← Chapters

အခန်း (၃၃၆-၃၃၇)

Vol. 28 Ch. 336-337

အခန်း (၃၃၆-၃၃၇)

Vol. 28 Ch. 336-337

Ch-336

"ကျွန်မ တီဗီဇာတ်လမ်းတွဲမှာ ပါဝင်ချင်ပါတယ်!"

"ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဇာတ်လမ်းမှာ ဧည့်လမ်းညွှန်လုပ်ရမှာလား? ဇာတ်လိုက်မင်းသမီးကို ကျွန်မတို့ထဲကပဲ ရွေးမှာလား?"

အလှမယ်ပြိုင်ပွဲ၏ ချန်ပီယံတစ်ဦးအနေဖြင့် ရှဲ့ကျစ်ယီသည် သူမဟာ ဇာတ်လိုက်မင်းသမီးဖြစ်လိမ့်မည်ဟု ခန့်မှန်းပြီးသားပင်။ ဒီလိုပြိုင်ပွဲနှင့်ပတ်သက်တဲ့ တီဗီစီးရီးမှာ အလှမယ်ပြိုင်ပွဲရဲ့ ချန်ပီယံတစ်ဦးဖြစ်တဲ့ သူမ မပေါ်လာလို့ ဘယ်ဖြစ်မလဲနော်?

သူမပါဝင်မည်လားလို့ ရုပ်သံဌာနက အတည်ပြုခဲ့ပေမယ့် တိကျတဲ့အခန်းကဏ္ဍကိုတော့ မဆုံးဖြတ်ရသေးချေ။

ရှဲ့ကျစ်ယီက ရုပ်သံဌာနက ဝန်ထမ်းကို ဤသို့တောင်းဆိုခဲ့လေသည်။

"ကျွန်မ ရိုက်ကူးရေးမှာ ပါဝင်နိုင်ပေမယ့် ပြိုင်ပွဲရဲ့ ချန်ပီယံအနေနဲ့ အပိုင်းတစ်ပိုင်းကို ယွမ် ၅၀၀ လိုချင်ပါတယ်"

ချန်ပီယံဆုက အရမ်းများတာကြောင့် တခြားမိန်းကလေးတော်တော်များများလည်း ဖြားယောင်းခံလိုက်ရသည့်နှယ်။ သူတို့က အများကြီးမလိုချင်ပေမယ့် ယွမ် ၁၀၀၊ ၂၀၀လောက်တော့ လိုချင်ကြသည်။ ဒီခရီးစဉ်အပြီးတွင် သူတို့က တီဗီဇာတ်လမ်းတွဲမှာ ပါရုံတင်မကဘဲ ငွေလည်းအများကြီးရှာနိုင်ဦးမယ်လေ။

ရုပ်သံဌာနမှလူတွေ တုန်လှုပ်သွားရလျက်။ "ယွမ် ၅၀၀? ဒါက အရမ်းများတယ်!"

ယခုခေတ် တီဗီစီးရီးတွေရိုက်ကူးရာတွင် လူအများစုက အပိုင်းတစ်ပိုင်းကို ယွမ်၄၀မှ ယွမ်၉၀ခန့် ရရှိကြပြီး သာမန်လူတွေရဲ့ တစ်လစာနှင့် ညီမျှပေသည်။ သူတို့ အရင်က ဒါကို စုံစမ်းးပြီးသားပင်။ တစ်ပိုင်းကို ယွမ်၅၀၀တောင်းနေခြင်းဟာ မိုးထိမြင့်တဲ့လစာလို့ ပြောလို့ရသည်။

ယနေ့ခေတ်တွင် တရုတ်နိုင်ငံ၌ တီဗီဇာတ်လမ်းတွဲတွေ အလွန်နည်းပါးနေပြီး တီဗီဇာတ်လမ်းတွဲတွေ ရိုက်ကူးခြင်းမှာ အလွန်မြင့်မြတ်တဲ့ အနုပညာအလုပ်တစ်ခုအဖြစ် လူတိုင်းက ရှုမြင်ကြ၏။ ဒါရိုက်တာတွေနှင့် ဝတ်စုံဒီဇိုင်နာတွေက အသေးစိတ်အချက်အလက်တွေကို ပြီးပြည့်စုံအောင် လုပ်ကြရသည်။

ထို့ကြောင့် ရုပ်ရှင်ရိုက်ကူးရေးအတွက် ကုန်ကျစရိတ်ထဲမှာ ဝန်ထမ်းတွေရဲ့ ခရီးသွားစရိတ်၊ ရှုခင်းနေရာအစစ်ရိုက်ကူးရေးစရိတ်၊ ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေနှင့် ဝတ်စုံတွေ၊ ဇာတ်ကွက်တည်ဆောက်မှုအသုံးစရိတ် စသဖြင့် ပါဝင်လေ၏။ ထိုအရာတွေဟာ ကုန်ကျစရိတ်ရဲ့ အဓိကဖြစ်သလို သရုပ်ဆောင်တွေရဲ့ လစာမှာ အစိတ်အပိုင်းသေးသေးလေးသာဖြစ်သည်ပင်။

သရုပ်ဆောင်တွေရဲ့ အခကြေးငွေတွေ တက်လာရင် သူတို့ရဲ့ အသုံးစရိတ်က တကယ်ကို တိုးလာပေမည်။

"ပြည်တွင်းတီဗီဇာတ်လမ်းတွဲတွေရဲ့ သရုပ်ဆောင်တွေတောင် အပိုင်းတစ်ပိုင်းကို ယွမ်ဒါဇင်အနည်းငယ်ပဲရတာလေ၊ အများဆုံးမှ ၁၀၀စွန်းစွန်းလေး..."

