← Chapters

အခန်း (၃၄၂-၃၄၃)

Vol. 28 Ch. 342-343

အခန်း (၃၄၂-၃၄၃)

Vol. 28 Ch. 342-343

Ch-342

ညနေ ချင်းရို့ အခန်းထဲပြန်ရောက်တဲ့အခါ နေ့ခင်းတုန်းက ယန်ယွဲ့နှင့် တွေ့ခဲ့တဲ့အကြောင်းကို တွေးနေမိဆဲ။ သူမက လုယန်ဆီပြေးသွားကာ သူ့နံဘေးမှာ လဲလျောင်းရင်း နားထဲသို့ တီးတိုးပြောလိုက်၏။ "၁၀နှစ်တောင်ကြာသွားပြီလို့ ကျွန်မ မထင်ထားမိဘူး"

ချင်းရို့သည် ယန်ယွဲ့မှာ အခု ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ရှိနေတာကို တွေ့လိုက်ရ၍ လွန်စွာဝမ်းသာမိသည်။

လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းမှာ လူတိုင်း အများကြီး ပြောင်းလဲသွားခဲ့ကြပြီ။ တစ်ချိန်က ဝတုတ်တုတ်နဲ့ ဂျပုလေး ကျိုးကျိုးနဲ့ ဖက်ထုပ်လေးတို့ ညီအကိုလည်း အခုဆို အရပ်တအားရှည်လာခဲ့သည်။ အမေဖြစ်တဲ့ ချင်းရို့က ဒီကောင်ချောလေးနှစ်ယောက် စောစောစီးစီးချစ်မိသွားမှာ စိုးရိမ်နေရ၏။

ယခုအခါ သူမသားတွေက အသက်ကြီးလာကြပြီး အလယ်တန်းကျောင်းတက်နေချေပြီ။ အနာဂတ်မှာ သူတို့ တကယ်ပဲ စောစောစီးစီးချစ်မိသွားရင် သူမ သူတို့ကို လက်လျှော့ဖို့ ဖြောင်းဖြရမလား မဖြောင်းဖြရဘူးလား?

လုယန်က သူမခါးကို ပွေ့ဖက်ထားလျက် "ကိုယ်တို့ အိမ်ထောင်သက် ၁၄နှစ်ရှိပြီလေ"

ချင်းရို့ ပြုံးကာ "ဖိုးဖိုးဖွားဖွားဖြစ်ဖို့ နောက်ထပ် ဘယ်နှစ်နှစ်လောက် ကြာဦးမလဲနော်?"

"ကိုယ်တို့ အဖိုးအဖွားဖြစ်လာဖို့ဆိုတာက ကိုယ်တို့သားနှစ်ယောက်ရဲ့ စွမ်းရည်ပေါ်မှာပဲ လုံးလုံးမူတည်တယ်လေကွာ ရဲဘော်ရှောင်ချင်းရေ"

ချင်းရို့ နှစ်ကြိမ်ခန့် လျှာတောက်လိုက်ပြီး "ရှင့်အပေါ် မူတည်တာမဟုတ်ဘူးလား ရဲဘော်လုယန်ရေ"

"ကျွန်မရဲ့ ယောက္ခမလိုပေါ့... ကျွန်မတို့ အိမ်ထောင်ပြုဖို့ သူတိုက်တွန်းခဲ့ရတာလေ!"

လုယန် ခေါင်းခါလိုက်ပြီး "ကိုယ် ကလေးတွေကို မတိုက်တွန်းပါဘူးနော်၊ သူတို့ကိုယ်တိုင် လုပ်ပါစေ"

"ကျွန်မလည်း သူတို့ကို အလျင်မလိုစေချင်ပါဘူးနော်၊ သူတို့သဘောပဲ" ချင်းရို့က သူမသားတွေရဲ့ အချစ်ရေးကိစ္စမှာ ဝင်မစွက်ဖက်ချင်ပါပေ။

ပြီးတော့ ကလေးတွေက အခုမှ ၁၃နှစ်ပဲရှိသေးတာလေ၊ ဝင်စွက်ဖက်ဖို့ စောလွန်းနေသေးတယ်...

