← Chapters

အခန်း (၈၈၈-၈၈၉)

Vol. 51 Ch. 888-889

အခန်း (၈၈၈-၈၈၉)

Vol. 51 Ch. 888-889

Chapter 888

သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ၁

အနောက်ပိုင်းမြို့ပြင်ရှေ့တန်းစစ်မျက်နှာတွင် ရှိနေကြသော ရွှမ်းဝူပေါ်မှ ချင်ညီအစ်ကိုများနှင့် ဗာမီလီယံပေါ်မှ ပိုင်ရွှမ်းတို့ ဇနီးမောင်နှံအပါအဝင် လူတိုင်းသည် ထိုဧရာမ ဇီဝမျိုးစပ်စက်ရုပ်ကြီးက သံချပ်ကာလက်နက်များကို မသုံးဘဲ—

တွင်းနက်တစ်ခုကို အသုံးပြုလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

တိုက်ပွဲမြေပြင်ထက်ရှိ မီးလျှံများ၊ နေ့အလင်းရောင်များနှင့် ပလာစမာတန်းများ၏ အလင်းရောင်အားလုံးမှာ ပေါက်ကွဲထွက်လာသော ထိုကြောက်မက်ဖွယ် တွင်းနက်ကြီး၏ ဆွဲငင်ရာသို့ ယိမ်းနွဲ့ပါဝင်သွားကြသည်။ ပတ်ဝန်းကျင်ရှိ အုတ်ကျိုးအုတ်ပဲ့များနှင့် ဖုန်မှုန့်များမှာ သံလိုက်ဖြင့် ဆွဲငင်ခံရသလိုမျိုး ထိုတွင်းနက်ထဲသို့ ရူးသွပ်စွာ လည်ပတ်ဝင်ရောက်သွားကြတော့သည်။ ထို့နောက် ဆွဲငင်အားမှန်ဘီလူးက တိတ်ဆိတ်စွာ ရှေ့သို့ တိုးဝင်လာသည်နှင့်အမျှ မြေပြင်ပေါ်တွင် အချင်းမီတာ ဒါဇင်ပေါင်းများစွာရှိသော ဧရာမ ကျုံးမြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။

အက်ဆစ်မြူများကို မှုတ်ထုတ်နေသော လေလွင့်သူ၏ အနက်ရောင်သန်းနေသည့် အစိမ်းရောင်မီးခိုးများသည် တွင်းနက်၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ၎င်း၏ ကိုယ်ထည်ပေါ်သို့ တိုက်ရိုက် ကျရောက်ပေါက်ကွဲသွားသည်။ ခဏချင်းတွင်ပင် ၎င်း၏ ရှည်လျားသော ခြေထောက်အမြောက်အမြားမှာ အသားကြိတ်စက်ထဲ ရောက်သွားသကဲ့သို့ တစစီဖြစ်ကာ ချက်ချင်း အမှုန့်ဖြစ်သွားတော့သည်။

ထိုအချိန်တွင် တောင်ကြီးတစ်လုံးကဲ့သို့ ဧရာမ မွန်းစတားကြီးသည် ၎င်း၏ ခြေတံရှည်ကြီးများကို ရူးသွပ်စွာ ဝှေ့ယမ်းကာ ၃၆၀ ဂျီဩမေတြီပုံစံရှိသော အနက်ရောင်ကာကွယ်ရေး စွမ်းအင်စက်ကွင်းများဖြင့် ခုခံရန် ကြိုးစားသော်လည်း ဆွဲငင်အားမှန်ဘီလူးက ၎င်း၏ ခန္ဓာကိုယ်အတော်များများကို ဝါးမျိုထားနှင့်ပြီးဖြစ်၍ ကာကွယ်ရေးမှာ မပြည့်စုံတော့ချေ။

ဒုန်း ဒုန်း ဒုန်း

ထိုစဉ် အမြင့် ၃၆၅ မီတာရှိသော မြူမီးခိုးသည် ဝုန်းဒိုင်းကြဲကာ ပြေးဝင်လာပြီး ၎င်း၏ လက်ယာဘက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ “မိုးကြိုးအကျဉ်းထောင်” ဒရုန်းအစင်း ၁၀၀၀ က ခရုပတ်ပုံစံ လည်ပတ်ကာ ၎င်း၏ သံချပ်ကာလက်သီးပေါ်တွင် တွဲကပ်သွားကြသည်။ ဆွဲငင်အားမှန်ဘီလူး ပျောက်ကွယ်သွားသည့် ခဏ၌ပင် ပျက်စီးနေသော ကိုယ်ထည်အလယ်ဗဟိုကို အားကုန်လွှဲ၍ ထိုးနှက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားတော့သည်။