"သူတို့က ဒရာမာအဖွဲ့ထဲက သရုပ်ဆောင်တွေမို့လို့ သူတို့အနုပညာအဖွဲ့ကနေ ပေးချေကြတာလေ။ နောက်ပြီး ဇာတ်လမ်းတွဲတွေအတွက် ပေးရတဲ့ ကြေးတွေကလည်း သူတို့အခြေအနေက ကျွန်မတို့ထက် ပိုကောင်းတယ်"

"ဒါပေမယ့် မင်းရဲ့ဈေးနှုန်းက သူတို့ထက် မမြင့်နိုင်ဘူးလေ။ သူတို့က ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေ၊ ဒါတောင် သူတို့က ဒီလောက်ကြီးတဲ့​ဈေးကို မတောင်းကြဘူး"

…

ရုပ်သံဌာနက ဤကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲလို့ ချင်းရို့နှင့် ဆွေးနွေးခဲ့ကြသည်။ လူများစွာ စိုးရိမ်ကြောင့်ကြနေပြီး ငွေအများအပြားရှာလိုကြ၏။ အထူးသဖြင့် ချန်ပီယံ၊ ဒုတိယနှင့် တတိယဆုရှင်တို့ကိုပေါ့။ ရုပ်သံဌာနမှလူတွေဟာ တီဗီစီးရီးမှာ သူတို့ ပေါ်လွင်ထင်ရှားစေဖို့ အတတ်နိုင်ဆုံးကြိုးစားပေးမှာ သေချာပေသည်။

ရုပ်သံဌာနဟာ ခရီးသွားအေဂျင်စီ တီဗီဇာတ်လမ်းတွဲရိုက်ကူးရန် အရည်အချင်းပြည့်မီတဲ့ လူများစွာကို ရှာမတွေ့နိုင်ဘူးလေ ဟုတ်တယ်မလား? Miss Tourism ပြိုင်ပွဲရဲ့ မျက်နှာကို ဘယ်မှာထားရမလဲ?

"စိတ်မပူပါနဲ့၊ ငါတို့ တစ်ပိုင်းကို အနည်းဆုံး ၃၀၀ရှာဖို့ ဆုံးဖြတ်ထားတယ်"

"ပုလဲလက်မှုခြံမှာ ပုလဲတွေဘယ်လောက်များလဲဆိုတာ ကြည့်လိုက်။ ဥက္ကဌချင်းမှာ ပိုက်ဆံပြတ်လတ်မနေဘူး"

"သူတို့က ငါတို့ကို တီဗီဇာတ်လမ်းတွဲရိုက်ဖို့ ဖိတ်ခေါ်လိမ့်မယ်"

ချင်းရို့နှင့် ရုပ်သံဌာနက လူတွေဟာ ဇာတ်ဆောင်မင်းသမီးကို အပိုင်းတစ်ပိုင်းလျှင် အများဆုံး ယွမ် ၈၀ အထိ ပေးမယ်လို့ ဆုံးဖြတ်ပြီးသားပင်။ လက်ရှိလစာဟာ မျှတတယ်လို့ ဆိုနိုင်ပြီး ဒီဈေးနှုန်းဟာ မနည်းပါချေ။

ပေးထားသည့်လစာဟာ အခြားသောပြည်တွင်းဒရာမာတွေနှင့် အတူတူပင်၊ သို့တည်းမဟုတ် ပို့လို့တောင်များနေပါသေးသည်။ နောက်ဆုံးမှာတော့ ဒါက ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်လို့ ထူးထူးခြားခြားမိတ်ကပ်တွေလိမ်းဖို့ မလိုအပ်ပေ။

အကယ်၍ သူတို့သာ ဒီလောက်ဈေးမြင့်မြင့် တကယ်ပေးလိုက်လို့ လူသိရှင်ကြားဖြစ်သွားရင် တီဗီဒရာမာတွေရိုက်ကူးဖို့ အရမ်းကြိုးစားခဲ့ကြတဲ့ တခြားသရုပ်ဆောင်တွေ ဘယ်လိုထင်သွားမလဲ? ဒီပြိုင်ပွဲဝင်တွေက ဘာဖျော်ဖြေတင်ဆက်မှုစွမ်းရည်မှလည်း မရှိဘူးလေ။

"ငါတို့အနုပညာအဖွဲ့မှာ သရုပ်ဆောင်တွေ အများကြီးရှိပါသေးတယ်။ ရုပ်ရှင်ရိုက်ချင်ရင်တော့ သေချာပေါက်ရွေးစရာမလိုဘူး..."

အလှမယ်ပြိုင်ပွဲကို ဗန်းပြထားခြင်းကြောင့်သာမဟုတ်ပါက ရုပ်ရှင်ရိုက်ဖို့အတွက် ဒီပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်နေစရာ လိုအပ်မည်မဟုတ်။

ပထမဆုံးအနေနဲ့ သူတို့အားလုံးဟာ ရိုက်ကူးရေး အတွေ့အကြုံလုံးဝမရှိကြသဖြင့် ရိုက်ကူးရေးအတွင်းမှာ သူတို့ကို လမ်းညွှန်ပြသပေးဖို့ အတွေ့အကြုံရှိတဲ့ဆရာကြီးတစ်ချို့ကို ငှားရမ်းဖို့ ငွေလည်းကုန်ဦးမှာလေ၊ ကုန်ကျစရိတ်ကြီးလှသည်။

"ဥက္ကဌချင်း ကျွန်မ တီဗီဇာတ်လမ်းတွဲရိုက်ချင်တယ်၊ ကျွန်မကို ပိုက်ဆံပေးစရာမလိုပါဘူး!"

