← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁) - သွေးမျိုးဆက် အဆင့်မြှင့်တင်ခြင်း၊ မြေကမ္ဘာအင်မော်တယ် နယ်မြေ (အပိုင်း - ၅)

~အရှင်သခင်ကြီး ကုလန် သည် စုယွီ၊ တာအိုဆရာ ရှုဟိုင် နှင့် လော့ချန်ယွီ တို့ သုံးဦးကို လေးနက်သော မျက်ဝန်းများဖြင့် ကြည့်ကာ ရှင်းပြလိုက်သည်။

“မင်းတို့ သုံးယောက်စလုံး မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ အတွင်း နယ်မြေ ကို တကယ့် တပည့်အရင်းတွေ အနေနဲ့ ဝင်ခွင့်ရဖို့ ဆိုရင်တော့... ဝင်ခွင့် စမ်းသပ်ပွဲ တွေကို အရင်ဆုံး ဝင်ရောက် ယှဉ်ပြိုင်ရလိမ့်မယ်”

“အဲဒီ စမ်းသပ်ပွဲ လုပ်တဲ့ အချိန်ကျရင်... ငါက နယ်မြေထဲက အကြီးအကဲ တချို့နဲ့ တောင်ထွတ် သခင် တချို့ကိုပါ လာရောက် ကြည့်ရှု အကဲခတ်ဖို့ ဖိတ်ကြားထားပေးမယ်။ မင်းတို့ကို လက်ခံချင်တဲ့ တောင်ထွတ် သခင် ဒါမှမဟုတ် အကြီးအကဲ တစ်ယောက်ယောက် ရှိတာနဲ့... မင်းတို့ အတွင်း နယ်မြေ ကို တန်းဝင်လို့ ရပြီ”

“ဒါပေမဲ့ စိတ်မပူကြပါနဲ့... ဒီ ဝင်ခွင့် စမ်းသပ်ပွဲ က မင်းတို့အတွက် သိပ်ပြီး ခက်ခဲလှမှာ မဟုတ်ပါဘူး။ ဒါက မင်းတို့ရဲ့ ပါရမီ၊ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်နေသဘောထား နဲ့ စွမ်းရည် တွေကို အကြမ်းဖျင်း သိရုံလောက် စမ်းသပ်တာပါ”

“မင်းတို့ရဲ့ လက်ရှိ ပါရမီ အရည်အချင်းတွေနဲ့ ဆိုရင်တော့... အတွင်း နယ်မြေ ကို ဝင်ဖို့ဆိုတာ ဘာပြဿနာမှ မရှိနိုင်ပါဘူး”

ထိုအခါ စုယွီ က ရိုသေကျိုးနွံစွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“စီနီယာကြီး ခင်ဗျာ... တကယ်လို့များ ကျွန်တော်တို့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ အတွင်း နယ်မြေ ကို ဝင်ခွင့်ရခဲ့မယ် ဆိုရင်... ဘယ်တောင်ထွတ် ကို ရွေးချယ်ပြီး ဝင်ရောက်သင့်တယ်လို့ စီနီယာကြီး အကြံပေးချင်ပါသလဲ ခင်ဗျာ”

အရှင်သခင်ကြီး ကုလန် သည် စုယွီ ကို သဘောကျ နှစ်ခြိုက်စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

'ဒီကောင်လေး... ခေါင်းတော့ တော်တော် ပြေးတာပဲ။ ဉာဏ်ကောင်းတယ်။ ဘာက အရေးအကြီးဆုံးလဲ ဆိုတာကို ချက်ချင်း မြင်ပြီး တန်းမေးလိုက်တာပဲ။'

သူမသည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက်၊ လော့ချန်ယွီ ဘက်သို့ လှည့်ကာ အကြံပေးလိုက်၏။

“တောင်ထွတ် (၁၈) ခုထဲမှာ... တစ္ဆေ ဓား တောင်ထွတ် လို့ ခေါ်တဲ့ တောင်ထွတ် တစ်ခု ရှိတယ်။ အဲဒီ တောင်ထွတ် သခင် က ဓားတာအို လမ်းစဉ် ကို အဓိက ကျင့်ကြံတဲ့ အရှင်သခင်ကြီး ယွီရော့ ပဲ။ သူကျင့်ကြံတာက ရှေးဟောင်း ဓားတာအို လမ်းစဉ် မဟုတ်ဘူး ဆိုရင်တောင်မှ... နင့်အနေနဲ့ သူ့ဆီကနေ အများကြီး သင်ယူလို့ ရနိုင်ပါသေးတယ်။ တကယ်လို့များ အခွင့်အရေး ရခဲ့မယ် ဆိုရင်... အရှင်သခင်ကြီး ယွီရော့ ဆီမှာ တပည့်ခံနိုင်ဖို့ ကြိုးစားကြည့်ပါ”

ထိုစကားကို ကြားသောအခါ လော့ချန်ယွီ သည် အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီးရှင်”

အရှင်သခင်ကြီး ကုလန် က ခေါင်းကို အသာညိတ်ပြလိုက်ပြီးနောက်၊ စုယွီ ဘက်သို့ လှည့်ကာ အတန်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။

“ငါတို့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ထဲက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တွေထဲမှာ... ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို လေ့ကျင့်တဲ့သူ တစ်ယောက်မှ မရှိဘူး။ မင်းရဲ့ အခြေအနေက နည်းနည်းလေး ထူးခြားနေတယ်”

ထိုစကားကြောင့် စုယွီ ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်းပင် ဝင်ရောက် ပြောဆိုလိုက်၏။

“စီနီယာကြီး ခင်ဗျာ... ကျွန်တော်က ဆေးဖော်စပ်တာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲတာ နဲ့ ရုပ်သေး ပညာရပ် တွေမှာလည်း အတော်လေး ကျွမ်းကျင်မှု ရှိပါတယ် ခင်ဗျ။ တကယ်လို့များ စတုတ္ထအဆင့် ကို ရောက်နေတဲ့ စီနီယာ တစ်ယောက်ယောက်ဆီမှာ တပည့်ခံခွင့် ရခဲ့မယ် ဆိုရင်... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး ခင်ဗျာ”

'ငါက အစုံရတယ်လေ... ဆေး၊ အဆောင်၊ ရုပ်သေး၊ အခင်းအကျင်း အကုန်ရတယ်။ ဓာတ်ကြီးငါးပါး မရှိလည်း တခြားဟာ သွားလို့ ရတာပဲ။'

“စတုတ္ထအဆင့် တဲ့လား...”

အရှင်သခင်ကြီး ကုလန် ၏ ခေါင်းထဲတွင် ပုဂ္ဂိုလ် တစ်ဦး၏ ပုံရိပ်က ချက်ချင်း ပေါ်လာခဲ့သည်။ သူမ ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် ပြန်ပြောလိုက်၏။

“ဝင်ခွင့် စမ်းသပ်ပွဲ ကို နောက် (၇) ရက် နေရင် ကျင်းပလိမ့်မယ်။ အဲဒီကျရင် အဲဒီလူကို လာကြည့်ဖို့ ငါ ဖိတ်လို့ ရ၊ မရ ကြိုးစားကြည့်ပေးမယ်”

“တကယ်လို့ သူကသာ မင်းကို သဘောကျသွားခဲ့မယ် ဆိုရင်တော့... မင်းရဲ့ ဆေးပညာ နဲ့ အဆောင်လက်ဖွဲ့ ပညာ အနာဂတ်က အတိုင်းအဆမဲ့ တိုးတက်သွားမှာ သေချာတယ်”

စုယွီ က သတိထား၍ မေးလိုက်သည်။

“အဲဒီ စီနီယာကြီး ရဲ့ နာမည်ကို သိခွင့်ပြုပါ ခင်ဗျာ”

အရှင်သခင်ကြီး ကုလန် က တုံ့ပြန်လိုက်၏။

“တာအိုဆရာ ထျန်းယွီ လို့ ခေါ်တယ်”

