အခန်း (၈၈၀-၈၈၁)
Vol. 51 Ch. 880-881
Chapter 880
ကစဥ့်ကလျားအခြေနေ ၄
“ပလာစမာအမြောက်ကို ဖွင့်”
“ပလာစမာအမြောက်ကို ဖွင့်”
ဝုန်း ဝုန်း ဝုန်း... ခဏချင်းတွင်ပင် ပလာစမာအမြောက်သုံးချက်သည် မြေကမ္ဘာ၏ ခေါင်းကို တိုက်ရိုက်ထိမှန်သွားပြီး ဒီဂရီထောင်ချီသော အပူချိန်နှင့်အတူ အပြာရောင် အိုင်းယွန်းအလင်းတန်းများက မြို့တော်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
မြေကမ္ဘာသည် အသံတိုးတိုးဖြင့် အော်ညည်းကာ ရွှမ်းဝူ၏ တိုက်ခိုက်မှုကြောင့် နောက်သို့ နှစ်မီတာမျှ ဆုတ်သွားရပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားလေ၏။
“ပစ်အားအကုန်သုံးကြ”
ချင်ညီအစ်ကိုက အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် မီတာ ၆၀ ရှည်သော ချေမှုန်းရေးတိုက်သင်္ဘောနှစ်စင်းသည် ရွှမ်းဝူ၏ ဘေးတွင် ပေါ်လာပြီး ဂြိုလ်ပတ်လမ်းကြောင်းတုန်ခါ အမြောက်များကို ပြင်ဆင်လိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် Iron Guard-3၊ ဂါးဒီးယန်း-X နှင့် မီးနတ်ဘုရားစက်ရုပ်တစ်ရာကျော်သည် သံမဏိမြို့ရိုးသဖွယ် ဖွဲ့စည်းပုံဖြင့် ပစ်အားများကို တစ်နေရာထဲသို့ သွန်းလောင်းလိုက်ကြတော့သည်။
ခဏချင်းတွင်ပင် ကျည်ဆန်မိုးများ၊ အလင်းတန်းများ၊ မီးလျှံများနှင့် သံမဏိမုန်တိုင်းများသည် မြေကမ္ဘာနှင့် မွန်းစတားအုပ်ကြီးကို လွှမ်းခြုံသွားသည်။ တောက်ပသော အမြောက်စွမ်းအင်တန်း နှစ်ခုသည် မြေပြင်ပေါ်တွင် အရည်ပျော်နေသော မြောင်းကြီးနှစ်ခုကို ဖန်တီးကာ မြေကမ္ဘာ၏ ဦးခေါင်းကိုသာ စုပြုံပစ်ခတ်နေသည်။
ထိုပြင်းထန်သော ပစ်ခတ်မှုအောက်တွင် မြေကမ္ဘာပေါ်ရှိ တောင်တန်းများနှင့် အခွံလွှာ သုံးပုံတစ်ပုံခန့်မှာ ကွဲအက်သွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ ပေါက်ကွဲလွင့်စင်သွားတော့သည်။
“ကျသွားပြီလား”
မိနစ်အတော်ကြာ ဆက်တိုက်ပစ်ခတ်ပြီးနောက် စစ်မြေပြင်သည် မီးခိုးနှင့် မီးတောက်များဖြင့် ပြည့်နှက်နေသည်။ ပစ်ခတ်မှု ခေတ္တရပ်နားချိန်တွင် တိုက်သင်္ဘောတစ်စင်းမှ ပိုင်းလော့က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် လှမ်းမေးလိုက်သည်။
“နေဦး”
ချင်ယွဲ့သည် စနစ်မြင်ကွင်းပေါ်ရှိ ထူးဆန်းသော စွမ်းအင်လှိုင်းများကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။
“တုန်ခါလှိုင်း ကာကွယ်ရေးအတွက် ပြင်ထားကြ”
ဝူး
