အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း (၁၂၉)လင်းရီရဲ့ ပထမဆုံး ကိုယ်ပိုင် မှတ်တမ်း
"သခင်မလေးရှန်ကွမ်း ... လွတ်လွတ်လပ်လပ် ပြောပါ..."
လင်းရီက ခေါင်းညိတ်ပြလိုက်၏။
"တောင်သခင်လင်းရီက လီတိရှန်းကို တာအိုမေးမြန်းခြင်း လုပ်ခဲ့တုန်းက ဂိုဏ်းချုပ်က တောင်သခင် လင်းရီအတွက် မှတ်တမ်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးမယ်လို့ ရှန်ကွမ်းတစ်ခါ ပြောခဲ့ဖူးတယ်လေ..."
"အခု ဂိုဏ်းချုပ်က တောင်သခင်လင်းရီအတွက် မှတ်တမ်းတစ်ခု ဖန်တီးဖို့ စတင် လုပ်ဆောင်နေပါပြီ..."
"ဂိုဏ်းချုပ်က ဒီမှတ်တမ်းကို ဈေးကွက်ထဲမှာ ဖြန့်ချိလို့ ရမလားဆိုတာ တောင်သခင်လင်းရီကို မေးချင်လို့ပါ..."
ရှန်ကွမ်းယွီ က မေးလိုက်သည်။
"လောကထဲမှာ ဖြန့်ချိမယ်ဟုတ်လား..."
လင်းရီ အံ့အားသင့်သွားခဲ့၏။
"ပိုက်ဆံရဖို့အတွက်လေ..."
ရှန်ကွမ်းယွီ၏ စကားများမှာ တိုတုတ်လှပေသည်။
"ဂိုဏ်းချုပ် ဖန်တီးထားတဲ့ မှတ်တမ်းဟာ ဝိညာဉ်ကုန်းမြေမှာ အရမ်း နာမည်ကြီးတယ်... အဲဒါ ထွက်လာတာနဲ့ ဂိုဏ်းအသီးသီးက လုယက်ပြီး ဝယ်ကြမယ့် အရာတစ်ခုပဲ..."
"ပြီးတော့ တောင်သခင်လင်းရီက အခု ဝိညာဉ်ကုန်းမြေမှာ အရမ်းကို ရေပန်းစားနေတာလေ... အကယ်၍ ဒီ မှတ်တမ်းသာ လောကထဲမှာ ဖြန့်ချိလိုက်မယ်ဆိုရင် ကျွန်မတို့ရဲ့ တောင်ပင်လယ်အင်မော်တယ်ဂိုဏ်း ရဲ့ ရေပန်းစားတဲ့ ရုပ်ပြများ စာရင်းမှာ သေချာပေါက် ထိပ်ဆုံးက ရပ်တည်သွားမှာပဲ..."
"အကယ်၍ တောင်သခင် လင်းရီသာ သဘောတူမယ်ဆိုရင် အမြတ်ငွေတွေကို တောင်ပင်လယ်အင်မော်တယ်ဂိုဏ်းနဲ့ တောင်သခင် လင်းရီတို့ကြားမှာ သဘာဝကျကျပဲ အချိုးကျ ခွဲဝေပေးမှာပါ..."
"အကယ်၍ တောင်သခင်လင်းရီက ဆန္ဒမရှိဘူးဆိုရင်တော့ ဒီမှတ်တမ်း ထွက်လာပြီးတဲ့နောက်မှာ ငါ့ရဲ့ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းက တစ်စောင် သိမ်းထားပြီး၊ တောင်သခင် လင်းရီက အမှတ်တရ အနေနဲ့ တစ်စောင် သိမ်းထားလို့ ရပါတယ်..."
ရှန်ကွမ်းယွီက အပြုံးဖြင့် ပြောလိုက်၏။
"မင်း ကောင်လေး... မင်းရဲ့ မျက်နှာက တကယ်ကို မသေးဘူးပဲ..."
"အကယ်၍ တခြား တစ်ယောက်ယောက်သာဆိုရင်တော့ ပြောင်းပြန်ဖြစ်နေလောက်ပြီ..."
"တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင်ကို ကိုယ်တိုင်ကိုယ်ကျ မှတ်တမ်းတစ်ခု ဖန်တီးပေးဖို့ဆိုရင် သူတို့က တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းကို ဝိညာဉ်ကျောက်တုံးတွေ အမြောက်အမြား ပေးရလောက်တယ်..."
ဤစကားကို ကြားသောအခါ ရှန်ကွမ်းယွီကသည် ရယ်မောလိုက်လေသည်။
တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင်သည် လက်ရှိ ပန်းချီနှင့် လက်ရေးလှ အနုပညာ တာအိုတွင် ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ပင် ဖြစ်လေသည်။
တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင်၏ မှတ်တမ်းတစ်ခု ဖန်တီးပေးခြင်းကို ရရှိနိုင်ခြင်းက လူတစ်ယောက်၏ နာမည်ကို ဝိညာဉ်ကုန်းမြေ၏ သမိုင်းမှတ်တမ်းများတွင် သေချာပေါက် ကျန်ရစ်စေမည် ဖြစ်၏။
နာမည်ဂုဏ်သတင်းကို လိုလားပြီး တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင်ကို လုပ်ဆောင်ပေးရန် တောင်းဆိုချင်သူ အများအပြား ရှိလေသည်။
ဤအတွက်ကြောင့် ကုန်ကျစရိတ်ကို ဂရုမစိုက်သူ အများအပြားလည်း ရှိ၏။
ယခုမူ ပြောင်းပြန် ဖြစ်နေလေသည်။
"တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင် ရဲ့ အသိအမှတ်ပြုမှုကို ရရှိတာက လင်းရီ အတွက် သဘာဝကျကျပဲ အရမ်းကို ဝမ်းသာစရာပါ... ဒီကိစ္စက တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင် ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတယ်..."
လင်းရီက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် တောင်သခင် လင်းရီ..."
