ကြောက်မက်ဖွယ်ကောင်းခြင်း
Vol. 5 Ch. 42
ထိုအချိန်တွင် ယင်းအာကို သူမ၏ ဂိုဏ်းတူအစ်ကိုများက ဆွဲခေါ်သွားကြလေတော့သည်။
"ညီမလေး... မင်း သူ့ကို ပြန်လည်အားဖြည့်ဆေးလုံး မပေးသင့်ဘူးလေ…။"
"ဟုတ်တယ်... သူပြောနေတဲ့ လေလုံးတွေကို ကြည့်ဦး။ အနက်ရောင်ကြေးခွံမြွေကြီးရဲ့ လိုက်တာကို အမွှေးတိုင် နှစ်တိုင်စာလောက် တောင့်ခံနိုင်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မြွေကြီးကို ဒဏ်ရာ ရအောင် လုပ်ခဲ့တယ်ဆိုတာကတော့ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ…။"
ဂိုဏ်းတူအစ်ကိုများ၏ ဆူပူမှုကို ကြားရသောအခါ ယင်းအာ စိတ်မကောင်း ဖြစ်သွားခဲ့လေသည်။
"ဟုတ်ကဲ့ပါ... အဲ့ဒါ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးတည်းတင် မဟုတ်လားလို့…။"
သူမ၏ လေသံမှာ အနည်းငယ် ပျော့သွားလေသည်။ သူမမှာမူ ထိုလူ ပင်ပန်းနေသည်ကို မြင်သော ကြောင့် စေတနာဖြင့် ပေးခဲ့ခြင်းသာ ဖြစ်လေသည်။
သူမ၏ အမူအရာကို ကြည့်ပြီး ဂိုဏ်းတူအစ်ကိုများမှာလည်း ဆက်မပြောရက်တော့ဘဲ အကြောင်းအရာ ကို ချက်ချင်း လွှဲပြောင်းလိုက်ကြလေတော့သည်။
"စီနီယာအစ်မ လင်းကျင့်နဲ့ စီနီယာအစ်ကို ဝမ်ရှောက်ဟန်တို့ ဘယ်တော့ ထွက်လာမလဲ မသိဘူးနော်။"
"ဟာ... ဒုက္ခပဲ…။"
"ဘာဖြစ်လို့လဲ…။"
"အနက်ရောင်ကြေးခွံမြွေကြီးက တောထဲ ပြန်ဝင်သွားပြီလေ။ အစ်မတို့ အစ်ကိုတို့နဲ့ လမ်းမှာ ပက်ပင်း တိုးနေမှာကို စိုးရိမ်ရတယ်လေ…။"
ဤစကားကို ကြားလျှင် လူတိုင်း မျက်နှာပျက်ကုန်ကြသည်။ ခုနက စိတ်ကောက်နေသည့် ယင်းအာပင် စိုးရိမ်တကြီး ဖြစ်သွားသည်။
"ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ…။"
“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး... အခုအချိန်မှာ ငါတို့ အထဲဝင်သွားရင်လည်း အခြေအနေကို ပိုဆိုး သွားအောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်...။”
“အခုတော့ သူတို့အတွက် ဆုတောင်းပေးရုံပဲ ရှိတော့တာပေါ့...။”
ထျန်ဖုန်းသည် ယင်းအာကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
"မိန်းကလေး ယင်းအာ... ငါ သွားတော့မယ်။ နောက်မှ ပြန်ဆုံကြတာပေါ့…။"
"ဟုတ်ကဲ့... နောက်မှ ပြန်ဆုံကြမယ်နော်…။"
ယင်အာက အတင်းပြုံးကာ လက်ဝှေ့ယမ်းပြလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ စီနီယာများ အတွက် စိုးရိမ်ပူပန်နေမိဆဲပင် ဖြစ်လေသည်။
