← Chapters

အခန်း (၁၄၇-၁၄၉)

Vol. 11 Ch. 147-149

အခန်း (၁၄၇-၁၄၉)

Vol. 11 Ch. 147-149

အပိုင်း(၁၄၇) ဒီငါးပိကောင်က တစ်ခုခုတော့ ထူးဆန်းနေပြီ…

မြောက်ဘက်ရှိ မဟာမိတ်နယ်မြေမှ မိုင်ပေါင်းထောင်ချီ အကွာ ချောက်ကမ္ဘာတစ်ခု၏ အလယ်ဗဟိုတွင် တိမ်မျိုသားရဲနှင့် တောင်သယ်သားရဲတို့သည် မြေပြင်နှင့် ကပ်၍ ပျံသန်းနေကြသည်။

ဝမ်ရှန်းကျားက ပတ်ဝန်းကျင်၌ မည်သူမျှမရှိကြောင်း သေချာစေရန် အရင်ဦးစွာ ဂရုတစိုက် စစ်ဆေးလိုက်ပြီးနောက် စကားသံများ အပြင်သို့ မပေါက်ကြားစေရန် လက်ကို ဝှေ့ယမ်း၍ ကာကွယ်ရေးအစီအရင် တစ်ခုကို တည်ဆောက်လိုက်သည်။ ထို့နောက်မှ လီကွမ်ယန်ကို ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

"ဒါနဲ့... မင်း ဟိုင်လန်ထျန်းဆီကို တည်နေရာတွေ ပို့ပေးလိုက်ပြီလား..."

လီကွမ်ယန်က စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟဲဟဲ... မုန့်ချင်းရဲ့ သရုပ်မှန်က ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြည့်ဆောင်က အမိန့်ပေးလာရင် အဲဒီအတိုင်း လုပ်ရမှာပဲ။ ငါ သူ့ကို ပြောခဲ့တဲ့ စကားတွေထဲမှာ အမှန်ရော အမှားရော ပါနေတယ်ဆိုတာ သူ ဘယ်တော့မှ ရိပ်မိမှာ မဟုတ်ဘူး။ တကယ်တော့ ကောင်းကင်ကြည့်ဆောင်က ငါတို့နှစ်ယောက်ကို မဟာကျင်း ဘက်ကနေ ကူညီပြီး မဟာမိတ်အဖွဲ့ကို အနိုင်တိုက်ခိုင်းတာက အမှန်ပဲ။"

"ဒါပေမဲ့ ငါတို့က လွယ်လွယ်နဲ့ အနိုင်မရစေရဘူး။ နောက်ဆုံးကျရင် ဗုဒ္ဓတိုင်းပြည်ကပဲ အောင်ပွဲရဲ့ အသီးအပွင့်တွေကို ခံစားစေရမယ်။ ဒါဆိုရင် ငါတို့ရဲ့တာဝန် ပြီးဆုံးပြီ။ အဲဒီအခါကျရင် ငါတို့ ဒီတောရိုင်းမြေကနေ ထွက်ခွာပြီး ပင်လယ်ရပ်ခြားက ဌာနချုပ်မှာ ရာထူးတစ်ခု သွားယူနိုင်ပြီပေါ့။" ဝမ်ရှန်းကျားက ယုတ်မာသော အပြုံးဖြင့် ဆိုသည်။

လီကွမ်ယန်က မျက်ဝန်းထဲတွင် အနည်းငယ် အားနာစိတ်များဖြင့် ဝေခွဲမရ ဖြစ်နေသည်။

ဝမ်ရှန်းကျားက သူ့ကို တစ်ချက်ကြည့်လိုက်ကာ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။ "မင်း မဟာကျင်းအတွက် စိတ်မကောင်းဖြစ်နေတာလား။ မဟာကျင်းက အင်အားပြန်ကောင်းလာပြီး တောရိုင်းမြေကို စည်းလုံးနိုင်တော့မယ်လို့ ထင်နေတာလား။ ငါတို့ ဒီလိုမျိုး မှားယွင်းတဲ့လမ်းကို ဆက်မသွားသင့်ဘူးလို့ မင်းထင်နေတာလား..."

"မင်း အဲဒီလောက် သိရင်ပဲ တော်ပါပြီ။" လီကွမ်ယန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

စစ်သားတစ်ယောက် အနေဖြင့် တိုင်းပြည်အပေါ် သစ္စာရှိရန်မှာ သူ၏တာဝန် ဖြစ်သော်လည်း သူကိုယ်တိုင် ဧကရာဇ်ဟောင်းကို သတ်ခဲ့ပြီး အခုလည်း မဟာကျင်းကို သူ၏လက်ဖြင့်ပင် ဖျက်ဆီးတော့မည် ဖြစ်သည်။ ထို့ကြောင့် သူ့ရင်ထဲတွင် မငြိမ်မသက် ဖြစ်နေရခြင်းပင်။

"ရူးမိုက်လိုက်တာ..."

ဝမ်ရှန်းကျားက နှာခေါင်းရှုံ့ကာ ကြိမ်းမောင်းလိုက်သည်။ "မင်းက တကယ့် ဦးနှောက်မရှိတဲ့ကောင်ပဲ။ မဟာကျင်းဆိုတာ အပြင်ပန်းပဲ ရှိတာ။ အရင်က ဘေးဒုက္ခတွေ ကြုံတုန်းက မုန့်ချင်ကျိုးသာ မကူညီခဲ့ရင် ဟိုးကတည်းက မြေမှုန့် ဖြစ်နေပြီ။ ကျောက်ယွီဟွမ် လက်ထဲကနေတောင် လွတ်မှာမဟုတ်ဘူး။ ပြီးတော့လည်း ကောင်းကင်ကြည့်ဆောင်က မဟာကျင်းအတွက် ဇာတ်သိမ်းပိုင်းကို ရေးပြီးသားဆိုတာ မမေ့နဲ့။"

"ကောင်းကင်ကြည့်ဆောင်ရဲ့ အစီအစဉ်က အရမ်းကို နက်နဲတယ်။ အရင်ဆုံး မဟာမိတ်အဖွဲ့ကို ဖျက်ဆီးမယ်။ ပြီးရင် မဟာကျင်းကို ဖျက်ဆီးမယ်။ အဲဒီလိုနဲ့ ရည်မှန်းချက်ကြီးတဲ့ စစ်ဘုရင် နှစ်စုလုံးကို ဖယ်ရှားပစ်မယ်။ လောကီရေးရာတွေကို စိတ်မဝင်စားဘဲ တရားအားထုတ်နေတဲ့ ဗုဒ္ဓတိုင်းပြည် တစ်ခုတည်းကိုပဲ ချန်ထားပြီး တစ်နေ့မှာ သူတို့ကိုပါ တစ်ချက်တည်းနဲ့ အပြတ်ရှင်းဖို့ စောင့်နေတာ။"

"လူသားဧကရာဇ်ကို ရွေးချယ်ပြီးပြီ။ မလွဲမသွေ ဖြစ်လာမယ့် အရာတွေပဲ။ ဘယ်သူမှ ဒါကို တားလို့မရဘူး..."

…

...

တောင်သယ်သားရဲကြီး၏ ကျောပေါ်ရှိ အဆောင်တစ်ခုအတွင်း၌...

ဧကရီက ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေပြီး မုန့်ချင်ကျိုးမှာမူ တိုင်တစ်ခုကို မှီ၍ အနားယူနေသည်။

အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ...

ဧကရီက ဇာမဏီမျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ ဘေးနားတွင် တာဝန်ကျေပွန်စွာ စောင့်ကြပ်ပေးနေသော မုန့်ချင်ကျိုးကို တစ်ချက် ကြည့်လိုက်ပြီး အားတက်ဖွယ် ချိုသာသော အပြုံးတစ်ခုကို ပြလိုက်သည်။

သူ မုန့်ချင်ကျိုးကို ခေါ်လာရခြင်းမှာ သူ့ဆီမှ အကူအညီရရန် မျှော်လင့်၍ မဟုတ်ပေ။

ပထမအချက်မှာ မုန့်ချင်ကျိုးကို မြို့တော်တွင် ထားခဲ့လျှင် အခြားသူများ သံသယဝင်မှာ စိုး၍ဖြစ်ပြီး ဒုတိယအချက်မှာ... မုန့်ချင်ကျိုး သူ၏ ဘေးနားတွင် ရှိနေမှသာ သူက စိတ်အေးလက်အေးနှင့် အရာရာကို အေးအေးဆေးဆေး စဉ်းစားနိုင်သောကြောင့်ပင်။

"နိုးပြီလား..." မုန့်ချင်ကျိုးက ရုတ်တရက် မေးလိုက်သည်။

"ငါ အိပ်နေတာ မဟုတ်ပါဘူး။ ကြိုးကြိုးစားစား ကျင့်ကြံနေတာ။" တုန်းဖန်လျူလီက နှုတ်ခမ်းဆူကာ စိတ်ကောက်ဟန်ဖြင့် ပြောလိုက်သည်။

မုန့်ချင်ကျိုးက အတွေးထဲ နစ်ဝင်နေရင်း သဘောပေါက်လျက် ပြုံးလိုက်သည်။

"ကျုပ် ခင်ဗျားကို ပြောစရာတစ်ခု ရှိတယ်။ လီကွမ်ယန်နဲ့ ဝမ်ရှန်းကျားကို သတိထားပါ။ အဲဒီနှစ်ယောက်ရဲ့ အထောက်အထားက သံသယဖြစ်စရာပဲ။ ပြဿနာ ရှာနိုင်တယ်။"

"အခွင့်အရေးရရင် သူတို့ကို အရင် သတ်ပစ်သင့်တယ်။"

တုန်းဖန်လျူလီက ဆွဲဆောင်မှုရှိသော ကိုယ်ဟန်ကို ဖော်ပြလျက် အကြောဆန့်လိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။ "ငါ သိပါတယ်။ အပြန်အလှန် အသုံးချနေကြရုံတင်ပါ။"

"သူတို့ ငါ့ရဲ့ အသုံးမကျတဲ့ ခမည်းတော်ကို သတ်ခဲ့တယ်ဆိုတာလည်း ငါ သိပြီးသား။"

