← Chapters

ကျူပေါင် ရတနာတိုက်5

Vol. 5 Ch. 44

ကျူပေါင် ရတနာတိုက်5

Vol. 5 Ch. 44

ဆယ်ရက်ခန့်ကြာပြီးနောက်...

ရှောင်ကျင်းတောင်တန်းအတွင်းရှိ ဂူတစ်ခုအတွင်း၌ ဖြစ်သည်။

ဂူမှာ အလွန်အမင်း နက်ရှိုင်းခြင်း မရှိဘဲ မှိန်ပျပျ အလင်းရောင်အောက်တွင် လူငယ်တစ်ဦးမှာ တင်ပျဉ် ခွေထိုင်ကာ တရားမှတ်ကျင့်ကြံနေသည်ကို တွေ့ရလေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ထျန်ဖုန်းပင် ဖြစ်လေသည်။

သူသည် ရှောင်ကျင်းမြို့တွင် တစ်ရက်ကြာ အချိန်ဖြုန်းပြီးနောက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

ပထမအချက်မှာ ရှောင်ကျင်းတောင်တန်းတွင် ဝိညာဉ်စွမ်းအင် ပိုမိုပေါများပြီး အခမဲ့ဖြစ်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ မိမိ၏ စွမ်းရည်များကို လေ့ကျင့်ရန်ဖြစ်၏။

ရံဖန်ရံခါ အပြင်ထွက်ကာ သားရဲများကို တိုက်ခိုက်ခြင်းက တိုက်ပွဲဝင်စွမ်းရည်ကို တိုးတက်စေရုံသာမက ကျင့်ကြံခြင်းအတွက်လည်း အကျိုးရှိစေသည်။ နောက်ဆုံးတွင် သားရဲအသေကောင်များကို စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြန်လည်ရောင်းချနိုင်ပေသည်။

“အနီရောင်နေမင်း လျှို့ဝှက်နယ်မြေက နောက်ရက်အနည်းငယ်အတွင်းမှာ ပွင့်တော့မှာပဲ…။”

ထျန်ဖုန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ မကြာသေးမီက သူသည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) တွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။

နတ်ဆိုးဝိညာဉ်ခန္ဓာ၊ ထာဝရစိမ်းလန်းခြင်း နည်းစနစ်နှင့် စနစ်မှ ပေးအပ်ထားသော ထိပ်တန်းဆေးလုံး များ၏ ပေါင်းစပ်အကျိုးသက်ရောက်မှုကြောင့် သူ၏ ကျင့်ကြံမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာ ခဲ့ခြင်း ဖြစ်လေသည်။

ထို့ပြင် မကြာခဏ တိုက်ပွဲဝင်ရသဖြင့် တိုက်ပွဲအပြီးတွင် ချီစွမ်းအင်များ ကုန်ဆုံးသွားတတ်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ ချီအနှစ်သာရမှာ ပိုမိုသန့်စင်လာခဲ့သည်။ နောက်ထပ် ရက်အနည်းငယ်ကြာလျှင် သူ သည် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ၏ အထွတ်အထိပ်သို့ ရောက်နိုင်မည်ဟု ခံစားနေရသည်။

ထိုအခါမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို ဝယ်ယူကာ အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားမည်ဖြစ်လေသည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆမ တန် မြင့်မားသွားမည်ဖြစ်၏။ မည်သို့ပင်ဆိုစေ သူ စုဆောင်းထားသမျှ တိုက်ပွဲဝင်အမှတ်များနှင့် အပြေး ဒင်္ဂါးများမှာလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်မှသာ အသုံးချရန် ရည်ရွယ် ထားခဲ့ခြင်းပင်မဟုတ်ပါလား…။

"သွားဖို့ အချိန်တန်ပြီ…။"

ထျန်ဖုန်းသည် ဂူထဲမှ နောက်လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်မျှဖြင့် ရှောင်ကျင်းတောင်တန်းကဲ့သို့ နေရာမျိုးတွင် အေးအေးဆေးဆေး တရားထိုင်ရဲသူမှာ သူကဲ့သို့ ကြောက် စိတ်ကင်းသူမှလွဲ၍ အခြားမရှိနိုင်ပေ။

အခြားသူများသာဆိုလျှင် တရားထိုင်နေစဉ် တစ်ချိန်လုံး သတိထားနေရမည်ဖြစ်ပြီး မျက်လုံးဖွင့်လိုက် သည်နှင့် သားရဲကြီးတစ်ကောင်၏ ပါးစပ်ကြီးကို မြင်လိုက်ရမည်ကို စိုးရိမ်နေကြမည်ပင်ဖြစ်သည်။