ထျန်ဖုန်းကမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ခေါင်းငြိမ့်ပြကာ လှေပျံကို ထုတ်လိုက်လေသည်။ ချက်ချင်းပင် လှေပျံမှာ လေထဲသို့ မြင့်တက်သွားပြီး ထျန်ဖုန်းသည် လှေပေါ်သို့ တက်ကာ ရှောင်းကျင်းမြို့ဆီသို့ ပျံသန်းသွားလေတော့သည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှာ လှေပျံပိုင်ဆိုင်ခြင်းက အလွန်ရှားပါးလှသဖြင့် လူတိုင်းက ငေးမောကြည့်နေကြလေသည်။
"သူ မြွေကြီးလက်က လွတ်လာတာ အဲ့ဒီ လှေပျံ ရှိလို့များလား….။"
"ဖြစ်နိုင်တယ်နော်။ အဆင့်( ၂) ရှိတဲ့ မြွေကြီးတွေက များသောအားဖြင့် မပျံနိုင်ကြဘူးလေ။ သူ ကောင်းကင်ပေါ် ပျံတက်သွားရင် မြွေကြီးက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး…။"
"ဒါပေမဲ့ ဒါကလည်း အရမ်းအန္တရာယ်များတာပါပဲ။ ကောင်းကင်မှာ ပျံသန်းနေရင် သားရဲငှက်တွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်တယ်။ ရှောင်ကျင်းတောင်တန်းက မြေပြင်တင် အန္တရာယ်ရှိတာ မဟုတ်ဘူး၊ တကယ်တော့ ကောင်းကင်က ပိုအန္တရာယ်များတာ၊ အဝေးကနေ အလွယ်တကူ မြင်နိုင်လို့ပဲ…။"
"ဒါဆို သူက ကံကောင်းလို့ ကောင်းကင်ကနေ ပြေးပြီး လွတ်လာတာပေါ့။ သူပြောတဲ့ အမွှေးတိုင် နှစ်တိုင်စာလောက် မြွေကြီး လိုက်တာကို ခံရတယ်ဆိုတာ အမှန်ပဲလား…။"
"ဟက်... ကံကောင်းလို့ ပျံသန်းတဲ့ သားရဲတွေနဲ့ မတိုးတာပါ။ ငါသာ ကံကောင်းရင် ငါလည်း လုပ်နိုင် တာပဲ….။"
ငါလည်း လုပ်နိုင်တာပဲ ဟု လူအချို့က ကိုယ့်ကိုယ်ကိုယ် ထင်နေကြလေသည်။
ထျန်ဖုန်း ထွက်ခွာသွားပြီး မကြာမီမှာပင် ရှောင်းကျင်းတောင်တန်းအတွင်းမှ လူငါးဦး ထွက်ပေါ်လာခဲ့ သည်။ သို့သော် သူတို့ ထွက်လာသည့်နေရာမှာ ထျန်ဖုန်း ထွက်လာသည့်နေရာနှင့် မတူပေ။ လင်းကျင့်နှင့် သူမ၏ အဖွဲ့မှာ လမ်းခရီးတွင် အနက်ရောင်အကြေးခွံမြွေနှင့် တိုးမည်ကို စိုးရိမ်သဖြင့် လမ်းလွှဲကာ လာခဲ့ကြခြင်းပင် ဖြစ်လေသည်။
အပြင်သို့ ရောက်ရှိသွားသောအခါမှသာ လူတိုင်းမှာ သက်ပြင်းချနိုင်ကြတော့သည်။
"တော်သေးတာပဲ... အနက်ရောင်ကြေးခွံမြွေကြီးနဲ့ မတွေ့ခဲ့လို့…။"
"ကောင်းကင်ဘုံကို ကျေးဇူးတင်ရမယ်…။"
"အဲ့ဒီလူရော လွတ်သွားရဲ့လား မသိဘူး…။"
သူတို့ ထွက်လာသည်နှင့် ယင်းအာတို့ ရှိရာဘက်သို့ ဦးတည်လိုက်ကြသည်။
"စီနီယာအစ်မ…။"
လင်းကျင့်တို့ကို မြင်သည်နှင့် ယင်းအာသည် မျက်နှာဝင်းပသွားပြီး ရှေ့သို့ ပြေးထွက်ကာ ဖက်လိုက် လေသည်။