"ဒါတင်မကဘူး... သူတို့က အရမ်းကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုက ဆိုတာလည်း ငါသိတယ်။ ဘယ်ကလာမှန်း မသိပေမဲ့ သူတို့ရဲ့ သမိုင်းကြောင်းက အရမ်းရှည်လျားပြီး ရည်မှန်းချက်တွေကလည်း ကြီးမားလွန်းတယ်။"

"ဒါပေမဲ့ ဘာဖြစ်လဲ။ သူတို့က ငါ့ကို အသုံးချသလို၊ ငါလည်း သူတို့ကို ပြန်အသုံးချနေတာ မဟုတ်ဘူးလား။ သူတို့ရဲ့ အကူအညီမပါဘဲ ငါ့အတွက် မဟာမိတ်အဖွဲ့ကို နှိမ်နင်းဖို့က အတော်လေး ခက်ခဲလိမ့်မယ်။"

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်သွား၏။ သူ ဤမျှလောက် သိနေသည်ကို အံ့သြသလို၊ အလွန်အမင်း မာန်တက်နေသဖြင့် တကယ်တမ်း ပြဿနာ တက်သွားမည်ကိုလည်း စိုးရိမ်မိသည်။

ကောင်းကင်ကြည့်ဆောင် ဆိုသည်မှာ ဤဇာတ်လမ်း၏ အကြီးဆုံးရန်သူ ဖြစ်သဖြင့် ကိုင်တွယ်ရ အလွန်ပင် ခက်ခဲပေလိမ့်မည်။

တခြားသူတွေက ဘယ်လိုလုပ် အလွယ်တကူ အသုံးချနိုင်မှာလဲ။

"သူတို့နောက်ကွယ်က အင်အားစုဟာ ပထမဆုံး လူသားဧကရာဇ် ခေတ်ကတည်းက ဆင်းသက်လာတဲ့ အစွမ်းထက် အင်အားစုပဲ။ သူတို့က လူသားဧကရာဇ်တစ်ဦး ဖန်တီးဖို့ အမြဲတမ်း ရည်ရွယ်ထားတာ။ ကောင်းကင်ပြည်နယ်ရဲ့ နောက်ထပ် အရှင်သခင်ကိုတောင် သူတို့ကပဲ ရွေးချယ်ထိန်းချုပ်နိုင်စွမ်း ရှိကြတယ်။"

"အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မနေပါနဲ့။" မုန့်ချင်ကျိုးက အေးဆေးစွာဖြင့် သတိပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သတင်းအချက်အလက်များကို ချက်ချင်း လက်မခံနိုင် ဖြစ်သွားသည်။ သူ၏ တောက်ပနေသော ယုံကြည်ချက်များမှာ အနည်းငယ် လျော့ကျသွား၏။

"အဲဒီအဖွဲ့အစည်းရဲ့ နာမည်ကို ပြောလို့မရဘူးလား..." တုန်းဖန်လျူလီက အဓိက အချက်ကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်သည်။

မုန့်ချင်ကျိုးက ခေါင်းခါပြလိုက်သည်။ "ဒါက ကျုပ် ပြောလို့ရတဲ့ အရာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ကြားသွားနိုင်လို့ပဲ။ ပြီးတော့ ခင်ဗျားသိလည်း အပိုပဲ။ မဟာကျင်းက အခုချိန် သူတို့ကို ရန်စဖို့လောက်အထိ အင်အားမတောင့်တင်းသေးဘူး။"

"ဪ..." တုန်းဖန်လျူလီက လိမ္မာစွာ ခေါင်းညိတ်ပြပြီး ထပ်မမေးတော့ပေ။

မုန့်ချင်ကျိုးက ခေါင်းကို လှည့်လိုက်ပြီး သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေမိသည်။ ပိုးသားအနက်ရောင်နောက်ကွယ်မှ မျက်လုံးတစ်စုံက ဧကရီ၏ အမူအရာကို မြင်နေရ သကဲ့သို့ပင်။

"ဟေး... ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။" တုန်းဖန်လျူလီက ကြောင်သွားပြီး မိမိ၏ မျက်နှာကို စမ်းကြည့်လိုက်သည်။ ထို့နောက်မှ သတိရသွားကာ ပြောသည်။ "နေပါဦး... ရှင်က မြင်မှမမြင်ရတာ။ ဘာတွေ လုပ်နေတာလဲ..."

"ဘာမှ မဟုတ်ပါဘူး။" မုန့်ချင်ကျိုးက အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိမှု တစ်ခုကို တွေးတောနေသကဲ့သို့ သက်ပြင်းအရှည်ကြီး ချလိုက်သည်။ နာရီဝက်ခန့် ကြာပြီးမှ ခက်ခက်ခဲခဲ စကားစလိုက်သည်။

"ကျုပ် ဒါတွေကို ဘယ်လိုသိနေတာလဲဆိုတာ မသိချင်ဘူးလား။ ပြီးတော့ ကျုပ်ရဲ့ နောက်ခံကလည်း အရမ်း လျှို့ဝှက်ဆန်းကြယ်နေတာလေ။ သာမန်လူတစ်ယောက်ကနေ (၃)နှစ်အတွင်းမှာ အချိန်နဲ့နေရာလွတ် ဓားသူတော်စင် ဖြစ်လာတာက အရမ်းကို သံသယဖြစ်စရာ ကောင်းတယ် မဟုတ်လား။"

"ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်... လီကွမ်ယန်တို့ရဲ့ နောက်ကွယ်က အင်အားစုတွေ အကြောင်း ထုတ်ပြောလိုက်တာနဲ့ ခင်ဗျား အရင်ဆုံး သံသယဝင်မှာက ကျုပ်ကိုပဲ။"

"ကျုပ်ကို အဲဒီအင်အားစုက လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်လို့ မထင်ဘူးလား။"

တုန်းဖန်လျူလီက ခေါင်းညိတ်ပြကာ ချိုသာစွာ ပြုံးလိုက်သည်။

"အဲဒါနဲ့ နည်းနည်းတော့ တူတာပေါ့။ ဒါပေမဲ့... ငါ မင်းကို ယုံကြည်တယ်။"

ခြွင်းချက်မရှိ ယုံကြည်မှု…

ဘယ်လောက်တောင် တန်ဖိုးရှိပြီး လေးနက်တဲ့ စကားလုံးလဲ...

မုန့်ချင်ကျိုးက မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလိုက်ပြီး ဆက်ပြောသည်။ "တကယ်ကို ဝမ်းသာမိပါတယ်။ ကျုပ်ကို ယုံကြည်ပေးလို့ ကျေးဇူးပါ အရှင်မ။"

"မုန့်ချင်း... မင်း ဒီနေ့ တစ်မျိုးကြီးပဲ။" တုန်းဖန်လျူလီက ထရပ်လိုက်ပြီး မုန့်ချင်ကျိုး၏ မျက်နှာနားသို့ ကပ်ကာ အသေအချာ စိုက်ကြည့်လိုက်သည်။

"စိတ်ထဲမှာ တစ်ခုခု ရှိနေတာလား..."

"မရှိပါဘူး။"

"တကယ်လား..."

"ဗိုက်ဆာနေပြီလား... ဪ.. မဟုတ်ဘူး။ ဗိုက်မဆာတောင် တစ်ခုခု စားချင်နေမှာပဲ မဟုတ်လား။ ကျုပ် ဟင်းတစ်မျိုးနှစ်မျိုးလောက် ချက်ပေးရမလား။"

တုန်းဖန်လျူလီ၏ ဇာမဏီ မျက်ဝန်းများမှာ တောက်ပသွားပြီး ကလေးတစ်ယောက်လို စိတ်လှုပ်ရှားကာ သုံးပေလောက် မြင့်အောင် ခုန်တော့မည့်အလား ဖြစ်သွားသည်။

အူတူတူလေး…

ဒီငါးပိကောင်က နောက်ဆုံးတော့ အသိတရားဝင်လာပြီပဲ…

သူက ဧကရီကို အရင်ဆုံး စတင်ပြီး ဂရုစိုက်လာပြီ။ အရင်လို ခုခံတာ၊ အေးစက်တာတွေ မရှိတော့ဘူး။

ဒါဟာ သူတို့နှစ်ဦးကြားက ဆက်ဆံရေး တဖြည်းဖြည်း တိုးတက်လာနေပြီ ဆိုတာကို ပြနေတာပဲ…

"အဟမ်း... ပြောရရင် နည်းနည်းတော့ စားချင်တာပေါ့။ မင်းက ကိုယ်ရံတော်တာဝန်ကို အရမ်းကောင်းကောင်း ထမ်းဆောင်နေတာပဲ။ ငါတို့ ပြန်ရောက်ရင် မင်းကို သေချာပေါက် ဆုလာဘ်တွေ ပေးရမယ်။" တုန်းဖန်လျူလီမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လွင့်ထွက်၍ သွားတော့မည့် အလားပင်။

မုန့်ချင်ကျိုးက ပြုံးလိုက်သည်။ "ဆုလာဘ် မလိုပါဘူး။ ဒါက ကျုပ်ရဲ့ တာဝန်ပဲလေ။"

ပြောပြီးသည်နှင့် သူက အဆောင်ထဲမှ ထွက်ခွာကာ မီးဖိုချောင်သို့ သွား၍ သူကိုယ်တိုင် ချက်တတ်သော ဟင်းအချို့နှင့် ဆန်ပြုတ်တစ်ခွက်ကို ပြင်ဆင်လိုက်တော့သည်။

"ထူးဆန်းတယ်... ဒီငါးပိကောင်က ဘယ်လိုဖြစ်ပြီးတော့ ရုတ်တရက် ဒီလောက် တော်သွားရတာလဲ။" တုန်းဖန်လျူလီ တစ်ယောက်တည်း ကျန်ခဲ့စဉ် တိုးတိုးလေး ရေရွတ်နေမိသည်။

အတန်ကြာ စဉ်းစားပြီးသော်လည်း သူ အဖြေမရှာနိုင်ပေ။ သူတို့နှစ်ဦး အတူတကွ ဖြတ်သန်းခဲ့သော အချိန်ကောင်းများက မုန့်ချင်ကျိုး၏ အယူအဆဟောင်းများကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်လိမ့်မည်ဟုသာ သူ ကောက်ချက်ချလိုက်တော့သည်။

…

အပိုင်း(၁၄၈) ကောင်းကင်အောက် ပြိုင်ဘက်ကင်း

"မြို့တော်ကနေ စစ်သည်တော် နှစ်သိန်း ခေါ်လာခဲ့ပြီး မြောက်သိမ်းမြို့ကနေ နောက်ထပ် တစ်သိန်းကျော် ပါဝင်လာတယ်။ ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီး ချီတက်လာတာကို ငါသာ ကြိုတင်ပြီး လမ်းကြောင်းကို မသိထားခဲ့ရင် ငါ့ရဲ့ ဓားအသိပိုင်နက်နဲ့ အသေအချာ ရှာဖွေစူးစမ်းရင်တောင် သူတို့ရဲ့ တည်နေရာကို ရှာတွေ့ဖို့ ခက်လိမ့်မယ်။"

"မဟာကျင်းက ထိပ်တန်းတိုက်ခိုက်ရေးအင်အား လိုအပ်နေပေမဲ့၊ စစ်သည်တွေကတော့ တကယ့်ကို ကျားရဲ၊ ဝံပုလွေတွေလို အစွမ်းထက်တဲ့ စစ်တပ်ပဲ။"

"မဟုတ်ဘူး။ ဒါထက်ပိုတဲ့ တစ်ခုခု ရှိနေသလိုပဲ..."

