အခန်း (၃၄၄-၃၄၅)
Vol. 28 Ch. 344-345
Ch-344
"ကျေးဇူးပါဗျ မရီး။ ကျွန်တော် ချိန်းတွေ့ဖို့အကြောင်း မစဥ်းစားသေးဘူး" ဝမ်ဟူ တည်ငြိမ်စွာ ပြောလိုက်သည်။
"ချိန်းတွေ့တဲ့အကြောင်း ငါဘာလို့မပြောနိုင်ရမှာလဲ? ငါ သင့်တော်တဲ့သူကို ရှာတွေ့တဲ့အခါ မင်းကို ပြောပြမှာပဲနော်။ ဒီနေရာမှာ မိသားစုဝင်တွေ အများကြီးရှိတာ။ မင်းလိုချင်တဲ့ပုံစံမှန်သမျှကို ငါတို့မိတ်ဆက်ပေးနိုင်တယ်။ အလှမယ်ပြိုင်ပွဲတွေအကြောင်း မင်းသိလား?"
"ငါတို့ကျွန်းမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်နော်။ ဒီနှစ် ငါတို့ကျွန်းဆီကို မိန်းမငယ်လေးအုပ်စုတွေ ရောက်လာကြတယ်၊ သူတို့က နောက်နှစ်အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်လို့ ပြောနေကြတာလေ..."
"အဲဒါတင်မကသေးဘူး၊ လောင်ရွှီအိမ်မှာလည်း ကောင်မလေးတွေရှိတာပဲ ဟုတ်တယ်မလား?"
"သူတို့လည်း အလှမယ်ပြိုင်ပွဲအတွက် ရောက်လာကြတာဖြစ်မယ်"
"သူတို့က အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်မလို့မဟုတ်ဘူး။ ဒီတိုင်း ကျွန်းကိုလာလည်ကြတာပဲ။ သူတို့ အလှမယ်ပြိုင်ပွဲမှာ ပါဝင်ချင်တယ်လို့ မပြောကြဘူး"
"ငါတော့မယုံပါဘူးဟယ်။ နင်ပဲ သူမရဲ့ စကားတွေနားထောင်နေလိုက်။ နောက်နှစ် အလှမယ်ပြိုင်ပွဲ စတင်တာနဲ့ သူတို့မိသားစုက စာရင်းသွင်းမှာ အသေအချာပဲ"
…
ဝမ်ဟူကတော့ ဒါတွေကို ဂရုမစိုက်ပါချေ။
သူ ဒီကိုရောက်လာတာ လက်တွဲဖော်ရှာဖို့မဟုတ်ဘဲ သူ့အသက်မွေးဝမ်းကြောင်းအတွက် တိုက်ပွဲဝင်ဖို့ လာခဲ့တာဖြစ်သည်။ လက်တွဲဖော်ရှာတာ၊ လက်ထပ်တာတွေက ဘာအရေးကြီးလို့လဲ? အဓိပ္ပါယ်မရှိတာတွေ...
သူ စစ်အကယ်ဒမီတက်တုန်းက အတန်းဖော်တော်တော်များများက လျှို့ဝှက်စွာ ကျောင်းအပြင်မှာ လက်တွဲဖော်တွေရှာကြပြီး တစ်နေ့တစ်နေ့ စာတွေရေးလိုက်၊ ဖုန်းတွေပြောလိုက်နဲ့ပဲ အလုပ်ရှုပ်နေကြသည်ပင်။ အဆောင်၌ ချစ်သဝဏ်လွှာတွေကို အော်ဖတ်ရတာသဘောကျတဲ့ လူတစ်ယောက်တောင်ရှိပါသေးသည်။ ထိုသူကြောင့် ဝမ်ဟူမှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရလေ၏။
သူကတော့ ချိန်းတွေ့တဲ့ကိစ္စတွေ စိတ်မဝင်စားပါချေ....
"ဖိုးဖိုး ဖွားဖွား!!!" လုစစ်ယောင်နှင့် လုစစ်နင်တို့ ကျောင်းမှ အိမ်ပြန်ရောက်သည်နှင့် လုကျုံးရီတို့ဇနီးမောင်နှံကို တွေ့လိုက်ရတဲ့အခါ အရမ်းပျော်သွားကြသည်။
"ဟေး ငါ့ရဲ့အချစ်တုံးမြေးမလေးတွေ ပြန်လာပြီပဲ၊ လောင်ဝမ်ရေ ငါ့ရဲ့ ချစ်စရာမြေးမလေးနှစ်ယောက်ကို လာကြည့်ပါဦးကွာ။ ဒါက အကြီးလေး သို့သို့ ဒါက အငယ်လေး ရုန်ရုန်..."
လုကျုံးရီက သူတို့ကို လောင်ဝမ်နှင့် မိတ်ဆက်ပေးဖို့ အစပျိုးလိုက်သည်။
လောင်ဝမ်က သည်းခံထားရပြီး လောင်လု ဂုဏ်ယူစေမယ့် ဘာစကားကိုမှမပြောမိရန် သူ့စိတ်ထဲမှာ တွေးနေမိသည်။
"မိန်းမရေ ငါ ဘာလို့ အမြဲတမ်းထူးဆန်းနေတယ်လို့ ခံစားနေရတာလဲ?"
