← Chapters

အခန်း (၈၉၀-၈၉၁)

Vol. 51 Ch. 890-891

အခန်း (၈၉၀-၈၉၁)

Vol. 51 Ch. 890-891

Chapter 890

သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ၃

နက်မှောင်သော အနီရောင် လေဆာတန်းများမှာ ဒိုင်းကာကို ဖောက်ထွက်သွားချိန်တွင် မြူမီးခိုး၏ ဝမ်းဗိုက်ပိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်လွှမ်းသည့် အပေါက်ကြီး ၄ ပေါက် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

“ယား”

၎င်းကို မြင်သည်နှင့် လင်းရှန်က အော်ဟစ်လိုက်ပြီး တွန့်ဆုတ်မနေဘဲ လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။ အာကာသဟင်းလင်းပြင်က ယိမ်းနွဲ့သွားပြီး ဆွဲငင်အားမှန်ဘီလူးတစ်ခု ပေါ်လာကာ လေဆာတန်း ၄ ခုစလုံးကို တွန့်လိမ်ဖယ်ထုတ်ပစ်လိုက်ပြီး မြေပြင်သို့ ဖြတ်သန်းသွားစေရာ သန္ဓေပြောင်းမွန်းစတားမြောက်အမြားကို တစ်ခဏချင်းအတွင်း ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ဆွဲငင်အားမှန်ဘီလူးသည် ပိုမိုကျယ်ပြန့်လာပြီး အလင်းယိုင်မှုကို ထိန်းချုပ်ကာ လေဆာတန်း ၄ ခုကို စုစည်းစေလျက် ဖုတ်ကောင်သိုးထိန်းထံသို့ ပြန်လည် တိုက်ခိုက်စေလိုက်၏။

ဘွန်းးး

လေဆာတန်းများက စုစည်းသွားပြီး အထက်သို့ ပေါက်ကွဲတက်သွားသည်။ ထိုအချိန်တွင် ထိုဧရာမ အရိပ်ကြီး၏ ကိုယ်ထည်ပေါ်၌ နီရဲသော မြူများ ဖုံးလွှမ်းနေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်း၏ ပတ်ပတ်လည်တွင် ရေလှိုင်းတွန့်များကဲ့သို့ လင်းလက်နေသော အနက်ရောင် မှန်ချပ်ပုံစံ ဂျီဩမေတြီ စွမ်းအင်ကွင်းများ ရှိနေသည်။ ပြန်လည်တိုက်ခိုက်လိုက်သော လေဆာတန်းများမှာ ၎င်းကို ထိမှန်ပြီး နီရဲသော ပေါက်ကွဲမှုနှင့် အပူလှိုင်းများ ထွက်ပေါ်လာသော်လည်း ၎င်းကို တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေခဲ့ချေ။

ဝုန်း

ဒုန်း ဒုန်း

ဆွဲငင်အားမှန်ဘီလူးကို ဒုတိယအကြိမ် အသုံးပြုခြင်းမှာ လင်းရှန်နှင့် ချူယန်တို့အပေါ် ပြင်းထန်သော ဖိအားများကို သက်ရောက်စေသည်။ မြူမီးခိုးသည် နောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ရပြီး ၎င်း၏ ဝမ်းဗိုက်ရှိ အပေါက်ကြီး ၄ ပေါက်၏ ပတ်ပတ်လည်ရှိ သံချပ်ကာများမှာ အရည်ပျော်နေသော သတ္တုများကဲ့သို့ နီရဲပူပြင်းနေဆဲ ဖြစ်သည်။

[သတိပေးချက် - မြူမီးခိုးအာရုံကြော ထိန်းချုပ်မှုနှုန်း ကျဆင်းနေသည်၊ လှုပ်ရှားမှုနှုန်း ၇၈% အထိ မြင့်တက်လာပြီး ဇီဝသံချပ်ကာ စည်းချက်ညီမှု စွမ်းရည် ၉၅.၁% သို့ ကျဆင်းသွားသည်]

ထိုအချိန်တွင် ဖုတ်ကောင်သိုးထိန်းသည် ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်သည်။ ကြည့်ရသည်မှာ စကြဝဠာထဲမှ ရောက်လာသော လူသားပုံစံ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ရှိသည်။

တစ်ချိန်တည်းမှာပင် ဧရာမ သန္ဓေပြောင်းသတ္တဝါကြီး နှစ်ကောင်က ၎င်း၏ ဘေးတစ်ဖက်တစ်ချက်စီမှ လျှင်မြန်စွာ ပြေးထွက်လာသည်။ ပင့်ကူကဲ့သို့ သတ္တဝါဆိုးကြီးတစ်ကောင်နှင့် မြေအောက်မှ ထွက်ပေါ်လာသော တွင်းနက်ပိုးကောင်တို့က ရွှမ်းဝူနှင့် ဗာမီလီယံတို့ကို တိုက်ခိုက်လိုက်ကြသည်။