ရှန်ကွမ်းယွီက အလျင်အမြန် ဦးညွှတ်ပြီး ကျေးဇူးတင်လိုက်သည်။
"တောင်သခင်လင်းရီမှာ ရှန်ကွမ်းကို မေးစရာလေး ရှိတယ်လို့ တောင်သခင် ကယ်က ပြောတယ်... ဘာများလဲ သိပါရစေ..."
"စီနီယာဟွမ်ဖူမီ အခု ဘယ်မှာလဲဆိုတာကို ကျွန်တော် သိချင်လို့ပါ..."
လင်းရီက ပြောလိုက်၏။
"စီနီယာတန်ရှဲ့လား..."
"သူက အမြဲတမ်း ခြေရာဖျောက်နေတတ်တာ... ခေါင်းကိုပဲ မြင်ရပြီး အမြီးကို မမြင်ရတဲ့ နဂါး တစ်ကောင်လိုပဲ... သူ့ရဲ့ ခြေရာကို ရှာဖို့ဆိုတာ အချိန်ယူရလိမ့်မယ်..."
ရှန်ကွမ်းယွီက တွေးတောလိုက်သည်။
"အချိန် ဘယ်လောက်ကြာမလဲ..."
လင်းရီက မေးလိုက်၏။
"လဝက်အတွင်းပါ..."
ရှန်ကွမ်းယွီက သေချာပေါက် ပြောလိုက်သည်။
"အဲဒီလောက်တောင် မြန်တာလား..."
လင်းရီ၏ မျက်လုံးများ အရောင်လင်းသွားခဲ့၏။
"ဘယ်ကိစ္စမဆို ကျွန်မရဲ့တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းက လဝက်အတွင်းမှာ ရှာဖွေနိုင်ပါတယ်... အကယ်၍ လဝက်အတွင်းမှာ ရှာမတွေ့ဘူးဆိုရင် ပိုကြာတဲ့ အချိန်ကလည်း အလဟဿ ဖြစ်သွားမှာပါပဲ..."
ရှန်ကွမ်းယွီက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။
လဝက်ဆိုသည်မှာ တောင်ပင်လယ်အင်မော်တယ်ဂိုဏ်းအတွက် သတင်းအချက်အလက် စုံစမ်းစစ်ဆေးရန် အကြာဆုံး အချိန်ကန့်သတ်ချက်ပင် ဖြစ်လေသည်။
အကယ်၍ လဝက်အတွင်း ရှာမတွေ့နိုင်ပါက ၎င်းသည် တောင်ပင်လယ် အင်မော်တယ်ဂိုဏ်းအနေဖြင့် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်၍ မရနိုင်ကြောင်း အဓိပ္ပာယ်ရပေသည်။
သေချာတာပေါ့...။ တောင်ပင်လယ်အင်မော်တယ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြင့်သာ ရှာမတွေ့နိုင်ဘူးဆိုလျှင် လောကတွင် မည်သူကမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
"ကောင်းပြီလေ..."
"ဘယ်လိုပဲဖြစ်ဖြစ် လဝက်တော့ ကြာမှာပဲဆိုတော့... ပြီးတော့ သခင်မလေးရှန်ကွမ်းကလည်း ဆရာကျိုး တာအိုဘိုးဘေးကပ်ဘေး ဖြတ်ကျော်တာကို စောင့်ကြည့်ရဦးမယ် မဟုတ်လား... ဒီရက်အနည်းငယ်အတွင်း ငါ့ရဲ့ ဝိုင်တောင်မှာ လာနေဖို့ ဘယ်လိုထင်လဲ..."
လင်းရီက ပြောလိုက်၏။
"ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ် တောင်သခင်လင်းရီ..."
ရှန်ကွမ်းယွီသည် တာလော့ တောင်တစ်ရာတွင် လင်းရီနှင့် အရင်းနှီးဆုံးဖြစ်ရာ ဝိုင်တောင်တွင် နေထိုင်ရခြင်းက သဘာဝကျကျပင် အသက်တောင့်သက်သာအရှိဆုံး ဖြစ်လေသည်။
"ရှန်ကွမ်းက ဓားအဆင့်သတ်မှတ်ချက် နဲ့ ထင်ရှားသူများ အဆင့်သတ်မှတ်ချက် တွေကို အတွင်းဂိုဏ်းနဲ့ အခြား တောင်တစ်ရာဆီကို သွားပို့ရဦးမယ်... ကိစ္စတွေ ပြီးသွားရင် ဝိုင်တောင်ကို လာလည်ပါ့မယ်..."
ရှန်ကွမ်းယွီက မတ်တတ်ရပ်ကာ ထွက်ခွာသွားလေသည်။
"စီနီယာကယ် ... ဒါဆို ကျွန်တော်လည်း သွားခွင့်ပြုပါဦး..."
လင်းရီလည်း မတ်တတ်ရပ်ကာ ကယ်ချင်းကို နှုတ်ဆက်ပြီး ဝိုင်တောင် သို့ ပြန်သွားခဲ့၏။
"အာ... အာ... အာ... အာ... ဒီအဘိုးကြီးရဲ့ အတွေးအခေါ်က တောင့်တင်းပြီး ကြီးမားတဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်ဘူး ဟုတ်လား..."
"ဟွန့်..."
"သူမက မင်းကို အလွယ်လေး လွှတ်ပေးလိုက်တယ်လို့ ပြောခဲ့တာ..."
"သူမက ငါ့အကြောင်း ဘာပြောခဲ့လဲဆိုတာ မင်း သိလား..."
"သူမက ငါ့ကို ခေါင်းမာပြီး အလျှော့မပေးတတ်တဲ့ သစ်တုံးကြီးတဲ့..."
"ငါ့ကိုကျတော့ရော..."
"ငါလို အဘိုးကြီးက ဘယ်လိုလုပ် သေခြင်းရှင်ခြင်းတံခါးရဲ့ ပြိုင်ဘက်ကင်း အကြီးအကဲဖုန်းဟွာ ဖြစ်နိုင်မှာလဲ တဲ့..."
"ငါ မှတ်တမ်းအတုတွေ လုပ်နေတုန်းက သူမရဲ့ ဘိုးဘေးတွေတောင် မမွေးသေးဘူး..."
"သူမက ငါ့ရဲ့ စာရင်းတွေက ရှုပ်ပွနေတယ်လို့ ပြောရဲတယ်..."
