← Chapters

အခန်း (၁၅၀-၁၅၂)

Vol. 11 Ch. 150-152

အခန်း (၁၅၀-၁၅၂)

Vol. 11 Ch. 150-152

အပိုင်း(၁၅၀) ဘဝ၏ နောက်ဆုံးအချိန်များ

လျှပ်တစ်ပြက် စတင်ပြီး လျှပ်တစ်ပြက် ပြီးဆုံးသွားသည့် တိုက်ပွဲကြီးမှာ တစ်စုံတစ်ဦး၏ စမ်းသပ်မှုတစ်ခုအလား ကမောက်ကမဖြင့် နိဂုံးချုပ်သွားခဲ့၏။

ထိုအချိန်မှာပင် ဧကရီက ကျင့်ကြံနေရာမှ ထွက်လာသည်။

"သူတို့တွေ အကွက်ထဲ မဝင်လာကြဘူးပဲ။ ငါတို့သာ နည်းနည်းလေး ထပ်ဆွဲထားနိုင်ရင် တိုင်းပြည်အသီးသီးက စစ်တပ်တွေ ရောက်လာပြီးတော့ သူတို့ကို ဝိုင်းရံချေမှုန်းနိုင်မှာ။ အဲဒါဆိုရင် မဟာမိတ်အဖွဲ့က လူတွေရဲ့ အနည်းဆုံး တစ်ဝက်လောက်ကတော့ ဒီမြေမှာ ထာဝရ မြှုပ်နှံခံလိုက်ရမှာ။" တုန်းဖန်လျူလီက လှည့်ကြည့်လိုက်ပြီး မိုးကုတ်စက်ဝိုင်း အပေါ်တွင် ရပ်နေသည့် နတ်ဘုရားသဏ္ဌာန် ပုံရိပ်ကြီးများကို စိုက်ကြည့်နေသည်။ ၎င်းမှာ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဂဏန်းကျော်ဖြင့် ဖွဲ့စည်းထားသည့် ကာကွယ်ရေး တံတိုင်းကြီးဖြစ်ပြီး သူတို့က သားကောင်ကို ချောင်းနေသည့် မျက်လုံးများဖြင့် ဤနေရာကို စောင့်ကြည့်နေကြသည်။

ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်က သူ၏ဘေးတွင် ရိုသေစွာ ရပ်နေပြီး တင်ပြလိုက်သည်။

"စစ်တပ်ကို ဆက်မလိုက်ဖို့နဲ့ ဒီအတိုင်းပဲ နေဖို့ အမိန့်ပေးခဲ့တာက ဧကရာဇ်ပါ။"

ဧကရာဇ် ဟုတ်လား။

တုန်းဖန်လျူလီက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း မုန့်ချင်ကျိုးကို မတွေ့ရပေ။ သူက မေးလိုက်သည်။ "ဧကရာဇ်က ဘယ်မှာလဲ။"

"လီကွမ်ယန်နဲ့ ဝမ်ရှန်းကျားတို့ဆီကို သွားပါတယ်။ ရင်ဖွင့်ပြီး စကားပြောချင်လို့ဆိုပြီး သွားတာပါ" ဖန့်ချန်က ဆိုသည်။

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ၏ ဇာမဏီမျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူက မုန့်ချင်ကျိုးကို ကောင်းကောင်းသိသည်။ သူသည် ပုံမှန်ဆိုလျှင် ပေါ့ပေါ့ပါးပါးနှင့် အပျင်းထူနေတတ်သူ ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို လာဆွလျှင်တော့ ထိုသူကို လွယ်လွယ်နှင့် လွှတ်ပေးမည့်သူ မဟုတ်ပေ။

မဟာမိတ်အဖွဲ့၏ ယခု ချောင်းမြောင်းတိုက်ခိုက်မှုမှာ အမှန်တကယ် တုန်းဖန်လျူလီ၏ တွက်ချက်မှု အတွင်းမှာပင် ရှိသည်။

ပြဿနာရှိနေသည့် လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ကို သူ တမင်ခေါ်လာခဲ့ခြင်းမှာ သတင်းများ ပေါက်ကြားသွားစေရန်ဖြစ်ပြီး ထိုအချက်ကို အကြောင်းပြချက်ယူကာ သူ ကြိုတင်ဆက်သွယ်ထားသည့် တိုင်းပြည် အသီးသီးမှ စစ်တပ်များကို ခေါ်ယူ၍ မဟာမိတ်အဖွဲ့ကို ဝိုင်းပတ်ရန်ပင်။

သို့သော် မဟာမိတ်အဖွဲ့က ရုတ်တရက် ဆုတ်ခွာသွားခြင်းမှာ တုန်းဖန်လျူလီအတွက် အနည်းငယ် မမျှော်လင့်ထားသော အခြေအနေ ဖြစ်သွားခဲ့သည်။

"တိုင်းပြည်တွေကို တိတ်တဆိတ် စုံစမ်းဖို့ အမိန့်ပေးလိုက်။ အပြင်ပန်းမှာ ငါ့ကို နာခံသလိုနဲ့ ကွယ်ရာမှာ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းနေကြတာလားဆိုတာ သိရမယ်။"

"ပြီးတော့ လီကွမ်ယန်နဲ့ ဝမ်ရှန်းကျားကို အထူးသတိထား။ အစကတော့ သူတို့ရဲ့ သရုပ်မှန်မှာပဲ ပြဿနာရှိတယ် ထင်တာ။ အခုကြည့်ရတာ သူတို့ရဲ့ ကျင့်စဉ်အဆင့်နဲ့ အင်အားကိုပါ ဖုံးကွယ်ထားတဲ့ပုံပဲ။"

"မဟုတ်ရင် ဧကရာဇ်က ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။"

ဖန့်ချန်မှာ ထိတ်လန့်သွားပြီး အသက်ရှူသံများပင် ခဏတာ မမှန်မကန် ဖြစ်သွားသည်။ သူက အမြန်ပင် ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။ "အမိန့်တော်အတိုင်းပါ။"

အကယ်၍ ဧကရီ ထင်သကဲ့သို့သာ အမှန်တကယ် ဖြစ်နေလျှင်...

မဟာကျင်းအပေါ် သစ္စာခံထားသည့် တိုင်းပြည်ငယ်လေးများက ယခု အချွန်နှင့် မနှပ်ဘဲ အစုံစားကာ မဟာမိတ်အဖွဲ့ဘက် ဘက်ပြောင်းနေကြပြီ ဆိုသည်မှာ ကြီးမားသော ပြဿနာပင်။

အကယ်၍သာ ဝမ်ရှန်းကျားနှင့် လီကွမ်ယန်တို့သာ သူတို့၏ တကယ့်အင်အားကို ဖုံးကွယ်ထားပြီး အဆုံးအဖြတ်ပေးရမည့် အချိန်တွင် မဟာကျင်းကို နောက်ကျောမှ ဓားနှင့်ထိုးလိုက်မည်ဆိုလျှင်...

