← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃) - ဓားအမြုတေ တစ်ကျော့ပြန် ပေါ်ပေါက်လာခြင်း

လော့ချန်တစ်ယောက် ဆိတ်ငြိမ်သော ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ ဝမ်ယွမ်သည်လည်း လော့ချန်နှင့် မနီးမဝေးတွင် ဝင်ရောက်နေရာယူလိုက်သည်။ ဝမ်ယွမ်၏ ဝတ်ရုံအောက်ရှိ စူဖြိုးနေသော ကြွက်သားများကို ကြည့်ရုံဖြင့် မိမိ ဆုံးဖြတ်ချက် မှန်ကန်လှသည်ဟု ဆိုကာ လော့ချန် ကျေနပ်နေမိသည်။

ယခုအခါ အခြေအနေမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြို့တွင်းပိုင်းရှိ ဆိုင်အများအပြား ပျက်စီးသွားခဲ့သဖြင့် မြို့ပြင်ရှိ မှောင်ခိုဈေးကွက်မှာ ယခင်ထက် ပိုမိုစည်ကားလာခဲ့သည်။ ယခင်က လူအနည်းငယ်သာ တက်ရောက်ခဲ့သော်လည်း ယခုမူ သုံးဆ၊ လေးဆခန့် တိုးပွားလာကာ ကျင့်ကြံသူ ၃၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။

တစ်ချိန်က ကျယ်ဝန်းသည်ဟု ထင်ရသော နဂါးရတနာခန်းမကြီးမှာ ယခုအခါ လူအုပ်ကြီးကြောင့် ကျပ်ညပ်နေသလို ခံစားရသည်။ အထူးခြားဆုံးမှာ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ဦးပင် ဖြစ်သည်။ သူတို့၏ လွှမ်းမိုးထားသော အရှိန်အဝါများမှာ လူအုပ်ကြီးကို ဖိနှိပ်ထားသကဲ့သို့ ရှိနေသည်။ လော့ချန် ထိုသူများကို တစ်ဦးချင်းစီ အကဲခတ်လိုက်သည်။ ရွှေရောင်နဂါးမျက်နှာဖုံး ဝတ်ဆင်ထားသူမှာ ထျန်းရှင်းကျီမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

အမှန်အတိုင်းဆိုရလျှင် ဤနေရာသို့ ခြေချလိုက်သည့် ခဏ၌ပင် လော့ချန် လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။ နဂါးရတနာ မှောင်ခိုဈေးကွက်သည် ကျောက်စိမ်းအိုးဓားနန်းဆောင်ကို ဝိုင်းရံတိုက်ခိုက်ရာတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း ဖြစ်ရာ ကျိုးကြောင်းဆင်ခြင်ကြည့်လျှင် တိုက်ပွဲအပြီး၌ ပုန်းရှောင်နေသင့်သော်လည်း ယခုမူ မှောင်ခိုဈေးကွက်ကိုပင် ဆက်လက်ကျင်းပနေကြသေးသည်။ ဦးဆောင်သူဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူ ထျန်းရှင်းကျီကိုယ်တိုင်ပင် ထွက်မပြေးဘဲ ရှိနေခြင်းကြောင့် သူတို့၌ မည်သို့သော ယုံကြည်ချက်မျိုး ရှိနေသနည်းဟု လော့ချန် တွေးတောနေမိသည်။

ထိုအကြောင်းကို အဖြေရှာမရသဖြင့် လော့ချန် အခြားသူများထံသို့ အကြည့်ကို ရွှေ့လိုက်သည်။ သစ်ခြောက်မျက်နှာဖုံး စွပ်ထားသူမှာ ရင်းနှီးနေသကဲ့သို့ ရှိသည်။ လွန်ခဲ့သောတစ်ခေါက် မှောင်ခိုဈေးကွက်သို့ လော့ချန် တက်ရောက်စဉ်ကလည်း ဤအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အဘိုးကြီး ရှိနေခဲ့သည်။ ထိုစဉ်က သူသည် ချီသန့်စင်အဆင့် အထွတ်အထိပ်နှင့် ညီမျှသော တိုက်ခိုက်ရေးရုပ်သေးတစ်ရုပ်နှင့် နှစ်ပေါင်းရှစ်ရာသက်တမ်းရှိ မြေကမ္ဘာအမြစ်ကိုပင် လေလံအောင်ခဲ့သူ ဖြစ်သည်။

ထိုအတွက်ကြောင့် သူသည် အခြားအခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအား ကျေးဇူးကြွေးပင် တင်ခဲ့ရသေးသည်။ ဤသူမှာ လွန်စွာ ထူးဆန်းလှသည်။ မှောင်ခိုဈေးကွက်များသို့ အမြဲတက်ရောက်နေတတ်ရာ ကျင့်ကြံခြင်းကိုရော အမှန်တကယ် အာရုံစိုက်ပါလေစ ဟု လော့ချန် သံသယဖြစ်မိသည်။

ထိုရင်းနှီးသော မျက်နှာနှစ်ခုအပြင် ကျန်ရှိသော ငါးဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲလှသည်။ သူတို့ထံမှ မည်သည့် ရင်းနှီးမှုကိုမျှ မရရှိသည့်အတွက် တာဟဲစျေးမြို့တော်မှ ဒေသခံများ မဟုတ်နိုင်ဟု လော့ချန် ယူဆမိသည်။ သူတို့သည် တခြားအရပ်မှ လာကြသူများ ဖြစ်နိုင်သည်။ တာဟဲစျေးမြို့တော်၏ အခြေအနေမှာ သတင်းပျံ့နှံ့သွားခဲ့ပြီ ဖြစ်ရာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့ လာရောက် စုံစမ်းကြသည်မှာလည်း သဘာဝကျလှသည်။ မှောင်ခိုဈေးကွက်သည် ပစ္စည်းများ ကုန်သွယ်ရုံတင်မကဘဲ အရေးကြီးသော သတင်းအချက်အလက်များကိုပါ အဖိုးတန်စွာ ရောင်းချလေ့ရှိကြသည်။

လော့ချန်တစ်ယောက် ဟိုဟိုဒီဒီ စူးစမ်းနေသောအကြည့်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်လိုက်စဉ် ဝက်ဝံကြီးကဲ့သို့ ထွားကြိုင်းသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထံတွင် အကြည့်များ ရပ်တန့်သွားသည်။ ထိုသူ၏ ပုံရိပ်မှာလည်း ရင်းနှီးနေသကဲ့သို့ ရှိပြန်သည်။

