← Chapters

အခန်း (၂၉၄-၂၉၅)

Vol. 25 Ch. 294-295

အခန်း (၂၉၄-၂၉၅)

Vol. 25 Ch. 294-295

Ch-294

ရှောင်းရှန့် ချုံကျိုးကျွန်း၌ ခေတ္တနေထိုင်ခဲ့ကာ တာ့ကျောင်းရွာတွင် တည်ဆောက်မည့် "ကျန်းကျူးမူလတန်းကျောင်း"ကို ဒီဇိုင်းဆွဲရန်၊ နေရာရွေးချယ်ရန် ချင်းရို့အားကူညီပေးခဲ့သည်။

ချင်းရို့ မျှော်မှန်းထားသော မူလတန်းကျောင်း၌ အသစ်စက်စက် သင်ကြားရေးအဆောက်အအုံတစ်လုံး၊ ဆရာများနှင့် ဝန်ထမ်းအဆောင်တစ်ဆောင်၊ ကစားကွင်းကြီးနှစ်ခု၊ ပြေးလမ်းနှင့် ဘတ်စကတ်ဘောကွင်း၊ ခန်းမကျယ်ကြီးတစ်ခန်း၊ အသံလွှင့်ရုံတစ်ခုရှိမည်ဖြစ်ပြီး အရေးအကြီးဆုံးသည်ကား စာကြည့်တိုက်ပင်။

သင်ကြားရေးအဆောက်အအုံရှိ စာသင်ခန်းအားလုံးမှာ အလင်းရောင်လုံလုံလောက်လောက်ရှိသင့်သလို ပြတင်းပေါက်တွေပေါ်မှာလည်း စိမ်းစိုစိုအပင်တွေရှိသင့်သည်။ အထူးစပယ်ရှယ်အနုပညာစာသင်ခန်းများနှင့် ဂီတစာသင်ခန်းများလည်း ရှိသင့်ပေသည်။

ရှောင်းရှန့် ဒီဇိုင်းဆွဲပြီးနောက် ကျန်းကျူးမူလတန်းကျောင်းကို စတင်ဆောက်လုပ်ခဲ့သည်။ မူလတန်းကျောင်းဖြစ်တာကြောင့် လူငယ်ရွာသားအများစုလည်း ဆောက်လုပ်ရေးတွင် အခမဲ့လာရောက်ဝိုင်းကူပေးကြသည်။ သူတို့ကို ထမင်းကျွေးဖို့ပဲလိုအပ်လေရဲ့။

ကျန်းကျူးမူလတန်းကျောင်းနှင့် ပုလဲလက်မှုခြံဆောက်လုပ်ရေးမှာ ပြီးစီးသွားပြီဖြစ်၏။

၁၉၈၁နှစ်ကုန်ပြီး ၁၉၈၂နှစ်သို့ရောက်ရှိတော့မည်ဖြစ်သည်...

ယခုအခါ ပွဲတော်အငွေ့အသက်မှာ တဖြည်းဖြည်းအားကောင်းလာလေပြီ။ လုချန်ရှိလမ်းတွေမှာလည်း မီးပုံးအနီတို့ဖြင့် ပြည့်နှက်နေလျက်။ စားသောက်ကုန်စတိုး၊ ဈေးဝယ်စင်တာတွေမှာလည်း လူတွေနဲ့ပြည့်ကျပ်နေလေ၏။ တရုတ်နှစ်သစ်ကူးကာလတွင် လူတိုင်း ဆွေမျိုးတွေဆီ သွားလည်ပတ်ကြတဲ့အခါ လိုအပ်တဲ့ ကြက်၊ ဘဲ၊ ငါး၊ အသားအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များအပြင် ဆေးလိပ်၊ အရက်၊ ချိုချဉ်၊ ကိတ်မုန့်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးအမျိုးမျိုးတို့ကို ဝယ်ခြမ်းနေကြသည်။

စျေးကွက်၌ သရေစာဘူးတစ်ဘူးမှာ နာမည်ကြီးနေ၏။ ထိုဘူးထဲတွင် ကိတ်မုန့်ပေါင်ဝက်နှင့် မက်မွန်ကိတ်ပေါင်ဝက်ပါရှိပြီး နှစ်ယွမ်သာကျသင့်သဖြင့် အရမ်းရောင်းကောင်းလေသည်။

လမ်းနှစ်ဘက်လုံးတွင် အသစ်တည်ထားသော ဈေးဆိုင်များစွာရှိနေလျက်။ ချင်းရို့တောင်မှ ဤအခွင့်ကောင်းကိုယူကာ မင်္ဂလာဓာတ်ပုံဆိုင်ရှေ့တွင် အဆာပြေမုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်လိုက်ပြီး croissantနဲ့ ခရမ်ကိတ်တွေရောင်းချနေလေ၏။

တရုတ်နှစ်သစ်ကူးကာလအတွင်း နေ့တိုင်း စီးပွားရေးကောင်းနေပြီး တစ်နေ့ကို ယွမ်ထောင်ချီတောင်ရောင်းရသည်။

