← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁)

ချိပ်ပိတ်ထားသောသေတ္တာ၊ နှစ်သက်မှုတိုးလာခြင်း

ဒုတိယနေ့၌ မုန့်ချန်ချင်း ဂူပြင်မှာရှိနေဆဲဖြစ်သည်။

လျို့ဝှက်နယ်မြေထဲပ နေ၊လ၊ကြယ်တာရာတို့မရှိ၍ အချိန်ကို ကိုယ့်ဘာသာပဲတွက်ချက်ရ၏။

ကုန်းလင်းရွယ် ဒဏ်ရာကုသနေစဥ် မုန့်ချန်ချင်း အချိန်ဖြုန်းမနေပေ။ သူ့နယ်ပယ်ကို အခြေခိုင်အောင် လုပ်နေခဲ့၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ကျင့်ကြံရာ၌ အဓိကအားဖြင့် စစ်မှန်ချီပမာဏ တိုးလာအောင် လေ့ကျင့်ရခြင်းဖြစ်သည်။

သို့ပေမယ့် အခက်အခဲနှစ်ခုရှိ၏။

တစ်ခုက အရင်းအမြစ်များစွာသုံးစွဲရတာဖြစ်ပြီး အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ထက် အများကြီးပို၏။

နောက်တစ်ခုက ဒန်ထျန်၏လျို့ဝှက်ချက်ကို နားလည်ဆင်ခြင်ရတာဖြစ်ပြီး လူတစ်ယောက်၏နာလည်နိုင်စွမ်းကို စမ်းသပ်တာဖြစ်သည်။

(ရှေ့မှာ အမြုတေလို့ရေးထားတာကို ဒန်ထျန်လို့ပြောင်းရေးပါမည်။)

ကံကောင်းစွာဖြင့် သူ့အဒေါဆီမှ ပင်ကိုယ်ပါရမီတွေရရှိပြီးနောက် သူ၏နားလည်နိုင်စွမ်းက ထိပ်တန်းရောက်လာခဲ့သည်။

သူက နားလည်နိုင်စွမ်းကြောင့် နောက်ကျနေတော့မည်မဟုတ်ပေ။

ထိုအခိုက်အခန့်၌ မုန့်ချန်ချင်း မျက်လုံးဖြည်းညင်းစွာဖွင့်လာပြီး ခန္ဓာကိုယ်ထဲရှိစီးဆင်းနေသည့်အော်ရာတွေ လုံးဝထိန်းချုပ်ပြီးသွား၏။

ဤအရာက သူ၏နယ်ပယ် အခြေခိုင်သွားပြီဟုဆိုလိုနေပြီး အဆင့်ပြန်ကျသွားမှာ စိုးရိမ်စရာမလိုတော့ပေ။

"ဒန်ထျန်က, တကယ်ထူးဆန်းတဲ့ နေရာတစ်ခုပဲ..."

အခြေခိုင်အောင်လုပ်နေစဥ်အတောအတွင်း သူ၏ကိုယ်ပိုင်ဒန်ထျန်ကိုလည်း စစ်ဆေးကြည့်ခဲ့၏။

၎င်းမှာ လည်ပတ်နေသည့်ဝဲကတော့တစ်ခုဖြစ်ပြီး နက်နဲသည့်ညကောင်းကင်ကဲ့သို့ ထူးဆန်းနက်နဲသည့်အော်ရာကို ထုတ်လွတ်နေခဲ့သည်။

တစ်လက်မစီတိုင်းက နယ်မြေအသစ်ဖြစ်ပြီး စူးစမ်းနားလည်ဖို့ အချိန်လိုအပ်၏။

"ပြောကြတာတော့ ဒန်ထျန်အပြင် ဗဟုသုတပင်လယ်လည်းရှိတယ်တဲ့။ အဲ့နေရာမှာ သက်ရှိအားလုံးရဲ့ စိတ်ဝိညာဥ်လျို့ဝှက်ချက်တွေ သိုလှောင်ထားတယ်တဲ့..."

ရှေးဟောင်းစာအုပ်တွေထဲရှိ မှတ်တမ်းအချို့ကိုပြန်စဥ်းစားပြီး မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်တောက်ပလာခဲ့သည်။

ထို့နောက် ခေါင်းခါယမ်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုချိန် သူ့အတွက် စိတ်ဝိညာဥ်နယ်ပယ်ကို စူးစမ်းဖို့က အလှမ်းဝေးသေး၏။

သူက ခုထိ ဒန်ထျန်ကိုတောင် မစူးစမ်းရသေးပေ။

လက်ရှိလမ်းကြောင်းကို အရင်ပြီးစီးအောင် လုပ်ရမည်ပင်။

"ငါ အခု ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ပြီဆိုတော့ ဒေါ်လေးပေးလိုက်တဲ့ သေတ္တာကိုဖွင့်နိုင်ပြီမလား..."

