← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅)မဟာတာအိုရဲ့ ကျိန်စာသင့်နယ်မြေ၊ ကောင်းကင်ဘုံက ရွေးချယ်လိုက်တဲ့ ကံဆိုးသူ

"ကြွေလွင့်မိုးကြိုး တောင်ကြော ဟုတ်လား..."

လင်းရီက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။

"ကြွေလွင့်မိုးကြိုး တောင်ကြောက တောင်ပိုင်းဒေသမှာ ရှိတာ... မဟာတာအိုရဲ့ ကျိန်စာသင့်နေတဲ့ နေရာတစ်ခုပေါ့..."

"တောင်ကြောထဲမှာ မိုးကြိုးတွေက ခဏခဏ ပစ်လေ့ရှိတယ်... အနက်ရောင်မိုးကြိုးက အားအနည်းဆုံးဖြစ်ပြီး ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးကတော့ အားအကောင်းဆုံးပဲ..."

"မြေကမ္ဘာအင်မော်တယ် တစ်ယောက်တောင်မှ သတိမထားမိရင် အပစ်ခံရနိုင်တယ်..."

"အဲဒါက ဝိညာဉ်ကုန်းမြေ တားမြစ်နယ်မြေ ဆယ်ခုထဲက တစ်ခုပဲလေ..."

သခင်မလေး ရှန်ကွမ်းက လင်းရီ ဇဝေဇဝါ ဖြစ်နေသည်ကို သတိထားမိပုံရပြီး ပြုံး၍ ရှင်းပြလိုက်လေသည်။

"မြေကမ္ဘာအင်မော်တယ် တစ်ယောက်တောင် အပစ်ခံရနိုင်တယ် ဟုတ်လား..."

"စီနီယာ ဟွမ်ဖူက အဲဒီမှာ ဘာလုပ်နေတာလဲ…”

လင်းရီက အံ့အားသင့်သွားခဲ့၏။

"စီနီယာ ဟွမ်ဖူရဲ့ တစ်သက်တာဆန္ဒက လေနှင့်မီး ကပ်ဘေးတိမ်တိုက်ကို ဖြေရှင်းမယ့် နည်းလမ်းရှာဖို့ပဲလေ..."

"သူ အဲဒီကို မိုးကြိုးတွေ စုဆောင်းဖို့ သွားတာ ဖြစ်ရမယ်..."

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းကို သုတေသနလုပ်ဖို့ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ မိုးကြိုးတွေကို အသေအချာ ခွဲခြမ်းစိတ်ဖြာကြည့်ရမှာကိုး..."

သခင်မလေး ရှန်ကွမ်းက ပြောလိုက်သည်။

"အဲဒီလိုဆိုရင်တော့ ငါ ကြွေလွင့်မိုးကြိုး တောင်ကြောကို သွားမှ ဖြစ်တော့မယ်..."

လင်းရီက စဉ်းစားရင်း အသံထွက်၍ ရေရွတ်လိုက်လေသည်။

"တောင်သခင် လင်းရီ..."

"အကယ်၍ ရှင်က ကြွေလွင့်မိုးကြိုး တောင်ကြောကို သွားမယ်ဆိုရင် သတိထားရမယ်နော်..."

"ဝိညာဉ်ကုန်းမြေမှာ တားမြစ်နယ်မြေတွေ အများကြီး ရှိပေမယ့်... တချို့နေရာတွေကိုတော့ ရှင် သွားဖူးလောက်မှာပါ..."

"ဒါပေမဲ့ တားမြစ်နယ်မြေ ဆယ်ခုစာရင်းထဲ ပါတဲ့ နေရာတွေကိုတော့ ဘယ်တော့မှ အထင်မသေးသင့်ဘူး... အဲဒီနေရာတွေက မြေကမ္ဘာအင်မော်တယ် တစ်ယောက်အတွက်တောင် အသက်အန္တရာယ် ပေးနိုင်တဲ့ နေရာတွေမို့လို့ပဲ..."

သခင်မလေး ရှန်ကွမ်းက သတိပေးလိုက်၏။

"စိတ်မပူပါနဲ့ သခင်မလေး ရှန်ကွမ်း... လင်းရီမှာ ကိုယ်ပိုင် အတိုင်းအတာ ရှိပါတယ်..."

လင်းရီက ခေါင်းညိတ်ပြလိုက်သည်။

"ရှန်ကွမ်းကတော့ စီနီယာ ဟွမ်ဖူရဲ့ အခြေအနေကို ဆက်ပြီး စောင့်ကြည့်ပေးသွားပါ့မယ်... သတင်းအသစ်ရရင် တောင်သခင် လင်းရီကို အကြောင်းကြားပေးမယ်လေ..."

သခင်မလေး ရှန်ကွမ်းက စကားပြောပြီးနောက် လှည့်ထွက်သွားပြီး သူမ၏ နေရာဖြစ်သော ရန်ကျန့် နှင့် အခြား လူငယ်ကျင့်ကြံသူများရှိရာသို့ ပြန်သွားခဲ့လေသည်။

"ကြွေလွင့်မိုးကြိုး တောင်ကြော ဟုတ်လား..."

လင်းရီ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူလည်း သူ၏ နေရာသို့ ပြန်ထိုင်လိုက်၏။

"မင်း ကြွေလွင့်မိုးကြိုး တောင်ကြောထဲ ဝင်ချင်လို့လား..."

