← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 44 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 44 Ch. 439-440

အခန်း(439)

နောက်တစ်နေ့ မနက်စောစော စာတိုက်ဖွင့်ချိန်တွင် လင်းရန်က စာတိုက်သို့ သွားကာ ချွန်းဖုန်းကျေးရွာအဖွဲ့ရှိ လင်းမိသားစုနှင့် ကွမ်းပြည်နယ် စစ်တပ်ဝင်းအတွင်းရှိ ကျိုးဖခင်နှင့် မိခင်တို့ထံသို့ လင်းကျန်းဖူ ကလေးမွေးဖွားပြီးဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားလိုက်လေသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် အဘွားဖြစ်သူက တစ်ဦးတည်း အပြေးအလွှား ရောက်ရှိလာခဲ့လေသည်။

သူမက လူကိုယ်တိုင်ရောက်ရှိလာရုံမကဘဲ လက်ထဲတွင် ကြက်မကြီး နှစ်ကောင်ကိုလည်း သယ်ဆောင်လာခဲ့ပြီး လင်းကျန်းဖူအတွက် စွပ်ပြုတ်ချက်ပေးချင်ကြောင်း ပြောဆိုလာခဲ့သည်။

“ကလေးမွေးတာက အင်အားနဲ့ သွေးသားတွေ အများကြီး ဆုံးရှုံးရတယ်၊ ဒါကြောင့် သေချာပေါက် ပြန်ဖြည့်ရမယ်!”

အကယ်၍ ကြက်မကြီး သုံးကောင် သယ်လာခဲ့ပါက အလွန်သိသာထင်ရှားနေ၍သာ မဟုတ်လျှင် သူမက ဘေးအိမ်သို့သွား၍ နောက်ထပ် တချို့ကိုပင် ဝယ်ယူချင်နေလိမ့်မည် ။

ကြက်မကြီးများအပြင် သူမ သယ်ဆောင်လာသော အိတ်ထဲတွင်လည်း ကြက်ဥအမြောက်အမြား ပါရှိနေခဲ့သည်။

သူမက လင်းကျန်းဖူ၏ ကျန်းမာရေးအတွက် တစ်နေ့လျှင်ကြက်ဥ အများအပြားကျွေးရန် စီစဉ်ထားလေသည်။

လင်းကျန်းဖူမှာတော့ ထိုကြက်နှင့် ကြက်ဥများကို ကြည့်ရုံနှင့်ပင် ဖိအားများ ခံစားလိုက်ရပေသည်။ သူမ၏ မိခင်မှာ သူမအား ဝက်လေးကို မွေးမြူနေသည်ဟုထင်မှတ်ကာ ကျွေးမွေးနေခြင်းများလား။

သို့သော် သူမက မိခင်ဖြစ်သူ၏ ဂရုစိုက်သော မျက်နှာအမူအရာကို ကြည့်ရင်း မငြင်းရဲခဲ့ပါချေ။

သို့သော် မကြာမီမှာပင် ကျိုးဖခင်နှင့် ကျိုးမိခင်တို့လည်း ရောက်ရှိလာခဲ့ပြလေ၏။ ထိုအချိန်တွင်တော့ သူမ ငြင်းဆန်လျှင်ပင် နောက်ကျသွားပြီဖြစ်ကြောင်း လင်းကျန်းဖူ သဘောပေါက်သွားတော့သည်။

ကျိုးမိသားစုမှ လူကြီးနှစ်ဦးမှာ အဘွားလင်းယူလာသည့် ပစ္စည်းများထက်ပင် ပိုမိုများပြားစွာယူလာကြလေ၏။

သူတို့နှစ်ဦးက ကြက်မကြီးများနှင့် ကြက်ဥများကို ယူမလာသော်လည်း၊ တန်ဖိုးကြီးမားသော အားဆေးများနှင့် အာဟာရဖြည့်စွက်စာများကိုတော့ အလျှံအပယ် ယူဆောင်လာခဲ့ကြလေသည်။

