားထားသော စင်မြင့်များစွာ ရှိပြီး အလွန်တရာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို ဖန်တီးထားပေသည်။
ဝူယွမ်နှင့် ကူမိသားစုတို့ ရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူများ အပြည့်ဖြစ်နေပြီဖြစ်သည်။
သိုင်းပြိုင်ပွဲတွင် မဟာမိသားစုကြီး ငါးခုသာမက ပတ်ဝန်းကျင်ရှိ အင်အားစုများစွာလည်း ပါဝင်ကြသည်။
ဤသည်မှာ ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးအတွက် ကြီးကျယ်ခမ်းနားလှသော ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ပြိုင်ပွဲတစ်ခု သက်သက်သာမက အင်အားစု အသီးသီးကြားရှိ ပြိုင်ဆိုင်မှုတစ်ခုနှင့် ကြီးမားလှသော သိုင်းပညာဖလှယ်ရေး ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပေသည်။