လင်းရီက ထိုင်လိုက်သည်နှင့် ကယ်ချင်းက လှမ်းမေးလိုက်လေသည်။

"ဟုတ်တယ်…”

လင်းရီက ခေါင်းညိတ်ပြလိုက်၏။

လင်းရီနှင့် သခင်မလေး ရှန်ကွမ်းတို့၏ စကားဝိုင်းမှာ တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်သဖြင့် ထိုနေရာရှိ အစွမ်းထက် ကျွမ်းကျင်သူများ အားလုံး ကြားလိုက်ကြရသည်။

"အဲဒီနေရာက အရမ်း အန္တရာယ်များတယ်..."

ကယ်ချင်းက မျက်လုံးမှေးပြီး ပြောလိုက်သည် "ကြွေလွင့်မိုးကြိုး တောင်ကြော မှာ ကောင်းကင်ကိုးထပ်ကနေ မိုးကြိုးတွေက အချိန်တိုင်း ပစ်နေတာ... အဲဒီထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ဆိုရင် လေနှင့်မီး ကပ်ဘေးတိမ်တိုက် ထက်တောင် ပိုအားကြီးသေးတယ်... မြေကမ္ဘာအင်မော်တယ် တစ်ယောက်တောင် သေတဲ့အထိ အပစ်ခံရနိုင်တာ..."

"မိုးကြိုးပစ်တာက တစ်စုံတစ်ရာ ပုံသေ ရှိသလား..."

လင်းရီက မေးလိုက်၏။

"ကျပန်းပဲ..."

ကယ်ချင်းက ပြောလိုက်သည်။

"အဲဒီနေရာက ကံကောင်းတဲ့သူတွေအတွက်တော့ ကောင်းချီးပေးတဲ့ နယ်မြေလို့ အမြဲ နာမည်ကြီးတာပေါ့..."

"ကြွေလွင့်မိုးကြိုး တောင်ကြောထဲမှာ တချို့သော အမြင့်ဆုံး ရတနာတွေလည်း ရှိတတ်တယ်..."

"အကယ်၍ မင်းက ကံကောင်းတယ်ဆိုရင်တော့ အထဲမှာ ချီလေ့ကျင့်ရင်း လမ်းလျှောက်နေရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး..."

"အကယ်၍ မင်းက ကံဆိုးတယ်ဆိုရင်တော့ မြေကမ္ဘာအင်မော်တယ် တစ်ယောက် ဝင်သွားရင်တောင် မိုးကြိုးအချက်အနည်းငယ်ကို မခံနိုင်ဘဲ သေသွားနိုင်တယ်..."

"အရင်တုန်းက ကံဆိုးတဲ့သူ တစ်ယောက် ရှိခဲ့ဖူးတယ်... သူ ကြွေလွင့်မိုးကြိုး တောင်ကြောထဲ ဝင်သွားတော့ ခြေလှမ်းတိုင်းမှာ အင်မော်တယ် မိုးကြိုး အပစ်ခံရတာပဲ..."

"ခန့်ညားထည်ဝါလှတဲ့ မြေကမ္ဘာအင်မော်တယ် တတိယနယ်ပယ် ကျင့်ကြံသူ တစ်ယောက်တောင် အထဲမှာ သေတဲ့အထိ အပစ်ခံလိုက်ရတယ်..."

"မင်းရဲ့ ကံတရားက မကောင်းဘူးဆိုရင်တော့ အတင်း မလုပ်ပါနဲ့ဦး..."

ကျူးထျန်က စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်လေသည်။

"ခြေလှမ်းတိုင်းမှာ အင်မော်တယ် မိုးကြိုး အပစ်ခံရတယ် ဟုတ်လား..."

"အဲဒါ ဘယ်သူလဲ..."

"ဒီလောက်တောင် ကံဆိုးရသလား..."

လင်းရီ ကြောင်သွားခဲ့၏။

မြေကမ္ဘာအင်မော်တယ် နယ်ပယ်ထဲ ဝင်နိုင်တဲ့သူတွေဆိုတာ သူတို့ရဲ့ ကံတရားက နဂါးတစ်ကောင်လို မြင့်တက်နေတဲ့သူတွေလေ... သူတို့တစ်ယောက်ချင်းစီက ကောင်းကင်နဲ့ မြေကြီးရဲ့ ဇာတ်လိုက်တွေချည်းပါပဲ။

အကယ်၍ သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ရေးမယ်ဆိုရင် ချောက်ထဲကျသွားရင်တောင် လျှို့ဝှက်ကျမ်းစာတွေ ရှာတွေ့နိုင်တဲ့ လူမျိုးတွေပေါ့။

သူတို့က ဘယ်လိုလုပ် ဒီလောက်အထိ ကံဆိုးနိုင်ရမှာလဲ။

"သူခိုးအင်မော်တယ်စီခုန်းလေ..."

ကယ်ချင်း၏ မျက်လုံးများထဲတွင် အတိတ်ကို ပြန်လည်အမှတ်ရဟန်များ လင်းလက်သွားခဲ့၏။

"သူခိုးအင်မော်တယ် ဟုတ်လား..."

လင်းရီက စိတ်ဝင်တစား မေးလိုက်သည်။

ဝိညာဉ်ကုန်းမြေမှာ မဟာတာအိုတွေက တစ်ခုချင်းစီမှာ သူတို့၏ကိုယ်ပိုင် အံ့ဖွယ်တွေ ရှိကြသည်။ သူခိုးမှာပင် သူ၏ တာအိုရှိသည်ဆိုတော့ အင်မော်တယ် တစ်ယောက် ဖြစ်လာတာက အံ့သြစရာတော့ မဟုတ်ပေ။

"သူခိုးအင်မော်တယ် စီခုန်း ဟာ ငါတို့ ဂိုဏ်းချုပ်ထက် တစ်မျိုးဆက် ပိုကြီးတဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ပေါ့..."