“ကာကွယ်ကြ”

ရွှမ်းဝူသည် ချိန်းဓားကို အသုံးပြု၍ ပိတ်ဆို့ရန် ကြိုးစားသော်လည်း တွင်းနက်ပိုးကောင်၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားရသည်။ ဗာမီလီယံသည်လည်း ပုခုံးသံချပ်ကာကို လက်တံဖြင့် အထိုးခံလိုက်ရသဖြင့် မီးပွားများ လွင့်စင်သွား၏။ နောက်သို့ ဆုတ်သွားစဉ် ပိုင်ရွှမ်းနှင့် စုရွှေတို့ အော်ဟစ်လိုက်ပြီး အလျူမီနီယံသာမိုက်ဗုံးအမြောက်အမြားကို အပူချိန်မြင့် အတားအဆီးအဖြစ် ပစ်လွှတ်လိုက်သည်။ ထို့နောက် ဘေးသို့ ခုန်ရှောင်ကာ ထိုသတ္တဝါ၏ ပင့်ကူခြေတံများ၏ ညှပ်ဖြတ်ခြင်းကို ရှောင်တိမ်းလိုက်ကြသည်။

“အကာအကွယ်ပေးဖို့ ပစ်ခတ်ကြ”

မြို့ရိုးပေါ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သံမဏိအစောင့်တပ်ရင်းမှ စစ်သားများက အံ့အားသင့်ကာ ရပ်တန့်နေကြသောကြောင့် လုထျန်းယဲ့က ယန္တရားတပ်နှင့် အမြောက်တပ်များကို စက်ရုပ် ၃ ရုပ်အတွက် အချိန်ယူရန် စွမ်းအားအားလုံးဖြင့် ပစ်ခတ်ဖို့ ချက်ချင်း အမိန့်ပေးလိုက်သည်၊၊

ဘွန်းး ဘွန်းးး

ဆက်တိုက်ပစ်ခတ်မှုများကြောင့် ပင့်ကူခြေတံသတ္တဝါနှင့် တွင်းနက်ပိုးကောင်တို့သည် ပြင်းထန်သော ဒဏ်ရာများရကာ အမှောင်ထုနှင့် မြေအောက်ထဲသို့ အမြန် ဆုတ်ခွာသွားကြသည်။

သို့သော်လည်း ဖုတ်ကောင်သိုးထိန်းက ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။ ၎င်းသည် ရှည်လျားသော လက်မောင်းများကို မြှောက်လိုက်ပြီး မမြင်ရသော စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ သန္ဓေပြောင်းမွန်းစတားလှိုင်းကြီးမှာ ရေတံခွန်ကဲ့သို့ အရှိန်ဖြင့် စီးဆင်းလာတော့သည်။ အပျက်အစီးများအောက်ရှိ မြေပြင်မှာ တုန်ခါသွားပြီး မရေမတွက်နိုင်သော ပျံဝဲနေသည့် မျက်လုံးများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် စစ်မြေပြင်အနှံ့ရှိ အလောင်းများကို အသက်သွင်းလိုက်ရာ လေထဲတွင် ပျံဝဲနေသော ဧရာမ လူသားပုံသဏ္ဌာန်ကြီးများ ဖြစ်ပေါ်လာလေသည်။

မှောင်မည်းနေသော ကောင်းကင်ယံမှ A အဆင့် သို့မဟုတ် အထူးအဆင့်ဖြစ်နိုင်သော ပျံဝဲနေသည့် မိုးပျံသတ္တဝါကြီး ၂ ကောင်က ဆင်းသက်လာခဲ့သည်။

မြို့ထဲရှိ မြင့်မားသော အဆောက်အဦများ၏ အရိပ်ထဲတွင်လည်း မရေမတွက်နိုင်သော သန္ဓေပြောင်းမွန်းစတားများသည် အဆောက်အဦ ခေါင်မိုးများပေါ်သို့ ပြင်းထန်စွာ ခုန်ဆင်းလာကြသည်။