မုန့်ချန်ချင်း ထိုကိစ္စကို အမှတ်ရလိုက်၏။

သူ့ဒေါ်လေး၏နောက်ခံက သာမန်မဟုတ်ရာ သဘာဝအတိုင်း ပေးလိုက်သည့်ပစ္စည်းက သာမန်မဟုတ်နိုင်ပေ။

သို့ပေမယ့် အခြားသူကို အလွယ်တကူမပြဖို့ အသိပေးလိုက်၏။

တစ်ခဏတွေးပြီးနောက် ခုချိန်လေ့လာဖို့ လက်လျော့လိုက်၏။

စီနီယာအမကုန်းက သူ့အပေါ်မကောင်းသည့်ရည်ရွယ်ချက်မရှိသော်လည်း ရှုပ်ထွေးမှုတွေနည်းလေ ပိုကောင်းလေဖြစ်သည်။

တပ်! တပ်! တပ်!

ခြေလှမ်းသံတွေ ရုတ်တရက် သူ့နောက်မှ ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း ချက်ချင်းမတ်တပ်ရပ်ပြီး တစ်ဖက်လှည့်လိုက်သည်။

ထိုအရာက ကုန်လင်းရွယ်ပင်။

တစ်ညတာကုသပြီနောက် သူမဒဏ်ရာအများစုကုသပြီးသွားပြီး အနည်းငယ်သာကျန်တော့၏။

"ဂျူနီယာမောင်လေး, မင်းကတကယ်အလုပ်ကြိုးစားတာပဲ။ ဒီနေရာမှာ ခုချိန်ထိရှိနေသေးတယ်...."

ကုန်းလင်းရွယ် ချိုသာစွာပြုံးလိုက်သည်။

"စီနီယာအမ, မင်းစကားတွေက ပြင်းထန်လွန်းနေပါပြီ။ ဒါက ငါလုပ်သင့်တဲ့အရာပါ။ မနေ့ကလည်း မင်းငါ့ကို ကာကွယ်ပေးခဲ့တာပဲ မဟုတ်ဘူးလား။ အပြန်အလှန်ပဲပေါ့..."

မုန့်ချန်ချင်း ပြန်ပြောလိုက်သည်။

"အဲ့လိုဆိုပေမယ့်လည်း မင်းအချိန်အတော်များများကုန်သွားတယ်လေ။ ခုလက်ရှိ မင်းရဲ့ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နဲ့ဆို ပိုများပိုကောင်းတဲ့အရင်းအမြစ်တွေ ရနိုင်မှာ..."

ကုန်းလင်းရွယ် မှတ်ချက်ပြုလိုက်၏။

"လူ့ဘဝက သူ့အချိန်နဲ့သူရှိပါတယ်။ ကျွန်တော့အတွက်ရည်ရွယ်ထားတဲ့ဟာဆို လွဲချော်မှာ မဟုတ်ပါဘူး...."

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

"ဂျူနီယာမောင်လေးက အတော်အပူပင်ကင်းတာပဲ။ ခုကစပြီး ငါနင့်ကို ဆွဲမချတော့ဘူး..."

သူမ မုန့်ချန်ချင်းနှင့် နေချင်သော်လည်း ဤအရာက လျို့ဝှက်နယ်မြေဖြစ်ပြီး ချစ်ရေးချစ်ရာခံစားချက်တွေပြောနေရမည့်နေရာမဟုတ်မှန် ကုန်းလင်းရွယ်နားလည်၏။

သူတို့က အချိန်ကို အကျိုးရှိရှိအသုံးချဖို့ လိုအပ်၏။

သူမကိုခေါ်သွားခြင်းက မုန့်ချန်ချင်းအတွက် ဝန်ထုပ်ဝန်ပိုးသာဖြစ်မည်ဖြစ်သည်။

ထို့ပြင် သူမမှာလည်း ကိုယ်ပိုင်လုပ်စရာရှိသေး၏။

"လျို့ဝှက်နယ်မြေပြီးရင် ငါတို့စကားတွေအများကြီးပြောလို့ရတာပဲ..."