မုန့်ချင်ကျိုးက တောင်ပံပါ သားရဲကြီး၏ ကျောပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး သူ၏ အချိန်နှင့်နေရာလွတ် ဓားအသိပိုင်နက်မှာ မိုင်ပေါင်းသောင်းချီသော ဧရိယာအထိ လွှမ်းခြုံထား၏။

ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် မိုင်တစ်ထောင်ပင် မဝေးတော့ဘဲ အလွန်ဆုံးသွားရလျှင် နေ့တစက်ဝက်အတွင်း ရောက်ရှိနိုင်ပြီ ဖြစ်သည်။

မနေ့ကတည်းက ယနေ့အထိ မုန့်ချင်ကျိုးသည် ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာနေပြီး နည်းနည်းလေးမှပင် လျှော့မတွက်ဝံ့ပေ။

အကယ်၍ ကောင်းကင်ကြည့်ဆောင်က မဟာကျင်းကို ပစ်မှတ်ထားနေပြီဆိုလျှင် သူတို့၏ နည်းလမ်းများမှာ ရိုးရှင်းမည်မဟုတ်ပေ။ သို့သော်လည်း...

မုန့်ချင်ကျိုးက ကောင်းကင်ကြည့်ဆောင်၏ ခြေရာလက်ရာများကို မတွေ့ရှိဘဲ ထိုအစား ဧကရီ တုန်းဖန်လျူလီ ပြင်ဆင်ထားသော အစီအမံ အချို့ကိုသာ တွေ့ရှိခဲ့သည်။

"မြောက်ဘက်နယ်စပ်မှာ အခြေစိုက်နေတဲ့ အလတ်စားနဲ့ အင်အားစုငယ်တွေက အရမ်း သတိကြီးပြီး သံသယစိတ်တွေ များနေကြတယ်။ သူတို့ရဲ့ အင်အားတွေကိုလည်း တိတ်တဆိတ် ပြန်ရုပ်သိမ်းနေကြတယ်။ ဒါဆိုရင် ဒါက..."

မုန့်ချင်ကျိုး၏ အသက်ရှူသံများ မြန်လာ၏။

ခေတ္တမျှ ကြာပြီးနောက် သူက နောက်သို့လှည့်ကာ တောင်သယ်သားရဲကြီး၏ ကျောပေါ်ရှိ ဧကရီ၏ အိပ်ဆောင်ဆီသို့ အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

"အရှိန်အဟုန်ကို စုစည်းပြီး နှင်းလုံးလို လိမ့်ဆင်းမယ်။ ပြီးတော့ ထာဝရခံတပ်ကြီးကို အပြတ်အသတ် ချေမှုန်းမယ်။ တိုင်းပြည်တစ်ခုတည်းရဲ့ အင်အားနဲ့ တောရိုင်းမြေကို မသိမ်းပိုက်နိုင်ရင်တောင် အလံကို မြှောက်ပြီး တိုင်းပြည်အားလုံးကို ထကြွတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တာပေါ့။ တကယ့်ကို ကောင်းမွန်တဲ့ စစ်ဗျူဟာပဲ။"

မုန့်ချင်ကျိုးက စိတ်ထဲရှိ အာရုံထွေပြားမှုများကို ဖယ်ရှားကာ စိတ်ကို စုစည်းလိုက်သည်။

"ဒီစစ်ပွဲက တဖြည်းဖြည်းနဲ့ ထိန်းချုပ်လို့မရတဲ့ အခြေအနေကို ရောက်နေပြီ။ ငါတို့ရဲ့ လက်ရှိအင်အားက မလုံလောက်သေးဘူး..."

"ဧကရာဇ်အဆင့် ကောင်းကင်ကံထူးရှင်ခန္ဓာက ငါ့ရဲ့ကျင့်စဉ် တိုးတက်ဖို့ အမြဲတမ်း ကူညီပေးနေတယ်။ ဒါ့အပြင် ကောင်းကင်ဘုံကိုးဆင့်အတိဒုက္ခကနေ စုပ်ယူထားတဲ့ အာဟာရဓာတ်တွေနဲ့ဆိုရင် ငါ နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အလယ်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ပြီးတော့ မျက်မမြင် ဓားသူတော်စင်စနစ် ကနေ စုဆောင်းထားတဲ့ အတွေ့အကြုံ အမှတ်တွေနဲ့ဆိုရင် နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းကို တစ်ချက်တည်းနဲ့ ချိုးဖျက်နိုင်လိမ့်မယ်။"

ဤအချက်ကို တွေးမိပြီးနောက် မုန့်ချင်ကျိုးက မဆိုင်းမတွဘဲ သူ၏ အဆင့်မြှင့်တင်မှုကို စတင်လိုက်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက်...

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ဆူပွက်လာပြီး၊ မိုင်ပေါင်း သောင်းချီသော ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ လုံးဝ ဆွဲထုတ်ခံလိုက်ရကာ တစ်နေရာတည်းတွင် စုစည်းသွား၏။ ထို့နောက် ဦးခေါင်းထိပ်ရှိ ပိုင်ဟွေ့ အပ်စိုက်မှတ်မှ တစ်ဆင့် ပြန်လည် စီးဝင်သွားတော့သည်။

ဤထူးခြားသော ဖြစ်ရပ်က မဟာကျင်း၏ အရာရှိများ၏ အာရုံကို ဖမ်းစားသွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ထင်ကာ သတိရှိရှိ စောင့်ကြည့်နေကြသည်။ မုန့်ချင်ကျိုး တင်ပလ္လင်ခွေထိုင်နေသည်ကို တစ်ယောက်က မြင်လိုက်ရမှသာ သူတို့ စိတ်သက်သာရာ ရသွားကြသည်။

"သူ ဘာလုပ်နေတာလဲ။" လီကွမ်ယန်က အဝေးသို့ လှမ်းကြည့်ရင်း မေးလိုက်သည်။

ဝမ်ရှန်းကျားက မျက်လုံးကို ကျဉ်းမြောင်းကာ ခေတ္တမျှ စိုက်ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "သူ တစ်ခုခုကို နားလည်သွားတာ ဖြစ်မယ်။ နောက်ဆုံးမိနစ်ကျမှ သူ့ရဲ့ စွမ်းရည်တွေကို သွေးနေတာပေါ့၊ နောက်တစ်ဆင့် ထပ်ပြီးတော့ တက်ချင်နေတာ။ သူ့ကို ဂရုမစိုက်နဲ့။ ပင်မရေစီးကြောင်းကြီးကိုတော့ သူ တားဆီးနိုင်မှာ မဟုတ်ဘူး။ သူ တစ်ယောက်တည်းနဲ့ ဒီရေစီးကြောင်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။"

"ပြီးတော့ သူ့ရဲ့ နောက်ခံက အခုထိ ဆွေးနွေးနေတုန်းပဲ။ ရန်သူလား၊ မိတ်ဆွေလားဆိုတာ မသိရသေးဘူး။ ထားလိုက်ပါတော့။"

လီကွမ်ယန်၏ အမူအရာမှာ တည်တင်းနေ၏။ စဉ်းစားကြည့်လိုက်သောအခါ ဤစကားမှာ ကျိုးကြောင်းဆီလျော်သဖြင့် သူလည်း ဂရုမစိုက်တော့ပေ။

"အချိန်တွက်ကြည့်ရင်၊ ဟိုင်လန်ထျန်း ဆီကို လမ်းပြမြေပုံ ရောက်သွားလောက်ပြီ။ သူတို့ မကြာခင် လှုပ်ရှားတော့မှာပဲ။" ဝမ်ရှန်းကျားက ဆိုသည်။

….

သူ နံနက်ခင်းအလင်းနယ်ပယ်၏ အလယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

မုန့်ချင်ကျိုး အနည်းငယ် ပြုံးလိုက်ပြီး စိတ်ထဲမှနေ၍ စနစ်ကို ခေါ်လိုက်သည်။

"စနစ်... အမှတ်တွေ ပေါင်းထည့်လိုက်တော့။"

ချက်ချင်းပင် အဆင့်တက်စဉ်က ခမ်းခြောက်သွေ့သွားသော သူ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်လျှံလာတော့သည်!