"သောက်ကျိုးနည်း..."
"မင်းက မှတ်တမ်းအတုတွေ လုပ်ခဲ့တာကိုး..."
"မင်း ဘာလို့ နှုတ်ခမ်းနီတွေ၊ ပေါင်ဒါတွေ အများကြီး ဝယ်ခဲ့လဲ၊ ပြီးတော့ ရေသူနန်းတော်က ထုတ်လုပ်တဲ့ အလှအပ ဆေးလုံးတွေကိုရော ဘာလို့ ဝယ်ခဲ့လဲဆိုတာ ငါ သိသားပဲ..."
"ဟေ့... ဟေ့... ဟေ့..."
"ပြီးခဲ့တာတွေကို ပြီးပါစေတော့၊ ပြန်ပြောနေစရာ မလိုပါဘူး..."
"အခု သူမ သင်ခန်းစာ ရသွားပြီ မဟုတ်ဘူးလား..."
လင်းရီ ဝိုင်တောင်သို့ ပြန်ရောက်သည်နှင့် ဖူကန်ရှန်း နှင့် အခြားသူများ ဆူညံစွာ စကားပြောနေကြသည်ကို ကြားလိုက်ရလေသည်။
"ကြည့်ရတာ အကြီးအကဲတွေက အစ်မ သခင်မလျိုကျောက်ရဲ့ ပယ်ချတာကို ခံလိုက်ရပုံပဲ..."
လင်းရီက ဖူကန်ရှန်းတို့ ခုနစ်ယောက်ကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်၏။
"ပယ်ချခံရရုံတင်မကဘူး..."
"အဲဒီ းကောင်မလေးရဲ့ ပါးစပ်က အဆိပ်သုတ်ထားသလိုပဲ..."
ဖူကန်ရှန်းက သွားတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
အတွေးအခေါ် တောင့်တင်းတယ် ဟုတ်လား...ာ
သေခြင်းရှင်ခြင်းတံခါးက တပည့်တွေက ဒါကို သည်းမခံနိုင်ဘူး။
သေမင်းကို ဖိတ်ခေါ်ဖို့ နည်းလမ်းတွေ အဆုံးမရှိ ရှိတယိ။ သူက တောင့်တင်းတယ်လို့ ပြောတာဟာ သူ့မျက်နှာကို ရိုက်တာနဲ့ ဘာကွာလို့လဲ။
သေခြင်းရှင်ခြင်းတံခါး၏ ကပ်ဘေးခုနစ်ပါးမှာ ဤအချိန်တွင် တကယ့်ကို သေချင်နေကြပြီ ဖြစ်၏။
မူလက လင်းရီသည် ဝိုင်တောင်၏ စည်းစိမ်ရှာသည့် စနစ်ကို တည်ထောင်ရန် တာဝန်ယူမည့် လူခြောက်ယောက်ကို ရွေးချယ်မည်ဟု ကြားသောအခါ သူတို့သည် ယုံကြည်ချက် အပြည့်ဖြင့် စာရင်းပေးသွင်းခဲ့ကြလေသည်။
သို့သော် သူတို့သည် သခင်မလျိုကျောက်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
"တောင်သခင်..."
"သူမ ငါ့ကို ဘာမေးခွန်း မေးခဲ့လဲဆိုတာ မင်း သိလား..."
ဖူကန်ရှန်းက လင်းရီကို ငိုတော့မလို မျက်နှာဖြင့် ကြည့်ကာ မေးလိုက်၏။
"ဘာမေးခွန်းလဲ..."
လင်းရီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"သူမက ငါ့ကို လန်ခဲကျောင်းတော်ကို ခေါင်းဘီးတွေ သွားရောင်းခိုင်းတယ်..."
ဖူကန်ရှန်းက လင်းရီကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။
လန်ခဲကျောင်းတော်ကို ခေါင်းဘီးရောင်းတယ် ဆိုတာ... လောကမှာ အစွမ်းအထက်ဆုံး ဘုန်းကြီးတွေကို သွားရောင်းတာက သေမင်းကို ဖိတ်ခေါ်တာနဲ့ ဘာကွာလို့လဲ။
"ဒါဆို ခင်ဗျား ဘယ်လို ဖြေလိုက်လဲ..."
လင်းရီက အပြုံးဖြင့် မေးလိုက်သည်။
"အတင်းအကျပ် ဝယ်ခိုင်းတာပေါ့..."
"တစ်ယောက်ကို မေ့လဲသွားအောင် ရိုက်ပြီး ခေါင်းဘီး းတစ်ချောင်း ထားခဲ့မယ်... ပိုက်ဆံယူပြီး ပြန်ထွက်လာမယ်လေ..."
ဖူကန်ရှန်းက မကျေမနပ်ဖြင့် ပြောလိုက်၏။
"အတွေးအခေါ်က တကယ်ကို တောင့်တင်းနေတာပဲ..."
လင်းရီက ထူးဆန်းစွာ ပြုံးလိုက်သည်။
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူလည်း အရင်က ဒီလို လုပ်ခဲ့ဖူးပုံရတယ်။
ဒါက တကယ်ကို မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းလာတာပဲ။
"တောင်သခင်... မင်းလည်း အဲဒီလို ပြောတာလား..."
"လာ... လာ... လာ..."
"တောင်သခင်... လန်ခဲကျောင်းတော်က ဘုန်းကြီးတွေကို ခေါင်းဘီး ဘယ်လိုရောင်းရမလဲဆိုတာ မင်း ငါတို့ကို ပြောပြရမယ်..."
ဖူကန်ရှန်းမှာ အံကြိတ်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
"ကောင်းပြီလေ..."
"အခုပဲ ခင်ဗျားတို့ကို သရုပ်ပြမယ်..."
လင်းရီက ဖူကန်ရှန်း းကို ယုံကြည်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။
"သရုပ်ပြစမ်း..."
"သေချာပေါက် သရုပ်ပြရမယ်..."
