← Chapters

အခန်း (၈၇၈-၈၇၉)

Vol. 51 Ch. 878-879

အခန်း (၈၇၈-၈၇၉)

Vol. 51 Ch. 878-879

Chapter 878

ကစဥ့်ကလျားအခြေနေ ၂

“ပြန်ဆုတ်ကြ။ မြန်မြန် ဖယ်ကြ။ တစ်ခုခုပြုတ်ကျလာနေပြီ”

လမ်းပေါ်ရှိ လူအုပ်ကြီးက ထိတ်လန့်တကြား ထွက်ပြေးကြသော်လည်း ထိုဧရာမ အသားစိုင်ကြီးမှာ အထပ်မြင့် အဆောက်အဦး နှစ်လုံးစာခန့် အရွယ်အစားဖြင့် ကျဆင်းလာနေသဖြင့် သာမန်လူများမှာ လွတ်အောင် မပြေးနိုင်ကြပေ။

ထိုအချိန်တွင် လူရိပ်အချို့ ချက်ချင်း ရောက်ရှိလာသည်။ လုရှင်းချန်သည် မြို့၏ ညကောင်းကင်ယံတွင် မီးတောက်နေသော ဥက္ကာခဲတစ်ခုကဲ့သို့ ပျံသန်းလာပြီး နောက်ဘက်တွင် မီးတန်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ မီးတောက်များ ဖုံးလွှမ်းနေပြီး ကျောဘက်မှ တွန်းကန်အားဖြင့် ထိုပြုတ်ကျလာသော အသားစိုင်ကြီးထံသို့ မြှားတစ်စင်းကဲ့သို့ ပြေးဝင်လိုက်သည်။ သူ၏ လက်နှစ်ဖက်မှ မီးတောက်များ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းစေမည့် မီးလှိုင်းကြီး နှစ်ခုကို မှုတ်ထုတ်လိုက်သည်။

“နတ်ဘုရားအဆင့်-မီးသင်္ဂြိုဟ်ခြင်း”

ဘွန်းးး

ပြင်းထန်သော မီးတောက်ကြီးက ထိုအသားစိုင်ကြီးကို တိုက်ရိုက်လောင်ကျွမ်းစေပြီး အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကာ အငွေ့ပျံသွားစေသည်။

တစ်ချိန်တည်းမှာပင် ကီကီနှင့် ကျန်းယွမ်တို့သည် သူတို့၏ စွမ်းရည်များကို သုံး၍ ဘေးပတ်ဝန်းကျင်ရှိ စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများကို အရေးပေါ်ဖယ်ရှားပေးလိုက်သည်။ လူထောင်ပေါင်းများစွာမှာ လေပြင်းတစ်ချက် တိုက်ခတ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ထိုဧရာမ အသားစိုင်ကြီးများအောက်မှ လွတ်မြောက်သွားကြသည်။

ဝုန်း။

ဧရာမ အသားစိုင် အပိုင်းအစများမှာ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး လမ်းမများနှင့် အဆောက်အဦးများကို ဖျက်ဆီးပစ်လိုက်ရာ ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်တက်သွားသည်။ ဖုန်မှုန့်များမှာ ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်ပေါင်းများစွာသို့ ပျံ့နှံ့သွားသည်။

“ငါတို့ တစ်စိတ်တစ်ပိုင်းကိုတော့ ချနိုင်ခဲ့ပြီ”

ကီကီက ကောင်းကင်ကို မော့ကြည့်ရင်း မောဟိုက်စွာ ပြောလိုက်သည်။

“ဒါနဲ့တင် မလုံလောက်သေးဘူး”

ကျန်းယွမ်က ပျက်စီးသွားသော ရပ်ကွက်များကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“မြို့ထဲကို ပိုပိုပြီး ဝင်လာနေကြပြီ။ မြို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက် တံတိုင်းတွေလည်း ကျတော့မယ် ထင်တယ်”

တိတ်ဆိတ်မြို့တော်ပေါ်တွင် ရှင်းဂျီ၏ အကြည့်မှာ ထက်မြက်နေသည်။ မြင်ကွင်းများထဲတွင် မိုးပျံမွန်းစတားကြီးသည် ကောင်းကင်အမြင့်ပိုင်းသို့ ပြန်လည်ပုန်းကွယ်သွားပြီး အခြားသော ထူးဆန်းသည့် သတ္တဝါများမှာ အမိန့်တစ်ခုရရှိထားသလိုပင် တိတ်ဆိတ်မြို့တော်နှင့် ကောင်းကင်ငြိမ်သက်ခြင်း သင်္ဘောယာဉ်တန်းဆီသို့ စုပြုံတိုးဝင်လာကြသည်။

ဒက် ဒက် ဒက် ဒက်

ထိုသို့ ပြင်းထန်စွာ တိုက်ခိုက်ခံရသဖြင့် ယာဉ်တန်းမှ အမြောက်များ အားလုံးမှာ ကောင်းကင်သို့ ဦးတည်ကာ တရစပ် ပစ်ခတ်နေရတော့သည်။