ဘေးအန္တရာယ်အချို့ကို ကျော်ဖြတ်ပြီးနောက် သူသည် ရှောင်ကျင်းတောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။ လူအများ၏ အားကျသော အကြည့်များကြားတွင် ထျန်ဖုန်းသည် လှေပျံကို ထုတ်လိုက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။

"ယွမ်လီရဲ့ ပစ္စည်းတွေကို သုံးပြီး လူကြားထဲ ကြွားရတာ တကယ်ကို အရသာရှိတာပဲ…။"

ရှောင်ကျင်းမြို့...၊

ထျန်ဖုန်းသည် လမ်းပေါ်တွင် သွားလာနေသော လူအုပ်ကြီးကို ကြည့်လိုက်ရာ ယခုအခါ ကျင့်ကြံသူများ ပိုမိုများပြားလာသည်ကို တွေ့ရလေသည်။ အထူးသဖြင့် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) ကျင့်ကြံသူ များပင် ဖြစ်သည်။

"အများစုကတော့ အနီရောင်နေမင်း လျှို့ဝှက်နယ်မြေကို သွားဖို့ ရောက်နေကြတာ ဖြစ်မှာပဲ…။”

သူသည် ရှေ့မှ အဆောက်အဦးငယ်လေးကို မော့ကြည့်လိုက်လေသည်။ ၎င်းမှာ ငါးထပ်အမြင့်ရှိပြီး အမိုးစွန်းများမှာ အပေါ်သို့ လန်တက်နေသည်။ ဆိုင်းဘုတ်ပေါ်တွင်မူ ဝင့်ကြွားလှသော လက်ရေးဖြင့် စာလုံးကြီးသုံးလုံး ရေးထိုးထားလေသည်။

'ကျူပေါင် ရတနာတိုက်'

​ ထျန်ဖုန်းသည် စိတ်ထဲမှ မှတ်သားထားသော ညွှန်ကြားချက်များကို ပြန်လည်သတိရကာ အတွင်းသို့ လှမ်းဝင်လိုက်လေသည်။

“ဧည့်သည်တော်... ဘာများ အလိုရှိပါသလဲ...။”

ထျန်ဖုန်း အတွင်းသို့ ဝင်လိုက်သည်နှင့် အစေခံတစ်ဦးက ပျူငှာစွာ လာရောက်နှုတ်ဆက်လေသည်။

“ငါ့ဆီမှာ သေချာ သိမ်းဆည်းထားတဲ့ မိစ္ဆာသားရဲ အသေကောင်အချို့ ရှိတယ်...၊ ဒီမှာ လက်ခံလား...။”

မလာခင်ကပင် ဤကျူပေါင် ရတနာတိုက်မှာ ပစ္စည်းစုံရောင်းသည့် ဆိုင်ကြီးဖြစ်ကြောင်း ထျန်ဖုန်း သိထားပြီးသားဖြစ်လေသည်။ ဆေးလုံး၊ လက်နက်၊ ကျင့်စဉ် အစရှိသည်တို့အပြင် မိစ္ဆာသားရဲများ၏ အရေခွံ၊ အတွင်းအမြုတေ၊ သွားနှင့် လက်သည်းများမှာလည်း အဖိုးတန်ရတနာများ ဖြစ်သဖြင့် ၎င်းတို့ ကိုလည်း လက်ခံဝယ်ယူလေ့ရှိပေသည်။

အစေခံမှာ ခဏမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် ပြန်လည်ပြုံးရွှင်သွားကာ -

“လက်ခံတာပေါ့ ခင်ဗျား...။”

ထျန်ဖုန်းက ခေါင်းညိတ်ပြကာ -

“မိစ္ဆာသားရဲတွေကို ဘယ်နေရာမှာ ထားရမလဲ...။”

“ဒီနေရာမှာပဲ ထားလိုက်ပါ...။”

ဆိုင်အစေခံမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။

*ဒီလူက မိစ္ဆာသားရဲတွေကို ဘာလို့ တိုက်ရိုက်ထုတ်မပြတာလဲ။ ငါတို့ ကျူပေါင် ရတနာတိုက်က သားရဲအသေကောင် အနည်းငယ်ကိုတောင် မဆံ့ဘူးလို့ ထင်နေတာလား…။*

ထျန်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ကာ မသေချာသလို မေးလိုက်သည်။

"ဒီမှာ ထားလိုက်ရင် မင်းတို့ရဲ့ အရောင်းအဝယ်ကို ထိခိုက်မသွားဘူးလား…။"

