အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉)
မင်းတစ်ကွက်တောင်မခံနိုင်မယ်လို့ ထင်မထားဘူး
မု့န်ချန်ချင်း အံ့သြသွား၏။
ဤလောက်တောင်ပွင့်လင်းသည်လား?...
အရင်းအမြစ်တွေအတွက်ရုန်းကန်မှုက စွမ်းရည်ရှိသူရရှိစမြဲပင်။
သို့ပေမယ့် အပိုစကားတစ်ခွန်းမပြောပဲ တိုက်ရိုက်စိန်ခေါ်တာတော့ တကယ်ကိုရှား၏။
ထို့ပြင် ဤလူ၏အကြည့်တွေက အစမှနေ၍ သူ့အပေါ်မှာသာရှိနေခဲ့ပြီး တစ်ခါမှ လွဲဖယ်မသွားပေ။
အရင်းအမြစ်အတွက်လာသည်ဟု မခံစားရပေ။
"ကောင်းပြီလေ, ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်..."
အသိပြန်ဝင်လာပြီး မုန့်ချန်ချင် ခပ်ဖွဖွပြောလိုက်သည်။
"ဘာအခြေအနေလဲ..."
ယခု တွမ့်ဟွမ် အံ့အားသင့်ရမည့်အလှည့်ရောက်လာခဲ့သည်။
တိုက်ခိုက်ဖို့အတွက် အခြေအနေ? ထိုအရာက ဘယ်လိုကြီးနည်း။
"ငါနိုင်ရင်, မင်း ငါ့မိတ်ဆွေဖြစ်လာရမယ်, ဘယ်လိုလဲ...."
မုန့်ချန်ချင်း ပြောလိုက်သည်။
တွမ့်ဟွမ် ချက်ချင်း အသက်ပြင်းပြင်းရူလိုက်ပြီး နဖူးရှိ သွေးကြောတွေ ထောင်ထလာခဲ့သည်။
သိသာသည့်အကြောင်းပြချက်မရှိပဲ မိတ်ဆွေဖြစ်ရမည်ဆိုသည့်အခြေအနေထက် သူ့ကိုပိုဒေါသထွက်သွားစေတာက ပထမစာသားပင်။
"ငါနိုင်ခဲ့ရင်???..."
ယခု ဘယ်လိုလူမျိုးတွေတောင် သူ့ကိုရိုက်နိုင်ပြီဟု ထင်နေကြသနည်း။
မည်သည့်အချက်ပေါ်အခြေခံပြီး ဤလူက ဤကဲ့သို့ယုံကြည်မှုမျိုးရှိလာသနည်း။
ထိုကောင်က သာမန်လူတစ်ယောက်သာဖြစ်၏။
သူဘယ်သူလဲဆိုတာ သိတောင်သိရဲ့လား?
တွမ့်ဟွမ်, အပြစ်ပေးတောင်ထိပ်မှ တွမ့်ဟွမ်ဖြစ်၏။
လက်ရှိအဆင့်... အတွင်းစည်းအဆင့် ၄ ပင်။
"ဒါပေါ့...."
တွမ့်ဟွမ် အံ့ကြိတ်ပြီး မျက်လုံးထဲရှိ မီးတောက်တွေကို ဖိနှိပ်ထားလိုက်၏။
ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်း ဤလူစိတ်အခြေအနေနှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတာ ခံစားမိလိုက်သည်။
တစ်ဖက်စွန်းရောက်နေသူနှင့်ပိုတူ၏။
သူပြောသည့်အခြေအနေနှင့်ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိသည်လား?
သေချာပေါက် မရှိပေ။
ထိုကောင်ကဘာကြောင့် ဒေါသထွက်နေသနည်း။
"ဒါပေမယ့် မင်းခွန်းအားပြည့်သုံးဖို့လိုမယ်။ မဟုတ်ရင် ငါ မပျော်မရွင်ဖြစ်ရလိမ့်မယ်...."
တွမ့်ဟွမ်ရင်ထဲရှိ မကျေနပ်ချက်တွေ အထွတ်အထိပ်ကို ရောက်လာခဲ့သည်။
စတိုက်ခိုက်သည်နှင့် သူ၏ထိန်းချုပ်မှုရှုံးဆုံးတော့မည်ဟု ခံစားရ၏။
ထို့ကြောင့် ရုတ်တရက်ထိခိုက်မှုတွေမှ ရှောင်ရှားဖို့ စေတနာနှင့်သတိပေးလိုက်သည်။
"ခွန်အားပြည့်...."
"ကောင်းပြီလေ...."