"သူက ဘယ်သူပါလိမ့်…. ငါ သူ့ကို ဘယ်မှာ မြင်ဖူးတာလဲ"

လော့ချန် မျက်ခုံးများကို တွန့်ချိုးနေလောက်အောင် အသည်းအသန် စဉ်းစားနေမိသည်။ သူ ထိုအတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် ထျန်းရှင်းကျီသည် စန္ဒကူးစားပွဲ၏ အလယ်ဗဟိုသို့ လျှောက်လှမ်းလာခဲ့ပြီ ဖြစ်သည်။ သူသည် အလင်းပြန် ရတနာအိမ်မြှောင်ကို ထုတ်ယူလိုက်ပြီး ထုံးစံအတိုင်း မှောင်ခိုဈေးကွက် စည်းမျဉ်းများကို စိတ်ရှည်လက်ရှည် ရှင်းပြတော့သည်။

"ကျွန်တော် ထျန်းရှင်းကျီက နဂါးရတနာ မှောင်ခိုဈေးကွက်ရဲ့ သခင်အဖြစ် ဒီနေ့ လေလံပွဲကို ကြီးကြပ်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်.... မိတ်ဟောင်းတွေကို ပြန်တွေ့ရတာ ဝမ်းသာသလို၊ အသစ်ရောက်လာတဲ့ မိတ်ဆွေတွေကိုလည်း ကြိုဆိုပါတယ်ဗျာ.... ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေက ရိုးရိုးလေးပါပဲ.... ပထမဆုံး အနေနဲ့...."

လော့ချန်သည် ပထမဆုံး လေလံပစ္စည်း ပေါ်မလာမချင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ ထိုပစ္စည်း ပေါ်ထွက်လာသော ခဏ၌ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ လော့ချန်၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ဝိုင်းစက်သွားကာ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်မိသည်။ ဝမ်ယွမ်သည်လည်း တစ်ချိန်တည်းမှာပင် ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားပြီး မျက်ဝန်းထဲ၌ အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေလေတော့သည်။

"ဒီပစ္စည်းကတော့ ကျောက်စိမ်းအိုးဓားဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ ဓားအမြုတေ ပဲ ဖြစ်ပါတယ်၊ စစ်မှန်တဲ့ မီးတောက်နဲ့ ချီစွမ်းအားကို သုံးပြီး နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် သွန်းလုပ်ထားတာပါ၊ မူလကတော့ မှော်ရတနာအဆင့် ဖြစ်လာဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပိုင်ရှင်သေဆုံးသွားတဲ့အတွက် လက်ရှိအဆင့်မှာပဲ ရပ်တန့်နေခဲ့တာပေါ့၊ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်ကို မသိရင်တော့ နောက်ထပ် အဆင့်တက်ဖို့ မဖြစ်နိုင်တော့ပါဘူး...."

"ဒါပေမဲ့ လက်ရှိမှာတင် အမြင့်ဆုံးအဆင့်မှာ ရှိနေပြီး အရွယ်အစား အတိုးအလျှော့လုပ်တာ၊ ဓားအလင်းခွဲတာနဲ့ ဓားကြီးအဖြစ် ပြောင်းလဲတာတွေကို လုပ်နိုင်ပါတယ်၊ အားနည်းချက်ကတော့ အဆင့်ထပ်မတက်နိုင်တာရယ်၊ ပြင်ပထုတ်လွှတ်တဲ့ ဝိညာဉ်အသိစိတ် ဒါမှမဟုတ် မှော်လက်နက်တွေကို ထိန်းချုပ်နိုင်စွမ်း အလွန်အမင်း ကောင်းဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်.... အခြေခံဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ပါ၊ အနည်းဆုံး တိုးရမယ့်ဈေးကတော့ ဝိညာဉ်ကျောက်တုံး ၁၀၀ ပါဗျာ"

ထျန်းရှင်းကျီ၏ အသံမှာ ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်သွားပြီး လူတိုင်း၏ နားထဲတွင် တုန်ခါသွားသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"ဓားအမြုတေတဲ့ကွ.... ကျောက်စိမ်းအိုးဓားဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားအမြုတေတဲ့လား"

ဤလေလံလက်နက်သည် မည်မျှ အရေးကြီးကြောင်း ဤနေရာရှိ လူတိုင်း သိကြပေသည်။ တာဟဲတစ္ဆေမြို့တော်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး၌ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတစ်ဦး သေဆုံးခဲ့ရပြီး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ဓားကျင့်ကြံသူ နှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့သည်ဟု သတင်းထွက်နေသည်။ သို့ဆိုလျှင် ဤဓားအမြုတေမှာ အပြင်စည်းတာဝန်ခံ မြောင်ဝမ် သို့မဟုတ် တပည့်ရင်း လော့ထျန်းဟုန်၏ ပစ္စည်းသာ ဖြစ်ပေလိမ့်မည်။

အရေးကြီးသည်မှာ နဂါးရတနာ မှောင်ခိုဈေးကွက်အနေဖြင့် ဤပစ္စည်းကို လေလံတင်ရဲလောက်အောင် မည်သို့သော သတ္တိမျိုးရှိနေရသနည်း။ သူတို့ သေချင်နေကြသလော သို့မဟုတ် ငွေရလျှင် ထွက်ပြေးရန် ကြံစည်နေကြသလောဟု လူအများက အတွေးပေါက်နေကြသည်။ ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး လူအချို့က ထျန်းရှင်းကျီအား အတိအလင်းပင် မေးခွန်းထုတ်လာကြတော့သည်။

"ဒါကို ဝယ်လိုက်ရင် ကျောက်စိမ်းအိုးဓားဂိုဏ်းက လိုက်သတ်မှာ မဟုတ်ဘူးလား…."

"ဒါက ခိုးရာပါ ပစ္စည်းပဲကွ…."

"ဒီလက်နက်ဝယ်လိုက်ပြီပဲထား.... နောက်ဆက်တွဲက အရမ်းကြောက်စရာကောင်းတယ်၊

မထိတာ အကောင်းဆုံးပဲ…."