ဒုန်း ဂျစ် အုန်း

တောက်ပသော မိုးကြိုးလျှပ်စီးတန်းများ ထွက်ပေါ်လာပြီး အပူချိန် ဒီဂရီထောင်ချီကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မြင့်မားသော ဖိအားရှိသည့် လျှပ်စစ်စီးကြောင်းများမှာ လေလွင့်သူ၏ အပြင်ဘက်အလွှာကို တိုက်ရိုက်ဖောက်ထွက်သွားပြီး တစ်ကိုယ်လုံးတွင် နီရဲနေသော အရည်ပျော် အပေါက်ငယ်များ ဗရပွဖြစ်သွားစေသည်။

လေလွင့်သူသည် လက်သီးချက်ကြောင့် နောက်သို့ လွင့်စဉ်သွားပြီး မိုးကြိုးပေါက်ကွဲမှု၏ ထုံကျင်စေသော ဂုဏ်သတ္တိကြောင့် ၎င်း၏ အနက်ရောင် ကာကွယ်ရေးစွမ်းအင်ကွင်းများမှာလည်း ပေါက်ကွဲပျက်စီးသွားလေ၏။

အနောက်ဘက်တွင် ရှိနေသော ဗာမီလီယံပေါ်မှ ပိုင်ယဲ့ဇနီးမောင်နှံမှာ ၎င်းကိုမြင်လျှင် ချက်ချင်း တုံ့ပြန်လိုက်ကြသည်။ ၎င်းတို့သည် ရှေ့သို့ တိုးဝင်ကာ ဗာမီလီယံ ပလာစမာဖြာထွက်ဓားကို တင်းတင်းဆုပ်ကိုင်လျက် တိုက်ခိုက်လိုက်ကြသည်။

“မုန်တိုင်းဗျူဟာ”

“မုန်တိုင်းဗျူဟာ”

လေလွင့်သူသည် နောက်သို့ ဆုတ်ခွာရင်း ၎င်း၏ ခြေတံရှည် နှစ်ချောင်းကို အသုံးပြု၍ ဗာမီလီယံကို ပိတ်ဆို့ရန် ကြိုးစားသော်လည်း ဗာမီလီယံ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ၎င်းသည် လေထဲတွင် လည်ပတ်နေပြီး အရှိန်အဟုန်ဖြင့် အောက်သို့ ဝဲဆင်းလာခဲ့သည်။ ပလာစမာဖြာထွက်ဓားသွား၏ စွမ်းအင်မြင့်မားသော ပေါက်ကွဲမှုနှင့်အတူ ၎င်း၏ ကျောရိုးကို ပိုင်းဖြတ်လိုက်တော့သည်။

လက်သီးတစ်ချက်နှင့် ဓားချက်တစ်ချက်— ဗာမီလီယံနှင့် မြူမီးခိုးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လေလွင့်သူ၏ ခန္ဓာကိုယ်တဝက်ခန့် ပျက်စီးသွားပြီး ၎င်း၏ ကျောရိုးမှာလည်း ၁၀ မီတာလောက်ရှိသော အပေါက်ကြီး ဖြစ်သွားရသည်။

ဘန်း ဘန်း အုန်း

မြို့ရိုးပေါ်တွင် ရှိနေသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ယန္တရားစစ်သည်များလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ အမြောက်ကြီးများဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် အတိအကျပစ်ခတ်လိုက်ကြသည်။ ဗာမီလီယံနှင့် မြူမီးခိုးတို့သည် ထိုအချိန်တွင် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။ လင်းရှန်နှင့် ချူယန်တို့သည် ထိုသတ္တဝါကြီးသည် ကြီးမားသောလက်နက်မျိုးစုံ၏ ပစ်အားကြောင့် လုံးဝ ပျက်စီးလုနီးပါးဖြစ်ကာ ကျန်ရှိသော ခြေတံများဖြင့် ရူးသွပ်စွာ ရုန်းကန်နေသည်ကို မြင်တွေ့လိုက်ရသည်။

“သေသွားပြီလား”

“မသေသေးဘူး”

