← Chapters

Extra 7- Extra 8

Vol. 29 Ch. 355-356

Extra 7- Extra 8

Vol. 29 Ch. 355-356

အချပ်ပို ၇

ကျန်းအာ့ဟန် ခေါင်းခါပြလိုက်၏။ "ငါ ဝမ်နျန်နျန်ကို မကြိုက်ပါဘူး"

"ငါ ခုထိ ဘယ်သူ့ကိုမှမကြိုက်သေးဘူး"

"ငါလည်း နင်နဲ့အတူတူပဲ။ ငယ်ငယ်ကတည်းက ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူး။ အရမ်းသနားစရာကောင်းတာပဲနော်"

လျိုထျောင့်ထျောင့်က မိကျောင်းမျက်ရည်ကျဟန်ဆောင်၍ "ဝမ်နျန်နျန်က ငါတို့နှစ်ယောက်ထက် အသက်ငယ်ပေမယ့် သူမက အရင်အိမ်ထောင်ကျသွားပြီ။ သူတို့နှစ်ယောက်က ငယ်ကျွမ်းဆွေတွေ၊ အရမ်းလည်းလိုက်ဖက်ကြတယ်။ ဘယ်လောက်တောင်မနာလိုစရာကောင်းလိုက်သလဲ!"

"ငါတို့နှစ်ယောက် အတူတူရှိလာကြတာ အနှစ်နှစ်ဆယ်ကျော်ပြီနော်။ ငါ တစ်ခါမှတောင် မချိန်းတွေ့ဖူးသေးဘူး!"

ကျန်းသွင်းသွင်း : "..."

​

"ငါ ဆက်ဆံရေးတစ်ခုရဲ့ ခံစားချက်ကို တကယ်စမ်းကြည့်ချင်တယ်"

"ငါတို့နှစ်ယောက် စမ်းကြည့်ကြရင်ရော ဘယ်လိုလဲ"

"နင် ရက်အနည်းငယ်လောက် ငါ့ရဲ့ပါတနာလုပ်ပေးလေ။ ဘာပဲပြောပြော ငါတို့က တစ်ယောက်အကြောင်းတစ်ယောက်သိပြီးသားမို့ အတူတူအိပ်တာက အဆင်ပြေတာပဲ"

လျိုထျောင့်ထျောင့် ဒီအကြောင်းကို ပိုတွေးလေလေ ဖြစ်နိုင်တယ်လို့ ပိုခံစားလာရသည်။

ကျန်းအာ့ဟန် ပါးစပ်တွန့်သွားရလျက် "မင်းရူးနေလား"

"သာမန်လူတစ်ယောက်က ငါ့ကို ချဉ်းကပ်လာရင် ငါ သူ့ကို ဆော်ပလော်တီးပစ်ချင်တာ။ ဒါပေမဲ့ နင်ကတော့ မတူဘူး။ ငါတို့က ညီအစ်ကိုတွေလို စိတ်သဘောထားတူကြပြီး ဘောင်းဘီတစ်ထည်အတူတူဝတ်ပြီး ကြီးပြင်းလာခဲ့တာလေ။ ငါ့ကို လက်တွဲဖော်ရှိတဲ့ ခံစားချက်မျိုး ပေးကြည့်စမ်းပါ"

ချင်းရို့ရဲ့ ဘဝလေးဟာ အလွန်အေးချမ်းသာယာခဲ့သည်။

သားအကြီးဆုံး အိမ်ထောင်ကျသွားသဖြင့် ဘာမှစိတ်ပူစရာမလိုတော့။ ချွေးမလေးဖြစ်တဲ့ ဝမ်နျန်နျန်ကိုလည်း သူမ အရမ်းကိုကျေနပ်သဘောကျပေသည်။ သူတို့လင်မယားနှစ်ယောက် လက်ထပ်ပြီးနောက် ကွမ်ချန်မှာ နေထိုင်ခဲ့ကြသည်။ သိပ်မကြာခင်မှာပဲ ဝမ်နျန်နျန်မှာ ကိုယ်ဝန်ရှိလာ၍ သူမကို ပြုစုဖို့ နို့ထိန်းတစ်ဦးကို ငှားပေးထားလိုက်၏။

... အသက်လေးဆယ်ကျော်အရွယ်လေးနဲ့ အဖွားဖြစ်လာရလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပေ။

ချင်းရို့ ထိုအကြောင်းကိုသိပြီးနောက် သူမကိုယ်သူမ မှန်ကြည့်ရင်း သူမသည် အဖွားဖြစ်လာရင်တောင် နုပျိုလှပတဲ့အဖွားဖြစ်နေဆဲပဲဆိုတာ တွေ့ရှိလိုက်ရလေသည်။

ဘဝဟာ ပုံမှန်အတိုင်း ဆက်သွားနေလေရဲ့။ အလုပ်ပြီးသွားသည့်နောက် သူမက လုယန်နှင့်အတူတူ ခြံဝင်းကို ဂရုတစိုက်ပြုစုခဲ့ပြီး အားလပ်ချိန်တွေမှာ ကလေးတွေဆီ သွားလည်ခဲ့သည်။ သာယာအေးချမ်းပြီး သဟဇာတရှိသော နှစ်များပင်...

