အခန်း (၂၀၉-၂၁၀)
Vol. 18 Ch. 209-210
အပိုင်း (၂၀၉)
ဤစာကို ဖတ်ပြီးနောက် ယွင်ကျုံးဟဲ့သည် ငိုရှိုက်နေပြီဖြစ်ပြီး မျက်ရည်များက စာရွက် တစ်ခုလုံးကို ရွှဲနစ်သွားစေခဲ့၏။ နောက်ဆုံးတွင် မထိုင်နိုင်တော့လောက်အောင် ဖြစ်သွားခဲ့သည်။
ရေခဲအခေါင်းအတွင်းရှိ လူဝကြီး အောက်ယွီသည် အလွန် ပျော်ရွှင်နေပုံရပြီး သူ၏ မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးများ ရှိနေ၏။ ဤလူဝကြီး၊ သူ၏ အစ်ကိုအရင်း၊ အမြွှာ အစ်ကို အရင်းကို ယွင်ကျုံးဟဲ့သည် တစ်ကြိမ်သာ တွေ့ဖူးပြီး အချင်းချင်း အသိအမှတ်ပြုရန် အချိန်ပင် မရခဲ့ချေ။
ယခု စဉ်းစားကြည့်လေလေ ပို၍ နောင်တရလေလေ ဖြစ်၏။ ထိုနေ့က ဘာလို့ အသိအမှတ် မပြုခဲ့သနည်း။ ထိုနေ့က ဘာလို့ စကား နည်းနည်း ပိုမပြောခဲ့သနည်း။ ထိုနေ့က ဘာလို့ အတူတူ ထမင်းမစား၊ အရက် မသောက်ခဲ့ရသနည်း။ အဘယ့်ကြောင့် အတူတူ ဓားပြ သွားမလုပ်ခဲ့ရသနည်း။
ဖုန်းရှင်းမြဲ့က ယွင်ကျုံးဟဲ့ကို နှစ်သိမ့်ပေးလိုက်သည်။ “သား... သူက သား နိုးလာမယ့် အချိန်ကို အမြဲ စောင့်နေခဲ့တာ၊ အမြဲတမ်း စောင့်နေခဲ့တာ။ ဒါပေမဲ့ တကယ်ကို မမီတော့ဘူး။ အဖေတို့က သူ အသက် မထွက်ခင်တည်းက ရေခဲအောက်မှာထည့်ပြီး ရေခဲရိုက်ထားခဲ့တာ။ ဒါမှ သား သူ့ကို လာကြည့်တဲ့ အချိန်တိုင်း အပြုံးမျက်နှာလေးကိုပဲ တွေ့ရမှာလေ။”
ယွင်ကျုံးဟဲ့သည် အစ်ကို ဖြစ်သူ၏ ရိုးသားသော အပြုံးမျက်နှာလေးကို ကြည့်နေမိ၏။ ဤလူသည် သူ့ကို ဒုတိယ အသက်ကို ပေးခဲ့သူဖြစ်ပြီး ယခုအခါ သူ၏ ခန္ဓာကိုယ် အတွင်း၌ အစ်ကို ဖြစ်သူ၏ သွေးများ စီးဆင်းနေ၏။
“သွားရအောင် သား... ဒီမှာ အရမ်း အေးတယ်။” ဖုန်းရှင်းမြဲ့ က ပြောလိုက်သည်။
ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။ “ကျုပ် သူ့အနားမှာ နည်းနည်း ထပ်နေချင်သေးတယ်။”
ဖုန်းရှင်းမြဲ့က ငြင်းပယ်လိုက်သည်။ “ဒီမှာ အရမ်း အေးတယ်။ သား ဒဏ်ရာ အပြည့်အဝ မပျောက်သေးဘူး... သား ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ခေါင်းမာစွာဖြင့် ဆက်တောင်းဆိုလိုက်၏။ “ခဏလေးပါပဲ... ခဏလေးပါပဲ။”
သူ့အပေါ်တွင် အလွန် ထူထဲသော စောင်များ ခြုံထားသော်လည်း ဖုန်းရှင်းမြဲ့သည် သူ၏ ဝတ်ရုံကြီးကို ချွတ်ကာ ယွင်ကျုံးဟဲ့အပေါ် ထပ်ခြုံပေးလိုက်သည်။
ယွင်ကျုံးဟဲ့သည် ရှေ့သို့ တိုးသွားကာ အစ်ကိုဖြစ်သူ၏ မျက်နှာကို ထိတွေ့ရန် ကြိုးစားလိုက်၏။ သို့ပေမည့် သူသည် ရေခဲအခေါင်းအတွင်း၌ အပြည့်အဝ ရေခဲရိုက် ခံထားရပြီ ဖြစ်၏။ သူ၏ မျက်နှာလေးမှာ မည်မျှ ချစ်စရာ ကောင်းလိုက်သနည်း။ မည်သည့်နေရာမှ ကြည့်ကြည့် အမြဲတမ်း ပြုံးနေသကဲ့သို့ဖြစ်ပြီး အသက်ရှင်နေသူ ကဲ့သို့ပင်။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်ကို... ကျုပ် ကတိပေးပါတယ်။ အစ်ကို့အစား ဖေဖေနဲ့ မေမေကို စောင့်ရှောက်ပေးပါ့မယ်။ သူတို့ကို သေချာ ကာကွယ်ပေးပြီး ဘေးကင်းငြိမ်းချမ်းအောင် ထားပါ့မယ်။”
နောက်ဆက်တွဲ အနေဖြင့် ယွင်ကျုံးဟဲ့သည် အစ်ကိုဖြစ်သူ အောက်ယွီ၏ အချက်အလက်များကို အချိန်ပြည့် ဖတ်ရှုနေခဲ့၏။ ငယ်စဉ်တည်းက အချက်အလက်များ အားလုံးကို အသေးစိတ် ဖတ်ရှုခဲ့သည်။ အစ်ကိုဖြစ်သူ၏ ဘဝကို ဖြတ်သန်းနေရသကဲ့သို့ပင်။
အစ်ကိုဖြစ်သူ၏ ဘဝသည် အဖြစ်ဆိုး တစ်ခုပင်ဖြစ်၏။ အကြောင်းမှာ သူသည် လူတိုင်း၏ လှောင်ပြောင်မှု၊ လူတိုင်း၏ အထင်သေးမှု၊ လူတိုင်း၏ ရွံရှာမှုများကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
သူ့ကို တောင်ပိုင်းကျိုးအင်ပါယာ၏ နံပါတ်တစ် အသုံးမကျသူဟု ခေါ်ဆိုကြပြီး နုလန်ဟောက် အိမ်တော်၏ အရှက်ရစရာဟု သတ်မှတ်ကြကာ အောက်ရှင်းအပေါ် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟုပင် ဆိုကြ၏။
