← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃) သေမင်းတမန်နေရာမှ ပုလော့တောင် နှင့် ထာဝရ နတ်သမီး အလှ

လင်းရီသည် ဝိုင်တစ်အိုးကို ထုတ်ယူပြီး ဟွမ်ဖူမီ၏ ဘေး၌ ထိုင်လိုက်ကာ မေးမြန်းလိုက်၏။

"ကျွန်တော့်မှာ စီနီယာ့ဆီကနေ လမ်းညွှန်မှု တောင်းခံချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်"

ဟွမ်ဖူမီက သူ၏ အသက်ရှူနှုန်းကို ညှိရင်း ပြောဆိုလိုက်၏။

"ပြောစမ်း"

လင်းရီက မေးမြန်းလိုက်ပြန်သည်။

"စီနီယာ ဟွမ်ဖူ... လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ စွမ်းအားကို ဘယ်လို ဖြေဖျောက်ရမလဲ ဆိုတာကို သိပါသလား"

ဟွမ်ဖူမီမှာ ထိုစကားကြောင့် လန့်သွားခဲ့ရ၏။ လင်းရီ၏ လုပ်ရပ်များမှာ ထူးခြားသော်လည်း သူ၏ ကျင့်ကြံခြင်းမှာ ရွှေအမြူတေ အဆင့်သာ ရှိသေးရာ လေနှင့်မီး ကပ်ဘေးတိမ်တိုက် နှင့် ဆုံတွေ့ရန်မှာ အလှမ်းဝေးနေသေးသောကြောင့် ဖြစ်လေသည်။

ဟွမ်ဖူမီက မေးမြန်းလိုက်၏။

"ဒါကို ဘာလို့ မေးတာလဲ"

လင်းရီက ရှင်းပြလိုက်၏။

"အမှန်အတိုင်း ပြောရရင် ကျွန်တော့်ရဲ့ဆရာဘိုးဘေးက ကျွန်တော့်ကို လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ စွမ်းအား တစ်အိုး ပေးခဲ့တယ်... အဲဒါကို ဝိုင်ဖော်စပ်တဲ့ နေရာမှာ အသုံးပြုချင်လို့ပါ... ဒါပေမဲ့ ဒီ လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ စွမ်းအားက အရမ်း လွှမ်းမိုးနိုင်စွမ်း ရှိလွန်းတော့ ၎င်းကို ဖိနှိပ်ပြီး ဖြေဖျောက်ပေးနိုင်မယ့် အရာကို လောလောဆယ် မစဉ်းစားနိုင်သေးလို့ပါ"

ဟွမ်ဖူမီက သူ၏ မျက်လုံးများ အရောင်လင်းသွားပြီးမှ ပြန်လည် မှိန်ကျသွားကာ ပြောဆိုလိုက်၏။

"လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ စွမ်းအားနဲ့ ဝိုင်ဖော်စပ်မယ် ဟုတ်လား... အဲဒါက တကယ့် နည်းလမ်းတစ်ခုပါပဲ... ဒါပေမဲ့ ဒီလုပ်ရပ်က ကောင်းကင်အလိုကို ဆန့်ကျင်နေတယ်... ကပ်ဘေးကို ဖျက်ဆီးပြီး လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ အဆီအနှစ်ကို ထုတ်ယူနိုင်တဲ့သူဆိုတာ ဒီလောကမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ် ဖြစ်ရမယ်... သူတို့တွေက လေနှင့်မီး ကပ်ဘေးတိမ်တိုက်ကို ကြောက်နေမှာ မဟုတ်တော့ဘူး"

ဟွမ်ဖူမီက ခေါင်းခါယမ်းရင်း ဆက်လက်၍ မေးမြန်းလိုက်၏။

"စီနီယာမှာ တကယ်ပဲ နည်းလမ်း ရှိတာလား"

