အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇)
စွမ်းအားအဆမတန်တိုးလာခြင်း
မုန့်ချန်ချင်းကိုနောက်၌ချန်ထားပြီးနောက် ပိုင်စုရှီ တောင်ကုန်းသေးတစ်ခုပေါ်မှာ ရပ်တန့်လိုက်၏။
ထို့နောက် တစ်ဖက်လှည့်ပြီး မုန့်ချန်ချင်းထွက်သွားတာကို ကြည့်နေလိုက်သည်။
သူမ မုန့်ချန်ချင်းနှင့်တွေ့သည့်အချိန်တိုင်း အချိန်က တိုလွန်း၏။
သူတို့သာ အတူတူအချိန်ပိုဖြုန်းနိုင်လျှင်...
"မိတ်ဆွေစစ်ဆိုတာ ရှာရခက်တယ်။ ရိုးသားတဲ့မိတ်ဆွေဆိုတာ ပိုတောင်ရှားသေးတယ်...."
"လူကောင်းတစ်ယောက်နဲ့တွေ့တာ မင်းကံကောင်းတာပဲ..."
အိုဟောင်းသည့်အသံ၏ရှေးကျသည့်အသံထွက်ပေါ်လာခဲ့သည်။
သူမသာဆိုလျှင် အရွက်ကိုးရွက်စိတ်ဝိညာဥ်မြက်မျက်စိရှေ့ရှိနေလျှင် ဂိုဏ်းတူတပည့်တွေနှင့် သေသည်အထိ တိုက်ခိုက်မည်ဖြစ်သည်။
ကိုယ်ကျင့်တရား? မိတ်ဆွေရင်းနှီးမှု? အားလုံး အယောင်ဆောင်တွေးချည်းပင်။
သို့ပေမယ့် မုန့်ချန်ချင်းမျက်လုံးထဲ၌ လောဘတစ်စွန်းတစ်စမှမရှိပဲ အံံအားသင့်မှုသာရှိ၏။
သူက တစ်ချက်သာကြည့်ပြီး အကြည့်လွဲလိုက်သည်။
ပိုင်းစုရှီအကြံပြုချက်ကိုတောင် ငြင်းဆန်ခဲ့၏။
"ဟုတ်တယ်, စီနီယာအကိုမုန့်က အရမ်းကောင်းတဲ့လူတစ်ယောက်ပဲ..."
ပိုင်စုရှီ၏ရီဝေသည့်မျက်လုံးတွေ၌ အံ့အားသင့်သည့်အရိပ်အယောင်တွေ ပြသလာ၏။
သူမက ဆယ်ကျော်သက်မိန်းခလေးတစ်ယောက်သာဖြစ်၏။
ဤအသက်အရွယ်နှင့် နေမင်းကဲ့သို့တောက်ပသည့်လူတစ်ယောက်ကို ဘယ်လိုလုပ် သဘောမကျပဲနေမည်နည်း။
"ဒါပေမယ့်, ငါလည်း အလုပ်ပိုကြိုးစားဖို့ လိုတယ်..."
ပိုင်စုရှီ အကြည့်ပြန်ရုတ်ပြီး သူမ၏လက်သီးသေးသေးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"စီနီယာအကိုမုန့်က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်နေပြီ။ ငါလည်း နောက်မှာ အဝေးကြီးကျန်နေခဲ့လို့ မဖြစ်ဘူး..."
"ဆရာ, လျို့ဝှက်နယ်မြေပြီးရင် ကျွန်မကို အမွေအနှစ်အစစ်အမှန်သင်ပေးပါ...."
"ကောင်ပြီ..."
....
မုန့်ချန်ချင်း နေရာတစ်ခုအရောက်...
အချက်အလက်ဇယားကိုဖွင့်ပြီး စွမ်းရည်ပေါင်းစပ်ဖို့ ပြင်ဆင်လိုက်၏။
ပိုင်းစုရှီက သူ့ကိုကျင့်စဥ်ပေးလိုက်သော်လည်း တိုက်ရိုက်ပေါင်းစပ်ခြင်းကဲ့သို့ ရိုးစင်းမည်မဟုတ်ပေ။
"စနစ်, စွမ်းရည်ပေါင်းစပ်မယ်...."