"သူ့ရဲ့ ပါရမီက အရမ်း မြင့်မားတယ်... နေရာနဲ့ အချိန် တာအို နှစ်ခုလုံးမှာ သူက ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံတွေ ရှိတယ်..."

"သူက ဝိညာဉ်ကုန်းမြေရဲ့ သမိုင်းမှာ နေရာနဲ့ အချိန် တာအို ကို ပြီးပြည့်စုံခြင်း အထိ ကျင့်ကြံနိုင်ခဲ့တဲ့ အလွန် ရှားပါးလှတဲ့ အစွမ်းထက် ကျင့်ကြံသူတွေထဲက တစ်ယောက်ပေါ့..."

"သူက ပဋိပက္ခတွေကို ဘယ်တော့မှ မနှစ်သက်ခဲ့လို့ ထင်ရှားသူများ အဆင့်သတ်မှတ်ချက် ထဲ မဝင်ခဲ့ဘူး..."

"ဒါပေမဲ့ ဒီလောကမှာ ဘယ်သူကမှ သူ့ကို အထင်မသေးရဲကြဘူးလေ..."

"အဆင့်လွန် အင်မော်တယ်ဂိုဏ်း ငါးခုရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်တွေတောင်မှပေါ့..."

"သူ့ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုကတော့ အရင်မျိုးဆက် နတ်ဆိုး အရှင်သခင် မျှော်စင် ရဲ့ နတ်ဆိုးအရှင်သခင် ရှေ့မှာတင် ကျောက်စိမ်းနှလုံးသားကျောက် ကို ခိုးယူနိုင်ခဲ့တာပဲ..."

"အဲဒီအချိန်ကစပြီး သူ့ရဲ့ နာမည်က ဟိုးဟိုးကျော်သွားခဲ့တာပေါ့..."

ကယ်ချင်းက စီခုန်းအကြောင်းကို လေးစားသော အကြည့်ဖြင့် ပြောပြနေလေသည်။

"အရင်မျိုးဆက် နတ်ဆိုးအရှင်သခင် ရှေ့မှာတင် ကျောက်စိမ်းနှလုံးသားကျောက် ကို ခိုးယူခဲ့တယ် ဟုတ်လား..."

"ဒီ ကျောက်စိမ်းနှလုံးသားကျောက် က ဘာလဲ..." လင်းရီက မေးလိုက်၏။

"ကျောက်စိမ်းနှလုံးသားကျောက် ဆိုတာက အဆင့်ငါး လက်နက် သန့်စင်ခြင်း ကုန်ကြမ်း တစ်ခုမျှသာပါပဲ..." ကယ်ချင်းက ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။

"အဆင့်ငါး လက်နက် သန့်စင်ခြင်း ကုန်ကြမ်းလေး တစ်ခုက ဘယ်လိုလုပ် အရင်မျိုးဆက် နတ်ဆိုးအရှင်သခင် ကို သတိပြုမိအောင် လုပ်နိုင်မှာလဲ..." လင်းရီက အံ့အားသင့်စွာ မေးလိုက်၏။

"အဲဒါက တစ်ယောက်ယောက်က ဒီပစ္စည်းကို ကာကွယ်ပေးဖို့ နတ်ဆိုး အရှင်သခင် မျှော်စင်ကို အခကြေးငွေ အမြောက်အမြား ပေးခဲ့လို့ပဲ..."

ကျူးထျန်က ဝင်ပြောလိုက်လေသည်။

"ငါတို့ အဆင့်လွန် အင်မော်တယ်ဂိုဏ်း ငါးခုက လောကထက် သာလွန်တဲ့ အဆင့်အတန်းမှာ ရှိကြတယ်..."

"တန်ဖိုးကြီး ရတနာတွေ ပိုင်ဆိုင်ထားပေမယ့် တခြားသူတွေရဲ့ ပစ်မှတ်ထားခံရမှာကို ကြောက်တဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ ရတနာတွေကို ငါတို့ဆီမှာ လာပြီး အပ်နှံလေ့ ရှိကြတယ်..."

"ငါတို့က အဲဒီအတွက် ဝန်ဆောင်ခ ယူရတာပေါ့..."

"အကယ်၍ ပစ္စည်း ပျောက်ဆုံးသွားခဲ့ရင် ငါတို့က အကျိုးဆက်တွေ အားလုံးကို အပြည့်အဝ တာဝန်ယူရတယ်..."

"ဒါက အဆင့်လွန် အင်မော်တယ်ဂိုဏ်း ငါးခုရဲ့ စည်းစိမ်ရှာတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ..."

"ငါတို့က အဲဒါကို ရတနာ အပ်နှံခြင်းလို့ ခေါ်တယ်..."

"ရတနာအပ်နှံခြင်းမှာ နှစ်မျိုးရှိတယ်..."

"ပထမတစ်မျိုးက စာချုပ်ရတနာ ..."

"စာချုပ်ရတနာ ဆိုတာက ငါတို့ အဆင့်လွန် အင်မော်တယ်ဂိုဏ်း ငါးခုက တစ်ဖက်လူရဲ့ တန်ဖိုးကြီး ရတနာရဲ့ တန်ဖိုးကို အကဲဖြတ်ပေးတာ... ငါတို့က တန်ဖိုးရဲ့ ဆယ်ရာခိုင်နှုန်းကို ဝန်ဆောင်ခအဖြစ် ယူပြီး စာချုပ်တစ်ခု ချုပ်ဆိုတယ်..."

"အကယ်၍ အပ်နှံထားတဲ့ ရတနာ ထိခိုက်ပျက်စီးသွားရင် ဝန်ဆောင်ခကို ပြန်ပေးရုံတင်မကဘဲ စာချုပ်အတိုင်း လျော်ကြေးပါ ပေးရတယ်..."