ဂျစ် ဂျစ် ဂျစ်

ထိုအချိန်တွင် အနန္တဆက်သွယ်ရေးစက်မှတစ်ဆင့် ချန်ဆီရွှမ်၏ အသံကို ကြားလိုက်ရသည်။

“မြို့ရဲ့ မြောက်ဘက်တံတိုင်းကိုလည်း ဖုတ်ကောင်အုပ်စုကြီးက တရကြမ်းတိုက်ခိုက်နေတယ်။ အဲဒီမွန်းစတားတွေက မြို့တစ်ခုလုံးကို ဝိုင်းဖို့ ကြိုးစားနေကြတယ်”

အာရုဏ်ဦးမြို့တော်၏ မြို့ပတ်ရထားလမ်းပေါ်တွင် အနက်ရောင်နဂါးကြီးတစ်ကောင်ကဲ့သို့ အားပြင်းသော ရထားကြီးတစ်စင်းမှာ မီးပွင့်များ ထွက်ပေါ်နေအောင် ပြေးဆွဲနေသည်။ ရထားပြတင်းပေါက်များ အားလုံးကို ဖွင့်ထားပြီး အနန္တမဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်ထောင်ပေါင်းများစွာမှာ ရထားပေါ်နှင့် ရထားအတွင်းမှနေ၍ အပြင်းအထန် တိုက်ခိုက်နေကြသည်။

နန်ကျင်း၊ ရှုချင်း၊ ရှောင်ချင်း၊ လိုလို၊ အားမင်၊ လုချန်နှင့် မြောင်လု စသည့် ယန္တရားဝတ်စုံဝတ် ဆင့်ကဲပြောင်းလဲသူများသည် ရထားပေါ်တွင် လှုပ်ရှားလျက် တိုက်ခိုက်နေကြသည်။

ဘန်း

အနန္တ ရထား၏ နံပါတ် ၁ တွဲပေါ်တွင် Black Hwak စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော ချန်ဆီရွှမ်သည် ပျံသန်းနေသော သတ္တဝါနှစ်ကောင်ကို တစ်ချက်တည်းဖြင့် ပစ်ချလိုက်သည်။ မြောက်ဘက်တံတိုင်းထက်ရှိ ပြင်းထန်သော အမြောက်သံများနှင့် တက်လာနေသည့် အရိပ်များကို ကြည့်ကာ သူမက ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။

“အရန်တပ်ဖွဲ့တွေ အားလုံး စစ်ကူသွားကုန်ပြီ။ ယန္တရားတပ်ဖွဲ့တွေကလည်း မြို့ရဲ့ တောင်ဘက်နဲ့ အနောက်ဘက်မှာပဲ စုနေကြတာ။ အဲဒီဘက်က သိပ်ကြာကြာခံနိုင်မယ် မထင်ဘူး”

ပေါင်းစည်းယာဉ်တန်း၏ အမြီးပိုင်းတွင် ကြယ်တာရာစီးနင်းသူကို မောင်းနှင်နေသော ရှားရှားက “သူတို့ကို သွားကူကြရအောင်”

“ကောင်းပြီ” နန်ကျင်းက ချက်ချင်းပြန်ဖြေသည်။

“အကယ်၍ နံပါတ် ၁ တံတိုင်း ကျိုးပေါက်သွားရင် နံပါတ် ၂ တံတိုင်းနဲ့ မြို့တွင်းပိုင်းဆီကို ဆုတ်ခွာကြမယ်”

အောက်ဘက်ရှိ လမ်းမပေါ်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အခြေစိုက်ယာဉ်များဖြင့် ဖွဲ့စည်းထားသော ယာဉ်တန်းတစ်ခုသည် မြို့မလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်နေပြီး မြေပြင်နှင့် ဝေဟင်ရှိ မွန်းစတားများကို ရှင်းလင်းနေသည်။ ဤယာဉ်တန်းမှာ မြို့ပြင်ရပ်ကွက်တွင် ကျန်းဇီယန် စုစည်းထားသည့် သံမဏိနေမင်းယာဉ်တန်းဖြစ်သည်။ ၎င်း၏ ယာဉ်နှင့် လက်နက်အရင်းအမြစ် အများစုကို ဖင်းဂါးအုပ်စုမှ ထောက်ပံ့ပေးထားသော်လည်း အဖွဲ့ဝင်အများစုမှာ မြို့ပြင်ရပ်ကွက်ရှိ ဒုက္ခသည်ယာဉ်တန်းများမှ ခေါင်းဆောင်များ ဖြစ်ကြသည်။

ပထမဆုံးယာဉ်ပေါ်တွင် ကျန်းဇီယန်က ကီဇိုင်းကို အရှိန်အပြည့်မောင်းရန် ညွှန်ကြားနေပြီး သူကိုယ်တိုင်မှာမူ လျှပ်စစ်အမြောက်ကို ကိုင်တွယ်ကာ မွန်းစတားများကို တရစပ်သုတ်သင်နေသည်။

“သံမဏိနေမင်းယာဉ်တန်း... ငါနဲ့အတူ ထိုးဖောက်ကြစို့”

ဤမျှော်လင့်ချက်ကင်းမဲ့နေသော ညတွင် ကျန်းဇီယန်သည် ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွန်းနေသည်။ ၎င်းမှာ ယာဉ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ ပထမဆုံးသော တိုက်ပွဲဖြစ်ပြီး လူတိုင်း၏ ရှင်သန်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

“ဒီမြေအောက်ခိုလှုံရေးစခန်း အဝင်ဝပတ်ပတ်လည်ကို ရှင်းလင်းလိုက်ကြ။ အဲဒီမွန်းစတားတွေကို ခိုလှုံရေးစခန်းထဲ ပေးမဝင်နဲ့”

