အခန်း (၂၂၉-၂၃၀)
Vol. 23 Ch. 229-230
အခန်း (၂၂၉) - မိသားစု၏ ရုပ်သေးရုပ်
"မင်းက ရက်စက်တဲ့ သူရဲကောင်းလား... ဒါမှမဟုတ် အရူးတစ်ယောက်လားဆိုတာတော့ ငါ မသိဘူး... ကိုယ့်ခန္ဓာကိုယ်ကိုတောင် ရုပ်သေးရုပ် အဖြစ် သန့်စင်ပြီး ငါ့မြစ် ကို စတေးပြီး အားကိုးစရာတစ်ခုခု ရလာမယ်လို့ ထင်နေတာလား “
ဂိုဏ်းချုပ် ဝမ် သည် တဖြည်းဖြည်း ရုပ်သေးရုပ် အဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ကာ ဝူဟောက်သည် တီးတိုးပြောလိုက်၏။
အနည်းငယ် သနားမိသော်လည်း ဝူဟောက်သည် ဘာမှမလုပ်ခဲ့ချေ။ ယင်းအစား သူသည် ဂိုဏ်းချုပ် ဝမ် အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ဂိုဏ်းချုပ် ဝမ် ၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဝူဟောက်၏ ကြောက်မက်ဖွယ်ကောင်းသော နတ်အသိစိတ် စွမ်းအားသည် ဂိုဏ်းချုပ် ဝမ် ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ဂိုဏ်းချုပ် ဝမ် ယခင်က ချန်ထားခဲ့သော သတ်မှတ်ချက်များကို ပြောင်းလဲကာ သူ့အပေါ် သစ္စာရှိသော ရုပ်သေးရုပ် တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။
မကြာမီ ဂိုဏ်းချုပ် ဝမ် သည် ရုပ်သေးရုပ် အဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ သူ နိုးလာသည်နှင့် သူ၏ရှေ့ရှိ ဝူဟောက်ကို မြင်တွေ့လိုက်ရပြီး ဒူးတစ်ဖက်ထောက်ကာ ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"ငယ်သားက သခင့်ကို အရိုအသေပေးပါတယ်..."
"ကောင်းပြီ... ဒီနေ့ကစပြီး မင်းနာမည်က ဝူရှဲ့ပဲ... အခုကစပြီး မင်းက ဝူ မိသားစုဝင် တစ်ယောက်ဖြစ်သွားပြီ... မင်းရဲ့ တာဝန်နဲ့ ဝတ္တရားက ဝူ မိသားစု ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ပဲ... နားလည်လား..."
ဝူဟောက်သည် တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။ အားစိုက်ထုတ်ရုံမျှဖြင့် အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ ရုပ်သေးရုပ်များစွာကို သူကိုယ်တိုင် ဖန်တီးနိုင်သော်လည်း၊ ယခုရှေ့တွင်ရှိနေသည့် ဂိုဏ်းချုပ်ဝမ်၏ ခန္ဓာကိုယ်မှာ အသင့်သုံးနိုင်သော အခြေအနေတွင် ရှိနေသဖြင့် ဝူဟောက်ကိုယ်တိုင် အသစ်ပြုလုပ်နေသည်ထက် ပို၍မြန်ဆန်ပေလိမ့်မည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူရှဲ့၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာပြီး သစ္စာရှိစွာဖြင့် ပြောဆိုလိုက်၏။
"ငယ်သား ဝူရှဲ့က ဝူ မိသားစု အတွက် မျိုးဆက်အဆက်ဆက် မီးတောင်ကိုဖြတ်ပြီး ရေထဲဆင်းဖို့ ဆန္ဒရှိပါတယ်..."
"ကောင်းပြီ... ငါနဲ့ လိုက်ခဲ့..."
ထိုသို့ပြောပြီးနောက် ဝူဟောက်သည် ဝူရှဲ့နှင့်အတူ ထွက်ခွာသွားလေ၏။ ရှေးဟောင်း လျှို့ဝှက်နယ်မြေ ဟုခေါ်သော နေရာသည် ဝူဟောက်၏ အတွေးတစ်ချက်ဖြင့် ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူလီသည် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း သို့ အလျင်အမြန် ပြန်လာခဲ့သော်လည်း ရုပ်သေးရုပ် အဖြစ် ပြောင်းလဲသွားသော ကျန်းထျဲကို မြင်လိုက်ရချိန်တွင် သူသည် တိတ်ဆိတ်သွားပြီး ဖော်ပြ၍မရနိုင်သော ဝမ်းနည်းမှုများ ဝင်ရောက်လာခဲ့သည်။
"ဟူး... မင်းက ကြေကွဲဖွယ် ကံကြမ္မာပိုင်ရှင် တစ်ယောက်ပဲ... မင်းရဲ့ ဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီး အသိစိတ်မရှိတဲ့ ရုပ်သေးရုပ် ဖြစ်သွားတာ တကယ် နှမြောစရာပဲ... ဒါဆိုရင်လည်း ငါ့ဘေးမှာပဲ နေပါတော့..."
