← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅)

ငါ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး

ရွစ်! ရွစ်! ရွစ်!

ကောင်ကင်လေတိမ်ကျား ဦးစွာတိုက်ခိုက်လိုက်၏။

ဒါဇင်နှင့်ချီသည့်လေဓားသွားတွေပြေးထွက်လာပြီး မုန့်ချန်ချင်းကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်လိုက်သည်။

ဤရုတ်တရက်ပေါ်လာသည့်လူသားက သူ့အား အန္တရာယ်ရှိခံစားချက်ကို ပေးစွမ်းသော်လည်း လူသားတွေက သူတို့၏သဘာဝရန်သူတွေဖြစ်၏။

သူတို့က သေရမည်ပင်။

"လင်းလုံအေးစက်လမင်း- ပန်းကြွေနယ်ပယ်...."

မုန့်ချန်ချင်း ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။

သိပ်သည့်သည့်ရေခဲဓားချီတစ်ခုပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံပန်းပွင့်တွေ ကြွေကျသကဲ့သို့ လှပပေမယ့် အတော်လေး အန္တရာယ်ရှိလှသည်။

လေဓားသွားအားလုံး ကွဲကြေသွား၏။

"လင်းလုံအေးစက်လမင်း- ပြည်နယ်ကိုးခုအေးခဲခြင်း..."

မုန့်ချန်ချင်း မရပ်ပေ။

တိုက်ရိုက်ပဲ အသန်မာဆုံးဓားကွက်ကို ထုတ်သုံးလိုက်၏။

ခြင်္သေ့တစ်ကောင် ယုန်တစ်ကောင်ကိုခုန်အုပ်သကဲ့သို့ ခွန်အားအားလုံးအသုံးပြုလိုက်သည်။

သူက ဤနေရာမှာ အချိန်အများကြီးမဖြုန်းချင်ပေ။

ရွစ်!

မုန့်ချန်ချင်း ဓားရိုးကိုရိုက်လိုက်ရာ သန့်စင်ခြင်းတစ်ရာဓား ကောင်းကင်လေတိမ်ကျားဆီပြေးဝင်သွားခဲ့သည်။

လမ်းတစ်လျှောက်၌ စစ်မှန်ချီတွေလိမ့်တက်လာပြီး မရေမတွက်နိုင်သည့်မြူတွေဖုံးလမ်းကာ တဖြည်းဖြည်း မီတာ ၄၀ ကျော်သည့် ဧရာမရေခဲဓားကြီးအဖြစ်ပြောင်းလဲသွား၏။

တစ်ချိန်တည်းမှာပဲ ကြောက်စရာကောင်းသည့်ဓားချီလည်း ပေါင်းစပ်ပါဝင်နေခဲ့သည်။

ထိုအခါ ဓားထဲလခြမ်းပုံသဏ္ဍာန်တစ်ခု ပေါ်လာပုံရ၏။

ထိုလခြမ်းပုံသဏ္ဍာန်ပေါ်လာသည့်အခါ...

ဧရာမဓားကြီးက အသက်ဝင်လာပုံရပြီး ထက်ရှမှုတွေတောက်ပလာကာ ကောင်းကင်နှင့်မြေကြီးကို ပိုင်ဖြတ်နိုင်သလိုပင်။

ဝေါင်း...

ဤဓားနှင့်ရင်ဆိုင်ရာ၌ ကောင်းကင်လေတိမ်ကျား ခပ်နှိမ့်နှိမ့် ဟိန်းဟောက်လိုက်၏။

ပြင်းထန်သည့်အန္တရာယ်က သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့သည်။

၎င်းက ရှောင်ချင်ပေမယ့် ပတ်ဝန်းကျင်ရှိအပူချိန်ထိုးကျသွားပြီး ၎င်း၏ခြေလက်တွေ၌ မရေမတွက်နိုင်သည့် ရေခဲသလင်းကျောက်တွေတွယ်ကပ်လာခဲ့သည်။

၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ကိုတောင် ထိုးဖောက်လာပြီး နတ်ဆိုးစွမ်းအင်လည်ပတ်မှုကို အလွန်အမင်းနှေးကွေးသွားစေသည်။

ရှောင်တိမ်းဖို့နောက်ကျသွား၍ ခုခံဖို့သာ ရွေးချယ်ရတော့သည်။

မဟာမုန်တိုင်း...

