← Chapters

အခန်း (၃၁၆-၃၁၇)

Vol. 26 Ch. 316-317

အခန်း (၃၁၆-၃၁၇)

Vol. 26 Ch. 316-317

Ch-316

ချုံကျိုးကျွန်းရုပ်သံဌာနရဲ့ လက်ထောက်ဒါရိုက်တာ လျိုဟွာယင်းက ချင်းရို့နှင့် တစ်ချိန်က တွေ့ခဲ့ဖူးသော ဒါရိုက်တာလျိုပင်။ ​သူ့ဘေးတွင် ကြေညာသူတစ်ဖြစ်လဲ ကျန်းရွှယ်ချင်းရှိနေ၏။ သူမက ရုပ်မြင်သံကြားဌာနသို့ ပြောင်းရွှေ့​ခဲ့လေပြီ။

"ရွှယ်ချင်းကျဲ"

ချင်းရို့ သူတို့ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည်။

သူမနဲ့ ကျန်းရွှယ်ချင်းတို့ဟာ နေ့လည်ခင်းအချိန်၌ အတူတူထုတ်လွှင့်လေ့ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကောင်းစွာရင်းနှီးကြသည်။ ကျန်းရွှယ်ချင်းက ချင်းရို့ကို အပြုံးလေးနဲ့ ကြည့်၍ "နှစ်တွေအများကြီးကြာသွားပြီနော်၊ ရှောင်ချင်းရေ နင်က အခု ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်သွားပြီပဲဟယ်"

"ကောင်းလိုက်တာ!"

လက်ထောက်ဒါရိုက်တာလျိုက နံဘေးမှ ဝင်ပြောလေ၏။ "ငါတို့ရဲ့ အသံလွှင့်ဌာနကနေ ထူးချွန်တဲ့သူတွေထွက်သွားတာပဲ"

ရုပ်သံဌာနမှ ဒါရိုက်တာဝူသည် မကြာခင်ကမှ ချုံကျိုးကျွန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့ စကားပြောနေတာကို ကြားတဲ့အခါ အမြန်ဝင်မေးလေ၏။

"လူတိုင်း ဥက္ကဌချင်းကို ဘာလို့သိနေကြတာလဲ?"

သူက ချင်းရို့ကိုကြည့်လိုက်ရာ သူမဟာ လျှော့မတွက်သင့်သော လှပပြီး အစွမ်းထက်သည့် အမျိုးသမီးတစ်ယောက်ပဲလို့ တွေးနေမိသည်။ သူမက သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ဒီလောက်ကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်တယ်လေ။

"ရှောင်ချင်းက ကျွန်မတို့ရဲ့ ရေဒီယိုဌာနမှာ ကြေညာသူဖြစ်ခဲ့ဖူးတယ်လေ။ နောက်တော့ ၁၉၇၇ ခုနှစ်မှာ လင်းနန်တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တယ်။ သူမက အရမ်းထက်မြက်တဲ့အမျိုးသမီးရဲဘော်တစ်ဦးပါ"

ကျန်းရွှယ်ချင်း ပြုံးလျက် "အဲဒါထက်ပိုသေးတယ်နော်။ သူမက ကျွန်မတို့ရေဒီယိုဌာနမှာ ကြေညာသူဖြစ်ခဲ့တုန်းက နှစ်တိုင်း ထူးချွန်ဆုရတာ။ ရှောင်ချင်းသာ ကောလိပ်မတက်ခဲ့ဘဲ ကျွန်မတို့ရေဒီယိုဌာနမှာပဲ ဆက်နေရင် အခုဆို အစီအစဉ်တင်ဆက်သူ(host)အဖြစ် ရုပ်သံဌာနကိုပြောင်းရွှေ့ရမှာပဲ"

"ရုပ်လည်းချော၊ အသံလည်းကောင်း"

မကြာသေးမီနှစ်များအတွင်း တီဗီမှာ တဖြည်းဖြည်းလူကြိုက်များလာသဖြင့် ကြေငြာသူတွေအပြင် hostလို့ခေါ်တဲ့ နယ်ပယ်အသစ်တစ်ခု ရှိလာခဲ့သည်။

တရုတ်နိုင်ငံ၌ ပထမဆုံးhostမှာ ပဟေဠိရှိုးရဲ့ hostပင်။

"တကယ်လား? ငါတို့ရုပ်သံဌာနကနေ ထွက်သွားတဲ့ လူတော်လေးပေါ့" ဒါရိုက်တာဝူ အမှန်တကယ် ထိတ်လန့်သွားရ၏။

"ရှောင်ချင်းက အိမ်ထောင်ကျပြီးပြီလား?"

ချင်းရို့က ငယ်ရွယ်ပြီး ချောမောလှပနေတာကို မြင်လိုက်ရ၍ ၁၉၇၇မှာ သူမကောလိပ်ကျောင်းပြီးပြီးချင်း အိမ်ထောင်မပြုရသေးဘူးလို့ ထင်ခဲ့သည်။

ယခုခေတ်၌ လူတွေက အိမ်ထောင်ပြုနောက်ကျလာကြပြီဖြစ်သလို ကလေးမွေးတာလည်း နောက်ကျလာပြီဖြစ်သည်။ လူတော်တော်များများက ကောလိပ်ပြီးတာနဲ့ အိမ်ထောင်မပြုကြတော့ပေ။

"အိမ်ထောင်ပြုပြီးပြီ"

"သူမသားတွေတောင်မှ ၁၀နှစ်အရွယ်ရှိနေပြီ"

"တကယ်ကြီး? အိမ်ထောင်ပြုစောလွန်းတာပဲ"

"သူမယောက်ျားက ကျွန်းအခြေစိုက်စခန်းရဲ့ တပ်ခွဲမှူးလေ။ လင်မယားနှစ်ယောက်စလုံးက အရမ်းတော်ကြတာ..."