ထိုသို့ သို့လောသို့လော အသံများအတွက် ထျန်းရှင်းကျီကမူ အထူးတလည် ဖြေရှင်းမနေပေ။ မှောင်ခိုဈေးကွက်တွင် လေလံဆွဲနေပြီးမှ နောက်ဆက်တွဲ အကျိုးရလဒ်များကို ကြောက်နေရသလော၊ ကလဲ့စားချေခြင်းကို စိုးရိမ်နေရသလောဟု သူရီချင်နေမိသည်။ သို့သော် အမှန်တကယ်တွင် ဤတုံ့ပြန်မှုမျိုးကိုပင် သူ လိုချင်နေခြင်း ဖြစ်သည်။ သူသည် လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ရုံတင်မကဘဲ နဂါးရတနာ မှောင်ခိုဈေးကွက်၏ လျှို့ဝှက်အင်အားကိုလည်း ပြသနိုင်ခဲ့သည်။ ဤဓားအမြုတေ အမှန်တကယ် ရောင်းထွက်ခြင်း၊ မထွက်ခြင်းမှာ သူ့အတွက် အရေးမကြီးပေ။

သူ ပြုံးလျက် "ဘယ်သူမှ လေလံမဆွဲချင်ကြဘူးလား" ဟုသာ မေးလိုက်သည်။ အမှန်စင်စစ် ဘယ်သူမှ မဝယ်ချင်ကြသည် မဟုတ်ဘဲ မဝယ်ရဲကြခြင်းသာ ဖြစ်သည်။ လေးလံသော တိတ်ဆိတ်မှုကြီးအတွင်း၌ ထောင့်တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"၅၀၀၀"

မျက်နှာဖုံးအောက်မှ ထျန်းရှင်းကျီ မျက်ခုံးပင့်လိုက်ပြီး ရယ်မောကာ ဆိုသည်။

"ကောင်းပြီလေ…. တန်ဖိုးနားလည်တဲ့သူ ရှိသားပဲ…. ဝိညာဉ်ကျောက်တုံး ၅၀၀၀ တစ်ခါ"

သူသည် ဈေးခေါ်ပြီးနောက် ခေတ္တစောင့်ဆိုင်းသော်လည်း မည်သူမျှ တိုးမပေးသဖြင့် ဤဓားအမြုတေ၏ နောက်ထပ် အားသာချက်တစ်ခုကို ထုတ်ပြောလိုက်ပြန်သည်။

"ဒီဓားအမြုတေက ထိပ်တန်းအဆင့် ဖြစ်ပေမဲ့ တခြားထိပ်တန်းအဆင့် မှော်လက်နက်တွေလို စွမ်းအားအကုန်အကျ မများပါဘူး…. သူ့ရဲ့ ချီစွမ်းအား စားသုံးမှုက အဆင့်မြင့် မှော်လက်နက်တစ်ခုလောက်ပဲ ရှိတာပါ"

ထိုစကားကြောင့်ချီသန့်စင်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူအချို့ စိတ်လှုပ်ရှားသွားကြသည်။ စွမ်းအားအကုန်အကျနည်းသော ထိပ်တန်းအဆင့် မှော်လက်နက် ဆိုပါလား။ အဆင့်ထပ်မတက်နိုင်လျှင်ပင် ဤအရာမှာ လွန်စွာ အသုံးဝင်လှသည်။ သို့သော် ကျောက်စိမ်းအိုးဓားဂိုဏ်းကို ကြောက်ရွံ့စိတ်က သူတို့ကို တားဆီးထားဆဲ ဖြစ်သည်။

"ဩော်.... တစ်ခု မေ့တော့မလို့ပဲ"

ထျန်းရှင်းကျီက ပြောလက်စ စကားကို ရပ်ထားကာ လူအများကို ရင်ခုန်အောင် တမင်လုပ်နေပြီးမှ ဆက်ပြောလိုက်သည်။

"ဒီရတနာမှာ အရင်ပိုင်ရှင်ရဲ့ အသိစိတ်ကို အကုန်ဖယ်ရှားပြီးသားပါ.... နည်းနည်းလောက် အချိန်ပေးပြီး သွေးပူလေ့ကျင့်လိုက်တာနဲ့ တန်းသုံးလို့ ရပါပြီ"

ထိုအခါမှ ဒုတိယမြောက် ဈေးပေးသူ ပေါ်ထွက်လာတော့သည်။

"၅၅၀၀"

ထျန်းရှင်းကျီ ကြည့်လိုက်သောအခါ ထိုသူမှာ ညာဘက်ခြမ်းတွင် ထိုင်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီး ရင်းနှီးသော မျက်နှာတစ်ခုလည်း ဖြစ်နေသည်။

"၅၆၀၀"

ထောင့်တစ်နေရာမှ ပထမဆုံး ဈေးပေးခဲ့သူကပင် ထပ်မံတိုးမြှင့်လိုက်ပြန်သည်။

တစ်ခန်းလုံးရှိ လူများမှာ အသက်ရှူပင် ရပ်တန့်သွားကြသည်။ သာမန်ချီသန့်စင်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ယှဉ်ပြိုင်ရဲနေသည် မဟုတ်လော။

‘ဒီကောင် ထွက်သွားတဲ့အခါ အသတ်ခံရမှာ မကြောက်ဘူးလား၊ နောက်ပြီးချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ကြွယ်ဝမှုကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ’ အစရှိသဖြင့် လူတိုင်း မျိုးစုံ တွေးတောနေကြသည်။

သို့သော် ထူးဆန်းသည်မှာ ထိုအဘိုးကြီးမှာ ထပ်မံ၍ ဈေးမတိုးတော့ပေ။

"၅၆၀၀ တစ်ခါ...."

"၅၆၀၀ နှစ်ခါ...."

