အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း (၂၂၃) - သူတို့ တိုက်ခိုက်ကြတော့မှာလား
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသ ၌။
"ဂိုဏ်းချုပ်.. မကြာသေးခင်က ထွင်းမော်ဂိုဏ်း လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က ငါတို့ စစ်မှန်အင်မော်တယ်အဖွဲ့ ကို အမြဲတမ်း ဆန့်ကျင်နေတယ် ထွင်းမော်ဂိုဏ်းကို ငါတို့ သင်ခန်းစာ ပေးသင့်လား”
ဝူရှန်းနီ၏ ရှေ့တွင် စစ်မှန်အင်မော်တယ်အဖွဲ့ မဟာအကြီးအကဲ သည် ဒူးတစ်ဖက်ထောက်ကာ လေးနက်သော အမူအရာဖြင့် လျှောက်တင်လာသည်။ သူ၏ လေသံထဲတွင် ဒေါသအနည်းငယ် ရောယှက်နေသည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူရှန်းနီ၏ အမူအရာသည် အနည်းငယ် ကြည့်ရဆိုးသွားသည်။ ယခင်ဘဝက သူသည် မိစ္ဆာလမ်းစဉ်မှ အင်မော်တယ်ဧကရာဇ်နှင့် အတူတကွ ပျက်သုဉ်းခဲ့ရဖူးသောကြောင့် ဖြစ်နိုင်ပေသည်။ တစ်ဖန်ပြန်လည် မွေးဖွားလာခဲ့သော်လည်း ဝူရှန်းနီသည် ‘မိစ္ဆာ’ ဟူသော အမည်နာမ ပါဝင်သည့် မည်သည့်အရာကိုမဆို ယနေ့တိုင် စိတ်ထဲ၌ သက်သောင့်သက်သာ မရှိဖြစ်နေဆဲပင်။
T/N - ထွင်းမော် - (မော်- နတ်ဆိုး)
သေချာပေါက် သူမ၏ ညီမလေးသည် ခြွင်းချက် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူ၏ ညီမလေး ဖြစ်နေသောကြောင့်တည်း။ ညီမလေးဖြစ်သူကို မနှစ်သက်သော်လည်း မသက်မသာတော့ မဖြစ်ခဲ့ချေ။
အထက်ကမ္ဘာ သို့ ရောက်ရှိပြီးနောက် ၊ ဝူရှန်းနီသည် သူ၏ အတွေ့အကြုံများကို အားကိုးကာ အလွန်တိုတောင်းသော အချိန်အတွင်း စစ်မှန်အင်မော်တယ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
"တကယ်လို့ ထွင်းမော်ဂိုဏ်း က ငါတို့ စစ်မှန်အင်မော်တယ်အဖွဲ့ ကို ဆန့်ကျင်နေတယ်ဆိုရင် ထွင်းမော်ဂိုဏ်း ကို သင်ခန်းစာပေးကြတာပေါ့..."
ထွင်းမော်ဂိုဏ်း နှင့် ပတ်သက်၍ ၊ ဝူရှန်းနီ သည် အနည်းငယ် သိရှိထားသည်။ ၎င်းသည် မကြာသေးမီကမှ တည်ထောင်ခဲ့သော အင်အားစုတစ်ခုဖြစ်ပြီး သူ၏ စစ်မှန်အင်မော်တယ်အဖွဲ့ နှင့် အင်အား တူညီလောက်ပေသည်။ သို့သော် အင်မော်တယ် ဧကရာဇ် ၏ ပြန်လည်ဝင်စားသူ တစ်ဦးအနေဖြင့်၊ သူသည် ထွင်းမော်ဂိုဏ်း ကို ယှဉ်နိုင်မည်ဟု ယုံကြည်ထားသည်။
ဤသည်ကိုကြားလိုက်ရချိန်တွင် မဟာအကြီးအကဲ ၏ မျက်နှာပေါ်၌ ဝမ်းသာမှုများ ပြည့်နှက်သွားပြီး ပြင်ဆင်မှုများ စတင်ရန် အောက်သို့ ချက်ချင်း ဆင်းသွားလေ၏။
မဟာအကြီးအကဲ ထွက်သွားပြီးနောက် ဝူရှန်းနီသည် ပြတင်းပေါက်အပြင်ဘက်ရှိ တောက်ပသော လမင်းကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် သူသည် ညီမဖြစ်သူကို သတိရသွားခဲ့သည်။
"ဟူး... ငါ့ရဲ့ သနားစရာ ညီမလေး အခု ဘယ်လိုနေမလဲ မသိဘူး... အနိုင်ကျင့်ခံနေရမလား မသိဘူး... ထားလိုက်ပါတော့... ငါ ကျင့်ကြံခြင်း ကိုပဲ အာရုံစိုက်ပြီး အင်မော်တယ် ဧကရာဇ် အဆင့် ရောက်တာနဲ့ ငါ့ညီမလေးကို အံ့အားသင့်သွားအောင် လုပ်ရမယ်"
"ဟက်ချိုး... ဘယ်သူက ငါ့ကို ကျိန်ဆဲနေတာလဲ... ဝူရှန်းနီများ ဖြစ်နေမလား..."
