← Chapters

အခန်း (၈၈၄-၈၈၅)

Vol. 51 Ch. 884-885

အခန်း (၈၈၄-၈၈၅)

Vol. 51 Ch. 884-885

Chapter 884

အရှိန်လျော့ကုန်းလား ၂

“စစ်ကြောင်းကို အားဖြည့်ကြ”

အစောင့်တပ်သားများ စစ်ကူလွှတ်ရန် ရုန်းကန်နေရစဉ်မှာပင် အဖြူရောင် ကြယ်စီးနင်းသူ မီကာတစ်ခု ရုတ်တရက် ပေါ်လာပြီး အမြောက်နှစ်လက်ဖြင့် ပြင်းထန်စွာပစ်ခတ်လိုက်သည်။

ထောင်ပေါင်းများစွာသော စစ်သားများ၏ အံ့အားသင့်နေသည့် မျက်ဝန်းများရှေ့တွင်ပင် လမ်းမပေါ်၌ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရထားကြီးတစ်စင်းမှာ ထူးဆန်းစွာ ပေါ်ထွက်လာသည်။ သံမဏိဘီးများက မြေပြင်ကို ကြေမွသွားစေပြီး ဧရာမ ဝေးလ် 03E အင်ဂျင်ကြီး၏ ဟိန်းဟောက်သံနှင့်အတူ Dragon Class စက်ခေါင်းနှစ်လုံးလည်း ပါဝင်လာသည်။ ထို့ပြင် နဂါးတောင် အမှတ် ၁ နှင့် ဘုရင်မ မိုနီကာ၏ မြေမျက်နှာပြင်မရွေးမောင်းနှင်နိုင်သည့် စက်ခေါင်းတို့ ပေါင်းစပ်ထားကာ သန္ဓေပြောင်းမွန်းစတားအုပ်ကြီးကို ရက်စက်စွာ နင်းခြေပြီး ပျက်စီးနေသော မြို့ရိုးနောက်ကွယ်တွင် သံမဏိ မဟာတံတိုင်းကြီးသဖွယ် ဝင်ရောက်နေရာယူလိုက်သည်။

နောက်တစ်စက္ကန့်တွင် ရထားပေါ်မှ ပြင်းထန်သော ပစ်အားများ ပေါက်ကွဲထွက်လာပြီး တံခါးများ အလိုအလျောက် ပွင့်သွားကာ အနန္တမဟာမိတ်အဖွဲ့၊ ဖင်းဂါးအုပ်စုနှင့် ပေါင်းစည်းယာဉ်တန်းမှ တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာသည် အပြင်သို့ ပြေးထွက်လာကြသည်။ ရှားရှားသည် ကြယ်စီးနင်းသူ မီကာကို မြို့ရိုးအပေါက်၏ ရှေ့ဆုံးတွင် မောင်းနှင်ကာ တတိယမြောက် အပေါက်မှ တိုးဝင်လာမည့် သားရဲများကို သူမ၏ ပြင်းထန်လှသော ပစ်အားဖြင့် ဟန့်တားလိုက်သည်။

“လင်းရှန် ဆင်းလာတော့မယ်။ မြို့ရိုးကို စောင့်ကြ”

ချန်ဆီရွှမ်သည် ရထားအမိုးပေါ်တွင် ရပ်လျက် ရထားတစ်ခုလုံးကို အားကုန်တိုက်ခိုက်ရန်နှင့် နေရာယူထားရန် ကွပ်ကဲနေသည်။ ရှီတိယွမ်၊ ကျန်းရှု့ဝေ၊ မိုနီကာနှင့် ချီလီတို့က ပစ်ကူပေးနေကြပြီး တာလို့၊ ရှုချင်း၊ လော့ယန်နှင့် အခြားသူများက တိုက်ခိုက်ရေးနှင့် ရွေ့လျားတပ်ဖွဲ့များကို ဦးဆောင်ကာ ပေါင်းစည်းယာဉ်တန်း၏ ကြောက်မက်ဖွယ် ပစ်အားကို အသုံးပြု၍ မွန်းစတားများကို ရူးသွပ်စွာ ခုခံတိုက်ထုတ်နေကြသည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွမ် စီးပွားရေးမဟာမိတ်အဖွဲ့မှ ဝမ်ဟုန်ယွမ်၊ ခေတ်သစ်အင်ဂျင်နီယာအဖွဲ့မှ စွန်းဖုန်း၊ သံမဏိဒိုင်းအဖွဲ့မှ လျန်ဟောင်နှင့် လောင်ကျွမ်းနေသော ဖီးနစ်အဖွဲ့မှ ဟယ်လင်ချူးတို့သည်လည်း သူတို့၏ ယာဉ်တန်းများကို အသီးသီးဦးဆောင်ကာ စစ်ကူရောက်ရှိလာကြသည်။