ကျန်းဇီယန်က အော်ဟစ်လိုက်သည်။

“ဇီယန်”

ကြယ်မြို့တော်ဂြိုဟ်ပတ်ဘူတာမှ ကျန်းရှု့ဝေသည် မြို့၏အရှေ့ဘက်တွင် တောက်လောင်နေသော မီးလျှံများကို မြင်တွေ့ရပြီး ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် သတိပေးလိုက်သည်။

“တံတိုင်းကြီး ကျိုးသွားနိုင်တယ်၊၊ နင်တို့ယာဉ်တန်းက ဘေးကင်းအောင် ဂရုစိုက်ဦး”

“တံတိုင်းကျိုးသွားရင် ငါတို့အားလုံး ပြီးပြီလေ... ဘယ်မှာမှ ဘေးကင်းမှာမဟုတ်တော့ဘူး မမ”

ကျန်းဇီယန်က ကောင်းကင်သို့ ပလာစမာရောင်ခြည်တန်းများ ပစ်လွှတ်ရင်း အော်ပြောလိုက်သည်။

အမြွှာကြယ်မျှော်စင်ကွပ်ကဲမှုစခန်းတွင် တိုက်ပွဲစတင်ချိန်မှ ယခုအထိ ယဲ့လန်သည် ကွပ်ကဲမှုမျက်နှာပြင်ရှေ့တွင် မလှုပ်မယှက်ရပ်နေပြီး တိုက်ပွဲသတင်းပို့ချက်များကို အဆက်မပြတ်လက်ခံရရှိနေသည်။ သို့သော် အခြေအနေမှာ အကောင်းဘက်တွင် မရှိပေ။

ကမ္ဘာပျက်ကပ်နေ့မှစ၍ လူသားတို့သည် ဤမျှလောက်ကြီးမားသော သန္ဓေပြောင်းသတ္တဝါများ၊ ဖုတ်ကောင်များ၊ မွန်းစတားများ၏ ကျူးကျော်မှုကို မကြုံတွေ့ခဲ့ဖူးသလို ဤမျှကြီးမားသော စစ်ပွဲမျိုးလည်း မဆင်နွှဲခဲ့ဖူးပေ။ ကွပ်ကဲမှုစခန်းအသီးသီးရှိ ဖီးနစ်မှ အဆင့်မြင့်အဖွဲ့ဝင်များနှင့် ဝန်ထမ်းပေါင်းများစွာသည် စစ်မြေပြင်အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ဤကမ္ဘာပျက်ကပ်အဆင့် တိုက်ခိုက်မှုမှာ တွင်းနက်၏ ပထမဆုံးတိုက်ရိုက်တိုက်ခိုက်မှုဖြစ်ကြောင်း လခြမ်းကွေးစစ်ဆင်ရေး၏ သတင်းအချက်အလက်များအရ အတည်ပြုနိုင်ခဲ့သည်။

ဤအရာသည် အမှောင်ယဉ်ကျေးမှုက လူသားမျိုးနွယ်ကို စမ်းသပ်လိုက်ခြင်းပင်ဖြစ်သည်။

ပြီးတော့ ၎င်းသည် နောက်ဆုံးစမ်းသပ်မှုလည်း ဖြစ်လာလိမ့်မည်။

“S-Class တိုက်ခိုက်မှုတွေကို မပြောနဲ့ဦး။ ဒီပမာဏကတင် အဆုံးမရှိသလိုပဲ”

ရှုကျန်းယွမ်က မျက်မှောင်ကြုတ်ကာ တိုက်ပွဲမျက်နှာပြင်များကို ကြည့်ရင်း မှတ်ချက်ပေးသည်။

“ငါတို့ တိုက်နေတာ ဒီလောက်ကြာပြီ... ဒါပေမဲ့ အမှောင်ထုထဲက သတ္တဝါတွေကတော့ ထွက်လာနေတုန်းပဲ...”

ယဲ့လန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့ဘက်က စစ်သားတစ်ယောက် ဆုံးရှုံးသွားတိုင်း ငါတို့အင်အားက တစ်ယောက် လျော့သွားမှာပဲ”

ရှုကျန်းယွမ်က တည်ငြိမ်စွာ ပြန်ပြောသည်။

“ငါတို့ရဲ့ စုံစမ်းချက်အရဆိုရင် အထူးအဆင့် ဒါမှမဟုတ် A-Class အောက်က သန္ဓေပြောင်းသတ္တဝါတွေကို တွင်းနက်ထဲမှာရှိတဲ့ အသိုက်ကနေ အများအပြား ထုတ်လုပ်နေတာပဲ။ အဲဒီထဲမှာ အချိန်က ပြန့်ကားနေတော့ တစ်မိနစ်အတွင်းမှာတင် မွန်းစတားထောင်ပေါင်းများစွာကို ထုတ်လုပ်နိုင်တယ်။ S-Class က အဲဒီမွန်းစတားတွေရဲ့ စွမ်းအင်ကို စုပ်ယူပြီး သူ့ကိုယ်သူ အမြဲတမ်း ပြန်လည်ပြုပြင်ပြီး အားဖြည့်နေတာပဲ။ ငါတို့ရဲ့ ပစ်ခတ်မှုအားနဲ့ ဒီလည်ပတ်မှုစက်ဝန်းကို မဖြတ်တောက်နိုင်ရင် မြို့ကျဆုံးဖို့က အချိန်ကိစ္စပဲ ရှိတော့တယ်”