လျောင်ပြည်နယ်မှ ရဲဘော်လောင်ကျန်းက ဒီမိသားစုခြံဝင်းသို့ ဝင်လာပြီးကတည်းက ထူးဆန်းနေသလို ခံစားနေခဲ့ရသော်လည်း ဘာထူးဆန်းနေမှန်းတော့ မပြောနိုင်သေးပေ။
"ဒီနေရာက အမျိုးသမီး မိသားစုဝင်တွေကို ရင်းနှီးနေသလို ခံစားရတယ်... အရင်က တစ်နေရာရာမှာ သူတို့ကို တကယ်တွေ့ဖူးနေသလိုပဲ" သူ ဒီနေရာကို တစ်ခါမှမရောက်ဖူးသော်ငြား ဒီလူတွေကိုတော့ ရင်းနှီးနေသလို ခံစားနေရသည်ပင်။
လောင်ကျန်းရဲ့ ဇနီးက နှာခေါင်းရှုံ့လျက် "ဘယ်မှာမြင်ဖူးရမှာလဲ? ရှင့်အိပ်မက်ထဲမှာ မြင်ဖူးတာလား?"
"ပေါက်ကရတွေလျှောက်မပြောနဲ့၊ ငါတို့တွေ အသက်တွေကြီးနေပြီနော်"
လောင်ကျန်းက သူ့နှာခေါင်းကို ကိုင်လိုက်ပြီး "ဟေ့! ငါတို့ သူတို့ကို TVမှာ မြင်ဖူးတာမလား? စကားမစပ် သူတို့တွေက ကျွန်းကို လာလည်တဲ့ ခရီးသွားတွေ မဟုတ်ဘူးလား?"
"ဘာလို့ သူတို့အားလုံးက မိသားစုဝင်တွေဖြစ်နေရပြန်တာလဲ?"
"ရှင်က အရူးပဲ၊ ဒါတွေအားလုံးက သရုပ်ဆောင်နေတာတွေပဲ!" လောင်ကျန်းရဲ့ ဇနီးက သူ့ကို သတိပေးလိုက်သည်။
လောင်ကျန်း : "... မင်းတို့အားလုံး တီဗီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြတာလား?"
"ငါတို့ အခုရိုက်ကူးနေတုန်းပဲ၊ လူတွေလိုနေပါသေးတယ်ဗျာ"
ယခင်ထုတ်လွှင့်ပြီးသွားတဲ့ အပိုင်း ၂၅ပိုင်းဟာ အလွန်ရေပန်းစားခဲ့တာကြောင့် ချင်းရို့နှင့် ရုပ်သံဌာနက နောက်ထပ် ၂၅ပိုင်းထပ်ရိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါ သူတို့ လက်ရှိရိုက်ကူးနေကြဆဲ...
"မိန်းမရေ ငါတို့လည်း ပျော်ပျော်ပါးပါး ပါဝင်ကြစို့! ငါတို့လည်း တီဗီမှာပေါ်လာနိုင်မလား?"
လောင်လု : "မင်းတို့နှစ်ယောက် သွားလို့ရတယ်။ မင်းတို့က အရှေ့မြောက်ခရီးသွားစစ်စစ်တွေပဲလေ"
လောင်ကျန်း : "..."
လောင်ဝမ် အကြံတစ်ခုပေးလာ၏။ "လောင်ကျန်းရေ မင်းနဲ့လိုက်ဖက်တဲ့ အောင်သွယ်တော်အဖြစ် သရုပ်ဆောင်လို့ရတာပဲ။ မင်းအောင်သွယ်ပေးလိုက်တဲ့ ကြင်စဦးဇနီးမောင်နှံက ခရီးထွက်လာကြပေမယ့် မင်္ဂလာဆောင်ဓာတ်ပုံရိုက်ရင်း ရန်ဖြစ်ကြပြီးတော့ မင်းလည်း ခက်ခဲသလို ခံစားရမယ်ပေါ့..."
လောင်ကျန်း : "..."
လုကျုံးရီက ရယ်မောလျက် "ဟေး လောင်ဝမ် မင်းက အတော်လေးတွေးတတ်တာပဲကွာ"
"ဟမ့် မင်းကပဲ အခြေအနေတွေခက်ခဲနေတဲ့သူဖြစ်မှာ။ လောင်ဝမ်ရေ မင်းရဲ့မြေးကို အောင်သွယ်ပေးဖို့အတွက် ငါ့ကို လိုချင်သေးလား?"
"စိတ်အားထက်သန်တဲ့ မိသားစုဝင်တွေ အများကြီးရှိနေတော့ မိတ်ဆက်ခိုင်းဖို့ မင်းကို ငါလိုအပ်သေးလို့လားကွ?"
