← Chapters

အခန်း (၈၉၄-၈၉၅)

Vol. 51 Ch. 894-895

အခန်း (၈၉၄-၈၉၅)

Vol. 51 Ch. 894-895

Chapter 894

စိတ်ဝိညာဉ်ဝန်ပိခြင်း ၂

စီးပွားရေးပလာဇာ ပတ်လည်ခံစစ်ကြောင်းတွင် တပ်ခွဲ ၇ မှ ဗိုလ်ချုပ်ကျွမ်းယန်သည် လွန်ခဲ့သော ၆ နာရီကပင် နားစည်များ ပြတ်ထွက်သွားခဲ့သဖြင့် နားကြပ်ထဲမှ အသံကို အမြင့်ဆုံးတင်ထားမှသာ ကြားနိုင်တော့သည်။

“အမှတ် ၅ ရိပ်သာလမ်း တစ်ခုလုံး ကျသွားပြီ ဟုတ်လား။ ယန္တရားတပ်ရင်းက ဘာလုပ်နေတာလဲ”

ခံစစ်လိုင်းအတွင်းရှိ မူလက လူအင်အား ၁၂,၀၀၀ ကျော်ရှိသော သံချပ်ကာတပ်ရင်းမှာ ယခုအခါ ၄,၀၀၀ ပင် မပြည့်တော့ဘဲ လက်နက်ကြီးများကိုသာ အားကိုး၍ ခံစစ်ဆင်နေရသည်။

“ဗိုလ်ချုပ်၊ ဟိုမှာကြည့်ပါဦး”

ကျွမ်းယန် လှည့်ကြည့်လိုက်သည်။ မီတာ ၃၀၀ အကွာတွင် အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းတစ်ခုမှာ လောင်ကျွမ်းနေသော လမ်းပိတ်ဆို့မှုများကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည်။ ထိုယာဉ်တန်းမှာ လက်နက်တပ်ဆင်ထားသော စွမ်းအားသုံး အခြေစိုက်ယာဉ်များဖြင့် ဖွဲ့စည်းထားပြီး ခံစစ်ကြောင်း၏ နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဝင်လာကာ အသက်ရှင်ကျန်ရစ်သူထောင်ပေါင်းများစွာက ခံစစ်ကြောင်းကို ဝိုင်းဝန်းကူညီကြလေသည်။

“ကျွန်တော်တို့က သံမဏိနေမင်းအဖွဲ့ပါ၊၊ ကူညီဖို့ ရောက်လာတာပါ”

ကျန်းဇီယန်က ရှေ့ဆုံးမှ အဖွဲ့ကို ဦးဆောင်ရင်း ဆက်သွယ်ရေးစက်မှ အော်ပြောလိုက်သည်။

“ကျွန်တော်တို့ ရိက္ခာနဲ့ လက်နက်တွေ ယူလာခဲ့တယ်”

“အမြောက်တပ်တွေ ပြင်ထား၊၊ သူတို့ကို အကာအကွယ်ပေး”

ကျွမ်းယန်က အော်ဟစ်အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် မြို့စောင့်ခံစစ်လိုင်း၌ ရာထူးအဆင့်အတန်းနှင့် အမိန့်ပေးမှုများ မရှိတော့ပေ။ လက်နက်ဆွဲကိုင်နိုင်သူမှန်သမျှ ပူးပေါင်းတိုက်ပွဲဝင်နေကြရသည်။

အမှတ် ၅ ရိပ်သာလမ်း ရပ်နားစခန်း၊၊

စီးပွားရေးအဆောက်အဦးတစ်ခု၏ အမိုးပေါ်ရှိ လျှပ်စစ်ကြော်ငြာဘုတ်နောက်တွင် အစောင့်တပ်သား လူငယ်လေးတစ်ဦးသည် စနိုက်ပါရိုင်ဖယ်ကို ကိုင်ကာ တုန်တုန်ယင်ယင်ဖြင့် လဲလျောင်းနေသည်။ သူသည် အသက် ၁၆ နှစ်သာ ရှိသေးပြီး သူ၏အာရုံခံစားမှု ဆင့်ကဲပြောင်းလဲမှုကြောင့် အစောင့်တပ်သို့ဝင်ကာ စနိုက်ပါသင်တန်း တက်နေသည်မှာ နှစ်လပင် မပြည့်သေးပေ။

လွန်ခဲ့သည့် မိနစ် ၂၀ ခန့်က တပ်စိတ်မှူးက သူ့ကို ဤအကာအကွယ်နောက်သို့ တွန်းပို့ခဲ့သည်။

“နှစ်ရာအထိ ရေပြီးမှ ထွက်ခဲ့”

သူ တစ်ရာ့ခုနစ်ဆယ့်သုံးအထိ ရေတွက်ပြီးချိန်တွင် အပြင်ဘက်၌ မွန်းစတားများ၏ တဂျွတ်ဂျွတ်ဖြင့် အရိုးကိုက်ဝါးနေသော အသံများသာ ကျန်တော့သည်။

