အခန်း (၃၁၈-၃၁၉)
Vol. 26 Ch. 318-319
Ch-318
"ငါတို့ ဥက္ကဌချင်းကို ကျေးဇူးတင်ရမယ်ကွာ။ သူမသာ ငါတို့ရုပ်သံဌာနအတွက် ဒီလိုအကြံကောင်းမျိုးမပေးခဲ့ဘူးဆိုရင်၊ ငါတို့ရုပ်သံဌာန တိုးတက်ဖို့အတွက် ခိုင်ခိုင်မာမာထောက်ခံမပေးခဲ့ဘူးဆိုရင်၊ ငါတို့ရုပ်သံဌာနဟာ ဒီနေ့လိုနေ့ရက်မျိုး ရှိလာမှာမဟုတ်ဘူး"
"ရှိုးမှာ ငါတို့ ဥက္ကဌချင်းကို ကျေးဇူးတင်စကားပြောရမယ်ကွာ"
ဒီဇင်ဘာလကုန်၌ ချင်းရို့ အိမ်မှာ "နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုသော ဘလိုင်းဒိတ်ရှိုးကိုကြည့်ရှုခဲ့သည်။
အနှီရှိုးရဲ့ ratingမြင့်တက်လာသလို လူတော်တော်များများက ဒီဘလိုင်းဒိတ်ရှိုးအကြောင်းကိုပဲ ဆွေးနွေးနေကြသည်။
နောက်ပြီးတော့ ဒီအောင်သွယ်တော်ဘလိုင်းဒိတ်ရှိုး အစီအစဉ်က စုံတွဲပေါင်းမြောက်မြားစွာကို ဖန်တီးပေးခဲ့တယ်လေ။
TV ရှိ "နှလုံးသားချင်းချိတ်ဆက်ကြမယ်"အစီအစဥ်ရဲ့ hostက သဘောကျစွာ ပြောဆိုခဲ့လေသည်။
"ရှိုးမှာ ပါဝင်ပြီး ရွှေလက်တွဲခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံက ကျွန်မတို့ရဲ့ အောင်သွယ်တော်ချင်းရို့အား အထူးပင်ကျေးဇူးတင်ရှိကြောင်းဖော်ပြလိုပါတယ်။ ဒီရှိုးအတွက် တောင်ကျွန်းပုလဲကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ မစ္စချင်းရို့ရဲ့ အခိုင်အမာပံ့ပိုးထောက်ခံမှုမရှိခဲ့ဘူးဆိုရင် ကျွန်မတို့ရဲ့ 'နှလုံးသားချင်းချိတ်ဆက်ကြမယ်'ဆိုတဲ့အစီအစဉ်ရှိလာမှာမဟုတ်ပါဘူးရှင်။ ဒီပုလဲလည်ဆွဲကတော့ ကြင်စဦးမောင်နှံအတွက် ဥက္ကဌချင်းပေးတဲ့ ကောင်းချီးလက်ဖွဲ့ပါပဲ၊ ဒီလှပတဲ့ တောင်ကျွန်းပုလဲလေးတွေက မင်းတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်..."
…
"ဒီနေ့မှာတော့ သူမကို ချင်းဟုန်ညန်လို့ ချစ်ခင်ရင်းနှီးစွာခေါ်သွားမှာပါရှင်။ သူမက ကျွန်မတို့ရဲ့ တောင်ကျွန်းပုလဲလုပ်ငန်းရဲ့ စတင်လုပ်ဆောင်သူဖြစ်တဲ့အပြင် ကျွန်မတို့ရဲ့ 'နှလုံးသားချင်းချိတ်ဆက်ကြမယ်' အစီအစဥ် နောက်ကွယ်က အောင်သွယ်တော်ပါပဲ..."
တီဗွီရှေ့မှာထိုင်နေတဲ့ ချင်းရို့ : "…"
ဖာ့ခ်!
ဒီစာသားတွေကို ဘယ်ပါရမီရှင်ကရေးခဲ့တာလဲဟ ! !
ဒီလိုကြီး သူမနာမည်ကိုသုံးလိုက်တယ်ပေါ့လေ ? ! ! !
အဲဒီပါရမီရှင်ကို သူမ ကျေးဇူးတင်ကြောင်း သွားပြောသင့်သလား ? ! ! !
သို့သို့ရုန်ရုန်က စိတ်လှုပ်ရှားစွာဖြင့် "မား တီဗီမှာပါလာပြီ! သူတို့အားလုံးက မားကို ကျေးဇူးတင်နေကြတယ်!"
လုဝေကျယ် စိတ်ရှုပ်ထွေးစွာ မေးလာခဲ့သည်။ "သားတို့မားက အောင်သွယ်တော်လား? မားရေ မား ဘယ်တုန်းက အဲဒီဘလိုင်းဒိတ်ရှိုးမှာ ဝင်ပါလိုက်တာလဲ?"
လုဝေကျိုး ခန့်မှန်းလိုက်၏။ "ငါတို့အဖေကြောင့်ပဲပေါ့"
လုယန်က သူ့သားရဲ့ စကားတွေကိုကြားရတာ အရမ်းပျော်နေပြီး ပြုံးလျက် "မင်းတို့မားနဲ့ ပါးကလည်း ဘလိုင်းဒိတ်လုပ်ပြီး လက်ထပ်ခဲ့ကြတာလေ"
လုယန် ပြုံးနေပြီး ချင်းရို့ရဲ့ ပုခုံးကို ပွေ့ဖက်၍ "ဒါက မင်းတို့မားရဲ့ လှပတဲ့ အမှတ်တရလေးပဲ။ ပါး မင်းတို့မားနဲ့ ချိန်းတွေ့တုန်းက ဒီရှိုးထက် အများကြီး ပိုစိတ်လှုပ်ရှားစရာကောင်းတယ်လေ"
ချင်းရို့ : "... " လုံးဝမဟုတ်ခဲ့ပါဘူးနော်...