လင်းရှန်၊ ချူယန်နှင့် ပိုင်ရွှမ်းတို့ဇနီးမောင်နှံတို့က ထိုသတ္တဝါကြီး သေဆုံးတော့မည်ဟု ထင်နေစဉ်မှာပင် ရုန်းကန်နေသော ထိုဧရာမ သတ္တဝါကြီး၏ အလယ်ဗဟိုမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နီရဲသော မီးခိုးများမှာ မြူမှိုပွင့်များကဲ့သို့ ထွက်ပေါ်လာသည်။

“ဆုတ်”

လင်းရှန်နှင့် ချူယန်တို့မှာ ၎င်းကို မြင်သည်နှင့် နောက်သို့ ဆုတ်လိုက်ကြသည်။ ဗာမီလီယံသည်လည်း ပုံမှန်မဟုတ်သည်ကို သတိပြုမိပြီး နောက်ဘက်ရှိ အုတ်ကျိုးအုတ်ပဲ့ပုံများဆီသို့ အမြန်ဆုတ်ခွာလိုက်၏။

အုန်းးး

ရုတ်တရက် လေလွင့်သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး ၎င်း၏ တောင်ကြီးတစ်လုံးမျှရှိသော ခြေလက်အင်္ဂါများကို အရပ်မျက်နှာ အနှံ့သို့ လွင့်စဉ်သွားစေသည်။

ဤကြီးမားသော ပေါက်ကွဲမှုမှာ ကမ္ဘာမြေကို တုန်ဟည်းသွားစေပြီး ထွက်ပေါ်လာသော ရိုက်ခတ်မှုလှိုင်းများကြောင့် ဗာမီလီယံနှင့် မြူမီးခိုးတို့သည် နောက်သို့ လျှောတိုက်လွင့်စဉ်သွားကြသည်။ ထိုစဉ် ဧရာမ ခြေလက်အင်္ဂါ အစိတ်အပိုင်း အမြောက်အမြားမှာ မြို့ထဲသို့ လွင့်စဉ်သွားပြီး အက်ဆစ်မိုးများနှင့် မြူများကို နေရာအနှံ့ ပက်ဖျန်းသွားတော့သည်။

“မကောင်းတော့ဘူး”

အနောက်မြို့ပေါ်ရှိ ကွပ်ကဲရေးသင်္ဘောပေါ်တွင် လုထျန်းယဲ့သည် ပြင်းထန်သော တုန်ခါမှုကြောင့် ယိမ်းထိုးသွားသော်လည်း တိုက်ခိုက်ရေးတပ်ဖွဲ့အားလုံးကို ချက်ချင်း ဆက်သွယ်လိုက်သည်။

“အကာအကွယ်ယူကြ။ မြို့ထဲမှာ ပုန်းစရာနေရာ ရှာကြ”

“မီးတောက်လွှတ်စက်တွေနဲ့ ပစ်”

ဗာမီလီယံ၏ ထိန်းချုပ်ခန်းအတွင်း၌ ပိုင်ရွှမ်းတို့ဇနီးမောင်နှံလည်း ဤမြင်ကွင်းကို မြင်ပြီး ချက်ချင်း အော်ဟစ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် မြို့ရိုးပေါ်ရှိ စစ်သည်အမြောက်အမြားမှာ ပေါက်ကွဲမှုနောက်က ပါလာသော အက်ဆစ်မြူများကြောင့် အရည်ပျော်ကုန်ကြသည်။ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းကြောင့် မြို့ရိုးတွင် အက်ကွဲကြောင်း အတော်များများဖြစ်ပေါ်သွားပြီး သန္ဓေပြောင်းမွန်းစတားအုပ်များမှာလည်း ထိုနေရာမှ တိုးဝင်လာကြသည်။

မြို့အတွင်း၌ ကီကီ၊ ကျန်းယွမ်၊ လုရှင်းချန်နှင့် ထောင်ပေါင်းများစွာသော စွမ်းအားရှင်များမှာ အက်ဆစ်များ ပန်းထွက်နေသည့် ထိုခြေလက်များကို ခုခံရန် ကောင်းကင်သို့ ပျံတက်သွားကြသည်။ မြို့ထဲတွင်လည်း အမြောက်သံများ ဟိန်းထွက်နေပြီး နေရာအနှံ့ မီးများ လောင်ကျွမ်းနေတော့သည်။