ဖူကန်ရှန်းတို့ ခုနစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အားလုံးက သေချာပေါက် ခေါင်းညိတ်လိုက်ကြ၏။
ဤစကားကို ကြားသောအခါ လင်းရီသည် ဆက်သွယ်ရေး ကျောက်စိမ်းစာလိပ်ကို ကျက်သရေရှိစွာ ထုတ်ယူလိုက်ပြီး သူတို့ ခုနစ်ယောက်ရှေ့တွင် လောကသခင် အားခုံး၏ နာမည်ကို နှိပ်လိုက်လေသည်။
"တောင်သခင်... မင်းရဲ့ မျက်နှာကို အသုံးပြုလို့ မရဘူးနော်..."
ဖူကန်ရှန်းက သတိပေးလိုက်၏။
"သေချာတာပေါ့..."
လင်းရီက ခေါင်းညိတ်လိုက်ပြီး လောကသခင် အားခုံးထံသို့ မက်ဆေ့ချ် တစ်ခု ပို့လိုက်သည်။
"လင်းရီမှာ လောကသခင်နဲ့ ဆွေးနွေးချင်တဲ့ သက်ရှိအားလုံးကို အကျိုးပြုမယ့် ကိစ္စတစ်ခု ရှိပါတယ်..."
သက်ရှိအားလုံးကို အကျိုးပြုမယ့် ကိစ္စ ဟုတ်လား...
ဤစကားကို ကြားသောအခါ ဖူကန်ရှန်းတို့ ခုနစ်ယောက်၏ အမြင်အာရုံများ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဘုန်းကြီးတွေကို ခေါင်းဘီးရောင်းတာက သက်ရှိအားလုံးကို အကျိုးပြုတာလို့ ခေါ်သလား။
"အကယ်၍ ဒီလိုဆိုရင်တော့ ဒီအရှင်သခင်က သဘာဝကျကျပဲ အပြည့်အဝ ထောက်ခံပေးမှာပါ... ဗုဒ္ဓတပည့် လင်းရီ လွတ်လွတ်လပ်လပ် ပြောပါ..."
လောကသခင် အားခုံးက အလျင်အမြန် အကြောင်းပြန်လိုက်လေသည်။
ကစားတာက ကစားတာ၊ နောက်တာက နောက်တာပဲ။
မှန်ကန်တဲ့ ခေါင်းစဉ်ကို အသုံးပြုရမှာပေါ့။
"ကျွန်တော် လောကသခင်ကို ရောင်းချင်တဲ့ ခေါင်းဘီး တစ်သုတ် ရှိပါတယ်..."
လင်းရီက လေးနက်စွာ ပြောလိုက်ရာ ဖူကန်ရှန်းနှင့် အခြားသူများ၏ နှလုံးသားများကို ခုန်ပေါက်သွားစေခဲ့၏။
လောကသခင်အားခုံးက ဒေါသထွက်ပြီး လင်းရီရဲ့ ကျောင်းတော်ပြင်ပ ဗုဒ္ဓတပည့် အဆင့်အတန်းကို ရုပ်သိမ်းလိုက်မှာတော့ မဟုတ်ဘူး မဟုတ်လား။
"အသေးစိတ် ကြားချင်ပါတယ်..."
သို့သော် လောကသခင်အားခုံး၏ လေသံတွင် ဒေါသများ မပါဝင်ဘဲ စပ်စုလိုဟန်ဖြင့် အစပြုလိုက်လေသည်။
အခန်း (၁၃၀)ငါတို့ရဲ့ အမြင်က ကောင်းကင် တံခါးကို ကျော်လွန်သွားနိုင်ပေမယ့်၊ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာလည်း အာရုံစိုက်သင့်တယ်
"အနောက်ပိုင်းဒေသမှာ ဗုဒ္ဓဘာသာက ထွန်းကားပြီး သက်ရှိအားလုံးက ဗုဒ္ဓကို ကိုးကွယ်ကြတယ်... ပြီးတော့ ဗုဒ္ဓကလည်း သက်ရှိအားလုံးကို ရိုသေလေးစားပါတယ်..."
"သွားလာနေကြတဲ့ ဘုရားဖူးတွေ၊ သေမျိုးတွေအားလုံးက ခရီးသွားလာရလို့ ဖုန်တွေ ပေကျံနေကြတာပါ..."
"အကယ်၍ ဒီဘုရားဖူးတွေက ဗုဒ္ဓကို မကိုးကွယ်ခင် သူတို့ရဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ပြီး ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြီးသင်နိုင်မယ်ဆိုရင် သူတို့ရဲ့ နှလုံးသားတွေကို ဗုဒ္ဓနဲ့ သဘာဝကျကျ ပေါင်းစည်းသွားစေနိုင်ပါတယ်... ဒါက ပထမအချက်ပါ..."
"သေမျိုးတွေ ဘုရားဖူးဖို့ ကျောင်းတော်ထဲ ဝင်လာတဲ့အခါ ဗုဒ္ဓကို ရိုသေကိုင်းရှိုင်းတာအပြင် သူတို့ အများစုမှာ နှလုံးသားထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပြီး ကျောင်းတော်ထဲ ဝင်ကာ ဗုဒ္ဓကို ကိုးကွယ်ပြီး အတွင်းစိတ် ငြိမ်းချမ်းမှုကို ရှာဖွေချင်ကြပါတယ်..."
"ဗုဒ္ဓက စိတ်ကို တည်ငြိမ်စေရာမှာ အကောင်းဆုံးပါ... အကယ်၍ ခေါင်းဘီးပေါ်မှာ စိတ်တည်ငြိမ်စေတဲ့ မန္တန်တစ်ခုကို ထွင်းထုထားနိုင်မယ်ဆိုရင် ဘုရားဖူးတွေကို သူတို့ရဲ့ စိတ်တွေကို တည်ငြိမ်စေဖို့နဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုကို ရရှိဖို့ သဘာဝကျကျပဲ ကူညီပေးနိုင်ပါတယ်... ဒါက ဒုတိယအချက်ပါ..."
"အနောက်ပိုင်းဒေသက ကျောင်းတော်တွေဟာ နေ့စဉ် ကျမ်းစာတွေ ရွတ်ဖတ်ပြီး ဗုဒ္ဓကို ကိုးကွယ်ကြတာမို့ ဗုဒ္ဓရဲ့ ကျက်သရေက ကြီးမားပါတယ်..."