ခန္ဓာကိုယ်၏ မရေမတွက်နိုင်သော အပ်စိုက်မှတ်များမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ညကောင်းကင်ယံမှ တောက်ပသော ကြယ်ပွင့်များကဲ့သို့ ဖြစ်နေကာ ဒန်တျန် အတွင်း၌ တောက်လောင်နေသော နေမင်းတစ်စင်းကို ဖြစ်ပေါ်စေသည်။

အချိန်နှင့်နေရာလွတ် မဟာတာအို၏ အခြေခံအုတ်မြစ်များသည် ခန္ဓာကိုယ်အတွင်း၌ ပုံဖော်လာပြီး အတွင်းကမ္ဘာငယ်လေးတစ်ခုကို တဖြည်းဖြည်း တည်ဆောက်လာသည်။

"ဒါက နံနက်ခင်းအလင်းနယ်ပယ်ရဲ့ အဆင့်မြင့်ပိုင်းပဲ။ ပြင်ပက မဟာတာအိုကို ခန္ဓာကိုယ် အထဲ စုပ်ယူပြီး ခန္ဓာကိုယ်ကို ကမ္ဘာကြီးနဲ့ မဟာတာအိုအဖြစ် အသွင်ပြောင်းလိုက်တာပဲ။"

"ခပ်သိမ်းသော အရာတွေကို အဓိပ္ပာယ်ဖွင့်ဆိုမယ်။ အချိန်နဲ့နေရာလွတ်ရဲ့ နိယာမတွေကို အဓိပ္ပာယ်ဖွင့်ဆိုမယ်…"

မုန့်ချင်ကျိုး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ တံခါးခုံကို ထိတွေ့နိုင်တော့မည့်အလား ခံစားလိုက်ရသည်။ မိမိ၏ ကံကြမ္မာကို တကယ် ထိန်းချုပ်နိုင်သည့် နယ်ပယ်သို့ ရောက်ရန် မဝေးတော့ပေ။

"ဒီအချိန်ကစပြီး... ငါဟာ ကောင်းကင်အောက် ပြိုင်ဘက်ကင်းပဲ။"

ယခုအချိန်တွင် မုန့်ချင်ကျိုး၏ ရင်ထဲ၌ အတိုင်းအဆမဲ့သော ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေပြီး သူ၏ ရှည်လျားသော ဆံနွယ်နက်များမှာ လေထဲတွင် ဝေ့ယမ်းနေကာ ဝတ်ရုံနက်မှာလည်း လေပြင်းထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ တိမ်မျို တောင်ပံပါသားရဲ၏ ကျောပေါ်တွင် ရပ်နေရင်း သူက တိမ်ပင်လယ်ကြားမှ လှိုင်းများကို ဖြတ်ကျော်နေတော့သည်။

အကယ်၍ လွန်ခဲ့သော အချိန်အနည်းငယ်က ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲတို့ တိုက်ခိုက်ခဲ့သည့် အခြေအနေမျိုးကို ပြန်ရောက်သွားလျှင် မုန့်ချင်ကျိုး အနေဖြင့် အားစိုက်စရာပင် မလိုတော့ဘဲ သူတို့နှစ်ယောက်ကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်း၍ ရနိုင်ပေလိမ့်မည်။

နံနက်ခင်းအလင်းနယ်ပယ်၏ အစောပိုင်းအဆင့်မှ အဆင့်မြင့်ပိုင်းအထိ၊ အချိန်နှင့် နေရာလွတ် မဟာတာအိုမှာ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စုပ်ယူခံလိုက်ရသဖြင့် အလုံးစုံသော အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့လေပြီ။

တစ်ခုခုတော့ မှားနေပြီ...

"တစ်ယောက်ယောက်က ငါတို့ကို ချောင်းကြည့်နေတယ်။"

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်၏။ သူ၏ ဓားအသိပိုင်နက်အတွင်းရှိ ဟင်းလင်းပြင် ဧရိယာတစ်ခုမှာ ပုံပျက်သွားသည်။

တစ်စုံတစ်ယောက်က အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သကဲ့သို့ ဖြစ်ပြီး၊ ထိုအကြည့် တစ်ချက်တည်းဖြင့်ပင် လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင် အတားအဆီးများမှာ ကြေမွသွားခဲ့သည်။

ဘယ်သူလဲ…

ဤကဲ့သို့ အခြေအနေမျိုးတွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသော အကြောင်းအရာများမှာ ရိုးရှင်းနိုင်မည်မဟုတ်ပေ။

"အချိန်ပြန်လှည့်…"

မုန့်ချင်ကျိုးက လက်ချောင်းနှစ်ချောင်းကို ပူး၍ မျက်ခုံးနှစ်ခုကြားတွင် ထားလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အလယ်ဗဟိုမှ ဖြူစိုစိုအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အပြင်သို့ ပြန့်ကားသွားသည်။

ထိုဖြူစိုစို အလင်းနှင့် အရိပ်များ ဖုံးလွှမ်းထားသော ဧရိယာအတွင်း၌၊ အချိန်နှင့် နေရာလွတ်မှာ နောက်ပြန် စီးဆင်းလာတော့သည်။

နောက်ဆုံးတွင်...

ထိုအကြည့်က ၎င်း၏ အရင်းအမြစ်ဆီသို့ ပြန်လည် ဦးတည်သွားသည်...

"ဒါက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ရှိတဲ့ဘက် မဟုတ်လား။ သူတို့က ငါတို့ကို ရှာတွေ့သွားတာလား။"

ထိုအချိန်မှာတင်...

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။

ပျံသန်းနေသော တောင်ပံစစ်သည်တပ်ဖွဲ့မှာ ဟင်းလင်းပြင် တစ်နေရာကို ဖြတ်သန်းစဉ် ကောင်းကင်တစ်ခွင်လုံး ဝုန်းခနဲ အသံကြီး တစ်ခု ဟိန်းထွက်သွားသည်။

ထို့နောက် အားလုံး၏ ထိတ်လန့်ဖွယ် အကြည့်များအောက်တွင် မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ကြောက်မက်ဖွယ် ကာကွယ်ရေး အစီအရင်ကြီး တစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာပြီး တောင်ပံတပ်ဖွဲ့ တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်တော့သည်။

"ငါတို့ ချောင်းမြောင်းတိုက်ခိုက်ခံရပြီ။ မဟာမိတ်အဖွဲ့က ငါတို့ကို ရှာတွေ့သွားပြီ။ သူတို့က လမ်းတစ်လျှောက်မှာ ဧကရာဇ်အဆင့် အစီအရင်ကြီးတွေကို ခင်းကျင်းထားတာပဲ။ ဒါက နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူကိုတောင် သတ်နိုင်တဲ့ အစွမ်းရှိတယ်။ အရှင်မကို ကာကွယ်ကြ…"

"ဒီအစီအရင်ကြီးကို ချိုးဖျက်လို့မရဘူး။ ဒါက ငါတို့ကို အပြင်လောကနဲ့ ဖြတ်တောက်ထားတယ်…"

"မဟာမိတ်အဖွဲ့က ငါတို့ကို နောက်ကလိုက်လာတဲ့ ကျင်းစစ်တပ်နဲ့ ခွဲထုတ်ပစ်ချင် နေတာပဲ။ သူတို့က ငါတို့ကို တကွဲတပြားဖြစ်အောင် လုပ်ပြီး ချေမှုန်းတော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီအစီအရင်ကြီးကို ဖျက်ရမယ်။ အထဲမှာ ကျင့်ကြံနေတဲ့ အရှင်မကို ငါ သွားနှိုးလိုက်မယ်။"

"မပြာကြနဲ့။ အမိန့်အတိုင်း အစီအရင်ကို ချိုးဖျက်ကြ။ ကျန်တဲ့လူတွေက အစီအရင် ထွက်လာမယ့် အဖျက်အစွမ်းတွေကို တားဆီးထားကြ။"

ဧကရာဇ်အဆင့် အစီအရင်... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်လဲ။

မဟာကျင်း တစ်ခုလုံးမှာပင် ဤကဲ့သို့သော အစီအရင်ကြီးတစ်ခုမျှ မထုတ်လုပ်နိုင်ပေ။ ၎င်း၏ ရှားပါးမှုနှင့် တန်ဖိုးမှာ ဗျူဟာမြောက် လက်နက်တစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်၏။

သံသယဖြစ်စရာမလိုဘဲ ၎င်းမှာ မြောက်ဘက် မဟာမိတ်အဖွဲ့သည် တိကျသော သတင်းအချက်အလက်များကို ရရှိထားသည်ဟု ဖော်ပြနေခြင်းပင်။ျ

...

ထို့အပြင် အရပ်မျက်နှာအနှံ့မှ ကမ္ဘာမြေတုန်ခါလောက်သော တိုက်ပွဲသံများ ထွက်ပေါ်၍ လာခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါများက ကမ္ဘာမြေကို လွှမ်းမိုးသွားသည်။

အရိပ်ထဲတွင် ပုန်းကွယ်နေသော ကျင်းစစ်တပ် တစ်ခုလုံးမှာ တိကျသော တည်နေရာ ရှာဖွေခံရပြီး၊ အမည်မသိ ထိပ်တန်းကျွမ်းကျင်သူ အမြောက်အမြား၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။

"မဟာကျင်း... မင်းတို့က ငါ့ရဲ့ မဟာမိတ်အဖွဲ့ကို ခိုးတိုက်ဖို့ ဝံ့ရဲတယ်ပေါ့လေ။ မင်းတို့က သေချင်ဇောနဲ့ လာခဲ့မှတော့ ငါ မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။" အစွမ်းထက် လူတစ်ဦးက လှောင်ပြောင်လိုက်သည်။ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်တန်းများမှာ ပြိုကျကုန်ပြီး လက်သီးတစ်ချက်ဖြင့် မိုင်ထောင်ချီ ရှည်လျားသော ချောက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

"ဟားဟားဟား... ဒီနေ့ ငါတို့ မဟာကျင်းကို အပြတ်ရှင်းမယ်။"

သတ်။ တစ်ယောက်မှ အသက်မချန်နဲ့။

ဝုန်း… ဝုန်း…

ကျင်းစစ်တပ်u ယခုမှပင် သတိဝင်လာပြီး ပြန်လည် တိုက်ခိုက်ရန် စစ်ဗျူဟာများ ခင်းကျင်းတော့သည်။

ချက်ချင်းပင် ယခင် ဟာလာဟင်းလင်း ဖြစ်နေသော နှင်းတောထဲတွင် လရောင်ထွန်းလင်းနယ်ပယ်အထက် ကျွမ်းကျင်သူ အမြောက်အမြား ပေါ်လာပြီး စနစ်တကျ ပြန်လည် ခုခံနေသော ကျင်းစစ်သည် ရာပေါင်းများစွာနှင့်အတူ တိုက်ပွဲဖြ စ်ပွားတော့သည်။

သတင်းများအရ မြောက်သိမ်းမြို့၏ မြို့စားမင်း ဝူရှန်းဖျင်က ဓားကို ကိုင်ဆောင်ထားစဉ် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ (၃)ဦး၏ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အပြန်အလှန် တစ်ချက်တည်းဖြင့်ပင် သူ သွေးအလိမ်းလိမ်း ဖြစ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့၏။

"လျူလီ..."