သူသည် အပေါက်လေးမှတစ်ဆင့် ချောင်းကြည့်လိုက်ရာ ဟမ်းဗီးယာဉ်ဘီးအောက်တွင် ညပ်နေသော တပ်စိတ်မှူး၏ကိုယ်အထက်ပိုင်းကို တွေ့လိုက်ရသည်။ တပ်စိတ်မှူးသည် ဖောက်ခွဲရေးခလုတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားဆဲပင်။ ထို့ပြင် တင့်ကားဖျက်မိုင်းတစ်လုံးကို ပိုက်ပြီး မွန်းစတားအုပ်ထဲ ပြေးဝင်သွားသော ဒုတပ်စိတ်မှူး၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများနှင့် အခြားသော မှတ်မိနိုင်စွမ်းမရှိတော့သည့် ရုပ်အလောင်းများကို မြင်တွေ့နေရသည်။ သူနှင့် သိပ်မကွာသော လိပ်ကောက်ကောက်ဆံပင်နှင့် ဦးခေါင်းတစ်ခုကိုလည်း တွေ့ရသည်။ ထိုသူမှာ ကိုယ်လေ့ကျင့်ခန်းလုပ်လျှင် အမြဲသူ့နောက်က တကောက်ကောက်လိုက်တတ်သော လီရှောင်ဖုန်း မှတ်မိသွားသည်။

လီရှောင်ဖုန်း အကြောက်လွန်ကဲပြီး ရယ်ချင်စိတ်ပေါက်လာသည်။ သူသည် စနိုက်ပါရိုင်ဖယ်ကို မြှောက်ကာ လမ်းထောင့်ရှိ အလောင်းကို ဝါးမျိုနေသော အနီးဆုံး မွန်းစတားကို ချိန်ရွယ်လိုက်သည်။

ဘန်း…ခေါင်းကို တည့်တည့်မှန်သွားသည်။

“၂၈ ကောင်” လီရှောင်ဖုန်းက သေနတ်ကို ပြန်ရုပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“တပ်စိတ်မှူး... ကျွန်တော် ခင်ဗျားရဲ့ စံချိန်ကို ချိုးလိုက်ပြီနော်”

အမှတ် ၅ ရိပ်သာလမ်း တစ်ခုလုံးသည် မွန်းစတားအုပ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရပြီး အော်ဟစ်ညည်းတွားသံများ ပြည့်နှက်နေသည်။ ထိုသေနတ်သံကြောင့် မွန်းစတားများစွာ ချက်ချင်းပင် ရောက်ရှိလာကြသည်။ ထို့နောက် ဒုတိယမြောက် သေနတ်သံ၊ တတိယမြောက် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လမ်းတစ်ခုလုံးတွင် ဤသေနတ်သံတစ်သံတည်းသာ ကျန်ရှိနေတော့သကဲ့သို့ ရှိသည်။ လီရှောင်ဖုန်း၏ ရယ်သံမှာ ငိုသံအဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူ၏ ကျည်ဖြည့်သည့် လှုပ်ရှားမှုများမှာမူ မှားယွင်းခြင်းမရှိပေ။ နောက်ဆုံးတွင် ပင့်ကူမွန်းစတားကြီးတစ်ကောင်၏ အစွယ်က သူ၏အဆုတ်ကို ဖောက်ထွက်သွားသည့်တိုင်အောင်ပင်။

သူ လဲကျသွားချိန်တွင် အရှေ့ဘက် တိမ်တိုက်များကြားမှ မီးခိုးရောင်အလင်းတန်း တစ်စွန်းတစ်စကို မြင်လိုက်ရသည်။

၎င်းမှာ အရုဏ်တက်ချိန်မဟုတ်ပေ။

မိုးပျံမွန်းစတားများ ပိုမိုရောက်ရှိလာခြင်းသာ…။

…

ဘွန်းး ဘွန်းး ဘွန်းး

မြို့၏အနောက်ဘက်ရှိ နီယွန်လမ်းမှာ တုန်ခါလှိုင်းများကြောင့် အပျက်အစီးများ ဖြစ်သွားခဲ့ပြီး အဆောက်အဦးများမှာ ချိုင့်ခွက်ကြီးအတွင်းသို့ ပြိုဆင်းနေကြသည်။ မြေအက်ကွဲကြောင်းများအကြားတွင် အာရုဏ်ဦးမြို့တော်၏ မြေအောက်ရေပိုက်များနှင့် ကေဘယ်ကြိုးများ ပေါ်ထွက်နေပြီး ရေများပန်းထွက်ကာ မီးပွားများ လွင့်စင်နေသည်။

