← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

ချောင်းမြောင်းတိုက်ခိုက်ခံရမည့် အန္တရာယ်နှင့် ပတ်သက်၍ ဆိုရလျှင် ရွှီရန်၌ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ဖြစ်ပေါ်နိုင်စွမ်း ရှိသလိ အသက်အစားထိုးနိုင်သည့် အခွင့်အရေး နှစ်ကြိမ်နှင့် သွေးဆာနေသည့် မသေမျိုးအရိုးတို့ကိုလည်း ပိုင်ဆိုင်ထားခြင်းပင်။ ထို့ကြောင့် ပြိုင်ဘက်မှာ သွေးစွမ်းအင်တန်ဖိုး ၃၅ သန်းကျော်သော ထိပ်တန်းမိစ္ဆာကြီး မဟုတ်ပါက ရွှီရန်ကို သတ်ဖြတ်နိုင်ရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။

ထို့ကြောင့် အပြာရောင်ကမ္ဘာပေါ်၌ ရွှီရန်၏ တစ်ဦးတည်းသော ပြိုင်ဘက်မှာ အနာဂတ်တွင် ဆင်းသက်လာမည့် အမြင့်မြတ်ဆုံး နတ်ဘုရားဆိုသူသာ ကျန်ရှိတော့သည်။ ထိုအချက်ကြောင့်ပင် ရွှီရန်သည် သူ၏ သွေးစွမ်းအင်တန်ဖိုးကို ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော်ပြသလိုက်ခြင်းပင်။

သို့သော် သူ၏ စကားလုံးများကမူ တစ်ဖက်လူများကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ မိန်းကလေး ငါးဦးစလုံးမှာ နေရာ၌ပင် ကျောက်ရုပ်များကဲ့သို့ မှင်သက်သွားကြရသည်။

ကျားမလေး “တကယ်ကြီး ၂.၈ သန်းတောင် ရှိနေပြီလား”

ရွှီရန် “တကယ်ပေါ့ ငါက ဘာလို့ လိမ်ရမှာလဲ။ ၂.၈ သန်းလောက်ရှိတဲ့ အခြေခံ သွေးစွမ်းအင်တန်ဖိုးသာ မရှိရင် သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကို ငါ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”

ထန်ချီချီ “ဒါဆိုရင်... အသင်းခေါင်းဆောင် ကျွန်မတို့နဲ့ အစ်ကို့ကြားက ကွာခြားချက်က အများကြီး ဖြစ်သွားပြီပေါ့နော်...”

ရွှီရန်က ဂရုမစိုက်သကဲ့သို့ လက်ယမ်းပြရင်း “ဘာမှ မစိုးရိမ်ပါနဲ့။ မင်းတို့အားလုံးမှာ ကိုယ်ယောင်ဖျောက်အဆောင်ရှိသလိုနတ်ဘုရားအဆင့် အမြစ်အရိုးတွေလည်း ပိုင်ဆိုင်ထားကြတာပဲ။ မကြာခင် မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ။ ထူးဆန်းတဲ့ ကြယ်စုတန်းကြီးက အရမ်းကျယ်ပြောသလို စစ်ပွဲကလည်း နှစ်ပေါင်းများစွာ ကြာနိုင်တယ်။ အဲဒီအချိန်ကျရင် မင်းတို့ရဲ့ အားဖြည့်ကူညီမှုတွေက ငါ့အတွက် တကယ့်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လာမှာပါ”

ကွမ်ရှင်း “ဒါပေမဲ့လည်း ဒီဖိအားက တကယ်ကြီးမားတယ်နော်။ အသင်းခေါင်းဆောင်က သန်းနဲ့ချီပြီး ရှိနေပြီဆိုတော့...”

ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး “ဒါတွေက သစ်ပင်ဘုရင်ရဲ့ ပံ့ပိုးမှုကြောင့်ပါ။ သူတို့က နှစ်ပေါင်းထောင်ချီပြီး သစ်ပင်တွေ စိုက်ပျိုးလာခဲ့ကြတာ။ ငါက အဲဒီထဲက ဆယ်ပုံတစ်ပုံလောက်ကိုပဲ ယူခဲ့တာလေ။ ကံမကောင်းတာက အဲဒါအားလုံးကိုသာ ငါ ယူနိုင်ခဲ့ရင် ငါ့ရဲ့ သွေးစွမ်းအင်တန်ဖိုးက သန်း ၂၀ လောက်အထိ ရှိနေမှာ။ အဲဒီလိုဆိုရင် အမြင့်မြတ်ဆုံး နတ်ဘုရားတောင် ငါ့လက်ချက်နဲ့ ချက်ချင်း ကျရှုံးသွားလိမ့်မယ်”

အမှန်အတိုင်းပြောရလျှင် ရွှီရန်သည် တကယ်ပင် နှမြောတသဖြစ်နေရသည်။ ပထမသစ်ပင်

ဘုရင်၌ သစ်ပင်ပေါင်း နှစ်သောင်းခန့် ရှိနေသင့်သည်။ ဒုတိယမြောက် သစ်ပင်ဘုရင်၌လည်း သစ်ပင်ပေါင်း နှစ်သောင်းခန့် စိုက်ပျိုးထားပုံရသည်။ ၎င်းမှာ နှစ်ပေါင်းထောင်ချီ စုဆောင်းလာခဲ့သည့် အဆီအနှစ်များပင်။ အားလုံးကို ဝါးမြိုမပစ်နိုင်ခဲ့ခြင်းမှာမူ သူကိုယ်တိုင် အင်အားနည်းနေသေးသောကြောင့်ဖြစ်သည်ဟု ရွှီရန်က ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။ အကယ်၍ သူသာ ယခုထက် ပိုမိုသန်မာခဲ့မည်ဆိုပါက ထိုကောင်ကို တိုက်ရိုက်အနိုင်ယူပြီး သစ်ပင်ဘုရင်ကိုပါ ချက်ချင်းနှိမ်နင်းလိုက်လျှင် သူသည် တကယ့်ပင် ပြိုင်ဘက်ကင်း ဖြစ်သွားမည်ပင်။

ကျားမလေးမှာ စိတ်ဓာတ်များ တက်ကြွလာပြီး “ညီမလေးလည်း အစ်ကိုရန်နဲ့အတူ လိုက်ပြီး လုချင်တယ်” ဟု အားတက်သရော ဆိုလိုက်သည်။

ရွှီရန် “အမြင့်မြတ်ဆုံး နတ်ဘုရားကိစ္စကို ဖြေရှင်းပြီးတာနဲ့ ငါ မင်းတို့ကို လေ့ကျင့်ရေး ခေါ်သွားမယ်။ ဒါပေမဲ့ မင်းတို့အနေနဲ့ ကိုယ်ယောင်ဖျောက်အဆောင်နဲ့ ဖိနှိပ်မှု အသွင်တူဖန်တီးခြင်းကိုတော့ အပြည့်အဝ ကျွမ်းကျင်ထားရမယ်”

ယခုလောလောဆယ်တွင်မူ အမြင့်မြတ်ဆုံး နတ်ဘုရားမှာ အဓိက ကိုင်တွယ်ရမည့် ပြဿနာ ဖြစ်လာသည်။ အစီအရင် ပလ္လင်များကို ရေးထိုးရန် အပြာရောင်ဂြိုလ်၏ ညစ်ညမ်းမှုများကို ရှင်းလင်းရန်နှင့် ပြီးပြည့်စုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် အချိန်ပေးရဦးမည် ဖြစ်သည်။ အကယ်၍ အမြင့်မြတ်ဆုံး နတ်ဘုရားကသာ ဤကမ္ဘာသို့ ဆင်းသက်လာရန် ဇွတ်အတင်း ကြိုးစားမည်ဆိုပါက အဖြေမှာ ရှင်းလင်းသည်။ သူ့ကို အနိုင်တိုက်ရန်ပင်။

နောက်ရက်ပေါင်း ၂၀၀ အတွင်း သူ၏ ချက်ချင်းလက်ငင်း ချေမှုန်းခြင်းက ဝါးမြိုထားသော အဆောင်တံဆိပ်အရေအတွက်မှာ သန်းချီသည်အထိ ရောက်ရှိသွားမည်ဖြစ်ရာ အမြင့်မြတ်ဆုံး နတ်ဘုရားကို သတ်ဖြတ်နိုင်ရန် လုံလောက်လိမ့်မည်ဟု သူ ခန့်မှန်းထားသည်။