ဝူလီ သည် သက်ပြင်းချလိုက်ပြီးနောက် ကျန်းထျဲ၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသော ရုပ်သေးရုပ် ကို လက်ခံလိုက်သည်။ ယခုအချိန်တွင် ကျန်းထျဲသည် အင်မော်တယ် ဧကရာဇ် အထွတ်အထိပ်အဆင့်ရှိ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ကျန်းထျဲကို လက်ခံပြီးနောက် ဝူလီသည် ဂိုဏ်းချုပ် တောင်ထွတ် ပေါ်တွင် ရပ်ကာ လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း တစ်ခုလုံးကို ငုံ့ကြည့်နေခဲ့သည်။ အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ကျန်းထျဲ... သွားကြရအောင်... ဂိုဏ်းချုပ် ဝမ် ရဲ့ အကာအကွယ် မရှိတော့ရင် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း က တခြားအင်အားစုတွေရဲ့ ဝါးမျိုတာကို မကြာခင် ခံရတော့မှာပဲ... ငါတို့ ဒီမှာဆက်နေရင် အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲထဲကို ဆွဲသွင်းခံရလိမ့်မယ်..."
ဝူလီသည် စကားနည်းပြီး တစ်ယောက်တည်း နေလိုသူဖြစ်သောကြောင့် လျှို့ဝှက်ချက်ခုနစ်ပါးဂိုဏ်း တွင် မည်သူမျှ မသိလိုက်ဘဲ အလွန် ပေါ့ပါးလွတ်လပ်သော စိတ်နေသဘောထားဖြင့် ထွက်ခွာသွားခဲ့သည်။
ဂိုဏ်းချုပ် ဝမ် ၏ သစ္စာဖောက်မှုအပြီးတွင် ဝူလီသည် သင်ခန်းစာများစွာ ရရှိခဲ့သည်။ ပထမဆုံးအချက်မှာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပထမနေရာတွင်ထားပြီး ဆရာ အပါအဝင် မည်သူ့ကိုမျှ ဘယ်သောအခါမှ မယုံကြည်ရန် ဖြစ်ပေသည်။
အခြားတစ်ဖက်တွင် ဝူဟောက်သည် ဝူရှဲ့ကို ဖန်လိုင် အင်မော်တယ်ကျွန်း သို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။
"ဒီနေ့ကစပြီး မင်းက ဝူ မိသားစုဝင် တစ်ယောက်ပဲ... မင်း ဒီမှာနေရမယ်... တစ်ယောက်ယောက်က ဝူ မိသားစု ကို အန္တရာယ်ပြုလာရင် မဆိုင်းမတွ တိုက်ခိုက်... ပြီးတော့ မင်းရဲ့ အသွင်အပြင်ကို ပြောင်းလိုက်... ဒီပုံစံက သိပ်ဆွဲဆောင်မှု မရှိဘူး..."
ဝူဟောက်သည် ဝူရှဲ့ကို ဝူ မိသားစု နှင့် မလှမ်းမကမ်းရှိ ဖန်လိုင် အင်မော်တယ်ကျွန်း ပေါ်ရှိ စံအိမ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ဝူဟောက် စကားပြောဆိုပြီးသည်နှင့် ဝူရှဲ့သည် ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အသွင်အပြင်မှာ ဝူဟောက် ကျေနပ်သည့် ပုံစံအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားလေ၏။
ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူဟောက်သည် နောက်ဆုံးတွင် သူ၏ ဇနီး စူးချောင်ရန် ထံသို့ သွားရောက်ခဲ့သည်။
ဤအချိန်တွင် စူးချောင်ရန် သည် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ပြီး ဖြစ်လေ၏။ ဝူဟောက်၏ အကူအညီဖြင့် ၊ သူမသည် စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် သို့ ချိုးဖောက်ဝင်ရောက်ရန်မှာ ခက်ခဲသော ကိစ္စရပ်တစ်ခု မဟုတ်ချေ။
"ယောကျ်ား... ကျွန်မဆီက ဘာလိုချင်လို့လဲ..."