ထို့နောက် အရှင်သခင်ကြီး ကုလန် သည် တာအိုဆရာ ရှုဟိုင် ၏ ကိစ္စကို ဆက်လက် ဆွေးနွေး အကြံပေးသည်။ တာအိုဆရာ ရှုဟိုင် သည် တိတ်ဆိတ် ငြိမ်သက်မှုကို နှစ်သက်ပြီး စာဖတ်ဝါသနာပါသူ ဖြစ်၏။ ထို့ကြောင့် သူမက အကယ်၍ အခွင့်အရေး ရခဲ့လျှင် လင်ယွမ် တောင်ထွတ် ကို ရွေးချယ်သင့်ကြောင်း အကြံပြုခဲ့သည်။

ထိုတောင်ထွတ် ၏ သခင် ဖြစ်သူ အရှင်သခင်ကြီး လင်ယွမ် သည် တိတ်ဆိတ်မှုကို အလွန် မြတ်နိုးသူ ဖြစ်ပြီး၊ သူ၏ လက်အောက်တွင် တပည့် အလွန် နည်းပါးသည်။ ထို့အပြင်

စိတ်နေသဘောထားမှာလည်း အတော်လေး ကောင်းမွန်သူ တစ်ဦး ဖြစ်၏။

ထို့နောက်တွင်တော့ ယာဉ်ပျံကြီးသည် မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ ပဉ္စမအဆင့် ဝိညာဉ်သွေးမျိုးဆက် ကြီး အတွင်းသို့ ဝင်ရောက်သွားတော့၏။

“ဝုန်း...”

သူတို့ အားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ အတားအဆီး အလွှာတစ်ခုကို ဖြတ်သန်း ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ တောင်တန်းကြီးကို ရစ်သိုင်း ဖုံးလွှမ်းထားသော မြူခိုးထူထူကြီးများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ အလွန်တရာ သာယာလှပသော တောင်တန်း နယ်မြေကြီး တစ်ခု သူတို့၏ မျက်စိရှေ့မှောက်တွင် ပေါ်လာခဲ့တော့၏။ ပါးလွှာသော တိမ်တိုက်လေးများက တောင်တန်းများ ကြားတွင် လွင့်မျောနေပြီး၊ ရှေ့ဘက်တွင်တော့ တောင်ထွတ်များစွာ စုဝေးနေကာ ကုန်းပြင်မြင့်ကြီး တစ်ခုကို ဖြစ်တည်စေသည်။

အရှင်သခင်ကြီး ကုလန် ၏ ရှင်းပြချက်များအရ၊ ဤ တောင်ထွတ်များ အားလုံးသည် မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ ရှေးဟောင်း ဘိုးဘေးကြီး များက သူတို့၏ ကြီးမားလှသော နတ်ဘုရား မန္တန်စွမ်းရည် များကို အသုံးပြုကာ နေရာရွှေ့ပြောင်း စုဝေးထားခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ အားလုံး အံ့အားသင့်သွားကြ၏။

ဤနေရာသည် သဘာဝအတိုင်း ဖြစ်တည်နေခြင်း မဟုတ်ခဲ့ချေ။

'တောင်ကြီးတွေကိုတောင် နေရာရွှေ့လို့ ရတယ်လား။'

စုယွီ ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။

'ဒီလို နတ်ဘုရား စွမ်းရည်မျိုး ပိုင်ဆိုင်ဖို့ ဆိုတာ ဘယ်လောက်တောင် မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့်ကို ရောက်နေရမှာလဲ။ တွေးတောင် မတွေးရဲဘူး။'

မြေကမ္ဘာအင်မော်တယ် နယ်မြေ အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ လျှို့ဝှက်ဂူ နယ်မြေ ရှိ ချင်းယွဲ့ တောင်ထွတ် နှင့် အဆင့်တူညီသော သဘာဝ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများက သူတို့ဆီသို့ ရိုက်ခတ်လာခဲ့၏။ ဤနေရာမှာ အပြင်ဘက် အစွန်ဆုံး ဧရိယာလေးသာ ရှိသေးသည် မဟုတ်ပါလော။

ယာဉ်ပျံကြီးသည် မြေကမ္ဘာအင်မော်တယ် တောင်တန်း ကြီး၏ အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ၊ ပဉ္စမအဆင့် ဝိညာဉ်သွေးမျိုးဆက် ကြီး၏ ကြွယ်ဝလှသော သဘာဝ ဝိညာဉ်စွမ်းအင် များက ပိုမို သိသာ ထင်ရှားလာလေလေပင် ဖြစ်တော့သည်။

ဤနေရာတွင် ကျင့်ကြံရမည် ဆိုပါက ချင်းယွဲ့ တောင်ထွတ် ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်မည်မှာ အသေအချာပင်။

ဂိတ်တံခါး အတားအဆီးကို စောင့်ကြပ်နေသော တပည့် နှစ်ဦးက ယာဉ်ပျံကြီးကို ရိုသေစွာ ဦးညွှတ် အရိုအသေပေးရင်း နှုတ်ဆက်လိုက်ကြ၏။

“အကြီးအကဲ ကုလန် ... ပြန်လည် ကြိုဆိုပါတယ် ခင်ဗျာ”

သူတို့သည် ယာဉ်ပျံကြီး ဂိတ်တံခါး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည် အထိ ရိုသေစွာ ရပ်ကြည့်နေခဲ့ကြသည်။

အရှင်သခင်ကြီး ကုလန် နေထိုင်ရာ တောင်ထွတ်ကို ယွဲ့လန် တောင်ထွတ် ဟု ခေါ်ဆိုလေ၏။ သူမသည် စုယွီ နှင့် အခြားသူများကို ယွဲ့လန် တောင်ထွတ် သို့ ခေါ်ဆောင်လာခဲ့ပြီး၊ စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ သုံးဦးကို တောင်ခါးပန်းတွင် ရှိသော တပည့်များ နေထိုင်ရာ ခြံဝင်း တစ်ခုအတွင်း၌ ယာယီ တည်းခိုရန် စီစဉ်ပေးခဲ့သည်။

ထို့နောက် သူမနှင့်အတူ လိုက်ပါသွားခဲ့သော တပည့် နှစ်ဦးကို သူတို့ သုံးဦးအား သေချာစွာ ပြုစု စောင့်ရှောက်ရန် အမိန့်ပေးခဲ့၏။

ထိုအရာများ ပြီးစီးသွားသောအခါ သူမသည် တာအိုဆရာမ ချင်းချွမ် နှင့်အတူ ထွက်ခွာသွားတော့၏။

အရှင်သခင်ကြီး ကုလန် ၏ တပည့် နှစ်ဦး ဖြစ်သော ကောင်လေး၏ အမည်မှာ ခုံးယွင် ဖြစ်ပြီး၊ ကောင်မလေး၏ အမည်မှာ ကျန်းမန် ဟု ခေါ်ဆိုသည်။ သူတို့ နှစ်ဦးစလုံးသည် အရှင်သခင်ကြီး ကုလန် လွန်ခဲ့သော နှစ်အနည်းငယ်က လက်ခံထားခဲ့သော တပည့်များ ဖြစ်ကြပြီး၊ ကမ္ဘာမြေအဆင့် ဝိညာဉ်အမြစ် များကို ပိုင်ဆိုင်ထားကြသည့် ပါရမီရှင်လေးများ ဖြစ်ကြ၏။

သို့သော် သူတို့ နှစ်ဦးစလုံးမှာ အသက် (၅၀) ပင် မပြည့်ကြသေးသည့် လူငယ်လေးများသာ ရှိကြပါသေးသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အခြေခံတည်ဆောက်ခြင်း အဆင့် (၉) တွင် ရောက်ရှိနေသည်မှာ အချိန်အတန်ကြာနေခဲ့ပြီ ဖြစ်သော်ငြားလည်း၊ အရှင်သခင်ကြီး ကုလန် ၏ တင်းကြပ်သော ညွှန်ကြားချက်များအရ သူတို့၏ တာအို အခြေခံကို ဆက်လက်၍ ပိုမို ခိုင်မာ နက်ရှိုင်းအောင် လေ့ကျင့်နေကြဆဲပင် ဖြစ်သည်။