"ကောင်းပြီလေ..."

တစ်ခဏတွေးပြီးနောက် မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် ညာလက်ကိုဖွင့်လိုက်ရာ ကျိုးနေသည့်ကျောက်စိမ်းဆံထိုးတစ်ခုပေါ်လာ၏။

"ဒီပစ္စည်းက အမအတွက် အရေးကြီးတယ်မလား...."

ကျောက်စိမ်းဆံထိုးက မည်သည့်ထူးခြားမှုမှမရှိသော်လည်း ဤကဲ့သို့ပစ္စည်းမျိုးက အချို့လူများအတွက် တန်ဖိုးဖြတ်မရသည့် အမှတ်တရများဖြစ်လာနိုင်၏။

"ငါ ဒါကို နှစ်ပေါင်းများစွာသုံးလာတာ။ ဒါပေမယ့် အရမ်းကြီးတော့ အရေးမကြီးပါဘူး..."

ကုန်းလင်းရွယ် ခေါင်းခါယမ်းပြီး သူမသိုလှောင်လက်စွပ်ထဲမှ အသစ်တစ်ခုထုတ်ကာ ဖားလျားကျနေသည့်ဆံပင်တွေကို ဆည်းနှောင်လိုက်၏။

ထိုအခါ ချက်ချင်းပဲ ရှေးကျကျက်သရေရှိသည့် အော်ရာတစ်ခုပေးစွမ်းလာခဲ့သည်။

မုန့်ချန်ချင်း ငေးကြည့်နေမိ၏။

အသွင်အပြင်အရ စီနီယာအမကုန်းက ထိပ်တန်းဖြစ်ပြီး သူ့ဒေါ်လေး၊ ပိုင်စုရှီတို့နှင့် ယှဥ်နိုင်၏။

မုန့်ချန်ချင်း စိုက်ကြည့်နေတာမြင်သည့်အခါ ကုန်လင်းရွယ် နှုတ်ခမ်းအသာအယာကိုက်လိုက်ပြီး အနည်းငယ်ရှက်ရွံ့မှုနှင့် ပျော်ရွင်မှုကို ခံစားလိုက်ရသည်။

"နှစ်ပေါင်းများစွာသုံးခဲ့တာ..."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး ကျောက်စိမ်းဆံထိုးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ပြုံးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်, ဒီပစ္စည်းက ကျွန်တော့်ကြောင့်ကျိုးသွားတာ။ အနာဂတ်ကျရင် ပိုကောင်းတာတစ်ခုဝယ်ပေးမယ်...."

"ဒါဆို ငါမှတ်ထားလိုက်မယ်နော်...."

ကုန်းလင်းရွယ် အတော်လေး ပျော်ရွင်သွား၏။

အနည်းဆုံး ဤအရာက မုန့်ချန်ချင်း သူမကို ပေးသည့်ကတိတစ်ခုဖြစ်သည်။

သို့ပေမယ့် အရမ်းကြီးတော့မျှော်လင့်မထားပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာကျင့်ကြံရာ၌ အချို့ကိစ္စတွေက တဖြည်းဖြည်းမေ့သွားတတ်သောကြောင့်ပင်။

အထူးသဖြင့် အသေးအဖွဲ့ကိစ္စတွေဖြစ်၏။

သူမအတွက်တော့ မုန့်ချန်ချင်းရည်ရွယ်ကသာ အဓိကဖြစ်၏။

"သွားကြစို့, ကျွန်တော် အမကို နေရာအချို့ခေါ်သွားမယ်...."

"ဘယ်နေရာတွေလဲ...."

ဘုန်း...

ကြီးမားသည့်ရေခဲရုပ်ထုကြီး ပြိုလဲကျပြီး အပိုင်းပိုင်း ကွဲကျေသွားခဲ့သည်။

ထိုအရာက အဆင့် ၂ အထွတ်အထိပ်သားရဲဖြစ်ပြီး ယခုတော့ အသက်မရှိတော့ပေ။

"အမ, ယူလိုက်..."