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
ထိုစကားသံထွက်ပေါ်လာသည်နှင့် များပြားသည့်အတွေးအမြင်တွေ သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
အားလုံးက ပင်လယ်နက်မူလသို့ပြန်ခြင်း ကျင့်စဥ်၏ အနှစ်သာရတွေပင်။
အရည်အသွေးက လင်းလုံအေးစက်လမင်းဓားသိုင်းထက်တောင် ပိုကောင်းပြီး အပြည့်အဝစုပ်ယူဖို့ နာရီဝက်ကျော်လောက် ကြာလိုက်၏။
ဟူး...
မုန့်ခန်ချင်း အသက်ရှူထုတ်လိုက်ပြီး မျက်လုံးဖြည်းညင်းစွာ ဖွင့်လိုက်သည်။
၎င်းတို့ထဲ၌ သိသာသည့်စိတ်လှုပ်ရှားမှုတွေ ရှိနေခဲ့သည်။
ဤနည်းစနစ်က တကယ်ကိုမြေကမ္ဘာအဆင့်ဖြစ်၏။
သို့ပေမယ့် သူ့ကိုစိတ်လှုပ်ရှားစေတာက ထိုအရာမဟုတ်ပေ။
ပါရှိသည့်အကြောင်းအရာတွေပင်။
"ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်"က သိုင်းပညာတစ်ခုမဟုတ်ပေ။ သန့်စင်သည့်ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်၏။
၎င်း၏လုပ်ဆောင်ချက်မှာ သွေးချီ ဒါမှမဟုတ် စစ်မှန်ချီ၏ပမာဏကို တိုးမြှင့်ပေးတာဖြစ်သည်။
စုစုပေါင်း အဆင့် ၅ ဆင့်ရှိ၏။
တစ်ဆင့်ချင်းဆီက စွမ်းအားနှစ်ဆတိုးသွားကာ အဆင့် ၅ ရောက်ချိန်၌ အရည်အသွေးပြောင်းပြီး ဆယ်ဆတိုးသွားမည်ဖြစ်သည်။
လူတိုင်း၏ သွေးချီနှင့် စစ်မှန်ချီခွန်အားမှာ အများကြီးမကွာတာ လူတိုင်းအသိပင်။
ထို့ကြောင့် စစ်မှန်ချီစားသုံးမှုကိုထိန်းချုပ်နိုင်ခြင်းကလည်း တိုက်ပွဲတွေ၌ အဓိကအချက်တစ်ခုဖြစ်သည်။
သို့ပေမယ့် လူတစ်ယောက်၏စစ်မှန်ချီမှာ လုံလောက်အောင်ပေါများနေလျှင် သဘာဝကောင်းကျိုးတစ်ခုဖြစ်မည်ပင်။
အစောပိုင်း ကောင်းကင်လေတိမ်ကျားကိုသတ်ခဲ့သည့် ဓားချက်ကဲ့သို့ပင်, ၎င်းကို ခွန်အားပြည့်တိုက်ခိုက်မှုဟု ယူဆနိုင်၏။
အလွန်အားကောင်းသော်လည်း ကုန်ဆုံးသည့်စစ်မှန်ချီပမဏက အများဆုံး နောက်ထပ် ဓားတစ်ချက်သာ ထုတ်ဖော်နိုင်တော့၏။
"ငါ ပိုင်စုရှီကိုမြင်တုန်းက သူမသွေးချီစွမ်းအင်တွေ ပုံမှန်မဟုတ်များပြားနေတာ မအံ့သြတော့ပါဘူး..."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ် တောက်ပသွား၏။
ပုံမှန်ဆို ကောင်းကင်လေတိမ်ကျား၏ အချိန်အတော်ကြာလိုက်ခံရပြီးနောက် သူ၏သွေးချီစွမ်းအင်တွေ ကုန်ဆုံးသွားသင့်၏။
သို့ပေမယ့် ပိုင်းစုရှီက ဆန့်ကျင်ဘက်ပင်။ ခွန်အားပြည့်နေပုံပေါ်ပြီး လုံးဝကုန်ဆုံးမသွားသလိုပင်။
လက်စသတ်တော့ ဤပင်လယ်နက်မူလသို့ပြန်ခြင်းကျင့်စဥ်ကြောင့် ဖြစ်နေခဲ့သည်။
ဒန်ထျန်က စစ်မှန်ချီပျိုးထောင်သည့် ထူးဆန်းသည့်နေရာဖြစ်၏။
ဆက်လက်နားလည်လာမှသာ လူတစ်ယောက်က တဖြည်းဖြည်း စစ်မှန်ချီပမာဏကို တိုးလာစေနိုင်၏။
ဤအရာကပဲ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ကျင့်ကြံခြင်းဖြစ်သည်။
ပင်လယ်နက်မူလသို့ပြန်ခြင်းက သိုင်းပညာရှင်တစ်ယောက်ကို ဒန်ထျန်အားနားလည်အောင် ကူညီမပေးနိုင်ပေ။
သို့ပေမယ့် ၎င်း၏တည်ရှိမှုကို ကိုယ်တွင်းအင်္ဂါငါးခုအတွင်း၌ အတုယူပြီး စစ်မှန်ချီတွေကို သိုလှောင်ပေး၏။
စစ်မှန်ချီဟူသည် ဒန်ထျန်ထဲ၌သာတည်ရှိနိုင်ပြီး သွေးကြောနှင့် အခြားနေရာတွေ၌ အကြာကြီးမတည်ရှိနိုင်ပေ။
ထို့ကြောင့် ဤကျင့်စဥ်၏အတွေးအခေါ်မှာ အလွန်ကိုနက်နဲလှ၏။
"ဒီလိုနည်းစနစ်တစ်ခုကို ဖန်းတီးနိုင်တာ အံ့သြစရာပဲ...."