ကြက်မကြီးနှင့် ကြက်ဥများကိုတော့ ပြင်ဆင်မထားခြင်းမဟုတ်ဘဲ ဤနေရာသို့ရောက်မှသာ ဝယ်ယူရန်အတွက် ငွေများကို ယူဆောင်လာခဲ့ကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် အချိန်အတန်ကြာသည်အထိ လင်းကျန်းဖူတစ်ယောက် ခန္ဓာကိုယ်အား ပြန်လည်ဖြည့်တင်းရန်အတွက် တစ်နေ့လျှင် ကြက်ဥ အနည်းငယ်နှင့် နှစ်ရက်လျှင်ကြက်တစ်ကောင်နှုန်း စားသောက်ခဲ့ရတော့သည်။

မီးဖွားပြီး အနားယူနေချိန် မကုန်ဆုံးမီ သူမ မည်မျှအထိ ဝလာမည်ကိုပင် မသိနိုင်တော့ချေ။

လင်းရန်က လင်းကျန်းဖူ ကလေးမွေးပြီး နောက်ထပ်နှစ်ပတ်ခွဲခန့် ကြာမှသာ ထွက်ခွာသွားခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ သူမက ဒေါ်လေးအတွက် စိုးရိမ်နေသည့်အတွက် သူမ၏ ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့သည်။

သူမ၏ဒေါ်လေးတွင် မည်သည့်ပြသနာမှ မရှိကြောင်းကို မြင်တွေ့ရမှသာ သူမက စိတ်ဖြောင့်ဖြောင့်နှင့် ထွက်ခွာခဲ့တော့၏။

သူမ ထွက်ခွာချိန်တွင် အဘွားဖြစ်သူက လိုက်လံပို့ဆောင်ရန် စီစဉ်ထားသော်လည်း လင်းရန်က တိုက်ရိုက်ပင် ငြင်းဆိုခဲ့လေသည်။

“အဘွား... အဘွားသာ ကျွန်မကို လိုက်ပို့မယ်ဆိုရင် အဘွားတစ်ယောက်တည်း ပြန်လာလိမ့်မယ်၊ ကျွန်မက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ၊

အဘွား လမ်းပျောက်မှာကိုတောင် ကျွန်မ စိုးရိမ်နေရဦးမှာ၊ လိုက်မပို့ပါနဲ့တော့၊ ကျွန်မ ဒီမြို့မှာ နေလာတာ နှစ်နှစ်နီးပါး ရှိနေပြီပဲ၊ အခုထိ မကျွမ်းကျင်သေးဘူးလို့ ထင်နေတာလား”

လင်းရန်၏ စကားကို ကြားလျှင် အဘွားလင်းလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် လိုက်လံပို့ဆောင်မည့် အစီအစဉ်ကို လက်လျှော့လိုက်ရတော့သည်။

သို့သော်လည်း လင်းရန် အမှန်တကယ် ထွက်ခွာသည့်နေ့တွင်တော့ အဘွားလင်းက သူမအား မခွဲနိုင်လွန်းသောကြာင့် အဝေးကြီးအထိ လိုက်လံပို့ဆောင်ခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရန်၏ မျက်ဝန်းတို့မှာလည်း မျက်ရည်များဖြင့် စိုစွတ်လာခဲ့ရတော့သည်။

ရထားပေါ်သို့ ရောက်လျှင် လင်းရန်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ အဘွားလင်းအား လှမ်းအော်ပြောလိုက်၏။

“အဘွား... ကျွန်မ ဟိုဘက်မှာ အခြေကျသွားရင် အဘွားကို လာခေါ်မယ်နော်”

“ကောင်းပြီ ကောင်းပြီ... အဘွား မင်းပြန်လာမှာကို စောင့်နေမယ်”

အဘွားလင်း၏ အသံမှာ တဖြည်းဖြည်း တိုးညင်းသွားခဲ့ပြီး လင်းရန်က သူမ နှစ်နှစ်နီးပါး နေထိုင်ခဲ့သော နေရာမှ ထွက်ခွာကာ ဘူတာရုံသို့ ဦးတည်သွားခဲ့လေတော့သည်။

ကွမ်းကျိုးမြို့။

ချင်းယွမ်ကျစ်က မနက်စောစောတွင် သူမ၏ ညီမဖြစ်သူ ချင်းယွမ်လျန်အား ခေါ်ယူကာ ဘူတာရုံ၌ ကြိုတင်စောင့်ဆိုင်းနေခဲ့သည်။