ချင်းရို့ မော့ကြည့်လိုက်တဲ့အခါ ရှောင်းယွီကိုတွေ့လိုက်ရ၏။

ရှောင်းယွီ မျက်လုံးလေးတွေက အဆုံးမရှိမျှော်လင့်ချက်တို့ဖြင့် တောက်ပနေပြီး သူမ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူမဟာ အခကြေးငွေမရသည့်တိုင် တီဗီဇာတ်လမ်းတွဲရိုက်ချင်နေဆဲ။

ရှောင်းယွီ သူမကိုယ်သူမ TV မှာမြင်ချင်သလို သူမရဲ့မွေးရပ်မြေကလူတွေကို သူမအလုပ်လုပ်နေတာဟာ ဘယ်နေရာလဲဆိုတာ သိစေချင်ပြီး သူမရဲ့လက်ရှိဘဝကို သဘောပေါက်စေချင်သည်။

"မင်း စမ်းကြည့်လို့ရတယ်"

ရှောင်းယွီသည် ချင်းရို့ မူလကတည်းက ဇာတ်လိုက်မင်းသမီးနေရာအတွက် ရွေးချယ်ထားသော သရုပ်ဆောင်တွေထဲမှ တစ်ဦးဖြစ်လေ၏။ ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်၍ ဇာတ်လိုက်ဟာ အလှဆုံးဖြစ်စရာမလိုဘဲ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်ရပေမည်။

ချင်းရို့သည် ရှောင်းယွီဟာ ချစ်စဖွယ်ကောင်းသူလို့ ထင်မြင်မိ၏။ သူမကိုယ်၌ကလည်း TVမှာ ပါချင်နေသည်ဖြစ်ရာ ဒီအလုပ်ကို မခိုမကပ်ဘဲ ကြိုးကြိုးစားစားလုပ်မယ့်သူဖြစ်ရမည်။

"မင်းက ဒီဇာတ်ကောင်နဲ့ လိုက်ဖက်ရင် မင်းအတွက် သက်ဆိုင်ရာဈေးနှုန်းအတိုင်း ပေးချေမယ်!"

...

"ခရီးသွားအေဂျင်စီတစ်ခုရဲ့ ဇာတ်လမ်းလေး" စတင်ရိုက်ကူးနေပြီဖြစ်၏။ ရှောင်းယွီက ဇာတ်လိုက်မင်းသမီးနေရာမှာ အစမ်းသဘောဖြစ်သွားလေပြီ။ အလှမယ်ပြိုင်ပွဲရဲ့ တခြားဆန်ကာတင်တွေလည်း တီဗီဇာတ်လမ်းတွဲမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ရွေးချယ်နိုင်ကြသည်။ မပါချင်ပါက အတင်းတွန်းအားမပေးပါချေ။

ဘာပဲဖြစ်ဖြစ် ဒါဟာ ဟာသဇာတ်မြူးရုပ်ရှင်တစ်ကားဖြစ်လို့ အလှလေးတွေအများကြီးပါဝင်ဖို့ မလိုအပ်ပေ။ ဖိုင်နယ်ကိုမရောက်လိုက်တဲ့သူတွေတောင် သူတို့အတွက် လိုက်ဖက်တဲ့ ဇာတ်ကောင်ရှိပါက ပါဝင်နိုင်ကြသည်။

ရုပ်သံဌာနက ရိုးရိုးရှင်းရှင်းရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပထမအပိုင်းအနည်းငယ်ရဲ့ အဓိကဇာတ်ကောင်တွေကို ဆုံးဖြတ်လိုက်ပြီး ရှောင်းယွီနှင့် အခြားပြိုင်ပွဲဝင် လေး၊ ငါးဦးနှင့် လက်မှတ်ရေးထိုးခဲ့သည်။

Miss Tourism၏ ထိပ်ဆုံးပြိုင်ပွဲဝင်သုံးဦးထဲမှ ချန်ပီယံ ရှဲ့ကျစ်ယီနှင့် First Runner-up ချန်ရှီးရှီးတို့က ဇာတ်ကားတွင် မပါဝင်ခဲ့ကြချေ။ ချန်ရှီးရှီးက သဘောတူချင်သော်လည်း ရှဲ့ကျစ်ယီက သူမအား ပြောခဲ့သည်။

"ငါတို့က အလှမယ်ပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယရထားတာမို့ ငါတို့က တခြားသူတွေနဲ့ မတူနိုင်ဘူး"

"ရုပ်သံဌာနကလူတွေ ငါတို့ကင်မရာမှာ ပေါ်လာဖို့ တောင်းဆိုလာကြမှာ သေချာတယ်"

ရှဲ့ကျစ်ယီသည် ရုပ်သံဌာနကလူတွေ နောင်တရလိမ့်မယ်လို့ တွေးနေမိသည်။ သူတို့က သူမကို တီဗီဇာတ်လမ်းတွဲ ရိုက်ကူးခွင့်မပေးရင်တောင် သူမမှာလည်း နောက်အစီအစဥ်တစ်ခုရှိပါသေးသည်။ သူမကိုယ်၌က တီဗီဇာတ်လမ်းတွဲရိုက်ကူးရေးမှပိုက်ဆံကို ဂရုပင်မစိုက်ပါချေ။

"ငါက ချန်ပီယံဆုရထားတာ၊ စက်ရုံပိုင်ရှင်တစ်ဦးက ငါနဲ့ ကြော်ငြာရိုက်ချင်နေတယ်လို့ ပြောတယ်။ ချန်ရှီးရှီး ကြော်ငြာတစ်ခါရိုက်ဖို့ ဘယ်လောက်ကုန်ကျလဲဆိုတာ နင်သိရဲ့လား? သူက ငါ့ကို ဒီပမာဏပေးနိုင်တယ်လို့ ပြောတယ်လေ။ ဒါကမှ ငွေမြန်မြန်ရှာနိုင်မယ့် စီးပွားရေးပဲ"

"ကြော်ငြာတစ်ခုရိုက်ကူးဖို့ အချိန်ဘယ်လောက်ကြာလို့လဲ? သူ အဲ့လောက်ပိုက်ဆံအများကြီးပေးနိုင်တယ်? တီဗီစီးရီးအတွက် အပိုင်းတစ်ပိုင်းကို ယွမ်ဆယ်ဂဏန်းပဲပေးချင်နေသေးတာ၊ သူတောင်းစားကိုပေးနေတာမို့လား?"