ထိုအချိန်တွင် ဝူမိုဝူ ရုတ်တရက် နှာချေလိုက်ပြီး သူမသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ခေါင်းကို ခါယမ်းလိုက်ပြီး ဝူမိုဝူသည် ထိုအကြောင်းကို ဆက်မတွေးတော့ချေ။ ဤအချိန်တွင် သူမ၏ ခြေဖဝါးအောက်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာနှင့် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသည်။
"မလုပ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် ဘာမဆို လုပ်ပါ့မယ်... ခင်ဗျားရဲ့ အစေခံအဖြစ် နေပါ့မယ်”
"နောက်ကျသွားပြီ... မင်းဖျက်ဆီးခဲ့တဲ့ သာမန်လူ ရွာက လူတွေကို သွားပြောလိုက်တော့”
ဝူမိုဝူ၏ မျက်လုံးများမှာ ရေခဲတမျှ အေးစက်နေပြီး ခြေဖြင့် နင်းချကာ အလောင်းကို အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။ ဝူမိုဝူ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက မြင်ကွင်းမှာ သွေးများနှင့် အလောင်းများ ပြည့်နှက်နေဆဲပင်။
မကြာမီ ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများ နောက်ဆုံး၌ ရောက်ရှိလာကြပြီး သူတို့ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်ပြီး မျက်မှောင်ကြုတ်သွားကြသည်။
"ဂိုဏ်းချုပ်... ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာစေတာလဲ..."
ဂိုဏ်းချုပ် တစ်ယောက်က ဂိုဏ်း တစ်ခုလုံးကို မျိုးတုံးသတ်ဖြတ်ပစ်လောက်အောင် ရက်စက်သော လုပ်ရပ်မျိုး လုပ်ခဲ့သည်ကို သူတို့ မမြင်ဖူးချေ။
ဤသည်ကိုကြားလိုက်ရချိန်တွင် ဝူမိုဝူသည် ထိုနေရာရှိ အကြီးအကဲများဘက်သို့ လှည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ရှန်းလုံဂိုဏ်း က သက်ရှိတွေကို ဒုက္ခပေးနေပြီး သာမန်လူ ရွာတစ်ရွာကို ဖျက်ဆီးခဲ့တယ်... ငါ ဂိုဏ်းချုပ် က ကောင်းကင်ဘုံကိုယ်စား ဒါကို လုပ်ဆောင်နေတာပဲ... သူတို့ရဲ့ သိုလှောင်လက်စွပ် တွေနဲ့ ရှန်းလုံဂိုဏ်း ရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက် ကို ယူပြီး ငါနဲ့အတူ လိုက်ခဲ့ကြ”
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ဝူမိုဝူ၏ စကားကို ကြားပြီးနောက် ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများမှာ နားလည်သွားကြသည်။ သူတို့ ထိုသို့တွေးမိသည်မှာ မဆန်းချေ။ ဝူမိုဝူ၏ နောက်သို့ လိုက်လာသည်မှာ မကြာသေးသော်လည်း သူတို့၏ ဂိုဏ်းချုပ် သည် လိုအပ်နေသူများကို အမြဲတမ်း ဝင်ရောက်ကူညီပေးကာ အလွန် တရားမျှတသော လူတစ်ယောက်ဖြစ်ကြောင်း သူတို့အားလုံး သိထားကြပေသည်။
အထူးသဖြင့် သာမန်လူရွာတစ်ရွာလုံးကို မျိုးတုံးသတ်ဖြတ်ခဲ့သည့် ရှန်းလုံဂိုဏ်းကဲ့သို့သော လူများအပေါ် လက်ပါရန် ဝန်လေးနေမည် မဟုတ်ပေ။ ထိုသို့သောလုပ်ရပ်မျိုးကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ခွင့်မရှိသော်လည်း၊ လက်စလက်န ဖျောက်နိုင်သရွေ့နှင့် အဖမ်းမခံရသရွေ့ အလားတူလုပ်ဆောင်နေကြသော အင်အားစုများစွာ ရှိနေသေးသည်။