ထိုစဉ် အနန္တရထားနှင့် ပေါင်းစည်းယာဉ်တန်းနှင့်အတူ ရှေ့တန်းတွင် ရှိနေကြသူများမှာ မြို့ရိုးအတွင်းနှင့် အပြင်တွင် တွားသွားသတ္တဝါ အမြောက်အမြား ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါများသည် ကောင်းကင်မှ ဆင်းသက်လာသော Sky Touch ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မြို့ထဲသို့ လွင့်စဉ်သွားသော လေလွင့်သူ၏ ခြေတံရှည်ကြီးများဆီသို့ အုပ်စုလိုက် တိုးဝင်သွားကြသည်။ ၎င်းတို့သည် ထိုခြေလက်များကို ဆွဲယူသွားကြပြီး Sky Touch ပျက်ကျခဲ့သည့် မြို့အနောက်ဘက်ရှိ အပျက်အစီးများထဲတွင် စုစည်းကာ အတူတကွ ပြန်လည်ပေါင်းစပ်ရန် ကြိုးစားနေကြသည်။

ဤရုတ်တရက် ပြင်းထန်လှသော ထိုးစစ်နှင့် ရှုပ်ထွေးမှုများကြောင့် မြို့ထဲရှိ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများ၏ ကာကွယ်ရေးလိုင်းနှင့် ပစ်ခတ်မှု စည်းချက်များမှာ တစ်ခဏချင်းအတွင်း ပျက်ပြားသွားရသည်။ ဧရာမ သန္ဓေပြောင်းမွန်းစတားကြီးများသည် မြို့ရိုးကာကွယ်ရေး အစိတ်အပိုင်းအသီးသီးကို ဖောက်ထွက်သွားကြပြီး သန်းပေါင်းများစွာသော သန္ဓေပြောင်းမွန်းစတားများသည် တောင်ဘက်နှင့် အနောက်ဘက် ကာကွယ်ရေးများမှတစ်ဆင့် မြို့ထဲသို့ စီးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် မြောက်ဘက်နှင့် အရှေ့ဘက်မှ သန်းနှင့်ချီသော ယာဉ်တန်းစစ်ကူများမှာလည်း အလျင်အမြန် ဝင်ရောက်လာကြသဖြင့် အာရုဏ်ဦးမြို့တော်တစ်ခုလုံးသည် စစ်မြေပြင်ကြီးတစ်ခု ဖြစ်သွားတော့သည်။

“ဒါ ဘာကြီးလဲ”

“သောက်ကျိုးနည်း”

ဗာမီလီယံနှင့် ရွှမ်းဝူတို့က ပြောလိုက်သည်—

“သူက သန္ဓေပြောင်းမွန်းစတားတွေကို တိုက်ခိုက်ဖို့ မောင်းနှင်နေတာပဲ”

လင်းရှန်က ဆက်သွယ်ရေးစက်ထဲသို့ အော်ဟစ်လိုက်သည်။

“မွန်းစတားတွေက မြို့ပတ်လမ်းကို ပစ်မှတ်ထားနေတယ်… သူတို့ကို တားကြ”

ထိုအချိန်တွင် အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲရေးခန်းမအတွင်း၌ ယဲ့လန်သည် တည်ငြိမ်သော အမူရာဖြင့် အမိန့်များကို ချက်ချင်း ထုတ်ပြန်လိုက်သည်။

“ပြည်သူတွေကို အတွင်းမြို့ထဲကို ချက်ချင်း ရွှေ့ပြောင်းလိုက်ပါ။ တပ်မှူးဟွာကျန်းနဲ့ ရှုကျန်းယွဲ့တို့ကို အကြောင်းကြားလိုက်… တောင်ဘက်နဲ့ မြောက်ဘက် စစ်မြေပြင်တွေကို ခွဲထုတ်ပြီး အမှတ် ၁ မြို့ရိုးဆီ ဆုတ်ခွာခိုင်းလိုက်… အသေအပျောက် လျှော့ချရမယ်”

“လေတပ်အားလုံး ဆုတ်ခွာကြ။ တိတ်ဆိတ်မြို့တော်ကို ကူညီခိုင်းလိုက်။ စစ်မြေပြင်ကို ခွဲထုတ်ပြီးတာနဲ့ မြို့ပြဧရိယာအပေါ်ကို ဗုံးကြဲတိုက်ခိုက်မှု စတင်”

“ဟုတ်ကဲ့”

“လုထျန်းယဲ့ဘက်က အခြေအနေက စိုးရိမ်ရတယ်။ အထိမ်းအမှတ်ကျောက်တိုင်နဲ့ အလင်းရောင်နယ်မြေဆီကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာနိုင်ဖို့ လမ်းဖွင့်ပေးလိုက်”

“အဲဒီဘက်မှာ အသက်ရှင်ကျန်ရစ်သူ ထောက်ပံ့ရေးယာဉ်တန်းတွေ အများကြီး ရှိသေးတယ်”