မုန့်ချန်ချင်း ချီးကျူးလိုက်၏။
ပိုင်စုရှီဆီထံမှရရှိမှုကို ပေါင်းစပ်ပြီးနောက်ပင်လယ်နက်မူလသို့ပြန်ခြင်းမှာ အဆင့် ၄ သို့ရောက်ရှိသွားခဲ့သည်။
ဤအရာအရ အဆုပ်၊ သရက်ရွက်၊ အသည်း၊ ကျောက်ကပ် တို့၌ ဒန်ထျန်ကို အတုယူပြီးပြီဟု ဆိုလို၏။
နှလုံးတစ်ခုသာကျန်တော့၏။
အင်္ဂါငါးခုလုံးသာ ၎င်းတို့၏မူလသို့ပြန်ရောက်သွားလျင် သိုလှောင်နိုင်သည့်စစ်မှန်ချီပမာဏက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းသွားမည်ဖြစ်သည်။
"စနစ်, မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် တစ်ကဒ်သုံးမယ်..."
ဒင်!
[မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၁ ကဒ် အသုံးပြုနေပါသည်]
[ပင်လယ်နက်မူလသို့ပြန်ခြင်းနည်းစနစ်ကို အဆင့် ၅ ထိ မြှင့်တင်ပြီးပါပြီ]
ဘုန်း!
ထိုစကားတွေ ထွက်ပေါ်လာသည်နှင့် မုန့်ချန်ချင်း သူ့နှလုံးထဲ၌ ရုတ်တရက် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
၎င်းမှာ ကောင်းကင်နှင့်မြေကြီး ပွင့်ထွက်သွားသလိုပင်။
တစ်ချိန်တည်းမှာပဲ ကိုယ်တွင်းအင်္ဂါငါးခုကြား၌ အချိတ်အဆက်တစ်ခုရှိလာပုံရ၏။
၎င်းတို့က တစ်ခုနှင့်တစ်နှင့် ဆက်သွယ်နေပြီး အတုယူထားသည့်ဒန်ထျန်ကို အကြီးအကျယ်ပြန့်ကားလာစေခဲ့သည်။
သိုလှောင်ထားနိုင်သည့် စစ်မှန်ချီပမာဏမှာလည်း ဒန်ထျန်တစ်ခု၏ ၁၀ ဆအထိ ရောက်ရှိလာခဲ့သည်။
"ဒီနည်းစနစ်က ကျင့်ကြံဖို့ အတော်ခက်တာပဲ။ ရှားပါးအရင်းအမြစ်အများကြီးလိုတဲ့အပြင် နတ်ဆိုးသားရဲအချို့ရဲ့အစိတ်အပိုင်းအချို့တောင်လိုသေးတယ်...."
"ပိုင်စုရှီကတော့ ကံကောင်းပြီး အဲ့တာတွေကို ဆက်တိုက်ရှာတွေ့ခဲ့တယ်။ ငါ့အတွက်တော့ အလုပ်ဖြစ်မယ်မထင်ဘူး...."