"ဒုတိယ တစ်မျိုးကတော့ လောင်းကြေး ရတနာ ..."

"လောင်းကြေးဆိုတဲ့အတိုင်းပဲ အလောင်းအစား လုပ်တာပေါ့..."

"အပ်နှံထားတဲ့ ရတနာက သာမန်တန်ဖိုးပဲ ရှိကောင်းရှိနိုင်ပေမယ့်၊ အဲဒါက အပ်နှံသူအတွက်တော့ အနှစ်သက်ဆုံး ပစ္စည်းတစ်ခု ဖြစ်နေတာ..."

"အဲဒါက တန်ဖိုးဖြတ်လို့ မရဘူး..."

"ရတနာကို အပ်နှံတဲ့သူက စီမံခန့်ခွဲခကို အများကြီး ပေးရတယ်..."

"စာချုပ်က တစ်ရာခိုင်နှုန်းပဲ... အကယ်၍ အပ်နှံထားတဲ့ ရတနာ ထိခိုက်ပျက်စီးသွားရင် စာချုပ်အတိုင်း ဝန်ဆောင်ခရဲ့ ဆယ်ဆကို လျော်ကြေး ပေးရတာပေါ့..."

ကယ်ချင်းက ရှင်းပြလိုက်၏။

"ကျွန်တော် နားလည်ပြီ... ဒါက ထောင်ချောက်တစ်ခုပဲ..."

လင်းရီ၏ နှလုံးသားထဲတွင် လှုပ်ရှားသွားခဲ့သည်။

"အတိအကျပဲ... ဒါက ထောင်ချောက်တစ်ခုပဲ..."

"ကျောက်စိမ်းနှလုံးသားကျောက် ဆိုတာ တန်ဖိုးကြီးပစ္စည်း မဟုတ်ဘူး... အဆင့်မြင့် ဝိညာဉ် ကျောက်တုံးတစ်ရာဆိုရင် တစ်ခြင်းကြီး ဝယ်လို့ ရတယ်..."

"ဒါပေမဲ့ တစ်ယောက်ယောက်က အဲဒီအပေါ်မှာ လောင်းကြေးထပ်ပြီး အင်မော်တယ် ရတနာတစ်ခုနဲ့ ညီမျှတဲ့ ဝန်ဆောင်ခကို ပေးခဲ့တာလေ..."

ကယ်ချင်း၏ အမူအရာမှာ တစ်စုံတစ်ခုကို လှောင်ပြောင်နေဟန် ရှိသည်။

"ဒါက ပေါ်တင်လုပ်တဲ့ အကြံအစည် တစ်ခုပဲ..."

"အဆင့်လွန်အင်မော်တယ်ဂိုဏ်း ငါးခုက လောကရဲ့ အရပ်မျက်နှာ ငါးခုကို အုပ်စိုးထားတာဆိုတော့ ပြဿနာရှိမှန်း သိရင်တောင် လက်ခံရမှာပဲလေ..."

လင်းရီက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဒါတင် မကသေးဘူးနော်..."

"နတ်ဆိုးအရှင်သခင်မျှော်စင်က ဒီအလုပ်ကို လက်ခံပြီးတာနဲ့ ဒီ းရတနာ အပ်နှံခြင်း သတင်းက ဝိညာဉ်ကုန်းမြေ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တာပဲ..."

"သူခိုးအင်မော်တယ် စီခုန်းက သတင်းလွှင့်လိုက်တယ်... သူက အပ်နှံထားတဲ့ ရတနာဖြစ်တဲ့ ကျောက်စိမ်းနှလုံးသားကျောက်ကို အရင်မျိုးဆက် နတ်ဆိုးအရှင်သခင် ဆီကနေ သုံးလအတွင်း ခိုးယူပြမယ်တဲ့..."

"သတင်းပျံ့သွားတဲ့အခါ ဝိညာဉ်ကုန်းမြေတစ်ခုလုံး ဆူပွက်သွားတာပေါ့..."

"ဒါပေမဲ့ လူအများစုကတော့ အပျော်ပဲ ထိုင်ကြည့်နေကြတာပါ..."

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတုန်းက သူခိုးအင်မော်တယ် စီခုန်းက နာမည်မကြီးသေးဘူးလေ..."

"အရင်မျိုးဆက် နတ်ဆိုးအရှင်သခင်ကတော့ လောကရဲ့ ထင်ရှားသူများ အဆင့်သတ်မှတ်ချက် မှာ ပဉ္စမ နေရာမှာ ရှိနေတဲ့ မြေကမ္ဘာအင်မော်တယ် စတုတ္ထ နယ်ပယ် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ..."

"နတ်ဆိုးအရှင်သခင်ကိုယ်တိုင် ရတနာကို စောင့်ကြပ်နေမှတော့ လောကရဲ့ ထင်ရှားသူများ အဆင့်သတ်မှတ်ချက် ထိပ်တန်း သုံးယောက်တောင် ကျောက်စိမ်းနှလုံးသားကျောက် ကို ခိုးယူနိုင်ဖို့ မလွယ်ဘူးလေ..."

"ဒါပေမဲ့..."

"သူ တကယ်ပဲ လုပ်ပြနိုင်ခဲ့တယ်..."

ကယ်ချင်းက လေးစားသော အကြည့်ဖြင့် ပြောလိုက်လေသည်။

အခန်း (၁၃၆) ကျေးဇူးဆပ်တယ်ဆိုတာ ဒီလိုမျိုး လုပ်ရတာ

"သူ ဘယ်လိုလုပ်လိုက်တာလဲ..."