အချိန်ကို တွက်ချက်ကြည့်ပြီးနောက် လင်းရန်က ယနေ့ မွန်းတည့်ချိန်မတိုင်မီ ရောက်ရှိလာလောက်မရ်ဟုခန့်မှန်းရသည်။

သူမက လင်းရန်နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သည့်အတွက် အလွန်ပင် လွမ်းဆွတ်နေမိလေ၏။ ယခုတစ်ခေါက်တွင် လင်းရန်က သူမ၏ ဆန္ဒအတိုင်း လာရောက်ခြင်းဖြစ်လေ၏။

ထို့အပြင် ဤနေရာ၌ပင် အခြေချကာ တိုးတက်အောင်မြင်စေရန် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပုံရသည်။

ထိုသို့ဆိုပါက သူမနှင့် ရန်ရန်တို့က အတူရှိနေနိုင်တော့မည့်ပုံပင်။

“လာပြီ... လာပြီ... အဲဒီ ရထားလား!”

ချင်းယွင်ကျစ်က ချက်ချင်းပင် သတိပြန်ဝင်လာပြီး ထိုဘက်သို့ လှမ်းကြည့်လိုက်လေ၏။ သူမက လင်းရန် စီးနင်းလာသည့် ရထားဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် အတည်ပြုနိုင်ခဲ့လေ၏။

သေချာပေ၏။ မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးမှာ လင်းရန် ရထားပေါ်မှ ဆင်းလာသည်ကို မြင်လိုက်ရသည်။

“ရန်ရန်”

“အမေ၊ အန်တီ”

လင်းရန်က အဝေးမှပင် ချင်းယွင်ကျစ်၏ ခေါ်သံကို ကြားလိုက်ရသောကြောင့် ပြုံးလိုက်မိလေသည်။

“ နောက်ဆုံးတော့ ရောက်လာပြီပဲ ပင်ပန်းနေပြီလား.. မြန်မြန် အိမ်ပြန်ကြရအောင်”

ထိုသို့ပြောပြီးနောက် ချင်းယွင်ကျစ်က လင်းရန်ကို အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း လင်းရန်က သူမ၏ အဒေါ်ဖြစ်သူကြောင့် လဝက်ခန့် ကြန့်ကြာခဲ့ရသည်ကို တွေးမိကာ အနည်းငယ် စိုးရိမ်ပူပန်နေသည့်အတွက် ချင်းယွင်ကျစ်ကို ပြောလိုက်လေသည်။

“အမေ၊ အရင်ဆုံးသွားကြရအောင်.. အဖွားဝူဆီကို အရင်သွားချင်သေးတယ်၊ ကျွန်မ တစ်ခုလောက် အရင်မေးကြည့်ချင်လို့”

ချင်းယွင်ကျစ် ခဏတာ ကြောင်အ,သွားခဲ့လေ၏။

လင်းရန်တွင် တခြားအစီအစဉ်များ ရှိနေသည်ကို သူမ မသိရှိထားခဲ့ပေ။ သို့သော်လည်း သူမက လင်းရန်၏ တောင်းဆိုချက်ကို မည်သည့်အချိန်တွင်မျှ ငြင်းပယ်မည်မဟုတ်ပါချေ။

သူမက ချက်ချင်းပင် သဘောတူလိုက်လေသည်။

ထို့နောက်တွင် သူတို့သုံးဦးက လမ်းကြောင်းပြောင်းကာ အဖွားဝူထံသို့ သွားခဲ့ကြသည်။

အဖွားဝူထံသို့ ရောက်ရှိပြီးနောက်တွင် ချင်းယွင်ကျစ်မှာ သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သော စားဖိုမှူးရှုန်းကိုလည်း တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားရပြီး အခြေအနေကို ချက်ချင်း မေးမြန်းလိုက်၏။

“ဦးလေးရှုန်း၊ ဘယ်တုန်းက ပြန်ရောက်တာလဲ”

“ဟားဟား၊ ပြန်ရောက်တာ တစ်လ၊ နှစ်လလောက်ရှိပြီ၊ ဒါပေမဲ့ ဒီမှာ ကိစ္စတချို့နဲ့ အရမ်း အလုပ်ရှုပ်နေလို့ မင်းတို့ဆီကို လာနှုတ်ဆက်ဖို့ အချိန်မရသေးတာပါ၊ ဒါနဲ့ မင်း ဒီနေ့တော့...”