သူမဟာ မှန်ထဲတွင် လုံးဝမအိုသေး။ သူတို့မှာ အားလပ်ချိန်များစွာရှိ၍ အနှီစုံတွဲဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခဲ့ကြသည်။ လုယန်က သူမနဲ့အတူ လေ့ကျင့်ခန်းလုပ်နေသဖြင့် သူ့ကြွက်သားတွေကိုလည်း ကောင်းစွာထိန်းသိမ်းထား၏။ ချင်းရို့တောင်မှ သေသပ်လှပတဲ့ ကြွက်သားလိုင်းတွေ ပေါ်လာလေရဲ့။

လင်မယားနှစ်ယောက် အတူတူအိပ်စက်ကြတဲ့အခါ သန့်ရှင်းချောမွေ့ပြီး သန်မာတဲ့ကြွက်သားတွေအချင်းချင်း ထိမိကြသည်လေ။

လုယန်ရဲ့ ကြွက်သားမာမာတွေဟာ အလွန်ချောမွေ့နေပြီး ငယ်ငယ်က ခံစားချက်နှင့်မတူပေ။ အရင်က သူတို့ လောင်လျို၊ လောင်ကျန်း၊ လောင်ဝမ်တို့မိသားစုနှင့်အတူ ကမ်းခြေသွားခဲ့ကြစဥ် ရေကူးရာမှပြန်လာကြတဲ့အခါ ရဲဘော်လောင်ကျန်းက လေ့ကျင့်ခန်းလုပ်ပြီး ရဲဘော်လောင်လုထက် ပိုလှပတဲ့ကြွက်သားတွေရှိလာအောင်လုပ်မယ်လို့ ကြွေးကြော်ခဲ့ဖူးသည်။

ကျန်းချန်ပေ့ : "နောက်နှစ်ကျရင် ငါ့ကြွက်သားတွေထွက်အောင်ကြိုးစားထားပြီးတော့ လောင်လုရှေ့မှာ ကြွားပြဦးမှာ"

"အဲဒါတွေက ဘယ်သူ့မှာရောမရှိလို့လဲ"

"ငါငယ်ငယ်တုန်းက ရှိခဲ့တာပဲ!"

…

ဆရာမဟွမ်က သူလျှောက်ပြောနေတာကို ပြန်တွေးကြည့်ရင်း "ရှင် ငယ်ငယ်တုန်းကလည်း အများကြီးမရှိခဲ့ပါဘူး"

ငယ်ငယ်တုန်းကတောင် ကြွက်သားတွေရအောင် မလုပ်နိုင်ရင် အခု ဒီအသက်အရွယ်မှာ ရှင့်ဘော်ဒီကို ထရိန်းနိုင်မှာတဲ့လား?

ဘာလို့စိတ်ရှုပ်ခံနေမှာလဲ?

လောင်လျိုနှင့် လောင်ဝမ်ကတော့ မနှိုင်းယှဥ်ကြပေ။ ငယ်ငယ်ကတည်းက ပိန်ပိန်ရှည်ရှည် လျိုခိုင်က အခုထိ အရပ်ရှည်ပြီး ပိန်ပါးနေဆဲ။ လောင်ဝမ်ကတော့ ပိုဝလာပြီး လောင်ကျန်းလည်း... ပိုလို့တောင် ဝလာပါသေးသည်။

အမှန်တကယ်တော့ သူတို့သုံးယောက်လုံး ကြည့်ပျော်ရှုပျော်ရှိကြပါ၏။ အနည်းဆုံးတော့ သူတို့မှာ ဗိုက်ခေါက်ထူထူကြီးတွေမရှိသေးဘူးလေ။

ကျန်းချန်ပေ့က ကိုယ်ကာယလေ့ကျင့်ခန်းကို စွဲစွဲလန်းလန်းဖြစ်နေပေမယ့် ဟွမ်ရှင်းရင်ကတော့ သူမရဲ့ အိမ်ကို ပိုပိုပြီးဂရုစိုက်တတ်လာသည်။ သူတို့မိသားစုက အိမ်နှင့် ခြံဝင်းကိုပြန်လည်ဆေးသုတ်ရန် ငွေသုံးခဲ့သည်။ သူမအသက်အရွယ်ရလာတာကြောင့်လား မသိပါချေ၊ ဆရာမဟွမ်သည် ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရတာကို သဘောတွေ့လာ၏။