"ရှင်ကလွဲရင် လုမိသားစုရဲ့ မျိုးရိုးစဉ်ဆက်အားလုံး အိမ်ထောင်ပြုနောက်ကျကြတယ်လို့ ကျွန်မယောက္ခမပြောဖူးတယ်နော်၊ ဒါဆို အသက် ၃၀အထိ စောင့်ရမှာပဲ"

"ကျွန်မတို့သားတွေ အသက်၃၀မပြည့်ခင် ၁၀နှစ်ကျော်လောက်ကျန်သေးတာပဲ၊ ဒီတော့ အလျင်မလိုပါဘူးနော်"

သူမသားတွေ အသက် ၃၀မပြည့်ခင် အနည်းဆုံး ၁၇နှစ် ကျန်သေးတယ်ဆိုတော့ ဒီကလေးနှစ်ယောက် ဘယ်လိုလုပ်ပြီး စောစောအိမ်ထောင်ပြုနိုင်မှာလဲလို့ ချင်းရို့ တွေးနေမိသည်။

လုဝေကျိုးက လေးနက်ပြီး သင်ယူလိုစိတ်ပြင်းပြသူဖြစ်၏။ လုဝေကျယ်က ပင်လယ်ကြီးဆီသွားပါက လက်တွဲဖော်ရှာဖို့ ပိုလို့တောင် ခက်ခဲပါသေးရဲ့။

တရားဝင်လက်ထပ်လို့ရတဲ့အရွယ်ရောက်တာနှင့် လက်ထပ်မှာမဟုတ်လောက်ပါဘူးလေ! ! !

"လုယန် ကျွန်မတို့သမီးတွေကို အရင်လက်ထပ်ပေးပြီး မြေးလေးတွေမွေးတာက ဖြစ်နိုင်မယ်ထင်တယ်နော်"

"ဟမ်?" လုယန် ခေါင်းစောင်းကာ သူမကိုကြည့်လိုက်ပြီး "ကိုယ်တို့သမီးတွေ အရင်လက်ထပ်ရမှာမဟုတ်ပါဘူးကွာ၊ လောင်ဝမ်နဲ့ လောင်လျိုတို့ အရင်ဖြစ်လိမ့်မယ်"

"လောင်ဝမ်ရှေ့မှာ သမီးတွေလက်ထပ်တဲ့ကိစ္စတွေ သွားမပြောနဲ့ဦး"

ရဲဘော်လောင်ဝမ်က သူ့သမီးကို လက်ထပ်ပေးဖို့အတွက် ဝန်လေးနေလေသည်။

"သားသမီးတွေ မြေးတွေက ကိုယ်ပိုင်ကောင်းချီးတွေ ရှိကြတယ်လေ။ သူတို့ ချိန်းတွေ့ချင်ရင် ချိန်းတွေ့လို့ရတယ်။ သူတို့အိမ်ထောင်ပြုပြုမပြုပြု သူတို့တွေ အပေါ်မှာပဲ မူတည်တယ်"

၁၉၈၅ ခုနှစ် နိုဝင်ဘာလ၌ လျောင်ပြည်နယ်ရှိ လောင်ဝမ်တို့ မိသားစုနှင့် လောင်ကျန်းတို့မိသားစုက ချုံကျိုးကျွန်းရှိရာ တောင်ပိုင်းသို့ သွားခဲ့ကြသည်။ အရင်ဆုံး ကွမ်ချန်မှာရှိတဲ့ လုကျုံးရီတို့ ဇနီးမောင်နှံဆီ သွားတွေ့ခဲ့ပြီး လူအိုကြီးတစ်စုဟာ လုချန်သို့ အတူတူလှေစီးခဲ့ကြသည်။

လောင်ဝမ်တို့ဇနီးမောင်နှံဟာ မကြာသေးမီက ဘွဲ့ရထားတဲ့ သူတို့မြေးလေး, ရေတပ်အရာရှိဝမ်ဟူကိုပါ သူတို့နဲ့အတူတူခေါ်လာခဲ့ကြသည်။ သူ့မြေးလေးက ယခု တောင်တရုတ်ပင်လယ်ရေတပ်သို့ ပြောင်းရွှေ့ခဲ့ပြီး ဒီတစ်ကြိမ်တော့ သူတို့မြေးလေးနဲ့အတူတူလိုက်လာခဲ့ခြင်းပင်။

လျောင်ပြည်နယ်မှ လောင်ကျန်းက သူတို့ ချုံကျိုးကျွန်းသို့ သွားကြတော့မယ်ဆိုတာ ကြားလိုက်ရ၏။ ဖြစ်ချင်တော့ အနှီစုံတွဲက တီဗီဇာတ်လမ်းတွဲကြည့်ထားပြီး တောင်ပိုင်းကျွန်းရဲ့ ရှုခင်းတွေကို ကြည့်ချင်တာကြောင့် သူတို့လည်း တောင်ပိုင်းသို့ အတူတူသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

လောင်ကျန်းသည် ဟိုတချိန်က လုယန်နှင့် ချင်းရို့တို့ကို ချိတ်ဆက်ပေးခဲ့တဲ့လူဖြစ်သည်။

"လောင်လုရေ ငါ့မြေးကြီးကို ကြည့်ပါဦး။ မဆိုးဘူး ဟုတ်တယ်မလား? ဟိုတုန်းက မင်းရဲ့ လုယန်ရဲ့ ပုံစံပဲ မဟုတ်လား?"

