အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း (၅၃)
ဒီကောင်မလေးက အမြဲသားရဲတွေလိုက်တာခံနေရတာလား
အနက်ရောင်သေတ္တာကို သိုလှောင်လက်စွပ်ထဲထည့်ပြီး မုန့်ချန်ချင်း ထရပ်ကာ မြေပုံကိုထုတ်ယူလိုက်သည်။
ယခု သူ့ခွန်အားက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်သွားပြီဖြစ်ရာ အခွင့်လမ်းနေရာတွေကို သွားနိုင်မည်ဖြစ်သည်။
တကယ်ကို သူက အချိန်တော်တော်များများ ဖြုန်းတီးပြီးပြီဖြစ်၍ နေရာအချို့ကို အခြားလူတွေ ရသွားလောက်ပြီပင်။
အဆင့် ၂ အထွတ်အထိပ်သားရဲက သန်မာသော်လည်း အနိုင်မယူလို့ရတာတော့ မဟုတ်ပေ။
လူအများနှင့်ဆို သာမန်အတွင်းစည်းတပည့်တွေတောင် ၎င်းတို့သတ်နိုင်၏။
အချိန်လည်းကပ်လာပြီဖြစ်၍ မုန့်ချန်ချင်း အနီဖျော့အခွင့်လမ်းနေရာတွေကို သွားဖို့ အစီအစဥ်မရှိတော့ပေ။
ယခုသူ၏ပစ်မှတ်က အနီရင့်အခွင့်လမ်းနေရာတွေသာဖြစ်၏။
ထိုနေရာရှိအရင်းအမြစ်တွေက သံသယရှိစရာမလိုအောင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အတွက်ပင်။
မုန့်ချန်းချင်း ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ၁၀ နေရာရှိနေတာတွေ့လိုက်၏။
၎င်းတို့မှာ မြေပုံအလယ်၌ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေခဲ့သည်။
ထို့ပြင် ထို ၁၀ နေရာအလယ်၌ ထူးထူးခြားခြားတောက်ပနေသည့် အနီရောင်တစ်ခုရှိ၏။
၎င်းမှာ မြေပုံအလယ်တည့်တည့်မှာဖြစ်ပြီး ကျန်အမှတ်အသားတွေထက် ထင်ရှားနေခဲ့သည်။
"အနီနက်ရောင်အခွင့်လမ်း, ဟမ့်..."
မုန့်ချန်ချင်း ရေရွတ်လိုက်သည်။
၎င်းမှာ အနီရင့်နေရာများထက် ပိုစွမ်းအားကြီးသော်လည်း အလွန်အကျွံ့တွေးမနေပေ။
အသားကိုတစ်ကိုက်ခြင်းကိုက်သကဲ့သို့ အနီရင့်အခွင့်လမ်းနေရာတွေကို ဖြစ်နိုင်သမျှမြန်မြန် ရှင်းလင်းဖို့စီစဥ်ထား၏။
မုန့်ချန်ချင်း အနီရင့်ရောင်အခွင့်လမ်းနေရာတွေအတွက် မစိုးရိမ်ပေ။
၎င်းတို့ကို စောင့်ကြပ်နေမှာ အဆင့် ၃ သားရဲတွေဖြစ်မယ်ဆိုတာ မလွဲဧကန်ပင်။
ဤအဆင့်သားရဲတွေက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေယှဥ်နိုင်သည့်အရာတွေမဟုတ်ပေ။
အဖွဲ့လိုက်ဆိုလည်း အသုံးမဝင်ပေ။
"မြန်မြန်လုပ်ရမယ်...."
မုန့်ချန်ချင်းပြောပြီး အလျှင်အမြန်ရှေ့ထွက်သွားခဲ့သည်။
အကယ်၍ သူကဲ့သို့ တစ်စုံတစ်ယောက် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ချိုးဖျက်သွားလျှင် ဘယ်လိုလုပ်မည်နည်း။
ဘုန်း! ဘုန်း! ဘုန်း!