မုန့်ချန်ချင်း သူ့ခန္ဓာကိုယ်တွင်းရှိပြောင်းလဲမှုတွေကိုခံစားမိပြီး နှုတ်ခမ်းအနည်းငယ် တွန့်ကွေးသွား၏။
"ဒါပေမယ့် ငါ့မှာ ကျွမ်းကျင်ကဒ်ရှိတယ်။ ဒါကလည်းအတူတူပါပဲ, ပိုတောင်ရိုးစင်းသေးတယ်..."
ဒင်းကနဲအသံတစ်ခုနှင့်...
မုန့်ချန်ချင်း သူ၏စစ်မှန်ချီကို ကိုယ်တွင်းအင်္ဂါငါးပါးဆီသို့ စတင်ပို့ဆောင်လိုက်၏။
ဒန်ထျန် စစ်မှန်ချီတွေလျော့နည်းလာတာ စစ်ဆေးမိသည့်အခါ ၎င်းက အလိုအလျောက်ပဲ ပြန်လည်ဖြည့်တင်းလိုက်သည်။
မုန့်ချန်ချင်းတွက်ချက်မှုအရ ၎င်းက နာရီပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
"ကျွမ်းကျင်ကဒ် ၂ ကဒ်ရှိသေးတယ်, လင်းလုံမဟာကျော့ကွင်းကောင်းကင်ကို အဆင့်မြင့်ဖို့သုံးလို့ရတယ်...."
"ဒီနည်းစနစ်ရဲ့တန်ဖိုးကလည်း ပင်လယ်နက်မူလသို့ပြန်ခြင်းနဲ့ အတူတူပဲ..."
"နှမြောစရာက ဒီနည်းစနစ်ကလည်း ပင်လယ်နက်မူလသို့ပြန်ခြင်းနဲ့အတူတူပဲ။ ပြီးပြည့်စုံခြင်းအဆင့်ရောက်မှ သိသာတဲ့ပြောင်းလဲမှုရှိလာမှာ..."
"ထားလိုက်တော့, ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံရမှာပဲ..."
"စနစ်, လင်းလုံမဟာကျော့ကွင်းကောင်းကင်ကို အဆင့်မြင့်တင်မယ်..."
ဒင်!
[မြေကမ္ဘာအဆင့်ကျွမ်းကျင်ကဒ် ၂ ကဒ် အသုံးပြုနေပါပြီ]
[လင်းလုံမဟာကျော့ကွင်းကောင်းကင်ကို အဆင့် ၂ ထိ မြှင့်တင်ပြီးပါပြီ]
များပြားသည့်အတွေးအမြင်တွေ သူ့စိတ်ထဲထွက်ပေါ်လာပြီး မုန့်ချန်ချင်း ဖြည်းညင်းစွာ စုပ်ယူလိုက်သည်။
အဆင့် ၂ ဆင့်သာဖြစ်သောကြောင့် အချိန်အများကြီး သိပ်မကြာလိုက်ပေ။
အမွေးတိုင်တစ်တိုင်စာအချိန်လောက်၌ မုန့်ချန်ချင်း မျက်လုံးဖွင့်လာသည်။
လင်းလုံမဟာကျော့ကွင်းကောင်းကင်၏ အဆင့် ၂ က သူ၏တိုက်ခိုက်ရေးစွမ်းရည် နှစ်ဆဖြစ်လာပြီဟု ဆိုလို၏။
၎င်း၏လုပ်ဆောင်ချက်မှာ စစ်မှန်ချီကိုလောင်ကျွမ်းပြီး စစ်မှန်ချီအရည်အသွေးကို မြှင့်တင်ပေးတာဖြစ်သည်။
"ပင်လယ်နက်မူလသို့ပြန်ခြင်းနဲ့ လင်းလုံမဟာကျော့ကွင်းကောင်းကင်က တကယ်ကို လိုက်ဖက်တာပဲ..."
"တစ်ခုက စစ်မှန်ချီပမာဏကိုတိုးပေးပြီး နောက်တစ်ခုက စစ်မှန်ချီရဲ့အရည်အသွေးကို တိုးမြှင့်ပေးတယ်...."
"လင်းလုံမဟာကျော့ကွင်းကောင်းကင်က လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ။ ဒီတော့ အချိန်တိုပဲ သုံးလို့ရမှာ...."