“ဝေါင်းးး”

အမြောက်ဒဏ်များအောက်တွင် ဧရာမ လူသားဦးခေါင်းခွံကြီးများမှာ နားကွဲမတတ် ဟိန်းဟောက်ကာ မြို့ရိုးနှင့် အဆောက်အဦးများကို ဒေါသတကြီး ရိုက်ခွဲပစ်နေကြသည်။ သူတို့သည် အစာရှာရန် စိတ်မဝင်စားဘဲ ဖျက်ဆီးရန်သက်သက်ကိုသာ ဦးတည်နေပုံရသည်။

ဒုန်း ဒုန်း

ဤမြင်ကွင်းကို မြင်လိုက်ရသော ရှားရှားသည် ချက်ချင်းပင် ကြယ်စီးနင်းသူ၏ တိုက်ခိုက်ရေးစနစ်ကို အသက်သွင်းကာ ဂြိုဟ်ပတ်လမ်းကြောင်းတုန်ခါအမြောက်ဖြင့် တစ်ချက် ပစ်လိုက်သည်။ ထို့နောက် အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်ကာ လျှပ်စစ်တူဖြင့် လူသားဦးခေါင်းခွံကြီးတစ်ခု၏ ခေါင်းကို တည့်တည့် ထုချလိုက်သည်။

လျှပ်စစ်တူမှ ပြင်းထန်သော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး လူသားဦးခေါင်းခွံကြီး၏ ခေါင်းတစ်ခုကို ချက်ချင်းပင် အက်ကွဲသွားစေသည်။

“မြို့ကို ထပ်မဖျက်ဆီးစေနဲ့”

ရှားရှားက အော်ဟစ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် အထူးအဆင့် ဧရာမမိုးပျံတောင်ပံနဂါးတစ်ကောင်က ကောင်းကင်ယံမှ ရုတ်တရက် ထိုးဆင်းလာပြီး ၎င်း၏ ခြေသည်း ခြောက်ခုဖြင့် ကြယ်စီးနင်းသူ၏ ထိန်းချုပ်ခန်းနှင့် စွမ်းအားရင်းမြစ်လမ်းကြောင်းကို တိုက်ရိုက် လှမ်းကုတ်ဆွဲလိုက်သည်။

ထိုအရာကို မြင်လိုက်သော ချန်ဆီရွှမ်လည်း ထိတ်လန့်တကြားဖြစ်သွားသည်၊၊

“ရှားရှား”

ထိုစဉ် နောက်ဘက်မှ ပြင်းထန်သော တုန်ခါသံကြီး ထွက်ပေါ်လာပြီး နီရဲသော စွမ်းအင်လှိုင်းများ စီးဆင်းနေသည့် အလွန်ကြီးမားသော ယန္တရားကြီးတစ်ခုက ပေါင်းစည်းယာဉ်တန်း၏ ကာကွယ်ရေးစစ်ကြောင်းကို ကျော်ဖြတ်ကာ ခုန်ထွက်လာသည်။ ထိုယန္တရားကြီးသည် ဗာမီလီယံ ပလာစမာအလင်းဓားကြီးကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်၊၊

“သေလိုက်တော့”

ထိန်းချုပ်ခန်းအတွင်းမှ ပိုင်ရွှမ်းနှင့် စုရွှေတို့က ပြိုင်တူအော်ဟစ်လိုက်ကြသည်။

ဓားတစ်ချက် ခုတ်လိုက်ရုံဖြင့် မိုးပျံတောင်ပံနဂါးကြီး၏ လိမ်တွန့်နေသော လည်ပင်းမှာ ပြင်းထန်သော အပူရှိန်ကြောင့် နှစ်ပိုင်းပြတ်သွားတော့သည်။ ရှားရှားသည် ထိုအခွင့်အရေးကို ချက်ချင်း အရယူကာ သူမ၏ လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းတုန်ခါအမြောက်ပြောင်းကို နဂါးကြီး၏ ပြတ်နေသော လည်ပင်းထဲသို့ အတင်းထိုးထည့်လိုက်သည်။

ဝူး အုန်းး

ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်သွားရာ မိုးပျံတောင်ပံနဂါးကြီးမှာ ရင်ဘတ်နှင့် အဆုတ်များ ပွင့်ထွက်သွားပြီး အနားသို့ ကပ်လာသော လူခေါင်းခွံကြီးကိုပါ တစ်ခါတည်း ဖောက်ထွက်သွားတော့သည်။