ကလေးတို့မေမေက လမ်းဘေးမှာ မုန့်တွေရောင်းနေစဥ် ၁၀နှစ်အရွယ်နီးပါးရှိသည့် လုဝေကျိုးနဲ့ လုဝေကျယ်တို့က လမ်းဘေးမှာ တခြားသူတွေအတွက် နွေဦးပွဲတော်ကာရန်တူနှစ်ကြောင်းစပ်ကဗျာတွေရေးပြီး စေတနာ့ဝန်ထမ်းလုပ်နေကြသည်။

ကျွန်းသို့ပြန်ရောက်ပြီးနောက် လုဝေကျိုးနဲ့ လုဝေကျယ်တို့က ကလေးနန်းတော်တွင် လက်ရေးလှသင်တန်းတက်ခဲ့ကြသည်။ ကလေးနန်းတော်တွင် နှစ်ကုန်၌ စုပေါင်းလှုပ်ရှားမှုတွေ အများကြီးရှိသည်ဖြစ်ရာ လက်ရေးလှအတန်းသည် လမ်းပေါ်မှာ လူတွေအတွက် နွေဦးပွဲတော်ကာရန်တူနှစ်ကြောင်းစပ်ကဗျာတွေ ရေးပေးရခြင်းဖြစ်၏။

ဝမ်နျန်နျန်တက်သည့် အကအတန်းကတော့ ဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့်နေပြီး သူမအား ပြည်တွင်းအနုပညာအဖွဲ့တစ်ခုမှာ ပါဝင်စေလိုတယ်လို့ ပြောလေ၏။

"ကော သား ခဏလောက်နားဦးမယ်ဗျာ၊ ကောရေးလိုက်နော်" လုဝေကျယ် အချိန်အတော်ကြာစာရေးပြီးနောက် ထွက်ချင်နေလေပြီ။

ဒီနေ့ "ဖူ" ဆိုတဲ့စကားလုံးကိုသာ ရေးနေရသဖြင့် သူအန်ချင်သလို ခံစားနေရပါပြီနော်...

"ဝေကျယ် သူတို့အားလုံး မင်းရေးပေးဖို့ကို စောင့်နေကြတာလေ။ မင်းက အကောင်းဆုံးရေးနိုင်တော့ ငါတို့လက်ရေးလှအတန်းရဲ့ မျက်နှာဖုံးဖြစ်နေပြီကွ"

လုဝေကျယ် လက်ရေးလှရေးနည်းကို ရံဖန်ရံခါမှလေ့ကျင့်သော်ငြား သူ့လက်ရေးမှာ အရမ်းကောင်းမွန်နေဆဲ။ လုဝေကျိုး နေ့တိုင်း လုံ့လဝီရိယတို့ဖြင့် လေ့ကျင့်ရေးသားနေခဲ့သော်လည်း သူ့လက်ရေးလှအဆင့်မှာ သူ့ညီလေးလုဝေကျယ်လောက် မကောင်းမွန်ပါချေ။

လိမ္မာပါးနပ်တဲ့အပျင်းလေး လုဝေကျယ်နှင့် ရင်ဆိုင်ရတဲ့အခါ သူတို့လက်ရေးလှဆရာ ရှဲ့ရူအန်းက အမြဲလိုလိုစိတ်ပျက်လက်ပျက်ဖြစ်နေရသည်။

"လုဝေကျယ် လုဝေကျယ် မင်းသာ မင်းအစ်ကိုလို လုံ့လဝီရိယရှိရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ။ လူငယ်အဖွဲ့ရဲ့ လက်ရေးလှပြိုင်ပွဲမှာ မင်း ပထမနေရာရနိုင်မှာကွ!"

"ဝေကျိုး မင်းညီလေး လက်ရေးလှလေ့ကျင့်တာကို စောင့်ကြည့်ထားသင့်တယ်နော်။ သူ့ကို တစ်နေကုန်မပျင်းစေနဲ့၊ သူ့အရည်အချင်းတွေကိုမဖြုန်းတီးစေနဲ့ကွာ"

"ဝေကျယ် မင်းကြိုးကြိုးစားစားလုပ်သင့်တယ်။ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ကြိုးစားထားရင် နောင်မှာ ကြီးကျယ်ခမ်းနားတဲ့လက်ရေးလှဆရာကြီးဖြစ်လာနိုင်တယ်နော်"

လုဝေကျယ် လျစ်လျူရှုစွာဖြင့် "သားက လက်ရေးလှဆရာကြီးမဖြစ်ချင်ပါဘူးနော်!"

နေ့တိုင်း လက်ရေးလှရေးလေ့ကျင့်နေရတယ်... ဘဝကို ဘယ်လိုလုပ်ပြီးဒီလိုဖြတ်သန်းရမှာတုန်းလို့!!!