"၅၆၀၀.... သုံးခါ.... ကဲ.... ရောင်းထွက်ပါပြီ"

ထို့နောက် ထျန်းရှင်းကျီသည် အချိန်ဆွဲမနေတော့ဘဲ ဓားအမြုတေကို ကျောက်စိမ်းသေတ္တာအတွင်း ထည့်၍ ပိတ်လိုက်သည်။ ခန်းမ၏ ထောင့်တစ်နေရာမှ လော့ချန်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ တက်လှမ်းလာပြီး ဝိညာဉ်ကျောက်တုံး ၅၆၀၀ ကို တွန့်ဆုတ်မနေဘဲ ထုတ်ပေးလိုက်သည်။ ငွေပေးချေပြီးသည်နှင့် ထိုဓားအမြုတေမှာ သူ၏ ပိုင်ဆိုင်မှု ဖြစ်သွားတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၂၂၄) - မြိုင်မြိုင်ဆိုင်ဆိုင် လေလံပွဲ

လေလံအောင်မြင်ပြီးနောက် လော့ချန် သူ့နေရာသို့ ပြန်လာသော လမ်းတစ်လျှောက်တွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည့် မရေမတွက်နိုင်သော အကြည့်များမှာ သူ့နောက်သို့ မြှားတစ်စင်းအလား လိုက်ပါလာခဲ့သည်။ ဤသူကား မည်သူနည်း၊ မည်မျှအထိ ယုံကြည်ချက် ခိုင်မာနေ၍ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ကလဲ့စားချေမှုကို မကြောက်မရွံ့ဘဲ ဤဓားအမြုတေကို ပိုင်ဆိုင်ရန် ဝံ့ရဲရသနည်းဟု လူအများက တွေးတောနေကြသည်။

ဇဝေဇဝါဖြစ်မှုများ၏ နောက်ကွယ်တွင် မနာလိုစိတ်နှင့် ငြူစူစိတ်များမှာလည်း တဖျတ်ဖျတ် လှုပ်ခတ်နေတော့သည်။ ဓားအမြုတေဟူသည် ထိပ်တန်းအဆင့် မှော်လက်နက်နှင့် အလားသဏ္ဌာန်တူသော်လည်း ချီစွမ်းအား အကုန်အကျမှာမူ အလွန်ပင် နည်းပါးလှသည်။ မှော်လက်နက် ထိန်းချုပ်နိုင်စွမ်း ထူးကဲသူအဖို့မူ ဤသည်မှာ အတုမဲ့လက်နက် ဖြစ်ပေလိမ့်မည်။ လူအများစုမှာ ထိုကဲ့သို့သော ကျွမ်းကျင်မှုမျိုး မရှိကြသော်လည်း ဤမျှ အစွမ်းထက်သော လက်နက်မျိုးအတွက်မူ မဖြစ်မနေ လေ့ကျင့်ယူကြမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။

သာမန်အားဖြင့်ဆိုလျှင် ဤအဆင့်ရှိသော မှော်ရတနာတစ်ခုသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၇၀၀၀ သို့မဟုတ် ၈၀၀၀ခန့် တန်ဖိုးရှိသော်လည်း ဤသူမှာ ၅၆၀၀ ဖြင့်သာ ရရှိသွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော အခွင့်အရေးကို မြင်တွေ့ရသူတိုင်း အဘယ်မှာ မနာလို မဖြစ်ဘဲ ရှိပါအံ့နည်း။

လော့ချန်သည် မိမိကိုယ်ထက်၌ ရာနှင့်ချီသော အကြည့်များ စုပြုံကျရောက်နေသည်ကို အာရုံခံမိသည်။ ညီအစ်ကိုသဖွယ်ဖြစ်သော ဝမ်ယွမ်၏ စိုးရိမ်တကြီး ကြည့်နေသည့် အကြည့်ကိုပင် သူ ဂရုမပြုဘဲ လျစ်လျူရှုလိုက်သည်။ အကြောင်းမှာ ဤကဲ့သို့သော ရတနာမှာ သူနှင့် အမှန်တကယ် ထိုက်တန်လှသည်ဟု လော့ချန် ယုံကြည်နေသောကြောင့်ပင် ဖြစ်သည်။ သူသည် ဓားအမြုတေ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသူဖြစ်သည်။

လန်ချန်းမြစ်အတွင်း၌ သားရဲမိစ္ဆာလမ်းစဥ်ကျင့်ကြံသူသည် မည်မျှပင် လှည့်ကွက်များ သုံးခဲ့ပါစေ၊ ကျင့်ကြံသူကြီး ဖန်ရင်ရှုံ၏ ဓားတစ်လက်တည်းဖြင့် တိုက်ခိုက်မှုကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။ လော့ချန်၌ သက်ဆိုင်ရာ ဓားကျင့်စဉ်များ သို့မဟုတ် ပြင်ပထုတ်လွှတ်နိုင်သော ဝိညာဉ်အသိစိတ် မရှိသေးသော်လည်း သူ၏ မှော်လက်နက် ထိန်းချုပ်နိုင်စွမ်းမှာမူ သာမန်ထက် ထူးကဲလှသည်။ မဟုတ်သေးပေ။ သူ၏ ထိန်းချုပ်မှုမှာ သာမန်ထက် ထူးကဲရုံတင်မကဘဲ အတုမဲ့အဆင့်သို့ပင် ရောက်ရှိနေခြင်း ဖြစ်သည်။

ဆွဲငင်ခြင်းအတတ်တွင် အထွတ်အထိပ်သို့ ရောက်ရှိထားသူဖြစ်ရာ မှော်လက်နက်များကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်းမှာ အတုမဲ့ ဖြစ်နေပြီဖြစ်သည်။ ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ချိုးပိုင်ကဲ့သို့သော သူပင်လျှင် သူ၏ မြွေနဂါးအလံမှ နဂါးခြောက်ကောင်ကိုသာ ခေါ်ယူနိုင်သော်လည်း လော့ချန်မှာမူ ချီသန့်စင်အဆင့် ၈ ၌ပင် နဂါးခြောက်ကောင်လုံးကို ခေါ်ယူနိုင်ခဲ့သည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် ဆွဲငင်ခြင်းအတတ်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ဤရတနာကို ထိန်းချုပ်ရန်အတွက် စိုးရိမ်ပူပန်ခြင်းမျိုး လော့ချန်တွင် အလျဉ်းမရှိပေ။ သူသည် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက်သာ ဤဝယ်ယူမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြွေနဂါးအလံမှာ အစွမ်းထက်သော်လည်း စွမ်းအားအကုန်အကျ လွန်စွာများပြားလှသည်။ ၎င်းသည် ဘက်စုံသုံးနိုင်ပြီး အဆိပ်ငွေ့များနှင့် တွဲဖက်သုံးပါက တိုက်ပွဲရှည်များအတွက် အလွန်ထိရောက်သော်လည်း တိုက်ရိုက် ထိုးနှက်တိုက်ခိုက်မှုအပိုင်းတွင်မူ အားနည်းချက် အနည်းငယ် ရှိနေသေးသည်ဟု လော့ချန် သုံးသပ်မိသည်။