ဗာမီလီယံသည် ရှားရှားအတွက် လမ်းဖွင့်ပေးပြီးနောက် သန္ဓေပြောင်းမွန်းစတားအုပ်ကြီးကို နင်းခြေကာ လေလွင့်သူရှိရာ မြို့ရိုးအပြင်ဘက်သို့ တစ်ဖန် ပြန်လည်ထိုးဖောက်သွားသည်။

“အလူမီနီယံ သာမိုက်ဒုံးကျည်တွေကို ပြင်ထား”

ထပ် ထပ် ထပ် ရွှီး

မီးခိုးများကြားတွင် ဗာမီလီယံ၏ ကျောပေါ်မှ အလူမီနီယံ သာမိုက်ပဲ့ထိန်းဒုံးကျည် ၆ စင်းမှာ ငှက်တောင်ပံများ ဖြန့်လိုက်သည့်အလား ပျံ့ထွက်သွားပြီး S-Class မွန်းစတား လေလွင့်သူကို ပစ်မှတ်ထားကာ ပေါက်ကွဲသွားသည်။ လေလွင့်သူသည် ၎င်း၏ ဧရာမခြေထောက် ပြတ်တောက်သွားနိုင်သည့် အန္တရာယ်ကို သတိပြုမိသဖြင့် ကာကွယ်ရေးစွမ်းအင်များကို ဖြန့်လိုက်သော်လည်း ဒုံးကျည်များ၏ ဒဏ်ကြောင့် မီးလောင်ကျွမ်းသွားရပြန်သည်။ ပိုင်ရွှမ်းနှင့် စုရွှေတို့က မုန်တိုင်းဗျူဟာကို ထပ်မံ အသုံးပြုရန် ပြင်ဆင်နေစဉ်မှာပင် မြေအောက်မှ ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ အပျက်အစီးများကြားမှ တောင်တစ်လုံးနီးပါး ကြီးမားသော သတ္တဝါကြီးတစ်ကောင်က လမ်းမနှင့် အဆောက်အဦး အပိုင်းအစများကို ရေတံခွန်နှယ် ခါချလျက် ထွက်ပေါ်လာသည်။

မြေကမ္ဘာ။

လေလွင့်သူကို ဘေးမှ တိုက်ခိုက်ရန် ပြင်နေသော ဗာမီလီယံ၏ နောက်ဘက်တွင် အခြား S-Class တစ်ကောင် ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။ ထိန်းချုပ်ခန်းအတွင်းတွင် အချက်ပေးသံများ ဆူညံစွာ မြည်ဟည်းလာသည်။

“မကောင်းတော့ဘူး”

“ပြန်ဆုတ်”

သို့သော် မြေကမ္ဘာသည် လေလွင့်သူနှင့် ပူးပေါင်းကာ ဗာမီလီယံကို တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ပြင်းထန်သော ရေလှိုင်းသံကြီး ပေါက်ကွဲထွက်လာပြီး ပုကျန်းမြစ်ရေပြင်က ဆူပွက်သွားသည်။ နက်ပြာရောင်ရှိသော လက်တစ်ဖက်ပြတ် ဧရာမ ယန္တရားကြီးတစ်ခုက မြစ်ထဲမှ ဝုန်းကနဲ ခုန်ထွက်လာပြီး မြေကမ္ဘာကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်မှာ ပြင်းထန်လွန်းလှသဖြင့် မြေကမ္ဘာ၏ ဧရာမ ကိုယ်ထည်ကြီးမှာ ဘေးသို့ ယိုင်ထွက်သွားရသည်။

“ဒါ... ဒါက ဘာကြီးလဲ”

ရွှမ်းဝူ။

“ဓားလာစမ်း”

“ဓားလာစမ်း”

ရွှမ်းဝူ၏ ညာဘက်လက်မောင်းရှိ ပေါက်ကွဲအားမြှင့်အင်ဂျင်မှာ တစ်ဖန်ပြန်လည် ဟိန်းဟောက်လာပြီး ချိန်းဓားကြီးက ဝုန်းကနဲ ထွက်ပေါ်လာကာ မြေကမ္ဘာ၏ ထူထဲသော သံချပ်ကာအလွှာကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ အက်ကွဲကြောင်းအတွင်းမှ မည်းနက်သော တစ်သျှူးအရည်များမှာ ဆည်ကျိုးသည့်နှယ် အရှိန်အဟုန်နှင့် ပန်းထွက်လာတော့သည်။

“ပိုင်ရွှမ်း၊ စုရွှေ… ငါတို့ပူးပေါင်းပြီး တစ်ကောင်ကို အရင်အပြတ်ရှင်းရအောင်”