ဝူဟောက်၏ အကြောင်းကို သိရှိထားသော စူးချောင်ရန် သည် အရေးကြီးကိစ္စ မရှိပါက ဝူဟောက်သည် သူမကို လာရောက်နှောင့်ယှက်မည် မဟုတ်သဖြင့် အနည်းငယ် သိချင်နေခဲ့၏။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက်သည် ခေါင်းညိတ်လိုက်ပြီး စူးချောင်ရန် ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ကာ ပြုံးပြီး ပြောဆိုလိုက်သည်။
"ငါ့ဇနီးပီပီ တကယ်ကို ဉာဏ်ကောင်းတာပဲ..."
"အိုယောကျ်ား... ကျွန်မတို့ လက်ထပ်ထားတာ ဒီလောက်ကြာပြီကို ဘာလို့ ဒီလောက်တောင် ချွဲနေရတာလဲ..."
ဝူဟောက်၏ စကားကြောင့် စူးချောင်ရန်၏ မျက်နှာမှာ ရဲတက်သွားပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် ဝူဟောက်သည် အရေးကြီးကိစ္စကို သတိရသွားပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
"ကောင်းပြီ... နောက်ပြောင်တာ တော်ပြီ... အခုဆိုရင် မင်း ရွှေအင်မော်တယ် အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ နီးစပ်နေပြီ မဟုတ်လား... မင်း အဆင့်ချိုးဖောက်ဝင်ရောက် နိုင်မယ့် လျှို့ဝှက်နယ်မြေ တစ်ခုကို ငါ ခေါ်သွားဖို့ စီစဉ်ထားတယ်... အဲဒီမှာ ရွှေအင်မော်တယ် ဖြစ်လာမယ့် အခွင့်အရေး ရှိတယ်..."
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် စူးချောင်ရန် သည် အနည်းငယ် စိတ်ဝင်စားသွားသည်။
"လျှို့ဝှက်နယ်မြေ... ဘာ လျှို့ဝှက်နယ်မြေ လဲ..."
"တောက်ရန် လျှို့ဝှက်နယ်မြေ..."
ဝူဟောက်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ဒါက ငါ သေချာ ရွေးချယ်ထားတဲ့ လျှို့ဝှက်နယ်မြေ ပဲ... ငါ အဲဒီအထဲကို ဝင်လို့မရပေမယ့် အထဲမှာ မင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်..."
တစ်ချိန်တည်းမှာပင် စစ်မှန်အင်မော်တယ်အဖွဲ့ နှင့် ထွင်းမော်ဂိုဏ်း တို့၌ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် တောက်ရန် လျှို့ဝှက်နယ်မြေ ကို ပစ်မှတ်ထားနေကြသည်။
"ငါ နားလည်သလောက်တော့ တောက်ရန် လျှို့ဝှက်နယ်မြေ က မကြာခင် ပွင့်တော့မယ်... အဲဒီအထဲမှာ အခွင့်အရေး တွေနဲ့ စွမ်းအားကြီးမားတဲ့ အမွေအနှစ် တွေ အများကြီး ရှိတယ်... ငါသာ အဲဒီအထဲကို ဝင်နိုင်ရင် အခွင့်အရေး တွေ အများကြီး ရနိုင်ပြီး တောက်ရန် လျှို့ဝှက်နယ်မြေ ထဲမှာတင် ရွှေအင်မော်တယ် အဆင့်ကို တိုက်ရိုက် ချိုးဖောက်ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်လိမ့်မယ်..."
ဝူရှန်းနီ သူ့ကိုယ်သူ တွေးတောလိုက်၏။ သို့သော် သူ၏ အရေးကြီးဆုံး အတွေးမှာ သူ၏ ညီမဖြစ်သူထက် သာလွန်ရန် ဖြစ်ပေသည်။
ညီမဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်သည် စစ်မှန်အင်မော်တယ် ကနဦးအဆင့် တွင်သာ ရှိသေးကြောင်း သူ အစောပိုင်းက သတိပြုမိခဲ့သည်။ အကယ်၍ သူသာ တောက်ရန် လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်နိုင်ပါက ၎င်းကို ခုန်ပျံကျော်လွှားစရာအဖြစ် အသုံးချကာ ညီမဖြစ်သူ ဝူမိုဝူထက် သာလွန်နိုင်ပေလိမ့်မည်။
"ဂိုဏိးချုပ်... တောက်ရန် လျှို့ဝှက်နယ်မြေ ထဲကို ဝင်ချင်လို့လား... တောက်ရန် လျှို့ဝှက်နယ်မြေ ဆိုတာ အတိအကျ ဘာလဲ..."