ထိုချိုင့်ခွက်ကြီးအတွင်း၌ အမည်းရောင် မွန်းစတားအုပ်ကြီးမှာ ရေလွှမ်းမိုးသည့်နှယ် ပြည့်နှက်နေပြီး မွန်းစတားအစိတ်အပိုင်းများကို ပြန်လည်ပေါင်းစပ်နေကြသည်။ မကြာမီတွင် အမြင့် မီတာ ၂၀၀ ကျော်ရှိသော သန္ဓေပြောင်းမွန်းစတားကြီးတစ်ကောင် ထရပ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်း၏ ရှာဖွေရေးမီးမောင်းကြီးများကဲ့သို့ ကြီးမားသော မျက်လုံးနှစ်လုံးမှာ လင်းထိန်လာပြီး ရှည်လျားသော ခြေထောက်များဖြင့် မြေပြင်ကို တုန်ခါစေလေသည်၊၊

“နင့်မေကလွှား… နောက်ထပ် S-Class တစ်ကောင်လား။ ဒီကောင်တွေက သေသွားတာတောင် ပြန်ရှင်လာနိုင်တာလား”

ဟွာကျန်းက ဆဲဆိုရင်း အမိန့်ပေးလိုက်သည်၊၊

“အမြောက်တပ်ရင်း…. အဲဒီကောင်ကို ချိန်ပြီး ပစ်စမ်း”

ထိုစဉ် အပိုင်းအစများဖြင့် ချုပ်စပ်ထားသော ထိုမွန်းစတားကြီးက မတ်တတ်ထရပ်လိုက်ပြီးနောက် လက်တစ်ဖက်ကို မြှောက်ကာ အနီးဆုံးရှိ ရပ်ကွက်တစ်ခု၏ ခံစစ်လိုင်းဆီသို့ ခြေလှမ်းလိုက်လေသည်။

ထိုနေရာတွင် သံမဏိအစောင့်တပ်ရင်း တစ်ရင်းနှင့် အသက်ရှင်ကျန်ရစ်သူ ထောင်ပေါင်းများစွာမှာ လက်နက်များကိုယ်စီဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်ခုခံနေကြသော်လည်း ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးမှာ သတ္တဝါကြီး၏ ရှည်လျားသော ခြေထောက်များမှ ထွက်ပေါ်လာသည့် စွမ်းအားစက်ကွင်းကြောင့် အတားအဆီးဖြစ်နေရသည်။ သာမန်လက်နက်များက ထိုမွန်းစတားကြီးအား တစ်စုံတစ်ရာ ထိခိုက်အောင် မစွမ်းဆောင်နိုင်တော့ချေ။

ဒုန်း ဒုန်း ဒုန်း

လမ်းမကြီးတစ်ခုလုံး ဟိန်းထွက်သွားပြီး မြေကမ္ဘာကို တုန်ဟည်းစေမည့် ခြေလှမ်းများဖြင့် ဧရာမ စက်ရုပ်ကြီးနှစ်ရုပ် ပြေးဝင်လာကြသည်။

“ဒီတစ်ခါတော့ ပြာဖြစ်သွားစေရမယ်”

ဗာမီလီယံပေါ်တွင် ပိုင်ရွှမ်းနှင့် စုရွှေတို့က ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“အမြင့်ဆုံး ဝန်အားကို တင်လိုက်”

“အမြင့်ဆုံး ဝန်အား တင်လိုက်တော့”

ဝုန်

ဗာမီလီယံသည် ပလာစမာဖြာထွက်ဓားကို အမြင့်သို့ မြှောက်ကိုင်လိုက်ရာ ရင်ဘတ်ရှိ နျူကလီးယားပေါင်းစပ် အင်ဂျင်သည် အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး စက်ရုပ်တစ်ကိုယ်လုံးတွင် ရဲရဲနီနေသော စွမ်းအင်လမ်းကြောင်းများ လင်းလက်လာသည်။ ပလာစမာဓားမှလည်း ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဓားသွားက သုံးပုံတစ်ပုံခန့် ပိုမိုရှည်ထွက်လာလေသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် ရှေ့သို့ တစ်လှမ်းတိုးကာ နိမ့်ကျနေသော ကျင်းကြီး၏ အလယ်ဗဟိုသို့ ခုန်ဝင်လိုက်ပြီး ဓားဖြင့် အားကုန်လွှဲပိုင်းချလိုက်သည်။

ထိုဧရာမသတ္တဝါကြီးမှာ ၎င်း၏ အာရုံခံလက်တံ နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ဂျီသြမေတြီပုံစံ ကာကွယ်ရေး စက်ကွင်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ ပေါ်ထွက်လာသည်။ သို့သော်လည်း ထိုခဏ၌ ဗာမီလီယံ၏ ပလာစမာဖြာထွက်ဓားမှ ပြင်းထန်သော အိုင်းယွန်းတုန်ခါမှုများ ထွက်ပေါ်လာပြီး ကာကွယ်ရေးစက်ကွင်းကို ထက်ဝက်မက ပိုင်းဖြတ်သွားကာ အပူချိန်မြင့်မားလှသော ဓားသွားသည် သတ္တဝါကြီး၏ ဦးခေါင်းပေါ်တွင် မီတာအတော်များများ နက်ရှိုင်းသည့် ဒဏ်ရာကြီးကို ဖန်တီးလိုက်လေသည်။