သူ့မြေးကို ဝမ်ဟူလို့ ခေါ်ပေသည်။ ဟူသည်ကား လှပသောကျောက်စိမ်းလို့ အဓိပ္ပါယ်ရပြီး ယန်သည်လည်း လှပသောကျောက်စိမ်းလို့ အဓိပ္ပာယ်ရလေသည်။ လောင်ဝမ်က နာမည်ကို တိတ်တဆိတ်ရွေးချယ်စဥ် လောင်လုက လှပသောကျောက်စိမ်းလို့ နာမည်ပေးထားလို့ ကလေးကလည်း ချောမောပြီး လိမ္မာရေးခြားရှိတယ်လို့ ထင်မိသည်။ သူလည်း သူ့မြေးလေးအတွက် လှပသောကျောက်စိမ်းဖြစ်စေချင်သည်ပင်။

ဟုတ်ပါတယ်၊ နာမည်လေးနဲ့ အရာရာတိုင်းမရနိုင်ပါဘူးလေ။ ဥပမာပြောရရင် သူ့မြေးမလေး ဝမ်မုန့်ထျန်းပေါ့ နာမည်အရ ချိုမြိန်ပြီး နာခံတတ်တယ်ဆိုပေမယ့် သူ့မြေးမလေးက လွဲမှားစွာကြီးပြင်းလာမှန်း သိသာလေရဲ့။ အခု သူမလေးက စစ်သင်တန်းကျောင်းတက်နေပြီး စစ်တပ်ကိုဝင်ခဲ့ကာ ဒေါသကြီးသူဖြစ်လာလေ၏။

ဖြစ်ကောင်းဖြစ်နိုင်တာက လုရွှမ်နဲ့တူလာတာပဲ....

လုကျုံးရီ မျက်ခုံးပင့်လိုက်ပြီး "လုယန်လိုလား? ဒါဆိုရင် ငါ မင်းကို မေးပါဦးမယ် အဖိုးကြီးရေ မင်းရဲ့မြေးလေးက မင်းကို နေ့တိုင်း စိတ်တိုအောင်လုပ်လို့လား?"

"ဟမ့်"

လောင်ဝမ် နှာမှုတ်လိုက်ပြီး "နောက်မျိုးဆက်နှင့် နောက်မျိုးဆက်တွေကြားက ဆက်ဆံရေးကို မင်းမကြားဖူးဘူးလား? အဖေက သူ့သားကိုပဲ ဒေါသထွက်တာလေ၊ အဖိုးအဖွားတွေနှင့် မြေးတွေရဲ့ ဆက်ဆံရေးက ကောင်းနေရောပဲ"

လုကျုံးရီ : "..."

— မြေးလေးကြောင့် မင်းရဲ့သား ဒေါသထွက်နေတာကို မြင်ရတာ... အဖိုးကြီးရေ မင်းက တကယ်ပဲ ပျော်နေတာလားကွ? မင်းရဲ့ အကြီးအကဲတွေကို မရိုမသေဘူးပဲ...

လောင်ကျန်းက သူတို့ပြောနေတာကို ကြားတဲ့အခါ ကြားဝင်ဖြတ်ကာ "မင်းရဲ့ဝမ်ဟူက အနာဂတ်မှာ ဒေါသကြီးတဲ့မိန်းကလေးကို လက်ထပ်မှာပေါ့။ သူ့အတွက် ငါ မိတ်ဆက်ပေးရမလား?"

"လောင်လုတုန်းက သူ့သားအတွက် ဒေါသကြီးတဲ့မိန်းကလေး ရှာချင်တယ်လို့ ပြောခဲ့တာလေ။ ဒေါသကြီးလေ ပိုကောင်းလေပဲတဲ့!"

လောင်ကျန်းသည် သူ့ဘဝမှာ စုံတွဲပေါင်းများစွာကို မိတ်ဆက်ပေးခဲ့ပေမယ့် လုယန်နှင့် ချင်းရို့တို့လို အတွဲမျိုး တစ်ခါမှမကြုံဖူးခဲ့ချေ။ သူတို့နှစ်ယောက်ကို ပထမဆုံးမိတ်ဆက်ပေးချိန်က လောင်ကျန်းဟာ သူတို့အတွဲ အောင်မြင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။

ပေါက်ကွဲစေတတ်သောစည်ပိုင်းနှင့် ငရုတ်သီးလေးတို့ဟာ တကယ်ပဲ အတူတူရှိသွားကြလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ... ဒီကောင်လေးရဲ့ မိဘတွေဆို သူ့သားကို မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း မကြာမကြာလာပြောကြသေးသည်။

ရဲဘော်လောင်ကျန်း အံ့သြသွားရ၏။

နောက်ဆုံးတော့ ဒီစုံတွဲဟာ သူအောင်သွယ်ပေးသမျှ အတွဲတွေထဲမှာ နားမလည်နိုင်ဆုံးသော စုံတွဲတစ်တွဲဖြစ်သည်ပင်။ လက်ထပ်ပြီးနောက်ပိုင်း သူတို့က သူ့ကို မကြိမ်းမောင်းရုံတင်မကဘဲ မကြာခဏဆိုသလို ကျေးဇူးတင်တတ်ကြသည်။