…
လူအိုကြီးတစ်စု ဆူညံနေကြလျက်။ ချင်းရို့ ကျန်းဖျင်နှင့် တခြားသူတွေက အသားနှင့် အသီးအရွက်တွေဝယ်ရန် ကားမောင်းသွားကြ၏။ သိပ်မကြာမီတွင် လုယန် ပြန်ရောက်လာခဲ့သည်။
ညစာအဖြစ် အရသာရှိလှတဲ့ဟင်းလျာတွေကို စားပွဲနှစ်ခုအပြည့် ခင်းကျင်းပြင်ဆင်ထားသည်။ ဧည့်သည်တွေ များလွန်းလှ၍ အိမ်မှာပြည့်ကျပ်နေလေ၏။
ဟုတ်တာပေါ့ ချင်းရို့တို့မိသားစုမှာ မူလက စားပွဲတစ်ဝိုင်းအပြည့်စာ လူခြောက်ယောက်ရှိ၏။ ယခုအခါ နောက်ထပ် စုံတွဲသုံးတွဲနှင့် လူငယ်လေးတစ်ယောက်ရှိ၍ နောက်ထပ်စားပွဲထပ်ထည့်ရခြင်းပင်။
လောင်ကျန်းက လုယန်နှင့် ချင်းရို့တို့ကို ကြည့်ပြီးနောက် သူတို့ရဲ့ အမြွှာသားနှင့် အမြွှာသမီးလေးတွေကို ကြည့်လိုက်ပြီး ရုတ်တရက်ကြီး သူ့စိတ်ထဲမှာ မနာလိုဖြစ်မိသည်။
အတိတ်တုန်းက အဲဒီကောင်စုတ်လေး လုယန် ဘယ်လောက်ခက်ခဲခဲ့ကြောင်း သူသိထားသလို သူ့ကို နှိပ်စက်ဖို့ သူတို့ ငရုတ်သီးကို ရှာထားခဲ့ကြောင်းကို ပြန်တွေးမိသည်။ သို့သော် သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့နောက် ပင်ကိုယ်စရိုက်တွေ ပြောင်းလဲသွားကြပြီး သာယာပျော်ရွှင်တဲ့ဘဝကို နေထိုင်ကြလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲလေ။
သူတို့မှာ လိမ္မာရေးခြားရှိတဲ့ သားသမီးတွေလည်းရှိကြပြီး အကြီးဆုံးသားက အဆင့်တွေကောင်းသလို အမြဲတမ်း ပထမရသဖြင့် သူများမိသားစုရဲ့ "သား"အဖြစ် လူတိုင်းက ချီးကျူးကြသည်။ သူဟာ သူ့အဖေလိုမျိုး ချောမောခန့်ညားသူပင်။ သမီးရှင်မိသားစုတော်တော်များများက ဒီအဆီများများအသားတုံးကို ချောင်းနေကြလေ၏။
ဒုတိယသားလုဝေကျယ်ကိုတော့ လက်ရေးလှပါရမီရှင်တစ်ဦးဟု ခေါ်ကြသည်။ လူတွေအများကြီးက သူ့ကို နွေဦးပွဲတော်စာတန်းတွေ လာရေးခိုင်းတတ်ကြသည်။
လောင်ကျန်း သူရေးထားတာတွေကို တွေ့လိုက်ရသည့်အခါ တကယ်ပဲ လှပကြောင်း တွေ့ရှိခဲ့ရ၏။ ကလေးက သူ့အဖေနဲ့တူလို့ ချောမောခန့်ညားရုံတင်မက ဘတ်စကတ်ဘောကစားတာလည်း တော်ပေသည်။ လူတွေအများကြီးက ဒီအဆီတဝင်းဝင်းအသားတုံးကိုလည်း စောင့်ကြည့်နေကြသည်။
နောက်ဆုံးသမီးချောလေးနှစ်ယောက်အကြောင်း ပြောရပါလျှင်... ဒီကလေးမလေးတွေဟာ မိသားစုခြံဝင်းရှိ ယောကျ်ားလေးတိုင်း လက်ထပ်ချင်ကြတဲ့ မိန်းကလေးမျိုးပင်။ သူတို့က စကတ်လေးတွေဝတ်ကြပြီး ကျစ်ဆံမြီးလှလှလေးတွေရှိသည်။ သီချင်းလည်းဆိုနိုင်သလို ကလည်းကနိုင်ပြီး တယောလည်း တီးတတ်လေ၏။