လေလွင့်သူ၏ ဧရာမ ခြေလက်ကြီးများမှာ မြို့လမ်းမများနှင့် အဆောက်အဦ အတော်များများကို ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တာလား” လင်းရှန်က အံ့သြစွာ ရေရွတ်လိုက်၏။

“မဟုတ်ဘူး” ချုယန်က ချက်ချင်း အော်ပြောလိုက်သည်။

“နောက်တစ်လှိုင်း လာဦးမယ်”

ထိုအချိန်တွင် ပျက်စီးနေသော လေလွင့်သူ၏ ခန္ဓာကိုယ်အကြွင်းအကျန်များထဲမှ မြွေကြီးတစ်ကောင်ကဲ့သို့ ကျောရိုးအစိတ်အပိုင်းတစ်ခု ထွက်ပေါ်လာပြီး ဗာမီလီယံ၏ ကျောဘက်ကို ပြင်းထန်စွာ ထိုးစိုက်ရန် ကြိုးစားလိုက်သည်။

ထိုစဉ်မှာပင် ဧရာမ အပြာရင့်ရောင် စက်ရုပ်ကြီးတစ်ရုပ်မှာ ဖုန်မှုန့်များနှင့် မီးခိုးများထဲမှ ထွက်လာပြီး ဗာမီလီယံကို ထိုးဖောက်တော့မည့် ထိုကျောရိုးမြွေကြီးကို ဝင်တိုက်ကာ ဖယ်ထုတ်လိုက်သည်။ ထိုအရိုးဆူးမှာ ရွှမ်းဝူ၏ ဘေးဘက် သံချပ်ကာများကို ဆိုးဆိုးရွားရွား ဆွဲဖြဲသွားလေသည်။ ချင်ညီအစ်ကိုများ အော်ဟစ်လိုက်ပြီး ထိုကျောရိုးမြွေကြီးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းချုပ်ထားလိုက်သည်။ နောက်သို့ လွင့်သွားသော ဗာမီလီယံကလည်း ချက်ချင်း တုံ့ပြန်ပြီး လှည့်၍ ပလာစမာဖြာထွက်ဓားသွားဖြင့် ပိုင်းချလိုက်သည်။

ထိုကျောရိုးမြွေကြီးက အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်နေစဉ်မှာပင် ၎င်း၏ ထိပ်ပိုင်းမှာ ဟက်ခနဲ ပွင့်ဟလာပြီး မမြင်ရသော အသံလှိုင်းဓားချက်တစ်ခုကို မြို့ရိုးဘက်သို့ မှုတ်ထုတ်လိုက်သည်။ ရွှပ်ခနဲ အသံနှင့်အတူ မီတာရာပေါင်းများစွာ ရှည်သော မျဉ်းစောင်းသဏ္ဌာန် ဓားချက်ကြီးက မြို့ရိုးပေါ်တွင် ပေါ်လာပြီး မီတာရာချီမြင့်သော မြို့ရိုးကြီးမှာ ပြိုကျပျက်စီးသွားတော့သည်။

ဤဘက်တွင်မူ ဗာမီလီယံက ထိုကျောရိုးမြွေကြီးကို ပိုင်းဖြတ်လိုက်သည့်အခါ ကြီးမားသော အနက်ရောင်မြူများ ပျံ့လွင့်သွားပြီး အသက်မဲ့နေသော လေလွင့်သူ၏ အရိုးခြောက်များနှင့် အပိုင်းအစများသာ ကျန်ရစ်ခဲ့လေသည်။

“ဒီကောင် ဘယ်လိုအမိန့်မျိုး လက်ခံထားလို့ သေခါနီးအထိ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး မြို့ရိုးကိုဖျက်ဆီးချင်နေရတာလဲ”

ဝေါ ဝေါ

ငလျင်လှုပ်သကဲ့သို့ တုန်ဟည်းသံကြီး ထွက်ပေါ်လာသည်။ ဗာမီလီယံနှင့် ရွှမ်းဝူတို့မှာ တစ်ကိုယ်လုံး တိုက်ပွဲဒဏ်ရာများဖြင့် လေလွင့်သူကို ရှင်းလင်းပြီးခါစရှိသေးသော်လည်း မြေကမ္ဘာရှိရာအရပ်မှ ဖုန်မှုန့်များ ထကြွလာသည်ကို ရုတ်တရက် သတိပြုမိလိုက်ကြသည်။ ထိုမြေအောက်သားရဲကြီးသည် မြေအောက်သို့ ပြန်လည်ငုပ်လျှိုးကာ ယခုတစ်ကြိမ်တွင် မြို့ထဲသို့ ဦးတည်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်၏။