သို့ပေမည့် အစ်ကိုဖြစ်သူ၏ ဘဝသည် ပျော်ရွှင်သော ဘဝတစ်ခုလည်း ဖြစ်သည်။ အကြောင်းမှာ သူ၏ မိဘများက သူ့ကို ရွံရှာခြင်း မရှိဘဲ အသေးစိတ် ဂရုစိုက်ကာ ချစ်ခင်ခဲ့သောကြောင့် ဖြစ်၏။ မည်သည့် မှူးမတ်မျိုးနွယ်ကမှ မိမိ၏ သားကို ဤမျှ အလိုလိုက်ခြင်း မရှိချေ။
အမှန်တကယ်ပင် လက်ခုပ်ထဲတွင် ထည့်ထားကာ ပြုတ်ကျမည်ကို စိုးရိမ်ပြီး ပါးစပ်ထဲ ငုံထားကာ အရည်ပျော်သွားမည်ကို စိုးရိမ်ကြသည်။ အခြားသူများက သူ့ကို အသုံးမကျသူဟု သတ်မှတ်ကြသော်လည်း မိဘများကမူ သူ့ကို ရတနာ တစ်ပါးကဲ့သို့ သတ်မှတ်ကြ၏။
ထို့ကြောင့် အမြဲတမ်း လူတိုင်း၏ အထင်သေးမှု၊ ရွံရှာမှုများကို ခံခဲ့ရသော်လည်း အစ်ကို အောက်ယွီသည် အမြဲတမ်း အကောင်းမြင်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ကာ မည်သူ့ကိုမှ အပြစ်တင်လေ့ မရှိဘဲ လူတိုင်းကို အပြုံးဖြင့်သာ ဆက်ဆံခဲ့သည်။
ဘဝဆိုတာ အရမ်း တိုတောင်းတယ်။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တယ် မဟုတ်ဘူးလား ဟူသည့် သူ၏ဘဝ ခံယူချက် ကဲ့သို့ပင်။ အကြောင်းမူ သူ၏ နှလုံးမှာ မွေးရာပါ ဖွံ့ဖြိုးမှု မူမမှန်သောကြောင့် အသက်ရှည်မည် မဟုတ်ကြောင်း သိထားသောကြောင့် ပျော်ရွှင်သောဘဝ၏ အဓိပ္ပာယ်ကို ပိုမို ရှင်းလင်းစွာ နားလည်ထားခြင်းလည်း ဖြစ်၏။
နုလန်ဟောက် အောက်ရှင်းသည်လည်း သူ၏ ချစ်လှစွာသော သားလေးကို နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့် ပေးခဲ့၏။ လောက တစ်ခုလုံးက အထင်သေး ရွံရှာနေပါစေ၊ ဤသား၏ နာမည်ဆိုးကို လောက တစ်ခုလုံး သိနေပါစေ၊ သူသည် သားဖြစ်သူကို အဓိပ္ပာယ်မဲ့ ကိစ္စများ အများအပြား ပြုလုပ်ခွင့်ပေးခဲ့သည်။
မိန်းမတစ်သောင်းနှင့် အိပ်စက်မှုကဲ့သို့ အလွန် ထူးဆန်းသော ကိစ္စကိုပင် နုလန်ဟောက် အောက်ရှင်းက သဘောတူခဲ့ပြီး အစွမ်းထက် သိုင်းပညာရှင် အများအပြားကိုပင် အစောင့်အရှောက်အဖြစ် စေလွှတ်ခဲ့သေး၏။
သူ၏ ဝဝဖိုင့်ဖိုင့် သားလေးအပေါ် သူ၏ တစ်ခုတည်းသော သတိပေးချက်မှာ “ကိုယ့်ကိုယ်ကိုယ် သေချာ ကာကွယ်... ရောဂါ မကူးစက်စေနဲ့။” ဟူ၍သာ ဖြစ်သည်။
ထို့ကြောင့် လူဝကြီး၏ မိန်းမတစ်သောင်း အိပ်စက်မှုကြီးကို ပြုလုပ်ချိန်တွင် သူ၏ ဘေးတွင် သမားတော် အများအပြား လိုက်ပါခဲ့ပြီး သူတို့၏ အဓိက တာဝန်မှာ ထိုမိန်းမများတွင် ရောဂါ ရှိ၊ မရှိ စစ်ဆေးရန်ဖြစ်ပြီး ငါးအူကို အသုံးပြု၍ အထူး ကိရိယာများကိုပင် ပြုလုပ်ပေးခဲ့သေး၏။
အတိုချုပ် ပြောရလျှင် နုလန်ဟောက် ဇနီးမောင်နှံသည် သူတို့၏ ချစ်လှစွာသော သားလေးကို နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ရန် ရှိသမျှ စွမ်းအား အားလုံးကို အသုံးပြုခဲ့ကြသည်။ အကြောင်းမူ ဤချစ်လှစွာသော သားလေးသည် သူတို့ကို အချိန်မရွေး ထားရစ်ခဲ့နိုင်ကြောင်း ဇနီးမောင်နှံ နှစ်ဦးစလုံး သိရှိထားသောကြောင့်ပင်။
“မွေးစားအဖေ... ဒီ နုလန်ဟောက် အောက်ရှင်းက ကျုပ်တို့ရဲ့ အဖေ အရင်းလား။” ယွင်ကျုံးဟဲ့က တုန်ယင်စွာဖြင့် မေးလိုက်သည်။
“မသိဘူး။”
ဖုန်းရှင်းမြဲ့က ပြောလိုက်၏။ “ဒါပေမဲ့ နုလန်ဟောက် ဇနီးမောင်နှံရဲ့ အမြင်မှာ၊ သူတို့ရဲ့ စိတ်ထဲမှာတော့ လူဝကြီးက သူတို့ရဲ့ သွေးသား အရင်းပဲ။”
ထို့နောက် ဖုန်းရှင်းမြဲ့က သက်ပြင်းချလျက် ပြောလိုက်သည်။ “သား... တကယ်တော့ အဖေ သားကို တောင်ပိုင်းကျိုးအင်ပါယာကို သွားပြီး သူလျှို လုပ်တာ မလိုလားဘူး။ မဟုတ်ဘူး။ သား သူလျှို သွားလုပ်တာကို လုံးဝ မလိုလားတာပါ။ ဒါပေမဲ့... ဒါပေမဲ့...”