ရှင့်သားသမီးတွေရှေ့မှာ အတိတ်က ဘလိုင်းဒိတ်လုပ်တုန်းက အဖြစ်အပျက်တွေကို ရှင် တူးဆွရဲတယ်ပေါ့လေ။ ရှင်ကိုယ့်ရှင် ဘလိုင်းဒိတ်နှင့် ပတ်သက်ပြီး အရမ်းယုံကြည်မှုလွန်ကဲနေသလိုပဲနော်။
သို့သို့ ရုန်ရုန် : "ဝါး အား အား အား ! ! !"
"ပါးနဲ့ မားက အရမ်းရိုမန်တစ်ဆန်တာပဲ!"
လုယန် : "မင်းတို့မားမားက အဲဒါကို ဒီနေ့အထိ မှတ်မိနေသေးတာပဲ"
"ရဲဘော်လုယန်ရေ ရှင် မျောနေတာလားဟင်?" သူမ ဒီဘလိုင်းဒိတ်ရှိုးအကြောင်းပြောခဲ့စဥ်က ရှိုးကြည့်ရတာကြိုက်တဲ့ ပလတ်စတစ်ညီအစ်မအုပ်စုကို တွေးမိပြီး ပြောခဲ့တာပါနော်။
"မျောနေရင်လည်း မျောနေတာပေါ့ကွာ။ ကိုယ့်ကြိုးရဲ့ အစွန်းတစ်ဖက်က မင်းလက်ကို ချည်ထားသေးတာပဲလေ မဟုတ်ဘူးလား? မိန်းမရေ မင်း သေချာကိုင်ထားရမယ်နော်။ မင်းရဲ့ ရဲဘော်လုယန် မမျောသွားအောင်လို့ မင်းရဲ့ ကျန်ဘဝတစ်လျှောက်လုံး ကိုင်ထားပေးဖို့ မမေ့နဲ့ဦး"
လုယန် သူမနားရွက်နား ကပ်လာကာ တိုးတိုးလေးပြောလိုက်သည်။ "ကိုယ် ပင်လယ်ထဲမှာ မျောနေချိန်မှာလည်း မင်းအကြောင်းပဲ နေ့တိုင်းတွေးနေခဲ့တာပါကွာ"
သူ့ရဲ့ ပူပြင်းလောင်မြိုက်တဲ့ အသက်ရှုငွေ့တို့ကြောင့် ချင်းရို့ပါးတွေ နီရဲလာချေပြီ။ သူမ ဒေါသလည်းထွက်မိသလို ရယ်လည်းရယ်နေမိလျက်၊ သူမနှလုံးသားထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နေလေ၏။
"ပါးပါးက သို့သို့ ရုန်ရုန်တို့ကိုရော မလွမ်းဘူးလား?"
လုဝေကျယ် သူ့မေးစေ့ကို ထောက်လျက် "ပါးပါးရဲ့ အချစ်ဆုံးဖက်ထုပ်လေးကိုရော မလွမ်းဘူးလားဟင်?"
လုဝေကျိုး : "... " သူ ဘာပြောရမှန်းမသိတော့လို့ ဖက်ထုပ်သာစားနေတော့သည်။
"အိမ်ပြန်ပြီးတော့ မင်းတို့မားမားဘေးမှာထိုင်ပြီး မင်းတို့လေးတွေ ဖက်ထုပ်စားတာကို ကြည့်နေမယ်လေ အိုကေလား?"
"ဟုတ် ဟုတ် အဆင်ပြေပါတယ်" ရုန်ရုန်က ခေါင်းငုံ့၍ ဖက်ထုပ်တစ်ခုကိုစားလိုက်ပြီးမှ မေးလိုက်ပြန်သည်။
"မားမားကရော? မားမားရော ပါးပါးကို လွမ်းလားဟင်?"
ရုန်ရုန်က ချင်းရို့ ပြန်ဖြေတာကို မစောင့်တော့ဘဲ သူမဘာသာ ပြန်ဖြေလိုက်လေ၏။
"မေ့လိုက်တော့၊ မားက ပါးကို အမြဲလွမ်းနေတာပဲဟာ။ မားက ပါးဓာတ်ပုံတွေကို တိတ်တိတ်ကလေးကြည့်ကြည့်နေတာ ရုန်ရုန် ခဏခဏတွေ့ဖူးတယ်..."
ချင်းရို့ ဒေါသထွက်လေပြီ။ သူမ ခေါင်းလှည့်ကာ လုယန်ရဲ့ မျက်နှာချောချောလေးကို ဆွဲဆိတ်၍ မကျေမနပ်ဖြင့် "ရှင်သင်ပေးထားတဲ့ ကလေးတွေကို ကြည့်စမ်း!"