သူမက ခြံထဲမှာ ဟင်းသီးဟင်းရွက်အတွက် လယ်ကွက်ကြီးတစ်ကွက် ထယ်ထိုးကာ နေ့တိုင်း တက်ကြွစွာ ရေလောင်းပေါင်းသင်မြေသြဇာဖြည့်ပေးနေတတ်သည်။

သူမ ဟိုဘက်အိမ်က ချင်းရို့ကိုတွေ့ရင်လည်း ခဏလောက် စကားစမြည်ပြောလိမ့်မည်။

ဆရာမဟွမ်က ခရမ်းချဥ်သီးတွေကို စိုက်ပျိုးချင်ပေသည်။ အနီရဲရဲခရမ်းချဥ်သီးတွေက အရမ်းလှတာကြောင့်ပါသတဲ့လေ။ နေရောင်အောက်မှာဆို ခရမ်းချဉ်သီးအနီလေးတွေက လှပတဲ့ကျောက်နီနီလေးတွေအလား။ ဟိုဘက်အိမ်က ခရမ်းချဉ်သီးတွေကိုကြည့်ရင်း သူမအမြဲအားကျနေခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

အခုတော့ သူမကိုယ်တိုင် စိုက်ပျိုးရတော့မှာပဲ။

ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတာအပြင် ဆရာမဟွမ် စိုးရိမ်နေတာရှိပါသေးသည်။ ဟိုဘက်အိမ်က ရှောင်ချင်းက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အဖွားဖြစ်လာတော့မယ်ဆိုပဲ... အတိတ်ကိုပြန်တွေးကြည့်ပါက ရှောင်ချင်းတို့ မိသားစုခြံဝင်းကို ပြောင်းလာချိန်တုန်းက သူမရဲ့ သားအကြီးဆုံးက ထမင်းဟင်းချက်ကူနိုင်တဲ့အထိ ကြီးနေပြီလေ။

အခု သူတို့သားကြီးက အိမ်ထောင်ကျသွားပြီဆိုပေမဲ့ သူမသားကြီးကတော့...

သူ့မှာ မုတ်ဆိတ်မွေးတွေရှိနေသဖြင့် ဘေးအိမ်က ရှောင်ချင်းထက် အသက်ပိုကြီးနေပုံရပြီး သူ့ကို ရှောင်ချင်းရဲ့ ဦးလေးလို့ ပြောရင် လူတွေ ယုံကြမယ်လို့ သူမခန့်မှန်းမိသည်။

ဟွမ်ရှင်းရင် : "..."

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?

သူမက အဖွားဖြစ်တော့မည်ဖြစ်သော်လည်း ငယ်ရွယ်နုပျိုလှပနေဆဲ။ အချိန်ဟာ သူမအတွက် ဘာမှမဟုတ်သည့်နှယ်။ သူမနှင့် မစ္စတာလုတို့ဟာ ဟိုးတုန်းကလိုပဲ ချစ်ခင်နေကြဆဲ၊ အချင်းချင်းနားလည်မှုရှိနေကြဆဲဖြစ်၍ လူတွေကို အားကျစေသည်။

"လောင်ကျန်းရေ ကျွန်မတို့ကလေးတွေ ဘယ်တော့အိမ်ထောင်ပြုကြမှာလဲ"

ကျန်းချန်ပေ့ အလေးမနေရင်း "သားကြီးနဲ့ ဒုတိယသားကတော့ မျှော်လင့်ချက်သိပ်မရှိဘူး။ တတိယလေးအပေါ်ပဲ မူတည်နေတယ်"

"စန်းယိုက ငယ်ငယ်လေးကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ သူ ကောလိပ်စတက်ကတည်းက လက်တွဲဖော်နှစ်ယောက်တောင် ပြောင်းပြီးသွားပြီလေ"

ပြောရမှာထူးဆန်းပေမယ့် သားကြီးနှင့် ဒုတိယသားမှာ မိန်းကလေးကံမပါသော်လည်း တတိယလေးကတော့ သူ့နာမည်အတိုင်း သူ့မှာ အရာရာပြည့်စုံပြီး မိန်းကလေးတွေကြားမှာ အရမ်းနာမည်ကြီးတာကြောင့် မကြာခဏ လက်တွဲဖော်ပြောင်းနေတာကိုပဲ စိုးရိမ်နေရသည်လေ။

ဟွမ်ရှင်းရင် : "သူ မကြာခင် တည်ငြိမ်နိုင်မယ်လို့ ကျွန်မမျှော်လင့်ရုံပဲရှိတော့တာပေါ့"

"တရားဝင်အသက်ပြည့်သွားရင် သူအိမ်ထောင်ပြုလို့ရပြီပဲ၊ မိန်းကလေးကို တာဝန်ယူရမှာပေါ့"

