← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

Chapter 145+146

~

အခန်း ၁၄၅+၁၄၆

~

" ဒါက သစ္စာဖောက်မှုလို့တော့ ကျုပ်တို့ စွတ်စွဲလို့ မရသေးဘူး.. "

အမြဲတည်ငြိမ်နေလေ့ရှိသူ ကြယ်သံတမန်၏ အသံက အနည်းငယ် တုန်ခါနေပြီး စိတ်လှုပ်ရှား နေပုံ ရပေသည် ။

" မိုမင်ကျိက ဝူကျိအသင်းမှာ အသင်းဝင်ဖြစ်နေတာ နှစ်နှစ်ဆယ်ကျော်ပြီ.. အရင်မျိုးဆက် လျှို့ဝှက်ကြယ်သံတမန်အဖြစ်လည်း လုပ်ခဲ့သေးတာပဲ.. သူ့လိုလူမျိုးက သစ္စဖောက်မှာ မဟုတ်ဘူး.. "

" ဒါဆို ခုအ​ခြေအနေက ဘာလို့လဲ.. "

ချောင်မူက ပတ်ဝန်းကျင်အား သတိထားကြည့်လိုက်ပြီး မေးလိုက်၏ ။ တစ်ခုခုမှားနေသည်ကို မည်သူမဆို ရှင်းရှင်းလင်းလင်း သိနိုင်ပေသည် ။

လေကတိုက်ခတ်လာပြီး ခြံဝင်းအတွင်း သစ်ပင်များရှိ အရွက်များက တရွှီးရွှီးမြည်လာသဖြင့် တိတ်ဆိတ်မှုက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည် ။

လေထုထဲတွင် သွေးနံ့ခပ်သင်းသင်းလေးကလည်း သင်းပျံနေချေသည် ။

ဘေးတွင်ရပ်နေသော ဝူချီကျန်းက ဘာမှ မပြောဘဲ ကြယ်သံတမန်ကိုသာ စိုက်ကြည့်လိုက်သည် ။

" ဒီအချိန်မှာ ပေါ့ပေါ့ဆဆ လုပ်လို့မဖြစ်ဘူး.. "

" ဒါ ကျုပ် လက်အောက်ငယ်သားရဲ့ ပေါ့ဆမှုကြောင့်ပါ.. "

ကြယ်သံတမန်၏ အသံက ပြန်၍တည်ငြိမ်သွားပြီး မိုမင်ကျိအကြောင်းကို ရှင်းပြလိုက်သည် ။

" မိုမင်ကျိက သူ့ရဲ့အကောင်းဆုံး အသက်အရွယ်မှာ အဆင့် ၄ အထိရောက်ခဲ့ပေမဲ့ အသက်ကြီးလာတော့ အဆင့် ၆ အထိ ပြန်ကျသွားပြီး လျှို့ဝှက်ကြယ်သံတမန်ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်.. "

" နောက်ပိုင်းမှာ သူက ဝူကျိအသင်းရဲ့ လျှို့ဝှက်ထောက်လှမ်းရေးတာဝန်ကို ယူထားပေမဲ့ အသင်းရဲ့ ကိစ္စတွေမှာ သိပ်မပါတော့လို့ အငြိမ်းစားယူထားတဲ့ အသင်းဝင်တဝက်လို့ပဲ သတ်မှတ်လို့ရတော့မယ်.. "

လျှို့ဝှက်ကြယ်သံတမန်ရာထူးသည် ဝူကျိအသင်း၏ ထောက်လှမ်းရေးခေါင်းဆောင်ဖြစ်၏ ။ မည်သည့်အဖွဲ့အစည်းမဆို မတူညီသော ပါရမီရှင်သူများအား လိုအပ်ပေသည် ။

ဥပမာအားဖြင့် စာပေပညာရှင်ဖြစ်သော ဝမ်စုန့်ဟဲပင်လျှင် အင်ပါယာရုံးတော်၌ အဆင့် ၂ ဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူး၏ ။ ထိုစဥ်ကခါက သူ သိုင်းပညာမတက်ခဲ့ပေ ။