ချင်ယွဲ့စကားအဆုံးတွင်ချင်ယွဲ့၏ စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းမွန်းစတားများ၏ အကြွင်းအကျန်များနှင့် အမည်းရောင် အခိုးအငွေ့များသည် ပြင်းထန်သော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော ကျင်းကြီးဆီသို့ လျင်မြန်စွာ စုစည်းသွားသည်ကို လူတိုင်း သတိပြုမိလိုက်ကြသည်။ ကျယ်လောင်သော စွမ်းအင်ပေါက်ကွဲသံတစ်ခု စူးရှစွာ ထွက်ပေါ်လာပြီးနောက် နောက်တစ်စက္ကန့်တွင် နီရဲမည်းနက်သော ဧရာမ တုန်ခါလှိုင်းကြီးမှာ စက်ဝိုင်းပုံစံဖြင့် ဖြာထွက်ကာ ပေါက်ကွဲထွက်သွားသည်။ ထိုပြင်းထန်သော တုန်ခါလှိုင်းသည် သံမဏိအစောင့်တပ်ရင်းနှင့် အစောင့်တပ်ဖွဲ့မှ တိုက်ခိုက်ရေးမီကာများကို လေထဲသို့ လွင့်စင်သွားစေပြီး မြေပြင်မှ ဖုန်မှုန့်များမှာ ကီလိုမီတာနှင့်ချီ၍ ပျံ့နှံ့သွားတော့သည်။
ထိုအချိန်တွင် ရွှမ်းဝူနှင့် တိုက်သင်္ဘောနှစ်စင်းသာလျှင် တုန်ခါလှိုင်းကို ခံနိုင်ရည်ရှိခဲ့သည်။ ခဏချင်းအတွင်း မြေပြင်ပေါ်ရှိ အပျက်အစီးများ၊ သန္ဓေပြောင်းမွန်းစတားအလောင်းများနှင့် အရာအားလုံးမှာ ဖိသိပ်မှုကြောင့် အချင်းတစ်ကီလိုမီတာကျော်ရှိသော ပြာမှုန့်ဇုန်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
တီ တီ တီ...
ရွမ်းဝူ၏ ထိန်းချုပ်ခန်းအတွင်း အချက်ပေးသံများစွာ တစ်ပြိုင်နက် မြည်လာသည်။ တုန်ခါလှိုင်းဒဏ်မှ ပြန်လည် နာလန်ထူလာသော ချင်ညီအစ်ကိုသည် အလယ်ဗဟိုသို့ စိုက်ကြည့်လိုက်ရာ မြေကမ္ဘာသည် ယခုအခါ သန္ဓေပြောင်းမွန်းစတားအကြွင်းအကျန်များ၊ အရေခွံများဖြင့် ဖုံးလွှမ်းနေပြီး ကတ္တရာစေးကဲ့သို့ မည်းနက်သော အရည်များဖြင့် ပတ်ချာလည်ဝိုင်းကာ တစ်ကိုယ်လုံး မည်းနက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ထူးဆန်းသော ဦးခေါင်းပေါ်ရှိ သွေးရောင်မျက်လုံး နှစ်လုံးမှာ ကြောက်မက်ဖွယ်လှိုင်းများကို ထုတ်လွှတ်နေပြီး ထို ကတ္တရာစေးလိုအရာများ၏ ပြောင်းလဲမှုနှင့်အတူ ၎င်း၏ အရွယ်အစားမှာ ပိုမိုကြီးမားလာပုံရသည်။
“တိုက်ပွဲအခြေအနေကို အတည်ပြုပါတယ်၊၊ ဒီ S-Class မွန်းစတားက မျိုးတူစွမ်းအင်တွေကို ဝါးမျိုပြီး ကြီးထွားလာနိုင်တယ်”
ချင်ယွဲ့၏ မျက်လုံးများ တုန်လှုပ်သွားကာ ဆက်သွယ်ရေးစက်ထဲသို့ ချက်ချင်း အော်ပြောလိုက်သည်။
“တစ်ချက်တည်းနဲ့ အပြတ်ရှင်းရမယ်”
“ကြိမ်နှုန်းမြင့် ချိန်းဓားသွားကို အသင့်ပြင်”
ရွှမ်းဝူသည် ချိန်းဓားသွားကြီးကို နောက်တစ်ကြိမ် မြှောက်လိုက်သော်လည်း ထိုအချိန်တွင် တုန်ခါမှုဖြစ်ပွားရာ အလယ်ဗဟိုမှာ ပြင်းထန်စွာ တုန်ခါလာပြီး ဖုန်မှုန့်များစွာ ထွက်ပေါ်လာသည်။ ချင်ယွဲ့နှင့် ချင်ချွမ်းတို့သည် ပုံမှန်မဟုတ်သည်ကို သတိပြုမိသဖြင့် ပလာစမာအမြောက်ဖြင့် ချက်ချင်း နှစ်ချက်ပစ်ခတ်လိုက်သည်။ သို့သော် ပလာစမာများ အလယ်ဗဟိုတွင် ပေါက်ကွဲသွားချိန်၌ မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီးတစ်ခုကို သူတို့ တွေ့လိုက်ရပြီး မြို့တစ်မြို့လုံးနှင့် ပုကျန်းမြစ်မှာ တုန်ခါသွားတော့သည်။