“သူ မြို့ထဲကို တိုးဝင်တော့မယ်”

“ဒါဟာ ပေါင်းစည်းမျှော်စင်ကြောင့် ဖြစ်ရမယ်”

ချင်ညီအစ်ကိုများက ထိုအချိန်တွင် အလန့်တကြား အော်ဟစ်လိုက်ကြသည်။

Chapter 889

သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ၂

,

“စိတ်ကူးယဉ်မနေနဲ့”

ဆက်သွယ်ရေးစက်ထဲမှ လင်းရှန်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

လင်းရှန်နှင့် ချုယန်တို့သည် မြူမီးခိုးကို ရူးသွပ်စွာ ထိန်းချုပ်မောင်းနှင်ပြီး ရှေ့သို့ ပြေးထွက်ကာ မြေပြင်ကို အားပြု၍ လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက် ဝေဟင်ထက်မှနေ၍ လက်သီးဖြင့် အားကုန်လွှဲကာ မြေပြင်ကို ထိုးနှက်လိုက်တော့သည်။

အုန်း

ထိုလက်သီးချက်က ကမ္ဘာမြေကို တုန်ဟည်းသွားစေပြီး မီတာရာချီ ကျယ်ဝန်းသော မြေကျွံတွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေကာ မြေအောက်သို့ တိုးဝင်နေသော မြေကမ္ဘာကို ချက်ချင်း ရပ်တန့်သွားစေသည်။ နောက်တစ်ခဏတွင် ချူယန်၏ မျက်လုံးများမှ တောက်ပသော အဖြူရောင်အလင်းများ ထွက်ပေါ်လာပြီး မြူမီးခိုး၏ စူပါစထရင်း နူဓာတ်ပြုစနစ်နောက်က သက်တံ့ကွင်းမှာ ဝှမ်းခနဲ မြည်ဟည်းသွားသည်။ ထို့နောက် ခြေတစ်လှမ်း တိုးလိုက်ပြီး လက်သီးတစ်ဖက်ကို လေထဲသို့ ပင့်တင်လိုက်၏။

“တမန်တော် - ဝိညာဉ်မုန်တိုင်း”

မမြင်ရသော ဝိညာဉ်လှိုင်းရိုက်ခတ်မှု စွမ်းအားတစ်ခုက မြေအောက်မှ ဝုန်းခနဲ တက်လာပြီး ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းက ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။ ထိုအခါ အနီးအနားသို့ တိုးကပ်လာနေသော မွန်းစတားအုပ်များ အတုံးအရုံး လဲကျကုန်ကြပြီး မျက်လုံးနီ သတ္တဝါများမှာလည်း ချက်ချင်း သေဆုံးကုန်ကြသည်။ မြေအောက်ရှိ မြေကမ္ဘာလည်း ပြင်းထန်သော အသံဗလံများကြောင့် အနှောင့်အယှက်ဖြစ်ကာ မြေပေါ်သို့ ပြန်လည် ရုန်းကန်ထွက်လာရတော့သည်။

ထိုအခါ ဗာမီလီယံနှင့် ရွှမ်းဝူတို့က အခွင့်အရေးကို အရယူကာ ပလာစမာဖြာထွက်ဓားသွားနှင့် ကြိမ်နှုန်းမြင့် ချိန်းဓားသွားတို့ဖြင့် ဘယ်ညာညှပ်၍ တိုက်ခိုက်လိုက်ကြသည်။

ချင်ယွဲ့၊ ချင်ချွမ်း - “ခေါင်းဖြတ်”

ပိုင်ရွှမ်း၊ စုရွှေ - “ခေါင်းဖြတ်”

ရွှမ်းးး

ဓားသွားကွေးကြီး နှစ်လက်က ဝေ့ယမ်းသွားပြီး မြေကမ္ဘာ၏ ဦးခေါင်းကို အပေါက်ကြီးဖြစ်အောင် ခုတ်ပိုင်းလိုက်သည်။ လင်းရှန်နှင့် ချူယန်တို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး မြူမီးခိုး၏ ကိုယ်ထည်အပေါ်ပိုင်းကို ဘေးသို့စောင်းကာ ညာလက်သီးကို နောက်သို့ အားယူလိုက်သည်။ ထို့နောက် ညာဘက်တံတောင်ဆစ်ရှိ ဂျက်အင်ဂျင် ၆ လုံးကို ဖွင့်ချလိုက်လေ၏။