ဟွမ်ဖူမီက ခေါင်းညိတ်ပြရင်း ဆိုလေ၏။

"အဲ့တာကို ဖိနှိပ်ပြီး ဖြေဖျောက်ပေးနိုင်တဲ့ အရာအချို့ကိုတော့ ငါ သိပါတယ်... လေနှင့်မီး ကပ်ဘေးတိမ်တိုက်က ဝိညာဉ်ကို ဖြတ်တောက်ပြီး အရိုးတွေကို လောင်ကျွမ်းစေတယ်... မင်း အနေနဲ့ အဲ့တာကို ပုလော့တောင်က အင်မော်တယ်စမ်းရေနဲ့ ဖြေဖျောက်နိုင်သလို ခွန်သွေး နဲ့ ဖန်းသွေးကို အသုံးပြုပြီး ယင်နဲ့ယန် စွမ်းအားနဲ့လည်း လမ်းညွှန် ဖိနှိပ်နိုင်တယ်"

လင်းရီ၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး ရေရွတ်လိုက်၏။

“အင်မော်တယ်စမ်းရေလား... ခွန်သွေး နဲ့ ဖန်းသွေး လား"

လင်းရီသည် ခွန် နှင့် ဖန်းတို့အကြောင်းကို သဘာဝကျကျ သိရှိထား၏။ ၎င်းတို့မှာ မြောက်ပိုင်း မြေအောက်ကမ္ဘာ ပင်လယ် ၏ ကြီးမြတ်သော အင်မော်တယ် မျိုးစိတ် နှစ်ခု ဖြစ်လေသည်။ သို့သော် လင်းရီသည် ပုလော့တောင် နှင့် အင်မော်တယ်စမ်းရေ အကြောင်းကိုမူ တစ်ခါမျှ မကြားဖူးချေ။

ကွမ်ရွှီ က ကြားဖြတ် ပြောကြားလေသည်။

"ပုလော့တောင်က ကြွေလွင့်မိုးကြိုး တောင်ကြောလိုပဲ နာမည်ကြီးပြီး ဝိညာဉ်ကုန်းမြေရဲ့ သေမင်းတမန် တားမြစ်နယ်မြေ ဆယ်ခုစာရင်းဝင် နေရာတစ်ခုပဲ... ကြွေလွင့်မိုးကြိုး တောင်ကြောက မိုးကြိုးတွေကြောင့် လောကမှာ နာမည်ကြီးသလို ပုလော့တောင် ကလည်း ထာဝရ နုပျိုစေမှုကြောင့် ဝိညာဉ်ကုန်းမြေမှာ ကျော်ကြားလှတယ်... ဘယ်သက်ရှိမဆို ပုလော့တောင် ထဲကို ဝင်လိုက်တာနဲ့ အချိန်တွေ ရပ်တန့်သွားသလိုမျိုး ထာဝရ အသက်ရှင်ခွင့် ရလိမ့်မယ်... ဒါပေမဲ့ ကျင့်ကြံသူ တစ်ယောက်က ပုလော့တောင် ထဲကနေ ပြန်ထွက်လာတာနဲ့ သူတို့ရဲ့ သက်တမ်းက ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ အလျင်အမြန် ကုန်ခမ်းသွားမှာပဲ... အရင်တုန်းက ပုလော့တောင် မှာ အနှစ်တစ်ရာ နေခဲ့တဲ့သူ တစ်ယောက်က အပြင်ထွက်လာတဲ့ ခဏမှာတင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ဖူးတယ်... ပုလော့တောင် ထဲမှာတော့ နတ်ဘုရားစမ်းရေတစ်ခု ရှိတယ်... အဲဒါကို အင်မော်တယ်စမ်းရေလို့ ခေါ်တာပဲ... ၎င်းကို သောက်သုံးပြီးရင်တော့ အင်မော်တယ် အသွင်အပြင်ကို ထာဝရ ထိန်းသိမ်းထားနိုင်သလို ပုလော့တောင် ရဲ့ စွမ်းအားကိုလည်း ဖြေဖျောက်ပေးနိုင်တယ်... အဲဒီလိုနဲ့ ပုလော့တောင်ကနေ ဘေးကင်းကင်း ထွက်လာနိုင်ပြီး သက်တမ်းကိုလည်း နှစ်ပေါင်း သုံးထောင် တိုးစေနိုင်တာပေါ့... နှမြောစရာ ကောင်းတာက အဲ့ဒီ အင်မော်တယ်စမ်းရေက အမြစ်မရှိတဲ့ အရာဖြစ်ပြီး ပုလော့တောင်မှာ ဟိုတစ်စ ဒီတစ်စပဲ ပေါ်လာတတ်တာ... ခဏလေးအတွင်းမှာတင် ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားတတ်တယ်... ဒါကြောင့် သက်တမ်း ကုန်ခါနီး ကျင့်ကြံသူတွေက သူတို့ရဲ့ အသက်ကို ဆက်ဖို့အတွက် ပုလော့တောင်ထဲကို ဝင်သွားတတ်ကြပြီး ထာဝရ ပြန်မထွက်လာတော့ဘူး"