မဟာကျင်း သွားလေပြီ။

သတိမထားမိခင်မှာပင် အခြေအနေမှာ ဤမျှအထိ စိုးရိမ်စရာ ကောင်းလာခဲ့သည်။

"အရှင်မ…"

ရုတ်တရက် လောလောလောလော အသံတစ်သံ ထွက်ပေါ်လာပြီး စုချင်ချိုးက လက်ထဲတွင် လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ဆုပ်ကိုင်လျက် အပြေးအလွှား ရောက်လာသည်။ သူ၏ ချစ်စဖွယ် မျက်နှာလေးမှာ ငိုတော့မည့်အတိုင်း ဖြစ်နေ၏။

တုန်းဖန်လျူလီပင် စုချင်ချိုးကို ဤမျှအထိ စိတ်လှုပ်ရှား တုန်လှုပ်နေသည်ကို တစ်ခါမျှ မမြင်ဖူးပေ။

"ဘာဖြစ်တာလဲ။" တုန်းဖန်လျူလီက မကောင်းသော နိမိတ်ကို ခံစားလိုက်ရသဖြင့် အမြန်မေးလိုက်သည်။

"ဗုဒ္ဓတိုင်းပြည် စစ်မြေပြင်မှာ အကြီးအကျယ် တိုက်ပွဲတွေ ပြန်ဖြစ်နေပြီ။ ဗောဓိသတ္တ (၃)ပါးနဲ့ အရဟတ္တ (၉)ပါး... စုစုပေါင်း နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၂) ဦးက ဇန်ကျင့်ကြံသူ ရာပေါင်းများစွာကို ဦးဆောင်ပြီး နန်းရင်းဝန်ကို ချောင်းမြောင်း တိုက်ခိုက်လိုက်ကြတယ်။"

"နေ့တစ်ဝက်အတွင်းမှာတင် ကျွန်မတို့ရဲ့ တစ်သန်းကျော်တဲ့ စစ်တပ်ကြီးရဲ့ သုံးပုံတစ်ပုံ ကျဆုံးသွားပြီ။ အခု စစ်သည် ခြောက်သိန်းကျော်ပဲ ကျန်ပြီးတော့ သဲကန္တာရထဲမှာ ဝိုင်းရံပိတ်ဆို့ ခံထားရတယ်။ နန်းရင်းဝန်လည်း... အသက်အန္တရာယ် စိုးရိမ်နေရပြီ။"

စုချင်းချိုးမှာ ဒုတ်ခနဲ ဒူးထောက်ကျသွားပြီး မျက်ရည်များ ဝေစီလာသည်။

တုန်းဖန်လျူလီ တိတ်ဆိတ်သွား၏။ အတန်ကြာမှ သူ၏ မျက်နှာမှာ နီမြန်းလာပြီး သွေးများ အန်ထုတ်လိုက်ရကာ အသက်ရှူသံများမှာ အလွန်အမင်း အားနည်း၍ သွားတော့သည်။

"ဒီနောက်ကွယ်က လူက ငါတို့ကို အေးအေးဆေးဆေး မနေစေချင်တာ သိသာတယ်။ မဟာကျင်းကို မဟာမိတ်အဖွဲ့နဲ့ အဆုံးအဖြတ် တိုက်ပွဲဖြစ်အောင် အတင်းအကျပ် တွန်းပို့နေတာပဲ..."

"အဟက်... ဒါတင် မကသေးဘူး။"

"ငါက နန်းရင်းဝန်ကို ဗုဒ္ဓတိုင်းပြည်မှာ ဓားစာခံအဖြစ် အသုံးချခံခိုင်းပြီး မဟာမိတ်အဖွဲ့နဲ့ တိုက်ခိုက်ခိုင်းသလို ဖြစ်သွားတာပဲ။ ဒါဆိုရင်တော့ ငါ နောက်ထပ် စစ်ပွဲတစ်ခုကို ချက်ချင်းစပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နဲ့ အသေအလဲ တိုက်ရတော့မှာပေါ့။"

စုချင်းချိုးက ကြောင်သွားပြီး မျက်ရည်များပင် ရပ်တန့်သွားကာ အံ့အားသင့်စွာ မေးလိုက်သည်။

"ဒါဆို နန်းရင်းဝန်က အခုလောလောဆယ် အသက်အန္တရာယ် မရှိသေးဘူးလို့ ဆိုလိုတာလား။ ဗုဒ္ဓတိုင်းပြည်က ဟိုနောက်ကွယ်ကလူရဲ့ အစီအစဉ်အတိုင်း နန်းရင်ဝန်ကို ဝိုင်းရံပြီး ဓားစာခံအဖြစ် ဖမ်းထားချင်ရုံပဲပေါ့။"

ထိုအခါမှ စုချင်းချိုးက တုန်းဖန်လျူလီကို အမြန်ထူမပေးပြီး ချော့မော့လိုက်သည်။ "အရှင်မ။ စိတ်မပူပါနဲ့။ အချိန်ရှိသေးတယ်ဆိုတော့ တစ်ခုခု ထူးခြားလာမှာပါ။ ဧကရာဇ်က ကျွန်မတို့ကို ဒီအကျပ်အတည်းကနေ ဆွဲထုတ်သွားလိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။"

ဧကရာဇ်လား။

တုန်းဖန်လျူလီ၏ နှုတ်ခမ်းနီနီလေးများမှာ အရောင်မှိန်သွားသည်။ သူ ကုလားထိုင် တစ်လုံးကို ရှာကာ ထိုင်လိုက်ပြီး အသက်ရှူသံများ ပြန်လည် တည်ငြိမ်လာမှ အသာ ရယ်လိုက်သည်။

"ကလေးမလေး... နင် ပြောင်းလဲသွားပြီပဲ။ အရင်ကဆို နင် ငါ့ကိုပဲ ခြွင်းချက်မရှိ ယုံကြည်ခဲ့တာလေ။"

စုချင်းချိုးမှာ လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရသည့် ကြောင်လေး တစ်ကောင်လို မျက်နှာလေး နီမြန်းသွားသည်။ သူက အင်္ကျီစကို လိမ်ဆွဲရင်း ခေါင်းငုံ့ကာ ပုရွက်ဆိတ် ရေတွက်နေဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဧကရာဇ်က အရာရာကို လုပ်နိုင်တာပဲလေ။ အဲဒါ အမှန်တရား မဟုတ်ဘူးလား။"

တုန်းဖန်လျူလီက မိုးကုတ်စက်ဝိုင်းပေါ်မှ ဝင်လုဆဲဆဲ နေမင်းကြီးကို ငေးကြည့်နေသည်။ ၎င်းမှာ သူ၏ ဘဝကို ထင်ဟပ်နေသကဲ့သို့ပင်...

(၃)လ…

မဟုတ်ဘူး... (၂)လပဲ ကျန်တော့တယ်။

အရမ်းကို နောက်ကျသွားပြီ။ မြောက်ဘက် မဟာမိတ်အဖွဲ့ကို (၂)လအတွင်း အပြတ်ရှင်းရမယ်။ ပြီးတာနဲ့ စစ်တပ်ကို ဗုဒ္ဓတိုင်းပြည်ဆီ ချီတက်ခိုင်းရမယ်။ အသက်ရှူဖို့ အချိန်တောင် ရှိမှာမဟုတ်ဘူး။ ဒီအတိုင်းဆို ငါ (၂)လအတွင်း သေရမှာ သေချာသွားပြီ။

တကယ်တမ်း နောက်ထပ် ဖြေရှင်းနည်းတစ်ခု ရှိသေးသည်။

နန်းရင်းဝန်ကို ဗုဒ္ဓတိုင်းပြည် သဲကန္တာရထဲတွင် စစ်သည်တစ်သန်းနဲ့အတူ မြှုပ်နှံထားခဲ့ပြီး ထိုမြေမှာပဲ ထာဝရ အိပ်ပျော်သွားစေရန်ပင်။

သို့မဟုတ်လျှင် တုန်းဖန်လျူလီက သက်တမ်း ကုန်ဆုံးကာ သေရမည် ဖြစ်ပြီး၊ မဟုတ်လျှင် ကျန်းစန်းဟိုင်က တိုင်းပြည်အတွက် အသေခံရမည် ဖြစ်သည်။

ထို့ကြောင့်ပင် တုန်းဖန်လျူလီ ဒေါသထွက်လွန်းသဖြင့် သွေးများအန်ခဲ့ရခြင်းဖြစ်ပြီး ထိုအချက်ကြောင့်ပင် သူ၏ သုံးလသက်တမ်းထဲမှ သုံးပုံတစ်ပုံမှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