မြေကမ္ဘာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွဲ့သည် မော်နီတာပေါ်ရှိ တုန်ခါလှိုင်း လမ်းကြောင်းကို အမြန်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
အကြောင်းမှာ သူသည် ကွဲပြားသော ငလျင်လှိုင်းအချက်ပြနှစ်ခုကို မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
“မကောင်းတော့ဘူး၊ ဆုတ်ကြ”
ချင်ညီအစ်ကို၏ မျက်နှာများ ပျက်သွားပြီး ရွှမ်းဝူကို အမြန်နောက်ဆုတ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင်ပင် သူတို့နောက်ဘက်ရှိ ပုကျန်းမြစ်၏ နက်ရှိုင်းသော ရေပြင်မှ ရေလှိုင်းများ ပြင်းထန်စွာ ထကြွလာပြီး မီတာတစ်ရာကျော် မြင့်သော မည်းနက်သည့် သတ္တဝါကြီးတစ်ကောင်က ဝုန်းခနဲ ထွက်ပေါ်လာကာ ၎င်း၏ အစွယ်များဖြင့် ရွှမ်းဝူ၏ သံလိုက်စွမ်းအင်ဒိုင်းကာကို ကိုင်ထားသော လက်ဝဲဘက်လက်မောင်းကို တိုက်ရိုက် ကိုက်ဖြတ်ပစ်လိုက်သည်။
“သေစမ်း”
ချင်ချွမ်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း ချင်ယွဲ့က တုံ့ပြန်ပြီးသားဖြစ်သည်။ သူသည် အံကြိတ်ကာ အော်လိုက်သည်။
“အလျားလိုက် ခုတ်”
ဝှစ် ရွှပ်
ညီအစ်ကိုနှစ်ဦး၏ တုံ့ပြန်မှုမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ စက်ရုပ်လက်မောင်း ပြတ်ကျမသွားမီမှာပင် သူတို့သည် ညာဘက်လက်မောင်းမှ ချိန်းဓားသွားကို ထိန်းချုပ်ကာ လက်ယာရစ်၍ အလျားလိုက် ခုတ်ချလိုက်ရာ ချိန်းဓားသွားကြီးသည် လေခွင်းသံနှင့်အတူ ရုတ်တရက် ပေါ်လာသော မြေအောက်သတ္တဝါ၏ ဦးခေါင်းတစ်ဝက်ကို ဖြတ်တောက်သွားသည်။
ဝုန်း
ထိုဧရာမ မြေတွင်းအောင်းပိုးကောင်ကြီးသည် တစ်ချက်တည်းဖြင့် သေဆုံးမသွားပဲ မြေအောက်ထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားကာ ထွက်ပြေးရန် ပြင်နေသည်။ ချင်ယွဲ့နှင့် ချင်ချွမ်းတို့သည် ၎င်းကို လွှတ်မပေးလိုသဖြင့် ချိန်းဓားသွားကို ပြန်မြှောက်လိုက်သော်လည်း ထိုအချိန်တွင်ပင် ဧရာမ အရိပ်ကြီးတစ်ခုနှင့်အတူ ဆိုးနစ်အသံလှိုင်းတိုက်ခိုက်မှုက သူတို့ကို ဘေးသို့ ပြင်းထန်စွာ ရိုက်ထုတ်လိုက်သည်။
မြေကမ္ဘာ။
ထိုအချိန်တွင် ထိုမြေတွင်းအောင်ပိုးကောင်ကြီးသည် မြေအောက်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး မြေပြင်ကြီး တစ်ဟုန်ထိုး လှုပ်ခတ်သွားကာ ကီလိုမီတာ အနည်းငယ်အကွာရှိ မြို့ရိုးများဆီသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