ကျန်းချန်ပေ့ သက်ပြင်းချ၍ "ငါတို့လင်မယားကတော့ ကိုယ့်သားတွေအတွက် မှန်ကန်တဲ့နာမည်ကို ရွေးခဲ့ကြတာပဲ။ အကြီးဆုံးသားက ကျန်းရိချောင်၊ ချောင်ဆိုတဲ့ စာလုံးက အရမ်းကိုထူးခြားပြောင်မြောက်လွန်းတယ်ဆိုတော့... သူက အရမ်းတော်ပြီးတော့ သာမန်လူတွေထက် ရင့်ကျက်လွန်းတယ်"

သူက သူ့အဖေထက် အသက်ပိုကြီးပုံပေါ်နေတယ်လေ။ အဲဒါကို ထူးခြားလွန်းတယ်လို့ ဘယ်လိုသတ်မှတ်နိုင်မှာလဲနော်...

ဟွမ်ရှင်းရင် : "..."

ငါက ငါ့သားကို အရမ်းချစ်ပေမယ့် အနာဂတ်မြေးလေးတွေရဲ့ နာမည်တွေမှာ ဒီစကားလုံးကို ရှောင်ကိုရှောင်ရမယ်။ ငါတို့ဘိုးဘွားတွေပြောခဲ့တာ တကယ်မှန်တာပဲ၊ နာမည်မှည့်တဲ့အခါ ပိုပြီးအလေးထားသင့်တယ်။

"အာ့ဟန်လည်း မဆိုးပါဘူး။ သူ့နာမည်ပြောင်က သွင်းသွင်းလေ။ သူက တည်ငြိမ်လို့ သူ့မိဘတွေက သူ့အတွက် စိတ်ပူစရာမလိုဘူး"

"တတိယသားမှာက အရာအားလုံးရှိတယ်။ သူ့အချစ်ရေး အဆင်ပြေချောမွေ့လာပြီး သူ့အလုပ်မှာလည်း မကြာခင်အောင်မြင်လာဖို့ ငါမျှော်လင့်ပါတယ်..."

ဆရာမဟွမ် သက်ပြင်းချမိလျက် "ကျွန်မ ကလေးတွေကို နှစ်ပေါင်းများစွာ စာသင်ပေးခဲ့တာလေ။ ကျွန်မ ဘယ်အချိန်မှ အဖွားဖြစ်လာနိုင်မှာလဲ"

ကျန်းချန်ပေ့ : "မင်းက ငယ်သေးတယ်လေ! ဆရာမဟွမ်ရေ ဘာလို့ အဖွားဖြစ်ချင်နေတာလဲ"

"ကျွန်မက ငယ်သေးလို့ကို အဖွားဖြစ်ချင်တာပေါ့။ ကျွန်မရဲ့ အနာဂတ်မြေးမလေးကို အပြင်ခေါ်သွားတဲ့အခါ လူတွေက ကျွန်မကို တအံ့တသြမေးကြလိမ့်မယ်... ဆရာမဟွမ်ရေ ဒါက တကယ်ပဲ ရှင့်ရဲ့ မြေးမလေးလား"​

"ရှင်က ဒီလောက်ငယ်ငယ်လေးနဲ့ အဖွားဖြစ်နေပြီပေါ့လေ!!"

"ကျွန်မက ကလေးမလေးကို ရှင့်တူမလေးလို့ ထင်နေတာတော်"

ဟွမ်ရှင်းရင် ထိုမြင်ကွင်းကို စိတ်ကူးယဉ်နေပြီး လန်းဆန်းသွားသလို ခံစားခဲ့ရသည်။ သို့သော် ကံမကောင်းစွာနဲ့ပဲ... သူမကတော့ အဲ့လိုမဖြစ်နိုင်သေးဘူးပဲ။ ဟိုဘက်အိမ်က ရှောင်ချင်းကတော့ အောင်မြင်သွားခဲ့ပြီ။

"စန်းယိုရဲ့ ကလေးတွေ ကြီးပြင်းလာတဲ့အခါ ကျွန်မ အသက်တွေကြီးပြီး ဆံပင်တွေဖြူနေလောက်ပြီလား"

ကျန်းချန်ပေ့ : "ဒါဆို ငါနဲ့အတူတူ လေ့ကျင့်ခန်းလာလုပ်! ဘဝဟာ လေ့ကျင့်ခန်းအပေါ်မူတည်တယ်၊ အသက်အရွယ်ကြီးရင့်မှုကို တားဆီးပေးတယ်!"

ဟွမ်ရှင်းရင် : "..."

"ရှင့်သားဘေးမှာ ကျွန်မရပ်နေရင် ကျွန်မက ပိုနုနေပုံပေါ်တယ်လေ"

ကျန်းချန်ပေ့ : "..."