"အစ်မတို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာ ဝမ်းသာလိုက်တာ။ ကျွန်မဖြင့် တော်တော် စိုးရိမ်နေတာ…။"
"ဘာဖြစ်လို့လဲ…။"
လင်းကျင့် အနည်းငယ် ထူးဆန်းသွားလေသည်။ သူမ၏ ဂိုဏ်းတူညီမလေးက ဘာကြောင့် ဒီလောက် စိုးရိမ်နေရသနည်း။ ရှောင်ကျင်းတောင်တန်းထဲ ဝင်ရသည်မှာ အန္တရာယ်ရှိသည်မှန်သော်လည်း ဤမျှ အထိ စိုးရိမ်နေသည်ကို သူမ တစ်ခါမျှ မတွေ့ဖူးပေ။
"ခုနကတင် အထဲကနေ အနက်ရောင်ကြေးခွံမြွေကြီး တစ်ကောင် ပြေးထွက်လာတာလေ။ တော်သေးလို့ သူပြန်ဝင်သွားလို့ပေါ့…။"
ယင်းအာက သူမ၏ ရင်ဘတ်လေးကို ဖိကာ ထိတ်လန့်တကြား ပြောပြနေသည်။
"ကျွန်မဖြင့် တကယ်ကို လန့်သေတော့မလို့ပဲ…။"
"ဘာ...၊ အနက်ရောင်ကြေးခွံမြွေကြီး ပေါ်လာတယ် ဟုတ်လား…။"
လင်းကျင့် ချက်ချင်းမျက်နှာ ပျက်သွားလေသည်။
"ဟုတ်တယ်... ဟုတ်တယ်။ အရမ်းကြီးပြီး ရှည်တဲ့ မြွေကြီးပဲ။ ကြောက်စရာကြီး…။"
ယင်းအာက လက်ဟန်ခြေဟန်များဖြင့် ပြောပြနေခဲ့လေသည်။
"မြွေကြီး လိုက်တာခံနေရတဲ့ လူတစ်ယောက်ကို တွေ့သေးလား…။"
ဝမ်ရှောက်ဟန်က အလောတကြီး ဖြတ်မေးလိုက်သည်။
"ဟုတ်တယ် ညီမလေး... မင်း တွေ့ခဲ့လား….။"
လင်းကျင့်ကလည်း စိုးရိမ်တကြီး မေးပြန်လေသည်။
"တွေ့တယ်... တွေ့တယ်။ သူက တအားပင်ပန်းနေလို့ ကျွန်မက ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံး တောင် ပေးလိုက်သေးတယ်….။"
ယင်းအာက ပြုံး၍ ပြောသော်လည်း ခဏအကြာတွင် မျက်နှာညှိုးသွားလေသည်။
"ဒါပေမဲ့ တခြား စီနီယာအစ်ကိုတွေကတော့ သူက လူရာဝင်အောင် လျှောက်ပြောနေတာလို့ပဲ ပြောနေ ကြတယ်…။"
"သူ တကယ်ပဲ လွတ်သွားတာလား…။"
လင်းကျင့် အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
"ဒါ... ဒါ မဖြစ်နိုင်တာ….။"
ဝမ်ရှောက်ဟန်လည်း မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေခဲ့သည်။
သူတို့၏ အမူအရာကို မြင်သောအခါ ယင်းအာက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"စီနီယာအစ်မနဲ့ အစ်ကိုတို့လည်း သူ့ကို သိလို့လား…။"
လင်းကျင့်က ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ်... အစ်မတို့ သူ့ကို အနက်ရောင်ကြေးခွံမြွေကြီး လိုက်နေတာကို လွန်ခဲ့တဲ့ အမွှေးတိုင် တစ်တိုင်စာ အချိန်လောက်က ရှောင်ကျင်းတောင်တန်းထဲမှာ တွေ့ခဲ့တာ…။"
ဤစကားက ထိုနေရာရှိ လူအားလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။