"မင်းအိမ်မှာ ကိုယ့်ဓာတ်ပုံတွေကို တိတ်တိတ်လေးကြည့်နေတာလား? မင်း အခု ဓာတ်ပုံတွေကြည့်စရာမလိုတော့ပါဘူးကွာ။ ကိုယ့်ကို ပိုကြည့်လေ"
"ဝေးဝေးသွားလိုက်တော့၊ ရှင့်ကို မကြည့်ချင်ဘူး"
"ဟိုဘက်အိမ်က ကျန်းရိချောင် သူ့ကျောင်းကပြန်လာတဲ့အခါ ကိုယ်တို့အတွက် ဗီဒီယိုရိုက်ခိုင်းလိုက်ကြရင်ရော? ဒါဆို မင်း ဓာတ်ပုံလည်းကြည့်လို့ရ၊ ဗီဒီယိုတိပ်ခွေတွေကိုပါ ကြည့်လို့ရတာပေါ့"
…
"နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုတဲ့ ပရိုဂရမ်အဖွဲ့ရဲ့ အလုပ်ကတော့ မပြီးသေးပါချေ။ ဒီအစီအစဉ်ရဲ့ ကျော်ကြားမှုမှာ ပိုကြီးသထက်ကြီးလာခဲ့သည်။ မိသားစုခြံဝင်းထဲမှာ ဘလိုင်းဒိတ်ရှိုးကြည့်ဖို့ စောင့်နေကြတဲ့ လူများစွာရှိနေလေရဲ့။
နောက်တစ်နေ့တွင် သူတို့ အားပါးတရ ဆွေးနွေးကြလေပြီ...
"ယောက်မချင်းက အောင်သွယ်တော်လား?"
"ဟုတ်တာပဲလေ၊ သူမနဲ့ အရာရှိလုတို့က စုံတွဲတွေအများကြီး အတူတူရှိနိုင်အောင် ကူညီပေးခဲ့ကြတာလေ။ လောင်ဝမ်ဆို သူ့အိမ်ထောင်ရေးအတွက် သူတို့ကို ကျေးဇူးတင်ရမယ်ဆိုပြီး ပြောခဲ့တာပဲ"
"အရင်က လောင်ကျောက်လည်း အဲလိုပြောဖူးတယ်တော်"
…
မိသားစုခြံဝင်းမှာ လတ်တလောဆွေးနွေးနေကြတာကို ထည့်မပြောနဲ့ဦး၊ စစ်သားတစ်ယောက်က သူမဆီရောက်ချလာကာ သူ့ကိုယ်သူ ထောက်ခံချက်ပေးလာခဲ့လေသည်။
"မရီးချင်းရေ ကျွန်တော့်ကိုလေ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလို့ရမလားဗျ?"
"ကျွန်တော်လည်း ဘလိုင်းဒိတ်ရှိုး သွားချင်လို့ပါ!"
…
ချင်းရို့ : "…"
ကယ်ကြပါ ကယ်ကြပါဦး!
သူမ တကယ်ပဲ ဘယ်သူနဲ့မှ မိတ်မဆက်ပေးဖူးပါဘူးလို့ ! ! ! !
...
"ငါ ရှုံးသွားပြီ"
ချုံကျိုးကျွန်းရုပ်သံလိုင်းရဲ့ ဘလိုင်းဒိတ်ရှိုးအစီအစဉ်မှာ ရေပန်းစားနေကာ ဘေးအိမ်က ကျန်းချန်ပေ့တို့စုံတွဲလည်း ဒီရှိုးကို ကြည့်ရှုခဲ့သည်။
ယခုတော့ အနှီဘလိုင်းဒိတ်ရှိုးဟာ ဘေးအိမ်က ရှောင်ချင်းရဲ့ စိတ်ကူးဖြစ်နေတာကို သူသိလိုက်ချေပြီ။
"ရှင်က ဘာရှုံးလို့လဲ?"
"ဒီနှလုံးသားချင်းချိတ်ဆက်ကြမယ် ဘလိုင်းဒိတ်ရှိုးအစီအစဉ်က ရှောင်ချင်းအကြံတဲ့လေ။ အဲဒီနှစ်မှာ အဖွဲ့အစည်းက သူမနဲ့ လောင်လုတို့ကို တွဲဖက်ပေးခဲ့လို့ ဘလိုင်းဒိတ်လုပ်ပြီး လက်ထပ်ခဲ့ကြတာဆိုတော့ သူမ အဲဒီအချိန်တွေကို အမှတ်တရအဖြစ် ပြောခဲ့တာဖြစ်မယ်..."
ကျန်းချန်ပေ့ လေသံမှာ ချဥ်စူးနေလျက်။ သူနှင့် ဆရာမဟွမ်ကလည်း ဘလိုင်းဒိတ်လုပ်ခဲ့ကြတယ်ဆိုပေမယ့် သူတို့လက်မထပ်မီ နှစ်ဝက်ကြာ ချိန်းတွေ့ခဲ့ကြသေးသည်လေ။
ဟိုဘက်အိမ်က ရှောင်လုနဲ့ သူ့မိန်းမကတော့ လက်ထပ်တာ ဘယ်လောက်မြန်လိုက်သလဲ? ဒုတိယအကြိမ်တွေ့တဲ့အချိန်က လက်ထပ်တဲ့အချိန်တဲ့လေ။ သူတို့အိမ်ထောင်ရေးဟာ ကောင်းကင်ဘုံက ချီးမြှင့်ပေးခဲ့တာပဲ၊ ကောင်းကင်ဘုံက စုံမက်ပေးတယ်လို့တောင် ပြောလို့ရတာပဲကွာ။
အခုလည်း သူတို့ရဲ့ ရင်ခုန်စရာအတိတ်နေ့ရက်တွေကို ပြန်သတိရဖို့အတွက် ဘလိုင်းဒိတ်ရှိုးကိုပါ ဖန်တီးခဲ့ကြသတဲ့။
"အဲဒီတုန်းက ကျွန်မတို့လည်း ဘလိုင်းဒိတ်လုပ်ပြီး လက်ထပ်ခဲ့ကြတာပဲလေ။ အရင်တုန်းက လူတော်တော်များများက ဘလိုင်းဒိတ်လုပ်ပြီး လက်ထပ်ခဲ့ကြတာပဲလေ မဟုတ်ဘူးလား?"