မုန့်ချင်ကျိုး၏ အမူအရာ ပြောင်းလဲသွား၏။ သူ့ရှေ့တည့်တည့်တွင် ဧကရာဇ်အဆင့် အစီအရင်ကြီး တစ်ခု ရှိနေသည်။ သူက အစီအရင်၏ အပြင်ဘက်တွင် ပိတ်မိနေသည်။

သူ မမြင်ရသော်လည်း သူ၏ ဓားအသိပိုင်နက်အတွင်း၌ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀)ဦးခန့်မှာ အစီရင်ခံအတွင်း၌ ပုန်းကွယ်နေပြီး တောင်သယ်သားရဲ ဆီသို့ ဦးတည်သွားနေသည်ကို သူ အသေအချာ ခံစားနေရသည်။ သူတို့၏ ပစ်မှတ်မှာ တခြားသူမဟုတ်... လက်ရှိတွင် ကျင့်ကြံနေသော ကျင်းဧကရီပင်။

ဝင်ရောက်စီးနင်းတာက အယောင်ပြပဲ...

တ်သတ်ဖို့ ကြံစည်နေတာကမှ အစစ်အမှန်ပဲ။

မဟာမိတ်အဖွဲ့ရဲ့ တကယ့်ပစ်မှတ်က ဧကရီပဲ…

"မင်းတို့ သေချင်နေတာပဲ…" မုန့်ချင်ကျိုး ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ၏ ဓားအသိပိုင်နက်မှာ ပေါက်ကွဲထွက်လာသည်။ ဤပိုင်နက်အတွင်းရှိ သက်ရှိအားလုံးမှာ အချိန်နှင့်နေရာလွတ် ဓားအသိကြောင့် ချေမှုန်းခံလိုက်ရပြီး သွေးများ၊ ခြေလက်များနှင့် ကိုယ်တွင်းအင်္ဂါများ ဟိုဟိုဒီဒီ လွင့်စင်ကာ ထိုနေရာမှာ ငရဲအလား ဖြစ်သွားတော့သည်။

"အချိန်နှင့်နေရာလွတ်... သမုဒ္ဒရာစီးဆင်း။"

မဆိုင်းမတွဘဲ မုန့်ချင်ကျိုးက သူ၏ ပုစဉ်းရင်ကွဲတေးသံဓားကို ဆွဲထုတ်ကာ လေထဲသို့ ပျံတက်လိုက်သည်။ ပင်လယ်လို ကျယ်ဝန်းသော အချိန်နှင့်နေရာလွတ် မြစ်ကြီးတစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ တိုးဝင်လာခဲ့၏။

အချိန်မြစ်ကို ဓားအဖြစ် အသုံးချပြီး အစီရင်ခံကြီးကို ဖျက်ဆီးမယ်။

"ပျက်စီးစမ်း…"

ဧကရာဇ်အဆင့် အစီအရင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဤတိုက်ခိုက်မှု အောက်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။ အစီရင်ခံကြီးမှာ ပြိုလဲတော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။

အစီအရင်အတွင်း တောင်သယ်သားရဲပေါ်မှ မဟာမိတ်အဖွဲ့ နံနက်ခင်းအလင်းနယ်ပယ် အကြီးအကဲ အချို့မှာလည်း ထိုအသံကြောင့် အာရုံရောက်သွားကြသည်။

သူတို့ ခေါင်းလှည့်ကြည့်လိုက်ရာ အစီအရင်ကြီး၏ တစ်ဖက်တွင် ငရဲမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲတွင် ရပ်နေသည့် မုန့်ချင်ကျိုးကို တွေ့လိုက်ရသည်။ သူက ဓားကို ကိုင်ဆောင်ကာ အဆုံးမဲ့သော အချိန်နှင့်နေရာလွတ် ဓားအသိများဖြင့် အစီအရင်ကြီးကို တိုက်ခိုက်နေသည်။

"သူက မုန့်ချင်းလား။" မဟာမိတ်အဖွဲ့မှ အကြီးအကဲ တစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"ဧကရာဇ်အဆင့် အစီအရင်ကြီးက ဖျက်ဆီးလို့မရဘူးလေ။ ဘယ်လိုဖြစ်ပြီး သူ့ရှေ့မှာ ဒီလောက် အားနည်းနေရတာလဲ…"

...

မုန့်ချင်ကျိုးက အချိန်နှင့်နေရာလွတ် မြစ်ကြီးဖြင့် ဧကရာဇ်အဆင့် အစီအရင်ကြီးကို ထပ်မံ ချေမှုန်းတော့မည့် အချိန်တွင် ရုတ်တရက် ထူးဆန်းသော အရှိန်အဝါတစ်ခုမှာ သူ့ဆီသို့ တဟုန်ထိုး ရောက်ရှိလာပြီး ဖြည်းဖြည်းချင်း အနားသို့ ချဉ်းကပ်လာသည်။

"မဟာကျင်းရဲ့ ဓားသူတော်စင် မုန့်ချင်း... အချိန်နဲ့နေရာလွတ် မဟာတာအိုကို ကျင့်ကြံတဲ့သူ။ မင်းက ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ငါ မင်းကို အမြဲတမ်း လေးစားခဲ့တာ။"

"မင်းက ဘယ်သူလဲ။"

မုန့်ချင်ကျိုး ခေတ္တရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ရောက်ရှိလာသူမှာ အလွန် အစွမ်းထက်သည်။ ယခင်က သူ လုံးဝ သတိမထားမိခဲ့ပေ။

ဟိုင်လန်ထျန်းက ပြုံးကာ ပြောသည်။ "ငါက ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဟိုင်လန်ထျန်းပါ။"

"ဖယ်စမ်း။ ငါ မင်းကို အာရုံမစိုက်မိခင် အဝေးကို ထွက်သွားတာ ပိုကောင်းမယ်။ မဟုတ်ရင် ငါ့ကို လူသတ်ဖို့ တွန်းအားပေးသလို ဖြစ်လိမ့်မယ်။" မုန့်ချင်ကျိုးက သူ့ကို အချိန်မပေးနိုင်ဘဲ အစီအရင်ကြီးကို ဓားဖြင့် ဖျက်ဆီးရန် ပြင်လိုက်သည်။

ရောက်ရှိလာသူမှာ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်မှန်း သိလိုက်ရသော်လည်း သူ လုံးဝ စိတ်မဝင်စားပေ။

"မစိုးရိမ်ပါနဲ့။ ဧကရီ ဘာမှမဖြစ်ပါဘူး။ အဲဒီလူတွေက သူ့ကို ဝိုင်းရုံပဲ ဝိုင်းထားတာပါ။ သတ်မှာ မဟုတ်ဘူး။" ဟိုင်လန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက စူးစမ်းရန်အတွက် သူ၏ ဓားအသိပိုင်နက်ကို လွှတ်လိုက်ရာ အမှန်ပင် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဂဏန်းမှာ ဧကရီ ကျင့်ကြံနေသော နေရာကို ဝိုင်းထားရုံသာ ဝိုင်းထားပြီး ရှေ့သို့ ထပ်မတိုးကြသည်ကို တွေ့လိုက်ရသည်။

၎င်းတင် မကသေးပေ။

ကျင်းစစ်တပ်ကို အငြိုးတကြီး တိုက်ခိုက်ခဲ့သော မဟာမိတ်အဖွဲ့မှ ကျွမ်းကျင်သူများပင် ယခုတော့ သတ်ဖြတ်ခြင်းကို ရပ်လိုက်ကြပြီး စစ်တပ်က ဧကရီကို လာမကယ်နိုင်အောင် ပိတ်ဆို့ထားကြတော့သည်။

ထိုဆူညံသံများ အားလုံးက မဟာကျင်းကို သတိပေးရန်အတွက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ။" မုန့်ချင်ကျိုး ခေါင်းလှည့်ကာ အေးစက်စွာ မေးလိုက်သည်။

ဟိုင်လန်ထျန်းက စကားတစ်ခွန်းမှ မဆိုဘဲ ပြုံးလိုက်သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပုလေးတစ်လုံးနှင့် စစ်တုရင်ခုံတစ်ခုမှာ လေထဲတွင် ပေါ်လာသည်။

ထို့နောက် သူက လက်ဟန်ပြကာ ပြောသည်။ "ဓားသူတော်စင်... ငါနဲ့ စစ်တုရင် တစ်ပွဲလောက် ကစားပါဦး။"

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေ၏။

ဟိုင်လန်ထျန်းမှာ အလွန်ပင် စိတ်ရှည်လှသည်။ သူက မုန့်ချင်ကျိုးကို ပြုံးပြရင်း ငြိမ်သက်စွာ စောင့်နေသည်။

"ဒါတွေအားလုံးကို လုပ်ခဲ့တာ။ ဧကရီကို ဝိုင်းထားပြီး စစ်တပ်ကို ပိတ်ဆို့ထားတာတွေက ငါနဲ့ စစ်တုရင် တစ်ပွဲ ကစားဖို့အတွက်ပဲလား…" မုန့်ချင်ကျိုးက မေးလိုက်သည်။

"ဟုတ်တယ်။ ဒါပေမဲ့ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။" ဟိုင်လန်ထျန်းက အေးဆေးစွာ ဆိုသည်။

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်ကာ ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် ဝတ်ရုံကို မကာ အချိန်မြစ်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူက စစ်တုရင်ကွက်များကို စိတ်ထဲမှ ပုံဖော်လိုက်ပြီးနောက် စစ်တုရင်ခုံကို ဓားအသိိပိုင်နက်ဖြင့် လွှမ်းခြုံလိုက်ရာ နယ်ရုပ် တစ်ခုချင်းစီ၏ တည်နေရာကို သိရှိသွားတော့သည်။