ကောင်းကင်လေတိိမ်ကျား ၎င်း၏အသန်မာဆုံး မွေးရာပါစွမ်းရည်ကို အသုံးပြုလိုက်သည်။

ထိုအခါ မရေမတွက်နိုင်သည့် လေဝဲတွေ ရုတ်တရက်ပေါင်းစပ်သွားပြီး ကြီးမားသည့်လေဆင်နှာမောင်းကြီးအဖြစ်ပြောင်းကာ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

သို့ပေမယ့် တိုက်မိသွားသည့်အခိုက်အတန့်၌ လေဆင်နှာမောင်းတိုက်ရိုက်အေးခဲသွားပြီး ထိုးဖောက်ခံလိုက်ရသည်။

ဘုန်း!

ရေခဲဓား၏အဟုန်မှာ လျော့ကျမသွားပဲ အကန့်အသတ်မရှိသည့်ထက်ရှမှုနှင့် အေးစက်မှုတွေကို သယ်ဆောင်ထား၏။

ကောင်းကင်လေတိမ်ကျား၏ သွေးနီရောင်မျက်လုံးတွေထဲ၌, ဓားက ၎င်း၏ခေါင်းကို ထိုးဖောက်သွားခဲ့သည်။

ဘန်း!

ကြီးမားသည့်ခန္ဓာကိုယ်ကြီးလဲကျသွားပြီ ၎င်းမျက်လုံးထဲရှိအလင်းရောင်တွေ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

စွမ်းအားကြီးအဆင့် ၃ သားရဲက ဤကဲ့သို့ သေဆုံးသွားခဲ့ပြီဖြစ်သည်။

"အရမ်းအစွမ်းထက်တာပဲ..."

ပိုင်းစုရှီ သူမ၏ပါးစပ်လေးကိုကာပြီး လှပသည့်မျက်နှာ၌ တုန်လှုပ်မှုတွေ ရှိနေခဲ့သည်။

စီနီယာအကိုမုန့်အစွမ်းထက်တာ သူမသိသော်လည်း ဤအရာက အဆင့် ၃ သားရဲဖြစ်နေဆဲဖြစ်သည်။

၎င်းမှာ ဓားချက်တစ်ချက်တောင် မခံနိုင်ခဲ့ပေ။

"ဒါ ဓားချီပဲ...."

"ဓားနည်းစနစ်ရဲ့စွမ်းအားကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်တယ်...."

"အနည်းဆုံး ၁၀ဆ ထိတိုးမြှင့်ပေးနိုင်တယ်...."

"သာမန်ဓားနည်းစနစ်တစ်ခုတောင် ဓားချီရဲ့တိုးမြှင့်မှုအောက်မှာ မယုံနိုင်လောက်တဲ့စွမ်းအားကို ထုတ်လွတ်နိုင်မှာ...."

"ပြီးတော့ ဒီကလေးသုံးတဲ့ဓားသိုင်းက ထိပ်တန်းအဆင့်ပဲ..."

"နှစ်ခုပေါင်းလိုက်တဲ့အခါ အဆင့် ၃ စဦးအဆင့် သားရဲကိုမပြောနဲ့ အဆင့် ၃ အလယ်အလတ်အဆင့်တောင် ခေါင်းပြတ်သွားမှာ..."

"အဲ့ဒီနတ်ဆိုးသားရဲတွေသာ အစွမ်းထက်သွေးမျိုးဆက်မပိုင်ဆိုင်ထားရင် ရလဒ်ကထူးခြားသွားမှာ မဟုတ်ဘူး..."

အိုဟောင်းသည့်အသံပြောလိုက်သည်။

သူမက အတွေ့အကြုံရှိပြီးစူးရှသည့်မျက်လုံးတွေရှိရာ တစ်ချက်တည်းဖြင့် အဓိကအချက်ကို မြင်နိုင်၏။

"ဓားချီ..."

ပိုင်းစုရှီမျက်လုံးထဲ၌ တောင့်တသည့်အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။

သူမဆရာပြောဖူး၏။ သိုင်းပညာရည်ရွယ်ချက်၏စွမ်းအား၊ သိုင်းပညာ၏စစ်မှန်အနှစ်သာရတို့မှာ သိုင်းပညာတွေကို အကြီးမားဆုံးတိုးမြှင့်ပေးနိုင်သည့်အရာတွေဖြစ်သည်။

၎င်းတို့ကိုနားလည်ထားမှသာ ထိုမွေရာပါသွေးမျိုးဆက်နှင့် အထူးခန္ဓာရှိသည့်လူတွေကို ယှဥ်နိုင်ဖို့ မျှော်လင့်ချက်ရှိမှာဖြစ်သည်။

"ငါ နားလည်ရမယ်။ မဟုတ်ရင် ဘယ်လိုလုပ် မိသားစုကို ကူညီနိုင်မှာလဲ..."