“သူတို့ကို အကာအကွယ်ပေးလိုက်”

…

ဒက် ဒက် ဒက် ဝုန်း ဝုန်း အုန်း

ကြီးမားသော လူသားတို့၏ အာရုဏ်ဦးမြို့တော်မှာ ယခုအခါ အရပ် ၃ မျက်နှာတွင် တိုက်ပွဲများဖြင့် လွှမ်းမိုးခံနေရပြီး မြို့၏ အစိတ်အပိုင်းအချို့တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ တောင်ဘက်နှင့် အနောက်ဘက် ဧရိယာများမှာ ပြင်းထန်သော အမြောက်ဒဏ်ကို ခံနေရပြီ ဖြစ်သည်။ မြောက်ဘက်နှင့် အရှေ့ဘက်မှ ဝင်ရောက်လာသော ယာဉ်တန်းများသည် ဘေးဘက်မှ စီးဝင်လာသော သန္ဓေပြောင်းမွန်းစတားလှိုင်းလုံးကြီးနှင့် ပူးပေါင်းမိသွားပြီး ၁၀ ကီလိုမီတာကျော် ရှည်လျားသော တိုက်ပွဲလိုင်းကြီးတစ်ခု ဖြစ်ပေါ်နေတော့သည်။

“မီးတောက်တပ်ဖွဲ့… တောအုပ်တစ်ခုလုံးကို ငါ့အတွက် လောင်မြိုက်ပစ်လိုက်စမ်း”

မြို့မြောက်ဘက်ရှိ လွင်ပြင်ပြင်တွင် သတ္တုရူးသွပ်ခြင်းအဖွဲ့ခေါင်းဆောင် ဟန်တိုင်ဂီသည် ယာဉ်ပေါ်ရှိ ဒုံးပစ်လောင်ချာကို ထမ်းထားရင်း ဟိန်းဟောက်လိုက်သည်။

“အပေါ့စားသယ်ယူပို့ဆောင်ရေးယာဉ်တွေ မြို့ထဲကို အရင်ဝင်… လေးလံတဲ့ သံချပ်ကာအခြေစိုက်ယာဉ်တွေကတော့ ငါတို့ရဲ့ ယာဉ်တန်းစီးဆင်းမှု လမ်းကြောင်းပြတ်မသွားအောင် လမ်းတစ်လျှောက် ကာကွယ်ရေးပြင်ထား”

လင်းချင်ယွီသည် ထူထပ်လှသော မီးလျှံများကို ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် အမိန့်ပေးနေသည်။

အရှေ့မြို့ပြင်ရှိ အဝေးပြေးလမ်းမများနှင့် ဆင်ခြေဖုံးလမ်းအားလုံးမှာ မီးပင်လယ်ဝေနေတော့သည်။

“ထိုးဖောက်ဝင်ကြစမ်း… သံမဏိအစောင့်တပ်ရင်းရဲ့ နောက်တစ်ချီ ဗုံးကြဲတိုက်ခိုက်မှုက နောက်နှစ်မိနစ်နေရင် လာတော့မယ်၊၊ အရှိန်မြှင့်ကြ”

Wind Speaker ယာဉ်တန်း၏ ခေါင်းဆောင် လင်းချင်းယွီသည် ရှေ့တန်းမှနေ၍ တိုက်ခိုက်ရေးတပ်ဖွဲ့ကို ဦးဆောင်နေ၏။

မြို့အတွင်းရှိ အာရုဏ်ဦး စီးပွားရေးစင်တာ အဆောက်အဦဟောင်းအတွင်း -

“စက်သေနတ်ကြီးအဖွဲ့… အထပ် ၂၀ က စင်္ကြံတွေကို ပိတ်ဆို့ထား… ဓာတ်လှေကားတွေကို ဖောက်ခွဲပစ်လိုက်…. လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေအကုန် ခေါင်မိုးပေါ်တင်လိုက်တော့… ငါတို့မှာ ဆုတ်လမ်းမရှိဘူး”

မှန်များ ကွဲအက်ကုန်ပြီး လူသားပုံသဏ္ဌာန် ကျုမာသတ္တဝါများသည် ပြတင်းပေါက်မှ တွားသွားတက်လာကြရာ ၁၂.၇ မီလီမီတာ ကျည်ဆန်မိုးများအောက်တွင် တစစီပျက်စီးကုန်ကြသည်။

ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်းစခန်းတွင် လူပေါင်း တစ်သောင်းကျော် စုဝေးကာ အလွှာလိုက် ပစ်အားကွန်ရက်ဖြင့် ခုခံနေကြသည်။