မုန့ချန်ချင်း မနေနိုင်ပဲ အနည်းငယ် နောင်တရသွား၏။
သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူဤနည်းစနစ်နှစ်ခုနှင့် သူ၏သိုင်းပညာတွေနှင့်ပေါင်းလျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အထွတ်အထိပ်နှင့်ယှဥ်ပြိုင်ဖို့ ယုံကြည်ချက်ရှိ၏။
အခန်း (၅၈)
ရှီညီအကိုနှင့် တွမ့်ဟွမ်
စိတ်ကိုပြန်စုစည်းပြီး မုန့်ချန်ချင်း နောက်ထပ် တွေဝေမနေတော့ပဲ အဝေးသို့ပြေးထွက်သွားတော့သည်။
အနီရင့်ရောင်အခွင့်လမ်းက စုစုပေါင်းဆယ်ခုသာရှိ၏။
ပိုင်စုရှီက တစ်ခုယူသွားရာ ကိုးခုသာ ကျန်တော့၏။
သူက အမြန်လုပ်ရမည်ပင်။
အကုန်လုံးယူဖို့ မပြောလိုသေးပေ။ အနည်းဆုံး သုံးခုတော့ သူ့အတွက်ဖြစ်သင့်၏။
တတိယနေ့၌...
ဘန်း!
ပုံရိပ်တစ်ခုလွင့်ပျံသွားပြီး ရှေးဟောင်းသစ်ပင်အများအပြားကျိုးသွားကာ နောက်ဆုံး တောင်နံရံတစ်ခုထဲမြှပ်သွားပြီး ပုံရိပ်တစ်ခုပေါ်လာ၏။
ဖူး...
တွမ့်ဟွမ် သွေးတစ်လုတ်အန်လိုက်ရ၏။
ဆန္ဒမရှိသည့်အရိပ်အယောင်တွေ သူ့မျက်လုံးထဲမှာပေါ်လာခဲ့သည်။
ဘာကြောင့်လဲ?...
မကြာသေးခင်နှစ်တွေအတွင်း အပြစ်ပေးတောင်ထိပ်၏အထူးချွန်ဆုံးတပည့်တစ်ယောက်အနေဖြင့် သူက အတွင်းစည်းမှာ အမြဲအဆင့် ၁ ဖြစ်၏။
မည်သူမှ သူ့ပြိုင်ဘက်ဖြစ်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။
သို့ပေမယ့် လက်တွေ့ကတော့ လုံးဝခြားနား၏။
လျို့ဝှက်နယ်မြေသို့ဝင်ရောက်ပြီးနောက် သူက ဓားရူးနှင့်ပထမဦးစွာတွေ့ခဲ့သည်။
သို့ပေမယ့် အကွက်တစ်ရာပြီးနောက် ရှုံးသွားခဲ့သည်။
ယခုလည်း ရှီညီအကိုနှင့်တွေ့ပြန်ရာ ရလဒ်က ပိုတောင်သနားစရာကောင်း၏။
ဆယ်ကွက်တည်းဖြင့် လွင့်ပျံသွားခဲ့သည်။
သိသာစွာပင်, သူတို့နှစ်ယောက်လုံးက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ဝင်ရောက်သွားပြီဖြစ်သည်။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
တွမ်ဟွမ် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး တောင်နံရံအပြင်ဘက်ကို တယိမ်တယိုင်ဖြင့် ဆုတ်လာခဲ့သည်။
သူ့မျက်နှာ၌ စော်ကားခံရမှုတွေအပြည့်ပင်။
သို့ပေမယ့် ဆက်မတိုက်ခဲ့ပေ။
ထိုအစား တစ်ဖက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ကွာဟချက်ကကြီးလွန်း၍ သူက လက်ရှိကိုလက်ခံရုံသာရှိ၏။
"အကိုကြီး, ဒီကောင်က တကယ်ထူးဆန်းတယ်။ သူက အရမ်းအားနည်းပေမယ့် ငါနဲ့တိုက်ချင်နေသေးတယ်...."
ရှီယောင်ပြောလိုက်သည်။
သူ့အသံက အောနေပေမယ့် ကလေးဆန်မှုတွေရှိနေခဲ့သည်။
"သူ့ကိုစိတ်ထဲမထားနဲ့။ ရတနာဆက်ရှာကြတာပေါ့...."