အခုချိန်တွင် လုဝေကျယ် အမုန်းဆုံးလူမှာ ရှဲ့ရူအန်းပင်။ ဒီရှဲ့လောင်ရှီးဟာ သူ့စိတ်တွေလွတ်နေတာများလား ဒါမှမဟုတ် ဉာဏ်ကြီးရှင်တစ်ဦးကို ရှာဖွေတွေ့ရှိတယ်လို့ ထင်နေသလားဆိုတာ မသိပါချေ။ သူသည် လုဝေကျယ်ကို အနာဂတ်လက်ရေးလှဆရာကြီးတစ်ဦးဖြစ်အောင် လေ့ကျင့်ပေးရန် ဆုံးဖြတ်ထားသည်ပင်။

နောက်လက်ရေးလှကဗျာတစ်စုံရေးပြီးနောက် လုဝေကျယ် သည်းမခံနိုင်တော့ဘဲ သူ့အစ်ကိုနှင့်အတူတူ သူတို့မားမားမုန့်ဆိုင်သို့ ပြေးသွားပါတော့သည်။

ချင်းရို့က ကလေးတွေကိုတွေ့လိုက်ရတော့ အရမ်းပျော်ရွှင်နေလျက်။ "ဝေကျိုးနဲ့ဝေကျယ် ရောက်လာကြပြီပဲ"

ပတ်ဝန်းကျင်တစ်ခုလုံး နှစ်သစ်အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ လမ်းတိုင်းလမ်းတိုင်း လူတွေနှင့် စည်ကားနေလေ၏။ လုညီအစ်ကိုနှစ်ယောက် အတူတူမတ်တပ်ရပ်နေကြသည်။ ဆင်တူတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အဖြူရောင်ရှပ်လက်တိုနှင့် အပြာရောင်ဘောင်းဘီကို ဝတ်ဆင်ထားကြပြီး အလွန်ကြည့်ကောင်းနေသဖြင့် လမ်းသွားလမ်းလာတော်တော်များများ သူတို့ကို ကြည့်ကြည့်သွားကြသည်။

လုဝေကျယ် ပြုံး၍ သူ့လက်ထဲက အနီရောင်စာရွက်ကိုဖွင့်လိုက်ပြီး "မားမား... သားက မားမားကို ကောင်းချီးတွေလာပေးတာပါဗျ!"

"ကောင်းပါပြီရှင်၊ နောက်မှကြည့်ရအောင်လေ"

လုဝေကျယ် ခေါင်းညိတ်ပြကာ သူ့လက်ထဲက အနီရောင်စာရွက်ကို အောက်ချလိုက်ပြီး သူ့အမေရဲ့ ရင်ခွင်ထဲကို ပစ်ဝင်လိုက်ရင်း အလိုလိုက်ခံရတဲ့ကလေးလေးလိုလုပ်နေလေပြီ။

"မားမား သား ဗိုက်ဆာနေပြီ၊ အရမ်းပင်ပန်းတာပဲဗျာ၊ စာရေးရလွန်းလို့ သားလက်တွေ နာနေပြီ"

ယေဘူယျအားဖြင့် သူသည် ညီမလေးတွေရှေ့မှာ အစ်ကိုတစ်ယောက်ရဲ့ အပြုအမူကို ထိန်းသိမ်းတတ်ပေမယ့် ညီမလေးတွေ အိမ်မှာမရှိတဲ့အခါ သူ့အမေရှေ့မှာ အလိုလိုက်ခံရတဲ့ကလေးလေးလိုပြုမူတတ်သည်ပင်။

ချင်းရို့က ကောင်ကလေးကို ပွေ့ဖက်လိုက်ပြီး သူ့ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း နောက်လက်တစ်ဖက်ဖြင့် လုဝေကျိုးကို ပွေ့ဖက်ထားလိုက်၏။

"ထိုင်ပြီး ပေါင်မုန့်နည်းနည်းစားလိုက်ကြဦး၊ မားမားက သားတို့အတွက် အုန်းရည်ယူလာပေးမယ်နော်"

"ကျေးဇူးပါဗျ မားမား!" လုဝေကျယ် ပျော်ရွှင်စွာ သူ့လက်ကိုမြှောက်၍ သူ့မားမားရဲ့မျက်နှာကို ထိလိုက်သည်။

"အဆိုးလေး မင်းလက်ယားနေတာလား?!!!"

ချင်းရို့က သူမမျက်နှာကို ထိကြည့်လိုက်သည်။ ဒီကောင်လေးက အနီရောင်စာရွက်တွေကိုင်ထားတဲ့လက်နှင့် သူ့မားမားမျက်နှာကို တကယ်ထိလိုက်တယ်ပေါ့လေ။ သူက တကယ့်ကို အဆိုးအဆာလေးပဲ...

