← Chapters

အခန်း (၁၅၆-၁၅၈)

Vol. 11 Ch. 156-158

အခန်း (၁၅၆-၁၅၈)

Vol. 11 Ch. 156-158

အပိုင်း(၁၅၆) အဆုံးအဖြတ်တိုက်ပွဲ

ဂိုဏ်းပေါင်းစုံမဟာမိတ်၊ အထွတ်အမြတ်တောင်ထိပ်ပေါ်ရှိ အစည်းအဝေးခန်းမအတွင်း...

ဂိုဏ်းပေါင်းစုံမှ ဝါရင့်ပညာရှိများနှင့် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ အမြောက်အမြား စုဝေးရောက်ရှိနေကြသည်။ ကျယ်ဝန်းလှသော ခန်းမကြီးအတွင်း လူပေါင်း ရာနှင့်ချီ၍ ပြည့်နှက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ လူအင်အားဖြင့် တင်းကျပ်နေသည်။

ထိုသူများထဲတွင် ထက်ဝက်နီးပါးမှာ နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး စုစုပေါင်း အရေအတွက်မှာ (၁၀၀)နီးပါးပင် ရှိနေသည်။

ထိုနံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူများကို အုပ်စုနှစ်စု ခွဲခြားထားသည်။ ပထမ အုပ်စုမှာ ဂိုဏ်းပေါင်းစုံမဟာမိတ်၏ အပြာဖြူ သားမွေးဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အခြားအုပ်စုမှာမူ နက်မှောင်သော ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြရာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံမျိုး ရှိသည်။

ဂိုဏ်းပေါင်းစုံမဟာမိတ် ခေါင်းဆောင် ဟိုင်လန်ထျန်းမှာ ဘေးတစ်ဖက်တွင် ရပ်နေရပြီး သဘာပတိခုံတွင်မူ မောက်မာသော အပြုံးနှင့် ပြင်းထန်သော အကြည့်များရှိသည့် ခန့်ညားသော လူငယ်တစ်ဦးက နေရာယူထား၏။

ထိုလူငယ်က မျက်လုံးများကို မှေးစိုက်လိုက်ပြီး အေးစက်စွာ ပြောသည်။

"မဟာမိတ်ခေါင်းဆောင်ဟိုင်။ ငါ အိုဒါဆာဘူရိုကတစ်ဆင့် ညွှန်ကြားချက်တွေကို ပေးခိုင်းလိုက်သားပဲ။ မင်းက ဘာလို့ လိုက်နာဖို့ ငြင်းဆန်နေရတာလဲ။"

“မင်းတို့က မဟာကျင်းကို အောင်အောင်မြင်မြင် ခိုးတိုက်ခိုက်နိုင်ခဲ့ပြီး အထိနာအောင် လုပ်နိုင်ခါနီးမှ ဆုတ်ခွာဖို့ အမိန့်ပေးလိုက်တယ်။ အခွင့်အရေးကောင်းကို ဖြုန်းတီးပစ် လိုက်တာပဲ။ ငါ့ရဲ့ စေတနာကောင်းတွေကို အလဟဿ ဖြစ်အောင် လုပ်လိုက်ပြီ။”

"ပြောစမ်းပါဦး။ ဒါကို ဘယ်လို ဖြေရှင်းသင့်လဲ။"

ဟိုင်လန်ထျန်း အသက်ပင် ဝဝမရှူရဲပေ။ ရှေ့တွင်ရှိသော လူငယ်မှာ မည်သူဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ထိုသူသည် ကောင်းကင်ပြည်နယ်မှ ကျိမိသားစု၏ သခင်လေးဖြစ်ပြီး ကောင်းကင်ပြည်နယ်၏ နံပါတ်တစ် ပါရမီရှင်ဟု ကျော်ကြားသူ ဖြစ်သည်။ ရွယ်တူချင်းများကို ဖိနှိပ်ထားနိုင်သူဖြစ်ရာ မည်သူမျှ ခေါင်းမဖော်ဝံ့ကြပေ။

ဟိုင်လန်ထျန်းသည် မနေ့က စစ်တပ်ကို ရုပ်သိမ်းပြီး မဟာမိတ်ထံ ပြန်ရောက်ကတည်းက ကျိဝူရွှမ်သည် နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ ခေါ်လာကာ ဂိုဏ်းပေါင်းစုံမဟာမိတ် ဌာနချုပ်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။

ဘာစကားမှမပြောဘဲ ကျိဝူရွှမ်က ဟိုင်လန်ထျန်းကို တစ်ဦးချင်း စိန်ခေါ်တိုက်ခိုက်ခဲ့သည်။ အံ့သြစရာကောင်းသည်မှာ ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်ထောက်တိုင် နယ်ပယ်တစ်ပိုင်း ကျွမ်းကျင်သူ ဟိုင်လန်ထျန်းသည် ကျိဝူရွှမ်၏ လက်အောက်တွင် အကွက်ပေါင်း (၁၀၀)ပင် မပြည့်မီ ရှုံးနိမ့်သွားခဲ့ခြင်းပင်။

“သခင်လေးကျိ... ကျုပ်က သခင်လေး ခိုင်းတဲ့အတိုင်း မဟာကျင်းဆီကို စိန်ခေါ်စာ ရေးလိုက်ပါပြီ။ ဂိုဏ်းပေါင်း စုံမဟာမိတ်ကလည်း သခင်လေးနဲ့ အပြည့်အဝ ပူးပေါင်းသွားမှာပါ၊ ဒါဆိုရင်တော့ အမှားအတွက် လုံလောက်တဲ့ လျော်ကြေးဖြစ်မယ်လို့ ယူဆပါတယ်…” ဟိုင်လန်ထျန်းက ဆိုသည်။

ကျိဝူရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"မလုံလောက်သေးဘူး။ ဒီတိုက်ပွဲမှာ မဟာကျင်းကို ရှုံးပေးဖို့ ငါ အမိန့်ပေးတယ်။ ဒါပေမဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ကိုတော့ မင်းတို့ အနိုင်တိုက်ရမယ်။ မုန့်ချင်း သေမှပဲ ငါ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် လျော်ကြေးရမှာ။"

"မဖြစ်နိုင်ဘူး…"

ထိုစကားကို ကြားရာ ဂိုဏ်းပေါင်းစုံမဟာမိတ်မှ အကြီးအကဲများ ထိတ်လန့်တုန်လှုပ်ကာ ဒေါသထွက်သွားကြပြီး ကျိဝူရွှမ်ကို စိုက်ကြည့်ကြတော့သည်။

သို့သော် ကျိဝူရွှမ်က ပတ်ဝန်းကျင်မှ ရန်လိုသော အကြည့်များကို ခံစားမိ၍ လှည့်ကြည့် လိုက်သောအခါ သူတို့အားလုံး ခေါင်းငိုက်စိုက်ကျသွားကြပြီး သူ၏မျက်လုံးများကို မကြည့်ဝံ့ကြတော့ပေ။

ဂိုဏ်းပေါင်းစုံမဟာမိတ်က အခြေခံအုတ်မြစ် နက်ရှိုင်းသော်လည်း ကံမကောင်းစွာဖြင့် စည်းလုံးမှုမရှိဘဲ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်။ ကောင်းကင်ပြည်နယ်မှ အင်အားကြီးမားသော ကျိမိသားစုကို ရင်ဆိုင်ရန်မှာ သူတို့အတွက် ခက်ခဲလွန်းလှသည်။

မဟာမိတ်အတွင်းတွင် သဘောထားကွဲလွဲမှုများ အကြီးအကျယ် ဖြစ်ပေါ်နေသည်။ အဖွဲ့ဝင် ထက်ဝက်ခန့်မှာ ကျိမိသားစုတွင် မကောင်းသောအကြံရှိသည်ဟု ယုံကြည်ကြပြီး တိုက်ပွဲဝင်လိုကြသည်။ သူတို့၏ စေခိုင်းမှုကို ခံရကာ အသုံးချခံရပြီး အသုံးမဝင် တော့သည့်အခါ လွှင့်ပစ်ခံရမည့်အစား မဟာကျင်းနှင့် ပူးပေါင်းကာ ကောင်းကင်ပြည်နယ်မှ လာသူများကို တိုက်ခိုက်ခြင်းကမှ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးသည်ဟု ယူဆကြသည်။