ဝူကျိအသင်းတွင် အဆင့်မြင့် သိုင်းပညာရှင်များစွာရှိ၍ လျှို့ဝှက်ကြယ်သံတမန်သည် အသန်မာဆုံးဖြစ်ရန် မလိုအပ်ဘဲ သတင်းစုံစမ်းရာတွင် အကောင်းဆုံးဖြစ်ရန်သာ လိုအပ်ပေသည် ။ လျှို့ဝှက်သံတမန်များသည် တိုက်ပွဲတွင် ဝင်၍ တိုက်ခိုက်ခြင်း မရှိကြချေ ။

သိုင်းသူတော်စင်သည် လွန်ခဲ့သော ​ခြောက်လခန့်က ဟဲရန်မြို့မှ ချောင်မိသားစုကို ဖျက်ဆီးပြီး သက်ရှည်လက်သီးသုတ္တန်ကို လုယူခဲ့၏ ။

ထိုကျင့်စဥ် မရရှိမီက ဝူကျိအသင်းတွင် အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ်ခဲ့သို့ အသက်စွမ်းအားကို ထိန်းသိမ်းနိုင်သည့် ကျင့်စဥ်မျိုးရှိခဲ့သော်လည်း ထိုသည်က သက်ရှည်လက်သီးသုတ္တန်လောက် မကောင်းပေ ။

ယခင် လျှို့ဝှက်ကြယ်သံတမန်ဖြစ်ခဲ့ဖူးသော မိုမင်ကျိသည် အဆုံးမဲ့သန့်စင်သောယန်ကျင့်စဥ်ကို လေ့ကျင့်ဖူးသော်လည်း ထိုသို့ကျင့်စဥ်မျိုးက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရန် ခက်ခဲလှချေသည် ။ ပြီးပြည့်စုံသော အဆင့်သို့ မရောက်နိုင်လျှင် အသက်စွမ်းအားကို များစွာထိန်းသိမ်းနိုင်မည် မဟုတ်ပေ ။

" အထဲကို ဝင်ကြည့်ရအောင်.. အင်မော်တယ်ဂိတ်ရဲ့ ထောက်ချောက်ဖြစ်နိုင်ပေမဲ့ လှည့်ပြန်လို့မှ မဖြစ်တာ.. "

ဝူချီကျန်း၏ အကြည့်များက စူးရှနေကာ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချလိုက်တော့သည် ။

" သိုင်းသူတော်စင်လဲ လာနေလောက်ပြီ ရွှမ်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ဆုံနေရင်တော့ ဖမ်းပြီး သတင်းမေးလို့ရတာပေါ့ ရေကန်အသင့်ကြာအသင့်ပဲ.. "

ဝူချီကျန်းက ရှေ့မှ ဦးဆောင်ပြီး ချောင်မူနှင့် ကြယ်သံတမန်က နောက်မှ ကပ်လိုက်လာကာ ဝိုဏ်း၏ အဓိကခန်းမသို့ ဦးတည်လိုက်ကြသည် ။

သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းမှ ဆဋ္ဌမအာရုံက ဂိုဏ်း၏ အဓိကခန်းမဆီသို့ ညွှန်ပြနေလေ၏ ။

ချောင်မူက အကျင့်ပါ​သဖြင့် ဝူချီကျန်း၏ ကျောကို ကြည့်ပြီး ရှေ့သို့ တက်လှမ်းရန် ပြင်လိုက်သော်လည်း စိတ်ထိမ်းပြီး ရပ်တန့်လိုက်၏ ။

သူ သေချာစဥ်းစားပြီး ခြေလှမ်းကို ပို၍ နှေးကွေးလိုက်သည် ။

မိုမင်ကျိ သစ္စာဖောက်လျှင်ပင် ဂိုဏ်းဝင်အချင်းချင်း ​ကိစ္စဖြစ်၍ သူ ဝင်ပါနေစရာမလိုအပ်ပေ ။ သူ ဝူကျိအသင်းနှင့် ပူးပေါင်းထားသည်မှာ ဧကရာဇ်အား လုပ်ကြံရန်သာဖြစ်ပြီး တခြားကိစ္စများအား ခေါင်းရှောင်နိုင်ပေသည် ။