အခုလေးတင် သူ့မားမားကို ချွဲနေတဲ့ ချစ်စဖွယ်ကောင်ငယ်လေးဖြစ်နေပေမယ့် အခုတော့ သူ့မားမားကို ဒုက္ခပေးတဲ့ အဆိုးလေးဖြစ်သွားပြန်ပြီ။ ချင်းရို့က သူမမျက်နှာပေါ်မှာ အနီအစင်းကြောင်းနည်းနည်းရှိနေမယ်မှန်း မှန်ကြည့်စရာပင်မလိုဘဲ သိနေလေ၏။

"ကောင်စုတ်ကလေး"

ချင်းရို့ သူ့တင်ပါးကိုရိုက်လိုက်တဲ့အခါ လုဝေကျယ်က သူ့တင်ပါးလေးကို ဖုံးကွယ်လိုက်ပြီး သူ့အစ်ကိုနောက်မှာ ပုန်းလိုက်၏။ လုဝေကျိုးလည်း သူ့မားမားမျက်နှာကို ကြည့်ပြီး ညင်သာစွာ ပြုံးပြလာခဲ့သည်။

ချင်းရို့: "…"

ကံကောင်းထောက်မစွာဖြင့် သူက ဆိုးသွမ်းနေရုံလေးသာ။ အစ်ကိုကြီးလုဝေကျိုးကတော့ အစ်ကိုကြီးပုံစံရှိပြီး များသောအားဖြင့် မဆိုးသွမ်းသူပင်။

ချင်းရို့က မျက်နှာသစ်ရန် ဆိုင်ထဲပြန်ဝင်သွားခဲ့သည်။ ဆိုင်ထဲက မိန်းမငယ်လေးတော်တော်များများ စနောက်ဟန်ဖြင့် "မမချင်းရို့ရေ နင့်သားနှစ်ယောက်လုံးက ကြီးလာကြပြီနော်"

"ဝေကျိုးနဲ့ဝေကျယ်က အရမ်းတူကြတာပဲ!"

"နင်က အရမ်းနုပျိုပြီးလှနေတာ၊ ဒီလိုသားအကြီးကြီးနှစ်ယောက်မွေးထားမယ်လို့ စိတ်ကူးတောင်ယှဥ်မိကြမှာမဟုတ်ဘူးဟယ်"

…

ချင်းရို့က ညီအစ်ကိုနှစ်ဦးအတွက် အုန်းသီးနှစ်လုံးကိုဖွင့်ပြီး လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ပေါင်မုန့်ကို ယူလာပေးခဲ့သည်။ လုဝေကျိုးနဲ့ လုဝေကျယ်တို့က ခုံတန်းလေးပေါ်တွင်ထိုင်ကာ ပေါင်မုန့်စားနေကြ၏။ လုဝေကျယ် ပေါင်မုန့်ကိုမကိုက်ရသေးခင်မှာပင် ကလေးနန်းတော်မှ လက်ရေးလှဆရာကြီးရှဲ့ရူအန်း ရောက်လာခဲ့သည်။

"မင်း​က ဝေကျိုးနဲ့ ဝေကျယ်တို့ရဲ့ အမေလား?" ရှဲ့ရူအန်းသည် ချင်းရို့အား တွေ့လိုက်ရပြီးနောက် သူမဟာ အမြွှာညီအစ်ကိုတွေရဲ့မိခင်ဖြစ်ကြောင်း သိလိုက်ရသောအခါ လွန်စွာအံ့အားသင့်သွားရလျက်။

အမြွှာထဲမှ အငယ်လေးဟာ လက်ရေးလှရေးရာတွင် အလွန်ထူးချွန်ကြောင်း သူမကြာသေးမီက မတော်တဆတွေ့ရှိသွားခဲ့သည်။ အချိန်ကျရင် သူက လက်ရေးလှဆရာကြီးဖြစ်လာလိမ့်မှာ!

သူက လေ့ကျင့်ရမှာ ပျင်းရိနေတတ်ပြီး သင်ယူဖို့စိတ်အားထက်သန်မှုမရှိသဖြင့် ရှဲ့ရူအန်းစိတ်မကောင်းဖြစ်နေမိလျက်။

သူ့ရှေ့မှာ ကျုံ့ရုန်ဇာတ်လမ်းပေါ်လာမှာကို မမြင်ချင်သဖြင့် အခု ညီအကိုနှစ်ယောက်ရဲ့မိခင်ကိုမြင်လိုက်သည်နှင့် စကားပြောမိခဲ့ခြင်းပင်။

သို့ပေတိ လုညီအစ်ကိုနှစ်ယောက်ရဲ့ မိခင်ဟာ ဒီလောက်ငယ်ရွယ်ချောမောလှပလိမ့်မယ်လို့ ရှဲ့ရုန်အန်းမထင်ထားခဲ့ပေ။ အမျိုးသမီးရဲ့ မျက်နှာအသွင်အပြင်မှာ နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသလို နွေရာသီကပန်းပွင့်တွေလိုမျိုး နွေးထွေးတောက်ပနေလေ၏။

"ဟုတ်ပါတယ်၊ ကျွန်မက ဝေကျိုးနဲ့ ဝေကျယ်တို့ရဲ့အမေပါ" ခေတ္တနားပြီးနောက် ချင်းရို့ ဆက်ပြောလိုက်သည်။ "ဒီကလေးနှစ်ယောက်က ကျွန်မကိုယ်ပိုင်ကလေးတွေပါပဲ"