တစ်ဘက်ခြမ်းရှိ အစောင့်တပ်သည်လည်း ပုံမှန်မဟုတ်သည်ကို သတိပြုမိလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ အမြောက်သံများ ဟိန်းဟောက်နေစဉ်မှာပင် ကိုယ်လုံးမှ အရည်များ စိမ့်ထွက်နေသော ဧရာမ ပိုးကောင်ကြီးသည် မြေအောက်မှ ရုတ်တရက် ထိုးထွက်လာပြီး နံပါတ် ၁ မြို့ရိုးကို ဝင်တိုက်လိုက်သည်။ သံကူကွန်ကရစ် မြို့ရိုးကြီး ချက်ချင်းပင် ပြိုကျသွားပြီး ကြီးမားသော အပေါက်ကြီးဖြစ်ပေါ်ကာ အက်ကြောင်းများက နေရာအနှံ့ ပျံ့နှံ့သွား၏။
ဘစ်ဇ်
မြို့ရိုးတစ်ဖက်မှ ဂြိုလ်ပတ်လမ်းကြောင်းတုန်ခါအမြောက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သေလုဆဲဆဲ ဖြစ်နေသော ဧရာမ မြေတွင်းအောင်းပိုးကောင်ကြီးကို ဖောက်ထွက်သွားသည်။ သို့သော် ထိုအချိန်တွင် ရေတွက်၍မရနိုင်သော သန္ဓေပြောင်းမွန်းစတားအုပ်ကြီးမှာ ဆည်ကျိုးသကဲ့သို့ ထိုအပေါက်ကြီးမှတစ်ဆင့် အလုံးအရင်းနှင့် တိုးဝင်လာကြသည်။
“ယား”
ရွှမ်းဝူသည် မြေကမ္ဘာ၏ တိုက်ခိုက်မှုကို အလူးအလဲခံလိုက်ရပြီး ၎င်း၏ ကိုယ်ထည်မှာ မြေပြင်ပေါ်တွင် လျှောတိုက်သွားသည်။ အင်ဂျင်ထောင်ပေါင်းများစွာမှာ အစွမ်းကုန်လည်ပတ်နေပြီး ဟိုက်ဒရောလစ် မောင်းနှင်တိုင်များမှာ စူးရှစွာ မြည်ဟည်းနေလေ၏။
မြို့ရိုးကို ရုတ်တရက် တိုက်ခိုက်ခံရသည်ကို မြင်သောအခါ ချင်ယွဲ့က ဟိန်းဟောက်လိုက်သည်။
“ဓားပစ်မယ်”
ထိုစကားကို ကြားသည်နှင့် ချင်ချွမ်းနှင့် ချင်ယွဲ့တို့သည် ချက်ချင်းပင် တစ်သားတည်း လှုပ်ရှားလိုက်ကြပြီး ညာဘက်လက်မောင်းရှိ ချိန်းဓားကို ပြန်ရုပ်လိုက်သည်။ မြေကမ္ဘာကို အပေါ်သို့ ဆွဲမြှောက်ပြီး လက်တစ်ဖက်ဖြင့် ၎င်း၏ မေးရိုးကို ထိုးနှက်လိုက်ပြီး ညာဘက်လက်မောင်း နောက်ဘက်ရှိ ဂိတ်တံခါးကို ဖွင့်လိုက်ရာ ပေါက်ကွဲအားပြင်း အင်ဂျင် ၁၂ လုံး ပေါ်လာသည်။
“စတင်”
“စတင်”
ဝုန်း... အင်ဂျင် ၁၂ လုံး တစ်ပြိုင်နက် ပေါက်ကွဲကာ မီးလျှံများ ထွက်ပေါ်လာပြီး ပြင်းထန်သော တွန်းအားဖြင့် ကြိမ်နှုန်းမြင့် ချိန်းဓားကြီးကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။ မီတာများစွာ ရှည်သော ချိန်းဓားကြီးသည် လျှပ်စစ်စီးကြောင်းများ တဖျတ်ဖျတ်လက်နေပြီး ပြင်းထန်သော သံမဏိခွန်အားဖြင့် မြေကမ္ဘာ၏ မေးရိုးမှတစ်ဆင့် ဦးခေါင်းခွံအထိ တိုက်ရိုက် ထိုးဖောက်သွားတော့သည်။
ဟွမ်းးး
မြေကမ္ဘာသည် နာကျင်စွာဖြင့် အသံတိုးတိုး ဟိန်းဟောက်လိုက်ပြီး ရွှမ်းဝူ၏ နူကလီးယား စွမ်းအင်သုံး အင်ဂျင်ကို ကိုက်ခဲလိုက်ရာ ရင်ဘတ်သံချပ်ကာသည် တစ်လက်မချင်း အက်ကွဲသွားသည်။
Chapter 881
ကစဥ့်ကလျားအခြေနေ ၅