ပိုင်စုရှီ လက်သီးဆုပ်လိုက်သည်။

မုန့်ချန်ချင်း နေရာမှာရပ်နေပြီး ညာလက်ကို လေထဲဆုပ်ကိုင်လိုက်သည်။

သန့်စင်ခြင်းတစ်ရာဓား ချက်ချင်းပဲ ကောင်းကင်လေတိမ်ကျားခေါင်းမှ ပျံသန်းလာပြီး သူ့လက်ဝါးထဲ ချောမွေ့စွာ ဆင်းသက်လာ၏။

ထိုအခါ ဓား၌ အက်ရာတွေပြည့်နေပြီး ထိလိုက်တာနှင့်ကွဲကြေသွားမလို ဖြစ်နေတာကို တွေ့လိုက်ရသည်။

"နောက်တစ်ကြိမ်သုံးမရပြန်ဘူးလား..."

သန့်စင်ခြင်းတစ်ရာဓားက သွေးချီစွမ်းအင်ကို ခံနိုင်ရည်ရှိပေမယ့် စစ်မှန်ချီကိုတော့ ခံနိုင်ရည်ရှိပုံမပေါ်ပေ။

ကျင့်ကြံရေးလောက၌ လက်နက်တွေ၌လည်း အဆင့်တွေရှိ၏။

၎င်းတို့ကို အကြမ်းဖျင်း ဤကဲ့သို့ ခွဲထား၏။

သာမန်၊ သန့်စင်ခြင်းတစ်ရာ၊ စိတ်ဝိညာဥ်လက်နက်၊ ကောင်းကင်လက်နက်၊ တာအိုလက်နက်နှင့် နတ်ဘုရားလက်နက်ဟူ၍ပင်။

သာမန်အဆင့်က တွေ့ရအများဆုံးဖြစ်ပြီး သာမန်လက်နက်ဆရာတွေ အလွယ်တကူ သွန်းလုပ်နိုင်ကြ၏။

သို့ပေမယ့် သန့်စင်ခြင်းတစ်ရာအဆင့်ကတော့ အတော်ခက်ခဲ၏။

သန့်စင်သည့်ပစ္စည်းတွေက အတော်လေးအဖိုးတန်ရုံသာမက သန့်စင်သူကလည်း နည်းစနစ်အချို့လိုအပ်၏။

စိတ်ဝိညာဥ်လက်နက်အတွက်တော့, ၎င်းတို့မှာ အလွန်အမင်းရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပေ။

၎င်းတို့မှာ စစ်မှန်ချီ၏စွမ်းအားကို ခုခံနိုင်ရုံသာမက စစ်မှန်အနှစ်သာရအတွက်လည်း ပြဿနာမရှိပေ။

ထို့ပြင်, ၎င်းတို့၌ ကောင်းကင်နှင့်မြေကြီးမှရှားပါးသည့်ဝိညာဥ်ပစ္စည်းတွေပါဝင်ပြီး အသိစိတ်ပိုင်ဆိုင်ကြ၏။

စနစ်တကျပျိုးထောင်ပေးလျှင် စိတ်ဝိညာဥ်တစ်ခုတောင် မွေးလာနိုင်တာပဲဖြစ်သည်။

သန့်စင်ခြင်းတစ်ရာလက်နက်နှင့် စိတ်ဝိညာကလက်နက်ကြားရှိ ကွာခြားချက်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကဲ့သို့ဖြစ်၏။

မုန့်ချန်ချင်းမိသားစုက စီးပွားရေးမိသားစုဖြစ်သော်လည်း ဤအဆင့်လက်နက်ကို မဝယ်နိုင်ပေ။

"ဒီလျို့ဝှက်နယ်မြေမှာ စိတ်ဝိညာဥ်လက်နက်များ ရှိမလား သိချင်မိတယ်...."

လက်နက်ခွန်အားကလည်း အလွန်ရေးပါ၏။

စောနကကဲ့သို့ပင်။ လက်နက်သာသုံးမထားလျှင် အကွာအဝေးတိုးလာသည်နှင့်အမျှ စစ်မှန်ချီ၏စွမ်းအားကတဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။

ထို့ပြင် အချို့လက်နက်တွေ၌ အစီရင်တွေပါဝင်ပြီး သိုင်းပညာ၏စွမ်းအားကိုတိုးမြှင့်နိုင်၏။

ခရက်...