ကျန်းဇနီးမောင်နှံက အတူတူလေ့ကျင့်ခန်း စလုပ်နေကြလေပြီ။ ကျန်းချန်ပေ့က သူမ အကြာကြီးတောင့်ခံနိုင်မှာမဟုတ်ဘူးလို့ မူလက ထင်ခဲ့ပေမယ့် သူတို့စုံတွဲဟာ အချင်းချင်းအားပေးကာ အတူတူလေ့ကျင့်ခန်းလုပ်ခဲ့ကြရင်း သူတို့ရဲ့ ခန္ဓာကိုယ်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပေါ့ပါးလာခဲ့သည်။ အထူးသဖြင့် ချွေးတွေထွက်သွားပြီး ရေပူပူချိုးပြီးသည်နှင့် ဆယ်နှစ်လောက်ငယ်သွားတယ်လို့ ခံစားလိုက်ရသည်လေ။

"လေ့ကျင့်ခန်းများများလုပ်တာက လူတွေကို ပိုပြီးတက်ကြွစေတာပဲ"

"မှန်လိုက်တာ၊ လောင်လျိုလည်း ငါနဲ့အတူ လေ့ကျင့်ခန်းလုပ်ချင်နေတာလေ..."

xxx

အချပ်ပို ၈

သာယာသောနေ့ရက်များ ကုန်လွန်သွားခဲ့သည်။ ဒုတိယသား ရုတ်တရက် ဖုန်းခေါ်လာပြီး ကျန်းချန်ပေ့ ဖုန်းကိုင်လိုက်သည့်အချိန်ထိပင်။

ကျန်းအာ့ဟန် : "..."

သူ့အမေအစား သူ့အဖေ ဖုန်းလာကိုင်ရအောင် သူ ဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ?

ကျန်းချန်ပေ့ : "..."

သားအဖနှစ်ယောက် ဖုန်းထဲမှာ ခဏတာ စကားလုံးဝမပြောခဲ့ကြပေ။

ကျန်းချန်ပေ့ ကြောင်အနေလျက်။ "ဘာလဲ? မင်းရဲ့ သွားတွေ မရှိတော့လို့လား? မင်း စကားမပြောနိုင်တော့ဘူးလား?"

ကျန်းအာ့ဟန် သက်ပြင်းချ၍ "ပါး၊ ပါးမှာ သွေးတိုးကျစေတဲ့ဆေးတို့၊ နှလုံးကာကွယ်ဆေးတို့ရှိလား? ကျွန်တော်မပြောခင် အဲဒါတွေကြိုပြင်ထားပါလား"

ကျန်းချန်ပေ့ : "မင်းအဖေ-ငါက မကြာသေးခင်က ကိုယ်ကာယလေ့ကျင့်ခန်းတွေ အများကြီးလုပ်နေတာလေ။ ဒါကြောင့် ငါ့အတွက် ဘာနှလုံးကာကွယ်ဆေးမှမလိုဘူး"

ကျန်းအာ့ဟန် : "..."

"ဒါဆိုလည်း ပါး စိတ်ပိုင်းဆိုင်ရာ အရင်ပြင်ဆင်ထားရမယ်ဗျာ"

"ပြောစမ်း၊ မင်းမှာ ဘာများဖြစ်နိုင်မှာမို့လဲ"

ကျန်းချန်ပေ့ တစ်ကိုယ်တည်း တွေးနေမိလျက်။ ဒီကောင်လေးက လျှို့ဝှက်ဆန်းကြယ်သလို ဟန်ဆောင်နေတုန်းပဲ၊ သူ့မှာ ဘာများဖြစ်လာနိုင်မှာမို့လဲ?

ဒီက​လေး​တွေက အမြဲတမ်း စိတ်​ရှုပ်စရာတွေ လာလာပေးနေကြတာပဲကွာ...

အတက်အကျများစွာကို မြင်ဖူးကြသူများအနေဖြင့် တစ်စုံတစ်ယောက်မှာ တစ်ခုခုမဖြစ်သရွေ့တော့ သူတို့အတွက် ကိစ္စကြီးကြီးမားမား မဟုတ်ပါပေ။

ကျန်းအာ့ဟန် အလွန်ရှက်ရွံ့စွာဖြင့် "အဲဒါက... သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခုပါပဲ။ အိုး မဟုတ်ဘူး၊ အမှန်တော့ သတင်းကောင်းနှစ်ခုလို့ပြောလို့ရပါတယ်... ကျွန်တော်မသိတော့ဘူးဗျာ၊ အဲဒါကို သတင်းကောင်းတွေလို့ မှတ်ယူသင့်တာပဲနော်... ဟုတ်တယ်"