မကြာမီ ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများသည် အရာအားလုံးကို ရှင်းလင်းလိုက်ပြီး ဝူမိုဝူနှင့်အတူ ရှန်းလုံဂိုဏ်း မှ ထွက်ခွာသွားကြလေ၏။
ဝူမိုဝူနှင့် သူမ၏အဖွဲ့ ထွက်သွားပြီးနောက် များမကြာမီတွင် အဝေးမှ ပုံရိပ် သုံးခု ပျံသန်းလာပြီး ရှန်းလုံဂိုဏ်း ပေါ်သို့ ဆင်းသက်လာကြသည်။ သို့သော် ရှန်းလုံဂိုဏ်း ၏ သနားစရာကောင်းသော အခြေအနေကို မြင်ပြီးနောက် သူတို့၏ အမူအရာများသည် လွန်စွာ ကြည့်ရဆိုးနေခဲ့သည်။
"ဒီ ရှန်းလုံဂိုဏ်း က ငါတို့အတွက် သွေးတွေ စုဆောင်းပေးဖို့ပဲ မဟုတ်ဘူးလား... ဒါကို သိသွားတာလား”
အစွမ်းအထက်ဆုံး ကျင့်ကြံသူ ၏ မျက်လုံးများထဲတွင် ယုတ်မာသော အကြည့်များ ပြည့်နှက်နေပြီး အလွန်အေးစက်သော လေသံဖြင့် ပြောဆိုလိုက်၏။ သူတို့၏ အနက်ရောင် ဝတ်ရုံများပေါ်တွင် နက်ရှိုင်းသော သွေးနီရောင် တိမ်တိုက် သုံးခုကို ပန်းထိုးထားသည်။
"ကောင်းပြီ... ဒီက အခြေအနေကို ကြည့်ရတာ ရှန်းလုံဂိုဏ်း ကို မျိုးတုံးသတ်ဖြတ်သွားတဲ့ လူတွေ သိပ်မဝေးသေးလောက်ဘူး... မင်းတို့နှစ်ယောက် ဒီမှာနေပြီး ရှန်းလုံဂိုဏ်း က လူတိုင်းရဲ့ သွေးတွေကို စုဆောင်းလိုက်... ငါ သူတို့ကို လိုက်ဖမ်းမယ်”
ခေါင်းဆောင် ဖြစ်သူသည် ထိုသို့ မှာကြားပြီးနောက် ဝူမိုဝူနှင့် အခြားသူများ ထွက်သွားသော လမ်းကြောင်းအတိုင်း လှည့်ကာ လိုက်သွားလေ၏။ အခြား ကျင့်ကြံသူ နှစ်ဦးမှာမူ ထိုနေရာတွင်သာ ကျန်ရစ်ခဲ့သည်။
သူတို့သည် အမည်းရောင် ပုလင်းတစ်လုံးကို ထုတ်ယူကာ အဖုံးကို ညင်သာစွာ ဖွင့်လိုက်ရာ နောက်တစ်စက္ကန့်တွင် ပုလင်းထဲမှ စုပ်ယူအားတစ်ခု ထွက်ပေါ်လာသော်လည်း ထူးဆန်းစွာပင် အခြားမည်သည့်အရာကိုမျှ စုပ်ယူခြင်း မရှိခဲ့ချေ။
သို့သော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေကြသည့် ရှန်းလုံဂိုဏ်းကျင့်ကြံသူများ၏ အလောင်းများထံမှ နီရဲသော သွေးစက်များ စီးထွက်လာပြီး ပုလင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုကျင့်ကြံသူနှစ်ဦး ရောက်ရှိသွားသည့် နေရာတိုင်းတွင် ရှိနေသော ရှန်းလုံဂိုဏ်းသားများ၏ အလောင်းများမှာ သွေးစက်တစ်စက်မျှ မကျန်အောင်ပင် လုံးလုံးလျားလျား စုပ်ယူခံလိုက်ရသည်။
ဤနည်းဖြင့် သူတို့နှစ်ဦးသည် ရှန်းလုံဂိုဏ်း တစ်ခုလုံးရှိ အလောင်းများမှ သွေးများအားလုံးကို ပုလင်းထဲသို့ စုပ်ယူလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ ဝူမိုဝူ၏ အဖွဲ့အတွင်း...
"ဂိုဏ်းချုပ်... ဒါနဲ့ မကြာသေးခင်က စစ်မှန်အင်မော်တယ်အဖွဲ့ လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က ငါတို့ ထွင်းမော်ဂိုဏ်း ကို အမြဲတမ်း ဆန့်ကျင်နေတယ်... စစ်မှန်အင်မော်တယ်အဖွဲ့ ကို ငါတို့ သင်ခန်းစာ ပေးသင့်လား..."