ခုံးယွင် မှာ ပွင့်လင်း ရိုးသားသော လူငယ်လေး တစ်ဦး ဖြစ်ပြီး၊ ကျန်းမန် ကတော့ အရှင်သခင်ကြီး ကုလန် မျက်ကွယ်တွင် ဆိုလျှင် သူမ၏ မူလ စရိုက် ဖြစ်သော စပ်စုတတ်ပြီး သွက်လက် သောင်းကျန်းသည့် ပုံစံလေး ပေါ်လာတတ်သည့် ကောင်မလေး ဖြစ်၏။

စုယွီ နှင့် အခြားသူများကို နေရာချထား ပေးပြီးနောက်၊ ခုံးယွင် သည် စုယွီ၊ လော့ချန်ယွီ နှင့် တာအိုဆရာ ရှုဟိုင် တို့ကို ပြုံးပြကာ ပြောလိုက်သည်။

“အစ်ကို နဲ့ အစ်မတို့... အခုလောလောဆယ်တော့ အေးအေးဆေးဆေး အနားယူကြပါဦးဗျာ။ ကျွန်တော် လိုအပ်တာလေးတွေ သွားပြင်ဆင်လိုက်ဦးမယ်။ ဒီညနေကျရင် အစ်ကိုတို့ကို သေချာ ဧည့်ခံပါ့မယ်”

ကျန်းမန် ကတော့ ထွက်မသွားခဲ့ချေ။

သူမသည် လော့ချန်ယွီ ၏ အခန်းထဲသို့ လိုက်ဝင်သွားပြီး၊ စုယွီ ၏ အတိတ်က ဇာတ်လမ်းများကို စပ်စုကာ မေးမြန်းနေတော့၏။

အဘယ်ကြောင့်ဆိုသော် သူမသည် ယာဉ်ပျံပေါ်တွင် ရှိစဉ်ကတည်းက လော့ချန်ယွီ နှင့်အတူ စုယွီ ၏ အကြောင်းများကို ဆွေးနွေးခဲ့ကြဖူးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ သူတို့ သုံးဦးထဲတွင် စုယွီ တစ်ယောက်တည်းသာ ရွှေအမြုတေ အဆင့် သို့ တိတိကျကျ တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည် မဟုတ်ပါလော။ သူသည် တကယ့်ကို အံ့မခန်း ပါရမီရှင် တစ်ယောက်ပင် ဖြစ်၏။

လက်ရှိအချိန်တွင် အရှင်သခင်ကြီး ကုလန် က သူမနှင့် ခုံးယွင် ကို တစ်နေ့နေ့တွင် ရွှေအမြုတေ အဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ရည်ရွယ်၍ တာအို အခြေခံကို ခိုင်မာအောင် အရင်လုပ်ခိုင်းထားသည် မဟုတ်ပါလော။

ထို့ကြောင့် သူမသည် စုယွီ အပေါ် အနည်းငယ် စိတ်ဝင်စား စပ်စုချင်နေခဲ့သည်မှာ သဘာဝကျလှ၏။ သို့သော် သူမသည် စုယွီ နှင့် သိပ်ပြီး မရင်းနှီးသေးသဖြင့် သူ့ထံသို့ သွားရောက် စကား မပြောရဲသေးဘဲ၊ ရွှေအမြုတေ အဆင့် သို့ တက်လှမ်းခဲ့စဉ်က သူ၏ အတွေ့အကြုံများကို သွားရောက် မေးမြန်းရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် လော့ချန်ယွီ နှင့် စကားတွေ ဖောင်ဖွဲ့ ပြောဆိုရင်းမှ၊ လော့ချန်ယွီ ပြောပြသော စုယွီ ၏ အတွေ့အကြုံများကို ကြားသိလိုက်ရသောအခါ၊ ကျန်းမန် တစ်ယောက် အကြီးအကျယ် အံ့အားသင့် မှင်သက်သွားခဲ့ရတော့၏။

ထိုအချိန်တွင်၊ သူမသည် လော့ချန်ယွီ နှင့်အတူ အခန်းထဲသို့ ပြန်ရောက်လာသောအခါ၊ ကျန်းမန် က စပ်စုချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။

“အစ်မလော့... အစ်ကိုစု က ဘာဖြစ်လို့ အပြင်ထွက်ပြီး ကျင့်ကြံတာတွေ ဘာတွေ သိပ်မလုပ်တာလဲ ဟင်”

“သူက အပြင်ထွက်ပြီး သွားမကျင့်ကြံဘဲနဲ့တောင် ရွှေအမြုတေ အဆင့် ကို တက်သွားတာလား”

'ဘာလို့ အပြင်မထွက်တာလဲ။ ဘာလို့ မကျင့်ကြံတာလဲ။ ဒါက ဖြစ်နိုင်လို့လား။'

လော့ချန်ယွီ သည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် ပြန်ဖြေလိုက်၏။

“သူက အေးအေးဆေးဆေး နေရတာကို ပိုသဘောကျတာလေ။ လှုပ်လှုပ်ရှားရှား လုပ်ရတာထက် ငြိမ်ငြိမ်လေး နေရတာကို ပိုကြိုက်တယ်”

“ဟင်...”

ကျန်းမန် တစ်ယောက် ကြောင်တောင်တောင်လေး ဖြစ်သွားသည်။

'အဲဒီလိုလား။ ဒါဆို သူ့ရဲ့ စိတ်နေသဘောထားတွေ၊ တာအို အခြေခံတွေကို သူ ဘယ်လို လုပ်ပြီး လေ့ကျင့်ခဲ့တာလဲ။'

ထို့နောက် သူမသည် တာ့ယွဲ့ နယ်မြေ အကြောင်း၊ ယွင်ကျန်းဂိုဏ်း အကြောင်းများကို ဆက်တိုက် မေးမြန်းနေတော့သည်။

အချုပ်အားဖြင့် ပြောရမည် ဆိုလျှင်တော့၊ ကျန်းမန်သည် မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မေးမြန်းနေပြီး၊ လော့ချန်ယွီ ကလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးနေပါ၏။ သူမ၏ ခေါင်းထဲတွင် သိချင်သော မေးခွန်းများက ပြည့်နှက်နေခဲ့သည်။

အခန်း (၄၅၂) - သွေးမျိုးဆက် အဆင့်မြှင့်တင်ခြင်း၊ မြေကမ္ဘာအင်မော်တယ် နယ်မြေ (အပိုင်း - ၆)

~အခြား အခန်း တစ်ခန်း အတွင်းရှိ မြေအောက် လျှို့ဝှက်ခန်း တစ်ခုတွင်၊

စုယွီ သည် တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း အချို့ကို အစီအရီ ထပ်မံ တည်ဆောက်လိုက်ပြီးနောက် မှော်လက်နက် စံအိမ်တော် အတွင်းသို့ ဝင်ရောက်သွား၏။

'ကြယ်ခူး မျှော်စင် ကနေ ဖြတ်ပြီး သူတို့ရဲ့ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်း ကို အသုံးပြုလိုက်ရတာ တကယ် တန်သွားတယ်။ တစ်နှစ်ကျော်လေးနဲ့တင် မြေကမ္ဘာအင်မော်တယ် နယ်မြေ ကို ရောက်လာတာပဲ။ ကိုယ့်ဘာသာကိုယ် သွားနေရင်တော့ ဘယ်တော့ ရောက်မလဲ မသိဘူး။ ဒါက အများကြီး ပိုမြန်တယ်။'

စံအိမ်တော် အတွင်း၌မူ၊

ထူးဆန်းသော သတ္တဝါလေး ထိုက်ရွှီ နှင့် မိစ္ဆာဘုရင်ကြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့သည် နက်ရှိုင်းသော အိပ်စက်ခြင်း အတွင်းသို့ ဝင်ရောက်နေကြဆဲ ဖြစ်သည်။ သူတို့သည် ကောင်းကင်ဖီးနစ် ၏ သွေးမျိုးဆက် ပါဝင်သော ရှေးဟောင်း မဟာ မိစ္ဆာကြီး ၏ အရိုးမှုန့်များဖြင့် ဖော်စပ်ထားသည့် ဆေးလုံးများ၏ စွမ်းအားကို စုပ်ယူ သန့်စင်နေကြခြင်း ဖြစ်၏။ ဤ သားရဲ ဆေးလုံး များက ယဉ်ပါးသော သားရဲ နှစ်ကောင်စလုံး အတွက် အလွန်တရာ အသုံးဝင်လှ၏။