ထို့အပြင် သူ၏ အသက်မှာ ၆၀ သို့ ရောက်နေသဖြင့် သက်ရှည်လက်သီးသုတ္တန်အပြည့်အစုံ မရမခြင်း မသေချင်သေးပေ ။ သူ ယခု သေဆုံးလျှင် ပို၍ အသက်ကြီးလာမည်ဖြစ်ပြီး ကြံ့ခိုင်မှု ကျဆင်းသွားနိုင်သည် ။

' ရေစုန်အတိုင်းမျောလိုက်.. ရေစုန်အတိုင်းမျောလိုက်.. ဒါ က ငါ့အသက်အရွယ်မှာ လုပ်သင့်တဲ့ အရာပဲ.. '

" ကျွီး......."

ပတ္တာ၏ အော်မြည်သံနှင့်အတူ အဓိကခန်းမ၏ တံခါးမကြီးကို ဝူချီကျန်းက တွန်းဖွင့်လိုက်သည် ။

အဓိကခန်းမက ကျယ်ဝန်းသော်လည်း အနည်းငယ် မှောင်နေပြီး သွေးနံ့များက ပို၍ ထူထပ်လာသည် ။

ဆံပင်ဖြူနေသော အဘိုးကြီး တစ်ယောက်သည် ဝင်ပေါက်ကို ကျောပေးရပ်နေပြီး သူ၏ ပတ်ဝန်းကျင်တွင် အလောင်းများက ပြန့်ကျဲနေလေ၏ ။

ကြမ်းပြင်ပေါ်တွင် သွေးများ အိုင်ထွန်းနေသော်လည်း အလောင်းများ၏ အသွင်အပြင်က သာမန်မဟုတ်ဘဲ အရိုးနှင့်အရေသာရှိသော မံမီများလို ခြောက်ကပ်နေသည် ။

" လာ..ကြ..ပြီ..လား.. "

အိုမင်းသော အသံတစ်ခု ပေါ်လာပြီး အဘိုးကြီးက သူကိုင်ထားသော ခြောက်သွေ့နေသည့် ခန္ဓာကိုယ်ကို ပစ်ချလိုက်ပြီး တဖြည်းဖြည်းခြင်း လှည့်ကြည့်လိုက်သည် ။

" မိုမင်ကျိ.. မင်းရူးသွားပြီလား.. "

လျီု့ဝှက်ကြယ်သံတမန်က ကြမ်းပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး အလွန်အမင်း အံ့သြနေလေ၏ ။

ကြမ်းပြင်ပေါ်ရှိ အလောင်းများ အားလုံးသာ် တောက်ပသောလဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားကြပေသည် ။

အထူးသဖြင့် ရွှေရောင်လခြင်းပုံ ချည်ထိုးထားသော အလောင်းဆယ်လောင်းသည် လရောင်ဓားဆယ့်သုံးချောင်းဟု လူသိများသော တောက်ပသောလဂိုဏ်း၏ အဓိက တပည့်များ ဖြစ်၏ ။

" မင်းတပည့်တွေရဲ့ အသက်ဓာတ်နဲ့ စိတ်စွမ်းအားကို စုပ်ယူဖို့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို သုံးလိုက်တာလား.. မင်းဘဝတစ်ဝက်လောက် ပျိုးထောင်ခဲ့တဲ့ အဓိက တပည့်တွေကို သတ်လိုက်တာလား.. "

ကြယ်သံတမန်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ပြီး မိုမင်ကျိ ရူးသွားပြီဟု ကောက်ချက်ချလိုက်တော့သည် ။

ထိုနောက်ကွယ်တွင် ရွှမ်းထျန်းဂိုဏ်း သို့မဟုတ် တခြားတစ်ခုခု ရှိနေသလောကို သူတို့ မသိပေ ။

" မင်းတို့ လာတာ နည်းနည်းနောက်ကျပေမဲ့ အချိန်မီပါသေးတယ်.. "

မိုမင်ကျိ၏ ရုပ်သွင်က ကြင်နာတက်သော မျက်နှာရှိပြီး ဂိုဏ်းချုပ်တစ်ဦးနှင့် မတူဘဲ ပညာရှိတစ်ဦးဖြင့် ပိုတူပေသည် ။

ရုတ်တရက်....