ကြောက်ရွံ့တတ်သော အုပ်စုကမူ ကျိမိသားစု၏ အရှိန်အဝါမှာ ပြင်းထန်လွန်းလှပြီး ကျိဝူရွှမ်မှာ ကိုယ်ပွားမျှသာ ဖြစ်သည်ဟု ယူဆကြသည်။ အကယ်၍ သူ့ကို သတ်လိုက်လျှင်ပင် သတင်းကို ဖုံးကွယ်ထား၍ ရမည်မဟုတ်ဘဲ ကျိမိသားစုက လက်စားချေလာလျှင် မဟာမိတ်အနေဖြင့် ခုခံနိုင်မည် မဟုတ်ပေ။

အချေအတင် ဆွေးနွေးပြီးနောက် မဟာမိတ်က ဟိုင်လန်ထျန်း၏ သဘောတူညီချက်ဖြင့် နောက်ဆုံးတွင် အလျှော့ပေးလိုက်ရသည်။

တိုက်ခိုက်လျှင်ပင် ရလဒ်က မသေချာပေ။ ကျိဝူရွှမ်က နံနက်ခင်းအလင်းနယ်ပယ်’ ကျွမ်းကျင်သူ အမြောက်အမြားကို ခေါ်ဆောင်လာခဲ့ရာ မဟာမိတ်အဖွဲ့ကြီးတစ်ခုလုံးနှင့် ယှဉ်နိုင်လောက်သည်။ တိုက်ခိုက်ခြင်းက အောင်မြင်မှုကို အာမမခံနိုင်သလို၊ နောက်ဆက်တွဲ လက်စားချေမှုများကိုလည်း ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။ ထိုသို့ဆို မည်သည်ကြောင့် တိုက်ခိုက်နေဦးမည်နည်း။

သို့သော် ယခုအခါတွင် ဟိုင်လန်ထျန်း နောင်တရနေပြီ ဖြစ်သည်။

“သခင်လေးကျိ။ ဒါက နည်းနည်းတော့ လွန်မဘူးလား။ မဟာကျင်းကို ရှုံးပေးလိုက်တာက မဟာမိတ်အဖွဲ့ ပျက်စီးသွားပြီး ကျုပ်တို့ရဲ့ နှစ်ပေါင်းထောင်ချီတဲ့ အခြေခံအုတ်မြစ်တွေ ပျောက်ကွယ်သွားတာနဲ့ အတူတူပဲ။ ဒါကို ကျွန်တော် ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။” ဟိုင်လန်ထျန်းက ဒေါသတကြီး ပြောလိုက်သည်။

ကျိဝူရွှမ်၏ မျက်ဝန်းများမှာ လျှပ်စစ်ကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။ ဘာစကားမျှ မပြောဘဲ သူ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဟိုင်လန်ထျန်း၏ မျက်ခုံးနှစ်ခုကြား တစ်လက်မပင် မပြည့်သော နေရာတွင် ရပ်တန့်သွားသည်။ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် ဟိုင်လန်ထျန်း၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားတော့သည်။

"ခင်ဗျား ရှုံးရင် မဟာမိတ်အဖွဲ့ ဖျက်သိမ်းခံရမယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ခင်ဗျား အသက်ရှင်နေဦးမှာပေါ့။ ကျိမိသားစုက မဟာမိတ်အတွင်းမှာရှိတဲ့ ဂိုဏ်းတိုင်း ဆက်လက် ကြီးပွားတိုးတက်ဖို့ အာမခံပေးမယ်။ မလိုက်နာရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့။"

"မဟာမိတ်ခေါင်းဆောင်ဟိုင်။ ရွေးချယ်ပါ။"

ဟိုင်လန်ထျန်းက လက်သီးကို တင်းတင်းဆုပ်ထားပြီး အံကြိတ်ထားသဖြင့် သွားများပင် ကြေမွတော့မည့်အလား ဖြစ်နေသည်။ သူ၏ မျက်ဝန်းများတွင် မကျေနပ်မှု၊ ဒေါသနှင့် အတူ အားကိုးရာမဲ့မှုနှင့် ရှုံးနိမ့်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။

ကျိမိသားစု၏ အစွမ်းမှာ အလွန်ကြီးမားလှသဖြင့် သူတို့၏ နာမည်ဂုဏ်သတင်း အရှိန်အဝါ အောက်တွင်ပင် ဖိအားများစွာ ခံစားနေရသည်။

သို့သော်လည်း နှစ်ပေါင်းထောင်ချီ တည်ဆောက်ခဲ့သော မဟာမိတ်၏ အခြေခံ အုတ်မြစ်ကို မည်သို့ အလွယ်တကူ စွန့်လွှတ်နိုင်ပါ့မည်နည်း။

ဘုန်း…

ဟိုင်လန်ထျန်းက ဒူးနှစ်ဖက်ထောက်ကာ ဝပ်စင်းပြီး တည်ငြိမ်သော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“သခင်လေးကျိ။ ကျုပ် သခင်လေးကို သခင်အဖြစ် အမှုထမ်းဖို့ အသင့်ပါပဲ။ မဟာမိတ်ရဲ့ အခြေခံအုတ်မြစ်ကိုပဲ ထိန်းသိမ်းပေးဖို့အတွက် တောင်းဆိုပါတယ်။ မုန့်ချင်းကို သေစေချင်တာလား။ ရပါတယ်။ သခင်လေးအတွက် သူ့ကို အပြတ်ရှင်းပေးဖို့ ကျုပ်ရဲ့ အသက်ကိုတောင် ရင်းပါ့မယ်။”

"ဒါပေမဲ့ မဟာမိတ်ကိုတော့ ဖျက်သိမ်းလို့ မဖြစ်ပါဘူး။ ပြီးတော့ ဒီတိုက်ပွဲမှာ ကျုပ်တို့ ရှုံးလို့မဖြစ်ဘူး။ လုံးဝကို ရှုံးလို့ မဖြစ်ပါဘူး။"

ဤအခြေအနေကို မြင်လိုက်ရသော မဟာမိတ်အကြီးအကဲများ အားလုံးမှာ မှင်တက်၍ သွားကြပြီး အမြဲ ပြဿနာရှာတတ်သော မိသားစုကြီးများပင်လျှင် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။

မဟာမိတ်ခေါင်းဆောင်က တခြားသူတစ်ယောက်ရှေ့မှာ ဒူးထောက်ပြီး သူတစ်ပါးကို သခင်အဖြစ်တောင် အသိအမှတ်ပြုချင်နေတာလား…

လူတိုင်း ဒေါသထွက်ကာ ဟိုင်လန်ထျန်းကို မဟာမိတ်ခေါင်းဆောင်နှင့် မထိုက်တန်သူ၊ မဟာမိတ်၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ခြင်းမရှိသူဟု ဝိုင်းဝန်းဆဲဆိုကြပြီး ယနေ့တွင်ပင် သူ့ကို ရာထူးမှ ဖယ်ရှားရန် တောင်းဆိုကြတော့သည်။

ဟိုင်လန်ထျန်းက တည်ငြိမ်စွာပင် မြေပြင်ပေါ်တွင် ဒူးထောက်နေလျက် ဆိုလိုက်သည်။

"အားလုံးပဲ ထပ်ပြီး ဆဲဆိုနေဖို့ မလိုတော့ပါဘူး။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် မဟာမိတ်ခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ပါမယ်။ မဟုတ်ဘူး... ဒီနေ့ပဲ။ အခုချက်ချင်းပဲ နုတ်ထွက်ပါမယ်။"

"မဟာမိတ်ခေါင်းဆောင်အဖြစ် ကျုပ် တာဝန်ယူခဲ့တဲ့ နှစ်ပေါင်း (၁၀၀)အတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် ပြေလည်အောင် ညှိနှိုင်းပေးခဲ့ရတယ်၊ ဆုံးဖြတ်ချက်တိုင်းမှာ ခင်ဗျားတို့ရဲ့ ငြင်းခုံမှုတွေကြားကနေ အပေးအယူလုပ်ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ။ ကျုပ် အရမ်းပင်ပန်းနေပါပြီ။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးချပြီး မဟာမိတ်ခေါင်းဆောင် ရာထူးကနေ တရားဝင် နုတ်ထွက်ပြီး ပိုပြီး အရည်အချင်း ရှိတဲ့သူကို နေရာပေးပါရစေ။"

