← Chapters

သူ ငါတို့နောက်ကို ဘယ်လိုများ လိုက်မီသွားတာလဲ

Vol. 5 Ch. 43

သူ ငါတို့နောက်ကို ဘယ်လိုများ လိုက်မီသွားတာလဲ

Vol. 5 Ch. 43

“တကယ်ပဲ ဒီလောက် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတာလား...။”

“သူက ဘယ်ဂိုဏ်းကလဲ သိချင်လိုက်တာ...။”

“ဒီလူက ကြည့်ရတာ တော်တော်မျက်နှာစိမ်းတယ်...၊ အရင်က တစ်ခါမှ မြင်ဖူးသလိုပဲ...။”

ထိုနေရာတွင် ဖေးရှီးဂိုဏ်းသားများတင်မကဘဲ အခြားလူများလည်း ရှိနေကြရာ ဖေးရှီးဂိုဏ်းသားများ ၏ ပြောစကားများကို ကြားပြီးနောက် အလွန်ပင် စိတ်ဝင်စားသွားကြလေသည်။

"ညီမလေး...၊ မင်း ခုနက သူ့ကို ပြန်လည်အားဖြည့်ဆေးလုံး ပေးလိုက်တယ်ဆို…။ သူ့နာမည်ကို သိခဲ့ ရသေးလား…။"

လင်းကျင့်က ယင်းအာ ခုနက ပြောခဲ့သည်ကို သတိရကာ မေးလိုက်လေသည်။

"ဟုတ်ကဲ့... သူ့နာမည်က ထျန်ဖုန်းတဲ့။ သူက လေလွင့်ကျင့်ကြံသူလို့ ပြောတယ်…။"

ယခုအချိန်တွင် ယင်အာမှာ အလွန်ပျော်ရွှင်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ လူကဲခတ်မှားခဲ့ သည်ဟု မည်သူမျှ မပြောနိုင်တော့သောကြောင့်ပင် ဖြစ်လေသည်။

"လေလွင့်ကျင့်ကြံသူ... ထျန်ဖုန်းတဲ့လား…။"

"တစ်ခါမှ မကြားဖူးပါဘူး…။"

"ဒီလိုလူမျိုး ရှိနေတာလား။ သူက တကယ်ပဲ လေလွင့်ကျင့်ကြံသူရော ဟုတ်ရဲ့လား…။"

အနီးအနားရှိ ကျင့်ကြံသူများသည် ထိုအမည်ကို စဉ်းစားကြည့်သော်လည်း မည်သည့်သတင်းအစအနမျှ စဉ်းစား၍ မရခဲ့ကြပေ။

"လေလွင့်ကျင့်ကြံသူ ထျန်ဖုန်း...။"

လင်းကျင့်က တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"သူက အနီရောင်နေမင်း လျှို့ဝှက်နယ်မြေအတွက် လာတာနေမှာ။ နောက်တစ်ပတ်ခွဲနေရင် သူ့ကို ငါတို့ ပြန်တွေ့ရနိုင်တယ်…။"

..................

ရှောင်ကျင်းမြို့ထဲတွင်မူ မြစိမ်းတောင်တန်းဂိုဏ်းမှ လူလေးဦးမှာ ထူးထူးခြားခြား စိတ်လက်ပေါ့ပါးနေကြသည်။

"အင်း... ဒီစားသောက်ဆိုင်က ဟင်းတွေက တကယ်ကောင်းတာပဲ…။"

ယွမ်လီသည် ဗိုက်ကလေးကို ပွတ်ကာ စားသောက်ဆိုင်ထဲမှ လှုပ်လီလှုပ်လဲ့ဖြင့် လမ်းလျှောက်ထွက် လာလေသည်။ သူ၏ နောက်ကွယ်တွင်မူ ဂိုဏ်းတူညီငယ်၊ ညီမငယ် သုံးဦး လိုက်ပါလာကြလေသည်။