"ဒါဆို အဲ့ဒီလူ ပြောတာတွေက အမှန်တွေပေါ့။ သူ မြွေကြီးကို တကယ်ပဲ ဒဏ်ရာရအောင် လုပ်ခဲ့တာ လား…။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက မြွေကြီးလက်ထဲမှာ နာရီဝက်လောက် တောင့်ခံနိုင်ရုံတင်မက ဒဏ်ရာ ပါ ရအောင် လုပ်နိုင်ခဲ့တယ်ပေါ့ ဟုတ်လား…။"
လင်းကျင့်နှင့် ကျန်လေးယောက်မှာလည်း လူများပြောနေသည်ကို ကြားပြီး အံ့ဩသွားကြသည်။
"ဘာ... အနက်ရောင်ကြေးခွံမြွေကြီးက ဒဏ်ရာရထားတယ်လို့ ပြောတာလား…။"
"ဟုတ်တယ်... အနက်ရောင်ကြေးခွံမြွေကြီးမှာ ဒဏ်ရာတွေနဲ့။ အစ်မတို့ မတွေ့ခဲ့ဘူးလား…။"
"အဲ့ဒီ မြွေကြီးက တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာနော်….။"
"ဟူး..."
လင်းကျင့်နှင့် ကျန်လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့ဩလွန်းသဖြင့် အသက် ရှူပင် မှားသွားကြသည်။
"ကျွန်မတို့ ခုနက တွေ့ခဲ့တဲ့ အနက်ရောင်ကြေးခွံမြွေကြီးက ဘာဒဏ်ရာမှ မရှိသေးဘူးလေ…။"
ဤစကားကြောင့် လူတိုင်း ဆွံ့အသွားကြသည်။
ထိုစကားကြောင့် လူတိုင်းမှာ ဆွံ့အသွားကြရလေသည်။
အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်းမှာပင် ထိုလူသည် မြွေကြီး၏ အလိုက်ခံနေရရာမှ အမွှေးတိုင် တစ်တိုင်ကုန်သောအခါ မြွေကြီးမှာ ဒဏ်ရာများဖြင့် တောင်တန်းအပြင်ဘက်အထိ အလိုက်ခံရခြင်းမှာ အဖြေက ရှင်းနေပြီ မဟုတ်ပါလား။
ဝမ်ရှောက်ဟန်မှာမူ ရှုံးနိမ့်မှုကို ဝန်မခံဘဲ မနေနိုင်တော့ပေ။
သူက သက်ပြင်းချကာ...၊
“သူ မြွေကြီးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတာတင် အံ့သြဖို့ကောင်းနေပြီ ထင်ထားတာ...။ အခုတော့ သူက လွတ်မြောက်လာရုံတင်မကဘဲ မြွေကြီးကိုပါ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ပေါ့...။”
ထျန်ဖုန်းက ကျောက်တုံးကြီးကို လက်ဖြင့် ဖမ်းလိုက်သည့် မြင်ကွင်းကို သူတို့ ပြန်လည်ပြောပြသော အခါ ထိုနေရာရှိ လူတိုင်းမှာ ထျန်ဖုန်းက မြွေကြီးကို တကယ် ဒဏ်ရာရအောင် လုပ်ခဲ့သည်ဟု မယုံကြည် ဘဲ မနေနိုင်တော့ချေ။
အချို့က တန်ဖိုးကြီး ရတနာများကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြသော် လည်း မည်သူကမျှ ထျန်ဖုန်းကို အထင်မသေးရဲကြတော့ပေ။
အနက်ရောင်ကြေးခွံမြွေကြီး၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ရုံမျှမက ပြန်လည်တိုက်ခိုက်နိုင်သူမှာ အလွန်ပင် အစွမ်းထက်လှပေသည်။
ထိုကဲ့သို့သော လူမျိုးမှာ သူတို့ အပြစ်မလုပ်မိအောင် ရှောင်ရှားရမည့် လူစားမျိုးပင် ဖြစ်လေတော့ သည်။