"ကျောင်းတော်ထဲမှာ ထားရှိမယ့် ဒီခေါင်းဘီးတွေဟာ နေ့စဉ် ကျမ်းစာတွေနဲ့ ပြည့်နှက်နေပြီး ဗုဒ္ဓရဲ့ ကျက်သရေကို ခံစားရမှာပါ... သူတို့က ဗုဒ္ဓ ရတနာတွေအဖြစ် ပြောင်းလဲသွားမှာ မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ အကျိုးသက်ရောက်မှုတော့ ရှိပါတယ်..."
"အဲ့တာတွေက သေမျိုးတွေရဲ့ နှလုံးသားထဲက နှလုံးသား နတ်ဆိုး တွေ အားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်..."
"သူတို့က မူလဝိညာဉ်ကို ခိုင်မာစေပြီး ဝိညာဉ်ကို စုစည်းပေးနိုင်ပါတယ်..."
"အကယ်၍ သွားလာနေတဲ့ ဘုရားဖူးတွေက ဒီခေါင်းဘီးကို ရရှိပြီး နေ့စဉ် ဆံပင်ဖြီးသင်နိုင်မယ်ဆိုရင် သူတို့က ကြည်လင်တဲ့ စိတ်နဲ့ တောက်ပတဲ့ မျက်လုံးတွေကို သဘာဝကျကျ ရရှိနိုင်မှာပါ... ငါ့ရဲ့ဗုဒ္ဓဓမ္မကို မြှင့်တင်ပေးနိုင်ရုံသာမက နှလုံးသား နတ်ဆိုး တွေကို ဖြေရှင်းပေးနိုင်ပြီး၊ မူလဝိညာဉ်ကို ခိုင်မာစေကာ ဝိညာဉ်ကို စုစည်းပေးနိုင်တဲ့အပြင် ကောင်းချီးမင်္ဂလာတွေနဲ့ သက်တမ်း ကိုလည်း တိုးစေနိုင်ပါတယ်... ဒါက တတိယအချက်ပါ..."
"ဒီ မျိုးဆက်သစ်က ဒေသငါးခုလုံးကို ခရီးသွားခဲ့ဖူးပြီး ဝိညာဉ်ကုန်းမြေ ရဲ့ သာယာဝပြောမှုကို မြင်တွေ့ခဲ့ရပါတယ်... အင်မော်တယ်ဂိုဏ်း အများစုက ကိုယ့်ဘာသာ ရပ်တည်နိုင်ကြပါတယ်..."
"ဒါပေမဲ့ မြေဩဇာမကောင်းတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ အားနည်းတဲ့ အင်မော်တယ်ဂိုဏ်း တချို့ ရှိနေသေးပြီး သူတို့မှာ ပိုက်ဆံရှာဖို့ နည်းလမ်း မရှိပါဘူး..."
"ကျွန်တော့်မှာ ဆန္ဒတစ်ခု ရှိပါတယ်... ဆင်းရဲပြီး အားနည်းတဲ့သူတွေလည်း အင်မော်တယ်အဖြစ်ကို ရှာဖွေနိုင်ဖို့ပါပဲ..."
"ဒီခေါင်းဘီးက ဆေးလုံးလည်း မဟုတ်သလို ရတနာပစ္စည်း လည်း မဟုတ်ပါဘူး... ဂိုဏ်းကြီးတွေရော ဂိုဏ်းငယ်တွေပါ လုပ်နိုင်ပါတယ်..."
"ဒီလုပ်ရပ်က အမြတ်အစွန်း နည်းပါးပေမယ့် သေးငယ်တဲ့ အင်မော်တယ်ဂိုဏ်းတွေအတွက်တော့ လုံလောက်နေပါပြီ... ဒါက သူတို့ရဲ့ ကိုယ်ပိုင်အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းတစ်ခုပါပဲ... ဒါက စတုတ္ထအချက်ပါ..."
"လင်းရီက သေမျိုးကမ္ဘာ က လာတာဖြစ်ပြီး လောကကြီးရဲ့ အခက်အခဲတွေကို မြင်တွေ့ခဲ့ရပါတယ်..."
"ဝိညာဉ်ကုန်းမြေမှာ စည်းမျဉ်းတစ်ခု ရှိပါတယ်... အင်မော်တယ်တွေရဲ့ တာအိုဟာ သေမျိုးကမ္ဘာမှာ ထွက်ပေါ်လို့ မရဘူး ဆိုတာပါပဲ..."
"ဘာလို့လဲဆိုတော့ သေမျိုးကမ္ဘာ ဟာ အရမ်းသေးငယ်ပြီး အရမ်းအားနည်းလို့ပါ... ခြေတစ်လှမ်း မှားလိုက်တာနဲ့ နိုင်ငံအားလုံး ပျက်စီးသွားနိုင်ပါတယ်..."
"လင်းရီ ဒါကို နားလည်ပါတယ်..."
"ဒါကြောင့် ရီကွမ်အဖွဲ့ကလည်း သေမျိုးတွေရဲ့ စွမ်းအားနဲ့ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေတာပါ..."
"လူ့ဘဝရဲ့ ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ အမြဲတမ်း အကျိုးအမြတ်တွေ ရလာမှာပါ..."
"ဒါပေမဲ့ ဝိညာဉ်ကုန်းမြေကတော့ ကွာခြားပါတယ်... အင်မော်တယ်တွေနဲ့ သေမျိုးတွေက အတူတကွ နေထိုင်ကြပြီး ထူးဆန်းတဲ့ သက်ရှိတွေ အများကြီး ရှိပါတယ်..."
"မွေးတည်းက နတ်ဘုရားဖြစ်ပြီး မွေးဖွာလာတာနဲ့ အခြေတည်စိတ်ဝိညာဉ်ကို ရောက်ရှိတဲ့ ကျင့်ကြံသူမျိုးနွယ်စုတွေ ရှိပါတယ်..."
"သေမျိုးလူသားတွေလို သက်ရှိတွေလည်း ရှိပါတယ်..."