ဝူး ဘစ်ဇ်

ဂျက်အင်ဂျင်များမှ အရှိန်ပြင်းလှသော မတ်ခ်ကွင်းများ ပေါက်ကွဲထွက်လာပြီး လေးလံသော ယန္တရားညာလက်မောင်းကို အရှိန်မြှင့်တင်ပေးလိုက်သည်။ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အရှိန်နှင့်အတူ မြူမီးခိုး၏ ညာလက်သီးပေါ်တွင် ဧရာမ လျှပ်စစ်သံမဏိတူကြီးတစ်ခု ပေါ်ပေါက်လာပြီး အသံထက်မြန်သော အရှိန်ကြောင့် နီရဲတောက်သွားသည်။

ဘန်းးး

ထိုလက်သီးချက်မှာ ကြွေကျလာသော ဥက္ကာခဲတစ်ခုကဲ့သို့ ပြင်းထန်လှပြီး တစ်ပိုင်းတစပြတ်နေသော မြေကမ္ဘာ၏ ဦးခေါင်းကို ခန္ခာကိုယ်ထဲအထိ ရိုက်သွင်းလိုက်သည်။ ရလဒ်အနေဖြင့် အသားစများနှင့် အရည်များမှာ ရေပန်းကဲ့သို့ ပန်းထွက်လာပြီး လူသားမြို့တော် အများအပြားကို ဖျက်ဆီးခဲ့သော ထိုမြေအောက်သတ္တဝါဆိုးကြီးမှာ ခေါင်းပြုတ်ကာ ဇာတ်သိမ်းသွားရတော့သည်။

“တစစီဖြစ်သွားအောင် လုပ်လိုက်ကြ”

၎င်းကို မြင်သည်နှင့် မြူမီးခိုး၊ ဗာမီလီယံနှင့် ရွှမ်းဝူတို့မှာ တွန့်ဆုတ်မနေဘဲ နောက်သို့ ဆုတ်ကာ ညာလက်သီးများကို ပြိုင်တူ မြှောက်လိုက်ကြသည်။

“ပလာစမာ အမြောက်တွေကို အသက်သွင်းလိုက်”

ဟစ်ဇ် ဟစ်ဇ်

မြင့်မားသော အပူချိန်နှင့်အတူ အရှိန်ပြင်းစွာ လည်ပတ်နေသော ပလာစမာအမြောက် ၃ ခုသည် စွမ်းအင်များကို စုစည်းကာ‌ မြေကမ္ဘာ၏ ပျက်စီးနေသော လည်ပင်းဆီသို့ မဆိုင်းမတွ ပြိုင်တူပစ်ခတ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် တောက်ပသော အပြာရောင်ပလာစမာများ ပေါက်ကွဲထွက်လာပြီး မြေကမ္ဘာ၏ သွေးများနှင့် ပတ်ဝန်းကျင်ရှိ လေထုကိုပါ လုံးဝ အငွေ့ပျံသွားစေသည်။ ထို S-Class ဧရာမ သတ္တဝါကြီးမှာ အသားပုံကြီး ဖြစ်သွားမှ ပလာစမာ၏ မြည်ဟည်းသံမှာ တဖြည်းဖြည်းချင်းမှသာ ငြိမ်သက်သွားတော့သည်။

ယခုအခါတွင် ကောင်းကင်မှ ကျဆင်းလာသော Sky Touch၊ အပိုင်းပိုင်းပြတ်သွားသော လေလွင့်သူနှင့် အသားပုံဖြစ်သွားသော မြေကမ္ဘာဟူသည့် S-Class ၃ ကောင်စလုံး လုံးဝ ဇာတ်သိမ်းသွားပြီ ဖြစ်သည်။

“ပြီးသွားပြီလား”

“နေဦး… ဖုတ်ကောင်သိုးထိန်းရဲ့ အချက်ပြက ဘာဖြစ်သွားတာလဲ”