၎င်းကို မြင်သောအခါ ချင်ယွဲ့နှင့် ချင်ချွမ်းတို့သည် တစ်ဦးကိုတစ်ဦး အလိုလျောက်ကြည့်လိုက်ကြသည်။ ညာဘက်လက်မောင်းရှိ ချိန်းဓားသွားမှ ချိတ်များသည် မြေကမ္ဘာ၏ ဦးခေါင်းကို ချိတ်မိသွားပြီးနောက် သူတို့သည် လက်မောင်းကို ကွေးလိုက်ကာ အော်ဟစ်လိုက်ကြသည်။
“ဗဟိုချက် ပလာစမာ ပန်းထုတ်”
“ဗဟိုချက် ပလာစမာ ပန်းထုတ်”
ဝူး... ထိုအချိန်တွင် မြေကမ္ဘာ ကိုက်ထားသော နူကလီးယား အင်ဂျင်ရှိ နီအိုဘီယမ်-တိုင်တေနီယမ် လျှပ်ကူးကွင်းသည် အပူချိန် တဟုန်ထိုးမြင့်တက်လာပြီး ပြင်းထန်သော အနီရောင် ပလာစမာစီးကြောင်းများက မြေကမ္ဘာ၏ ပါးစပ်နှင့် မျက်နှာပေါ်သို့ ရူးသွပ်စွာ ပန်းထွက်သွားတော့သည်။
ရှီးးးး ရှီးးးး
စူးရှသော အသံများနှင့်အတူ ဒီဂရီထောင်ချီသော အပူရှိန်က မြေကမ္ဘာ၏ ပါးစပ်နှင့် မေးရိုးတစ်ဝက်ကို ချက်ချင်းပင် လောင်ကျွမ်းသွားစေသည်။ ၎င်းမှာ ရုန်းကန်ရန် ကြိုးစားသော်လည်း ဦးခေါင်းသည် ချိန်းဓား၏ ချိတ်အထစ်များဖြင့် ငြိနေသည်။ ၎င်းမှာ အော်ဟစ်ရင်း အသည်းအသန် နောက်ဆုတ်လိုက်ရာ ဦးခေါင်းမှာ ချိန်းဓားမှ ပြုတ်ထွက်သွားပြီး ကိုယ်တွင်းတစ်သျှူးစများနှင့် ဦးနှောက်အစိတ်အပိုင်းများက တစ်ပြိုင်နက် ပန်းထွက်လာသည်။
ရွှမ်းဝူက ၎င်း၏ ဦးခေါင်းကို ဖြတ်တောက်ရန် ပြင်ဆင်နေစဉ်မှာပင် မြေကမ္ဘာသည် လောင်ကျွမ်းနေသော ပါးစပ်ကို ဖွင့်လိုက်ပြီး သဏ္ဌာန်မဲ့ ဆိုးနစ်အသံလှိုင်းဖြင့် တိုက်ခိုက်လိုက်သည်၊၊ ဘေးဘက်မှ ရုတ်တရက် ရိုက်ခတ်လာသော တုန်ခါလှိုင်းက ရွှမ်းဝူကို လွင့်စင်သွားစေသည်။ ယန္တရားအစိတ်အပိုင်းများစွာ ပေါက်ကွဲသွားပြီး အပျက်အစီးပုံများကြားသို့ လဲကျသွားတော့သည်။
ထိုအချိန်တွင် မြေကမ္ဘာသည် ဒေါသတကြီး ဟိန်းဟောက်ကာ ရွှမ်းဝူထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာသည်။
[သတိပေးချက်၊ သတိပေးချက်၊ ဇီဝထိတွေ့မှု]
မီးခိုးနှင့် အပျက်အစီးများ ပြည့်နေသော ရွှမ်းဝူ၏ ထိန်းချုပ်ခန်းအတွင်း၌ ချင်ယွဲ့နှင့် ချင်ချွမ်းတို့လည်း အသည်းအသန် ပြန်ထလာကြသည်။
“ထိခိုက်မှုအတွက် ပြင်ဆင်”
ထိုအချိန်တွင် ချင်ယွဲ့သည် မြို့ရိုးရှိ အပေါက်ကြီးကို လှမ်းကြည့်လိုက်ရာ သန္ဓေပြောင်းမွန်းစတား ထောင်ပေါင်းများစွာမှာ အာရုဏ်ဦးမြို့တော်အတွင်းသို့ စီးဝင်နေပြီး မြို့ရိုးပေါ်သို့ တွားတက်နေကြကာ စစ်သားများစွာသည် အသက်စွန့်၍ ခုခံနေကြသည်ကို တွေ့လိုက်ရသည်။
“အရင်ဆုံး အပေါက်ကို ပိတ်ရမယ်”