“အောင်မြင်သွားပြီ”

ထိန်းချုပ်ခန်းအတွင်းရှိ ပိုင်ရွှမ်းနှင့် စုရွှေတို့ အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။

ထိုစဉ် ဗာမီလီယံ၏ နောက်ကျောဘက်တွင် ထူးဆန်းသော နတ်ဆိုးနတ်ဘုရားတစ်ပါးး၏ အရိပ်မည်းကြီးက ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုအရိပ်ကြီးသည် မြေပြင်ပေါ်တွင် ခန့်ညားထည်ဝါစွာ မတ်တတ်ရပ်နေပြီး ၎င်း၏ ဟောင်းလောင်းပေါက်ဖြစ်နေသော မျက်လုံးလေးလုံးမှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာကာ ဗာမီလီယံကို တိုက်ရိုက် ပစ်မှတ်ထားလိုက်လေတော့သည်။

“မင်းရဲ့ ပြိုင်ဘက်က ဒီမှာပဲ”

ဖုတ်ကောင်သိုးထိန်း၏ လေဆာတန်းများ မပစ်ခတ်နိုင်မီမှာပင် ဗာမီလီယံ၏ ဘေးသို့ ပြင်းထန်သော ခြေသံကြီးတစ်ခု ရောက်ရှိလာသည်။ မြူမီးခိုးသည် သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏နောက်ကျောရှိ စူပါစထရင်း နူဓာတ်ပြုအဆင့် သက်တံ့ကွင်း သုံးကွင်းထံမှ နားကွဲမတတ် မြည်ဟီးသံများ ထွက်ပေါ်လာပြီး ရင်ဘတ်ရှိ နူကလီးယားစွမ်းအင်ဗဟိုချက်မှလည်း စွမ်းအားများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။ဓားကြီး၏ တုန်ခါလှိုင်းဂျင်နရေတာသည် ဂစ်ဂါဝပ်စွမ်းအင်ကို အဓိက ထုတ်လုပ်ပေးနေသည်၊၊ ဓားကြီးသည် တုန်ခါလှိုင်းနှင့် လေထုပွတ်တိုက်မှုကြောင့် နီရဲလာက အပြာရောင်ပလာစမာများနှင့် ရောယှက်ပြီး အလျားလိုက်ခုတ်ချက်က အသံထက်မြန်သောနှုန်းဖြင့် လှုပ်ရှားလာသည်၊၊

ဘန်းးး

ဤအံ့မခန်း ခုတ်ချက်မှာ ဖုတ်ကောင်သိုးထိန်း၏ လည်ပင်းကို တည့်တည့်ပစ်မှတ်ထားခြင်းဖြစ်သည်။ သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီး ထိမှန်သွားသည့် ခဏ၌ ထွက်ပေါ်လာသော ကြီးမားလှသည့် အရှိန်အဟုန်ကြောင့် ဖုတ်ကောင်သိုးထိန်း၏ လည်ပတ်တစ်ဝိုက်ရှိ အနီရောင်မြူထုနှင့် ကာကွယ်ရေးဒိုင်းတို့သည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မီးပွားများ လွင့်စင်သွားသည်။ ဖုတ်ကောင်သိုးထိန်းလည်း ရုတ်တရက် တိုက်ခိုက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားပြီး အဆောက်အဦးအချို့ကို တိုက်မိကာ ပြိုကျစေခဲ့သည်။ ၎င်းသည် ပြိုကျနေသော အဆောက်အဦးများကြားမှ ပြန်လည်ထရပ်လာသည်။ မြူမီးခိုးနှင့် နှိုင်းယှဉ်လျှင် ဖုတ်ကောင်သိုးထိန်းသည် အနည်းဆုံး နှစ်ဆခန့် ပိုမိုကြီးမားပြီး ၎င်း၏ဧရာမ ကိုယ်ထည်ကြီးမှာ လမ်းမပေါ်ရှိ မီးတောက်များကိုပင် ဖုံးလွှမ်းသွားလေသည်။

Chapter 895

စိတ်ဝိညာဉ်ဝန်ပိခြင်း ၃

“ထပ်လာစမ်း”

လင်းရှန်နှင့် ချူယန်တို့သည် တွေဝေခြင်းမရှိဘဲ ဖုတ်ကောင်သိုးထိန်းထံသို့ နောက်တစ်ကြိမ် ဦးတည်လိုက်ကြသည်။ မြူမီးခိုးသည် ရှေ့သို့ ပြေးဝင်သွားပြီး ဖုတ်ကောင်သိုးထိန်းထံ လက်ညှိုးတစ်ချောင်းဆန့်လိုက်ရာ အချင်း နှစ်မီတာကျော်ရှိသော ဧရာမ ယန္တရားစွမ်းအင်အမြောက်ကြီးက ပြင်းထန်စွာ ပွင့်ထွက်လာသည်၊၊