"သူတို့ကို အသက်မွေးဝမ်းကျောင်းမှုတွေ ပိုပေးလိုက်ရင် မကောင်းဘူးလား..."
"ကျွန်တော် သိသလောက်တော့ အနောက်ပိုင်းဒေသက ဗုဒ္ဓတွေဟာ အမွှေးတိုင်တွေကို သဘောကျပြီး ဆန္ဒ စွမ်းအားကို ကျင့်ကြံကြပါတယ်..သေမျိုး. တွေရဲ့ ရိုသေကိုင်းရှိုင်းတဲ့ ဆန္ဒ စွမ်းအားတွေ ပါဝင်နေတဲ့ ခေါင်းဘီးတစ်ခုဆိုရင် ဘုန်းကြီးတွေမှာ ဆံပင်မရှိရင်တောင်မှ သူတို့ သဘောကျကြမှာပဲ မဟုတ်လား..."
"ဒါက ပဉ္စမအချက်ပါ..."
"လန်ခဲကျောင်းတော်ဟာ အနောက်ပိုင်းဒေသရဲ့ ခေါင်းဆောင်ပါ..."
"သူ့အမြင်က ကောင်းကင်တံခါးကို ကျော်လွန်သွားနိုင်ပေမယ့်၊ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ မြေပြင်အပေါ်မှာလည်း အာရုံစိုက်သင့်ပါတယ်..."
လင်းရီက စနစ်တကျ ပြောလိုက်လေသည်။
"ဗုဒ္ဓလင်းရီဟာ မွေးရာပါ ဗုဒ္ဓတစ်ပါးဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်..."
"ငါ့ရဲ့ ဗုဒ္ဓက သနားကြင်နာတတ်ပါတယ်၊ ကောင်းတယ်၊ ကောင်းတယ်..."
ဤစကားကို ကြားသောအခါ လောကသခင်အားခုံးမှာ အံ့အားသင့်သွားခဲ့၏။
ဖူကန်ရှန်းနှင့် အခြားခြောက်ဦးမှာမူ ပို၍ပင် ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။
ခေါင်းဘီးကို ဒီလိုမျိုး ရောင်းလို့ ရတာလား…
လိုင်းတစ်လိုင်းတည်းနဲ့ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်လိုက်သလိုပဲ။
"လောကသခင် ..."
"ဒီအတွက် ဒီမျိုးဆက်သစ်က ဒီခေါင်းဘီးတွေကို သာယာတဲ့ နာမည်တချို့လည်း ပေးထားပါတယ်..."
"ငြိမ်းချမ်းရေး ခေါင်းဘီး ၊ ကရုဏာ ခေါင်းဘီး ၊ ကံတရား ခေါင်းဘီး ..."
"ဒီခေါင်းဘီးတွေထဲက တစ်ချောင်း ပေးလိုက်တိုင်း ဒီဗုဒ္ဓတပည့်အတွက် ကံတရားတစ်ခုပါပဲ..."
"ဒီခေါင်းဘီးတွေထဲက တစ်ချောင်း လက်ခံရရှိတိုင်းကလည်း ဒီဗုဒ္ဓတပည့်အတွက် ကံတရားတစ်ခုပါပဲ..."
လင်းရီက ပြောလိုက်သည်။
"ဒီကိစ္စကို ဒီဘုန်းကြီးအိုက သဘောတူပါတယ်..."
"ဗုဒ္ဓလင်းရီ ... မင်းလက်ထဲမှာ ခေါင်းဘီးတွေရှိလား..."
"မင်းဆီမှာ ဘယ်လောက်ပဲရှိရှိ၊ ဒီ ဘုန်းကြီးအို အကုန်ယူမယ်..."
လောကသခင်အားခုံးက အပြုံးဖြင့် ပြောလိုက်၏။
"တစ်ခု..."
လင်းရီက ပြန်ဖြေလိုက်သည်။
"တစ်ခုတည်းလား..."
လောကသခင် အားခုံးက သဘာဝကျကျပင် နားလည်သဘောပေါက်ကာ ပြုံး၍ ပန်းတစ်ပွင့်ကို ခူးလိုက်ပြီး "အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်..." ဟု ပြောလိုက်လေသည်။
...
"ဒီလိုမျိုးလည်းရတာလား..."
"ငါတို့ရဲ့ သေခြင်းရှင်ခြင်းတံခါးက ဆင်းရဲနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး..."
"ပြောရမယ်ဆိုရင် ငါ့ရဲ့စိတ်က တကယ့်ကို တောင့်တင်းနေတာပဲ... တခြားသူတွေက ပိုက်ဆံပေးပြီး ငါက အသက်ကို စွန့်ရတဲ့ အလုပ်မျိုးတွေကိုပဲ ငါက အမြဲတမ်း သိခဲ့တာလေ..."