စားဖိုမှူးရှုန်း စကားမဆုံးသေးမီမှာပင် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့၏နောက်တွင် ရှိနေသော လင်းရန်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“ ရှောင်လင်း၊ မင်း အတော်လေးမြန်တာပဲ၊ ဒီလောက်လောက် အစောကြီး ရောက်လာတာလား”

လင်းရန်တစ်ယောက် သူမ၏ နှာခေါင်းကို အသာထိလိုက်ပြီး စိတ်ထဲမှ တွေးနေမိသည်။

တကယ်လို့ သူမသာ လွန်ခဲ့တဲ့လဝက်ကတည်းက ရောက်လာခဲ့မယ်ဆိုရင် စားဖိုမှူးရှုန်း ဘယ်လောက်တောင် လန့်သွားမလဲမသိနိုင်ဘူး။

ကံကောင်းစွာဖြင့် စားဖိုမှူးရှုန်းမှာ စနောက်ရုံသာ ပြောဆိုခြင်းဖြစ်ပြီး တခြားရည်ရွယ်ချက် မရှိပေ။

သူက လင်းရန်တို့ကို အထဲသို့ ဝင်ရန် ခေါ်လိုက်လေသည်။

အဖွားဝူသည်လည်း အပြင်သို့ ထွက်လာပြီး လင်းရန်နှင့် ချင်းညီအစ်မ ရောက်လာသည်ကို မြင်လျှင် အလွန်ဝမ်းသာသွားခဲ့၏။

အချိန်မှာ မွန်းတည့်ချိန်ဖြစ်သောကြောင့် အဖွားဝူက သူမ၏ မောင်ဖြစ်သူ စားဖိုမှူးရှုန်းကို ထမင်းချက်ခိုင်းလိုက်လေသည်။

စားဖိုမှူးရှုန်းက လင်းရန်ကို တုံ့ဆိုင်းသည့် အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း အဖွားဝူ၏ ရှေ့တွင်တော့ သူမ ပေးထားသည့် တာဝန်ကို လင်းရန်ဆီသို့ မလွှဲပြောင်းရဲသောကြောင်း အိမ်ထဲသိုးလှည့်ထွက်ကာ ထမင်းချက်ရန် သွားခဲ့ရလေ၏။

လင်းရန်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် မရယ်ဘဲ မနေနိုင်ခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်း တောင်တစ်လုံးထက် တစ်လုံးက ပိုမြင့်နေသေးသည်။ အဖွားဝူရှိနေသည့်အတွက် အဖိုးရှုန်းက သူမကိုမခိုင်းရဲတော့ပေ။

အဖွားဝူက လင်းရန်နှင့် ချင်းညီအစ်မကို ထမင်းစားခန်းသို့ ခေါ်သွားခဲ့သည်။

အဖွားဝူက လင်းရန် ဤနေရာသို့ ပြောင်းလာရခြင်း၏ ရည်ရွယ်ချက်ကို သိရှိထားသောကြောင့် စားဖိုမှူးရှုန်း ထမင်းပြင်ဆင်နေသည်ကို စောင့်ဆိုင်းနေရင်းဖြင့် ဤကာလအတွင်း အခြေအနေများကို ပြောပြခဲ့သည်။

အဖွားဝူ၏ စကားများအရ ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့နှစ်ယောက်လည်း လင်းရန်မှာ အဖွားဝူတို့နှင့် အဆက်အသွယ်ရှိနေကြသည်ကို သိသွားခဲ့ကြသည်။

ထို့အပြင် နိုင်ငံပိုင်ဟိုတယ်မှ အလုပ်ကို ပြတ်ပြတ်သားသား ထွက်ကာ ဤနေရာသို့ အစမှ ပြန်လည်စတင်ရန် ရောက်လာခြင်း၏ အကြောင်းပြချက်ကိုလည်း နားလည်သွားကြလေသည်။

ခဏတာအတွင်း ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့က လင်းရန်ကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