ကောင်စီအဖွဲ့ဝင်ဟောင်း ရှုယန်ကလည်း လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“မြို့တွင်းမှာ သန္ဓေပြောင်းမှုတွေကလည်း ပိုဆိုးလာနေပြီ။ နံပါတ် ၁ တံတိုင်းက ရှေ့တန်းစစ်သားတွေတောင် သန္ဓေပြောင်းစပြုနေပြီ... အမှောင်ကျူးကျော်မှုရဲ့ ပြင်းအားက အရမ်းမြင့်နေတယ်”

“အစီရင်ခံစာ- မြို့ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ သန္ဓေပြောင်းသတ္တဝါ အုပ်စုကြီး စုရုံးရောက်ရှိလာနေပါတယ်”

“အစီရင်ခံစာ- မြောက်ဘက်ခြမ်းမှာ ပစ်အား အလွန်နည်းပါးနေပါတယ်”

ထိုသတင်းကို ကြားသောအခါ ရှု့ကျန်းယွမ် မျက်မှောင်ကြုတ်သွားသည်။

“နောက်ထပ် S-Class တစ်ကောင် ပေါ်လာပြန်ပြီလား”

“အခုထိတော့ မတွေ့ရသေးပါဘူး”

ရှုကျန်းယွမ်က ခက်ထန်စွာ ပြောလိုက်သည်။

“သူတို့က တံတိုင်းရဲ့ ပစ်အားနည်းတဲ့နေရာကို ဆွဲဆောင်ခံရတာ ဖြစ်နိုင်တယ်။ တောင်ဘက်နဲ့ အနောက်ဘက်က ပစ်အားက အရမ်းပြင်းထန်တော့ အဲဒီမွန်းစတားတွေက မဖောက်နိုင်ဘဲ မြို့ကိုပတ်ပြီး အားနည်းတဲ့ အပေါက်ကို ရှာနေကြတာပဲ။ အစောင့်တပ်နဲ့ သံမဏိအစောင့်တပ်ရင်းတွေရဲ့ ပင်မအင်အားတွေက S-Class ဆီမှာပဲ စုနေကြတယ်။ အကယ်၍ ငါတို့ နောက်တန်းသာ ကျသွားရင် မြို့တစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မယ်”

သူက ချက်ချင်း အမိန့်ပေးလိုက်သည်။

“အရန်တပ်ဖွဲ့တွေနဲ့ မြို့တွင်းကာကွယ်ရေးအဖွဲ့တွေကို မြောက်ဘက်နဲ့ အရှေ့ဘက် ကာကွယ်ရေးဇုန်တွေမှာ သွားပူးပေါင်းဖို့ စေလွှတ်လိုက်”

“ဟုတ်ကဲ့”

“အရပ်မျက်နှာအကုန်လုံး ဝိုင်းရံပိတ်ဆို့ခံနေရပြီ...”

ယဲ့လန်သည် အရှေ့ဘက်နှင့် မြောက်ဘက် ရှေ့တန်းမျက်နှာစာမှ ရန်သူနှင့် ရင်ဆိုင်နေရသည့် အခြေအနေများကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“ဒီလောက်ကြီးမားတဲ့ မွန်းစတားလှိုင်းကြီးက ဝိုင်းရံမယ်ဆိုရင် အခုထိ စောင့်နေမှာမဟုတ်ဘူး”

ယဲ့လန် လှည့်ကြည့်လိုက်ပြီး “ဒါက တစ်စုံတစ်ယောက်ဆီက အမိန့်ပေးအချက်ပြမှုကို လက်ခံရရှိနေပုံနဲ့ ပိုတူတယ်...”

ထိုခဏတွင် လေထုက အသက်ရှူကျပ်သွားသည်ဟု လူတိုင်းခံစားလိုက်ရသည်။

မြို့အနောက်ဘက် ဇုန်၈ ရှိ မူလမြို့ပြင်နယ်မြေတွင် ဗာမီလီယံသည် ပလာစမာဓားနှစ်လက်ကို ကိုင်စွဲကာ မြို့လမ်းမများတစ်လျှောက် အရှိန်ပြင်းစွာ ထိုးဖောက်နေပြီး သန္ဓေပြောင်းသတ္တဝါအုပ်စုကြီးကို ချေမှုန်းရင်း နံပါတ် ၁၈ ဇီဝသက်ရှိ လေလွင့်သူမွန်းစတား၏ ဘေးဘက်သို့ လှည့်ပတ်မောင်းနှင်နေသည်။