ဖုန်းရှင်းမြဲ့ သည် နောက်ဆုံးတွင် ဆက်မပြောနိုင်တော့ချေ။ အကြောင်းမှာ ဟေးလုံထိုင် ခေါင်းဆောင် ဖြစ်လာရန် ဤခြေလှမ်းကို မဖြစ်မနေ လျှောက်လှမ်းရမည် ဖြစ်သောကြောင့်ပင်။
အရေးအကြီးဆုံးမှာ နှစ်အနည်းငယ်အတွင်း တာယင်အင်ပါယာနှင့် တောင်ပိုင်းကျိုးအင်ပါယာတို့သည် အမှန်တကယ် နိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီး တစ်ရပ် သေချာပေါက် ဆင်နွှဲရမည် ဖြစ်သည်။ ဤနိုင်ငံတော် အဆုံးအဖြတ် စစ်ပွဲကြီးသည် တာယင်အင်ပါယာ၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဆုံးဖြတ်ပေးမှာဖြစ်၏။
ဤကဲ့သို့သော ထိပ်တန်း အဆင့်ရှိ ဖဲချပ်သူလျှို တစ်ယောက် ရှိနေခြင်းက အရေးကြီးသော အချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာကို အသေအလဲ တိုက်ခိုက်နိုင်ပြီး တာယင်အင်ပါယာအတွက် ကောင်းကင်ဘုံတမျှ ကြီးမားသော အကျိုးအမြတ်များ ယူဆောင်လာပေးနိုင်ပေလိမ့်မည်။
ဖုန်းရှင်းမြဲ့၏ ငယ်စဉ်တည်းက သင်ယူခဲ့ရသော ပညာရေးမှာ တိုင်းပြည်၏ အကျိုးစီးပွားသည် အရာအားလုံးထက် သာလွန်သည် ဟူ၍ ဖြစ်၏။ သူ ကိုယ်တိုင်လည်း ဤအတိုင်း ကျင့်သုံးခဲ့သည်။ လိုအပ်ပါက တိုင်းပြည်အတွက် အသက်ကိုပင် စတေးရန် လုံးဝ ဝန်လေးမည် မဟုတ်ချေ။
သို့ပေမည့် ယွင်ကျုံးဟဲ့ အတွက်မူ ဖုန်းရှင်းမြဲ့ သည် သူ့ကို တောင်ပိုင်းကျိုးအင်ပါယာသို့ သွားစေလိုခြင်း လုံးဝ မရှိပေ။ တစ်နည်းအားဖြင့် သူသည် ယွင်ကျုံးဟဲ့ကို မည်သည့် အန္တရာယ်ရှိသော ကိစ္စမျိုးကိုမှ ထပ်မံ ပြုလုပ်စေလိုစိတ် မရှိခြင်းပင်။
နောက်ပိုင်းအချိန်များတွင် ယွင်ကျုံးဟဲ့ သည် နန်းတော် အတွင်း၌သာ နေထိုင်ခဲ့ပြီး ဖုန်းရှင်းမြဲ့က သူ၏ ဘေးတွင် အမြဲ ရှိနေကာ မည်သူမှ ယွင်ကျုံးဟဲ့ကို အဆက်အသွယ် လုပ်ခွင့် မရခဲ့ချေ။ သူ၏ ဇာစ်မြစ်၊ သူ အသက်ရှင်နေသေးသည့် သတင်း အားလုံးသည် အပြည့်အဝ လျှို့ဝှက်ချက် ဖြစ်၏။
နောက်ပိုင်းနေ့ရက်တိုင်းတွင် ယွင်ကျုံးဟဲ့သည် လျင်မြန်စွာ ပြန်လည် ကျန်းမာလာခဲ့သည်။ နေ့တိုင်း အစ်ကို အောက်ယွီ၏ အချက်အလက်များကို ဖတ်ရှုနေပြီး သူ၏ ဘဝကို အမှန်တကယ် ဖြတ်သန်းနေရသကဲ့သို့ပင်။ သူ၏ ဦးနှောက်အတွင်း၌ အစ်ကို၏ ဘဝသည် ပိုမို ရှင်းလင်းလာပြီး အစ်ကို၏ ပုံရိပ်၊ အစ်ကို၏ စရိုက်လက္ခဏာများ ပိုမို ထင်ရှားလာ၏။ နေ့တိုင်း ဖြတ်သန်းနေရသကဲ့သို့ပင်။
နောက်ဆက်တွဲ အနေဖြင့် ဝလာအောင် လုပ်ရမှာ ဖြစ်သည်။ အစ်ကို အောက်ယွီနှင့် တစ်ပုံစံတည်း ဖြစ်အောင် လုပ်ရပေလိမ့်မည်။
ဤအချက်မှာ အလွန် ခက်ခဲလှသည်။ အကြောင်းမှာ ယွင်ကျုံးဟဲ့ တွေ့ရှိခဲ့ရသည်မှာ လူနှစ်ယောက်၏ မျက်နှာ အရိုးတည်ဆောက်ပုံ တူညီသော်လည်း ရုပ်ရည်မှာ အနည်းငယ် ကွာခြားမှု ရှိနေကြောင်းပင်။ အဘယ်ကြောင့် ဆိုသော် လူနှစ်ယောက်၏ ကြီးပြင်းလာသော ပတ်ဝန်းကျင်မှာ အလွန် ကွာခြားလွန်းသောကြောင့် ဖြစ်သည်။
အမြွှာများသည် အတူတကွ နေထိုင်မှသာ နေ့တိုင်း မှန်ကြည့်နေရသကဲ့သို့ တစ်ပုံစံတည်း တူညီနိုင်မည် ဖြစ်၏။ အတူတကွ မနေထိုင်ဘဲ နေထိုင်မှု ပတ်ဝန်းကျင် ကွာခြားမှု ကြီးမားပါက ရုပ်ရည် ကွာခြားမှု ရှိနေမည်သာ ဖြစ်၏။
................