"မင်းက အဝေးက လာတာဆိုတော့ ဧည့်သည်ပေါ့။ အိမ်ရှင်က ဧည့်သည်ရဲ့ ဆန္ဒအတိုင်း လိုက်လျောပေးမယ်။ မင်းပဲ အရင် စကစားပါ။" ဟိုင်လန်ထျန်းက ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။

မုန့်ချင်ကျိုးက အနက်ရောင် နယ်ရုပ်တစ်ခုကို အဝေးမှ လှမ်းယူလိုက်ပြီး စစ်တုရင်ခုံ၏ အလယ်ဗဟို တည့်တည့်သို့ တိုက်ရိုက် ချလိုက်သည်။

ဟိုင်လန်ထျန်းက အနီးကပ် ကြည့်လိုက်ပြီး တော်တော်လေး အံ့အားသင့်သွားသည်။

"ငါ မင်းအကြောင်းကို လေ့လာခဲ့ဖူးတယ်။ ငါ့ရဲ့ အမြင်မှာတော့ မင်းက လူကြားထဲမှာ ပေါ်ပေါ်ထင်ထင် နေချင်တဲ့သူမျိုး မဟုတ်ဘူး။ မင်းက အောင်မြင်မှုရဲ့ အထွတ်အထိပ်မှာ ရှိနေတုန်း အနားယူသွားပြီး နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံခဲ့တယ်။ ဧကရီ အန္တရာယ်ကြုံမှပဲ မင်းရဲ့ အစွမ်းကို ပြသပြီး ထွက်လာခဲ့တာ။ အခုလို ဗဟိုချက်မှာ တိုက်ရိုက်ချလိုက်တာက တကယ်ကို မထင်မှတ်ထားစရာပဲ။"

ပြောပြီးသည်နှင့် ဟိုင်လန်ထျန်းက အဖြူရောင် နယ်ရုပ်တစ်ခုကို ကောက်ယူကာ ပေါ့ပေါ့ပါးပါးပင် ချလိုက်သည်။

မုန့်ချင်ကျိုးက နယ်ရုပ်၏ တည်နေရာကို ခံစားမိပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရေစီးကြောင်းအတိုင်းလိုက်တာဆိုတဲ့ စကားလုံးက မင်းနဲ့ ပိုကိုက်ညီပါတယ်။ ငါက မင်း ထင်သလို လူမျိုး မဟုတ်ဘူး။ ငါ သည်းခံနေခဲ့တာက ဒီလောကကြီးရဲ့ အစစ်အမှန် သဘာဝကို မြင်ခဲ့လို့။ လျှို့ဝှက်ချက်တွေ အများကြီးကို သိနေလို့။ ပြီးတော့ ငါ့ရဲ့ ကံကြမ္မာကို ငါကိုယ်တိုင် မထိန်းချုပ်နိုင်သေးဘူးဆိုတာကို ယုံကြည်နေလို့ပဲ။"

"ငါက ငါ့ရဲ့ကံကြမ္မာကို လက်ထဲမှာပဲ မြဲမြဲဆုပ်ကိုင်ထားချင်တာ။ ဒါပေမဲ့ ဟိုင်လန်ထျန်း… မင်းကတော့ တကယ့် အရှုံးသမားပဲ။"

ထိုစကားကို ကြားရာ ဟိုင်လန်ထျန်း အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်မှ တဟားဟား ရယ်မောကာ ခေါင်းခါလိုက်သည်။

"အရှုံးသမားအဖြစ် ကစားရတာလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါနဲ့လည်း တော်တော် လိုက်ဖက်တယ်။"

"မင်း ပြောတာ မှန်ပါတယ်။ ငါ့ဘဝရဲ့ အကြီးမားဆုံး ဆန္ဒက ဝါးတောင်ဝှေးတစ်ချောင်း၊ ကောက်ရိုးဖိနပ်တစ်စုံနဲ့ မြူနှင်းတွေကြားမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနေဖို့ပဲ။ ငါ့အဖေက မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်မနေခဲ့ရင်၊ ငါက မွေးကတည်းက ပါရမီရှင်တစ်ယောက် ဖြစ်မနေခဲ့ဘဲ လူတွေက ငါ့အပေါ် မျှော်လင့်ချက်တွေ မထားခဲ့ရင်... ငါ့ဘဝက အခုထက် အများကြီး ထူးခြားနေမှာ။"

ထို့နောက် သူတို့နှစ်ဦးလုံး တိတ်ဆိတ်သွားကြ၏။

သူတို့က စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များကို လျင်မြန်စွာ ရွှေ့နေကြပြီး ပတ်ဝန်းကျင်၌မူ နားကွဲလုမတတ် တိုက်ပွဲသံများ ဟိန်းထွက်နေသည်။ သူတို့က နတ်ဘုရားများနှင့် မိစ္ဆာများ တိုက်ခိုက်နေသည့် စစ်မြေပြင်အလယ်တွင် ရှိနေသော်လည်း ပုံမှန်နေ့ရက်များ ကဲ့သို့ပင် ပေါ့ပေါ့ပါးပါး စကားပြောနေကြသည်။

ကျူးကျော်လာသော ရန်သူများကို ခုခံရင်း လီကွမ်ယန်က ကောင်းကင်ယံသို့ အမြဲ စူးစိုက်ကြည့်နေပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်ကာ အသံလွှင့်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ။ မဟာမိတ်အဖွဲ့ရဲ့ တိုက်စစ်က ရပ်သွားပြီ။ သူတို့က ဝိုင်းထားရုံပဲ ဝိုင်းထားပြီးတော့ မသတ်ကြဘူး။ မုန့်ချင်းတောင်မှ ဟိုင်လန်ထျန်းနဲ့ စစ်တုရင် ကစားနေတယ်လေ။"

ဝမ်ရှန်းကျားက လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် အပြင်းအထန် တိုက်ခိုက်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် အမူအရာ တည်ကြည်သွား၏။

"ဟိုင်လန်ထျန်းက မရိုးရှင်းဘူး။ သူ့ရဲ့လုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ပိုနက်နဲတဲ့ အဓိပ္ပာယ် တစ်ခုခု ရှိရမယ်။"

"သူတို့က မတိုက်ရဲဘူးဆိုမှတော့ ငါတို့ ကူညီပေးရတာပေါ့။ မဟာမိတ်အဖွဲ့က ထိပ်တန်း ကျွမ်းကျင်သူ အချို့ကို သတ်လိုက်မယ်။ ဒါဆိုရင်တော့ ဟိုင်လန်ထျန်းလည်း ဆုတ်ခွာဖို့ တွန်းအားပေးခံရလိမ့်မယ်။"

ပြောပြီးသည်နှင့် ဝမ်ရှန်းကျားက ခွန်အားအားလုံးကို အသုံးချကာ လက်သီးတစ်ချက် ပစ်လိုက်ရာ လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူ၏ ရင်ဘတ်ကို ဖောက်ခနဲ အသံနှင့်အတူ ထိုးဖောက်သွားသည်။ သူ၏ လက်မောင်းမှာ ကျင့်ကြံသူ၏ ရင်ဘတ်မှ တစ်ဆင့် ကျောဘက်သို့ ထွက်သွားပြီး လက်ဖဝါးထဲတွင် တုန်ခါနေသော နှလုံးတစ်ခုကို ဆုပ်ကိုင်ထား၏။

"သေစမ်း…"

"ငါတို့က နံနက်ခင်းအလင်းနယ်ပယ် လူအချို့ကို တိတ်တဆိတ် သတ်လိုက်မယ်ဆိုရင် ဟိုင်လန်ထျန်းက ငြိမ်နေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်…" ဝမ်ရှန်းကျားက ဟိန်းဟောက်လိုက်သည်။

လီကွမ်ယန်က မျက်နှာသေနှင့် ခေါင်းညိတ်လိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ မဟာမိတ်အဖွဲ့၏ နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူများကို လိုက်လံ သတ်ဖြတ်ရန် အခွင့်အရေး ရှာတော့သည်။

....

"စစ်တပ်ကို ပြန်ရုပ်သိမ်းကြရအောင်။" ဟိုင်လန်ထျန်းက ရုတ်တရက် ပြောလိုက်သည်။

မုန့်ချင်ကျိုးက အနက်ရောင် နယ်ရုပ်တစ်ခုကို လက်ချောင်းများကြားတွင် ညှပ်ထားရင်း လေထဲ၌ ရပ်တန့်သွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဒါက မင်း ပြောချင်တဲ့ စကားလား။"

ဟိုင်လန်ထျန်းက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။

"ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောမယ်။ သတင်းအချက်အလက်တွေကို ငါတို့ဆီ ပေးခဲ့တာက ကောင်းကင်ပြည်နယ်က ကျိမိသားစုရဲ့ သခင်လေးပဲ။ ပြီးတော့ မင်းတို့ရဲ့ တည်နေရာကို အမည်မဖော်ဘဲ သတင်းပေးခဲ့တာကတော့ မင်းတို့ထဲက တစ်ယောက်ပဲ။"

"ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်း နားလည်လား။"

"တစ်စုံတစ်ယောက်က ဒီတောရိုင်းမြေကို မျက်စိကျနေပြီ။ အဲဒါက ကောင်းကင်ပြည်နယ် အင်အားစုတွေ ဖြစ်ဖို့ များတယ်။ ငါကတော့ တခြားသူရဲ့ နယ်ရုပ်အဖြစ် အသုံးချ မခံချင်ဘူး။ ဒါကြောင့် မင်းတို့ကို စစ်တပ် ပြန်ရုပ်သိမ်းဖို့ အကြံပေးချင်တာ။"

မုန့်ချင်ကျိုး တိတ်ဆိတ်သွား၏။

တည်နေရာကို သတင်းပေးခဲ့တာလား။

ဘယ်သူ... ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

လီကွမ်ယန်နဲ့ ဝမ်ရှန်းကျားပဲပေါ့။

"မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ အံ့သြပုံ မရဘူးပဲ။" ဟိုင်လန်ထျန်း၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ကြည်သွားသည်။

"အံ့သြစရာ မရှိပါဘူး။ ငါတို့ တည်နေရာကို ဘယ်သူ သတင်းပေးခဲ့လဲဆိုတာ ငါ သိတယ်။ ငါကိုယ်တိုင် သူတို့ကို ရှင်းပစ်ပြီး လမ်းဆုံးပို့ပေးမယ်။" မုန့်ချင်ကျိုး ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာတော့သည်။

...