ထိုအထင်ကြီးမှုမှာ သူမ၏ ပြတ်သားမှုနှင့် စွန့်လွှတ်နိုင်မှုကြောင့်သာမက သတင်းအချက်အလက်များကို ဖမ်းဆုပ်နိုင်စွမ်းရှိခြင်းကြောင့်လည်း ဖြစ်လေသည်။

ဆိုရလျှင် စစ်တပ်ဝင်းအတွင်း၌ နေထိုင်သူများဖြစ်သည့်အတွက် သူတို့နှစ်ဦးက သာမန်လူများထက် သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်ပြီး ပိုမိုစောစီးစွာ သိနိုင်ခြေရှိသည်။

သို့သော်လည်း ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့က ထိုအချက်ကို သဘောပေါက်ထားပြီးဖြစ်လျှင်ပင် အတွင်းသတင်းများကို ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ချင်းယွင်ကျစ်က လင်းရန်ကိုပင် မပြောခဲ့ပါချေ။ အဆုံးတွင်တော့ ကိစ္စရပ်များစွာက ပါဝင်ပတ်သက်နေသည်မဟုတ်ပါလား။

သို့သော်လည်း ကံကောင်းစွာဖြင့် လင်းရန်တွင် စူးရှထက်မြက်သော အာရုံခံစားမှုရှိနေခဲ့သည်။

သူမက ကံကောင်းစွာဖြင့် စားဖိုမှူးရှုန်း၏ လှုပ်ရှားမှုကို တိုက်ဆိုင်စွာ သိရှိခဲ့ရပြီးနောက် ကိစ္စများကို ဆက်စပ်တွေးတောနိုင်ကာ ယခုကဲ့သို့တွေးတောနိုင်ခဲ့လေသည်။

ရန်ရန်ဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပဲ။

ချင်းယွင်ကျစ်က သူမ၏ စိတ်ထဲတွင် လက်မထောင်ကာ ချီးကျူးလိုက်မိ၏။

“...ဒါဆို အဖွား.. အဖွားရဲ့ ဆိုင်အတွက် ပြင်ဆင်မှုတွေက အခု ဘယ်လိုရှိနေပြီလဲ၊ ကျွန်မရဲ့ အကူအညီ လိုအပ်သေးလား”

*

အခန်း(440)

အဖွားဝူ၏ လတ်တလောအခြေအနေများအကြောင်း ပြောပြချက်ကို နားထောင်ပြီးနောက် လင်းရန်က မေးမြန်းလိုက်လေသည်။

ထိုစကားကို ကြားလျှင် အဖွားဝူက အပြုံးတစ်ခုဖြင့် လက်ကို ဝေ့ယမ်းကာ ပြောလာ၏။

“ဒါက ဘာမှမဟုတ်ပါဘူး၊ ငါက နောက်လကျရင် ဆိုင်ပြန်ဖွင့်ဖို့ စောင့်နေတာလေ၊ မင်းမှာရော ဘာအစီအစဉ်တွေရှိလဲ၊

တကယ်လို့ ဘာလုပ်ရမှန်း မသိသေးဘူးဆိုရင်တော့ ငါတို့ဆိုင်မှာပဲ အရင်လာကူညီနေလိုက်လေ၊ မင်းဘာလုပ်ချင်လဲဆိုတာ သေချာစဉ်းစားလို့ရတဲ့အထိပေါ့၊ အလုပ်လေးရှိနေတော့ အလောတကြီး ဆုံးဖြတ်စရာ မလိုတော့ဘူးပေါ့”

အဖွားဝူ ထိုသို့ပြောရခြင်းမှာ တခြားကြောင့်မဟုတ်ပါချေ။ လင်းရန်သည်က ငယ်ရွယ်သူဖြစ်၍ ရုတ်တရက် အပြောင်းအလဲများနှင့် ကြုံတွေ့ရသည့်အခိုက်တိင် သေသေချာချာစဉ်းစားနိုင်ခြင်းမရှိမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် လင်းရန်၌ အလုပ်အကိုင်မရှိဘဲ အနားယူနေ၍လည်း မဖြစ်နိုင်သေးပေ။