တစ်လပိုင်း ခြောက်ရက်နေ့တွင် စိတ်ဝေဒနာရှင် အသစ် တစ်ဦး ဝင်ရောက်လာ၏။ အမှတ် (၇) လူနာ ပုတ်သင်ညိုပင်။
သူ၏ ပါရမီမှာ သူ၏ အတွေးအမြင်များသည် အခြား လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာအတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားသောအခါ အချိန်ကြာလာသည်နှင့်အမျှ သူ ကိုယ်တိုင် ထိုလူ၏ ပုံစံ အတိုင်း ပြောင်းလဲသွားနိုင်ခြင်း ဖြစ်၏။ စကားပြောပုံ တစ်ပုံစံတည်း၊ မျက်လုံး အကြည့် တစ်ပုံစံတည်း၊ အခြေအနေ ပေးပါက ရုပ်ရည်လည်း အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားနိုင်၏။
ထို့နောက် တစ်လမပြည့်မီ အချိန်အတွင်း ယွင်ကျုံးဟဲ့သည် အပြည့်အဝ ပြောင်းလဲသွားခဲ့၏။ သူသည် အစ်ကို အောက်ယွီနှင့် တစ်ပုံစံတည်း ဖြစ်သွားခဲ့သည်။
အမှန်တကယ်ပင် မှန်ကြည့်နေရသကဲ့သို့ မည်သည့် ကွာခြားမှုမျှ မရှိတော့ချေ။ မျက်လုံးအကြည့် ဖြစ်စေ၊ စကားပြောဟန် ဖြစ်စေ၊ ရုပ်ရည်ဖြစ်စေ အားလုံး တစ်ပုံစံတည်းပင် ဖြစ်၏။မည်သူမှ ခွဲခြား သိမြင်နိုင်မည် မဟုတ်ချေ။
နှစ်လပိုင်း ခုနစ်ရက်နေ့၌ တောင်ပိုင်းကျိုးအင်ပါယာ နုလန်ဟောက် အောက်ရှင်းသည် ဆေးဘုရင်ချိုင့်ဝှမ်းမှ စာတစ်စောင် လက်ခံရရှိခဲ့ပြီး သူ့ကို တစ်ခေါက် လာရောက်ရန် ဖိတ်ကြားထား၏။
စာကို လက်ခံရရှိသောနေ့တွင် အောက်ရှင်း သည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။ စိုးရိမ်လွန်း သောကြောင့် အသက်ရှူရပ်မတတ် ဖြစ်သွားခြင်း ဖြစ်၏။ လပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်ပြီး ဆေးဘုရင် ချိုင့်ဝှမ်းမှ မည်သည့် သတင်းမှ မရောက်လာခဲ့ချေ။
သူနှင့် ဇနီးဖြစ်သူတို့ လုံးဝ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဇနီးဖြစ်သူသည် နေ့စဉ် မျက်ရည်ဖြင့်သာ မျက်နှာသစ်နေရပြီး ယခုအခါ ကုတင်ပေါ်တွင် ရောဂါသည် အဖြစ် လှဲလျောင်းနေရပြီ ဖြစ်၏။
လေတိုက်၍ တံခါးသံ ကြားတိုင်း ဇနီးဖြစ်သူ သည် ရုတ်တရက် ထထိုင်ကာ ယွီလေး ပြန်လာတာလား။ ဟု မေးလေ့ရှိသည်။
ထို့အပြင် ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေချိန်တိုင်း သူမ၏ ခေါင်းအတွင်း၌ အသံများ ကြားယောင် နေတတ်ပြီး လူဝကြီးသည် သူမ၏ နားထဲတွင် ချွဲနွဲ့သော စကားများ ပြောနေသကဲ့သို့ ဖြစ်နေ၏။
“သားလေး... အမေ့ရဲ့ အချစ်ဆုံး သားလေး။ မင်းသာ ထွက်သွားခဲ့ရင် အမေလည်း ဆက်အသက်မရှင်ချင်တော့ဘူး။ အမေ လုံးဝ ဆက်အသက်မရှင်တော့ဘူး။”
ထမင်းစားချိန်ရောက်တိုင်း နုလန်ဟောက် ကတော်၏ မျက်ရည်များသည် ပြတ်တောက်သွားသော ပုလဲလုံးများ ကဲ့သို့ စီးကျလာလေ့ ရှိ၏။ အကြောင်းမှာ သူမ၏ ဝဝဖိုင့်ဖိုင့် သားလေး အကြိုက်ဆုံး အစားအစာကို သတိရလာသောကြောင့် ဖြစ်သည်။
သူမ နေမကောင်းဖြစ်၍ ထမင်းမစားချင်ချိန်တိုင်း သားဖြစ်သူသည် သူမကို ပျော်ရွှင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကာ ထမင်းအနည်းငယ် ပိုစားနိုင်ရန် ကြိုးစားပေးလေ့ ရှိ၏။ ယခု ဤချစ်လှစွာသော သားလေးသည် သူမကို ထားရစ်ခဲ့တော့မည်လား။ ထိုသို့ဆိုလျှင် သူမ အသက်ရှင်နေခြင်းက မည်သည့်အဓိပ္ပာယ် ရှိတော့မည်နည်း။
....................