လင်းရီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါတွေက ကောင်းကင်ဘုံရဲ့ လက်ဆောင်တွေပဲဆိုတော့ ရှာရခက်တာပေါ့"

ဟွမ်ဖူမီက ကောင်းကင်ယံမှ လိမ့်ဆင်းလာသော မိုးကြိုးတိမ်တိုက်များကို ကြည့်ကာ တစ်စုံတစ်ခုကို အရိပ်အမြွက် ပြောလိုက်၏။

"အင်မော်တယ်စမ်းရေက အရမ်း ရှားပါးတယ်... ပေါ်လာတဲ့ အကြိမ်တိုင်းမှာလည်း ခွက်တစ်ဝက်စာလောက်ပဲ စုဆောင်းလို့ ရတာ... အဲ့တာက လေနှင့်မီး ကပ်ဘေးတိမ်တိုက်ရဲ့ စွမ်းအားကို ဖြေဖျောက်နိုင်ပေမဲ့ ပမာဏက မလုံလောက်ဘူး... ခွန်သွေး နဲ့ ဖန်းသွေး ကတော့ နည်းနည်း ပိုလွယ်နိုင်ပေမဲ့ အဲဒီ အင်မော်တယ် မျိုးစိတ်နှစ်ခုက အခု မြောက်ပိုင်း မြေအောက်ကမ္ဘာ ပင်လယ် မှာ ဖိနှိပ်ခံထားရတော့ ရဖို့ခက်တာပဲ... ဒါပေမဲ့ တတိယမြောက် နည်းလမ်းတစ်ခုတော့ ရှိသေးတယ်"

လင်းရီက မေးမြန်းလိုက်၏။

"စီနီယာ ပြောတာက ကောင်းကင်သစ်သားကို ဆိုလိုတာလား"

ဟွမ်ဖူမီက ခေါင်းညိတ်ပြရင်း ဆိုသည်။

"မှန်တယ်"

လင်းရီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါဆို စီနီယာက ကောင်းကင်သစ်သားကိုရဖို့နဲ့ လေနှင့်မီး ကပ်ဘေးတိမ်တိုက် ကို ဖြေရှင်းမယ့် နည်းလမ်းကို သုတေသနလုပ်ဖို့ ဒီကို လာခဲ့တာပေါ့... အကယ်၍ ဒါက အမှန်ဆိုရင် ကြွေလွင့်မိုးကြိုး တောင်ကြောက တည်ရှိလာတာ ကြာပြီဖြစ်လို့ ကောင်းကင်သစ်သား တွေ အများကြီး ထွက်ပေါ်ခဲ့မှာပဲ... စီနီယာက ဘာလို့ ဒီလို ထူးထူးဆန်းဆန်း အန္တရာယ်ကို အစွန့်စားခံနေရတာလဲ"

ဟွမ်ဖူမီက ရှင်းပြလေသည်။

"ကောင်းကင်သစ်သားမှာ အဆင့်တွေ ကွဲပြားတယ်... အဲဒီထဲမှာ အကောင်းဆုံးကတော့ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ရဲ့ အပစ်ခံထားရတဲ့ အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားပဲ... နှမြောစရာ ကောင်းတာက အဲဒီအရာက ရှေးခေတ်ကနေ အခုအထိ ဒဏ္ဍာရီထဲမှာပဲ ရှိနေတာ... ဘယ်သူမှ မမြင်ဖူးကြဘူး"