သို့သော် ဤအကျိုးသက်ရောက်မှုသည် သူတို့၏ သွေးမျိုးဆက်များ အပေါ်တွင်သာ ပိုမို သိသာ ထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။

တစ်နှစ်ကျော်ကြာ အချိန်ယူ စုပ်ယူ သန့်စင်ပြီးနောက်တွင်တော့၊ ယဉ်ပါးသော သားရဲ နှစ်ကောင်စလုံးသည် ဆေးလုံးပေါင်း (၅၀၀) ကျော်ထံမှ သွေးမျိုးဆက် စွမ်းအားများကို အောင်မြင်စွာ သန့်စင် ပြီးမြောက်သွားခဲ့ကြလေပြီ။

ထူးဆန်းသော သတ္တဝါလေး ထိုက်ရွှီ ၏ အရှိန်အဝါသည် တတိယအဆင့် အဆင့်နိမ့် တွင် အခိုင်အမာ တည်ငြိမ်သွားခဲ့ပြီး၊ ၎င်း၏ သွေးမျိုးဆက် အရှိန်အဝါမှာမူ လွန်စွာ အားကောင်းနေသဖြင့် ၎င်းကို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားစေခဲ့၏။

'ဒီအတိုင်းသာ ဆက်သွားရင်... ထိုက်ရွှီ က သူ့ရဲ့ သွေးမျိုးဆက် စွမ်းအား သက်သက်နဲ့တင် တတိယအဆင့် အဆင့်နိမ့် ကနေ တတိယအဆင့် အလယ်အလတ်တန်းစား သားရဲတွေကိုတောင် ဖိနှိပ်နိုင်လောက်တဲ့ အနေအထား ရောက်သွားနိုင်တယ်။ တကယ် အမိုက်စားပဲ။'

မိစ္ဆာဘုရင်ကြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင် သည်လည်း လက်ရှိတွင် စံအိမ်တော် ၏ ထောင့်တစ်နေရာ၌ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။ ၎င်း၏ မိုးကြိုး အရှိန်အဝါသည် အလွန်တရာ ပြင်းထန် အားကောင်းနေပြီး၊ ၎င်း အသက်ရှူသွင်း ရှူထုတ် လုပ်လိုက်တိုင်း လေထုထဲတွင် မိုးကြိုး လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်ကာ တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်နေခဲ့၏။

၎င်း၏ အရှိန်အဝါသည် မသိမသာပင် တတိယအဆင့် အလယ်အလတ်တန်းစား အထွတ်အထိပ် သို့ တက်လှမ်းသွားခဲ့ချေပြီ။

၎င်း၏ မိုးကြိုး သွေးမျိုးဆက် အရှိန်အဝါသည် လွန်ခဲ့သော တစ်နှစ်ကထက် အနည်းဆုံး ငါးဆခန့် ပိုမို အားကောင်းလာခဲ့သည်။ ဒါက အရည်အသွေးပိုင်း ဆိုင်ရာ ကြီးမားသော ခုန်ပျံကျော်လွှားမှု တစ်ရပ်ပင်။

လက်ရှိ စွမ်းအားဖြင့် ဆိုလျှင်၊ မိစ္ဆာဘုရင်ကြီး သည် သာမန် တတိယအဆင့် အဆင့်မြင့် မိစ္ဆာသားရဲ များကိုပင် ရဲဝံ့စွာ စိန်ခေါ်ဝံ့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

'ဒီကြွက်စုတ်ကတော့ တကယ်ပဲ... သောက်ရမ်းတွေ စွမ်းလာတာပါလား။ ဆေးလုံးက သူ့အတွက် ကွက်တိပဲ ထင်တယ်။ အရင်ကနဲ့ ဘာမှမဆိုင်အောင်ကို အဆင့်တက်သွားတာပဲ။'

စုယွီ သည် ထိုက်ရွှီ နှင့် မိစ္ဆာဘုရင်ကြီး ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ သူ၏ အာရုံကို ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာအုပ်စု ထံသို့ ရွှေ့လိုက်သည်။ သူသည် ဤ မိစ္ဆာအုပ်စုကို တိုက်ကျွေးရန်အတွက် ဝိညာဉ်သန့်စင်အိုး ထဲမှ ပထမအဆင့် နှင့် ဒုတိယအဆင့် ဝိညာဉ်အရည် အစုအဝေး တစ်ခုကို ထုတ်ယူလိုက်၏။

ထို့နောက် သူသည် အခန်း တစ်ခန်း အတွင်းသို့ ဝင်ရောက်ကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး၊ သူ၏ စိတ်အာရုံထဲတွင် ရွှေပုစဉ်း နည်းစနစ် ကို စတင် လည်ပတ်စေလိုက်သည်။

သူ၏ စိတ်အာရုံများ ရှင်းလင်းသွားပြီး စုယွီ သည် တည်ငြိမ် အေးချမ်းသော အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားသောအခါ၊ သူသည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် တစ်စက်ကို မျိုချလိုက်ပြီး ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို အပြည့်အဝ လည်ပတ်စေလိုက်တော့၏။

“ဝူး... ဝူး... ဝူး”

သူ၏ ကိုယ်တွင်းမှ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး လွှမ်းခြုံသွားရာ၊ ဓာတ်ကြီးငါးပါး ကျင့်စဉ် က ၎င်းတို့ကို ပြိုင်ဘက်ကင်းသော အလျင်ဖြင့် သယ်ဆောင် သန့်စင်ပေးကာ၊ သူ၏ ဒန်တျန် အတွင်းသို့ စီးဝင်သွားသော ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား အမျှင်တန်းလေးများ အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။

သူ၏ ရွှေအမြုတေ ပေါ်ရှိ ရွှေရောင် ကြေးပြား ၏ သန့်စင်ပေးမှု ခံရပြီးနောက်၊ ဤ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား များသည် ရွှေအမြုတေ အတွင်းသို့ ပေါင်းစပ်သွားကာ၊ ၎င်း၏ အရွယ်အစားကို တဖြည်းဖြည်း ကြီးမားလာစေခဲ့၏။

ကျွမ်းကျင်မှု မျက်နှာပြင် ပေါ်တွင်တော့ ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ ကျွမ်းကျင်မှု အမှတ်သည် ဖြည်းညင်းစွာ မြင့်တက်လာနေခဲ့သည်။

လွန်ခဲ့သော နှစ်များတစ်လျှောက်၊ စုယွီ ၏ နေ့စဉ် မပြတ်မကွက် ကျင့်ကြံမှုများက သူ၏ ရွှေအမြုတေ အဆင့် (၄) တွင် ရှိနေသော ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ ကျွမ်းကျင်မှု ကို (၉၉.၉၉) ရာခိုင်နှုန်း အထိ ရောက်ရှိလာစေခဲ့၏။

ယခုအခါတွင်တော့၊

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်၊

“ဝီ”

စုယွီ ၏ အရှိန်အဝါ အနည်းငယ် ပြောင်းလဲသွားမှုနှင့်အတူ၊ ကျွမ်းကျင်မှု မျက်နှာပြင် ပေါ်ရှိ ဓာတ်ကြီးငါးပါး ကျင့်စဉ် ၏ အနောက်ဘက်မှ စာသားများသည် မျက်စိတစ်မှိတ် အတွင်း ပြောင်းလဲသွားခဲ့သည်။

[ကျင့်စဉ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် ၅ ၊ ကျွမ်းကျင်မှု ၀.၀၁ ရာခိုင်နှုန်း)]

“ဝူး... ဝူး... ဝူး”

သူ၏ ကျင့်ကြံခြင်း အဆင့် တက်လှမ်းမှုနှင့်အတူ၊ စုယွီ သည် သူ၏ ကိုယ်တွင်းနှင့် ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင် များကို ရူးသွပ်စွာ စုပ်ယူလိုက်၏။ ဤကဲ့သို့ အဆင့်တက်နေသော အခြေအနေမျိုးတွင်၊ သူသည် သဘာဝ ဝိညာဉ်စွမ်းအင် များကို ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား များအဖြစ် အရင်ကထက် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာခန့် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် သန့်စင်နိုင်ခဲ့ပြီး၊ သူ၏ ရွှေအမြုတေ ကို ဆက်လက် အားကောင်းစေကာ အသစ်တက်လှမ်းထားသော သူ၏ ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်စေခဲ့သည်။