ကမ္ဘာမြေကြီးတုန်ခါသွားပြီး တောင်တန်းတွေ ယိမ်းယိုင်သွား၏။
ကျယ်ပြောသည့်ချောက်နက်ကြီးတစ်ခုထဲ၌ နတ်ဆိုးစွမ်းအင်တွေ လိမ့်တက်လာပြီး မီတာရာချီမြင့်မားသည့်နတ်ဆိုးသားရဲတစ်ကောင်မှာ ဒေါသထွက်သောင်းကျန်းနေခဲ့သည်။
၎င်းရှေ့၌ သွေးသွယ်သည့်ပုံရိပ်တစ်ခု ပြာပြာယာယာဖြင့် ထွက်ပြေးနေခဲ့သည်။
သူမက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်သာဖြစ်သော်လည်း အရှိန်ကအလွန်မြန်နေရာ နောက်ရှိအဆင့် ၃ သားရဲကြီး အချိန်အတော်ကြာ လိုက်မမှီနိုင်ဖြစ်နေ၏။
"ဆရာ, ကျွန်မတို့တော့ ပျားအုံကို တုတ်နဲ့ထိုးမိပြီထင်တယ်...."
"ဒါ အဆင့် ၃ သားရဲကြီးပဲ..."
"မိတာသွားလို့ကတော့ သေပြီ..."
ပုံရိပ်က ပိုင်စုရှီမှလွဲ၍ အခြားသူမဟုတ်ပေ။
ဤအခိုက်အတန့်၌ သူမမျက်နှာမှာ ဖြူဖြော့နေပြီး မျက်လုံးတွေထဲ၌ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။
သူမလက်မောင်းထဲ၌ မိုးပြာရောင်ဆေးပင်တစ်ပင်ပိုက်ထားပြီး အရွက်ကိုးရွက်ရှိကာ တောက်ပသည့်အလင်းရောင်တွေ ထုတ်လွတ်နေခဲ့သည်။
ကြည့်ရတာ သာမန်ပစ္စည်းမဟုတ်ပေ။
"စွန့်စားမှုကြီးလေလေ, အကျိုးအမြတ်ကြီးလေလေပဲ။ ဒါက အရွက်ကိုးရွက်စိတ်ဝိညာဥ်မြက်ပဲ။ နင်အရင်က ရခဲ့တဲ့ ဒြပ်စင်စိတ်ဝိညာဥ်မြက်နဲ့ဆင်တူတယ်...."
"နှစ်ခုလုံးက အဆိပ်တောက်ကင်းပြီး ဆေးဖော်စပ်စရာမလိုပဲ တိုက်ရိုက်စားလို့ရတယ်..."
သူမလက်စွပ်ထဲမှ ရှေးဟောင်းအသံထွက်ပေါ်လာခဲ့သည်။
"ဒါပေမယ့်, ကျွန်မနောက်က ကောင်ကြီးကကော..."
"ဘယ်လိုပဲလုပ်လုပ် ခါထုတ်လို့ကို မရဘူးဖြစ်နေတယ်...."
ပိုင်စုရှီ အတော်လေးစိတ်ဓာတ်ကျနေခဲ့သည်။
သူမအရှိန်နှင့် သေချာပေါက် အဆင့် ၃ သားရဲပြိုင်ဘက်မဟုတ်ပေ။
သူမထိန်းထားနိုင်သည့် အဓိကအကြာင်းပြချက်မှာ သူမဆရာ၏စိတ်ဝိညာဥ်စွမ်းအားကြောင့်ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမဆရာအတွက် စိတ်ဝိညာဥ်စွမ်းအားတိုးမြှင့်စေမည့်အရာကို ခုချိန်ထိမတွေ့သေးရာ အကျိုးသက်ရောက်မှုက အကန့်အသတ်ရှိနေခဲ့သည်။
"ဆက်ပြေးနေပါ။ လိုအပ်ရင် ငါလှုပ်ရှားလိုက်မယ်...."
အသံပြန်ပြောလိုက်၏။
"ဆရာ...."
ပိုင်စုရှီ မျက်လုံးတွေ မှိန်ကျသွား၏။
သူမဆရာသာ အားကုန်ထုတ်သုံးလျှင် စိတ်ဝိညာဥ်စွမ်းအင်ကုန်ခမ်းပြီး အိမ်မောကျသွားမည်ကို သူမသိ၏။
"အိပ်မောကျသွားရုံပါ။ နှစ်ပေါင်းများစွာတောင် တောင့်ခံလာပြီးပြီပဲ။ ခဏလောက်အိမ်မောကျသွားတာက ဘာမှမပြောပလောက်ပါဘူး...."