ဆိုင်အစေခံသည် ဝင်ပေါက်နားကို ဝှေ့ကြည့်လိုက်သည်။ သူတို့၏ ပထမထပ်မှာ စတုရန်းမီတာ နှစ်ရာ နီးပါး ကျယ်ဝန်းလေသည်။ ပစ္စည်းအချို့ ပြသထားသော်လည်း နေရာအတော်များများ ကျန်ပေသေး သည်။ သားရဲအသေကောင် အနည်းငယ် ထားရန်မှာ လုံလောက်သည်ထက် ပိုနေသည်ပင်။

သူ့မျက်လုံးထဲတွင် ထျန်ဖုန်းမှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) သာ ရှိသဖြင့် မိစ္ဆာသားရဲ သုံးကောင် ခန့် ရထားလျှင်ပင် အတော်ဟုတ်နေပြီဟု ထင်နေခြင်းဖြစ်လေသည်။

ဆိုင်အစေခံ စကားမပြောရသေးမီမှာပင် မဆီမဆိုင် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

"ဘယ်က တောသား ဒီကို ရောက်လာတာလဲ"

“မင်းက အဆင့်နိမ့် မိစ္ဆာသားရဲ တစ်ကောင်၊ နှစ်ကောင်လောက် အမဲလိုက်ဖူးရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီလို့ ထင်နေတာလား...။”

“တခြားလူတွေအတွက် နေရာမရှိမှာကိုတောင် စိုးရိမ်နေသေးတယ်... ဟားဟားဟား...။”

“ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ...။”

ထိုသူ၏ လေသံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး မာန်မာနထောင်လွှားနေဟန် ရှိသည်။ ထျန်ဖုန်းသည် ဤစကားကို ကြားသောအခါ စိတ်ဆိုးမည့်အစား ဝမ်းသာသွားသည်။ သူ၏ မျက်လုံးများ မှာ တဖျတ်ဖျတ် တောက်လာခဲ့သည်။

*ဒါ ငါ့ရဲ့ စွမ်းရည်ကို ပြပြီး တစ်ဖက်လူကို အရှက်ခွဲရမယ့် အခွင့်အရေးများလား…။*

*ငါ့ဆီကို နွေးထွေးမှုနဲ့ စေတနာတွေ ယူဆောင်လာပေးတဲ့ လူကောင်းတစ်ယောက်များလား…။*

သူ လှည့်ကြည့်လိုက်သောအခါ မခန့်ညားသော မျက်နှာပေါက်ရှိသည့် လူငယ်တစ်ဦးက သူ့အား လှောင်ပြောင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသူမှာလည်း ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) တွင် ရှိကြောင်း ထျန်ဖုန်း မြင်လိုက်ရသည်။

*အနီရောင်နေမင်းဂိုဏ်းက လူတွေလား…။*

ရုတ်တရက် ထိုလူ ဝတ်ထားသည့် အနီရောင်ဝတ်ရုံကို ထျန်ဖုန်း သတိထားမိသွားခဲ့လေသည်။ ၎င်းမှာ အနီရောင်​နေမင်းဂိုဏ်း၏ ဝတ်စုံဖြစ်ပြီး လက်ဖျားတွင် အနီရောင်နေမင်း ပုံသဏ္ဌာန် ဂိုဏ်းတံဆိပ်ကို ထိုးထားလေသည်။ ထိုလူ၏ နောက်တွင်လည်း ဝတ်စုံတူ တပည့်အချို့ ရှိနေခဲ့ကြ၏။

အနီရောင်နေမင်း ပုံစံကို မြင်လိုက်ရသဖြင့် ထျန်ဖုန်း စိတ်ထဲတွင် အလိုလို ဒေါသထွက်သွားခဲ့သည်။ သူသည် ထိုလူ၏ အကွက်ထဲသို့ ဝင်တိုးပေးရန် ဆုံးဖြတ်လိုက်ကာ ဒေါသတကြီးဖြင့် မေးလိုက်သည်။

"မင်းက ဘာကောင်လဲ….။"

ဖုဝမ် သည် ထိုစကားကို ကြားသောအခါ ဒေါသအလိပ်လိပ် ထွက်လာသည်။ သူ၏ အဆင့်အတန်းအရ ရှောင်ကျင်းမြို့တွင် သူ့ကို မျက်နှာမပေးသည့်သူ မရှိသလောက်ပင်။ ယခုမူ ဘယ်ကမှန်းမသိသည့် တောသားတစ်ယောက်က သူ့ကို စော်ကားရဲနေသည်ပင်။

"ဟွန့်... တောသားက တောသားပါပဲ…။"