လင်းရီက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။

အရင်မျိုးဆက် နတ်ဆိုးအရှင်သခင် ဆီကနေ တစ်ခုခုကို ခိုးယူနိုင်တယ်ဆိုတာ တကယ်ကို အံ့မခန်းပါပဲ။

"ဘယ်သူမှ မသိကြဘူးလေ..."

"အခုထက်ထိတော့ အဲဒါက အဖြေရှာမရတဲ့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်နေတုန်းပဲ..."

ကယ်ချင်းက ပြုံး၍ ခေါင်းခါလိုက်သည်။

"သုံးလဆိုတဲ့အချိန်က ကျင့်ကြံသူ တစ်ယောက်အတွက်တော့ မျက်တောင်တစ်ခတ်စာပါပဲ..."

"အရင်မျိုးဆက် နတ်ဆိုးအရှင်သခင်က နတ်ဆိုးအရှင်သခင် မျှော်စင်ထဲမှာပဲ အမြဲလိုလို ကျင့်ကြံနေပြီး လောကထဲကို ဘယ်တော့မှ မထွက်ခဲ့ဘူး..."

"အဲဒီ ကျောက်စိမ်းနှလုံးသားကျောက်ကိုလည်း သူ့ရဲ့ အနားမှာပဲ အမြဲ ထားထားတာလေ..."

"ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း သူခိုးအင်မော်တယ်စီခုန်းက ရတနာကို ဘယ်လို ခိုးမလဲဆိုတာကို အရမ်း စိတ်ဝင်စားနေတာကိုး..."

"ရလဒ်အနေနဲ့ကတော့ သုံးလပြည့်တဲ့ နောက်ဆုံးနေ့မှာ အရင်မျိုးဆက် နတ်ဆိုးအရှင်သခင်က ကျင့်ကြံခြင်းကနေ နိုးလာတဲ့အခါ သူ့အနားမှာ ရှိနေရမယ့် ကျောက်စိမ်းနှလုံးသားကျောက် က လေထဲမှာတင် ပျောက်ကွယ်သွားခဲ့တာကို တွေ့လိုက်ရတာပဲ..."

ကယ်ချင်း ဤအကြောင်းကို ပြောပြသောအခါ သူကိုယ်တိုင်လည်း မယုံနိုင်သည့် အမူအရာ ဖြစ်နေလေသည်။

"ပြဿနာက ကျောက်စိမ်းနှလုံးသားကျောက် မှာပဲ ရှိရမယ်..."

လင်းရီက တွေးတောလိုက်၏။

"အဲဒီတုန်းက အမြင့်ဆုံး ပုဂ္ဂိုလ် ငါးဦးလုံးလည်း အဲဒီလိုပဲ ထင်ခဲ့ကြတာ..."

"ဒီကိစ္စက အရမ်းကို ရှားပါးလွန်းလို့ ကျန်တဲ့ လေးယောက်လုံးက အပျော်ကြည့်ဖို့အတွက် နတ်ဆိုး အရှင်သခင် မျှော်စင်ဆီကို အထူးတလည် ရောက်လာခဲ့ကြသေးတယ်..."

"သူတို့က သဲလွန်စ တချို့ကို မြင်ချင်နေခဲ့ကြတာလေ..."

ကယ်ချင်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဒီကိစ္စက နောက်ဆုံးဘယ်လို ပြေလည်သွားလဲ..."

လင်းရီက မေးလိုက်၏။

"ဖြေရှင်းစရာ ဘာမှမရှိပါဘူး..."

"အမြင့်ဆုံး ပုဂ္ဂိုလ် ငါးဦးလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာ အားလုံးက ရယ်မောလိုက်ကြတာပဲ..."

"သူတို့က အသံကျယ်ကြီးနဲ့ ရယ်မောခဲ့ကြတာ..." ကယ်ချင်းက ပြောလိုက်သည်။

"ဝိညာဉ်ကုန်းမြေက နောက်ဆုံးတော့ မပျင်းစရာ မကောင်းတော့ဘူးပေါ့..."

"သူတို့ကို အံ့အားသင့်အောင် လုပ်နိုင်တဲ့သူမျိုးကို မတွေ့ရတာ အချိန်အတော်ကြာခဲ့ပြီလေ..."

"အကယ်၍ သူခိုးအင်မော်တယ် စီခုန်းက နာမည်ကြီးချင်တယ်ဆိုရင်လည်း ပေးလိုက်တာပေါ့..."

"အဆင့်လွန် အင်မော်တယ်ဂိုဏ်းငါးခုက ရှေးခေတ်ကတည်းက တည်ရှိလာခဲ့တာ... ပါရမီ ထူးချွန်တဲ့သူတွေဆိုတာ သမိုင်းရဲ့ မြစ်ရှည်ကြီးထဲမှာ လှိုင်းအစအနလေးတွေမျှသာပါပဲ..."

"ငါတို့က ကြီးမားတဲ့ ကျောက်ဆောင်တွေလိုပဲ... လှိုင်းတစ်ခုက ငါတို့ကို ရိုက်ခတ်သွားတာ ဘာအရေးလဲ..."

"သဘာဝကျကျပဲ တခြားသူတွေ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်အောင် ကူညီပေးလိုက်တာပေါ့..."

"အဲဒီညမှာပဲ နတ်ဆိုး အရှင်သခင် မျှော်စင်က ကျောက်စိမ်းနှလုံးသားကျောက်ကို စီခုန်း ခိုးယူသွားပြီဖြစ်ကြောင်း ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို ကြေညာလိုက်တယ်..."

"နတ်ဆိုး အရှင်သခင် မျှော်စင်ကလည်း လျော်ကြေးအနေနဲ့ အင်မော်တယ် ရတနာ ဆယ်ပါးကို ထုတ်ပေးခဲ့တယ်လေ..."