“သူတို့ လေဝင်လေထွက်ပေါက်တွေကနေ တက်လာနေပြီ၊၊ မီးတောက်လွှတ်စက်သမားတွေ အပေါ်တက်ပြီး အကုန်ရှို့ပစ်လိုက်”

အသားညှော်နံ့များ ပျံ့နှံ့လာပြီး မီးလောင်နေသော လက်တံမွန်းစတားများသည် ပလက်ဖောင်းပေါ်တွင် လူးလိမ့်နေကြသည်။ စစ်သားများသည် မီးကျွမ်းနေသော အလောင်းများကို နင်းကာ ရှေ့သို့ ချီတက်နေကြ၏။

Chapter 891

သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ၄

ဗဟိုရင်ပြင်၊၊ အထိမ်းအမှတ်ကျောက်တိုင် -

ဤနေရာတွင် သံမဏိအစောင့်တပ်ရင်းမှ အကြီးစား တပ်ရင်းနှစ်ရင်းက အခိုင်အမာတပ်စွဲထားပြီး အရပ် ၆ မျက်နှာမှ တိုးဝင်လာသော မွန်းစတားလှိုင်းလုံးကြီးကို လမ်းမများပေါ်တွင် ခုခံနေသည်။ ရင်ပြင်မြေပြင်ပေါ်ရှိ arc လျှပ်စစ်ကာကွယ်ရေးလိုင်းအတွင်း၌ အနက်ရောင် အသံတိတ်မုဆိုးများကို ဖြန့်ကျက်ထားသည်။ လေကြောင်းရန်ကာကွယ်ရေးအမြောက်များ၊ မုန်တိုင်းဒုံးကျည်စနစ်နှင့် ကောင်းကင်လေဆာအခင်းအကျင်းတို့ဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးစနစ်မှ ဒုံးကျည်များ အဆက်မပြတ် ပစ်လွှတ်နေပြီး စွမ်းအားမြင့် အမှုန်တန်းများမှာ မိုးရေစက်များကဲ့သို့ ကောင်းကင်သို့ ပန်းထွက်နေကာ စွမ်းအင်ပိုက်လိုင်းများမှာလည်း အပူလှိုင်းများကြောင့် တုန်ခါနေတော့သည်။

စက်ရုံဟောင်းဧရိယာ-သံမဏိအလုပ်ရုံ

“ဖာ့ခ်… ဒီကောင်က လေဆာတန်းတွေတောင် မဖြုံဘူး…. ဒါ A-level ထက် သေချာပေါက် ပိုမြင့်တယ်”

ကြယ်တာရာစီးနင်းသူ မီကာတစ်ခုနှင့် မီကာစက်ရုပ်အမျိုးစားစုံ ဒါဇင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ယန္တရားတပ်ဖွဲ့သည် စက်ရုံအတွင်း ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ ၁၀ မီတာခန့်မြင့်သော ဧရာမ သန္ဓေပြောင်းမွန်းစတားကြီးက ဟိန်းဟောက်ရင်း စက်ရုံခေါင်မိုးကို လက်သည်းဖြင့် ဆွဲဖြဲလိုက်သည်။

“အမြောက်တွေနဲ့ ပစ်”

ခဏချင်းတွင်ပင် မီကာအမြောက်အမြားက အမြောက်များကို မြှောက်လိုက်ပြီး ကျည်ဆန်မိုးများသည် သံမဏိမုန်တိုင်းအလား ကောင်းကင်သို့ ပန်းထွက်သွားတော့သည်။

ညပန်းခြံ၏ စစ်မြေပြင်တွင် လောင်ကျွမ်းဖီးနစ်အဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ခုခံစစ်ဆင်နေပြီး လူပေါင်း တစ်သောင်းကျော်မှာ ကျွန်းငယ်လေးတစ်ကျွန်းကဲ့သို့ ဝိုင်းရံခံထားရသည်။

“ဆက်တောင့်မခံနိုင်တော့ဘူး… ဆေးရုံဘက်ကို အတင်းထိုးဖောက်မှဖြစ်မယ်… မဟုတ်ရင် ငါတို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”

ဟယ်လင်ချူးသည် စွမ်းအားဝတ်စုံဝတ်ဆင်ထားသော အဆင့်မြင့်စွမ်းအားရှင် ရာဂဏန်းရှိသည့် အဖွဲ့ကို ဦးဆောင်ကာ မွန်းစတားလှိုင်းလုံးကြီးကြားမှ ဖောက်ထွက်နေသည်။ ၎င်းတို့နောက်ရှိ ယာဉ်တန်းမှာ ဒဏ်ရာရသူ အမြောက်အမြားကို တင်ဆောင်သွားကြ၏။