"ဟိဟိ... စီနီယာအစ်ကို ယွမ်၊ အစ်ကိုကတော့ တကယ့်ကို အပင်ပန်းခံနိုင်တာပဲနော်…။"

ဂိုဏ်းတူညီမငယ်က ပြုံး၍ ပြောလိုက်လေသည်။

ယွမ်လီက ဘာမှပြန်မပြောသော်လည်း ဤငွေများမှာ ဟုန်မိသားစုဆီမှ ရထားသည့် ငွေများဖြစ်ကြောင်း သူသာလျှင် သိပေသည်။ စားသောက်ဆိုင်များတွင် သာမန်ဟင်းလျာများအတွက် ငွေစင်ဖြင့် ပေးချေနိုင် သော်လည်း မိစ္ဆာသားရဲ အသားများဖြင့် ချက်ထားသည့် ဟင်းများအတွက်မူ စိတ်စိတ်ဝိညာဉ်ကျောက်တုံး များဖြင့်သာ ပေးချေရလေသည်။

သူတို့လေးဦး ဤကဲ့သို့ စိတ်လက်ပေါ့ပါးမှုကို မခံစားရသည်မှာ ကြာပြီဖြစ်၏။ ဖျင်ကျင်းမြို့တွင် ရှိစဉ် က ထျန်ညီအစ်ကိုများကို အမြဲတစေ သတိထားနေခဲ့ရသည်။ ဖျင်ကျင်းမြို့မှ ထွက်လာပြီးနောက်တွင် လည်း ခရီးကို အပြင်းနှင်ခဲ့ကြရလေသည်။

"ထျန်ညီအစ်ကိုတွေ ဒီမှာမရှိတာ တကယ်ကို ကောင်းတာပဲ….။"

ယွမ်လီက လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလျက် စိတ်လက်ပေါ့ပါးစွာ ရေရွတ်လိုက်လေသည်။

ဂိုဏ်းတူညီမနှစ်ဦးကလည်း ခေါင်းညိတ်ကာ ထောက်ခံကြလေသည်။ သို့သော် ညီငယ်ဖြစ်သူ ဝူမှာမူ အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေဟန်ရှိလေသည်။

ရုတ်တရက် ဝူ၏ မျက်လုံးများမှာ ထိတ်လန့်ဖွယ်ရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွား လေသည်။ သူသည် ရှေ့မှ ပုံရိပ်တစ်ခုကို ကြည့်ကာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားတော့သည်။

"မင်း ဘာဖြစ်နေတာလဲ"

ဟုန်လင်က သူ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားကာ မေးလိုက်လေသည်။

ယွမ်လီသည်လည်း လှည့်ကြည့်လိုက်လေ၏။

"ထျန်... ထျန်..." ညီလေးဝူမှာ ဆွံ့အလျက် စကားတစ်လုံးမျှ မထွက်နိုင်တော့ပေ။

"မင်း ဘာတွေ ကစားနေတာလဲ….။

" ယွမ်လီက ဇဝေဇဝါဖြင့် ဝူကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

"ထျန်... ထျန်ဆန်းဖုန်းလား။"

ယွမ်လီ၏ မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးထွက်မတတ် ဖြစ်သွားလေသည်။

"မဟုတ်ဘူး... ဒါ ထျန်စစ်ဖုန်းပဲ…။"

"သူက ဒီကို ဘယ်လိုရောက်လာတာလဲ…။"

ဟုန်လင်း၏ မျက်နှာမှာလည်း ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားလေတော့သည်။

ထျန်စစ်ဖုန်းသည်လည်း ထျန်ဆန်းဖုန်းကဲ့သို့ပင် သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် သူ့အသက်ကို ရင်းလိမ့်မည်လားဟု သူမ စိုးရိမ်နေမိလေသည်။

အကယ်၍ သူက ရှောင်ကျင်းမြို့လယ်ခေါင်တွင် သူမ၏ မက်မွန်သီးများ လာကိုင်ပြီးမှ မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်မည်ဆိုလျှင် သူမ၏ ဘဝတွင် ထိုအမည်းစက်မှာ တစ်သက်လုံး ပျောက်ပျက်တော့မည် မဟုတ်ပေ။