ရွှမ်းဝူ၏ ထိန်းချုပ်ခန်းအတွင်း၌ စုပုံနေသော ရေများကို ပြန်လည်စွန့်ထုတ်နေရင်း ဒဏ်ရာများစွာ ရထားသော ချင်ယွဲ့က ဗာမီလီယံနှင့် ဆက်သွယ်လိုက်သည်။

“ကောင်းပြီ”

…

“အစီရင်ခံပါတယ်။ ဗဟိုဒရုန်းတွေက မွန်းစတားလှိုင်းလုံးကြီးတွေကို ဖောက်ထွက်ပြီး အပေါ်တက်လို့ မရဘူးဖြစ်နေတယ်”

ဒေတာအချက်အလက်များ တစ်ပြိုင်တည်းဖြစ်စေရန် လုပ်ဆောင်မှု နှေးကွေးနေသည်ကို ကြည့်ရင်း စုကျင်းက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ အချိန်တစ်စက္ကန့် ကုန်ဆုံးတိုင်း ရဲဘော်များစွာ အသက်ဆုံးရှုံးနေရသည်ကို သူသိနေသည်။

“မလိုတော့ဘူး”

ယဲ့လန်က လှည့်ကြည့်လိုက်သည်၊၊

“တိတ်ဆိတ်မြို့တော်က အပေါ်မှာ ရှိနေပြီ။ ရှင်းဂျီက လင်းရှန်နဲ့ အခု ဆက်သွယ်လို့ရနေပြီ။ အားလုံး အသင့်ပြင်ထားကြ။ Synergy မျှော်စင်အသက်ဝင်တာနဲ့ တစ်မြို့လုံးကနေ ချက်ချင်း တုံ့ပြန်ကြမယ်”

“နားလည်ပါပြီ”

အာရုဏ်ဦးမြို့တော်၏ အထက် အမြင့်ပေ ၅၀၀၀ အမြင့်တွင် တိတ်ဆိတ်မြို့တော်သည် ပြင်းထန်သော မုန်တိုင်းတိမ်တိုက်များနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြားတွင် တည်ရှိနေသည်။ တစ်ချိန်တည်းမှာပင် ရှင်းဂျီသည် အချက်အလက်များပေးပို့နိုင်ရန် ဒရုန်းအများအပြားကို အမြောက်ဆန်များကြားမှ ထိုးဖောက် လွှတ်တင်လိုက်သည်။

မိုးပျံသန္ဓေပြောင်းမွန်းစတားအမြောက်အမြားသည် တိတ်ဆိတ်မြို့တော်ကို ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး မြို့တော်၏ အလိုအလျောက် အမြောက်တပ်ဖွဲ့များမှာလည်း ကောင်းကင်ယံသို့ တရကြမ်းပစ်ခတ်နေကြသည်။

“ရှင်းဂျီ။ ကျွန်တော်တို့ အမြင့်က အရမ်းများနေပြီ။ ဟိုလေထုထဲက မွန်းစတားကြီးက ကျွန်တော်တို့နဲ့ သိပ်မဝေးတော့ဘူး”

ရှင်းဂျီသည် ရွှန်း၏ အသံကို ကြားသောအခါ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်၊၊

“ဒါက မတတ်နိုင်ဘူး။ အဲဒီသူငယ်ချင်းက ငါ့ကို အကူအညီတောင်းထားတယ်။ အရှိန်လျော့ကုန်းတစ်ခု ဖန်တီးပေးဖို့လေ”

“အရှိန်လျော့ကုန်း ဟုတ်လား”

ရွှန်းက မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဟေး ရှင်ဂျီ။ ကျွန်တော်တို့ရဲ့ ကုန်းပတ်က ဒီလောက်အထိ ပြင်းထန်တဲ့ ရိုက်ခတ်မှုကို မခံနိုင်ဘူးနော်”

“ငါ သိပါတယ်။ သူ့အတွက် အရှိန်လျော့ကုန်းအဖြစ် ငါတို့ ကုန်းပတ်ကို သုံးဖို့ တစ်ခါမှ စိတ်မကူးခဲ့ဘူး”

ရှင်းဂျီက အင်္ကျီလက်ကို ခေါက်ကာ ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်၊၊

“ရွှန်း…မင်းရဲ့ မီကာကို ပြန်ရုပ်သိမ်းလိုက်တော့”

Chapter 885

အရှိန်လျော့ကုန်းလား ၃

“ဘယ်လို”