ချိုးပိုင်သည်ပင်လျှင် စီမာညီအစ်ကို သုံးဦးကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သကဲ့သို့ လော့ချန်သည်လည်း ဖူကျန်းနှင့် ရင်ဆိုင်ရစဉ်က အထွတ်အထိပ်အဆင့် မီးလုံးအတတ်ဖြင့် တွဲဖက်တိုက်ခိုက်ခဲ့ရသည်။ ဤသည်မှာ သူ၏ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းမှာ အစွမ်းကုန် မရောက်သေးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

သို့သော် ဓားအမြုတေမှာမူ ထိုသို့မဟုတ်ပေ။ လန်ချန်းမြစ်ပြင်ထက်မှ ဖန်ရင်ရှုံ၏ မြေဟိန်းစေသော တိုက်ခိုက်မှုနှင့် ဖီးနစ်ကျတောင်ထိပ်မှ နဂါးသဏ္ဌာန် ဓားချီများမှာ ဓားကြီးအတတ်၏ ပြောင်းလဲမှုများပင် ဖြစ်သည်။ ဤမှော်လက်နက်ဖြင့် သူသည် တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်း အားနည်းချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်တော့မည် ဖြစ်သည်။

"ဟား.... ဟား.... ၅၆၀၀ ပဲလား.... တကယ်တန်လွန်းတယ်...."

လော့ချန် ပြုံးလျက် ဓားအမြုတေကို သိမ်းဆည်းလိုက်ပြီး လေလံပွဲကို အေးဆေး ကြည့်ရှုနေလိုက်သည်။

ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အမြဲမရနိုင်ကြောင်း သူ သိသည်။ သူသည် လက်ရှိ အခြေအနေအရပ်ရပ်ကို အသုံးချနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ဤမျှ ပူလောင်လှသော ပစ္စည်းကို မည်သူမျှ မပိုင်ဆိုင်ရဲကြပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ဈေးအနည်းငယ် ခေါ်ပြီးနောက် တွန့်ဆုတ်ကာ နောက်ဆုတ်သွားခဲ့ကြသည် မဟုတ်ပါလော။ သို့သော် သူကမူ ထိုသူများနှင့် မတူပေ။

ပထမအချက်မှာ နဂါးရတနာ မှောင်ခိုဈေးကွက်အနေဖြင့် ဤပစ္စည်းကို လေလံတင်ဝံ့ခြင်းမှာ ခိုင်မာသော အကြောင်းပြချက် တစ်ခုခု ရှိရမည်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် သူ၏ ထူးခြားသော ဆက်ဆံရေးပင် ဖြစ်သည်။ အကယ်၍ ထိုဂိုဏ်းက ပြန်လာပြီး သူ့ကို ရှာဖွေခဲ့လျှင်ပင် သူ၌ အကြောင်းပြချက် အဆင်သင့် ရှိနေသည်။

‘ဘာပဲပြောပြော ငါက အကြီးအကဲဖန်ရဲ့ ယုံကြည်မှုကို ရထားတဲ့သူပဲ.... တစ်ချိန်ချိန်နောက်ကြောင်း လိုက်ရင်တောင် အခက်အခဲတွေ ကြားထဲကနေ ဂိုဏ်းရဲ့ ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေရဲ့ ပစ္စည်းတွေကို အတတ်နိုင်ဆုံး ပြန်ရအောင် လုပ်ပေးခဲ့တာလေလို့ ပြောလို့ရတာပဲ၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက ငါ့ကို ကျေးဇူးတင်လို့ ဆုတောင် ပေးချင်ပေးမှာ’ ဟု လော့ချန် ရသေ့စိတ်ဖြေ တွေးတောနေမိသည်။

"ကဲ.... နောက်တစ်ခုကတော့ ရောင်စဉ်အနှစ်သာရ ဆေးလုံးတစ်ပုလင်းပါဗျာ"

နောက်လေလံပစ္စည်းအား ကြေညာလိုက်သော ထျန်းရှင်းကျီ၏ အသံမှာ ခန်းမအတွင်း ဟိန်းထွက်သွားပြန်သည်။

"ဒါက ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးဖြစ်ပါတယ်.... ဒါကို စွဲသုံးရင် မျက်စိအားကောင်းလာမယ်.... အဆင့်နိမ့်ကျင့်ကြံအဆင့်မှာတင် လှည့်စားမှုတွေကို ခွဲခြားနိုင်ပြီး အဆင့်မြင့်သွားရင်တော့ အစီအရင်တွေ၊ တားမြစ်ချက်တွေကို ဘာမှမရှိသလိုမျိုး ထွင်းဖောက်မြင်နိုင်လိမ့်မယ်၊ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက် မရှိတာနဲ့တင် တော်တော်ဆွဲဆောင်မှုရှိနေပြီနော်.... အခြေခံဈေး ၅၀၀ က စပါမယ်၊ တစ်ခါတိုးရင် ဆယ်ထက်မနည်း တိုးပေးရပါမယ် ကဲ.... စိတ်ကြိုက် ဈေးခေါ်နိုင်ပါပြီဗျာ"

ထိုဆေးသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ နောက်ထပ် ပစ္စည်းတစ်ခု ဖြစ်သည်။ ပိုမိုစည်ကားလာခဲ့သော လေလံခန်းမကြီးမှာ ရုတ်တရက် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ ဤနဂါးရတနာ မှောင်ခိုဈေးကွက်ဆိုသည်မှာ အမှန်စင်စစ် မည်သို့ပုံစံ လည်ပတ်နေသည်မှာ စဥ်းစားဖွယ်ပင်ဖြစ်သည်။

ထိုရွှေအမြုတေအဆင့် တိုက်ပွဲတွင် သူတို့ ပါဝင်ခဲ့ကြသလော၊ သို့မဟုတ် အခြားသူများထက် လက်ဦးမှုယူကာ တစ္ဆေမြို့တော်အတွင်း ခိုးဝင်ပြီး ကျောက်စိမ်းအိုးဓားနန်းဆောင်၏ ရတနာများကို တူးဖော်ခဲ့ကြသလားဟု လူအများက သံသယဝင်နေကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ လေထုမှာ ယခင်ကဲ့သို့ အေးစက်မနေတော့ပေ။ ဝိညာဉ်ဆေးဟူသည် ဓားအမြုတေနှင့် မတူဘဲ ဝယ်ယူပြီးပါက အလွယ်တကူ သုံးစွဲနိုင်သောကြောင့် ဖြစ်သည်။