ကြော်ငြာရိုက်ကူးရေးကုန်ကျစရိတ်ကို သူမတွေ့ဖူးတာကြောင့်ပင်။ ကြော်ငြာတစ်ခုရိုက်ကူးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း ငွေများစွာရနိုင်တယ်လို့ ရှဲ့ကျစ်ယီ တွေးမိသွားရသဖြင့် တီဗီဇာတ်လမ်းတွဲရိုက်ကူးဖို့ ဘာလို့ပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်မှာလဲနော်?

"ငါတို့က ချန်ပီယံနဲ့ first runner upပဲလေ။ တစ်ယောက်ယောက်က ကြော်ငြာတွေရိုက်ဖို့ သေချာပေါက် တောင်းဆိုလိမ့်မယ်။ ရုပ်သံဌာနက ငါတို့ကို တီဗီစီးရီးတွေ မရိုက်ခိုင်းဘူးဆိုရင်လည်း ကြော်ငြာတွေပဲ ရိုက်ရုံပေါ့ဟယ်"

…

ရှဲ့ကျစ်ယီသည် ရှားရို့ပုစွန်မုန့်စက်ရုံပိုင်ရှင်မှ ကြော်ငြာရိုက်ကူးဖို့အတွက် သူမကို လာရှာမှာကို စောင့်နေခဲ့သည်။ ရက်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် ဘာသတင်းမှမကြားရတဲ့အခါ သူမ ရှားရို့ပုစွန်မုန့်စက်ရုံဆီ ဆက်သွယ်ရန် အစပြုခဲ့သည်။

"ကျွန်မနဲ့ ကြော်ငြာရိုက်ချင်တယ်လို့ ရှင်တို့ပြောထားတယ်မဟုတ်လား?"

ရှားရို့ပုစွန်မုန့်စက်ရုံက ဤသို့ ပြန်ဖြေလာခဲ့သည်။

"မင်းက ရှဲ့ကျစ်ယီလား? မင်း တီဗီစီးရီးရိုက်ကူးရေးမှာ မပါဝင်ခဲ့ဘူးမဟုတ်လား? ငါတို့ဘော့စ်က ဒီကြော်ငြာကို တီဗီစီးရီးရဲ့ ဇာတ်ဆောင်နဲ့ ရိုက်ကူးဖို့ ဆုံးဖြတ်ပြီးသား"

"အရင်က မင်းကို ဇာတ်ဆောင်ဖြစ်မယ်လို့ ငါတို့ထင်ခဲ့ပေမယ့် အခု မင်းက မပါတော့ဘူးဆိုတော့ ငါတို့လည်း နောက်တစ်ယောက်ကို ရှာရတာပဲ..."

"တီဗီစီးရီးရိုက်ကူးရေးတွေမှာ ပါဝင်သူတွေက ငါတို့ကြော်ငြာတွေမှာ ပါဝင်ဖို့ သင့်တော်တယ်"

ပုစွန်မုန့်စက်ရုံပိုင်ရှင်က အရှုံးပေါ်မယ့် စီးပွားရေးကို မလုပ်ပေ။ အလှမယ်ပြိုင်ပွဲ ပြီးသွားသဖြင့် ရေပန်းစားမှုလည်း တဖြည်းဖြည်းလျော့ကျလာပြီဖြစ်သည်။ ပြင်ဆင်ထားသည့် တီဗီစီးရီးဟာ ကြော်ငြာရန် အခွင့်အလမ်းကောင်းတစ်ခုပင်။

အလှမယ်ပြိုင်ပွဲကို ကွမ်တုန်းပြည်နယ်ရှိ ရုပ်သံလိုင်း တစ်လိုင်း၊ နှစ်လိုင်းတွင်သာ ထုတ်လွှင့်ပြသခဲ့ပေမယ့် အနာဂတ်တွင် တီဗီစီးရီးတွေကိုတော့ နိုင်ငံတစ်ဝှမ်းရှိ တခြားရုပ်သံလိုင်းတွေဆီမှာ ရောင်းချမည်ဖြစ်သည်။ ထိုအခါ လူပေါင်းများစွာ ရုပ်ရှင်ကြည့်လာကြပြီး တီဗီစီးရီးမှ ဇာတ်လိုက်သရုပ်ဆောင်တွေနှင့် ကြော်ငြာရိုက်ကူးခြင်းဖြင့် သူတို့ရဲ့ ထုတ်ကုန်တွေ များစွာမြင့်တက်လာနိုင်ပေသည်။

ရှဲ့ကျစ်ယီ အံ့သြသွားရလေပြီ ? ! !

ဒီကြော်ငြာရိုက်ကူးဖို့အတွက် တီဗီစီးရီးထဲက အမျိုးသမီးဇာတ်လိုက်ကို ရှာနေတာတဲ့လား ? ! ! !

သူမက မင်းသမီးမဖြစ်ရင် ကြော်ငြာရိုက်ခွင့်မရတော့ဘူးပေါ့လေ ? ! !

"ကျွန်မ ကြော်ငြာတွေလည်း ရိုက်နိုင်ပါတယ်! ကျွန်မက အလှမယ်ပြိုင်ပွဲရဲ့ ချန်ပီယံပါ!"

"ငါတို့ရဲ့ ကြော်ငြာကို တီဗီဇာတ်လမ်းတွဲနဲ့အတူ ရိုက်ကူးသွားမှာပါ..."

xxx

Ch-337

သူမက မင်းသမီးမဖြစ်ရင် ကြော်ငြာရိုက်ခွင့်မရတော့ဘူးပေါ့လေ ? ! !

"ကျွန်မ ကြော်ငြာတွေလည်း ရိုက်နိုင်ပါတယ်! ကျွန်မက အလှမယ်ပြိုင်ပွဲရဲ့ ချန်ပီယံပါ!"

"ငါတို့ရဲ့ ကြော်ငြာကို တီဗီဇာတ်လမ်းတွဲနဲ့အတူ ရိုက်ကူးသွားမှာပါ..."