"သတင်းကောင်းအတွက်ဆို ငါ့ကို ဘာစိတ်ပိုင်းဆိုင်ရာပြင်ဆင်ခိုင်းချင်နေရသေးတာတုန်းကွ? သတင်းကောင်းကို တိုက်ရိုက်ပဲပြောပြလိုက်ရုံပဲလေ"

"ဟိုအိမ်က လုမိသားစုလိုမျိုး မင်း ရုတ်တရက်ကြီး လက်ထပ်တော့မယ်တို့ဘာတို့ ပြောမှာမို့လို့လား"

"ဂုဏ်ယူပါတယ် ပါးရေ၊ ပါး ထင်တာမှန်သွားပါပြီဗျ"

ကျန်းချန်ပေ့ : "? ! ! ! ! !"

ကျန်းချန်ပေ့ : "ဖုန်းထဲမှာ ရူးကြောင်ကြောင်တွေလုပ်နေတာ ရပ်တော့၊ မင်းကြိုက်တဲ့မိန်းကလေးရှိရင် အိမ်ကိုမြန်မြန်ခေါ်လာခဲ့လေ"

ကျန်းအာ့ဟန် : "သူမနဲ့ကျွန်တော် လက်ထပ်လက်မှတ်အရင်ယူပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ်ဗျာ ​ရှင်းပြရမှာခက်တယ်။ တိုတိုပြောရရင်တော့ ကျွန်တော်တို့ လက်ထပ်မှတ်ပုံတင်ပြီးသွားပြီ"

"မင်း ဘာဖြစ်နေတာလဲ?"

"ပါး အဖိုးဖြစ်တော့မယ်"

ကျန်းချန်ပေ့ရဲ့ ခေါင်းနောက်ဘက်ကို အရိုက်ခံလိုက်ရသည့်နှယ်... သူ့မျက်လုံးထဲမှာ ဒေါသခိုးဝေသွားချေပြီ။ ကလေးဘဝကတည်းက တည်ငြိမ်တဲ့ သူ့ရဲ့ ဒုတိယသားဟာ ဘာကြောင့်များ ဒီလိုမလျော်ကန်တဲ့အရာတွေ လုပ်ခဲ့ရတာလဲ?

"မင်း၊ မင်း၊ မင်း- ငါ မင်းကို ရိုက်ပစ်မယ်။ ဘယ်မိသားစုရဲ့ သမီးကို ဒုက္ခပေးခဲ့တာလဲ? သူမအတွက် မင်းတာဝန်ယူရမယ်ကွ"

ကျန်းအာ့ဟန်သည် သူက သူများအိမ်က မိန်းကလေးကို ဘယ်လိုဒုက္ခပေးမိလို့လဲလို့ တွေးမိပြီး ငိုချင်သွားရ၏။

ထိုမိန်းကလေးက သူ့ကို ဒုက္ခပေးခဲ့တာ ရှင်းရှင်းကြီးကို...

အင်အားကွာဟချက်ကြောင့် သူကသာ အမှန်တကယ် အဖိခံလိုက်ရတာလေလို့...

အဟမ်း...

ယောက်ျားတစ်ယောက်ရဲ့ မျက်နှာကိုအဖတ်ဆယ်ရန်အလို့ငှာ အနှီကိစ္စတွေကို အပြင်လူတွေဆီ ပြောပြလို့မရဘူးလေ၊ သူ့အဖေအရင်းခေါက်ခေါက်ကြီးကိုရောပဲ...

ကျန်းအာ့ဟန် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ ထုံထိုင်းစွာ ခေါင်းညိတ်လျက်။

"ဒါပေါ့၊ ကျွန်တော်က ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူမှာပါဗျာ"

ဒါက ညီအစ်ကိုကောင်းတစ်ယောက်နဲ့ အတူတူနေရတာပဲလေ မဟုတ်ဘူးလား?

"အဲဒီမိန်းကလေးက ဘယ်မိသားစုကလဲ"

ကျန်းချန်ပေ့ စိတ်ရှုပ်ထွေးနေပြီး သူ့စိတ်ထဲကနေ ဒီကလေးတွေကို ဆူပူကြိမ်းမောင်းနေမိသည်။

ဘေးအိမ်က တယောက်ထက် ပိုတောင်ဆိုးသေးတယ်...

ကျန်းအာ့ဟန်က "လျိုမိသားစုက မိန်းကလေး" လို့ တိုးတိုးလေးပြောလိုက်၏။

"လျိုမိသားစုက မိန်းကလေးလား? ဘယ်လျိုမိသားစုလဲ?"

ကျန်းချန်ပေ့ ဘယ်လျိုမိသားစုက မိန်းကလေးလည်းဆိုတာ မတွေးနိုင်တော့။

"အဲဒါ အသိုက်နားကမြက် လျိုမိသားစုပဲ! ပါးရေ လျိုမိသားစုက မိန်းကလေးပါ!"