"နင် အနာဂတ်မှာ ငါ့အတွက် စိတ်ဝိညာဥ်စွမ်းအင်တိုးစေမဲ့တစ်ခုခုရှာတွေ့နိုင်တာပဲလေ...."
အသံ ညင်သာစွာ ပြောလိုက်သည်။
နတ်ဆိုးလမ်းစဥ်၌ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း ဤကောင်မလေးနှင့် အချိန်အတော်ကြာနေလာပြီးနောက် သူမကိုယ်တိုင်မသိလိုက်ခင်မှာပဲ ပြောင်းလဲလာခဲ့သည်။
ဝေါင်း...
အဆင့် ၃ သားရဲ လူသားသေးသေးလေးကို မဖမ်းနိုင်၍ ရုတ်တရက် ဒေါသထွက်လာခဲ့သည်။
၎င်း၏အသားတွေ တုန်ယင်နေပြီး လှိုင်းများပျံ့နှံ့သွား၏။
လိမ့်တက်လာသည့်နတ်ဆိုးစွမ်းအင်တွေလည်း ဒါဇင်နှင့်ချီသည့်လေဓားသွားတွေအဖြစ်ပြောင်းကာ ပိုင်စုရှီထံ ပြေးဝင်သွားခဲ့သည်။
"မြန်မြန်, ရှောင်လိုက်...."
"နတ်ဆိုးသားရဲ သူ့စွမ်းရည်ကို သုံးနေပြီ..."
အသံ အလျှင်အမြန် သတိပေးလိုက်သည်။
ပိုင်စုရှီ၏လှပသည့်မျက်နှာလေး အနည်းငယ်ပြောင်းလဲသွားပြီး ရှောင်တိမ်းလိုက်၏။
သူမ၏ သွေးနှင့်ချီစွမ်းအင်မှာ ထူးခြားစွာ ကြံခိုင်လှ၏။
အကယ်၍ အခြားတစ်ယောက်သာဆိုလျှင် ဤကဲ့သို့ပြင်းထန်သောပြေးလွားမှုအောက်၌ အားကုန်သွားမည်ဖြစ်သည်။
သို့ပေမယ့် သူမကတော့ အတော်လေး အားအင်ပြည့်ဝနေဆဲဖြစ်သည်။
ဘုန်း! ဘုန်း! ဘုန်း!
လေဓားသွားတွေ သူမယခင်ရပ်ရာနေရာတွေကို အဆက်မပြတ်ထိမှန်သွားပြီး နက်ရိုင်းသည့် အမှတ်အသားတွေ ချန်ထားခဲ့၏။
တစ်ခဏ ဖုန်နှင့်သဲတွေ လေထဲမှာ ပြည့်နှက်သွားသည်။
"တကယ်ကို အဆင့် ၃ သားရဲပဲ.."
အနီးနားရှိရှေးဟောင်းသစ်ပင်ပေါ်၌ သေးသွယ်သည့်ပုံရိပ်တစ်ခု ပေါ်လာ၏။
ထိုအရာက မုန့်ချန်ချင်းပင်။
သူက ဤနေရာကို ဖြတ်သွားစဥ် နတ်ဆိုးစွမ်းအင်ကို ခံစားမိပြီး လာကြည့်တာဖြစ်သည်။
နတ်ဆိုးစွမ်းအင်က နတ်ဆိုးစွမ်းအားဖြစ်ပြီး လူသားတွေ၏စစ်မှန်ချီနှင့် အလားတူ၏။
"အနီးဆုံး အနီရင့်အခွင့်လမ်းနေရာက မိုင်ပေါင်းဒါဇင်ချီဝေးတယ်...."
"အဲ့လူက အဆင့် ၃ နတ်ဆိုးသားရဲကို ဘာသွားလုပ်လို့ ဒီလောက်ထိ လိုက်လာရတာလဲ....."
မုန့်ချန်ချင်း အတာ်လေး အံ့အားသင့်နေ၏။
တစ်ချိန်တည်းမှာပဲ သူက ဖုန်နှင့် သဲတွေဆီ ကြည့်လိုက်သည်။
ဝှစ်!