အပိုင်း (၂၁၀)
ဆေးဘုရင်ချိုင့်ဝှမ်း၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် နုလန်ဟောက် အောက်ရှင်းသည် နှလုံးသားကို ဖိထားလိုက်မိသည်။ ရင်တွင်း၌ ဆက်တိုက် နာကျင်နေသကဲ့သို့ ခံစားရသောကြောင့် ဖြစ်၏။ အကြောင်းမူ သူ အလွန်အမင်း စိုးရိမ်နေသောကြောင့် ဖြစ်သည်။
သူ အလွန် စိုးရိမ်နေသည်မှာ ခဏနေလျှင် သယ်ထုတ်လာမည့် အရာသည် အလောင်း တစ်လောင်း ဖြစ်နေမည်ကိုပင်။ ထိုသို့သာ ဖြစ်ခဲ့လျှင် ဇနီးဖြစ်သူ သာမက သူ ကိုယ်တိုင်လည်း ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
အခြားသူများက ဤသားကို အထင်သေးကြသော်လည်း သူတို့ ဇနီးမောင်နှံကမူ အမှန်တကယ်ပင် အသည်းနှလုံး ကဲ့သို့ ချစ်ခင်ကြ၏။ သူ၏ သားသည် အလွန် ကောင်းမွန်သည်။ စကားနားထောင်သည်၊ ချစ်စရာ ကောင်းသည်၊ အလွန် ချွဲတတ်သည်။ မကောင်းဆိုးဝါး စိတ်ထားရှိသော လူငယ်လေးများထက် မည်မျှ ကောင်းမွန်သည် မသိနိုင်ပေ။
ဤကဲ့သို့ နွေးထွေးသော သားလေး တစ်ယောက် ရှိနေခြင်းက ဘာများ မကောင်းစရာ ရှိသနည်း။ သူ အောက်ရှင်း အလွန် အောင်မြင်နေပြီဖြစ်၏။ သူ့သား အနေဖြင့် အောင်မြင်ရန် မလိုအပ်တော့ချေ။ သူ ဘေးကင်း ငြိမ်းချမ်းစွာ တစ်သက်လုံး နေနိုင်လျှင် လုံလောက်ပြီ ဖြစ်၏။
သို့ပေမည့် ထိုအချက်ကိုပင် ကောင်းကင်ဘုံက အခွင့်အရေး မပေးချင်ဘူးလား မသိချေ။ “ကောင်းကင်ဘုံ... တောင်းပန်ပါတယ်... ကျုပ်လက်ခံရရှိမယ့် သတင်းက သတင်းဆိုး တစ်ခု မဖြစ်ပါစေနဲ့။ ကျုပ်သားကို ကျုပ်ရှေ့ ပြန်ရောက်လာအောင် လုပ်ပေးပါ။ ဘယ်လို တန်ဖိုးမျိုး ပေးရပါစေ ကျုပ် လက်ခံပါတယ်။”
ထိုအချိန်တွင် ဆေးဘုရင်ချိုင့်ဝှမ်း၏ ဧရာမ တံခါးကြီး ဖြည်းညင်းစွာ ပွင့်လာ၏။ ရင်းနှီးသော ပုံရိပ် တစ်ခု တံခါးဝတွင် ရပ်နေသည်။ ဝဝဖိုင့်ဖိုင့် ပုံရိပ်လေး တစ်ခုပင်။
ထိုသူသည် သွားများ ပေါ်အောင် ပြုံးပြကာ အောက်ရှင်း ကို လှမ်းကြည့်လျက် ခေါ်လိုက်သည်။ “ဖေဖေ”
နုလန်ဟောက် အောက်ရှင်း သည် မိမိ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေ၏။ သို့ပေမည့် သူသည် မျက်တောင်ပင် မခတ်ရဲချေ။ မျက်တောင်တစ်ချက် ခတ်လိုက်သည်နှင့် မျက်စိရှေ့ရှိ မြင်ကွင်းက ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်၏။
ထိုအချိန်တွင် တံခါးဝအတွင်းမှ ထိုဝဝဖိုင့်ဖိုင့် သားလေး ပြေးထွက်လာပြီး အောက်ရှင်းကို ဖက်ကာ သူ၏ နဖူးဖြင့် ဖခင်၏ နဖူးကို တိုက်လိုက်၏။ ဤသည်မှာ သူတို့ သားအဖ၊ မိသားစုဝင်များအကြား မကြာခဏ ကစားလေ့ရှိသော ကစားနည်းပင် ဖြစ်သည်။
သိုးများ နဖူးတိုက်သကဲ့သို့ တိုက်ခြင်း ဖြစ်၏။ ထိုအချိန်တွင် အရာအားလုံးသည် အပြည့်အဝ အစစ်အမှန် ဖြစ်လာတော့သည်။ အကြောင်းမှာ အောက်ယွီ နဖူးတိုက်ချိန်တွင် အလယ်ကို အရင်တိုက်ပြီးမှ ဘယ်ညာ ပွတ်တိုက်လေ့ ရှိသောကြောင့် ဖြစ်၏။
ဤရင်းနှီးသော ခံစားချက်၊ အင်အား သုံးစွဲမှု အတိုင်းအတာတိုင်းသည် အပြည့်အဝ တစ်ပုံစံတည်းပင် ဖြစ်သည်။ ထိုအခါမှသာ အောက်ရှင်း သည် မိမိ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း ယုံကြည်သွားတော့၏။ ချက်ချင်းပဲ သူသည် ပေါက်ကွဲထွက်လုမတတ် ဝမ်းသာအားရ ဖြစ်သွားတော့သည်။
“ဟား.. ဟား...ဟား... ငါ့သား ပြန်လာပြီ။ ငါ့သား အသက်ပြန်ရှင်လာပြီ။ ဒီတော့ ငါ အောက်ရှင်းက ဘာကို ကြောက်စရာ လိုသေးလဲ။”
ချက်ချင်းပဲ နန်းတွင်း နိုင်ငံရေး ရှုပ်ထွေးမှုများကြောင့် သူ၏ ရင်တွင်း၌ ဖြစ်ပေါ်နေသော အရိပ်မဲများ အပြည့်အဝ ပျောက်ကွယ်သွားခဲ့၏။ အဆုံးအစမဲ့သော ဝမ်းသာရွှင်မြူးမှုများသာ ကျန်ရှိတော့၏။
အောက်ရှင်းသည် အမြဲတမ်း ပြုံးရယ်လေ့ မရှိသူဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကျိုးလီ၏ သိမ်းသွင်းမှုကိုပင် အေးစက်စွာသာ ဆက်ဆံလေ့ ရှိကာ မည်သူ့ကိုမှ ဂရုမစိုက်သူ ဖြစ်၏။ သူ ပြုံးသည်ကို မြင်ရရန် အလွန် ခဲယဉ်းလှသည်။
သို့ပေမည့် ယခုအခါ သူသည် သားဖြစ်သူ အောက်ယွီ (ယွင်ကျုံးဟဲ့)ကို ရုတ်တရက် ပွေ့ချီကာ အကြိမ်ပေါင်းများစွာ လှည့်ပတ်လိုက်ပြီး နောက်ဆုံးတွင် ကလေးဘဝ ကဲ့သို့ပင် အပေါ်သို့ မြှောက်တင်လိုက်၏။
“ဟား.. ဟား... ဟား... ငါ့သား ပိန်သွားတယ်... နှစ်ဆယ့်ခုနစ်ပေါင်လောက် ပိန်သွားတယ်။” အောက်ရှင်း က ပြုံးလျက် ပြောလိုက်သည်။
ယွင်ကျုံးဟဲ့ (အောက်ယွီ) က ပြုံးကာ ဖြေလိုက်၏။ “ပထမအချက်က ဒီက အစားအသောက်တွေက ကျုပ် အကြိုက် မဟုတ်လို့ စားမဝင်ဘူး။ ဒုတိယအချက်က ဖေဖေနဲ့ မေမေကို လွမ်းလို့ စားမဝင်တာ။ မေမေ နေ့တိုင်း ထမင်းမစားဘဲ ကုတင်ပေါ်မှာ လှဲပြီး ငိုနေတယ် မဟုတ်လား။ ကျုပ် သိသားပဲ။ ကျုပ် သိသားပဲ... ထွက်လာတုန်းက သေချာ ကတိပေးထားပြီးတော့ လှည့်လည်းလှည့်ရော မေ့သွားပြန်ပြီ။”
အောက်ရှင်းက ပြောလိုက်သည်။ “စိတ်ချ... စိတ်ချ... သား ပြန်ရောက်သွားရင် မင်းအမေ ဝမ်းသာလွန်းလို့ ရူးသွားလိမ့်မယ်။ နေ့တိုင်း ထမင်းစားပြီး ရက်အနည်းငယ်အတွင်း ပြန်ဝလာလိမ့်မယ်။”
ထို့နောက် အောက်ရှင်းသည် သားဖြစ်သူ၏ မျက်နှာကို ကိုင်ကာ ပြောလိုက်၏။ “အင်း... ငါ့သား နည်းနည်း ပိန်သွားတော့ ပိုပြီး ချောလာတယ်။”
‘အမ်... ကိုယ့်သား ကိုယ်ချစ်တယ် ဆိုပေမဲ့လည်း ဒီလောက်ထိ မျက်ကန်း မဖြစ်သင့်ဘူးလေ။’
“လာ... လာ... လာ...”