မကြာမီမှာပင်၊ သူ၏ ကိုယ်တွင်းရှိ တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် ၏ ဝိညာဉ်စွမ်းအင် များသည် အပြည့်အဝ ကုန်ခမ်းသွားခဲ့ချေပြီ။

ထို့နောက် သူသည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် နောက်ထပ် သုံးစက်ကို ထုတ်ယူကာ ထပ်မံ မျိုချလိုက်၏။

“ဝုန်း”

သဘာဝ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး၊ စုယွီ သည် ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို အသုံးပြုကာ ၎င်းကို ဖိနှိပ် သယ်ဆောင်လျက်၊ မန္တန်စွမ်းအား အဖြစ်သို့ တည်ငြိမ် စနစ်ကျစွာဖြင့် သန့်စင်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ သူသည် မိမိ၏ ခန္ဓာကိုယ် အတွင်းပိုင်းကို အာရုံစိုက် ကြည့်ရှုလိုက်၏။

သူ၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံး နေရာတွင်တော့၊ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် ၏ အရစ်အကြောင်း ခပ်ဖျော့ဖျော့ တစ်ခုသည် တံဆိပ်ခတ်နှိပ်ခံနေရသည်။

စုစုပေါင်း အရစ်အကြောင်း သုံးခု ရှိနေပြီး၊ နှစ်ခုမှာ နက်ရှိုင်းကာ တစ်ခုမှာမူ ဖျော့တော့နေခဲ့၏။

၎င်းတို့ အားလုံးသည် ဖြတ်သန်းသွားသော နှစ်ကာလများ၏ အငွေ့အသက် ခပ်ဖျော့ဖျော့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အဆင့် တက်လှမ်းသွားသည်နှင့်အမျှ၊ ဖျော့တော့နေသော အရစ်အကြောင်းလေးသည် အနည်းငယ် ပိုမို နက်ရှိုင်းလာခဲ့ပြီး၊ ၎င်းအပေါ်ရှိ ဖြတ်သန်းသွားသော နှစ်ကာလများ၏ အငွေ့အသက်သည်လည်း အနည်းငယ် ပိုမို အားကောင်းလာခဲ့သည်။

ဤအခြေအနေအောက်တွင်၊ စုယွီ ၏ ခန္ဓာကိုယ်သည် သူ၏ ကျင့်ကြံခြင်း အဆင့် တက်လာသည်နှင့်အမျှ စတင် အသွင်ပြောင်းလဲလာခဲ့သည်။

ပိုမို အားကောင်းသော အသက်စွမ်းအင် အရှိန်အဝါ တစ်ခု ပျံ့နှံ့ ထွက်ပေါ်လာခဲ့၏။

ဒါက သူ၏ ခန္ဓာကိုယ် အပေါ် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် ၏ အကျိုးသက်ရောက်မှုပင် ဖြစ်သည်။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက်၊

စုယွီ ၏ အရှိန်အဝါသည် ကျင့်ကြံခြင်း အဆင့် တက်လှမ်းပြီးနောက် ပြန်လည် ငြိမ်သက်သွားခဲ့ပြီး၊ အရာအားလုံးသည် အေးချမ်း တည်ငြိမ်သွားခဲ့လေပြီ။ သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ထူးခြားသော မွှေးရနံ့ ခပ်ဖျော့ဖျော့လေး ပါဝင်သည့် သက်ပြင်း တစ်ချက်ကို ရှူထုတ်လိုက်သည်။

“ဟူး”

သူသည် ကျွမ်းကျင်မှု မျက်နှာပြင် ကို ကြည့်လိုက်ရာ၊ သူ၏ သက်တမ်း အရေအတွက်မှာ ပြောင်းလဲသွားခဲ့ချေပြီ။

[သက်တမ်း - (၁၆၆)/(၁၁၀၅) နှစ်]

ထိုကိန်းဂဏန်းကို ကြည့်ရင်း စုယွီ တစ်ယောက် အတွေးဝင်သွားသည်။

'ဟက်... ငါ့သက်တမ်းက အနှစ် (၅၀) တောင် တိုးလာပါလား။ အရင်တစ်ခေါက်က တိုးတာထက်တောင် ပိုများသေးတယ်။'

'အခု ငါ့မှာ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် ရဲ့ နောက်ဆက်တွဲ ကျင့်စဉ်လည်း ရှိနေပြီ ဆိုတော့... ငါ့သက်တမ်းအတွက် ပူစရာ သိပ်မလိုတော့ဘူး။ ဝိညာဉ်ခွဲဖြာ အဆင့် အထိ ကျင့်ဖို့လောက်ကတော့ အေးဆေး လုံလောက်သွားပြီ။ အဲဒီအချိန်ကျရင် ငါ့သက်တမ်းက နှစ်ထောင်ချီပြီးတောင် ရှိချင် ရှိနေလောက်တယ်။'

နှစ်ထောင်ချီတဲ့လား...

သူ့အတွက်တော့ ထိုစကားလုံးသည် ထာဝရ ကာလတစ်ခုကဲ့သို့ ထင်မှတ်ရ၏။

မြေကမ္ဘာအင်မော်တယ် နယ်မြေ သို့ ရောက်ရှိလာခြင်းကို တွေးမိရင်း စုယွီ က သူ့ဘာသာသူ တွေးတောနေမိသည်။

'နောက် (၇) ရက်နေရင် ဝင်ခွင့် စမ်းသပ်ပွဲ ရှိတယ်။ အဲဒီ အခြေအနေ ဘယ်လိုလာမလဲ စောင့်ကြည့်ရသေးတာပေါ့။ အကုန်လုံး အဆင်ပြေသွားရင်တော့... ငါ ဒီမှာပဲ လူမသိသူမသိ အေးအေးဆေးဆေး ခေါင်းလျှိုပြီး ကျင့်ကြံနေလိုက်တော့မယ်။'

'ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို လုံးဝ ဖုံးကွယ်ထားတာ အကောင်းဆုံးပဲ။ အဲဒါမှ လူတွေရဲ့ အာရုံစိုက်တာ မခံရမှာ။ ပြဿနာ သွားရှာနေစရာ မလိုဘူးလေ။'

'နေ့စဉ် တာဝန်လေးတွေ လုပ်... အဲဒါကလွဲရင် တခြား ဘာမှ ဝင်ပူနေစရာ မလိုဘူး။ ရွှေအမြုတေ အဆင့် အမွေအနှစ်လေး ရဖို့က အဓိကပဲ။'

'ဒီပုံစံအတိုင်းသာ ဆိုရင်... ငါ ဒီ မြေကမ္ဘာအင်မော်တယ် နယ်မြေ မှာ နှစ်ပေါင်း (၁၈၀) လောက်... အေးလေ... နှစ်ရာချီ၊ ထောင်ချီပြီးတောင် လုံလုံခြုံခြုံ အေးဆေး နေလို့ရတာပဲ... ဘယ်လောက်တောင် ဇိမ်ကျလိုက်မလဲကွာ။'

ဤမျှ ရှည်လျားသော အချိန်ကာလ တစ်ခုအတွင်း စုဆောင်းမှုများဖြင့် ဆိုပါက၊ သူသည် ပံ့ပိုးမှု ရမှတ် များကို တမင်တကာ လိုက်လံ မရှာဖွေလျှင်တောင်မှ၊ သူ လိုအပ်သော ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ၊ ရုပ်သေး ပညာ နှင့် အခင်းအကျင်း ပညာရပ်များ ကဲ့သို့သော အမွေအနှစ်များ အားလုံးကို တိတ်တဆိတ် လဲလှယ် ရယူနိုင်မည် မဟုတ်ပါလော။

'မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ အကာအကွယ် အောက်မှာ... ငါက ပြဿနာ သွားမရှာသရွေ့တော့ ဒီမှာ ပုန်းနေဖို့က ဘာပြဿနာမှ မရှိနိုင်ပါဘူး။'