မိထွေးအလှလေးအဖြစ် အထင်လွဲခံရခြင်းမှ ကင်းဝေးစေရန်အတွက် ကြိုပြောထားရမယ်လေ...

xxx

Ch-295

"ဟုတ်ပါတယ်၊ ကျွန်မက ဝေကျိုးနဲ့ ဝေကျယ်တို့ရဲ့အမေပါ" ခေတ္တနားပြီးနောက် ချင်းရို့ ဆက်ပြောလိုက်သည်။ "ဒီကလေးနှစ်ယောက်က ကျွန်မကိုယ်ပိုင်ကလေးတွေပါပဲ"

မိထွေးအလှလေးအဖြစ် အထင်လွဲခံရခြင်းမှ ကင်းဝေးစေရန်အတွက် ကြိုပြောထားရမယ်လေ...

"ကလေးနန်းတော်မှာ လက်ရေးလှရေးသင်နေကြတဲ့ မင်းရဲ့ကလေးနှစ်ယောက်အကြောင်း ကျွန်တော်ပြောပြချင်လို့ပါ။ တစ်ယောက်က လက်ရေးလှရေးရာမှာ အရမ်းထူးချွန်တာကိုတွေ့လိုက်ရတယ်ဗျာ။ မိဘတွေအနေနဲ့ ကလေးတွေအပေါ် သေချာစောင့်ကြည့်ပြီး နေ့တိုင်း ဇွဲရှိရှိလေ့ကျင့်ဖို့ တိုက်တွန်းပေးစေချင်တယ်..."

ချင်းရို့ အံ့အားသင့်သွားရလျက် "ကျွန်မသားက လက်ရေးလှတော်တာလား? အကြီးလေးလုဝေကျိုးများလား?"

ချင်းရို့သည် လုဝေကျိုးဖြစ်လိမ့်မယ်လို့ မသိစိတ်ကခံစားလိုက်ရ၏။ တက်ကြွ၊ ပျင်းရိပြီး ဆိုးသွမ်းတဲ့ အငယ်လေးလုဝေကျယ်နဲ့ယှဉ်ပါက အစ်ကိုကြီးလုဝေကျိုးက ပိုမိုတည်ငြိမ်ပြီး အေးဆေးသလို လက်ရေးလှရေးလေ့ကျင့်ချိန်တိုင်း အရမ်းစိတ်ရှည်သည်ပင်။

- ငါ့သားမှာ တကယ်ပဲ လက်ရေးလှရေးစွမ်းရည်ရှိတာလား?

ချင်းရို့လည်း သူမရဲ့ကိုယ်ပိုင်လက်ရေးစုတ်စုတ်ကို ပြန်စဉ်းစားမိရင်း အရမ်းအံ့သြစရာကောင်းတယ်လို့ ထင်မိသည်။

ကျိုးကျိုးနှင့်ဖက်ထုပ်လေးတို့ညီအစ်ကိုဟာ လက်ရေးလှရေးတာကောင်းမှန်း သူမ,သိပေမယ့် လက်ရေးလှရေးရာမှာ အရမ်းထူးချွန်နေသေးတယ်ပေါ့လေ။

"အဲဒါက အငယ်လေးလုဝေကျယ်ပါ"

ချင်းရို့: "…"

ဆရာက ဒီကလေးကို လက်ရေးလှရေးလေ့ကျင့်ဖို့ တိုက်တွန်းချင်တာ အံ့သြစရာမရှိတော့ဘူးပဲ။

"ဝေကျယ်က လက်ရေးလှလေ့ကျင့်ရတာကို မကြိုက်ဘူး"

ဘောပင်ကိုင်တဲ့အချိန်တိုင်း အနှီကလေးလေးဟာ အမြဲတမ်းပျင်းရိနေတတ်သည်လေ။

"ဟုတ်​တယ်​! ဒါက​ပဲ ကျွန်​​တော့်​ကို စိတ်​ပူ​စေတာပေါ့ဗျာ။ သူ့မှာ ​အရည်အချင်းကောင်းတွေရှိနေတာ။ ကောင်းကောင်းမလေ့ကျင့်ဘဲ သူ့အရည်​အချင်းကို အလဟသဆုံးရှုံးစေမှာလား? မင်းက အမေတစ်ယောက်အနေနဲ့ သူ့ကိုသေချာအာရုံစိုက်ပေးရမယ်။ လုဝေကျယ်က လက်​​ရေး​လှ​​ရေးရာမှာ ထူးချွန်​တဲ့သူတစ်​​ယောက်​ဆိုတော့ အခုကစပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်နေသရွေ့ ကြီးလာရင် လက်ရေးလှဆရာကြီးဖြစ်လာမှာ အသေအချာပဲ"

... ငါ့သားက လက်ရေးလှဆရာကြီးဖြစ်လာမှာလား?

လက်ရေးလှဆရာကြီးဖြစ်လာမယ်?

လက်ရေးလှဆရာကြီး?