ပုံရိပ်တစ်ခု ဖုန်နှင့်သဲတွေကြားမှ ခုန်ထွက်လာ၏။
လှုပ်ရှားမှုက အလွန်လျှင်မြန်ပြီး နောက်မှတိုက်ခိုက်သည့်လေဓားသွားတွေကို အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။
"ဘာလဲဟ...."
မုန့်ချန်ချင်း ရုတ်တရက် ကြောင်သွား၏။
အဘယ်ကြောင့်ဆိုသော် သေးသွယ်သည့်ပုံရိပ်ကို အတော်လေး ရင်းနှီးနေတာကြောင့်ပင်။
သေချာကြည့်လိုက်ရာ လက်စသတ်တော့ ပိုင်စုရှီဖြစ်နေခဲ့သည်။
"ဝိုး, ဒီကောင်မလေးက အမြဲလိုလို နတ်ဆိုးသားရဲလိုက်တာခံနေရတာပဲ..."
မုန့်ချန်ချင်း အမှတ်မထင်ရယ်လိုက်၏။
သူက ပိုင်စုရှီနှင့် ပထမဆုံးတွေ့သည့်အချိန်ကို မှတ်မိသေး၏။
ထိုအချိန်ကလည်း ဤကဲ့သို့ နတ်ဆိုးသားရဲတွေ လိုက်ဖမ်းခံနေရတာဖြစ်သည်။
အခန်း (၅၄)
မင်း ငါ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်ဖို့အခွင့်အရေးဆုံးရှုံးသွားပြီပဲ
ဟစ်...
ပိုင်စုရှီ ယာယီမရှောင်နိုင်ဖြစ်သွားသည်။
သူမညာလက် လေပြင်းဓားသွားကြောင့် ပြတ်ရှသွားပြီး ချက်ချင်းသွေးထွက်သွား၏။
ကံကောင်းစွာဖြင့် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ကာထားရာ နတ်ဆိုးစွမ်းအင်ကြောင့် အတွင်းဒဏ်ရာတော့ မရလိုက်ပေ။
"ကျွန်မဆက်မသွားနိုင်တော့ဘူး...."
ပိုင်စုရှီ မျက်နှာ အနည်းငယ်ဖြူဖြော့သွား၏။
သူမ၏သွေးချီက သာမန်လူထက် လေးဆကြွယ်ဝသော်လည်း အဆင့် ၃ နှင့်တော့ ကွာခြားချက်ကြီးနေဆဲဖြစ်သည်။
ဤအဆင့် ၃ နတ်ဆိုးသားရဲ အစွမ်းကုန်ထုတ်သုံးလျှင် ခုခံနိုင်မည်မဟုတ်ပေ။
"မင်းစိတ်ကိုဖြေလျော့ထားပြီး ငါ့ကို ကိုင်တွယ်ခွင့်ပေး...."
အိုမင်းသည့်အသံထွက်ပေါ်လာခဲ့သည်။
"ဟုတ်ကဲ့..."
ပိုင်စုရှီ အံကြိတ်လိုက်၏။
သူမဆရာ၏ခံယူချက်က မကြာခဏ သူမနှင့်မတူသော်လည်း သူမအပေါ်တွင် အမြဲတမ်း စိတ်ရင်းမှန်၏။
ယခု သူမက နောက်တစ်ကြိမ်သူမအတွက် စိတ်ဝိညာဥ်စွမ်းအင်အားလုံး အသုံးပြုဖို့ ဆန္ဒရှိနေခဲ့သည်။
စိတ်ဝိညာဥ်စွမ်းအင် အလွန်အကျွံသုံးစွဲပြီး အုတ်မြစ်ထိခိုက်သွားလျှင် အန္တရာယ်ရှိနိုင်၏။
ဝှစ်! ဝှစ်! ဝှစ်!
ဒါဇင်နှင့်ချီသည့်ဓားသွားတွေ နောက်တစ်ကြိမ်တိုက်ခိုက်လာပြီး ယခင်ကထက်တောင် ပိုစွမ်းအားကြီးလာခဲ့သည်။
ဖြစ်ပေါ်လာသည့်လေပြင်းက ပိုင်စုရှီပါးပြင်းကို နာကျင်သွားစေခဲ့သည်။
သို့ပေမယ့် သူမစိတ်ကိုဖြေလျော့တော့မည့်အချိန်မှာပဲ အနည်းငယ်ပြုံးနေသည့် အသံတစ်ခု နားထဲမှာ ပေါ်လာခဲ့သည်။
"ညီမပိုင်, ဘယ်လိုလုပ် နောက်တစ်ကြိမ် သားရဲလိုက်ခံနေရတာလဲ...."