ထိုအတွေးများကို တုန်းဖန်လျူလီက ရင်ထဲ၌သာ မြှုပ်နှံထားပြီး စုချင်ချိုးကို လုံးဝ မပြောပြခဲ့ပေ။

"နန်းရင်းဝန် ဝိုင်းရံခံထားရတဲ့ ကိစ္စကို ဧကရာဇ်ကို မပြောနဲ့နော်။ နားလည်လား။" တုန်းဖန်လျူလီက မှာကြားလိုက်သည်။

စုချင်ချိုးက နားမလည်နိုင်စွာ ခေါင်းစောင်းကြည့်ရင်း ဆိုသည်။ "ဘာလို့လဲ။ ဧကရာဇ်က အစွမ်းထက်တာပဲ။ သူ တစ်ခုခု လုပ်နိုင်မှာပေါ့။"

တုန်းဖန်လျူလီက သူ၏ နဖူးကို ချက်ချင်းပင် လက်ဖြင့် တောက်လိုက်၏။ "မပြောနဲ့လို့ ဆိုရင် မပြောနဲ့လေ။ ငါ့စကားကို မနားထောင်ဘူးလား။"

"ဪ... ဟုတ်ကဲ့ပါ။" စုချင်းချိုးက နဖူးလေးကို အုပ်ကာ သနားစဖွယ် နှုတ်ခမ်းလေး ဆူလိုက်သည်။

နေဝင်သွားလေပြီ။

နေဝင်ရိုးရီ၏ နွေးထွေးသော လိမ္မော်ရောင် အလင်းတန်းများမှာ တုန်းဖန်လျူလီ အပေါ်သို့ ဖြာကျနေသည်။ သူက ဝေးကွာသော နေမင်းကြီးကို ငေးကြည့်ရင်း နှုတ်ခမ်းဖျားတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်ဝန်းများတွင်မူ နက်ရှိုင်းသော ဆုံးရှုံးမှု အရိပ်အယောင်များ ပုန်းကွယ်နေ၏။

"ငါးပိကောင်လေး... ရှင်နဲ့အတူ ဒီကမ္ဘာကြီးကို လွတ်လွတ်လပ်လပ် လှည့်လည်သွားလာဖို့ အခွင့်အရေး မရှိတော့ဘူး ထင်တယ်..."

ဒါပေမဲ့ ကျွန်မရဲ့ နောက်ဆုံးအချိန်တွေမှာ... မိုးရွာတဲ့ညက တောင်ပေါ်ကျောင်းတော်မှာ ရှင် ချင်းလျူလီအတွက် ဆုတောင်းပေးခဲ့တဲ့အတိုင်း... ဒီတောရိုင်းမြေရဲ့ ဖရိုဖရဲတွေကို အဆုံးသတ်ပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းသာယာစေချင်တယ်။

ဒါမှလည်း ကျွန်မ မရှိတော့ရင်တောင် ကျွန်မ ဖန်တီးခဲ့တဲ့ ဒီငြိမ်းချမ်းတဲ့ ခေတ်ကြီးထဲမှာ ရှင် နေထိုင်နေတာက ကျွန်မ ရှင့်ဘေးမှာ အမြဲရှိနေသလို ခံစားရမှာမလို့ပါ...

တုန်းဖန်လျူလီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အိပ်ပျော်သွားသကဲ့သို့ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ မျက်ရည်တစ်စက်မှာ တိတ်ဆိတ်စွာပင် လိမ့်ဆင်းသွားတော့သည်။

ဤမြင်ကွင်းကို ဘေးမှ မြင်လိုက်ရသော စုချင်းချိုးမှာ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ဧကရီက တကယ်ပဲ မျက်ရည်ကျခဲ့တာလား။

ဘာတွေ ဖြစ်နေတာလဲ။ နန်းရင်းဝန်က တကယ်ပဲ သေတော့မှာလား။

နန်းရင်းဝန် လုပ်ကြံခံရရင်တောင်မှ အရှင်မရဲ့ စရိုက်နဲ့ဆိုရင် အလွန်ဆုံး မကျေမနပ် ဖြစ်တာလောက်ပဲ ရှိမှာပါ။ မျက်ရည်ကျဖို့အထိတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

"ချင်ချိုး... စစ်တပ်တစ်ခုလုံးကို ကြေညာလိုက်။ မနက်ဖြန်မှာ မဟာမိတ်အဖွဲ့နဲ့ အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲမယ်။ ငါကိုယ်တိုင် စစ်ဝတ်တန်ဆာ ဆင်ယင်ပြီး စစ်တပ်ကို ဦးဆောင်တိုက်ခိုက်မယ်။"

"ဒီသတင်းကို မဟာမိတ်အဖွဲ့ဆီကိုလည်း ပို့လိုက်။"

အေးစက်ပြီး ခန့်ညားလှသော အမူအရာဖြင့် ကမ္ဘာကြီးကို ပြန်လည် ထိန်းချုပ်လိုက်သည့် တုန်းဖန်လျူလီသည် တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှ ထူးခြားသော ဘုန်းတန်ခိုး အရှိန်အဝါများမှာလည်း ဟိန်းထွက်နေတော့သည်။

….

အပိုင်း(၁၅၁) ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းက ခွေးကလေး၊ ကြက်ကလေး လိုမျိုးပဲ

"ပြောစမ်း... ကောင်းကင်ကြည့်ဆောင်ဆီက ဘယ်လိုညွှန်ကြားချက်တွေ ရထားတာလဲ။" မုန့်ချင်ကျိုး၏ အမူအရာမှာ အေးစက်နေပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းများမှာလည်း ခက်ထန်နေသည်။ သူ၏ ဝတ်ရုံနက်မှာ လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်နေကာ အလွန်အမင်း ညစ်ထေးသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူ၏ လွှမ်းမိုးထားသော သတ်ဖြတ်ခြင်း အငွေ့အသက်မှာ ချွန်ထက်သော အပ်များအလား ထိုလူနှစ်ဦးထံ တစ်ဦးပြီးတစ်ဦး စူးဝင်သွားတော့သည်။

"မဟာကျင်းကို ကူညီပြီး ဂိုဏ်းပေါင်းစုံမဟာမိတ်ကို နှိမ်နင်းဖို့ပါ။" ဝမ်ရှန်းကျားက တည်ငြိမ်စွာပင် ခေါင်းမော့လိုက်ပြီး ဝင့်ကြွားသောလေသံဖြင့် ပြန်ပြောလိုက်သည်။

အချိန်နဲ့နေရာလွတ် ဓားအသိ ရှိနေလျှင်ပင် နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူလေး တစ်ယောက်က ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူကို လုံးဝ မနိုင်နိုင်ပေ။

အကယ်၍ မုန့်ချင်ကျိုး၏ နောက်ခံကို သံသယမဝင်ခဲ့လျှင် သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သေဆုံးနေလောက်ပြီဖြစ်ပြီး ယခုကဲ့သို့ သူ့ရှေ့တွင် ရပ်ကာ မေးခွန်းထုတ်နေနိုင်မည် မဟုတ်ပေ။

"ဟုတ်လား။"

မုန့်ချင်ကျိုး၏ အသံမှာ တည်ငြိမ်လွန်းနေပြီး မည်သည့်ခံစားချက်မှ ပါဝင်မနေဘဲ ပြောလိုက်သည်။

"ဒါဆိုရင် ဘာလို့ မဟာကျင်းရဲ့ တည်နေရာကို သစ္စာဖောက်ပြီး မဟာမိတ်အဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်ခိုင်းတာလဲ။ ငြင်းဖို့မကြိုးစားနဲ့။ အခု အမှန်အတိုင်းပြောရင် ခင်ဗျားတို့ နှစ်ယောက်အတွက် မျှော်လင့်ချက် အလင်းတန်းလေး ရှိသေးတယ်။ တကယ်လို့ ချိုသာတဲ့စကားလုံးတွေနဲ့ ထပ်ပြီး လိမ်ညာဖို့ ကြိုးစားဦးမယ်ဆိုရင်တော့..."