ကယ်ချင်းက တောက်ပစွာ ပြုံးလိုက်လေသည်။

"ဒီနောက်မှာတော့ အချိုးအကွေ့တစ်ခု ရှိလာဦးမယ်လို့ ကျွန်တော် တွက်ဆမိတယ်..."

လင်းရီက သူ၏ စိတ်ထဲတွင် အလျင်အမြန် ကောက်ချက်ချလိုက်ပြီး သေချာပေါက် ပြောလိုက်လေသည်။

"မှန်တယ်..."

"အဲဒီအချိန်ကစပြီး သူခိုးအင်မော်တယ် စီခုန်းရဲ့ နာမည်က ဝိညာဉ်ကုန်းမြေတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားခဲ့တာပေါ့..."

"သူခိုးဂိုဏ်းကလည်း အရမ်းကို ထွန်းကားလာခဲ့ပြီး အဓိက သမားရိုးကျမဟုတ်တဲ့ ဂိုဏ်းကြီးတွေထဲကတစ်ခု ဖြစ်လာခဲ့တယ်..."

"၎င်းက သမားရိုးကျမဟုတ်တဲ့ ဂိုဏ်းတွေရဲ့ ခေါင်းဆောင်နေရာမှာတောင် တစ်ခါ ထိုင်ခဲ့ဖူးသေးတယ်..."

"သူခိုးအင်မော်တယ် စီခုန်းကလည်း တာအို တစ်ခုရဲ့ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်သတင်းနဲ့အညီ နေထိုင်ခဲ့ပါတယ်..."

"သူ့မှာ တာအိုအတွက် ယှဉ်ပြိုင်ရဲတဲ့ ကြီးမားတဲ့ သတ္တိ ရှိသလို၊ ကျေးဇူးသိတတ်ပြီး ရိုးသားတဲ့ နှလုံးသားလည်း ရှိတယ်..."

"သူခိုးအင်မော်တယ် စီခုန်းက အင်မော်တယ် ရတနာ ဆယ်ပါးကို နတ်ဆိုး အရှင်သခင် မျှော်စင်ဆီကို ယူဆောင်လာခဲ့ပြီး၊ ကြီးမားတဲ့ ဂါရဝပြုမှုကို ပြုလုပ်ခဲ့သလို အမြင့်ဆုံး ရတနာ တစ်ခုကိုလည်း ပေးအပ်ခဲ့တယ်..."

"အဆုံးမဲ့ ရတနာလှေတဲ့..."

"ဒီလှေရဲ့ ကုန်ကြမ်းက အရမ်းကို ထူးခြားတယ်... အဲဒါကို ခါးသီးခြင်းပင်လယ် းမှာ တွေ့ရတဲ့ အဆုံးမဲ့ကျောက် နဲ့ သန့်စင်ထားတာလေ..."

"၎င်းက အတိုင်းအတာ တစ်ခုအထိ ခါးသီးခြင်းပင်လယ် ရဲ့ စွမ်းအားကို ဖိနှိပ်ထားနိုင်စွမ်း ရှိတယ်..."

"သူခိုးအင်မော်တယ် စီခုန်းက ပြောခဲ့သေးတယ်..."

"ခါးသီးခြင်းပင်လယ်ရဲ့ ဒုက္ခက လောကကြီးအတွက် ဘေးအန္တရာယ် တစ်ခုပါပဲ..."

"စီခုန်းက တိုက်ခိုက်ရေးမှာ မကျွမ်းကျင်ပါဘူး... သူက နှစ်တစ်ထောင်လောက် ရှာဖွေခဲ့ပြီး ဒီရတနာကို ဖန်တီးခဲ့တာပါ... သူက တာအို အောင်မြင်အောင် ကူညီပေးခဲ့တဲ့ နတ်ဆိုး အရှင်သခင် မျှော်စင် ရဲ့ ကျေးဇူးကို မပြောရဲပေမယ့်၊ အားလုံး သိုင်းပညာမှာ ကံကောင်းမှုတွေ ရရှိပါစေလို့ပဲ ဆုတောင်းပေးပါတယ် တဲ့..."

"အရင်မျိုးဆက် နတ်ဆိုးအရှင်သခင်ကတော့ ရယ်မောပြီး သူ့ကို ထူပေးခဲ့တယ်၊ ပြီးတော့ ခါးသီးခြင်းပင်လယ်ကို တန်ပြန်နိုင်တဲ့ အဆုံးမဲ့ ရတနာလှေကိုပဲ သူ သိမ်းထားခဲ့တယ်..."

"ကျန်တဲ့ အင်မော်တယ် ရတနာ ဆယ်ပါးလုံးကိုတော့ စီခုန်း ကို ပြန်ပေးခဲ့တာပေါ့..."

"သူခိုးဂိုဏ်း ကြီးကျယ်စွာ ထွန်းကားလာဖို့အတွက် လက်ဆောင်အနေနဲ့လေ..."

ကယ်ချင်းက ဤအတိတ်ဇာတ်လမ်းကို တန်ဖိုးကြီး မိသားစု အမွေအနှစ်တစ်ခုလို ပြောပြနေခဲ့လေသည်။

ဤစကားကို ကြားသောအခါ လင်းရီက ခေါင်းညိတ်လိုက်၏။

ဒီကိစ္စက တကယ်ကို လှပတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။

အပြန်အလှန် ကျေးဇူးဆပ်တယ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပေါ့။

"နှမြောစရာ ကောင်းတာက ဒီလို ပါရမီရှင်မျိုးက နောက်ဆုံးမှာ ကြွေလွင့်မိုးကြိုး တောင်ကြော မှာ သေဆုံးသွားခဲ့ရတာပဲ..."