ထိုသို့ တွေးမိလေ စုယွီ သည် ပို၍ စိတ်သက်သာရာ ရလေ ဖြစ်လာခဲ့၏။

တစ်ခါတစ်ရံ ပြဿနာများ နှင့် ကြုံတွေ့ရတတ်သော တာ့ယွဲ့ နယ်မြေ ၏ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက၊ ယုံမှားသံသယဖြစ်ဖွယ် မရှိဘဲ ဤနေရာက များစွာ ပိုမို ကောင်းမွန်နေမည်မှာ အသေအချာပင်။

သို့သော် သူ ထည့်သွင်း စဉ်းစားရမည့် နောက်ထပ် ကိစ္စတစ်ခုမှာ သူ၏ လျှို့ဝှက် စခန်း တည်ဆောက်ရန်အတွက် အပြင်ဘက်တွင် သင့်တော်သော နေရာတစ်ခုကို မည်သို့ ရှာဖွေရမည်နည်း ဆိုသည်ပင် ဖြစ်သည်။

ထိုသို့ ပြုလုပ်နိုင်မှသာ သူသည် ပြန်သွားပြီး ယွီခယ်အာ နှင့် မာထျန်းလင် တို့ကို ဤနေရာသို့ ခေါ်ဆောင်လာနိုင်မည် ဖြစ်၏။

စုယွီ သည် ထိုအကြောင်းကို စဉ်းစားနေရင်းမှ၊ ဤကိစ္စနှင့် ပတ်သက်၍ သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများကို အတင်း ဖိနှိပ်လိုက်ပြီး၊ ထပ်မံ မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။

'အေးဆေးပါကွာ... ဒီကိစ္စက လောစရာမှ မလိုတာ။ မှန်ကန်တဲ့ နေရာတစ်ခုကို ရှာဖို့ အချိန်ယူပြီး ဖြည်းဖြည်းချင်း ရှာလို့ ရပါတယ်။'

ကျင့်ကြံခြင်း အဆင့် တက်လှမ်းပြီးနောက်၊ စုယွီ သည် သူ၏ ကျင့်ကြံခြင်း အဆင့်ကို မည်သို့ ဖုံးကွယ်ရမည်ကို စတင် စဉ်းစားတော့၏။

သူသည် သူ၏ ဒန်တျန် အတွင်းရှိ မှော်လက်နက် အမျိုးမျိုးကို ကြည့်လိုက်သည်။ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ထိုးထွင်း သိမြင်နိုင်သော အာရုံများမှ သူ့ကို အပြည့်အဝ ကာကွယ်ပေးရန် ဤ မှော်လက်နက် များက လုံးဝ မစွမ်းဆောင်နိုင်ပေ။

ထို့နောက် သူ၏ အကြည့်များသည် ရွှေအမြုတေ ပေါ်ရှိ ရွှေရောင် ကြေးပြား လေးဆီသို့ ကျရောက်သွားတော့၏။

...

နောက်တစ်နေ့တွင်၊

အရှင်သခင်ကြီး ကုလန် သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ အနက်ရှိုင်းဆုံး နေရာရှိ သိပ်မမြင့်မားလှသော တောင်ကုန်းလေး တစ်ခုဆီသို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့ပြီး၊ တောင်ခြေရှိ ကျောက်သား လမ်းကလေး အတိုင်း စတင် လျှောက်လှမ်း တက်သွားသည်။

သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း၊ သူမ၏ ရှေ့မှောက်ရှိ မြင်ကွင်းသည် အထပ်ထပ် ဖန်တီးထားသော ပုံရိပ်ယောင် များ အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

သို့သော် သူမသည် ထိုအရာများကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။

မကြာမီမှာပင်။

အရှင်သခင်ကြီး ကုလန် ၏ နားထဲသို့ အိုမင်းရင့်ရော်နေသော အသံ တစ်ခု ဝင်ရောက်လာခဲ့သည်။

“ကုလန်... ဒီအဘိုးကြီးဆီကို ဘာကိစ္စများ ရှိလို့ လာရတာလဲ”

ရုတ်တရက်ဆိုသလိုပင်၊ သူမ၏ ရှေ့မှောက်ရှိ မြင်ကွင်းသည် ရှင်းလင်းသွားခဲ့ပြီး၊ သစ်သား ခြံစည်းရိုးများဖြင့် ကာရံ တည်ဆောက်ထားသော ခြံဝင်းငယ်လေး တစ်ခုသည် သူမ၏ ရှေ့တွင် ပေါ်လာခဲ့နေ၏။

အခန်း (၄၅၃) - နန်းတော်သခင်၏ တပည့်ငယ်၊ ရွှေအမြုတေ တာအို လမ်းစဉ်

~ကောင်းကင်ယံထက်တွင် နေမင်းကြီးက ပူပြင်းစွာ တောက်ပနေ၏။ အရှင်သခင်ကြီး ကုလန် သည် တောအုပ်ငယ်လေး အတွင်းရှိ ရှေးဟောင်း ကျောက်စရစ် လမ်းကလေး အတိုင်း လျှောက်လှမ်းလာခဲ့ပြီး၊ သူမ၏ ရှေ့မှောက်ရှိ သစ်သား ခြံစည်းရိုးလေးများဖြင့် ကာရံထားသော ခြံဝင်းငယ်လေး အတွင်းသို့ ရင်းနှီး ကျွမ်းဝင်စွာ ဝင်ရောက်သွားသည်။ ခြံဝင်း အတွင်း၌ ပေ (၃၀)၊ (၄၀) ခန့် မြင့်မားသော ဧရာမ ဝိညာဉ် သစ်ပင်ကြီး တစ်ပင်က အကိုင်းအခက်များကို ဖြန့်ကျက်ထားပြီး ပူပြင်းသော နေရောင်ခြည်များကို ကာကွယ်ပေးထားသည်။

သစ်ပင်အောက်ရှိ ကျောက်စားပွဲ ဘေးတွင် ဆံပင်ဖြူဖြူ အဘိုးအို တစ်ဦး ထိုင်နေ၏။ သူသည် စားပွဲပေါ်တွင် ကစဉ့်ကလျား ပြန့်ကျဲနေသော ကျောက်ခဲများကို မျက်မှောင်ကြုံ့ကာ စူးစိုက် ကြည့်ရှုနေသည်။

အရှင်သခင်ကြီး ကုလန် သူ၏ ဘေးတွင် ဝင်ထိုင်လိုက်သော အခါမှသာ အဘိုးအိုသည် သူ၏ အာရုံကို လွှဲပြောင်းလိုက်သည်။ သူသည် မျက်မှောင်ကြုံ့ထားမှုကို လျှော့ချလိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လာ၏။

"ဟေ... မင်း ထွက်သွားတာ သိပ်တောင် မကြာသေးဘူးမလား... ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ"

အရှင်သခင်ကြီး ကုလန် သည် စားပွဲပေါ်ရှိ ကစဉ့်ကလျား ဖြစ်နေသော ကျောက်ခဲများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ တစ်ချက်လေး ကြည့်လိုက်ရုံမျှဖြင့်၊ လောကကြီး တစ်ခုလုံး သူမ၏ ပတ်လည်တွင် လည်ပတ်နေပြီး၊ စကြဝဠာ တစ်ခုလုံး ပြောင်းပြန်လန် ကျတော့မည့်အလား ခံစားလိုက်ရ၏။

ဤ ထူးဆန်းသော ခံစားချက်ကြောင့် အရှင်သခင်ကြီး ကုလန် ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ သူမသည် အကြည့်ကို အလျင်အမြန် လွှဲဖယ်လိုက်သည်။ ထို့နောက် အဘိုးအို ဘက်သို့ လှည့်ကာ ပြုံးလျက် ဖြေကြားလိုက်၏။

"ခုလေးတင် ပြန်ရောက်တာပါ... တကယ်တော့ မနေ့ကတည်းက ရောက်နေတာ... ရောက်ရောက်ချင်း အဘိုးကြီးဆီ လာခဲ့တာပဲ"