ရွှန်းဘာမှ ပြန်မပြောနိုင်ခင်မှာပင် တိတ်ဆိတ်မြို့တော်သည် ရှင်းဂျီ၏ ထိန်းချုပ်မှုအောက်တွင် မရေတွက်နိုင်သော အမြှောက်များကို အထက်သို့ ချိန်ရွယ်လိုက်ကာ အနီရောင်အချက်ပြမီးကျည်များကို အရပ်မျက်နှာအနှံ့သို့ တစ်ပြိုင်နက် ပစ်လွှတ်လိုက်သည်။

ဘန်းးး

ခဏချင်းမှာပင် မုန်တိုင်းတိမ်တိုက်တစ်ခုလုံး လင်းထိန်သွားကာ ကောင်းကင်ယံကြီးမှာ မီးလောင်နေသည့်အလား နီရဲသွားတော့သည်။

ထိုစဉ် ပိုမိုမြင့်မားသော တိမ်တိုက်များကြားတွင် သတ္တဝါကြီး၏ ဝိုးတဝါးပုံရိပ်မှာ လင်းထိန်လာရာ တိမ်တိုက်ထဲတွင် ပုန်းအောင်းနေသော စကြဝဠာသားရဲကြီးတစ်ကောင်နှင့်ပင် တူနေပေသည်။

Sky Touch သည် တိတ်ဆိတ်မြို့တော်မှ ထွက်ပေါ်လာသော ပြင်းထန်သည့် အလင်းရောင်နှင့် စွမ်းအင်လှိုင်းများ၏ ဆွဲဆောင်မှုကို ခံလိုက်ရပုံရသည်။ တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသော ၎င်း၏ ဧရာမ လက်တံကြီးများမှာ လှုပ်ရှားလာပြီး တိမ်တိုက်ကြီးများကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် လျှပ်စီးကြောင်းများကြားတွင် ထိုသတ္တဝါကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်က ပေါ်ထွက်လာတော့သည်။

၎င်းမှာ ပုံသေကားကျ ပုံသဏ္ဌာန် မရှိချေ။ သို့မဟုတ်လျှင်လည်း လူသားတို့၏ အမြင်အာရုံက ၎င်း၏ ပြီးပြည့်စုံသော ပုံရိပ်ကို နားမလည်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။

ရွှန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ဗလာကျင်းသွားသည်၊၊

“တောက်... ငါ နောက်ဆိုရင် ရေဘဝဲတွေကို စားချင်စိတ်မရှိတော့ဘူး”

ထိုအချိန်တွင် အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲစင်တာ၌ တိတ်ဆိတ်မြို့တော်၏ ပေးပို့မှုကြောင့် အချက်အလက် လက်ခံရရှိမှုမှာ ရုတ်တရက် မြန်ဆန်လာသည်။

၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း။ ထို့နောက် ကိန်းဂဏန်းများမှာ သိသိသာသာ ထိုးတက်လာပြီး ၅၀၊ ၈၀၊ ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိသွားသည်။

၁၀၀ ရာခိုင်နှုန်း။

စုကျင်း၏ မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ ဤမျှ မြန်ဆန်သော အရှိန်မှာ သတင်းအချက်အလက်ပေးပို့မှု ချောမွေ့ခြင်းကို ဖော်ပြနေသလို တစ်ဖက်တွင်လည်း မြူမီးခိုးက မြေပြင်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

“တပ်မှူးယဲ့။ အချက်အလက် လက်ခံမှုပြီးပါပြီ”

ယဲ့လန်သည် ကွပ်ကဲရေးမျက်နှာပြင်ပေါ်မှ မြို့တော်အနောက်ပိုင်းရှိ တိုက်ပွဲပြင်းထန်နေမှုနှင့် မြို့ထဲတွင် ဖုတ်ကောင်သိုးထိန်းများကြောင့် သန္ဓေပြောင်းကူးစက်မှုများ ပျံ့နှံ့နေသည်ကို ကြည့်ကာ တွန့်ဆုတ်မနေဘဲ အမိန့်ပေးလိုက်သည်။

“မြို့ပတ်ကွင်းကို မီးဖွင့်လိုက်။ မီးကျည်တွေကို ဆက်တိုက်ပစ်လွှတ်။ တစ်မြို့လုံးကနေ တုံ့ပြန်ပြီး ထိုးစစ်ပြန်ဆင်ကြမယ်”