ဂါလက်ဂါမှောင်ခိုဈေးတွင် ဝမ်ဟုန်ယွမ်သည် သူ၏ ဟုန်ယွမ်စီးပွားရေးမဟာမိတ်ယာဉ်တန်းကို ဦးဆောင်ကာ မွန်းစတားလှိုင်းလုံးကြီးကြားမှ အတင်းတိုးထွက်ပြီး အမှတ် ၂ မြို့ရိုးဆီသို့ ဆုတ်ခွာနေသည်။

“လခွမ်း… ဒါတွေက မကုန်တော့ဘူးလားဟ… S-Class ၄ ကောင်ပဲ မဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ မြို့အနှံ့မှာ ရှိနေရတာလဲ”

“အဲဒါတွေက S-Class တွေမဟုတ်ဘူး”

ခေတ်သစ်အင်ဂျင်နီယာအဖွဲ့မှ စွန်းဖုန်း၏ အသံမှာ အနီးရှိ လမ်းမပေါ်မှ တိုက်ပွဲသံများနှင့်အတူ ထွက်ပေါ်လာသည်။ ဆက်သွယ်ရေးစက်ထဲတွင် အမြောက်သံများ လွှမ်းမိုးနေသည်။

“ဒါပေမဲ့... အဆင့်ကတော့ အတူတူလောက်ပဲ”

“ကပ္ပတိန်ကျန်း”

သံမဏိဒိုင်းအဖွဲ့မှ လျန်ဟောင်က အော်ဟစ်လိုက်သည်။

“အနောက်ပိုင်းမြို့တော်က တောင့်မခံနိုင်တော့ဘူး…. မြေအောက်ခိုလှုံရေးစခန်းတွေကကော ဘယ်လိုလဲ”

“စစ်ကူတွေက မြို့တောင်ဘက်နဲ့ မြောက်ဘက်မှာ စုရုံးနေတယ်… အဲဒီဘက်ကို ဆုတ်ကြ”

ဝေဟင်တိုက်ပွဲတွင် ပါဝင်နေသော ကျန်းယွမ်က ပြန်ဖြေလိုက်သည်။

“အခု ငါတို့ တစ်ဖက်ကို သီးခြားခွဲထုတ်နိုင်ပြီ၊၊ မြေအောက်ခိုလှုံရေးစခန်းထဲက လူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်၊၊ ဒဏ်ရာရသူတွေအကုန် အမှတ် ၂ မြို့ရိုးအောက်က ခိုလှုံရေးစခန်းထဲ သွားကြ”

“အစ်မချန်”

မြို့အနောက်ဘက်တွင် ပေါင်းစည်းယာဉ်တန်းသည် မွန်းစတားလှိုင်းလုံးကြီးအောက်တွင် မြုပ်နေပြီဖြစ်သည်။ ကြယ်တာရာစီးနင်းသူကို မောင်းနှင်နေသော ရှားရှားသည် ဧရာမ မြူခိုးပင့်ကူတစ်ကောင်ကို တစ်ချက်တည်းဖြင့် ပစ်ချလိုက်ပြီး ချန်ဆီရွှမ်ကို လှမ်းအော်လိုက်သည်။

“ဒီဘက်မှာ တောင့်မခံနိုင်တော့ဘူး…. ညီမတို့လည်း ဆုတ်ကြမလား”

ချန်ဆီရွှမ်သည် အမြင့်မှ ခုန်ဆင်းလိုက်ပြီး လေထဲတွင် နောက်ကျွမ်းပစ်ကာ ပျံဝဲနေသော သန္ဓေပြောင်းမွန်းစတားတစ်ကောင်၏ ခေါင်းပေါ်သို့ နင်းလိုက်သည်။ ထို့နောက် တောင်ပံပါသတ္တဝါဆိုး၏ ခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်သတ်လိုက်ပြီးနောက် ထိုအလောင်းကို နင်းကာ မြေပြင်သို့ ဆင်းသက်လိုက်၏။ ၎င်း၏ တိုက်ခိုက်ရေးဝတ်စုံနောက်ကျောမှ ဗုံးငယ်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို မီးပင်လယ်အဖြစ် ပေါက်ကွဲစေလိုက်သည်။ ထို့နောက် သူမအရှိန်ဖြင့် ပြေးကာ ရထားဘေးရှိ အဆောက်အဦမြင့်ပေါ်သို့ ခုန်တက်လိုက်ပြီး မီးခိုးများနှင့် မြူမည်းများ ဖုံးလွှမ်းနေသော မြို့ပြင်ဘက်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ချန်… ညီလေးလင်း အပြင်မှာ ကျန်ခဲ့သေးတယ်”