"အသိုက်​​နားကမြက်​ဟုတ်လား? ငါ​တို့မိသားစုခြံဝင်းကပဲပေါ့? ​ဘယ်​လျိုမိသားစုတုန်းကွ?"

"လျိုယွဲ့တို့မိသားစု"

"သူ့မိသားစု? သူ့ဆွေမျိုးလား?"

ကျန်းအာ့ဟန် : "..."

သူ့အဖေက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား ? ! !

ကျန်းအာ့ဟန် ထပ်သည်းမခံနိုင်တော့ဘဲ "အဲဒါ ပါးရဲ့ ခေါင်းကိုင်သမီးလေးပဲ!!!" လို့ အော်ပြောလိုက်သည်။

"ပါးရဲ့ခေါင်းကိုင်သမီးက ပါးရဲ့မြေးမလေးကို ကိုယ်ဝန်ရှိနေပြီလို့၊ ပါးလုပ်ချင်တာလုပ်တော့ဗျာ!"

ကျန်းချန်ပေ့ရဲ့ ခေါင်းပေါ်သို့ နောက်တစ်ကြိမ် ထိမှန်သွားကာ ကြယ်တွေတောင်မြင်လိုက်ရသလိုပင်။

ဒီကောင်စုတ်က ဘာတွေပြောနေတာလဲကွ!

"လျိုထျောင့်ထျောင့်လား?"

"ဟုတ်တယ်"

…

ကျန်းချန်ပေ့ ခဏမျှတိတ်ဆိတ်သွားရလျက်၊ သူ့စိတ်ထဲမှာ အတွေးမျိုးစုံ ခုန်ပေါက်နေလေပြီ။ ခဏတွင် ယောက္ခမတစ်ယောက်အဖြစ် အတွေးဝင်သွားရ၏။

သားဖြစ်သူက အိမ်ထောင်ပြုသွားပြီး ဇနီးသည်နှင့် မြေးလေးတွေ ရလာတော့မယ်။ နောက်ခဏတွင် သူ့ခေါင်းကိုင်သမီးလေးရဲ့ အဖေဖြစ်သူအဖြစ်ရောက်သွားပြန်သည်။

ဒီသူခိုးကောင်ကို ငါ အာဏာပြသင့်ပြီလား?

- အာဏာပြမယ်!

"လောင်လျိုရေ ထျောင့်ထျောင့်က ငါ့သမီးအရင်းလိုပဲ၊ သူက ငါ့သားတွေထက်တောင် ပိုရင်းနှီးသေးတယ်!"

"အနာဂတ်မှာ ဘယ်ကောင်က ငါတို့ထျောင့်ထျောင့်လေးကို အနိုင်ကျင့်ရဲမလဲဆိုတာ အခုကတည်းက ကြည့်ထားရမယ်"

"ငါတို့က လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေလေ။ ငါတို့လို ယောက္ခမနှစ်ယောက်ရှိနေရင် အဲ့ကောင်လေး ကြောက်မကြောက် စောင့်ကြည့်ကြတာပေါ့"

...

ကျန်းချန်ပေ့ : "..."

ရဲဘော်လောင်ကျန်းတစ်ယောက် ငိုချင်သွားလေပြီ။ ဒီလောကကြီး ဘာတွေဖြစ်နေတာလဲကွာ...

လျိုထျောင့်ထျောင့်နှင့် ကျန်းသွင်းသွင်းက ဘာလို့ အတူတူရှိနေရတာလဲ?

အင်္ဂါဂြိုဟ်က ကမ္ဘာမြေဂြိုဟ်ကို ထိမှန်သွားတာလား?

...

"ကျွန်မ၊ ကျွန်မ... ကျွန်မလည်း အဖွားဖြစ်တော့မယ်ပေါ့?"

ဟွမ်ရှင်းရင် သတင်းကြားပြီးနောက် စိတ်ရှုပ်ထွေးသွားရ၏။

သူမ ဘာလို့ ချက်ချင်းကြီး အဖွားဖြစ်သွားရတာလဲဟင်...

သူမသားလေး ကျန်းသွင်းသွင်းနှင့် လျိုထျောင့်ထျောင့်က အတူရှိနေကြပြီး သူမတို့ရဲ့ ခေါင်းကိုင်သမီးဖြစ်သူ လျိုထျောင့်ထျောင့်ကလည်း သူမသားလေးရဲ့ ကလေးကိုလွယ်ထားရပြီတဲ့လေ။

-- ဒါကြီးက ဘာလို့များ အရမ်းကိုမယုံနိုင်စရာကောင်းနေရတာလဲ...

သွင်းသွင်းနှင့် ထျောင့်ထျောင့်က မောင်နှမတွေလေ!