စုကျင်းက ခလုတ်ကို နှိပ်လိုက်သောအခါ အမြွှာကြယ်မျှော်စင်တစ်ခုလုံးမှ ပြင်းထန်သော အိုင်းယွန်းစွမ်းအင်များ ထွက်ပေါ်လာပြီး မြို့ပတ်ကွင်းကြီးက တဖျပ်ဖျပ်လင်းလက်လာသည်။ ထို့နောက် အာရုဏ်ဦးမြို့တော်၏ အလယ်ဗဟို အထက်တွင် တောက်ပဖြူဖွေးသော ဧရာမ အလင်းကွင်းကြီးတစ်ခု လင်းထိန်သွားတော့သည်။ ၎င်းမှာ လူသားတို့၏ ယန္တရားယဉ်ကျေးမှု ဝိညာဉ်သဖွယ်ဖြစ်ပြီး အာရုဏ်ဦးမြို့တော်ပေါ်တွင် ဝဲပျံနေသော နတ်ဘုရားအလင်းစက်ဝန်းနှင့်ပင် တူနေသည်။ ခမ်းနားလှသောစွမ်းအင်များ စုစည်းပေါက်ကွဲထွက်သွားကာ မြင်နိုင်ရုံမျှသာရှိသော စက်လုံးပုံစံ ဧရာမ စွမ်းအင်ကာကွယ်ရေးမျက်နှာပြင်ကြီးတစ်ခု ဖြန့်ကျက်သွားတော့သည်။

ခဏချင်းမှာပင် ထိုစွမ်းအင်မျက်နှာပြင်မှာ အမြွှာကြယ်မျှော်စင်ကို လွှမ်းခြုံသွားပြီး မြို့တွင်းပိုင်း၊ အမှတ် ၂ မြို့ရိုးနှင့် ခရိုင်ဟောင်းရပ်ကွက်တို့ကိုပါ ဖုံးလွှမ်းသွားကာ ကီလိုမီတာ အနည်းငယ်မှသည် ဆယ်ဂဏန်းကျော် အကွာအဝေးအထိ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

အောက်ဘက်တွင် တိုက်ပွဲဝင်နေကြသော အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားများအားလုံးမှာ သူတို့ကို နွေးထွေးသော စွမ်းအင်တစ်ခုက လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ ဝါးမျိုခံနေရသည့် အေးစက်စက်ခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများကင်းစင်ကာ ရှုပ်ထွေးမှုများမှာလည်း ရှင်းလင်းသွားတော့သည်။

တစ်ချိန်တည်းမှာပင် မြေအောက်ခိုလှုံနေရာများရှိ သောင်းနှင့်ချီသော သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် လူမမာများသည်လည်း ထိုပြောင်းလဲမှုကို သိသိသာသာ ခံစားလိုက်ရသည်။ မြေအောက်ကြီးသည် အေးစက်မနေတော့ဘဲ သူတို့၏ စိတ်ထဲတွင် လုံခြုံမှုအပြည့် ရှိလာကြသည်။

…

အာရုဏ်ဦးမြို့တော်၏ အရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ လွင်ပြင်များနှင့် တောင်တန်းများကြားတွင် သောင်းနှင့်ချီသော ကမ္ဘာပျက်ကပ်ယာဉ်တန်းများသည် ဂြိုဟ်စစ်ပွဲကြီးတစ်ခုနှယ် အရှိန်အဟုန်နှင့် ချီတက်လာကြသည်။ အင်ဂျင်ဟိန်းသံများမှာ ကျယ်လောင်နေပြီး ဧရာမ သံမဏိရေလှိုင်းကြီးတစ်ခုအလားဖြစ်နေကာ မြေပြင်နှင့် တောင်တန်းများပင် တုန်ခါနေတော့သည်။

“ဒါက တကယ့်ကို ကမ္ဘာပျက်ကပ်မြင်ကွင်းပဲ”

ဘုံမဟာမိတ်ယာဉ်တန်း၏ ခေါင်းဆောင် လဲ့ကျန်းက မီးဟုန်းဟုန်းတောက်နေသော ရှေ့ဘက်မှ သံမဏိမြို့တော်ကြီးကို ကြည့်ရင်း တောက်ခေါက်ကာ ပြောလိုက်သည်။

“ဒီသတ္တဝါတွေက လူသားမျိုးနွယ်တစ်ခုလုံးကို တစ်ညတည်းနဲ့ အပြတ်ရှင်းဖို့ ရည်ရွယ်ထားတာပဲ”

“ဒါက အမှောင်ထု မဟုတ်ဘူး...”