ဘွန်းးး

တစ်ချက်တည်းနှင့်ပင် ဖုတ်ကောင်သိုးထိန်း၏ အနီရောင်မြူထုနှင့် ကာကွယ်ရေးစွမ်းအင်နယ်ပယ်မှာ လုံးဝပိတ်ကျသွားသည်။ လင်းရှန်လည်း ထိုအခွင့်အရေးကို အမိအရဖမ်းဆွဲကာ ရှေ့တည့်တည့်မှ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ဖုတ်ကောင်သိုးထိန်း၏ ဟောင်းလောင်းပေါက် မျက်လုံးလေးလုံးမှ ရုတ်တရက် အနီရောင်မြူ အမြောက်အမြား ထွက်ပေါ်လာပြီး မြူမီးခိုးကို လုံးဝဖုံးလွှမ်းသွားစေသည်။ ထို့နောက် ၎င်း၏မျက်လုံးများမှ လေဆာတန်းလေးခု ထွက်ပေါ်လာကာ မြူများကို ပေါက်ကွဲစေလိုက်သည်။

ထိုပေါက်ကွဲမှုကြောင့် မြူမီးခိုး၏ ဇီဝပေါင်းစပ်သံချပ်ကာသည် အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားပြီး အပျက်အစီးများပေါ်သို့ လဲကျသွားသည်။ မြူမီးခိုး ပြန်မထနိုင်မီမှာပင် အထက်မှ ဖုန်မှုန့်များနှင့် တိမ်တိုက်များကြား၌ ကြီးမားလှသော အမည်းရောင်အရိပ်ကြီးတစ်ခု ဖုံးလွှမ်းလာပြီး ဖုတ်ကောင်သိုးထိန်းက သူတို့အပေါ်သို့ ဖိနင်းချလိုက်တော့သည်။

“သတိထား”

လင်းရှန်နှင့် ချူယန်တို့သည် လက်မောင်းများကို မြှောက်ကာ AT စွမ်းအင်ဒိုင်းဖြင့် ကာကွယ်လိုက်သော်လည်း ဖုတ်ကောင်သိုးထိန်းက ထိုဒိုင်းကို တိုက်ရိုက်ဖောက်ထွက်ကာ နင်းချလိုက်ရာ လက်ကောက်ဝတ် သံချပ်ကာများမှာ အလွှာလိုက် ပေါက်ကွဲကုန်သည်။

[ သတိပေးချက် - မြူမီးခိုး အာရုံကြောဖိနှိမ်မှု ကျဆင်းနေသည်၊၊ လှုပ်ရှားမှု ၈၁% အထိ မြင့်တက်လာပြီး ဇီဝသံချပ်ကာ စည်းချက်ညီစွာ ထိန်းချုပ်နိုင်မှု စွမ်းဆောင်ရည် ၉၃.၂% သို့ လျော့ကျသွားသည် ]

ဗိုင်အိုလာသည် သတိပေးသံက တစ်ကြိမ်မက ထွက်ပေါ်လာသည်၊၊

နောက်တစ်ခဏတွင် ဖုတ်ကောင်သိုးထိန်း၏ သွေးကဲ့သို့ နီရဲသော မျက်လုံးလေးလုံးမှာ ထပ်မံလင်းထိန်လာပြီး မြူမီးခိုး၏ ဦးခေါင်းကို တိုက်ရိုက်ချိန်ရွယ်လိုက်သည်။

ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ၊၊

လင်းရှန် အံတင်းတင်းကြိတ်ကာ အော်လိုက်သည်၊၊

“တမန်တော်- သံလိုက်မုန်တိုင်း ရိုက်ခတ်မှု”

ဝူးးး

ပြင်းထန်သော စွမ်းအင်များ စုစည်းလာပြီး ဖုတ်ကောင်သိုးထိန်း၏ လေဆာပစ်ခါနီးတွင် အချင်းမီတာ ၅၀၀ ကျော်ရှိသော သံလိုက်မုန်တိုင်းကြီးတစ်ခုသည် ပြင်းထန်စွာ ပေါက်ကွဲကာ လေထုတစ်ခုလုံး ပြည့်နှက်သွားကာ လေဆာတန်းများကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်၊၊

ထို့နောက် သူတို့နှစ်ယောက်သည် လက်ချင်းတွဲကာ တိုက်ခိုက်လိုက်သည်၊၊

ဘန်းးးး

မြူမီးခိုး၏ ယန္တရားလက်တစ်လျှောက် တွန်းကန်ဂျက် ၁၂ ခုက ရုတ်ချည်း အသက်ဝင်လာသည်၊၊ လက်ချောင်းများပေါ်မှ လျှပ်စစ်ပေါက်ကွဲကိရိယာများပါ လင်းလက်လာပြီးနောက် ဖုတ်ကောင်သိုးထိန်း၏ မျက်နှာဆီသို့ ဘယ်ညာလက်သီးနှစ်လုံး ပစ်ဝင်သွားသည်၊၊