မဟာအကြီးအကဲ သည် တစ်ခုခုကို သတိရသွားပုံရပြီး ဝူမိုဝူထံသို့ လာကာ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
ဤသည်ကိုကြားလိုက်ရချိန်တွင် ဝူမိုဝူ သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အတိတ်ဘဝတုန်းက သူမသည် အင်မော်တယ်တစ်ဦး၏ နားလည်ရခက်သော ဝင်ပူးခြင်းကို ခံခဲ့ရဖူးသောကြောင့် ဖြစ်နိုင်ပေသည်။ ထိုအင်မော်တယ်ဧကရာဇ်သည် သူမကိုပါ သူနှင့်အတူ သေတွင်းထဲ ဆွဲခေါ်သွားခဲ့ရာ တစ်ဖန်ပြန်လည် မွေးဖွားလာပြီးသည့်တိုင်အောင် ဝူမိုဝူသည် ‘အင်မော်တယ်’ ဆိုသည့် စကားလုံးနှင့် ပတ်သက်သမျှကို အသည်းခိုက်အောင် ရွံရှာနေမိဆဲပင်။
သေချာပေါက် ဝူရှန်းနီကတော့ ခြွင်းချက် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ သူသည် သူမ၏အစ်ကိုတယောက် ဖြစ်နေဆဲပင်။ သူမအနေဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း သူမသည် ညီမတစ်ယောက် ဖြစ်နေဆဲသာ။
"ငါ နားလည်ပြီ... ဒီကိစ္စကို မင်းတို့ဘာသာမင်းတို့ ကိုင်တွယ်လို့ရတယ်... ငါတို့ ထွင်းမော်ဂိုဏ်း က ပြဿနာကို မစပေမယ့် ပြဿနာကိုလည်း မကြောက်ဘူး..."
အမှန်တွင် စစ်မှန်အင်မော်တယ်အဖွဲ့ နှင့် ပတ်သက်၍ ဝူမိုဝူလည်း ကြားဖူးပေသည်။ ၎င်းသည် မကြာသေးမီကမှ ပေါ်ထွက်လာသော အင်အားစုတစ်ခုဖြစ်ပြီး စစ်မှန်အင်မော်တယ်အဖွဲ့ သည် သူမ၏ ထွင်းမော်ဂိုဏ်း နှင့် အင်အား တူညီလောက်ပေသည်။
သို့သော် စစ်မှန်အင်မော်တယ် တစ်ဦးအနေဖြင့် ဝူမိုဝူသည် အခြားမည်သည့် စစ်မှန်အင်မော်တယ် ထက်မျှ နိမ့်ကျနေသည်ဟု ဘယ်သောအခါကမျှ မခံစားခဲ့ရချေ။ သူမသည် စစ်မှန်အင်မော်တယ် ကနဦးအဆင့် တွင်သာ ရှိနေသော်လည်း ယခုလေးတင် ရှန်းလုံဂိုဏ်း၏ ဂိုဏ်းချုပ်သည်ပင် သူမ၏ လက်ချက်ဖြင့် သေသည်အထိ အရိုက်ခံခဲ့ရသည် ။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ဤသည်ကို ကြားလိုက်ရချိန်တွင် မဟာအကြီးအကဲက ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် ထိုအချိန်တွင် ဝူမိုဝူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုနေရာရှိ မည်သူမျှ မတုံ့ပြန်နိုင်မီ ဝူမိုဝူသည် လှံရှည် ကို ဝှေ့ယမ်းကာ သူမ၏ အနောက်ဘက်သို့ ရိုက်ချလိုက်သည်။ ဝူမိုဝူသည် လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ ဤတိုက်ခိုက်မှုတွင် သူမ၏ အင်အားအပြည့်ကို အသုံးပြုခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ သယ်ဆောင်လာသည့် မိစ္ဆာလှံသည် နောက်သို့ လွင့်စဉ်သွားပြီး နောက်တစ်စက္ကန့်တွင် ဓားကြီးတစ်လက်နှင့် တိုက်ရိုက် ရိုက်ခတ်မိသွားလေ၏။ ၎င်းကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုက ထွင်းမော်ဂိုဏ်း မှ အကြီးအကဲများအားလုံးကို လွင့်စဉ်သွားစေခဲ့သည်။
"အို... စိတ်ဝင်စားစရာပဲ... သာမန် စစ်မှန်အင်မော်တယ် ကနဦးအဆင့် လေးက ငါ့ရဲ့ တိုက်ခိုက်မှုကို တကယ်ပဲ ခံနိုင်ရည်ရှိတယ်ပေါ့လေ..."