ချင်းရို့ ဘယ်လိုပဲနားထောင်နေပါစေ သူမခံစားနေရသည်မှာ... ဘယ်လိုပြောရမလဲနော်၊ မယုံနိုင်စရာလေးပေါ့။ လှတပတကွတ်ကီးလေးကို ညွှန်ပြပြီးတော့ အဲဒါက အနာဂတ်မှာ ခရမ်ကိတ်ဖြစ်လာမှာလို့ပြောနေသလိုမျိုး...

သူမတို့မိသားစုရဲ့ ဖက်ထုပ်လေးဟာ စာကျက်ရတာ ပျင်းရိသော်လည်း အားကစားတွေကို နှစ်သက်ပြီး စစ်ဘက်ဆိုင်ရာမဂ္ဂဇင်းအမျိုးမျိုးကို ဖတ်ရှုလေ့ရှိကြောင်း သူမသိပေသည်။ ရံဖန်ရံခါ သူ့အစ်ကိုနှင့်အတူတူ စစ်သင်္ဘောပေါ်ပြေးတက်ပြေးဆင်းလုပ်ပြီး ကြွက်တွေကို ကူဖမ်းပေးတတ်သည်...။

မဟုတ်သေးဘူး၊ ဒီလိုသွက်သွက်လက်လက်နဲ့ ပျင်းရိတတ်တဲ့ကလေးတစ်ယောက်က... အနာဂတ်မှာ တရုတ်လက်ရေးလှဆရာကြီးတစ်ယောက် ဖြစ်လာတော့မှာတဲ့လား?

ဖက်ထုပ်လေးဟာ ​​လက်ရေးလှရေးဆရာကြီးဖြစ်လာနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်း မပြောပါနဲ့ဦး၊ အရင်ဆုံး ဒီကလေးကို ၁၀နှစ်ကျော်ကြာကြာ လေ့ကျင့်ခိုင်းကြည့်လိုက်ပါဦးလား? ဒါကို တွေးကြည့်တာတောင် စိတ်ကူးယဉ်နေသလိုပါပဲနော်။

"မင်းက မိဘတစ်ယောက်အနေနဲ့၊ ကလေးကိုအာရုံစိုက်ထားရမယ်။ သူ့အရည်အချင်းတွေကို အလဟသမဖြစ်စေနဲ့ပေါ့၊ သူလုပ်ချင်သမျှ လုပ်ခွင့်မပေးရဘူးလေ"

ရှဲ့ရူကျန်းက ကလေးတွေကို လက်ရေးလှရေးလေ့ကျင့်ဖို့ တိုက်တွန်းရန် ချင်းရို့အား ပြောဆိုခဲ့ပြီး မုန့်မားမားရဲ့ သုံးကြိမ်သုံးခါရွှေ့ပြောင်းတဲ့ဇာတ်လမ်းကို ဥပမာပေးပြောကြားခဲ့၍ ချင်းရို့အား အနည်းငယ်စိုးရိမ်ပူပန်သွားစေလျက်။

အနာဂတ်မှာ သူမရဲ့ကလေးတွေကို လက်ရေးလှရေးလေ့ကျင့်ဖို့ ပိုပြီးတိုက်တွန်းသင့်သလား? ကလေးက လက်ရေးလှရေးခြင်းအတတ်ကိုပါရမီပါတာကြောင့် သူ့ကို ပိုမိုကြိုးစားလေ့လာပြီး အနာဂတ်မှာ လက်ရေးလှဆရာကြီးဖြစ်လာဖို့ အတင်းတိုက်တွန်းသင့်သလား?

အရင်တုန်းက စန္ဒယားပါရမီရှင်တွေကလည်း သူတို့ရဲ့မိခင်တွေဆီကနေ အတင်းအကြပ်စန္ဒယားတီးလေ့ကျင့်ခိုင်းခံခဲ့ရတာလား? ကလေးဆိုသည် ကိုယ့်ဘာကိုယ်သိတတ်သူများမဟုတ်၍ မိဘတွေဆီမှ အမြဲတမ်းကြီးကြပ်ပေးရန် လိုအပ်သည်... သူမလည်း အိမ်မှာ ကလေးကို လက်ရေးလှရေးလေ့ကျင့်တာစောင့်ကြည့်ဖို့ တုတ်တစ်ချောင်းကိုင်ထားသင့်သလား?

ဒါက ပြဿနာတစ်ခုပဲ...

"မား သား လက်ရေးလှမလေ့ကျင့်ချင်ဘူးနော် သားကိုကူညီပါ!!!" လုဝေကျယ်တစ်ယောက် သူ့မေမေကို ရှဲ့ရူကျန်းပြောပြနေတာတွေကြားတဲ့အခါ သေလုနီးပါးထိတ်လန့်သွားပြီး သူ့ကိုယ်သူ သူ့မေမေရင်ခွင်ထဲပစ်ဝင်ကာ အော်ဟစ်ငိုယိုနေပါတော့သည်။

အနာဂတ်မှာ နေ့တိုင်း သူ့ကို လက်ရေးလှလေ့ကျင့်ခိုင်းဖို့ တွန်းအားပေးနေရင် သူ အသက်ရှင်နေဦးပါ့မလား? ကယ်ကြပါဗျို့!