'အေးပါ... မင်းက လာစရာရှိလို့ လာတာပေါ့... ငါ့ဆီလာရင် တစ်ခုမဟုတ် တစ်ခုတော့ ပါသွားတာချည်းပဲ... ဒီတစ်ခါရော ငါ့ကို ဘာလာဟပ်ချင်ပြန်ပြီလဲ မသိဘူး'

အဘိုးအိုက ခပ်ဟဟ ရယ်မောလိုက်ပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ဟဲဟဲ... မင်းက တကယ် ဉာဏ်များတဲ့ ကောင်မလေးပဲ... အရင်တုန်းကလည်း ဒီလိုပဲ ရုတ်တရက်ကြီး ပေါ်ပေါ်လာတတ်တာပဲလေ... ပြီးရင် ငါ့ဆီက ပစ္စည်းတစ်ခုမဟုတ် တစ်ခုတော့ ပါသွားတာချည်းပဲ... ကဲ... ပြော... ဒီတစ်ခါရော ဘာလိုချင်လို့လဲ"

အရှင်သခင်ကြီး ကုလန် သည် နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး မကျေမနပ် လေသံဖြင့် ပြန်ပြောလိုက်သည်။

"အဘိုးကြီးကလည်း... တောင်ပေါ်ကနေ တစ်ဖဝါးမှ မဆင်းဘဲ နေနေတာ... အဲဒီ ရတနာတွေက အလကား ဖုန်တက်နေတာပဲ ရှိတာလေ... ကျွန်မက အဲဒါတွေကို လျော့သွားအောင် ကူပြီး ရှင်းပေးနေတာပါနော်... ပြီးတော့ ဒီတစ်ခါ ကျွန်မလာတာ အဘိုးကြီးဆီက ပစ္စည်း လာတောင်းတာ မဟုတ်ဘူး... ရတနာလို တန်ဖိုးရှိတဲ့ တပည့် တစ်ယောက် လာပေးတာ"

အဘိုးအိုသည် မျက်မှောင်ကြုံ့သွားသည်။

"ရတနာလို တန်ဖိုးရှိတဲ့ တပည့် ဟုတ်လား"

'ဟိုက်... တပည့်တဲ့လား... ဒီကောင်မလေး ဘာတွေ လာရှုပ်နေတာလဲ... ငါ့ဟာငါတောင် အနိုင်နိုင် နေနေရတာကို... အပိုအလုပ်တွေ လာရှာပေးနေတယ်'

"မလိုချင်ပါဘူးကွာ... ငါ့ကိုယ်ငါတောင် ကျွေးမွေး ပြုစုဖို့ မနည်း လုပ်နေရတာ... တပည့် တစ်ယောက်ကို ဘယ်လိုလုပ် ကြည့်ရှုနိုင်မှာလဲ... တပည့် လက်ခံရမယ် ဆိုရင် သေလိုက်တာမှ ကောင်းဦးမယ်"

"မလုပ်စမ်းပါနဲ့ ကောင်မလေးရယ်... ငါတို့ ဆရာသခင် ကိုယ်တိုင် တပည့် လက်ခံဖို့ ပြောတုန်းကတောင် ငါ လုံးဝ လက်မခံခဲ့တာ နင် သိသားပဲ"

အဘိုးအိုသည် ပြတ်ပြတ်သားသားပင် ငြင်းဆန်လိုက်သည်။

အရှင်သခင်ကြီး ကုလန် သည် ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"အဘိုးကြီးရယ်... လောမနေပါနဲ့ဦး... အခု တာ့ယွဲ့ နယ်မြေ ကို သွားတဲ့ ခရီးစဉ်မှာလေ... ညီမလေး ချင်းချွမ် ကို ခေါ်လာတဲ့ အပြင်... နယ်မြေအတွက် ပါရမီရှင် သုံးယောက်ကိုပါ ခေါ်လာနိုင်ခဲ့တယ်... သုံးယောက်စလုံးက ရွှေအမြုတေ အဆင့် တွေချည်းပဲ"

"အဲဒီအထဲက တစ်ယောက်က ရှေးဟောင်း ဓားတာအို လမ်းစဉ် ကို ကျင့်ကြံတာ... သူ့ကို ယွီရော့ ဆီမှာ တပည့်ခံခိုင်းပြီး... ယွီရော့ နဲ့အတူ ဓားတာအို လမ်းစဉ် ကို ဆက်ကျင့်ခိုင်းမလို့"

ထိုစကားကို ကြားသောအခါ အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

"ယွီရော့ က ဓားတာအို မှာ တကယ် ကျွမ်းကျင်တာပဲ... ဒါပေမဲ့ တစ်ယောက်ယောက်က ရှေးဟောင်း ဓားတာအို လမ်းစဉ် ကို တကယ် ကျင့်ကြံနေတယ် ဟုတ်လား... ဒါက တကယ် ခက်ခဲတဲ့ လမ်းစဉ်ပဲ... ဓားကို မသွေးခင် လူကို အရင် သွေးရတာ... နောက်ဆုံးကျမှ ဓားအင်မော်တယ် ဖြစ်လာတာလေ... အဲဒီ ခရီးလမ်းက သာမန်လူတွေ တွေးထင်ထားတာထက် အများကြီး ပိုပြီး ကြမ်းတမ်း ပင်ပန်းတာကွ"

အရှင်သခင်ကြီး ကုလန် က ပြန်လည် ရှင်းပြလိုက်၏။

"သူက မိန်းကလေး တစ်ယောက်ပါ... သူ့ရဲ့ စိတ်နေသဘောထားကို အချိန်အတန်ကြာ လေ့လာကြည့်ပြီးပြီ... အတော်လေး ကောင်းပါတယ်... အရင်တုန်းက တာ့ယွဲ့ နယ်မြေ ထဲက ဂိုဏ်းတစ်ခုကို ဦးဆောင်ခဲ့တာ... သူ့ရဲ့ ပါရမီရော၊ အရည်အချင်းရောက တကယ်ကို ထူးခြား ပြောင်မြောက်တယ်"

အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။

"ဒါဆိုရင်တော့ ယွီရော့ အတွက် တကယ့် ရတနာလေး တစ်ပါး ရသွားတာပဲပေါ့"

အရှင်သခင်ကြီး ကုလန် သည်လည်း ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"နောက်တစ်ယောက်ကတော့... ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို တစ်ပြိုင်တည်း ပေါင်းစပ် ကျင့်ကြံတဲ့သူပဲ"

"ဟေ"

အဘိုးအိုသည် အလွန်အမင်း အံ့အားသင့်သွားပြီး အရှင်သခင်ကြီး ကုလန် အား မျက်လုံးပြူးကာ ကြည့်လိုက်သည်။

'ဘာ... ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ကျင့်တယ်... သောက်ရူးတွေများလား... ဒီခေတ်ကြီးမှာ ဘယ်သူက အဲဒီလောက် ခက်တဲ့ဟာကို သွားလုပ်နေမှာလဲ'

"ဒီခေတ်ကြီးမှာ ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ပေါင်းစပ် ကျင့်ကြံတဲ့သူ ရှိသေးတယ် ဟုတ်လား... အဲဒါလည်း ဟိုလို ခေါင်ဖျားတဲ့ နေရာမျိုးမှာလေ... ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ကျင့်ကြံတဲ့ နည်းစနစ် ကို သူက ဘယ်ကနေ ရလာတာလဲ"

အရှင်သခင်ကြီး ကုလန် က ခေါင်းခါယမ်းလိုက်သည်။

"အဲဒါတော့ ကျွန်မလည်း သေချာ မသိဘူး... ဒါပေမဲ့ သူ့ဆီမှာ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား တွေ တကယ် ရှိနေတယ်... ပြီးတော့ သူက ရွှေအမြုတေ အဆင့် (၄) ကိုတောင် ရောက်နေပြီ"

သူမသည် အဘိုးအိုကို စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။

"ဒီကောင်လေးက တောနယ်က လာတဲ့ ကောင်လေးပါ... အသက်က (၁၀၀) ကျော်လေးပဲ ရှိသေးတယ်... ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ကျင့်ကြံပြီး ရွှေအမြုတေ အဆင့် (၄) ကို ရောက်နေတာ... သူ့ရဲ့ တာအို အခြေခံ ကို ကြည့်ရတာ... ပထမ အလှည့် ရွှေအမြုတေ အဆင့် ကိုတောင် အောင်မြင်ထားတာ သေချာတယ်"