အဘိုး​ကြီးက ရုတ်တရက် လင်ယုန်တစ်ကောင်ကဲ့သို့ ခုန်တက်လိုက်ပြီး ဝူချီကျန်း ရှိရာသို့ ခုန်အုပ်လိုက်သည် ။ သူ၏ ပစ်မှတ်မှာ နောက်သို့ဆုတ်ရန် အသင့်ပြင်ထားသော ချောင်မူ ထံသို့ပင် ။

ချောင်မူ...... "......"

' ငါ့ရှေ့မှာ ဝူချီကျန်းနဲ့ ဘေးမှာ ကြယ်သံတမန်ရှိနေတာကို ဘာလို့ ငါ့လာချနေတာလဲ ..အနိုင်ကျင့်ရ လွယ်တဲ့ပုံ ပေါက်နေလို့လား.. '

ချောင်မူက သေရမည်ကို ကြောက်နေသော်လည်း တိုက်ခိုက်ရမည်ကို ဘယ်သောအခါကမှ မကြောက်ခဲ့ပေ ။ အထူးသဖြင့် အဆင့် ၆ သိုင်းပညာရှင်လေး နှင့် တိုက်ခိုက်ရမည်ဆိုလျှင်...

" ဘန်းးး..."

သူတို့နှစ်ယောက်သည် လက်ဝါးခြင်း ထိပ်တိုက်ရင်ဆိုင်မိပြီး ပြင်းထန်သည့် အားကြောင့် ချောင်မူ နောက်သို့ ဃေုနှစ်လှမ်း ရှစ်လှမ်း ဆုတ်လိုက်ရလေ၏ ။ သူ၏ ခြေထောက်အောက်ရှိ သစ်သားကြမ်းခင်းသည် အက်ကြောင်းများစွာ ပေါ်ထွက်လာသည် ။

" ဒါ အဆင့် ၆ လား .. "

ချောင်မူက ဟန်ချက်ပြန်ထိန်းကာ ကြယ်သံတမန်အား ထရိုက်တော့မည့်အကြည့်ဖြင့် ကြည့်လိုက်သည် ။

' လျှို့ဝှက်ကြာ်သံတမန်ဆိုတဲ့အတိုင်းပဲ.. သူခန့်မှန်းထားတာက လျှို့ဝှက်ဆန်းကြယ်လိုက်တာ.. '

" အရင်တုန်းက အဆင့် ၆ လေ.."

ကြယ်သံတမန်က ချောင်မူအား အရန်ကော ဟူသည့် လေသံဖြင့်..

" ခုက လူတွေအများကြီးကို စုပ်ယူထားတာ မမြ​င်ဘူးလား.. သူ့ဘဝတစ်လျောက် အကောင်းဆုံး အခြေအနေထက်တောင် ပိုပြီး အားကောင်းနေလောက်.. "

ကြယ်သံတမန်၏ စကားမဆုံးလိုက်မီပင် မိုမင်ကျိက ချောင်မူထံသို့ တဖန်ပြေးဝင်လာပြန်သည် ။

" ဘာလို့ ခုခံနေတာလဲ.. "

အဘိုးကြီး၏ မှိုင်းညို့နေသော မျက်လုံးများထဲတွင် အနီရောင်သွေးကြောများ ပြည့်နေပြီး အသံက အက်ကွဲကွဲ ဖြစ်နေသည် ။

" ငါက မင်းထက် ပိုသန်မာတယ်.. ဘာလို့ ခုခံနေမှာလဲ.. လက်နက်ချပြီး ငါစုပ်ယူတာကို ခံလိုက်.. အဲ့တာက ပိုကောင်းတယ်.. "

" သောက်အဓိပ္ပါယ်မရှိတာ.. မင်းက ငါ့ထက် ဘယ်နားက သန်မာနေလို့လဲ .."

ချောင်မူက လှောင်လိုက်၏ ။ ထို့နောက် ပြေးဝင်လာသော အဘိုးကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရန်...