ဖူကန်ရှန်းနှင့် အခြားခြောက်ဦးတို့သည် အားလုံး ယုံကြည်သွားကြ၏။
သခင်မ လျိုကျောက်အပေါ်တွင်ပင် သူတို့၏ လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
အဲဒီ ငယ်ရွယ်တဲ့ ကောင်မလေးက ဘယ်လိုမျိုး ပြိုင်ဘက်ကင်း အင်မော်တယ် ဆရာသခင် လဲ။
ဤသည်ကို မြင်သောအခါ လင်းရီက ပြုံးရုံသာ ပြုံးလိုက်ပြီး တံခါးပိတ် ကျင့်ကြံရန် သူ၏ အင်မော်တယ် လိုဏ်ဂူ သို့ ပြန်သွားခဲ့လေသည်။
နောက်ရက် ဆယ်ကျော်အတွင်း လင်းရီသည် တောင်တစ်ရာ သို့ ဝင်ရောက်ခဲ့ပြီး သူ၏ ကိုယ်ပိုင် ဝိုင်တာအို ကို ပြီးပြည့်စုံအောင် ပြုလုပ်ရန် တောင်တစ်ရာ ၏ တာအို ကို သေချာစွာ လေ့လာခဲ့၏။ သူ၏ ကျင့်ကြံခြင်းမှာ ရွှေအမြူတေ ပထမအဆင့်မှ ရွှေအမြူတေ ဒုတိယအဆင့်သို့ တည်ငြိမ်စွာ တိုးတက်လာခဲ့လေသည်။
သခင်မ လျိုကျောက် ၏ ဘက်တွင်လည်း လူခြောက်ယောက်ကို ရွေးချယ်ပြီးသွားပြီ ဖြစ်၏။
သို့သော် ဤလူခြောက်ယောက်မှာ ရွေးချယ်ခံရပြီးသည်နှင့် ဝိုင်တောင် မှ ထွက်ခွာသွားကြလေသည်။
လင်းရီက ဤကိစ္စကို သဘာဝကျကျပင် မမေးမြန်းခဲ့ချေ။
သခင်မ လျိုကျောက် ၏ ဉာဏ်ပညာဖြင့် လုပ်ရပ်တိုင်းတွင် သဘာဝကျကျပင် ၎င်း၏ အဓိပ္ပာယ် ပါဝင်နေမည်ဖြစ်ရာ လင်းရီက စောင့်ဆိုင်းနေရုံသာ ဖြစ်၏။
ကျိုးယွင် ကပ်ဘေးဖြတ်ကျော်မည့်နေ့ နီးကပ်လာသည်နှင့်အမျှ တာအိုစုဆောင်းခြင်း စာအုပ်တောင် တွင်လည်း မီးပုံးများနှင့် အလှဆင် ပစ္စည်းများဖြင့် အလှဆင်ထားကာ အလွန် စည်ကားနေလေသည်။
ဂိုဏ်းအသီးသီး မှ ကျင့်ကြံသူများသည်လည်း အုပ်စုလိုက် ရောက်ရှိလာကြ၏။
တာအို ဘိုးဘေးသခင် တစ်ပါး ကပ်ဘေးဖြတ်ကျော်သောအခါ လာရောက် စောင့်ကြည့်သူ မရေမတွက်နိုင်အောင် ရှိသည်မှာ သဘာဝပင် ဖြစ်လေသည်။
တာလော့ တောင်တစ်ရာ ကလည်း သင့်လျော်သော အစီအစဉ်များ ပြုလုပ်ပေးထားပြီး ဂိုဏ်းအသီးသီး မှ ကျင့်ကြံသူများကို တောင်တစ်ရာ ဧည့်ဂေဟာတွင် တည်းခိုခွင့် ပြုထားလေသည်။
ဆယ်ရက်အကြာတွင် ဖုန်းလိုင် ကျွန်းသခင် ကိုယ်တိုင် ရောက်ရှိလာခဲ့၏။
သူသည် ဖုန်းလိုင် ကျင့်ကြံသူ သုံးထောင်ကို လေ့လာရန် ဝိုင်တောင် သို့ ခေါ်ဆောင်လာခဲ့လေသည်။
၎င်းမှာ အသက်ဝင်လှုပ်ရှားနေသော နောက်ထပ် မြင်ကွင်းတစ်ခု ပင် ဖြစ်၏။
ဖုန်းလိုင် ကျွန်းသခင် သည်လည်း အလွန် အလုပ်များနေလေသည်။ အတွင်းဂိုဏ်းသို့ မဝင်ရောက်မီ သူသည် လင်းရီနှင့် မူလဝိညာဉ် နည်းလမ်း အကြောင်းကို အတိုချုံး ဆွေးနွေးခဲ့ရုံသာ ရှိသေး၏။
မွန်းစတားအိုကြီး တစ်စုက သူ့ကို စောင့်နေကြတယ်လေ...
သို့သော် ဖာတောင်သခင် မှာ ဤဆယ်ရက်အတွင်း ပြန်မလာသေးချေ။
လင်းရီသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ရှန်ကွမ်းယွီ ကို မေးမြန်းခဲ့ဖူးသော်လည်း တောင်ပင်လယ်ဂိုဏ်း၏ အရှင်သခင် ပင်လျှင် ခါးသီးခြင်းပင်လယ် ဒေသမှ သတင်းအချက်အလက်များကို မရရှိနိုင်ခဲ့ချေ။
ဖာတောင်သခင်သည် လွန်ခဲ့သော ရက်အနည်းငယ်က ခါးသီးခြင်းပင်လယ် ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားကြောင်းကိုသာ သူတို့ သိရှိထားလေသည်။
အခါအားလျော်စွာ ခါးသီးခြင်းပင်လယ် ၏ အောက်ခြေမှ ဓားအလင်းတန်းများ ထွက်ပေါ်လာလေ့ရှိပြီး ၎င်းက သူမသည် လက်ရှိတွင် ခါးသီးခြင်းပင်လယ် ၌ တိုက်ခိုက်နေကြောင်း ညွှန်ပြနေလေသည်။
လင်းရီက ဤကိစ္စအတွက် စိုးရိမ်မနေချေ။
ဖာတောင်သခင် သည် ယခင်က ယီကျီ ကို လိုက်လံ သတ်ဖြတ်ရန် ခါးသီးခြင်းပင်လယ် ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး ယခု သူမ၏ စွမ်းအားမှာ ပိုမို တိုးတက်လာပြီဖြစ်ရာ သဘာဝကျကျပင် အန္တရာယ် ရှိမည် မဟုတ်ချေ။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားခဲ့၏။
အဆုံးမရှိသော ကျမ်းစာများသည် အင်မော်တယ် ရေတံခွန်တစ်ခုကဲ့သို့ တာအိုစုဆောင်းခြင်း စာအုပ်တောင် ၏ အမြင့်ဆုံးနေရာမှ ကျဆင်းလာခဲ့လေသည်။
စာလုံးများမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး အားလုံးမှာ တာအို ကျက်သရေများဖြင့် ဖွဲ့စည်းထားကာ ကြည့်ရှုရသည်မှာ ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိလေသည်။