လောင်ဟန်က လေးနက်စွာ ပြောလိုက်သည်။ “ညကြီးကတောင် နေ့ခင်းဘက်လို လင်းနေတာပဲ”

“လက်နက်မရှိတဲ့သူတွေ ငါ့ဆီလာခဲ့။ အားလုံး အခမဲ့ပဲ”

သတ္တုရူးသွပ်ခြင်းအဖွဲ့၏ ကပ္ပတိန် ဟန်တိုင်ဂီက ရှေ့ခန်းတွင် ထိုင်လျက် အသံချဲ့စက်ဖြင့် လှိုင်းနှုန်းအားလုံးသို့ အော်ဟစ်နေသည်။

“ငါတို့တွေ တစ်နှစ်ခွဲလောက် ထွက်ပြေးခဲ့ပြီးပြီ။ ဒီည ပြန်လာတဲ့သူတွေထဲမှာ ဘယ်သူမှ ငကြောက်တွေ မဟုတ်ဘူး။ အားလုံး အစွမ်းကုန်တိုက်ကြစမ်း”

အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့ မှ လင်းချင်းယွီသည် ဇန်ဂိတ်မှ တောင်တန်းများထိ ချီတက်လာသော ဧရာမ တပ်ဖွဲ့ကြီးကို ကြည့်ကာ ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ပြောလိုက်သည်။

“ကပ္ပတိန်ယု။ ခင်ဗျား ပိုင်ရှားမြို့ဆီ ထွက်ပြေးသွားပြီလို့ ကျုပ်ထင်နေတာ”

လေလွင့်သူမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်၊ အေးစက်ပြတ်သားသော မျက်နှာထားရှိသည့် လူလတ်ပိုင်းအရွယ် ယုဟွေ့အန်းသည် စုရုံးရောက်ရှိလာသော ယာဉ်တန်းများကြားမှ ဆက်သွယ်ရေးစက်ကို ကိုင်ကာ ပြန်ဖြေလိုက်သည်၊၊

“ကပ္ပတိန်လင်း၊ ခင်ဗျားရဲ့ စွမ်းဆောင်ရည်က နာမည်ကြီးသလောက် ကောင်းဖို့ပဲ မျှော်လင့်ပါတယ်”

“စိတ်ချစမ်းပါ၊၊ ငါတို့ မဟာမိတ်အဖွဲ့ ပြန်လာကတည်းက မိုးမလင်းမချင်း အသက်ရှင်ဖို့တောင် စိတ်မကူးထားဘူး”

လင်းချင်ယွီက မာန်ပါပါဖြင့် ပြောလိုက်သည်။

“ပြောတာ ကောင်းတယ်” ယုဟွေ့အန်းက တုံ့ပြန်သည်။

“ရှေ့ပြေးတပ်ဖွဲ့ရဲ့ အစီရင်ခံချက်အရ မြို့နောက်ဘက်မှာ ဖုတ်ကောင်သိုးထိန်းတွေ ရှိနေတယ်၊၊ ကြီးမားတဲ့ အမှောင်ဒီရေတွေလည်း တက်လာနေပြီ။ ငါတို့ မြို့အရှေ့ဘက်ကနေ တိုက်စစ်ဖွင့်ပြီး ဖောက်ဝင်ကြမယ်”

ထိုအချိန်တွင် လင်းချင်ယွီက အမိန့်ပေးလိုက်သည်။

“အမြောက်တပ်ဖွဲ့… အာရုဏ်ဦးမြို့တော်ရဲ့ ပစ်အားနဲ့ ပူးပေါင်းဖို့ ပြင်ဆင်၊၊ ဘေးတောင်ပံ တပ်ဖွဲ့တွေကို ပစ်ကူပေးပါ”

သူ၏ အရုဏ်ဦးစောင့်ကြည့်သူမဟာမိတ်အဖွဲ့သည် ဒေသတစ်လုံးရှိ စစ်တပ်မှလွဲလျှင် အင်အားအကောင်းဆုံး အမြောက်တပ်ဖွဲ့ကို ပိုင်ဆိုင်ထားသဖြင့် ယခုအချိန်တွင် သူကပင် ဦးဆောင်ရမည်ဖြစ်သည်။

“အဲဒါ ရှုယွီဖေးရဲ့ ယာဉ်တန်းလား”

ထိုစဉ် ဘေးနားရှိ လက်ထောက်က မှန်ပြောင်းကို ချလိုက်ပြီး အဝေးရှိ တောအုပ်ထဲမှ ထွက်ပေါ်လာသည့် ကြီးမားသော သံမဏိယာဉ်တန်းကြီးကို ညွှန်ပြလိုက်သည်။ ထိုယာဉ်တန်းသည် အနောက်ဘက်မှ သန္ဓေပြောင်းမွန်းစတားများနှင့် စတင်တိုက်ခိုက်နေပြီဖြစ်သည်။

“ဒီကောင် လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ထွက်ပြေးသွားတာ… အခုတော့ အရင်ဆုံးပြန်တိုက်နေပြီပဲ” လက်ထောက်ဖြစ်သူက အံ့အားသင့်ကာ ရေရွတ်လိုက်သည်၊၊