"၅၂၀"

"၅၃၀"

ရောင်စဉ်အနှစ်သာရ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် လော့ချန်၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်လာခဲ့သည်။ ဤသည်မှာ သူ အမြဲသုံးနေကျဖြစ်သော ရောင်စဉ်ပုလဲအနှစ်သာရဆေးထက် သာလွန်သည့် ဆေးပင် ဖြစ်သည်။ သူသည် ရောင်စဉ်ပုလဲအနှစ်သာရဆေးကို အချိန်အတော်ကြာ သုံးစွဲခဲ့သော်လည်း သိသာထင်ရှားသော ထူးခြားမှုကိုမူ မတွေ့ရသေးပေ။

သို့သော်လည်း အထွတ်အထိပ် နတ်မျက်စိမှာ သူ့အား အကျိုးကျေးဇူးများစွာ ပေးထားခဲ့ပြီး ဖြစ်သည်။ သူသည် အခြေခံ ချီစွမ်းအား ရုပ်ဖျက်မှုများကို ထွင်းဖောက်မြင်နိုင်ရုံတင်မကဘဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် မိုင်တစ်ရာအတွင်းရှိ အရာများကိုပါ မြင်တွေ့နိုင်သည်။ လန်ချန်းမြစ် တိုက်ပွဲအတွင်း၌ အခြားသောချီသန့်စင်အဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲကို အစအဆုံး လိုက်ကြည့်ရန် ခက်ခဲနေသော်လည်း လော့ချန်မှာမူ အရာအားလုံးကို မြင်တွေ့နေခဲ့ရသည်။

‘ငါ့ရဲ့ နတ်မျက်စိက အထွတ်အထိပ်အဆင့် ရောက်နေပြီဆိုတော့ ထပ်ပြီး တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အမြင်အာရုံ ပိုစူးရှလာလေလေ ငါ့အတွက် ပိုကောင်းလေလေပဲ၊ ဒီဆေးကို ငါ ရအောင် ယူရမယ်’ ဟု လော့ချန် ဆုံးဖြတ်လိုက်သည်။

လေလံဆွဲစျေး ဝိညာဉ်ကျောက်တုံး ၆၀၀ သို့ ရောက်ရှိသွားသောအခါ လူအများ၏ စိတ်အားထက်သန်မှုမှာ လျော့ပါးလာခဲ့သည်။ အဆုံးစွန်၌ ဤသည်မှာ ဒုတိယအဆင့် ဝိညာဉ်ဆေးမျှသာ ဖြစ်ပြီး တစ်ပုလင်းတည်းသာ ရှိသဖြင့် ရေရှည်သုံးစွဲရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ထိုအချိန်၌ လော့ချန် ဈေးစခေါ်တော့သည်။

"၆၅၀"

ယခင်က ဝိညာဉ်ကျောက်တုံး တစ်ဆယ်စီသာ တိုးခေါ်နေကြသော်လည်း ရုတ်တရက် ငါးဆယ်အထိ ခုန်တက်သွားသောကြောင့် ကျင့်ကြံသူအများအပြား အံ့အားသင့်စွာ လှည့်ကြည့်လာကြသည်။ ဤသူမှာ ယခင်ဓားအမြုတေကို ဝယ်ယူခဲ့သူပင် ဖြစ်ကြောင်း သိလိုက်ရသောအခါ လူအများမှာ စိတ်မသက်မသာ ဖြစ်သွားကြတော့သည်။

"ဒီလူက ဘယ်သူလဲ…."

"အေးကွာ.... ကျောက်စိမ်းအိုးဓားဂိုဏ်းနဲ့ ပတ်သက်တာမှန်သမျှကို ဘာလို့ အတင်းလိုက်ဝယ်နေရတာလဲ…."

ခဏတာမျှ မည်သူမျှ ထပ်မံ၍ ဈေးမတိုးဝံ့ကြတော့ပေ။ ထျန်းရှင်းကျီကမူ တည်ငြိမ်စွာဖြင့်ပင် ထုံးစံအတိုင်း "၆၅၀ တစ်ခါ.... ၆၅၀ နှစ်ခါ.... ၆၅၀ သုံးခါ.... ရောင်းလိုက်ပါပြီ.... ဒီမိတ်ဆွေကို ဂုဏ်ယူပါတယ်ဗျာ" ဟု ကြေညာလိုက်သည်။

လော့ချန် ရှေ့သို့ ကိုယ်တိုင်သွား၍ ငွေမချေတော့ပေ။ ယခင်က ရှေ့သို့ သွားခဲ့ခြင်းမှာ ဓားအမြုတေ၏ အရည်အသွေးကို လူအများရှေ့တွင် စစ်ဆေးရန်အတွက်သာ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် ချီစွမ်းအားကို အသုံးပြု၍ ဝိညာဉ်ကျောက်တုံး ၆၅၀ ကို လေထဲ၌ ဝဲပျံစေကာ ပေးပို့လိုက်သည်။ ထျန်းရှင်းကျီကလည်း လူတစ်ဦးကို စေလွှတ်၍ ရောင်စဉ်အနှစ်သာရ ဆေးပုလင်းကို လော့ချန်ထံသို့ ပို့ပေးလိုက်သည်။ ဆေးပုလင်းကို လက်ခံရရှိသောအခါ လော့ချန် ခေတ္တမျှ စစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်သည်။

"ကောင်းပြီ.... ပြန်ရောက်ရင်တော့ ဒါရဲ့ အာနိသင်ကို စမ်းကြည့်ရမယ်"

ထို့နောက်တွင် ထျန်းရှင်းကျီသည် နောက်ထပ် ရတနာများကို ဆက်လက် ထုတ်ပြသည်။

အထူးသဖြင့် ဆေးလုံးများနှင့် မှော်လက်နက်များမှာ ယခင်ကထက် ဆယ်ဆနီးပါး ပိုမိုများပြားလာခဲ့သည်။ ဆေးနန်းဆောင်၌ ရနိုင်သော သာမန် ချီစွမ်းအင်ဖြည့်ဆေးလုံးများနှင့် မြူသန့်စင်ဆေးလုံး များပင် ပါဝင်နေသေးသည်။