ကျောက်စိမ်းစင်မြင့်မှပြန်လာပြီး မုန့်ချန်ချင်း အပြုံးနှင့်ပြောလိုက်သည်။

ကုန်းလင်းရွယ် ချက်ချင်းပဲ ရှေ့တက်လာပြီး စိတ်ဝိညာဥ်ဆေးကိုယူလိုက်သည်။

ပထမ၌ မုန့်ချန်ချင်းရည်ရွယ်ချက်ကို သူမနားမလည်ပေမယ့် ခဏကြာတော့ ရှင်လင်းသွားခဲ့သည်။

ထိုအရာက အခွင့်အလမ်းနေရာတွေဖြစ်၏။

အဆင့်မချိုးဖျက်ခင်၌ပင် မုန့်ချန်ချင်း ဤနေရာရှိအခွင့်လမ်းတွေကို တစ်ယောက်တည်းရင်ဆိုင်နိုင်၏။

အခုတော့ ပြောစရာကိုမလိုပေ။

သူက အလွယ်တကူပဲ ၎င်းတို့ကို ဓားတစ်ချက်နှင့် သတ်ဖြတ်ခဲ့၏။

ထို့ပြင် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ အရင်းအမြစ်အားလုံးကိုလည်း သူမကိုပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ်, ဂျူနီယာမောင်လေးမုန့်။ ဒါဆိုလုံလောက်ပါပြီ, နင်ငါ့ကို ထပ်ပေးဖို့ မလိုတော့ပါဘူး...."

ကုန်းလင်းရွယ် ရင်ထဲထိသွား၏။

အမှန်တော့ ဤနေရာရှိအခွင့်လမ်းတွေက ဂိုဏ်း၏သာမန်တပည့်တွေအတွက် ရည်ညွှန်းတာမဟုတ်ပေ။ သူမ၌ ၎င်းတို့ကိုရဖို့ ခွန်အားမရှိပေ။

သို့ပေမယ့် ယခုတော့ မုန့်ချန်ချင်းဦးဆောင်မှုဖြင့် နှစ်ခုဆက်တိုက်ရရှိခဲ့၏။

ဤနေရာတွေရှိအခွင့်လမ်းအားလုံးက အဖိုးတန်ပစ္စည်းတွေဖြစ်သည်။

ဒင်!

[နှစ်သက်မှု ကြယ်သုံးလုံးသို့ တိုးတက်သွားပါပြီ]

[ရရှိသောစွမ်းရည်- အဆင့် ၃ အမြစ်ရိုး]

စနစ်၏အသံ မုန့်ချန်ချင်းစိတ်ထဲ၌ ပဲ့တင်ထပ်လာပြီး သူ့ကို တခဏ ကြောင်သွားစေ၏။

သူက ကုန်းလင်းရွယ်ကို စိတ်သန့်သန့်ဖြင့် ပြန်ပေးဆပ်ချင်တာဖြစ်ပြီး မည်သည့်အကျိုးအမြတ်ရလိုစိတ်မှမရှိပေ။

နှစ်သက်မှု ဤလောက်ထိတိုးလာဖို့ မျှော်လင့်မထားပေ။

နှစ်သက်မှုကြယ်သုံးလုံး...

ဤအရာက မိတ်ဆွေတွေထဲ၌ သူ့ဒေါ်လေးပြီးလျှင် ဒုတိယဖြစ်သည်။

ပြန်ပေးဆပ်တာအပြင် ဤအနီဖျော့အခွင့်အလမ်းနေရာအားလုံးရှိ အရင်းအမြစ်တွေက ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးတွေလားဆိုတာ မုန့်ချန်ချင်း မြင်ချင်၏။

သို့ပေမယ့် နှစ်နေရာစစ်ဆေးပြီးနောက် ထိုသို့မဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။

ဤနေရာတွေရှိအခွင့်အလမ်းတွေက မတူကြပေ။

အနီဖျော့အခွင့်လမ်းနေရာတွေ၌ ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးက တန်ဖိုးအရှိဆုံးဖြစ်ပုံပင်။

၎င်းက အစစ်အမှန်အဆင့် ၃ ဆေးလုံးဖြစ်ပြီး အခြားနေရာရှိအရင်းအမြစ်တွေကတော့ ဤနေရာနှစ်ခုကဲ့သို့ အဆင့် ၃ နားကပ်သည့် စိတ်ဝိညာဥ်ဆေးတွေသာဖြစ်၏။

သူ့အတွက်တော့ ၎င်းတို့က သိသိသာသာ အသုံးမဝင်တော့ပေ။

"ဂျူနီယာမောင်လေးမုန့်, ငါ အခုသွားတော့မယ်။ နင်လျို့ဝှက်နယ်မြေထဲမှာ ရိပ်သိမ်းမှုအများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်...."