ဖုဝမ်၏ မျက်နှာမှာ လှောင်ပြောင်မှုနှင့် အထင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူက နှာခေါင်းရှုံ့ကာ

"ငါက အနီရောင်နေမင်းဂိုဏ်းကပဲ…၊ ကဲ…မင်း အခု ကြောက်သွားပြီလား…။"

"အိုး... မင်းက အနီရောင်နေမင်းဂိုဏ်းကကိုး….။"

ထျန်ဖုန်းက အံ့ဩဟန်ဖြင့် အော်လိုက်သည်။

"မင်းတို့ အနီရောင်နေမင်းဂိုဏ်းက ပစ္စည်းတွေက တကယ်ကို ယုတ်ညံ့တာပဲ…။"

"မင်း... သေချင်နေပြီပဲ၊ ကောင်လေး….။"

ဖုဝမ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့လေသည်။ သူသည် ရုတ်တရက် သူ၏ လက်ယာ ဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ တောက်လောင်နေသော မီးတောက်တစ်ခု ပေါ်လာပြီး ပြင်းထန်သော အပူရှိန်ကို ထုတ်လွှတ်လိုက်လေသည်။

သူသည် စိတ်မရှည်တော့ဘဲ တိုက်ခိုက်ရန် ပြင်လိုက်လေတော့သည်။

" ဖု သခင်လေး... ခဏစောင့်ပါဦး…။"

ထိုအချိန်တွင် အေးဆေးတည်ငြိမ်သော အသွင်ရှိသည့် လူလတ်ပိုင်းတစ်ဦးမှာ အပေါ်ထပ်မှ အပြေး အလွှား ဆင်းလာခဲ့လေသည်။ သူသည် ဖုဝမ်၏ ရှေ့တွင် ရပ်လိုက်ကာ ပြုံးလျက် -

"ဖု သခင်လေး... ကျွန်တော်တို့ ဆိုင်ထဲမှာတော့ တိုက်ခိုက်လို့ မရပါဘူး...။”

ဖုဝမ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ခေတ္တမျှ တွန့်ဆုတ်နေသည်။ ထို့နောက် သူက အေးစက်စွာ နှာခေါင်းရှုံ့ကာ ၊

"ကောင်းပြီ... ဒီနေ့တော့ ချန် မန်နေဂျာ ရဲ့ မျက်နှာကို ထောက်ပြီး ခင်ဗျားဆိုင်ထဲမှာ လက်မပါတော့ ပါဘူး…။"

သူသည် လူအ မဟုတ်ပေ။ ကျူပေါင် ရတနာတိုက်မှာ ရှောင်ကျင်းမြို့၏ ဒေသခံအင်အားစု မဟုတ်ဘဲ အပြင်မှ လာရောက်အခြေစိုက်သူများ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ ရှောင်ကျင်းမြို့တွင် အခြေခိုင်နိုင်ခြင်းကပင် သူတို့၏ အင်အားကို သက်သေပြနေပြီဖြစ်၏။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ကျူပေါင် ရတနာတိုက်တွင် ပြဿနာ မရှာရဲကြပေ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် သူတို့ကို မျက်နှာပေးရသည်ဟု ကြားဖူး ကေသည်။ သူ၏ နောက်ခံမှာ မဆိုးလှသော်လည်း ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်လျှင် မူ အလွန်အမင်း နိမ့်ကျနေသေးသည်။

"ကျေးဇူးတင်ပါတယ် ဖု သခင်လေး….။"

ချန်ရှန်းပေါင် က ဖုဝမ်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။ ထို့နောက် ထျန်ဖုန်းဘက်သို့ လှည့် ကာ လက်အုပ်ချီ ပြုံးပြရင်း နှုတ်ဆက်လိုက်လေသည်။

"သခင်လေး...၊ ကျွန်တော်က ကျူပေါင် ရတနာတိုက်ရဲ့ လက်ရှိချန် မန်နေဂျာ ပါ…။"

ထျန်ဖုန်းသည်လည်း ပြုံးပြနေသူကို လက်ပါလေ့မရှိပေ။ ကျူပေါင် ရတနာတိုက်ရော၊ မန်နေဂျာကပါ သူ့ကို မစော်ကားသဖြင့် သူလည်း မျက်နှာပျက်အောင် မလုပ်ပေ။ သူသည်လည်း လက်အုပ်ပြန်ချီကာ -

"နှုတ်ဆက်ပါတယ် ချန် မန်နေဂျာ။ ကျွန်တော် ဒီကို မိစ္ဆာသားရဲ အသေကောင်တွေ လာရောင်းတာပါ...။ ဒါပေမဲ့ ဒီလူက အကြောင်းပြချက်မရှိဘဲ ကျွန်တော့်ကို လာလှောင်နေတယ်...။ အကယ်၍ ခင်ဗျားသာ ရောက်မလာရင် သူ ကျွန်တော့်ကို တိုက်ခိုက်တော့မှာ...။ သူက တကယ်ကို ယဉ်ကျေးမှု မရှိတာပဲ...။”