ဈေးနှုန်းများမှာ ဝိညာဉ်ဆေးနန်းဆောင်ထက် သိသိသာသာ မြင့်မားနေသော်လည်း လူအများမှာ ဝမ်းသာအားရ ဝယ်ယူနေကြဆဲ ဖြစ်သည်။ ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၁၂၀၊ ၁၃၀ အထိ ပေးနေကြရသော်လည်း မည်သူမျှ တွန့်ဆုတ်မနေကြပေ။

အကြောင်းမှာ တာဟဲစျေးမြို့တော်၌ ဝိညာဉ်ဆေးနန်းဆောင် မရှိတော့သဖြင့် ဖီးနစ်ကျတောင်မှ ယိုစိမ့်လာသော ချီစွမ်းအားများမှာ ချီသန့်စင်အဆင့် နှောင်းပိုင်းကျင့်ကြံသူများအတွက် မလုံလောက်တော့သောကြောင့် ဖြစ်သည်။ လော့ချန်ကိုယ်တိုင်ပင်လျှင် မြူသန့်စင်ဆေးလုံး ငါးပုလင်းကို လေလံဝင်ဆွဲကာ အရယူခဲ့သည်။

သူ ဝိညာဉ်ကျောက်တုံး ၁၃၀၀ အထိ သုံးစွဲခဲ့ရပြီး သာမန်ဈေးထက် ဝိညာဉ်ကျောက်တုံး ၃၀၀ ခန့် ပိုများနေသည်။ ထိုပိုနေသော ပမာဏမှာ နောက်ထပ် ဆေးတစ်ပုလင်းခွဲခန့်ကိုပင် ဝယ်ယူနိုင်သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင်မူ ရသလောက် စုဆောင်းထားခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း လော့ချန် နားလည်သည်။

ထို့နောက်တွင် ထိုက်ရှန်းဈေးမြို့တော်မှ ရွှေကျောက်စိမ်းရည် ဆယ်ပုလင်းစာအတွက် ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထပ်မံ သုံးစွဲခဲ့ပြန်ရာ လော့ချန် ကိုယ့်လက်ဖွာမှုကိုယ် ပြန်အံ့သြနေမိသည်။

‘ဒီနဂါးရတနာ မှောင်ခိုဈေးကွက်က ဆေးလုံးတွေနဲ့ မှော်လက်နက်တွေကို ဘယ်လောက်တောင် စုဆောင်းထားတာလဲကွာ.... ဒါက အခုလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုတာကို ကြိုသိပြီး အမြတ်ထုတ်ဖို့ တမင် လုပ်ထားတာနဲ့တောင် တူနေပြီ.... တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင်.... တစ္ဆေဘုရင် သုံးပါးကို လွှတ်တာနဲ့ ဖန်ရင်ရှုံကို တိုက်ခိုက်တာတွေဟာ ရုတ်တရက် ဖြစ်လာတာ မဟုတ်ဘဲ သေချာ ကြံစည်ထားတဲ့ ပူးပေါင်းကြံစည်မှုကြီးပဲ’

‘တစ်ခုရှိတာက အဲဒါက ဘယ်တုန်းက စ ကြံနေခဲ့တာလဲ၊ ဖန်ရင်ရှုံ တာဟဲစျေးမြို့တော်ကို ပြန်ရောက်လာတဲ့ အချိန်လား၊ ဒါမှမဟုတ် အိုင်လောင်တောင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖေးပေါ်ဝမ် အသတ်ခံရတဲ့ အချိန်လား၊ အဆုံးအဖြတ်စင်မြင့်ကြီးကို စဖွင့်ကတည်းက ကြံစည်ခဲ့ကြတာတော့ မဟုတ်တန်ရာဘူးနော်’

သို့လော သို့လောတွေးရင်းနှင့် လော့ချန် အချိန်အတိအကျကို ခန့်မှန်း၍ မရနိုင်ပေ။ ထိုစဉ်က သူသည် ချီသန့်စင်အဆင့် အလယ်အလတ်၌သာ ရှိသေးပြီး ထိုကဲ့သို့သော ကိစ္စရပ်များကို သိရှိနိုင်ရန် အဆက်အသွယ် မရှိခဲ့ပေ။ သူ သိသည်မှာ ဤတစ်ကြိမ်တွင် နဂါးရတနာ မှောင်ခိုဈေးကွက် အဆမတန် အမြတ်ထွက်နေပြီဟူသော အချက်သာ ဖြစ်သည်။

….

လေလံပွဲမှာ ဆက်လက်၍ မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေသည်။

လော့ချန်သာမက အခြားသော တစ်ကိုယ်တော်ကျင့်ကြံသူများလည်း တက်ကြွစွာ ပါဝင်နေကြသည်။ ဝမ်ယွမ်သည်ပင်လျှင် အကြိမ်အနည်းငယ် လေလံဝင်ဆွဲကာ သူ လိုအပ်သော အရင်းအမြစ်များကို ရရှိခဲ့သည်။ အထူးသဖြင့် ထိပ်တန်းအဆင့် မှော်လက်အိတ်တစ်စုံကို ဝိညာဉ်ကျောက်တုံး ၆၅၀၀ ဖြင့် ရရှိခဲ့သည်။

ယခင်ကဆိုလျှင် ဤမျှ အစွမ်းထက်သော ပစ္စည်းအတွက် ပြင်းထန်စွာ ဈေးပြိုင်ရမည် ဖြစ်သော်လည်း ယနေ့တွင်မူ လူအများက သိပ်စိတ်မဝင်စားကြပေ။ အကြောင်းမှာ ထိုလက်အိတ်၏ အားနည်းချက်မှာ သည်းမခံနိုင်လောက်သောကြောင့် ဖြစ်သည်။ စွမ်းအားအကုန်အကျ များပြားရုံတင်မကဘဲ ဝတ်ဆင်သူ၏ ခန္ဓာကိုယ်သည် ဒုတိယအဆင့် ဝိညာဉ်သားရဲနှင့် ညီမျှသော ကြံ့ခိုင်မှု မရှိပါက ကျင့်ကြံသူ၏ အသားစိုင်ကို ပြန်လည် စားသုံးတတ်သော သားရဲလက်နက် ဖြစ်နေသောကြောင့်ပင်။