"အခုတော့ လွတ်လပ်စွာချစ်ကြတာ၊ လွတ်လပ်မှုကိုရှာဖွေတာ ခေတ်စားနေပြီလေ"
"ဘလိုင်းဒိတ်လုပ်ရင် လွတ်လွတ်လပ်လပ် ချစ်လို့မရလို့လား? ရှိုးမှာပါတဲ့လူတွေတော့ တော်တော်လေး လွတ်လပ်ကြတယ်လို့ ကျွန်မထင်တာပဲ။ သူတို့ တစ်ယောက်ယောက်ကိုကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပဲလေ..."
"သွင်းသွင်းရေ" ကျန်းချန်ပေ့က သူ့သားကို ခေါ်လိုက်ပြီး "မင်း နောင်မှာ ဘလိုင်းဒိတ်ရှိုးကို သွားသင့်တယ်နော်။ ဒါမှ မင်းပါးပါးက မင်းကို TVထဲမှာ မြင်နိုင်မှာ"
"ပါး ကောကို ဘလိုင်းဒိတ်လုပ်ခိုင်းလိုက်လေဗျာ။ ဘာလို့ သားကို လာပြောနေတာလဲလို့?"
အမှန်ပဲ။
ကျန်းချန်ပေ့ ဘေးအိမ်က ညီအစ်မချောချောလေးနှစ်ယောက်နှင့် လောင်ဝမ်ရဲ့ သမီးချောလေးတစ်ယောက်ကို သတိရသွားလေပြီ။
ငါ့သားက မိသားစုခြံဝင်းမှာ လက်တွဲဖော်ရှာတွေ့ပြီးသားဖြစ်နိုင်တာပဲလေ။
"ငါတို့မိသားစုရဲ့ ခြံဝင်းထဲမှာ သက်တူရွယ်တူမိန်းကလေးတွေ အများကြီးရှိတာပဲ။ ငါတို့ကလေးတွေ ဘလိုင်းဒိတ်လုပ်ဖို့လိုမယ်မထင်ဘူး၊ သူ့ကစားဖော်တွေထဲက လက်တွဲဖော်တစ်ယောက်ကို တိုက်ရိုက်ရှာလို့ရတာပဲလေ"
လောင်လုမိသားစုရဲ့ သမီးနဲ့ လက်ထပ်နိုင်ရင်တော့ သူ သေအောင် ရယ်မောနိုင်ပြီဟေ့။
မင်္ဂလာဆောင်မယ့်နေ့မှာ ဟိုဘက်အိမ်က လောင်လုငိုနေရလိမ့်မယ်။ သူ့သားက သူ့ရဲ့အဖိုးတန်သမီးလေးကို လက်ထပ်လိုက်မှာလေ။
ဒါဆိုရင် သူနိုင်သွားပြီပဲ! အကြီးစားနိုင်ပွဲပဲဟေ့!
သွင်းသွင်းအတွက် ဘေးအိမ်က သို့ရုန်ညီအစ်မနှစ်ယောက်ဟာ အသင့်တော်ဆုံးပဲ။ ရိချောင်က အသက်ကြီးလွန်းနေသလို စန်းယိုကလည်း ငယ်လွန်းနေပြီး သွင်းသွင်းကတော့ သို့ရုန်ညီအစ်မထက် ၃၊ ၄နှစ်သာ ပိုကြီးသည်လေ။
အိမ်ထောင်ပြုတဲ့အခါ ယောက်ျားလေးက မိန်းကလေးထက် အသက်ပိုကြီးတာ ပိုကောင်းလေရဲ့။ တစ်နည်းဆိုရသော် နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် တရားဝင်လက်ထပ်ထိမ်းမြားတဲ့ အသက်မှာ ယောက်ျားလေးတွေက မိန်းကလေးတွေထက် နှစ်နှစ်ပိုကြီးလို့ရပေသည်။ ဘလိုင်းဒိတ်ရှိုးမှာလည်း အသက်ပိုကြီးတဲ့ယောကျ်ားတွေက ပိုပြီးဂရုစိုက်တတ်တယ်လို့ ပြောနေတာပဲလေ။
ဥပမာပြောရရင် လျိုထျောင့်ထျောင့်နှင့် သူ့သား သွင်းသွင်းက မွေးတာရက်နည်းနည်းပဲကွာတော့ သိပ်မသင့်လျော်ဘူးပေါ့။
ကျန်းသွင်းသွင်းက သူ့ကစားဖော်ကစားဖက် လျိုထျောင့်ထျောင့်ကို တွေးတောမိကာ ခဏတာတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူ့ခေါင်းကိုမော့၍ စိတ်ရင်းမှန်ဖြင့်ပြောလိုက်လေ၏။
"ပါးပါး ယုန်တွေက အသိုက်နားက မြက်ကိုမစားဘူးလေ"
ဘယ်သူကမှ လျိုထျောင့်ထျောင့်ကို လက်ထပ်မှာ မဟုတ်ပါဘူးနော်။
သူ့အဖေက အနာဂတ်မှာ သူ့ကို လျိုထျောင့်ထျောင့်နဲ့ လက်ထပ်စေချင်တာလား?