ဟိုင်လန်ထျန်းက ပင်ပန်းနွမ်းနယ်နေသော်လည်း စိတ်ရင်းမှန်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ ထိုစကားများကို ပြောပြီးနောက် သူက လိုအင်ဆန္ဒတစ်ခု ပြည့်ဝသွားသကဲ့သို့ သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

သို့သော်လည်း ဂိုဏ်းအသီးသီးမှ အကြီးအကဲများမှာမူ တိတ်ဆိတ်သွားကြပြီး၊ မဟာမိတ်ခေါင်းဆောင် ရာထူးကို မည်သို့ရယူကာ မိမိတို့မိသားစုအတွက် အကျိုးအမြတ် ပိုရအောင် လုပ်ရမည်းနည်းဆိုသည့် ကိုယ်ပိုင်အကြံအစည်များဖြင့် မျက်လုံးများ ကစားနေကြတော့သည်။

ကျိဝူရွှမ်က ထိုမြင်ကွင်းကို ပြုံးကြည့်နေပြီး စားပွဲကို လက်ညှိုးဖြင့် အသာအယာ ခေါက်ရင်း ရုတ်တရက် ပြောလိုက်သည်။

"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ မဟာမိတ်ခေါင်းဆောင်ဟိုင်ရဲ့ မျက်နှာကို ထောက်ပြီး ငါ့မိသားစုနဲ့ ငါ ပြန်ပြောပေးမယ်။ စစ်ပွဲဗျူဟာကို ပြောင်းလိုက်ပြီး ဒီတိုက်ပွဲမှာ မဟာမိတ်က နိုင်ပြီး မဟာကျင်းက ရှုံးအောင် ရလဒ်ကို ပြောင်းလဲပေးမယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ ဟိုင်လန်ထျန်း၏ မျက်ဝန်းများ တောက်ပသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်လေး…"

ကျိဝူရွှမ်းက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"အခုကစပြီး မင်းက ငါ့ရဲ့ နောက်လိုက်ပဲ။ ဒီအဖိုးကြီးတွေကို မဟာမိတ်ခေါင်းဆောင် တံဆိပ်တုံးအတွက် သူတို့ဘာသာသူတို့ တိုက်ခိုင်းပါစေ။"

“ကောင်းပါပြီ။” ဟိုင်လန်ထျန်းက မဆိုင်းမတွပင် သိုလှောင်လက်စွပ်ထဲမှ လက်သီးဆုပ်ခန့်ရှိသော ရွှေရောင်တံဆိပ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တည့်တည့် ပစ်တင်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း အကြီးအကဲများမှာ မဟာမိတ်ခေါင်းဆောင် တံဆိပ်တုံးကို မြင်လိုက်ရပြီး ကျိဝူရွှမ်၏ ကတိကို ကြားလိုက်ရာ အသက်ရှူနှုန်းများ မြန်လာကြသည်။

၎င်းက နောင်နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီသည်အထိ မိသားစု၏ ကြီးပွားခြင်း၊ ပျက်စီးခြင်းနှင့် သက်ဆိုင်နေသောကြောင့် မည်သို့မှ လက်လွှတ်မခံနိုင်ကြပေ။

အကြီးအကဲများမှာ ဒေါသထွက်နေရာမှ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး ကျေနပ်စွာ ဆိုကြသည်။

"မဟာမိတ်ခေါင်းဆောင်ဟိုင်က တကယ်ကို ခေါင်းဆောင်ပီသပြီး တာဝန်ယူတတ်သူပဲ။ နောက်တစ်ယောက်ကို ရွေးချယ်ပြီး ခင်ဗျား တရားဝင် နုတ်ထွက်သွားတဲ့အခါ ခင်ဗျားရဲ့ နာမည်ကို မဟာမိတ်ခေါင်းဆောင် အစဉ်အဆက်ရဲ့ ဂုဏ်ပြုကျောင်းဆောင်ထဲမှာ ထည့်သွင်းပေးပါ့မယ်။ ဒါမှ နောင်လာနောက်သားတွေက ခင်ဗျားကို အရိုအသေ ပေးနိုင်မှာပေါ့။"

"ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုအပ်ပါဘူး။" ဟိုင်လန်ထျန်း၏ မျက်ဝန်းများတွင် နက်ရှိုင်းသော စိတ်ပျက်မှုများ ရှိနေပြီး လက်ကို အားပျော့စွာ ဝှေ့ယမ်းလိုက်သည်။

ကျိဝူရွှမ်က အပြုံးကို ထိန်းချုပ်လိုက်ပြီး မျက်ဝန်းများမှာ ရွှေရောင်သို့ ပြောင်းလဲသွားကာ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ရန် ကောင်းကင်ကြည့်ဆောင်ဒ အတွင်းကျင့်စဉ်ကို စတင်အသုံးချလိုက်သည်။

အတော်ကြာပြီးနောက်...

"ကောင်းပြီ... မိသားစုက ငါ့ရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ။ ဒီတိုက်ပွဲမှာ ငါက နောက်ဆုံးအထိ ရပ်တည်နေမယ့်သူအဖြစ် ပါဝင်ပြီးတော့ မင်းတို့ကို ကာကွယ်ပေးမယ်။ ဒါပေမဲ့ တကယ်လို့ ဘယ်သူမှ မုန့်ချင်းကို မသတ်နိုင်ဘူးဆိုရင်တော့ ငါကိုယ်တိုင် လက်စဖျောက်ပေးရတာပေါ့…" ကျိဝူရွှမ်းက ပြုံးလျက် ပြောလိုက်လေသည်။

…

အပိုင်း(၁၅၇) သစ္စာဖောက်၊ မင်းက အထက်လူကြီးကို ပုန်ကန်ရဲတယ်ပေါ့

"တိုက်ပွဲဖြစ်မယ့်နေရာကို သတ်မှတ်လိုက်ပြီ။ မြောက်ဘက်က အေးမြနှင်းပြင်တွေပဲ။ မြောက်ဘက် ဂိုဏ်းပေါင်းစုံမဟာမိတ်က... နံနက်ခင်းအလင်းနယ်ပယ် ကျွမ်းကျင်သူ (၁၀၀) ပါဝင်ဆင်နွှဲလိမ့်မယ်။" တုန်းဖန်လျူလီက လေးလံသော အတွေးများဖြင့် စာကို ချလိုက်သည်။

မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နားလည်ပါပြီ။ မနက်ဖြန်မှာ ကျုပ် အရင်ဆုံး ထွက်တိုက်ပါ့မယ်။ ကျုပ် ဆက်မတောင့်ခံနိုင်တော့တဲ့ အချိန်ကျမှ အရှင်မက ကျုပ်နေရာမှာ အစားထိုးဝင်ပေးပါ။"

ထိုအချိန်တွင် တုန်းဖန်လျူလီမှာ စိတ်အာရုံများ ရှုပ်ထွေးနေသဖြင့် အခြားအရာများကို စဉ်းစားရန် အချိန်မရှိပေ။ သူက မုန့်ချင်ကျိုး၏ စကားထဲမှ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို သတိမမူမိဘဲ နူးညံ့စွာ ပြုံးလိုက်သည်။

"ကောင်းပြီ။ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…"

အူတူတူ ဇနီးလေး...