ဤနေရာတွင် အလုပ်တစ်ခုခု လုပ်ကိုင်နေခြင်းက သူမကို အလုပ်လည်းရှိနေစေပြီး ဝင်ငွေလည်း ရရှိစေနိုင်မည်ဟု တွေးမိခဲ့သည်။

လင်းရန် အဖွားဝူ၏ စေတနာကို နားလည်သော်လည်း သူမတွင် ကိုယ်ပိုင်အစီအစဉ် ရှိနှင့်ပြီးဖြစ်သောကြောင့် အပြုံးတစ်ခုဖြင့် ငြင်းပယ်လိုက်သည်။

“အဖွားဝူ၊ တကယ်တော့ ကျွန်မအနေနဲ့ နောက်ပိုင်းကျရင် ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်ထားတာ၊ ဒီတော့ ကျွန်မတို့တွေက နောက်ပိုင်းမှာ ပြိုင်ဘက်တွေတောင် ဖြစ်လာနိုင်သေးတယ်၊

အခု အဖွားက ကျွန်မကို ဆိုင်မှာကူညီခိုင်းနေတာဆိုတော့ ကျွန်မက အဖွားတို့ဆီက ပညာတွေ ခိုးယူသွားမှာကို မကြောက်ဘူးလား”

သို့သော် ထိုသို့ပြောလိုက်ပြီးမှ သူမသည်က တစ်ဖက်လူ၏ ပညာရပ်များကို အမှန်တကယ်ပင် ရရှိထားနှင့်ပြီးဖြစ်ကြောင်းကို ပြန်လည်သတိရသွားမိပြန်သည်။

“ဟားဟား... ငါတို့တွေက မိသားစုတွေလိုပဲလေ၊ မင်းက ဒါမျိုးတွေ ပြောနေသေးတယ်.. ငါရော၊ စားဖိုမှူးရှုန်းရောက အဲဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိကြပါဘူး

ဆိုင်ကို ပိုကြီးလာအောင် လုပ်ချင်တာမျိုးလည်း မဟုတ်ဘူး၊ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီဆိုင်လေးကိုပဲ ဆက်ပြီး ထိန်းသိမ်းသွားချင်တာ

အနည်းဆုံးတော့ ဒီလိုလုပ်တဲ့အတွက် ငါတို့ဘိုးဘွားတွေအပေါ် မျက်နှာမပျက်တော့ဘူးပေါ့”

သို့ဖြစ်၍ မောင်နှမနှစ်ဦးလုံးက ထိုကိစ္စကို ကြိုတင်စဉ်းစားထားပြီးဖြစ်၏။

အချိန်တန်လျှင် ယခင်နေရာဟောင်း၌ပင် ဆိုင်ပြန်ဖွင့်မည်ဖြစ်ပြီး ဆိုင်ခွဲများတိုးချဲ့ခြင်းမပြုတော့ဘဲ ဖောက်သည်ဟောင်းများကိုသာ ဝန်ဆောင်မှုပေးရန် ဆုံးဖြတ်ထားကြလေသည်။

သူတို့က အရေအတွက်ကို အဓိကမထားဘဲ ဝူမိသားစု၏ ဆိုင်လေးကို လူအများက မှတ်မိနေပေးရန်သာ လိုလားကြပေသည်။

လင်းရန်တစ်ယောက် အဖွားဝူ၏စကားကို ကြားရချိန်တွင် မည်သို့ပြန်ပြောရမည်ကိုပင် မသိတော့ချေ။

သူမက အဖွားဝူတို့ကဲ့သို့ အစဉ်အလာနှင့် ယုံကြည်ချက်များကို လက်ဆင့်ကမ်းလိုသူမျိုး မဟုတ်ဘဲ လောကီအကျိုးစီးပွားကိုသာ ကြည့်တတ်သည့် သာမန်လူတစ်ဦးသာ ဖြစ်၏။

သူမအတွက်တော့ ချက်ပြုတ်ခြင်းဆိုသည်မှာ စီးပွားရေးလုပ်ရန်နှင့် ငွေရှာရန်အတွက်သာ ဖြစ်ပေသည်။