စဥ်းစားနေစဥ် သူ့လက်ထဲရှိ သန့်စင်ခြင်းတစ်ရာဓား နောက်ဆုံးမထိန်းထားနိုင်တော့ပဲ အပိုင်းပိုင်းကွဲကြေကာ မြေပြင်ပေါ်ကျသွားခဲ့သည်။

မုန့်ချန်ချင်း လက်ထဲကျန်နေခဲ့သည့် ဓားရိုးကို လွင့်ပစ်လိုက်သည်။

"စီနီယာအကိုမုန့်..."

ပိုင်စုရှီ ပြေးလာလိုက်၏။

"မင်းဘာတွေလုပ်ခဲ့တာလဲ။ ကောင်းကင်လေတိမ်ကျား မင်းနောက်ကို ဒီလောက်အဝေးကြီးထိလိုက်တာတယ်...."

သူ့ရှေ့ရှိ လှပငယ်ရွယ်သည့်မိန်းခလေးကိုကြည့်ပြီး မုန့်ချန်ချင်း အပြုံးနှင့်မေးလိုက်သည်။

"ဟီ...ဟီ... ဒါကြောင့်လေ, အရွက်ကိုးရွက် စိတ်ဝိညာဥ်မြက်..."

ပိုင်းစုရှီ သူမလက်ထဲရှိစိတ်ဝိညာဥ်မြက်ကို အနည်းငယ်မြောက်ပြလိုက်သည်။

အိုဟောင်းသည့်အသံ သူမကိုတားချင်၏။

အဆုံးမှာတော့ ကြွယ်ဝမှုကိုကြွားဝါတာက အမျှော်မြင်ရှိသည့်လုပ်ရပ်မဟုတ်ပေ။

သို့ပေမယ့် မုန့်ချန်ချင်းအကျင့်စရိုက်ကိုစဥ်းစားပြီး တိတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်၏။

"ဒါ အနီရင့်ရောင်အခွင့်လမ်းနေရာကလား..."

မုန့်ချန်ချင်း မျက်ခုံးတွေ မြင့်တက်သွား၏။

ကောင်းကင်လေတိမ်ကျား ဤလောက်အဝေးကြီးထိလိုက်လာတာ မအံ့သြတော့ပေ။

အဆုံးမှာတော့ စောင့်ကြပ်နေသည့်ပစ္စည်းအခိုးခံရတာဖြစ်သည်။

အဆင့် ၂ ဆေးဖော်စပ်ဆရာတစ်ယောက်အနေဖြင့် သူက သဘာဝအတိုင်း ဤမြက်ကိုသိ၏။

ယခင် ပိုင်စုရှီ သူ့ကိုပေးခဲ့သည့် ဒြပ်စင်စိတ်ဝိညာဥ်မြက်ကဲ့သို့ပင်, အဆိပ်အတောက်မရှိသည့် အမျိုးအစားဖြစ်၏။

ကျင့်ကြံရေးလောက၌ စိတ်ဝိညာဥ်ဆေးအများစုက အဆိပ်အတောက်တွေပါဝင်ပြီး ဆေးဝါးတွေ၏ ကိုယ့်ကိုယ်ကိုခုခံမှုကို ပြောကြ၏။

နတ်ဆိုးသားရဲတွေ၏အသွေးအသားကဲ့သို့ပင် ရန်လိုမှုတွေ ပါဝင်နေ၏။

၎င်းတို့ကိုမဖယ်ရှားပဲ အများအပြားစားမိလျှင် လူတစ်ယောက်၏စိတ်ကို အကျိုးသက်ရောက်မှုဖြစ်စေမည်ဖြစ်သည်။

ထို့ကြောင့် အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ဆေးဖော်စပ်ဆရာတွေကို လိုအပ်တာဖြစ်သည်။

ထို့နောက် အခြားစိတ်ဝိညာဥ်ပစ္စည်းတွေနှင့် ပေါင်းစပ်ပြီး အမျိုးမျိုးသော ဆေးလုံးတွေ သန့်စင်ကြသည်။

အရွက်ကိုးရွက်အပြာရောင်စိတ်ဝိညာဥ်မြက်ကတော့ အဆိပ်အတောက်မရှိသည့် စိတ်ဝိညာဥ်ဆေးပင်တွေထဲက တစ်ခုဖြစ်၏။

၎င်းကို တိုက်ရိုက်စားသုံးနိုင်သည်။

ထို့ပြင် ဆေးစွမ်းအားကပြင်းထန်ပြီး အဆင့် ၃ အဆင့်မြင့် အရင်းအမြစ်ဖြစ်၏။

"ဟုတ်တယ်, ငါတိတ်တဆိတ်ခိုးယူခဲ့တာ။ ဒါပေမယ့် မိသွားတယ်လေ...."