တစ်ချိန်က သူသည် ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲကို မိတ်ဆက်ပေးခဲ့ဖူးပါသည်။ သူတို့ရဲ့အခြေအနေ၊ စိတ်နေစိတ်ထားနဲ့ မိသားစုတွေက ကောင်းမွန်သော်ငြား အဆုံးတွင် သူတို့ကွာရှင်းပြတ်စဲခဲ့ကြပြီး အောင်သွယ်ပေးတဲ့သူက ကြိမ်းမောင်းခံခဲ့ရသေးသည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးက အောင်သွယ်ပေးတဲ့သူကို ကြိမ်းမောင်းနေရာမှ ခံစားချက်တွေ ပြန်လည်ဖြစ်ပေါ်လာပြီး နောက်တစ်ခါ အိမ်ထောင်ပြုခဲ့ကြသဖြင့် သူတို့ပတ်ဝန်းကျင်ရှိ ဆွေမျိုးမိတ်ဆွေတွေကို အံ့အားသင့်စေခဲ့သည်။

ဘာပဲဖြစ်ဖြစ် လူတွေကို မိတ်ဆက်ပေးရတာ မလွယ်ပါဘူးလေ...

xxx

Ch-343

ဘာပဲဖြစ်ဖြစ် လူတွေကို မိတ်ဆက်ပေးရတာ မလွယ်ပါဘူးလေ...

"သာယာလှပတဲ့ဘဝမှာနေထိုင်နိုင်ဖို့ ငရုတ်သီးကိုပဲ ရွေးချယ်လိုက်တော့"

လောင်ဝမ် စိုးရိမ်နေပြီး ချီတုံချတုံဟန်ဖြင့် "မင်း တကယ်ပဲ ငါ့ရှောင်ဟူကို ငရုတ်သီးလေးနဲ့ မိတ်ဆက်ပေးနိုင်တာလား?"

လုကျုံးရီ အလွန်ထောက်ခံစွာဖြင့် "ငရုတ်သီးက ကောင်းတာပေါ့၊ စီချွမ်နဲ့ ဟူနန်ကောင်မလေးတွေလည်း ကောင်းသားပဲ၊ အသံလည်းကောင်းတော့ သီချင်းဆိုနိုင်ကြတယ်"

လောင်ဝမ် : "..." လောင်ဝမ်သည် လောင်လုမိသားစုရဲ့ သားနဲ့ လက်ထပ်ထားတဲ့ ငရုတ်သီးမိန်းကလေးဟာ ထင်သလိုမဟုတ်ဘူးလို့ ခံစားလိုက်ရ၏။

သူမမှာ အသံကောင်းကောင်းရှိတာတော့ အမှန်ပဲ...

"မင်းမြေးရဲ့ ထင်မြင်ချက်ကိုမေးကြည့်ဦး"

လုကျုံးရီက သူ့မြေးကြီးကို တစ်ချက်ကြည့်လိုက်ပြီး ဒီကောင်လေးရဲ့ ပင်ကိုယ်စရိုက်ဟာ သူ့အဖိုးနဲ့ မတူဘူးပဲလို့ တွေးနေမိလျက်။ သူက အလွန်တက်ကြွပြီး ရုပ်ချောပေမယ့်... ဟုတ်တာပေါ့ အဲဒီတုန်းက သူ့သားလေးလောက် အထင်ကြီးစရာမကောင်းသလို သူ့လောက် မခန့်ညားပါဘူးလေ...

ရဲဘော်ဝမ်ရှောင်ဟူက စကားပြောရတာကို မကြိုက်သလို များသောအားဖြင့် လူကြီးတွေရဲ့ စကား​ဝိုင်းကြား ဝင်ပါလေ့မရှိပေ။

ဝမ်ဟူ အေးစက်စွာပြောလာသည်မှာ "ကျွန်တော် ချိန်းတွေ့ဖို့အကြောင်း မစဥ်းစားသေးဘူး"

လောင်လုက လောင်ဝမ်ဆီ ချဉ်းကပ်သွားပြီး "မင်းရဲ့မြေးက ငါ့သားနဲ့မတူဘဲ ကုမိသားစုက ကုချန်နဲ့ ပိုတူတယ်"

လောင်ဝမ် မျက်လုံးတွေပြူးကျယ်သွားလျက် "? ! ! !"

မင်း ဘာစကားပြောလိုက်တာလဲကွ ! ! ! !