ယခုလေးတင် ရောက်ရှိလာသော စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်သည်လည်း အနည်းငယ် အံ့အားသင့်သွားပုံရသည်။ မြင်သည့်အတိုင်းပင် သူသည် ရွှေအင်မော်တယ် တစ်ဦးဖြစ်ပြီး ရွှေအင်မော်တယ် ကနဦးအဆင့် တွင်သာ ရှိနေသော်လည်း ၊ သို့သော် သူ၏ တိုက်ခိုက်မှုမှာ သာမန် စစ်မှန်အင်မော်တယ် ကနဦးအဆင့်သာ ရှိသေးသည့် လူတစ်ယောက် က ခုခံနိုင်သည့်အရာ မဟုတ်ပေ။
ဝူမိုဝူ၏ အမူအရာမှာ ကြည့်ရဆိုးနေခဲ့သည်။ သူမသည် အားကုန်သုံး၍ ပြိုင်ဘက်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေရန် တွန်းထုတ်လိုက်ပြီးနောက် ၊ထွင်းမော်ဂိုဏ်း မှ အကြီးအကဲများဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။
"မင်းတို့ အရင်သွားကြ... ဒီကကိစ္စကို ငါ ရှင်းလိုက်မယ်”
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများသည် ဝူမိုဝူ ရင်ဆိုင်နေရသော အခြေအနေသည် သူတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေကြောင်း သဘာဝကျကျပင် သိရှိကြသည်။ သူတို့သည် သာမန် လူသားအင်မော်တယ် များသာ ဖြစ်ရာ ရွှေအင်မော်တယ် များကို မည်သို့ ယှဉ်နိုင်မည်နည်း။
အခန်း (၂၂၄) - ရွှယ်ယင်ဂိုဏ်း
ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများ ထွက်သွားသည်ကို ကြည့်ရင်း လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိခဲ့ချေ။ လူသားအင်မော်တယ် ဒါဇင်ပေါင်းများစွာသည် သူ့ရှေ့ရှိ စစ်မှန်အင်မော်တယ် ကနဦးအဆင့် နှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပေ။
ထို့အပြင် ပြိုင်ဘက်သည် သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ခဲ့ခြင်းက သူမတွင် လျှို့ဝှက်ချက် အချို့ ရှိနေကြောင်း ပြသနေသည်။
အကြီးအကဲများ ထွက်သွားသည်ကို ကြည့်ပြီးနောက် ဝူမိုဝူသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ သူတို့သည် သူမ၏ ထွင်းမော်ဂိုဏ်း သို့ ဝင်ရောက်ပြီး သူမ၏ လက်အောက်ငယ်သားများ ဖြစ်လာခဲ့ပြီဖြစ်ရာ ၊ သူမအနေဖြင့် သူတို့ သေဆုံးသွားမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ဝူမိုဝူ သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်နှင့် ထိုအမျိုးသား၏ အဝတ်အစားပေါ်ရှိ သွေးနီရောင် တိမ်တိုက်သုံးခုက သူမ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့ပြီး ၊သူမသည် အနည်းငယ် မနှစ်မြို့ဖွယ်ကောင်းသော အမူအရာဖြင့် ပြောဆိုလိုက်၏။
"မင်းက ရွှယ်ယင်ဂိုဏ်း ကလား..."
"အို... စိတ်ဝင်စားစရာပဲ... ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း ရဲ့ တည်ရှိနေမှုကို သိတဲ့သူ ရှိမယ်လို့ မထင်ထားခဲ့ဘူး... ဒါက ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း အတွက်တော့ ဂုဏ်ယူစရာပဲ..."
ရွှယ်ယင်ဂိုဏ်း ဆိုသည့် ဝူမိုဝူ၏ စကားကိုကြားလိုက်ရချိန်တွင် ကျင့်ကြံသူ ၏ မျက်နှာပေါ်၌ အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။ သူနှင့် သူ၏ ရွှယ်ယင်ဂိုဏ်း သည် အလွန် သိုသိုသိပ်သိပ် လှုပ်ရှားကြပြီး အထက်ကမ္ဘာ အတွင်းရှိ အင်အားစု အနည်းငယ်ကသာ သူတို့၏ တည်ရှိမှုကို သိရှိကြသည်။
ဒါပေမဲ့ ဒီစစ်မှန်အင်မော်တယ်”ကနဦးအဆင့် လေးက ဒီလိုမျိုး သိနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.... ကြည့်ရတာ သူမဆီမှာ လျှို့ဝှက်ချက် တော်တော်များများ ရှိနေပုံပဲ...”