…

ချင်းရို့ သူတို့နှင့် ခဏလောက်စကားစမြည်ပြောပြီးနောက် စင်ပေါ်မှာ စကားပြောဖို့ရှိသေးသဖြင့် ပွဲကျင်းပရာဆီသို့ ချက်ချင်းပြန်သွားခဲ့ရသည်။ အသစ်ခန့်အပ်ခြင်းခံရသည့် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌအဖြစ် သူမမှာ ကိုင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စများစွာရှိနေသည်လေ။

အလုပ်များတဲ့နေ့ရက်တစ်ရက်ပြီးဆုံးပြီးနောက် နောက်ဆုံးတော့ အခမ်းအနားပြီးသွားချေပြီ။ အစိုးရဌာနမှလူတွေ၊ အဓိကပုလဲမွေးမြူရေးစက်ရုံတွေရဲ့ အကြီးအကဲတွေနှင့် ရုပ်သံဌာနမှလူတွေ ညစာစားရန်အတွက် အစိုးရပိုင် စားသောက်ဆိုင်သို့ သွားခဲ့ကြသည်။

ညစာစားပြီးနောက် ချင်းရို့ ပြန်ခါနီးတွင် ချုံကျိုးကျွန်းရုပ်သံဌာနရဲ့ ဒါရိုက်တာဝူက သူမကို ခေါ်၍ "ဥက္ကဌချင်းရေ မင်းမှာက အကြံကောင်းတွေများတယ်ဆိုတော့လေ၊ ငါတို့ရုပ်သံဌာနအတွက် အကြံတစ်ခုခုပေးနိုင်မလား?"

ဒါရိုက်တာဝူက ခုနက ထမင်းစားနေရင်း ဒီကိစ္စကို တွေးနေမိသည်။ သူသည် ရုပ်သံဌာနရဲ့ ဒါရိုက်တာဆိုတဲ့ အရေးကြီးတာဝန်တစ်ခုကို ထမ်းဆောင်ခါစဖြစ်ရာ သူ့မှာ အရင်က အတွေ့အကြုံမရှိခဲ့။ ပြည်တွင်းရုပ်သံဌာနတွေဟာ မြစ်ကိုဖြတ်ကူးရင်း ကျောက်ခဲရှာနေရသလိုမျိုး ခံစားနေရ၍ လူတိုင်း စိတ်ရှုပ်ထွေးနေကြလျက်။

ချုံကျိုးကျွန်းရုပ်သံဌာနရဲ့ ratingတွေက ယခုအချိန်မှာ သိပ်မကောင်းသေးသလို အခြေခံအားဖြင့် ကြည့်ရှုသူအများအပြားမရှိပေ။ ဒါရိုက်တာဝူက လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်နေပြီး ရုပ်သံဌာနအတွက် ပရိသတ်တွေတိုးစေချင်နေသည်။

ဒီနေ့ သူ ချင်းရို့နဲ့ တွေ့ဆုံခဲ့ရပြီး သူမဟာ အရင်တုန်းက ကြေငြာသူဖြစ်ခဲ့ဖူးကြောင်း၊ နောက်ပိုင်း လင်းနန်တက္ကသိုလ်မှာတက်ခဲ့ကြောင်း သိလိုက်ရသည်။ ယခုအခါ သူမက ပုလဲမွေးမြူရေးလုပ်ငန်းကို တိုးချဲ့လျက်ရှိပြီး ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်လာခဲ့ပြီ။

ဒါရိုက်တာဝူသည် သူမဟာ စီမံခန့်ခွဲမှုနှင့် အသံလွှင့်ခြင်းအကြောင်း နားလည်ပြီး အကြံဥာဏ်ကောင်းတွေရှိသူလို့ ယုံကြည်မိ၏။ သူမက သူတို့ရုပ်သံဌာနတိုးတက်ဖွံ့ဖြိုးရေးအတွက် အကြံဥာဏ်ကောင်းတွေပေးနိုင်လောက်မယ်။

ဒါရိုက်တာဝူ ခါးခါးသီးသီးပြုံးလိုက်ပြီး "ကျွန်တော်တို့ရဲ့ ရုပ်သံဌာနကို တည်ထောင်ပြီးကတည်းက ကျွန်တော်တို့ရုပ်သံအစီအစဥ်တွေကို နေ့စဉ်ကြည့်ရှုသူသိပ်မများဘူး၊ ratingတွေလည်း နည်းလွန်းတယ်လေ"

"ဥက္ကဌချင်း မင်းက စာပေနဲ့ အနုပညာပရိုဂရမ်တွေကို ထုတ်လွှင့်ခဲ့ဖူးတယ်လို့ ကျွန်တော်ကြားထားတယ်။ ပြီးတော့ လူတော်တော်များများက မင်းရဲ့ စာပေနဲ့ အနုပညာပရိုဂရမ်တွေကို နားထောင်ရတာ သဘောကျကြတယ်ဆို။ အခု ကျွန်တော်တို့ရုပ်သံဌာနမှာလည်း စာပေနဲ့ အနုပညာပရိုဂရမ်ရှိပေမယ့် ပျင်းစရာကောင်းလို့ပဲလား ဘာလို့လဲတော့ ကျွန်တော်မသိဘူးဗျာ ကြည့်တဲ့သူတစ်ယောက်မှမရှိဘူး"