"ခင်ဗျားတို့ အကျိုးဆက်ကို ခံစားရလိမ့်မယ်။"

ဝမ်ရှန်းကျား၏ မျက်လုံးထဲတွင် အထင်သေးရိပ်များ ဖြတ်ပြေးသွားသည်။

အကြောင်းအရာများမှာ ရှင်းလင်းသွားပြီဖြစ်သဖြင့် သူ ဟန်ဆောင်မနေတော့ဘဲ အေးစက်စွာ ပြောလိုက်သည်။

"မုန့်ချင်ကျိုး... မင်းက ငါတို့ကို တကယ်ပဲ ငတုံးတွေလို့ ထင်နေတာလား။ မင်းကိုယ်မင်း ကောင်းကင်ကြည့်ဆောင်ကလူလို့ စကားနည်းနည်း ပြောလိုက်ရုံနဲ့ ငါတို့က ယုံရမှာလား။"

"ညွှန်ကြားချက်တွေ ထွက်လာတုန်းက မဟာကျင်းထဲမှာ ငါတို့လူတွေ ရှိနေတယ်လို့ မပါခဲ့ဘူး။ တကယ်လို့ ငါတို့က ကောင်းကင်ကြည့်ဆောင်နဲ့ ခဏတဖြုတ် အဆက်အသွယ် ပြတ်မနေခဲ့ရင် မင်းလိုကောင်မျိုးနဲ့ ဘာလို့ အချိန်ကုန်ခံ စကားပြောနေမှာလဲ။"

ဝမ်ရှန်းကျား ခေတ္တရပ်လိုက်ပြီး သူ၏ ဖြူဖျော့သောမျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။ သူက အဆိပ်ပြင်းမြွေတစ်ကောင်လို မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်သည်။

"မင်း အခုကတည်းက အမွှေးတိုင်ထွန်းပြီး ဆုတောင်းထားတာ ပိုကောင်းမယ်။ ငါ မင်းဆီက အမှား ရှာမတွေ့ပါစေနဲ့လို့ပေါ့။ တကယ်လို့ တစ်နေ့မှာ မင်းက ကောင်းကင်ကြည့်ဆောင်က မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ရင်တော့... မင်းကို ငါ အမှုန့်ဖြစ်အောင် ကြိတ်ပစ်မယ်။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။ "တကယ်လို့ ငါက ကောင်းကင်ကြည့်ဆောင်မှာ တကယ်ပဲ အဆင့်မြင့် အရာရှိတစ်ယောက် ဖြစ်နေရင်ကော။ နောက်မှ ကလဲ့စားချေမှာ မကြောက်ဘူးလား။"

ဝမ်ရှန်းကျားက ဒေါသတကြီး ရယ်မောလိုက်သည်။ "မင်းက တကယ်ကို ကောင်းကင်ကြည့်ဆောင်ကလူ မဟုတ်ဘူးပဲ။ သောက်ကလေး…"

ဝမ်ရှန်းကျား၏ ဝတ်ရုံအောက်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး အနက်ရောင် ကြေးခွံများနှင့် မျက်လုံးနီနီများရှိသော အဆိပ်ပြင်းမြွေများအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းသွားကာ မုန့်ချင်ကျိုးထံသို့ လျှာတလိပ်လိပ်ဖြင့် အသံပြုကာ တိုးဝင်၍ လာကြသည်။

မိမိ၏ မြေးအရွယ်ထက်ပင် ငယ်သော ကလေးတစ်ယောက်၏ လှည့်စားမှုကို ခံလိုက်ရပြီး ရက်အနည်းငယ်က အရှက်ရခဲ့သည်ကို တွေးမိကာ ဝမ်ရှန်းကျားမှာ အလွန်အမင်း ဒေါသထွက်နေရခြင်း ဖြစ်သည်။

"ကောင်းကင်ကြည့်ဆောင်မှာ အဆင့်အတန်း ခွဲခြားထားတာ မရှိဘူး။ အင်အားနဲ့ နယ်ပယ်အပေါ် မူတည်ပြီး ခွဲခြားတာလည်း မရှိဘူး။ တာဝန်ခွဲဝေမှုပဲ ကွာခြားတာ။ မင်းကို ပြစ်မှားဖို့ နေနေသာသာ၊ ခေါင်းဆောင်တောင် တစ်နေ့မှာ ကြီးမားတဲ့ အမှားလုပ်ရင် ငါ့ သူ့ကို ဝေဖန်ပိုင်ခွင့်ရှိတယ်။ မင်းလိုကောင်ကို ဆိုစရာတောင် မလိုဘူး။"

"ဒါကိုတောင် မသိဘဲနဲ့ မင်းကိုယ်မင်း ကောင်းကင်ကြည့်ဆောင်ကလို့ ပြောရဲတယ်ပေါ့!"

"ကောင်စုတ်လေး... မင်း ဘယ်လိုသေချင်လဲ။"

ဝမ်ရှန်းကျား၏ ဝတ်ရုံလက်ကျယ်ကြီးများမှာ လေဟုန်စီးလာပြီး အနက်ရောင်အရည်များ ပန်းထွက်လာကာ ပေရာပေါင်းများစွာသော ဧရိယာအနှံ့သို့ ပျံ့နှံ့သွား၏။

အနက်ရောင် ပျစ်ချွဲသောအရည်များမှာ အထက်သို့ မြင့်တက်လာပြီး မုန့်ချင်ကျိုး၊ လီကွမ်ယန်နှင့် ဝမ်ရှန်းကျားတို့ကို အတွင်း၌ ပိတ်လှောင်ထားသည့် အနက်ရောင် ကာရံကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

မုန့်ချင်ကျိုးက ထိုအရည်များ၏ အသံကို နားစွင့်ရင်း ပြောလိုက်သည်။

"ကောင်းကင်ဖုံးလွှမ်းခြင်းအတတ်လား။ ဒါ မဟာမိတ်အဖွဲ့က နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူတွေကို လုပ်ကြံတုန်းက သုံးခဲ့တဲ့ နည်းလမ်းပေါ့ ဟုတ်လား။"

ဝမ်ရှန်းကျား အနည်းငယ် အံ့အားသင့်သွားပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။

"ကောင်စုတ်လေး။ မင်း တစ်ခုခုတော့ တစ်ခုခုပဲ။ ကောင်းကင်ကြည့်ဆောင်ထဲမှာတောင် ကောင်းကင်ဖုံးလွှမ်းခြင်းအတတ်အကြောင်း သိတဲ့သူ နည်းနည်းပဲ ရှိတယ်။ ငါက လုပ်ကြံသတ်ဖြတ်တာ တော်တယ်လို့ပဲ သူတို့ သိကြတာ။ မင်း ဒါကို ဘယ်လို သိတာလဲ။"

မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို အသာအယာပွတ်သပ်ရင်း သူ၏ ဓားအသိပိုင်နက်ကို ဖြန့်ကျက်ကာ စမ်းသပ်ကြည့်သည်။ သို့သော်လည်း ပေ(၂၀၀)ခန့် ရောက်သောအခါ ဆက်လက်မတိုးနိုင်တော့ပေ။

"သိတဲ့သူ နည်းတယ်ဆိုတာ သိတဲ့သူ ရှိသေးတယ်လို့ ဆိုလိုတာပဲ။ အဲဒီသိတဲ့သူက ငါ ဘာလို့ မဖြစ်နိုင်ရမှာလဲ။" မုန့်ချင်ကျိုးက တည်ငြိမ်စွာ ဆိုသည်။