မုန့်ချင်ကျိုးu ခေါင်းကို အသာခါယမ်းကာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

မင်းကို ဒီလောက်ကြီးမားတဲ့ အန္တရာယ်မျိုး ဘယ်လိုလုပ် ရင်ဆိုင်ခိုင်းပါ့မလဲ။ မနက်ဖြန် ငါ စစ်မြေပြင်မှာ မသေမချင်း မြောက်ဘက် ဂိုဏ်းပေါင်းစုံမဟာမိတ်က နံနက်ခင်းအလင်း နယ်ပယ် ကျွမ်းကျင်သူ (၁၀၀)လုံးကို ငါတစ်ယောက်တည်းနဲ့ အပြတ်ရှင်းပစ်မယ်…

သူက စိတ်ထဲတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်သည်။

မိမိကိုယ်ကို ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုထားသော်လည်း မုန့်ချင်ကျိုးက နံနက်ခင်းအလင်းနယ်ပယ် ပြိုင်ဘက် အများအပြားကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ရင်ဆိုင်ရမည့်ပွဲတွင် အနိုင်ရရန် ရာနှုန်းပြည့် မယုံကြည်ပေ။

ကံကောင်းသည်မှာ ကောင်းကင်ကြည့်ဆောင်၏ ရည်ရွယ်ချက်က ရှင်းလင်းနေသည်။ သူတို့က မဟာကျင်းကို အောင်ပွဲရအောင် ကူညီပေးပြီးမှ မဟာကျင်းကို အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နှင့် အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲအောင် တွန်းပို့လိမ့်မည်။ အနည်းဆုံးတော့ မဟာကျင်းက ဗုဒ္ဓတိုင်းပြည်နှင့် တကယ်တမ်း မရင်ဆိုင်ရသေးခင်အထိ ကောင်းကင်ကြည့်ဆောင်က မဟာကျင်း ပျက်စီးသွားမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

လီကွမ်ယန် ခုနကပဲ ငါ့ကို ပြောတယ်၊ ကျိဝူရွှမ်ရဲ့ ကိုယ်ပွားက ဒီတောရိုင်းမြေကို ရောက်နေပြီတဲ့။

ကျိဝူရွှမ် မနက်ဖြန် လာမလားဆိုတာ ငါ သိချင်မိတယ်။ တကယ်လို့ သူလာခဲ့ရင် လီကွမ်ယန်နဲ့ ဝမ်ရှန်းကျားတို့ကို တွေ့တဲ့အခါ အဲဒီနှစ်ယောက်ကို ငါ့အကျိုးအတွက် အသုံးချနိုင်မလား။

ကျိဝူရွှမ်၏ စရိုက်အရ သူ ဤတောရိုင်းမြေသို့ ရောက်ရှိလာပြီဖြစ်ရာ အချိန်အကြာကြီး တိတ်ဆိတ်နေမည် မဟုတ်ဘဲ ပြဿနာတစ်ခုခုကို အကြီးအကျယ် ဖန်တီးလိမ့်မည်ဟု မုန့်ချင်ကျိုး စိတ်ထဲမှ တွေးနေမိသည်။

အဟက်... ကောင်လေး။

မင်းက ငါ့နောက်ကို လိုက်နေတာ မဟုတ်ဘဲ ငါ့မိန်းမနောက်ကို တကယ် လိုက်နေတာကိုး။

မုန့်ချင်ကျိုး စိတ်ထဲမှ အံကြိတ်ကာ ဆိုလိုက်သည်။

ကျိဝူရွှမ်က ဖူလင်ကျိ ယင်ယန်အကြီးအကဲတို့ကို စေလွှတ်ပြီး လက်ထပ်ခွင့် တောင်းခဲ့သည့် ထိုနေ့ကို ပြန်တွေးမိရာ ထိုစဉ်က သူ မိမိကိုယ်ကို ပစ်မှတ်ထားသည်ဟု ထင်မှတ်ခဲ့သည်။ သူက တုန်းဖန်လျူလီကို သာမန်လူသား အမျိုးသမီးတစ်ဦးဟုသာ ထင်မြင်ထားခဲ့ရာ ကျိဝူရွှမ်ကဲ့သို့ လူမျိုးကို အဝေးကြီးမှ လာပြီး လက်ထပ်ခွင့် တောင်းရလောက်အောင် မည်ကဲ့သို့ ဆွဲဆောင်နိုင်ခဲ့သနည်းဟု တွေးခဲ့မိသည်။

ယခု ပြန်စဉ်းစားကြည့်သော် တုန်းဖန်လျူလီသာ ဧကရီတစ်ပါးဆိုလျှင် ၎င်းမှာ အဓိပ္ပာယ် ရှိသွားလေပြီ။

"ငါ့ကို ပစ်မှတ်ထားရင်တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့မိန်းမကို မျက်စိကျနေတာ ဆိုရင်တော့ မင်း ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာပဲ။"

မုန့်ချင်ကျိုးက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားသည်။ သူ ယခင်က မည်သူ့ကိုမျှ ဤမျှလောက် သတ်ချင်စိတ် မပြင်းပြဖူးပေ။ ကျိဝူရွှမ်က ပထမဆုံးပင်!

ရုတ်တရက်...

တုန်းဖန်လျူလီသည် ဘေးနားရှိ ခုတင်ကို အသာအယာပုတ်လိုက်ပြီး လှပသော မျက်ဝန်းများတွင် နောက်ပြောင်လိုသော အရိပ်အယောင်များဖြင့် ညို့ယူဖျားယောင်းသော အသံကို တမင်လုပ်ကာ ပြောလိုက်သည်။ "မုန့်ချင်ကျိုး... ဒီမှာ လာထိုင်။"

ငါးပိကောင် ခင်ပွန်းသည်က လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်ရှုပ် နေခဲ့သည်ကို ထောက်ထား၍ မုန့်ချင်ကျိုးကို ဆုလာဘ်အသေးစားတစ်ခု ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ငါတို့ရဲ့ တိုတောင်းလှတဲ့ ဘဝသက်တမ်းမှာ အချိန်နည်းနည်းပဲ ကျန်တော့တဲ့အချိန် ငါတို့ နှစ်ယောက်တည်းရဲ့ အမှတ်တရတွေကို များနိုင်သမျှ များအောင် ဖန်တီးထားကြတာပေါ့။

...

ယခင်ကဆိုလျှင် မုန့်ချင်ကျိုးက အိမ်ထောင်သည် အမျိုးသားတစ်ဦး၏ ကျင့်ဝတ်များကို လိုက်နာပြီး ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် တောင်းဆိုမှုကို လုံးဝ သဘောတူမည် မဟုတ်ပေ။

သို့သော် ယခုတော့...

အူတူတူ ဇနီးလေးရယ်...

မင်းရဲ့ ခင်ပွန်းကို လှည့်စားချင်နေတုန်းပဲလား။ မင်းရဲ့ ဟန်ဆောင်မှုတွေ ပေါ်သွားပြီဆိုတာ မင်း မသိသေးဘူးလား။

"ကျုပ် အမိန့်တော်အတိုင်း လိုက်နာပါ့မယ်။" မုန့်ချင်ကျိုးက ပြုံးကာ အနားသို့ လျှောက်သွားပြီး တုန်းဖန်လျူလီနှင့် အနီးကပ် ထိုင်လိုက်သည်။

"အရှင်မ... ကျုပ်ကို ဒီကို ခေါ်လိုက်တာ အရေးကြီးတဲ့ ကိစ္စရှိလို့လား။" မုန့်ချင်ကျိုးက အရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ တုန်းဖန်လျူလီနှင့် ထိလုနီးပါး ဖြစ်သွားပြီး သူ၏ ရင်ဘတ်မှာလည်း ဧကရီနှင့် ထိကပ်လုနီးပါး ဖြစ်နေသဖြင့် နူးညံ့သော ခန္ဓာကိုယ်မှ အငွေ့အသက်ကို ခံစားနေရသည်။ သူဥ တုန်းဖန်လျူလီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

တုန်းဖန်လျူလီက ဤရုတ်တရက် တိုက်စစ်ကြောင့် အငိုက်မိသွားကာ ထိတ်လန့်သွားပြီး ကြောက်လန့်နေသော ယုန်ကလေးတစ်ကောင် ကဲ့သို့ပင် အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။

နောက်ဆုံးတွင် သူ၏ လက်ရှိ အဆင့်အတန်းမှာ မဟာကျင်း ဧကရီဖြစ်ပြီး၊ သူနှင့် မုန့်ချင်းမှာ အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေး ဖြစ်နေသည်။

မဟုတ်ဘူး... ငါက ဧကရီပဲ။ ငါ့ရဲ့ ငါးပိကောင် ခင်ပွန်းသည်က အရာရှိပဲလေ။ ငါက ဘာလို့ ကြောက်ရွံ့ပြီး အားနည်းချက် ပြနေရမှာလဲ။