တွမ့်ဟွမ်၏ လေးနက်သည့်အမူအရာကိုမြင်တော့ မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။
ကြည့်ရတာ ထိုကောင်က သိုင်းပညာကို အရူးအမူဖြစ်သူတစ်ယောက် ဖြစ်မည်ပင်။
သိုင်းပညာကိုရူးသွပ်သူတွေအတွက် ခွန်အားပြည့်တိုက်ခိုက်ပေးခြင်းက မိတ်ဆွေတွေကို လေးစားသည့်ပုံစံတစ်မျိုးဖြစ်၏။
"ချန်ယန်ဖြိုခွဲခြင်းဝိညာဥ်လက်ဝါး...."
မုန့်ချန်ချင်း လှုပ်ရှားမှာကို စောင့်မနေပဲ တွမ့်ဟွမ် စတင်လှုပ်ရှားလိုက်၏။
သူက သူ့ကိုယ်သူ နောက်ထပ် ထိန်းမထားနိုင်တော့ပေ။
မဲနက်သည့်စစ်မှန်ချီလှိုင်းလုံးတွေ ထွက်ပေါ်လာပြီး သူ့လက်ဝါးထဲ၌ အနက်ရောင်နေမင်းတစ်ခုအဖြစ်ပြောင်းသွားသည်။
ဤအရာက သိမ်မွေ့အဆင့်မြင့်လက်ဝါးနည်းစနစ်တစ်ခုဖြစ်ပြီး အလွန်အမင်း စွမ်းအားကြီး၏။
သာမန်တပည့်တစ်ယောက် ခုခံနိုင်သည့်အရာ မဟုတ်ပေ။
"လွင့်ပျံသွားလိုက်တော့...."
တွမ့်ဟွမ် လျို့ဝှက်နယ်မြေထဲရှိ သူ၏တိုက်ပွဲနှစ်ခုကို အမှတ်ရလိုက်သည်။ နှစ်ပွဲလုံးက ဤကဲ့သို့ အဆုံးသတ်ခဲ့သည်။
အထူးသဖြင့်, ရှီယောင်နှင့်ပင်။
ထို့ကြောင့် အခြားသူကိုလည်း ဤကဲ့သို့အရာသာ ခံစားကြည့်စေချင်၏။
"လက်ခံနိုင်လောက်တဲ့လက်ဝါးနည်းစနစ်ပဲ...."
မုန့်ချန်ချင်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
ဤလက်ဝါးနည်းစနစ်တစ်ခုတည်းနှင့် အတွင်းစည်းမှာ ထိပ်တန်းပါရမီရှင်တွေနှင့် ယှဥ်နိုင်၏။
ထို အဆင့် ၃ အဆင့် ၄ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေ ခက်ခက်ခဲခဲခုခံရမည်ဖြစ်သည်။
"အခု, ငါဓားထုတ်ရမဲ့အလှည့်ပဲ....'
မုန့်ချန်ချင်း မျက်လုံးမိတ်ပြီး ရုတ်တရက်ပြန်ဖွင့်လာ၏။
ထိုအခါ သူ၏အမူအရာတစ်ခုလုံးက ချက်ချင်းပြောင်းလဲသွားခဲ့သည်။
၎င်းမှာ နတ်ဘုရားဓားတစ်ချောင်းထွက်လာပြီး ထက်ရှမှုတွေ ထုတ်လွတ်နေသလိုပင်။
အကန့်အသတ်မရှိသည့်အော်ရာ၊ အလွန်အမင်းထက်ရှမှု၊ စသည်တို့မှာ ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်နိုင်သလိုပင်။
ဤမြင်ကွင်းကိုမြင်တော့ တွမ့်ဟွမ်အပြုံးတွေ အေးခဲလုနီးပါးဖြစ်သွားပြီး တဖြည်းဖြည်း မယုံနိုင်သည့်အမူအရာတွေ ပေါ်လာခဲ့သည်။
ထိပ်တန်းပါရမီရှင်တစ်ယောက်အနေဖြင့်, ဤအော်ရာက ဘာလဲဆိုတာ သူက သဘာဝအတိုင်းသိ၏။
ဓားချီ....
သို့ပေမယ့် ဤအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
သူတောင် ထိုအဆင့်နှင့်မထိတွေ့နိုင်သေးရာ သာမန်တပည့်တစ်ယောက်က ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မည်နည်း။
"လင်းလုံအေးစက်လမင်း...."