အကြိမ်ကြိမ် စမ်းသပ်ပြီးနောက်တွင် ဝမ်ရှန်းကျားသည် မုန့်ချင်ကျိုးက ကောင်းကင်ကြည့်ဆောင်ကလူ မဟုတ်ကြောင်း လုံးဝသေချာသွားသဖြင့် စိတ်ရှည်မှု ကုန်ဆုံးသွားသည်။ "လျှာအရိုးမရှိ လျှောက်ပြောနေတာ။ အချိန်ဖြုန်းတာပဲ။ သတ်ပစ်လိုက်တော့။"

ဘုန်း…

ဝမ်ရှန်းကျား၏ ခန္ဓာကိုယ်ထဲမှ မည်းမှောင်နေသော တစ္ဆေတစ်ကောင် ထွက်ပေါ်လာ၏။ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ မျက်နှာကို ဖုံးကွယ်ထားပြီး နီမြန်းတောက်ပနေသော မျက်လုံးနှစ်လုံးက မုန့်ချင်ကျိုးကို စိုက်ကြည့်နေသည်။

ထိုအရှိန်အဝါမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းဖြစ်ကြောင်း သိသာလှသည်။

ထိုအချိန်မှာပင် ဝမ်ရှန်းကျား၏ ကျင့်စဉ်အဆင့်မှာ သာမန်လူတစ်ယောက်အဆင့်အထိ ကျဆင်းသွားပြီး အသက်ရှူလိုက်ရုံနှင့် သေနိုင်အောင် အားနည်းသွားပုံရသည်။

ရှဲ...

ပျစ်ချွဲသော အနက်ရောင်အရည်များမှာ ဝမ်ရှန်းကျား၏ ခြေထောက်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ ဖုံးလွှမ်းသွားသည်။

"မဟာတာအိုက ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပြီး သီးခြားကမ္ဘာငယ်လေးတစ်ခုအဖြစ် လည်ပတ်နေတာလား။ ဒါက မင်းရဲ့ မဟာတာအိုကို ပြတာလား။"

"စိတ်ဝင်စားဖို့ကောင်းသားပဲ။"

မုန့်ချင်ကျိုးက လက်ကိုင်တုတ်ကို မြေကြီးထဲ စိုက်လိုက်သည်။ အချိန်နှင့်နေရာလွတ် ဓားအသိများမှာ လက်ကိုင်တုတ်၏ အောက်ခြေမှ စီးထွက်လာပြီး အနီးနားရှိ အနက်ရောင်အရည်များကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူက ထိုလူနှစ်ဦးကို လက်ဝှေ့ယမ်းပြကာ ပြောသည်။

"လာလေ... အတူတူပဲ လာခဲ့ကြစမ်းပါ။"

မျက်လုံးမှိတ် နားနေပြီး ဓားကို ရင်ဘတ်ပေါ် ပိုက်ထားသည့် လီကွမ်ယန်က တိုးတိုးလေး ပြောလိုက်သည်။ "သူတစ်ယောက်တည်းနဲ့တင် မင်းကို သတ်ဖို့ လုံလောက်နေပြီ။ ငါ ဝင်မပါတော့ဘူး။"

"သဘောပဲ။ နောက်မှ နောင်တမရနဲ့။" မုန့်ချင်ကျိုးက နားချမနေတော့ဘဲ ဝမ်ရှန်းကျား၏ မဟာတာအို အရိပ်မည်းကို ရင်ဆိုင်လိုက်သည်။

ထိုအရိပ်မည်းမှာ အနက်ရောင်အရည်များထဲမှ ရုန်းထွက်လာပြီး လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ဟိန်းဟောက်ကာ ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းလာ၏။ အလွန်ပင် အစွမ်းထက်ပုံရပြီး လှံကို ပစ်ရန် အားယူလိုက်သည်။

"ဟဲဟဲ..."

မုန့်ချင်ကျိုးက လှောင်ပြောင်ပြုံး ပြုံးလိုက်ပြီး လှံကိုင်ထားသည့် အရိပ်မည်းကို ဂရုမစိုက်ဘဲ ဘေးသို့ အသာအယာ ရှောင်လိုက်သည်။ ထိုအချိန်မှာပင် နောက်ဘက်မှ ပြေးထွက်လာသော အနက်ရောင် ဓားရှည်တစ်လက်မှာ မျက်စိအုပ်ထားသည့်နေရာ တည့်တည့်သို့ ထိုးဝင်လာသည်။

၎င်းနောက်ကွယ်တွင် အနက်ရောင် ဝိညာဉ်ပုံရိပ် တစ်ခု ရှိနေသည်။ ၎င်းကလည်း ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ချွမ်း…

မုန့်ချင်ကျိုးက လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ကာ ပစ်မှတ်လွဲသွားသော ထိုဓားကို ညှပ်ဖမ်းလိုက်သည်။

"ဝူး…" ဓားကိုင်ထားသော အရိပ်မည်းမှာ ဟိန်းဟောက်ကာ ဓားကို အားကုန် ပြန်ဆွဲသော်လည်း မည်မျှ အားစိုက်ပါစေ မရသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့်၍ သွားတော့သည်။

မုန့်ချင်ကျိုးက တည်ငြိမ်စွာ ဆိုသည်။

"အရိပ်တာအို။ ဒါက သာမန်တာအို မဟုတ်ပေမဲ့ ခင်ဗျားက ကောင်းကင်ထောက်တိုင် နယ်ပယ်တစ်ပိုင်းအထိ ကျင့်ကြံနိုင်ခဲ့တယ်။ ကျွမ်းကျင်မှုတော့ ရှိသားပဲ။"

"ဒါပေမဲ့ ဒါ အကုန်ပဲလား။"

ထိုအချိန်မှာပင် လှံကိုင်ထားသော အရိပ်မည်းမှာ အားသွင်းပြီးသွားကာ မုန့်ချင်ကျိုး၏ ဦးခေါင်းထံသို့ အားကုန် ပစ်လွှတ်လိုက်သည်။

ချက်ချင်းပင် ထိုအနက်ရောင်လှံမှာ မှောင်မိုက်သော လျှပ်စီးကြောင်းတစ်ခုအလား လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးကာ တိုးဝင်လာသည်။

နံနက်ခင်းအလင်းနယ်ပယ်၏ နောက်ဆုံးအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းနှင့် ထိမိရုံနှင့် ဒဏ်ရာရ သို့မဟုတ် သေဆုံးနိုင်သည်အထိ ပြင်းထန်လှသည်။

"အချိန်နှင့်နေရာလွတ်... အချိန်ပြန်လှည့်ခြင်း။" မုန့်ချင်ကျိုးက ခေါင်းပင်မလှည့်ဘဲ ထိုစကားကို ပြောလိုက်သည်။

ဖြူစိုစို အလင်းနှင့် အရိပ်များမှာ လေးပေါ်မှ ပစ်လိုက်သော မြှားတစ်စင်းအလား တိုးဝင်လာသည့် ထိုလှံကို ဖုံးလွှမ်းသွားသည်။ အချိန်ကို လုံးဝ နောက်သို့ ပြန်မလှည့်နိုင်သော်လည်း လှံကို လေထဲတွင် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်အောင် ရပ်တန့်ထားလိုက်နိုင်သည်။

"သေစမ်…"

မုန့်ချင်ကျိုး လက်သီးကို ဆုပ်လိုက်ပြီး ဓားကိုင်ထားသော အရိပ်မည်း၏ ဦးခေါင်းကို ထိုးနှက်လိုက်သည်။ အချိန်နှင့်နေရာလွတ် ဓားအသိမှာ သူ၏လက်သီးမှတစ်ဆင့် အရိပ်မည်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး လုံးဝ ကြေမွပျက်စီး သွားစေသည်။

ထို့နောက်...