ချင်ယွဲ့က အော်လိုက်ပြီး သူနှင့် ချင်ချွမ်းတို့သည် ချိန်းဓားကို ပြန်ရုပ်ကာ မြေပြင်ပေါ်မှ ပြတ်ထွက်နေသော လက်ဝဲဘက်လက်မောင်းနှင့် သံလိုက်စွမ်းအင်ဒိုင်းကာကို ကောက်ယူလိုက်ကြသည်။ ၎င်းတို့ကို ဘေးတိုက်လွှဲကာ ဒိုင်းကာဖြင့် မြေကမ္ဘာကို တွန်းထုတ်လိုက်ပြီးနောက် အားယူကာ ပြတ်ထွက်နေသော လက်မောင်းကို ပစ်ပေါက်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် လေခွင်းသံနှင့်အတူ ဧရာမ သံလိုက်စွမ်းအင်ဒိုင်းကာနှင့် ရွှမ်းဝူ၏ လက်ဝဲဘက်လက်မောင်းတစ်ခုလုံးသည် မြို့ရိုးအပေါက်အတွင်းသို့ ဝုန်းခနဲ ကျဆင်းသွားပြီး ဖုန်မှုန့်များ ထသွားကာ သန္ဓေပြောင်းမွန်းစတားမြောက်မြားစွာကို ဖိသတ်လိုက်သည်။
ယခုအခါ မြို့ရိုးအပေါက်မှာ အတော်အတန်လုံခြုံသွားပြီ ဖြစ်သော်လည်း မြေကမ္ဘာသည် အခွင့်အရေးကို အရယူကာ အနီးကပ် အသံလှိုင်းဖြင့် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ ရွှမ်းဝူသည် ပုကျန်းမြစ်အတွင်းသို့ လွင့်စဉ်သွားပြီး မြစ်ရေများမှာ စက်ရုပ်အတွင်းသို့ လျင်မြန်စွာ စီးဝင်လာကာ အချက်ပေးမီးများမှာ တဖျတ်ဖျတ်လင်းလာတော့သည်။
“အစီရင်ခံပါတယ်၊၊ တောင်ပိုင်းမြို့တော်မှာ အထူးအဆင့် သန္ဓေပြောင်းမွန်းစတားပေါ်လာပါတယ်၊၊ ရွှမ်းဝူက အပြင်းအထန် ပျက်စီးသွားပြီး ပုကျန်းမြစ်ထဲ နစ်မြုပ်သွားပါတယ်၊၊ အသက်ရှင်တဲ့ အချက်ပြမှုကို ရှာမတွေ့တော့ပါဘူး”
“အထူးအဆင့်က… ဘယ်နှကောင်လဲ”
“တစ်ကောင်တည်း မဟုတ်ဘူး၊၊ အနောက်ပိုင်းမြို့တော်မှာလည်း ဇီဝလှိုင်း အသစ်နှစ်ခုကို စမ်းသပ်မိပါတယ်၊၊ နှစ်ကောင်စလုံး အထူးအဆင့်ဖြစ်ဖို့ အလားအလာ အလွန်များပါတယ်”
အနောက်ပိုင်းမြို့တော်၊၊
မြို့အတွင်းရှိ ရပ်ကွက်ပေါင်းများစွာတွင် ပျံ့နှံ့နေသော ဒုက္ခသည် နှစ်သိန်းကျော်သည် မြို့ထဲသို့ တိုးဝင်လာသည့် သတ္တဝါဆိုးများကို ခုခံရန် အစွမ်းကုန် ကြိုးစားနေကြသည်။ အနန္တမဟာမိတ်၊ ဟုန်ယွမ်စီးပွားရေးမဟာမိတ်မှ ဝမ်ဟုန်ယွမ်သည် စီးပွားရေးရပ်ကွက်တစ်ခုတွင် တပ်စွဲထားသည့် ယာဉ်တန်းကို ဦးဆောင်နေပြီး အဆောက်အအုံများမှာ မီးဟုန်းဟုန်းတောက်နေသည်။
“မြို့ထဲမှာ ဘာလို့ ဒီလောက်တောင် များလာတာလဲ”
ဝမ်ဟုန်ယွမ်က ဒုံးပစ်လောင်ချာဖြင့် ဆဲဆိုရင်း ပစ်ခတ်နေရာ လမ်းပေါ်ရှိ သတ္တဝါအချို့ ပျောက်ကွယ်သွားသည်။
“ခေါင်းဆောင်၊ ဟိုဘက်ခြမ်း ကျသွားပြီလား”
“ဘယ်ဘက်လဲ”
သူ၏ နောက်လိုက်တစ်ယောက်က အနောက်ဘက်သို့ ညွှန်ပြလိုက်သည်။ ဝမ်ဟုန်ယွမ် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ မြို့ရိုးမှာ ကီလိုမီတာနှင့်ချီ၍ မီးတောက်များ လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။ တောက်လောင်နေသော မီးလျှံများကြားတွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းမွန်းစတားအုပ်ကြီးမှာ မြို့ရိုးပေါ်မှ စီးကျလာနေပြီး ဧရာမ သတ္တဝါကြီးများသည် မြို့ရိုး၏ အဓိက အဆောက်အအုံများကို ဖျက်ဆီးနေကြသဖြင့် အက်ကြောင်းများ၊ အပေါက်များနှင့် ပွင့်ထွက်နေသော နေရာများစွာ ပေါ်ပေါက်နေသည်။ စစ်သားများသည် အစွမ်းကုန် တိုက်ခိုက်နေကြသော်လည်း သန္ဓေပြောင်းမွန်းစတားများသည် ထိန်းချုပ်မရအောင် မြို့ထဲသို့ စီးဝင်နေကြသည်။