"လောင်လုရေ မင်း ဘာစကားပြောလိုက်တာတုန်း? လောင်ကုမိသားစုရဲ့ သားက အသက်၄၀လောက်မှ အိမ်ထောင်ပြုလိုက်တာလေ ဟုတ်တယ်မလား? ငါ့ဝမ်မိသားစုရဲ့ အစဉ်အလာက စောစောအိမ်ထောင်ပြုကြတယ်ကွ"

သူ့မြေးလေးက ကုမိသားစုရဲ့ သားနဲ့ ဘယ်လိုလုပ်ပြီးတူမှာလဲ ? ! ! !

"မင်းပြောတာ လောင်ကုကြားရင်တော့ မင်းကို ဒေါသထွက်တော့မှာပဲကွာ။ မင်း ကောလဟာလတွေဖြန့်နေတာပဲ။ ငါ့သားအငယ်ဆုံးကတောင် အသက် ၄၀မပြည့်သေးဘူး"

"ကုချန်က မင်းရဲ့သားထက် အသက်ကြီးတာမဟုတ်ဘူးလား?"

"ပေါက်ကရတွေ"

လောင်ဝမ်သည် သူ့မြေးလေးက သူတို့ဝမ်မိသားစုအစဥ်အလာအတိုင်း အိမ်ထောင်စောစောကျလိမ့်မယ်လို့ အခိုင်အမာယုံကြည်ခဲ့သော်ငြား လောင်လုစကားတွေဟာ သူ့အတွက် သတိပေးခေါင်းလောင်းတီးလိုက်သည့်နှယ်။ သူ့မှာ အမှန်တကယ်ပင် မြေးများစွာရှိသော်လည်း တစ်ယောက်မှ ချိန်းတွေ့ဖို့ စိတ်မဝင်စားကြချေ။

အထူးသဖြင့် ဒီဝမ်ဟူပေါ့၊ သူ့အဖေဆို ဒီအရွယ်မှာ လက်ထပ်ထားပြီးသားဖြစ်နေပြီလေ၊ ဒါပေမဲ့ ဒီကလေးကတော့ ဝမ်မိသားစုအစဥ်အလာကို ဆန့်ကျင်စွာနဲ့ "ကျွန်တော်မချိန်းတွေ့ဘူး"လို့ ပြောနေတာကွာ...

လောင်လု လျှို့ဝှက်စွာ ပြောလိုက်၏။ "မင်းရဲ့ ဝမ်ရှောင်ဟူက ငါ့ရဲ့ ကျိုးကျိုးလေး ဖက်ထုပ်လေးထက် နောက်ကျမှ လက်ထပ်မှာလည်း ဖြစ်နိုင်တာပဲ"

မင်းရဲ့ ဝမ်မိသားစုရဲ့ အိမ်ထောင်စောစောကျတယ်ဆိုတဲ့ အစဉ်အလာဟာ ပျက်စီးသွားပြီး သူတို့လုမိသားစုကတော့ ခေတ်သစ်တစ်ခု စတင်ခဲ့ပြီပေါ့ကွာ...

လောင်ဝမ် စူးစိုက်ကြည့်လျက် : "မင်းရဲ့ ကျိုးကျိုး ဖက်ထုပ်လေးက ငါ့ရှောင်ဟူနဲ့ အသက်ဘယ်လောက်ကွာလဲ မင်း မတွက်တတ်ဘူးလားကွ"

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းရဲ့ စိတ်ကူးစိတ်သန်းတွေ အရမ်းအရိုင်းမဆန်စမ်းပါနဲ့ လောင်လုရာ"

"ဖြစ်နိုင်တာက မင်းရဲ့ ကျိုးကျိုး ဖက်ထုပ်လေး အိမ်ထောင်ပြုတဲ့အချိန် ငါ့မြစ်လေး ၁၀နှစ်လောက်ရှိနေလောက်ပြီ"

လောင်လု ခေါင်းယမ်းနေမိလျက်။ ဒီတစ်ကြိမ်တော့ သူ့လုမိသားစုက အနိုင်ရနေပြီဆိုတာ သေချာနေလေပြီ။ ကျိုးကျိုး ဖက်ထုပ်လေးမှာ မိသားစုခြံဝင်းထဲက သက်တူရွယ်တူကစားဖော်အများကြီးရှိနေသည်လေ။ ဥပမာပြောရရင် ဝမ်မိသားစုက ဝမ်နျန်နျန်လိုမျိုးပေါ့။ ငယ်ကျွမ်းဆွေတွေ လှပတဲ့ဆက်ဆံရေးတစ်ခုအဖြစ် တိုးတက်လာကြရင် အိမ်ထောင်ပြုရမယ့်အရွယ်ရောက်တာနဲ့ လက်ထပ်သင့်ကြတယ်မဟုတ်လား?