ဝူမိုဝူ မည်သို့ သိရှိသနည်း။ ၎င်းမှာ ယခင်ဘဝက ရွှယ်ယင်ဂိုဏ်း နှင့် သူမ အများအပြား ဆက်ဆံခဲ့ရသောကြောင့် ဖြစ်သည်။ အကယ်၍ ဝူမိုဝူကို မိစ္ဆာလမ်းစဉ် ဟု သတ်မှတ်မည်ဆိုပါက.. ရွှယ်ယင်ဂိုဏ်း ၏ ဂိုဏ်းချုပ် ၊ ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ် သည် မိစ္ဆာလမ်းစဉ် တစ်ခုလုံး၏ အင်မော်တယ် မဟာဧကရာဇ် များထဲတွင် အဆိုးရွားဆုံး ဖြစ်ပေလိမ့်မည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာမူ ရန်သူတော်များဟုပင် ဆိုရပေမည်။ အကယ်၍ ရွှယ်ယင် အင်မော်တယ် မဟာဧကရာဇ်သာ သူမထက် အနည်းငယ်မျှ ပို၍ စွမ်းအားမကြီးမားခဲ့ပါက သူမသည် သူ့ကို အစောကြီးကတည်းက လက်ဦးမှုယူကာ တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်သည်။
ယခု အခွင့်အရေး ရလာပြီဖြစ်၍ သူမသည် အလွတ်ပေးမည် မဟုတ်ပေ။ သို့သော် သူမသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်သော်လည်း ၊ သို့သော် ယခု သူမရှေ့က ရွှယ်ယင်ဂိုဏ်း၏ တပည့် သည် အကောင်းဆုံး အတိုးနှုန်းဖြစ်သည်မှာ ထင်ရှားသည်။
ပြိုင်ဘက်သည် ရွှေအင်မော်တယ် ကနဦးအဆင့် တွင် ရှိနေသော်လည်း ဝူမိုဝူအနေဖြင့် အနိုင်ယူရန်မခက်ခဲပေ။ သူမအနေဖြင့် သူမ၏ လျှို့ဝှက်ဖဲချပ် အနည်းငယ်ကိုသာ အသုံးပြုရန် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ ရွှယ်ယင်ဂိုဏ်း မှ တပည့် သည် ဝူမိုဝူကို ကြည့်ကာ သူ၏မျက်လုံးများက ယုတ်မာသော အကြည့်များအဖြစ် ပြောင်းလဲသွားပြီး လှောင်ပြုံး ပြောဆိုလိုက်၏။
"မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... မင်း အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ငါပေးမယ်... မင်းက ရွှယ်ယင်ဂိုဏ်း ဆိုတာကို သိနေမှတော့ ရွှယ်ယင်ဂိုဏ်း ရဲ့ စွမ်းအားကြီးမားမှုကိုလည်း သိသင့်တယ်... တကယ်လို့ မင်းသာ ငါ့ရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးမယ်ဆိုရင် မင်းကို ငါ မိတ်ဆက်ပေးနိုင်တယ်..."
"အို... တောင်းဆိုချက်တွေက ဘာတွေလဲ..."
သူမ၏ လေသံထဲတွင် စပ်စုလိုစိတ်များ ရောယှက်နေသော်လည်း သူမ၏ လက်ထဲရှိ လှံရှည်သည် အနည်းငယ် မှိန်ဖျော့စွာ တောက်ပနေသည်။ သေချာ မကြည့်ပါက သိသာနိုင်မည် မဟုတ်ပေ။
သို့သော် လူဆိုးအများစု၏ တောင်းဆိုချက်မှာ တစ်ဖက်မိန်းမသား၏ ခန္ဓာကိုယ်ကို ပေးအပ်ရန်သာ ဖြစ်ကြောင်း ဝူမိုဝူ သိရှိထားပေသည်။
"ဟီးဟီးဟီး... အဲဒါကတော့ ငါနဲ့ အချိန်နည်းနည်းလောက် ဖြတ်သန်းရမယ်... မင်းကို ငါ အရမ်း သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးမှာပါ... ငါ့ဟာက အရမ်းကြီးတော့ မင်း သည်းခံရလိမ့်မယ်..."