…
လောင်ကျန်း လွန်စွာစိတ်ဓာတ်ကျမိကာ "လောင်လုရေ မင်း ငါ့ကိုကျေးဇူးတင်ရမယ်ကွာ၊ အဲဒီကို ဖုန်းခေါ်ပေးလိုက်တဲ့အတွက် မင်းငါ့ကို ကျေးဇူးတင်ရမယ်" လို့ ပြောလိုက်လေ၏။
"ဒါပေါ့ ဒါပေါ့ ဒါပေါ့ကွာ လောင်ကျန်းရာ မင်းကြောင့်သာမဟုတ်ရင် ငါတို့သားက ဒီလိုဇနီးကောင်းလေးနဲ့ လက်ထပ်နိုင်မှာမဟုတ်ဘူးလေ"
အကြီးအကဲတွေ ကျွန်းကိုရောက်လာကြသည်ဖြစ်၍ ချင်းရို့လည်း ရက်အနည်းအတွင်း ကျွန်းအနှံ့လိုက်လံပြသခဲ့သည်။ ပုလဲမွေးမြူရေးစက်ရုံနှင့် ပုလဲလက်မှုခြံကို သွားလည်ခဲ့ကြပြီး ပင်လယ်ရှုမျှော်ခင်းဟိုတယ်၌ ရက်အနည်းငယ်ကြာ တည်းခိုနေထိုင်ကြကာ ရေပူစမ်းစိမ်ဖို့ နန်ယွီရေပူစမ်းဟိုတယ်သို့ သွားခဲ့ကြသည်။
နောက်ဆုံးတော့ သူတို့အားလုံးက အသက်ကြီးနေကြပြီဖြစ်၍ သွေးပေါင်ချိန်တိုင်းပြီးနောက် ပုံမှန်ဖြစ်နေမှသာ ဆယ်မိနစ်ခန့် ရေစိမ်ခဲ့ကြပြီး ရေချိုးဝတ်ရုံလဲဝတ်ကာ ရေပူစမ်းမှာ စားလေ့ရှိကြတဲ့ စားဖွယ်ရာတွေကို စားသောက်ခဲ့ကြသည်။
ရေပူစမ်းဟိုတယ်သည် အလွန်တရာ လှပလေ၏။ ရိုးရိုးရှင်းရှင်းနှင့် ကြော့ရှင်းတဲ့ သစ်သားအိမ်တွေ၊ ကျောက်တုံးလေးတွေ၊ စိမ်းစိုစိုသစ်ပင်တွေနှင့် မီးခိုးရောင်နံရံတို့ဖြင့် ဝန်းရံထားတဲ့ ရေကန်ငယ်လေးနှင့် ရေပေါ် မြူထနေသည်မှာ ဒဏ္ဍာရီလာနတ်သမီးကျွန်းသဖွယ်...
"တကယ်ကို လှပတဲ့နေ့လေးတစ်နေ့ပဲ!"
ဒါ အရမ်းသက်တောင့်သက်သာရှိနေရောကွာ...
ဆောင်းတွင်းအလယ်ကြီးမှာ ဒီလိုမြင်ကွင်းမျိုး မြင်တွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ပင်။ ဆောင်းရာသီ၌ လောင်ကျန်း၊ လောင်ဝမ်၊ လောင်လုတို့ အတူတူထိုင်ကာ စကားစမြည်ပြောနေကြရင်း အခါခါ သက်ပြင်းချမိကြလျက်။
လောင်ဝမ် : "လောင်ကျန်းရေ မင်း အရင်ပြန်သွားလိုက်။ ငါတို့လင်မယားကတော့ မပြန်ဘဲ ရှောင်ဟူ လက်တွဲဖော်ရှာပြီးတဲ့အထိ ဒီမှာပဲနေမှာ"
လောင်ကျန်း အံ့အားသင့်သွားလျက် "မင်း နောက်နေတာလား?"
လောင်လု : "... မင်းရဲ့မြေးလေးက သူ့လက်တွဲဖော်ကို မြန်မြန်ရှာတွေ့မယ်လို့ မင်းထင်နေတာလား?"
လောင်ဝမ်က ဒီမှာနေပြီး သူ့မြေးကို ကြီးကြပ်စောင့်ကြည့်နေလို့ သူ့မြေးက မကြာခင် လက်ထပ်သွားနိုင်တော့မှာလား? ဒါဆို လောင်ဝမ်က သူ့မြစ်လေးချီရတော့မှာပေါ့?
လောင်ဝမ် ခေါင်းညိတ်ပြလျက် "ငါ့ရဲ့ ဝမ်မိသားစုဝင်အားလုံးက စောစောစီးစီးအိမ်ထောင်ပြုကြတာလေ!"