တွမ့်ဟွမ် စိတ်ရှုပ်နေစဥ် မုန့်ချန်ချင်း လှုပ်ရှားလိုက်၏။
လက်နှစ်ချောင်းက ဓားအဖြစ်ပြောင်းပြီး မရေမတွက်နိုင်သည့်ဓားအလင်းတန်းတွေ လက်ချောင်းထိပ်မှာ တောက်ပလာ၏။
ထို့နောက် ခြေတစ်လှမ်းရှေ့တိုးပြီး သူ့ပုံရိပ် နေရာမှာပဲ ပျောက်ကွယ်သွားခဲ့သည်။
ပြန်ပေါ်လာသည့်အခါ တွမ့်ဟွမ်နောက်ကို ရောက်နေပြီဖြစ်သည်။
"လခြေလှမ်းသတ်ဖြတ်ခြင်း...."
သူ့လက်ချောင်းထိပ်ရှိ သက်တန့်ရောင်ဓားအလင်းတန်းမှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပြီး တွမ့်ဟွမ်ကိုဖိနှိပ်နေရာ တွမ့်ဟွမ်၏အနက်ရောင်ဆံပင်တွေ တဖြတ်ဖြတ်လွင့်ပျံသံတွေတောင် ထွက်ပေါ်နေခဲ့သည်။
တွမ့်ဟွမ် အသိပြန်ဝင်လာပြီး သူ့အမူအရာအကြီးအကျယ်ပြောင်းလဲသွားသည်။
ဤကဲ့သို့အကွာအဝေးအတွင်း၌ လုံးဝမရှောင်နိုင်ရာ ထိပ်တိုက်ရင်ဆိုင်ဖို့သာ ရှိတော့၏။
"ချန်ယန် ဖြိုခွဲခြင်းဝိညာဥ်လက်ဝါး..."
တွမ့်ဟွမ် ဟိန်းဟောက်လိုက်၏။
သူ့အသံက ပြင်းထန်သည့်ဒေါသတွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤအရာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
ဘာကြာင့် သူတွေ့သည့်လူတိုင်းက အရမ်းသန်မာနေရသနည်း။
အတွင်းစည်း၌ တကယ်ပဲ ပုန်းကွယ်နေသည့်နဂါးတွေနှင့် ကျားတွေ ပြည့်နေခဲ့သည်။
ဘုန်း!
လက်ဝါးနှင့်ဓားတွေဆုံသွား၏။
အနက်ရောင်နေလုံး အနည်းငယ်လေးတောင် မခုခံနိုင်ပဲ ချက်ချင်း စွမ်းအားကင်းမဲ့သွား၏။
တွမ့်ဟွမ်လွင့်ပျံသွားပြီး ရှေးဟောင်းသစ်ပင်ဒါဇင်ချီကျိုးကြေသွားကာ နောက်ဆုံး တောင်နံရံထဲနစ်ဝင်သွားခဲ့သည်။
"အားနည်းလွန်းလှကြီလား..."
မုန့်ချန်ချင်း တုန်လှုပ်သွား၏။
အစက သူအစွမ်းကုန်ထုတ်သုံးဖို့ရည်ရွယ်ထား၏။
အဆုံးမှာတော့ ထိုအရာက တွမ့်ဟွမ်၏တောင်းဆိုမှုဖြစ်၏။
သို့ပေမယ့် ပြန်စဥ်းစားပြီးနောက် မလုပ်ဖို ဆုံးဖြတ်ခဲ့သည်။
သူသာ အစွမ်းကုန်ထုတ်သုံးခဲ့လျှင် ဤလူ သံသယရှိစရာမလိုအောင် သေမည်ဖြစ်သည်။
ထို့ကြောင့် သူ၏ဓားနည်းစနစ်ကို ပြောင်းလဲခဲ့၏။
ပြည်နယ်ကိုးခုအေးခဲခြင်းကိုသုံးမည့်အစား ပိုအားနည်းသည့် လခြေလှမ်းသတ်ဖြတ်ခြင်းကို သုံးခဲ့သည်။
ထို့ပြင် ဓားအစစ်တောင်မသုံးခဲ့ပဲ စစ်မှန်ချီဖြင့်သာပြောင်းသုံးခဲ့သည်။
သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် တွမ့်ဟွမ် လုံးဝမခုခံနိုင်ခဲ့ပေ။
ထိလိုက်သည်နှင့် လွင့်ပျံသွားခဲ့သည်။
"ကြည့်ရတာ ငါ့ဓားချီကအရမ်းအားကောင်းနေတာ ဒါမှမဟုတ် ဒီထိပ်တန်းပါရမီရှင်က အားနည်းနေတာပဲ..."