"သူတို့အားလုံးက တခြားတီဗီလိုင်းတွေကို ကြည့်ကြပေမယ့် ကျွန်တော်တို့ရဲ့ တီဗီရုပ်သံလိုင်းကိုတော့ ဘာလို့မကြည့်ကြတာလဲ"

ကျန်းရွှယ်ချင်းလည်း ခါးခါးသီးသီးပြုံးကာ "ရှောင်ချင်း နင် မြင်ဖူးလားတော့ ငါမသိဘူး၊ ငါက အဲဒီစာပေနဲ့ အနုပညာပရိုဂရမ်ရဲ့ hostလေ"

ယနေ့ခေတ်မှာ ယခင်ကနဲ့ ကွာခြားသွားချေပြီ။ အရင်တုန်းက အစိုးရပိုင်ယူနစ်တွေဟာ လုပ်အားခအတွက် ရန်ပုံငွေခွဲဝေပေးခဲ့သော်လည်း အခုတော့ ဒေသန္တရအစိုးရက တော်တော်များများကို အမှီအခိုကင်းကင်း လုပ်ဆောင်နေပြီး အနုပညာအဖွဲ့အများအပြားကိုလည်း စာချုပ်ချုပ်ဆိုပြီးဖြစ်သည်။ သူတို့ရုပ်သံဌာနတွေ ပိုမိုအားကောင်းပြီး ကြီးမားလာချင်ပါက သူတို့ရဲ့ ရုပ်သံလိုင်းတွေမှာ ကြည့်ရှုသူဦးရေတိုးလာပြီး ဝင်ငွေတိုးလာရမည်ဖြစ်သည်။

ချုံကျိုးကျွန်းရုပ်သံဌာန စတင်ထုတ်လွှင့်ချိန်မှစ၍ ကြည့်ရှုသူနည်းနည်းပဲရှိ​လို့ အမြဲတမ်း စိတ်ဓာတ်ကျနေလို့တော့မရဘူးလေ။

ဘယ်သူမှ မကြည့်ကြတဲ့အတွက် ရုပ်သံဌာနက လူတွေလည်း အလုပ်လုပ်ဖို့ တက်ကြွမှုမရှိကြတော့။

ကြည့်ရှုသူဘယ်သူမှမရှိတာကြောင့် စင်ပေါ်မှာ ဘယ်သူကမှ တစ်နေကုန်မနေလိုကြချေ။

"တကယ်လား?" ချင်းရို့ အံ့သြသွားပြီး "ငါမမြင်ဖူးဘူး"

"နင် မမြင်ဖူးလောက်ပါဘူး၊ ကျွန်းက လူတော်တော်များများလည်း မမြင်ဖူးကြဘူးလေ"

အဲဒါကို ကျွန်းမှာတောင် ဘယ်သူမှမကြည့်ကြတာ၊ တခြားနေရာတွေဆိုပြောမနေပါနဲ့တော့ဟာ။

သူတို့ရဲ့ ရုပ်သံဌာန ဖွံ့ဖြိုးတိုးတက်ဖို့ ခက်ခဲလွန်းလိုက်တာနော်! အရမ်းခက်ခဲတာပဲ...

"ရှောင်ချင်း နင် နှစ်တွေအကြာကြီးစာလေ့လာခဲ့တာဆိုတော့ ငါတို့ရုပ်သံဌာနအတွက် အကြံတစ်ခုခုပေးကြည့်ပါဦး!"

ချင်းရို့ ဒီအကြောင်းကို ခဏလောက်စဉ်းစားလိုက်ပြီး "ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့၊ ပရိသတ်ratingတွေ တိုးလာဖို့အတွက် ဟောင်ကောင် ဒါမှမဟုတ် နိုင်ငံခြားက လူကြိုက်များတဲ့ တီဗီစီးရီးတွေကို မိတ်ဆက်ပေးကြည့်ပေါ့" လို့ အကြံပြုလိုက်သည်။

"ရုပ်သံဌာနမှာ ပိုက်ဆံမရှိတော့ တီဗီစီးရီးတွေကို ဘယ်လိုလုပ်ပြီးမိတ်ဆက်ပေးနိုင်မှာလဲဟယ်? အခု ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့နေနေသာသာ ငါတို့ရုပ်သံဌာနမှာ ကြည့်ရှုသူနည်းနည်းပဲ ရှိတာလေ။ ဒီတော့ လူတွေက ကြော်ငြာဖို့ ငါတို့ဆီ မလာကြပါဘူး"

"ကြည့်ရှုသူနည်းတော့ ကျွန်တော်တို့ ဘာကြော်ငြာပေးနိုင်မှာလဲ?"