လင်းရီက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"ဘယ်သူမှ မမြင်ဖူးဘူး ဟုတ်လား"

ဟွမ်ဖူမီက ခိုင်မာသော ယုံကြည်ချက်ဖြင့် ပြောဆိုလိုက်သည်။

"အင်း... ဒါပေမဲ့ ဒဏ္ဍာရီရှိနေမှတော့ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုတော့ ကျန်ပါသေးတယ်... ငါ့ကို အချိန်ပေးမယ်ဆိုရင်တော့ ငါ သေချာပေါက် အောင်မြင်ရမယ်"

ဟွမ်ဖူမီက မိမိကိုယ်ကိုယ် နှစ်သိမ့်နေဟန် ရှိလေ၏။ ထို့နောက် သူက ဖြည်းညင်းစွာ ထလိုက်ပြီး မိုးကြိုးတိမ်တိုက်များ၏ လှုပ်ရှားမှုကို နောက်တစ်ကြိမ် စူးစိုက်ကြည့်နေကာ အရှုံးမပေးလိုသေးပေ။

လင်းရီက မေးမြန်းလိုက်ပြန်သည်။

"စီနီယာ... ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်လို့လား"

ဟွမ်ဖူမီက ဖြေကြားလေသည်။

"ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးဆိုတာက အမြဲတမ်း ကျပန်းပဲ... ငါကတော့ ခန့်မှန်းခြေပဲ တွက်ချက်နိုင်တယ်... လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ငါက ကြွေလွင့်မိုးကြိုး တောင်ကြော အနှံ့ သွားလာခဲ့ပြီး ကျင့်ကြံသူ ထောင်သောင်းချီကို မေးမြန်းကြည့်ခဲ့တယ်... အဲဒီအခါမှာ ကြွေလွင့်မိုးကြိုး တောင်ကြော ထဲက ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး တွေက ကျပန်း ပေါ်လာတာ မှန်ပေမဲ့ အကြိမ်ရေ အများဆုံး ကျတတ်တဲ့ နေရာအချို့ ရှိနေတာကို တွေ့ခဲ့ရတယ်... ငါက ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ပစ်တဲ့ မြင်ကွင်းကို ဖော်ပြထားတဲ့ ရှေးဟောင်းကျမ်းစာတွေ အများကြီးကိုလည်း ရှာဖွေခဲ့ပြီး အဲဒီကနေ ပုံစံတချို့ကို အကျဉ်းချုပ် တွက်ထုတ်ခဲ့တာပေါ့... ဥပမာအားဖြင့် ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး က ကျဆင်းတော့မယ်ဆိုရင် တိမ်တိုက်တွေထဲမှာ ဝဲကွက်လေးတွေ ပေါ်လာတတ်တယ်... ပြီးတော့ ဒီ မိုးကြိုးပြာတွေက မိုးကြိုးအပစ်ခံရရာကနေ ရတာဖြစ်လို့ မိုးကြိုးအပေါ် အရမ်း အာရုံခံစားနိုင်စွမ်း ရှိတယ်... အဆင့်မြင့် မိုးကြိုးတစ်စင်း ပစ်တော့မယ်ဆိုရင် သူတို့ရဲ့ အနံ့က တစ်မျိုး ပြောင်းသွားတတ်တယ်"

လင်းရီက သတိပေးလိုက်၏။

"စီနီယာဟွမ်ဖူ... စီနီယာ့မှာ နှလုံးသားကာကွယ်မှန် မရှိတော့ဘဲနဲ့ ဒီ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ရဲ့ စွမ်းအားကို တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်"