မုန့်ချန်ချင်းဘေး၌ရှိသည့်အခါ လုံခြုံမှုကိုခံစားရလို့ ဖြစ်ကောင်းဖြစ်နိုင်၏။

ပိုင်စုရှီလည်း စိတ်အေးလာပြီး မျက်နှာ၌ ရိုးသားသည့်အပြုံးတစ်ခု ပေါ်လာခဲ့ည်။

"မင်းက အတော်ရဲတင်းတာပဲ။ ဒါ အဆင့် ၃ နတ်ဆိုးသားရဲလေ..."

မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်သည်။

သူသာဆိုလျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် မရောက်မခြင်း အလွယ်တကူသွားမည်မဟုတ်ပေ။

ကွာဟမှုက ကြီးမားလွန်းပြီး တိုက်ခိုက်မှုပုံစံတွေက ကွဲပြားသွားပြီဖြစ်သည်။

သို့ပေမယ့် ဤကောင်မလေးက ကံကြမ္မာ၏သမီးတော်ဖြစ်ပြီး အကျိုးအကြောင်းတွေက သူမအတွက် အသုံးမဝင်ပေ။

"နဲနဲရဲတင်းသွားတယ်။ ငါ နောက်တစ်ကြိမ်မလုပ်ရဲတော့ပါဘူး..."

ပိုင်စုရှီ ကြောက်ရွံ့မှုအချို့နှင့် သူမ၏အနည်းငယ်မောက်နေသည့်ရင်ဘတ်ကိုပုတ်လိုက်၏။

သူမလည်းမသွားချင်ပေမယ့် သူမဆရာက တွန်းအားပေးခဲ့၏။

သတ္တိရှိသူက အသက်ရှင်ပြီး သတ္တိမရှိသူက ငတ်ပြတ်မည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် သူမသွားခဲ့သည်။

ကံကာင်းစွာဖြင့် အဆုံးမှာ စီနီယာအကိုမုန့်ပေါ်လာခဲ့၏။ မဟုတ်လျှင် သူမဆရာ နောက်တစ်ကြိမ်အိပ်စက်သွားမည်ဖြစ်သည်။

အခန်း (၅၆)

ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်

အဆင့် ၃သားရဲ၏နှာခေါင်းအောက်မှ တစ်စုံတစ်ခုခိုးယူတာ လွယ်ကူသည့်ကိစ္စမဟုတ်ပေ။

မုန့်ချန်ချင်း မနေနိုင်ပဲ ပိုင်စုရှီ ဇယားကိုကြည့်လိုက်သည်။

အော်ရာဖုံးကွယ်ဖို့ လျို့ဝှက်နည်းစနစ်တစ်ခုခု လေ့ကျင့်ထားလားဆိုတာ သိရဖို့ပင်။

အခြေခံအချက်အလက်-

[မိတ်ဆွေ- ပိုင်စုရှီ]

[....]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၂]

[နားလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- ကျွမ်းကျင်လက်]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- ပင်လယ်နက်မူလသို့ပြန်ခြင်း (အဆင့် ၄)၊ လေမိုးကြိုးဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊....]

ကြည့်ပြီးနောက် မည်သည့်သိသိသာသာ ပြောင်းလဲမှုမှ မရှိပေ။

ကျင့်ကြံရေးနည်းစနစ် အဆင့် ၄ ရောက်သွားတာနှင့် ဓားသိုင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားရုံပင်။

ဤကျင့်ကြံရေးနည်းစနစ်၌ လူတစ်ယောက်၏အော်ရာကိုဖုံးကွယ်နိုင်သည့် အကျိုးသက်ရောက်မှုရှိသည်လား။

ရိုးရိုးသားသားပြောရလျှင် မုန့်ချန်ချင်း ဤကျင့်စဥ်ကို အတော်လေး စိတ်ဝင်စား၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏နာမည်မှာ ထူးခြားနေသောကြောင့်ပင်။

သို့ပေမယ့် ဤကျင့်စဥ်ကိုရဖို့ဆို နှစ်သက်မှုတိုးအောင်လုပ်ဖို့လိုအပ်၏။

"စီနီယာအကိုမုန့်, ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအရွက်ကိုးရွက်စိတ်ဝိညာဥ်မြက်ကို ကျွန်မတို့ ခွဲယူကြတာပေါ့..."