တုန်းဖန်လျူလီ ခဏတာ စဉ်းစားပြီးနောက် ရင်ကိုမတ်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ နူးညံ့သော ရင်သားများ အဖိခံလိုက်ရသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ လှပသော မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ စိတ်များ လွင့်ထွက်ကုန်တော့သည်။ သူက ရင်ဘတ်ကို လက်ဖြင့် အုပ်ကာ တင်ပါးကို အနောက်သို့ ရွှေ့လိုက်ရသည်။

"အရှင်မ ဘာမှမပြောတာက ပြောရခက်တဲ့ ကိစ္စရှိနေလို့လား။" မုန့်ချင်ကျိုး စိတ်ထဲကနေ တဟားဟား ရယ်နေမိသည်။

အရင်က မင်းတို့တွေ ငါ့ကို ဝိုင်းပြီး ပညာပြခဲ့ကြတာ သေချာတယ်။

အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ။ ငါ ဘယ်လိုမျိုး လက်စားချေမလဲဆိုတာ ကြည့်ထားလိုက်တော့။

"အရှင်မက အခုတလော အလုပ်တွေ အရမ်းများနေလို့ နေထိုင်မကောင်း ဖြစ်နေတာလား။ ကံကောင်းတာက ကျုပ်ဆီမှာ ကြွက်သားတွေနဲ့ အကြောတွေကို ပြေလျော့စေတဲ့ နှိပ်နယ်နည်းတချို့ ရှိပါတယ်။ အရှင်မ ကိုယ်တိုင် စမ်းကြည့်လို့ ရပါတယ်။"

သူ တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် မုန့်ချင်ကျိုးက သူ့ကို ခုတင်ပေါ်သို့ တွန်းချလိုက်၏။ ထို့နောက် သူ့ကို မှောက်လျက် အနေအထား ပြောင်းလိုက်ကာ ချောမွေ့နူးညံ့သော တင်ပါးဆုံပေါ်တွင် ခွထိုင်လိုက်သည်။

"မလုပ်နဲ့။" မုန့်ချင်ကျိုး အရင်က သုံးခဲ့ဖူးသော နှိပ်နည်းကို တုန်းဖန်လျူလီ ချက်ချင်း သတိရသွားသည်။ ၎င်းမှာ နှိပ်နယ်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ပွတ်သပ်ခြင်းသာ ဖြစ်ရာ သူ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ အသံအစစ် ပေါ်ထွက်သွားတော့သည်။

တုန်းဖန်လျူလီက ပါးစပ်ကို ချက်ချင်း အုပ်လိုက်ပြီး မုန့်ချင်ကျိုး၏ အမူအရာကို သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်သည်။ နောက်တစ်ဦးက သတိမထားမိသလိုနှင့် မကြားလိုက်သည့်ပုံစံကို မြင်သောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

သို့သော် သူ အသက်ဝဝ မရှူနိုင်ခင်မှာပင် မုန့်ချင်ကျိုး၏ လက်ကြီးများက သူ၏ ခါးကို ကိုင်လိုက်ပြီး လက်ချောင်းက အင်အားကို အံကိုက်သုံးကာ စတင်နှိပ်နယ်လိုက်သည်။

ထိုထူးကဲသော ခံစားချက်မျိုးကို တုန်းဖန်လျူလီ ယခင်က တစ်ခါမျှ မခံစားဖူးပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခနဲ ဖြစ်သွားပြီး ပျော့ခွေသွားတော့သည်။

"အင်း..."

"မုန့်ချင်ကျိုး။ မင်း ဘယ်လိုတောင် သတ္တိရှိတာလဲ။ ဒါက အထက်လူကြီးကို ပြစ်မှားတာပဲ။ မင်း ဘယ်လို အပြစ်ပေးခံရမလဲ သိလား။"

"အခုချက်ချင်း လွှတ်ပေးဖို့ အမိန့်ပေးတယ်။ မဟုတ်ရင် မင်း အပြစ်ပေးခံရလိမ့်မယ်!"

"မဟုတ်ဘူး... အား... အင်း... ခပ်ဖွဖွလေး လုပ်ပါ။ အဲဒီနား မကိုင်နဲ့... ယားတယ်..."

"ဟေး... မလုပ်နဲ့။ မင်း ပိုပြီးတော့ အတင့်ရဲလာပြီနော်။"

"မုန့်ချင်ကျိုး... မင်းက ဧကရာဇ်ကို စော်ကားနေတာ။ မင်းက မဟာကျင်း ဧကရာဇ်ကို အရှက်ခွဲနေတာ။ ဒါက သေဒဏ်ပေးလို့ရတဲ့ အပြစ်ဆိုတာ မင်းသိလား။ မြန်မြန်... ငါ့... ငါ့ကို... လွှတ်... ပေး..."

တုန်းဖန်လျူလီ စကားအဆုံးတွင် အသံမှာ တဖြည်းဖြည်း တိုးသွားပြီး ခုခံနိုင်စွမ်းလည်း ကုန်ဆုံးသွားတော့သည်။ သူ၏ ဝင်းပနေသော နားရွက်လေးများမှာ အလုံးစုံ နီရဲ၍ နေတော့သည်။

"ကျုပ်က အရှင်မကို အလုပ်အကျွေး ပြုနေတာပါ၊ ဒါကို ဘယ်လိုလုပ် အပြစ်လို့ သတ်မှတ်နိုင်မှာလဲ။ ဒါဟာ ကုသိုလ်တရားပဲလေ။ ဒါကြောင့် ဆုလာဘ်တွေ မလိုပါဘူး။ နောင်အနာဂတ်မှာလည်း အရှင်မရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မကြာခဏ ဝေမျှပေးနိုင်ဖို့နဲ့ တစ်ခါတလေ အခုလို နှိပ်နယ်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။" မုန့်ချင်ကျိုး တိုးတိုးလေး ပြောလိုက်သည်။

တုန်းဖန်လျူလီက ပါးစပ်ကိုသာ အုပ်ထားနိုင်ပြီး ထူးဆန်းသော အသံများ ထွက်မလာအောင် အတတ်နိုင်ဆုံး ထိန်းထားရသည်။ သူ၏ ဆံပင်များမှ အငွေ့များ ထွက်လာသလို ခံစားရပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေ၏။

အဆုံးသတ်တွင်တော့ ၎င်းကို နှိပ်နယ်သည်ဟုပင် ခေါ်၍ မရတော့ပေ။

ထိုအစား ၎င်းက အရှက်အကြောက်မရှိ ပေါ်ပေါ်ထင်ထင် ပွတ်သပ်နေခြင်းပင်။ သို့သော် လျှို့ဝှက်အစိတ်အပိုင်းများကို မထိမိအောင် သူ ရှောင်ထား၏။

"နောက်ကျရင် မင်းရဲ့ ဒီအပြစ်အတွက် ငါ ကျိန်းသေ အပြစ်ပေးမယ်။" တုန်းဖန်လျူလီက ခြိမ်းခြောက်လိုက်သော်လည်း စကားလုံးများမှာ ဟန်ကိုယ်ဖို့သာ ဖြစ်နေပြီး အတွင်း စိတ်ထဲမှ ကြောက်ရွံ့မှုကို ဖော်ပြနေသည်။

“ကောင်းပါပြီ အရှင်မ။ စိတ်ကြိုက် အပြစ်ပေးပါ။ ကျုပ်ကို ဧကရီရဲ့ ကိုယ်ပိုင် နှိပ်နယ်ပေးသူနဲ့ ကိုယ်ရံတော်အဖြစ် ထာဝရ အပြစ်ပေးလိုက်မယ် ဆိုရင်တော့ အကောင်းဆုံးပဲ။ အဲဒါက ကျုပ်ကို ပျော်ရွှင်စေမှာပါ။” မုန့်ချင်ကျိုးက တုန်းဖန်လျူလီ၏ ကျောပေါ်တွင် မှီလျက် သူ၏ နားရွက်လေးကို အသာအယာ ကိုက်လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

တုန်းဖန်လျူလီ၏ မျက်လုံးများမှာ လျှပ်စစ်စီးသွားသလို ဝိုင်းစက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓာတ်လိုက်သွားသကဲ့သို့ တောင့်တင်းသွား၏။