ရှီဂွမ်း သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။
သူ၏ နှစ်မီတာခွဲရှည်သည့်ခန္ဓာကိုယ်ကြီးက မိုးခြိမ်းသံကဲ့သို့အသံတွေထွက်ပေါ်လာပြီး ပြင်းထန်သည့်ဖိအားတွေ ထုတ်လွတ်နေခဲ့သည်။
"ကောင်းပါပြီ, အကိုကြီး, ငါတို့ အလျှင်အမြန် ပိုသန်မာလာပြီး နာမည်ကြီးအောင်လုပ်ရမယ်။ ဒါမှ အမေပျော်ရွင်မှာ...."
ဖြန်း!
ရှီဂွမ်း ရှီယောင်ခေါင်းကိုရိုက်လိုက်၏။
"စကားပုံတွေလျှောက်သုံးမနေနဲ့။ အဲ့တာက ထင်ပေါ်ကျော်ကြားအောင်လုပ်မယ်ဖို့ပြောရတာ...."
"မင်းသေချာလို့လား, အကိုကြီး...."
ရှီယောင် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
သူ့အတွက် ဤကဲ့သို့ရိုက်ခံရတာ ဘာမှမခံစားရပေ။
"ဒါပေါ့, ငါက မင်းထက် ပိုဉာဏ်ကောင်းတယ်လေ။ မမေ့နဲ့, ငါခြောက်နှစ်သားတုန်းကဆို ၁ ကနေ ၁၀ ထိရေတတ်နေပြီ..."
ရှီဂွမ်း၏ကြီးမားသည့်မျက်နှာ၌ ဂုဏ်ယူသည့်အမူအရာ ပေါ်လာခဲ့သည်။
"အခုဆို ၁၀၀ထိ ရေနိုင်နေပြီကွ..."
"ဟုတ်ပါပြီ, မင်းက အထင်ကြီးစရာပါ..."
ရှီယောင် နှုတ်ခမ်းစူလိုက်သည်။
"ဟေး, သွားစို့။ အခြားနေရာတွေ သွားစစ်ဆေးရအောင်။ ဒီမလာခင် အပြင်ဘက်ကလူအိုကြီးပြောလိုက်တယ်လေ, ငါတို့လိုချင်တဲ့ပစ္စည်းက အနီနက်ရောင်အမှတ်သားမှာတဲ့...."
"အခြားလူတွေကို ယူသွားခွင့်ပြုလို့မဖြစ်ဘူး...."
ရှီဂွမ်း ရှေ့က လျှောက်သွားလိုက်သည်။
"အဲ့လူအိုကြီးက စကားကို အမြဲတစ်ဝက်တစ်ပျက်ပဲပြောတယ်။ ငါတကယ် သူ့ကို ရိုက်ပစ်ချင်တယ်...."
"ကံမကောင်းစွာနဲ့ ငါ သူ့ကို မနိုင်ဘူးလေ..."
ရှီယောင် အလျှင်အမြန်ပဲ နောက်ကလိုက်သွား၏။
နှစ်ယောက်သား တောင်တန်းနှင့်သစ်တောတွေတစ်လျှောက် လျှောက်လာခဲ့ကြသည်။
ထို့စဥ် ကြီးမားသည့် အဆင့် ၃ သားရဲကြီးတစ်ကောင် ထိုနေရာရှိ မြေပြင်၌ တိတ်တဆိတ် လဲလျောင်းနေခဲ့သည်။
.....
"လေးခုမြောက်ပဲ..."
ပုံရိပ်တစ်ခု အမှောင်ထဲမှထွက်ပေါ်လာပြီး ကြီးမားသည့်ရေတံခွန်ကြီးကို မျက်နှာချင်းဆိုင်လိုက်၏။
ထိုအရာက မုန့်ချန်ချင်းပင်။
မြေပုံကိုကြည့်လိုက်ရာ အခွင့်လမ်းနေရာက အနီးနားမှာရှိ၏။
သို့ပေမယ့် လက်တွေ့၌ ဆန့်ကျင်ဘက်ပင်။ အဘယ်ကြောင့်ဆိုသော် ရွမ်ချင်းနယ်ပယ်က တကယ်ကိုကျယ်၏။
ကံကောင်းစွာဖြင့် သူ့၌စစ်မှန်ချီအလုံအလောက်ရှိပြီး လမ်းတစ်လျှောက်လုံးပြေးလာခဲ့သည်။
နောက်ဆုံး၌ လူများစွာထက်အရင်ရောက်လာခဲ့ပြီး အနီရင့်အခွင့်လမ်းနေရာ သုံးခုကို ဆက်တိုက်ပိုင်ဆိုင်ခဲ့၏။
အရင်းအမြစ်များစွာရရှိခဲ့ပြီး ဆေးလုံးတွေ၊ စိတ်ဝိညာဥ်ဆေးတွေဖြစ်ကြပြီး အားလုံးက ကျင့်ကြံရေးတိုးမြှင့်သည့်ပစ္စည်းတွေဖြစ်၏။
ဤသုံးခုနှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၄ ဒါမှမဟုတ် အဆင့် ၅ ရောက်အောင် ကျင့်ကြံဖို့ လုံလောက်တာပဲဖြစ်သည်။
"ဒီလေးခုမြောက်ရတာနဲ့, အနီရင့်ရောင်အခွင့်လမ်းတွေရဲ့တစ်ဝက်က ငါ့လက်ထဲရောက်ပြီ..."