အကယ်၍ အမြင့်မြတ်ဆုံး နတ်ဘုရား ရောက်ရှိမလာပါက ကိစ္စမရှိသော်လည်း ရောက်ရှိလာခဲ့မည်ဆိုပါကမူ ကောင်းကျိုးခံစားရမည် မဟုတ်ပေ။

ကျားမလေးက စိတ်လှုပ်ရှားစွာဖြင့် “ယေး...”

ရွှီရန်က အလေးအနက်ထားလျက် “အရမ်းကြီး ဝမ်းသာမနေနဲ့ဦး။ မင်းတို့ရဲ့ ကျင့်ကြံမှုက သတ်မှတ်ထားတဲ့အဆင့်ကို မရောက်ရင် ငါ လေ့ကျင့်ရေး ခေါ်မသွားဘူး”

“ညစ်ညမ်းဇုန်တွေက အလွန်အန္တရာယ်များတယ်။ အထူးသဖြင့် ဘေးအန္တရာယ်အဆင့် ညစ်ညမ်းဇုန်ပေါ့။ ငါတောင်မှ အဲဒီဇုန်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ မသွားခဲ့ရသေးဘဲနဲ့ နတ်ဘုရားအဆင့် သတ္တဝါတွေရော၊ သွေးစွမ်းအင်တန်ဖိုး သန်း ၃၀ ကျော်တဲ့ ထိပ်တန်းမိစ္ဆာကြီး နှစ်ကောင်နဲ့ပါ တိုးခဲ့တာ”

ကျားမလေးက တည်ကြည်စွာဖြင့် “ညီမလေး သေချာပေါက် ကြိုးစားပြီး လေ့ကျင့်ပါ့မယ်”

ထန်ချီချီကလည်း “ကျွန်မလည်း အတူတူ ကြိုးစားမှာပါ” ဟု ပြောလိုက်သည်။

ကွမ်ရှင်း "ကျွန်မလည်း အတူတူပဲ"

နင်ရွှမ် "ကျွန်မလည်း သေချာပေါက် ကြိုးစားမှာပါ"

ကျူးယွီဟန် "ကျွန်မလည်း အစွမ်းကုန် ကြိုးစားပါ့မယ်"

ကျားမလေး "ဒါနဲ့ အစ်ကို... သဲကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲအသေးစိတ်က ဘယ်လိုလဲဟင် ဘယ်လောက်တောင် ကြာအောင် တိုက်ခဲ့ရတာလဲ"

ရွှီရန်က ခေါင်းခါပြလိုက်ရင်း "ကျွမ်းကျင်သူတွေကြားထဲက အနိုင်အရှုံးဆိုတာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဆုံးဖြတ်သွားတာပါ။ သူက ဒီဓားကိုသုံးပြီး ငါ့ရဲ့ နှလုံးသားကို ထိုးဖောက်ပြီး ငါ့ကို သတ်လိုက်တယ်"

မိန်းကလေးငါးဦးစလုံး ထိတ်လန့်သွားကြပြီး မျက်နှာများ ဖြူလျော့သွားကြသည်။

"ဟင်..."

"ဒါဆိုရင်... ဒါဆိုရင်..."

"အစ်ကို... အစ်ကို့နှလုံးသားက ကြေမွသွားခဲ့တာပေါ့"

ကျားမလေး၏ မျက်ဝန်းများတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရွှီရန်က သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး "ငါ အဲဒါကို တမင်တကာ လုပ်ခဲ့တာပါ။ ငါ့ရဲ့ အမြစ်အရိုးမှာ သွေးဆာနေသည့် မသေမျိုးအရိုးလို့ခေါ်တဲ့ အလိုအလျောက်စွမ်းရည်တစ်ခုရှိတယ်။ အကယ်၍ ရန်သူ့လက်ချက်နဲ့ သေဆုံးသွားခဲ့ရင် သေခြင်းတရား ရင်ဆိုင်