ဝူရှန်းနီ၏ စကားကို ကြားပြီးနောက် စစ်မှန်အင်မော်တယ်အဖွဲ့ ၏ အကြီးအကဲများသည် သိချင်စိတ် ပြင်းပြလာကြသည်။ မည်သို့ပင်ဆိုစေ သူတို့၏ သူဌေးသည် အလွန် ဇီဇာကြောင်သူဖြစ်ပြီး သာမန်အရာများသည် သူ၏ စံနှုန်းများကို အမှန်တကယ် မပြည့်မီနိုင်ကြောင်း သူတို့ သတိပြုမိသည်။
အခြားတစ်ဖက်တွင် ဝူမိုဝူသည် သူမ၏ရှေ့ရှိ ထွင်းမော်ဂိုဏ်း မှ အကြီးအကဲများကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"တောက်ရန် လျှို့ဝှက်နယ်မြေ ဆိုတာ ရှေးဟောင်းခေတ် က အင်မော်တယ် မဟာဧကရာဇ် အဆင့် အင်အားစုနှစ်ခုကြားက မဟာစစ်ပွဲကြီး ပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာ... အဲဒီမှာ အင်အားစုနှစ်ခုကြားက စစ်ပွဲမှာ သေဆုံးသွားခဲ့တဲ့ ကျင့်ကြံသူ တွေအားလုံးရဲ့ အမွေအနှစ် တွေ ပါဝင်တယ်... အချိန်တွေ ကြာလာတာနဲ့အမျှ အဲဒါက ငါတို့ အခုသိနေတဲ့ တောက်ရန် လျှို့ဝှက်နယ်မြေ ဖြစ်လာတာပဲ..."
"အထက်ကမ္ဘာ က အင်အားစုကြီးတွေကလည်း တောက်ရန် လျှို့ဝှက်နယ်မြေ ကို သူတို့ရဲ့ တပည့် တွေအတွက် လေ့ကျင့်ရေးကွင်း တစ်ခုအဖြစ် သတ်မှတ်ထားကြတယ်... ဘာလို့လဲဆိုတော့ တောက်ရန် လျှို့ဝှက်နယ်မြေ က အနှစ်တစ်ထောင်မှ တစ်ကြိမ် ပွင့်ပြီးတော့ အချိန်ဇယားအရဆိုရင် နောက်ထပ် ခြောက်လနေရင် ပွင့်တော့မှာမို့လို့ပဲ..."
ဝူမိုဝူ၏ စကားကိုကြားလိုက်ရချိန်တွင် ထွင်းမော်ဂိုဏ်း ၏ အကြီးအကဲများမှာ အသက်ရှုပင် မြန်ဆန်လာကြသည်။
အကယ်၍ သူတို့လည်း အဲ့ထဲကနေ အမွေအနှစ် ကို ရရှိနိုင်ရင် သူတို့လည်း တဟုန်ထိုး တိုးတက်သွားမယ် မဟုတ်လား….
သူတို့၏ အတွေးများကို သိနေသည့်အလား ဝူမိုဝူက တည်ငြိမ်စွာ ပြောဆိုလိုက်၏。
"အဲဒီအကြောင်း တွေးတောင် မတွေးနဲ့... မင်းတို့ ဝင်လို့ မရဘူး... စစ်မှန်အင်မော်တယ် အဆင့်ပဲ အဲဒီထဲကို ဝင်လို့ရတာ... ပြီးတော့ လျိုထျန်းရွှေအင်မော်တယ် အဆင့် မိစ္ဆာသားရဲ တွေတောင် အဲဒီမှာ ရှိနေတယ်... ဒါကြောင့် အဲဒီအထဲကို ဝင်ပြီး ကိုယ့်သေတွင်း ကိုယ်မတူးကြနဲ့..."
"ဂိုဏ်းချုပ် ကရော..."
ထွင်းမော်ဂိုဏ်း နှင့် စစ်မှန်အင်မော်တယ်အဖွဲ့ ၏ အကြီးအကဲများအားလုံးက ဝူမိုဝူနှင့် ဝူရှန်းနီတို့ကို သိချင်စိတ်ပြင်းပြသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
"ငါလား... ရိုးရှင်းပါတယ်... ဒီခြောက်လအတွင်းမှာ ငါ အရာအားလုံးကို ပြင်ဆင်ဖို့ပဲ လိုတယ်..."