"မားမား သား လက်ရေးလှမလေ့ကျင့်ချင်ဘူး၊ လက်ရေးလှမလေ့ကျင့်ချင်ဘူးလို့၊ သားမလေ့ကျင့်ဘူး၊ သားမရေးဘူးနော်၊ သားမရေးဘူး မရေးဘူး..."

"ကောင်းပြီ ကောင်းပြီ အော်ငိုနေတာရပ်တော့ကွယ်" ချင်းရို့ သူ့ကိုပွေ့ဖက်ထားရင်း ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ "မားမားက သားကို လက်ရေးလှအတင်းလေ့ကျင့်ခိုင်းမယ်လို့ မပြောရသေးပါဘူးနော်"

စိတ်ဝင်စားမှုရှိခြင်းဟာ အကောင်းဆုံးဆရာတစ်ဆူပဲလို့ ဆိုကြသည်လေ။ အကယ်၍ ကလေးမလုပ်ချင်တဲ့အရာကို အတင်းတွန်းအားပေးမိပါက နောင်တွင် ဒီကလေးဟာ အရည်အချင်းရှိသူဖြစ်လာမလာမပြောနဲ့ဦး၊ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားစေလိမ့်မယ်။

"မားတို့က အများကြီးမလေ့ကျင့်ဘူးနော်၊ နေ့တိုင်း စာလုံးကြီးကြီးတွေ ငါးမျက်နှာလောက်ပဲ လေ့ကျင့်ကြမယ်လေ"

"ငါးမျက်နှာက နည်းနည်းများလွန်းတယ်၊ သုံးမျက်နှာလေ့ကျင့်မယ်လေနော်" ဖက်ထုပ်လေးက ဈေးစစ်နေလေရဲ့။

"ငါးမျက်နှာပဲ၊ မားမားက စစ်ဆေးပေးမယ်"

"မားမားကြည့်ဖို့အတွက် နှစ်ကြောင်းစပ်ကဗျာနည်းနည်းသွားရေးခဲ့ပေး"

လုဝေကျယ် ရိုးရိုးရှင်းရှင်း နွေဦးပွဲတော်ကဗျာလေးကို ရေးသားခဲ့သည်။ ချင်းရို့ ကြည့်လိုက်တဲ့အခါ သူမသားငယ်လေးဟာ တကယ်ပဲတော်ကြောင်း တွေ့ရှိလိုက်ရ၏။ ဖက်ထုပ်လေးရဲ့လက်ရေးက အရမ်းလှပနေရောပဲ...

သူ့၏တရုတ်စာဆရာမှာ သံက သံမဏိမဖြစ်တာကို မုန်းတီးနေလျက်။

"လုဝေကျယ်ရဲ့ စာရေးတဲ့စတိုင်လ်က အလှဆုံးပဲ၊ သူ့ရေးတာတွေကို ငါမြင်တိုင်းမြင်တိုင်း ငါ့မျက်လုံးတွေ တောက်ပလာတာ၊ ဒါပေမယ့်... ငါ့မျက်စိရှေ့မှာပဲ တောက်ပနေနိုင်တာ တစ်ကြိမ်လောက်ပဲ၊ နှစ်ကြိမ်၊ သုံးကြိမ်မဟုတ်ဘူး၊ တစ်ချိန်လုံးမဟုတ်ဘူး"

တရုတ်စာဆရာ သက်ပြင်းချလျက်၊ "မင်း အကြောင်းအရာကို သေချာမဖတ်ရင်တော့ ဝေကျယ်ရဲ့ ဖွဲ့သီမှုက တော်တော်လေးကောင်းပါတယ်"

လုဝေကျယ်၏ ရေးဖွဲ့မှုအကြောင်းအရာမှာ ရှုပ်ပွနေတတ်ပြီး တစ်ခုတည်းသောအားသာချက်မှာ စကားလုံးတွေလှပနေခြင်းသာ။

"ကောရေ သား လက်ရေးလှသင်တန်းတက်ဖို့ စာရင်းမသွင်းသင့်ခဲ့ဘူးနော်"

"သား ဘတ်စကတ်ဘောနဲ့ ဘောလုံးသင်တန်းမှာ စာရင်းသွင်းချင်တယ်"

လုဝေကျိုးနဲ့ လုဝေကျယ်တို့ညီအစ်ကိုနှစ်ယောက်က ခုံတန်းရှည်ပေါ်တွင် ဘေးချင်းကပ်ထိုင်နေကြသည်။ ညီလေးဖြစ်သူက အကိုကြီးပုခုံးပေါ်မှာ ကို့ရို့ကားယားမှီတွယ်ထိုင်နေပြီး စိတ်ပျက်လက်ပျက်အမူအရာလေးနှင့် သူ့လက်ထဲက မုန့်ကိုတစ်ကိုက်ကိုက်လိုက်၏။

ရှဲ့လောင်ရှီးဟာ တကယ်တစ်ခုခုပဲလို့ သူတွေးနေမိလျက်။ သူက သူ့ကို လက်ရေးလှလေ့ကျင့်ဖို့ အတင်းတိုက်တွန်းနေတာ... သူ့လိုလူက လက်ရေးလှဆရာကြီး ဘယ်လိုလုပ်ပြီးဖြစ်လာနိုင်မှာတုန်းလို့?