ခေါင်းအနည်းငယ်ခါယမ်းပြီး မုန့်ချန်ချင်း တောင်နံရံဆီ အလျှင်အမြန်ပြေးသွားခဲ့သည်။
ဓားတစ်ချက်ဖြင့် မသတ်မိဖို့ မျှော်လင့်၏။
တောင်နံရံထဲ၌ တွမ့်ဟွမ် စုတ်ပြတ်သတ်ပြီး သနားစရာကောင်းနေခဲ့သည်။
လက်ဝါးက သွေးချင်နီနေပြီး ဓားရာတွေ ဖုံးလွမ်းနေခဲ့သည်။
သူက တောင်နံရံထဲမှထွက်လာဖို့ ရည်ရွယ်ချက်မရှိပဲ တစ်ယောက်တည်းသာ နေချင်တော့၏။
သူ နားမလည်နိုင်ဖြစ်နေခဲ့သည်။
တကယ်နားမလည်တော့ပေ။
ဘာကြောင့် လူတိုင်းကို ရှုံးနေရသနည်း။
သူ့ဆရာကရှင်းရှင်းလင်းလင်းပြောခဲ့သည်။ မည်သည့်လွဲချော်မှုမှမရှိလျှင် သူက အတွင်းစည်း၌ နံပါတ် ၁ ဖြစ်မည်ပင်။
သို့ပေမယ့် လက်တွေ့မှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
နေရာတိုင်းက အံ့အားသင့်မှုတွေအပြည့်ပင်။
သူက ဓားရူးကိုမနိုင်သလို ရှီညီအကို၏ရိုက်နှက်မှုကို ခံခဲ့ရ၏။
နောက်ဆုံး သာမန်တပည့်တစ်ယောက်နှင့်တူသည့်လူကိုတွေ့သော်လည်း မမျှော်လင့်စွာပဲ ဓားချီကို ပိုင်ဆိုင်ထားခဲ့သည်။
ဤကမ္ဘာကြီးနှင့်ပတ်သက်ပြီး ဘာမှားနေသနည်း။
သူ့ကိုပစ်မှတ်ထားနေသည်လား။
သူက ဒေါသလေးအနည်းငယ်ပုံချရင်ရုံကို ဘာကြောင့် ဤလောက်ထိ ခက်ခဲနေရသနည်း။
အထူးသဖြင့် ယခု သူ၏လက်ရှိအခြေအနက တောင်နံရံထဲမှာ ရှိနေခဲ့သည်။
ဖူး...
တွမ့်ဟွမ်ပိုတွေးလေလေ လက်ခံဖို့ ခက်ခဲလေလေဖြစ်ပြီး ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရ၏။
"မင်းအဆင်ပြေလား..."
အတော်လေးရင်းနှီးသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တွမ့်ဟွမ်မော့ကြည့်လိုက်ရာ မျက်ခွံတွေကျုံ့သွားပြီး အေးစက်မှုက ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွား၏။
ဤအရာက သာမန်တပည့်တစ်ယောက်ဖြစ်၏။
သို့ပေမယ့် ဤအခိုက်အတန့် သူ့မျက်လုံးထဲ၌ ဤအန္တရာယ်ကင်းပုံရသည့်သာမန်တပည့်က အတော်လေး ကြောက်စရာကောင်းနေခဲ့သည်။
"တောင်းပန်ပါတယ်, မင်းတစ်ကွက်တောင် မခံနိုင်မယ်လို့ မျှော်လင့်မထားဘူး..."
မုန့်ချန်ချင်း အလေးအနက် တောင်းပန်လိုက်၏။
"မင်း..."
တွမ့်ဟွမ် ရုတ်တရက် တုံ့ပြန်လိုက်၏။
ဟုတ်ပါသည်။ ကြည့်ရတာသူက တစ်ကွက်တောင် ခံနိုင်ရည်မရှိပေ။ ရှီဟောင်ကဲ့သို့ ကြောက်မက်ဖွယ်လူကိုတောင် ၁၀ ကွက်ခုခံနိုင်ခဲ့၏။
အခြားလူတွေတိုးတက်နေစဥ် သူက ဘာကြောင့် နောက်ကျကျန်နေခဲ့ရသနည်း။
ဖူး...
နှလုံးသားထဲ၌ ပူဆွေးမှုနှင့်ဒေါသတွေ ပြည့်နှက်လာပြီး တွမ့်ဟွမ် နောက်တစ်ကြိမ် သွေးအန်လိုက်ရပြီး သတိမေ့သွားခဲ့သည်။
ရှက်စရာကောင်းလွန်း၏။
"သတိမမေ့နဲ့အုန်းလေ, ညီကို၊ အရင်ဆုံး ငါ့နဲ့မိတ်ဆွေဖြစ်မဲ့ ကတိကို ဖြည့်ပေးသွားအုန်း..."