ဒါပေါ့လေ... တကယ်လို့ ဒီလိုမျိုးမရှိရင်တောင် သူ့မြေးနှစ်ယောက်က လက်တွဲဖော်ကို အမြန်ဆုံးရှာတွေ့နိုင်မယ်လို့လည်း လောင်လု ယုံကြည်ပေသည်။

ဘာလို့လဲဆိုတော့ သူတို့က သူ့အဖေလို ရုပ်ချောကြလို့ပေါ့။

အရင်တုန်းကတော့ သူတို့အဖေလုယန် ငယ်ရွယ်စဥ်အခါက ကမ္ဘာကြီးဟာ ပွင့်လင်းမှုမရှိသေး။ အခုတော့ အကခန်းမတွေ၊ ဒစ်စကို အကမျိုးစုံ ထွက်ပေါ်လာပြီး အမျိုးသားရော အမျိုးသမီးတွေပါ ရဲရင့်စွာ ပြောဆိုဆက်သွယ်လာနိုင်ကြပီဖြစ်သည်။ ဒါ့ကြောင့် ရဲဘော်လောင်လုသည် သူ့မြေးနှစ်ယောက်မှာ သင့်လျော်တဲ့လက်တွဲဖော် မရှိလာဘူးဆိုတာ မယုံပါချေ။

အမျိုးသားက အမျိုးသမီးကိုလိုက်တဲ့အခါ သူတို့ကြားမှာ တောင်တွေရှိတယ်။ အမျိုးသမီးက အမျိုးသားကိုလိုက်တဲ့အခါ သူတို့ကြားမှာ ပါးလွှလွှပိတ်ကျဲတစ်လွှာပဲရှိတယ်တဲ့လေ...

"ဒါဆိုလည်း လောင်ဝမ်ရေ စောင့်ကြည့်နေလိုက်တော့"

"ငါ့ရှောင်ဟူ အရင်လက်ထပ်ရမယ်။ လောင်ကျန်းရေ မင်း ငါ့ကိုကူညီရမယ်ကွာ"

လောင်လုနှင့် နှိုင်းယှဥ်ပါက လောင်ဝမ်သည် ဂန္တဝင်အောင်သွယ်တော်ဖြစ်တဲ့ ရဲဘော်လောင်ကျန်းကို ယုံကြည်ပါ၏။ သူဟာ လုယန်တို့အတွက် အောင်သွယ်ပေးခဲ့သူပဲလေ...

ဟိုးတုန်းက လုယန်ကို မိတ်ဆက်ပေးရတာဟာ ဘယ်လောက်ခက်ခဲကြောင်း လောင်ဝမ် မျက်မြင်ကိုယ်တွေ့ပင်။

လောင်ကျန်း ပြုံးလျက် "ဘာတွေအလျင်လိုနေတာလဲကွာ? မင်းရဲ့ ရှောင်ဟူက တောင်ပိုင်းပြောင်းရွှေ့လာပြီပဲ။ ငါ တီဗီမှာတွေ့ထားတာတော့ အဲဒီမှာ ဘလိုင်းဒိတ်ပရိုဂရမ်လည်းရှိတယ်၊ အောင်သွယ်ရုပ်ထုလည်းရှိတယ်တဲ့"

"မင်းရဲ့ ရှောင်ဟူအတွက် အောင်သွယ်တော်တစ်ယောက်နဲ့ ရှာခိုင်းလိုက်ပေါ့ကွာ"

လုကျုံးရီ ရယ်မောလျက် "ဒါဆို ငါ့မြေးနှစ်ယောက်က ရေနဲ့နီးတော့ လကိုအရင်ရလိမ့်မယ်"

လောင်လုသည် ကစားပွဲမှာ သူအနိုင်ရသွားပြီလို့ ခံစားလိုက်ရ၏။ သူ့သားအငယ်ဆုံးက အချစ်ရေး/ဆက်ဆံရေးအကြံပေးတစ်ဦးအဖြစ် လူတိုင်းဆီမှ ချီးကျူးခံရသလို သူ့ချွေးမလေးကလည်း အောင်သွယ်တော်တစ်ဦးအဖြစ် နာမည်ကြီးတယ်လေ။ ဒီတော့ သူ့မြေးလေးတွေ လက်တွဲဖော်မရှာနိုင်ဘူးလို့ မယုံဘူးကွာ... ပု! ခယ်! နန်! (မ! ဖြစ်! နိုင်ဘူး!)

လောင်ဝမ် : "..."

"ငါ မင်းနဲ့ မြေးတွေအကြောင်းမပြောတော့ဘူး"

"ဒါဆို မြေးမလေးတွေအကြောင်း ပြောကြစို့ လောင်ဝမ်ရေ၊ ငါ့မြေးမလေး သို့သို့နှင့် ရုန်ရုန် နှစ်ယောက်လုံးက သူတို့အမေနဲ့တူတယ်ကွ။ သူတို့ ငယ်ငယ်လေးကတည်းက အချောအလှလေးတွေဖြစ်နေကြပြီ။ တစ်ယောက်က တယောတီးသင်နေတယ်၊ နောက်တစ်ယောက်က ကန်တုံအော်ပရာ သီချင်းဆိုသင်နေတာ။ ငါတို့ ကျွန်းကိုရောက်ရင် မင်းအတွက် သူတို့ကို ဖျော်ဖြေခိုင်းမယ်ကွာ"

"ငါ့မြေးမလေးနှစ်ယောက်က အနာဂတ်မှာ အနုပညာကျောင်းတက်လိမ့်မယ်..."