စက်ရုံက အမျိုးသမီးဇာတ်ဆောင်ကို ရှာနေတာဆိုရင် လက်ရှိအမျိုးသမီးဇာတ်ဆောင်က ဘယ်သူများပါလိမ့်?

ရှဲ့ကျစ်ယီ ရုပ်သံဌာနကို စိုးရိမ်ပူပန်စွာ ဆက်သွယ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူမကိုယ်တိုင်က တီဗီဇာတ်လမ်းတွဲရိုက်ကူးရန် သဘောတူဖို့ အစပျိုးပြောခဲ့သော်လည်း ရုပ်သံဌာနက သူတို့မှာ အမျိုးသမီးဇာတ်ဆောင်အတွက် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ဒါရိုက်တာနှင့် ဌာနဒါရိုက်တာတို့ကလည်း ရွေးထားပြီးတဲ့ သရုပ်ဆောင်တွေကို အလွန်ကျေနပ်​ကြောင်း၊ ဒီ့အတွက် ဇာတ်ကောင်တွေကို ပြောင်းလဲစရာမလိုတော့ကြောင်း ပြောပြခဲ့သည်။

အမျိုးသမီးဇာတ်ဆောင်က စတုတ္ထနေရာက ရှောင်ယွီတဲ့ !

"ရှောင်းယွီက စတုတ္ထနေရာကလေ!"

"ရှောင်းယွီက ချောမောလှပတယ်၊ ဖော်ရွေပြီး နှစ်လိုဖွယ်ကောင်းတယ်လေ။ သူမက အမျိုးသမီးဇာတ်ဆောင်အတွက် ပိုပြီးသင့်တော်တယ်လို့ အားလုံးက တွေးကြတယ်..."

ပြိုင်ပွဲဝင်အများအပြားဟာ သူတို့ရဲ့အနုပညာကြေးကို မြှင့်လိုက်တာကြောင့် ရုပ်သံဌာနကလည်း သူတို့ဆီ မဆက်သွယ်တော့ပေ။

"The Story of a Travel Agency" ၏ ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ စတင်ခဲ့ချေပြီ။ ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်တာကြောင့် ဇာတ်ကွက်မှာ သွက်သွက်မြန်မြန်သွားကာ စိတ်ဝင်စားဖွယ်ဒိုင်ယာလော့ခ်တွေနှင့် ဟာသတွေပြည့်နှက်နေလေ၏။

ဖုန်းယွီလန်သည် ရိုက်ကူးရေးတောက်လျှောက်လိုက်ပါခဲ့ပြီး အခါအားလျော်စွာ ဟာသတချို့ကို ထည့်သွင်းခဲ့သည်။ သူမနှင့် တခြားဇာတ်ညွှန်းရေးသူတော်တော်များများက တစ်ချိန်တည်းမှာပဲ ဇာတ်ကောင်စရိုက်တွေနှင့်အညီ ဇာတ်ညွှန်းကို အဆက်မပြတ်ပြန်လည်ပြင်ဆင်ခဲ့ကြသည်...

များမကြာမီ ပထမဆုံး အပိုင်း၂၀ကို ရိုက်ကူးပြီးသွားလေပြီ။ တည်းဖြတ်ပြီးနောက် ချင်းရို့ ဇာတ်ကားကို တစ်ပိုင်းပြီးတစ်ပိုင်းကြည့်ရှုခဲ့သည်။ သူမ ဇာတ်ညွှန်းဖတ်ရှုခဲ့တုန်းကတောင် အရမ်းရယ်မောခဲ့ရသေးသည်။

တီဗီဇာတ်လမ်းတွဲ၌ ချင်းရို့ကိုယ်တိုင်လည်း ကုန်သည်ကြီးများအသင်းဥက္ကဌဇာတ်ကောင်အဖြစ် ဖြတ်လျှောက်အနေနဲ့ ပါဝင်ခဲ့ပေသည်။

ချင်းရို့ : "..."

အောင်သွယ်တော်ရုပ်ထု တီဗီဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့အခါ သူမ မြေတူးစက်မောင်းနေရသလို ခံစားရသည်မှလွဲ၍ အခြားထွေထွေထူးထူးဘာမှမရှိပေ။

ထူးထူးဆန်းဆန်း နေရာများစွာရှိသော်လည်း ၄င်းတို့ဟာ ဟာသဇာတ်မြူးရုပ်ရှင်အတွက် အလွန်သင့်လျော်သဖြင့် ချင်းရို့ ချီးကျူးခဲ့၏။ "ရိုက်ချက်က တကယ်ကောင်းတယ်!"

"အခုကစပြီး အပိုင်းတိုင်းရဲ့ စံချိန်စံညွှန်းကို ဆက်ထိန်းထားသင့်တယ်"

…

တီဗီဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးနေကြဆဲ။ အပိုင်း ၂၅ပိုင်းကို ရိုက်ကူးပြီးချိန်မှာတော့ ရုပ်သံဌာနမှ တစ်ယောက်က ချင်းရို့ကိုရှာကာ တစ်စုံတစ်ယောက်က ရုပ်သံဌာနကို ဆက်သွယ်လာခဲ့ကြောင်း၊ ချုံကျိုးကျွန်းအကြောင်း တီဗီဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်ဆိုတာ သိလိုက်ရလို့ သူ အရမ်းစိတ်ဝင်စားမိကြောင်း၊ တီဗီဇာတ်လမ်းတွဲအတွက် သီချင်းနှစ်ပုဒ်ရေးပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အဲဒီလူကို ရှုန်းမီလို့ ခေါ်ပေသည်။ ထိုလူဟာ ကျွန်းမှ သီချင်းရေးဆရာတစ်ဦးပင်။ တစ်ချိန်က ချုံကျိုးကျွန်းရှိ ရော်ဘာခြံတွင် အလုပ်လုပ်ခဲ့ဖူးသလို ကျွန်းကို အလွန်ချစ်မြတ်နိုးသူလည်းဖြစ်ပေသည်။

"မင်းတို့ရိုက်ကူးနေတဲ့ ဒီတီဗီဇာတ်လမ်းတွဲ ငါအရမ်းကြိုက်တယ်"

"တီဗီဇာတ်လမ်းတွဲအတွက် သီချင်းတွေကို အခမဲ့ ရေးစပ်ပေးလို့ရတယ်။ ကျွန်းပေါ်က ရော်ဘာခြံကိုရော မိတ်ဆက်ပေးဖို့ တီဗီဇာတ်လမ်းတွဲမှာ အခန်းတွေ ထပ်ထည့်လို့ရမလား..."