သူ လှည့်လာပြီး ဝမ်ရှန်းကျား၏ ပင်မခန္ဓာကိုယ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

လမ်းတစ်လျှောက်တွင် မုန့်ချင်ကျိုးက လေထဲ၌ ရပ်တန့်နေသော လှံရှည်ကို ပေါ့ပေါ့ပါးပါးပင် လက်ညှိုးဖြင့် ပုတ်ချလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းကို တစ်ချက် ခတ်လိုက်ရာ အချိန်နှင့်နေရာလွတ် ဓားအသိတစ်ခုမှာ လှံကိုင်ထားသော အရိပ်မည်းကိုပါ ထပ်မံ ကြေမွသွားစေပြန်၏။

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူကို သတ်ရသည်မှာ ကြက်ကလေး ခွေးကလေးကို သတ်ရသကဲ့သို့ပင် လွယ်ကူလှသည်။

အရိပ်မည်းနှစ်ခု ကြေမွသွားသဖြင့် ဝမ်ရှန်းကျား၏ ပင်မခန္ဓာလည်း ပြင်းထန်သော ထိခိုက်မှုကို ခံစားလိုက်ရပြီး အနက်ရောင် အရည်များ ဖုံးလွှမ်းထားသည့် အတွင်းမှ ညည်းတွားသံများ ထွက်ပေါ်လာသည်။

"အစွမ်းထက်လိုက်တာ။ မင်းက ဘယ်အဆင့်ကို ရောက်နေတာလဲ။" ဝမ်ရှန်းကျား၏ ဒေါသတကြီး အော်ဟစ်သံမှာ အတွင်းမှ ထွက်လာသည်။

ခန့်ညားထည်ဝါသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် ဓားကိုပင် အသုံးမပြုဘဲ လက်သီးသက်သက်ဖြင့်သာ အရိပ်တာအို၏ မဟာတာအိုပုံရိပ်နှစ်ခုကို အနိုင်ယူ လိုက်ခြင်းပင်။

၎င်းမှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှသည်။

ချလွမ်…

လီကွမ်ယန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက မုန့်ချင်ကျိုးကို အကြီးမားဆုံးသော ရန်သူတစ်ဦးအဖြစ် သတ်မှတ်ကာ စိုက်ကြည့်နေသည်။ သူ၏ လည်ပင်းမှ အသံမှာ တုန်ရီနေပြီး တည်ကြည်စွာ ပြောလိုက်သည်။

"ဒီကောင်စုတ်လေး... တစ်ခုခုတော့ မှားနေပြီ။"

...

အပိုင်း(၁၅၂) လီကွမ်ယန်၊ ငါ့ကို သခင်လို့ခေါ်စမ်း

ချလွမ်…

လီကွမ်ယန်၏ မျက်ဝန်းများမှာ သတိကြီးစွာ ရှိနေပြီး ဓားလက်ကိုင်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။ ဓားကို ဓားအိမ်ထဲမှ (၃)လက်မခန့် ဆွဲထုတ်လိုက်သည်နှင့် ရွှေရောင်လျှပ်စီးများ လက်ခနဲ ဖြစ်သွားပြီး သူ၏ မျက်လုံးသူငယ်အိမ်မှာ ရွှေရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ နောက်ကွယ်တွင် ခန့်ညားထည်ဝါသော မိုးကြိုးဓမ္မဘုရင် ရုပ်တုကြီး တစ်ခု ထွက်ပေါ်လာသည်။

ဟင်းလင်းပြင် အကာအရံအတွင်း၌ လျှပ်စီးအလင်းများနှင့် အနက်ရောင် အရည်များမှာ ရောယှက်နေပြီး လျှပ်စီးနှင့် အရိပ်များ ဝန်းရံထားသော အနက်ရောင် ဓားသွားများမှာ မြေပြင်ပေါ်တွင် စုစည်းလာကြသည်။

လီကွမ်ယန်က ဝမ်ရှန်းကျား၏ ပင်မခန္ဓာကိုယ်ရှေ့တွင် ရပ်ကာ အသက်ကို အောင့်ထားပြီး ပြတ်သားစွာ အော်ဟစ်လိုက်သည်။

"အခုချက်ချင်း မရပ်ဘူးဆိုရင် မင်း ဒုက္ခအကြီးအကျယ် ရလိမ့်မယ်။ မင်းရဲ့ လုပ်ရပ်တွေအတွက် မဟာကျင်း တစ်ခုလုံးက ပေးဆပ်ရလိမ့်မယ်။"

"ဒီနေရာမှာ ရပ်လိုက်ရင် ဘာမှမဖြစ်ခဲ့သလို သဘောထားပေးနိုင်တယ်။ မဟုတ်ရင်တော့..."

မုန့်ချင်ကျိုး၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး ဝင့်ကြွားစွာ ပြုံးလိုက်သည်။ "မင်းတို့ နှစ်ယောက်ပေါင်းရင် ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား။"

"မိုးကြိုးတာအို ဓားသိုင်းနဲ့ အရိပ်တာအိုရဲ့ ကောင်းကင်ဖုံးလွှမ်းခြင်းအတတ် ပေါင်းစပ်လိုက်တာက တကယ်ပဲ အစွမ်းထက်ပါတယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် အောက်မှာတော့ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတာပေါ့..."

"ဒါပေမဲ့ ငါ စမ်းကြည့်ချင်သေးတယ်။"

လီကွမ်ယန်၏ အကြည့်မှာ လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ လုံးဝ အေးစက်သွားတော့သည်။ သူက နားချမနေတော့ဘဲ မျက်လုံးကို မှိတ်ကာ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

"မိုးကြိုးတာအို ဓားကျမ်း – မိုးကြိုးသုံးချက်ရပ်တန့်ခြင်း။"

ဝုန်း…

လီကွမ်ယန်က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး မျက်လုံးကို ဖွင့်လိုက်သည့် ခဏမှာပင် ခါးရှိ ဓားရှည်မှာ ဓားအိမ်ထဲမှ လုံးဝ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို လျှပ်စီးကဲ့သို့ မြန်ဆန်သော ဓားချက်တစ်ချက်မှာ အချိန်ကို ကျော်လွန်ပြီး နေရာလွတ်၏ ကန့်သတ်ချက်များကို ဖောက်ထွက်ကာ လက်ခနဲ ဖြစ်သွားသည်။

ဓား၏ ရွှေရောင်အလင်းတန်းမှာ မုန့်ချင်ကျိုး၏ မျက်နှာကို လင်းထိန်သွားစေသည်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ။" မုန့်ချင်ကျိုးက တိုးတိုးလေး ရယ်လိုက်သည်။

ထို့အပြင် မြေပြင်မှ ထွက်ပေါ်လာသော အနက်ရောင် လျှပ်စီးဓားသွားများမှာလည်း နောက်ကွယ်မှ ကပ်လျက် ပါလာပြီး အရပ်မျက်နှာ အနှံ့အပြားမှ လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်သည်။

"ကောင်စုတ်လေး... သေပေတော့။"

ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း အဆင့်ရှိသော အနက်ရောင် အရိပ်မည်း ဆယ်ဂဏန်းကျော်မှာ အရပ်မျက်နှာ အနှံ့အပြားမှ ရုတ်တရက် ထွက်ပေါ်လာပြီး သတ်ဖြတ်ချင်စိတ်များဖြင့် မုန့်ချင်ကျိုးထံသို့ တည့်တည့် ဦးတည်လာကြသည်။

ဤကဲ့သို့သော ပေါင်းစပ်တိုက်ကွက်မျိုးမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို ချက်ချင်း သတ်ဖြတ်နိုင်သည်ဟု ဆိုနိုင်သည်။

"ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့က နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတွေ မင်းတို့ လက်ထဲမှာ ဘာလို့ ကြက်ကလေး ငှက်ကလေးတွေလို အလွယ်တကူ ကျဆုံးခဲ့ရသလဲ ဆိုတာက မဆန်းတော့ပါဘူး။"