သူတို့နှစ်ယောက် အတူတူရှိနေကြပြီလို့ သူမတွေးကြည့်မိတဲ့အခါ ဆရာမဟွမ် စိတ်ရှုပ်ထွေးသွားရလေပြီ။

"ထူးဆန်းလိုက်တာ... ဟိုဘက်အိမ်က လုဝေကျိုးနဲ့ နျန်နျန်တို့ အတူတူရှိသွားကြတုန်းက ကျွန်မ ဘာလို့ ဒီလိုမျိုးမခံစားရတာလဲ။ ဒါပေမယ့် သွင်းသွင်းနဲ့ ထျောင့်ထျောင့်တို့ အတူတူရှိသွားတော့ သူတို့က မောင်နှမတွေလို့ပဲ ကျွန်မ ဘာလို့ခံစားနေရတာလဲ"

"မောင်နှမတွေ?" ကျန်းချန်ပေ့ ခဏလောက် အံ့အားသင့်သွားပြီးနောက် "ထျောင့်ထျောင့်က အစ်မနဲ့တူတယ်လို့ ငါတော့ အမြဲခံစားနေရတာလေ"

ဟွမ်ရှင်းရင် : "..."

"လျှောက်ပြောမနေနဲ့တော့။ ငါ့ခံစားချက်တွေအရမ်းရှုပ်ထွေးနေပြီ။ ငါ့သားက လက်ထပ်တော့မယ်လို့ ခံစားရပြီးတော့ ငါ့သမီးကပါ လက်ထပ်တော့မယ်လို့ ခံစားနေရတာ"

ကျန်းချန်ပေ့ စိတ်ရှုပ်ထွေးစွာဖြင့် သူ့မျက်နှာကို ပွတ်လိုက်သည်။

"လောင်လျိုကို ငါဘယ်လိုရှင်းပြရမလဲ?"

ဟွမ်ရှင်းရင် : "..."

ငါ့ရန်သူတော်ကြီး လီချင့်ဟွားနဲ့ ခမည်းခမက်ဖြစ်လာတော့မှာပေါ့!

"တကယ်တော့... မဆိုးပါဘူးလေ။ ငါတို့အချင်းချင်း ကောင်းကောင်းသိပြီးသားပဲ၊ ဒါ့အပြင် ငါတို့မိသားစုနှစ်စုက ဆက်ဆံရေးကောင်းကြ..."

ကျန်းချန်ပေ့ ပြောရင်းပြောရင်းနဲ့ ဆက်မပြောနိုင်တော့။

သူ အကြိမ်ပေါင်းများစွာ သက်ပြင်းမရှိုက်မိဘဲ မနေနိုင်ပါချေ။

သူ့ဒုတိယသား ကျန်းသွင်းသွင်းက တကယ်ကြီး ထျောင့်ထျောင့်ကို ကိုယ်ဝန်ရစေခဲ့တာတဲ့... ဒါ ဒါ ဒါက ဘာလို့များ မယုံနိုင်စရာကောင်းနေရတာလဲကွာ...

"ငါတို့သွင်းသွင်းကို သွင်းသွင်းလို့ ခေါ်ပေမယ့်၊ သူ့ခန္ဓာကိုယ်သေးသေးလေးက ထျောင့်ထျောင့်လို သန်မာပုံမပေါ်ဘူးလေ... အဟွတ် အဟွတ် အဟွတ်"

အတိုချုပ်ပြောရရင်တော့ သူဟာ မိန်းကလေးတစ်ဦးကို အတင်းအကြပ်တွန်းအားပေးတဲ့ လူယုတ်မာမဖြစ်ဘူးဆိုတာပါပဲ။ သူ လိုချင်ရင်တောင် သူ့အရည်အချင်းက သူ့ကို ခွင့်မပြုလောက်ဘူးလေ။ သူ မလုပ်နိုင်လောက်ဘူး။

ဒါ့ကြောင့် ဒီနေ့ ဒီရလဒ်ထွက်လာတာဟာ ဒီကလေးနှစ်ယောက်က မေတ္တာမျှနေကြလို့ပဲ!

ငယ်ကျွမ်းဆွေတွေ၊ ငယ်ချစ်ဦးတွေ၊ မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ဦး၊ ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့စုံတွဲ ...

"အိုး မိုင် ဂေါ့!"

ကျန်းချန်ပေ့ ထအော်လိုက်ပြီး "ငါ ဟိုဘက်အိမ်က လောင်လုဆီမှာ အကူအညီသွားတောင်းတော့မယ်"

ဟွမ်ရှင်းရင် : "ရှင် အရင်သွားနှင့်၊ ကျွန်မလည်း နောက်မှ ရှောင်ချင်းနဲ့ စကားလာပြောမယ်"

xxx

All Chapters