" ကောင်းကင်နတ်ဆိုး...."

' မဟုတ်ဘူး.. မဟုတ်ဘူး ငါသေလို့ မရသေးဘူး.. '

ချောင်မူ သတိပြန်ဝင်လာပြီး ဘေးသို့ အမြန်ရှောင်တိမ်းလိုက်၏ ။ သို့သော်လည်း မိုမင်ကျိ၏ လက်ဝါးရိုက်ချက်မှ လေလှိုင်း ရှပ်ထိသွားသဖြင့် လည်ချောင်းထဲတွင် ငန်ကျိကျိ ခံစားမိလိုက်သည် ။

ကံကောင်းသည်က ချောင်မူသည် အပြင်သိုင်းများ လေ့ကျင့်ထားသဖြင့် ဒဏ်ရာမပြင်းထန်လိုက်ပေ ။

" လှိုင်းဆင့်ခွန်အား.. နှစ်ထပ်လှိုင်း..."

ချောင်မူသည် အရိပ်ခြေလှမ်းကို အသုံးပြုလိုက်ပြီး လက်ဖဝါးတွင် အတွင်းအားစုကာ မိုမင်ကျိ၏ ခါးသို့ ရိုက်ချလိုက်သည် ။

ထို့နောက်သူက ထပ်မံအတွင်းအားသုံးရန် ပြင်လိုက်သော်လည်း မိုမင်ကျိက ခါးမှ ဒဏ်ရာကို လျစ်လျှူရှု၍ ချောင်မူ၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်၏ ။

သူ၏ ပိန်ပိန်ပါးပါး လက်မောင်းက အတွင်းအားကြောင့် ဖောင်းကြွလာပြီး ချောင်မူ၏ ခေါင်းကို ရိုက်ချလိုက်သည် ။

' သောက်ကျိုးနည်း ငါ့အကွက်ကြီးဟ.. '

ချောင်မူက ခွန်အားကို အတင်းထိန်းချုပ်လိုက်ပြီး ခြေထောက်များသို့ အတွင်းအား ပို့လွှတ်ကာ မိုမင်ကျိ၏ လက်ဝါးကို ဘေးသို့ကိုင်း၍ ရှောင်လိုက်သည် ။

ချောင်မူ သူသေသူသေ မချချင်ပေ ။ မိုမင်ကျိသည် အတွင်းအားများစုပ်ယူထားသဖြင့် ချောင်မူထက် အတွင်းအား ထက်ဝက်ကျော်ပိုများနေ၏ ။

ချောင်မူသည် အပြင်သိုင်းများစွာလေ့ကျင့်ထညးသော်လည်း မိုမင်ကျိ၏ လက်ဝါးကို တိုက်ရိုက် အထိမခံရဲချေ ။

ထို့ကြောင့် ဤတိုက်ပွဲတွင် ချောင်မူသည် သူ၏ ကောင်းစွာလေ့ကျင့်ထားသော အရိပ်ခြေလှမ်းကို ပိုမိုအားကိုးခဲ့ပြီး မိုမင်းကျိ၏ တိုက်ခိုက်မှုများကို အစွမ်းကုန် ရှောင်တိမ်းခဲ့သည်။

ကြယ်သံတမန်နှင့် ဝူချီကျန်းတို့က ဘေးမှ ရပ်ကြည့်နေကြ၏ ။

" ချောင်ကျန့်.. မင်း မျိုးစေ့ မဖြစ်နိုင်ရင် အစာပဲ ဖြစ်ရလိမ့်မယ်.. "

ကြယ်သံတမန်၏ အကြည့်က အလွန်အေးစက်နေသည် ။

" မင်းသေသွားရင် အားနည်းလို့ သိုင်းသူတော်စင်အတွက် မျိုးစေ့ဖြစ်ဖို့ အဆင့်မမီဘူး.. "

ဝူချီကျန်းသည် ချောင်မူကို တစ်ချက်သာ ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကိုသာ သတိထားပြီး စောင့်ကြည့်နေသည် ။ ကျင့်ကြံသူများပေါ်လာမည်ကို သူ စောင့်နေ၏ ။