ဝူရှန်းနီနှင့် ဝူမိုဝူတို့က မဆိုင်းမတွ ပြန်ဖြေလိုက်ကြသည်။ သူတို့၏ နောက်ခံနှင့် အတွေ့အကြုံအရ ခြောက်လ အချိန်ပေးပြီး အရင်းအမြစ်များ လုံလုံလောက်လောက် ရှိမည်ဆိုပါက လျိုထျန်းရွှေအင်မော်တယ် ကို သတ်ဖြတ်နိုင်မည့် အဆောင်တစ်ခုကို ဖန်တီးရန်မှာ သူတို့အတွက် မဖြစ်နိုင်စရာ မရှိချေ။
အခန်း (၂၃၀) - တောက်ရန် လျှို့ဝှက်နယ်မြေ
တစ်ချိန်တည်းမှာပင် ချန်ဟန့်ရှန်းသည်လည်း ဝိညာဉ် မီးအိမ် ၏ လမ်းညွှန်မှုများအပေါ် အခြေခံ၍ ရွှယ်ယင်ဂိုဏ်း မှ တပည့် သုံးဦး သေဆုံးခဲ့သည့် နေရာကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
"ဒီနေရာ ဖြစ်ရမယ်..."
ဝိညာဉ် မီးအိမ် သည် ဤနေရာတွင် ရပ်တန့်သွားသည်ကို မြင်သည်နှင့် ချန်ဟန့်ရှန်းသည် သူ နေရာမှန်ကို ရှာတွေ့ပြီဖြစ်ကြောင်း သိလိုက်သည်။
ထိုအတွေးဖြင့် ချန်ဟန့်ရှန်းသည် ဆက်လက် တွေဝေမနေတော့ဘဲ ဝိညာဉ် မီးအိမ် ဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ထိန်းချုပ်ရန် သူ၏ စွမ်းအားကို အသုံးပြုလိုက်၏။ ဝိညာဉ် မီးအိမ် စတင်လည်ပတ်လာသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ဝိညာဉ် မီးအိမ် မှ ထွက်ပေါ်လာကာ အရပ်ရပ်သို့ ပြန့်နှံ့သွားလေသည်။
ဝိညာဉ် မီးအိမ် ၏ စွမ်းအားလွှမ်းမိုးမှုအောက်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အနက်နှင့် အဖြူရောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီး မကြာမီ ပတ်ဝန်းကျင်ရှိ ရှုခင်းများလည်း စတင်ပြောင်းလဲလာခဲ့သည်။
များမကြာမီ မြင်ကွင်းမှာ ဝူမိုဝူသည် စီနီယာအစ်ကိုချန် ကို သတ်ဖြတ်ခဲ့သည့် အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ၎င်းသည် မြင်ကွင်းတစ်ခုသာ ဖြစ်သော်လည်း တစ်ဖက်လူ၏ ခန့်မှန်းခြေ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံနိုင်သည်။
ထို့ကြောင့် ဝူမိုဝူ၏ ကျင့်ကြံခြင်းအဆင့်သည် စစ်မှန်အင်မော်တယ် ကနဦးအဆင့် တွင်သာ ရှိသေးကြောင်း သိလိုက်ရချိန်တွင် ချန်ဟန့်ရှန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"စိတ်ဝင်စားစရာပဲ... စစ်မှန်အင်မော်တယ် ကနဦးအဆင့် နဲ့တင် ရွှေအင်မော်တယ် ကနဦးအဆင့် ကို သတ်နိုင်တယ်ဆိုတော့ ဒီမိန်းမမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တချို့ ရှိနေလောက်တယ်..."
ချန်ဟန့်ရှန်း သူ့ကိုယ်သူ တွေးတောလိုက်၏။
"သောက်ကျိုးနည်း... စီနီယာအစ်ကိုချန် က အဝေးက ဆွေမျိုးတစ်ယောက် ဖြစ်နေလို့သာ ဒီတာဝန်ကို ငါ လက်ခံခဲ့တာ..."
"ဒါပေမဲ့ တခြား တပည့် နှစ်ယောက်က ဒီမှာ မသေခဲ့ဘူး... ဒီမိန်းမရဲ့ စွမ်းအားတွေ ကုန်ခါနီး ဖြစ်နေပြီဆိုတော့ သူမက တခြား တပည့် နှစ်ယောက်ကို သတ်ခဲ့တာ မဟုတ်လောက်ဘူး... ငါ သူတို့ကို ဆက်ရှာရမယ်..."