…

ရုပ်သံဌာနရှိလူတွေလည်း ရှုန်းမီ ရေးဖွဲ့ထားတဲ့သံစဥ်ကို တွေ့လိုက်ရတဲ့အခါ ဤသီချင်းဟာ တီဗီဇာတ်လမ်းတွဲအတွက် အရမ်းသင့်လျော်တယ်လို့ ထင်သောကြောင့် ရှုန်းမီရဲ့ တောင်းဆိုမှုကိုသဘောတူလိုက်ပြီး သီချင်းစာသားရေးမယ့်သူကို ရှာဖွေလိုက်၏။ အခု သူတို့မှာ အဆိုတော်ရွေးဖို့ပဲ ကျန်ပါတော့သည်။

"ငါတို့ကျွန်းရဲ့ အနုပညာအဖွဲ့ထဲက ဒေသခံအဆိုတော်တစ်ယောက်ကို ရွေးသင့်သလား? ဒါမှမဟုတ် ပြည်တွင်းက နာမည်ကြီးအဆိုတော်တွေကို ငှားဖို့ ပိုက်ဆံသုံးသင့်လား?"

"ငါတို့ကျွန်းက တစ်ယောက်ယောက်ကိုပဲ ရှာကြတာပေါ့။ တီဗီစီးရီးက ကျွန်းရဲ့ ရှုခင်းတွေအကြောင်းလေ"

"ဒါဆို အနုပညာအဖွဲ့ကို သွားပြီးတော့ အသံကောင်းတဲ့ ဒေသခံအဆိုတော်ကို ရှာကြမယ်..."

ချင်းရို့လည်း အဆိုတော်တစ်ဦးရှာဖွေရန် ရုပ်သံဌာနနှင့် ရှုန်းမီအနောက်ကနေ လိုက်ပါလာခဲ့သည်။ အနုပညာအဖွဲ့များစွာမှ အဆိုတော်တွေက ယှဥ်ပြိုင်ရန် စာရင်းသွင်းလာကြ၏။ အဆုံးတွင်မူ ရွေးချယ်ရင်းရွေးချယ်ရင်းနဲ့ တေးရေးဆရာ ရှုန်းမီက မမျှော်လင့်ဘဲ ချင်းရို့ကို ရွေးချယ်ခဲ့လေသည်။

ရှုန်းမီ : "နားထောင်ပြီးသွားတော့ မင်း အသံကောင်းတယ်လို့ ငါထင်နေတုန်းပဲ!"

ချင်းရို့ အံ့အားသင့်သွားပြီး "ကျွန်မက သီချင်းဆိုရမယ်?"

"မင်း အနုပညာအဖွဲ့မှာ အဆိုတော်ဖြစ်ခဲ့ဖူးပြီး ငါတို့ချုံကျိုးကျွန်းရေဒီယိုအသံလွှင့်ဌာနမှာ ၆နှစ်၊ ၇နှစ်လောက်အလုပ်လုပ်ခဲ့ဖူးတယ်လို့ ဒါရိုက်တာဝူဆီက ငါကြားထားတယ်။ ငါ အဲဒီအကြောင်းကို သိလိုက်တာနဲ့ မင်းအသံကို အရမ်းရင်းနှီးနေတာ အံ့သြစရာမဟုတ်တော့ပါဘူးလို့ ငါ့စိတ်ထဲမှာ တွေးမိတယ်လေ!"

"အဲဒီနှစ်တွေတုန်းက မင်းရဲ့ စာပေနဲ့ အနုပညာအစီအစဉ်တွေကို ငါတို့အားလုံး နားထောင်ခဲ့ကြတာ!"

ကျေးလက်တောအိမ်တွေမှာ ပုံမှန်အားဖြင့် ဘာဖျော်ဖြေရေးမှမရှိဘူးလေ။ ကျေးလက်တောရွာကို ရောက်လာကြတဲ့ ပညာတတ်လူငယ်တွေအတွက် တစ်ခုတည်းသောပျော်ရွှင်စရာသည်ကား နေ့တိုင်း ရေဒီယိုနားထောင်ခြင်းပင်။

ချင်းရို့အသံဟာ သူတို့နှင့် ရင်းနှီးလွန်းလှ၏!

ချင်းရို့ရဲ့ နေ့လည်ခင်း စာပေနှင့်အနုပညာအစီအစဉ်ဟာ ပညာတတ်လူငယ်အများစုရဲ့ အကြိုက်ဆုံးအစီအစဥ်ပင်။ လူကြီးလူငယ်မရွေး သူမအသံလွှင့်တာကို နားထောင်ရန် လော်စပီကာရှေ့မှာ စုရုံးတတ်ကြ၏။

အရင်တုန်းကတော့ ရှုန်းမီဟာ အသံချဲ့စက်ကနေ ချင်းရို့အသံကိုသာ ကြားခဲ့ရပေမယ့် အခုတော့ သူ အစစ်အမှန်ကြုံလိုက်ရ၍ အတိတ်ကအမှတ်တရတွေဟာ အပူလှိုင်းတစ်ခုလို သူ့နှလုံးသားလုံးတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

"ဟုတ်တယ် မင်းဆိုလိုက်တော့။ မင်းအသံက ဒီသီချင်းအတွက် အသင့်တော်ဆုံးပဲ!"