မုန့်ချန်ချင်း ထိုအရာကိုတွေးပြီး အတော်လေး ကျေနပ်နေခဲ့သည်။
အဆုံးမှာတော့ အနီရင့်ရောင်နေရာက စုစုပေါင်း ၁၀ ခုသာ ရှိ၏။
သူ ဤလောက်အများကြီးရခဲ့တာဟာ သူ၏ကိုယ်ပိုင်ခွန်အားအပြင် အခြားလူတွေ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို မချိုးဖျက်ရသေး ဒါမှမဟုတ် ချိုးဖျက်နေတုန်းကြောင့် ဖြစ်၏။
မဟုတ်လျှင်, ထိုထိပ်တန်းတပည့်အနည်းငယ်၏ခွန်အားနှင့် အဆင့်ချိုးဖျက်သွားသည့်အခါ ဤအဆင့် ၃ သားရဲတွေကို ထိန်းချုပ်ဖို့က လွယ်ကူတာပဲဖြစ်သည်။
"ဆက်သွားမယ်...."
မုန့်ချန်ချင်း ရေတံခွန်ထဲဝင်ရောက်တော့မည့်အချိန်မှာပဲ အနီးနားမှ ခြေလှမ်းသံတွေ ထွက်ပေါ်လာ၏။
ပုံရိပ်တစ်ခု သိပ်သည်းသည့်သစ်တောထဲမှ ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တင်းမာသည့်မျက်နှာနှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၏ပြိုင်ဘက်ကင်းစစ်မှန်ချီကို ထုတ်လွတ်ထားခဲ့သည်။
ထိုသူ၏ အော်ရာက အတော်လေး အားကောင်း၏။
သိသာစွာပင်, သာမန်သိုင်းပညာရှင်တစ်ယောက်မဟုတ်ပေ။
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်...."
မုန့်ချန်ချင်း အနည်းငယ် ခေါင်းညိတ်လိုက်၏။
ယခုက သုံးရက်မြောက်ရှိပြီဖြစ်၍ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေ စတင်ထွက်ပေါ်လာတာ ပုံမှန်ပဲဖြစ်သည်။
သူက ကံကောင်း၏။
ပထမဆုံးအရင်းအမြစ်မှာပဲ ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးနှင့်တိုးခဲ့သည်။
မဟုတ်လျှင် ဤလောက်မြန်မြန် အဆင့်ချိုးဖျက်နိုင်မည်မဟုတ်ပေ။
ထိုသူ၏ဝတ်စုံအရ အပြစ်ပေးတောင်ထိပ်၏တပည့်တစ်ယောက်ဖြစ်သင့်၏။
ထိုအရာကိုတွေးပြီး မုန့်ချန်ချင်း သူ၏စစ်ဆေးရေးမျက်လုံးကို အသုံးပြုလိုက်သည်။
အခြေခံအချက်အလက်-
[အမည်- တွမ့်ဟွမ်]
[မျိုးနွယ်- လူမျိုး]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၁]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာလွန်]
[ပါရမီစွမ်းရည်- သံမဏိလက်]
[ကျင့်ကြံရေးနည်းစနစ်- ချန်ယန်ဖြိုကွဲခြင်းဝိညာဥ်လက်ဝါး(ပြီးပြည့်စုံခြင်းအဆင့်)၊ ဖြိုခွဲခြေလှမ်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]
"တွမ့်ဟွမ်...."