ထို့နောက် ကုန်းလင်းရွယ် ချိုသာစွာပြုံပြီး ထွက်ခွာသွားခဲ့သည်။

ဂျူနီယာမောင်လေးမုန့်က အများကြီးမပြောသော်လည်း သူမက အခြေအနေကို နားလည်ပြီး သူ့ကို နောက်ထပ်နှောင့်နှေးအောင် မလုပ်နိုင်ပေ။

"ကောင်းပါပြီ, စီနီယာအမ, ဂရုစိုက်ပါ...."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

အခန်း (၅၂)

လင်းလုံမဟာကျော့ကွင်းကောင်းကင်

ကုန်းလင်းရွယ်ပုံရိပ် မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

မုန့်ချန်ချင်းလည်း အကြည့်ပြန်ရုတ်လိုက်၏။

တကယ်ပင်။ လျို့ဝှက်နယ်မြေထဲ၌တစ်ကိုယ်တည်းသွားလာတာက ပိုအဆင်ပြေ၏။

ဒါပေါ့ အခြေအနေတစ်ခုတော့ရှိ၏။ မိမိကိုယ်တိုင်၏ခွန်အားမှာ သန်မာနေရမည်ဖြစ်သည်။

မဟုတ်လျှင် လူတစ်ယောက်က အခြားလူတွေနှင့် အဖွဲ့ဖွဲ့ရမည်ဖြစ်သည်။

ထိုအရာကိုတွေးပြီး မုန့်ချန်ချင်း သူ၏အချက်အလက်ပြဇယားကို ဖွင့်လိုက်သည်။

[လက်ခံသူ- မုန့်ချန်ချင်း....]

[မျိုးနွယ်- လူမျိုး....]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၁]

[အမြစ်ရိုး- အဆင့် ၂]

[နာလည်နိုင်စွမ်း-သာလွန်]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာများ- လင်းလုံအေးစက်လမင်းဓားသိုင်း(ပြီးပြည့်စုံခြင်းအဆင့်)၊ အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်(ပြီးပြည့်စုံခြင်းအဆင့်)၊ ဓားခြေလှမ်း(ပြီးပြည့်စုံခြင်းအဆင့်)၊....]

[ပါရမီစွမ်းရည်- ကျွမ်းကျင်လက်၊ ထူထည်းသောအရေပြား၊ ဝိညာဥ်မျက်လုံး]

[မပေါင်းစပ်ရသေးသောစွမ်းရည်- အဆင့် ၃ အမြစ်ရိုး]

[ကျန်ရှိသောဆုလဒ်- သိမ်မွေ့အဆင့်သိုင်းပညာကဒ် ၁ ကဒ်]

စောနကတင် သူက ကုန်းလင်းရွယ်ဆီမှ အခြားစွမ်းရည်တစ်ခုဖြစ်သည့် အဆင့် ၃ အမြစ်ရိုးကို ရရှိခဲ့သည်။

သို့ပေမယ့် ပြဿနာက သူ၏လက်ရှိအမြစ်ရိုးက အဆင့် ၂ ဖြစ်ရာ အဆင့် ၃ က လုံးဝအသုံးမဝင်ပေ။

၎င်းကို ဇယားပေါ်၌ထားတာက နေရာပေးရရုံသာရှိသည်။

"စနစ်, မလိုအပ်တဲ့စွမ်းရည်တွေကို ဘယ်လိုလုပ်သင့်လဲ...."

မုန့်ချန်ချင်း မေးလိုက်သည်။

[ပယ်ဖျက်လို့ရပါသည်။ ပယ်ဖျက်ပြီးနောက် ကျွမ်းကျင်ကဒ်နှင့်ဆင်တူသည့်တစ်စုံတစ်ခုရဖို့ အခွင့်အရေးရှိသည်]

စနစ် ပြန်ပြောလိုက်သည်။

"ဒါမျိုးလည်း ရှိသေးတာလား..."

မုန့်ချန်ချင်း မျက်လုံးတွေ ရုတ်တရက် တောက်ပသွား၏။

အဆုံးမှာတော့ သူ၏ဇယားက ဆက်လက်တိုးတက်နေမည်ဖြစ်ရာ အနာဂတ်မိတ်ဆွေတွေဆီမှရသည့်စွမ်းရည်တွေက တဖြည်းဖြည်း အသုံးမဝင်ဖြစ်လာမည်ဖြစ်သည်။