ထိုအချိန်တွင် ရွှမ်းဝူထိန်းချုပ်ခန်းအတွင်း၌ ချင်ယွဲ့သည် ရေဒါပေါ်တွင် တဖြည်းဖြည်း ရွေ့လျားနေခဲ့သော တွင်းနက် အမှတ် ၅ ဖုတ်ကောင်သိုးထိန်း၏ အချက်ပြပျောက်ကွယ်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဗာမီလီယံ ထိန်းချုပ်ခန်းထဲမှ ပိုင်ရွှမ်းက သတိပေးလိုက်သည်။

“သတိထားကြ၊၊ ငါတို့ ဖုတ်ကောင်သိုးထိန်းလိုသတ္တဝါမျိုးနဲ့ တစ်ခါမှ မရင်ဆိုင်ဖူးဘူး။ အားလုံး စုစုစည်းစည်းရှိနေမှဖြစ်မယ်”

စုရွှေ၏ အကြည့်မှာ အမှောင်ထုဆီသို့ ရောက်သွားသည်။ ထိုနေရာတွင် မွန်းစတားလှိုင်းလုံးကြီးသည် စက်ရုပ် ၃ ရုပ်အနီးမှ လျင်မြန်စွာ ဖြတ်ကျော်သွားနေပြီး ၎င်းတို့အား ပစ်မှတ်ထားပုံ မရချေ။ သို့သော်လည်း ထိုလှိုင်းလုံးကြီးထဲတွင် ဟာလာဟင်းလင်းဖြစ်နေသော ဧရာမ နေရာလွတ် ၂ ခုက ၎င်းတို့ရှိရာသို့ ဦးတည်လာနေပုံရသည်။

“အဲဒါ ဘာကြီးလဲ”

စုရွှေ၏ သတိပေးချက်ကြောင့် လူတိုင်း၏ အာရုံမှာ ထိုနေရာသို့ ရောက်သွားကြသည်။

“ကျုပ်မှတ်မိပြီ”

လင်းရှန်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။

“သတိထားကြ၊ အဲဒီကောင်က ရုတ်တရက် ကိုယ်ပျောက်သွားနိုင်တယ်၊၊ အမှောင်ထဲမှာ ပျောက်ကွယ်သွားနိုင်တယ်။ ဒါဟာ သာမန်...”

“လင်းရှန်”

ဝူးး

စကားမဆုံးခင်မှာပင် ချူယန်၏ ကျယ်လောင်သော အော်ဟစ်သံက သူ့ကို ဝိညာဉ်အသိနယ်ပယ်ထဲသို့ ပြန်လည် ခေါ်ဆောင်သွားသည်။ နောက်တစ်ခဏတွင် လင်းရှန်၏ မျက်လုံးသူငယ်အိမ်မှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ချုယန်ရှိနေသော ဝိညာဉ်အမှောင်နယ်ပယ်ထဲတွင် ထူးဆန်းသော ဧရာမ အရိပ်ကြီးတစ်ခုမှာ ဝိညာဉ်အာရုံထဲသို့ တိုက်ရိုက်ရောက်ရှိလာသောကြောင့် ဖြစ်သည်။ ၎င်းသည် တွင်းနက်ထဲမှ တက်လာသော အနီရောင် အရိပ်ဆိုးကြီးဖြစ်ပြီး ကြည့်ရသည်မှာ လူနှင့်တူသော်လည်း အနီးကပ်ကြည့်လျှင် ကြောက်မက်ဖွယ်ကောင်းသော စကြဝဠာသားရဲကြီး၏ မျက်နှာနှင့် တူလှသည်။

နတ်ဆိုးဆန်စွာ နီရဲနေသည့် ဟာလာဟင်းလင်း အပေါက် ၄ ခုမှာ လင်းရှန်နှင့် ချုယန်ကို စိုက်ကြည့်နေသည့် ‘မျက်လုံးများ’ နှင့် တူလှသည်။ ထိုအပေါက်များထဲတွင် အခြားစကြဝဠာတစ်ခုသို့ ဦးတည်နေသည့် အက်ကွဲကြောင်းများကဲ့သို့ နက်ရှိုင်းသော ဟာလာဟင်းလင်းဖြစ်မှုများသာ ရှိပြီး လေထဲတွင်လည်း ပင်လယ်အနီမိုနီတစ်ကောင်ကဲ့သို့ တွဲလောင်းကျနေသော ဧရာမ အသားစိုင်မျက်နှာပြင်များ…