ထိုသတ္တဝါမှာ ခြေတံအရှည်ကြီးများစွာဖြင့် ဖွဲ့စည်းထားသည့် ရှည်လျားသောလက်တံများဖြင့် ဘီလူးတစ်ကောင်နှင့်တူပြီး ၎င်း၏ ဦးခေါင်းတွင် တွင်းနက်ကြီးတစ်ခုကဲ့သို့သော ပါးစပ်ကြီးပါရှိသော်လည်း မျက်လုံးနှင့် အခြားအစိတ်အပိုင်းများကိုမူ မတွေ့ရပေ။ ပါးစပ်ပတ်ပတ်လည်တွင် ထူထပ်လှသော အသားပိုများက တဖျတ်ဖျတ် လှုပ်ရှားနေသည်။ ထိုအနီရောင် ပါးစပ်ကြီး လှုပ်ရှားလိုက်တိုင်း စိမ်းပုပ်ရောင် မီးခိုးတန်းများ မှုတ်ထုတ်လိုက်ရာ အဆောက်အဦး အများအပြားမှာ အရည်ပျော် ပျက်စီးကုန်သည်။

ထို့ကြောင့် ဟွာကျန်း၏ လက်အောက်ရှိ မီကာပိုင်းလော့များနှင့် အထူးလှုပ်ရှားတပ်ရင်းများသည် တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားပြီး အဝေးမှသာ လှမ်း၍ တိုက်ခိုက်နေကြသည်။

“အရင်ဆုံး သူ့ခြေထောက်အချို့ကို ဖြတ်ကြည့်ကြရအောင်”

ဗာမီလီယံထိန်းချုပ်ခန်းအတွင်းမှ ဖေးယီက ဗျူဟာတစ်ခုကို အဆိုပြုလိုက်သည်။

“ကောင်းပြီ”

ထပ် ထပ် ထပ်

ထိုအချိန်တွင် အင်ပါယာ-ဗာမီလီယံ၏ ကျောဘက်မှနေ၍ ဖီးနစ်အတောင်ပံများကဲ့သို့ အလိုအလျောက်လမ်းညွှန် အလူမီနီယံ သာမိုက်ဗုံးခြောက်လုံး ထွက်ပေါ်လာပြီး လေထဲတွင် လှပသော အကွေ့အဝိုက်များဖြင့် လှည့်ပတ်ကာ လေလွင့်သူထံသို့ စုပြုံကျရောက်သွားသည်။ ဗုံးများ မထိမှန်မီမှာပင် ထိုထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မွန်းစတား၏ ပတ်ပတ်လည်တွင် အနက်ရောင်မှန်ချပ်များဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးစွမ်းအားစက်ကွင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

Chapter 879

ကစဥ့်ကလျားအခြေနေ ၃

သို့သော်လည်း ပိုင်ရွှမ်းနှင့် စုရွှေတို့ ဇနီးမောင်နှံသည် ၎င်း၏ ကာကွယ်ရေးစွမ်းအင်နယ်ပယ် မည်မျှစွမ်းအားကြီးကြောင်း မျက်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်တွင် အလူမီနီယမ် သာမိုက်ဗုံးသည် လေထုထဲ၌ တိုက်ရိုက်ပေါက်ကွဲသွားပြီး စစ်မြေပြင်၏ အထက်ကောင်းကင်တွင် ဥက္ကာခဲမိုးများ ရွာကျနေသကဲ့သို့ ထင်မှတ်မှားရပေသည်။ တောက်ပသော အလူမီနီယမ် အပူမီးလျှံများသည် ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ရေတံခွန်တစ်ခုသဏ္ဌာန် အောက်သို့ စီးဆင်းကျလာ၏။

လေလွင့်သူသည် အပူချိန် ၃၀၀၀ ဒီဂရီရှိသော အလူမီနီယမ် မီးပန်းများကြားတွင် ချက်ချင်းပင် ပိတ်မိသွားကာ သံမဏိပန်းများပွင့်နေသည့်အလား ဖြစ်သွားသည်။ ကာကွယ်ရေးစွမ်းအင်နယ်ပယ်ရှိနေသည့်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ကြောင့် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ရာများ အကွက်လိုက်ပေါ်လာပြီး မည်းတူးကာ အသားညှော်နံ့များထွက်ပေါ်လာသည်၊၊

အား ဝူးးး

လေလွင့်သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ နီရဲနေသော ပါးစပ်မှ အက်ဆစ်မြူများကို ဗာမီလီယံစက်ရုပ်ကြီးရှိရာဘက်သို့ မှုတ်ထုတ်လိုက်သည်။ သို့သော် ထိုအချိန်တွင် ဗာမီလီယံသည် မူလနေရာ၌ မရှိတော့ပေ။ မီးခိုးလုံးများ နောက်ကွယ်မှနေ၍ နီရဲသော စွမ်းအင်လိုင်းများ စီးဆင်းနေသည့် ဧရာမစက်ရုပ်ကြီးက ထွက်ပေါ်လာပြီး ဗာမီလီယံပလာစမာဓားနှစ်လက်ကို ကျွမ်းကျင်စွာ ကိုင်ဆောင်ကာ လှုပ်ရှားလာသည်။

“မုန်တိုင်းဗျူဟာ”

“မုန်တိုင်းဗျူဟာ”