သို့ပေမယ့် ဤလုပ်ဆောင်ချက်နှင့် ခြားနားသွားပြီဖြစ်သည်။

ကျွမ်းကျင်ကဒ်နှင့်ဆင်တူသည့် ပစ္စည်းက အချို့စွမ်းရည်တွေထက် တန်ဖိုးနိမ့်မည်မဟုတ်ပေ။ ထိပ်တန်းစွမ်းရည်တွေကိုပဲ မယှဥ်နိုင်မှာဖြစ်သည်။

အဆုံးမှာတော့ သိုင်းပညာတစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်တာက ရိုးစင်းသည့်ကိစ္စတစ်ခုမဟုတ်ပေ။ အထူးသဖြင့် အဆင့်မြင့် သိုင်းပညာတွေဖြစ်၏။

လူတစ်ယောက်၏ကိုယ်ပိုင်ပါရမီ၊နားလည်နိုင်စွမ်းအပြင် ကြီးမားသည့်အရင်းအမြစ်ပမာဏလည်း လိုအပ်၏။

သို့ပေမယ့် ကျွမ်းကျင်ကဒ်တွေက ထိုလိုအပ်ချက်တွေကို လျစ်လျူရှူထားနိုင်၏။

၎င်းတို့က အသက်သွင်းဖို့သာ လိုအပ်ပြီး အချိန်၊အားစိုက်မှု နှင့် စိုးရိမ်မှုတွေကို သက်သာစေ၏။

[သတိပေးချက်- စွမ်းရည်ကောင်းလေလေ ပယ်ဖျက်ပြီးနောက်ရရှိသည့်ပစ္စည်းတန်ဖိုးမြင့်လေလေဖြစ်သည်။ ရရှိသောပစ္စည်းအဆင့်လည်းမြင့်မည်ဖြစ်သည်။]

စနစ်ပြောလိုက်သည်။

"နားလည်ပြီ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

သူက အဆင့် ၃ အမြစ်ရိုးကို မည်သည့်ပစ္စည်းအဖြစ်ပယ်ဖျက်နိုင်မည်ကို သိချင်နေခဲ့သည်။

"စနစ်, အဆင့် ၃ အမြစ်ရိုးကို ပယ်ဖျက်မယ်...."

ဒင်!

[ပယ်ဖျက်ခြင်း အောင်မြင်ပါပြီ]

[ရရှိသောပစ္စည်း- သိမ်မွေ့အဆင့်သိုင်းပညာကဒ် ၁ ကဒ်]

"ကံကောင်းတာပဲ။ သိမ့်မွေ့အဆင့်ကျွမ်းကျင်ကဒ်တဲ့..."

မုန့်ချန်ချင်း ပြုံးလိုက်သည်။

သို့ပေမယ့် တွေ့ကြည့်လျှင် ပုံမှန်ပဲဖြစ်သည်။

အဆုံးမှာတော့ ဤအရာက အဆင့် ၃ အမြစ်ရိုးဖြစ်၏။

အဆင့် ၆ အဆင့် ၅ စွမ်းရည်တွေနှင့် မတူပေ။

ထိုကဲ့သို့စွမ်းရည်တွေကိုပယ်ဖျက်လိုက်လျှင်တာင် အဆင့်နိမ့်ပစ္စည်းတွေပဲ ထုတ်ပေးမည်ဖြစ်သည်။

"ဒါပေမယ့် ခုလက်ရှိမြှင့်တင်ရမယ့် သိုင်းပညာမရှိဘူး။ လောလောဆယ်တော့ သိမ်းထားရမယ်...."

မုန့်ချန်ချင်း ကိုယ့်ကိုယ်ကို ပြောလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ အနာဂတ်၌ သေချာပေါက်အသုံးပြုရမည်ဖြစ်သည်။

ဝှစ်!

ဖျတ်ကနဲလှုပ်ရှားမှုဖြင့် မုန့်ချန်ချင်း နေရာမှပျောက်ကွယ်သွားခဲ့သည်။

လူအရောက်ပေါက်နည်းပြီး တောင်တန်းတွေဝန်းရံထားသည့်သစ်တောတစ်ခု....

"ဒီနေရာပဲ...."

မုန့်ချန်ချင်း ကြီးမားသည့်သစ်ကိုင်းတစ်ခုပေါ်၌ ခြေချိတ်ထိုင်လိုက်သည်။

ယခု သူ့ဒေါလေးပေးလိုက်သည့် သေတ္တာကို ဖွင့်ကြည့်ရမည်ဖြစ်သည်။

သေတ္တာက သာမန်ပစ္စည်းနှင့်လုပ်ထားတာမဟုတ်ရာ မုန့်ချန်ချင်း ဖွင့်ဖို့အတွက် စစ်အမှန်ချီတောင် သုံးလိုက်ရ၏။

"ကြည့်ရတာ ဒေါ်လေးက ချဲ့ကားပြောတာမဟုတ်ဘူးပဲ။ တကယ်ကို ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်မှ ဖွင့်နိုင်မှာ....."