အခြား ရွှယ်ယင်ဂိုဏ်း မှ တပည့် နှစ်ဦးသည် မြင်ကွင်းထဲတွင် ပေါ်ထွက်မလာခဲ့ချေ။ ထို့ကြောင့် သူတို့ကို သတ်ဖြတ်ခဲ့သူမှာ အခြားတစ်ယောက် ဖြစ်ကြောင်း ချန်ဟန့်ရှန်း သိလိုက်သည်။
ထိုအတွေးဖြင့် ချန်ဟန့်ရှန်းသည် ရွှယ်ယင်ဂိုဏ်း မှ တပည့် နှစ်ဦး သေဆုံးခဲ့သည့် နေရာကို ဆက်လက်ရှာဖွေရန် ဝိညာဉ် မီးအိမ် ကို ထိန်းချုပ်လိုက်ရာ မကြာမီမှာပင် ရှာတွေ့သွားခဲ့သည်။
သို့သော် ဝူရှန်းနီသည် ရွှယ်ယင်ဂိုဏ်း ၏ စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် နှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်တွေ့ပြီးနောက် ချန်ဟန့်ရှန်း၏ အမူအရာမှာ တစ်ဖန် တည်ကြည်လေးနက်သွားခဲ့သည်။
"စိတ်ဝင်စားစရာပဲ... အခြေအနေအရ ကြည့်ရရင် ဒီ ကျင့်ကြံသူ ဟာလည်း ရွှေအင်မော်တယ် အဆင့် ကို သတ်နိုင်တဲ့ စွမ်းအားရှိပြီး သူက စစ်မှန်အင်မော်တယ် အထွတ်အထိပ်အဆင့် မှာပဲ ရှိသေးတယ်... တကယ်လို့ ဒီနှစ်ယောက်ကို ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း ထဲ ခေါ်သွင်းနိုင်ရင် သူတို့က ငါ့ရဲ့ ရွှယ်ယင်ဂိုဏ်း အတွက် အကျိုးပြုနိုင်လောက်တယ်..."
ထိုအတွေးဖြင့် ချန်ဟန့်ရှန်းသည် ဆက်လက် တွေဝေမနေတော့ချေ။ သူသည် ဝူမိုဝူနှင့် ဝူရှန်းနီတို့၏ အသွင်အပြင်များကို မှတ်သားထားပြီးနောက် ပတ်ဝန်းကျင်ဒေသတွင် သူတို့၏ တည်နေရာများကို စတင်ရှာဖွေလေတော့သည်။ သူ၏ အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းစွမ်းအားဖြင့် စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ နှစ်ဦးကို ရှာဖွေရန်မှာ မခက်ခဲချေ။
ချန်ဟန့်ရှန်း မထင်မှတ်ထားသည်မှာ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် တောက်ရန် လျှို့ဝှက်နယ်မြေ သို့ ထွက်ခွာသွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသ ၌ ဝူဟောက်သည် စူးချောင်ရန် ကို တောက်ရန် လျှို့ဝှက်နယ်မြေ သို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။
"ယောကျ်ား... တောက်ရန် လျှို့ဝှက်နယ်မြေ ပွင့်ဖို့ ဘယ်လောက် လိုသေးလဲ..."
ပွင့်လာခြင်း မရှိသေးသော တောက်ရန် လျှို့ဝှက်နယ်မြေ ကို ကြည့်ကာ စူးချောင်ရန် မျက်မှောင်ကြုတ်သွားပြီး ဝူဟောက်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
ဤသည်ကိုကြားလိုက်ရချိန်တွင် ဝူဟောက်၏ အမူအရာသည် အနည်းငယ် ကြည့်ရဆိုးသွားပြီး အတန်ကြာပြီးနောက် သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"ငါ တွက်တာ မှားသွားတယ်... မပွင့်သေးဘူး... နောက်ထပ် ခြောက်လလောက် ကြာဦးမယ်..."
စူးချောင်ရန် သည် အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီး အတန်ကြာမှ သက်ပြင်းချကာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ... ကျွန်မတို့ ဒီရောက်နေမှတော့ အလယ်ပိုင်းဒေသ ပတ်ပတ်လည်ကို ခရီးသွားကြတာပေါ့... အလယ်ပိုင်းဒေသ က မြင့်မြတ်နယ်မြေ က ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မဟုတ်လား... ဝူကျန်းအဲ့ က ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ မှာ ရှိတယ်မလား..."
"အင်း..."