ဤလိပ်ပြာလွင့်မတတ် ကြောက်မက်ဖွယ် မြင်ကွင်းသည် လင်းရှန်နှင့် ချုယန်၏ ရှေ့မှောက်သို့ တိုက်ရိုက်ရောက်လာခြင်း ဖြစ်သည်။ ထိုအခါ လင်းရှန်နှင့် ချူယန်တို့ နှစ်ဦးစလုံးသည် ဝိညာဉ်နယ်ပယ်ထဲသို့ ပြင်းထန်သော ဖိအားများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး အမှောင်ထုထဲမှ စူးရှသော အော်ဟစ်သံများမှာလည်း ထပ်မံ လွှမ်းမိုးလာပြန်သည်။

လင်းရှန်နှင့် ချူယန်တို့ နားလည်သွားကြသည်၊၊

ထိုအရာသည် မြူမီးခိုးနှင့် ဆက်သွယ်ထားပြီး လူသားတွေကို စောင့်ကြည့်နေခြင်းပင်။

ဘာနှင့်မှ နှိုင်းယှဉ်၍မရသော ကြောက်ရွံ့မှုနှင့် သေမင်း၏ အငွေ့အသက်များမှာ လင်းရှန်၏ ဦးခေါင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ မြူမီးခိုး ထိန်းချုပ်ခန်းအတွင်းရှိ ရှင်သန်ရေးတောင့်ထဲတွင် မျက်စိမှိတ်လျက် လဲလျောင်းနေသော လင်းရှန်၏ မျက်လုံးများမှာ ဝိညာဉ်တုန်ခါမှုများကြောင့် လှုပ်ရှားနေပြီး ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်တန်ဖိုးအားလုံးမှာလည်း ပုံမှန်မဟုတ်သော အခြေအနေများကို ပြသလာတော့သည်။

[သတိပေးချက် - မြူမီးခိုးအာရုံကြော ထိန်းချုပ်မှုနှုန်း ကျဆင်းနေသည်၊ လှုပ်ရှားမှုနှုန်း ၇၆% အထိ မြင့်တက်လာပြီး ဇီဝသံချပ်ကာ စည်းချက်ညီမှု စွမ်းရည် ၉၆.၅% သို့ ကျဆင်းသွားသည်]

“လင်းရှန်၊ လင်းရှန်”

ချူယန်၏ အော်ဟစ်သံမှာ လင်းရှန်၏ နားစည်ထဲသို့ အဝေးတစ်နေရာမှ လွင့်ပျံလာပြီး တစ်ခဏအတွင်းမှာပင် လင်းရှန် သတိပြန်ဝင်လာသည်။ ၎င်းတို့၏ အမြင်အာရုံမှာ မြူမီးခိုးထံသို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ယံထက်၌ သေမင်း၏ မျက်လုံးများကဲ့သို့ နီရဲသော အလင်းတန်း ၄ ခုမှာ တောက်ပနေသည်ကို တွေ့လိုက်ရ၏။ ပြင်းထန်သော လေပြင်းများနှင့် လျှပ်စီးတန်းများ ပေါက်ကွဲထွက်လာပြီးနောက် အောက်ဘက်ရှိ မှောင်မည်းနေသော မြေပြင်ထက်တွင် မြူမီးခိုးထက်ပင် အရပ်အမောင်း ပိုမြင့်သော ဧရာမ လူသားပုံသဏ္ဌာန် အရိပ်ကြီးတစ်ခု၏ ပုံရိပ်က ပေါ်ထွက်လာတော့သည်။

“သတိထား”

လင်းရှန် လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး ၎င်း၏ နောက်ကျောဘက်ရှိ စူပါစထရင်း နူဓာတ်ပြုစနစ်မှ သက်တံ့ကွင်းက ဟိန်းခနဲ မြည်ဟည်းသွားသည်။ ရှေ့တွင် ဧရာမ AT စွမ်းအားဒိုင်းကာတစ်ခုကို ချက်ချင်း ဖန်တီးလိုက်၏။

နောက်တစ်ခဏတွင် ထိုနီရဲသော မျက်လုံး ၄ ခုမှ မီတာအတော်များများ အချင်းရှိသည့် ဧရာမ လေဆာတန်း ၄ ခု ပန်းထွက်လာပြီး လင်းရှန်၏ AT ဒိုင်းကာကို တစ်ခဏချင်းအတွင်း ဖောက်ထွက်သွားတော့သည်။

All Chapters