ပိုင်ရွှမ်းနှင့် စုရွှေတို့သည် သံပြိုင်အော်ဟစ်လိုက်ကြပြီး ပလာစမာဓားများကို အောက်သို့ ယှက်ကာ ကြက်ခြေခတ်ပုံစံ ခုတ်ချလိုက်သည်။ အက်ဆစ်မြူ ကာကွယ်ရေးစွမ်းအင်နယ်ပယ် ကွယ်ပျောက်သွားသည်နှင့် သူတို့သည် လေလွင့်သူ၏ အကြီးဆုံး ခြေထောက်ရှည်ကြီးကို လေထဲ၌ပင် တိုက်ရိုက်ဖြတ်တောက်လိုက်ကြသည်။ ထို့နောက်တွင် ဗာမီလီယံသည် အရှိန်မြှင့် စက်ကွင်းများကို ဖွင့်လိုက်ပြီး လေထဲတွင် ကိုယ်ဟန်အနေအထားကို ချိန်ညှိကာ စက်ရုပ်ကိုယ်ထည်ကို လှည့်ပတ်ပြီး ပလာစမာဓားများဖြင့် ဝေ့ဝဲခုတ်ပိုင်းလိုက်ရာ ကြီးမားသော ပြတ်ရှရာလေးခု လျင်မြန်စွာ ပေါ်လာသည်။

ဖွမ်းးး

ခဏချင်းတွင်ပင် အစိမ်းပုပ်ရောင် အနံ့ဆိုးအရည်များ ပန်းထွက်လာပြီး လေလွင့်သူသည် ရူးသွပ်စွာ ရုန်းကန်လှုပ်ရှားလာသည်။ ထိုအချိန်တွင် ခြေထောက်များစွာပါသော ဧရာမ သတ္တဝါကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို ရုတ်တရက် လိမ်လိုက်ပြီး ကျောပေါ်ရှိ အက်ဆစ်များ ပြည့်နေသော ခြေထောက်ရှည်ကြီးတစ်ချောင်းကို ဗာမီလီယံ၏ နောက်ကျောဘက်သို့ ရုတ်တရက် ရိုက်ချလိုက်သည်။

“ဖိအားလျှော့ချ”

“နိုက်ထရိုဂျင်အရည် ဖြန်းထုတ်”

ပိုင်ရွှမ်းနှင့် စုရွှေတို့လည်း မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသဖြင့် ချက်ချင်းပင် စက်ရုပ်၏ အနေအထားကို ပြင်ဆင်ကာ အပေါ်ပိုင်းကို လိမ်ဖယ်ပြီး လက်မောင်းများကို ယှက်ကာ ပိတ်ဆို့လိုက်သည်။ အက်ဆစ်များက ဗာမီလီယံ၏ သံချပ်ကာကို တိုက်စားလာသောအခါ လက်မောင်းများမှ အဖြူရောင် နိုက်ထရိုဂျင်အရည်များ အမြောက်အမြားထွက်လာပြီး အက်ဆစ်မြူများနှင့် အရည်များကို အေးခဲပစ်လိုက်သည်။ သို့သော်လည်း စက်ရုပ်တစ်ခုလုံးသည် လွင့်ထွက်သွားကာ မြို့ကွက်သစ်များကြား မီတာရာနှင့်ချီ၍ လျှောတိုက်သွားသည်။

ခဏချင်းတွင်ပင် ရေတွက်၍မရနိုင်သော သန္ဓေပြောင်းမွန်းစတားများသည် ပုရွက်ဆိတ်များကဲ့သို့ ဗာမီလီယံထံသို့ ဝိုင်းအုံလာကြသည်။ ထိန်းချုပ်ခန်းအတွင်း၌ ပိုင်ရွှမ်းလည်း သတိပြန်ဝင်လာပြီး ခလုတ်တစ်ခုကို ချက်ချင်း လှမ်းနှိပ်လိုက်သည်။

ဘွန်းး

ထိုအချိန်တွင် ဗာမီလီယံ၏ သံချပ်ကာအဆက်နေရာများမှ ပြင်းထန်သော ပလာစမာမီးလျှံများ ပန်းထွက်လာပြီး မြင့်မားသော အပူရှိန်ဖြင့် သန္ဓေပြောင်းမွန်းစတားများကို လောင်ကျွမ်းသွားသည်။

“စုရွှေ… သတိထားဦး”

ပိုင်ရွှမ်းက သူ့ဇနီးကို လှမ်းခေါ်လိုက်သည်။ ပြင်းထန်သော တုန်ခါမှုကြောင့် သူတို့နှစ်ဦးစလုံး အာရုံကြောများ တုန်လှုပ်သွားကာ နှာခေါင်းမှ သွေးများ စီးကျနေသော်လည်း ယခုအချိန်တွင် ဂရုမစိုက်နိုင်ကြသေးပေ။ သူတို့နှစ်ဦး ပြန်လည်မတ်တတ်ရပ်ကာ ပလာစမာဓားများကို တဖန်ထုတ်လိုက်ကြသည်။ ရှာဖွေရေးမီးရောင်အောက်တွင် မည်းမှောင်သော မြူထုကြီးသည် ညအမှောင်နှင့် တစ်သားတည်းဖြစ်သွားပြီး ဗာမီလီယံနှင့် နောက်ဘက်ရှိ မီကာတပ်များနှင့် မြို့ရိုးဆီသို့လည်းကောင်း လျင်မြန်စွာ လွင့်မျောလာသည်ကို တွေ့လိုက်ရသည်။

“အက်ဆစ်မြူတွေကို ရှောင်ကြ”