ဤတိုက်ပွဲသည် ချောင်မူအတွက် အန္တရာယ်များပေသည် ။ အန္တရာယ် ရှိသည် ဆိုသည်ထက် စိတ်ထိန်း၍ တိုက်နေရသဖြင့် ကြိုးဖြင့် အတုတ်ခံထားရသလို ခံစားနေရ၏ ။

မိုမင်ကျိသည်တော့ ဒဏ်ရာရမည်ကို မကြောက်ဘဲ အသေခံ၍ တိုက်ခိုက်နေသည် ။

ဤသည်က ဝဋ်လည်ခြင်းပင် ။ ချောင်မူသည် အရင်က ဤသို့ သိုင်းပညာရှင်များနှင့် တွေ့ရန် ဆုတောင်းခဲ့သော်လည်း သူ မသေချင်သည့် အခါမှသာ ပေါ်ထွက်လာလေ၏ ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကို ထုတ်မသုံးရဲ၍ ခွန်အား၏ ၇၀ % လောက်သာ ထုတ်သုံးနိုင်သည် ။ သူ၏ ရန်သူများ မည်သို့ ခံစားခဲ့ရသည်ကို သူနားလည်သွားလေပြီ ။

' ဒါ အဆင့် ၄ တစ်ယောက်ရဲ့ ခွန်အားလား.. အသက် ၇၀ လောက် ရှိနေပြီကို ဒီလောက်တောင် သန်မာနေသေးတာလား.. '

ချောင်မူက ရှောင်တိမ်းရင်း အတွေးများနေ၏ ။

မိုမင်ကျိသည် အသက် ၇၀ ဆယ်ကျော်ရှိပြီး အဆင့် ၆ အထိ ပြန်ကျသွားသူဖြစ်သည် ။ သို့သော်လည်း အတွင်းအားများ စုပ်ယူပြီး​နောက် အဆင့်၄ သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အရင်ကထက်ပင် ပိုမိုသန်မာလာသည် ။ သူ ရိုက်လိုက်သော လက်ဝါးချက်တိုင်းသည် ကျောက်တုံးများကို အမှုန့်ဖြစ်စေနိုင်ပြီး သံပြားကိုပင် ချိုင့်ဝင်သွားနိုင်၏ ။

ချောင်မူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည် ။

' လူတစ်ယောက်ရဲ့ အသက်စွမ်းအင်က အမြင့်ဆုံး ရှိနေသရွေ့ အသက်ဘယ်လောက်ကြီးကြီး သန်မာနေနိုင်တုန်းလား.. '

အသက်ကြီးလျှင် စွမ်းအင်များ လျော့ကျလာသည်ဟု ဆိုကြသော်လည်း ဤသည်က ယေဘူယျသဘောဖြစ်သည် ။

ဥပမာအားဖြင့် အသက် ၃၀ ကျော် လက်ထောက်ချန်ထက် အသက် ၇၀ ကျော် မိုမင်ကျိနှင့် အသက် ၈၀ ကျော် သိုင်းသူတော်စင်တို့၏ အသက်စွမ်းအင်က သိသိသာသာ ပိုများနေပေသည် ။

ထို့ကြောင့် လူတစ်ယောက်၏ သိုင်းပညာသည် မြန်မြန်တိုးတက်နေပြီး အသက်စွမ်းအင်များ ပြည့်ဝနေလျှင် အသက်အရွယ်ဟူသည်က အရေးမပါတော့ပေ ။

အသက်အရွယ်ဆိုသည်ထက် သိုင်းပညာရှင်တစ်ဦးသည် သံမဏိကဲ့သို့ ခိုင်မာသော နှလုံးသား ရှိရန် ပို၍ အရေးကြီးပေသည် ။

သေရမည်ကို ကြောက်ရွံ့တက်သော သိုင်းပညာရှင်သည် သူ၏ ခွန်အား အစစ်အမှန်ကို ဘယ်သောအခါမှ အသုံးချနိုင်မည် မဟုတ်ချေ ။

' တော်ပြီ တော်ပြီ.. ငါအတွေးများလွန်းနေပြီ.. '