ဝူဟောက် ခေါင်းညိတ်လိုက်သည်။ သူသည် ဝူကျန်းအဲ့၏ တည်ရှိမှုကို သဘာဝကျကျပင် အာရုံခံနိုင်သည်။ ဝူကျန်းအဲ့သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ တွင် ရှိနေကြောင်း သိရှိပြီးနောက် စူးချောင်ရန် သည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူဟောက် အနေဖြင့် ကန့်ကွက်စရာ မရှိခဲ့ချေ။ မည်သို့ပင်ဆိုစေ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သည် သူ့အတွက် ဘာမှမဟုတ်ပေ။
ထို့အပြင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ၏ ဒြပ်စင်ငါးပါး ခေါင်းလောင်း နှင့် ပတ်သက်၍လည်း ဝူဟောက်တွင် အကြံအစည်အချို့ ရှိနေသည်။ ၎င်းသည် ဒြပ်စင်ငါးပါး ဥပဒေသ ကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ဆိုကြရာ အကယ်၍ သူသာ ၎င်းကို ရရှိပြီး ဝူကျန်းအဲ့ကို ပေးနိုင်ပါက နောက်ထပ် နတ်ဘုရား မှော်လက်နက် ၁၀,၀၀၀ ကို သူ ရရှိနိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် ဝူဟောက်သည် ချက်ချင်း လုပ်ဆောင်လိုက်ပြီး စူးချောင်ရန် ကို ခေါ်ဆောင်ကာ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သို့ တိုက်ရိုက် ဦးတည်လိုက်၏။
"မြင့်မြတ်အရှင်သခင်... ပထမတော့ ဒြပ်စင်ငါးပါး စမ်းသပ်မှု... အခုကျတော့ တောက်ရန် လျှို့ဝှက်နယ်မြေ ကို သွားရမယ်ပေါ့လေ..."
သူ၏ရှေ့ရှိ ချင်ဇီကျွင်းကို ကြည့်ကာ ဝူကျန်းအဲ့ မျက်မှောင်ကြုတ်သွားခဲ့သည်။ ယခုလေးတင် ချင်ဇီကျွင်းသည် သူ့ထံသို့ ရုတ်တရက် ရောက်လာပြီး ခြောက်လအကြာတွင် တောက်ရန် လျှို့ဝှက်နယ်မြေ ၌ စမ်းသပ်မှုတစ်ခုအတွက် ပြင်ဆင်ထားရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ချင်ဇီကျွင်းမှာ သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"မင်းက ငါတို့ရဲ့ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ရဲ့ သူတော်စင်အဆင့် ဖြစ်ပြီး မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က စစ်မှန်အင်မော်တယ် အဆင့် မှာ ရှိတယ်... တောက်ရန် လျှို့ဝှက်နယ်မြေ က အလယ်ပိုင်းဒေသ ရဲ့ လျှို့ဝှက်နယ်မြေ ဖြစ်တဲ့အတွက် မင်းသွားဖို့ အသင့်တော်ဆုံး နေရာတစ်ခုပဲ..."
"ဒါ့အပြင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် တောက်ရန် လျှို့ဝှက်နယ်မြေ လေးက မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး... အဲဒီအထဲမှာ မင်းက အင်မော်တယ် ဧကရာဇ် ဒါမှမဟုတ် အင်မော်တယ် အရှင်မြတ် ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ရနိုင်တယ်... ကံကောင်းရင် အဲဒီ အင်မော်တယ် မဟာဧကရာဇ် နှစ်ယောက်ရဲ့ အမွေအနှစ် ကိုတောင် ရနိုင်သေးတယ်..."
"အဲဒီ အင်မော်တယ် မဟာဧကရာဇ် နှစ်ယောက်လား..."
ဝူကျန်းအဲ့က စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ချင်ဇီကျွင်း က ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... တောက်ရန် လျှို့ဝှက်နယ်မြေ က ရှေးဟောင်းခေတ် က အင်မော်တယ် မဟာဧကရာဇ် အဆင့် အင်အားစုနှစ်ခုကြားက စစ်ပွဲရဲ့ ရလဒ်တစ်ခုပဲ... အဲဒီစစ်ပွဲမှာ အင်မော်တယ် မဟာဧကရာဇ် နှစ်ယောက်လုံး သေဆုံးသွားခဲ့ပြီး အင်အားစုနှစ်ခုလုံးက စွမ်းအားကြီးမားတဲ့သူတွေလည်း သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်..."