မြစိမ်းတောင်တန်းဂိုဏ်းတင်မကဘဲ အခြားသော ဂိုဏ်းကြီးများကပါ သူမကို ဟာသတစ်ခုလို သဘော ထားကြပေလိမ့်မည်။

ယွမ်လီသည်လည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရ၏။ ပြီးခဲ့သည့်အကြိမ်က သိုလှောင်အိတ်နှင့် လှေပျံကို ရှာမတွေ့ခဲ့သော်လည်း ထိုပစ္စည်းများမှာ ထန်စီဖုန်းထံတွင် ရှိနေနိုင်ချေ အလွန်များလေသည်။ သို့သော် သူ မလှုပ်ရဲပေ။

လူတိုင်းက အရူးကို ကြောက်ကြသည်။ အထူးသဖြင့် သေမှာလည်း မကြောက်၊ ကိုယ်ကျင့်တရားလည်း မရှိသည့် အရူးမျိုးကို ပိုကြောက်ကြလေသည်။

အကယ်၍ ထျန်စစ်ဖုန်းကလည်း သူ့အစ်ကို ထျန်ဆန်းဖုန်းလို ကိုယ်ကျင့်တရားမရှိဘဲ ကြောက်စိတ်ကင်း မဲ့နေပါက...၊ သူက လူပုံအလယ်တွင် မိမိ၏ မျိုးပွားအင်္ဂါကို လာကိုင်ပြီးမှ ဤပစ္စည်းမှာ အတုဖြစ်သည် သို့မဟုတ် ချို့ယွင်းချက်ရှိသည်ဟု လျှောက်ပြောကာ ပေါက်ကွဲသွားလျှင် ဘာလုပ်ရမည်နည်း။

အပြစ်ကင်းကြောင်း သက်သေပြရန် အဝတ်အစားများ ချွတ်ပြရမည်လား။

ယွမ်လီသည် ဘာမှမပြောတော့ဘဲ ခေါင်းငုံ့ကာ စားသောက်ဆိုင်ထဲသို့ ပြန်ဝင်သွားတော့သည်။ ၎င်းကို မြင်သောအခါ ဟုန်လင်းနှင့် ကျန်နှစ်ယောက်လည်း ထျန်ဖုန်း သတိမထားမိစေရန် ခေါင်းငုံ့ကာ နောက်က လိုက်ဝင်သွားကြလေတော့သည်။

သူတို့လေးဦးမှာ တံခါးဝသို့ ရောက်ကာမှ ချက်ချင်း နောက်ပြန်လှည့်ဝင်သွားကြခြင်းပင် ဖြစ်လေသည်။ ထျန်စစ်ဖုန်းကို ဦးအောင် သတ်ပစ်ရမလားဟုလည်း သူတို့ စဉ်းစားခဲ့ကြသေးသည်။

သို့သော် ထျန်စစ်ဖုန်းတွင် နောက်ထပ် ညီငယ်တစ်ယောက် ရှိနေဦးမလားဆိုသည်ကို မည်သူ သိနိုင် မည်နည်း။

ဟုန်ထော့က ထျန်ဖုန်းကို သတ်ခဲ့ပြီးနောက် ကလဲ့စားချေရန် ညီအစ်ကို သုံးယောက် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

*တောက်...၊ ဒီညီအစ်ကိုတွေက တစ်ယောက်ထက် တစ်ယောက် ပိုပြီး ပါရမီပါလာကြတာ။ အကယ်၍ ထျန်ဝူဖုန်း သာ ပေါ်လာရင် သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တောင် ရောက်နေမလား မသိဘူး…။*