သို့ပေမယ့် တွမ့်ဟွမ် လုံးဝ တုံ့ပြန်မလာတော့ပေ။
ကြည့်ရတာ နောက်ထပ် နိုးထမလာချင်တော့ပုံပင်။
အခန်း (၆၀)
ပါရမီစွမ်းရည်အသစ်
"အခု ဘာဆက်လုပ်ရမှာလဲ..."
မုန့်ချန်ချင်း မျက်မှောင်ကြုတ်သွား၏။
ထိုကောင် ဘယ်လိုလုပ် ဤကဲ့သို့ အလွယ်တကူ သတိမေ့သွားရသနည်း။
ထို့ပြင် ဘယ်အချိန်နိုးလားမလဲဆိုတာ မည်သူမှမသိပေ။
သူက ဤနေရာမှာလည်း ထိုင်စောင့်မနေနိုင်ပေ။ အချိန်က တန်ဖိုးရှိ၏။
"မင်းက အားနည်းလွန်းတယ်,ဒါကို တစ်ဖက်လူကို အစွမ်းကုန်ထုတ်သုံးဖို့ မျှော်လင့်နေသေးတယ်။ မင်း ငါ့စွမ်းအား ၆၀ ရာခိုင်နှုန်းတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...."
မုန့်ချန်ချင်း ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။
စစ်ဆေးကြည့်လိုက်ရာ တွမ့်ဟွမ်ဒဏ်ရာတွေက မပြင်းထန်ပေ။
ဒဏ်ရာသေးသေးထက် အနည်းငယ်သာပို၏။
သဘောတရားအရ သတိလစ်မသွားသင့်ပေ။
အခြားအကြောင်းပြချက်ရှိရမည်ပင်။
ထို့ကြောင့် မုန့်ချန်ချင်း အဆင့် ၂ ကုသဆေးအစား အဆင့် ၁ ဆေးလုံးနှင့်ပြောင်းလဲလိုက်သည်။
အဆင့်၂ ဆေးလုံးက အတော်လေး အဖိုးတန်၏။
ဖြစ်နိုင်လျှင် ၎င်းတို့ကို သူမသုံးပေ။
ဆေးသောက်ပြီးသည်နှင့် တွမ့်ဟွမ် တဖြည်းဖြည်း သတိပြန်ရလာခဲ့သည်။
သို့ပေမယ့် မျက်လုံးဖွင့်လိုက်သည့်အခါ မုန့်ချန်ချင်းကို မြင်လိုက်တော့ အလိုအလျှောက်ပြန်ကျုံ့သွားပြီး အကြည့်လွဲဖို့ကြိုးစားလိုက်သည်။
သို့ပမယ့် သူ့နောက်၌ တောင်နံရံရှိနေရာ လှုပ်ရှားလို့မရပေ။
"မင်းဘာလိုချင်လို့လဲ...."
တွမ့်ဟွမ် မနေနိုင်ပဲ မေးလိုက်သည်။
"ငါ့ကိုအဲ့လောက်သတိထားစရာမလိုပါဘူး။ ငါက မင်းကို ကုသပေးရုံပါ..."
မုန့်ချန်ချင်း အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ငါ့ကို ကုပေးတယ်..."
သူ့ခန္ဓာကိုယ်ထဲရှိဆေးအာနိသင်ကိုခံစားမိတော့ တွမ့်ဟွမ်အနည်းငယ်သက်သာရာရသွားပြီး အလေးအနက်ဖြစ်လာ၏။
"ကျေးဇူးတင်ပါတယ်...."
"ကျေးဇူးတင်ဖို့ မလိုပါဘူး။ အလုပ်ကိစ္စအကြောင်းပြောကြရအောင်...."
မုန့်ချန်ချင်း ပြောလိုက်ပြီး စကားစမြည်တွေ ပြောမနေချင်ပေ။
"အလုပ်ကိစ္စ...."
တွမ့်ဟွမ် ပဟေဠိဖြစ်သွား၏။
"ဟုတ်တယ်, မတိုက်ခင်က ငါတို့ကတိကို မှတ်မိသေးလား...."
"ငါနိုင်ရင်, ငါ့မိတ်ဆွေဖြစ်ဖို့ သဘောတူရမယ်ဆိုတာလေ..."