ရွစ်!
ပုံရိပ် သူ့ခါးမှ ဓားဆွဲထုတ်လိုက်သည်။
နှင်းကဲ့သို့ဓားအလင်းတန်းတစ်ခုလက်သွားပြီး လေဓားသွားအားလုံးကို ကွဲကြေသွားစေခဲ့သည်။
"နင်က...."
ပုံရိပ်တစ်ဖက်လှည့်လာသည့်အခါ....
ပိုင်စုရှီ မျက်ခွံတွေ အနည်းငယ်ကျုံ့သွားပြီး အံ့အားသင့်စွာ အော်ခေါ်လိုက်၏။
"အကိုမုန့်...."
"ငါပါ..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
"နောက်မှစကားပြောကြတာပေါ့။ ငါ အရင်ဆုံး ဒီသားရဲကို ကိုင်တွယ်လိုက်အုန်းမယ်...."
"အကိုမုန့်, ဒါက အဆင့် ၃ သားရဲပဲ..."
ပိုင်စုရှီ အလျှင်အမြန်သတိပေးလိုက်ပြီး မုန့်ချန်ချင်းကျင့်ကြံရေးအဆင့်တောင် အာရုံမစိုက်နိုင်ဖြစ်သွား၏။
သူမအမြင်၌ မုန့်ချန်ချင်းလည်း သူမနှင့်အတူဖြစ်သင့်၏။
ဘယ်လိုလုပ် အဆင့် ၃ သားရဲ၏ ပြိုင်ဘက်ဖြစ်မည်နည်း။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
"ဒီကောင်လေး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ရောက်သွားပြီ...."
သို့ပေမယ့် အိုမင်းသည့်အသံ၏ မယုံနိုင်မှုတွေ ပြည့်နေသည့်အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်?...."
ပိုင်စုရှီ မျက်လုံးတွေ မသိစိတ်အရ ပြူးကျယ်သွားပြီး အံ့အားသင့်မှုတွေ ပြသလာခဲ့သည်။
သူမဆရာပြောခဲ့၏။
သူတို့နောက်တစ်ကြိမ်တွေ့လျှင် သူမကျင့်ကြံရေးက သေချာပေါက် မုန့်ချန်ချင်းထက်သာနေမည်ဟူပင်။
အဆုံးမှာတော့ သူမက အခွင့်လမ်းများစွာ ရရှိခဲ့၏။
သို့ပေမယ့် ယခုတော့ သူမက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၆ သာရှိသေးပြီး အကိုမုန့်ကတော့ ပင်လယ်ခွဲခြမ်းခြင်းနယ် ရောက်နေပြီဖြစ်သည်။
ကွာဟမှုက ကျဥ်းမြောင်းမလာပဲ အဆက်မပြတ်ကျယ်ပြန့်လာခဲ့သည်။
"ဒီကလေး ဘယ်လိုကျင့်ကြံခဲ့တာလဲ..."
အသံ တစ်ခဏ သံသယဖြစ်သွား၏။
သို့ပေမယ့် မကြာခင်ပဲ စိတ်အေးသွားသည်။
အနည်းဆုံးတော့ သူမ၏စိတ်ဝိညာဥ်စွမ်းအား ထုတ်သုံးစရာမလိုတော့ပေ။
ဝိညာဥ်အိပ်မောကျသည့်အခြေအနေက အတော်လေး သက်တောင့်သက်သာမရှိလှပေ။
ထိုအရာက အဆုံးအစမရှိသည့်အမှောင်ထုထဲကို နစ်မြုပ်နေသကဲ့သို့ဖြစ်၏။
ဝေါင်း....