ငါ့နားရွက်လေး... ငါ့နားရွက်လေး အကိုက်ခံလိုက်ရတယ်။

“မင်း ဘယ်တုန်းက ဒီလောက်အထိ ဆိုးသွမ်းသွားတာလဲ။ အရင်က စည်းစနစ်တွေကို ကောင်းကောင်းသိတဲ့ ယဉ်ကျေးတဲ့ ဓားသမားနဲ့ တစ်စက်ကလေးမှ မတူတော့ဘူး။” တုန်းဖန်လျူလီက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ကျုပ်က အမြဲတမ်း ဒီလိုပဲ ဆိုးခဲ့တာပါ၊ ဒါပေမဲ့ အရှင်မ တစ်ယောက်တည်းကိုပဲ ဒီလို ဆိုးပြချင်တာပါ…” ဟု မုန့်ချင်ကျိုးက နူးညံ့စွာ ပြောလိုက်သည်။

တုန်းဖန်လျူလီက မျက်နှာကို လက်မောင်းများကြားတွင် ဝှက်ထားလိုက်ပြီး ငါးပိကောင် ပြုသမျှ နုရတော့မည့် အခြေအနေမျိုးတွင် တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို မင်းရဲ့ ဇနီးသည်ကော။ ဒါက သူ့အပေါ် သစ္စာဖောက်တာ မဟုတ်ဘူးလား။"

မုန့်ချင်ကျိုး၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

အခုလို အခြေအနေမှာတောင် ဟန်ဆောင်နေတုန်းပဲ….

၎င်းကို မြင်သော် မုန့်ချင်ကျိုးက သူ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါဆို အရှင်မကော။ အရှင်မ ကျုပ်ကို သံယောဇဉ် ရှိနေတာကို မသိဘူးလို့ မထင်ပါနဲ့။ အရှင်မရဲ့ခင်ပွန်း သိသွားမှာကို မကြောက်ဘူးလား။"

"အရှင်မရဲ့ တန်ခိုးတွေနဲ့ အစွမ်းတွေက ဒီတောရိုင်းမြေမှာ ပြိုင်ဘက်ကင်းပါတယ်။ တကယ်လို့ အရှင်မက ကျုပ်ကို တကယ် မုန်းတယ်ဆိုရင် ဘယ်လိုလုပ် ခုခံနိုင်စွမ်းမရှိဘဲ နေပါ့မလဲ။"

"မငြင်းပါနဲ့ အရှင်မ။ အရှင်မက နှုတ်ကနေသာ မာချင်ယောင်ဆောင်နေတာ။ အရှင်မရဲ့ လုပ်ရပ်တွေက အမှန်တရားကို ဖော်ပြနေပါတယ်…"

တုန်းဖန်လျူလီက မယုံကြည်နိုင်သော အကြည့်များဖြင့် လှည့်ကြည့်ကာ မုန့်ချင်ကျိုးကို စိုက်ကြည့်လိုက်ပြီး အတော်ကြာမှ နောက်ဆုံးတွင် အရှုံးပေးလိုက်တော့သည်။

သူ ဘာပြောနိုင်မှာလဲ…

အကြောင်းမှာ မုန့်ချင်ကျိုး၏ စကားလုံးများက လုံးဝ မှန်နေပြီး အမှန်တရားမှာလည်း အငြင်းပွားဖွယ်မရှိ ဖြစ်နေသဖြင့် သူ ဝန်ခံရန်ကိုသာ ကြောက်နေမိခြင်းပင်။

"လူဆိုး…”

….

အပိုင်း(၁၅၈) ဓားသူတော်စင်က အရှင်မကို လုပ်ကြံနေပြီ…

"အရှင်မ... နေလို့ကောင်းရဲ့လား။"

"အရှင်မ... အရှင်မရဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်နေပြီး ပူလောင်နေတာကို ကျုပ် သတိထားမိပါတယ်။ အအေးမိတာများလား။ ကျုပ်ဆီမှာ အစိုဓာတ်ကို ဖယ်ရှားပေးမယ့် အပ်စိုက်ကုထုံးနဲ့ ခြေထောက်စိမ် ဆေးရည် ရှိပါတယ်။ စမ်းကြည့်ချင်လား။"

"မလိုဘူးလား။ စိတ်မရှိပါနဲ့။ အရှင်မရဲ့ ကိုယ်ရံတော်အနေနဲ့ အရှင်မရဲ့ နေ့စဉ်လိုအပ်ချက် အားလုံးကို ကျုပ် တာဝန်ယူရမှာပါ။ ဒါက အရှင်မ ကိုယ်တိုင်ပေးထားတဲ့ ကတိပဲလေ။ ဒါကြောင့် ကျုပ်ရဲ့ အစီအစဉ်တွေကို အရှင်မ လက်ခံရပါမယ်။"

"ကဲ... အင်္ကျီချွတ်ပြီး ခုတင်ပေါ်မှာ လှဲလိုက်ပါ။ ကျုပ် အရှင်မကို အပ်စိုက်ပေးပါ့မယ်။"

"ဘာလဲ။ ရှက်လို့ ကိုယ်ပူတာလို့ အရှင်မ ပြောလိုက်တာလား။ ဒါက မဖြစ်နိုင်တာ။ အရှင်မမှာ ဧကရာဇ် ရှိနေတာပဲ။ တခြားအမျိုးသားတစ်ယောက်ရဲ့ အထိအတွေ့ကြောင့် ဘယ်လိုလုပ် ရှက်နေမှာလဲ။ ဒါက ဆင်ခြေပေးတာပဲ ဖြစ်ရမယ်။"

"လာပါ... အရှင်မ အင်္ကျီချွတ်တာကို ကျုပ် ကူညီပေးပါရစေ။ မကြောက်ပါနဲ့။ ကျုပ်က မျက်စိမမြင်ရပေမဲ့ ဆရာဝန်တစ်ယောက်လည်း ဟုတ်တယ်။ လူနာရှေ့မှာ ကျား၊မ ခွဲခြားနေမှာ မဟုတ်ပါဘူး။ ကျုပ်ကို ကိရိယာတစ်ခုလိုပဲ သဘောထားလိုက်ပါ။"

…

...

ခဏအကြာတွင် စစ်သေနာပတိ၏ တဲနန်းအတွင်းမှ သာယာနာပျော်ဖွယ်ကောင်းသော ညည်းတွားသံများ ထွက်ပေါ်လာရာ လမ်းသွားလမ်းလာ ဝန်ကြီးအချို့မှာ ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်သွားကြသည်။

သို့သော်လည်း မမြင်နိုင်သော စွမ်းအင်အတားအဆီး တစ်ခုက ထိုအသံများနှင့် စိတ်အာရုံစူးစမ်းမှုများကို လျင်မြန်စွာ ပိတ်ဆို့လိုက်သည်။

စစ်တပ်၏ စည်းကမ်းကို စစ်ဆေးရန် ရောက်ရှိလာသော နန်းတွင်းစစ်ဆေးရေးအရာရှိ အချို့သည် စစ်သေနာပတိတဲနန်းကို ဖြတ်သွားစဉ် ခဏတာ ထွက်ပေါ်လာသော ထူးဆန်းသည့် အသံကို ကြားလိုက်ရသည်။ သူတို့က အလွန်အမင်း ထိတ်လန့်သွားပြီး လုပ်ကြံသတ်ဖြတ်သူ ရှိနေပြီဟု အော်ဟစ်တော့မည့်ဆဲဆဲ...

"နေဦး။ အဲဒီအသံက... ကြည့်ရတာ..."