ထို့အပြင် ကွန်ဖြူးရှပ် တာအို ကျင့်ကြံသူများသည် ကဗျာများနှင့် စာအုပ်များကို ရွတ်ဆိုကြပြီး ကျယ်ပြောလှသော ခရမ်းရောင် ချီ သည် ကောင်းကင်နှင့် မြေကြီး ကွန်ဖြူးရှပ် တာအို ၏ ဖြောင့်မတ်သော ချီ ကို တာအိုစုဆောင်းခြင်း စာအုပ်တောင် အတွင်းသို့ ဆွဲယူလာခဲ့၏။
နောက်တစ်နေ့တွင် ကြယ်ခြောက်လုံးသည် တာအိုစုဆောင်းခြင်း စာအုပ်တောင် ၏ အမြင့်ဆုံးနေရာမှ ထွက်ပေါ်လာပြီး မြည်ဟည်းသံများနှင့်အတူ ရွေ့လျားလာခဲ့လေသည်။
၎င်းတို့အတွင်း၌ တာအို ပုံစံများ ယှက်နွယ်နေပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အသန့်စင်ဆုံးသော တာအို နှင့် နိယာမများ ပါဝင်နေလေသည်။
ကျိုးယွင်သည် ကြယ်ခြောက်လုံးအောက်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ အသွင်အပြင်မှာ ပြိုင်ဘက်ကင်းကာ၊ သူ၏ နက်မှောင်သော ဆံပင်များမှာ ရေတံခွန်တစ်ခုကဲ့သို့၊ ခရမ်းရောင် ချီ များမှာ သူ၏ အောက်တွင် တိမ်တိုက်များကဲ့သို့၊ အင်မော်တယ် အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ကျဆင်းနေကာ တာအို နှင့် သဟဇာတဖြစ်ခြင်းကို တကယ်ပင် ပုံဖော်နေလေသည်။
ဆယ့်ငါးရက်မြောက်နေ့အထိ တာအိုစုဆောင်းခြင်း စာအုပ်တောင် ၏ အထက်တွင် တောက်ပသော အင်မော်တယ် တိမ်တိုက်များ လေထဲမှ စုစည်းလာပြီး မျက်စိကန်းလောက်အောင် တောက်ပနေခဲ့၏။ အင်မော်တယ် တိမ်တိုက်များ အတွင်းမှ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာကာ တာလော့ တောင်တစ်ရာ ကို တုန်လှုပ်သွားစေခဲ့လေသည်။
အင်မော်တယ် တိမ်တိုက်များ ထွက်ပေါ်လာသည်နှင့် တာလော့ တောင်တစ်ရာ တစ်လျှောက်ရှိ ကျင့်ကြံသူများ အားလုံး ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး တာအိုစုဆောင်းခြင်း စာအုပ်တောင် ရှိရာသို့ မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြလေသည်။
"တာအို ဘိုးဘေးသခင် ကပ်ဘေး ဟာ သာမန် ကပ်ဘေးဖြတ်ကျော်တာနဲ့ တိမ်နဲ့ ရွှံ့လို ကွာခြားတာ အမှန်ပဲ..."
ဖူကန်ရှန်း နှင့် အခြားသူများသည် လင်းရီ၏ ပတ်လည်တွင် စုရုံးလာကြပြီး တာအိုစုဆောင်းခြင်း စာအုပ်တောင် အထက်ရှိ အင်မော်တယ် တိမ်တိုက်များကို အဝေးမှ ကြည့်ကာ အံ့ဩစွာ ရေရွတ်လိုက်ကြ၏။
ဖူကန်ရှန်း နှင့် အခြားသူများ လက်နက် ကပ်ဘေး ကို ဖြတ်ကျော်ခဲ့စဉ်က မဟာကပ်ဘေး မှာ တိမ်တိုက်တစ်ခုမျှသာဖြစ်ပြီး မိုးကြိုးတိမ်တိုက်များ အတွင်းမှ မိုးခြိမ်းသံများ ထွက်ပေါ်လာကာ အဆုံးမရှိသော လက်နက်များအဖြစ် ပြောင်းလဲသွားပြီး သူတို့အပေါ် ကျရောက်လာကာ သူတို့၏ ကိုယ်ပိုင် တာအို ကို သန့်စင်ရန် လက်နက်များ၏ စွမ်းအားကို အသုံးပြုခဲ့ကြခြင်း ဖြစ်လေသည်။
သို့သော် ကျိုးယွင် ကပ်ဘေးဖြတ်ကျော်သောအခါ အင်မော်တယ် တိမ်တိုက်များမှာ တောက်ပနေပြီး ၎င်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်း မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးထံမှ အောင်ပွဲခံခြင်း တစ်ခုနှင့် ပိုတူနေလေသည်။
"ကျင့်ကြံသူ ကျိုးယွင်..."
"တာအို ထဲ ဝင်ရောက်ဖို့အတွက် အနှစ်ခြောက်ဆယ်လောက် လေ့လာခဲ့ပြီး ကွန်ဖြူးရှပ် တာအို ကို ဖွင့်လှစ်ခဲ့တယ်၊ အခု တာအို က ပြီးပြည့်စုံသွားပြီဆိုတော့ ကွန်ဖြူးရှပ် တာအို ကို သက်သေပြဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ ကပ်ဘေးကို လက်ခံဖို့ ဆန္ဒရှိပါတယ်..."
ကျိုးယွင်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်လုံးများအတွင်း၌ အဆုံးမရှိသော ခရမ်းရောင် အလင်းတန်းများ လင်းလက်နေပြီး သူ၏ ခေါင်းအထက်ရှိ ကပ်ဘေးတိမ်တိုက် များကို ကြည့်လိုက်လေသည်။ သူ၏ နက်မှောင်သော ဆံပင်များ လွင့်ဝဲနေပြီး သေမျိုးကမ္ဘာနှင့် ကင်းကွာကာ ပြိုင်ဘက်ကင်းနေလေသည်။
ဝုန်း...
အင်မော်တယ် တိမ်တိုက်များ တုန်ခါသွားခဲ့၏။
အဆုံးမရှိ တောက်ပပြီး မျက်စိကန်းလောက်အောင် တောက်ပသော လျှပ်စီးကြောင်းများ သည် မိုးကြိုး ကောင်းကင် နဂါး တစ်ကောင်ကဲ့သို့ အင်မော်တယ် တိမ်တိုက်များ အတွင်းမှ ကျိုးယွင်ဆီသို့ ကျဆင်းလာခဲ့လေသည်။