"ငါ့မြေးက မကြာခင် လက်ထပ်တော့မှာ။ ဒီတော့ ငါတို့လင်မယားလည်း မပြန်ခင် မင်္ဂလာပွဲတက်သွားရမှာပေါ့"
"ဒါဆို အခေါက်ခေါက်အခါခါ သွားလိုက်ပြန်လိုက်လုပ်ရတာ သက်သာသွားမယ်လေ"
လောင်ကျန်းတို့ဇနီးမောင်နှံ ပြန်သွားကြပြီးနောက် လောင်ဝမ်တို့ဇနီးမောင်နှံက သူတို့စုဆောင်းငွေတချို့နှင့် လုချန်မှာ အိမ်တလုံးဝယ်လိုက်၏။ သူတို့လင်မယားက အသက်ကြီးလာတော့ ကျွန်းမှာနေရတာ ကောင်းတယ်လို့ တွေးခဲ့ကြသည်။ ကျွန်းရှိ ဆောင်းရာသီမှာ မအေးလွန်းတာကြောင့် ဆောင်းရာသီတောက်လျှောက် သူတို့နေထိုင်ဖို့ သင့်တော်ပေသည်။
လုကျုံးရီနှင့် သူ့ဇနီး ကျန်းဖျင်တို့လည်း လုစုံတွဲ ဘေးနားက အိမ်တစ်လုံးကို ဝယ်ယူလိုက်သဖြင့် မိသားစုနှစ်စုဟာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြလေသည်။
xxx
Ch-345
လောင်ကျန်းတို့ဇနီးမောင်နှံ ပြန်သွားကြပြီးနောက် လောင်ဝမ်တို့ဇနီးမောင်နှံက သူတို့စုဆောင်းငွေတချို့နှင့် လုချန်မှာ အိမ်တလုံးဝယ်လိုက်၏။ သူတို့လင်မယားက အသက်ကြီးလာတော့ ကျွန်းမှာနေရတာ ကောင်းတယ်လို့ တွေးခဲ့ကြသည်။ ကျွန်းရှိ ဆောင်းရာသီမှာ မအေးလွန်းတာကြောင့် ဆောင်းရာသီတောက်လျှောက် သူတို့နေထိုင်ဖို့ သင့်တော်ပေသည်။
လုကျုံးရီနှင့် သူ့ဇနီး ကျန်းဖျင်တို့လည်း လုစုံတွဲ ဘေးနားက အိမ်တစ်လုံးကို ဝယ်ယူလိုက်သဖြင့် မိသားစုနှစ်စုဟာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြလေသည်။
လုချန်မှာ မကြာသေးမီကမှ ဆောက်လုပ်နေဆဲဖြစ်သလို စီးပွားရေးအိမ်ရာအများအပြားကိုလည်း ဆောက်လုပ်နေကြပြီဖြစ်သည်။ ချင်းရို့တို့ဇနီးမောင်နှံလည်း သုံးနေရာဝယ်ယူလိုက်ကာ ပြန်လည်မွမ်းမံပြီးနောက် ရံဖန်ရံခါ လာရောက်နေထိုင်ကြပေမည်။
ယခုအခါ လုချန်၌ အိမ်ရာစျေးနှုန်းတွေက သိပ်စျေးမကြီးသေး၊ တစ်စတုရန်းမီတာလျှင် တစ်ထောင်အောက်သာရှိသေးသည်။ နှစ်အနည်းငယ်ကြာရင်တော့ ကျွန်းပေါ်ရှိ အိမ်ရာစျေးနှုန်းတွေလည်း မြင့်တက်လာပေလိမ့်မည်။
ချင်းရို့သည် ကျွန်းပေါ်က အိမ်ခြံမြေလုပ်ငန်းအတွက် အချိန်ပေးဖို့ရာ အစီအစဉ်မရှိခဲ့။
၁၉၈၆ခုနှစ်တွင် ချင်းရို့က ရွှင်ရို့အလှကုန်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ပုလဲအသားအရေထိန်းသိမ်းရေးထုတ်ကုန်ထုတ်လုပ်ရေးလိုင်းကိုဖွင့်လှစ်ကာ ပုလဲmask၊ ပုလဲအဆီအနှစ်ခရင်မ်နှင့် အခြားထုတ်ကုန်များစွာကို ထုတ်လုပ်ခဲ့သည်။
အချိန်သည်ကား လျင်လျင်မြန်မြန်ပင် ၁၉၈၈ခုနှစ်သို့ ရောက်ရှိသွားလေပြီ...
ယခုနှစ်၌ လုဝေကျိုးတို့ညီအစ်ကိုက အသက်၁၆နှစ်၊ လုစစ်ယောင်တို့ညီအစ်မက အသက်၁၁နှစ် ရှိပြီဖြစ်၏။ အစ်ကိုကြီးလုဝေကျိုးက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန် အတန်းတစ်တန်းကို ကျော်ပစ်ခဲ့သည်။
ထိုနှစ်နွေရာသီတွင် ဟွာချင်းတက္ကသိုလ်၏ ဘဏ္ဍာရေးဌာနကို ဝင်ခွင့်ရခဲ့သည်။ သူ ဝင်ခွင့်အကြောင်းကြားစာကို လက်ခံရရှိချိန်တွင် ချုံကျိုးကျွန်းကို သီးခြားပြည်နယ်တစ်ခုအဖြစ် တည်ထောင်တော့မည်ဖြစ်ကြောင်း သတင်းများစွာလည်း ထွက်ပေါ်နေလေ၏။
ထိုအချိန်မှစ၍ ကျွန်းပေါ်ရှိလူတွေလည်း ကွမ်တုံလူမျိုးတွေအဖြစ်မှ ဟိုင်နန်လူမျိုးတွေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လူတွေငယ်ငယ်တုန်းက ကွမ်တုံလူမျိုးတွေဖြစ်ခဲ့ကြပြီး ကြီးပြင်းလာတဲ့အခါ ဟိုင်နန်လူမျိုးတွေဖြစ်လာကြတယ်လို့ ဆိုကြ၏။ သူတို့တွေ ဟိုင်နန်လူမျိုးတွေဖြစ်သွားတယ်ဆိုရင်တောင်မှ ကန်တုံစကားကို ကောင်းကောင်းပြောတတ်ကြသည်ပင်။
အသက် ၁၆နှစ်အရွယ် လုဝေကျိုးသည် ချောမောခန့်ညားသော ကောင်လေးအသွင် ကြီးပြင်းလာခဲ့သည်။ ရိုးရိုးရှင်းရှင်းရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး ခြေတံရှည်ရှည်တို့ဖြင့် ကျောင်းဝင်းအတွင်း လမ်းလျှောက်လာသည့်အခါ မိန်းကလေးများစွာရဲ့ အာရုံစိုက်ခြင်းကို ခံနေရတော့သည်။
ချင်းရို့တို့ဇနီးမောင်နှံ၊ လုဝေကျယ်၊ သို့ရုန်ညီအစ်မ၊ ဝမ်နျန်နျန်၊ ထျောင့်ထျောင့်၊ သွင်းသွင်းတို့အားလုံး လုဝေကျိုးကို မြို့တော်သို့သွားသည့်ရထားပေါ်တင်ပေးရန် ကွမ်ချန်သို့ သင်္ဘောစီးပြီး အတူတူလိုက်ပါလာခဲ့ကြသည်။ "မားတို့ ပြန်သွားချင်ကြသေးတာလား? ဘာလို့ သားနဲ့အတူတူ မြို့တော်ကို မလိုက်ခဲ့တာလဲ?"