“သေစမ်း... ဟိုမှာ ယန္တရားစက်ရုပ်ကြီး ရှိတယ် မဟုတ်လား၊၊ ဗာမီလီယံက ဘယ်ရောက်သွားတာလဲ”
ဝမ်ဟုန်ယွမ်၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူ၏ စကားမဆုံးမီမှာပင် ကောင်းကင်ယံ၌ နီရဲသော မီးကျည်ကြီးတစ်ခု ပေါက်ကွဲသွားပြီး ဧရာမ စက်ရုပ်ကြီးတစ်ရုပ်က ပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြို့ရိုးအစိတ်အပိုင်းတစ်ခုကို ဖောက်ထွက်ကာ မြို့ထဲသို့ ပြုတ်ကျလာသည်။ လမ်းမများစွာမှာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားပြီး ဖုန်မှုန့်များစွာ ထွက်ပေါ်လာသည်။ ဗာမီလီယံသည် ပျက်စီးနေသော လမ်းမအလယ်တွင် ဒူးတစ်ဖက် ထောက်လျက်သားဖြစ်နေပြီး စက်ရုပ်၏ အစိတ်အပိုင်း အများအပြားမှာ မီးလောင်နေသည်။
ဝူး
ဟိုက်ဒရောလစ်ဆီများနှင့် အအေးခံရည်များသည် မိုးရေနှင့် ရောနှောကာ ခြေရင်းတွင် အပြာရောင် ရေအိုင်ငယ်တစ်ခုဖြစ်ပေါ်နေသည်။ ရင်ဘတ် သံချပ်ကာပေါ်တွင် မီတာဝက်ခန့် နက်သော လက်သည်းရာသုံးခုမှာ ထင်ကျန်နေပြီး ပြင်းထန်သော အပူရှိန်ကြောင့် သတ္တုအနားသတ်များမှာ လိမ်ဖယ်နေကာ အတွင်းပိုင်းရှိ တဖျတ်ဖျတ်လက်နေသော ပတ်လမ်းများနှင့် ပြတ်တောက်နေသော ပိုက်လိုင်းများမှာ အပြင်သို့ ပေါ်ထွက်နေလေသည်။ စက်ရုပ်၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားလှပြီး မည်သည့်အချိန်တွင် ရပ်တန့်သွားမည်ကို မသိနိုင်တော့ပေ။ သို့သော် ဗာမီလီယံသည် အရှုံးမပေးပဲ မီးခိုးများကြားမှ တဖြည်းဖြည်း ပြန်လည်ထရပ်ရန် ကြိုးစားနေလေသည်။
ဗာမီလီယံ၏ ပလာစမာ ဓားတစ်လက်မှာ ကျိုးပဲ့သွားပြီဖြစ်ပြီး တာဘိုင်အင်ဂျင်၏ အခွံမှာလည်း မွန်းစတား၏ အမြီးဆူးဖြင့် အထိုးခံထားရသည်။ ပျက်စီးနေသော အအေးခံပြားများမှာ ကျိုးပဲ့နေသည့် အတောင်ပံများသဏ္ဌာန် အပြင်သို့ ထွက်နေသော်လည်း ဗဟိုစွမ်းအင်ဓာတ်ပေါင်းဖိုမှာမူ အားနည်းသွားခြင်းမရှိဘဲ ဟိန်းဟောက်နေဆဲပင်။
“ပိုင်ရွှမ်း… ပိုင်ရွှမ်း”