"ကြွေလွင့်မိုးကြိုး တောင်ကြော မှာ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ပစ်နိုင်တဲ့ အခွင့်အရေး ရှိတာ မှန်ပေမယ့် အဲဒီ ဖြစ်နိုင်ခြေက အရမ်းကို နည်းလွန်းပါတယ်..."

"ခြေလှမ်းတိုင်းမှာ အင်မော်တယ် မိုးကြိုး အပစ်ခံရတယ်ဆိုတာကတော့ နောက်ဆုံးတော့ အရမ်းကို တိုက်ဆိုင်လွန်းနေတာပေါ့..."

"သမိုင်းတစ်လျှောက်မှာ ဒီတစ်ကြိမ်ပဲ ရှိဖူးတယ်..."

ကျူးထျန်က မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒီကိစ္စက ကံတရားနဲ့တော့ မဆိုင်လောက်ဘူးလို့ ကျွန်တော် ထင်တယ်..."

လင်းရီလည်း သူ၏ မျက်လုံးများကို မှေးလိုက်၏။

ကံဆိုးတဲ့သူတွေ ရှိလား။

သေချာပေါက် ရှိတာပေါ့။

ဥပမာအားဖြင့် ပူပင်သောက မေ့လျော့ခြင်းကနေ တာအို ထဲ ဝင်ရောက်ခဲ့တဲ့ ယီပုကျင်းလို လူမျိုးပေါ့။

သူကတော့ သူ မှီလိုက်တဲ့ နေရာတိုင်းမှာ တောင်တွေ ပြိုကျပြီး မြစ်တွေ ခြောက်သွေ့သွားစေတဲ့ လူမျိုး အစစ်ပဲ။

သို့ပေမဲ့ ခြေလှမ်းတိုင်းမှာ အင်မော်တယ် မိုးကြိုးအပစ်ခံရတယ် ဆိုတာကတော့... ဒါက ကံတရားနဲ့တင် ရှင်းပြလို့ရတဲ့ အတိုင်းအတာကို ကျော်လွန်နေပြီလေ။

သေမင်းတမန် နေရာတစ်ခုမှာ ချီရဲ့စီးဆင်းမှုတွေက ပြောင်းလဲနေပြီး စွမ်းအားမှာလည်း သူ့ရဲ့ မူလအစရှိ၏။

အကယ်၍ ဒီနေရာကနေ အများကြီး ဆွဲယူလိုက်ရင် ဟိုဘက်မှာ နည်းသွားလိမ့်မည်။

အရာအားလုံးက ယန်ကို ပွေ့ပိုက်ပြီး ယင် ကို သယ်ဆောင်ထားကြတာဆိုတော့ အမြဲတမ်း မျှခြေ ဆိုတာ ရှိစမြဲပင်။

ထို့ထက်ပို၍ ၎င်းမှာ သူခိုးအင်မော်တယ် စီခုန်း ဖြစ်လေသည်။

သူ့မှာ ထက်မြက်တဲ့ စိတ်ရှိ၏။

သူ့ရဲ့ နေရာနဲ့ အချိန်တာအိုက ပြီးပြည့်စုံခြင်းကို ရောက်နေသည်။

သူ့ရဲ့ ကံတရားက ဘယ်လောက်ပဲ ဆိုးဆိုး သူ အမြဲတမ်း ထွက်ပြေးလို့ရသည် မဟုတ်ပါလား။

နေရာနဲ့ အချိန်တာအို ပြီးပြည့်စုံခြင်းကို ရောက်နေတဲ့ ကျင့်ကြံသူ တစ်ယောက်က ထွက်ပြေးချင်တယ်ဆိုရင် ဒီလောကမှာ ဘယ်သူကများ တားနိုင်မှာလဲ။

သူက ဒီအတိုင်း တိုက်ရိုက် အပစ်ခံပြီး သေသွားတာလား။

"ဘယ်သူ သိမှာလဲ..."

"ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးဆိုတာ ကောင်းကင်ဘုံက ပေးတာလေ... အင်မော်တယ် တွေတောင်မှ အဲဒါကို မထိန်းချုပ်နိုင်ဘူး..."

"ဒါကြောင့် ဒီကိစ္စကလည်း ငါတို့ ဝိညာဉ်ကုန်းမြေရဲ့ အဖြေရှာမရတဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခု ဖြစ်လာခဲ့တာပေါ့..."

ကယ်ချင်းက ပြုံး၍ ပြောလိုက်သည်။

"အမှန်ပဲ..."

လင်းရီက ခေါင်းညိတ်လိုက်ပြီး ဤကိစ္စကို နှလုံးသားထဲတွင် သိပ်မထားတော့ချေ။

သူသည် လူတိုင်းနှင့်အတူ ဝိုင်သောက်ပြီး တာအို အကြောင်းကို ဆွေးနွေးလာခဲ့ရာ မင်္ဂလာဆောင် အခမ်းအနား စတင်မည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့လေသည်။

"မင်္ဂလာအချိန် ရောက်ပါပြီ..."