“ကျွန်တော်တို့ သူ့ကို အထင်သေးမိတာပဲ”

“စကားမများနဲ့” လင်းချင်ယွီ၏ အကြည့်က ခက်ထန်သွားပြီး အဝေးမှ ခိုင်မာသော ယာဉ်တန်းကြီးကို ကြည့်ကာ အမိန့်ပေးသည်။

“သူ့အတွက် ပစ်ကူပေးလိုက်”

“နားလည်ပါပြီ”

“ပစ်ခတ်ဖို့ ပြင်ဆင်”

လင်းချင်ယွီက အချက်ပြစက်ကို ကိုင်လိုက်သည်။ ရှေ့ရှိ မှောင်မည်းနေသော လွင်ပြင်ထက်တွင် သန္ဓေပြောင်းမွန်းစတားများ အဆက်မပြတ်ပေါ်လာနေပြီး ရှေ့ပြေးယာဉ်တန်းများကလည်း စတင်ပစ်ခတ်နေပြီဖြစ်သည်။

ထိုအချိန်တွင် အတွင်းမြို့ပတ်ဝန်းကျင်ရှိ လေကြောင်းရန်ကာကွယ်ရေးစခန်းများမှ ပေါက်ကွဲသံကြီးများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထောင်ပေါင်းများစွာသော အလင်းပေးဗုံးများသည် မိုးကြိုးမုန်တိုင်းသဖွယ် ကောင်းကင်သို့ ပျံတက်သွားပြီး အာရုဏ်ဦးမြို့တော်နှင့် ကောင်းကင်ယံတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။

“အာရုဏ်ဦးမြို့က အလင်းပေးဗုံးတွေ ပစ်လိုက်ပြီ”

ထိုအချင်းအရာကို မြင်သော် လောင်ဟန်က အော်ဟစ်လိုက်ပြီး ချက်ချင်း အမိန့်ပေးသည်။

“ငါတို့လူစုခွဲပြီး မြို့ထဲကို အရှိန်အပြည့်နဲ့ ဝင်ကြမယ်”

ဘုံမဟာမိတ်အဖွဲ့မှ လဲ့ကျန်းသည် ကားအမိုးပေါ်သို့ တက်ကာ ဂတ်တလင်အမြောက်ကို ဆင်ရင်း အော်လိုက်သည်၊၊

“ညီအစ်ကိုတို့…. တက်ကြစမ်း… ဟိုရှုဆိုတဲ့ကောင်ကို အသာမပေးနဲ့”

“တိုက်ကြ”

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများနှင့်အတူ သံမဏိယာဉ်တန်းကြီးသည် အမှောင်ထုကို ဖောက်ထွက်ကာ တိုက်စစ်ဆင်နေကြသည်။

အမှောင်ထုသည် လောင်မြိုက်နေပြီဖြစ်သည်။

လွင်ပြင်ထက်တွင် သံမဏိ၊ ယမ်းငွေ့၊ လျှပ်စစ်နှင့် ပလာစမာတန်းများ၏ ပွဲတော်ကြီး စတင်ခဲ့ပြီ။

ကျည်ဆန်မုန်တိုင်းများသည် သံမဏိလှိုင်းလုံးကြီးများအဖြစ် စုစည်းသွားပြီး လျှပ်စစ်သံလိုက်အမြောက်များ၏ အပြာရောင်အလင်းတန်းများသည် သားရဲကြီးများ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပစ်မှတ်များကို အသားစ၊ သွေးစများအဖြစ် ပေါက်ကွဲသွားစေသည်။

ပြင်းထန်သော မီးလောင်ဗုံးမိုးများ ရွာချလိုက်ရာ အောက်ဆီဂျင်နှင့် လောင်စာဆီများသည် သန္ဓေပြောင်းမွန်းစတားများအပေါ် ကပ်ငြိသွားပြီး ၎င်းတို့ကို လမ်းလျှောက်နေသော မီးရှူးတိုင်ကြီးများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ၎င်းတို့၏ အော်ဟစ်သံများသည် ပေါက်ကွဲသံများအောက်တွင် နစ်မြုပ်သွားရသည်။ ဒုံးကျည်အမြောက်မြား၏ ပစ်ခတ်သံများသည် ဆူညံစွာ ထွက်ပေါ်လာပြီး ၁၂၂ မီလီမီတာ ဒုံးကျည်များ၏ အသံများသည် ဖျက်ဆီးခြင်း တေးသွားတစ်ခုအလား အချက်အချာကျသော နေရာတိုင်းတွင် မှိုပွင့်ပုံစံ မီးခိုးလုံးကြီးများကို ဖြစ်ပေါ်စေသည်။

All Chapters