သားရဲပုံသဏ္ဌာန် ပြောင်းလဲထားသော ရှီတိယွမ်က သတ္တဝါလှိုင်းလုံးကြီးကို တိုက်ခိုက်နေရင်း လှမ်းအော်သည်။

“လင်းရှန်” ချန်ဆီရွှမ်က လှမ်းအော်ရန် ကြိုးစားလိုက်သည်။

“အတွင်းဘက်ကို ဆုတ်ကြ”

ထိုအချိန်တွင် လင်းရှန်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ လင်းရှန်၏ အသံကို ကြားသည်နှင့် ချန်ဆီရွှမ်စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ယာဉ်ပေါ်ရှိ ရှုချင်းနှင့် ရှောင်ယွမ်တို့ကို အကြောင်းကြားလိုက်သည်။

“မောင်းကြတော့၊၊ ငါတို့ အနာဂတ်တောင်ဘက်လမ်းကနေ ကြယ်မြစ်လမ်းကို သွားပြီး အမှတ် ၂ မြို့ရိုးဘက်ကို အတင်းထိုးထွက်ကြမယ်”

“ဟုတ်ကဲ့”

ယာဉ်ပေါ်တွင် အလိုအလျောက်လက်နက်များကို ထိန်းချုပ်နေသော ရှောင်ယွမ်နှင့် အခြားသူများမှာ အနန္တရထားကို ချက်ချင်း မောင်းနှင်လိုက်ကြသည်။ ဝေးလ် 03E အင်ဂျင်ကြီးမှာ ပေါက်ကွဲသံနှင့်အတူ ဟိန်းထွက်လာပြီး သံဘီးများမှာ မြေပြင်ကို နင်းခြေကာ တဖန် ပြန်လည်ရွေ့လျားသွားတော့သည်။

ဘုန်း

မြို့အနောက်ဘက်ရှိ လူသူကင်းမဲ့သော လွင်ပြင်တွင် လင်းရှန်နှင့် ချူယန်တို့သည် စိတ်ကို စုစည်းကာ မြူမီးခိုးကို ဒူးထောက်နေရာမှ ပြန်လည်မတ်တပ်ရပ်လာစေကာ ထိန်းချုပ်မောင်းနှင်နေကြသည်။ ထိုအချိန်တွင် ဗာမီလီယံနှင့် ရွှမ်းဝူတို့သည်လည်း ထူထပ်လှသော သန္ဓေပြောင်းသတ္တဝါလှိုင်းကြီးနှင့် အထူးအဆင့် ပြိုင်ဘက်နှစ်ကောင်ကို ပြင်းထန်စွာ တိုက်ခိုက်နေကြရသည်။

ဖုတ်ကောင်သိုးထိန်းက မြူမီးခိုးကို တိုက်ရိုက် ရင်ဆိုင်နေ၏။

“သူ့တစ်ကိုယ်လုံးမှာ အနီရောင်မြူတွေနဲ့ စွမ်းအင်ကွင်းတွေ ဖုံးနေတယ်၊၊ စွမ်းအားသိပ်သည်းဆက အရမ်းမြင့်တယ်၊၊ လေဆာတန်းတွေတောင် ဖောက်လို့မရဘူး၊၊ ငါတို့ သူ့ရဲ့ အားနည်းချက်ကို ရှာမှဖြစ်မယ်”

ချူယန်က ပြောလိုက်သည်။

“ပြီးတော့ သူက မြူမီးခိုးကနေတစ်ဆင့် ငါတို့ရှိနေတာကို သိနိုင်တယ်၊၊ သူ ငါတို့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ သေချာတယ်၊၊ သတိထားရမယ်၊၊ ထိန်းချုပ်မှုနှုန်း ကျဆင်းသွားပြီး မြူမီးခိုးရဲ့ အာရုံကြောလှုပ်ရှားမှု ၉၀% ကျော်သွားရင် ငါတို့ ဒီကောင့်ဆီမှာ ထိန်းချုပ်ခံလိုက်ရနိုင်တယ်။ သူမှာက အလုပ်လုပ်တဲ့ ဦးနှောက်ဆဲလ်တစ်ခုပဲ ရှိတာ… အထိန်းအကွပ်မဲ့သွားရင် နောက်ဆက်တွဲက ခန့်မှန်းလို့မရဘူး”

“နားလည်ပြီ”