ဟွမ်ဖူမီက ပွင့်လင်းပေါ့ပါးစွာ ပြောလိုက်သည်။

"ငါသာ တောင့်မခံနိုင်ရင်တော့ ပြာအဖြစ် ပြောင်းသွားရုံပေါ့... ကြွေလွင့်မိုးကြိုး တောင်ကြောထဲကို မဝင်ခင်က ငါ ကျိန်ဆိုခဲ့တယ်... ကပ်ဘေးဖြေဖျောက်တဲ့ တာအို ကို မတတ်မချင်း ငါ ကြွေလွင့်မိုးကြိုး တောင်ကြောကနေ ထွက်မှာ မဟုတ်ဘူးလို့... ကျယ်ပြောလှတဲ့ ဒီမီးလောင်ပြင်ကြီးနဲ့ မိုးကြိုးတိမ်တိုက်တွေကို ကြည့်စမ်း... မိုးကြိုးတွေနဲ့ နေ့တိုင်း အတူနေတဲ့ ငါလို ဘိုးဘေးတစ်ယောက်အတွက်တော့ ဒါက အကောင်းဆုံး အနားယူရာ နေရာ မဟုတ်ဘူးလား"

လင်းရီက မေးမြန်းလိုက်၏။

"ဒီ မျိုးဆက်သစ်က ရဲတင်းစွာ မေးပါရစေ... စီနီယာက ဘာလို့ ကပ်ဘေးဖြေဖျောက်တဲ့ တာအို အပေါ်မှာ ဒီလောက်တောင် စွဲလမ်းနေရတာလဲ"

ဟွမ်ဖူမီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"မေးလို့မရတာ မရှိပါဘူး... ငါက ငါ့ရဲ့ ဆရာ ငါ့ရဲ့ စီနီယာအစ်ကို နဲ့ ငါ့ရဲ့ အင်မော်တယ် အဖော်တို့ လေနှင့်မီး ကပ်ဘေးတိမ်တိုက် ရဲ့ အောက်မှာ သေဆုံးသွားတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရလို့ပဲ... သူတို့ အားလုံးက ငါ့ဘဝမှာ အရင်းနှီးဆုံး သူတွေပါ... ငါတို့ အတူတူ အနှစ်ထောင်ချီ ဖြတ်သန်းခဲ့ကြတာလေ... ဒါပေမဲ့ မိုးကြိုး တစ်ချက်တည်းနဲ့ အရာအားလုံးက ပြာဖြစ်သွားခဲ့တယ်... အဲဒီအချိန်ကစပြီး ငါ ကတိကြီး တစ်ခု ပြုခဲ့တယ်... ငါတို့ ဝိညာဉ်ကုန်းမြေ လေနှင့်မီး ကပ်ဘေးတိမ်တိုက် ကြောင့် သေဆုံးရတဲ့ ကျင့်ကြံသူ နောက်တစ်ယောက် မရှိစေရဘူးလို့... အသက်ရှင်နေစဉ်မှာ ခွဲခွာရတာတွေ သေဆုံးတဲ့အခါမှာ ဝေးကွာရတာတွေ မရှိပါစေနဲ့... ကောင်းကင်နဲ့ မြေကြီးရဲ့ အဆီအနှစ်တွေ ပြာအဖြစ် မပြောင်းလဲပါစေနဲ့... ဒီကတိ မပြည့်မချင်း ငါ မြေကမ္ဘာအင်မော်တယ် အဆင့်ကို မဝင်ဘူး"