xxx
Ch-319
ကျန်းသွင်းသွင်းက သူ့ကစားဖော်ကစားဖက် လျိုထျောင့်ထျောင့်ကို တွေးတောမိကာ ခဏတာတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူ့ခေါင်းကိုမော့၍ စိတ်ရင်းမှန်ဖြင့်ပြောလိုက်လေ၏။
"ပါးပါး ယုန်တွေက အသိုက်နားက မြက်ကိုမစားဘူးလေ"
ဘယ်သူကမှ လျိုထျောင့်ထျောင့်ကို လက်ထပ်မှာ မဟုတ်ပါဘူးနော်။
သူ့အဖေက အနာဂတ်မှာ သူ့ကို လျိုထျောင့်ထျောင့်နဲ့ လက်ထပ်စေချင်တာလား?
ကျန်းသွင်းသွင်းသည် သူ့အဖေက လျိုထျောင့်ထျောင့်ကို ဘယ်လောက်နှစ်သက်ကြောင်း တွေးမိသွားကာ ထိတ်လန့်သွားရ၏။ လျိုထျောင့်ထျောင့်က ဒီမိသားစုခြံဝင်းထဲမှာ သူ့ရဲ့ သက်တူရွယ်တူ ကစားဖော်လေ၊ သူတို့က ရက်အနည်းငယ်ပဲကွာပြီး မွေးဖွားလာကြတာ။
ကျန်းချန်ပေ့ : "..." မင်း,ဒီကလေးကတော့... ယုန်တွေက အသိုက်နားက မြက်ကိုမစားဘူးဆိုတာ သိနေတာပဲဟ။
မေ့လိုက်တော့၊ ယုန်တွေက အသိုက်နားက မြက်ကိုမစားဘူးဆိုတာလည်း ကောင်းတာပဲလေ။
ဒီကမ္ဘာမှာ ငယ်ရည်းစားတွေ ဘယ်နှစ်ယောက်ရှိလို့လဲ?
လီချင့်ဟွားတို့မိသားစုလည်း "နှလုံးသားချင်းချိတ်ဆက်ကြမယ်"ဆိုတဲ့ ဘလိုင်းဒိတ်ရှိုးရဲ့ အမာခံပရိသတ်ပင်။ သူတို့မိသားစုမှာ ရှိုးကြည့်ရတာ ကြိုက်တဲ့သူက လီချင့်ဟွားမဟုတ်ဘဲ သားကြီး လျိုယွဲ့ပင်။
သူက ဒီအမျိုးသားနဲ့ အမျိုးသမီးကြားက အချစ်ဝတ္ထုတွေကို ဖတ်ရတာ သဘောကျပြီး သူအရင်က ရေးခဲ့တဲ့ဇာတ်လမ်းတွေဟာလည်း အရမ်း... အင်း... ရှုပ်ထွေးလွန်းတယ်!
လျိုထျောင့်ထျောင့်က သူ့အမေကို ပြောလိုက်၏။
"မား နောင်ကျ ကောကောက ဘလိုင်းဒိတ်လုပ်ဖို့ ပြင်ဆင်နေတာလားဟင်?"
လီချင့်ဟွား : "ဘယ်သူသိမလဲ?"
ဟွားဟွားမားမားကတော့ စိတ်မဝင်စားချေ။
လျိုယွဲ့ : "ထျောင့်ထျောင့်ရေ ဒီလိုဘလိုင်းဒိတ်ရှိုးကိုသွားဖို့လိုတာ နင်ပဲ"
"သမီးက လိုလို့လား?" လျိုထျောင့်ထျောင့်က ဒီမိသားစုခြံဝင်းထဲမှာ လုညီအစ်ကို၊ လုညီအစ်ကိုနဲ့အတူတူ ဘတ်စကတ်ဘောကစားကြတဲ့ ကောင်လေးတွေလိုမျိုး ထူးချွန်တဲ့ကောင်လေးတွေအများကြီးရှိတာပဲလို့ တွေးနေမိသည်။ အဆိုးဆုံးဆိုရင်တော့ သူမရဲ့ အကောင်းဆုံးသူငယ်ချင်း ကျန်းသွင်းသွင်းရှိတာပဲလေနော်။
ကလေးတွေရဲ့ အဖေ လျိုခိုင်က ပြောလေသည်။ "မင်းတို့နှစ်ယောက်စလုံး လိုအပ်တယ်ကွ။ မင်းတို့မားနဲ့ ငါလည်း ဘလိုင်းဒိတ်လုပ်ရင်း တွေ့ခဲ့တာပဲလေ"
လီချင့်ဟွား : "ကျွန်မတို့ကလေးတွေအတွက် သူတို့အရွယ်နဲ့ မတိမ်းမယိမ်းရှိတဲ့ လက်တွဲဖော်ပဲ ရှာပေးကြတာပေါ့"
လျိုခိုင် : "???!!"
"ကိုယ်က မင်းထက် ၁၀နှစ်ကြီးတယ်ဆိုတဲ့အချက်ကို မင်းက မကြိုက်ဘူးလား?"