"ဒုက္ခပဲ။ ဓားသူတော်စင်က အရှင်မကို လုပ်ကြံဖို့ ကြိုးစားနေပြီ…" စစ်ဆေးရေးအရာရှိ အကြီးအကဲတစ်ဦးက မျက်နှာပြာနှမ်းလျက် အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသောအခါ လူငယ်စစ်ဆေးရေးအရာရှိ၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွား၏။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဓားသူတော်စင်က မဟာကျင်းအတွက် ဒီလောက် စတေးခဲ့တာ။ သူက အရှင်မကို ဘယ်တော့မှ လုပ်ကြံမှာ မဟုတ်ဘူး…"

"ခေါင်းမာတဲ့ကောင်။ ပါးစပ်ပိတ်ထားစမ်း။" စစ်ဆေးရေးအရာရှိ အကြီးအကဲက စိုက်ကြည့်ကာ ငေါက်လိုက်သည်။ "ငါပြောတာ ဓားသူတော်စင်က ဧကရာဇ်ကို ဉီးထုပ်စိမ်း ဆောင်းပေးနေတာ။ ပြီးတော့ တိုက်ပွဲကြီး မတိုင်ခင် စစ်သည်တော် သိန်းနဲ့ချီတဲ့ကြားက စစ်သေနာပတိတဲထဲမှာပဲလေ။ ဒါက ကျင့်ဝတ်သိက္ခာနဲ့ လုံးဝ မညီညွတ်တဲ့အပြင် လုံးဝကို အကျင့်ပျက်ခြစားတာပဲ။"

"သူက ဓားသူတော်စင် ဖြစ်နေရင်တောင် ငါ့အသက်ကို ရင်းပြီး သူ့ကို နန်းတော်မှာ စွပ်စွဲပြစ်တင်မယ်…"

မကြာမီ ဝန်ကြီးအားလုံး ထိုသတင်းကို ကြားသိသွားကြသည်။ အမှန်တရားကို သိထားသူများကမူ စိတ်အေးသွားသည့်အပြုံးဖြင့် ပြုံးကာ ဘာမှတ်ချက်မျှ မပေးကြပေ။

အခြားသော ထက်ဝက်ကမူ အကြီးအကျယ် ဒေါသထွက်နေကြပြီး တိုက်ပွဲကြီး နီးကပ်နေချိန် ထိုကဲ့သို့ ကာမဂုဏ်ခံစားနေမှုမှာ စစ်သည်တော်များထံ သတင်းပေါက်ကြား သွားပါက စိတ်ဓာတ်ကျစရာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

"ဒီသတင်းကို ချက်ချင်းပိတ်ထားကြ။ အပြင်ကို လုံးဝ ပေါက်ကြားလို့ မဖြစ်ဘူး…" ဝန်ကြီးတစ်ဦးက အမိန့်ပေးလိုက်သည်။

မလှမ်းမကမ်းရှိ ကွင်းပြင်တစ်ခုတွင်...

ဝန်ထမ်းရေးရာဝန်ကြီး ဖန့်ချန်နှင့် မြောက်သိမ်းမြို့အရှင် ဝူရှန်းဖျင် အမည်ရသော အသက် ရာနှင့်ချီသည့် အဘိုးကြီးနှစ်ဦးမှာ ပုံရိပ်ကို ဂရုမစိုက်ဘဲ မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ နေကြာစေ့စားရင်း ရှေ့မှ ခန့်ညားထည်ဝါစွာ လေ့ကျင့်နေသော အဆုံးမဲ့ နက်မှောင်သည့် စစ်တပ်ကြီးကို ကြည့်နေကြသည်။

ဖန့်ချန်က ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။

"ဒီတောရိုင်းမြေတစ်ခုလုံးကို ကြည့်လိုက်ရင် ကိုယ့်ပြည်သူနဲ့ စစ်သည်တော်တွေကို တကယ်တမ်း ဂရုစိုက်တာက ငါတို့ရဲ့ ဧကရီနဲ့ ငါတို့ရဲ့သခင်၊ ပြီးတော့ ဂိုဏ်းပေါင်းစုံ မဟာမိတ် ခေါင်းဆောင် ဟိုင်လန်ထျန်းပဲ ရှိတယ်။"

"ကံမကောင်းတာက ဟိုင်လန်ထျန်း အချိန်မှားပြီး မွေးဖွားလာခဲ့သလို၊ ဂိုဏ်းပေါင်းစုံ မဟာမိတ်လို ဆိုးဝါးတဲ့ အင်အားစုနဲ့ ကြုံနေရတာပဲ။ ဒါကြောင့် သူ့အရည်အချင်းတွေကို ပြသဖို့ နေရာမရှိခဲ့ဘူး။ မဟုတ်ရင် ဂိုဏ်းပေါင်း စုံမဟာမိတ်က ဒီတောရိုင်းမြေကို သိမ်းပိုက်ပြီးတာ ကြာလှပြီ။ ဗုဒ္ဓတိုင်းပြည်တောင် သူ့ကို နှိမ်နင်းဖို့ ခက်ခဲလိမ့်မယ်။"

မိသားစုကြီးများ၏ မဟာမိတ်အဖွဲ့မှာ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။

ပထမဆုံး လူသားဧကရာဇ်က နယ်မြေနှစ်ခုကို ပေါင်းစည်းခဲ့ကတည်းက၊ တောရိုင်းမြေသည် ထူးချွန်သူများနှင့် သယံဇာတများ ပေါကြွယ်ဝသော နယ်မြေဖြစ်ခဲ့ပြီး ရေတွက်မကုန်နိုင်သော အင်အားကြီးအဖွဲ့အစည်းများ ပေါ်ထွက်ခဲ့သည်။

သို့သော်လည်း ပထမဆုံး လူသားဧကရာဇ် ပျောက်ကွယ်သွားပြီးနောက် တောရိုင်းမြေမှာ ချက်ချင်းပင် ပြိုကွဲသွားပြီး အုပ်စိုးသူအင်အားစု ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။ ရာစုနှစ်တစ်ခုကြာ စစ်ပွဲများအပြီးတွင် သူရဲကောင်းများမှာ အချိန်တိုက်စားမှုကြောင့် ပျောက်ကွယ်ခဲ့ရပြီး ထိုအင်အားစုများမှာလည်း တစ်ခုပြီးတစ်ခု ပျက်စီးသွားကြသည်။

ထိုအခွင့်အရေးကို အသုံးချကာ အသေးစားနှင့် အလတ်စား အင်အားစုအချို့သည် ကျူးကျော်ခြင်းမပြုရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် ထောက်ပံ့ရန် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

ထိုစဉ်က ဂိုဏ်းပေါင်း စုံမဟာမိတ်တွင် တောရိုင်းမြေရှိ အသေးစားနှင့် အလတ်စား အင်အားစုအားလုံးနီးပါး ပါဝင်ခဲ့ပြီး စုစုပေါင်း တစ်ထောင်နီးပါးရှိခဲ့သည်။ ၎င်းမှာ အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး တောရိုင်းမြေကို အကြိမ်ပေါင်းများစွာ သိမ်းပိုက်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော်လည်း အတွင်းပိုင်း ပဋိပက္ခများကြောင့် နယ်မြေပေါင်းစည်းရေး ရည်မှန်းချက်မှာ လုံးဝ အကောင်အထည် မပေါ်ခဲ့ဘဲ အဆုံးတွင် တဖြည်းဖြည်း အင်အားချည့်နဲ့လာကာ အတွင်းပိုင်း အချေအတင်များ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားခဲ့လေပြီ။ တစ်ချိန်က အထွတ်အထိပ်ရောက်ခဲ့သော မဟာမိတ်အဖွဲ့ တစ်ထောင်နီးပါးထဲမှ ယခုအခါ တစ်ရာကျော်သာ ကျန်ရှိတော့သည်။ အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ပွဲများအတွင်း ကျင့်ကြံသူများ နေ့စဉ်နှင့်အမျှ သေဆုံးနေကြရသည်။

"ဟိုင်လန်ထျန်းက ဒီခေတ်ဟောင်းက ပျက်စီးယိုယွင်းနေတဲ့ သင်္ဘောအိုကြီးကို တောရိုင်းမြေရဲ့ အဆုံးသတ်အထိ ရောက်အောင် နှစ်ပေါင်း(၃၀၀)ကြာ ခက်ခက်ခဲခဲ ထိန်းကျောင်းလာခဲ့တာ။ ဒါပေမဲ့ ဒီသင်္ဘောပျက်ကြီးကို ဆက်လက်ခရီးနှင်ပြီး ကမ်းခြေကို ရောက်အောင်လုပ်ဖို့တော့ သူ မစွမ်းသာခဲ့ဘူး…" ဟု ဝူရှန်းဖျင်က နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။