အခြားနေရာက ရုပ်သံဌာနတွေမှာ တီဗီကြော်ငြာမော်ဒယ်တွေ ပေါ်ထွက်နေပြီဖြစ်၍ အကျိုးသက်ရောက်မှုကောင်းလှသည်။ ဥပမာပြောရရင် ကုန်အမှတ်တံဆိပ်တော်တော်များများက ကွမ်တုန်းပြည်နယ်ရုပ်သံဌာနမှာ ကြော်ငြာချင်ကြတယ်လေ။

ဒါပေမယ့် သူတို့ရဲ့ ရုပ်သံဌာနကို ဘယ်သူမှစိတ်မဝင်စားကြဘူးလေ။

"ငါတို့က အခုတော့ ရိုးရှင်းတဲ့ စာပေနဲ့ အနုပညာပရိုဂရမ်ကိုပဲ လုပ်နိုင်သေးတာလေ။ ဒါပေမဲ့ ဒီစာပေနဲ့ အနုပညာပရိုဂရမ်က ဆွဲဆောင်မှု မရှိပါဘူးဟာ"

စာပေနှင့် အနုပညာပရိုဂရမ်အပြင် သတင်းနှင့် မိုးလေဝသခန့်မှန်းချက်အစီအစဥ်လည်းရှိပေသည်။ ရုပ်သံဌာနက အခုမှ စတင်တာဖြစ်လို့ ထိုပရိုဂရမ်ကား TVပေါ်မှာ ကြေညာသူတစ်ဦးပိုလာရုံသာဖြစ်ပြီး ယခင်ရေဒီယိုဌာနရှိစဥ်ကအတိုင်း တော်တော်လေးဆင်တူနေသည်။

"အခုတော့ ငါတို့လည်း ရေဒီယိုဌာနကနေ ရုပ်ပါတဲ့ တီဗီရုပ်သံဌာနအဖြစ် ပြောင်းလဲသွားပြီ။ ပြီးတော့ စာပေနဲ့ အနုပညာပရိုဂရမ်တွေကို ဘယ်လိုဆန်းသစ်တီထွင်ရမလဲဆိုတာမသိလို့။ ရှောင်ချင်းရေ နင်ရော ဘယ်လိုထင်လဲ? နင်က စာပေနဲ့ အနုပညာပရိုဂရမ်တွေကို ကြေညာသူဖြစ်ခဲ့ဖူးတော့ ပရိသတ်တွေကို ဆွဲဆောင်ဖို့ ဒီပရိုဂရမ်ကို ငါတို့ဘက်က ဘာတွေပြောင်းလဲသင့်တယ်လို့ နင်ထင်လဲဟင်?"

ချင်းရို့ ခဏစဉ်းစားပြီးမှ "ratingတိုးချင်တာလား?" လို့ မေးလိုက်သည်။

"ဟုတ်တာပေါ့၊ ကျွန်တော်တို့ရဲ့ ရုပ်သံဌာနကို ကြည့်ရှုသူ ပိုများလာဖို့ မျှော်လင့်ပါတယ်"

(Note: အခု စကားပြောနေတာကလေ ချင်းရို့၊ ကျန်းရွှယ်ချင်း၊ ဒါရိုက်တာဝူ၊ လက်ထောက်ဒါရိုက်တာလျို သူတို့၄ယောက်ဆိုတော့လေ အခေါ်အဝေါ်လေးတွေ သင့်သလို သုံးပေးထားပါတယ်နော်။ ဒါရိုက်တာဝူက ချင်းရို့နဲ့ အခုမှတွေ့ဖူးပြီး မရင်းနှီးသေးတာကြောင့်လေ ယဥ်ကျေးတဲ့အသုံးအနှုန်းပဲ သုံးထားလိုက်ပါတယ်။ ကျန်၃ယောက်က အရင်ထဲကသိတဲ့သူတွေဆိုတော့ နင်နဲ့ငါ သုံးလိုက်ပါတယ်နော်)

ချင်းရို့က မစ္စတာဝူကို အကြံတစ်ခုပေးလိုက်သည်။

"ဒါရိုက်တာဝူ ကလေးတွေအတွက် ပရိုဂရမ်တစ်ခု ထပ်ထည့်ချင်ကြလား? နောက်ပြီးတော့... ဘလိုင်းဒိတ်ရှိုးဆိုရင်ရော?"

မျက်မှောက်ခေတ်ရုပ်သံဌာနတွေရဲ့ တီဗီအစီအစဉ်ပုံစံတွေဟာ ငြီးငွေ့ဖွယ်ကောင်းလွန်းလှသည်။ သတင်းနှင့် မိုးလေဝသခန့်မှန်းချက်မှလွဲပြီး ကျန်တာတွေက ရုပ်ရှင်ဒရာမာတွေနှင့် ကြော်ငြာတွေအပြင် ရှေးစာပေနှင့် အနုပညာပရိုဂရမ်တွေပဲရှိသည်... တီဗီစီးရီးတွေကသာ အဆွဲဆောင်နိုင်ဆုံးဖြစ်ပေမယ့် တီဗီစီးရီးမိတ်ဆက်ပေးဖို့အတွက် ကုန်ကျစရိတ်က အရမ်းများလွန်းပြီး လက်တွေ့မကျပေ။

ဟုန်းမိတ်တီဗီပရိုဂရမ်တွေ ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ကြည့်ရှုသူတွေကို ဆွဲဆောင်ရန် စရိတ်စကအသက်သာဆုံးနည်းလမ်းပင်။

ချင်းရို့ကတော့ မိဘတွေနှင့် ကလေးတွေအတူတူ ကြည့်ဖို့ သင့်လျော်တဲ့ ကလေးရှိုးတစ်ခုကို ညဘက်မှာ ထည့်သွင်းနိုင်တယ်လို့ တွေးမိသည်။ သည့်အပြင်... ကြည့်ရှုသူတိုးလာစေရန်၊ ဝင်ငွေများများရရန်အတွက် လူတိုင်း သဘောကျလောက်မယ့် ဒိတ်တင်းရှိုးတစ်ခုကို ဖန်တီးနိုင်သည်။