ဤအချိန်တွင် တာအိုစုဆောင်းခြင်း စာအုပ်တောင်၏ နက်ရှိုင်းသော နေရာမှ စူးရှသော အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့၏။

တောင်တစ်ရာ ၏ အထက်တွင် တောက်ပသော ဝိညာဉ်ရေးရာ ချီ များ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်ပြင်တွင် ပွင့်လန်းနေသော မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားရာ ကြီးကျယ်ခမ်းနားပြီး လှပနေသည်။

ထို့နောက် တာအိုစုဆောင်းခြင်း စာအုပ်တောင် ၏ နက်ရှိုင်းသော နေရာမှ စောင်းနှင့် ကုချင်တို့၏ သံစဉ်များ သဟဇာတဖြစ်စွာ ထွက်ပေါ်လာခဲ့၏။

ကောင်းကင်နတ်ဆိုးနန်းတော်မှ တပည့်တစ်စုသည် ကြာပန်းနီများကို နင်းလျှောက်ကာ ရောက်ရှိလာကြသည်။

အချို့က စောင်းကို အလျားလိုက် တီးခတ်နေကြပြီး သူတို့၏ ဂီတမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။

အချို့က ပုလွေကို အလျားလိုက် မှုတ်နေကြပြီး သူတို့၏ အသံမှာ နားဝင် ပီယံရှိလေသည်။

ကောင်းကင်ယံတွင် ပန်းဖတ်များကို ကြဲပက်နေသော ကောင်းကင်နတ်ဆိုးနန်းတော် တပည့်များလည်း ရှိနေပြီး ၎င်းတို့ ကျဆင်းလာသောအခါ ပန်းခင်းများအဖြစ် ပြောင်းလဲသွားခဲ့၏။

ကောင်းကင်နတ်ဆိုးနန်းတော် တပည့်များ၏ အနောက်တွင် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ကျိုးယွင်မှာ စိတ်ဓာတ်များ တက်ကြွနေလေသည်။ သူ၏ နူးညံ့သော မျက်နှာတွင် ဝမ်းမြောက်မှုများဖြင့် လင်းလက်နေပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးတက်နေကာ ပျော်ရွှင်မှုနှင့် တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေ၏။

ကျိုးယွင်၏ ဘေးတွင် ရေသူဧကရီသည် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ဖုန်းဟွာကို တွဲကူလာရင်း ဖြည်းညင်းစွာ ချဉ်းကပ်လာကြလေသည်။

မင်္ဂလာဝတ်စုံမှာ လွင့်ဝဲနေခဲ့၏!

ပုလဲကုလားကာနှင့် အနီရောင် မျက်နှာဖုံးပုဝါတို့မှာ လေထဲတွင် ကခုန်နေပြီး ပြိုင်ဘက်ကင်းသော အလှအပကို ပြသနေသည်။

သူတို့နှစ်ဦး၏ အနောက်တွင် တာအိုစုဆောင်းခြင်း စာအုပ်တောင်မှ တပည့်များက သေတ္တာများကို သယ်ဆောင်လာကြ၏။

သေတ္တာများထဲတွင် ရှားပါးသော ရတနာများ ပြည့်နှက်နေပြီး ၎င်းတို့မှာ ရေသူ မျိုးနွယ်စု မှ ပေးပို့လိုက်သော တောင်းရံလက်ဆောင်များပင် ဖြစ်လေသည်။

ထိုလူအုပ်စုမှာ လေထဲတွင် ဖြည်းညင်းစွာ ချဉ်းကပ်လာကြပြီး ပါရမီနှင့် အလှအပတို့၏ ပြီးပြည့်စုံသော စုံတွဲ တစ်တွပင် ဖြစ်လေသည်။

နောက်ဆုံးတွင် ထိုလူအုပ်စုမှာ အင်မော်တယ် လိုဏ်ဂူ၏ ရှေ့တွင် ရပ်တန့်လိုက်ကြ၏။

ဂုဏ်ထူးဆောင် နေရာတွင် ထိုင်နေသော တာလော့ဂိုဏ်းချုပ် မှလွဲ၍ ကျန်ရှိနေသူ အားလုံးမှာ မတ်တတ်ရပ်ကာ လမ်းဖယ်ပေးလိုက်ကြသည်။

ကျိုးယွင်တွင် ဆွေမျိုးအနည်းငယ်သာ ရှိလေသည်။

ဖာတောင်သခင်မှာ တစ်ဦးဖြစ်သော်လည်း သူမသည် ယီကျီ ကို လိုက်လံ သတ်ဖြတ်ရန် အလုပ်ရှုပ်နေခဲ့၏။

သူမသည် ကျိုးယွင်နှင့် ဖုန်းဟွာတို့ကို ဂုဏ်ပြုရန်အတွက် အရေးကြီးသော ရတနာအချို့ကို သွားရောက် ယူဆောင်ဦးမည်ဟုလည်း ပြောခဲ့သေးသည်။

ထို့ကြောင့် သူမ ထိုနေရာတွင် မရှိခဲ့ချေ။

ထို့နောက် တာလော့ဂိုဏ်းချုပ် နှင့် အစိမ်းရောင် ကွန်ဖြူးရှပ် ဝတ်ရုံသို့ ပြောင်းလဲဝတ်ဆင်ထားသော လင်းရီတို့ ရှိနေသည်။

ဤသည်မှာ ဂိုဏ်းတစ်ခုတည်းတွင် မျိုးဆက်လေးဆက်ပင် ဖြစ်သည်။

ဝှစ်။

ရုတ်တရက်...

ထိုနေရာတွင် ရှိနေသော တာလော့ ကျင့်ကြံသူများ၏ ခါးရှိ ဆက်သွယ်ရေး ကျောက်စိမ်းစာလိပ် များသည် တစ်ပြိုင်နက်တည်း တုန်ခါသွားခဲ့သည်။

လူတိုင်း မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ ကျောက်စိမ်းစာလိပ် များကို ထုတ်ယူလိုက်ကြရာ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူတို့၏ အမူအရာများ အားလုံး ပြောင်းလဲသွားခဲ့ကြလေသည်။

All Chapters