စုရွှေက အော်ဟစ်လိုက်ပြီး သူတို့နှစ်ဦး နောက်သို့ အမြန်ဆုတ်လိုက်ကြသည်။ သို့သော် အက်ဆစ်မြူသည် ဗာမီလီယံ၏ အရှေ့ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ခဏချင်းတွင်ပင် စက်ရုပ်၏ အရှေ့ပိုင်းနှင့် ညာဘက်ခြေထောက်ရှိ သံချပ်ကာပြားများမှာ အရည်ပျော်လာပြီး ထိန်းချုပ်ခန်းအတွင်းမှ အချက်ပေးသံမှာ စူးရှစွာ မြည်ဟည်းလာသည်။

“ခုန်တက်”

ဇနီးမောင်နှံနှစ်ဦးသည် အံကြိတ်ကာ အော်ဟစ်လိုက်ပြီး ခြေထောက်များကို တစ်ပြိုင်နက်တည်း ကွေးလိုက်ကြသည်။ ဗာမီလီယံ၏ ခြေထောက်ရှိ တွန်းကန်အားပေးစနစ်သည် ဟိုက်ဒရောလစ် အရှိန်ဖြင့် အလုပ်လုပ်ကာ တန်ချိန် ၂၂၀၀၀ ရှိသော စက်ရုပ်ကြီးကို တစ်နေရာတည်းမှ တိုက်ရိုက်ခုန်တက်သွားစေသည်။

သူတို့၏ နောက်ကွယ်တွင်မူ သံမဏိအစောင့်တပ်ရင်း၏ မီကာများသည် အက်ဆစ်မြူများအတွင်း ပိတ်မိနေသည်။ မီကာများ၏ သတ္တုခွံများစွာသည် တိုက်စားခံရပြီး အရည်ပျော်လာကာ ပိုင်းလော့များစွာသည် အက်ဆစ်မြူနှင့် အဆိပ်ငွေ့များအောက်တွင် အော်ဟစ်ရင်း သေဆုံးသွားကြရသည်။

နံပါတ် ၁ မြို့ရိုးပေါ်ရှိ အခြေအနေမှာ ပို၍ပင် ရင်နင့်ဖွယ်ကောင်းလှသည်။ အက်ဆစ်မြူသည် မြို့ရိုး၏ တစ်ကီလိုမီတာ ပတ်လည်ကို လွှမ်းခြုံသွားပြီး ခုခံနေသော စစ်သားများသည် စက္ကန့်ပိုင်းအတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ အလိုအလျောက် အမြောက်များနှင့် ခံတပ်မျှော်စင်များမှာလည်း အလုပ်မလုပ်တော့ဘဲ ပျောက်ကွယ်သွားသည်။

“အမြန်ပြေးကြ”

“ရှောင်ကြ”

လူပေါင်းများစွာမှာ အသံပင် မထွက်နိုင်ဘဲ ပျောက်ကွယ်သွားကြသည်။ ထိုအချိန်တွင် ဘေးအန္တရာယ်မှ သီသီလေးလွတ်မြောက်လာသော စစ်သားအချို့သည် မြို့ရိုးပေါ်သို့ တွားတက်လာကြပြီး သုဿတစ်စပြင်လို တိတ်ဆိတ်နေသော မြို့ရိုးကို ကြည့်ကာ ကြောက်ရွံ့နေချိန်ပင်မရခင် တပ်မှူးက ချက်ချင်း အမိန့်ပေးလိုက်သည်။

“တွေဝေမနေကြနဲ့… လက်နက်တွေကို အမြန်ပြန်တပ်ဆင်ကြ”

“လေကြောင်းကာကွယ်ရေးကို ပြင်ဆင်”

စစ်သားအများအပြားသည် မြို့ကာကွယ်ရေးကို ပြန်လည်ဖြည့်တင်းရန်အတွက် သေမင်းနယ်မြေဖြစ်နေသော ဇုန်အတွင်းသို့ ပြန်လည်တိုးဝင်သွားကြသည်။ သို့သော် သူတို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် မှောင်မိုက်နေသော အမှောင်ထုထဲမှ သန္ဓေပြောင်းမွန်းစတားအမြောက်အမြားသည် မြို့ရိုးပေါ်သို့ တက်လာကြပြီး ဖြစ်သည်။ မြူခိုးပင့်ကူများကလည်း မြူထုများကို မှုတ်ထုတ်လိုက်ပြီး သန္ဓေပြောင်းမွန်းစတားများသည် ဒီရေအလား ပျံ့နှံ့လာတော့သည်။

တောင်ပိုင်းမြို့တော် ဇုန် ၅ တွင်မူ အာရုဏ်ဦး ပုကျန်းမြစ်‌ဘေး… ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော ဖုန်မှုန့်များကြားမှ နံပတ် ၁၁ S-Class မွန်းစတား မြေကမ္ဘာသည် မိုးခြိမ်းသံအလား ဟိန်းဟောက်လိုက်သည်။ ၎င်းသည် မီးတောင်တစ်ခုထဲမှ နိုးထလာသော ဧရာမ မြေအောက်သတ္တဝါကြီးကဲ့သို့ လှုပ်ရှားနေပြီး ၎င်းသွားလေရာတွင် ငလျင်များ လှုပ်ခတ်ကာ ပတ်ဝန်းကျင်ရှိ မြို့ပြအဆောက်အအုံများမှာ အပျက်အစီးများ ဖြစ်ကုန်သည်။