"အသက်ကြီးတာ ဘာမှားလို့လဲ? မင်းမြင်တဲ့အတိုင်းပဲ၊ အသက်ကြီးတဲ့သူတွေက လူတွေကို ပိုဂရုစိုက်တတ်တယ်လို့ ဘလိုင်းဒိတ်ရှိုးမှာ ပြောကြတာပဲကွာ"
"ငါတို့ထျောင့်ထျောင့်လေးအတွက် သူမထက်အသက်ကြီးတဲ့သူကိုရှာပေးရအောင်လေ"
ချင်းရို့က ပရိုဂရမ်ထဲမှာ သူမနာမည်ကိုဖော်ပြပြီး သူမအား ကျေးဇူးတင်ကြောင်းပြောကြသည့်အပြင် ပရိုဂရမ်အဖွဲ့က ပုလဲလက်မှုခြံအနီးအနားမှာ စပရိုက်ကြီးကြီးတစ်ခုပါ ပြင်ဆင်ထားလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
အောင်သွယ်တော်ရုပ်ထုတစ်ခု...
...
၁၉၈၄ခုနှစ် ဇန်နဝါရီလ၌ ချင်းရို့မှာ ဟုန်ညန်ဆိုတဲ့ ပုံရိပ်ကို မဖယ်ရှားနိုင်သေးပါချေ။ လူနာပြက္ခဒိန် ပထမလမတိုင်မီ လုယန်က နှစ်ကုန်အားလပ်ရက် ယူလိုက်သည်။ ဒီနှစ်မှာတော့ သူတို့မိသားစုက ကွမ်ချန်မှာ နှစ်သစ်ကူးဖို့ ဆုံးဖြတ်ထားခဲ့သည်။ သူတို့ ကွမ်ချန်မှာ ဝယ်ထားတဲ့အိမ်ကို အလှဆင်ပြုပြင်ပြီးပြီဖြစ်သည်လေ။
အိမ်အသစ်ဖြစ်တာမို့ မီးလိုအပ်သလို တစ်မိသားစုလုံး အိမ်အသစ်ဆီသွားချင်ကြပြီး နှစ်သစ်ကူးလိုကြသည်။ အိမ်အသစ်ဆောက်ပြီးလို့ ပထမနှစ်မှာ အိမ်ပိုင်ရှင်မရှိရင် မသန့်ရှင်းတဲ့အရာတွေ ဝင်လာတတ်တယ်ဆိုတဲ့ အစဉ်အလာရှိတာကြောင့် အိမ်သစ်မှာ နှစ်သစ်ကူးကြမည်ဖြစ်ပြီး ဒီအိမ်ပိုင်ရှင်ရှိကြောင်း မသန့်ရှင်းတဲ့အရာတွေကို ပြောပြရမည်ဖြစ်သည်။ အိမ်ထဲဝင်လာပြီး လာမနေကြနဲ့!
မိသားစုက သူတို့ခရီးဆောင်အိတ်တွေကိုယူကာ ရွှီချန်သို့ သင်္ဘောစီးခဲ့ကြသည်။ ကုချန်နှင့် ချူကောလည်း သူတို့နဲ့အတူတူလိုက်လာကြ၏။ သူတို့က ဒီနှစ်မှာ လက်ထပ်ပြီးခါစဖြစ်သလို အားလပ်ရက်အချိန်တိုတောင်းတာကြောင့် မြောက်ပိုင်းကိုမပြန်ဖြစ်တော့။ ထိုအစား နှစ်ဖက်မိဘတွေကပဲ ကွမ်ချန်ကို လာခဲ့ကြသည်ပင်။
ကွမ်ချန်ရဲ့ ဆောင်းရာသီဟာ မအေး၍ လူကြီးတွေအတွက် သင့်တော်လှသည်။ ထို့အပြင် မိသားစုကလည်း ကွမ်ချန်ရဲ့ ချမ်းသာကြွယ်ဝမှုနှင့် ပျားပန်းခတ်လှုပ်ရှားနေတာတွေကို မြင်ချင်သည်ကြောင့် မိသားစုနှစ်စုလုံးက ကွမ်ချန်မှာပဲ မင်္ဂလာပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်မှ ချုံကျိုးကျွန်းသို့ သွားရောက်လည်ပတ်ကြမည်ဖြစ်သည်။
သို့သို့နှင့် ရုန်ရုန်က ကျွန်းမှထွက်ခွာတော့မယ့်အကြောင်း သိလိုက်ရသည်နှင့် အရမ်းစိတ်လှုပ်ရှားနေကြကာ လိပ်ပြာလေးနှစ်ကောင်လိုမျိုး သူတို့မိဘတွေအနားမှာ ပြေးလွှားနေရင်း
"ပါးပါးမားမား မီးမီးတို့ တရုတ်နှစ်သစ်ကူးအတွက် ကွမ်ချန်ကို သွားကြမှာပေါ့နော်!"
ညီအစ်မနှစ်ယောက်အတွက် ကျွန်းမှထွက်ခွာရသည်မှာ ရှားရှားပါးပါးအခွင့်အရေးဖြစ်တာကြောင့် သူတို့ အရမ်းစိတ်လှုပ်ရှားနေကြသည်။
တစ်ဖက်တွင်မူ ကျိုးကျိုးနှင့် ဖက်ထုပ်လေးက အီကြာကွေးနှစ်ချောင်းလိုပူးကပ်နေကာ သူတို့ညီမလေးတွေလောက် စိတ်လှုပ်ရှားနေခြင်းမရှိပေ။
ညီအစ်ကိုနှစ်ယောက် အချင်းချင်းပုခုံးဖက်ထားကြလျက်။
သို့သို့က စပ်စပ်စုစုမေးမြန်းလိုက်၏။
"မားမား မီးမီးတို့ တရုတ်နှစ်သစ်ကူးအတွက် ကျောင်းသောင်ကို ဘယ်တော့သွားမှာလဲဟင်?"