တစ်စုံတစ်ယောက်ကိုခံစားမိသည့်အခါ အဆင့် ၃ သားရဲ ရုတ်ချည်းရပ်တန့်လိုက်သည်။
၎င်း၏ခန္ဓာကိုယ်က အလွန်ကြီးမားပြီး တောင်အသေးစားတစ်လုံးလောက်ရှိကာ ပတ်ပတ်လည်၌ လေပွေများစွာဝန်းရံနေပြီး အလွန်အမင်းထက်ရှသည့်ကြေးခွံတွေရှိ၏။
"ဒါ ဘာသားရဲအမျိုးအစားလဲ...."
မုန့်ချန်ချင်း စိတ်ထဲရှာကြည့်လိုက်ရာ တစ်ခုမှပြန်မဖော်နိုင်ဖြစ်နေ၏။
သို့ပေမယ့် ၎င်း၏ခေါင်းကတော့ ကျားတစ်ကောင်နှင့် ဆင်တူ၏။
လေစွမ်းအားကျွမ်းကျင်တဲ့ နတ်ဆိုးကျားတစ်ကောင်များလား....
"မေ့လိုက်တော့, ဂရုစိုက်မနေတော့ဘူး...
မုန့်ချန်ချင်း နောက်ထပ်မတွေးချင်တော့ပေ။
ညာလက်ဖြင့်ဓားကိုကိုင်ထားပြီး ရှေ့ကိုဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။
ခန္ဓာကိုယ်မှလည်း စစ်မှန်ချီတွေ လိမ့်တက်လာပြီး အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွား၏။
ထိုအခါ တောင်ကြားအပူချိန်က ချက်ချင်းပဲ လျော့ကျသွားသည်။
"ပတ်ဝန်းကျင်ကိုသက်ရောက်စေတယ်ဆိုတော့ ဒီကောင်လေး သိမ်မွေ့အဆင့်မြင့်သိုင်းပညာတစ်ခုကျွမ်းကျင်ထားပုံပဲ...."
"ဒါပေမယ့် အတွင်းစည်းကသိုင်းကျမ်းဆောင်မှာ ဒီသိုင်းပညာရှိလို့လား...."
အသံ အတော်လေး အံ့အားသင့်နေခဲ့သည်။
ပိုင်းစုရှီလည်း သိုင်းကျမ်းဆောင်ကို သွားဖူး၏။
သူမက ထိုနေရာသို့ အသိဉာဏ်ကြွယ်ဝအောင်သွားခဲ့တာဖြစ်ပြီး မည်သည့်အရာမှ မလှဲလှယ်ခဲ့ပေ။
သို့ပေမယ့် သိုင်းကျမ်းဆောင်ထဲ၌ ရေခဲဓားသိုင်းမရှိပေ။
"အကိုမုန့်စွန့်စားခန်းကရခဲ့တဲ့ ဂိုဏ်းအပြင်ဘက်က တစ်ခုခုနဲ့တူတယ်..."
ပိုင်စုရှီတစ်ခဏတွေးပြီး ပြောလိုက်သည်။
"အင်း, ငါထင်တာ ဒီကောင်လေးကံက နင့်လောက်မကောင်းဘူးပေါ့...."
"ဒါပေမယ့် အခုကြည့်ရတာတော့ နင့်ထက် ဘယ်ကဏ္ဍမှ အားနည်းမနေဘူးပဲ။ ပိုတောင်သန်မာချင် သန်မာအုန်းမယ်...."
"ဒီကောင်လေးက တကယ်ထူးခြားတာပဲ...."
ရှားပါးသည့်သက်ပြင်းချသံတစ်ခု အိုဟောင်းသည့်အသံမှ ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးလမ်းစဥ်ရှိ မဟာပုံရိပ်တစ်ခု, သူမအတွက် တစ်စုံတစ်ယောက်ကို ဤကဲ့သို့မှတ်ချက်ပေးတာက ရှားပါး၏။
"သူနဲ့ ဆက်ဆံရေးနက်ရှိုင်းအောင်လုပ်, နင့်အတွက် အကျိုးရှိလိမ့်မယ်...."
အသံ ပြောလိုက်သည်။
"ဆရာ..."