ဒိတ်တင်းရှိုးတွေအပြင် ဆက်ဆံရေးဖျန်ဖြေပေးတာမျိုး အစီအစဥ်တွေလည်းရှိပါသည်။

- ပရိသတ်တွေက ဒီလိုဆက်ဆံရေးအတင်းအဖျင်းရှိုးတွေကို ကြည့်ရတာ ပိုကြိုက်ကြတယ်လေ။

xxx

Ch-317

ဒိတ်တင်းရှိုးတွေအပြင် ဆက်ဆံရေးဖျန်ဖြေပေးတာမျိုး အစီအစဥ်တွေလည်းရှိပါသည်။

- ပရိသတ်တွေက ဒီလိုဆက်ဆံရေးအတင်းအဖျင်းရှိုးတွေကို ကြည့်ရတာ ပိုကြိုက်ကြတယ်လေ။

အဲဒါတွေက ကုန်ကျစရိတ်သက်သာတဲ့ အစီအစဉ်တွေဖြစ်တဲ့အပြင် ရုပ်သံဌာနတွေ စတင်လုပ်ဆောင်ဖို့ သင့်လျော်တဲ့ "ယိုကျန်ချန်ကွမ်း" နှင့် "ကျစ်ဟွေ့ဝင့်တာ"လိုမျိုး အစီအစဉ်တွေလည်း ရှိပေသည်။

(youzhan chenguan -ဆုလက်ဆောင်တွေနဲ့အတူ အဆင့်တွေကိုစိန်ခေါ်ရတဲ့ဂိမ်း 
zhihui wenda - ဥာဏ်စမ်းအမေးအဖြေ)

ဒါရိုက်တာဝူ အံ့အားသင့်သွားရလျက်။ "ကျွန်တော် ကလေးရှိုးတွေအကြောင်း နည်းနည်းတော့သိပါတယ်၊ အဲဒါတွေက ကလေးတွေကြည့်ဖို့အတွက်ဆိုတာလေ။ ဒါ... ဘလိုင်းဒိတ်ရှိုးဆိုတာ ဘာကိုဆိုလိုတာလဲဗျ?"

လက်ထောက်ဒါရိုက်တာလျို : "အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ချိန်းတွေ့ကြတာလား?"

"ဘလိုင်းဒိတ်ကို အိမ်မှာပဲလုပ်ကြတာမဟုတ်ဘူးလား? ပရိုဂရမ်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ကျန်းရွှယ်ချင်းလည်း ချင်းရို့ရဲ့ စကားကြောင့် ရှုပ်ထွေးသွားရသည်။

ချင်းရို့ : "ဘလိုင်းဒိတ်ရှိုးရဲ့ ပုံစံက... လက်မထပ်ရသေးတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတချို့ကို ရှာပြီးတော့ ရှိုးမှာ တွေ့ပြီး ဒိတ်လုပ်ခွင့်ပေးတာမျိုးပေါ့"

လက်ထောက်ဒါရိုက်တာလျို အနည်းငယ် စိတ်ရှုပ်ထွေးသွားလျက် "... အဲဒါကို ကြည့်မယ့်သူရှိပါ့မလား?"

ချင်းရို့ : "ရှင်တို့ဘယ်လိုထင်လဲ?"

သူမနှင့် လုယန်တို့ ဘလိုင်းဒိတ်တွေ့ခဲ့တုန်းက ပလတ်စတစ်ညီအစ်မတစ်စု ရှိုးလာကြည့်ကြတာပဲလေ။ 
(ချင်းရို့ အနုပညာအဖွဲ့မှာရှိတုန်းက ထန်ရွေ့ပိုင်တို့အဖွဲ့လေ မှတ်မိကြလားမသိဘူး)

"အမျိုးသားနဲ့ အမျိုးသမီးတို့ ချိန်းတွေ့ကြတဲ့အခါ ပတ်ဝန်းကျင်က လူတွေရဲ့ တုံ့ပြန်မှုကို ပြန်တွေးကြည့်ကြည့်လေ"

"မင်းရဲ့ အကြံက သိပ်ကောင်းတာပဲ! ဒါ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်!"

ဒါရိုက်တာဝူ မျက်လုံးတွေ တောက်ပလာကာ "စဉ်းစားကြည့်ကြ၊ ရွာမှာ လူတွေ ဘလိုင်းဒိတ်တွေ့ကြတဲ့အခါ အပျော်သွားကြည့်တတ်ကြတယ်မလား? တစ်ယောက်နဲ့တစ်ယောက် သတင်းတွေကို တိုးတိုးတိတ်တိတ်မေးမြန်းကြတယ်၊ အဲဒီစုံတွဲ အောင်မြင်မလား မအောင်မြင်ဘူးလား၊ လိုက်ဖက်လား မလိုက်ဖက်ဘူးလားဆိုတာ နောက်ကွယ်မှာ ဆွေးနွေးကြတယ်လေ…"

လက်ထောက်ဒါရိုက်တာလျို သူ့အာရုံပြန်ရောက်လာကာ "ဒါက အမှန်ပဲဗျာ"