မုန့်ချန်ချင်း သတိပေးလိုက်သည်။
တွမ့်ဟွမ် တစ်ခဏ ဘာပြောရမှန်းမသိဖြစ်သွား၏။
သူက ဘယ်တုန်းကမှ ဤအခြေအနေကို အမှန်တကယ်အာရုံမစိုက်ခဲ့ပေ။
အဆုံးမှာတော့ သူက ဘယ်လိုလုပ် သာမန်တပည့်တစ်ယောက်ကို ရှုံးနိုင်မည်နည်း။
သို့ပေမယ့် ရလဒ်က ဆန့်ကျင်ဘက်ပင်။
"ငါက အရမ်းအားနည်းတယ်။ မင်းမိတ်ဆွေဖြစ်ဖို့ ဘာအရည်အချင်းရှိလို့လဲ...."
တွမ့်ဟွမ် အတော်လေးကိုယ့်ကိုယ်ကို သိမ်ငယ်စွာဖြင့် ပြောလိုက်သည်။
ဤတိုက်ပွဲအနည်းငယ်ပြီးနောက် သူ၏ယုံကြည်ချက်တွေ လုံးဝကွဲကြေသွားခဲ့သည်။
ထို့ပြင် သူ့အမြင်၌ မိတ်ဆွေဖြစ်ဖို့ အနည်းဆုံး ခွန်အားတူရှိရမည်ပင်။
"ငါမိတ်ဆွေဖွဲ့တဲ့အခါ ဘယ်တုန်းကမှ ခွန်အားနဲ့မတိုင်းတာဘူး, အဲ့တာထက်, အင်း... ရေစက်နဲ့တိုင်းတာတာ..."
မုန့်ချန်ချင်း အနည်းငယ်ပြုံးပြလိုက်သည်။
"အခု မင်းကတိကိုဖြည့်ပေးသင့်ပြီ..."
"မင်းစိတ်မရှိမှတော့ ငါဆန္ဒရှိပါတယ်..."
တွမ့်ဟွမ် အများကြီးမတွေးပဲ ပြောလိုက်သည်။
သူက အဆုံးကို ဝန်ခံရမည်ဖြစ်သည်။
ထို့ပြင်ဤလူက သူ့ထက်သန်မာ၏။
ဒင်!
[မိတ်ဆွေတောင်းဆိုမှုလက်ခံပါပြီ]
[လက်ရှိနှစ်သက်မှု- ကြယ်တစ်လုံး]
[ရရှိသောစွမ်းရည်- ပါရမီစွမ်းရည်(သံမဏိလက်)]
စနစ်၏အသံ သူ့စိတ်ထဲမှာ ပေါ်လာပြီး မုန့်ချန်ချင်း မျက်ခုံးမြှင့်တက်သွား၏။
မဆိုးပါဘူး။
အသုံးဝင်သည့်စွမ်းရည်တစ်ခုဖြစ်နေခဲ့သည်။
သူထင်ထားတာ သိုင်းပညာတစ်ခုခုဖြစ်ပြီး ပယ်ဖျက်ပစ်ရမည်ဟူ၍ပင်။
သို့ပေမယ့် ပါရမီစွမ်းရှည်ဆိုမှတော့ ပေါင်းစပ်ရမည်ဖြစ်သည်။
"မင်းလှုပ်ရှားနိုင်သေးလား...."
မုန့်ချန်ချင်း မတ်တပ်ရပ်လိုက်၏။
ယခု မိတ်ဆွေတောင်းဆိုမှုလက်ခံပြီးသည်ဖြစ်၍ သူ၏စွန့်စားခန်းနေရာတွေကို ဆက်လက်ရှာဖွေရမည်ဖြစ်သည်။
"ငါ ရပါတယ်..."
တွမ့်ဟွမ် ခေါင်းညိတ်လိုက်၏။
"ဒါဆို ငါအရင်သွားနှင့်ပြီ။ နှုတ်ဆက်ပါတယ်, မိတ်ဆွေ..."
မုန့်ချန်ချင်း လှည့်ထွက်သွားကာ တွမ့်ဟွမ်အမြင်မှ ပျောက်ကွယ်သွားတော့သည်။
"အတော်ထူးဆန်းတဲ့ကောင်ပဲ..."
တွမ့်ဟွမ်အကြည့်ပြန်ရုတ်လိုက်၏။
မိတ်ဆွေဖွဲ့ပြီး နာမည်မေးမသွားသလို သူ့ကိုယ်သူလည်း မိတ်ဆက်မသွားပေ။
၎င်းမှာ ဟန်ပြတစ်ခုလုပ်သွားသလိုပင်။
'ထားလိုက်ပါ, ပါရမီရှင်အချို့က လူထူးဆန်းတွေကြီးပါပဲလေ...'