မုန့်ချန်ချင်း ရုတ််တရက် နားလည်သွား၏။
အချက်အလက်ဇယား အရမ်းကောင်းနေတာ မအံံ့သြတော့ပေ။
ထိုကောင်၏ရုပ်ခန္ဓာက အားမကောင်းသော်လည်း နားလည်နိုင်စွမ်းက ထိပ်တန်းဖြစ်ပြီး ပါရမီစွမ်းရည်ပိုင်ဆိုင်ထား၏။
ထို့ပြင် အပြစ်ပေးတောင်ထိပ်၏ သိမ်မွေ့အဆင့်မြင့်လက်ဝါးနည်းစနစ်ကိုလည်း ကျွမ်းကျင်ထား၏။
ကုန်းလင်းရွယ် အတွင်းစည်းတပည့်တွေကြားရှိ ထိပ်တန်းပါရမီရှင်တပည့်များစွာကို ပြောပြခဲ့သည်။
တွမ့်ဟွမ်က သူတို့ထဲက တစ်ယောက်ပင်။
"ငါ နောက်ဆုံးတော့ အဲ့ဒီပါရမီရှင်တွေကို တွေ့ရပြီ..."
မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။
အရင်းအမြစ်တွေပိုင်ဆိုင်တာအပြင် ဤပါရမီရှင်တွေနှင့် အဆက်အသွယ်လုပ်တာက လျို့ဝှက်နယ်မြေကိုလာရသည့် သူ၏အဓိကရည်ရွယ်ချက်ဖြစ်သည်။
တွမ့်ဟွမ်းဇယားက အထင်ကြီးစရာကောင်းသော်လည်း သူစိတ်ဝင်စားသည့်အရာ မရှိပေ။
သို့ပေမယ့် အဆင်ပြေ၏။
မလိုအပ်သည့်စွမ်းရည်တွေကို ပယ်ဖျက်လို့ရတာပဲဖြစ်သည်။
သူတို့တွေ့မှတော့ ဆက်ဆံရေးတည်ဆောက်ထားတာ ကောင်းမွန်သည့်အချက်ဖြစ်၏။
"စိတ်ဝိညာဥ်တာင်ထိပ်တပည့်?..."
တွမ့်ဟွမ် မုန့်ချန်ချင်းကို အပေါ်အောက်ကြည့်ပြီး သူ့အမူအရာ အတော်လေး ထူးမခြားနားဖြစ်လာ၏။
သူမှတ်မိနေသေး၏။ စိတ်ဝိညာဥ်တောင်ထိပ်၌ ထိုအထူးခန္ဓာပိုင်ရှင်အဆင့်တက်သွားကတည်းက အတွင်းစည်း၌ ထူးချွန်သည့်လူမရှိတော့ပေ။
"လာ,တိုက်ခိုက်မယ်။ နိုင်တဲ့သူ အခွင့်လမ်းနေရာကို ယူကြေး..."
တွမ့်ဟွမ် တိုက်ရိုက်ပဲပြောလိုက်သည်။
ယခုချိန်မှာ သူက အတော်လေး ဒေါသထွက်နေ၏။
သူ့ကိုယ်သူအမြဲ အတွင်းစည်းနံပါတ် ၁ အဖြစ်မှတ်ယူထားပေမယ့် ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ၁၀ ကွက်အတွင်းတောင် ရှုံးနိမ့်ခဲ့၏။
ဤကဲ့သို့အရှက်ကွဲမှုကို သူ ဘယ်လိုလုပ် ခံစားနိုင်မည်နည်း။
ယခု သူ့စိတ်ခံစားချက်တွေကို အဆင့်တူသိုင်းပညာရှင်တစ်ယောက်ကိုရိုက်နှက်ပြီး ဖြေလျော့ရမည်ဖြစ်သည်။
သူ့ရှေ့ရှိလူမှာ အဆင့်တူဖြစ်သော်လည်း အထင်ကြီးစရာပုံမရှိပေ။
သာမန်ခွန်အားနှင့် သာမန်တပည့်တစ်ယောက်သာဖြစ်နိုင်ပြီး သူနှင့်အဆင့်တူမဟုတ်ပေ။
ဤကိစ္စ၌ အနည်းငယ်အနိုင်ကျင့်ပုံပေါ်နေသော်လည်း.... သူ ဂရုမစိုက်ပေ။
ယခုချိန်မှာ သူ့စိတ်ခံစားချက်တွေကို ပုံချချင်တာပဲသိတော့၏။
ဤလူ ကံမကောင်းဘူးဟူ၍ပဲ ဆိုရမည်ဖြစ်သည်။