မုန့်ချန်ချင်း ခေါင်းအနည်းငယ်ညိတ်လိုက်သည်။

ခရက်...

သေတ္တာပွင့်သွားသည့်အခါ အထဲရှိပစ္စည်း သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

အံ့အားသင့်စွာပဲ ထိုအရာက ကျင့်စဥ်တစ်ခုပင်။

ပစ္စည်းက သက်တမ်းအချို့ရှိနေပြီဖြစ်၍ အနည်းငယ် ဝါကြန့်ကြန့်ဖြစ်နေခဲ့သည်။

၎င်းအပေါ်၌ စာလုံးတွေရေထား၏။

"လင်းလုံမဟာကျော့ကွင်းကောင်းကင်...."

"တကယ် ကျင့်စဥ်တစ်ခုပဲ...."

မုန့်ချန်ချင်း သူ့ဒေါ်လေးပြောလိုက်သည့် သင်ယူရမည် ဆိုသည့်စကားလုံးကို မှတ်မိသေး၏။

"ဘာကျင့်စဥ်ဖြစ်မလဲ..."

မုန့်ချန်ချင်း ထုတ်ယူပြီး လှန်ဖတ်ကြည့်လိုက်သည်။

သို့ပေမယ့် ပထမစာမျက်နှာကိုမြင်သည့်အခါ သူ့မျက်ခွံတွေရုတ်တရက်ကျုံ့သွားပြီး မယုံနိုင်သည့်အမူအရာတစ်ခု ထွက်ပေါ်လာ၏။

"ဒါ တကယ်... မြေကမ္ဘာအဆင့်ပဲ...."

သိမ်မွေ့အဆင့်သိုင်းပညာကကို အတော်လေးရှားပါးနေပြီဖြစ်ရာ မြေကမ္ဘာအဆင့်ဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။

ထိုက်ရွမ်ဂိုဏ်းကဲ့သို့ ကြီးမားသည့်ဂိုဏ်း၌တောင် မြေကမ္ဘာအဆင့်နည်းစနစ်တွေက ဂိုဏ်းအဓိကရတနာတွေဖြစ်၏။

အချိန်တိုအတွင်းမြေမ္ဘာအဆင့်နည်းစနစ် မရနိုင်ဘူးဟု ထင်ထားသော်လည်း...

မမျှော်လင့်ပဲ ဒေါ်လေးပေးလိုက်သည့်သေတ္တာထဲ၌ရှိိနေခဲ့သည်။

အသက်ပြင်းပြင်းရှူသွင်းပြီး မုန့်ချန်ချင်း စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်လုပ်ကာ ဆက်ဖတ်လိုက်၏။

"နေပါအုန်း, ဒါက သိုင်းပညာကျင့်စဥ်တစ်ခုမဟုတ်ဘူးလား...."

စာရွက်အနည်းငယ်ဖတ်ပြီးနောက် မုန့်ခန်ချင်းမျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။

"ဒါက လျို့ဝှက်နည်းစနစ် တစ်ခုပဲ...."

"အကျိုးသက်ရောက်မှုက..."

သူ ဆက်ဖတ်လေလေ ပိုတုန်လှုပ်လာလေလေဖြစ်သည်။

၎င်းက လူတစ်ယောက်၏ခွန်အားကို ယာယီ မြှင့်တင်ပေးနိုင်ပြီး ကျင့်စဥ်၌ စုစုပေါင်း ၅ ဆင့်ရှိ၏။

ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးလျှင် လူတစ်ယောက်၏တိုက်ခိုက်ရေးစွမ်းအားကို ၁၀ဆ ထိ မြှင့်တင်ပေးနိုင်၏။

၁၀ ဆ?....