သူတို့ ဖုတ်ကောင်သိုးထိန်းကို နောက်သို့ တွန်းထုတ်လိုက်သည့် အခိုက်အတန့်မှာပင် ၎င်းသည် ဧရာမ ပါးစပ်ကြီးကို ဟလိုက်ပြီး အလွန်မြင့်မားသော အပူချိန်ရှိသည့် မီးတောက်များကို ချက်ချင်း မှုတ်ထုတ်လိုက်လေသည်။

စူးရှသော အဖြူရောင်အလင်းတန်းကြီး ဖြတ်သန်းသွားပြီးနောက် မြူမီးခိုး၏ ရင်ဘတ်ချပ်ကာနှင့် ဦးခေါင်းချပ်ကာများမှာ ချက်ချင်းပင် အငွေ့ပျံသွားခဲ့သည်။ တစ်ကိုယ်လုံး၏ စွမ်းအားနှင့် စွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်သွားပြီး အင်ဂျင်စနစ်အားလုံး ရပ်တန့်သွားလေတော့သည်။

ပြင်းထန်သော အပူလှိုင်းရိုက်ခတ်မှုကြောင့် လင်းရှန် သတိလစ်လုနီးပါး ဖြစ်သွားသည်။ထိန်းချုပ်ခန်းအတွင်းမှ ရှင်သန်ရေးတောင့်ထဲတွင် လဲလျောင်းနေသော လင်းရှန်၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူ့နှာခေါင်းနှင့် နားနှစ်ဖက်မှ သွေးများ တသွင်သွင်စီးကျလာကာ မျက်နှာနှင့် ဆံပင်များကို စိုရွှဲသွားစေသည်၊၊

[အန္တရာယ် အန္တရာယ် နှလုံးခုန်နှုန်း ကျဆင်းနေသည်]

[AED စနစ်ကို အသက်သွင်းရမလား]

“လင်းရှန်၊ လင်းရှန်”

အသိစိတ်နယ်ပယ်အတွင်းရှိ ချူယန်က လင်းရှန်၏ နာကျင်မှုအားလုံးကို အတိုင်းသား ခံစားနေရသည်။ လင်းရှန်သည် ငရဲတံခါးဝသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ အသိစိတ်ပြတ်တောက်လုနီးပါးဖြစ်ကာ မူးဝေနောက်ကျိနေလေသည်။

“သတိထား၊၊ အဲဒီကောင် ထပ်လာနေပြီ”

လင်းရှန် သတိပြန်ဝင်လာချိန်တွင် ဖုတ်ကောင်သိုးထိန်းသည် သူတို့အပေါ်၌ တောင်ကြီးတစ်လုံးကဲ့သို့ မိုးနေပြီး ၎င်း၏ နတ်ဆိုးတစ်ကောင်လို မျက်လုံးများဖြင့် မြူမီးခိုးကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုခဏတွင် လင်းရှန်နှင့် ချူယန်တို့ ခံစားနေရသည်— ဤသတ္တဝါကြီးသည် အသိစိတ်ထိုးဖောက်မှုမှတစ်ဆင့် မီးခိုးရောင်မြူများအတွင်းရှိ သူတို့ကို မြင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် ဖြစ်ပေါ်လာသော ခံစားချက်မှာ ဝေခွဲမရဖြစ်ခြင်းလား သို့မဟုတ် ဒေါသထွက်ခြင်းလား ဆိုသည်ကိုမူ သူတို့ မပြောနိုင်ကြတော့ပေ။

သို့သော် ရှေ့တည့်တည့်မှ ပြေးဝင်လာသော လေဆာတန်းများက သူတို့ကို သေမင်းတမျှ ဖိအားပေးနေသည်။

ဘွန်းးး

ထိုစဉ် ကောင်းကင်မှ ဟိုင်ပိုင်လုံ ပဲ့ထိန်းစွမ်းအင်အမြောက်ထံမှ ဖျက်အားပြင်း အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာပြီး ဖုတ်ကောင်သိုးထိန်း၏ မျက်နှာကို တည့်တည့်မှန်ကာ အနီရောင်မြူများများကို ပေါက်ကွဲသွားစေပြီး ၎င်းကို နောက်သို့ ဆုတ်သွားစေသည်။

ထို့နောက် အရပ်မျက်နှာ သုံးခုမှ ဂြိုလ်ပတ်လမ်းတုန်ခါကြယ်အမြောက် သုံးလက်က တစ်ပြိုင်နက် ပစ်ခတ်လိုက်ရာ ဖုတ်ကောင်သိုးထိန်းကို ဆက်တိုက်ထိမှန်သွားသည်။ တစ်ချိန်တည်းမှာပင် စွမ်းအားရှင်များ၏ အားကုန်တိုက်ခိုက်မှုများလည်း ထွက်ပေါ်လာသည်၊၊

“မီးလက်သီး”