လင်းရီမှာ ထိုစကားကြောင့် တိတ်ဆိတ်သွား၏။

ဟွမ်ဖူမီက လင်းရီကို ကြည့်ကာ အေးအေးလူလူ ပြောဆိုလိုက်၏။

"တကယ်တော့ ငါ့ရဲ့ စုဆောင်းမှုနဲ့ အခြေခံအုတ်မြစ်က လွန်ခဲ့တဲ့ အချိန်ကတည်းက လုံလောက်နေပါပြီ... ငါ့ရဲ့ နှလုံးသားထဲက စွဲလမ်းမှုကိုသာ ငါ စွန့်လွှတ်နိုင်မယ်ဆိုရင် မြေကမ္ဘာအင်မော်တယ် အဆင့်ကို အလွယ်တကူ ဝင်နိုင်မှာပါ... ဒါပေမဲ့ ဒီကတိ မပြည့်ဘူးဆိုရင်တော့ မြေကမ္ဘာအင်မော်တယ် အဆင့်ဆိုတာ ငါ့အတွက် လွင့်မျောနေတဲ့ တိမ်တိုက်တစ်ခုပါပဲ... အကယ်၍ ငါ မြေကမ္ဘာအင်မော်တယ်အဆင့်ကို ဝင်မယ်ဆိုရင် အဲဒါက ကပ်ဘေးဖြေဖျောက်တဲ့ တာအို ကနေတစ်ဆင့်ပဲ ဖြစ်ရမယ်"

ကျောက်တုံးအင်မော်တယ်က ဟွမ်ဖူမီကို လေးစားသော အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်၏။

"အကယ်၍ မင်းက အင်မော်တယ်အဆင့် မိုးကြိုးပစ်ခံရတဲ့ သစ်သားကို လိုချင်တာဆိုရင် ငါ အနည်းငယ် ကူညီပေးနိုင်ပါတယ်"

အခန်း (၁၄၄) ပင်လယ်ရပ်ခြား အင်မော်တယ်တောင်၏ ဂိုဏ်းချုပ်၊ မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း

ဟွမ်ဖူမီက ကျောက်တုံးအင်မော်တယ်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ကျွန်တော် ဘယ်လို ကူညီရမလဲ"

ကျောက်တုံးအင်မော်တယ်က ခေါင်းခါယမ်းရင်း ဆိုလေသည်။

"မင်းရဲ့ အခု စောင့်နေတဲ့ နည်းလမ်းက သစ်ငုတ်နားမှာ ယုန်စောင့်နေတာနဲ့ ဘာမှမခြားဘူး... အချိန်ကုန်တာတင်မကဘဲ မင်းရဲ့ အသက်တောင် လုံလောက်မှာ မဟုတ်ဘူး... မင်းရဲ့ အခြေအနေအရ နောက်ထပ် နှစ်ချက်လောက် အပစ်ခံရရင် သေချာပေါက် သေလိမ့်မယ်"

ဟွမ်ဖူမီက ခေါင်းခါယမ်းရင်း ပြောလိုက်၏။

"အဲ့ဒီသစ်ငုတ်နားမှာ ယုန်စောင့်တဲ့ နည်းလမ်းကလွဲရင် ဒီဘိုးဘေးက တခြား နည်းလမ်း မစဉ်းစားနိုင်တော့လို့ပါ"

ကျောက်တုံးအင်မော်တယ်က ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူပြီး ၎င်းပေါ်တွင် ဝင်္ကပါ အသေးလေးတစ်ခု ထွင်းထုလိုက်ကာ ပြောလိုက်၏။

"မိုးကြိုးကို ဆွဲဆောင်လိုက်စမ်း"

ဟွမ်ဖူမီက သံသယများဖြင့် ကျောက်တုံးအင်မော်တယ်၏ အနားသို့ လျှောက်လာပြီး မေးမြန်းလိုက်၏။

"မိုးကြိုးကို ဆွဲဆောင်မယ် ဟုတ်လား"

ကျောက်တုံးအင်မော်တယ်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ပြောလိုက်သည်။