"အဲဒီ အင်မော်တယ် မဟာဧကရာဇ် နှစ်ယောက်ရဲ့ အမွေအနှစ် ကို ဘယ်သူမှ မယူသွားသေးဘူး... ပြီးတော့ အင်မော်တယ် ဧကရာဇ် တွေရဲ့ အမွေအနှစ် တွေလည်း အများကြီး ရှိသေးတယ်... ဒါကြောင့် အဲဒီ အင်မော်တယ် ဧကရာဇ် တွေထဲက တစ်ယောက်ရဲ့ အမွေအနှစ် ကိုသာ မင်း ရနိုင်မယ်ဆိုရင် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်း အတွက် အလွန် အသုံးဝင်လိမ့်မယ်..."
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့မှာ ဆွံ့အသွားသည်။ လက်ရှိ သူ့ထံတွင် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အမွေအနှစ် ရှိနေကြောင်း ချင်ဇီကျွင်းအား ပြောပြချင်မိသည်။ ရွှမ်ထျန်းကမ္ဘာ တွင် ရှိစဉ်က ဝူ မိသားစု ဝင်တိုင်း အင်မော်တယ် ဧကရာဇ် ၏ အမွေအနှစ် တစ်ခုစီ ရရှိခဲ့ကြသည်။
“ဒါပေမဲ့လည်း အမွေအနှစ် တွေ ပိုရှိနေတာက ငါ့ရဲ့ ကြီးထွားမှုကို အဟန့်အတား မဖြစ်ဘူး ပြီးတော့ သူတို့က ငါ့ကို ပိုသန်မာလာအောင် ကူညီပေးလိမ့်မယ်... ငါ ကျင့်ကြံ တဲ့ တာအို ကိုလည်း မထိခိုက်နိုင်ဘူး... “
ဝူကျန်းအဲ့သည် ထိုသို့ တွေးလိုက်သည်။
ဤသည်ကို တွေးမိချိန်တွင် ဝူကျန်းအဲ့သည် နောက်ဆုံး၌ ခေါင်းညိတ်လိုက်ရ၏။
ဝူကျန်းအဲ့ သဘောတူလိုက်သည်ကို မြင်ပြီးနောက် ချင်ဇီကျွင်း သည် ကျေနပ်သွားပုံရပြီး အတန်ကြာပြီးနောက် လေးနက်စွာ ပြောဆိုလိုက်သည်။
"ဒီတစ်ကြိမ်တော့ မဟာမြင့်မြတ်နယ်မြေငါးခု က တပည့် တွေကို စေလွှတ်လိမ့်မယ်... ဖြစ်နိုင်မယ်ဆိုရင် မင်း ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ ကို ကိုယ်စားပြုပြီး ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ နဲ့ ထိုက်တန်တဲ့ အောင်ပွဲကို ယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."
ဤအချိန်တွင် တောက်ရန် လျှို့ဝှက်နယ်မြေ သည် မဟာမြင့်မြတ်နယ်မြေငါးခု အကြား ပြိုင်ပွဲ နေရာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ရာ ချင်ဇီကျွင်းသည် ဝူကျန်းအဲ့အား ထိုနေရာသို့ စေလွှတ်ရခြင်း ရည်ရွယ်ချက်မှာ အခြား မဟာမြင့်မြတ်နယ်မြေငါးခု ရှေ့တွင် ကြွားလုံးထုတ်ရန်ပင် ဖြစ်ပေသည်။
သို့သော် ဤအချိန်တွင် ဝူယီဖန်နှင့် ဝူယိတောက်တို့သည် စစ်မှန်အင်မော်တယ် အဆင့် ကို များစွာ ကျော်လွန်သွားပြီဖြစ်၍ သူတို့သည် တောက်ရန် လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။ထို့ကြောင့် ရွှေရောင်အခွင့်အရေး တစ်ခုကို လက်လွတ်သွားခဲ့ရပေသည်။
"တပည့် နားလည်ပါပြီ..."
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူကျန်းအဲ့သည် မငြင်းဆန်ခဲ့ချေ။ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ သို့ ဝင်ရောက်ပြီး ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ အတွက် ဂုဏ်ဆောင်ရန်မှာ သူ့အတွက် ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။
ဝူကျန်းအဲ့ မှ သဘောတူလိုက်ပြီးနောက် ၊ ချင်ဇီကျွင်း သည် နေရာမှ ထွက်သွားရန် ပြင်လိုက်စဉ် ဝူဟောက်၏ အသံကို ကြားလိုက်ရသည်။
"ဝူကျန်းအဲ့... မတွေ့ရတာ ကြာပြီနော်..."