"ဒီမှာ ရေဒီယိုအသံလွှင့်ဌာနက ကြေငြာသူတွေရော ရှိသေးလား? အားလုံး အတူတူ သံပြိုင်ဆိုကြပေါ့။ အဲဒီနှစ်တွေတုန်းက ကျွန်းကိုရောက်လာကြတဲ့ ပညာတတ်လူငယ်လုပ်သားတွေ မရေမတွက်နိုင်အောင်များလွန်းတယ်၊ နောက်တော့ သူတို့ အိမ်ပြန်သွားကြတယ်လေ။ အခု ဒီအသံတွေကို ပြန်ကြားတဲ့အခါ သူတို့ဝမ်းသာကြမှာပဲ!"

အဲဒီခက်ခဲကြမ်းတန်းလှတဲ့နှစ်တွေမှာ လူတွေက သနားစရာကောင်းတဲ့ဘဝဖြင့် ဖြတ်သန်းခဲ့ရသော်လည်း နာကျင်ကိုက်ခဲမှုအလယ်မှာ လူတွေကို လွမ်းဆွတ်စေတဲ့ ပန်းပွင့်လေးတွေလည်း ရှိခဲ့ပါ၏။ ရင်းနှီးကျွမ်းဝင်လှတဲ့အသံတွေကြောင့် အဲဒီနှစ်တွေကို နည်းနည်းချင်းစီပြန်သတိရမိကြသည်လေ...

"ရေဒီယိုဌာနက လူတွေလား? အစ်မရွှယ်ချင်း ဒီမှာရှိနေတုန်းပဲ။ အခုတော့ ရုပ်သံဌာနမှာ အလုပ်လုပ်နေတာ"

"တကယ်လား? သူမလည်း အသံကောင်းတယ်"

…

ရုပ်သံဌာနကလူတွေနှင့် ချင်းရို့လည်း နောက်ဆုံးတော့ ရှုန်းမီရဲ့ အကြံပြုချက်အတိုင်း လိုက်နာခဲ့ကြပြီး ချင်းရို့က တီဗီဇာတ်လမ်းတွဲ၏ အဖွင့်သီချင်းနှင့် အပိတ်သီချင်းတွေကို သီဆိုခဲ့သည်။

ချင်းရို့သည် နှစ်ပေါင်းများစွာကြာပြီးနောက် သီချင်းအသံသွင်းဖို့ အသံသွင်းစတူဒီယိုသို့ သွားရမယ်လို့ မမျှော်လင့်ထားမိခဲ့။

သို့သော်လည်း......

ရှုန်းမီက အဲဒီနှစ်တွေတုန်းက လူများစွာရဲ့ အမှတ်တရတွေကို နှိုးဆွပေးခဲ့တာကြောင့် ချင်းရို့လည်း သူမရဲ့ကိုယ်ပိုင်အမှတ်တရတံခါးကို ဖွင့်မိပြီး ရေဒီယိုဌာနမှာ အလုပ်လုပ်ခဲ့စဥ်ကနေ့ရက်တွေကို ပြန်သတိမရမိဘဲမနေနိုင်တော့ချေ။

လုယန် သူမကို အသံလွှင့်ဌာနမှာ လာကြိုပြီး နှစ်သစ်ကူးဆင်နွှဲရန် ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်ခဲ့တာတွေ၊ သားလေးတွေ ဗိုက်ထဲမှာရှိနေချိန်၊ သူမက စက်ဘီးကိုတွန်းနေပြီး လူပုလေးနှစ်ယောက်ဖြစ်တဲ့ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက သစ်ရွက်ကိုင်ထားလျက် သူမကို ဝိုင်းကြီးပတ်ပတ်လှည့်နေချိန်တွေ.... ပြန်လည်သတိရမိသည်။

အဲဒီနှစ်တွေက တဖြည်းဖြည်းမှေးမှိန်သွားပေမယ့် အခုချိန်မှာတော့ သူမစိတ်ထဲမှာ ထင်ထင်ရှားရှားပြန်မြင်လာမိသယောင်။

- အတိတ်က နေ့ရက်တွေဟာ တကယ့်ကို လွမ်းဆွတ်စရာပါပဲလေ...

ချင်းရို့လည်း "တောင်ကျွန်း"ဆိုသော အဖွင့်သီချင်းနှင့် "နောက်မှပြန်တွေ့ကြမယ်"ဆိုသော အပိတ်သီချင်းကို သီဆိုရန် ဆုံးဖြတ်ခဲ့သည်။ ဥက္ကဌချင်းဟာ မကြာသေးမီက အလုပ်များနေပြီး အိမ်မှာတောင် နေ့တိုင်း သီချင်းဆိုလေ့ကျင့်နေခဲ့ရသည်။

လုယန် အိမ်ပြန်ရောက်သည်နှင့် သူ့ဇနီးလေး သီချင်းညည်းနေသံကို ကြားလိုက်ရလေ၏!

"ရဲဘော်လု၊ ရှင်သိရဲ့လား? အဲဒီတေးရေးဆရာ ရှုန်းမီက တကယ်တော့ ကျွန်မရဲ့ နားထောင်သူတွေထဲက တစ်ယောက်ပဲတဲ့၊ သူက ပရိသတ်တစ်ယောက်ဖြစ်ရမယ်"

"ကျွန်မ ရေဒီယိုအသံလွှင့်ဌာနမှာ အသံလွှင့်တုန်းက လူတော်တော်များများက ကျွန်မရဲ့ အနုပညာအစီအစဉ်တွေကို နားထောင်ရတာ ကြိုက်ကြတယ်တဲ့!"

ချင်းရို့ အရာရှိလုဆီ ကြွားဝါရန် မပြေးသွားဘဲမနေနိုင်တော့။

လုယန်က သူမကို အပြုံးလေးနှင့် ခေါင်းညိတ်ပြလာကာ "ကိုယ်လည်း မင်းရဲ့ အနုပညာအစီအစဉ်တွေကို နားထောင်ရတာ ကြိုက်တယ်"

"ရှင် ခဏခဏ နားမထောင်ရဘူးမလား?"