"အဟုတ်ပဲ" ကျန်းရွှယ်ချင်း ခေါင်းမညိတ်ဘဲမနေနိုင်တော့။ "နင် ဒီလိုပြောတော့မှပဲ... အမျိုးသားနဲ့ အမျိုးသမီးတွေ ဘယ်လိုဒိတ်လုပ်ကြသလဲဆိုတာ ငါတကယ်ကြည့်ချင်နေပြီဟယ်"

"ပရိသတ်တွေလည်း ဘလိုင်းဒိတ်ရဲ့ အခြေအနေတွေနဲ့ လိုအပ်ချက်တွေကို ပရိုဂရမ်ကနေတဆင့် လေ့လာနိုင်တာပေါ့"

"တစ်ခါမှ မချိန်းတွေ့ဖူးတဲ့သူတွေလည်း ကိုယ့်ချစ်ရသူကို ဘယ်လိုလိုက်ရမလဲ၊ ဘယ်လိုကျေနပ်အောင်လုပ်ပေးရမလဲဆိုတာ ရှိုးကြည့်ပြီး သင်ယူလေ့လာနိုင်တယ်လေ"

…

"ရှောင်ချင်း ဒီလိုဘလိုင်းဒိတ်မျိုးက တခြားဘာတွေလုပ်လို့ရသေးလဲဆိုတာ နင် ငါ့ကိုပြောပြချင်လားဟင်?"

ချင်းရို့ ပြုံးလိုက်ပြီး "နင်တို့ဘလိုင်းဒိတ်ရှိုးက ငါတို့ရဲ့ တောင်ကျွန်းပုလဲကို ကြော်ငြာလို့ရတယ်။ ဒီအစီအစဥ်မှာ ငါတို့တောင်ကျွန်းပုလဲနာမည်ကိုပါ ထည့်ထားမယ်။ တကယ်လို့ ရှိုးကနေ စုံတွဲတစ်တွဲ လက်ထပ်ဖြစ်သွားခဲ့ရင် ငါတို့က အဲဒီစုံတွဲအတွက် ပုလဲလည်ဆွဲတစ်ကုံးပေးမယ်လေ"

"ဒါဆို ကြည့်ရှုဖို့အတွက် လူတိုင်းရဲ့ စိတ်အားထက်သန်မှုတွေ ပိုတိုးလာလိမ့်မယ်"

"စကားမစပ် သူတို့ ဘလိုင်းဒိတ်လုပ်တဲ့အခါ ရှုခင်းလှလှလေးရှိတဲ့နေရာကို ရွေးနော်!"

…

ချင်းရို့ ဒီအကြောင်းကို တွေးကြည့်လေလေ သူမတို့ရဲ့ တောင်ကျွန်းပုလဲကုန်သည်များအသင်းဟာ တီဗီအစီအစဉ်တွေနှင့် ပူးပေါင်းဆောင်ရွက်လို့ရတယ်လို့ သူမထင်မြင်မိသည်။

ဘလိုင်းဒိတ်အစီအစဉ်ဟာ ပုလဲလက်ဝတ်ရတနာတွေနှင့် မင်္ဂလာဓာတ်ပုံတွေကို ကြော်ငြာပေးဖို့အတွက် အသင့်တော်ဆုံးပဲလေ။

"အိုကေ! ဒီနေ့ ငါတို့မြင်ခဲ့ရတဲ့ ပုလဲဝတ်စုံကိုရော ရှိုးမှာပါတဲ့လူတွေ ဝတ်လို့ရမလား? အဲဒီဝတ်စုံက အရမ်းလှတာပဲ..."

စိတ်ကူးတစ်ခုထွက်လာပြီးသည်နှင့် လူတိုင်းရဲ့ စဥ်းစားတွေးခေါ်ပုံလည်း ပိုမိုအလင်းပွင့်လာကာ အနှီဘလိုင်းဒိတ်ရှိုးအစီအစဥ်ဟာ အရမ်းအလားအလာရှိတယ်လို့ သူတို့အားလုံး ခံစားခဲ့ကြသည်။

ဒါရိုက်တာဝူက အလွန်ကျေးဇူးတင်စွာဖြင့် "ဥက္ကဌချင်းရယ် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ၊ မင်းက ငါတို့ရဲ့ ရုပ်သံဌာနကို အများကြီးကူညီပေးလိုက်တာပဲ"

ချင်းရို့ အပြုံးလေးနှင့် "ရှင်တို့ရှိုးကို ပရိသတ်တွေ သဘောကျတယ်ဆိုရင် ကျွန်မရဲ့ ပုလဲလက်မှုခြံကို ကြေညာပေးဖို့ ကူညီပေးရမှာနော်"

"ဒါပေါ့! ဒါပေါ့ဗျာ!"

"ကျွန်တော်တို့ရုပ်သံဌာနကို ကြည့်ရှုသူ ပိုများလာလို့ရှိရင် သေချာပေါက် ကူကြော်ငြာပေးမှာ!"

ဒါရိုက်တာဝူသည် သူတို့ရုပ်သံဌာနဟာ ဒီအခြေအနေကနေ တိုးတက်လာနိုင်ရင် ဥက္ကဌချင်းကို ကျေးဇူးတင်ဖို့ သတိရရမယ်လို့ တွေးနေသည်။ သူ ဒီကျေးဇူးကို မှတ်မိနေမှာ...

သူမရဲ့ လုပ်ငန်းတွေကိုလည်း ကြော်ငြာပေးရမယ်!