ထိုအရာက ဘယ်လိုအယူအဆကြီးနည်း။

သိုင်းပညာရှင်တွေအတွက် ၂ ဆ ၃ ဆလောက်တိုးမြှင့်နိုင်လျှင်ကို ထူးခြားနေပြီဖြစ်ရာ ၁၀ ဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။

ထို့ပြင် လူတိုင်းသိသည့်အတိုင်း ဤကဲ့သို့ယာယီခွန်အားတိုးမြှင့်သည့် လျို့ဝှက်နည်းစနစ်တွေ၌ သိသာသည့်ဘေးထွက်ဆိုးကျိုးတွေရှိ၏။

သို့ပေမယ့် ဤနည်းစနစ်၌ လုံးဝမရှိပေ။

တစ်ခုတည်းသောအားနည်းချက်က အရင်းအမြစ်များစွာလိုအပ်တာဖြစ်ပြီး အချို့ဆို အတော်လေးရှား၏။

သို့ပေမယ့် မုန့်ချန်ချင်း အရမ်းကြီးမစိုးရိမ်ပေ။

အဘယ်ကြောင့်ဆိုသော် စနစ်၏စည်းမျဥ်းအရ မည်သည့်နည်းစနစ် သို့ပေမယ့် လျို့ဝှက်ကျင့်စဥ်မဆို သိုင်းပညာအခန်းကဏ္ဍထဲ၌ အကျုံးဝင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် အနာဂတ်၌ မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ရသည်နှင့် အလွယ်တကူ မြှင့်တင်နိုင်တာပဲဖြစ်သည်။

"ဒေါ်လေးမှာ ဒီလိုကြောက်စရာလျို့ဝှက်နည်းစနစ်ရှိမယ်လို့ ထင်မထားဘူး...."

"လင်းလုံမဟာကျော့ကွင်းကောင်းကင်, တကယ်ကို နာမည်အတိုင်း အရှိန်အဝါအပြည့်ပဲ...."

မုန့်ချန်ချင်း စာအုပ်ကိုဂရုတစိုက်ပိတ်ပြီး သေတ္တာထဲပြန်ထည့်ထားလိုက်သည်။

သူက အထဲပါ အချက်အလက်အားလုံးကို မှတ်သားထားပြီးပြီဖြစ်သည်။

သူကိုယ်တိုင်လေ့ကျင့်ဖို့အတွက်တော့ စိတ်ကူးမရှိပေ။

ဤလောက်ကြောက်မက်ဖွယ်ကောင်းသည့် လျို့ဝှက်နည်းစနစ်က လေ့ကျင့်ရလွယ်မည်မဟုတ်ပေ။

ပထမအဆင့်အတွက်လိုအပ်သည့် အရင်းအမြစ်အများစုကကို သူနှင့်မရင်းနှီးပေ။ သိသာစွာပဲ အတော်လေးအဖိုးတန်၏။

ကျွမ်းကျင်ကဒ် စောင့်တာပဲ ပိုကောင်း၏။

"နောက်တစ်ကြိမ် လင်းလုံဆိုတဲ့ စကားလုံးပဲလား..."

မုန့်ချန်ချင်း ရုတ်တရက် နားလည်လိုက်၏။

ယခင် လင်းလုံအေးစက်လမင်းဓားသိုင်း၌လည်း 'လင်းလုံ'နှင့်စတာဖြစ်သည်။

ဤအရာက အင်အားစုတစ်ခု၏နာမည်ဖြစ်နိုင်၏။

ကျင့်ကြံရေးလောက၌ သတင်းအချက်အလက်များမှာ ထင်သလောက်ပျံ့နှံ့ခြင်းမရှိပေ။

ယခုက ထျန်လင်းစီရင်စုမှာဖြစ်သဖြင့် မုန့်ချန်ချင်း ထျန်လင်းစီရင်စုအကြောင်းသာ နားလည်၏။

အခြားစီရင်စုတွေအတွက်တော့ လုံးဝမသိပေ။

သူ့ကိုယ်ပိုင်စီရင်စုအကြောင်းတောင် လုံးလုံးကြီးရှင်းရှင်းလင်းလင်းမသိပေ။

ဤအရာက သတင်းအချက်အလက်ကန့်သတ်ချက်ဖြစ်၏။

အဆုံးမှာတော့ သူ၏ကိုယ်ပိုင်ကုန်သည်မိသားစုက ကျင့်ကြံရေးလောကတစ်လျှောက် လှည့်လည်နေသည့် ထိပ်တန်းမိသားစုတစ်ခုမဟုတ်ပေ။

နေရာသေးလေးတစ်ခု၌သာ ကြီးမားသည့်မိသားစုဖြစ်၏။

ထိုက်ရွမ်ဂိုဏ်းအတွက်တော့ စစ်မှန်တပည့်အဖြစ်တရားဝင်အဆင့်တက်ပြီးမှ ပိုရှာဖွေနိုင်မည်ဖြစ်သည်။

All Chapters