"ကိုယ့်မှာ အခွင့်အရေးရှိသရွေ့ ကိုယ့်မိန်းမ အသံလွှင့်တာကို နားထောင်တာပေါ့ကွာ"

လုယန် သူမမျက်နှာလေးကို ဆွဲဖျစ်လိုက်ပြီး "ကိုယ့်မိန်းမက အသံကောင်းလိုက်တာကွာ။ပေါ့ပေါ့ပါးပါး သီချင်းညည်းနေတာတောင် နားထောင်လို့ကောင်းတယ်"

"အမှန်ပဲ!" ရဲဘော်ရှောင်ချင်းက သူမအမြီးကို မြင့်မြင့်မြှောက်လျက် ခေါင်းညိတ်ပြီး အရှက်မဲ့စွာ ထောက်ခံလိုက်လေ၏။

လုယန် သူမအနားတိုးသွားကာ နားထဲသို့တိုးတိုးလေးပြောလိုက်၏။ "ညဘက်မှာ မင်းလေးရဲ့ညည်းသံက ပိုကောင်းသေးတယ်ကွာ။ ကံကောင်းလို့ပေါ့ ကိုယ်တစ်ယောက်တည်းကြားနိုင်တာ"

ချင်းရို့ ရှက်ရွံ့သွားရလျက် သူ့ခါးကိုဆွဲလိမ်ကာ ကျီစယ်စွာဖြင့် "ရဲဘော်လုယန် ရှင်အရမ်းတော်တယ်လို့ ကျွန်မထင်တယ်၊ ဒီညက ကျွန်မဆီကနေ ဘာလို့ သီချင်းဆိုမသင်လိုက်သလဲနော်?"

"ကိုယ် မင်းဆီက သီချင်းဆိုသင်ယူရမယ်ပေါ့? ကိုယ် မင်းဆီက သီချင်းဆိုသင်လိုက်လို့ မင်းဘယ်လိုသီချင်းဆိုရမှန်း မသိတော့မှာကို စိုးရိမ်မိပါရဲ့ကွာ"

လုယန်က ကီးလွဲအောင်ဆိုနည်းကို ကိုယ်တိုင်ကိုယ်ကျ သင်ပေးပေလိမ့်မည်....

ချင်းရို့ : "ကိုယ့်ကိုကိုယ် မနှိမ့်ချပါနဲ့ရှင်"

"ကိုယ်သီချင်းဆိုတာက သံလိုက်အိမ်မြှောင်မပါဘဲ ရွက်လွှင့်နေသလိုမျိုးပဲ"

"ရှင်က အရမ်းနှိမ့်ချတတ်လိုက်တာ" ချင်းရို့ ပြုံးလိုက်ပြီး သူ့ပုခုံးကိုပုတ်၍ "ရှင့်လုမိသားစုက အမျိုးသားတွေက သီချင်းဘယ်လိုဆိုရမှန်းမသိတာ သိသာနေရောပဲ"

"ရှင် လေချွန်တာတော့ ပုံမှန်ပဲကို၊ သီချင်းဆိုတော့မှ ဘယ်လိုဖြစ်သွားရတာလဲ?"

ချင်းရို့က သူ့မျက်နှာကို ကိုင်ပြီး ဂရုတစိုက်ကြည့်ရှုလိုက်၏။ သူမရဲ့ အရာရှိလုက အသံကောင်းပါတယ်၊ သူ သီချင်းမဆိုသရွေ့ သူ့အသံက အရမ်းကောင်းနေတာ။ အထူးသဖြင့် သူမရဲ့ နားထဲမှာ တီးတိုးစကားပြောတဲ့အချိန်ဆို ဆွဲဆောင်မှုရှိပြီး သံလိုက်လိုဆွဲငင်တဲ့ သူ့အသံနိမ့်နိမ့်က သူမတစ်ကိုယ်လုံးကို ပျော့ခွေသွားစေတယ်လေ။

လုယန် သူမပါးလေးကို နမ်းလိုက်ရင်း "ဒါက လုမျိုးရိုးအတိုင်းဆင်းသက်လာလို့ပါကွာ"

"သမီးတွေက မင်းနဲ့တူတာ တကယ်ကံကောင်းတယ်"

"ဆိုလိုတာက ကျွန်မရဲ့ မျိုးရိုးဗီဇက အရမ်းသန်မာနေလို့ လုမိသားစုရဲ့ ဘိုးဘွားတွေရဲ့ ကီးကြောင်တာကို ကျော်လွှားနိုင်တာပေါ့"

လုယန် ခေါင်းညိတ်လိုက်ပြီး "ဒီသားနှစ်ယောက်ကိုတော့ မကယ်တင်နိုင်တော့ဘူး"

"သူတို့သီချင်းဆိုတာ ရပ်သင့်တယ်"

ပြောရပါလျှင် သို့ရုန်ညီအစ်မနှစ်ယောက်က သီချင်းကောင်းကောင်းဆိုတတ်ပေမယ့် အိမ်မှာ သီချင်းသိပ်မဆိုကြချေ။ တစ်ယောက်က တယောတီးရတာကို သဘောကျပြီး နောက်တစ်ယောက်က အနုပညာအဖွဲ့မှာ အော်ပရာသီချင်းဆိုခြင်းနှင့် ကိုယ်ဟန်အမူအရာကို လေ့ကျင့်နေ၏။

ကျိုးကျိုးဖက်ထုပ်ညီအစ်ကိုကတော့ အိမ်ပြန်ရောက်တဲ့အချိန်၊ ဘောလုံးကစားတဲ့အချိန်တွေမှာ အော်ဟစ်ဆူညံနေရတာကို သဘောကျကြသည်ပင်။

ညီအစ်ကိုနှစ်ယောက်စလုံး သီချင်းဆိုညံ့ကြတာတူညီသော်လည်း အချင်းချင်း မကြိုက်တာမျိုးမဖြစ်ကြချေ။

xxx

All Chapters