ယွမ်လီနှင့် သူ၏ သူငယ်ချင်းများမှာ မည်သူ့ကိုမျှ အထင်မကြီးသော်လည်း ထန်ဖုန်းနှင့် သူ၏ ညီအစ်ကို များ၏ မိခင်ကိုမူ အလွန်ပင် ချီးကျူးမိကြလေသည်။ သားသမီးများကို ဤမျှအများကြီး မွေးနိုင်သည့် အပြင် တစ်ယောက်ထက်တစ်ယောက် ပို၍ စွမ်းအားကြီးနေကြသည် မဟုတ်ပါလား။

"ဧည့်သည်တော်တို့... ဗိုက်မဝသေးလို့လားခင်ဗျာ။ ကျွန်တော်တို့ ဆိုင်ရဲ့ တခြားထူးခြားတဲ့ ဟင်းလျာတွေ ကို ထပ်မှာချင်သေးလို့လား…။"

စားသောက်ဆိုင်ဝန်ထမ်းက ဆိုင်ထဲက ထွက်သွားပြီးမှ ချက်ချင်း ပြန်လှည့်ဝင်လာသည့် အဖွဲ့ကို ဇဝေဇဝါဖြင့် ခရီးဦးကြိုပြုလိုက်လေသည်။

ထျန်ဖုန်းသည် ယွမ်လီတို့ကို မြင်လိုက်သော်လည်း ဂရုမစိုက်နိုင်အားပေ။ သူသည် သူတို့ကို တော်တော် လေး ဒုက္ခပေးခဲ့ပြီးပြီ မဟုတ်ပါလား။

ယွမ်လီ၏ သိုလှောင်အိတ်နှင့် လှေပျံကို သူကိုယ်တိုင် ခိုးယူခဲ့သည့်အပြင် ပင်ကျန်းမြို့တစ်ဝက်လောက် ကိုလည်း ပတ်ပြေးခိုင်းခဲ့သေးသည်။

ဟုန်လင်နှင့် ပတ်သက်၍မူ ရန်ငြိုးအချို့ ရှိခဲ့သော်လည်း ဟုန်မိသားစုမှာ သူ၏လက်ချက်ဖြင့် ပျက်စီး သွားခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ သူမက ကလဲ့စားလာမချေလျှင် သူ လျစ်လျူရှုထားမည်ဖြစ်သော် လည်း ကလဲ့စားလာချေပါက သတ်ပစ်ရန်သာ ရှိတော့သည်။

မြစိမ်းတောင်တန်းဂိုဏ်းကပါ ကလဲ့စားလာချေရဲလျှင် ထိုဂိုဏ်းကိုပါ အမြစ်ပြတ် သုတ်သင်ပစ်မည်သာ ဖြစ် လေသည်။

*ရင်သားကြီးတဲ့မိန်းမ... နင့်ကိုယ်နင် ထိန်းနော်၊ မြစိမ်းတောင်တန်းဂိုဏ်း တစ်ဂိုဏ်းလုံးရဲ့ အသက်က နင့်လက် ထဲမှာပဲ ရှိတယ်…။*

ထျန်ဖုန်းသည် ထိုအကြောင်းများကို ခေါင်းထဲမှ ထုတ်လိုက်ပြီး တည်းခိုခန်းတစ်ခုတွင် အခန်းငှား လိုက်လေတော့သည်။

"စီနီယာအစ်ကို...၊ သူ ငါတို့ကို မမြင်သွားဘူး မဟုတ်လား…။"

ဂိုဏ်းတူညီမငယ်၏ မျက်နှာမှာ မကောင်းတော့ပေ။

"ငါ ထင်တာတော့ မမြင်လိုက်ဘူး ထင်တာပဲ...။"

ယွမ်လီကိုယ်တိုင်လည်း သေချာမသိပေ။

"သူက ရှောင်ကျင်းမြို့ကို ဘယ်လိုရောက်လာတာလဲမသိဘူးနော်…။"

ညီမငယ်က တစ်ခုခုကို သတိရကာ မျက်နှာဖြူလျော့သွားသည်။

"သူက ငါတို့ကို သတ်ဖို့ လိုက်လာတာများလား…။"