လုရှင်းချန်၏ မီးတောက်များ၊ ကီကီ၏ စိတ်စွမ်းအင်လှိုင်းများ၊ ကျန်းယွမ်၏ လေမုန်တိုင်း၊ မိုနီကာ၏ အသံလှိုင်းဓားသွား၊ အားဖေး၏ လေဆာ၊ လီကွမ်းဝမ်၏ တုန်ခါလက်သီး...။ ကောင်းကင်ယံ၌ သံမဏိအစောင့်တပ်ရင်း၏ လေတပ်မှ အမြောက်အားလုံးကို တစ်ပြိုင်နက် ပစ်ခတ်ကာ ဖုတ်ကောင်သိုးထိန်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။

“လင်းရှန်၊၊ အဆင်ပြေရဲ့လား”

ကီကီ၏ စိုးရိမ်တကြီး မေးသံထွက်ပေါ်လာသည်။

“အသက်ရှင်ပါသေးတယ်”

လင်းရှန် သူ၏ အသိစိတ်ကို ထိန်းထားနိုင်ရန် သွားကို တင်းတင်းကြိတ်ကာ ချူယန်နှင့်အတူ ပြန်လည်ထရပ်လိုက်သည်။

“အာရုံကြောဖိနှိမ်နှုန်းက ကျဆင်းနေပြီ၊၊ ဇီဝပေါင်းစပ်သံချပ်ကာက ကြာကြာခံမှာ မဟုတ်ဘူး”

ချူယန်ကလည်း အံကြိတ်ကာ မတ်တတ်ရပ်လိုက်သည်၊၊

“လင်းရှန်၊၊ အဲဒီကောင်ရဲ့ ကာကွယ်ရေးစွမ်းအားကို ဖျက်ဆီးနိုင်မယ့် နည်းလမ်းကို ငါတို့ ရှာရမယ်”

“အင်း”

လင်းရှန်သည် သူ၏ ရှုပ်ထွေးနေသော အသိစိတ်ကို အဆက်မပြတ် ညှိယူနေသည်၊၊ ဖုတ်ကောင်သိုးထိန်း၏ တိုက်ခိုက်မှုများမှာ ဖျက်ဆီးခြင်းအဆင့်တွင် ရှိနေသည်။ သူ၏ AT စွမ်းအားဒိုင်းမှာ ၎င်းကို မတောင့်ခံနိုင်သည့်အပြင် နူဓာတ်ပြုအဆင့် သက်တံ့ကွင်းမှ စွမ်းအင်များကိုလည်း အလွန်အမင်း ကုန်ဆုံးစေသည်။ ထို့ပြင် မြူမီးခိုး၏ နူကလီးယားစွမ်းအင်ဗဟိုချက် ရပ်တန့်သွားခြင်းက အခက်ခဲဆုံးပြဿနာပင်။

“လင်းရှန်၊၊ ကျွန်မပြောတာ ကြားရလား”

ထူးဆန်းနေသော်လည်း ရင်းနှီးနေသည့်အသံတစ်ခု ထွက်ပေါ်လာသည်၊၊

လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊

“ဒါရိုက်တာတင်းလား”

တင်းကျန်းရီ၏ အသံက ထွက်ပေါ်လာသည်။ သူမသည် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားပြီး လင်းရှန်နှင့် အရေးပေါ် ဆက်သွယ်နိုင်ရန် ကီကီက သူမကို စိတ်စွမ်းအားဖြင့် ခေါ်လာပေးခဲ့ခြင်းဖြစ်သည်။

“ကြားရတယ်၊၊ ပြောပါ”

“ရှင် ပို့လိုက်တဲ့ အမှောင်စွမ်းအင် အသွင်ပြောင်းမှု ဒေတာတွေကို ကျွန်မလေ့လာပြီးပြီ။ S-Class သတ္တဝါတွေက အမှောင်အာကာသထဲမှာ ရှိနေသလိုမျိုး ကာကွယ်ရေးစွမ်းအားတွေနဲ့ အထူးစွမ်းအားတွေကို အဆက်မပြတ် သုံးနိုင်နေတယ်။ ဒါပေမဲ့ မြို့ထဲကို ဝင်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ ပြန်ကောင်းနှုန်း နှေးကွေးသွားတာကို တွေ့ရတယ်။ ကျွန်မပြောတာကို နားလည်လား”

လင်းရှန် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ဒီမှာ ပေါင်းစည်းမျှော်စင်ရှိနေလို့ သူတို့က အမှောင်ထုဆီကနေ စွမ်းအင်မရနိုင်တာလား”

“အတိအကျပဲ”

ထိုစဉ် တိတ်ဆိတ်မြို့တော်မှ ရှင်းဂျီ၏ အသံ ထပ်မံထွက်ပေါ်လာသည်။

“ငါ့ရဲ့ တွက်ချက်မှု ဒေတာတွေနဲ့လည်း အတူတူပဲ။ ဒါကြောင့် ဖုတ်ကောင်သိုးထိန်းက ပေါင်းစည်းမျှော်စင်ကို ဖျက်ဆီးဖို့ သေချာပေါက် ကြိုးစားမှာပဲ”