"နှင်းကြည့်မယ်!"
"မွေးရပ်မြေမှာ နှင်းတွေကျနေပြီ!"
သို့သို့နှင့် ရုန်ရုန်တို့က နှင်းတွေကို တစ်ခါမှမမြင်ဖူးသေးတဲ့ တောင်ပိုင်းမိန်းကလေးတွေဖြစ်တာကြောင့် သူတို့ နှင်းပွင့်တွေကို တောင့်တနေကြသည်မှာ သဘာဝကျလေ၏။
"နောင်နှစ်တွေလည်း တရုတ်နှစ်သစ်ကူးဖို့ ကျောင်းသောင်ပဲ သွားကြမယ်နော်"
လက်ထပ်မှတ်ပုံတင်ပြီးတဲ့ ကြင်စဦးဇနီးမောင်နှံ ကုချန်နှင့်ချူကောတို့ဟာ သူတို့မိသားစုဘေးမှာရပ်နေရင်း သင်္ဘောစောင့်နေကြသည်။ ဒီနေ့ ကုချန်က အနက်ရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ဘယ်သူ့ကိုမှမကြိုက်ဘူးဆိုတဲ့ အေးတိအေးစက်မျက်နှာထားရှိနေလျက်။
စကားလုံးတစ်လုံးတည်းနဲ့ပြောရရင်တော့ "မိုက်တယ်"ပေါ့လေ။
ချူကောကတော့ သူ့ရဲ့ ဒီလိုအသွင်အပြင်ကို နှစ်သက်လေရဲ့။
ကုချန်က ချုကောကို အသံတိုးတိုးဖြင့် ပြောလိုက်ပြီး မျက်မှောင်ကြုတ်နေမိသည်။ လုယန်တို့စုံတွဲမှာ နောက်လိုက်သေးသေးလေးတွေရှိနေပေမယ့် လုယန်ထက် တစ်နှစ်ပဲငယ်တဲ့ သူကတော့ အခုမှအိမ်ထောင်ပြုခါစဖြစ်နေတာပဲ။
"သို့သို့နဲ့ ရုန်ရုန်က အရမ်းချစ်စရာကောင်းလိုက်တာ။ အနာဂတ်မှာ သမီးလေးတစ်ယောက်မွေးကြရအောင်လေ" ကုချန် ချူကောကို ပြောလိုက်၏။
ချူကော ရှက်ရွံ့စွာဖြင့် "နောက်မှပြောကြမယ်လေ"
သို့သို့ ခေါင်းလေးစောင်းငဲ့ကာ ချူကောခြေထောက်ကြားကနေ ခေါင်းလေး ထွက်လာပြီး "ဦးဦးကု သို့သို့က ချစ်ဖို့ကောင်းတယ်လို့ ထင်တယ်ဟုတ်?"
တစ်ဖက်မှ ရုန်ရုန် ခေါင်းလေးလည်း ထွက်လာကာ "ဦးဦးကု ရုန်ရုန်က ပိုချစ်စရာကောင်းလား? ဒါမှမဟုတ် သို့သို့က ပိုချစ်စရာကောင်းလား?"
ကုချန် : "…"
အနာဂတ်မှာ သမီးတစ်ယောက်ပဲရှိတာပိုကောင်းမယ်။ သမီးနှစ်ယောက်နဲ့ဆို ကိုင်တွယ်ရခက်ခဲမှာပဲ။
ချူကော ပါးစပ်ကိုအုပ်ကာ ခပ်သောသောရယ်လိုက်၏။
"လုယန်!" ကုချန်က ကလေးတွေရဲ့အဖေကို ခေါ်လိုက်သည်။
လုယန် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ သူ့ပုခုံးကိုပုတ်၍ "လုကောလို့ခေါ်စမ်း"
"မင်းရဲ့သမီးတွေက မင်းကိုမေးနေကြတယ်၊ ဘယ်သူကပိုချစ်စရာကောင်းလဲတဲ့? သို့သို့လား? ရုန်ရုန်လား?" ကုချန် ကျီစယ်ဟန်ဖြင့်မေးလိုက်သည်။ ဒီလိုခက်ခဲတဲ့မေးခွန်းမျိုးကို ကလေးတွေရဲ့အဖေကပဲ ဖြေရှင်းသင့်တာပေါ့...
လုယန် မျက်ခုံးပင့်လိုက်ပြီး
"သို့သို့ ရုန်ရုန် သမီးတို့ဘယ်လိုထင်လဲ?"
"ဒါပေါ့ မားမားက ချစ်စရာအကောင်းဆုံးပဲ!"
ချင်းရို့ ကလေးတွေကို ပွေ့ဖက်ကာ "မီးတို့မားမားက ချစ်စရာကောင်းတာမဟုတ်ပါဘူးနော်။ မားမားချောချောလေးလို့ခေါ်ကြ"
"မားမားက ချစ်စရာကောင်းတာ။ သို့သို့ကလှတာ"
"ရုန်ရုန်က လှတာ!"