လုဝေကျိုးသည် သူ့မိသားစုကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်သည်။
ချင်းရို့ သူမရှေ့က သားကြီးကိုကြည့်၍ ကျေနပ်ဂုဏ်ယူနေမိသည်။ တစ်ချိန်က စကားပြောဖို့ သင်ယူနေရတဲ့ ကလေးလေးဟာ တက္ကသိုလ်ဝင်ခွင့်ရသွားခဲ့ပြီ။ သူက သူ့မိဘတွေဆီမှ ထွက်သွားတော့မည်ဖြစ်ပြီး သူပိုင်ဆိုင်သည့် ကောင်းကင်ပြာပြာကြီးဆီသို့ ပျံသန်းသွားတော့မည်ပင်။
"ဝေကျိုး သား အခုကစပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်!"
လုယန် : "မင်းကိုယ်မင်း ဂရုစိုက်၊ မိဘတွေကိုလွမ်းရင် ဖုန်းဆက်ပေါ့"
လျိုထျောင့်ထျောင့် : "ဝေကျိုးကော နင် စာပြန်ရေးရမယ်နော်။ မြို့တော်ရဲ့ ဓာတ်ပုံတွေကိုလည်း ပို့ပေးဦး၊ ပြီးတော့ အဲဒီက စားကောင်းသောက်ဖွယ်တွေ၊ ပျော်စရာကောင်းတာတွေကို ပြန်ပြောပြရမယ်နော်။ နှစ်ကုန်လို့ ကောပြန်လာရင် ဒေသထွတ်ကုန်တွေ ယူလာဖို့ မမေ့ရဘူးနော်!"
ကျန်းသွင်းသွင်း : "ထျောင့်ထျောင့် နင် ဘာလို့ ဒီလောက်လောဘကြီးနေတာလဲ?"
"နင့်အပူပါလား!"
ဝမ်နျန်နျန်က လုဝေကျိုးအား "လုဝေကျိုး၊ ဘေားကင်းလုံခြုံတဲ့ခရီးဖြစ်ပါစေနော်!" လို့ ပြောလိုက်၏။
လုဝေကျိုး ခေါင်းညိတ်ပြလျက် "ငါ စာပြန်ပို့ပါ့မယ်"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယောင်ယောင်လေးပြုံးလိုက်ကြသည်။
၁၅နှစ်အရွယ် ဝမ်နျန်နျန်လေးဟာ ချင်းရို့နှင့် အရပ်အမောင်းတူနေပြီဖြစ်၏။ သူမလေးက အဝါဖျော့ရောင်ဂါဝန်လေး ဝတ်ဆင်ထားကာ ပုခုံးနှစ်ဖက်ပေါ်တွင် အနက်ရောင်ကျစ်ဆံမြီးထူထူလေးကျနေလျက်။ သူမလေးက အကသင်ယူနေသည်ကြောင့် အမြဲတမ်း နူးညံ့သိမ်မွေ့သော စိတ်ထားရှိ၏။
"ကော ကော ... ကော ငါ့ဆီ ဖုန်းခေါ်ရမယ်နော်"
လုဝေကျိုး တက္ကသိုလ်သွားတက်ရတော့မှာကို စိတ်အပျက်ဆုံးဖြစ်ရသူမှာ သူ့ညီလေး လုဝေကျယ်ပင်။ ညီအစ်ကိုနှစ်ဦးဟာ သူတို့မာမားဗိုက်ထဲမှာကတည်းက အတူတူရှိခဲ့ကြသလို နှစ်ပေါင်းများစွာ မခွဲမခွာ အတူတူကြီးပြင်းလာခဲ့သည်ဖြစ်၍ ခွဲလို့ပင်မရချေ။ ယခုတော့ သူ့အစ်ကိုကြီးက ဟိုးဝေးလံတဲ့မြို့တော်မှာ တက္ကသိုလ်သွားတက်ရန် အိမ်ကနေ တစ်ယောက်တည်းထွက်သွားတော့မှာဖြစ်သဖြင့် လုဝေကျယ်သည် သူပျော်နေပါတယ်လို့ ပြောမထွက်နိုင်ဘဲ အလွန်တရာ စိတ်ပျက်အားလျော့နေသည်ကိုသာ ခံစားနေခဲ့ရသည်။
"ဖက်ထုပ်လေး နောက်နှစ် မင်းတက္ကသိုလ်တက်တဲ့အခါ မင်းရဲ့ကောကောကို လာတွေ့နော်"
"ဟမ့် ငါ ကောကိုရှာဖို့ လာမှာမဟုတ်ပါဘူးနော်!"
"နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ကောင်းကောင်းကြိုတင်ပြင်ဆင်ထားဦး၊ မင်းကောကော အရှက်မကွဲရအောင်လို့ စာစီစာကုံးမှာ ဇီးရိုးမရစေနဲ့နော်"
"စိတ်ရှုပ်စရာပဲ။ မြန်မြန်သွားတော့၊ သွားတော့ အဘွားကြီးလုဝေကျိုးရေ"
"ကော ငါ့နားမှာ လာရှုပ်မနေရင် အကောင်းဆုံးပဲ!"
လုယန် : "ရထားထွက်တော့မယ်"
လုဝေကျိုး ရထားပေါ်တက်သွားခဲ့ပြီး သူတို့အားလုံးကို ပြတင်းပေါက်မှတဆင့် လက်ဝှေ့ယမ်းနှုတ်ဆက်လာ၏။ ဝီစီသံထွက်ပေါ်လာပြီးနောက် ရထားကြီး စတင်ခုတ်မောင်းသွားချေပြီ။ ရထားတွဲက တဖြည်းဖြည်း ဝေးကွာသွားကာ ရထားပေါ်ရှိလူတွေရဲ့ အရိပ်တွေလည်း ပျောက်ကွယ်သွားတော့သည်။
ရထားဘူတာမှ ထွက်ခွာခဲ့ပြီးနောက် ချင်းရို့ ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျနေတာကြောင့် သူမ လုယန်ရဲ့လက်ကို ကိုင်ထားခဲ့သည်။ အားလုံးလည်း စကားတစ်ခွန်းမှမဆိုကြဘဲ ကွမ်ချန်ရှိ လူနေရပ်ကွက်သို့ ပြန်လာခဲ့ကြသည်။
ချင်းရို့ အိမ်ပြန်ရောက်သောအခါ လုဝေကျယ် မျက်လုံးတွေ နီရဲနေမှန်း တွေ့ရှိလိုက်ရလေ၏။ သူတို့ဖက်ထုပ်လေးဟာ ငယ်ငယ်တုန်းက အငိုအိတ်လေးဖြစ်ခဲ့ပေမယ့် မူလတန်းစတက်ကတည်းက သူငိုတာကို ချင်းရို့မတွေ့ခဲ့ရသည်မှာ ကြာလှချေပြီ။
"မား သား နေလို့အဆင်မပြေဘူး"
"ကောက သားကို ထားခဲ့ပြီး ထွက်ပြေးသွားပြီ"
…
လုဝေကျယ် အိမ်ပြန်ရောက်သည်နှင့် သူ့ကောကောအကြောင်းကို ပိုတွေးလေလေ ပိုမှားယွင်းလာသလိုခံစားရသည်။ သူတို့နှစ်ယောက်က မွေးကတည်းက အမြွှာတွေဖြစ်တာကြောင့် အမြဲတမ်း အတူတူရှိနေခဲ့ကြသည်လေ။
သူ့ကောကောက ဘာလို့ သူ့ကိုထားခဲ့ပြီး တက္ကသိုလ်သွားတက်ရတာလဲလို့? သူ နောက်တစ်နှစ်လေးတောင် မစောင့်နိုင်တော့ဘူးလား? သူ လူဝင်စားဖို့ အလျင်လိုနေတာလားလို့?
ချင်းရို့က သူမသားငယ်လေးရဲ့ မကျေနပ်ချက်တွေကို နားထောင်ပြီးတဲ့နောက် ရယ်ရခက် ငိုရခက်ဖြစ်သွားရ၏။ ထို့ကြောင့် သူမ သူ့ကို ပွေ့ဖက်ကာ ညင်ညင်သာသာလေး နှစ်သိမ့်ပေးလိုက်သည်။
"သားရဲ့ကောကောကို အဖော်ပြုပေးဖို့ နောက်နှစ် သားလည်း ကောလိပ်တက်ရမှာပဲလေကွယ်"
"သား ဟွာချင်းတက္ကသိုလ်ကို မလျှောက်ပါဘူးနော်!"
လုဝေကျယ် သူ့နှာခေါင်းကို ပွတ်သပ်လိုက်၏။ သူ့စိတ်ခံစားချက်တွေဟာ မြန်မြန်လာပြီး မြန်မြန်ပြန်ထွက်သွားချေပြီ။ သူ ခေါင်းလှည့်ကာ မျက်လုံးထောင့်က မျက်ရည်စတွေကို သုတ်လိုက်သည်။
သူ့အသံက အနည်းငယ်ပြာနေကာ "မား တခြားသူတွေကို မပြောနဲ့နော်"
လုမိသားစု ဒုတိယသားဟာ သူ့ကောကော ထွက်သွားတာကြောင့် ငိုမည်မဟုတ်ပေ။
ချင်းရို့ : "... သားပါပါးကိုပဲ ပြောပြမယ်"
လုဝေကျယ် ခုန်ပေါက်လျက် "ဘယ်သူမှမပြောရဘူးလို့!"