“ဒါဆိုရင် သူ့ကို အခွင့်အရေးပေးလို့မဖြစ်ဘူး”

မြူမီးခိုး၏ နောက်ဘက်ရှိ စူပါစထရင်း နူဓာတ်ပြုအဆင့် သက်တံ့ကွင်း သုံးခုလုံး လင်းထိန်လာသည်။ လင်းရှန်နှင့် ချူယန်တို့သည် အားတင်းကာ မြေကျင်းထဲမှ ပြန်လည်ထရပ်လိုက်ကြသည်။ တင်းကျန်းရီက ဆက်ပြောသည်၊၊

“လင်းရှန်။ S-Class တွေက တခြားသတ္တဝါတွေဆီက စွမ်းအင်ကို သုံးပြီး ရှင်သန်နိုင်တယ်။ ဒါကြောင့် မြို့ထဲမှာ သေသွားတဲ့ သတ္တဝါတွေကလည်း သူ့ကို စွမ်းအင်ပေးနိုင်တယ်”

“ဒါပေမဲ့ အကန့်အသတ်ရှိတယ်”

လင်းရှန်က ပြန်ပြောလိုက်သည်။

“ဒါဟာ ငါတို့ရဲ့ အိမ်ကွင်းပဲ”

လင်းရှန်နှင့် ချူယန်တို့သည် စိတ်ချင်းတစ်သားတည်း ဖြစ်သွားကြပြီး မြူမီးခိုး၏ အမြင်အာရုံသို့ ပြန်လည်ရောက်ရှိကာ မတ်တတ်ရပ်လိုက်ကြသည်။

ဖုတ်ကောင်သိုးထိန်းသည် နေရာအနှံ့မှ တိုက်ခိုက်မှုများကို ခုခံရန် အကာကွယ်စွမ်းအင်နယ်ပယ်ကို ဖွင့်လိုက်သည်၊၊ ထို့နောက် သံမဏိအစောင့်တပ်ရင်း၏ လေယာဉ်များထံသို့ လေဆာတန်းတစ်ခု ပစ်ခတ်လိုက်ရာ အစိတ်အပိုင်းအတော်များများ ပေါက်ကွဲသွားသည်။ ၎င်းသည် တိတ်ဆိတ်မြို့တော်ဘက်သို့ ပစ်ခတ်ရန် ပြင်လိုက်စဉ်မှာပင် ဓားကြီးတစ်စင်းက လေထုကို ဖြတ်သန်းလာပြီး ဖုတ်ကောင်သိုးထိန်း၏ စွမ်းအင်နယ်ပယ်အတွင်းသို့ စိုက်ဝင်ကာ ပေါက်ကွဲမှု ဖြစ်ပွားသွားသည်။

“တမန်တော် - ဆွဲငင်အားမှန်ဘီလူး”

ယခုတစ်ကြိမ်တွင် မြူမီးခိုးက ရှေ့သို့ အရင်ဆုံး ပြေးဝင်သွားပြီး ဧရာမ တွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ဆွဲငင်အားမှန်ဘီလူးသည် ပြင်းထန်သော ပျက်စီးခြင်းမုန်တိုင်းတစ်ခုလို ဖုတ်ကောင်သိုးထိန်း၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး စွမ်းအင်အမြောက်အမြားကို စုပ်ယူပစ်လိုက်ရာ ဦးခေါင်းပေါ်မှ အရေပြားနှင့် လက်တံအချို့မှာ စုတ်ပြဲစပြုလာသည်။ လင်းရှန်နှင့် ချူယန်တို့လည်း သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီးကို အားကုန်ခုတ်ချလိုက်လေတော့သည်။

ဝုန်း

ထိုခုတ်ချက်ကြောင့် ဖုတ်ကောင်သိုးထိန်း၏ ဦးခေါင်းနှင့် ကိုခန္ဓာကိုယ်မှ အသားစိုင် အမြောက်အမြား ပြတ်ထွက်သွားလေသည်။ ဖုတ်ကောင်သိုးထိန်းသည် အန္တရာယ်ကို အာရုံခံမိသွားပြီး တိုက်ခိုက်မှုများမှ သူဝါးမျိုထားသော အနီရောင်မြူများကို ဖောက်ခွဲလိုက်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားသွားသည်။ ထို့နောက် ၎င်းသည် ကိုယ်ဖျောက်ကာ ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

“ဘယ်မှာလဲ”

“ကောင်းကင်ပေါ်မှာ”

ရှင်းဂျီ၏ အသံက ထွက်ပေါ်လာသည်။ ရှီဇီသည် ကြီးမားလှသော အမှောင်စွမ်းအင် လှုပ်ရှားမှုကို ဖမ်းယူနိုင်သော်လည်း ဖုတ်ကောင်သိုးထိန်း၏ အရှိန်ကိုမူ မမှီနိုင်ဘဲ ဖြစ်နေလေတော့သည်။

All Chapters