ထိုနှစ်ဦးစလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

မငြိမ်မသက်သော ခေတ်ကာလများက သူရဲကောင်းများကို မွေးထုတ်ပေးသော်လည်း၊ တိုင်းပြည်၏ အတက်အကျကို အမှန်တကယ် ထိန်းချုပ်နိုင်သူမှာ အလွန်ပင် နည်းပါးလှသည်။ သူရဲကောင်းများစွာ ရှိသော်လည်း အမှန်တကယ် စွမ်းအား ကြီးမားသော အုပ်ချုပ်သူများမှာ အလွန်ရှားပါးသည်။

စွမ်းအားကြီးမားသော အုပ်ချုပ်သူတစ်ဦး ဖြစ်လာရန် အကြောင်းရင်းများစွာ လိုအပ်သည်။ သင့်တော်သော အချိန်၊ သင့်တော်သော နေရာနှင့် သင့်တော်သော လူသားအရင်းအမြစ် အားလုံးမှာ မရှိမဖြစ် လိုအပ်လှ၏။

"ကံကောင်းတာက ငါတို့ရဲ့ ဧကရီက ကြီးမြတ်တဲ့ အုပ်ချုပ်သူ ဖြစ်နေတာပဲ။" ဖန့်ချန်က ရယ်မောလိုက်သည်။

ရုတ်တရက်...

ဝူရှန်းဖျင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဝမ်ရှန်းကျားနဲ့ လီကွမ်ယန်အပေါ် မင်း ဘယ်လိုမြင်လဲ။ ဓားသူတော်စင်ရဲ့ အရင်က လုပ်ရပ်တွေက သာမန်လေ့ကျင့်ခန်း လုပ်တာထက် ပိုနေတာ သိသာတယ်။ ငါ့အမြင် အရတော့ အဲဒီတုန်းက သတ်ဖြတ်ချင်စိတ်တွေ အများကြီး ရှိနေခဲ့တာ။ သတိမထားမိရင် တိုက်ပွဲကြီးတောင် ဖြစ်သွားနိုင်တယ်။"

မြောက်သိမ်းမြို့အရှင်ပင်လျှင် ထိုကိစ္စကို ပြောသည့်အခါ ထိတ်လန့်နေပုံရသည်။

ထိုစကားကို ကြားသောအခါ ဖန့်ချန်က ဒေါသတကြီး ပြောလိုက်သည်။

"ပြဿနာရှိမှာ ငါ စိုးရိမ်မိတယ်။ ဝမ်ရှန်းကျားက သေဟန်ဆောင်ပြီး ထွက်ပြေးခဲ့တာ ထားလိုက်ဦး။ မဟာကျင်း နယ်မြေထဲမှာ ရာစုနှစ်တစ်ခုနီးပါး ပုန်းအောင်းနေခဲ့တာက သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လီကွမ်ယန်ကိုပဲ ကြည့်လေ။ သူက စစ်သည်တော် တစ်သိန်းကို ဦးဆောင်ပြီး နယ်စပ်ကို စောင့်ကြပ်နေပေမဲ့ ကွယ်လွန်သူ ဧကရာဇ်ရဲ့ အမိန့်ကိုပဲ နာခံပြီး လက်ရှိ ဧကရီကိုတော့ မလေးမစား လုပ်နေတယ်။ ဒါက သိသာတဲ့ ဆင်ခြေပဲ…"

"ငါ့အမြင်အရတော့ ဒီနှစ်ယောက်စလုံးက တစ်စုံတစ်ဦးရဲ့ ရုပ်သေးတွေ ဖြစ်နိုင်တယ်။ အကူအညီပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတာပဲ။"

"ကံကောင်းလို့ ဓားသူတော်စင်က ဒါကို ကြိုသိသွားတာ။ မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေက အဆုံးရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဓားသူတော်စင်က ကောင်းကင် စစ်သူကြီးကို ဘယ်လိုနည်းလမ်းနဲ့ အညံ့ခံခိုင်းလိုက်တာလဲ။"

ဝူရှန်းဖျင်လည်း မျက်မှောင်ကြုတ်ကာ အဖြေရှာမရဘဲ အတော်ကြာ စဉ်းစားပြီးမှ ပြောလိုက်သည်။

"ငါလည်း မသိဘူး။ တကယ်လို့ လီကွမ်ယန်က တခြားအင်အားစုတွေရဲ့ ရုပ်သေးဆိုရင် စစ်သူကြီးတစ်ယောက်အနေနဲ့ သူက ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးရမှာပဲ။ သူ အသတ်ခံရမယ်ဆိုရင်တောင် မျက်တောင်တစ်ချက် ခတ်မှာ မဟုတ်ဘူး။"

ဓားသူတော်စင်အကြောင်း ရောက်လာသည့်အခါ ထိုအဘိုးကြီးနှစ်ဦး၏ အမူအရာမှာ တဖြည်းဖြည်း ထူးဆန်းလာသည်။

ဓားသူတော်စင်က စစ်သည်တော် သိန်းနဲ့ချီတဲ့ အလယ်က စစ်သေနာပတိတဲထဲမှာ အရှင်မကို “လုပ်ကြံ”နေသလိုပဲ။ ဒါက အချစ်စမ်းဖို့ အခွင့်အရေးများလား။

လူငယ်တွေကတော့ ဆန်းဆန်းပြားပြားတွေ ကစားရတာ ဝါသနာပါကြတာပဲ။

"ဒါနဲ့... မင်းတို့ အဘိုးကြီးတွေက ဧကရာဇ်ကို လုံးဝ ဂရုမစိုက်ကြတော့ဘူးလား။ ဓားသူတော်စင်ရဲ့ နာမည်ဂုဏ်သတင်းက ဘယ်လောက်ကြီးကြီး သူက မဟာကျင်းကို ဘယ်နှစ်ကြိမ်ပဲ ကယ်ကယ်၊ သူက ဧကရာဇ်ကို ဦးထုပ်စိမ်း ဆောင်းပေးလို့ မရဘူးလေ။ မင်းတို့ သူ့ကို သွားပြီး မဖျောင်းဖျဘူးလား။" ဝူရှန်းဖျင်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့စောင်းတော့မည့်အလား ဖြစ်နေသည်။

ဖန့်ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ရယ်မောလိုက်ပြီး ပြောသည်။ "ဘာသွားပြောနေမှာလဲ။ ငါကတောင် လက်ခုပ်တီးပြီး အားပေးချင်နေတာ။ ဧကရာဇ်အတွက်ကတော့..."

"ဧကရာဇ်သာ အမှန်တရားကို သိသွားတဲ့တစ်နေ့မှာ သူက ဓားသူတော်စင်ကိုတောင် ထောက်ခံပေးဦးမှာ။"

ထိုစကားကို ကြားလိုက်ရသောအခါ ဝူရှန့်ဖင်၏ မြည်းမျက်လုံးလို ပြူးကျယ်နေသော မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုဖြင့် ပြူးထွက်မတတ် ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

"ဧကရာဇ်က နာကျင်ရတာကို နှစ်သက်တဲ့သူလား။ တကယ့် ကာမဂုဏ်ရူးပဲ…"

ဓားသူတော်စင်က ကိုယ့်မိန်းမနဲ့ အိပ်တာကို ထောက်ခံပေးမယ် ဟုတ်လာ။ ဒါက ဘာမှ အဓိပ္ပာယ် မရှိဘူး။

လောကကြီးက ငါ့လို အဘိုးကြီး နောက်ကျကျန်ခဲ့ရလောက်အောင် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာလား။

မဟုတ်သေးပါဘူး…

ဖန့်ချန်ကလည်း ငါ့လိုပဲ အဘိုးကြီးပဲလေ။ သူက ဘာလို့ တစ်စက်မှ မအံ့သြနေတာလဲ။ သူက လက်ခုပ်တောင် တီးပြီးတော့ အားပေးနေသေးတယ်။

ဝူရှန်းဖျင်မှာ တစ်လောကလုံး ပျက်စီးသွားသကဲ့သို့ ခေါင်းများ မူးနောက်ကာ စိတ်များ ရှုပ်ထွေးကုန်တော့သည်။

All Chapters