ထို့ကြောင့် သူမ၏ အစီအစဉ်မှာ ဆိုင်ကို အရင်ဆုံးဖွင့်လှစ်ရန်၊ ထိုမှတစ်ဆင့် နာမည်ကြီးပြီး လူသိများလာအောင် လုပ်ဆောင်ရန်နှင့် အခွင့်အရေးရသည်နှင့် ဆိုင်ခွဲများ ထပ်မံတိုးချဲ့ရန်သာ ဖြစ်လေသည်။

အဆုံးသတ်တွင်တော့ အရာအားလုံးသည်က အမြတ်အစွန်းအတွက်သာ ဖြစ်၏။

သို့သော်လည်း အဖွားဝူ၏ စကားများက လင်းရန်၏ စိတ်နှလုံးထဲတွင် ဂယက်တချို့ကို ဖြစ်ပေါ်စေခဲ့ပေသည်။

ဆိုရလျှင် သူမ၏ ယခင်ဘဝတွင် မိဘမရှိဘဲ အရာအားလုံးကို တစ်ယောက်တည်း ရုန်းကန်ခဲ့ရလေ၏။

သို့သော်လည်း ယခုဘဝတွင်တော့ အခြေအနေများက ကွဲပြားခြားနားနေလေပြီ။

ဤနေရာတွင် သူမ၏ချစ်ခင်ရသော မိသားစုရှိ၏။ ခင်ပွန်းဖြစ်သူ စုန့်ရှီးယန်လည်းရှိပြီး သူမကို သမီးအရင်းကဲ့သို့ ဆက်ဆံသည့် ယောက္ခမဖြစ်သူ ချင်းယွင်ကျစ်လည်း ရှိနေခဲ့ချေပြီ။

သို့ဖြစ်၍ ငွေများစွာ ရရှိရန်အတွက်ကိုပဲကြည့်ကာ ယခင်ဘဝကကဲ့သို့ အပင်ပန်းခံ၍ရုန်းကန်နေရန် အမှန်တကယ် လိုအပ်ပါဦးမည်လား။

သူမအနေဖြင့် ထိုမျှလောက် အပင်ပန်းမခံလျှင်ပင် ဆိုးရွားသော ဘဝမျိုးဖြင့် နေထိုင်ရမည်မဟုတ်ပေ။

သူမတွင် ငွေကြေးထက် ပိုမိုတန်ဖိုးရှိသည့် ‘မိသားစု’ ဟူသော ရတနာကို ပိုင်ဆိုင်ထားပြီးဖြစ်ပေ၏။

ခေတ္တအတွင်း လင်းရန်တစ်ယောက် သူမ၏ ယခင်အစီအစဉ်များနှင့်ပတ်သက်ကာ ဝေခွဲမရဖြစ်ပြီး တွေဝေသွားရလေ၏။

အဖွားဝူသည်လည်း လင်းရန်၏ မျက်ဝန်းထဲမှ ရှုပ်ထွေးနေမှုကို မြင်လိုက်ရသည့်အတွက် သူမကို ဆက်လက် အနှောင့်အယှက်မပေးတော့ဘဲ ချင်းညီအစ်မနှင့်သာ စကားဆက်ပြောနေခဲ့တော့သည်။

လင်းရန်မှာ ထမင်းစားပြီးသည့်တိုင်အောင် ထိုအတွေးများထဲမှ ရုန်းမထွက်နိုင်သေးဘဲ ရှိနေခဲ့လေ၏။

သို့သော် ယခုတွင်တော့ အချိန်နောက်ကျနေပြီဖြစ်၍ သူမအနေဖြင့် ချင်းယွင်ကျစ်တို့၏ နောက်သို့သာ လိုက်ပြီး အိမ်သို့ပြန်သွားခဲ့ကြရသည်။

သို့မဟုတ်ပါက အချိန်နောက်ကျသွားလျှင် အဆင်မပြေဖြစ်နိုင်၏။

သူတို့ ထွက်ခွာခါနီးအချိန်တွင် အဖွားဝူက လင်းရန်ကို ရုတ်တရက် တားလိုက်ပြီး စကားတစ်ခွန်း ပြောလာလေသည်။