သို့သော် လော့ချန်ကမူ ထိုအချက်ကို စိုးရိမ်ခြင်း မရှိပေ။ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းတွင် တာဟဲစျေးမြို့တော်၌ ဝမ်ယွမ်ကို ယှဉ်နိုင်သူမှာ လက်ချိုးရေ၍ပင် ရနိုင်သည်။ ကြာမြင့်လှသော လေလံပွဲကြီးမှာ ဒုတိယအဆင့် ဝိညာဉ်သားရဲ အလောင်းတစ်ခုကို ရောင်းချပြီးနောက် အဆုံးသတ်သွားလေတော့သည်။

"ဒုတိယအဆင့် ဝိညာဉ်သားရဲကိုတောင် သတ်နိုင်တယ်ဆိုတော့ တကယ့်ကို မလွယ်ဘူးပဲ"

လော့ချန် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်ပိုင် ပစ္စည်းများကို လေလံတင်ရန်အတွက် ရှေ့သို့ တက်လှမ်းခဲ့သည်။ သူ့တွင် သွေးအဆီအနှစ်ဆေးလုံး မှလွဲ၍ အခြားပစ္စည်း မရှိပေ။ လက်ရှိ အခြေအနေမျိုးတွင် ဤဆေးလုံးများမှာ လိုအပ်ချက် အလွန်မြင့်မားနေသည်မှာ ငြင်းမရပေ။ လော့ချန်သည် ဆေးလုံး ဆယ်လုံးကို ထုတ်ယူ၍ လေလံတင်ရန် ပြင်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ ထျန်းရှင်းကျီ ရုတ်တရက် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

"တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၅၀ နဲ့ ငါ အကုန်လုံး ယူမယ်"

ထိုစကားကြောင့် အခြားသူများမှာ ဈေးခေါ်ရန် မဝံ့ကြတော့ပေ။ မှောင်ခိုဈေးကွက်၏ သခင်ကို လူတိုင်းက ရိုသေကြရသည် မဟုတ်ပါလော။ ကျန်ရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးပင်လျှင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ကြပေ။

လော့ချန်တွင်လည်း ကန့်ကွက်စရာ မရှိပေ။ တစ်လုံးလျှင် ၁၅၀ ဆိုသည်မှာ ယခင်လေလံပွဲများထက် ငါးဆယ်ရာခိုင်နှုန်းမျှ ပိုများနေသည့်အပြင် မိမိအတွက်လည်း အချိန်ကုန် သက်သာစေသောကြောင့် ဖြစ်သည်။ အရောင်းအဝယ် ပြီးမြောက်သောအခါ သူ ဝိညာဉ်ကျောက်တုံး ၁၅၀၀ ကို ရရှိခဲ့သည်။

လော့ချန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယနေ့တွင် ဓားအမြုတေနှင့် ဆေးလုံးများအတွက် ဝိညာဉ်ကျောက်တုံး ၇၅၅၀ အထိ သုံးစွဲခဲ့ပြီး ဖြစ်သည်။ သူ၏ လက်ကျန်ငွေမှာ ဝိညာဉ်ကျောက်တုံး ၁၃၀၀၀ ခန့်သာ ကျန်ရှိတော့သော်လည်း ယခု ရရှိလိုက်သော ၁၅၀၀ က အနည်းငယ်တော့ ပြန်လည် ကာမိစေခဲ့သည်။

‘အင်း.... နေ့တိုင်း ကျောက်စိမ်းအနှစ်ဆေးလုံးတွေအပြင် သွေးအဆီအနှစ်ဆေးလုံးတွေကို ဖော်စပ်ဖို့လည်း အချိန်ပိုပေးရမယ်၊ ဒါက ပိုက်ဆံရမြန်သလို ဝယ်မယ့်သူလည်း မပြတ်ဘူးပဲ’ ဟု သူ တွေးနေမိသည်။

ဝမ်ယွမ်၏ အကြည့်များမှာ လော့ချန် နောက်သို့ လိုက်ပါသွားပြီး သူ၏ မျက်ဝန်းထဲ၌ စိုးရိမ်ရိပ်အချို့ ဖြတ်ပြေးသွားသည်။ ထျန်းရှင်းကျီအနီးသို့ လော့ချန် ရောက်ရှိသွားသောအခါ ထိုလူသည် လော့ချန် စကားမစမီမှာပင် ချီစွမ်းအားကို ထုတ်လွှတ်လိုက်ရာ သူတို့နှစ်ဦးအား အသံလုံအစီအရင်တစ်ခုက ဖုံးလွှမ်းသွားတော့သည်။

"အကြီးအကဲ.... ကျွန်တော်ကို ဘာများ ညွှန်ကြားချင်လို့လဲခင်ဗျာ" ဟု လော့ချန်က မေးလိုက်သည်။

ထျန်းရှင်းကျီက ပြုံးလျက် "ညီလေး.... မင်းက ဆေးဆရာလား၊ မင်း ဒီကိုလာတဲ့ သုံးကြိမ်စလုံးမှာ သွေးအဆီအနှစ်ဆေးလုံးတွေကို အတော်များများ လာရောင်းတာ ငါ သတိထားမိလို့ပါ" ဟု ဆိုသည်။

လော့ချန် မျက်ခုံးများ လှုပ်သွားသော်လည်း ထိုကိစ္စကို ရှောင်လွှဲကာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဆေးဆရာ မဟုတ်ပါဘူး…. ကျွန်တော်မှာ အဲဒီဆေးတွေကို ဖော်စပ်ပေးတဲ့ မိတ်ဆွေတစ်ယောက် ရှိလို့ပါခင်ဗျာ"

"ဩော်.... ဒါဆိုရင်လည်း ဟုတ်ပါပြီလေ"

ထို့နောက် ထျန်းရှင်းကျီက အချိန်ဆွဲမနေဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

ထျန်းရှင်းကျီ၏ ကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ လော့ချန်မှာ အံ့သြသွားသဖြင့် မျက်ခုံးပင့်လျက် မေးလိုက်မိလေတော့သည်။

"အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ဟုတ်လား...."

All Chapters