ထိုအရာကိုကြားသည့်အခါ ပိုင်စုရှီမျက်နှာ အနည်းငယ်နီရဲသွား၏။
သူမ သူမဆရာပြောတာမှတ်မိနေသေး၏။
သူမနှင့် အကိုမုန့်က ကမ္ဘာတစ်ခုတည်းမှ မဟုတ်ဘူးဟူ၍ပင်။
ယခု နောက်ထပ် ဇာတ်လမ်းတစ်ခုဖြစ်သွားပြန်ပြီဖြစ်သည်။
နှစ်ယောက်သား စကားပြောနေစဥ်, မုန့်ချန်ချင်း နတ်ဆိုးကျားနှင့် ပိုပိုနီးကပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ အချက်အလက်ဇယားကို အသက်သွင်းလိုက်သည်။
ဤအရာက အဆင့် ၃ သားရဲနှင့်တွေ့တာ သူ၏ပထမဆုံးအကြိမ်ဖြစ်၏။
ယခင်တွေ့ခဲ့သည့်အရာအားလုံးက အဆင့် ၂ တွေဖြစ်ကြ၏။
အခြေခံအချက်အလက်-
[အမည်- ကောင်းကင်လေတိမ်ကျား]
[မျိုးနွယ်- နတ်ဆိုးသားရဲ]
[အဆင့်- အဆင့် ၃ စဦးအဆင့်]
ပင်ကိုယ်စွမ်းရည်အချက်အလက်-
[ပါရမီစွမ်းရည်- လေပြင်းလျှပ်စီး]
[ပါရမီစွမ်းရည်- ဒေါသလေဓားသွား]
[ပါရမီစွမ်းရည်- မဟာမုန်တိုင်း]
နတ်ဆိုးသားရဲတွေအတွက် အဓိကအဆင့်တစ်ဆင့်ချိုးဖျက်တိုင်း ပါရမီစွမ်းရည်တစ်ခုနိုးထလာမည်ဖြစ်သည်။
အချို့ဆို ပါရမီစွမ်းရည်အချို့ကိုတောင် တိုးမြှင့်နိုင်ကာ ပိုမိုနက်ရှိုင်းသည့်စွမ်းရည်တွေကို ထုတ်ယူနိုင်၏။
နတ်ဆိုးသားရဲနှင့်ပတ်သက်သည့် အချက်အလက်များစွာ မုန့်ချန်ချင်း စိတ်ထဲ ပေါ်လာခဲ့သည်။
"ဟေး, မင်း အသိဉာဏ်ဖွံ့ဖြိုးပြီလား..."
အကွာအဝေးတစ်ခုရောက်တော့ မုန့်ချန်ချင်း ရပ်ပြီး မေးလိုက်သည်။
ဝေါင်း....
သိုပေမယ့် သူပြန်လိုက်သည့်တုံ့ပြန်မှုက သွေးဆာသည့်ဟိန်းဟောက်သံတစ်ခုဖြစ်၏။
မျက်လုံးတွေထဲ၌ သတ်ဖြတ်လိုစိတ်တွေပြည့်နက်နေပြီး ယခင် သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့နှင့် မခြားပေ။
"အဆင့် ၃ သားရဲကို အသိဉာဏ်မဖွံ့ဖြိုးသေးဘူးလား..."
မုန့်ချန်ချင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သူ ဤသားရဲ၏ပါရမီစွမ်းရည်တွေကို အတော်လေး စိတ်ဝင်စား၏။
သို့ပေမယ့် ၎င်းက ဉာဏ်ရည်မဖွံ့ဖြိုးသေးမှတော့ ပင်ကိုယ်ဗီဇအရာသာ လုပ်ဆောင်မည်ဖြစ်သည်။
ကြောက်ရွံ့မှုနှင့် သေခြင်းတရားကိုတောင် လျစ်လျူရှူထားကြ၏။
သူတို့နှင့် ပြေရာပြေကြောင်းပြောဖို့က မဖြစ်နိုင်ပေ။
"မေ့လိုက်တော့။ ကြည့်ရတာ မင်း ငါ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်ဖို့ အခွင့်အရေးရှုံးဆုံးသွားပြီပဲ...."
မုန့်ချန်ချင်း အမူအရာ တည်ငြိမ်လာခဲ့သည်။
ထို့နောက် သူ့လက်ထဲရှိ သန့်စင်ခြင်းတစ်ရာဓား အအေးဓာတ်တွေ စတင်ထုတ်လွတ်လာခဲ့သည်။