အောက်ရှင်းက ပြောလိုက်သည်။ “သား... ဖေဖေနဲ့အတူ ချိုင့်ဝှမ်းထဲဝင်ပြီး ဆေးဘုရင်ကို ကျေးဇူးတင်စကား သွားပြောရအောင်။”
“မသွားပါနဲ့။ အဘိုးကြီးက ပြောတယ်။ သူ လူတွေကို မတွေ့ချင်ဘူးတဲ့။”
ယွင်ကျုံးဟဲ့ (အောက်ယွီ) က ပြောလိုက်၏။ “သူက ဆေးဘုရင်လည်း ဟုတ်တယ်၊ သေမင်းလည်း ဟုတ်တယ်။ သူ ကုပေးလိုက်လို့ ကောင်းသွားတဲ့ လူတွေက သူ့ကို ပြန်လာကြည့်ရင် နိမိတ်မကောင်းဘူးတဲ့။”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။”
အောက်ရှင်းက ခေါင်းညိတ်လိုက်သည်။ “ငါ့သား ပြောတာ မှန်တယ်။ ငါ့သား ပြောတာ မှန်တယ်။ ဒီလို ကိစ္စတွေကို ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး။”
အပြင်ဘက်တွင် အလွန် အေးစက်သော အောက်ရှင်းသည် သားဖြစ်သူ ရှေ့တွင်မူ အလွန် လေပေါသော သူ တစ်ယောက် ဖြစ်နေ၏။
ထို့နောက် အောက်ရှင်းသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “အောက်ရှင်းက ဆေးဘုရင်ရဲ့ အသက်ကယ် ကျေးဇူးကို ကျေးဇူးတင်ပါတယ်။ အခုကစပြီး ဆေးဘုရင်ချိုင့်ဝှမ်းက ဘာအကူအညီ လိုလို၊ အောက်ရှင်းက လုံးဝ ငြင်းဆန်မှာ မဟုတ်ပါဘူး။”
ထို့နောက် အောက်ရှင်းသည် မြေပြင်ပေါ်တွင် ဦးသုံးကြိမ် ချလိုက်၏။
အောက်ရှင်း၏ မာနမှာ အလွန် ကြီးမားလှပြီး ဧကရာဇ်မင်းမြတ် ရှေ့တွင်ပင် ဦးညွတ်လေ့ မရှိဘဲ အရိုအသေ ပေးရုံသာ ပြုလုပ်လေ့ရှိသည်။ ဆေးဘုရင်ကိုမူ လူတိုင်းက ကြောက်ရွံ့ကြသော်လည်း အမှန်တကယ်တွင်မူ အထင်သေးကြပြီး သူသည် လမ်းမှားလျှောက်နေသူ၊ လူကောင်း မဟုတ်သူဟု ယူဆကြသည်။
မျှော်လင့်ချက် လုံးဝ မရှိတော့သည့် အခြေအနေမျိုးသာ မဟုတ်ပါက ဆေးဘုရင် ချိုင့်ဝှမ်းသို့ လူနာများကို လုံးဝ ပို့ဆောင်လေ့ မရှိကြချေ။
အောက်ရှင်း၏ အဆင့်အတန်းမှာ အလွန် မြင့်မားပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ အာဏာရှိ အမတ်ကြီး ဖြစ်သော်လည်း ယခုအခါ လေးစားစွာဖြင့် ဦးသုံးကြိမ် ချလိုက်ခြင်း ဖြစ်၏။ အကြောင်းမှာ ဆေးဘုရင် သည် သူ၏ သားအသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ဖြစ်သည်။
အောက်ရှင်းက ပြောလိုက်၏။ “သွားမယ်... သွားမယ်... သွားမယ်... ငါတို့ အိမ်ပြန်ရအောင်... မြန်မြန် အိမ်ပြန်ရအောင်။ မင်းအမေကို ငါတို့ရဲ့ သားလေး ချောလာပြီဆိုတာ သွားပြရမယ်။ သူ အရမ်း ဝမ်းသာသွားပြီး ကုတင်ပေါ်ကနေ တန်းခုန်ထလာလိမ့်မယ်။”
..........