ထိုစကားကြောင့် လူတိုင်း မျက်နှာပျက်သွားကြလေတော့သည်။

"မဟုတ်နိုင်ပါဘူး။ ခုနက ကြည့်ရတာ သူ့ရဲ့ကျင့်ကြံမှုက ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ပဲ ရှိသေး တာ…။"

ယွမ်လီက အမှတ်မထင် ပြောလိုက်လေသည်။

"ဒါဆို သူက အနီရောင်နေမင်း လျှို့ဝှက်နယ်မြေအတွက် လာတာပဲ ဖြစ်ရမယ်…။"

ဟုန်လင်းက သက်ပြင်းချကာ ပြောလိုက်လေသည်။ ထို့နောက် သူမက ကဲ့ရဲ့သလို လေသံဖြင့် ထပ်ပြော လိုက်လေသည်။

"သူက လျှို့ဝှက်နယ်မြေကို လာတာဆိုရင်တော့ စီနီယာအစ်ကို ယွမ်...၊ အစ်ကိုကတော့...။"

ယွမ်လီလည်း အသိဝင်လာပြီး စိတ်ညစ်သွားလေတော့သည်။

"ဒါဆိုရင် ငါ လျှို့ဝှက်နယ်မြေထဲမှာ သူ့နဲ့ တွေ့ဖို့ အခွင့်အလမ်း အများကြီး ရှိနေတာပေါ့…။"

ဂိုဏ်းတူညီငယ် ဝူနှင့် ညီမငယ်တို့က သူ့ကို သနားစဖွယ် ကြည့်နေကြလေသည်။

*ဟားဟား... လျှို့ဝှက်နယ်မြေထဲမှာ ဒီလို ကောက်ကျစ်တဲ့ကောင်နဲ့ တွေ့ရင်တော့ ပြေးစရာ မြေမရှိ တော့ဘူးပေါ့…။*

"မင်းတို့က ဘာကို ကြောက်နေတာလဲ….။"

ယွမ်လီက ရုတ်တရက် ခါးကို ဆန့်ကာပြောလိုက်လေသည်။

"အနည်းဆုံးတော့ ငါက ကြိုတင်ပြင်ဆင်ထားလို့ ရသေးတယ်။ သူ့အကြောင်း မသိတဲ့သူတွေဆိုရင်တော့ ခဏလေးအတွင်းမှာပဲ သူ့ရဲ့ လှည့်ကွက်ထဲ မိသွားကြမှာပဲ….။"

ဤသို့ တွေးလိုက်မိသောအခါ သူ ကြောက်စိတ် လျော့သွားသည်။

*ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာ လူတွေ အများကြီး ရှိနေမှာပဲလေ။ ထျန်စစ်ဖုန်းက ငါ့တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားမှာ မဟုတ်ပါဘူး…၊ ငါကပဲ အလျှော့ပေးလိုက်ရင် ရပြီ မဟုတ်လား…။*

"လူဘယ်နှစ်ယောက်လောက်များ သူ့ရဲ့ လှည့်စားတာကို ခံရမလဲ မသိဘူး…။"

ဟုန်လင်းက သက်ပြင်းချလိုက်လေသည်။

"ဟုတ်တယ်... ဟုတ်တယ်...။ စီနီယာအစ်ကို ယွမ်၊ အဲ့ဒီအခါကျရင် အစ်ကိုက ကျွန်မတို့ကို ပြန်ပြောပြ ရမယ်နော်…။"

တခြားလူတွေ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်ရတာကလည်း တစ်မျိုးပဲဟု ညီမငယ်က တွေးမိသွား လေသည်။

"ပြဿနာမရှိပါဘူး…။"

ယွမ်လီသည်လည်း အနီရောင်နေမင်း လျှို့ဝှက်နယ်မြေ ဖွင့်မည့်အချိန်ကို စောင့်မျှော်နေမိတော့သည်။

လျှို့ဝှက်နယ်မြေထဲတွင် မည်ကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်ပျက်လာဦးမည်ကို သူ အလွန် သိချင်နေမိလေတော့သည်။

All Chapters