ရွှယ်ယင်ဂိုဏ်း မှ တပည့် သည် ဝူမိုဝူကို ကြည့်ကာ ကြွားဝါသကဲ့သို့ ပြောဆိုလိုက်ပြီး သူ၏ ပိုင်ဆိုင်မှုကို ပြသရန် ကျောကိုပင် မတ်လိုက်သေး၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူမိုဝူ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော အကြည့်များ ဖြတ်ပြေးသွားခဲ့သည်။
"ငါ သိပြီ... ဒါဆိုရင်လည်း သွားတော့... မိစ္ဆာ နဂါး ကျဆင်းခြင်း..."
ဝူမိုဝူ၏ စကားသံအဆုံးတွင် သူမ၏ လက်ထဲမှ လှံရှည် ကို ပစ်လွှတ်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး၏ အရောင်အဆင်းများ ပြောင်းလဲသွားခဲ့သည်။ အလင်းနှစ် တစ်လစာ အကွာအဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသော ထွင်းမော်ဂိုဏ်း မှ အကြီးအကဲများ ပင်လျှင် သတိပြုမိသွားကြသည်။
"ဂိုဏ်းချုပ် အဆင်ပြေပါ့မလား..."
အကြီးအကဲ တစ်ဦးက စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ဝူမိုဝူ၏ ကိုယ်ပိုင် ဆွဲဆောင်မှုအောက်တွင် သူတို့ လုံးလုံးလျားလျား ကျဆုံးသွားခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ၊ အခြားသူများသာဆိုလျှင် သူတို့ကို စွန့်ပစ်ပြီး အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။
ဤသည်ကိုကြားလိုက်ရချိန်တွင် မဟာအကြီးအကဲ က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
"မဟုတ်ဘူး... ဂိုဏ်းချုပ် ကို မင်းတို့ မသိဘူးလား... ဂိုဏ်းချုပ် ကိုယ်တိုင်ကကို အံ့ဖွယ်တစ်ခုပဲ... ဒီအခြေအနေက သူမအတွက် စိန်ခေါ်မှု တစ်ခု မဟုတ်ဘူး..."
ထိုသို့ပြောလိုက်စဉ် မဟာအကြီးအကဲ ၏ မျက်လုံးများထဲတွင် ဝူမိုဝူအပေါ် ယုံကြည်မှုများ ပြည့်နှက်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန်းလုံဂိုဏ်း တွင် ရွှယ်ယင်ဂိုဏ်း မှ တပည့် နှစ်ဦးသည်လည်း ဤသည်ကို သတိပြုမိသွားပြီး သူတို့၏ အမူအရာမှာ ကြည့်ရဆိုးသွားသည်။
"ဒုက္ခပဲ... စီနီယာအစ်ကိုချန် အန္တရာယ်ရှိနေတယ်..."
သူတို့နှစ်ဦးသည် နောက်တစ်စက္ကန့်တွင် လေထဲသို့ ပျံတက်သွားပြီး ဝူမိုဝူ ရှိရာဘက်သို့ ဦးတည်သွားကြလေ၏။
တစ်ချိန်တည်းမှာပင် စီနီယာအစ်ကိုချန် ၏ အမူအရာသည် ပြောင်းလဲသွားပြီး အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးရတာလဲ..."
ထိုအရာသည် ဝူမိုဝူ၏ အစွမ်းကုန်ထုတ်သုံးမှု ဖြစ်သည်ဟု သူ ခံစားမိသော်လည်း၊ အမှနိတွင် သူမသည် သူမ၏ အစွမ်းအစအစစ်အမှန်ကို အသုံးမပြုရသေးချေ။
၎င်း၏ လေသံထဲတွင် အံ့အားသင့်မှုများနှင့် အကြောက်တရားများ ပြည့်နှက်နေသော်လည်း သို့သော် သူသည် ပြန်လည် ခုခံလိုက်ပြီး သူ၏ ဓားကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
"လခြမ်း တံစဉ်..."
မျက်တောင်တစ်ခတ်အတွင်း လခြမ်း တံစဉ် သည် နဂါး ဥက္ကာပျံ နှင့် တိုက်မိသွားလေ၏။
နောက်တစ်စက္ကန့်တွင် မိစ္ဆာ နဂါး သည် လခြမ်း တံစဉ် ကို ကိုက်ဖြတ် ဖျက်ဆီးလိုက်ပြီး ၊ ထိုမျှဖြင့် ရပ်တန့်မသွားဘဲ အထိတ်တလန့်ဖြင့် လှည့်ပြေးရန် ပြင်နေသော စီနီယာအစ်ကိုချန် ကို ဝါးမျိုပစ်လိုက်သည်။
"သူတို့ ရောက်လာကြပြီလား... ငါ့ရဲ့ လက်ရှိ အခြေအနေနဲ့ဆိုရင် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် နှစ်ယောက်ကို သတ်ဖို့အထိ ငါ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး..."