တိုက်ခိုက်မှုအခြေအနေထဲကို ရောက်သွားပြီး ရန်သူနဲ့ အဆုံးမရှိတဲ့ အထူးပဋိညာဉ်တစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒီအခြေအနေမှာ ငါ့ရဲ့ သွေးစွမ်းအင်တန်ဖိုးက ၁၀ ဆ မြင့်တက်သွားသလို တိုက်ခိုက်နိုင်စွမ်း အဖက်ဖက်ကလည်း ၁၀ ဆ တိုးလာခဲ့တာ..."

"ဒီနည်းနဲ့ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့တာပေါ့။ သူက ငါ့ကို တစ်ခါသတ်တယ်။ ငါက သူ့ကို တစ်ခါပြန်သတ်တယ်။ အလှည့်ကျ တိုက်ခိုက်တာဆိုတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ သူ့အတွက်ကတော့ နောက်ထပ်အလှည့် မရှိတော့ဘူးပေါ့"

ရွှီရန်၏ စကားကို ကြားရသည့်အခါ လူတိုင်း မှင်သက်အံ့ဩသွားကြရသည်။

"ဒီလို အလိုအလျောက်စွမ်းရည်မျိုးလည်း ရှိတာပဲလား အသင်းခေါင်းဆောင်... အစ်ကို့ရဲ့ အမြစ်အရိုးက တကယ့်ကို နတ်ဘုရားဆန်လွန်းတယ်"

ရွှီရန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး "မတတ်နိုင်ဘူးလေ။ အဲဒါကြောင့် နောက်နောင် လေ့ကျင့်ရေးတွေမှာ ဘယ်လောက်ပဲ အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံရပါစေ ငါပဲ ရင်ဆိုင်ပါ့မယ်။ ငါ့မှာ အသက်တွေ အများကြီး ရှိတာပဲကိုး"

ကျားမလေးက စဉ်းစားခန်းဖွင့်လိုက်ရင်း "ဒါဆိုရင် အစ်ကိုရန်... ရန်သူက အစ်ကို့ကိုပဲ အရင်ဆုံး တိုက်ခိုက်လာအောင် ဆွဲဆောင်တဲ့ အစွမ်းမျိုးကိုသာ တီထွင်လိုက်မယ်ဆိုရင် ကျွန်မတို့အားလုံး လုံးဝ ဘေးကင်းသွားမှာ မဟုတ်လား"

ကျားမလေး၏ ဆန်းကြယ်လှသော စိတ်ကူးစိတ်သန်းကြောင့် ရွှီရန်ပင် တစ်ခဏမျှ ကြောင်အသွားရသည်။

သူ အံ့ဩသွားမိသည်မှာ အမှန်ပင်။ စဉ်းစားကြည့်လေလေ ထိုအချက်မှာ ယုတ္တိရှိလေလေ ဖြစ်နေသည်။

“ကျားမလေး... မင်းက တကယ် ဉာဏ်ကောင်းတာပဲ”

ကျားမလေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့လိုက်ရင်း “ဉာဏ်ကောင်းတာ ကြာလှပါပြီ။ အခုဆိုရင် ညီမလေးက သတ္တိရော ဉာဏ်ပညာပါ ပြည့်စုံသူစာရင်းထဲ ပါသွားပြီလေ”

ဟားဟား…

တကယ့်ကို သတ္တိရော ဉာဏ်ပညာပါ ပြည့်စုံသူလေးပါပဲ။

ရွှီရန်က လျှာတစ်ချက် သပ်လိုက်ရင်း “တကယ်ကို ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပဲ။ ငါသာ ရန်သူကို ငါ့ဆီလာတိုက်အောင် အတင်းအကျပ် လုပ်နိုင်မယ်ဆိုရင် ဒါမှမဟုတ် ရန်သူက ငါ့အသင်းဖော်တွေကို တိုက်တော့မယ့်အချိန်မှာ ပစ်မှတ်ကို ငါ့ဆီ ရောက်အောင် အတင်းပြောင်းခိုင်းနိုင်မယ်ဆိုရင် ဒါက တကယ့်ကို နတ်ဘုရားအဆင့် စွမ်းရည်ပဲ”