လင်းရှန်သည် ဧရာမ ဖုတ်ကောင်သိုးထိန်းကို ကြည့်ကာ နှလုံးခုန်မြန်လာသည်။ သူက ရန်သူကြီးကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်စဉ်မှာပင် အနီးကပ်သို့ တိုးဝင်လာသော ထိုကြောက်မက်ဖွယ် လူသားပုံသဏ္ဌာန် သတ္တဝါကြီးမှာ မီးရောင်များနှင့် အမြောက်ဆန်များအောက်တွင် ရုတ်တရက် ပြန်လည်မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားတော့သည်။

“သူ ဘယ်ကို ရောက်သွားတာလဲ”

ရေဒါပေါ်မှ အချက်ပြမှု ပျောက်ကွယ်သွားသည်ကို ကြည့်ကာ လင်းရှန်နှင့် ချူယန်တို့လည်း ပတ်ဝန်းကျင်ကို ရှာဖွေလိုက်ကြသည်။ သို့သော်လည်း ထိုသတ္တဝါဆိုးကြီးမှာ စစ်မြေပြင်လေထုထဲတွင်ပင် ပျောက်ကွယ်သွားလေပြီ။

“လင်းရှန်”

ထိုစဉ် ကီကီ၏ အသံက နားကြပ်ထဲမှ ထွက်ပေါ်လာသည်။

“ဒီဘက်မှာ တစ်ခုခုမှားနေပြီ”

ယခင်က အာရုဏ်ဦးမြို့တော်၏ လူဦးရေ အထူထပ်ဆုံးနေရာတစ်ခုဖြစ်ခဲ့သည့် ခရိုင်ဟောင်းသည် မြင့်မားသော သံမဏိအဆောက်အဦကြီးများအောက်ရှိ လမ်းကြားလေးများဖြင့် ပြည့်နှက်နေပြီး ဆိုင်ဘာပန့်ခ် ဆင်းရဲသားရပ်ကွက်တစ်ခုနှင့် တူလှသည်။ သို့သော် ယခုအခါ သက်ဝင်လှုပ်ရှားနေသောညများဖြင့် စည်ကားခဲ့သည့် ထိုနေရာသည် မှောင်မည်းနေသော အပျက်အစီးပုံကြီး ဖြစ်နေလေပြီ။ ကောင်းကင်မှ ကျဆင်းလာသော Sky Touch၏ ဧရာမ အသားစိုင်ကြီးမှာ ထိုရပ်ကွက်ကို ဖိသိပ်ထားသည်။ မီတာတစ်ထောင်ကျော်စီ ရှည်လျားသော ဧရာမ လက်တံ ၄ ခုမှာ ကြီးမားလှသော ကိုယ်ထည်ကြီးနှင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

အထက်ကောင်းကင်ယံမှနေ၍ ကီကီသည် အောက်ဘက်ရှိ လမ်းမများပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ အုပ်စုလိုက် သွားလာနေသော မွန်းစတားများသည် လေလွင့်သူ၏ ခြေလက်အင်္ဂါများနှင့် ကိုယ်ထည်အစိတ်အပိုင်းများကို အပျက်အစီးပုံဆီသို့ တရွတ်တိုက် ဆွဲယူနေကြသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအပိုင်းအစများသည် သန္ဓေပြောင်းသတ္တဝါအသစ်တစ်ခုအဖြစ် လျင်မြန်စွာ ပြန်လည်ချုပ်ဆက်နေပုံရသည်။

အဖြူရောင်မြို့တော်၌ အသိုက်ကို မြင်ဖူးထားသဖြင့် ကီကီသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး လုရှင်းချန်နှင့် အခြားသော စွမ်းအားရှင်များကို ခေါ်လိုက်သည်။

“မီးတောက်”

“ကင်းခြေများက သေသွားရင်တောင် လဲမကျဘူးတဲ့… မင်းတို့က ဒါမျိုး ထပ်လုပ်ဦးမလို့လား။ မင်းတို့ကို ပြာဖြစ်အောင် ရှို့ပစ်လိုက်မယ်… ပြန်ရှင်လာနိုင်သေးလား ကြည့်ရသေးတာပေါ့”

“နတ်ဘုရားမီးလျှံနယ်ပယ်”

လုရှင်းချန်က အော်ဟစ်လိုက်ပြီး သူ၏ ပတ်ပတ်လည်တွင် ပြင်းထန်သော မီးတောက်များကို လောင်မြိုက်စေလိုက်သည်။ ထို့နောက် သူသည် ဟိန်းဟောက်နေသော မီးလျှံများအတွင်းသို့ ငုပ်လျှိုးကာ အပျက်အစီးများကြားရှိ အသားစိုင်များနှင့် သတ္တဝါအုပ်စုများဆီသို့ ခုန်ဝင်သွားတော့သည်။

All Chapters