တောင်ပိုင်းကျိုးအင်ပါယာ၊ ချန်လန် ပြည်နယ်၊ ကျန်းကျိုးမြို့
ဤသည်မှာ လူဦးရေ သန်းချီ ရှိသော ဧရာမ မြို့ကြီး တစ်မြို့ ဖြစ်၏။ ဤနေရာ၏ စည်ကားသိုက်မြိုက်မှုမှာ ပိုင်ရှင်မဲ့နယ်မြေရှိ မည်သည့် မြို့ကမှ မယှဉ်နိုင်သကဲ့သို့ ကျင်းကျိုးမြို့ထက်ပင် သာလွန်သေးသည်။
မြို့၏ အရွယ်အစားနှင့် စည်ကားမှု အရဆိုလျှင် ကျင်းကျိုးမြို့နှင့် ကျန်းကျိုးမြို့တို့မှာ သိပ်မကွာခြားလှပေ။ သို့ပေမည့် အဆင့်အတန်း ခွဲခြားမှုအရဆိုလျှင် ကျန်းကျိုးမြို့က ကျင်းကျိုးမြို့ကို အထင်သေးလေ့ ရှိ၏။
အကြောင်းမှာ ကျင်းကျိုးမြို့သည် ပိုင်ရှင်မဲ့နယ်မြေနှင့် နီးကပ်ပြီး တောင်ပိုင်းကျိုးအင်ပါယာ၏ မြောက်ဘက် မြို့ကြီးဖြစ်ကာ စည်ကားသော်လည်း တောင်ပိုင်းကျိုးအင်ပါယာ၏ အာဏာဗဟိုချက်နှင့် အလွန် ဝေးကွာလွန်း သောကြောင့် ဖြစ်သည်။
ဒုတိယ အချက်မှာ ကျင်းကျိုးမြို့ရှိ မှူးမတ်များသည် နုလန်ဟောက်ကဲ့သို့သူများ ဖြစ်နိုင်သော်လည်း သူတို့ အားလုံးသည် အာဏာ ဗဟိုချက်နှင့် ဝေးကွာကြ၏။
နောက်ဆုံး အချက်မှာ ကျင်းကျိုးမြို့၏ စာပေ ယဉ်ကျေးမှုသည် ကျန်းကျိုးမြို့ကို လုံးဝ မယှဉ်နိုင်ခြင်း ဖြစ်သည်။ ကျင်းကျိုးမြို့ရှိ ပြည်နယ် စာမေးပွဲတွင် ပထမ ရရှိသူသည် ချန်လန် ပြည်နယ်သို့ ရောက်လာပါက အဆင့် တစ်ဆယ် အတွင်းပင် မဝင်နိုင်သကဲ့သို့ အဆိုးရွားဆုံး အခြေအနေတွင် အဆင့်နှစ်ဆယ် အတွင်းပင် မဝင်နိုင်ချေ။
ချန်လန် ပြည်နယ်သည် တောင်ပိုင်းကျိုးအင်ပါယာ၏ ကိုယ်ပိုင် စာမေးပွဲ ပြည်နယ်ကြီးဖြစ်ပြီး သေမင်းတမန် နယ်မြေဟုပင် ခေါ်ဆိုကြ၏။ ဤနေရာသည် အမှန်တကယ်ပင် စာပေ ပညာရှင်များ၊ အနုပညာရှင်များ ထွက်ပေါ်ရာ နေရာဖြစ်ပြီး အရည်အချင်းရှိသူများသည် မြစ်ထဲရှိ ငါးများကဲ့သို့ များပြားလှသည်။
အခြားတစ်ဖက်တွင် ကျင်းကျိုးမြို့ရှိရာ ပြည်နယ်ကိုမူ စာမေးပွဲ လိမ်လည်ရာ နယ်မြေဟု ခေါ်ဆိုကြ၏။ ဆိုလိုသည်မှာ သင်သည် အခြား နေရာများတွင် စာမေးပွဲ မအောင်နိုင်ပါက ကျင်းကျိုးမြို့သို့ ပြောင်းရွှေ့သွားရန် ဖြစ်၏။
ထိုနေရာရှိ ပြည်နယ်စာမေးပွဲ ပြိုင်ဆိုင်မှုမှာ အလွန် နည်းပါးလှ၏။ ကျန်းကျိုးမြို့တွင် စာမေးပွဲ အောင်ရန် မျှော်လင့်ချက် မရှိသူသည် ကျင်းကျိုးမြို့သို့ ရောက်သွားပါက အောင်မြင်ရုံသာမက အဆင့်ကောင်း ကောင်းပင် ရရှိနိုင်သေးသည်။
ခန်းလန်ပြည်နယ်သည် စာမေးပွဲ ပြည်နယ်ကြီး ဖြစ်ရုံသာမက ဤနေရာသည် မှူးမတ် ပြည်နယ်ကြီးလည်း ဖြစ်သေး၏။ အဆင့်အမျိုးမျိုး ရှိသော မှူးမတ် မျိုးနွယ် ရာချီသည် ကျန်းကျိုးမြို့တွင် အခြေချ နေထိုင်ကြသည်။ အမြင့်ဆုံး မြို့စားကြီးမှသည် အနိမ့်ဆုံး နယ်စားငယ်အထိ အများစုမှာ ကျန်းကျိုးမြို့တွင် အိမ်ရာများ ရှိကြ၏။
ယခုအခါ ကျန်းကျိုးမြို့ အတွင်း၌ မြို့စားကြီး လေးဦး၏ အိမ်တော်များသည် အတွင်းမြို့တော်၏ အလယ်ဗဟို နေရာကို ရယူထားကြသည်။ မြို့စားကြီးများသာမက အင်ပါယာ၏ ချင်ဝမ်အိမ်တော်များပင် ဤနေရာတွင် ရှိနေသည်။
တောင်ပိုင်းကျိုးအင်ပါယာသည် မင်မင်းဆက် ကဲ့သို့ မဟုတ်ဘဲ နယ်စားပယ်စားများ နေရာအနှံ့ ရှိနေခြင်းမျိုး မဟုတ်ချေ။ အင်ပါယာ တစ်ခုလုံးတွင် ချင်ဝမ်၊ ကျွင်းဝမ် အနည်းငယ်သာ ရှိပြီး ဘွဲ့ထူးများသည်လည်း မျိုးဆက် အလိုက် တဖြည်းဖြည်း လျော့နည်းသွားလေ့ ရှိ၏။
ဤသို့ဆိုလျှင် နုလန်ဟောက် အိမ်တော်သည် ကျန်းကျိုးမြို့တွင် မည်ကဲ့သို့သော အဆင့်အတန်းမျိုး ရှိသနည်း။ ပထမဆုံး အနေဖြင့် နုလန်ဟောက်သည်လည်း အင်ပါယာ၏ ရာစုနှစ်ချီ သက်တမ်းရှိသော မှူးမတ်မျိုးနွယ် ဖြစ်ပြီး အလွန် ထင်ရှား ကျော်ကြားလှကာ ဘိုးဘေးများသည် တိုင်းပြည် တည်ထောင်ရာတွင် ပါဝင်ခဲ့သော သူရဲကောင်းများ ဖြစ်ကြသည်။