ဒါပေမဲ့ အဲဒါကို ဘယ်လိုမျိုး စတင်လှုံ့ဆော်ရမလဲ။

တခြားလူတွေကို လိုက်ပြီး ဆဲဆိုလှောင်ပြောင်နေဖို့ လိုအပ်တာလား။

ထိုအရာကို စမ်းသပ်ဖို့အတွက် အချိန်အတန်ငယ် ပေးရဦးမည်။

ရွှီရန်က ခေါင်းညိတ်လိုက်ရင်း ကျားမလေး၏ ခေါင်းကို အလေးအနက် ပုတ်ပေးလိုက်သည်။

“မင်းရဲ့ အကြံပြုချက်က တကယ်ကောင်းတယ်။ အကယ်၍ ငါတို့သာ လှောင်ပြောင်

အမျက်ထွက်စေတဲ့ အစွမ်းကို တီထွင်နိုင်မယ်ဆိုရင် လေ့ကျင့်ရေးတွေမှာ အန္တရာယ်ကြုံလာတဲ့အခါ အသက်ရှင်သန်နိုင်နှုန်းက အများကြီး မြင့်တက်လာလိမ့်မယ်။ တခြားအသင်းတွေပါ ဒါကို သင်ယူနိုင်မယ်ဆိုရင် သူတို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေမှာပါ”

ကျားမလေးမှာတော့ ဂုဏ်ယူလွန်း၍ သွားလေးတွေ ပေါ်သည်အထိ ဖြီးနေတော့သည်။

“ခွင့်ပြုပါဦး... ဒီမှော်ကျောက်တုံးက ရွှီရန်ရဲ့ ပစ္စည်းလားခင်ဗျာ”

အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

၎င်းမှာ ဥယျာဉ်စောင့်ပင်။

“တစ်စုံတစ်ယောက်က မှော်ကျောက်တုံးတစ်တုံး လာပို့သွားလို့ပါ။ ကျောင်းအုပ်ကြီးကို လက်မှတ်ထိုးခိုင်းတော့ သူက ဒါက ရွှီရန်ရဲ့ ပစ္စည်းဖြစ်နိုင်တယ်လို့ ပြောတာနဲ့ ကျွန်တော် ယူလာပေးတာပါ”

ရွှီရန်က ထရပ်လိုက်ပြီး “ဟုတ်တယ် ကျွန်တော့် ပစ္စည်းပါ။ ယွီဟန်လေး... မင်းပါ လာကြည့်ဦး ဒီကျောက်တုံးက မင်းအတွက် အကျိုးရှိမလားဆိုတာကို”

ကျူးယွီဟန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး “ရှင်...”

ကျားမလေးကတော့ အရင်ဆုံး ဝုန်းခနဲ ပြေးထွက်သွားလေသည်။

“ဘယ်လိုကျောက်တုံးမျိုးလဲဆိုတာ ကြည့်ရအောင် ဟာ... ဒီလောက်တောင် ကြီးတာလား အစ်ကို... ဒီလောက်ကြီးတဲ့ ကျောက်တုံးကို ဘယ်လိုများ သယ်လာတာလဲ ဒီကျောက်တုံးက ဘာကျောက်တုံးလဲ မသိဘူးနော် တကယ် ထူးဆန်းတာပဲ...”

ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာပင် ထိုကျောက်တုံး၏ အလှကြောင့် ဝေဝါးသွားရသည်။

ထန်ချီချီ၊ ကွမ်ရှင်းနှင့် နင်ရွှမ်တို့မှာလည်း ကျောက်တုံးကြီးရှေ့တွင် ဝိုင်းအုံကြည့်နေကြသော်လည်း ထူးထူးခြားခြား ဘာမှမတွေ့ရဘဲ အလွန်အမင်း လှပနေသည်ဟုသာ ခံစားရသည်။ ထို့ပြင် ဖော်ပြရခက်သော ထူးဆန်းသည့် အာရုံခံစားမှုတစ်ခုကိုလည်း ရရှိနေကြသည်။

All Chapters