"ဟားဟား... သခင်လေးကလည်း နောက်နေပြန်ပြီ….။"

ချန်ရှန်းပေါင်က ထိုကိစ္စကို ဆက်မပြောလိုတော့သဖြင့် ရယ်မောလိုက်လေသည်။

"သခင်လေးရဲ့ သားရဲအသေကောင်တွေကို ထုတ်ပြနိုင်ပါတယ်၊ ကျွန်တော် သင့်တင့်တဲ့ ဈေးနှုန်း ပေးပါ့ မယ်…။"

"ဒီမှာပဲ ထားလိုက်ရမှာလား….။"

ထျန်ဖုန်းက ထပ်မေးလိုက်လေသည်။

"ဒါပေါ့... ရပါတယ်…။"

"ဟွန့်... မင်းက ဆံ့အောင် ထည့်နိုင်ပါ့မလားလို့ စိုးရိမ်နေတာလား….။"

ဖုဝမ်က ဘေးမှနေ၍ အထင်သေးသော မျက်လုံးများဖြင့် ကဲ့ရဲ့လိုက်ပြန်သည်။

ထျန်ဖုန်းက သူ့ကို လျစ်လျူရှုထားလိုက်လေ၏။ သူသည် သူ၏ ခါးတွင် ချိတ်ထားသော သိုလှောင်အိတ် ငါးလုံးကို ပုတ်လိုက်သည်။

ဤသိုလှောင်အိတ်အချို့မှာ ဝမ်ဟွမ်ပြောင် တို့အဖွဲ့ဆီမှ ဖြစ်ပြီး၊ တစ်လုံးမှာ ယွမ်လီ ဆီမှ ဖြစ်ကာ ကျန်တာများမှာ ရှောင်ကျင်းတောင်တန်းတွင် သူရခဲ့ခြင်းဖြစ်သည်။ သူ့ငွေနှင့် ဝယ်ထားသည့်အိတ် တစ်လုံးမျှ မပါချေ။

ချက်ချင်းပင် မိစ္ဆာသားရဲ အသေကောင် အမြောက်အမြားမှာ စနစ်၏ သိုလှောင်ခန်းထဲမှ ပျံထွက်လာ ခဲ့လေသည်။ သိုလှောင်အိတ်များကို ပုတ်ပြလိုက်ခြင်းမှာ အမှန်တရားကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်လေသည်။

သားရဲကြီးများ၊ သားရဲငယ်များမှာ ခဏချင်းအတွင်းမှာပင် တောင်ငယ်လေးတစ်ခုပမာ ပုံသွားတော့လေ သည်။ ကျယ်ဝန်းလှသော ပထမထပ် ဧည့်ခန်းမကြီးမှာ ရုတ်တရက် ကျဉ်းမြောင်းသွားလေတော့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မိစ္ဆာသားရဲ အသေကောင် အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိနေပြီး တစ်ကောင်ချင်းစီမှာလည်း အတော်အတန် ကြီးမားကြလေသည်။

"မန်နေဂျာ... ဈေးတွက်ပေးပါဦး…။"

ထျန်ဖုန်းသည် ဘေးသို့ ဆုတ်သွားသော မန်နေဂျာကို ကြည့်ကာ နှိမ့်ချသောလေသံ၊ သို့သော် ခိုင်မာသော ဟန်ပန်ဖြင့် ပြောလိုက်လေသည်။

အမှန်စင်စစ် ချန်ရှန်းပေါင် တစ်ဦးတည်း ဆုတ်သွားခြင်း မဟုတ်ပေ။ ထိုနေရာရှိ လူအားလုံးမှာလည်း ဘေးသို့ ဆုတ်သွားကြရလေသည်။

အကယ်၍ သူတို့သာ နောက်မဆုတ်ပါက မိစ္ဆာသားရဲကြီးများ၏ ဖိမိခြင်းကို ခံရမည်ဖြစ်ပြီး၊ အနည်းဆုံး တော့ သွေးများ ပေကျံကုန်မည် မဟုတ်ပါလား။ တစ်ချိန်က ကျယ်ဝန်းခဲ့သော ခန်းမကြီးမှာ ယခုအခါ လူများနှင့် သားရဲအသေကောင်များဖြင့် ပြည့်နှက်သွားလေတော့သည်။

All Chapters