ဒါရိုက်တာဝူနှင့် တခြားသူတွေရဲ့ လုပ်ဆောင်မှု အရမ်းမြန်ဆန်ကြ၏။ သိပ်မကြာခင်မှာပဲ ဝန်ထမ်းတွေရှာပြီး ပထမဆုံးဘလိုင်းဒိတ်ရှိုးကို စတင်ရိုက်ကူးလိုက်တော့သည်။

ဒီလိုနဲ့ ပုလဲလက်မှုခြံအပေါက်ဝ၌ မကြာမီ ပြသတော့မယ့် "နှလုံးသားချင်းချိတ်ဆက်ကြမယ်" ဆိုတဲ့ ဘလိုင်းဒိတ်ရှိုးကို ကြော်ငြာရန် ကြေညာဘုတ်ထောင်ထားလေ၏။

ပုလဲလက်မှုခြံသို့ လာရောက်လည်ပတ်သူတွေက ကြော်ငြာဘုတ်ကိုမြင်တဲ့အခါ စိတ်ရှုပ်ထွေးစွာ မေးမြန်းလာလေ၏။

"ဘာကြီးလဲ? TVဘလိုင်းဒိတ်ရှိုးလား?"

"TVမှာ ဘလိုင်းဒိတ်လုပ်တာလား? TVမှာ ဘလိုင်းဒိတ်လုပ်နိုင်လို့လား? ဘလိုင်းဒိတ်လုပ်ရတာက ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေနဲ့ အိမ်မှာ မဟုတ်ဘူးလား?"

"အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ အောင်အောင်မြင်မြင်တွဲဖက်ဖြစ်ပြီး လက်ထပ်သွားမယ်ဆိုရင် XX တန်ဖိုးရှိတဲ့ လည်ဆွဲကိုရနိုင်ပါတယ်... မှန်မှန်ကန်ကန် ကြိုခန့်မှန်းနိုင်တဲ့ ပရိသတ်တွေလည်း XX တန်ဖိုးရှိတဲ့ လည်ဆွဲတစ်ကုံးကို မဲနှိုက်လို့ရပါတယ်နော်"

…

"ဒီဘလိုင်းဒိတ်ရှိုးက စိတ်ဝင်စားစရာကောင်းမယ့်ပုံပဲဟေ့၊ ဘယ်တော့စလွှင့်မှာလဲ?"

"ချုံကျိုးကျွန်းတီဗီမှာ လွှင့်မှာတဲ့ဟ"

"ဟင်? ငါတို့ဆီမှာ ချုံကျိုးကျွန်းရုပ်သံဌာန ရှိသေးတာလား?"

"ည ၈နာရီတဲ့၊ ဗုဒ္ဓဟူးနေ့ ည ၈နာရီမှာ လွှင့်မယ်ဆိုပဲ။ ငါ တီဗီဇာတ်လမ်းတွဲ ကြည့်ချင်သေးတယ်လို့"

"ဒီဘလိုင်းဒိတ်ရှိုးကို အပိုင်းတစ်ပိုင်းတော့ ကြည့်ကြည့်တာပေါ့လေ"

…

ချုံကျိုးကျွန်း၏ "နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုတဲ့ ဘလိုင်းဒိတ်ရှိုး ပထမအပိုင်းကို စတင်ထုတ်လွှင့်ခဲ့သည်။ ပထမဆုံး ထုတ်လွှင့်ချိန်မှာတော့ စောင့်မျှော်ကြည့်ရှုသူတွေ အများအပြားရှိနေလေ၏။ ရုပ်သံဌာနက လူတွေလည်း နောက်ကွယ်က ဒေတာတွေကို စောင့်ကြည့်နေရင်း သူတို့လက်သီးတွေကို တင်းတင်းကြပ်ကြပ်မဆုပ်ထားဘဲမနေနိုင်ကြတော့။

ခါတိုင်းရက်တွေနဲ့ယှဉ်ရင် ဒီလိုအခြေအနေမျိုး တစ်ခါမှ မရောက်ဖူးသေးဘူးလေ။

"တိုးလာပြီ! ထပ်တိုးလာပြန်ပြီ!"

"လူတွေအများကြီးကြည့်ကြတယ်ဟေ့!"

"စိတ်မလှုပ်ရှားကြနဲ့၊ ဒါက ပထမဆုံးအပိုင်းပဲရှိသေးတာ! နောက်ပိုင်းတွေမှာ ကြည့်ရှုသူတွေရှိမရှိ မသေချာသေးဘူး!"

…

ဘလိုင်းဒိတ်ရှိုး ပထမအပိုင်းထုတ်လွှင့်ပြီးသည့်နောက် သောကြာနေ့မှာ ပြသခဲ့တဲ့ ဒုတိယပိုင်းလည်း ကြည့်ရှုသူအရေအတွက်ပေါက်ကွဲသွားခဲ့သည်။

"နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုတဲ့ ဘလိုင်းဒိတ်ရှိုးကို ကြည့်ရှုရန် လူများစွာက တီဗီရှေ့မှာ စုရုံးပြီး ထိုင်စောင့်နေခဲ့ကြသည်လေ။

"ဒီရှိုးက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ TV မှာ ဘလိုင်းဒိတ်​လုပ်တာမျိုး မြင်ရလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ? ငါတော့ တခါမှမမြင်ဖူးဘူး။ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေ စကားစမြည်ပြောနေကြတာကို ကြည့်ပါဦး၊ အဲဒါက ရုပ်ရှင်တွေထက်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတယ်နော်"

"ဒီကောင်မလေးရဲ့ အတိတ်အတွေ့အကြုံက ငါ့ကို ငိုစေတယ်ဟယ်။ သူမက ငါနဲ့ အရမ်းဆင်တူတာပဲ။ သူမနဲ့ သင့်တော်တဲ့လူကို ရှာတွေ့နိုင်မယ်လို့ ငါမျှော်လင့်မိတယ်။ နံပါတ် ၃ က သူမအတွက် အရမ်းသင့်တော်တယ်လို့ ငါထင်မိတယ်နော်"

"ဆိုတော့ ဘလိုင်းဒိတ်တွေက ဒီလိုမျိုးပဲလား? ငါတို့ ဘာပြဿနာတွေကို အာရုံစိုက်ဖို့လိုလဲ?"