လောင်ဝမ် မျက်နှာကြီးမည်းသည်းနေကာ ငါ မင်းမြေးမလေးတွေအကြောင်းလည်း မသိချင်ပါဘူးလို့ စိတ်ထဲက ထိုင်ပြောနေလေ၏။

"မင်းရဲ့ သို့သို့ ရုန်ရုန်က အသက်ဘယ်လောက်ရှိပြီလဲ? ကောင်မလေးတွေ ကြီးလာတဲ့အခါ အများကြီးပြောင်းလဲသွားတတ်တယ်ဆိုပေမယ့် အခုတော့ အချိန်မရောက်သေးလောက်ပါဘူးလေ"

လောင်လုနှင့် သူတို့အုပ်စု ကျွန်းသို့ ရောက်တဲ့အခါ လှေပေါ်မှဆင်းလာကြပြီး လူတိုင်း သက်ပြင်းချလျက်။ "လူတွေက အသက်ကြီးပြီး ဒုက္ခတွေမခံနိုင်ကြတော့ဘူး"

"နောက်တစ်ခါ လေယာဉ်စီးရအောင်"

"မင်း စီးရဲလို့လား?"

"စီးကြည့်တာပေါ့၊ အခု မစမ်းကြည့်ရင် နောင်မှာ စမ်းကြည့်ဖို့ အခွင့်အရေးရှိပါ့မလား? မင်း အခု အရမ်းအိုနေပြီကွ"

…

လောင်ဝမ်တို့ဇနီးမောင်နှံက ချုံကျိုးကျွန်းသို့ မရောက်ဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ နောက်ဆုံးတစ်ခေါက်က လောင်လုတို့ဇနီးမောင်နှံနဲ့အတူတူ ဆွေမျိုးတွေဆီလိုက်လည်ရင်း ပါလာခဲ့တာဆိုတော့ ၁၀နှစ်ကျော်သွားခဲ့ပြီပဲ။ အခု ကျွန်းဟာ များစွာပြောင်းလဲသွားကြောင်း တွေ့ရှိခဲ့ရသည်။

ဆိပ်ကမ်းတဝိုက်တွင် လူအများအပြားရှိနေကြသလို အများစုမှာ ကျွန်းမှာလာကစားကြတဲ့ ခရီးသွားဧည့်သည်တွေပါပဲ။ အများစုက သူတို့သားသမီးတွေကိုပါ ခေါ်လာကြ၏။ ကလေးတွေက လှေပေါ်မှ ဆင်းလိုက်သည်နှင့် ချက်ချင်းပင် "ဝိုး ဝါး" အော်ဟစ်နေကြပါတော့သည်။

လမ်းဘေးမှာ အုန်းသီး၊ သရက်သီး၊ နာနတ်သီးရောင်းတဲ့ဆိုင်တွေ အများကြီးရှိနေ၏။ ကျွန်းပေါ်က နာနတ်သီးတွေက အရမ်းချိုတာကြောင့် သူတို့စားဖို့အတွက် နာနတ်သီးနည်းနည်းဝယ်ခဲ့ကြသည်။

သူမရဲ့ ယောက္ခမတွေ ရောက်လာမယ်မှန်း ချင်းရို့ သိထားတာကြောင့် သူတို့ကို ကားနှင့်လာကြိုခဲ့သည်။ သူမက သူတို့ကိုကြိုဖို့အတွက် သယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ ကားကိုပါ ခေါ်ထားလိုက်၏။

ယောက္ခမကျန်းဖျင်က ချင်းရို့ ကားမောင်းနိုင်တာကိုမြင်တော့ အံ့အားသင့်သွားရ၏။ "ရှောင်ချင်း နင်လည်း ကားမောင်းတတ်တာလား?"

ငါ့ရဲ့ ချွေးမလေးက စတီယာရင်ကိုကိုင်ပြီး ကားမောင်းနိုင်တယ်လို့ ငါမမျှော်လင့်ထားမိခဲ့ဘူး...

"ဟုတ်တယ် မား၊ မားရော ကားမောင်းသင်ချင်လား? ကျွန်မတို့ညီအစ်မနှစ်ယောက်လုံး ကားမောင်းသင်ထားကြတာလေ၊ အခု မမလည်း လမ်းပေါ် တက်မောင်းနိုင်နေပြီ"

"ငါက ကားမောင်းသင်ရမယ်? ငါ့အသက်အရွယ်နဲ့ ကားမောင်းသင်နိုင်ပါဦးမလား?"