မုန့်ချင်ကျိုး၏ အသံမှာ ကြည်လင်ပြတ်သားလှ၏။ သူက လက်ကို ဆန့်ထုတ်ကာ မြေကြီးတွင် စိုက်ထားသော လက်ကိုင်တုတ်ကို ဆုပ်ကိုင်လိုက်သည်။

ပုစဉ်းရင်ကွဲတေးသံဓား ချက်ချင်းပင် တုန်ခါသွားပြီး ၎င်း၏ ဓားအသိနှင့် ထိုက်တန်သော ပြိုင်ဘက်ကောင်းကို နောက်ဆုံးတွင် တွေ့ရှိသွားပြီဖြစ်ကြောင်း ပြောဆိုနေသကဲ့သို့ပင်။

"ကံမကောင်းတာက အဲဒီလူတွေထဲမှာ ငါ မပါတာပဲ။"

"ငါက ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်။"

စကားဆုံးသည်နှင့် မုန့်ချင်ကျိုး၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းသွားသည်။ သူ ပုစဉ်းရင်ကွဲတေးသံဓားကို ဆွဲထုတ်လိုက်ရာ အေးစိမ့်သော ဓားအသိက လှိုင်းတံပိုးလို ထွက်ပေါ်လာပြီး ကောင်းကင်ဖုံးလွှမ်းထားသော အကာအရံကို အပေါက်များဖြစ်အောင် ထိုးဖောက်သွားတော့သည်။ သူက လှုပ်ရှားမှုပင် မပြုရသေးခင် ထွက်ပေါ်လာသော အရှိန်အဝါကြောင့်ပင် လီကွမ်ယန်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားရသည်။

ထိုအကြောင်းအရာကို ရှည်ရှည်ဝေးဝေး ပြောပြနေရသော်လည်း အမှန်တကယ်တွင်မူ တစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း ဖြစ်ပျက်သွားခြင်းပင်။

ထူးဆန်းသည်မှာ မုန့်ချင်ကျိုး၏ ခန္ဓာကိုယ်မှ ဖြူစိုစို အလင်းတန်းတစ်ခု ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သိသိသာသာ နှေးကွေးသွားစေသည်။ မြန်ဆန်ခြင်း၊ တိကျခြင်းနှင့် ရက်စက်ခြင်းတို့ကြောင့် လူသိများသော မိုးကြိုးတာအို တိုက်ကွက်ကြီးပင် ဤအစွမ်းမှ မလွတ်မြောက်နိုင်ပေ။

"အချိန်နှင့်နေရာလွတ် - အချိန်ပြန်လှည့်။"

သေမင်း၏ တိုးတိုးလေး ရေရွတ်သံကဲ့သို့ ခံစားချက်ကင်းမဲ့သော စကားအချို့ကို ပြောလိုက်သည်နှင့် အချိန်နှင့်နေရာလွတ် မြစ်ကြီးမှာ ဓားအသိ အလင်းတန်းများအဖြစ် စုစည်းသွားကာ လီကွမ်ယန်ကို ထိုးဖောက်သွားတော့သည်။

လေထဲတွင် တန့်သွားကာ ဓားကိုပင် အောက်သို့ မချနိုင်သေးသော လီကွမ်ယန်မှာ အချိန်နှင့်နေရာလွတ် ဓာအသိများ မိမိ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ကြောက်ရွံ့အားငယ်စွာဖြင့် ကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

"မဖြစ်နိုင်တာ..."

လီကွမ်ယန်က ကြောက်မက်ဖွယ် အနာဂတ်တစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ သူ၏ အသံမှာ တုန်ရီနေသည်။ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ မျက်ဝန်းများမှာလည်း အသက်ကင်းမဲ့စွာဖြင့် ဗလာနတ္တိ ဖြစ်သွားတော့သည်။

မှတ်ဉာဏ်များမှာ လွန်ခဲ့သော (၁၀)နှစ်ခန့်ဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

နယ်စပ် စစ်စခန်းတစ်ခုတွင် ရှိနေစဉ် ကောင်းကင်ကြည့်ဆောင်၏ ကူညီထောက်ပံ့မှုနှင့် လေ့ကျင့်ပေးမှုများကြောင့် နံနက်ခင်းအလင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ သူ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့်နေ့ ဖြစ်သည်။

ထိုအချိန်မှာပင် အချိန်နှင့်နေရာလွတ် ဓားအသိတစ်ခုမှာ အချိန်ကို ဖြတ်ကျော်ကာ အနာဂတ်မှ အတိတ်သို့ ပြောင်းပြန်စီးဆင်းလာပြီး နံနက်ခင်းအလင်းနယ်ပယ် နောက်ဆုံးအဆင့်သို့ တက်လှမ်းနေသော လီကွမ်ယန်ကို ထိတ်လန့်သွားစေသည်။ ဓားအလင်းတန်းမှာ လီကွမ်ယန်၏ နဖူးတည့်တည့်ကို ဦးတည်ထားသော်လည်း ရှေ့သို့ ဆက်မတိုးဘဲ လေထဲတွင် တိတ်ဆိတ်စွာ ဝဲနေသည်။

လီကွမ်ယန်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သော်လည်း အချိန်နှင့်နေရာလွတ် ဓာအသိကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘယ်သူလဲ…"

"စစ်စခန်းကို ချောင်းမြောင်းတိုက်ခိုက်ရဲတဲ့သူဟာ သူလျှိုပဲ ဖြစ်ရမယ်။ အခုချက်ချင်း ထွက်ခဲ့စမ်း။"

"ငါပဲ…"

ဝိညာဉ်ပုံရိပ်တစ်ခုမှာ တဖြည်းဖြည်း ထင်ရှားလာပြီး ဝတ်ရုံနက် ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဓားအသိ နောက်ကွယ်မှ ထွက်ပေါ်လာသည်။ သူ၏ မျက်ဝန်းများမှာ အေးစက်ပြီး ခံစားချက်ကင်းမဲ့နေ၏။

လီကွမ်ယန်၏ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက်မှ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူက ဖြည်းဖြည်းချင်း ပြန်ထိုင်ပြီး မေးလိုက်သည်။ "မင်းက ဘယ်သူလဲ။ ဘာလို့ ငါ့စခန်းထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါ့ရဲ့ ကျင့်စဉ်ကို လာနှောင့်ယှက်တာလဲ။"

"ကောင်းကင်ကြည့်ဆောင်…" ဝတ်ရုံနက်နှင့် လူငယ်က ပြောလိုက်သည်။

"ဘာပြောတယ်…" လီကွမ်ယန် ထိတ်လန့်လွန်းသဖြင့် ဝုန်းခနဲ မတ်တပ်ရပ်မိသွားသည်။

ထိုအချိန်တွင် သူက ကောင်းကင်ကြည့်ဆောင် အဖွဲ့ဝင် ဖြစ်နေသည်မှာ အနှစ်(၂၀) ကျော်နေပြီ ဖြစ်သော်လည်း၊ သူ၏ ကျင့်စဉ်မှာ နံနက်ခင်းအလင်းနယ်ပယ် အလယ်အဆင့်မှာတင် ရပ်တန့်နေသဖြင့် ကောင်းကင်ကြည့်ဆောင်၏ အာရုံစိုက်မှုကို မရရှိသေးသလို ကောင်းကင်ကြည့်ဆောင်၏ အချို့သော ကိစ္စရပ်များကိုလည်း ကောင်းကောင်း မသိသေးပေ။

ဝတ်ရုံနက်နှင့် လူငယ်က အချိန်နှင့်နေရာလွတ်ကို ဖြတ်ကျော်ကာ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်းပင် ၇၀-၈၀%ခန့် ယုံကြည်သွားသည်။

ကောင်းကင်ကြည့်ဆောင်ကလွဲပြီးတော့ ဒီလောကမှာ ဘယ်သူကများ ဒီလောက် နက်နဲဆန်းကြယ်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားလို့လဲ။