စီနီယာအစ်ကိုချန် ကို သတ်ဖြတ်ပြီးနောက် ဝူမိုဝူသည် တစ်ခုခုကို ခံစားလိုက်ရပြီး သူမ၏ အမူအရာသည် အလွန်တည်ကြည်လေးနက်သွားခဲ့သည်။ စွမ်းအားကြီးမားသော အငွေ့အသက် နှစ်ခု ချဉ်းကပ်လာနေသည်ကို သူမ အာရုံခံမိလိုက်၏။
စီနီယာအစ်ကိုချန် ကို သတ်ဖြတ်ရန် သူမ၏ အင်အားအားလုံးကို အသုံးပြုခဲ့ပြီးဖြစ်ရာ အခြား ရွှယ်ယင်ဂိုဏ်း မှ တပည့် များကို တိုက်ခိုက်ရန် သူမတွင် ခွန်အားမကျန်တော့ချေ။
ထို့ကြောင့် လှံရှည် နှင့် စီနီယာအစ်ကိုချန် ၏ သိုလှောင်လက်စွပ် ကို ပြန်လည်သိမ်းဆည်းပြီးနောက် ဝူမိုဝူသည် ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများ ထွက်သွားသော လမ်းကြောင်းအတိုင်း မဆိုင်းမတွ လိုက်သွားလေ၏။
တစ်ချိန်တည်းမှာပင် စစ်မှန်အင်မော်တယ်အဖွဲ့ အတွင်း၌ ကျင့်ကြံခြင်း ကို အာရုံစိုက်နေသော ဝူရှန်းနီသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ပြင်းထန်စွာ ခုန်နေသော သူ၏ နှလုံးသားကို ဖိကာ မသက်မသာဖြင့် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
"ဘာဖြစ်တာလဲ... ငါ့နှလုံးခုန်တာ ဘာလို့ ဒီလောက် မြန်နေရတာလဲ... ငါ့ညီမလေးများ တစ်ခုခု ဖြစ်လို့လား..."
ဤသို့ တွေးမိချိန်တွင် ဝူရှန်းနီသည် လုံးဝ တုံ့ဆိုင်းမနေတော့ချေ။ သူသည် မတ်တပ်ရပ်လိုက်ပြီး ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားကာ နောက်တစ်စက္ကန့်တွင် စစ်မှန်အင်မော်တယ်အဖွဲ့ ၏ အထက်၌ ထွက်ပေါ်လာ၏။
သူမသည် ဝူမိုဝူနှင့် သွေးမျိုးဆက် ဆက်သွယ်မှု ရှိပေသည်။ အကယ်၍ မျက်လုံးများကို မှိတ်ပြီး သေချာ အာရုံခံကြည့်ပါက ဝူမိုဝူ၏ ယေဘုယျ ဦးတည်ရာ ကို သူ သိရှိနိုင်သည်။
မကြာမီ ဝူရှန်းနီသည် ဝူမိုဝူ၏ ယေဘုယျ ဦးတည်ရာ ကို အာရုံခံမိသွားပြီး အရှေ့ဘက်သို့ မဆိုင်းမတွ ထွက်ခွာသွားလေ၏။
တစ်ချိန်တည်းမှာပင် အခြား ရွှယ်ယင်ဂိုဏ်း မှ တပည့် နှစ်ဦးသည်လည်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာကြပြီး စီနီယာအစ်ကိုချန် သည် ဤနေရာတွင် သေဆုံးသွားကြောင်း သိလိုက်ရချိန်၌ သူတို့၏ အမူအရာများ ပျက်ယွင်းသွားသည်။
"သောက်ကျိုးနည်း... စီနီယာအစ်ကိုချန် ကို တစ်ယောက်ယောက်က သတ်ရဲလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံး သူ့ကို လိုက်ဖမ်းကြတာပေါ့... ထွက်သွားတာ သိပ်မကြာသေးဘူးဆိုတာ ငါ ခံစားမိတယ်... ပြီးတော့ သူ့ရဲ စွမ်းအင်တွေကလည်း ကုန်ခံလုနီးပါး ဖြစ်နေလောက်ပြီ..."
ထိုအတွေးဖြင့် ရွှယ်ယင်ဂိုဏ်း မှ တပည့် နှစ်ဦးသည် ဆက်လက် တွေဝေမနေတော့ချေ။ စီနီယာအစ်ကိုချန် ၏ မူလသွေးများကို စုဆောင်းပြီးနောက် သူတို့သည် ဝူမိုဝူ ထွက်သွားသော လမ်းကြောင်းအတိုင်း လိုက်သွားကြလေ၏။