သို့ပေမည့် အခြား မျိုးနွယ်များ ကဲ့သို့ပင် နုလန်ဟောက် အိမ်တော်သည်လည်း နှစ်ပေါင်းများစွာ အင်အား ဆုတ်ယုတ် နေခဲ့သည်။ အောက်ရှင်း၏ ခေတ်သို့ ရောက်လာမှသာ ရုတ်တရက် ထင်ပေါ် ကျော်ကြားလာခဲ့ခြင်း ဖြစ်၏။
ယခုအခါ အောက်ရှင်းသည် နယ်စားဘွဲ့ကို ရရှိထားဆဲ ဖြစ်သော်လည်း သူ့တွင် အခြား ရာထူး တစ်ခု ရှိသေးသည်။ ထိုရာထူးမှာ လေဟုန်စစ်သူကြီးပင် ဖြစ်သည်။
ဤရာထူးသည် စစ်ဘက်ဆိုင်ရာ အမြင့်ဆုံး ရာထူးပင် ဖြစ်သည်။ ထို့အပြင် ယခုအခါ နန်းတွင်းတွင် သတင်းများ ထွက်ပေါ်နေသည်မှာ အောက်ရှင်းသည် ထိုက်ဝေ့ (စစ်သူကြီးချုပ်) ရာထူးကို တာဝန်ယူရမည် ဟူ၍ ဖြစ်၏။
ထိုက်ဝေ့ ရာထူးသည် ဖျောက်ချီစစ်သူကြီးချုပ်ထက် ပိုမို မြင့်မားသည်မှာ သေချာပြီး အင်ပါယာ တစ်ခုလုံး ရှိ စစ်ဖက်ဆိုင်ရာ အရာရှိများ၏ ခေါင်းဆောင်ဟု ဆိုနိုင်သည်။
သို့ပေမည့် အခြေအနေ အများစုတွင် ထိုက်ဝေ့သည် စစ်တပ်ကို တိုက်ရိုက် ကွပ်ကဲလေ့ မရှိဘဲ စစ်အာဏာ ယူလေ့ မရှိချေ။ သို့ပေမည့် သတင်းများအရ အောက်ရှင်း သည် ထိုက်ဝေ့ ဖြစ်ရုံသာမက ဖျောက်ချီစစ်သူကြီးချုပ် အဖြစ်လည်း ဆက်လက် တာဝန်ယူရမည်ဟု ဆို၏။
သေချာသည်မှာ ဤသည်မှာ သတင်းများသာ ဖြစ်သည်။ ထို့ကြောင့် ရာထူးအရဆိုလျှင် အောက်ရှင်းသည် ကျန်းကျိုးမြို့ရှိ မှူးမတ်များအကြား အမြင့်ဆုံး အဆင့်တွင် ရှိသည်ဟု ဆိုနိုင်သည်။
သို့ပေမည့် ကျန်းကျိုးမြို့ရှိ သူ၏ အဆင့်အတန်းမှာ မည်သို့ ရှိသနည်း။ အောက်ရှင်းသည် ထိပ်ဆုံး နေရာတွင် မရှိပေ။ အကြောင်းမှာ သူ့ထက်မြင့်သော ဝမ်ဘွဲ့ ရရှိထားသူနှင့် မြို့စားကြီး လေးဦး ရှိနေသေးသောကြောင့် ဖြစ်၏။
ထိုသူများ၏ အဆင့်အတန်း သတ်မှတ်ချက်မှာ အခြားစနစ် တစ်ခုကို အသုံးပြုထားခြင်း ဖြစ်သည်။ ထို့အပြင် အောက်ရှင်းသည် အဖွဲ့အစည်းများ ဖွဲ့စည်းလေ့ မရှိဘဲ အေးစက်ကာ မာနကြီးပြီး အခြား မှူးမတ်များနှင့် သိပ်ပြီး အဆက်အသွယ် လုပ်လေ့ မရှိချေ။ အိမ်ရှေ့စံမင်းသား ကျိုးလီ လာရောက် သိမ်းသွင်းချိန်တွင်ပင် သူသည် ဂရုမစိုက်ဘဲ နေခဲ့သည်။
ထို့ကြောင့် တောင်ပိုင်းကျိုးအင်ပါယာတွင် အမြဲတမ်း ကောလဟလ တစ်ခု ရှိနေသည်။ ထိုအရာမှာ နုလန်ဟောက် အောက်ရှင်းသည် လူမှုဆက်ဆံရေး မကောင်းဟူ၍ ဖြစ်၏။ ထို့ကြောင့် ကျန်းကျိုးမြို့ တစ်ခုလုံးရှိ မှူးမတ် အသိုင်းအဝိုင်းသည် အောက်ရှင်းကို လေးစားသော်လည်း အလှမ်းကွာ ဝေးဝေး နေလေ့ ရှိကြ၏။
သေချာသည်မှာ အောက်ရှင်းသည် ရာထူး ကြီးမားပြီး အာဏာရှိသူဖြစ်ရာ လူမှုဆက်ဆံရေး မကောင်းလျှင်တောင် အာဏာ ရှိနေသောကြောင့် သူ့ကို လာရောက် ဖားယားသူများ အများအပြား ရှိသင့်သည်။
သို့ပေမည့် အောက်ရှင်းတွင် ထူးချွန်သော သားတစ်ယောက် မရှိဘဲ သူ၏ အလုပ်များကို ဆက်ခံမည့်သူ မရှိချေ။ အောက်ရှင်း၏ သား အောက်ယွီသည် တောင်ပိုင်းကျိုးအင်ပါယာ၏ နံပါတ်တစ် အသုံးမကျသူ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ အသုံးမကျသူ ဟုပင် ခေါ်ဆို၍ မရနိုင်လောက်အောင် ဖြစ်၏။
ဝဖြိုးပြီး တုံးအကာ တစ်နေ့လုံး အလုပ်မလုပ်ဘဲ နေ့တိုင်း ပြည့်တန်ဆာရုံများသို့သာ သွားရောက်လေ့ ရှိသည်။ ထို့အပြင် သူသည် မိန်းမတစ်သောင်းနှင့် အိမ်စက်မှုကို ပြုလုပ်မည်ဟု ကြွေးကြော်ထားပြီး ဤရည်မှန်းချက်ကို ပြည့်မီစေရန်အတွက် တစ်နိုင်ငံလုံးအနှံ့ လှည့်လည်ကာ မည်မျှ အဆင့်နိမ့်သော ပြည့်တန်ဆာရုံ ဖြစ်ပါစေ ဝင်ရောက်လေ့ ရှိသည်။
အမှန်တကယ်ပင် မှူးမတ်များ၏ အရှက်ရစရာပင် ဖြစ်သည်။ ဆိုးသွမ်းသော လူငယ်များ အသိုင်းအဝိုင်း ကပင် ဤကဲ့သို့သော အသုံးမကျသူကို လက်မခံလိုကြချေ။
..........................