"မင်းက စောင့်ကြည့်ရေး သံတမန်လား။ ဘာအမိန့်များ ရှိလို့လဲ။" လီကွမ်ယန်၏ သဘောထားမှာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး ရိုသေကိုးစားစွာဖြင့် မေးလိုက်သည်။

ဝတ်ရုံနက်နှင့် လူငယ်က ခံစားချက်ကင်းမဲ့စွာ ဆိုသည်။

"မင်း တစ်ခုကို မှတ်ထား။ အခုကနေ နောက်(၁၀)နှစ်ကြာရင် မုန့်ချင်ကျိုး ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့လိမ့်မယ်။ သူက ကောင်းကင်ကြည့်ဆောင် ရွေးချယ်ထားတဲ့ နောက်ထပ် လူသားဧကရာဇ်ပဲ။"

"ကျိဝူရွှမ်ဆိုတဲ့ လူကတော့ ကောင်းကင်ကြည့်ဆောင်က ထုတ်ပြထားတဲ့ အယောင်ပြ သက်သက်ပဲ။"

"ဒါကို သေချာမှတ်ထား။ ဘယ်သူ့ကိုမှ မပြောနဲ့။ ဒါက ခေါင်းဆောင် ပေးအပ်ထားတဲ့ အရေးကြီးဆုံး တာဝန်ပဲ။ ဘယ်သူ့ကိုမှ မပြောရဘူး။ ကောင်းကင်ကြည့်ဆောင်ထဲက လူတွေကိုတောင် မပြောရဘူး။"

လီကွမ်ယန် အလွန်ပင် ဇဝေဇဝါ ဖြစ်နေသော်လည်း ပြန်ဖြေလိုက်သည်။ "ကျွန်တော် မှတ်ထားပါ့မယ်။"

မုန့်ချင်ကျိုးက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လက်ချောင်းကို ခတ်လိုက်ရာ အချိန်နှင့် ပတ်သက်သော မဟာတာအို အနှစ်သာရတစ်ခု ထွက်ပေါ်လာပြီး လီကွမ်ယန်၏ ရှေ့တွင် ဝဲနေသည်။ သူက နူးညံ့စွာ ဆိုသည်။

"အချိန်နှင့်နေရာလွတ် နိယာမတွေက မင်းရဲ့ မိုးကြိုးလမ်းစဉ်ကို ပိုပြီး မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်အောင် ကူညီပေးလိမ့်မယ်။ တကယ်လို့ မင်းရဲ့ ဉာဏ်ရည်က မြင့်မားမယ်ဆိုရင် အချိန်တာအိုရဲ့ အရိပ်အယောင်လေးကိုတောင် နားလည်သွားပြီး မင်းရဲ့ မိုးကြိုးလမ်းစဉ်နဲ့ ပေါင်းစပ်နိုင်လိမ့်မယ်။"

လီကွမ်ယန်၏ အသက်ရှူသံမှာ ရုတ်တရက် မြန်ဆန်လာပြီး သူ၏ အရှေ့မှ အချိန်တာအို အနှစ်သာရကို စိုက်ကြည့်နေမိသည်။

ဒါက အချိန်နဲ့ ပတ်သက်တဲ့ အမြင့်မြတ်ဆုံးသော မဟာတာအို အနှစ်သာရပဲ။ ဒီလို ကောင်းကင်က ပေးတဲ့ အခွင့်အရေးမျိုးဟာ သမိုင်းတစ်လျှောက်မှာ လူအနည်းငယ်ပဲ ရခဲ့ဖူးတဲ့ အရာမျိုး ဖြစ်ရမယ်။

"ဒါက အမြည်း သက်သက်ပဲ။ နောက်(၁၀)နှစ်နေလို့ မုန့်ချင်ကျိုး ပြန်ပေါ်လာတဲ့အခါ မင်းအတွက် ဒီထက်ကြီးမားတဲ့ အခွင့်အရေးတွေ ရှိလာဦးမှာပါ။"

"ဒါပေမဲ့ ဒီမတိုင်ခင်မှာ ငါ မင်းရဲ့ မှတ်ဉာဏ်တွေကို ခဏ ပိတ်ထားမယ်။ အချိန်တန်ရင် ဒီမှတ်ဉာဏ်တွေက အလိုလို ပြန်ပွင့်လာလိမ့်မယ်။"

စကားဆုံးသည်နှင့် အချိန်နှင့်နေရာလွတ် မြစ်ကြီး စီးဆင်းသွားပြီး ဝတ်ရုံနက်နှင့် လူငယ်မှာ အလင်းစက်များအဖြစ် ပြောင်းလဲကာ အချိန်နှင့်နေရာလွတ် မြစ်ကြီးထဲသို့ ပျော်ဝင်သွားတော့သည်။

ခဏအကြာတွင် စစ်စခန်းမှာ ပြန်လည် တိတ်ဆိတ်သွား၏။ အချိန်တာအို အနှစ်သာရကို ကိုင်ဆောင်ထားသော လီကွမ်ယန်က မျက်ဝန်းတွင် ရမ္မက်ဇောများ တောက်လောင်လျက် မိမိကိုယ်ကို ရေရွတ်လိုက်သည်။

"မှတ်ဉာဏ်တွေကို ပိတ်ထားမယ်။ (၁၀)နှစ်အကြာမှာ မုန့်ချင်ကျိုး..."

"ဒီလောက်ကြီးမားတဲ့ စွမ်းအားက တကယ်ပဲ ဒါတွေကို လုပ်နိုင်တာလား။"

လီကွမ်ယန်တွင် သံသယများ ရှိနေသေးသော်လည်း ဤကိစ္စကို သူ၏ ရင်ထဲမှာတင် မြှုပ်နှံထားလိုက်တော့သည်။

…

...

ရုတ်တရက် ပေါ်လာသည့် မှတ်ဉာဏ်များမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်။ လီကွမ်ယန်က လေထဲ တန့်နေဆဲဖြစ်ပြီး ဓားကို မြှောက်ထားသည့် အမူအရာအတိုင်း ရှိနေသေးသည်။ သူ၏ ဇဝေဇဝါဖြစ်နေသော အမူအရာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ နားထဲတွင် ပျာပျာသလဲ အော်ဟစ်သံတစ်ခုက စူးရှစွာ ထွက်ပေါ်လာသည။

"လီ၊ လီ… မင်း ဘယ်လိုဖြစ်ပြီး ကြောင်နေရတာလဲ။"

လီကွမ်ယန် တုန်လှုပ်သွားပြီး မုန့်ချင်ကျိုးကို မယုံနိုင်စရာ ကောင်းလောက်အောင် စိုက်ကြည့်နေမိသည်။ သူ့နှုတ်ခမ်းများ တုန်ရီနေပြီး ဖြူဖျော့သွားကာ ပြောလိုက်သည်။

"မင်း... မင်းက..."

"သခင်လား…"

အနက်ရောင် အကာအရံအတွင်း ပိတ်မိနေသော ဝမ်ရှန်းကျားမှာ လီကွမ်ယန် နိုးလာသည်နှင့် ပြောလိုက်သော ပထမဆုံးစကား၊ မုန့်ချင်ကျိုးကို "သခင်"ဟု ခေါ်လိုက်သည်ကို ကြားရာတွင် ထိတ်လန့်သွားပြီး အကျယ်ကြီး ဆဲဆိုလိုက်တော့သည်။

"လီ... မင်း ရူးသွားပြီလား။"

မုန့်ချင်ကျိုးက တောက်ပစွာဖြင့် ပြုံးပြပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နောက်ဆုံးတော့ နိုးလာပြီပဲ။ ပြန်လာတာ ကြိုဆိုပါတယ်။ လီကွမ်ယန်။"

All Chapters