အပိုင်း(၁၄၉) မင်းက မဟာကျင်းရဲ့ ဧကရာဇ်လေ

မြောက်ပိုင်း နှင်းဖုံးလွင်ပြင်တွင် ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဂယက်များကြောင့် စကြာဝဠာပင် သွေးရောင် လွှမ်းသွားရသည်။ ကောင်းကင်နှင့် မြေကြီး၏ နတ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဘီလူးကြီးများက ဓားများကို ကိုင်စွဲထားကြပြီး နတ်ဘုရားများနှင့် မိစ္ဆာများ ပြန်လည်ရှ င်သန်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ဟိန်းဟောက်နေကြသကဲ့သို့ပင်။

ပတ်ဝန်းကျင်ရှိ အလတ်စားနှင့် အင်အားစုငယ် အမြောက်အမြားမှာ ထိုဆူညံမှုကြောင့် ထိတ်လန့်သွားကြပြီး သူတို့၏ အာရုံများကို ထိုနေရာသို့ လှည့်လိုက်ကြသည်။

"ဒါက... ကျင်းစစ်တပ်ပဲ။ သူတို့ မြောက်ဘက် မဟာမိတ်အဖွဲ့နဲ့ တိုက်နေကြတာ။ ကပ်ဘေးပဲ။ ကပ်ဘေးပဲ... မဟာကျင်းက ဒီတောရိုင်းမြေကို တစ်တိုင်းပြည်တည်းနဲ့ အပြတ်ရှင်းပြီး စည်းလုံးညီညွတ်ရေး စစ်ပွဲကို စတင်တော့မှာ..."

"အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ရော၊ မဟာမိတ်အဖွဲ့ရော မဟာကျင်းရဲ့ တိုက်ခိုက်တာကို ခံနေရတာပဲ။ သူတို့က အင်အားကို နှစ်စုခွဲလိုက်တာ။ ဧကရီက တကယ့်ကို သတ္တိရှိတာပဲ။ သူက ဒီဖရိုဖရဲခေတ်ကို အချိန်မတိုင်ခင် အဆုံးသတ်ဖို့ ကြိုးစားနေတာလား။ ဒါပေမဲ့ မဟာကျင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ အင်အားရှိလို့လား။"

"အရှင်မင်းကြီးဆီ အမြန်သတင်းပို့ကြ။ တောရိုင်းမြေ စည်းလုံးညီညွတ်ရေး စစ်ပွဲက တရားဝင် စတင်လိုက်ပြီ။ ဘယ်သူမှ ဘေးထွက်နေလို့ မရတော့ဘူး၊ အားလုံးက ဘက်ရွေးကြရတော့မယ်။"

"ဖရိုဖရဲခေတ်ကြီး စတင်တော့မယ်။ ဒါပေမဲ့ မဟာကျင်းက ဒီတောရိုင်းမြေရဲ့ ဇာတ်သိမ်းကို ပထမဆုံး စတင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး..."

အစွမ်းထက်သော ပုဂ္ဂိုလ်များစွာက လှမ်းကြည့်လိုက်ကြပြီး အသေးစိတ် အချက်အလက် များစွာကို မြင်တွေ့လိုက်ရသည်။ သို့သော် ထူးဆန်းသည်မှာ စစ်မြေပြင်၏ဗဟို လေထဲတွင် လူနှစ်ဦးမှာ မျက်နှာချင်းဆိုင် ထိုင်ကာ စစ်တုရင် ကစားနေကြခြင်းပင်။

၎င်းမှာ စစ်မြေပြင်ရှိ သက်ရှိအားလုံးကို သူတို့၏ နယ်ရုပ်များအဖြစ် သဘောထားကာ သွေးချောင်းစီးနေသော တိုက်ပွဲကြီးအလယ်၌ပင် တိတ်ဆိတ်စွာ ကစားနေကြသကဲ့သို့ ဖြစ်သည်။

"အဲဒါ အချိန်နှင့်နေရာလွတ် ဓားနတ်ဘုရား မုန့်ချင်းနဲ့ မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဟိုင်လန်ထျန်းပဲ။ သူတို့ ဘာလုပ်နေကြတာလဲ။ အောက်က စစ်သည်တွေ အသေအလဲ တိုက်နေကြတာကို သူတို့ကတော့ အေးအေးဆေးဆေး စကားပြောနေကြတယ်။"

"တစ်ခုခု မှားနေပြီ။ စောင့်ကြည့်ရအောင်။ ငါတို့ ဝင်ပါဖို့ မလောသင့်ဘူး။ နောက်ဆုံး တိုက်ပွဲက စနေပြီဆိုပေမဲ့ ဒါက (၁၀)နှစ်၊ (၈)နှစ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။"

"မုန့်ချင်းက ပိုပြီး အစွမ်းထက်လာတဲ့ပုံပဲ။ သူ ထိုင်နေတဲ့ အချိန်နဲ့နေရာလွတ် မြစ်ကြီးက ပိုပြီးတော့ ကျယ်လာတယ်။ မယုံနိုင်စရာပဲ။ အခု သူ ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ…"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ ခန့်မှန်းရသလောက်တော့ အကန့်အသတ်တော့ ရှိမှာပါ။ အလွန်ဆုံးရှိမှ နံနက်ခင်းအလင်းနယ်ပယ် အလယ်ဆင့်လောက်ပဲ ရှိမှာပါ။ ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ဟိုင်လန်ထျန်းနဲ့ယှဉ်ရင် သူက ပြိုင်ဘက် မဟုတ်ပါဘူး။"

….

ဟိုင်လန်ထျန်းသည် မဟာမိတ်ခေါင်းဆောင်တစ်ဦး၏ မာန်မာန လုံးဝမရှိဘဲ အလွန်ပင် ဖော်ရွေလှသည်။ သူ၏ အပြောအဆိုအရ သူသည် ကမ္ဘာကြီးကို သိမ်းပိုက်လိုသော ရည်မှန်းချက် မရှိပုံပေါ်သည်။ သူက တည်ငြိမ်စွာ မေးလိုက်သည်။

"မင်းရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။"

"ဒါကို ငါ့ကို မမေးသင့်ဘူး။ မဟာကျင်းရဲ့ ဧကရီက တုန်းဖန်လျူလီပဲ။ ငါ့ရဲ့ လက်ရှိ အဆင့်အတန်းက ဧည့်သည်တော် အမတ်အဆင့်ပဲ ရှိတာပါ။" မုန့်ချင်ကျိုးက ပြောသည်။

ထိုစကားကို ကြာရာ ဟိုင်လန်ထျန်းက ရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းနေပြီး မုန့်ချင်ကျိုးကို အကြာကြီး စိုက်ကြည့်ပြီးနောက် ပြုံးကာ ဆိုသည်။

"မင်း တကယ်ပဲ မင်းရဲ့ အဆင့်အတန်းကို မသိတာလား။"

"ဘာအဆင့်အတန်းလဲ။" မုန့်ချင်ကျိုးက မသိချင်ယောင်ဆောင်လိုက်ပြီး စကားကို အမြန်ပြောင်းကာ ပြောလိုက်သည်။

"ဒါတွေ ထားလိုက်ပါဦး... မင်းရဲ့ လက်ရှိ အသာစီးရမှုတွေနဲ့ဆိုရင် မဟာကျင်းကို အနိုင်ယူဖို့က အပန်းမကြီးပါဘူး။ ဘာလို့ ဒီလို အပေါ်ယံတွေ လုပ်နေတာလဲ။ ပြောစမ်းပါ။ မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။"

ဟိုင်လန်ထျန်းက မျက်လုံးကို ကျဉ်းမြောင်းကာ မုန့်ချင်ကျိုးကို အထက်အောက် ကြည့်လိုက်သည်။

ဒီလူက သူကိုယ်တိုင် မဟာကျင်း ဧကရာဇ် ဖြစ်နေတာကို တကယ်ပဲ မသိတာလား။

ဒါမှမဟုတ် တမင်တကာပဲ တုံးအသလို လုပ်နေတာလား။ မသိနားမလည်ချင်ယောင် ဆောင်နေတာလား။ မဟုတ်ရင်တော့ သူက တမင် အကြောင်းအရာ ပြောင်းနေတာပဲ ဖြစ်ရမယ်။

"မဟာကျင်းကို အနိုင်ယူဖို့လား။ မင်း ဧကရီကို လျှော့တွက်နေတာပဲ။" ဟိုင်လန်ထျန်းက ခေါင်းခါကာ သက်ပြင်းချရင်း ဆိုသည်။

"အဲဒီ အရူးမကို ငါ အကန့်အသတ်ထိ တွန်းမပို့ရဲဘူး။ သူ စစ်ပွဲကို စတင်ရဲတယ် ဆိုကတည်းက သူ့မှာ အကြွင်းမဲ့ ယုံကြည်ချက်နဲ့ သေချာမှု ရှိနေလို့ပဲ။ ပြီးတော့ ငါ မဟာကျင်းကို အနိုင်ယူလိုက်ရင်တောင် ဘာထူးမှာလဲ။"

"နောက်ကွယ်က တစ်စုံတစ်ယောက်ရဲ့ အသုံးချမှုကို ခံပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နဲ့ ခွေးအခြင်းကိုက်သလို ဆက်တိုက်နေကြရမှာလား။"

"ငါ သိသလောက်ဆိုရင်၊ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က ဗုဒ္ဓဟာ နောက်ဆုံးအဆင့်ကို လှမ်းတက်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ချိုးဖျက်တော့မှာ။ အဲဒီအချိန်ကျရင် ဒီတောရိုင်းမြေ တစ်ခုလုံးမှာ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။ ငါလည်း မယှဉ်နိုင်ဘူး။ မဟာကျင်းလည်း မယှဉ်နိုင်ဘူး။ မင်းနဲ့ငါ ပူးပေါင်းမှပဲ တိုက်ခိုက်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။"