"မှန်တယ်... ငါ ပြောပြမယ်... မိုးကြိုးအပစ်ခံရတဲ့ကိစ္စမှာဆိုရင် ငါက ကျွမ်းကျင်သူပဲ... အရင်တုန်းက သေခြင်းရှင်ခြင်းရဲ့ ကြီးမားတဲ့ အခွင့်အရေးကို ရှာဖို့အတွက် မိုးကြိုးအပစ်ခံရအောင် ဒီဘိုးဘေးက အစွမ်းကုန် ကြိုးစားခဲ့ရတာ... အစပိုင်းမှာတော့ ငါလည်း မင်းလိုပဲ သစ်ငုတ်နားမှာ ယုန်စောင့်သလိုမျိုး စောင့်နေခဲ့တာပေါ့... အဲဒီလို လုပ်တာက ထိရောက်မှု အရမ်းနည်းတယ်... အထူးသဖြင့် မိုးကြိုးရဲ့ အရည်အသွေးက မကောင်းဘူးလေ... ယားကျိကျိ ဖြစ်ရုံလောက်ပဲ ရှိတာ... ဒါကြောင့် ဒီ ဘိုးဘေးက စဉ်းစားလိုက်တယ်... ကျယ်ပြန့်တဲ့ ဧရိယာတစ်ခုလုံးမှာ မိုးကြိုးတွေ ကျလာအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိမလား ဆိုပြီးတော့လေ... မင်း သိလား... ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးက လိုက်လျောညီထွေရှိဖို့ပဲ... အတွေးတစ်ခု ပွင့်သွားတာနဲ့ နည်းလမ်းက ထွက်လာတာပဲ မဟုတ်လား... အဲဒါကတော့ ပင်လယ်ရပ်ခြား အင်မော်တယ်တောင် ရဲ့ အဆောင်လက်ဖွဲ့ တာအို ပဲ"

ဟွမ်ဖူမီက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး မေးမြန်းလိုက်သည်။

"ပင်လယ်ရပ်ခြား အင်မော်တယ်တောင် ရဲ့ အဆောင်လက်ဖွဲ့တာအို ဟုတ်လား"

ကျောက်တုံးအင်မော်တယ်က ရှင်းပြသည်။

"အဆောင်လက်ဖွဲ့ တာအို... အဲဒါက ပင်လယ်ရပ်ခြား အင်မော်တယ်တောင် ရဲ့ အမွေအနှစ် ပဲ... အဲဒီထဲမှာ မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း လို့ ခေါ်တဲ့ အင်မော်တယ် နည်းလမ်း တစ်ခု ပါဝင်တယ်... မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ကို အဆုံးစွန်အထိ ကျင့်ကြံနိုင်ရင် အင်မော်တယ် မိုးကြိုးတွေကို ထိန်းချုပ်နိုင်တယ်... အဲဒီထဲက အခြေခံ နည်းစနစ်ကိုတော့ မိုးကြိုးလက်ဝါးလို့ ခေါ်တယ်... မိုးကြိုးလက်ဝါးဆိုတာ လက်ဝါးပေါ်မှာ အဆောင်လက်ဖွဲ့ ရေးဆွဲတာပဲ... ၎င်းကို အသက်သွင်းလိုက်တာနဲ့ မိုးကြိုးရဲ့ စွမ်းအားကို ကိုယ့်ကိုယ်ကိုယ် အားဖြည့်ဖို့ ဆွဲယူနိုင်တယ်... ဒီဘိုးဘေးက မိုးကြိုးလကဝါး နည်းလမ်းကို တိုက်တိုက်ဆိုင်ဆိုင် ရထားခဲ့တာလေ... အဲဒါကို ငါတို့ မြေပြင်ကျင့်ကြံသူတွေရဲ့ ဝင်္ကပါ နဲ့ ပေါင်းစပ်ပြီး ဒီ မိုးကြိုးဆွဲဆောင်ခြင်း ဝင်္ကပါကို ငါ ဖန်တီးခဲ့တာပဲ... ဒီ မိုးကြိုးဆွဲဆောင်ခြင်း ဝင်္ကပါ ကို ကောင်းကင်သစ်သား ပေါ်မှာ ချိတ်ထားသရွေ့တော့ မိုးကြိုးကို ကောင်းကင်သစ်သား ထဲကို သဘာဝအတိုင်း ဆွဲယူနိုင်မှာပဲ"

ဟွမ်ဖူမီက အံ့အားသင့်စွာ မေးမြန်းလိုက်၏။

"တာအိုမိတ်ဆွေရဲ့ အဆင့်မြင့်တဲ့ အထောက်အထားက ဘယ်သူလဲ ဆိုတာ သိပါရစေ"

ကျောက်တုံးအင်မော်တယ်က မျက်ခုံးပင့်လိုက်ကာ ပြောလိုက်သည်။

"ကျောက်တုံးအင်မော်တယ်"