၎င်း၏ ခန္ဓာကိုယ်တွင် တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထဲသော တစ်သျှူးလွှာများရှိပြီး ၎င်း၏ အခွံကြားမှ မြောင်းများနှင့် အက်ကြောင်းများအတွင်းမှ မည်းနက်သော မီးခိုးများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်နေသော်လည်း ကျောက်တုံးများ ကွဲထွက်သွားသကဲ့သို့သာ ဖြစ်နေသည်။

၎င်းသည် ရွေ့လျားနေသော တောင်ကြီးတစ်လုံးကဲ့သို့ ပစ်ခတ်မှုအားလုံးကို လျစ်လျူရှုကာ ရှေ့သို့ ဆက်တိုက်တိုးဝင်လာနေသည်။ ၎င်း၏ ဘေးပတ်လည်တွင် သန္ဓေပြောင်းမွန်းစတားများသည် ဒီရေအလား စီးဆင်းလိုက်ပါလာပြီး အာရုဏ်ဦးမြို့တော် တောင်ပိုင်းရှိ မြို့ရိုးနေရာအများအပြားကို တိုက်ခိုက်နေသည်။

ဒုန်း ဒုန်း ဒုန်း

မီးခိုးများကြားတွင် ဧရာမ ခြေသံကြီးများ ဟိန်းထွက်လာပြီး နူကလီးယား စွမ်းအင်ဗဟိုချက်နှစ်ခု တပ်ဆင်ထားသည့် အပြာရင့်ရောင် စူပါဧရာမစက်ရုပ်ကြီးက ရူးသွပ်စွာ ပြေးထွက်လာသည်။ လက်ဝဲဘက်လက်မောင်းကို အရှေ့တွင် အလျားလိုက် ကာထားသည့် အင်ပါယာ-ရွှမ်းဝူသည် ကြီးမားသော သံလိုက်စွမ်းအင်ဒိုင်းကာကြီးကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးဝင်လာ၏။ မြေကမ္ဘာသည် ခြိမ်းခြောက်မှုကို ခံစားမိသည်နှင့် ၎င်း၏ဦးခေါင်းကို နှိမ့်ချလိုက်ပြီး တောင်တန်းတစ်ခုကဲ့သို့သော ဦးချိုကို ဖော်ထုတ်ကာ ရှေ့ဘက်ရှိ ယပ်တောင်ပုံစံ နယ်ပယ်အတွင်းမှ လေထုကိုပင် တုန်ခါသွားစေသည့် သဏ္ဌာန်မဲ့ဆိုးနစ်အသံလှိုင်းများကို အဆက်မပြတ် ထုတ်လွှတ်လိုက်လေသည်။

“သွား”

ရွှမ်းဝူ၏ ထိန်းချုပ်ခန်းအတွင်း၌ ချင်ညီအစ်ကိုဖြစ်သော ချင်ယွဲ့နှင့် ချင်ချွမ်းတို့သည် အံကြိတ်ကာ ပြင်းထန်သော အသံလှိုင်းများကို သံလိုက်စွမ်းအင်ဒိုင်းကာဖြင့် ခုခံထားကြသည်။ သူတို့၏ ညာဘက်လက်မောင်းကို ဆန့်ထုတ်လိုက်ရာ မီတာများစွာ ရှည်လျားသော ဧရာမ ကြိမ်နှုန်းမြင့် ချိန်းဓားသွားကြီးမှာ စက်ရုပ်လက်မောင်းမှ လျှောထွက်လာပြီး ဟိုက်ဒရောလစ်စနစ်ဖြင့် ဓားသွားများ ပွင့်ထွက်ကာ လျှပ်စစ်စီးကြောင်းများ တဖျတ်ဖျတ် လက်သွားတော့သည်။

“ခေါင်းဖြတ်”

“ခေါင်းဖြတ်”

ညီအစ်ကိုနှစ်ဦးသည် သံပြိုင်အော်ဟစ်ကာ ချိန်းဓားကြီးကို အပေါ်သို့ မြှောက်ပြီး မြေကမ္ဘာ၏ ဦးခေါင်းနှင့် လည်ပင်းဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်ကြသည်။

ရွှီး ရွှီး ရွှီး

စူးရှသော ဓားသံနှင့်အတူ ချိန်းဓားသွားကြီးသည် မြေကမ္ဘာ၏ ဦးခေါင်းပေါ်ရှိ တောင်ကုန်းသဏ္ဌာန် အစိတ်အပိုင်းကြီးများကို ဖြတ်တောက်လိုက်ရာ ကျောက်တုံးကဲ့သို့ မာကျောသော အလွှာများစွာ ပြိုကျလာသည်။ သို့သော်လည်း ဤမျှ ပြင်းထန်သော ဓားချက်သည် မြေကမ္ဘာ၏ သွေး သို့မဟုတ် အသားတစ်သျှူးများကို ထွက်ပေါ်လာစေခြင်း မရှိပေ။ ၎င်းကို မြင်သောအခါ ချင်ညီအစ်ကိုသည် ချက်ချင်းပင် ညာဘက်လက်ကို ဆုပ်ကိုင်ကာ ချိန်းဓားသွားကြီးကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ ရွှစ် ရွှစ် ရွှပ်... ရွှမ်းဝူသည် ညာဘက်လက်မောင်းကို ချောမွေ့စွာ မြှောက်လိုက်ပြီး ယန္တရားလက်ဖဝါးသည် တြိဂံပုံစံ ပလာစမာကွင်းအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

All Chapters