ပိုင်စုရှီ ကျေးဇူးတင်မှုကို ဖော်ပြလိုက်၏။

သို့ပေမယ့် သူမ၌ အဖိုးတန်ပစ္စည်းအပိုရှိပုံမရပေ။

"မလိုပါဘူး, မင်းဘာမင်းပဲ သုံးပါ။ ဒီမြက်နဲ့ဆို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်ရောက်ဖို့က ပြဿနာမဟုတ်ဘူး။ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ချိုးဖျက်ဖို့လည်း အလားအလာများသွားပြီ..."

မုန့်ချန်ချင်း မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။

ဤအရာက နှစ်သက်မှုအမှတ်တိုးအောင် တိုက်ရိုက်လုပ်ဆောင်နေတာ မဟုတ်လား။

"ဒါပေမယ့်...."

ပိုင်စုရှီ တစ်စုံတစ်ခုထပ်ပြောချင်သေး၏။

သို့ပေမယ့် မုန့်ချန်ချင်း ကြားဖြတ်ပြောလိုက်သည်။

"ဒါပေမယ့်တွေလုပ်မနေနဲ့။ ငါတို့ကမိတ်ဆွေတွေပဲမလား။ မိတ်ဆွေတွေကြားမှာ ခုလိုအားနာနေဖို့ မလိုပါဘူး...."

မုန့်ချန်ချင်း လက်ဆန့်ထုတ်ပြီး သူမခေါင်းကိုပုတ်လိုက်ရာ နူးညံ့သည့်ဆံနွယ်လေးတွေကို ခံစားမိလိုက်၏။

"ဟုတ််တယ်, ဟုတ်တယ်..."

မိတ်ဆွေဆိုသည့်စကားသံကြားသည့်အခါ ပိုင်စုရှီမျက်လုံးတွေ ခံစားချက်တွေ ပြည့်နှက်လာခဲ့သည်။

ယနေ့ခေတ်လောကကြီး၌ စီနီယာအကိုမုန့်လို စိတ်ရင်းမှန်လူတွေ အတော်နည်းသွားပြီဖြစ်သည်။

အနာဂတ်၌ သူမ စီနီယာအကိုမုန့်ကို ကောင်းကောင်းပြန်ပေးဆပ်ရမည်ပင်။

ဒင်!

[နှစ်သက်မှု ကြယ်သုံးလုံးသို့ တိုးသွားပါပြီ]

[ရရှိသောစွမ်းရည်- ပင်လယ်နက်မူလသို့ပြန်ခြင်း (အဆင့် ၄ )]

[အပိုဆောင်းဆုလဒ်- မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၃ ကဒ်]

စနစ်၏အသံ စိတ်ထဲမှာပေါ်လာပြီး မုန့်ချန်ချင်းအပြုံးတွေ ပိုလို့တောင်တောက်ပလာခဲ့သည်။

ကြည့်ရတာ နှစ်သက်မှုတိုးအောင်လုပ်တာက အတော်လေးရိုးစင်း၏။

သို့ပေမယ့် ရိုးစင်းတာကောင်း၏။ ဘာကြောင့်ကိစ္စတွေကို ရှုပ်ထွေးအောင်လုပ်မည်နည်း။

ထို့ပြင် ကံလည်းကောင်းနေခဲ့သည်။

နောက်ဆုံး၌ သူလိုချင်နေသည့်ကျင့်ကြံရေးနည်းစနစ်နှင့် အပိုဆောင်းဆုလဒ်ကို ရရှိခဲ့၏။

ဤဆုလဒ်တွေက ယခင်ဟာတွေထက် အများကြီး ပိုအဖိုးတန်နေခဲ့သည်။

၎င်းမှာ မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ်ဖြစ်၏။

"အို,ဒါနဲ့စကားမစပ် မင်းကိုပြောရအုန်းမယ်။ အနီဖျော့အခွင့်လမ်းနေရာအချို့မှာ ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးတွေရှိတယ်...."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး ပြောလိုက်သည်။'

"ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံး...."

ပိုင်စုရှီ အတော်လေး အံ့အားသင့်သွား၏။

ဤအရာက အဆင့် ၃ ဆေးလုံးဖြစ်ပြီး တကယ်ပဲ အနီဖျော့အခွင့်လမ်းနေရာမှာ ပေါ်လာခဲ့သည်။

စီနီယာအကိုမုန့် ထိုသို့ပြောမှတော့ သူတွေ့လာလို့ဖြစ်ရမည်ပင်။

"အချိန်ကသိပ်မရှိဘူး။ ငါ့မှာ အခြားလုပ်စရာရှိသေးလို့, စကားမပြောတော့ဘူး။ လျို့ဝှက်နယ်မြေပြီးမှ အေးဆေးပြောကြတာပေါ့..."