ထိန်းချုပ်ခန်းအတွင်း၌ မျက်နှာတွင် သွေးများပေကျံနေသော စုရွှေသည် အာရုံကြောချိတ်ဆက်မှုဒဏ်ကြောင့် မိန်းမောနေသည့် ပိုင်ရွှမ်းကို လှမ်းခေါ်နေသည်။ လေလွင့်သူကို ရင်ဆိုင်နေစဉ်မှာပင် မမျှော်လင့်ဘဲ အထူးအဆင့် သန္ဓေပြောင်းမွန်းစတားနှစ်ကောင် ထပ်မံပေါ်ပေါက်လာမှုကြောင့် သူတို့ အငိုက်မိသွားခဲ့ရသည်။ ဗာမီလီယံ၏ လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုကြောင့် စက်ရုပ်တစ်ကိုယ်လုံး အပိုင်းပိုင်းမပြတ်ဘဲ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အပြင်းအထန် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လေပြင်းတစ်ချက် ဝေ့တိုက်သွားပြီး ဗာမီလီယံပေါ်ရှိ မီးလျှံများကို လျင်မြန်စွာ ငြိမ်းသတ်လိုက်သည်။ ချီနိုဦးဆောင်သော စွမ်းအားရှင် တိုက်ခိုက်ရေးအုပ်စုသည် ယခုအခါ အနောက်ပိုင်းမြို့တော်ဘက်သို့ စုရုံးရောက်ရှိလာကြပြီဖြစ်သည်။ စွမ်းအားဝတ်စုံဝတ်ဆင်ထားသူများ ကောင်းကင်ယံ၌ ပျံသန်းနေကြပြီး ကီကီကမူ လေးလံသော အမူယာဖြင့် ကြည့်နေမိသည်။
“တောင်ပိုင်းမြို့တော်လည်း မခုခံနိုင်တော့ဘူး၊၊ အနည်းဆုံး အထူးအဆင့် သန္ဓေပြောင်းမွန်းစတား သုံး၊လေးကောင်လောက် ပေါ်နေပြီ၊၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ”
“အရင်ဆုံး ဒီဘက်က အပေါက်ကို ပိတ်ရမယ်” ချီနိုက ပြောလိုက်သည်။
“မြို့ရိုးတွေ ပြိုတော့မယ်၊ အမြန်သွားကူကြ”
အသက်ရှင်ကျန်ရစ်သူယာဉ်တန်းတစ်ခုမှ အော်ဟစ်လိုက်သည်။
“မြန်မြန်... သတ္တဝါတွေ မြို့ထဲ ပေးမဝင်နဲ့”
“တိုက်ကြ”
အသက်ရှင်ကျန်ရစ်သူများ၏ ဆက်သွယ်ရေးလိုင်းတွင် အသံပေါင်းစုံ ရောနှောနေပြီး အစောင့်တပ်ဖွဲ့နှင့် သံမဏိအစောင့်တပ်ရင်းမှ သံချပ်ကာယာဉ်များနှင့် ခြေလျင်တပ်များက မြို့ရိုးအပေါက်ရှိရာသို့ စတင် စစ်ကူပေးနေကြပြီဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်တွင် အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများမှ သိန်းသောင်းနှင့်ချီသော အဖွဲ့ဝင်များသည် သံမဏိဒီရေအလား အနောက်ပိုင်းမြို့တော် မြို့ရိုးဆီသို့ စုရုံးဦးတည်နေကြသည်။
သူတို့ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ မြို့အတွင်းရှိ ခိုလှုံနေရာစခန်းများတွင် သူတို့၏ မိသားစုဝင်များနှင့် ကလေးငယ်များ ရှိနေသည်။ မြို့ရိုးသာ လုံးဝပြိုကျသွားပါက ရေတွက်၍မရနိုင်သော အသက်ပေါင်းများစွာမှာ လုံးဝဥဿုံပျောက်ကွယ်သွားပေလိမ့်မည်။
လုရှင်းချန်သည် စွမ်းအားရှင်အဖွဲ့နှင့်အတူ မြို့ရိုးဆီသို့ ပျံသန်းသွားပြီး သူ၏ ဂုဏ်ယူရသော တိုက်ကွက်များကို အစွမ်းကုန်ထုတ်သုံးကာ မွန်းစတားအုပ်ကြီးကို ချေမှုန်းနေသည်။ သို့သော်လည်း အပေါက်များစွာ ဖြစ်ပေါ်နေပြီး အပိုင်းလိုက် ပြိုကျနေသည့် မီတာတစ်ရာမြင့်သော နံပါတ် ၁ မြို့ရိုးကြီးကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။
မြို့ရိုးကြီး တုန်ခါနေသည်။