သို့ပေမယ့် ဤကဲသို့မကောင်းဆိုးဝါးမျိုး ဘယ်အချိန်က အတွင်းစည်းမှာ ပေါ်လာသနည်း။
သူ့အထင်အရ ထိုကောင် ဓားချီကို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကတည်းက နားလည်ထားရမည်ပင်။
"သိုင်းပညာချီ..."
တွမ့်ဟွမ် ရေရွတ်လိုက်၏။
ထို စစ်မှန်တပည့်တွေကြားရှိ အဆင့်မြင့်တွေသာ ထိုအရာကို ပိုင်ဆိုင်ကြသည်။
ဟူး...
တွမ့်ဟွမ် အနည်းငယ် သက်ပြင်းချလိုက်သည်။
သူ့ဒဏ်ရာတွေ သိသိသာသာသက်သာလာသော်လည်း တောင်နံရံထဲမှ ထွက်မလာချင်တော့ပေ။
ဤနေရာမှာ တိတ်တဆိတ်နေရတာလည်း မဆိုးပေ။
အပြင်ဘက်က အန္တရာယ်များလွန်း၏။
အကယ်၍ သူသာ နောက်ထပ်မြင်းနက်တစ်ကောင်နှင့်တွေ့လျှင် တောင်နံရံထဲနောက်တစ်ကြိမ်ပြန်ဝင်နိုင်တာပဲဖြစ်သည်။
"စနစ်, စွမ်းရည်ပေါင်းစပ်မယ်..."
ရေတံခွန်ထဲဝင်ရောက်ပြီးနောက် မုန့်ချန်ချင်း စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
ဒင်!
[ပေါင်းစပ်ခြင်းစတင်ပါပြီ]
ရင်းနှီးသည့်ခံစားချက်ထွက်ပေါ်လာ၏။ ကျွမ်းကျင်လက်ပေါင်းစပ်ချိန်က ကဲ့သို့ပင်။
ရေကဲ့သို့အေးစက်ပြီး သူ့အရေပြားအောက်မှာ စိမ့်ဝင်လာခဲ့သည်။
အမွေးတိုင်တစ်တိုင်စာလောက်ကြာပြီးနောက် ထိုခံစားချက်က တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
[ပါရမီစွမ်းရည်(သံမဏိလက်)- အလွန်အမင်းကြံခိုင်မှုနှင့်မွေးဖွားလာ၏။ လက်ဝါးနည်းစနစ်၊ လက်သီးနည်းစနစ် နှင့် အခြားသိုင်းပညာတွေကျင့်ကြံသည့်အခါ သိသိသာသာ အကျိုးထူးသည်။]
မုန့်ချန်ချင်း သူ့လက်တွေကိုကြည့်ပြီး ဆုပ်လိုက်ဖြန့်လိုက်လုပ်ကြည့်လိုက်၏။
ယခင်ကနှင့်စာလျှင် ၎င်းတို့မှာ တကယ်ပင် အများကြီးပိုမာကျောလာခဲ့သည်။
ထို့ပြင် တည်ဆောက်ပုံလည်း အနည်းငယ်ပြောင်းလဲသွား၏။
အနာဂတ်၌ လက်ဝါးနည်းစနစ် ဒါမှမဟုတ် လက်သီးနည်းစနစ်တွေလေ့ကျင့်သည့်အခါ ရေထဲကငါးတစ်ကောင်ကဲ့သို့ အနည်းငယ်အားစိုက်ရုံနှင့် ရလဒ်နှစ်ဆရတော့မည်ဖြစ်သည်။
"ပိုင်စုရှီရဲ့ကျွမ်းကျင်လက်က ဓားသိုင်းအတွက် သင့်တော်သလို လက်ဝါးနည်းစနစ်၊လက်သီးနည်းစနစ်တို့အတွက် သုံးလို့ရတယ်ဆိုပေမယ့်...."
"ကျွမ်းကျင်လက်နှင့် သံမဏိလက်ကို ပေါင်းစပ်လိုက်တာက နှစ်ခုပေါင်းစပ်လိုက်ရုံလောက် ရိုးရှင်းမှာ မဟုတ်ဘူး..."
"ဒါက လက်ဝါးနည်းစနစ်နှင့် အခြားသိုင်းပညာတွေ၏စွမ်းအားကို အကြီးအကျယ်တိုးမြှင့်ပေးနိုင်မှာ..."
"ဓားချီကို မကျော်နိုင်ပေမယ့် အနေအထားတစ်ခုတော့ ရှိနေဆဲပဲ..."