မုန့်ချန်ချင်း သူမပခုံးကို ပုတ်လိုက်သည်။

ဤအရာက အမှန်တရားဖြစ်ပြီး အသုံးချပြီးပစ်ထားခဲ့တာမဟုတ်ပေ။

အကယ်၍ လျို့ဝှက်နယ်မြေထဲမှာသာမဟုတ်လျှင် မုန့်ချန်ချင်း နှစ်သက်မှုဆက်တိုးအောင်လုပ်မည်ဖြစ်သည်။

စနစ်၏စည်းမျဥ်းအရ နှစ်သက်မှု ကြယ် ၅ လုံးကိုရောက်သည့်အခါ ပိုများသည့်လုပ်ဆောင်ချက်တွေ ပွင့်လာနိုင်၏။

အရေးကြီးဆုံးအချက်က အနာဂတ်၌ မိတ်ဆွေတွေဆီမှာ သူစိတ်ဝင်စားသည့်စွမ်းရည်တွေ ပေါ်လာလျှင် တိုက်ရိုက်ယူနိုင်တာပဲဖြစ်သည်။

ဤမိန်းခလေးပိုင်စုရှီက အတော်လေးကံကောင်း၏။

ခဏခဏဆိုသလိုပင် သူမကိုယ်ပေါ်၌ ပစ္စည်းကောင်းတွေ ပေါ်လာတတ်၏။

ထို့ကြောင့် သူမနှင့်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်လုပ်ရမည်ဖြစ်သည်။

"ဟုတ်တယ်..."

ပိုင်စုရှီ အပြင်းအထန်ခေါင်းညိတ်လိုက်၏။

မုန့်ချန်ချင်း လုပ်ချင်တာကို သူမသိ၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ကျင့်ကြံရေးနှင့် ရွမ်ချင်းနယ်ပယ်ကို လှည့်လှည်သွားလာဖို့ လုံလောက်၏။

ထို့ပြင် စီနီယာအကိုမုန့်၏ခွန်အားနှင့် အနီရင့်ရောင်အခွင့်ရေးတွေတောင် လွယ်ကူနေမည်ဖြစ်သည်။

သဘာဝအတိုင်း ထိုအဆင့်မြင့်အရင်းမြစ်တွေအားလုံးရယူဖို့ အချိန်ကို အမိအရဆုပ်ကိုင်ရမည်ပင်။

သူမအတွက်တော့, သူမက ကိုယ့်အခြေအနေကိုယ်သိ၏။

အနီရင့်ရောင်အခွင့်လမ်းနေရာတွေဆီ သွားမည်မဟုတ်ပေ။ အနီဖျော့နေရာအနည်းငယ်ရရှိခြင်းက လုံလောက်ပြီဖြစ်သည်။

"ဆရာ, ငါ အကိုမုန့်ကို ပင်လယ်နက်မူလသို့ပြန်ခြင်းကျင့်စဥ် ပေးလို့ရလား..."

ပိုင်စုရှီ မုန့်ချန်ချင်းကို ပြန်ပေးဆပ်ချင်နေဆဲဖြစ်သည်။

အချိန်အတော်ကြာတွေးပြီးနောက် သူမရှိတစ်ခုတည်းသောတန်ဖိုးရှိပစ္စည်းမှာ မြေကမ္ဘာအဆင့်နိမ့်ကျင့်စဥ်သာရှိ၏။

သို့ပေမယ့် ဤနည်းစနစ်ကို သူမဆရာ ပေးထားတာဖြစ်သည်။

ထို့ကြောင့် သူမဆရာကို အရင်မေးရမည်ဖြစ်သည်။

"မင်းပေးလို့ရတယ်..."

အိုဟောင်းသည့်အသံ ခေါင်းညိတ်လိုက်၏။

ယခင်က သူမ ဘယ်တုန်းကမှ သဘောမတူမခဲ့ပေ။

အဆုံးမှာတော့ ဤကျင့်စဥ်ကမြေကမ္ဘာအဆင့်ဖြစ်ပြီး သာမန်မဟုတ်ပေ။

သို့ပေမယ့် မုန့်ချန်ချင်းမှာ သာမန်လူတစ်ယောက်မဟုတ်ပြီး သူတို့ဆက်ဆံရေးအရ ဖြောင့်မတ်ပြီး သစ္စာရှိသူတစ်ယောက်ဖြစ်၏။

ဤကျင့်စဥ်ကိုသုံးပြီး သူတို့ကြားက ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေနိုင်သည်။

ဤနည်းဖြင့် အနာဂတ် သူမမရှိတော့လျှင်တောင် ဤကောင်းမလေးကို ကာကွယ်ပေးမည့် တစ်စုံတစ်ယောက်ရှိနေမည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ်, ဆရာ..."