အဘိုးအိုမှာ အနည်းငယ် မှင်သက်သွားသည်။

'ဟင်... အသက် (၁၀၀) ကျော်လေးနဲ့ ရွှေအမြုတေ အဆင့် (၄)... ပြီးတော့ ဓာတ်ကြီးငါးပါး တဲ့လား... ဟာ... ငါ့နားတွေများ မှားနေတာလား'

"ပထမ အလှည့် ရွှေအမြုတေ တဲ့လား"

အရှင်သခင်ကြီး ကုလန် သည် အဘိုးအို၏ အမေးကို ပြန်လည် ဖြေကြားခြင်း မပြုဘဲ ဆက်လက်၍ ပစ်ပေါက်လိုက်သည်။

"ဒါ့အပြင်... သူက ဆေးဖော်စပ်တာ၊ အဆောင်လက်ဖွဲ့ ရေးဆွဲတာ နဲ့ ရုပ်သေး ပညာရပ် တွေကိုလည်း ကျင့်ကြံသေးတယ်... အဲဒီ ပညာရပ် သုံးခုစလုံးက တတိယအဆင့် အလယ်အလတ်တန်းစား ကိုတောင် ရောက်နေပြီ"

အဘိုးအို၏ မျက်လုံးကြီးများမှာ ပြူးကျယ်လုမတတ် ဖြစ်သွားပြီး၊ အရှင်သခင်ကြီး ကုလန် အား လုံးဝ မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်နေတော့၏။

"ကုလန်... နင် ငါ့ကို တပည့် လက်ခံစေချင်တယ် ဆိုရင်တောင်မှ... ဒီလိုမျိုးကြီး လိမ်ပြောစရာ မလိုပါဘူးဟာ"

'ရွှေအမြုတေ အဆင့် (၄) တဲ့လား... အသက်က (၁၀၀) ကျော်လေးတဲ့လား... ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ကျင့်တာက ထားပါတော့... ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာ၊ ရုပ်သေး ပညာ သုံးခုစလုံးကို တတိယအဆင့် အလယ်အလတ်တန်းစား ရောက်အောင် လုပ်နိုင်တယ် ဟုတ်လား... သောက်ရူးပဲ... ဘယ်လောက်တောင် မိစ္ဆာဆန်တဲ့ ကောင်မို့လို့ ဒီလောက် လုပ်နိုင်ရတာလဲ... မဖြစ်နိုင်တာတွေ'

အရှင်သခင်ကြီး ကုလန် သည် အဘိုးအိုအား မထီမဲ့မြင် မျက်နှာထားဖြင့် တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မက အဘိုးကြီးကို လိမ်ပြောရဲပါ့မလား... ပြီးတော့ ဒါက လိမ်ပြောနေတယ် ဆိုရင်တောင် အလွယ်လေး ပေါ်သွားမယ့် ကိစ္စလေ... အဘိုးကြီး ရဲ့ အဆင့်နဲ့ ဆိုရင်... သူက တကယ် ပါရမီ ပါ၊ မပါ ဆိုတာကို တစ်ချက် ကြည့်လိုက်ရုံနဲ့ သိနိုင်တယ် မဟုတ်ဘူးလား"

အဘိုးအိုသည် သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်၏။

"အင်း... အဲဒါလည်း ဟုတ်တာပဲ"

ခေတ္တမျှ တွေးတောပြီးနောက်၊ အဘိုးအို၏ မျက်နှာပေါ်တွင် လွန်ဆွဲနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူ တပည့် လက်မခံချင်ခြင်းမှာ အကြောင်းပြချက် ရှိ၏။ လက်ရှိ အခြေအနေအရ ဆိုလျှင်၊ သူ၏ သက်တမ်းမှာ သိပ်များများစားစား မကျန်တော့ချေ။

သူသည် တာ့ယွဲ့ တောင်ပေါ်၌ ကျန်ရှိသော အချိန်များကို တိတ်ဆိတ် ငြိမ်းချမ်းစွာ ဖြတ်သန်းသွားရန်သာ မူလက ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။ သို့သော် အရှင်သခင်ကြီး ကုလန် ၏ ရောက်ရှိလာမှုက သူ၏ တပည့် လက်မခံတော့ပါ ဟူသော ဆုံးဖြတ်ချက်ကို အနည်းငယ် အက်ကွဲသွားစေခဲ့သည်။

'ငါက ဒီ တာ့ယွဲ့ တောင်ပေါ်မှာပဲ ကျန်တဲ့ အချိန်လေးကို အေးအေးဆေးဆေး ဖြတ်သန်းသွားချင်တာ... ဒါပေမဲ့ အခု ကုလန် ရောက်လာတော့... ငါ့ရဲ့ တပည့် လက်မခံဘူး ဆိုတဲ့ ဆုံးဖြတ်ချက်က နည်းနည်းလေး ယိုင်သွားပြီ...'

'ဓာတ်ကြီးငါးပါး ကို တစ်ပြိုင်တည်း ကျင့်ကြံတယ်... ရှေးဟောင်းခေတ် က ဒဏ္ဍာရီလာ တာအိုဇာတ်လိုက် ကြီး လျှောက်ခဲ့တဲ့ လမ်းစဉ် အတိုင်း လျှောက်နေတာပဲ... ပြီးတော့ ပထမ အလှည့် ရွှေအမြုတေ တောင် ဖြစ်နေပြီ... တာအို အခြေခံ က လုံးဝ ပြီးပြည့်စုံလုနီးပါးပဲ... သူ့ကို သင်ပေးဖို့၊ အခြေခံတည်ဆောက်ခြင်း အဆင့် ကို ကူညီပေးဖို့ ငါ ပူစရာမှ မလိုတော့တာ...'

'ဒါ့အပြင် ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ ရုပ်သေး ပညာရှင်... ပညာရပ် သုံးခုစလုံးမှာ တတိယအဆင့် အလယ်အလတ်တန်းစား ကို ရောက်နေပြီ... အသက် (၁၀၀) ကျော်လေးနဲ့ ဒီလောက် လုပ်နိုင်တယ် ဆိုတော့... ဒီကောင့်ရဲ့ ပါရမီက တကယ့် မိစ္ဆာပါရမီရှင် အဆင့်ပဲ... ငါ့ထက်တောင် သာသေးတယ်...'

'ကောင်းကင် ကများ ငါ့ဆီကို ဒီတပည့်ကို လွှတ်လိုက်တာလား... ငါ မသေခင် ငါ့ရဲ့ တာအို လမ်းစဉ် ကို ဆက်ခံဖို့ တပည့် တစ်ယောက် ရစေချင်လို့များလား'

တာအိုဆရာ ထျန်းယွီ ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။

၎င်းကို မြင်သောအခါ၊ အရှင်သခင်ကြီး ကုလန် သည် သူမ၏ မျက်လုံးများကို မသိမသာ မှေးကျဉ်းလိုက်ပြီး၊ နေရာမှ ထရပ်လိုက်ကာ ပြောလိုက်သည်။

'ဟက်... ဒီအဘိုးကြီး ပါလာပြီ... နည်းနည်း ထပ်ဆွပေးလိုက်ဦးမယ်'

"အေးလေ... အဘိုးကြီးက တပည့် လက်မခံချင်ဘူး ဆိုမှတော့... ကျွန်မလည်း သွားတော့မယ်... ဘာပဲဖြစ်ဖြစ် သူ့အတွက် တခြား ဆရာ တစ်ယောက် သွားရှာပေးရဦးမယ်... အချိန်ဆွဲနေလို့ မဖြစ်ဘူးလေ"

တာအိုဆရာ ထျန်းယွီ သည် ကပျာကယာပင် လှမ်း၍ တားဆီးလိုက်တော့၏။

"နေ... နေပါဦး... ခဏလေး နေပါဦး... ဘာတွေ လောနေတာလဲ... ငါ စဉ်းစားနေတုန်း ရှိသေးတယ်လေကွာ”

All Chapters