ဟွမ်ဖူမီက အံ့အားသင့်စွာ ကြည့်ရင်း

“ကျောက်တုံးအင်မော်တယ် ဟုတ်လား... သေခြင်းရှင်ခြင်းတံခါး ရဲ့ တတိယမြောက် မျိုးဆက် ဘိုးဘေး ကျောက်တုံးအင်မော်တယ် လား"

ကျောက်တုံးအင်မော်တယ်က ကျောကို ဆန့်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒီဘိုးဘေးပဲပေါ့"

ကျောက်တုံးအင်မော်တယ်က ထပ်ပြောလိုက်သည်။

"ဟွမ်လေး... မင်းက ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုး ကျမယ့် နေရာတွေကို ရှာဖို့ တာဝန်ယူ... ငါကတော့ မိုးကြိုးဆွဲဆောင်ခြင်း ဝင်္ကပါ တွေကို လုပ်ဖို့ တာဝန်ယူမယ်... ငါတို့ ပူးပေါင်းပြီးတော့ ထိရောက်မှုကို မြှင့်တင်ကြတာပေါ့"

ဟွမ်ဖူမီက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။

"အကယ်၍ အဲဒီလိုဆိုရင်တော့ ဒါက လူသားတွေရဲ့ စွမ်းဆောင်နိုင်ရည် အပြင်ဘက်မှာရှိနေလို့ပဲ ဖြစ်ရမယ်"

လင်းရီက စားပွဲနှင့် ကုလားထိုင်များကို ထုတ်ယူလိုက်ပြီး ဝိုင်ကောင်း အိုးအနည်းငယ်ကို ချလိုက်ကာ ပြောလိုက်၏။

"စီနီယာတို့... ဒီ မိုးကြိုးဆွဲဆောင်ခြင်း ဝင်္ကပါ ရှိနေပြီဆိုမှတော့ စောင့်ကြည့်နေစရာ မလိုတော့ပါဘူး... ဝိုင်သောက်ရင်း စောင့်ကြတာပေါ့"

ကွမ်ရွှီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"တောင်သခင်လင်းရီ... တစ်ခုခုတော့ မမှန်ဘူး"

ဟွမ်ဖူမီလည်း ကြောင်သွားပြီး ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များကို ကြည့်ကာ ပြောလိုက်သည်။

"သေချာပေါက် တစ်ခုခု မမှန်တာပဲ... ဒီနေရာက ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးတွေ ကျတတ်တဲ့ နေရာဖြစ်ပေမဲ့ ဒါကတော့ အရမ်း များလွန်းနေပြီ... ဒီလောက်အထိ ထူထပ်တဲ့ ကောင်းကင်ကိုးထပ် အင်မော်တယ် မိုးကြိုးမျိုးက သမိုင်းမှာ တွေ့ရခဲတယ်"

လင်းရီနှင့် အခြားသူများမှာ ပေါ်ထွက်လာသော ကျောက်စိမ်းပြားကြီးကို ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်သွားကြပြီး ရေရွတ်လိုက်၏။

"အဲဒါက ဘာလဲ... ဝင်္ကပါကြီး တစ်ခုလား"

ကျောက်တုံးအင်မော်တယ်မှာ ထိုကျောက်စိမ်းပြားကြီး ပေါ်လာသည့် ခဏမှာတင် ဦးရေပြားများ စိမ့်တက်သွားကာ အော်ဟစ်လိုက်၏။

"မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း လား... သောက်ကျိုးနည်း... ရူးနေတာပဲ... ဘယ်က လူယုတ်မာက ဒီနေရာမှာ ပြီးပြည့်စုံတဲ့ မိုးကြိုးငါးသွယ် လမ်းမှန်နည်းလမ်း ဝင်္ကပါကြီးကို လာခင်းထားတာလဲ"

ကျောက်တုံးအင်မော်တယ်မှာ တုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်၏

"မကောင်းတော့ဘူး... ပြေးကြစို့"

All Chapters