ချောင်မူက တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်၏ ။ အသေခံ၍ တိုက်ခိုက်နေသော မိုမင်ကျိနှင့် သွေးအိုင်ထဲတွင် လဲလှောင်းနေသော ရုပ်အလောင်းများကို ကြည့်ကာ သူ၏ ဒေါသက ထိန်းမရတော့ပေ ။

' ကိုယ့်တပည့်ကို သတ်တာလား.. ဘာသိုင်းသူတော်စင်စိတ်ဝိညာဥ်လည်း.. ကျင့်ကြံသူတွေရဲ့ နတ်ဆိုးကျင့်စဥ်နဲ့ ဘာထူးလို့လဲ.. '

" ယားးးးး..."

ချောင်မူက မျက်လုံးများပြူးကျယ်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ အားကုန် နင်းခြေကာ မိုမင်းကျီနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။

ဤတစ်ခါတွင်တော့ မရှောင်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်တော့၏ ။

" လာစမ်း.. ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း ..."

တစ်ခဏအတွင်းမှာပင် ချောင်မူ၏ ခန္ဓာကိုယ် တစ်ခုလုံး ခွန်အားများ အဆမတန်မြင့်တက်လာပြီး ...

" လှိုင်းဆင့်ခွန်အား ..နှစ်ထပ်လှိုင်း.. "

အဖြူနှင့်အနက် အတွင်းအားလှိုင်းနှစ်ခုက ဆက်တိုက်ပေါက်ကွဲထွက်လာပြီး မိုမင်ကျိ၏ ရင်ဘက်သို့ ထိမှန်သွား၏ ။

" ဘုန်း...."

ကြောက်မက်ဖွယ်ရာ ခွန်အားကြောင့် အဘိုးကြီး၏ ပိန်ပါးပါးခန္ဓာကိုယ်သည် လွင့်ထွက်သွားပြီး နံရံတွင် လူသားပန်းချီကား ဖြစ်သွားကာ နံရံအက်ကွဲသွားပြီး ဖုန်မှုန့်များ ဝဲတက်သွားသည် ။

တိတ်ဆိတ်စွာ စောင့်ကြည့်နေသော ဝူချီကျန်းက ထိုအချိန်တွင်မှ ရှေ့သို့ တိုးလာပြီး...

" သူ့ကို အသေမသတ်နဲ့.. "

" အရှင် ဝူချီကျန်း လား...."

ချောင်မူ၏ ထိုးနှက်မှုကို ခံရပြီးနောက် မိုမင်ကျိ၏ မျက်လုံးများရှိ သွေးနီရောင်များသည် အနည်းငယ် မှေးမှိန်သွားပုံရပြီး သူ အနည်းငယ် စိတ်ကြည်လင်လာသည်။

သူက တုန်ရီစွာဖြင့်...

" ငါ...ဒီအဘိုးကြီး.. သေရမယ် ဆို ရင် တောင်.. သိုင်းသူတော်စင်ရဲ့ လက်ချက်နဲ့ သေခွင့်ရနိုင်ဖို့ မျှော်လင့်တယ်.. ငါ့ကို စုပ်ယူပါစေ.. "

" အဟွတ်..အဟွတ်.. အရှင် ဝူချီကျန်း လိုချင်ရင်လည်း ကျုပ်သေဖို့ အသင့်ပါပဲ.. "

ဝူချီကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းမှ မတိုးဘဲ ပြောလိုက်သည် ။

" မင်းမှာ သွေးနဲ့ချီတွေ အများကြီး ကျန်သေးတယ်.. ဒီဒဏ်ရာက ပြင်းတယ်ဆိုပေမဲ့ နောက်ဆုံးစကား ပြောရလောက်တဲ့အထိ မလိုသေးဘူးမလား.. "

" ဒီပျင်းစရာကောင်းတဲ့ စကားတွေ မပြောဘဲ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ အရင်ရှင်းပြအုံး.. "

ဝူချီကျန်းက အသက်မဲ့ခန္ဓာကိုယ်များကို လက်ညိုးထိုးပြပြီး မေးလိုက်သည် ။

မိုမင်ကျိက ခဏတာ တိတ်ဆိတ်သွားပြီးမှ...