လုဝေကျယ်သည် သူက အရမ်းငယ်သေးပြီး ချောမောသလို ဘတ်စကတ်ဘောကစားရတာကို နှစ်သက်ကြောင်း ခံစားမိပါသည်။ သူက ဘတ်စကတ်ဘောကြယ်ပွင့်ဖြစ်လာမှာ သိသာနေတာချည်းကို... လက်ရေးလှလေ့ကျင့်ဖို့အတွက် ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူ အခန်းထဲပိတ်ထားနိုင်မှာလဲနော်?

အဲဒါက ထောင်ကျနေတာနဲ့အတူတူပဲမလား?

မဖြစ်နိုင်တာတွေ!

"ကော သားအခုအရမ်းဝမ်းနည်းနေတယ်၊ ​​သားကို ကောလက်ထဲက ကိတ်မုန့်လေးတစ်ကိုက်ပေးကိုက်ပါနော်"

ဖက်ထုပ်လေးက သူ့ပန်းကန်ထဲက မုန့်ကိုပါစားနေရင်း အိုးထဲက မုန့်ကိုပင်လှမ်းကြည့်နေတတ်သူပင်။ အခုလည်း သူ့အစ်ကိုလက်ထဲက မုန့်ဟာ အရသာပိုရှိတယ်လို့ သူထင်နေမိသည်။

လုဝေကျိုး နူးနူးညံ့ညံ့လေးပြုံး၍ သူ့လက်ထဲကမုန့်ကို ညီလေးပါးစပ်ထဲခွံ့ပေးလိုက်သည်။ လုဝေကျယ်ရှေ့တိုးကာ ကိတ်မုန့်ကိုတစ်ကိုက်ကိုက်လိုက်ပြီးမှ သူ့လက်ထဲကပေါင်မုန့်ကို သူ့အစ်ကိုဆီ ပေးလိုက်ပြီး "ဒီမှာ ကောကိုလည်း သားရဲ့ပျားရည်ပဲအစာသွပ်မုန့်တစ်ကိုက်ပေးကိုက်မယ်နော်"

လုဝေကျိုး တစ်ကိုက်ကိုက်လိုက်ပြီး သူ့လက်ထဲက ကိတ်မုန့်ကို ဖက်ထုပ်လေးဆီပေးကာ "ကောကို မုန့်လေးကုန်အောင် ကူစားပေးနော်"

"အရမ်းချိုတော့ အများကြီးမစားချင်ဘူး"

"မားမား မားရဲ့ကိတ်မုန့်က အရမ်းချိုတာပဲ!"

"ချိုတာမကောင်းဘူးလား?" ကိတ်တွေ ပေါင်မုန့်တွေအများကြီးစားရရင် ငြီးငွေ့လွယ်တယ်လေ။ အထူးသဖြင့် ခရင်မ်ကိတ်တွေပေါ့။

"ကိတ်မုန့်စားပြီး ဖျော်ရည်သောက်ရင် ချိုမှာမဟုတ်တော့ဘူး"

"မားမား သားလက်တွေ အရမ်းညောင်းနေပြီ။ သားမလှုပ်ချင်တော့ဘဲ မှီထားချင်ပြီလို့" ကိတ်မုန့်နှင့် ပေါင်မုန့်ကိုစားပြီးနောက် လုဝေကျယ် အုန်းသီးတစ်လုံးကိုပိုက်ကာ သူ့ဘေးနားကအစ်ကိုဖြစ်သူကို မှီထားလိုက်၏။

ချင်းရို့ သူ့မျက်နှာလေးကို ဆွဲဖျစ်လိုက်ပြီး "သားက မားမားကို မုန့်ကူရောင်းမပေးချင်တော့ဘူးလား? ဟိုးအရင်တုန်းက တိုဟူးအလှလေးရှိတယ်၊ မားမားမှာတော့ ဟောဒီမှာ ရှောင်ဖန်းအန်းဆိုတဲ့ ကိတ်မုန့်နှစ်ခုပဲရှိတယ်လေ"

"မဟုတ်ဘူး"

ကလေးတွေက ငြင်းဆိုခဲ့ကြသော်လည်း သူတို့က သူတို့မေမေကို ကိတ်မုန့်တွေကူညီရောင်းပေးနေဆဲ။ ရောင်းပြီးသွားတဲ့အခါ ရလာတဲ့ပိုက်ဆံကိုသုံးပြီး မီးပုံးပျံ၊ မီးပုံးနှင့် မီးရှူးမီးပန်းတွေအများကြီး ဝယ်ခဲ့ကြသည်။

xxx

All Chapters