"အခွင့်အရေးသာရှိရင် တွမ့်ဟွမ်ရဲ့နှစ်သက်မှုတိုးအောင်လုပ်ရမယ်..."
တွမ့်ဟွမ်လက်ဝါးနည်းစနစ်က အားမနည်းသော်လည်း သူက သန်မာလွန်းနေရာ တွမ့်ဟွမ်ကို လုံးလုံးလျားလျား ဖိနှိပ်ထားခဲ့သည်။
ထိုအရာကြောင့် တွမ့်ဟွမ် လက်ဝါးနည်းစနစ်ကို ကောင်းကောင်းထုတ်ပြဖို့ အခွင့်အရေးမရခဲ့ပေ။
မဟုတ်လည်း သူက သိုင်းကျမ်းဆောင်မှ သင်ယူလို့ရ၏။ အဆုံးမှာတော့ သူ့၌ မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် အများအပြားရှိနေခဲ့သည်။
လက်ရှိ၌ သူက ဓားချီကြာင့် ဓားလမ်းစဥ်ကိုအာရုံစိုက်ထားသော်လည်း အခြားလမ်းစဥ်တွေကို စိတ်မဝင်စားဟု မဆိုလိုပေ။
ခေါင်းအနည်းငယ်ခါယမ်းပြီး မုန့်ချန်ချင်း သူ့အတွေးတွေကို ပြန်စုစည်းလိုက်၏။
တွမ့်ဟွမ်နှင့်တွေ့ဆုံခြင်းမှာ ရုတ်တရက်ပေါ်လာသည့်ကိစ္စလေးသာဖြစ်သည်။
သူတကယ် စိတ်ဝင်စားတာက ရှီညီအကိုပင်။
အဆုံးမှာတော့ သူတို့က အလွန်အမင်းရှားပါးသည့် ခန္ဓာကိုယ်သွေးမျိုးဆက်ပိုင်ဆိုင်ကြ၏။
သူ၏ကျင့်ကြံရေးတိုးတက်လာသည်နှင့် ခုခံရေးက နောက်ကျန်နေခဲ့ပြီဖြစ်သည်။
'ကြေးဝါချပ်ဝတ်သိုင်း' က အဆုံးမှာတော့ လူသားအဆင့်မြင့်နည်းစနစ်တစ်ခုသာဖြစ်သည်။
ထူထည်းသောအရေပြားနှင့်ပေါင်းစပ်ထားလျှင်တောင် ၎င်းမှာ စဦးသိမ်မွေ့အဆင့်နှင့်သာ ယှဥ်နိုင်ပြီး အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှာသာ အသုံးပြုနိုင်၏။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်မှာတော့ အသုံးမဝင်တော့ပေ။
ထို့ကြောင့် မုန့်ချန်ချင်း ထိုအဆင့် ၃ သားရဲတွေကို တိုက်ရိုက်မရင်ဆိုင်ပဲ အမြဲအဝေးမှ တိုက်ခိုက်နေခဲ့တာဖြစ်သည်။
အလွန်အမင်းမြန်သည့်တစ်စုံတစ်ယောက်နှင့်သာတွေ့လျှင် အမှန်တကယ်ပြဿနာများပြီဖြစ်သည်။
"ရှီညီအကိုဘယ်မှာလဲ သိချင်မိသား...."
မုန့်ချန်ချင်း တွေးရင်း ဂူအနက်ပိုင်းကို ဆက်ဝင်သွားခဲ့သည်။
လေးခုမြောက် အနီရင့်အခွင့်လမ်းနေရာ ဤကြီးမားသည့်ရေတံခွန်ကြီးနောက်မှာ ရှိနေခဲ့သည်။
ရေတံခွန်နောက်က ကျယ်ဝန်းသည့်တောင်ဂူကြီးတစ်ခုပင်။
မီတာရာချီမြင့်ပြီ အမျိုးမျိုးသောထူးဆန်းသည့်ကျောက်တုံးကြီးတွေ နေရာအနှံ့ပျံံ့ကျဲနေခဲ့သည်။
ဂူအလယ်၌ ခန္ဓာကိုယ်သေးသွယ်သည့်သားရဲတစ်ကောင်လဲလျောင်းနေပြီး ကျောဘက်၌ တောင်ပံတစ်စုံရှိနေခဲ့သည်။
မုန့်ချန်ချင်းထွက်ပေါ်လာသည့်အခိုက်အတန့်၌ သားရဲရုတ်တရက် ၎င်း၏သွေးနီရောင်မျက်လုံးတွေကို ဖွင့်လိုက်သည်။