ပိုင်စုရှီပျော်သွား၏။

ထို့နောက် ထွက်ခွာသွားတော့မည့် မုန့်ချန်ချင်းကို တားလိုက်သည်။

"စီနီယာအကိုမုန့်, ခဏနေပါအုန်း..."

"ဘာဖြစ်လို့လဲ..."

မုန့်ချန်ချင်း ပဟေဠိဖြစ်သွား၏။

"ဒါ အကို့အတွက်...."

ပိုင်စုရှီ သူမအိတ်ထဲမှကျင့်စဥ်စာအုပ်တစ်အုပ်ထုတ်ပြီး လက်နှစ်ဖြင့် မုန့်ချန်ချင်းဆီ ပေးလိုက်သည်။

ကျင့်စဥ်၏နာမည်ကိုမြင်သည့်အခါ မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွား၏။

ထိုအရာက တကယ်ကို ပင်လယ်နက်မူလသို့ပြန်ခြင်းကျင့်စဥ်ပင်။

သူက ဤကျင့်စဥ်ကို ပေါင်းစပ်ခြင်းမလုပ်ရသေးသော်လည်း အသက်ဝင်လာသော အပိုဆောင်းဆုလဒ်ကိုကြည့်ခြင်းအားဖြင့် မြေကမ္ဘာအဆင့်နည်းစနစ်ဆိုတာ သိသာ၏။

မြေကမ္ဘာအဆင့်နည်းစနစ်တစ်ခုက ဘယ်လောက်တောင် အဖိုးတန်လိုက်သနည်း။

ထိုက်ရွမ်းဂိုဏ်းစစ်မှန်တပည့်အများစုတောင် လေ့လာဖို့အရည်အချင်းမပြည့်မှီပေ။

အများစုက သိမ်မွေ့အဆင့်မြင့်တွေသာ သုံးကြ၏။

ရရှိခဲ့လျှင် သံသယရှိစရာမလိုအောင်အမြတ်တနိုးသိမ်းဆည်းထားပြီး အခြားလူကို အလွယ်တကူပေးမည်မဟုတ်ပေ။

ကြည့်ရတာ သူက ဤမိန်းခလေးစိတ်ထဲ၌ အနေအထားမြင့်မြင့်ယူထားပုံပေါ်၏။

သို့ပေမယ့်လည်း ဤအရာက ပိုင်စုရှီစိတ်ထားနှင့် ကိုက်ညီ၏။

ကြင်နာပြီး ကျေးဇူးသိတတ်၏။

"နှုတ်ဆက်ပါတယ်, စီနီယာအကိုမုန့်.."

ငြင်းခံရတော့မည်ကိုခံစားမိ၍ ပိုင်းစုရှီ ကျင့်စဥ်ကို မုန့်ချန်ချင်းလက်ထဲထို့ထည့်ကာ ထွက်ခွာသွားတော့သည်။

"ဒီကောင်မလေး..."

မုန့်ချန်ချင်း မနေနိုင်ပဲ ရယ်ရမလို ငိုရမလိုဖြစ်သွား၏။

သို့ပေမယ့် သူ့စိတ်ထဲ၌ ဖော်ပြမရနိုင်သည့် ခံစားချက်တစ်ခုရှိနေခဲ့သည်။

အဆုံး၌ သူက ခေါင်းခါယမ်းပြီး ကျင့်စဥ်ကို သိမ်းလိုက်သည်။

ဤနည်းဖြင့် သူက ဤနည်းစနစ်ကို ပေါ်တင်သုံးလို့ရပြီဖြစ်သည်။

ပိုင်စုရှီမြင်လျှင်တောင် ကိစ္စမရှိတော့ပေ။

မဟုတ်လျှင် အနာဂတ်အကြောင်းကိစ္စတစ်ခုခုတိုက်ဆိုင်ခဲ့လျှင် ပင်လယ်နက်မူလသို့ပြန်ခြင်းကျင့်စဥ် ဘယ်လိုရခဲ့လဲ ရှင်းမပြနိုင်ဖြစ်တော့မည်ပင်။

All Chapters