" မနေ့က ကျားမြို့မှာ ရွှမ်ထျန်းဂိုဏ်းက တာအိုကျင့်ကြံသူ ချီယန် လို့​ခေါ်တဲ့ လူတစ်ယောက်နဲ့ မတော်တဆတွေ့ခဲ့တယ်.. "

" ကျင့်ကြံသူ ချီယန်က ဧကရာဇ်ကို ကာကွယ်ပေးနေတယ်လို့ သတင်းရထားတော့ ကျုပ်လည်း နောက်ယောက်ခံလိုက်မိတာပေါ့.. ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲ့ချီယန်က ကျုပ်ဂိုဏ်း အဝင်ဝမှာ ပေါ်လာတယ်.. "

" ကျုပ်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားပြီလို့ ထင်ခဲ့ပေမဲ့ အံ့သြစရာကောင်းတာက သူ ကျုပ်အကြောင်းကို သိမနေဘူး.. သူက ကျုပ်ရဲ့ ဂိုဏ်းနာမည်က တောက်ပသောလဂိုဏ်းလို့ ဘာလို့ ပေးထားတာလဲလို့ မေးခဲ့တယ်.. "

" ကျုပ် ဒီနာမည်ပေးထားတာက ဘာအကြောင်းနဲ့မှ မဟုတ်ဘူးလေ..အင်မော်တယ်ဂိုဏ်းတွေနဲ့ တူတဲ့နာမည်ပေးရင် တပည့်တွေကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ ထင်မိလို့ပါ.. "

" ကျုပ်လည်း အဲ့လိုပဲ ပြန်ဖြေလိုက်တာပေါ့.. "

" ဒါကို ကြားတော့ ချီယန်က အရမ်းဒေါသ ထွက်သွားပြီး သာမန်သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ဒီလို နာမည်ပေးထားတာက ရွှမ်ထျန်းဂိုဏ်းရဲ့ ဂုဏ်ကို ထိခိုက်စေတယ်တဲ့.. ပြီးတော့ သူ့ရဲ့ ဓားပျံကို သုံးပြီး ကျုပ်ရဲ့ ကလေးတွေကို သတ်.. ကျုပ်ရဲ့ သိုင်းကျမ်းတွေကို ဖျက်ဆီး .. ကျုပ်ဘဝတစ်လျှောက်လုံး စုဆောင်းလာတာတွေ ဘာမှ မရှိတော့ဘူး .."

ဝူချီကျန်းက အလောင်းများကို ကြည့်ရင်း အမူအရာ အနည်းငယ် ပျော့ပြောင်းသွားသည် ။

' မိုမင်ကျိက ဝူကျိအသင်းဝင်ဖြစ်လို့မဟုတ်ဘဲ ဂိုဏ်းနာမည်အတွက်နဲ့ ဒီလောက်အထိ အပြစ်ပေးခံခဲ့ရတာလား.. '

သူ၏ နှလုံးသားထဲတွင် အားနည်းသောကြောင့်နာကျင်ရမှုကို ခံစားမိလိုက်ပြီး ...

" ဒါဆို ဒီအလောင်းတွေက ချီယန် သတ်သွားတာပေါ့.. "

" မဟုတ်ဘူး.."

မိုမင်ကျိ၏ သွေးစွန်းနေသော ဝတ်ရုံမှ သွေးများ စီးကျနေဆဲဖြစ်ပြီး ဝူချီကျန်းကို မော့ကြည့်လိုက်သည် ။ သူ၏ မျက်နှာက်ထက်တွင် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပုံ ပေါ်နေ၏ ။

" သူတို့ကို ကျုပ်လက်နဲ့ သတ်လိုက်တာ.. "

ထိုအခိုက် အပေါ်ထပ်မှ လူဆယ်ယောက်ကျော်၏ လျင်မြန်သောခြေသံများ ပေါ်ထွက်လာပြီး ချောင်မူတို့ သုံးယောက်ကို ဝန်းရံထားလိုက်ကြသည် ။

All Chapters