လောင်လု ရယ်မောလျက် "မင်း ကားမောင်းသင်ထားပြီး နောင်မှာ မင်း ငါ့ကိုခေါ်တင်သွားပေါ့ကွာ"

"ရှင် နံစော်နေတဲ့အဘိုးကြီးရေ ရှင့်မှာ အရှက်ရှိသေးရဲ့လား? ရှင်က ကျွန်မကို ကားမောင်းသင်စေချင်နေသေးတယ်လား? ကျွန်မမောင်းတဲ့ကားမှာ ရှင် ထိုင်ရဲတယ်ပေါ့လေ?"

လောင်ဝမ်က သူ့မြေးကို ပြောလိုက်၏။ "ရှောင်ဟူ မင်းလည်း အမြန်ဆုံး ကားမောင်းသင်ထားသင့်တယ်နော်"

ဝမ်ဟူ ဘာမှပြန်မပြောခဲ့။

သူတို့ မိသားစုခြံဝင်းထဲသို့ ရောက်သောအခါ ဟင်းလင်းပြင်မှာ ကားပါကင်ထိုးလိုက်ပြီး လုမိသားစုအိမ်သို့ လမ်းလျှောက်သွားခဲ့ကြသည်။

လူအုပ်ကြီးကြောင့် မိသားစုဝင်အများအပြားရဲ့ အာရုံကို ဆွဲဆောင်မိသွားချေပြီ။ လူအိုကြီးအုပ်စုအကြောင်း မပြောကြပါဘူးလေ... အထူးသဖြင့် လူငယ်လေး ဝမ်ဟူကို သူတို့တွေ့လိုက်ကြတဲ့အခါ မိသားစုခြံဝင်းရှိ ညီအစ်မတစ်သိုက်ဟာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

ဒီလူငယ်လေးက ဘယ်သူ့မိသားစုကလဲ? ...

သူ့အသက်ဘယ်လောက်ရှိပြီလဲ? ...

သူ ချိန်းတွေ့နေပြီလား? ...

သူ အခု ဘာအလုပ်လုပ်နေတာလဲ? ...

"ညီအစ်မချင်းရေ နင့်အိမ်ကို လာလည်ကြတာလား?"

"ဟေး အဲဒါက ဘယ်သူလဲဟင်? သူလည်း ငါတို့ကျွန်းဆီ ပြောင်းရွှေ့လာတဲ့ အရာရှိပဲလား? ဒါက သူ့အဖိုးအဖွားတွေလား?"

"သူက အသက်၂၀ ပဲရှိသေးတယ်ဆိုတော့ ခုထိ မချိန်းတွေ့ရသေးဘူးပေါ့နော် ဟုတ်တယ်မလား? အနာဂတ်မှာ ပိုကောင်းလာလိမ့်မယ်... ငါတို့ သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလို့ရတယ်နော်..."

…

မိသားစုခြံဝင်းရှိ ညီအစ်မတွေဟာ လက်တွဲဖော်မရှိသေးတဲ့ ဒီအရာရှိလူငယ်လေးကို တွေ့လိုက်ရတဲ့အခါ မျက်လုံးတွေတောက်ပလာကြ၏။ ဒါက အရင်းအမြစ်ကောင်းလေးပဲ... အနာဂတ်မှာ သူက ဘယ်မိသားစုရဲ့ သမီးကို လက်ထပ်လိမ့်မလဲဆိုတာ ဘယ်သူသိမလဲလေ...

စိတ်အားထက်သန်လှတဲ့ မိသားစုဝင်တွေရဲ့ စကားသံတွေကို လောင်ဝမ်ကြားလိုက်ရသည့်အခါ သူ့ရဲ့ ရှောင်ဟူလေးဟာ အချိန်အကြာကြီး ဆင်ဂယ်ဖြစ်နေမှာမဟုတ်မှန်း ချက်ချင်းသိသွားလေပြီ။ သူ သေချာပေါက်ကို စောစောအိမ်ထောင်ပြုဖြစ်မှာပဲ...

သူသည် လောင်လုအား 'ကြည့်စမ်း ငါ့မြေးလေးက လူကြိုက်များတယ်ကွ' ဆိုတဲ့ အကြည့်တစ်ချက်ပေးလိုက်လေ၏။

လောင်လု : "..."

သူ့မြေးလေးတွေက ပိုပြီးလူကြိုက်များတယ်လို့ လောင်လု တွေးလိုက်မိသည်။

"ကျေးဇူးပါဗျ မရီး။ ကျွန်တော် ချိန်းတွေ့ဖို့အကြောင်း မစဥ်းစားသေးဘူး" ဝမ်ဟူ တည်ငြိမ်စွာ ပြောလိုက်သည်။

xxx

All Chapters