သူတို့ သင်္ဘောပေါ်တက်ကာ အရင်ဆုံး ရွှီချန်သို့ သင်္ဘောစီးပြီး နောက်မှ ကွမ်ချန်သို့ ရထားစီးသွားခဲ့ကြသည်။ ရထားပေါ်ကဆင်းပြီးနောက် လူတိုင်း မောပန်းနေကြလေပြီ။ လုယန်တို့ဇနီးမောင်နှံက ကလေးတွေနှင့် ကုချန်တို့စုံတွဲကိုခေါ်ပြီး အနားယူရန် လွီချင်းရဲ့ လက်ဖက်ရည်ဆိုင်သို့ သွားလိုက်ကြသည်။
ကုချန်ရဲ့ မိဘတွေလည်း အဲဒီနေရာမှာရှိနေကြသည်။
နှစ်အတော်ကြာဖွံ့ဖြိုးတိုးတက်လာပြီးနောက် တတိယခဲအို လွီချင်းရဲ့ လက်ဖက်ရည်ဆိုင်ဟာ လမ်းဘေးဆိုင်ငယ်လေးမဟုတ်တော့။ သူက နှစ်ထပ်စားသောက်ဆိုင်ငယ်လေးကိုဝယ်လိုက်ကာ လက်ဖက်ရည်ဆိုင်ဖွင့်လိုက်ခြင်းပင်။
ဒုတိယထပ်၌ တည်းခိုလို့ရသော အခန်းများစွာရှိသဖြင့် ကုချန်မိဘတွေသာမက လုယန်မိဘတွေလည်း အဲဒီမှာနေနေကြသည်။
၄င်းမှာ လောင်လုတို့ဇနီးမောင်နှံအတွက် အကောင်းဆုံးအိမ်ပင်။ သူတို့က စားသောက်ဆိုင်မှာပဲနေပြီး နေ့တိုင်းစားသောက်တယ်၊ မနက်ဆို လမ်းတစ်ပတ်လျှောက်တယ်၊ ပြီးရင် TVကြည့်ဖို့ပြန်လာကြတယ်၊ တခါတလေ ငါးသွားမျှားကြတယ်၊ ပုစွန်ဖမ်းကြတယ်၊ ကမ်းစပ်မှာ ယာဂုသောက်ကြတယ်။
အရမ်းကိုသက်တောင့်သက်သာရှိတဲ့ဘဝလေးပဲပေါ့။
ကွမ်ချန်ရဲ့ ဆောင်းရာသီမှာ မအေး၍ မနက်ပိုင်းနဲ့ ညပိုင်းမှာပဲ အဝတ်ထူထူဝတ်ကြသည်။ နေထွက်လာသည့်အခါ တက်ကြွတဲ့လူငယ်တချို့ဆို နွေရာသီရောက်နေသည့်အလား သူတို့ကုတ်အင်္ကျီတွေကို ချွတ်ပစ်လိုက်ကြပြီး လက်တိုအင်္ကျီသာ ဝတ်ထားတတ်ကြသည်။
တချို့က ချည်ထည်အင်္ကျီတွေကို ဝတ်ဆင်ကြပြီး တချို့ကတော့ ရှပ်အင်္ကျီလက်တိုဝတ်ကြသည်။ ကြည့်ရတာ ပရမ်းပတာဖြစ်နေတဲ့ရာသီဥတုပဲ။
"သားငယ်နဲ့ သူ့မိန်းမ ရောက်ပြီပဲ!"
"ဖိုးဖိုး! ဖွားဖွား!" သို့သို့နှင့် ရုန်ရုန်က သူတို့ရဲ့ အဖိုးနဲ့အဖွားကို မြင်တဲ့အခါ ချက်ချင်းပင် တက်တက်ကြွကြွ အော်ခေါ်ကြတော့သည်။
"အိုး ငါ့ရဲ့မြေးအလိမ္မာလေးတွေ ရောက်လာပြီပဲ၊ ကျိုးကျိုးနဲ့ ဖက်ထုပ်လေးက အရပ်ထပ်ရှည်လာတာပဲ..."
"လာကြ လာကြ ကလေးတို့ ဖိုးဖိုးကုကို လာနှုတ်ဆက်ကြ" လုကျုံးရီက သူ့မြေးမလေးနှစ်ယောက်ရဲ့ ပုခုံးကိုကိုင်ကာ သူ့မြေးတွေအားလုံးကို ကုချန်အဖေ လောင်ကုနဲ့ မိတ်ဆက်ပေးခဲ့သည်။
"မင်္ဂလာပါ ဖိုးဖိုးကု!" ကလေးလေးတွေအားလုံး အတူတူ နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါကွယ်၊ မင်္ဂလာပါ"
လောင်ကုက တခြားမိသားစုရဲ့ မြေးနှစ်ယောက်၊ မြေးမလေးနှစ်ယောက်ကို ကြည့်ကာ အားကျမိသလို စိတ်အားငယ်မိပြီး အနည်းငယ်မျှော်လင့်နေမိလျက်။
လုမိသားစုရဲ့ အငယ်ဆုံးသားလုယန်ဟာ သူ့သားကုချန်ထက် တစ်နှစ်သာကြီးပေမယ့် တခြားသူရဲ့သားကတော့ ၁၂နှစ်နီးပါးရှိနေပြီ။ ဒါပေမယ့် သူ့သားကရော? သူ့သားကတော့ အခုမှ အိမ်ထောင်ကျတာတဲ့ကွာ...
တခြားသူတွေနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲကွာ?
xxx