မုန့်ချင်ကျိုး အနည်းငယ် အံ့အားသင့်သွားပြီး အကြာကြီး ဝေခွဲမရဖြစ်ကာ နယ်ရုပ်တစ်ခုကို ရွှေ့လိုက်သည်။ သူ၏ မျက်မှောင်များမှာ အနည်းငယ် ကြုတ်သွား၏။

ဒီမဟာမိတ်ခေါင်းဆောင်က လျှို့ဝှက်ချက်တွေ အများကြီး သိထားပုံရတာ တကယ့်ကို ထူးခြားတာပဲ။

သူက ငါ့ကြောင်းကိုရော ဧကရီအကြောင်းကိုရော ကောင်းကောင်းသိနေသလို၊ ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းတော့မယ်ဆိုတာကိုတောင် သိနေတယ်။ သူက အင်အားစု သုံးခုလုံးရဲ့ သတင်းအချက်အလက်တွေကို အကုန် သိထားတာပဲ။

ကြည့်ရတာ အရှုံးသမား လိုလိုနဲ့ တကယ်တမ်းကျတော့ သတင်းထောက်လှမ်းရေး အကြီးအကဲ ဖြစ်နေတာပဲ။

"စစ်တပ်ကို ပြန်ရုပ်သိမ်းတာပေါ့။" မုန့်ချင်ကျိုးက သက်ပြင်းချကာ ပြောလိုက်သည်။

ဟိုင်လန်ထျန်း၏ မျက်ဝန်းများ တောက်ပသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားကာ မတ်တပ်ရပ်လုနီးပါး ဖြစ်သွားသည်။ သူက မေးလိုက်သည်။ "တကယ်လား။"

"ငါပြောတာက မင်းရဲ့ စစ်တပ်ကို ပြန်ရုပ်သိမ်းဖို့ပါ။ ဧကရီ ကျင့်စဉ်ကနေ နိုးလာတာနဲ့ မင်းရဲ့ သဘောထားကို ပြောပြပေးမယ်။ ရလဒ်က ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ ငါ့ကိစ္စ မဟုတ်ဘူး။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ဆိုသည်။

ဟိုင်လန်ထျန်း မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

"မုန့်ချင်ကျိုး။ မင်းက မဟာကျင်း ဧကရာဇ် ဖြစ်နေတာကို တကယ်ပဲ မသိတာလား..."

"သိပါတယ်။"

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သော်လည်း အောက်မှ အချိန်နှင့်နေရာလွတ် မြစ်ကြီးမှာ ရုတ်တရက် လှိုင်းထန်ကာ ဟိန်းဟောက်သွားပြီး စူးရှသော ဓားအသိများ ထွက်ပေါ်လာကာ သူ၏ ရင်ထဲမှ မငြိမ်မသက်မှုကို ဖော်ပြနေသည်။

ထိုစကားကို ကြားသောအခါ ဟိုင်လန်ထျန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

မင်း သိတယ်ပေါ့။

"ဒါဆိုရင်တော့..."

ဟိုင်လန်ထျန်း၏ ရင်ထဲ၌ ဒေါသများ ဝေစီလာသည်။

ငါ ဒါတွေအကုန် ပြောပြီးပြီ။ မင်းမှာ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိနေတာပဲ။ ငါက အဲဒီ အရူးမ ဧကရီကို နားချလို့ မရရင်တောင် မင်းက နားချလို့ မရဘူးလား။

မင်းသာ လိုလားရင် ဒါက စကားတစ်ခွန်းပဲလေ။ ဘာလို့ နှစ်ဦးနှစ်ဖက် ရှုံးနိမ့်မယ့် အခြေအနေကို တွန်းပို့ပြီး တခြားသူတွေကို အကျိုးအမြတ် ရစေချင်နေတာလဲ။

"မင်းကို လွှတ်ပေးလိုက်တာက မင်းရဲ့ ကောင်းကျိုးအတွက်ပဲ။" မုန့်ချင်ကျိုး ရုတ်တရက် ပြောလိုက်သည်။ "အရင်ဆုံး နောက်ကို ပြန်လှည့်ကြည့်လိုက်ဦး။ မင်း ခေါ်လာတဲ့ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေထဲက ဘယ်နှစ်ယောက် ကျန်သေးလဲ။"

ဟိုင်လန်ထျန်းမှာ အစပိုင်းတွင် ကြောင်သွားသော်လည်း နောက်မှ အံ့အားသင့်စွာ နောက်သို့ လှည့်ကြည့်ကာ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။

မူလက နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၂၀)ကျော် ပါလာသော်လည်း ယခု (၁၅)ဦးသာ ကျန်တော့သည်။ (၇)ဦး သို့မဟုတ် (၈)ဦးခန့်မှာ တိတ်တဆိတ် လုပ်ကြံ သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

"မင်းပြောတဲ့ နောက်ကွယ်က အင်အားစုတွေ လက်လှမ်းလာနေပြီ။ တစ်စုံတစ်ယောက်က မီးလောင်ရာ လေပင့်နေတာ။ ဒီစစ်ပွဲက မင်းရော ငါရော ရပ်ချင်ရုံနဲ့ ရပ်လို့မရတော့ဘူး။"

"အရင် ပြန်သွားကြတာပေါ့။ ငါ အဲဒီနောက်ကွယ်က အင်အားစုတွေ လွှတ်လိုက်တဲ့ သူလျှိုတွေကို အရင် ရှင်းပစ်လိုက်ဦးမယ်။ အဲဒီကျမှ ထပ်ပြောကြတာပေါ့။"

ဟိုင်လန်ထျန်းက ရုတ်တရက် လည်ပင်းတွင် အေးစိမ့်မှုကို ခံစားလိုက်ရပြီး မျက်လုံး သူငယ်အိမ်များ ကျုံ့သွားသည်။

ထိုပုန်းကွယ်နေသော သူလျှိုများက အလွန် အစွမ်းထက်မည် မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း ယခုမူ... သူ လုံးဝ မှားသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏ မျက်စိအောက်မှာတင် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိတ်တဆိတ် သတ်ဖြတ်နိုင်ရန်မှာ၊ ထိုသူက အနည်းဆုံး ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ဖြစ်ရပေမည်။

ပုန်းကွယ်နေသော သူလျှို တစ်ယောက်တည်းကပင် ထိုမျှ အစွမ်းထက်နေလျှင် ၎င်း၏ နောက်ကွယ်ရှိ အင်အားစုမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

"နားလည်ပါပြီ။ အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ဟိုင်လန်ထျန်းက တည်ကြည်စွာဖြင့် လက်ယှက်ကာ ဂါရဝပြုလိုက်သည်။

ထို့နောက် သူက လက်ကို အသာအယာ ဝှေ့ယမ်းကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ ရေထဲတွင် နစ်မြုပ်သွားသကဲ့သို့ ဟင်းလင်းပြင်၌ ဂယက်များထစေလျက် ပျောက်ကွယ် သွားတော့သည်။

ထို့နောက် မြောက်ဘက် မဟာမိတ်အဖွဲ့ဝင်များမှာလည်း တစ်ဦးပြီးတစ်ဦး ဆုတ်ခွာ၍ သွားကြပြီး၊ မိုင်တစ်ထောင်ခန့် အကွာရှိ တောင်တန်းတစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ မိုးကုတ်စက်ဝိုင်းပေါ်တွင် ရပ်နေသော နတ်ဘုရားများနှင့် မိစ္ဆာများကဲ့သို့ ထည်ဝါသော ပုံရိပ်ကြီးများက ဤနေရာကို အဝေးမှ စောင့်ကြည့်နေကြသည်။

အရိပ်ထဲမှနေ၍ ဝတ်ရုံနက် ဝတ်ဆင်ထားသော နန်းရင်းဝန် ဝန်ရှန်းကျား ထွက်ပေါ်လာသည်။ သူက အလွန်ပင် ဇဝေဇဝါဖြစ်ကာ နားမလည်နိုင် ဖြစ်နေသည်။

"ဘာဖြစ်တာလဲ။ မဟာမိတ်အဖွဲ့က လူတွေ ဘာလို့ ဆုတ်သွားတာလဲ။"

လီကွမ်ယန်က ဓားသွားပေါ်မှ သွေးများကို တိတ်ဆိတ်စွာ သုတ်လိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"ငါလည်း မသိဘူး။ ဟိုင်လန်ထျန်းနဲ့ မုန့်ချင်း ခဏလောက် စကားပြောပြီးတာနဲ့ သူတို့ ထွက်သွားတာပဲ မြင်လိုက်ရတာ။"

သူတို့နှစ်ဦးမှာ မူလက နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများကို လိုက်လံ သတ်ဖြတ်နေကြခြင်းဖြစ်ပြီး အတော်လေး အရှိန်တက်နေခဲ့ကြသည်။

ရုတ်တရက် တိုက်ပွဲမှာ ရပ်တန့်သွားပြီး တစ်ဖက်က တည်ငြိမ်စွာ ဆုတ်ခွာသွားကာ နောက်တစ်ဖက်ကမူ စိတ်ရှည်စွာ စောင့်ကြည့်နေသည်။ ၎င်းမှာ သူတို့နှစ်ဦးလုံးကို နားမလည်နိုင်အောင် ဖြစ်စေသည်။

ထိုအချိန်မှာပင် သူတို့၏ နောက်ကွယ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ "လူကြီးမင်းတို့... မင်းတို့က ငါ့ကို မယုံကြည်သေးတဲ့ပုံပဲ။"

"ဘယ်သူလဲ။"

ဝမ်ရှန်းကျားမှာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူက သတိကြီးစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဝတ်ရုံနက် ဝတ်ဆင်ထားပြီး ပုစဉ်းရင်ကွဲတေးသံဓားကို ကိုင်ဆောင်ကာ ဟင်းလင်းပြင် အတားအဆီးကို ဖြတ်ကျော်၍ လမ်းလျှောက်ထွက်လာသော မုန့်ချင်ကျိုးကို တွေ့လိုက်ရသည်။

"ငါ ဘယ်လိုဖြစ်ပြီး သတိမထားမိတာလဲ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ဝမ်ရှန်းကျား ထိတ်လန့်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ပြန်လာတော့သည်။

All Chapters