"ဘယ်သူမှ မပြောရဘူးလား?"
အခန်းအပြင်ဘက်ကနေ ခေါင်းလုံးလုံးလေး ပြူထွက်လာလေ၏။ သူကတော့ လုစစ်ယောင်လေးပါပဲ...
သူမအပေါ်တွင် နောက်ထပ်ဦးခေါင်းလေးတစ်လုံး ထပ်တင်ထားလျက်။
"ရုန်ရုန်ရော သို့သို့ကျဲရော ဖက်ထုပ်ကောကော ငိုနေတာကို မမြင်ပါဘူးနော်"
လုဝေကျယ် ဒေါသတကြီးဖြင့် "နင်တို့ ဘာတွေ့လိုက်လဲ?"
သူက အော်ဟစ်ကာ အဆိုးလေးနှစ်ယောက်ကို နောက်ကို ပြေးလိုက်လေတော့သည်။
"ကောကော ငိုနေတယ်၊ ကောကော ငိုနေတယ်!!"
"ရှက်စရာကြီး!!"
"မပြေးနဲ့!! နင်တို့နှစ်ယောက်ကတော့!!"
လုစစ်နင်က သူမရဲ့ သစ်သားဓားနှင့် ရယ်မောရင်း ပြေးလွှားနေ၏။ ခွေးခြေခုံပေါ်မှာ ထိုင်နေသော ဝမ်နျန်နျန်က သည်မောင်နှမသုံးယောက် ပြေးလွှားနေတာကို ကြည့်ရင်း မရယ်မောဘဲမနေနိုင်တော့ချေ။
လျိုထျောင့်ထျောင့်နှင့် ကျန်းသွင်းသွင်းတို့ကတော့ တီဗီကိုသာ စွဲလမ်းနေကြသည်။
အပြင်မှာ ရယ်မောသံတွေ ကြားလိုက်ရ၍ ဘေးအိမ်က တံခါးပွင့်သွားသော်လည်း သူတိူ့ ဘယ်သူ့မှကိုမမြင်လိုက်ရသေးခင်မှာပင် ရယ်မောသံတွေဟာ တဖြည်းဖြည်း ပိုပိုဝေးသွားခဲ့ပြီ။
လုဝေကျိုး မြို့တော်သို့ရောက်ပြီး ကျောင်းကို အရင်ဆုံးသတင်းပို့လိုက်၏။ ထို့နောက် အိမ်ကို ဖုန်းခေါ်ခဲ့သည်။ သို့သို့ ရုန်ရုန်တို့က ဖုန်းဖြေဖို့ အပြေးအလွှားရောက်လာကြကာ
"ကောကော ကောကော သိရဲ့လား? ကောကော ထွက်သွားပြီးတော့ တစ်ယောက်ယောက်က ငိုပါလေရော!!"
"တကယ်လား?" လုဝေကျိုးရဲ့ နှလုံးခုန်သံ နည်းနည်းနှေးကျသွားကာ သူ့ပါးစပ်ထောင့်မှာ အပြုံးလေးတစ်ခု ပေါ်လာလေ၏။
"ဖက်ထုပ်ကောကောလေ ငိုနေတယ်!!!"
"အာ့ကော သူက ကောကို အရမ်းလွမ်းနေတာ"
လုဝေကျိုး : "..."
"ငါ မဟုတ်ဘူး! ငါ မဟုတ်ဘူးနော်! လုဝေကျိုး ကော သူတို့လျှောက်ပြောနေတာတွေကို နားမထောင်နဲ့နော်!!! ယောကျ်ားကောင်းတစ်ယောက်က သွေးထွက်ရင်တောင် ဘယ်တော့မှ မျက်ရည်မကျဘူးကွ!"
လုဝေကျိုး : "ဝေကျယ် ကောလည်း မင်းကို အရမ်းလွမ်းပါတယ်ကွာ"
"ကော ငါ့ကို လွမ်းလို့ ရထားပေါ်မှာ တိတ်တိတ်လေးငိုခဲ့သေးလား?"
လုဝေကျိုး : "..."
ဖုန်းတစ်ဖက်ခြမ်းမှ လုဝေကျယ် အော်ပြောနေလျက် "ကော ငိုခဲ့တာလား? ငိုခဲ့လားလို့? ငါတို့က ညီအစ်ကိုတွေ ဟုတ်ပါသေးတယ်နော်?"
"ငိုတယ် ငိုတယ်ကွာ"
"မယုံဘူး! နောက်တစ်ခါ ကောပြန်လာရင် ငါ့အတွက် ငိုရမယ်!!"
"နောက်နှစ် ငါ ကောလိပ်တက်ရင် ကော ငါ့ကိုတွေ့ရမှာပဲ!! ကော ငါ့အတွက်ငိုရမယ်!!"
xxx