“ရန်ရန်... တကယ်တော့ ငါတို့ရဲ့ဘဝထဲမှာ ကိစ္စတွေအများကြီး တွေ့ကြုံရမှာပဲ၊ ဒါပေမဲ့ မင်းအတွက် ဘာက အရေးအကြီးဆုံးလဲ၊ ဘာက တန်ဖိုးထားဖို့ အထိုက်တန်ဆုံးလဲဆိုတာကိုတော့ သေချာစဉ်းစားဖို့ လိုတယ်

မလိုအပ်တဲ့ ကိစ္စတွေအပေါ်မှာ မင်းရဲ့ အချိန်နဲ့ ခွန်အားတွေကို မကုန်ဆုံးစေနဲ့”

ထိုသို့သာဖြစ်ခဲ့လျှင် ဆုံးရှုံးမှုက ကြီးမားလွန်းပေလိမ့်မည်။

အဖွားဝူက သူမ၏ မတိုင်မီက တွေဝေမှုများကို အဖြေပေးရန် ကြိုးစားနေခြင်းဖြစ်မှန်း လင်းရန် သိလိုက်၏။

ထိုစကားကို ကြားပြီးနောက် သူမက ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်သေးသော်လည်း သူမ၏ သိမြင်နားလည်မှုက ပို၍ ရှင်းလင်းလာခဲ့သည်။

သူမအတွက် အဖိုးတန်ဆုံးအရာကို အရင်ဆုံးရှာဖွေရပေလိမ့်မည်။

သို့မှသာ သူမ လုပ်သင့်သည့်အရာများကို သေချာပေါက် သိနိုင်ပေလိမ့်မည်။

သူမနှင့် မစ်စ်ချင်းတို့က စစ်တပ်ဝင်းအတွင်းသို့ ညနေ လေးနာရီ၊ ငါးနာရီခန့်တွင် ပြန်ရောက်လာကြသည်။

လင်းရန်မှာ ရထားကို အချိန်ကြာမြင့်စွာ စီးလာရသောကြောင့် ဆက်လက်ပြီး မတောင့်ခံနိုင်တော့ဘဲ ယနေ့တွင် ညနေစာ မစားတော့ကြောင်းနှင့် သူမကို လာမနှိုးတော့ရန်အတွက် မစ်စ်ချင်းကို ပြောလိုက်လေသည်။

ထိုသို့ပြောပြီးနောက် သူမက အပေါ်ထပ်သို့တက်ကာ အခန်းကို သန့်ရှင်းရေးလုပ်ပြီး အိပ်ရာဝင်လိုက်တော့၏။

မမျှော်လင့်ဘဲ သူမ အိပ်ပျော်နေချိန်အတွင်း တစ်စုံတစ်ခုက သူမ၏ မျက်နှာပေါ်တွင် တွားသွားနေသကဲ့သို့ ယားကျိကျိ ခံစားလိုက်ရသည်။

လင်းရန်တစ်ယောက် မျက်လုံးကို မှိတ်ထားလျက် မျက်မှောင်ကြုတ်ကာ သူမမျက်နှာပေါ်မှ အရာကို ဖယ်ရှားရန် လက်ကို ဆန့်ထုတ်လိုက်သည်။

မမျှော်လင့်ဘဲ သူမ လက်ကို ဆန့်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ ဖမ်းဆုတ်ခြင်းကို ခံလိုက်ရ၏။

အမာရွတ်များစွာရှိသည့် ထိုရင်းနှီးနေသော လက်ဖဝါးကြောင့် လင်းရန် ချက်ချင်းပင် သတိပြန်ဝင်လာပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။

ပထမဆုံး မြင်လိုက်ရသည်မှာ စုန့်ရှီးယန်၏မျက်နှာပင်။

သူမက ကြောင်အမ်းသွားရပြီး လက်ရှိအခြေအနေက အစစ်အမှန်လား သို့မဟုတ် အိပ်မက်လားဆိုသည်ကိုပင် မခွဲခြားနိုင်သေးဘဲ မသိစိတ်ဖြင့် မေးလိုက်မိသည်။

“ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ”

စုန့်ရှီးယန်မှာ သူ့အနေဖြင့် အပင်ပန်းခံပြီး အပြေးအလွှားပြန်လာခဲ့ရသော်လည်း လင်းရန်၏ ပထမဆုံးပြောလာသည့်စကားက ဤသို့ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။

All Chapters