…

ချုံကျိုးကျွန်း၏ "နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုတဲ့ ဘလိုင်းဒိတ်ရှိုးအစီအစဉ် ပေါက်သွားခဲ့သဖြင့် စီးပွားရေးလုပ်ငန်းအများအပြားလည်း ကြော်ငြာထည့်ရန် တီဗီရုပ်သံဌာနကို စတင်ရှာဖွေလာကြလေပြီ။

ချင်းရို့တို့ရဲ့ တောင်ကျွန်းပုလဲတွေကိုလည်း အစီအစဉ်မှာ ဖောဖောသီသီကြော်ငြာခဲ့ကြသည်။ သည့်အပြင် ဒီရက်ပိုင်းအတွင်း ချင်းမျန့်ရဲ့ ဓာတ်ပုံစတူဒီယိုမှာ ဓာတ်ပုံလာရိုက်ကြတဲ့ စုံတွဲတွေလည်း များသထက်များလာလေ၏။

ကွမ်တုန်းနှင့် ကွမ်းရှီးပြည်နယ်မှာတောင် သူတို့ရဲ့ ဘလိုင်းဒိတ်ရှိုးကို ကြည့်တဲ့သူတွေ အများကြီးရှိနေပြီတဲ့လေ ! ! ! !

ရုပ်သံဌာနလည်း ရှိုးအပေါ် သူတို့နှစ်သက်သဘောကျကြောင်း ဖော်ပြထားတဲ့ ကြည့်ရှုသူပရိသတ်တွေဆီမှ ပေးစာများစွာ လက်ခံရရှိထားသလို ရှိုးအတွက် စာရင်းပေးသွင်းလိုသူတွေ ပိုလို့တောင်များလာသေးသည်... တီဗွီပရိုမိုးရှင်းပြီးတဲ့နောက် ချုံကျိုးကျွန်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ ပိုမိုများပြားလာခဲ့သည်။

သူတို့က ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူလေးတွေ၊ အုန်းတောနှင့် ကမ်းခြေ၊ ပုလဲလက်မှုခြံ၊ ပုလဲမင်္ဂလာဝတ်စုံတွေကို ကြည့်ချင်နေကြသလို ရှိုးမှာ ဧည့်သည်တွေစားသောက်ကြတဲ့ သစ်သီးလက်ဖက်ရည်နှင့် စားကောင်းသောက်ဖွယ်အမျိုးမျိုးကိုလည်း မြည်းကြည့်ချင်ကြသည်...

"တီဗီစီးရီးတွေကို မိတ်ဆက်ဖို့အတွက် ငါတို့မှာ ရန်ပုံငွေရှိပြီဟေ့!"

ဝင်ငွေရပြီးနောက် ချုံကျိုးကျွန်းရုပ်သံဌာနက ဟောင်ကောင်တီဗီဇာတ်လမ်းတွဲတစ်ကားနှင့် ပြည်မကြီးက တီဗီဒရာမာတစ်ကားကို မိတ်ဆက်ပေးခဲ့သည်။ သူတို့မှာ ဇာတ်လမ်းတွဲတွေအများကြီးမရှိသေးတာကြောင့် ထပ်ခါထပ်ခါပြန်ပြနေရုံသာ။

ဒါရိုက်တာဝူ စိတ်လှုပ်ရှားနေလျက်။ နောက်ဆုံးတော့ သူတို့ရုပ်သံဌာနက အခြေအနေကောင်းလာပြီလေ။ နေ့တိုင်း ကြည့်ရှုသူတွေ တိုးသထက်တိုးလာနေပြီး ရုပ်သံဌာနမှ ဝန်ထမ်းတွေလည်း ယခင်ကထက် ပိုမိုစိတ်အားထက်သန်လာကြလေပြီ။

ratingတွေ ပိုမြင့်လာသလို သူတို့ရဲ့ ဘောနပ်စ်တွေလည်း တိုးလာတာကိုး...

"ငါတို့ ဥက္ကဌချင်းကို ကျေးဇူးတင်ရမယ်ကွာ။ သူမသာ ငါတို့ရုပ်သံဌာနအတွက် ဒီလိုအကြံကောင်းမျိုးမပေးခဲ့ဘူးဆိုရင်၊ ငါတို့ရုပ်သံဌာန တိုးတက်ဖို့အတွက် ခိုင်ခိုင်မာမာထောက်ခံမပေးခဲ့ဘူးဆိုရင်၊ ငါတို့ရုပ်သံဌာနဟာ ဒီနေ့လိုနေ့ရက်မျိုး ရှိလာမှာမဟုတ်ဘူး"

"ရှိုးမှာ ငါတို့ ဥက္ကဌချင်းကို ကျေးဇူးတင်စကားပြောရမယ်ကွာ"

xxx

All Chapters